Tuesday, November 30, 2010

ဗိုလ်ချူပ်ခင်ညွန့် တကျော့ပြန် လာဦးမလား


Ag Lin Htun comment on Khi Nyut vcd released

Type the rest of your post here.

Threats to human rights, obstacles to protection: Conditions for civilians seeking refuge in Phop Phra District, Thailand


khrg10f10[1]

Type the rest of your post here.

ကရင်ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ဝင် ၆ဦး နအဖ ဖမ်းမိ၊ တဦး ပစ်သတ်ခံရ

နိုဝင်ဘာလ ၃၀ရက်။ နန်းထူးစံ (ကေအိုင်စီ)

ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင် ၆ဦးကို ယနေ့မနက်တွင် နအဖ စစ်တပ်မှ ဖမ်းဆီးလိုက်ပြီး ၁ဦးကို ပစ်သတ်လိုက်သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

ယနေ့မနက် ၉နာရီကျော်အချိန်၌ ကရင်ပြည်နယ်၊ မြ၀တီခရိုင်ရှိ ဖလူးကျေးရွာနှင့် မနီးမဝေး ပလောတပို့ဒေသတွင် လှုပ်ရှားသည့် ဗိုလ်တဲခီး ဦးစီးသော ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ကို နအဖ စစ်ကြောင်းက ၀ိုင်းမိပြီး ပစ်ခတ်ခဲ့ခြင်းကြောင့် ၁ဦး ကျဆုံးကာ ၆ဦးမှာ အရှင်ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူ စောတီမသီက “ဒီမနက် ကျနော်ကြားတာ က ဗိုလ်တဲခီးရဲ့ တပ်ဖွဲ့ဝင် ၆ဦးကို နအဖ စစ်တပ်က ဖမ်းဆီးတယ်။ ၁ဦးကို ပစ်သတ်လိုက်တယ်လို့ ကြားတယ်။ ဒါပေမယ့် အသေး စိတ်တော့ မသိသေးဘူး။”ဟု ကေအိုင်စီကို အတည်ပြု ပြောဆိုသည်။

ဖလူးဒေသတွင် လှုပ်ရှားနေသည့် ကေအဲန်အယ်လ်အေ တပ်ဖွဲ့ဝင်တဦးက “အခု နအဖတွေက ဝေါ်လေကို တက်ဖို့လေ။ သူတို့ တက်လာတဲ့ လမ်းတလျှောက်မှာ သေနတ်လိုက်ပစ်တယ်။ ဖလူးအပေါ်ဘက် ပလောတပို့မှာ သူတို့(ငြိမ်းချမ်းရေးကောင်စီအဖွဲ့)ကို စစ်တပ်က တွေ့ပြီးတော့ ၀ိုင်းလိုက်တာလို့ ကျနော်ကြားတယ်။ အဲဒီမှာရှိတဲ့ သူတို့အဖွဲ့က လူနည်းတယ်လေ။”ဟု ပြောသည်။

လက်ရှိအချိန်တွင် ဖလူးဒေသ၌ နအဖ စကခ(၈)လက်အောက်ခံ ခလရ(၆၂) လှုပ်ရှားလျှက်ရှိပြီး ထိုတပ်ရင်းသည် နိုဝင်ဘာ ၂၄ ရက်နေ့က ဝေါ်လေဒေသသို့သွားရန် ဖလူးကျေးရွာတွင် ရောက်ရှိနေပြီးဖြစ်သော်လည်း ရှေ့ဆက်သွားမည့် လမ်းကြောင်းများကို ဒီကေဘီအေတပ်နှင့် ကေအဲန်အယ်လ်အေတပ်ဖွဲ့များ ပိတ်ဆို့ထားခြင်းကြောင့် ဝေါ်လေလမ်းကြောများကို လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်လျှက်ရှိကြောင်း အဆိုပါကေအဲန်အယ်လ်အေတပ်သားက ပြောသည်။

ယင်းသို့ ဖမ်းဆီး၊ ပစ်သတ်ခံရသည့် ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်ထဲတွင် ဗိုလ်တဲခီး ပါဝင်ခြင်း မရှိသလို ထိုအဖွဲ့၏ ဥက္ကဌ ဗိုလ် ချုပ်စောထင်မောင်နှင့် ဗိုလ်ချုပ်စောရင်နုတို့ကို ဆက်သွယ်မရခဲ့ပေ။

ဝေါ်လေဒေသတိုက်ပွဲ ဆက်လက်ဖြစ်ပွား

နိုဝင်ဘာလ ၃၀ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် ဝေါ်လေဒေသတွင် နအဖနှင့် ကရင်တပ်ဖွဲ့တို့ကြား ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ရက်နေ့ညက စတင် ဖြစ်ပွားခဲ့ သည့်တိုက်ပွဲသည် ပစ်လိုက်ရပ်လိုက်ဖြင့် ယနေ့အချိန်ထိ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု သိရသည်။

ဒီကေဘီအေ ကလိုထူးဘောဗျူဟာ (၁)စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဆန်းအောင်က “ဖလူးမှာ မနေ့ညကတည်းက လက်နက် ကြီး လက်နက်ငယ်တွေနဲ့ ပစ်လိုက်ရပ်လိုက် အပြန်အလှန် ပစ်ခတ်ကြတယ်။ ဒီမနက် မိုးလင်းတဲ့အထိပဲ။ နအဖဘက်က ကျ ဆုံးမှုကိုတော့ ကျနော်တို့ မသိသေးဘူး။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိဘူး။”ဟု ပြောသည်။

ထို့အပြင် ယမန်နေ့မွန်းလွဲ ၃နာရီခန့်တွင် ဖလူးကျေးရွာ၌ ကရင်တပ်ဖွဲ့နှင့် နအဖဘက်မှ ခမရ(၅၄၅)၊ (၅၄၇) ပူးပေါင်းတပ်ရင်း တို့ကြား ပစ်ခတ်မှုတကြိမ် ဖြစ်ပွားခဲ့ရာ နအဖဘက်က ၄ဦး ထိခိုက်သေဆုံးခဲ့သည်ဟု ဒီကေဘီအေဘက်က ပြောဆိုသော် လည်း ထိုနေ့ညနေ ၆နာရီခန့်တွင် မြ၀တီဆေးရုံသို့ နအဖ စစ်တပ်မှ လူနာ ဗိုလ်မှူး ၁ဦး၊ ဗိုလ် ၁ဦး၊ တပ်ကြပ်ကြီး ၁ဦးနှင့် တပ် သား ၄ဦး ရောက်ရှိလာသည်ဟု ဆေးဝန်ထမ်းနှင့် နီးစပ်သူတဦးက ပြောသည်။

ထို့အပြင် ယနေ့မနက် ၅း၅၅မိနစ်အချိန်တွင် ဝေါ်လေဒေသ နအဖစစ်တပ် စကခ(၈)လက်အောက်ခံ ဗျူဟာ(၃)အခြေစိုက်ရာ ဗျူဟာကုန်းတွင် ကရင်တပ်ဖွဲ့မှ ၁၀မိနစ်ခန့် သွားရောက်ပစ်ခတ်ခဲ့ရာ နအဖဘက်မှ ထိခိုက်သေဆုံးမှုကို မသိရှိရကြောင်း ဒီကေဘီအေ(၉၀၉)တပ်ရင်းမှူး စောစတီးက ပြောသည်။

ဖလူးကျေးရွာ ပစ်ခတ်မှုတွင် နအဖဘက်က စကခ(၁၂)လက်အောက်ခံ ခလရ(၆၁)၊ ခလရ(၂၃၀)၊ စကခ(၁၉)မှ ခမရ(၅၄၅)၊ (၅၄၇) စသည့်တပ်ရင်း ၄ရင်းမှ အင်အား ၃၀၀ကျော်ပါရှိပြီး ကရင်တပ်ဖွဲ့မှ ဒီကေဘီအေ ကလိုထူးဘောဗျူဟာနှင့် ကေအဲန် အယ်လ်အေတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုပစ်ခတ်မှုကြောင့် ဝေါ်လေဒေသ ဖလူးကြီး၊ ဖလူးငယ်နှင့် ကျောက်ခက် စသည့်ကျေးရွာများမှ ရွာသူရွာသား ၁,၀၀၀ကျော် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ယာယီ ထွက်ပြေးခိုလှုံခဲ့ရပြီး ၎င်းတို့အား မဲဆောက်ရှိ မယ်တော်ဆေးခန်း ဦးဆောင်သော မြန်မာလူမှု ကယ်ဆယ်ရေးအဖွဲ့နှင့် ထိုင်းစစ်တပ်တို့မှ ကူညီစောင့်ရှောက်ပေးထားသည်ဟု သိရသည်။

More arrests and movement restrictions: Conflict continues to impact civilians in Dooplaya District


khrg10b15[1]

Type the rest of your post here.

လူ့ အခွင့်အရေးချိုးဖေါက်မှုသတင်း

တပ်မဟာ(၂) တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်

နအဖ စကခ(၇)မှ နည်းဗျူဟာမှူးမျိုးလှသည် ဘောဂလိရွာနှင့် ကော်သေးဒါးရွာသား
များဖြစ်ကြသော-
(၁)စောတတ်ထို့ (၂) စောယိုနား (၃)စောမော်ကလိုး (၄) စောမောင်ထွေး (၅)စောစေးဒို
(၆) နော်လု (၇)စောဂျယ်ရီ တို့၏ ကားများကို 6-11-2010 နေ့မှစ၍ ချောဆွဲခဲ့ပြီး ခုချိန်ထိ
လူရောကားပါ ပြန်မလွှတ်သေးကြောင်း သတင်းရရှိပါသည်။ ထိုသို့ အတင်းအဓမ္မချောဆွဲခဲ့သော ကားများကို သူတို့၏ လမ်းပြင်နေသောဘူဒိုဇာကား နောက်လိုက်ခိုင်းပြီး ရိက္ခာနှင့် ပစ္စည်းများကို သယ်ယူခိုင်းစေခဲ့သည်။
ရွာသားများကို နေ့စဉ်ဘူဒိုဇာအရှေ့ကနေ လူမဆန်စွာမိုင်းများရှင်းစေခဲ့သည်။ တောင်ခြေရင်းရှိ ရွာသူရွာသားများသည် ရန်သူနအဖစစ်အစိုးရ၏ နေ့စဉ်နှင့်အမျှ အတင်းအဓမ္မခိုင်းစေမှုကြောင့် စားဝတ်နေရေးနှင့် သွားလာလုက်ကိုင်မှုတွင် အခက်အခဲ နှင့်တွေ့ကြုံရကြောင်း သတင်းရရှိပါသည်။

တပ်မဟာ(၆) ဒူးပလာခရိုင်

28-11-2010 နေ့တွင် စစ်အာဏာရှင်တို့၏ ခလရ ၂၃၁ မှ လေးလေးစိုးသည်
ကော့နွဲရွာနှင့်အတူအောကလောရွာ၊ ရွာသစ်ကိုးရှိ ရွာသူ/သားများကို စခန်းပြန်လည်ပြုပြင်ရန်
ဝါးအချောင်း(၃၀)နှင့် ၀ါးခြမ်းပြား အချပ်တစ်ထောင်ကို လာရောက်ပို့ဆောင်ခိုင်းကြောင်း
ခိုင်မာသောသတင်းရရှိပါသည်။

Type the rest of your post here.

Monday, November 29, 2010

ကရင်နီပြည်ရှိ စေတီဘုရားအား DKBA မှလာရောက်ပြုပြင်

ဒီသတင်းကတော့နဲနဲလေးဆန်းတယ်ဗျ။ ကရင်ပြည်နယ်ဖက်ခြမ်းမှာ နအဖ နဲ့ ဒီကေဘီအေ ကြားတိုက်ပွဲတွေ ဖြစ်နေပြီး ဒုက္ခသည်များစွာထွက်ပြေးနေချိန်မှာ မြိုင်ကြီးငူ ဆရာတော် ဦးသုဇန နဲ့  ဗိုလ်ကျော်သန်းတို့  ကရင်နီပြည်နယ်(ကယားပြည်နယ်)မှာသွားပြီး ဆင်မတောင်စေတီဘုရား တောင်တက်လမ်းအား ပြုပြင်တယ် ဆိုတာ မထင်မှတ်ပဲကြားလိုက်ရတော့ တွေးတောစရာတွေ ဖြစ်လာပါတယ်။ ဒီစေတီကို ၁၉၉၅ ခုနှစ်က မြိုင်ကြီးငူဆရာတော် ဦးသုဇန ဦးဆောင်ပြီး တည်ခဲ့တယ်လို့ သတင်းမှာဖေါ်ပြပါတယ်။ ထိုအချိန်က မာနယ်ပလော ဌာနချူပ်ကြီး ကျသွားတဲ့အချိန်ပေါ့ဗျာ။ ဒီလို စေတီသွားလမ်းကို ကတ္တရာခင်း ပြုပြင်တယ်ဆိုတာ ကောင်းတဲ့လုပ်ရပ်ပါ။ ဒါပေမယ့် ဒီလိုအချိန်ကျမှ ရွေးချယ်ပြီး ပြုလုပ်တာဟာ စဉ်းစားစရာတွေ အများကြီးရှိပါတယ်။ အဲဒီလုပ်ရပ်ရဲ့နောက်ကွယ်မှာ နိုင်ငံရေး စစ်ရေးမပါဘူး လို့ ဘယ်သူ့ မှ ပြောလို့ မရပါ။ ကရင်၊ ကရင်နီ နွယ်ဖွားတွေကြားမှာ သပ်နောက်တစ်ခု ကျယ်ကျယ်ပြန့် ပြန့် ထပ်ရိုက်ဖို့ ခြေလှမ်းတရပ်လား ဆိုတာ တွေးတော့စရာပါ။

တကယ်တော့ခုချိန်မှာ မြိုင်ကြီးငူဆရာတော်ဦးသုဇန လက်ရှိလုပ်ရပ်မှာက ယခုတိုက်ပွဲဖြစ်ပွားနေတဲ့ဒေသကို လာရောက်ပြီး ဒုက္ခရောက်နေတဲ့ ကရင်ပြည်သူတွေကို လာကြည့်ဖို့ ပါ။ အဲတာကို သူနဲ့ မဆိုင်သလိုနဲ့  ဟိုးကယားပြည်နယ်မှာသွားပြီး စေတီသွားလမ်းကို ပြုပြင်တာက သိပ်လက်တွေ့ မကျသလို ယုတ္တိမရှိဘူးလို့  ဆိုရပါမယ်။ ကေအဲန်ယူ တပ်မဟာ (၇)ကို ဗိုလ်ချစ်သူဦးစီးတဲ့ ဒီကေဘီအေတပ် တက်တိုက်တုန်းက သူမသိရပါဘူးလို့ ပြောခဲ့ပါတယ်။ အခု မောင်ချစ်သူလူ(နယ်ခြားစောင့်တပ်)တွေ နဲ့ ဒီကေဘီအေ တပ်မဟာ(၅)မှ ဗိုလ်မှူးချူပ်စောလားပွယ် အဖွဲ့ ကို ပြန်ပြီး အချင်းချင်း စတိုက်နေပါပြီ။ ဆရာတော်ဦးသုဇန ဒီတိုက်ပွဲ ကို သူမသိရပါဘူး ကယားပြည်နယ်မှာ စေတီ သွားလမ်းပြုပြင်တဲ့အလုပ်နဲ့  ရှုပ်နေပါတယ် လို့ ပြောအုံးမလား ဆိုတာ တွေးစရာ အများကြီးပါပဲ။ ဒီအတိုင်းဆိုရင် နအဖ သွေးခွဲသမျှ ကိုယ်ကျိုးရှာသမားတွေနဲ့  အလိုတော်ရိတွေလက်ချက်ကြောင့် အချင်းချင်းသွေးခင်းတဲ့ဇတ်လမ်းတွေ ဆက်လက်ရှင်သန်နေအုံးမယ့်ပုံပါပဲ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxx

ရေးသားသူ - ကန္တာရ၀တီတိုင်း(မ်) အင်္ဂါနေ့, 30 နိုဝင်ဘာလ 2010 10:36

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါတဆေးရွာနားရှိ ဆင်မတောင်စေတီဘုရား တောင်တက်လမ်းအား ကတ္တရာများဖြင့် ခင်းကျင်းရန် DKBA တပ်ဖွဲ့နှင့် မြိုင်ကြီးငူဆရာတော် ဘဒ္ဒ န္တသုဇန ဦးဆောင်ပြီး ဆောင်ရွက်လျက်ရှိသည်။

အခု DKBA အဖွဲ့နှင့် ဒေသခံပြည်သူများ လမ်းခင်ရန်လုပ်အားပေးနေသောပုံ (ဓါတ်ပုံ-ကယားလီဖု)

“DKBA အဖွဲ့ရဲ့ ဗိုလ်ချူပ်ကျော်သန်း တို့လည်းပါတယ်။ သူတို့ရဲ့ တပြည့်တွေကော်။ ကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ်၊ ဘာအံ့မြို့နယ် ဘက်က ကရင်တွေလည်းလာတယ်။ အဖွဲ့အားလုံး မြိုင်ကြီးငူဆရာတော်က ဦးဆောင်ပြီး ဆင်မတောင်ရှိ တောင်တက်လမ်းကို လာခင်းပါတယ်” ဟုဒေသခံ တစ်ဦးကပြောသည်။

ကရင်နီပြည်နယ်အတွင်းမှ ဘာသာတူ ဒေသခံများကလည်း နေ့တိုင်းလာရောက် လုပ်အားပေးကြသည်။

“ကယား၊ ကယန်း၊ ပအိုဝ်၊ ရှမ်း၊ ဗမာ၊ ကရင် လူမျိုးပေါင်းစုံလာပြီး လုပ်အားပေးတာတွေ့ရပါတယ်”ဟု သွားရောက်လုပ်အားပေးသောဒေသခံ တစ်ဦးက ပြောသည်။
၎င်းတောင်တက်လမ်းသည် (၂) မိုင်ခွဲရှိပြီး လွန်ခဲ့သော ၁၉၉၅ ခုနှစ်တွင် မြိုင်ကြီးငူဆရာတော်တို့နှင့် DKBA အဖွဲ့တို့မှ ဘုရားစေတီတည်ထောင်ခဲ့ပြီး ဆင်မတောင်ဟု အမည်သွင်ထားခဲ့ကြောင် သိရသည်။ ကတ္တရာလမ်းခင်းရာတွင် ခန့်မှန်ခြေ သိန်းတစ်ထောင့်ရှစ်ရာ ကုန်ကျမည်ဟုသိရသည်။
http://www.ktimes.org/news/regional/item/851-dkba-come-to-repair-pagoda-in-karenni-state

စစ်အစိုးရ နဲ့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး

စိတ်ဝင်စားစရာကောင်းတဲ့ အင်တာဗျူးလေးပါ။ လက်ရှိဗမာပြည်ကြီးရဲ့အကျပ်တည်း စစ်ဗိုလ်ချူပ်ကြီးများရဲ့အနာဂါတ်၊ ICC - International Criminal Court, Criminal Justice System, Restorative Justice System, Transformative Justice System, Transitional Justice System, အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ထွက်ပေါက်တွေ၊ စသဖြင့်ပေါ့.. မဖတ်ရသေးသူများအတွက် ဖတ်ရှုသင့်ပါကြောင်းတိုက်တွန်းပါရစေ။

By ဦးသန်းလွင်ထွန်း သောကြာ, 26 နိုဝင်ဘာ 2010

လူသားတို့အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် မြန်မာစစ်အစိုးရခေါင်းဆောင်တွေကို နိုင်ငံတကာ ခုံရုံးတင် စစ်ဆေးရေးကြိုးပမ်းနေတဲ့ ပြည်ပက ထောက်ခံနေသူတွေကြား လှုပ်ရှားမှုတွေကို အတည်ပြု အားပေးခဲ့ တာမျိုး မရှိပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း နယူးရောက်တိုင်းမ် (Newyork Times) သတင်းစာမှာ နိုဝင်ဘာလ ၂၄ ရက်နေ့က မှတ်ချက်ပြု ရေးသားခဲ့တာဟာ မမှန်ကန်ဘူးလို့ အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဆိုပါတယ်။

ဦးဥာဏ်ဝင်း “အဲဒီ စာပိုဒ် တပိုဒ်လုံးဟာ လုံးဝ ဒေါ်အောင်ဆန်းစုကြည် မပြောပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောတာ က အဲဒီလို မိမိကို ထောက်ခံနေတဲ့လူတွေ၊ တစုံတခု ဆောင်ရွက်ခဲ့ရင်တောင်မှ အဲဒါကို မိမိတဦးတည်း အနေနဲ့ မထောက်ခံဘူးလို့ ဘယ်တုံးကမှ မပြောခဲ့ပါဘူး-တဲ့။ အဲဒါ ဖြေရှင်းချက်ကို ကျနော် တခါတည်း ပေးလိုက်တာပါ။”

နယူးရောက်တိုင်းမ် သတင်းစာရဲ့ ဖော်ပြချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားရင်းအတိုင်း တိုက်ရိုက် ဖော်ပြထားတာမဟုတ်ဘဲ မှတ်ချက်ပြု ရေးသားထားတာသာဖြစ်တဲ့အတွက် အဓိပ္ပာယ်ကောက်ယူမှု လွဲမှားတာ ဖြစ်နိုင်ပါတယ်။ နယူးရောက်တိုင်းမ် သတင်းစာမှာ တကယ်တမ်းပါရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားရင်းအတိုင်း တိုက်ရိုက်ကိုးကား ဖော်ပြချက်ကတော့ - သူတို့ကို နိုင်ငံတကာ တရားရုံးတင်ဖို့ လိုလားကြောင်း ကျမ တခါမှ မပြောခဲ့ဖူးပါဘူး ဆိုတဲ့ ငြင်းဆိုချက်ပါပဲ။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အဲန်အယ်လ်ဒီ အနိုင်ရပြီးကာစ ပါတီခေါင်းဆောင် ကွယ်လွန်သူ ဦးကြည်မောင်က မြန်မာနိုင်ငံမှာ နုရင်ဘတ်စစ်ခုံရုံးလို တရားစီရင်မှုတွေ မလိုအပ်ပါဘူးလို့ ပြောခဲ့တာကိုတောင် သွယ်ဝိုက် ခြိမ်းခြောက်မှု တခုအနေနဲ့ယူဆပြီး မြန်မာစစ်တပ် ခေါင်းဆောင်တွေက တင်းတင်းမာမာ တုံ့ပြန်ခဲ့တဲ့ဖြစ်ရပ်မျိုး ရှောင်လွှဲနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သတိထားပုံရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ဖော်ပြောကြားခဲ့ပြီး ရှေ့လုပ်ငန်းစဉ်နဲ့ ရည်မှန်းချက်တွေကတော့ အမျိုးသား ရင်ကြားစေ့ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးပဲဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ ကတော့ ပြည်တွင်း နိုင်ငံရေးမှာ တွေ့ဆုံဆွေးနွေးရေးနဲ့အဖြေရှာဖို့ အားပေးနေသလို မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ လူ့အခွင့် အရေးချိုးဖောက်မှု၊ နိုင်ငံရေးဖိနှိပ်မှု၊ တိုင်းရင်းသားဒေသတွင်း တိုက်ခိုက် ကျူးလွန်မှု စတာတွေကို တားဆီး နိုင်ဖို့အတွက် ဖိအားပေးနိုင်မယ့် နည်းလမ်းတွေကို ရှာကြံနေကြတာပါ။

နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ ရှုတ်ချမှုတွေလုပ်၊ လူ့အခွင့်အရေး အစီရင်ခံ စာတွေမှာ ဝေဖန်မှုတွေလုပ်ရုံနဲ့ မလုံလောက်နိုင်ဘူးဆိုတာ သဘောပေါက်လာခဲ့ကြတဲ့နောက်ပိုင်း ပိုပြီး တိုက်ရိုက် ကျတဲ့ အရေးယူမှုတွေလုပ်နိုင်ဖို့ ဦးတည်နေကြတာပါ။ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ ဦးဆောင်တင်ပြမှုအတိုင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီအဆင့်မှာ မြန်မာနိုင်ငံအတွက် စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းဖို့အတွက် အမေရိကန်၊ ဗြိတိန်၊ ၾသစေတ်းလ် စတဲ့နိုင်ငံတွေက ဦးဆောင် လုပ်ကိုင်နေကြပါပြီ။ ဒီလို စုံစမ်းရေး ကော်မရှင်ပေါ်ပြီးမှ လုံခြုံရေးကောင်စီက the Hague မြို့ နိုင်ငံတကာရာဇ၀တ်ခုံရုံးကို အမှု လွှဲပြောင်း ကြားနာ စစ်ဆေးစေရေးအဆင့်မျိုးအထိ ထပ်ပြီးလုပ်ဆောင်ဖွယ်ရာရှိပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားတက္ကသိုလ် (Indiana University Bloomington) နိုင်ငံတကာ အခြေခံဥပဒေရေးရာဌာန (Center for Constitutional Democracy) ရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဆလိုင်းငွန်ကျုံးလျှန်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဆလိုင်း ငွန်ကျုံးလျှန်။ ။ ဟုတ်ကဲ့။ ကုလသမဂ္ဂ ကမကထပြုပြီးတော့ ဖွဲ့ဖို့ကြိုးစားနေတဲ့ အခု Commission of Inquiry ဆိုတာ နည်း လေးမျိုးနဲ့ဖွဲ့လို့ရပါတယ်။ ပထမ UN General Assembly ရဲ့ Resolutions ချပြီးတော့ ဖွဲ့လို့ရ တယ်။ ဒုတိယက Human Rights Council က Resolution ချပြီးတော့ အားလုံးက သဘောတူတယ်။ ဒါမှ မဟုတ် အများစုကသဘောတူရင် ဆုံးဖြတ်ချက်ချလို့ရတယ်။ နောက်ပြီးတော့ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ Secretary General Mandate နဲ့ (လုပ်ပိုင်ခွင့်နဲ့) ကမ ကထပြုပြီးတော့ လုံခြုံရေး ကောင်စီရဲ့ ထောက်ခံချက်နဲ့ ဖွဲ့လို့ရတယ်။ အဲလို နည်းလေးမျိုးနဲ့ ဖွဲ့လို့ရတယ်။ ဖွဲ့ပြီး တော့ ဒီလုပ်ငန်းကို စတင် ဆောင်ရွက်လို့ ရတယ်လို့ ကျနော်တို့တွေ့ပါတယ်

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီ စုံစမ်းရေးကော်မရှင်ရဲ့အဓိကတာဝန်က ဘာလဲ။ ဒီစုံစမ်းရေးကော်မရှင် ဖွဲ့ပြီးလို့ရှိရင် သဘောကတော့ လုံခြုံရေးကောင်စီမှာ ဒီ စုံစမ်းရေးကော်မရှင်ရဲ့တွေ့ရှိချက်တွေကို ကြားနာ ပြီးတဲ့အခါ ကျလို့ရှိရင် နောက် ထပ်အဆင့်တခုအနေနဲ့ the Hague မြို့မှာရှိတဲ့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို လွှဲပြောင်းပြီးတော့ တရားစီရင် မှုတွေလုပ်ပေးဖို့ဆိုတဲ့အဆင့်က ဖြစ်ပေါ်လာနိုင်တဲ့အနေအထားလား။

ဆလိုင်း ငွန်ကျုံးလျှန်။ ။ အဲဒါ သူတို့လုပ်နေတဲ့ဟာက အခြေခံ လုပ်ငန်းစဉ်ပါ။ ပြီးရင် တကယ်လို့် Resolution တခုခု ဘယ်အချက်က နေပဲ ထွက်လာ ထွက်လာ အဲဒီထဲမှာ သူ့ရဲ့ Mandate ပါလာတယ်။ လုပ်ပိုင်ခွင့်၊ ဘာတွေလုပ်ရမယ်၊ ဘာလုပ်ရ မယ်ဆိုတဲ့လုပ်ပိုင်ခွင့်တွေ၊ ဘယ်လိုပုံစံနဲ့လုပ်ရမယ်ဆိုတဲ့ ဟာတွေ အားလုံး ပါလာလိမ့်မယ်။ အဲဒီထဲမှာမှပဲ အဲဒီ Mandate ထဲမှာပဲ ဒီအမှုဟာ ကြားနေဖြစ်တဲ့ အဖွဲ့ အစည်းတွေကပဲ ကိုင်တွယ်ပြီးတော့ လုံခြုံရေးကောင်စီကို Report ပြန်ရေးမလား၊ General Assembly ကို ပြန်ရေးမလား၊ Human Rights ကောင်စီကိုပဲ ပြန်ရေးမလား၊ နောက်ပြီးတော့ နောက်ဆက်တွဲ ဘယ်လိုလုပ်မလဲ။ ဒါမှမဟုတ်လို့ရှိရင် Sudan နဲ့ Darfur ကိစ္စတုံးကလို နိုင်ငံတကာ ရာဇ၀တ်မှုတရားရုံးကို လိုဟာမျိုး ဖြစ်လာ မလားဆိုတာ ဒုတိယနဲ့ တတိယအဆင့်မှာ ဖြစ်လာမယ့် အချက်တွေလို့ ကျနော် နားလည်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ နောက်တခုက ကျနော်နားလည်တာကတော့ အခု ဒီ ICC - International Criminal Court လို့ခေါ်တဲ့ နိုင်ငံတကာခုံရုံးကို လွှဲပြောင်းပေးဖို့ဆိုတဲ့နေရာမှာ အရင်ဆုံးအခု ကျန်နေသေးတဲ့အဆင့်က စုံစမ်းရေး ကော်မရှင်အဖွဲ့ ဖွဲ့ဖို့ ဆိုတဲ့အဆင့်က ကျန်နေသေးတယ်ဆိုတော့ စုံစမ်းရေးကော်မရှင်အဖွဲ့ ဖွဲ့ဖို့ အရေးမှာတောင်မှပဲ အရှေ့ကို ဆက်ပြီး မတိုးနိုင်သေးတဲ့ အခြေအနေဆိုတော့ ဗမာနိုင်ငံမှာဖြစ်နေတဲ့ ရာဇ၀တ်မှု ကျူးလွန်မှုတွေပေါ့နော်၊ လူသားတို့အပေါ် ကျူးလွန်တဲ့အမှုတွေအတွက် နိုင်ငံတကာခုံရုံးကို ရောက်ရမယ်ဆိုတဲ့အဆင့်ဟာ တော်တော်လေး အလှမ်းဝေး နေတယ်လို့ ပြောလို့မရဘူးလား။

ဆလိုင်း ငွန်ကျုံးလျှန်။ ။ ဟုတ်ကဲ့။ အလှမ်းဝေးတယ်လို့ ပြောလို့လည်းရတယ်။ နောက်ပြီးတော့ အမေရိကန် ဦးဆောင်ပြီးတော့ အင်္ဂလန်တို့၊ တခြားပြင်သစ်နိုင်ငံတို့ ဦးဆောင်ပြီးတော့ လုပ်ဆောင်မှုတွေဟာလည်း တခြား တိုင်းပြည်တွေ ဘယ်လောက်ထောက်ခံမှုရှိလာမလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်ပါ တယ်။ အဲဒီတော့ ဒီကိစ္စက ခန့်မှန်းရ ခက်ပါတယ်။ ရှည်လည်းရှည်နိုင်တယ်။ ဒါပေမဲ့ မထင်မှတ်ဘဲနဲ့လည်း ဆူဒန် (Sudan) လိုဟာမျိုး ဖြစ်သွားနိုင်တဲ့ အလားအလာလည်း ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့ နောက်တချက်က မြန်မာနိုင်ငံမှာရှိတဲ့ စစ်ခေါင်းဆောင်တွေအနေနဲ့ပေါ့နော်၊ နိုင်ငံတကာရဲ့ ဒီလို ဖိအားပေးမှုတွေ ပြန်ဖြစ်လာပြီးတော့ နိုင်ငံတကာ ခုံရုံးတွေရောက်မယ်၊ တရားစွဲခံရမယ် ဆိုတဲ့ အနေအထားတွေရှိမယ်ဆိုရင် ဒီကိစ္စကို သူတို့အနေနဲ့ ဒါ သူတို့အပေါ်လက်စားချေဖို့ ဆောင်ရွက်မှုတွေလို့ မြင်ကြမှာမလွဲဘူးလေ။ အဲဒီတော့ ဒီကိစ္စတွေဟာ ဗမာပြည်ထဲမှာ ပြည်တွင်းနိုင်ငံရေးသမား အဖွဲ့အစည်း တွေက ပြောဆိုနေကြတဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ တွေ့ဆုံဆွေးနွေးပွဲ တောင်းဆိုမှုတွေအပေါ် ဘယ်လိုများ ဂယက်ရိုက်နိုင်သလဲ။ သက်ရောက်မှုတွေရှိနိုင်မလဲ။

ဆလိုင်း ငွန်ကျုံးလျှန်။ ။ ဟုတ်ကဲ့ ဆရာ၊ အဲဒီ မေးခွန်းက တော်တော်အရေးကြီးတယ်။ နောက်ပြီးတော့ ကျနော်တို့ ဗမာပြည်သား ပြည်သူတွေအားလုံး ပြန်ပြီးတော့ ရင်ကြားစေ့ရေးလုပ်ချင်တဲ့သူတွေအားလုံး သေသေချာချာ ပြန်စဉ်းစားဖို့ လိုလိမ့်မယ်လို့ ထင်တယ်။ ICC ကို UN Security Council က Refer လုပ်လို့ ဗမာပြည်ကိစ္စ ရောက်သွားလို့ရှိရင် အဲဒီကိစ္စမှာ ICC ဗမာပြည်မှာ လူ့အခွင့်အရေးချိုးဖောက်မှု တွေကို သာမန် ရာဇ၀တ်မှု တရားစီရင်ရေးစနစ်ဖြစ်တဲ့ Criminal Justice System နဲ့ သူတို့က ဖြေရှင်း သွားမယ်။

Criminal Justice System ဆိုတာ ကျနော်တို့ ဗမာတွေအားလုံးက နားလည်ပါတယ်။ အပြစ်ရှိတဲ့သူကို ဖမ်းမယ်၊ တရားစီရင်မယ်၊ နောက်ပြီးတော့ ပြစ်ဒဏ်ချမယ်။ ပြီးရင် သူ့ကိုထောင်ချရင်ချမယ်။ အရေးယူရင်ယူမယ်၊ ထိုက်သင့်သလို ပြစ်ဒဏ်ကိုပေးမယ်။ အဲလို အပြုခံရတဲ့လူတွေကို နစ်နာကြေးတွေ၊ လျော်ကြေးတွေပေးမယ်။ ဒါဆိုရင် အမှုကပြီးသွားပြီလို့ ကျနော်တို့က ယူဆတယ်။

အမှန်တော့ ဗမာပြည်လိုဟာမျိုးဖြစ်ဖြစ်၊ တောင်အာဖရိကလိုဟာမျိုး၊ နောက်ပြီးတော့ အင်ဒိုနီးရှားလိုဟာမျိုး စစ်အုပ်ချုပ်ရေးကနေ အာဏာရှင်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီဘက်ကို အသွင်ကူးပြောင်းလာတဲ့ အချိန်မှာ သူတို့ဟာ အခုနပြောတဲ့ သာမန်ရာဇ၀တ်မှု တရားစီရင်ရေး စနစ်တခုထဲကိုပဲ ကြည့်ပြီးတော့ မကျင့်သုံးဘဲနဲ့ တခြား - ဒီ ဥပမာ Restorative Justice System တို့၊ နောက် မဟုတ်လို့ရှိရင် Transformative Justice System တို့၊ Transitional Justice System စတဲ့ ဒီ ဦးတည်ချက်၊ ရည်ရွယ်ချက်ကို ရောက်နိုင်ဖို့အတွက် သင့်မြတ် လျော်ကန်တဲ့ တရားစီရင်ရေးစနစ်တွေ ကျင့်သုံးသွားတာရှိတယ်။ အဲဒါကို ကျနော်တို့ အလေးပေးပြီးတော့ ရှာဖွေသင့်တယ်၊ စူးစမ်းသင့်တယ်၊ စဉ်းစားထည့်သွင်းသင့်တယ်လို့ ကျနော်ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီနေရာမှာ အရင် ကျနော်တို့ အင်တာဗျူးတွေ လုပ်ခဲ့တုံးကလည်း ဆလိုင်းငွန်ကျုံးလျှန် အနေနဲ့ ပြောပြထားဖူးတာတွေရှိတယ်လေ။ အဲဒါက အထူးသဖြင့်တော့ တောင်အာဖရိကမှာ ကျင့်သုံးခဲ့တဲ့ Restorative Justice System ပေါ့နော်။ ဗမာလို ဘယ်လိုပြန်ရမလဲ ဆိုတာတော့ ကျနော်တို့အနေနဲ့တော့ မသိနိုင်ဘူး။ အဓိက ကတော့ လူဖြူလူမည်း ခွဲခြားတဲ့ ခေတ်ကာလက လူဖြူအစိုးရကနေပြီးတော့ ကျူးလွန်ခဲ့တဲ့ ကိစ္စတွေကို နောက်ပိုင်း လူမည်းအစိုးရတက်လာတဲ့အခါကျတော့ သင်ပုန်းချေတဲ့ System ပေါ့နော်။ တရားစီရင်ရေး System ပေါ့။ အဲဒီတော့ အဲဒီဟာနဲ့ ပတ်သက်လို့ ဥပမာလေးတခု ကျနော့်ကို ပြောပြပါလား။

ဆလိုင်း ငွန်ကျုံးလျှန်။ ။ ဟုတ်ကဲ့။ အာဖရိကမှာ လူဖြူတွေအုပ်ချုပ်တုံးက သူတို့ ချိုးဖောက်ခဲ့တဲ့ ပြစ်မှုတွေ အများကြီးရှိနေလို့ အဲဒီ လူဖြူတွေကို တော်လှန်ရင်းနဲ့ ပြစ်မှုတွေအများကြီး ဒီ ANC (African National Congress) ဘက် ကလည်း ချိုးဖောက် တာတွေရှိပါတယ်။ အများကြီးတော့ ပြောရင်တော့ မှားရင်မှားလိမ့်မယ်။ ချိုးဖောက် တဲ့ဟာ ရှိတယ်။ အဲဒီတော့ သူတို့လိုချင်တဲ့ ဟာက လူဖြူပဲဖြစ်ဖြစ်၊ လူမည်းပဲဖြစ်ဖြစ် တောင်အာဖရိကမှာ ဒီမိုကရေစီစနစ် ပြန်လည် ထွန်းကားပြီးတော့ ဟိုဘက် ဒီဘက် အတူတကွ နေချင်တဲ့ဟာကို သူတို့ အကောင်အထည်ဖော်နိုင်ဖို့အတွက် သူတို့ဟာ သာမန်လူတိုင်း သုံးစွဲနေကျဖြစ်တဲ့ သာမန် ရာဇ၀တ်မှု တရားစီရင်ရေး၊ Criminal Justice ကို မကျင့်သုံးဘဲနဲ့ Restorative Justice ကိုကျင့်သုံးသွားတယ်။ ဥပမာ- အရင်တုံးက ဖြစ်ခဲ့တဲ့ကိစ္စတွေကို တရားရုံးမှာ သွားပြီးတော့ တရားရင်မဆိုင်ဘဲနဲ့ အမှုကျူးလွန်တဲ့ သူက အကျူးလွန်ခဲ့တဲ့သူကို လူအများရှေ့မှာ တောင်းပန်ပြီးတော့ ကျနော်မှားခဲ့ပါတယ်- ပြောလို့ရှိရင် အဲဒီပြစ်မှု ကျူးလွန်ခဲ့တဲ့သူကလည်း ခွင့်လွှတ်ရမယ်ဆိုပြီးတော့ ဟိုဘက် ဒီဘက်ညှိပြီးတော့ ဒီဟာတွေကို ဖြေရှင်းသွားတာဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့၊ ဒါဆိုလို့ရှိရင် နောက်ထပ်စနစ်တခုပေါ့နော်၊ ဒီ အမေရိကနဲ့ အာရှတိုက်၊ အထူးသဖြင့် အင်ဒိုနီးရှားတို့ အရှေ့တီမောတို့မှာ သုံးသွားတဲ့ Transformative Justice System ပေါ့နော်၊ အဲဒီ အကြောင်း ကိုလည်း နည်းနည်းလေး ရှင်းပြပါလား။ သူတို့ကတော့ အဓိကအားဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အထောက်အကူပြုစေမယ့် တရားရေးဆုံးဖြတ်တဲ့ စနစ်သဘောမျိုးနဲ့ အတိတ်က ကျူးလွန်ခဲ့တဲ့ ပြဿနာတွေကို ဖြေရှင်းတယ်ဆိုတဲ့သဘောပေါ့နော်။ အဲဒီ ဥပမာလေးတွေကို နည်းနည်းလောက် ပြောပြပါလား။

ဆလိုင်း ငွန်ကျုံးလျှန်။ ။ ဟုတ်ကဲ့။ ဥပမာ ကျနော်တို့နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ အင်ဒိုနီးရှားမှာဖြစ်သွားတဲ့ ကိစ္စ၊ အရှေ့တီမောနဲ့ အင်ဒိုနီးရှား ပဋိပက္ခနောက်ပိုင်းမှာ အဲဒီ ပဋိပက္ခဖြစ်တုန်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အားလုံးကို Criminal Justice System နဲ့ဖြေရှင်းဖို့ ကြိုးစားမယ်ဆိုလို့ရှိရင် ဒီနေ့အချိန် အထိ အရှေ့တီမောဟာ လွတ်လပ်ရေးရချင်မှ ရလိမ့် မယ်။ ဒါမှမဟုတ် ပြဿနာက၊ ပဋိပက္ခက အခုထိ ပြီးချင်မှ ပြီးသွားလိမ့်မယ်။

ဒါပေမဲ့စစ်ရေးအရ အင်ဒိုနီးရှားက မရှုံးနိမ့်သည့်တိုင်အောင် သူ့မှာ အရှေ့တီမောဖြစ်ပျက်ခဲ့တဲ့ဟာတွေ အတွက် သူတို့မှာ ထွက်ပေါက်လေးတခုရထားလို့ အခု ဒီပြဿနာ ဖြေရှင်းသွားတာဖြစ်ပါတယ်။ တချိန်ထဲ မှာပဲ အင်ဒိုနီးရှားထဲမှာကိုက ဆူဟာတို (Suharto) အာဏာကျသွားတဲ့နောက်ပိုင်းမှာ ဆူဟာတိုနဲ့ သူ့ရဲ့ အဆက်အနွယ်တွေ အားလုံးအပေါ် မှာ သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အဲဒါတွေကို အင်ဒိုနီးရှားက ကိုင်တွယ်ဖြေရှင်းတဲ့ အချိန်မှာ ဒီ Criminal Justice System တခုထဲကို မကြည့်ဘဲနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ပြန်လည်သင့်မြတ်ကြ ပြီးတော့ ဒီမိုကရေစီ စနစ်ကြီးအရှိန်အဟုန်နဲ့ ဖော်ဆောင်နိုင်ရေးအတွက်ကိုပါ ထည့်တွက် စဉ်းစားငဲ့ကွက် ပြီးမှ သူတို့က တရား စီရင်ရေးတွေကို တခုပြီးတခု လုပ်ကိုင်သွားတာဖြစ်တယ်။

အချုပ်အားဖြင့် ပြောရမယ်ဆိုလို့ရှိရင် အာဖရိကမှာဖြစ်ဖြစ်၊ အရှေ့တီမောမှာဖြစ်ဖြစ်၊ လက်တင်အမေရိက နိုင်ငံတွေမှာဖြစ်ဖြစ်၊ သူတို့တရားစီရင်ရေး၊ အသွင်ကူးပြောင်းနိုင်ရေးအတွက် ဒါမှမဟုတ် ပြန်လည်ရင်ကြား စေ့နိုင်ရေးအတွက် တရားစီရင်ရေးစနစ်တခုကို ကျင့်သုံးတဲ့အချိန်မှာ သူတို့ဟာ သာမန်ရာဇ၀တ်မှု တရား စီရင်ရေးဆိုင်ရာဖြစ်တဲ့ Criminal Justice System တခုကိုပဲ မကြည့်ဘဲနဲ့ တခြားနည်းနဲ့ သူတို့ရဲ့ပန်းတိုင်ကို အရောက် ခေါ်ဆောင်သွားနိုင်မယ့် အသွင်ပြောင်းနိုင်အောင် အားပေးအားမြှောက်ပြုနိုင်မယ့် တရားစီရင်ရေး နည်းတွေကို ရှာဖွေတယ်။ အဲဒါကို ကျနော်တို့ ဗမာပြည်မှာလည်း ရှာဖွေသင့်တယ်လို့ ကျနော်ကတော့ ယူဆပါတယ်

ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာလည်း ဘာပဲပြောပြော၊ မြန်မာ့ဒီမိုကရေစီရေးမှာ အင်မတန်ကို ကြီးမားတဲ့အခန်းကဏ္ဍတခု ဖြစ်တယ်ဆိုတာကို အသိအမှတ် ပြုပြီးတော့ ဖြစ်ခဲ့သမျှ ပြဿနာတွေကို နည်းလမ်းရှာကြံပြီးတော့ ဖြေရှင်းသွားဖို့ဆိုတဲ့ အကြံပြုချက်ပေါ့။

ဆလိုင်း ငွန်ကျုံးလျှန်။ ။ ဟုတ်ပါတယ်။ မြန်မာပြည်မှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတာ တပ်မတော်မပါဘဲနဲ့ မဖြစ်ဘူး၊ တိုင်းရင်းသားတွေမပါဘဲနဲ့ မဖြစ်ဘူး၊ ဒီမိုကရေစီအင်အားစုတွေ မပါဘဲနဲ့ မဖြစ်ဘူး။ အဲဒီမှာ ပါဝင်တဲ့ လူတွေအားလုံးရဲ့ အခန်းကဏ္ဍ၊ သူတို့ရဲ့အနေအထား၊ သူတို့ရဲ့အနာဂတ် လုံခြုံရေး၊ သူတို့နဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီးတော့ ဖြစ်ပျက်ခဲ့တဲ့ ပြီးခဲ့တဲ့ ပြဿနာတွေအားလုံးကို တရားဥပဒေအရ အဖြေရှာတဲ့ အချိန်မှာ Criminal Justice တခုထဲကို ကြည့်ပြီးတော့ အဖြေရှာတာထက် တခြားဖြစ်နိုင်ချေရှိတဲ့ နည်းစနစ်တွေ၊ ရှိသမျှတွေကို ကျနော်တို့ ရှာကြံပြီးတော့ ဘယ်ဟာ ကျနော်တို့ အတွက် အကောင်းဆုံးဖြစ်မလဲဆိုတဲ့ စိတ်ဓာတ်မျိုး ကျနော်တို့ထားနိုင်မယ် ဆိုလို့ရှိရင် အသွင်ကူး ပြောင်းရေးအတွက်၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ပိုပြီးတော့ အကျိုးဖြစ်စေမယ်၊ အဲဒီလို လုပ်ဆောင်ရာမှာလည်း အောင်မြင်မှု ရနိုင်မယ်လို့ ကျနော်တော့ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာတက္ကသိုလ်၊ နိုင်ငံတကာ အခြေခံ ဥပဒေရေးရာ ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဆလိုင်း ငွန်ကျုံးလျှန်ကို ဆက်သွယ်မေးမြန်းထားတာပါ။
http://www.voanews.com/burmese/news/democracy-forum/democracy_fourm_11-28-10-110881554.html

P'Lu Refugee Update


By Hsa Moo
29/11/2010

More than 800 refugees who stayed in the Mae Koe Kan village, Thai side returned back to P'Lu village, Burma side today. There are about 100 refugee are still staying at the temple because they are sick and can't go back.

Many villagers especially men dare not want to go back because they are afraid of being capture by Burmese army to be a porter. Also some villagers do not want to go back because the Burmese army are stay in their house.

This morning, the Thai authorities announced that there is no more fighting in P'Lu, Burma side and asked people to go back.

The return process started in the morning and the last group who crossed the river back to Burma side was at 2:45 P.M.

Around 10 minutes after the last group went back, there were mortars' shelling and gun fire. The gun fire started at 3 P.M until 4 P.M. There were more than 10 mortars' opened and gun fires were included.

More than 50 villagers who just went back were fleeing back to Thai side. Some villagers want to go back to the Mae Koe Kan temple where they were placed before they went back. But, they were told by the Thai authorities that they can not go back and stay in that temple anymore. They are staying in the field in Thailand side and some went to stay with their relatives in the village Thai side.

ကရင်တပ်ဖွဲ့နှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် နအဖ ၃၀ဦးကျဆုံး

ဒီ ကြွသွားတဲ့ ၃၀ ထဲမှာ DKBA မှ နယ်ခြားစောင့်တပ်ကို ပြောင်းသွားတဲ့လူ ဘယ်နှစ်ယောက်ပါသွားလည်းတော့မသိဘူး။ ဗိုလ်မှူး နှူတ်ခမ်းမွှေးပြောထားပြီးသား အမျိုးမှန်းမသိရင် လာခဲ့ပေါ့ ရွေးမှာမဟုတ်ဘူးလို့  အပြတ်ပြောထားပြီးသား။ ခုတော့ မင်းတို့  တသက်စာ စားလို့ မကုန် ချမ်းသာနေပြီးဖြစ်တဲ့ မောင်ချစ်သူအတွက် ကားပါမစ် အစီးရေ များများရအောင် ထပ်ပြီးအသေခံကြလိုက်အုံး။ မင်းတို့ အတွက် စိတ်တော့မကောင်းဘူး၊ မတတ်နိုင်ဘူး မင်းတို့ ရွေးထားတဲ့လမ်းပဲ။ ဆရာတော်ဘုရား ဦးသုဇ ဒီအတိုင်းပဲကြည့်တော့မလား။ BGF တွေကို ဒီလိုပဲလွတ်ထားတော့မလား။ ကြည့်လည်းလုပ်ကြပါအုံး။

တပ်မဟာ (၇)ကိုမောင်ချစ်သူဦးစီးပြီးတက်တိုက်တုန်းက ပြန်ပြီးအမှတ်ရကြပါ။ လူ ၃၀၀ ကျော်သေကြေ ကျိုးပြတ်ပြီးပြီ။ အဲဒီတုန်းက KNLA ဖက် သေ၊ ဒဏ်ရာရ ပေါင်းမှ ရှစ်ဦးပဲရှိတယ်။ မြေကြီးပဲ ရှူံးတယ်။ လူက အရင်အတိုင်းပဲ။ အခုခင်ဗျားတို့ နအဖ ခိုင်းသမျှ လိုက်လုပ် လို့ ကတော့ မင်းတို့ ရဲအနာဂါတ်မတွေးဝံ့စရာပဲ။

နိုဝင်ဘာလ ၂၉ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ဘက်ပိုင်းတွင် ကရင်တပ်ဖွဲ့မှ နအဖနှင့် နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်တို့ကို ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်မှ (၃၀)ဦး ကျဆုံးခဲ့ပြီး လက်နက် (၃၀)လက် ကရင်တပ်ဖွဲ့မှ သိမ်းဆည်းရမိသည်ဟု သိရ သည်။

ဝေါ်လေဒေသတွင် စစ်ရေးပြင်ဆင်နေသည့် ကလို့ထူးဘောဗျူဟာ တပ်ဖွဲ့ဝင်များ


ယမန်နေ့ နေ့လည်ပိုင်းတွင် ကော့ကရိတ်အခြေစိုက် နအဖ စကခ(၁၂) လက်အောက်ခံ ခလရ(၂၃၁)တပ်ရင်းနှင့် BGF (၁၀၁၆)တပ်ရင်းတို့ ပူးပေါင်းတပ်ဖွဲ့အား တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ) ကလိုထူး ဘောဗျူဟာ(၁)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း(၁၈)တို့ပူးပေါင်း၍ ခုဒုံနှင့် အောင်လိုင်ကျေးရွာ ကြားတနေရာတွင် ချုံခိုတိုက်ခိုက်ခဲ့သည်ဟု ဒီကေဘီအေ ကလိုထူးဘောဗျူဟာ(၁) စစ်ဆင်ရေးမှူး G2 ဗိုလ်မှူးစောဆန်းအောင်က ယခုလို ပြောသည်။

၎င်းက “မနေ့က နေ့လည် ၁၂း၀၀နာရီအချိန်မှာ ခုဒုံနဲ့ အောင်လိုင်ကြားက တောင်ကြားတနေရာမှာ တက်လာတဲ့ နအဖနဲ့ BGF စစ်ကြောင်းကို ကျနော်တို့တပ်ဖွဲ့က အပိုင်နေရာယူထားပြီးတော့ စောင့်ပစ်တယ်။ အဲဒီမှာ နအဖနဲ့ BGF တွေရဲ့ အလောင်း ၃၀ နဲ့ လက်နက်အလက် (၃၀)ကို ကျနော်တို့ဘက်က ကောက်ရခဲ့တယ်။”ဟု ကေအိုင်စီကို အတည်ပြုပြောကြားသည်။

အဆိုပါ ချုံခိုတိုက်ပွဲတွင် ကရင်တပ်ဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာရမှု အနည်းငယ် ရှိခဲ့ပြီး နအဖနှင့် BGF တို့ထံမှ 81၊ 82၊ RPG၊ M1၊ M2 စသည့်လက်နက်များ အပါအ၀င် ကျည်ဆံတချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဗိုလ်မှူးစောဆန်းအောင် က ပြောသည်။

ထို့အပြင် မြ၀တီခရိုင် ဝေါ်လေဒေသ၊ ဖလူးကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ရက်နေ့ည (သောကြာနေ့)မှစ၍ ယနေ့အ ချိန်ထိ နအဖ စစ်တပ်နှင့် ကရင်တပ်ဖွဲ့ဝင်တို့ကြား အပြန်အလှန် ပစ်ခတ်ခဲ့ရာ နအဖဘက်က ၁ဦး သေဆုံးကာ ၂၅ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ကရင်တပ်ဖွဲ့မှ ၁ဦး အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုပစ်ခတ်မှုများကြောင့် ဖလူးကြီး၊ ဖလူးငယ်၊ ကျောက်ခက်စသည့်ကျေးရွာမှ ဒေသခံ ကရင်ပြည်သူ ၁,၀၀၀ကျော် ထိုင်းနိုင်ငံ၊ ဖို့ဖရမြို့နယ်အတွင်းရှိ နယ်စပ်နေရာများသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။

အလားတူ ဘုရားသုံးဆူမြို့နယ်ခွဲရှိ တဲသုံးလုံးနှင့် ဇီးပင်ကျေးရွာကြားတွင် နအဖ ခမရ(၄၁၀)နှင့် ဒီကေဘီအေ ဒုဗိုလ်မှူးကြီး စောအေ၀မ်းတပ်ဖွဲ့တို့ ပြောက်ကျားတိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၂ဦး ပွဲချင်းပြီး ကျဆုံးသွားခဲ့ကြောင်း သိရသည်။

နယ်ခြားစောင့်တပ် အမှတ်(၁၀၁၆)တပ်ရင်းကို ဦးစီးသူမှာ ဗိုလ်မှူးစောမြတ်ခိုင်ဖြစ်ပြီး ယခင် ဒီကေဘီအေ တပ်မဟာ(၉၉၉) လက်အောက်ခံ တပ်ရင်း(၃)၏ တပ်ရင်းမှူးဖြစ်သည်။
http://www.kicnews.org/?p=4452 သတင်းမှရယူသည်။

ကရင်ပါတီများသို့ 




က ရင် ပါ တီ များ သို့

က ရင် ပြည် နယ်၊ နယ် စပ် မှာ တိုက် ပွဲ တွေ ဖြစ် နေ တယ်။ ရွာ သား တွေ စစ် ပြေး ဒု က္ခ သည် တွေ အ ဖြစ် ပြေး နေ ကြ ပြီ။ က ရင် အ မျိုး သား ရေး လုပ် မယ်။ က ရင် နိုင် ငံ ရေး လုပ် မယ် ဆို ပြီး ပါ တီ ထောင် တဲ့ က ရင် ပါ တီ တွေ ဘယ် ရောက် နေ ကြ ပြီ လဲ။ ပါ တီ ထောင် တယ် ဆို တာ နိုင် ငံ ရေး လုပ် ဖို့ ပါ။ ပါ တီ ထောင် ပြီး နိုင် ငံ ရေး မ လုပ် ရင် ပါ တီ မ ထောင် ပါ နဲ့ NGO ထောင် ပါ။ နိုင် ငံ ရေး လုပ် လို့ အ ဖမ်း ခံ ရ မှာ စိုး ရိမ် လို့ လား။ အ စိုး ရ ဆို တဲ့ လူ တွေ က ပါ တီ ထောင် ခွင့် ပေး တယ် ဆို တာ နိုင် ငံ ရေး လုပ် ပိုင် ခွင့် ပေး ထား တာ ပါ။

သူ တို့ တိုင်း သိ ပြည် သိ တ ရား ၀င် ဖွဲ့ ခွင့် ပေး ထား တဲ့ ပါ တီ နိုင် ငံ ရေး လုပ် လို့ ဖမ်း ရင် သူ တို့ ထုတ် ထား တဲ့ ဥ ပ ဒေ ကို သူ တို့ တ ရား ၀င် ချိုး ဖေါက် တာ ပဲ ဖြစ် မှာ ပါ။ က ရင် ပါ တီ အ မည် ခံ ထား တဲ့ ပါ တီ တွေ လဲ က ရင် အ မျိုး သား ရေး ရာ တွေ ကို တော့ ပြော ဆို ဆောင် ရွက် ခွင့် ရှိ ပါ တယ်။ နိုင် ငံ ရေး လုပ် မယ် ဆို တဲ့ က ရင် ပါ တီ တွေ ဒီ ကိ စ္စ နဲ့ ပတ် သက် ပြီး ဘာ မှ မ လုပ် နိုင် ရင် တောင် မှ မူ ၀ါ ဒ ကြေ ငြာ ချက် တွေ ထုတ် ပြန် နိုင် ရ ပါ လိမ့် မယ်။ ဖြစ် နိုင် ရင် တော့ တစ် စုံ တစ် ခု တော့ ဆောင် ရွက် ဖို့ လဲ လို ပါ တယ်။ လုပ် ပြီး ရင် လဲ ပါ တီ တွေ ရဲ့ အ ရေး ကြီး ဆုံး အ လုပ် တစ် ခု က တော့ သ တင်း ဌာ န (မီ ဒီ ယာ) တွေ နဲ့ စ ကား ပြော ဖို့ လို ပါ တယ်။ ပြည် သူ တွေ ကို ဘာ တွေ လုပ် နေ တယ် ဆို တာ ပြော ပြ အ သိ ပေး ဖို့ လို ပါ တယ်။

အ ခု တော့ က ရင် ပါ တီ တွေ ဟာ ပါ တီ မှ ဟုတ် ပါ ရဲ့ လား မ သိ ဘူး။ အ ဏာ ရ ဖို့ ပဲ ပါ တီ ဖွဲ့ တဲ့ က ရင် လူ မျိုး က ရင် ဆို တဲ့ နာ မည် ကို ကိုယ် ကျိုး အ တွက် အ သုံး ချ မဲ့ အ သင်း အ ဖွဲ့ တွေ ပဲ လား မ သိ ပါ ဘူး။ ကိုယ့် အ ရေး ကို ကိုယ် မ ပြော ပဲ တ ခြား အ ဖွဲ့ အ စည်း ပါ တီ တွေ က ပြော ပေး န ရ တယ် ဆို တာ က ရင် ပါ တီ သိ က္ခာ ကျ ပါ တယ်။

ရ ခိုင် လေ ဘေး အ တွက် ရ ခိုင် ပါ တီ အ သံ ထွက် တယ်။ ရှမ်း အ ရေး အ တွက် ရှမ်း ပါ တီ တွေ အ သံ ထွက် တယ်။ လုပ် လဲ လုပ် ကြ တယ်။

နောက် ပြီး အ ရွေး ကောက် ခံ ရ တဲ့ က ရင် ပါ တီ က အ မတ် တွေ ကော၊ ကိုယ် လူ မျိုး အ တွက် ကိုယ် စား လှယ် ဖြစ် အောင် ပြည် သူ တွေ က ရွေး ထား တာ ပါ။ ဒီ ပြည် သူ တွေ အ တွက် မှ ဘာ မှ မ လုပ် ပေး၊ မ ပြော ပေး နိုင် တာ က တော့ ကိုယ့် ကို ယုံ ကြည် ပြီး မဲ ထည့် တဲ့ ပြည် သူ တွေ ကို ဒီ လို နည်း နဲ့ ကျေး ဇူး ပြန် ဆပ် တာ လား လို့ မေး လိုက် ချင် ပါ တယ်။

စဉ်း စဉ်း စား စား လဲ လုပ် ကြ ပါ က ရင် ပါ တီ တွေ ရယ် ရွေး ကောက် ခံ က ရင် အ မတ် တွေ ရယ်။ နိုင် ငံ ရေး မ လုပ် တတ် ဘူး ဆို ရင် လဲ ဒီ စင် ပေါ် မှာ မ တက် လာ ရှုတ် ပါ နဲ့။ အ မျိုး သား အ တွက် နစ် နာ တယ်။ နောက် ပြီး ပြည် သူ လူ ထု ရဲ့ ဒဏ် ခတ် ခြင်း ကို ခံ ရ လိမ့် မယ်။ ပြည် သူ လူ ထု က သိ တယ် သူ တို့ အ တွက် ဘယ် သူ တွေ က ရပ် တည် ပေး နေ လဲ။ ဘယ် သူ တွေ က အ နစ် နာ ခံ ပေး နေ တယ် ဆို တာ။ အ ခု တော့ အ မျိုး ကို ချစ် တာ တ ခု တည်း နဲ့ မဲ ထည့် ပေး တာ ပါ။ ဒီ အ တိုင်း ဆက် လုပ် နောက် တ ခါ ကျ ရင် မဲ မ ရ ဘူး ခဲ (ဂဲ) ပဲ ရ လိမ့် မယ်။

အ ရေး ကြီး တဲ့ အ ချိန် မှာ မှ သွေး မ နီး ဘူး ဆို ရင် တော့ က ရင် ပါ တီ တွေ နဲ့ က ရင် အ မတ် လောင်း တွေ ကို တော့ က ရင် လို့ မ သတ် မှတ် နိုင် ပါ ဘူး။

ဒီ စာ အ တွက် တ စုံ တစ် ယောက် ကို နစ် နာ စေ မယ် ဆို ရင် တော့ ၀မ်း နည်း ပါ တယ်။

မူရင်းပို့ စ် - http://www.pahteepakaw.blogspot.com/ မှကူးယူဖေါ်ပြသည်။

တိုက်ပွဲဖြစ်ပွားနေသော ဖလူး ဒေသအခြေအနေ




ဓါတ်ပုံ+သတင်း = Hsa Moo

၂၇၊ ၁၁၊ ၂၀၁၀

ကရင်ပြည်နယ် ကောက်ကရိတ်မြို့ နယ် ဖလူးဒေသတွင် နအဖ စစ်တပ်နှင့် ဒီကေဘီအေ တပ်တို့ ဖြစ်ပွားသောတိုက်ပွဲကြောင့် ဒုက္ခသည် ၂၀၀ ကျော် သည် ထိုင်းနိုင်ငံဖက်ခြမ်း မဲကိုကေးရွာသို့ ထွက်ပြေးတိမ်းရှောင်ကြရပါသည်။ ၄င်းစစ်ပြေးဒုက္ခသည်များသည် ယခုအခါတွင် မဲကိုကေးရွာ အပြင်ဖက်ရှိ လယ်တဲနှင့် သစ်ပင်များအောက်တွင် နေထိုင်ကြရပါသည်။ ယင်းထွက်ပြေးလာသူများအထဲတွင် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များ ပါရှိကြောင်း သိရှိရပါသည်။

နအဖ စစ်တပ်များသည် ဖလူးရွာထည့်သို့ လက်နက်ကြီး မော်တာများပစ်ချသောကြောင့် ရွာသားတစ်ဦးဖြစ်သော စောထွန်းရွှေ(၃၀နှစ်) ဒဏ်ရာရရှိကြောင်း သတင်းရရှိပါသည်။

၂၈၊ ၁၁၊ ၂၀၁၀

တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသဖြင့် ယခုအချိန်တွင် ဖလူးရွာမှ စစ်ပြေးဒုက္ခသည် ၁၁၀၀ ကျော် ထိုင်းနိုင်ငံ တပ်ခရိုင် မဲကိုကေးရွာသို့ ထပ်ရောက်ရှိလာပါသည်။ မနေ့ က နအဖ နဲ့ ဒီကေဘီအေတို့ ၏ ပြင်းထန်တဲ့ တိုက်ပွဲကြောင့် ရွာသူရွာသားများသည် တစ်နေကုန်ထွက်ပြေးကြရပြီး ည ၁၁ နာရီအထိထွက်ပြေးကြရကြောင်းသတင်းရရှိပါသည်။
ထွက်ပြေးလာသော စစ်ပြေးဒုက္ခအားလုံးသည် ယခုအခါတွင် မဲကိုကေး(ထိုင်းနိုင်ငံ) ဘုန်းကြီးကျောင်းတွင် ယာယီ နေထိုင်ခွင့်ပေးထားပြီး ဒေသခံလူမှု အဖွဲ့ အစည်းများ၊ NGO များ လာရောက်ပြီး ရေ၊ အ၀တ်အစား၊ စားနပ်ရိက္ခာများ လာရောက် ကူညီကြောင်း သတင်းရရှိပါသည်။

P'lu Village information
By Hsa Moo
On 27/11/2010, more than 200 villagers from Pa Lu village, Kawt K'Rate township, Doo Pla Ya
district fled to Mae Ko Kay village, Mae Sot area, Tak Province, Thailand. Those villagers are
now staying outside Mae Ko Kay village in the farm huts and some are staying under trees.
There are children and pregnant included in the group.
Villagers fled due to the SPDC troops based in Palu village and the DKBA troop was fighting.
Village fled since in the morning and more villagers are fleeing to Thailand side until the
evening.
The SPDC shelled mortars and fall into Pa Lu village. One male village named Saw Tun Shwe
(30) years old is wounded.
On 28/11/2010: There are now more than 1,100 villagers in P' Lu village fled to Mae Koe Kay
village, Tak province, Thailand. Villagers fled the whole day yesterday until 11 P.M because of
the continuous fighting between DKBA and SPDC troop.
Villagers who fled to Thai side are currently placed in Mae Koe Kay temple as temporary
shelter. Today, there are still sounds of mortars' shelling. Villagers dare not go back to their
village. Many NGOs and local community organizations are providing foods, water and clothing
for refugees.
ဓါတ်ပုံနှင့် သတင်းပေးပို့ လာသူ Hsa Moo အားအထူးကျေးဇူးတင်ရှိပါသည်။

Sunday, November 28, 2010

စစ်ပွဲကြောင့် ပြည်သူ များ ထိုင်းဘက်သို့ ဒုက္ခသည် အဖြစ် တကျော့ပြန် ရောက်ရှိလာ

မြ၀တီ မြို့ တောင်ဘက်တွင် ဒီကေဘီအေ နှင့် နအဖ စစ်တပ် ၏ တိုက်ပွဲ များ ကြောင့် ဒေသခံပြည်
သူလေးထောင် ကျော် ဟာ ထိုင်း နိုင်ငံ မဲဆောက် မြို့ ရဲ့ တောင်ဘက် က ဖုတ်ဖရ နဲ့  မယ်ကု စတဲ့
ထိုင်း ကျေးရွာ တွေ ကို ထွက်ပြေး ခိုလှုံ ရောက် ရောက်ရှိ လာတယ် လို့  FNG မှ သတင်းရရှိသည်။

နိုဝင်ဘာလ ၈ ရက်နေ့ က ဖြစ်ပွား ခဲ့တဲ့ ဒီကေဘီအေ အဖွဲ့ ရဲ့ သုံးရက်ကြာ နယ်စပ် မြ၀တီ မြို့ သိမ်း
တိုက်ပွဲ အတွင်း ဒေသခံ ပြည်သူ လေးသောင်း ကျော်ဟာ ထိုင်း နိုင်ငံ မဲဆောက် မြို့ ထဲမှာ ဒုက္ခသည်
အဖြစ် ခိုလှုံ ခဲ့ရသည်။

ထိုင်း နယ်စပ် မြ၀တီ ဘက် အခြမ်း တွင် တကျော့ ပြန် ဖြစ်ပွား လာသည့် စစ်ပွဲ များ မှာ မြန်မာ
စစ်တပ် မှ ဒီကေဘီအီ တပ်ဖွဲ့ ဝင် များ နှင့် KNU တပ်ဖွဲ့ ၏ စခန်းများ ကို သိမ်းပိုက် ရန် အတွက်
အလုံး အရင်း ဖြစ် ထိုးစစ်ဆင် လာခြင်းကြောင့် ဖြစ်သည် ဟု ထွက်ပြေး လွတ်မြောက်လာ
သော မြန်မာ ဒုက္ခ သည် တစ်ဦးက Freedom News Group သို့ ပြောသည်။
http://freedomnewsgroup.com/ မှကူးယူဖေါ်ပြသည်။

Type the rest of your post here.

ကျနော်ဟာ ပြည်သူ့ စစ်သား - ဗိုလ်မှူးစောလားပွယ်(ဗီဒီယိုဖိုင်အပြည့်အစုံ)

“ကျနော်တို့ ခုလိုရပ်တည်ပြီးလုပ်ရတာဟာ ကိုယ်ကျိုးအတွက်မဟုတ်ဘူး၊ အမျိုးသားရေးအတွက် မျိုးချစ်စိတ်ဓါတ်အပြည့်နဲ့ လုပ်တာဖြစ်တယ်၊ ပြန်သွားတဲ့လူ(BGF နယ်ခြားစောင့်တပ်လုပ်တဲ့သူ) တွေဟာ အဖွဲ့  အစည်းကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာတဲ့လူတွေ။ လက်ရှိ ရှိဒါက သံမဏိစိတ်ဓါတ် မျိုးချစ်စိတ်ဓါတ် အပြည့်အ၀ရှိတယ် ကြေးစားတပ်မတော်မဟုတ်ဘူး” (ဗိုလ်စန်းအောင် - တပ်မဟာ ၅ - DKBA)

“ကျနော်ဟာ စစ်သားဖြစ်တယ်၊ ပြည်သူရဲ့စစ်သားဖြစ်တယ်။ စစ်သားရဲ့ ပြည်သူ မဟုတ်ဘူး၊ ပြည်သူ့  စစ်သားဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ အကြံပေးမှု လမ်းညွန်မှုကိုလိုက်နာဆောင်ရွက်ရမည်”
(ဗိုလ်မှူးစောလားပွယ် - တပ်မဟာ ၅ - DKBA)

"လူထု ရန်သူတစု
ကျူးကျော် ရန်စကြသည်
မတရား ရမ်းကားသည်
လူထုများ မခံကြပါ
ပြန်ချကြပါလား"
(တာအူထ မူလတန်းကျောင်းသားများ)

ဗီဒီယိုဖိုင် အပြည့်အစုံကို ဒီမှာကြည့်ရှုနိုင်ပါသည်။


Type the rest of your post here.

ဖာပွန်ခရိုင်တွင် ရွှေတူးလုပ်ငန်း တိုးချဲ့လုပ်ဆောင်ရန် KNU လက်မခံ

နိုဝင်ဘာလ ၂၇ရက်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်ရှိ မဲ့ကလယ့်လော်ချောင်းတွင် ရွှေလာရောက်တူးဖော်ခဲ့သည့် ကုမ္ပဏီများက ထို ဒေသရှိ နောက်ထပ် ချောင်းနှစ်ချောင်းဖြစ်သည့် မယ်တိုးချောင်းနှင့် မယ်ဝေချောင်းတို့ကိုပါ လာမည့် ၂၀၁၁ အတွင်း ရွှေလုပ်ငန်း များ ထပ်မံ တိုးချဲ့မည့် အစီအစဉ်ကို လက်မခံနိုင်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ဆိုသည်။

ယခု နိုဝင်ဘာလ ပထမအပတ်တွင် ရွှေလာရောက်တူးဖော်ခဲ့သည့် ကုမ္ပဏီမှ ကိုယ်စားလှယ်များက အဆိုပါဒေသ၌ လှုပ်ရှားနေ သည့် KNLA တပ်ဖွဲ့နှင့် လာရောက်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ဖာပွန်ခရိုင်ရှိ KNLA တပ်မဟာ(၅)၏ ရုံးထိုင်မှူး ဗိုလ်မှူးစောက လယ်ဒို့က ကေအိုင်စီကို ယခုလို ရှင်းပြသည်။

“ရွှေလုပ်ငန်းတိုးချဲ့ဖို့ဆိုပြီး ကျနော်တို့ကို လာတွေ့တာ နှစ်ခါရှိပြီ။ ပြီးခဲ့တဲ့ ၇လပိုင်းတုန်းက တခါနဲ့ အခုလ အစောပိုင်းမှာ တခါ ပေါ့။ ဒါပေမဲ့ ကျနော်တို့ဘက်က လက်မခံသေးဘူး။ လက်ခံလိုက်ရင် အဲဒီဒေသက ပတ်ဝန်းကျင်ပျက်စီးမှုတွေ များလာမယ်။ နောက် ပြည်သူတွေလည်း ဒုက္ခရောက်မယ်။ ဒါကြောင့် လက်ခံဖို့အတွက်က စဉ်းစားရအုံးမယ်။”ဟု ၎င်းက ဆိုသည်။

ယင်းသို့ လာရောက်ညှိနှိုင်းသည့် ရွှေတူးကုမ္ပဏီ ကိုယ်စားလှယ်များမှာ ကိုချိုနှင့် ဦးရဲထွန်းတို့ဖြစ်ကြောင်း ဗိုလ်မှူးစောကလယ် ဒို့က ဆက်လက်ပြောဆိုသည်။

သူက “ရွှေလာတူးခဲ့တုန်းက ကုမ္ပဏီတွေက မြဌေးကြွယ်နဲ့ ချစ်လေးမြိုင်နဲ့ အခြားကုမ္ပဏီတွေပေါ့။ သူတို့(ကုမ္ပဏီ) မြတ်တယ်လို့ တော့ ကြားတယ်။ ဘယ်လောက်မြတ်လဲဆိုတာ ကျနော်တို့ တိတိကျကျ မသိပါဘူး။ မြတ်လို့ပဲ လုပ်ငန်းထပ်တိုးချဲ့တယ်လို့ ထင် တယ်။”ဟု ဆက်ပြောသည်။

အဆိုပါ ရွှေတူးဖော်ရေးလုပ်ငန်းကြောင့် ထိုဒေသရှိ မဲချို၊ ၀င်းမောင်း(ဝေါမူ)၊ မလေးကျောက်(မလေးလယ်) ကျေးရွာအုပ်စုရှိ ရွာ သားများ၏ လယ်ယာဧက ၄၀၀ရှိ လယ်ကွင်း ၈၅ကွင်း ပျက်စီးသွားခဲ့ကြောင်း ကေအဲန်ယူ၊ ဖာပွန်ခရိုင်၏ မှတ်တမ်းများအရ သိ ရသည်။

၎င်းအပြင် ရွှေတူးကုမ္ပဏီများ ထပ်မံ၍ ရွှေတူးဖော်လိုသည့် မဲတိုးချောင်းနှင့် မဲဝေချောင်းတစ်လျှောက်ရှိ ၀င်းမောင်းနှင့် မလေး ကျောက်ကျေးရွာအုပ်စုတွင် ရွာပေါင်း ၃၀ ၀န်းကျင်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလလဆန်းပိုင်းမှစ၍ ရွှေတူးဖော်ရေးလုပ်ငန်းကို ရပ်တန့်ထားသော်လည်း လက်ရှိအချိန်တွင် အင်အား ၂၀၀ကျော် ရှိ နယ်ခြားစောင့် အမှတ်(၁၀၁၃)တပ်ရင်းက လုံခြုံရေး တာဝန်ယူပေးနေသလို KNLA ၏ နယ်မြေခံ (၁၀၂)တပ်ရင်းလည်း ပုံမှန် လှုပ်ရှားလျှက်ရှိသည်။

၂၀၀၉ခုနှစ်၊ အောက်တိုဘာလက ယခင် ဒီကေဘီအေ (၉၉၉)တပ်မဟာ ဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့် အင် အား ၆၀၀ခန့်ရှိ တပ်မဟာ(၉၉၉)၊့ (၃၃၃)နှင့် (၆၆၆)လက်အောက်ခံ တပ်ရင်းများသည် ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ် မယ်က လယ့်လော်ချောင်းတွင် ရွှေတူးဖော်ရေး စက်ပစ္စည်းများ၊ ထရပ်ကားများနှင့် ရောက်ရှိလာပြီး ကုမ္ပဏီအချို့နှင့်အတူ ရွှေတူးလုပ် ငန်း စတင်လုပ်ကိုင်ခဲ့သည်။
http://www.kicnews.org/?p=4450

ဘောဂလိကြီးဒေသတွင် ဗမာ့တပ်မတော်မှ ကရင်ရွာသားများကို မိုင်းရှင်းကိရိယာအဖြစ်အသုံးချနေ

၂၇၊ ၁၁၊ ၂၀၁၀

တောင်ငူခရိုင် ဘောဂလိကြီးဒေတ၀ိုက်ရှိရွာများဖြစ်သော ဘောဂလိကြီး၊ ကလေစိုးခီး၊ ကော်သဲဒါး စသည့်ရွာများမှ ဒေသခံလူထုများကို စကခ(၇)လက်အောက်ခံဗျူဟာမှူး မျိုးလှ နှင့်သူဦးစီးသော တပ်ရင်းတပ်ဖွဲ့ များသည် သူတို့ ၏ ဘူဒိုဇာမြေတူးစက်ကားကြီး ရှေ့ နောက်ဘယ်ညာ ရွာသားများကို လိုက်ခိုင်းပြီး မိုင်းရှင်းလင်းခိုင်းပါသည်။
ဒေသခံကရင်ရွာသားတွေကို မိုင်းရှင်းကိရိယာအဖြစ်အသုံးချ နေသည်မှာ နိုဝင်ဘာ လ ၁ ရက်နေ့ မှစပြီး ၂၇ ရက်နေ့ သတင်းပို့ ချိန်အထိဖြစ်သည်။ သည့်ပြင် ထိုဒေသရှိ ကားများ ဆိုင်ကယ်များ ရွာသားများကို မြို့ တွင်းသို့ သွားခွင့်မပြုသလို ဘယ်မှ သွားခွင့်မပြုသောကြောင့် ဒေသခံလူထု အတိဒုက္ခတွေရောက်နေကြောင့် သတင်းရရှိပါသည်။

အဲတာက ဗမာ့တပ်မတော်က ကရင်လူမျိုးတွေအပေါ်ထားရှိတဲ့ စိတ်ရင်းစေတနာကောင်းတွေပါပဲ။


Document12

Type the rest of your post here.

နေပြည်တော်အတွင်းရေး - တိုင်းရင်းသားများကိုစစ်ဆင်ရန်ကိစ္စ - 24 Nov 2010


True intention – ThanShwe orders GHQ to move heavy weapons to Karen_ Kachin and Northern areas.

Type the rest of your post here.

နေပြည်တော်အတွင်းရေး - 24 Nov 2010


The election participating ethnic parties will be brought in to the parliament to show ethnic participation

Type the rest of your post here.

Friday, November 26, 2010

နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေဆဲ

နော်အဲဏီ၊ ကောင်းဝါ
တန်ဆောင်မုန်းလဆုတ် ၅ရက်။နိုဝင်ဘာ ၂၆၊၂၀၁၀။

နော်အဲဏီ(နိုဝင်ဘာ-၂၆)။ ။ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေကျေးရွာတွင်တပ်စခန်းချနေသော တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးကျော်စိုးလွင် ဦးဆောင်သော တပ်ရင်း(၄၀၉) သည် နိုဝင်ဘာလ(၂၃)ရက်နေ့တွင် ဝေါ်လေကျေးရွာရှိရွာသားများ၏အိမ်ကိုတက်ပြီး အိမ်တွင်းရှိ အင်္ကျီအ၀တ်အစားများ ၊ ကုတင်များနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို ၄င်းတို့နေထိုင်ရာ တပ်စခန်း သို့ယူဆောင်သွားသည်ဟု ဝေါ်လေရွာသား တစ်ဦးကဆိုသည်။

အဆိုပါတပ်သည် ဝေါ်လေကျေးရွာရှိရွာသားများအား ကေအဲန်ယူနှင့်တိုက်ပွဲဖြစ်မည်ဟု ကြေညာပြီး ရွာသားများအား (၂၃)ရက်နေ့တွင် ရွာမှရှောင်ခိုင်းခဲ့သည်။

အဆိုပါရွာသားများ ရွာမှရှောင်ထွက်သွားချိန်တွင် ၄င်းတို့အဖွဲ့သည် အိမ်များသို့ တက်ရောက်ပြီး အကျီများ၊ ကုတင်များ ၊ အိမ်အသုံးအဆောင်အချို့နှင့်ကြက်၊ ဘဲများကို မိမိတို့ စခန်းရှိရာသို့ ယူဆောင် သွားသည်ဟု ဒေသခံရွာသားတစ်ဦးမှပြောပါသည်။

တိုက်ပွဲမဖြစ်သဖြင့် ညပိုင်းရွာသားများ မိမိတို့အိမ်သို့ပြန်လာရာ ၄င်းတို့ပျောက်နေသော ပစ္စည်းများကို နအဖ ၏ တပ်စခန်းတွင် တွေ့သည်ဟု ဆိုသည်။

အလားတူစွာပင် မြ၀တီခရိုင် နယ်ခြားစောင့်တပ်ရင်း (၉၉၉) တပ်ရင်းမှူး စောချစ်သူလက်အောက်ခံ တပ်ခွဲမှူး ဖားတောကူး ဦးဆောင်သည့်တပ်ဖွဲ့မှ နိုဝင်ဘာ(၂၂)ရက်နေ့တွင် အတွင်းမက်ကနဲကျေးရွာ၌ တပ်ဖွဲ့ဝင်များ စားနပ်ရိက္ခာအတွက်ဟုဆိုကာ တစ်အိမ်လျှင်(၅၀၀) ကျပ်ကောက်ခံခဲ့သည်ဟု ၄င်းရွာမှ ရွာသားတစ်ဦးပြောပါသည်။

"သူတို့အဖွဲ့ရောက်လာပြီးတော့ ရဲဘော်တွေအတွက် ကြက် ၀က်ဝယ်စားဖို့ဆိုပြီး တအိမ်ကို(၅၀၀)ကျပ်ကောက်တယ်။ သူကြီးကကောက်ခံရတာပေါ့။ ရှိတဲ့သူအတွက်တော့ ကိစ္စမရှိပေမဲ့ ကျွန်တော်တို့ရွာကဆင်းရဲတယ်လေ။ ဒါပေမဲ့ကြောက်တော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ပေးရတာပေါ့။"

တပ်ရင်းမှူးစောချစ်သူ၏လက်အောက်ခံ အဆိုပါ တပ်ဖွဲ့သည် တစ်ရွာမှ တစ်ရွာသို့ လှည့်လည်သွားရောက်နေသော စစ်ကြောင်းအဖွဲ့ဖြစ်ပါသည်။ စောချစ်သူ ဦးဆောင်သော (၉၉၉)တပ်ရင်းသည်အစိုးရ၏နယ်ခြားစောင့်တပ်ကိုလက်ခံသောအဖွဲ့ဖြစ်ပါသည်။

ယခုအခါမြ၀တီမြို့လုံခြုံရေးကိုတာဝန်ယူထားရပြီးကေအန်ယူခေါ်ကရင်အမျိုးသားအစည်းအရုံးကိုမြန်မာစစ်အစိုးရမှ ထိုးစစ်ဆင်ရာတွင်အဓိကအားထားရသူတစ်ဦးဟုသတင်းထွက်ပေါ်နေသူတစ်ဦးလည်းဖြစ်သည်။
http://www.kaowao.org/b/2010news-november-26.php

တိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် ပြည်သူ ၁,၀၀၀ခန့် ထိုင်းဘက်ခြမ်းသို့ ထပ်မံ ထွက်ပြေး

နိုဝင်ဘာလ ၂၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)


မြ၀တီခရိုင်၊ ဝေါ်လေဒေသတွင် နအဖနှင့် နယ်ခြားစောင့်တပ်တို့ ပိုမိုရောက်ရှိလာသည့်အတွက် နယ်မြေခံ ကရင်တပ်ဖွဲ့များ နှင့် တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားလာနိုင်သည့် အခြေအနေကြောင့် ယနေ့မွန်းလွဲပိုင်းတွင် ဝေါ်လေဒေသရှိ ဖလူးကျေးရွာမှ ပြည်သူ ၁,၀၀၀ခန့် ထိုင်းဘက်ခြမ်းသို့ ထပ်မံ ထွက်ပြေးတိမ်းရှောင်ကြသည်ဟု သိရသည်။

နအဖစစ်တပ်မှ ခလရ(၆၂)နှင့် နယ်ခြားစောင့်တပ်(BGF)များ ပူးပေါင်းသည့် တပ်အင်အား ၁၀၀ကျော်ရှိ တပ်ဖွဲ့သည် ကနဲ လေး၊ ဘုရင့်နောင်ကုန်း စသည့်နေရာများသို့ တက်လာရန် စီစဉ်နေသည်ဟု ဖလူးကျေးရွာတွင် တာဝန်ကျနေသော ကေအဲန် အယ်လ်အေ ဆေးမှူးတဦးက ပြောသည်။

“တိုက်ပွဲဖြစ်နိုင်တဲ့ အခြေအနေမှာဆိုတော့ လောလောဆယ် ရွာသားတွေကို ထိုင်းဘက်ခြမ်းကို ရှောင်ခိုင်းထားတယ်။ အထူး သဖြင့် အမျိုးသမီးနဲ့ ကလေးတွေပေါ့နော်။ ရွာမှာဆို အမျိုးသားတွေ တစ်ယောက်တစ်လေပဲ ကျန်တော့တယ်။”ဟု ပြောသည်။

ယင်းသို့ ဒေသခံပြည်သူများ ထွက်ပြေးရခြင်းမှာ နအဖတပ်နှင့် BGF တပ်ဖွဲ့များ တက်လာမည့် လမ်းကြောင်းတလျှောက်တွင် ဒီကေဘီအေနှင့် ကေအဲန်အယ်လ်တပ်ဖွဲ့ဝင်တို့ တပ်အင်အား အများအပြားဖြင့် စောင့်ကြိုထားသောကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သည့် အခြေအနေတွင်ရှိသည်ဟု ကေအဲန်အယ်လ်အေဘက်က ပြောသည်။

ယခုလို မိမိကျေးရွာမှ ထွက်ပြေးတိမ်းရှောင်သွားသော ဖလူးရွာသားများသည် ထိုင်းနိုင်ငံ ဖို့ဖရမြို့နယ် မော်လီချိုင်းကျေးရွာနှင့် ကပ်လျှက် မယ့်ကူကေးကျေးရွာတွင် ခိုလှုံနေကြပြီး လောလောဆယ်တွင် ထိုင်းဘက်ခြမ်းရှိ လူမှုကူညီရေးအဖွဲ့တို့မှ လိုအပ် သည်များကို စီစဉ်ဆောင်ရွက်ပေးသည်ဟု မော်လီချိုင်းရွာသားများက ပြောသည်။

ယမန်နေ့ညနှင့် ယနေ့မနက်ပိုင်းတွင် မြ၀တီတောင်ဘက်ခြမ်း၊ မဲ့ထော်သလေးရွာဘက်မှ လက်နက်ကြီးပစ်ခတ်သံများ အနည်း ငယ်ကြားခဲ့ရသော်လည်း မည်သို့ဖြစ်ပွားသည်ကို မသိရှိရကြောင်း မြ၀တီမြို့ခံအချို့က ပြောဆိုနေကြသည်။

BURMA 2010 ELECTION RECAP


Burma_2010_Election_Recap

Type the rest of your post here.

နေ့ စဉ်သတင်း ၂၆ နိုဝင်ဘာ ၂၀၁၀


Daily_News_on_26_Nov_2010

Type the rest of your post here.

Thursday, November 25, 2010

မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ခုံရုံးတင်မည့်ကိစ္စ New York Time သတင်းစာက ရေးသားချက်ကို အောင်ဆန်းစုကြည် ငြင်းဆိုလိုက်တဲ့သတင်း

မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ခုံရုံးတင်မည့်ကိစ္စ ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံကြောင်း ဆိုတဲ့ သတင်းထွက်လာပြီးနောက် စီဘောမှာ တော်တော်လေး အသံအမျိုးမျိုး တုံပြန်သံလေးတွေ ကြားနေရပါတယ်။
ဒီကိစ္စနဲ့ ပါတ်သက်ပြီး New York Time သတင်းစာဖေါ်ပြချက်ပါကြောင်းအရာတွေဟာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်နဲ့ ကွဲလွဲနေတဲ့အကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းပြောကြားချက်ကို တင်ပြပေးလိုက်ပါတယ်။ RFA ညပိုင်းအစီအစဉ် - 2010/11/25 – 19:00 နာရီ တွင် ထုတ်လွင့်သွားသော အသံဖိုင်ကို ပြန်လည်ရေးသားပေးပို့ လာသောမိတ်ဆွေတစ်ဦးအား အထူးကျေးဇူးတင်ရှိပါကြောင်း။


to_thawthikho

Type the rest of your post here.

DKBA နှင့် KNU တပ်ဖွဲ့များက နအဖတပ် လာရာလမ်းကြောင်းတွင် ခြေကုပ်ယူထား

နိုဝင်ဘာလ ၂၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

အင်အား ၁၀၀နီးပါးရှိ နအဖ တပ်ဖွဲ့ဝင်များသည် ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဒေသရှိ နယ်မြေခံတပ်များအား လစာလာ ပေးရန်အတွက် ယနေ့မနက် ရောက်ရှိလာရာ ၎င်းတို့လာရာ လမ်းကြောင်းများကို ဒီကေဘီအေနှင့် ကေအဲန်ယူတပ်ဖွဲ့များက ခြေ ကုပ်နေရာယူထားသောကြောင့် နအဖစစ်တပ်များ တက်လာရန် အခက်ကြုံနေရသည်ဟု သိရသည်။

ဒီကေဘီအေ (၉၀၉)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောစတီးက “အခု သူတို့ (နအဖ)ဖလူးရွာကို ရောက်ပြီးလို့ သိရတယ်။ တပ်ရင်းတစ် ရင်းပဲတဲ့။ အင်အား (၇၀-၈၀)ကျော်လောက် ရှိတယ်။ အခုသူတို့ လာမယ့်လမ်းကြောင်းတလျှောက်မှာ ကျနော်တို့လူတွေ အကုန် လုံး စောင့်နေတယ်ဆိုတော့ တက်လာဖို့ အခက်တွေ့နေတယ်။ ကျနော်တို့နယ်မြေထဲကို ၀င်လာရင်တော့ ထိပ်တိုက်ပဲ။ လမ်းအခြေ အနေကို ကြည့်ရင်းလာရတယ်ဆိုတော့ ဒီည သူတို့တပ်တွေ ရှိတဲ့နေရာကို ရောက်ချင်မှ ရောက်မယ်။”ဟု ပြောသည်။

ဝေါ်လေဒေသရှိ နအဖစစ်တပ် စကခ(၈)လက်အောက်ခံတပ်ရင်းများနှင့် တိုင်းတပ်များအား ထုံးစံအတိုင်း လမကုန်ခင် လစာလာ ပေးရန်အတွက် တနင်္သာရီတိုင်းအခြေစိုက် စကခ(၈) လက်အောက်ခံ ခလရ(၆၂)တပ်ရင်းသည် ဘုရားသုံးဆူမြို့နယ် သံဖြူဇရပ်မှ မြ၀တီသို့ ယမန်နေ့က ရောက်ရှိလာပြီး ယနေ့မနက်တွင် မြ၀တီမှတဆင့် ဝေါ်လေဒေသ ဖလူးကျေးရွာသို့ စစ်ကား ၃စီးဖြင့် ရောက် ရှိလာသည်ဟု ဒီကေဘီအေဘက်က ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ နအဖစစ်တပ်များ တက်လာနိုင်မည့်လမ်းကြောင်းများဖြစ်သော ပလောတပို၊ တခေါ်ထူ၊ ကျောက်ခက်၊ ဘလယ်ဒို၊ သေဘောဘိုး၊ လေးဝေါ်၊ ဆုံဆည်းမြိုင်၊ အူကလေ့ထာ့စသည့်နေရာများတွင် ကေအဲန်အယ်လ်အေနှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ၀င်ရောက်နေရာယူထားပြီးဖြစ်ကြောင်း သိရသည်။

ဝေါ်လေဒေသတွင် နအဖစစ်တပ်မှ လှုပ်ရှားတပ်များဖြစ်ကြသော စကခ(၈)လက်အောက်ခံ ခမရ(၄၀၁)၊ (၄၀၄)၊ (၄၀၉)တပ်ရင်း များနှင့် တိုင်းတပ်မှ ခလရ(၉၇)တပ်ရင်းတို့သည် ယခုလို ၀င်ရောက်လာသော ခလရ(၆၂)တပ်ရင်းအတွက် လုံခြုံရေးယူပေးနိုင်ခြင်း မရှိကြောင်း ကေအဲန်အယ်လ်အေ တပ်ရင်း(၂၀၁)မှ တပ်ကြပ်ကြီး စောထီးခုက ယခုလို ပြောသည်။

“ဒီမှာရှိ နအဖ လှုပ်ရှားတဲ့တပ်တွေက လှုပ်ရှားတပ်ပဲ အမည်ခံပဲဖြစ်နေတယ်။ တချိန်လုံး စခန်းထဲမှာပဲ ပုန်းအောင်းနေတယ်။ သူတို့ အတွက်လည်း သူတို့က လုံခြုံရေးယူထားရတယ်ဆိုတော့ အခု တက်လာတဲ့ တပ်ရင်းကို ဘယ်လိုလုပ်လာပြီးတော့ လုံခြုံရေးလာ ယူပေးနိုင်မှာလဲ။”ဟု ကေအိုင်စီကို ပြောသည်။

ဝေါ်လေဒေသ ဘုရင့်နောင်ကုန်း၊ ကနဲလေး၊ မောခီးတို့တွင် လှုပ်ရှားနေသော နအဖ စကခ(၈)နှင့် တိုင်းတပ်မှ တပ်ရင်းများသည် ယခုလဆန်းပိုင်းက နအဖနှင့် ဒီကေဘီအေ တပ်ဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ထီးတပလယ်ကျေးရွာ တောင်ကုန်းရှိ ခလရ(၉၇)တပ်ရင်းသည် ရိက္ခာပြတ်လပ်မည့် အခြေအနေတွင် ရှိသည်ဟုလည်း သိရသည်။
http://www.kicnews.org/?p=4408

မိဘ နှစ်ပါးအားပစ်သတ်၍ အသက် ၁၆ နှစ်ကလေးမအား နအဖ စစ်သားမုဒိန်းကျင့်

တော်တော်ယုတ်မာ မိုက်ရိုင်းတဲ့ခွေးတွေရဲ့လုပ်ရပ်။ မင်းတို့ ဗမာ့တပ်မတော်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တို့ အရေးလို့  နေ့ တိုင်း သတင်းစာ၊ တီဗွီတွေမှာအော်နေပေမယ့် မင်းတို့ ရဲ့အောက်တန်းကျ လူမဆန်တဲ့လုပ်ရပ်တွေက သက်သေပြနေပြီး ပြည်ထောင်စုစိတ်ဓါတ်ဆိုတဲ့ ဝေါဟာရကို ကျနော်တို့ တိုင်းရင်းသားတွေ ရှေ့ မှာ လာမသုံးပါနဲ့ တော့။ ရွံ့  စရာကောင်းလွန်းပါတယ်။

Thursday, 25 November 2010 22:35 သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း လင်းခေအခြေစိုက် ခမရ ၅၇၈ နအဖ တပ်သားတဦးကနောင်လုံကျေးရွာအုပ်စု ဟွေ့ဆင်မ် ရွာသူတဦး၏ မိဘနှစ်ပါးကိုပစ်သတ်၍ (၁၆ နှစ်အရွယ်) မိန်းခလေးအား မုဒိန်းကျင့်ပြီးခဲ့သည်ဟု စုံစမ်းသိရှိရ ပါသည်။

“စနေနေ့ကလေ ဗမာစစ်သားက ကောင်မလေးကိုဆွဲခေါ်သွားတော့ မိဘတွေဝင်တားလို့ အဲဒီစစ်သားက မိဘ နှစ်ယောက် စလုံး ကိုသေနတ်နဲ့ ပစ်တော့ပွဲချင်းပြီးသေတာ။ ကောင်မလေးကိုဆွဲဖမ်းပြီး တခြားနေရာသွား မုဒိန်းကျင့်တယ်။ အဲ့ကောင် အိပ်ပျော် နေတုန်းကောင်မလေးက ထွက်ပြေးပြီးရွာလူကြီးတွေဆီ ငိုကြီးချက်မနဲ့သွား တိုင်တယ်” - ဟု လင်းခေး ဒေသခံ ခေတ်ပညာတတ် လူငယ်တဦးက ပြောသည်။

နိုဝင်ဘာ ၂၁ ရက် လင်းခေးမြို့ပြင် (မိုင်းပန်အထွက်လမ်း) နမ့်အွန်ရွာ အခြေစိုက် ခမရ ၅၇၈ ရဲဘော်တဦး ဟွေ့ဆင်မ် ကျေးရွာနေ ဦးအာရိယ နှင့် ဒေါ်ခမ်းတို့၏အိမ်ပေါ် ညအချိန်အတင်းတိုးဝင်၍ သမီး (အမည်မဖေါ်လို) ဖြစ်သူအား အဓမ္မပြုကျင့် ရန် ကြံစည်စဉ် ဖခင်က၀င်တားရာ ဖခင်အားဦးစွာပစ်သတ်ခဲ့ကြောင်း၊ ထို့နောက် မိန်းခ လေးငယ်အား အိမ်ပေါ်မှဆွဲခေါ်သဖြင့် မိခင်ဖြစ်သူက လိုက်ဆွဲရာ အိမ်အနီးချောင်းဘေးတွင် မိခင်ကိုပါ ထပ်မံ ပစ်သတ်ခဲ့ကြောင်း လင်းခေး ဒေသခံများက ပြောပြပါသည်။

“အခု အဲ့ဒီ့ကလေးမ ရွာမှာရှိတဲ့ သူ့အဒေါ်အိမ်မှာဘဲရှိနေတယ်။ စိတ်ပိုင်းဆိုင်ရာ အရမ်းထိခိုက်နေတယ်။ တပ်ဘက်သတင်း အရ အဲဒီ ဗမာစစ်သားက စိတ်မနှံ့ဘူးတဲ့။ နောက်ပြီးတော့ သူ့ကို သတ်ပစ်လိုက်ပြီ လို့လဲ ဆိုပြီး နအဖတပ်ကအရပ်ထဲ သတင်း လွှင့်ထားတယ်” - အမည်မဖေါ်လိုသည့် လင်းခေးဈေးသည်တဦးက ပြောပါသည်။

နိုဝင်ဘာ ၂၂ ရက် တွင်(ယခင်လင်းခေးဗျူဟာမှူးဟောင်း) မိုင်းပန် စကခ (၁၇) မှူး ဗိုလ်မှူးချုပ်တင်ရွှေကသတင်းမပေါက် ကြား ရန် နစ်နာကြေး နှင့် အတူ နှုတ်ပိတ်ခ ကျပ် ငွေသိန်း ၂ ပေးသွားကြောင်း နီးစပ်သည့်သူ တဦးက ပြောပြပါသည်။ ထို့အတူရွာသားများ လင်းခေး ဈေးဆင်းဝယ်မှုကိုလည်း ပိတ်ပင်တားမြစ်ထားကြောင်း လင်းခေး ဒေသခံများက ပြောပြသည်။

မိန်းခလေး၏ ကျန်းမာရေးနှင့်ပတ်သက်၍ လင်းခေးမြို့ ဆေးရုံဆရာဝန်တဦးနှင့် ဆက်သွယ်မေးမြန်းရာတစုံတရာမှတ်ချက် ပေးပိုင်ခွင့်မရှိဟုဆိုကာ ဖုန်းချသွားခဲ့ပါသည်။

အဆိုပါကလေးမ၏ မိဘနှစ်ပါးရုပ်အလောင်းအား ၂၃ ရက်နေ့က ဟွေ့ဆင်မ် ကျေးရွာသင်္ချိုင်း၌ မီးသဂြိုဟ် လိုက်ပြီဖြစ်ပြီး မုဒိန်းကျင့်ခံရသူ မိန်းခလေးမှာလည်း မိဘအတွက်ရက်လည်ဆွမ်းသွတ်ရန် ဆေးရုံမှဆင်းကာ ဆွေမျိုးများထံသွားရောက် ခိုလှုံနေကြောင်း နီးစပ်သည့်အသိုင်းဝိုင်းက ပြောပြပါသည်။

အခုဖြစ်စဉ်သည် နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲအပြီး တလမပြည့်မှီ ဒုတိယအကြိမ် မုဒိန်းကျင့်မှုဖြစ်သည်။
http://www.mongloi.org/burmese/2008-08-01-03-22-02/90-2008-08-03-06-47-55/1291-2010-11-25-15-36-16

နေ့ စဉ်သတင်း - ၂၅ နိုဝင်ဘာ ၂၀၁၀

စစ်ဗိုလ်ချူပ်ကြီးများအား နိုင်ငံတကာခုံရုံးသို့ ပို့ မည့်အစီအစဉ်ကို ဒေါ်အောင်ဆန်းစုကြည် လက်မခံ ဟုသိရှိရပါသည်။ တိုင်းရင်းသားများ စာဖတ်သူများ ဘယ်လိုသဘောထားရှိပါသလဲ?


Daily_Update_News_on_25_Nov_2010

Type the rest of your post here.

Arrest, looting and flight: Conflict continues to impact civilians in Dooplaya District

http://www.khrg.org/khrg2010/khrg10b13.html

khrg10b13[1]

Type the rest of your post here.

မြ၀တီတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး

နအဖက ကိုယ်ကျိုးကိုယ်သာကြည့်တဲ့ ဗိုလ်ချစ်သူအုပ်စုကို မြောက်ပင့်ပြီးအခွင့်အရေးတွေပေးမှာပဲ။ တဖက်မှာလည်း ထိုင်းနိုင်ငံ တပ်ခရိုင်အုပ်ချူပ်ရေးမှူးက သူတို့ ကုန်သွယ်ရေးလုပ်ငန်း စီပွားရေး ထိခိုက်တာဟာ ဗိုလ်နှူတ်ခမ်းမွှေးတို့ ကြောင့်ဆိုပြီး မနေ့ တနေ့ ကပြောထားတော့ နအဖ အကြိုက်ပေါ့ကွာ။ ဒီအတိုင်းဆိုရင် မြ၀တီနှင့် တခြားနယ်စပ်ဂိတ်တွေ ပြန်ဖွင့်စရာအကြောင်းမရှိ။ နအဖ က စနစ်တကျ ထိုင်းကို ဒီအကွက်နဲ့ ဆက်ကစားမှာပဲ။

သတင်းနှင့်မီဒီယာ ကွန်ယက်။ အားမီ။
နိုဝင်ဘာလ ၂၄ ရက်။ ၂၀၁၀ ခုနှစ်။

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့အလွန် တံတားကျိုးအနီးတွင် လိုင်စင်မဲ့ကားများ နှင့်အတူ ယင်းကားများပေါ်တွင် တင်ဆောင်လာသည့် ကုန်ပစ္စည်းများ ကိုပါ ဖမ်းဆီးမှုပြုလုပ်နေသည်။

ယခုလ ၂၂ ရက်နေ့မှ စတင်ပြီး လိုင်စင်မဲ့ကားများနှင့်အတူ ယင်းကားများပေါ်တွင်ပါသည့် ထိုင်းနိုင်ငံမှ တင်သွင်း လာသော သွင်းကုန်ပစ္စည်းများနှင့် ပြည်တွင်းမှ ထုတ်ကုန်ပစ္စည်းများကိုပါဖမ်းဆီးနေကြောင်း မြဝတီမြို့ခံ မျက်မြင် သက်သေ တစ်ဦးက ယခုလိုပြောသည်။

"မနေ့က စီးပွားရေး စက်မှုဇုန်နဲ့ အဲ့ဒီစက်မှုဇုန်ပတ်လမ်းတွေက ခိုးထွက်တဲ့ ကားတွေလေ။ တောလမ်း ကနေ ပိတ်ဖမ်းတာ။ အားလုံးပေါင်း ဟိုင်းလပ်ကား ၁၂စင်းနဲ့၊ ဟီးနိုးကား ၈ စင်းပေါ့၊ ၂၂ ရက်နေ့က နေ စဖမ်းတာ၊ ၂၂ ရက်နေ့က အောက်ကနေတက်လာတယ်။ ၂၃ ရက်နေ့က ပြန်ဆင်းတယ်။ ထိုင်း ကုန်စည်ကို ၂၃ရက်နေ့မှာ ဖမ်းတယ်။ မြန်မာကုန်စည်ကိုတော့ ၂၂ ရက်နေ့မှာဖမ်းတယ်။ ငရုတ်၊ ကြက် သွန်တို့ပေါ့။ ထိုင်းပစ္စည်းကတော့ အထည်အလိပ်တို့၊ ဖိနပ်တို့၊ ဆီတို့၊ အချိုမှုန့်တို့၊ သကြားလုံးတို့ ပေါ့ အစုံပဲလေ။ ကုန်စည်ပစ္စည်းအစုံပေါ့ ဘတ် သိန်းတစ်ရာဖိုးလောက် ဖမ်းဆီးခံရတယ်။"

လိုင်စင်မဲ့ကားများကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်အသွင်ပြောင်းထားသော တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် DKBA တို့မှ ပူးပေါင်းဖမ်းဆီး နေကြောင်း ၎င်း ဆက်ပြောသည်။

"ထူးခြားတာက မြန်မာစစ်တပ်နဲ့ လက်ရှိ ဒီကေဘီအေ ငြိမ်းချမ်းရေးအဖွဲ့တွေက ဖမ်းတာ၊ ရဲတို့ အ ကောက်အခွန်တို့ မပါဘူး။ စီးပွားရေး စက်မှုဇုန် ပတ်လမ်းအထွက် တံတားကျိုးအနီးပေါ့။ အဲ့ဒီမှာ ပိတ် ဖမ်းတာပေါ့။"

နယ်ခြားစောင့်တပ်ဖွဲ့ထုတ်ပေးသောလက်မှတ်ကို ကိုင်ဆောင်ထားသည့် ကားများကို ဖမ်းခြင်း မရှိဟု ကားသမား တဦးက ပြောသည်။

လိုင်စင်မဲ့ကားများ ဖမ်းဆီးမှုနှင့်ပတ်သက်၍ နယ်ခြားစောင့်အသွင်ပြောင်းထားသော တိုးတက်သော ကရင်ဗုဒ္ဓဘာ သာ တပ်မတော် DKBA တပ်ဖွဲ့မှ အရာရှိတစ်ဦးက ယခုလိုပြောသည်။

"အခုဟာက ဒီလိုလေ၊ ဟို အားလုံး စည်းကမ်းလေးနည်းနည်း ပြန်ရှိအောင်ပေါ့။ လိုင်စင်မရှိတဲ့ ကား တွေကိုတော့ ဖမ်းတာလေ။ လိုင်စင်မှမရှိကြတာ။ ဖမ်းမှာပေါ့။ လိုင်စင်မရှိတဲ့ကားကို လိုင်စင်ပြန်လုပ် ခိုင်းထားတယ်လေ။"

ယခုဖမ်းဆီးမှုသည် နယ်ခြားစောင့်တပ်ကို လက်မခံ သည့် ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်သည့် တပ်ဖွဲ့နှင့် ပတ်သက် သူများကို ဖမ်းဆီးခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ရဲအရာရှိတဦးက ယခုလို ပြောသည်။

“ဒီလို သမာရိုးကျ ရှိတဲ့လူကတော့ ဒီက ပွဲစားအဖြစ်နဲ့လုပ်တဲ့ဟာက သိပ်ပြဿနာ မရှိဘူး။ ဟိုအရင် ၀င်သွားတဲ့ကောင်တွေ (ဗိုလ်နှုတ်ခမ်းမွေး)နဲ့ ပတ်သက်တဲ့ အုပ်စုဆိုလို့ရှိရင် ဆွဲတယ်ဗျ အကုန်ဆွဲ တယ်။ ဆွဲတာတွေက ပြီးခဲ့တဲ့ ရက်တွေကတည်းက တောက်လျှောက်ပဲ ရဲစခန်းထဲမှာ အပြည့်ပဲ။”

မြဝတီ-မဲဆောက် ကုန်စည်ကူးသန်းသွားလာခွင့်တံတားအား ယခုနှစ် ဇူလိုင်လ ကတည်းက ပိတ်ထားသော် လည်း နယ်ခြားစောင့်အသွင်ပြောင်းထားသော ဗိုလ်ချစ်သူ ဦးဆောင်သည့် တပ်ဖွဲ့များပြန်လည်နေရာယူထား သည့် ဂိတ်များမှာက ညစဉ် ကုန်ပစ္စည်းဖြတ်သန်းမှုများ ပြုလုပ် နေသည်ဟု မြို့ခံများက ပြောသည်။
http://www.nmg-news.com/nmg/news241110b.html

Wednesday, November 24, 2010

အိမ်ပြန်ချင်တယ် အိမ်ပြန်ပို့ ပေးပါ

ဒီသီချင်းဖိုင်မှာပါတဲ့ ပုံရိပ်တွေ အားလုံးဟာ ဗမာ့တပ်မတော်မှ ရွာတွေကို မီးရှို့ ဖျက်ဆီးပြီး တောထဲမှာ ကရင်ရွာသားတွေ ထွက်ပြေးပုန်းအောင်းနေရတဲ့ ၂၀၁၀ နှစ်ဦးပိုင်း မြင်ကွင်းတွေ ဖြစ်ပါသည်။ မွေးကင်းစကလေးငယ်၏ မိခင်တစ်ဦး ထွက်ပြေးရင်း လဲကျသွားတဲ့ မြင်ကွင်းဟာ ရင်ထဲကို အရာတစ်ခုစူးနစ်ဝင်သွားသလိုပဲ ခံစားရပါသည်။

နိုင်ငံတော်ကို ကာကွယ်စောက်ရှောက်ပါတယ်ဆို့ တဲ့ ဗမာ့တပ်မတော်သားများ ခင်ဗျား…မိတ်ဆွေတို့ ရဲ့သားမယားတွေနဲ့ ယနေ့ တောထဲမှာ မင်းတို့ လုပ်သမျှခံနေရတဲ့ လူထုတွေ ရဲ့ အနေအထားကို တနာရီလောက် လက်တွေ့ လာရောက် လှဲလှယ် နေထိုင်ခိုင်းကြည့်ပါလား။ ကိုယ်ချင်းစာတရားလေး ရှိတတ်အောင်လို့ ပါ။ ကျန်ဒါ ဘာမှမပါဘူး။



သီချင်းစာသားများကို ဘွဲ့ သွေးနီမှ ဆီလျော်အောင်ဘာသာပြန်ဆိုပြီး စီစဉ်တင်ဆက်သည်။

အိမ်ပြန်ချင်တယ် အိမ်ပြန်ပို့ ပေးပါ။
တေးရေး = သဘလေးစိုး၊ ထူးမူးနော်
တေးဆို = ဖေါသလေစိုး


နေ၀င်ပြီး လရောင်ပေါ်လာချိန်မှာ အတွေးများစွာ အဝေးဆီကိုလွင့်လို့ နေ
ညလုံးပေါက်အိပ်လို့ မရပဲ အမေ ငါ့ကို မွေးဖွားခဲ့တဲ့ ဇာတိမြေကို တမ်းတမြင်ယောင်မိတယ်
ငါတို့ ရဲ့အိုးအိမ်နဲ့ ရွာတွေကို ဗမာစစ်အစိုးရတပ် မီးရှီူ့ ပြာချခဲ့ပြီးပြီ
ခုချိန်မှာ ငါတို့ တောထဲမှာ ထွက်ပြေးပုန်းအောင်းနေရတယ်
မနက်မိုးလင်းလို့  အလင်းရောင်မြင်ရရင်
ငါ့ရဲစိတ်တွေ သောက များစွာနဲ့ ပေါ့
ဘယ်လိုနေရမလဲ ဘယ်ကိုသွားရမလဲ..တွေးရင်းနဲ့ 
တချိန်လုံး စိတ်သောကတွေနဲ့  ကြောက်ရွံ့ နေရတယ်
ပြန်ပို့ ပါ။ ငါ့ကိုပြန်ပို့ ပါ။ ငါ့အိမ် ငါ့ရွာ ငါ့ဌာနေမြေကို ပြန်ပို့ ပေးပါ။
ပြန်ပို့ ပါ။ ငါတို့ ကိုပြန်ပို့ ပါ။
ဘယ်သူက ငါ့ကို ပြန်ပို့ မလည်း၊ ဘယ်သူက ငါ့ကို ကူညီမှာလည်း၊
မျှော်လင့်ချက်မဲ့စွာနဲ့ ပါ။
စိတ်မောပန်းလွန်းလှပါတယ်
ဘာမှ တည်ငြိမ်မှုမရှိဘူး ပင်ပန်းဆင်းရဲစွာဖြစ် စားသောက်နေရတယ်
လူသားတစ်ဦးရဲ့ လွတ်လပ်မှု အခွင့်အရေး ငါ့မှာ မရှိဘူး
ပြန်ပို့ ပါ။ ငါ့အိမ် ငါ့ရွာ ငါ့မြေကို ပြန်ပို့ ပါ။ ပြန်ပို့ ပေးပါ။

24/11/2010

Type the rest of your post here.

လူ့ အခွင့်အရေးချိုးဖေါက်မှုသတင်း


23.11.2010_F

Type the rest of your post here.

Tuesday, November 23, 2010

VOA Burmese Exclusive Interview with Daw Aung San Suu Kyi.

မကြည့်ရသေးတဲ့သူတွေ အတွက် ပြန်တင်ပေးတာပါ။ တိုင်းရင်းသားရေးရာနဲ့ ပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာ စိတ်ဝင်စားစရာပါ။ လက်ရှိ ဗမာပြည်နိုင်ငံရေးမှာ လက်နက်အားကိုးပြီး ပြသနာရှင်းလို့ မရဘူး ဆိုဒါ သူမ သဘောပေါက် နားလည်လက်ခံပါသည်။

"ပြည်ထောင်စုစိတ်ဓါတ်ထူထောင်တဲ့နေရာမှာ မအောင်မြင်သေးဘူးလို့ အဲဒီလိုပဲပြောရပါမယ်" (ဒေါ်အောင်ဆန်းစုကြည်)

သေချာတာပေါ့ အန်တီစုရယ်။ ဗမာ့တပ်မတော်သားတွေ တိုင်းရင်းသားနယ်မြေတွေမှာ ထင်တိုင်းကြဲ၊ သတ်ဖြတ်၊ ရွာမီးရှို့ ၊ မုဒိမ်းကျင့်၊ ရိုးရာဓလေ့၊ စာပေယဉ်ကျေးမှုတွေကို စနစ်တကျဖျက်ဆီး အဲတာတွေ ရှိနေသ၍ ကာလာပါတ်လုံး၊ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြန်ဌာန်းခွင့် ဆုံးရှုံးနေသ၍ ကာလပါတ်လုံး တို့ တစ်တွေ ပြည်ထောင်စုစိတ်ဓါတ် ဆိုတဲ့ဟာနဲ့ ဝေးနေအုံးမှာပါ။



Type the rest of your post here.

Monday, November 22, 2010

ချယ်ရီမြို့ - ဒီမှာငါတို့ စောင့်နေတယ် "ချစ်သူ"

နင်သာတကယ် ပြောင်းလည်းသွားမယ်ဆိုရင် လှမ်းခဲ့ပါ ဒီမှာငါတို့ စောင့်နေတယ် "ချစ်သူ"




Type the rest of your post here.

Sunday, November 21, 2010

School closures and movement restrictions: conflict continues to impact civilians in Dooplaya District


khrg10b12[1]

Type the rest of your post here.

သထုံခရိုင်အတွင်း နအဖနှင့်BGF လူ့ အခွင့်အရေးချိုးဖေါက်မှု


20.11.2010

Type the rest of your post here.

နအဖနှင့်BGF တပ်များ လူ့ အခွင့်အရေးချိုးဖေါက်မှု


19.11.2010_F

Type the rest of your post here.

နေပြည်တော်အတွင်းရေး - ချူပ်မှူးကြီးသန်းရွှေမှ ဗိုလ်ချူပ်ကိုကိုသို့  - 20 Nov 2010


2010_Nov_20_ThanShwe_order_GenKoKo_Gen_TheinSein_to_implment_election_results_in_a_week__GenMaungAye_asks_ThanShwe_to_talk_wi

Type the rest of your post here.

နေပြည်တော်အတွင်းရေး - ရွေးကောက်ပွဲရလဒ်အကောင်အထည်ဖေါ်ရန် - 19 Nov 2010

Dear Thawthikho,

"Than Shwe is giving different orders to Thein Sein / Khin Yee and Phone Swe different commands - but wih the same objective - of attacking Daw Aung San Suu Kyi. ".

Pls, check the attached files.

with regards,
****

2010_Nov_19_ThanShwe_order_MyintAung_to_implment_election_results_in_a_week__PhoneSwe_to_take_action_on_Daw_Su_in_a_week

Type the rest of your post here.

နေပြည်တော်အတွင်းရေး - ဗိုလ်ချူပ်မောင်အေးအစီရင်ခံစာ - ပြည်ခိုင်ဖြိုးပါတီသုံးငွေ - 19 Nov 2010


2010_Nov_19_Gen_MaungAye_rpts_on_issues_on_USDP_money_use

Type the rest of your post here.

Friday, November 19, 2010

အင်အား အလုံးအရင်း တိုးချဲ့လာ သည့် နအဖတပ်များကြောင့် ဒေသခံရွာသားများ စိုးရိမ်ထိတ်လန့်

နိုဝင်ဘာလ ၁၉ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ခွဲတွင် ယခုရက်ပိုင်းအတွင်း နအဖ စစ်တပ်များ အင်အား အလုံးအရင်းဖြင့် တိုးချဲ့လာပြီး ကေအဲန်ယူနှင့် တိုက်ပွဲဖြစ်ပွားလာနိုင်သည့်အရေးကို ရွာသားများ အလွန်စိုးရိမ်ထိတ်လန့်ကြသည်ဟု သိရသည်။

နိုဝင်ဘာလ ၁၄ရက်နေ့နှင့် ၁၅ရက်နေ့တွင် မြိုင်ကလေး၊ သက်ကယ်၊ ကျောက်ခွဲ၊ ကျောက်ပူ၊ တာ့ဒေး၊ အပလုံ စသည့်ကျေးရွာ များမှ ရွာသားတချို့သည် ရွာထဲတွင် တိုက်ပွဲ တစုံတရာဖြစ်ပွားပါက နအဖစစ်တပ်၏ ပေါ်တာချောဆွဲခံရမည်ကို စိုးရိမ်ကြ သဖြင့် တမိချောင်းတဘက်ကမ်းသို့ ယနေ့အထိ ကူးလာနေကြောင်း နယ်မြေခံ ကရင်ရဟန်းပျိုသမဂ္ဂအဖွဲ့ဝင်တပါးက မိန့်ကြား သည်။

၎င်းက “အဲဒီရွာတွေဟာ ဗမာစစ်သားတွေ တက်လာတဲ့လမ်းအတိုင်း ဖြစ်နေတယ်လေ။ တိုက်ပွဲဖြစ်ရင် သူတို့တွေပဲ အထိနာမှာ ဆိုတော့ သူတို့အတွက် လုံခြုံတယ်လို့ ထင်တဲ့နေရာတွေမှာ တိမ်းရှောင်သွားတာ အယောက်(၂၀၀)လောက် ရှိတယ်လို့ ပြော ကြတယ်။”ဟု မိန့်ကြားသည်။

ပီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းက ဒီကေဘီအေနှင့် နအဖစစ်တပ်တို့ ဘုရားသုံးဆူမြို့အတွင်း ဒီကေဘီအေနှင့် နအဖစစ်တပ် တို့ တိုက်ပွဲဖြစ်ပွားခဲ့ချိန်မှစ၍ ယခုအချိန်အထိ နအဖ စကခ(၈)နှင့် စကခ(၁၂)လက်အောက်ခံ တပ်ရင်း ၅ရင်းမှ စစ်သည်အင် အား ၅၀၀ကျော်တိုးလာသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ) တပ်ရင်း(၁၆)ကလည်း အတည်ပြု ပြောဆိုသည်။

ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆) တပ်ခွဲ(၂) ဒုခွဲမှူး စောဘူ့ဂေက “ဘုရားသုံးဆူ ပစ်ခတ်မှုဖြစ်ပွားတဲ့အချိန်ကစပြီး နအဖက တော့ တဖြည်းဖြည်းချင်း အင်အားတိုးချဲ့လာတာ ကနေ့အထိပဲ။ အခုဆိုရင် စကခ(၈)က ခမရ(၄၀၁)၊ (၄၀၂)၊ (၄၀၅)၊ (၄၀၆) နဲ့ စကခ(၁၂)က ခလရ(၂၈၃)။ အဲဒီတပ်ရင်း (၅)ရင်းဆိုရင် အင်အား ၅၀၀ရှိပြီ။ ဒီနေ့လည်း စကခ(၈)က နည်းဗျူဟာ(၁)မှူး ဗိုလ်မှူးကြီးသိန်းဇော် ဘုရားသုံးဆူကို ရောက်လာပြီ။”ဟု ပြောသည်။

ယမန်နေ့က ဘုရားသုံးဆူဂွင်တနေရာတွင် ကေအဲန်အယ်လ်အေ တပ်ရင်း(၁၆) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမန်းတင်လှိုင်က သက်ဆိုင်ရာ ရွာသူကြီးနှင့် သံဃာတော်များအား တွေ့ဆုံခဲ့ပြီး ထွက်ပြေးခဲ့ကြသည့် ရွာသားများအား ရွာအတွင်းသို့ ပြန်လည် နေထိုင်ခိုင်းရာတွင် ရွာသားအချို့မှာ ပြန်လည်နေထိုင်ခဲ့သော်လည်း အချို့မှာ တိမ်းရှောင်နေဆဲဖြစ်သည်ဟု သိရသည်။

ထို့အပြင် နအဖစစ်တပ်များ တပ်အင်အား တိုးချဲ့လာသည့်တချိန်တည်းတွင် စစ်ပစ္စည်းနှင့် တပ်ရိက္ခာများကို သယ်ယူပို့ဆောင် ရန်အတွက် ရွာသားများ၏ နွားလှည်းများကို ခေါ်ယူအသုံးပြုသည့်အပြင် ရွာသားကိုယ်တိုင်လည်း ပေါ်တာထမ်းပေးရကြောင်း ရွာခံတဦးက ပြောသည်။

“ပြီးခဲ့တဲ့ ၁၅ရက်နေ့က ဗမာစစ်သားတွေ ရွာထဲကိုဝင်လာတော့ ရွာမှာ ယောက်ျားတွေ အကုန် ထွက်ပြေးခဲ့ကြတယ်။ နအဖက ပြောတယ် ယောက်ျားတွေ ပြန်မလာလို့ရှိရင် အိမ်မှာကျန်တဲ့ မိန်းမတွေကိုပဲ ပေါ်တာခေါ်မယ်လို့ ပြောတော့ ယောက်ျားတွေ အကုန်ပြန်ပြီး ပေါ်တာထမ်းရတယ်။” ဟု ပြောသည်။

အဆိုပါ နအဖတပ်များသည် လက်ရှိအချိန်တွင် ဘုရာသုံးမြို့ပြင် ပတ်ပတ်လည်နှင့် ယခင် ဒီကေဘီအေတပ်ဖွဲ့များ၏ စခန်း၊ ဂိတ်များတွင် ၀င်ရောက်နေရာယူထားသော်လည်း ထူးခြားသည့် စစ်ရေးလှုပ်ရှားမှု တစုံတရာ လုပ်ဆောင်ခြင်းမရှိသေးပေ။

ဗမာ့တပ်မတော်အတွင်းရေး - ဒေါ်စုကိုတွေ့ ရေး မတွေ့ ရေး - 15 Nov 2010


2010_November_15_Gen_MaungAye_offers_to_meet_Daw_Suu__Gen_MyintSoe_urges_meeting_--_ThanShwe_refuses

Type the rest of your post here.

ဗမာ့တပ်မတော်အတွင်းရေး - ကြံ့ဖွံ့ ငွေးကြေးသုံးစွဲမှု - 18 Nov 2010


2010_November_18_TheinSein_rpts_to_Generals_on_the_USDP_use_of_funds_during_election_but_situation_not_good

Type the rest of your post here.

Thursday, November 18, 2010

ဗမာတပ်မတော်အတွင်းရေး - ဗိုလ်ချူပ်တင်အောင်မြင့်ဦး တရုတ်ကိစ္စ တပ်ချူပ်ကြီးသို့ အစီရင်ခံ - 18 Nov 2010


2010_November_18_GenTinAungMyintOo_rpts_to_ThanShwe_--_China_starts_pressuring_to_start_the_agreements

Type the rest of your post here.

ဗမာ့တပ်မတော်အတွင်းရေး - G1 ပစ်သတ်ခံရ - 17 Nov 2010


2010_November_17_LID_88_-_G1_shot_dead_by_company_officer__Airforce_training_cadets_protest_unfair_rations_and_conditions.d

Type the rest of your post here.

နေ့ စဉ်သတင်း - 18 Nov 2010


Daily_Update_News_on_Nov_18__2010

Type the rest of your post here.

ဗမာ့တပ်မတော်အတွင်းရေး - တိုင်းရင်းသားခေါင်းဆောင်များလုပ်ကြံရာအစီအမံ - 16 Nov 2010

သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့ အသီးသီးများရဲ့ခေါင်းဆောင်များ ခင်ဗျား.. လှူံခြုံရေးကို အထူး ဂရုစိုက်စေချင်ပါသည်။ ကျနော်တို့ တင်ဆက်ပြီးသမျှ ဒီသတင်းအခန်းမှာ ဒဲ့တိုးမှန်တဲ့သတင်းတွေ အမြဲတမ်းပါတယ် ဆိုဒါ အမြဲတမ်းဖတ်ရှုလေ့လာသူတွေ သဘောပေါက်ပါမည်။

13/11/2010 ရက်နေ့ မှာ တပ်မိသားစုဒေါ်စုကိုကြိုဆို ဆိုပြီး ကျနော်တို့ သတင်းတင်ပါသည်။ လင့် - http://thawthikho.blogspot.com/2010/11/13-nov-2010.html
17/11/2010 ရက်စွဲ့ ဖြင့် ဘီဘီစီသတင်းမှာ တပ်သားတွေလည်းဒေါ်စုကိုကြိုဆို ဆိုပြီးပါလာပါသည်။ အထက်ပါသတင်းကို အတည်ပြုသွားပြီမဟုတ်ပါလား။
http://www.bbc.co.uk/burmese/burma/2010/11/101117_suukyi_army.shtml
ဒဲ့တိုးမှန်တဲ့သတင်းတွေ အများကြီးရှိပြီးသွားပြီဆိုဒါ အမြဲတမ်းဖတ်ရှုလေ့လာမှတ်သားပြီး ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ယဉ်ကြည့်တဲ့လူတွေ သဘောပေါက်ပါသည်။

သို့ ဖြင့်ပါ၍ ဗေဒင်ဟောစာလို့ သွားမထင်လိုက်ပါနဲ့ ။ ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်လှုံခြုံရေး၊ တိုင်းရင်းသားခေါင်းဆောင်များ၏ လှုံခြုံရေး စသည့်သက်ဆိုင်သူများ အထူးဂရုစိုက်ကြပါလို့ သတိပေးတိုက်တွန်းလိုပါသည်။

2010_November_16_ThanShwe_orders_Intelligence_to_assasinate_ethnic_leaders__TheinSein_ordered_to_take_our_Daw_Su

Type the rest of your post here.

Wednesday, November 17, 2010

နအဖ စစ်တပ် ကရင်ပြည်သူများအပေါ် ယုတ်မာမှုများ

နအဖ နှင့် ဒီကေဘီအေ တပ်များ စတင်တိုက်ပွဲဖြစ်ပွားသည်နှင့် နအဖ စစ်တပ်များသည် ကရင်လူထုကို ပစ်မှတ်ထား တိုက်ခိုက်ပါတော့သည်။ တာတွေက ဘာကိုဖေါ်ပြသလဲဆိုရင် နအဖ စစ်တပ်၏ မူလ၀ါဒတခုဖြစ်တဲ့ တိုင်းရင်းသားတွေကို စနစ်တကျ ဖျက်ဆီးတဲ့ လုပ်ငန်းစဉ်တွေဖြစ်သည်။ အောက်ပါ PDF ဖိုင်တွဲ သတင်းမှ တချို့ ကို ကောက်နှူတ်ဘာသာပြန်ပေးလိုက်ပါသည်။ အချိန်မရ၍ နအဖ စစ်တပ် ၏ ကရင်ကျေးရွာများအပေါ် နိုင်ထက်စီးနင်း လူ့ အခွင့်အရေးကျူးလွန်မှုသတင်းအားလုံးကို ဘာသာပြန် မပေးနိုင်သေးပါ။

၉၊ ၁၁၊ ၂၀၁၀ ရက်နေ့ တွင် နအဖ စစ်တပ် စဗခ(၂) လှဖြိုးဦးစီး ခလရ ၂၈၃/၂၈၄ သည် တခကလိုး ရွာထည့်သို့  လက်နက်ကြီးများကို ညနေ ၆နာရီမှာ ည ၁၀ နာရီအထိ ပစ်ချရန် ရွာသားများဖြစ်သော မျိုးအောင်(၃၂နှစ်) သည် ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရ၊ စောဖိုးကြိုင် အထက်တန်းကျောင်းအုပ် ၅ ချက်ထိမှန်၊ စောရွှေသိန်း အိမ်ခေါင်မိုးပေါက်၊ ထိုနေ့ တွင် နအဖ စစ်တပ်မှ လက်နက်ကြီး အလုံး(၃၀)ပစ်ချကြောင်း သတင်းတွင်ပါရှိပါသည်။

၁၁၊ ၁၁။ ၂၀၁၀ ရက်နေ့ တွင် ၄င်းတပ်သည် ဆက်လက်ပြီး ကြာအင်းရွာထဲသို့  ညနေ ၅ နာရီမှ မနက် ၃ နာရီအထိ လက်နက်ကြီး အလုံးရေပေါင်း ၁၃၉ လုံးပစ်ချပါသည်။ ၄င်းလက်နက်ကြီးပစ်ခတ်မှုကြောင့် နော်ဒါးဖေါ(၁၇နှစ်) အဘအမည် စောဘောဟဲ သည်လက်နက်ကြီးထိမှန်ဆုံးသွားပါသည်။ စောထူးထူး (၁၈)နှစ်ပြင်းထန်စွာ ဒဏ်ရာပြီး ဆိပ်ကြီး ဆေးရုံသို့ ပို့ ရဆောင်ပါသည်။

17.11.2010_F

အမျိုးသားပြန်လည်သင့်မြတ်မှုကိုလိုလားသော ဒီကေဘီအေ တပ်ဖွဲ့ ဝင်များအား ကရင်လူထုက နွေးထွေးစွာ ကြိုဆို

ဓါတ်ပုံ + သတင်း = နန်းဖေါခလိန်း

ယနေ့  ၁၇၊ ၁၁၊ ၂၀၁၀ ရက်နေ့ တွင် ကရင်ပြည်နယ်တွင်းတစ်နေရာ၌ ၁၅ နှစ်ကျော်ကြာ နအဖ စစ်အစိုးရ၏ အစီအစဉ်ရှိရှိ ကရင်အချင်းချင်း အိုးမဲသုတ် ရန်တိုက်ပေးပြီး တိုက်ခိုက်သတ်ဖြတ် မှုများ၊ နအဖ စစ်အစိုးရ၏ သပ်လျှိုဖြိုခွဲမှုများကို သဘောပေါက်နားလည်လာပြီး အမျိုးသားပြန်လည်သင့်မြတ်မှုကို ရှေ့ ရှုလျက် ဘုံရန်သူ နအဖ စစ်အစိုးရအား မိခင် ကေအဲန်ယူအစည်းအရုံးနှင့်အတူ ပြန်လည် လက်တွဲ တိုက်ပွဲဝင်လာသော ဒီကေဘီအေ တပ်ဖွဲ့ ဝင်များအား ဒေသခံပြည်သူများ နှင့်နိုင်ငံတကာမှ ကရင်ပြည်သူများက ဂုဏ်ပြုကြိုဆိုပွဲတစ်ခုကို ယနေ့  ကျင်းပကြောင်း သတင်းရရှိပါသည်။

၎င်း ကြိုဆိုပွဲတွင် ဒီကေဘီအေ တပ်ကို ဦးဆောင်သူများမှာ အမှတ်(၉၀၉)တပ်ရင်းမှူး ဗိုလ်မှူးစတီးနှင့် ဌာနချူပ်တပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်ရွှေဝ တို့ ဖြစ်ကြောင်းသတင်းရရှိပါသည်။ ယနေ့ ပြည်သူများ၏ ထောက်ခံဂုဏ်ပြုကြိုဆိုပွဲကို တက်ရောက်ခံယူသော ဒီကေဘီအေ တပ်သားအင်အားမှာ ၁၅၀ ကျော်ရှိကြောင်းနှင့် ကျန်ရှိသော တပ်သားအများစုမှာ လှူံခြုံရေးတာဝန်ယူထားရပါသဖြင့် လူမြင်ကွင်းတွင် မတွေ့  ရပါဟု နန်းဖေါခလိန်း မှ သတင်းပေးပို့ လာပါသည်။

၁၅ နှစ်ကျော် လျှောက်သွားနေတဲ့ အမေ့သားငယ်များရဲ့ အိမ်အပြန်လမ်းခရီးကို စောင့်ကြိုနေသူများ




သွေးရင်းညီကိုယ်တွေ ပြန်ဆုံပြီ



ဒီတခါ ငါတို့ ကို သွေးခွဲခဲ့တဲ့ ခွေးတွေကို အပြတ်ပြန်ဆော်မယ် လို့  တိုးတိုးလေး ပြောသံ ကြားလိုက်ရတယ်




Type the rest of your post here.