နေပြည်တော်အတွင်းရေး - 31 May 2011

2011_May_31_KoKo_inform_on_possibility_of_break_up_within_Tatmadaw_if_arrests_of_Gen_MaungAye__TinAung_MyintOo__Myint_Soe


Type the rest of your post here.

ထ၀ရရန်သူ၊ ထ၀ရမိတ်ဆွေ၊ ထ၀ရအကျိုးစီးပွားနဲ့  ခင်ဗျားတို့  ကျနော်တို့ အရေး

forever enemy - forever friends by Tu mg nyo


Type the rest of your post here.

နေ့ စဉ်သတင်း - 31 May 2011

Daily_News_on_May_31_-_2011


Type the rest of your post here.

ဒီမိုကရေစီဖော်ဆောင်ရန် ဂျွန်မက်ကိန်း တိုက်တွန်းမည်

ဧရာဝတီ Tuesday, 31 May 2011 19:55

အမေရိကန် အထက်လွတ်တော်အမတ် ဂျွန်မက်ကိန်းက ဗုဒ္ဓဟူးနေ့တွင် အစပြုမည့် သူ၏ မြန်မာပြည် ခရီးစဉ်အတွင်း အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ကို တွေ့ဆုံပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာရေး အတွက် ဆွေးနွေးမည်ဟု ယနေ့ ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

မဲဆောက်မြို့ မယ်တော်ဆေးခန်း တာဝန်ရှိသူများနှင့် ဂျွန်မက်ကိန်း (ဓာတ်ပုံ - ဧရာဝတီ)

“မနက်ဖြန် ကျနော် မြန်မာနိုင်ငံကို သွားမယ်။ အစိုးရ တာဝန်ရှိသူတွေ အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဖို့ ရှိတယ်။ မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် ဆွေးနွေးမယ်၊ နိုင်ငံရေး အကျဉ်းသား ကိစ္စ၊ ဒုက္ခသည် ကိစ္စတွေကို သွားရောက် ဆွေးနွေးမှာ ဖြစ်တယ်” ဟု ဂျွန်မက်ကိန်းက ပြောသည်။

ခရီးစဉ်အကြောင်းကို အသေးစိတ် ပြောကြားခြင်း မရှိပေ။

ဂျွန်မက်ကိန်းသည် ၁၉၉၀ ပြည့်နှစ်ကလည်း မြန်မာပြည်သို့ သွားရောက်ခဲ့ဖူးသည်။

ဂျွန်မက်ကိန်းနှင့် ယနေ့ စကားပြောဆိုခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း၏ တာဝန်ခံတဦးဖြစ်သူ ကိုဘိုကြည်က မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် နိုင်ငံရေးအကျဉ်းသားများ
လွတ်မြောက်ရေးက အရေးကြီးသည်ဟု ဆိုသည်။

“မြန်မာပြည်မှာ အပေါ်ယံ အပြောင်းအလဲပဲ ဖြစ်လာလို့ကတော့ အလကားပဲ။ တကယ့် အပြောင်းအလဲ၊ စစ်မှန်တဲ့ အပြောင်းအလဲတွေ ဖြစ်ဖို့ လိုတယ်” ဟု ကိုဘိုကြည်က ဧရာဝတီကို ပြောသည်။

မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုနှင့် ထဲထဲဝင်ဝင် ရှိသော ဂျွန်မက်ကိန်းသည် မဲဆောက်ဒေသသို့ ရောက်ရှိစဉ် မယ်တော်ဆေးခန်း၊ မယ်လ ခေါ် ဘဲကလော် ဒုက္ခသည်စခန်းတို့ကို သွားရောက် လေ့လာခဲ့သည်။

ယနေ့မွန်းလွဲပိုင်း မယ်တော်ဆေးခန်းသို့ ရောက်ရှိစဉ် ဆေးခန်း၏ ၀န်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်ပြီး အားပေးစကား ပြောသွားသည်ဟု ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင်က ဧရာဝတီကို ပြောသည်။

ထို့ပြင် ထိုင်း မြန်မာနယ်စပ်ဒေသ အတွက် နိုင်ငံတကာမှ လူမှု ကူညီရေး နှင့် ကျန်းမာရေးဆိုင်ရာ အထောက်အပံ့များ ပိုမို ရရှိရေးအတွက် တောင်းဆို တိုက်တွန်းမည်ဟု လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ပြောကြားသွားသည်ဟု ဆိုသည်။

ဂျွန်မက်ကိန်းက မြန်မာပြည်သား လေးသောင်းကျော် ခိုလှုံနေသည့် မယ်လဒုက္ခသည်စခန်းတွင် ယနေ့ အချိန်အတန်ကြာ လေ့လာခဲ့သည်။

စခန်းအတွင်း မြန်မာပြည်အရေးနှင့် ပတ်သက်ပြီး မေးမြန်းပြောဆိုမှုများ ပြုလုပ်သွားသည်ဟု ဂျွန်မက်ကိန်း နှင့် နာရီဝက်ကြာ တွေ့ဆုံခဲ့သည့် မယ်လဒုက္ခသည်စခန်း ကော်မတီဝင် နော်ဒေးဒေးဖိုးက ဧရာဝတီကို ရှင်းပြသည်။

“မြန်မာပြည် အပြောင်းအလဲနဲ့ ပတ်သက်တဲ့ ကျမတို့ရဲ့ အမြင်တွေကို သူက မေးတယ်။ ပြီးတော့ ဒုက္ခသည်တွေထဲမှာ ရာခိုင်နှုန်း ဘယ်လောက်က နေရပ်ရင်း ပြန်ချင်သလဲ၊ ဘယ်လောက်က အမေရိကန်မှာ အခြေချချင်လဲ ဆိုတာတွေ သူ သိချင်တယ်” ဟု နော်ဒေးဒေးဖိုးက ပြောသည်။

ရက်ပိုင်းအတွင်း သူနှင့် တွေ့ဆုံမည့် ဦးသိန်းစိန်အစိုးရထံသို့ အမှာစကား ပါးနိုင်ကြောင်း စခန်း ကော်မတီ တာဝန်ရှိသူများကို ပြောကြားခဲ့သည်ဟု ဆိုသည်။

“အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ သမ္မတဦးသိန်းစိန်ကို ပြောပေးပါ လို့ ကျနော်တို့ ပြောလိုက်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတွေကိုလည်း ကျနော်တို့ ထောက်ခံတဲ့အကြောင်း ပြောပြလိုက်တယ်” ဟု စခန်းကော်မတီ တာဝန်ခံ ကိုထွန်းထွန်းက ဧရာဝတီကို ပြောသည်။

လွှတ်တော်အမတ်က ဒုက္ခသည်များထံ သွားရောက် တွေ့ဆုံပြီး စကားပြောဆိုခဲ့သည်ဟု ဆိုသည်။

ဂျွန်မက်ကိန်းသည် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာအစိုးရအား ဒဏ်ခတ်ပိတ်ဆို့ရေးကို ထောက်ခံရာတွင် ထင်ရှားသည့် အမေရိကန် လွှတ်တော်အမတ် ဖြစ်သည်။

Monday, May 30, 2011

ကချင် လက်နက်ကိုင်အဖွဲ့စစ်ရေးပြင်ဆင်ထား

ကချင်တွေက စစ်ရေးအတွက် အဆင်သင့်ဖြစ်နေပြီလို့  လိုင်ဇာ သတင်းရပ်ကွက်က ကျနော်တို့ သောသီခိုကို ပြောပါတယ်။ ဆက်လက်ပြီးသူက "ဗမာစစ်တပ်က ကျနော်တို့ ကို မတိုက်ရဲပါဘူး.. ဖြဲချောက်ကြည့်တာလောက်ပဲရှိဒါပါ" လို့ ဆိုပါတယ်။ "ကျနော်တို့ ထက် သူတို့ ဘထွေးတရုတ်တွေကို ကြောက်လို့ " ဆိုပါတယ်။
KIO ကချင်လက်နက်ကိုင်တပ်ဟာ ငြိမ်းချမ်းရေးယူစဉ်ကာလမှာ ဆုံးရှုံးမှုတွေအများကြီးရှိခဲ့ပါတယ်။ နယ်မြေဆုံးရုံးမှုတွေ၊ လူထုထောက်ခံမှုစဒါတွေ ဆုံးရှုံးခဲ့တာပါ။ တဖက်မှာ စီးပွားရေးလုပ်ငန်းကို အတိုင်းအတာတစ်ခုအထိလုပ်နိုင်ခဲ့ပေမယ့် အထက်အောက်မညီမျှမှုတွေနဲ့ ပြည့်နေတယ်လို့ ဆိုပါတယ်။ သို့ သော် နယ်ခြားစောင့်တပ်ကို လက်မခံပဲ ငြင်းဆိုလိုက်တဲ့နောက်ပိုင်းမှာ ကချင်လူထုထောက်ခံမှု အပြည့်အ၀ ပြန်ရရှိလာကြတယ်လို့ ဆိုပါတယ်။
ဘာပဲဖြစ်ဖြစ် KIO ကချင်လက်နက်ကိုင်အဖွဲ့ လုံးဝအမြတ်ထွက်သွားတာ တစ်ခုရှိတယ်လို့ ဆိုပါတယ်။ အဲတာက ရန်ကုန် တက္ကသိုလ်၊ မန္တလေး၊ စတဲ့ ဗမာပြည်အနှံ့ မြို့ ကြီးတွေမှာ ဘွဲ့ ရ ကချင်လူငယ်တွေဟာ ဗမာပြည်အစိုးရက အလုပ်အကိုင်တွေကို မဖန်တီးပေးနိုင်တော့ KIO ထည့်ကို လိမ့်ပြီးဝင်လာပါတော့တယ်။ KIO လူကြီးတွေကလည်း ခေတ်ပညာတတ် ဗမာအကြောကို နှောကြေနေတဲ့ ကချင်လူငယ်တွေကို ဗိုလ်လောင်းသင်တန်းတွေ အပတ်စဉ် တစ်ခုပြီးတစ်ခုဖွင့်ပြီး တော်လှန်ရေးအတွက် New Generation တွေကို မွေးထုတ်တော့တာပါပဲ။
ယခုအချိန်မှာ ဗိုလ်သင်တန်းဆင်း ကချင် တပ်မှူးငယ်လေးတွေဟာ အရမ်းတက်ကြွနေတယ်လို့ ဆိုပါတယ်။ ဘန်းစကားအရပြောရရင် ဗမာ့တပ်မတော်ကို အရမ်းဆော်ချင်တဲ့သူတွေ လို့ ဆိုရပါမယ်။ KIO လူကြီးတွေက မနည်းထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ထားရတယ် လို့ လည်းဆိုပါတယ်။ မဟုတ်ရင် အနားကပ်လာပြီဖြစ်တဲ့ ရန်သူကို ပြေးဆော်ချင်နေတဲ့သူတွေကြီးပဲလို့  လိုင်ဇာသတင်းရပ်ကွက်က ကျနော်တို့ သောသီခို ပြောပါတယ် ခင်ဗျား.....
xxxxxxxxxxxxxxx
သန်းထိုက်ဦး Monday, 30 May 2011 18:57

ကချင်ပြည်နယ် အရှေ့တောင်ဘက် မန်စီမြို့နယ်အတွင်းရှိ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ရင်း၂၇ ထိန်းချုပ် ထားသော ဒေသတွင် ၎င်း တပ်ဖွဲ့ဝင်များကို စစ်အင်အား တိုးချဲ့၍ စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်ထားသည်။

ပြီးခဲ့သည့်တပတ် သောကြာနေ့က အစိုးရ၏ ခြေလျင်တပ်ရင်း (ခလရ ) ၁၀၅ တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ထိုကဲ့သို့ စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့(KIO)မှ တွဲဖက် အတွင်းရေးမှူး ဦးလနန်က ယနေ့ ဧရာဝတီ ကို ပြောသည်။

KIA တပ်ဖွဲ့ဝင်များသည် စစ်အစိုးရတပ်များ တည်ရှိသည့် နေရာအနီး တ၀ိုက်တွင် နေရာယူထားပြီး စစ်ရေးအရ အသင့် ပြင် ဆင်ထားသည်ဟု ၎င်းက ဆိုသည်။

အစိုးရတပ်ဖွဲ့ဝင်များက ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် တပ်အင်အား တိုးချဲ့ခြင်းမရှိဘဲ KIA ထိန်းချုပ်နယ်မြေ အတွင်းရှိ ရှ ဒန် ကျေးရွာ တွင် လှုပ်ရှားနေကြောင်း သိရသည်။

“သူတို့ အခု နေနေတဲ့ ရွာက အတွင်းပိုင်း တော်တော်လေး ကျသွားပြီး ကျနော်တို့ လုံခြုံရေး စီမံချက် လုပ်ထားတဲ့ အတွင်းပိုင်း ကို ရောက်နေတယ်၊ အဲဒီတော့ သူတို့ တောထဲကို ဟိုဝင် ဒီဝင် လုပ်ရင်တော့ မဖြစ်သင့်တာတွေ ဖြစ်တော့မှာပဲ”ဟု ဦးလနန်က ဆက်ပြောသည်။

အစိုးရတပ်များ လှုပ်ရှားနေသည့် ကျေးရွာတွင် ဒေသခံများက စစ်ဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် နီးစပ်ရာ ဆွေမျိုးနှင့် မိတ်ဆွေများထံ တိမ်းရှောင်နေကြောင်းလည်း သိရသည်။

ဦးလနန်၏ အဆိုအရ အစိုးရတပ်က ရွာသား၂ ဦးကို ဖမ်းဆီးထားကြောင်း ပြောဆိုသော်လည်း သီးခြားအတည်မပြု နိုင်ပေ။

KIA တွင် စစ်အင်အား တသောင်း ၀န်းကျင်ရှိပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် စခန်းချထားကြောင်း သိရသည်။
၁၉၉၄ ခုနှစ်မှ စတင်ပြီး KIA သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များ နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းရေး အစီအစဉ်ကို KIA က လက်မခံသဖြင့် အစိုးရနှင့် ဆက်ဆံရေး ပျက်ပြား လျက်ရှိသည်။ နှစ်ဘက် စစ်ရေးပြင်ဆင်သည့် သတင်းများလည်း ပြီးခဲ့သည့်နှစ်က ပေါ်ထွက်လာသည်။

KIA ကို “သောင်းကျန်းသူ” အဖွဲ့ဟု အစိုးရပိုင် သတင်းစာများတွင် မကြာခဏ သုံးနှုန်းဖော်ပြသည်အထိ နှစ်ဘက် ဆက်ဆံရေး ဆိုးရွားလျက်ရှိသည်။

ပြီးခဲ့သည့် တပတ် သောကြာနေ့က တရုတ် နိုင်ငံတော်ကောင်စီဝင် Meng Jianzhu နှင့် မြန်မာ ပြည်ထဲရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို တို့ တွေ့ဆုံခဲ့ပြီး နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးများကို တိုးမြှင့် ဆောင်ရွက်သွားရန် သဘောတူ ခဲ့ကြောင်း သိရသည်။
http://www.irrawaddy.org/bur/index.php/news/6495-2011-05-30-11-58-09

Sunday, May 29, 2011

နယ်ခြားစောင့် လက်ခံတဲ့ DKBA ဌာနချုပ် သိမ်းပိုက်ခံရ

By မအေးအေးမာ

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံတဲ့ ဗိုလ်ချုပ် နှုတ်ခမ်းမွေး ဦးဆောင်တဲ့ DKBA တပ်ဖွဲ့တွေ၊ ကရင်အမျိုးသား လွတ်မြောက်ရေး ပူးပေါင်းတပ်တွေ အင်အား ၆၀၀ ကျော်လောက်ဟာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ထဲက မြိုင်ကြီးငူမှာရှိတဲ့ DKBA ဌာနချုပ်ဟောင်း နေရာတခုလုံးကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထိန်းချုပ်ထားလိုက်ပြီးနောက် ကရင်ပြည်နယ် အတွင်းမှာ မြန်မာအစိုးရ တပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာအစိုးရရဲ့ နယ်ခြားစောင့်တပ် လုပ်ခိုင်းတာကို မကျေနပ်တာကစပြီး ကရင်ပြည်နယ် တခုလုံးမှာ တိုက်ပွဲသံတွေ ကြားနေရတာ ၇ လခန့်ရှိပြီလို့ ဆိုရမှာပါ။ အခုအခါမှာတော့ အရင်တုန်းက ကရင်အမျိုးသား အချင်းချင်း တိုက်ခိုက်နေတဲ့ အဖွဲ့တွေဖြစ်တဲ့ DKBA၊ KNU နယ်ခြားစောင့်တပ်တွဟာ အတူတကွ
မြိုင်ကြီးငူဒေသမှာ ပူးပေါင်း တပ်စွဲလိုက်ပြီလို့ ဆိုပါတယ်။ DKBA ၉၀၂ တပ်မှူး ဗိုလ်မှူး စောဆန်းအောင် ပြောပြတာကတော့…

“ကျနော်တို့ ဗိုလ်ချုပ် နှုတ်ခမ်းမွေးက တပ်ရင်းတရင်း၊ လက်ရှိ တပ်မဟာ ၇ ဗိုလ်ချုပ် ဂျော်နီက တပ်ရင်းတရင်း၊ နောက် ဗိုလ်ဘိရဲ့ အင်အား ၄၀၀ ကျော်ရှိတယ်၊ စုစုပေါင်းဆိုရင် ၆၀၀ ကျော်မှာရှိတယ်။ မြိုင်ကြီးငူမှာ လက်ရှိ ကျနော်တို့ ဗိုလ်ဘိနဲ့ ဗိုလ်ချုပ် နှုတ်ခမ်းမွေးတပ်နဲ့ ဗိုလ်ချုပ် ဂျော်နီရဲ့ ရဲဘော်ရဲတွေ ပူးပေါင်းပြီးတော့ မြိုင်ကြီးငူဒေသကို ခြေကုတ်ထိုင်ထားတယ်။ မြိုင်ကြီးငူရဲ့ အရှေ့ဘက်ခြမ်း ဘားအံနားမှာ တပ်တွေ အမြောက်အမြား ဖြန့်ထားတယ်။”

ကရင်အမျိုးသား လွတ်မြောက်ရေးတပ် အောက်ခြေတပ်တွေဘက်ကတော့ DKBA နဲ့ စစ်ရေးအရ ပူးပေါင်း တိုက်ခိုက်မှုတွေ ရှိတယ်ဆိုတာ အတည်ပြု ပြောကြားပါတယ်။

ပြီးခဲ့တဲ့ ရက်တွေကပဲ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကျော်သန်းကို နယ်ခြားစောင့်တပ်တွေကပဲ ဖမ်းဆီးခဲ့တယ်လို့ ဗွီအိုအေက ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။ အခုအခါမှာ ဗိုလ်ချုပ် ကျော်သန်း ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း၊ ဘားအံမှာရှိတဲ့ မြန်မာစစ်တပ်ကို အကူအညီ သွားတောင်းတာတွေ လုပ်နေကြောင်း DKBA ဘက်က ပြောပါတယ်။

“ဗိုလ်ချုပ် ကျော်သန်း ထွက်ပြေး လွတ်မြောက်သွားပြီး ဘားအံမှာ စစ်ကူသွားတောင်းတယ်။ အဲဒီ မြိုင်ကြီးငူ ဒေသကို ၀င်ရောက် ထိုးဖောက် တိုက်ခိုက်ဖို့အတွက် နအဖ တပ်မတော်ကို စစ်ကူသွားတောင်းတယ်။ ဗိုလ်ချုပ် ထွန်းနိုင်ကို ပြန်ဖမ်းမိတယ်၊ နယ်စပ်တနေရာမှာ ထိန်းသိမ်းထားတယ်။”

မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ရယူပြီး ၁၅ နှစ်အကြာ ပြီးခဲ့တဲ့နှစ်ကုန်မှာ နယ်ခြားစောင့်တပ် လုပ်ခိုင်းရာကစလို့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်တွေနဲ့ မြန်မာအစိုးရကြား တင်းမာမှုတွေ ဖြစ်ခဲ့တာပါ။ ၇ လကြာတဲ့အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့တာကြောင့် ဒုက္ခသည် သောင်းနဲ့ချီပြီး ထိုင်းနိုင်ငံထဲကို ခိုလှုံလာရတာတွေလည်း ဖြစ်ခဲ့ရပါတယ်။

အခုအခါမှာတော့ ထိုင်း၊ မြန်မာနယ်စပ် ကရင်ပြည်နယ် ကော့ကရိတ်၊ ကနဲလေး၊ ၀ါလေ၊ သေဘောဘိုး၊ ခီးသဲလယ် စတဲ့နေရာတွေမှာ တိုက်ပွဲတွေ ၄ ပွဲထက်မနည်း မနေ့ညနေနဲ့ ဒီနေ့မနက်မှာ ဖြစ်ခဲ့ပါတယ်။ ကော့ကရိတ်က အစိုးရစစ်တပ် တပ်စွဲရာ ကော့ကရိတ် ချက်ပွိုင့်ကို ၀င်ရောက် ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်ဆိုပြီး DKBA က ပြောပါတယ်။

“ဒီနေ့ညနေ ၄ နာရီ ၃၅ မိနစ်မှာ ကော့ကရိတ်ချက်ပွိုင့်၊ ကော့ကရိတ်နဲ့ အောက်ဘိုတဲအကြား စခန်းကို ကျနော်တို့ ၀င်ရောက်တိုက်ခိုက်တယ်။ သူ့တပ်ရင်းကတော့ ခလရ ၅၄၈ တပ်ရင်း။”

ဝါလေနဲ့ သေဘောဘိုး စတဲ့နေရာတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဒေသခံတဦး ပြောပြတာကတော့…

“မနေ့ညနေက ၅ နာရီခွဲလောက်ပေါ့၊ သူတို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားတယ်။ DKBA နဲ့ ခလရ ၃၂၁ ပေါ့၊ နအဖဘက်က အရာခံဗိုလ်တယောက် ဆုံးသွားတယ်၊ ၄ ယောက်တော့ ဒဏ်ရာရတယ်။”

အခုအခါမှာတော့ နယ်ခြားစောင့်တပ်အဖြစ် လက်ခံခဲ့တဲ့ တပ်တွေက သူတို့တပ်မှူးတွေကို ပြန်လည်ပုန်ကန်တဲ့ အနေနဲ့ ဖမ်းဆီးမှုတွေ လုပ်လာခဲ့ပါတယ်။ ဒီလို ဘာကြောင့် လုပ်လာရသလဲ ဆိုတာကတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို အောက်ခြေဆန္ဒ မပါဘဲ ခေါင်းဆောင်ပိုင်းက သဘောတူ လက်ခံလာကြတာတွေကနေ တင်းမာမှုတွေ စခဲ့ကြတာပါ။

အရင်က ကရင်တော်လှန်ရေးမှာ ပါခဲ့ကြတဲ့ DKBA ခေါင်းဆောင်တချို့ကို အသက် ၅၀ ကျော်တယ်ဆိုပြီး အနားယူခိုင်းလိုက်တာတွေ၊ အာဏာရ နယ်ခြားစောင့် အဖွဲ့တွေက အနားယူခိုင်းလိုက်တဲ့ ကရင်ခေါင်းဆောင်တွေ ပိုင်ဆိုင်တဲ့ အိမ်တွေ ပစ္စည်းတွေကို သွားရောက် သိမ်းယူတဲ့ အဖြစ်တွေ၊ နယ်ခြားစောင့်တပ်ကို လက်ခံတဲ့ ခေါင်းဆောင်ပိုင်းတွေ အနေနဲ့ စီးပွားရေး အခွင့်အလမ်းတွေ ရရှိပြီး အထက်နဲ့ အောက်ခြေ ကွာဟမှုတွေလည်း ဖြစ်ခဲ့ရပါတယ်။ အောက်ခြေတပ်တွေကတော့ နယ်ခြားစောင့် တပ်စခန်းတွေကို ဆောက်လုပ်ပြီး မြန်မာစစ်တပ်နဲ့ တွဲပြီးထားမယ့် အခြေအနေတွေကို လက်မခံလိုသူတွေလည်း တဖြည်းဖြည်း များလာနေပါတယ်။

DKBA တပ်သားတွေကြား သဘောထား ကွဲလွဲမှုတွေ ရှိလာခဲ့ပြီး အခုအခါမှာတော့ နယ်ခြားစောင့်တပ်ကို လက်မခံတဲ့ ကရင်လက်နက်ကိုင် အင်အားစုတွေဖြစ်တဲ့ KNU နဲ့ ဗိုလ်ချုပ် နှုတ်ခမ်းမွေး ဦးဆောင်တဲ့ DKBA အပြင် နယ်ခြားစောင့်တပ်အဖြစ် လက်ခံခဲ့တဲ့ ဗိုလ်ဘိ ဦးဆောင်တဲ့ DKBA တွေဟာ အချင်းချင်း ပူပေါင်းသွားကြပြီး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့အတွက် သဘောတူလာခဲ့ကြတာလည်း ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/dkba-knu-attacked-122797599.html

ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆန့်ကျင်ကြောင်း ကရင်နှီးနှောဖလှယ်ပွဲမှ ဆွေးနွေးဆုံးဖြတ်ခဲ့


၈ကြိမ်မြောက် ကရင်အမျိုးသားစည်းလုံးညီညွှတ်ရေး နှီးနှောဖလှယ်ပွဲ (ပုံ-ကေအိုင်စီ)

မေလ ၂၉ရက်။ ကေအိုင်စီ

၈ကြိမ်မြောက် ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေး နှီးနှောဖလှယ်ပွဲမှ ကရင်ဒုက္ခသည်များကို နေရပ်ပြန်လည် မပို့ဆောင် ရေးနှင့် ကရင်ဒေသများတွင် ပြုလုပ်နေသည့် ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဆန့်ကျင် ရှုတ်ချကြောင်း ယမန်နေ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။

ထိုကြေညာချက်တွင် နှီးနှောဖလှယ်ပွဲမှ ကရင်လူမျိုးများအကြား စည်းလုံးညီညွှတ်မှု ပိုမို အားကောင်းလာစေရေး၊ မြန်မာ ပြည်၏ လက်ရှိ နိုင်ငံရေးအခြေအနေများနှင့် ကရင်လူထုတစ်ရပ်လုံး၏ ခံစားနေရမှုများကို ဆွေးနွေးခဲ့ကြပြီး ထိုင်းနိုင်ငံအ တွင်း ရောက်ရှိနေသည့် သိန်းနှင့်ချီသော စစ်ပြေးဒုက္ခသည်များအား ယာယီ လက်ခံထားပေးရန်နှင့် ပြန်လည်ပို့ဆောင်ခြင်း မပြုလုပ်သေးရန် ထိုင်းအစိုးရနှင့် UNHCR တို့အား တောင်းဆိုထားသည်။

နှီးနှောဖလှယ်ပွဲ၏ ပြောရေးဆိုခွင့်ရှိသူ စောကနဲမီက “သူတို့(မြန်မာအစိုးရ)ကိုယ်သူတို့ အစိုးရလို့ ခံယူပြီး ကရင်တွေနယ် မြေမှာ ဖွံ့ဖြိုးရေးကို ဘမ်းပြပြီး Dam(ရေကာတာ)နေရာအဆင့်ဆင့် လာလုပ်တာဟာ နယ်မြေတွေ ဆုံးရှုံးပျက်စီးကုန်တယ်။ ဒီလို နားလှည့်ပါးရိုက်လာလုပ်တာ ဘယ်သူမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ကျနော်တို့တွေ ဖွံ့ဖြိုးမှုကို မလိုလားတာ မဟုတ်ဘူး။ နိုင်ငံတကာကို လိမ်လည်ပြီး တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ သူတွေကို လုံးဝ လက်မခံနိုင်ဘူး။ ဒါကြောင့် ကျနော် တို့ Karen Unity Seminar အနေနဲ့ မတ်မတ်ရပ်ပြီး ဒါကို လုံးဝ ဆန့်ကျင်တာ၊ ရှုတ်ချတာ ဖြစ်တယ်။”ဟု ကေအိုင်စီကို ပြောသည်။

ဆက်လက်၍ သူက “ဒုက္ခသည်နဲ့ ပတ်သက်လို့ အတင်းအဓမ္မ ရွှေ့ခိုင်းပြောင်းခိုင်းတာတွေ မလုပ်ရဘူးဆိုတာ ဥပဒေရှိ တယ်။ ကျနော်တို့က တကမ္ဘာလုံးက ပြဌာန်းထားတဲ့ လူ့အခွင့်အရေး ဥပဒေအရဆိုပြီး ကိုယ့်ကိုယ်ကို သတ္တိပြတာတော့ မဟုတ်ဘူး။ ကျနော်တို့ အမှန်တရားဘက်မှာ ရှိတယ်ဆိုတာရယ်၊ ခိုင်မာတဲ့ အခြေခံ အကြောင်းရင်းတွေ ရှိတယ်ဆိုတာရယ် ပါ။”ဟု ရှင်းပြသည်။

၎င်းအပြင် အခုတက်လာသည့် ကြံ့ဖွံ့အစိုးရအနေဖြင့် အင်အားတောင့်တင်းပြီး အဆင့်မြင့်သည့် စစ်တပ်ကို ထူထောင်ပါက ကရင်ဒေသများအတွင်း ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားလာနိုင်ခြင်း၊ လူထု၏ အိုးအိမ် မြေယာများ ပိုမို ပျက်စီးဆုံးရှုံးလာနိုင်ခြင်းနှင့် လူသားများအပေါ် စစ်ရာဇ၀တ်မှုများ ကျူးလွန်နေသည့်အတွက် ကုလသမဂ္ဂ မှ စုံစမ်းစစ်ဆေးရေး ကော်မရှင် စေလွှတ်၍ ကြံ့ဖွံ့အစိုးရအား အရေးယူမှုများ ချက်ချင်း ဆောင်ရွက်သွားရန်လည်း နှီးနှော ဖလှယ်ပွဲက တောင်းဆိုလိုက်သည်။

ထိုနှီးနှောဖလှယ်ပွဲသို့ ပြည်တွင်းနှင့် ယူကေ၊ အမေရိကန်၊ ကနေဒါ၊ စင်္ကာပူ၊ သြစတြေးလျားနိုင်ငံများမှ ကရင်တိုင်းရင်းသား ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။
UK မှ စောဝင်းစတန်တောက “ကျနော် ဒီစီမီနာကို ပထမဆုံးရောက်လာတာပဲ။ ဆွေးနွေးမှုတွေအတွင်းမှာ အချေအတင် ငြင်းခုန်ဆွေးနွေးအဖြေရှာကြတာဟာ ဆုံမှတ်ကိုတွေ့ရှိသွားသလို စိတ်ဝင်စားမှုကောင်းတဲ့ တော်လှန်ရေးအတွေ့အကြုံ သဘောတရားတွေကိုလည်း ရရှိခဲ့ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ပြည်တွင်းကိုယ်စားလှယ်တဦးကလည်း “အခုလို ကရင်ကိုယ်စားလှယ်ကြီးတွေ ဒုက္ခအခက်အခဲကြားက မတူကွဲပြားတဲ့ အတွေးအခေါ် အယူအဆတွေကို ပြန်လည်ပေါင်းစည်းပေးဖို့ လာရောက်ဆွေးနွေးကြတာ အားရကျေနပ်မှု အတော်ရပါ တယ်။ နိုင်ငံရေး၊ အမျိုးသားရေးပန်းတိုင်ကို ဒီစီမီနာမှာ ရှင်းရှင်းလင်းလင်းကြီး တွေ့ခွင့်ရခဲ့တယ်။ ပြည်တွင်းမှာဆို ဘာဆို ဘာမှ သိခွင့်၊ လုပ်ခွင့်မရှိဘူး။”ဟု ဆိုသည်။

နှီးနှောဖလှယ်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဌ စောလှထွန်းက “နိုင်ငံတကာက ကိုယ်စားလှယ်တွေ၊ ခရိုင်ကိုယ်စားလှယ်တွေ နဲ့ ပြည်တွင်းကိုယ်စားလှယ်တွေ အခုလို လာရောက်တွေ့ဆုံပြီး ကရင်အမျိုးသားတွေရဲ့ စည်းလုံးမှုပြိုကွဲစေမယ့် အကြောင်း အရာတွေကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပြီး ကာကွယ်ပေးကြ၊ နည်းလမ်းအဖြေရှာကြတာဟာ အင်မတန်မှ အားရကျေနပ် မှု ရှိပါတယ်။”ဟု ပြောဆိုသည်။

မေလ ၂၄ရက်မှ ၂၇ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ပြုလုပ်ကျင်းပခဲ့သည့် ထိုနှီးနှောဖလှယ်ပွဲသို့ ပြည်တွင်း ပြည်ပရှိ ကရင်အဖွဲ့အစည်း(၄၂)ဖွဲ့မှ ကိုယ်စားလှယ်များ၊ မျိုးဆက်သစ် နိုင်ငံရေးကျောင်းသားကျောင်းသူများနှင့် လေ့လာ သူများ စုစုပေါင်း ၁၁၇ဦး တက်ရောက်ခဲ့ကြသည်။

နေပြည်တော်အတွင်းရေး - 29 May 2011

2011_May_29_ThanShwe_asks_Prsdnt_TheinSein_for_rpt___threatens_on_moved_over_to_a_civilian__SoeWin_asked_for_report_---_ThanShw


Type the rest of your post here.

Friday, May 27, 2011

မြိုင်ကြီးငူ ဒေသရှိ BGF တပ်ဖွဲ့များ DKBA တံဆိပ် ပြန်တပ်ပြီး ဗိုလ်ချုပ်ကျော်သန်းကို ဖမ်းဆီးထား

သာထူးကျော်နဲ့ မောင်ချစ်သူ ကို အရင်ဆုံးရအောင် ဖမ်းကြပါ ညီကိုယ်တို့ ....

မေ ၂၇။ (ကေအိုင်စီ)

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသရှိ နယ်ခြားစောင့်တပ် BGFတပ်ဖွဲ့ဝင်များသည် ယမန်နေ့က ၎င်းတို့၏ တံဆိပ်များကိုချွတ်၍ DKBA တံဆိပ်များကို ပြန်ဝတ်ဆင်ကာ ယခင် DKBA စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကျော်သန်းကိုလည်း ဖမ်းဆီးထိန်းသိမ်းထားလိုက် သည်ဟု စစ်ဘက်ဆိုင်ရာ သတင်းအရ သိရသည်။

၂၀၁၀ခုနှစ်၊ သြဂုတ်လ ၂၀ရက်က ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မဲပလဲ့ကျေးရွာတွင် ကျင်းပြုလုပ်သည့် နယ်ခြားစောင့်တပ်များ တပ်ဖွင့်ပွဲအခမ်းအနား (ဓါတ်ပုံ-ကေအိုင်စီ)

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၁၀၁တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစော ဖောဒိုက “ကျော်သန်းကို သူ့လူတွေ ဖမ်းထားလိုက်ပြီ။ မြိုင်ကြီးငူမှာ ဘီဂျီအက်ဖ်မရှိ တော့ဘူး။ ဒီကေဘီအေ ပြန်ဖြစ်ကုန်ပြီ။ ဘီဂျီအက်ဖ်ကို မလုပ်တော့ဘူး။ ဒီကေဘီအေကို ပြန်ပြီးတော့ ကူးပြောင်းတာ”ဟု ပြောသည်။

အလားတူ နယ်ခြားစောင့်ကို ငြင်းဆန်နေသည့် ဒီကေဘီအေ တပ်မှူးတစ်ဦးကလည်း“ ဟုတ်တယ်။ အခု ဗိုလ်ချုပ်ကျော်သန်းကိုလည်း မြိုင်ကြီးငူမှာ သူ့လူတွေ ဖမ်းဆီးထိန်းသိမ်းထား လိုက်တယ်။”ဟု ကေအိုင်စီကို ပြောသည်။

၎င်းဖြစ်စဉ်သည် နယ်ခြားစောင့်အချင်းချင်းကြားတွင် အထက်အရာရှိနှင့် အောက်ခြေ အရာရှိတို့ကြား ငွေကြေးကိစ္စ လာဘ်ပေးလာဘ်ယူ မမျှတသည့်အတွက် စတင်ဖြစ်ပွားခဲ့သည့် ပြဿနာဖြစ်ပြီး နောက်ဆုံးတွင် နှစ်ဘက်ညှိနှိုင်း၍ မရသောကြောင့် ယခုလို ကြီးမားလာခြင်းဖြစ်သည်ဟု KNU ဖားအံခရိုင်ဥက္ကဌ ပဒိုစောအောင်မော်အေးက ပြောသည်။

သို့သော် ထိုကိစ္စနှင့်ပတ်သက်ပြီး BGF တပ်ရင်း ၁၀၁၈မှ ထိပ်တန်းအရာရှိတစ်ဦးက “နယ်ခြား စောင့်တပ်နဲ့ ဒီကေဘီအေက တူတူပဲလေ။ သူတို့အင်္ကျီဟောင်းတွေကို တခါတလေပြန်ဝတ်လို့ ဖြစ်ရင်ဖြစ်မှာပေါ့၊ ဗိုလ်ချုပ် ကျော်သန်းကို ပြန်ဖမ်းတယ်ဆိုတာက ကျနော်ဘာမှ မကြားပါလား ”ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၀ခုနှစ် သြဂုတ်လတွင် ဒီကေဘီအေတပ်ဖွဲ့ဝင် အများစုသည် နယ်ခြားစောင့် တပ်သို့ အသွင်ကူးပြောင်းခဲ့ပြီး လအနည်းအနည်းငယ်အကြာတွင် ၎င်းတို့တပ်ဖွဲ့ဝင်များ အချင်းချင်း အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားလျှက်ရှိသလို KNUနှင့် လက်ကျန် DKBA များ ထံသို့ မကြာခဏ လာရောက်ပူးပေါင်းမှုများ ရှိသော်လည်း ယခုလို ကြီးကြီး မားဖြစ်ပွားမှုသည် ပထမ ဦးဆုံးအကြိမ်ဖြစ်သည်။

မြိုင်ကြီးငူဒေသတွင် နယ်ခြားစောင့်တပ် BGF ၁၀၁၁ နှင့် ၁၀၁၂တပ်ရင်းတို့ အခြေချလှုပ်ရှား လျှက်ရှိသည်ဟု သိရသည်။

လူငယ်တစ်ဦးကို BGF က ဖမ်းဆီးသတ်ဖြတ်

နောင်ဆိုရင် ဗမာစစ်တပ်က BGF ယောင်ဆောင်ပြီး ကရင်တွေအချင်းချင်းသွေးကွဲအောင် ဒီထက်မက သတ် ပြအုံးမယ်။

မေလ ၂၇ရက်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကတိုင်တိကျေးနယ်အုပ်စုအတွင်းရှိ ဘောကျို့လယ်ကျေးရွာနေ လူငယ်တစ်ဦးကို နယ် ခြားစောင့်တပ်-BGF (၁၀၁၃)တပ်ရင်း လက်လက်အောက်ခံတပ်ခွဲ အဖွဲ့တစ်ဖွဲ့က ပြီးခဲ့သည့် အပတ်က ဖမ်းဆီး၍ သတ်ဖြတ်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ဘောကျို့လယ်ကျေးရွာအနီးအနားတ၀ိုက်တွင် လှုပ်ရှားနေသည့် အင်အား ၂၀ ခန့်ရှိ တပ်ခွဲမှူး ဗိုလ်စောမောင်စိုးမြင့် ဦးဆောင် BGF တပ်ဖွဲ့သည် မေလ ၂၀ရက်နေ့က အသက် ၁၈နှစ်အရွယ် စောတာပိုးလိုကို ဘောကျို့လယ်ရွာအ ပြင်တနေရာတွင် ဖမ်းဆီးကာ စစ်ဆေးမှုများပြုလုပ်ပြီး ထိုနေ့၌ပင် ရိုက်သတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြော သည်။

ရိုက်သတ်ခံရသည့် စောတာပိုးလို၏ မိခင်ဖြစ်သူက “ကျမသားဟာ သိပ်ပြီးဦးနှောက် အလုပ်မလုပ်တာ ဒီကျေးရွာက လူတွေနဲ့ ဒီအနီးအနားက ရွာတွေ အားလုံးအသိပဲ။ သူက ရွာပြင်ထွက်လိုက် ၀င်လိုက်အမြဲလုပ်တယ်။ ဒါကို BGF က တွေ့တော့ သူတို့အတွက် ဘယ်လိုထူးခြားလည်း မသိဘူး။ သတ်လိုက်တာပဲ။ ကျမအနေနဲ့ စိတ်မကောင်းပေမဲ့ ဘာမှ ထွေထွေထူးထူးတော့ မပြောလိုပါဘူး။ သူ့ထိုက်နဲ့ သူ့ကံလို့ပဲ ပြောရမှာပေါ့။”ဟု ပြောသည်။

KNU ဖာပွန်ခရိုင်၊ တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူး စောကလယ်ဒို့က “BGF ဟာ တချိန်က DKBA ပေါ့နော်။ ဘာသာ ရေးနဲ့ ကရင်လူထုတွေကာကွယ်ဖို့ပေါ့နော်။ အခုက လုံးဝ မြန်မာစစ်အစိုးရဲ့ လက်ကိုင်တုတ် ဖြစ်သွားပြီဆိုတော့ မြန်မာ စစ်တပ်ရဲ့ လမ်းစဉ်အတိုင်း လိုက်လုပ်နေတာတော့ မကောင်းဘူး။ အားလုံးခြုံလိုက်ရင်တော့ တရားခံဟာ မြန်မာအစိုး ရပဲပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကိုယ်သူတို့ အမှားအမှန်ပိုင်းခြားစိပ်ဖြာပြီး ပြည်သူတွေထိခိုက်စေတဲ့ အကျိုးမရှိတဲ့ အရာတွေ ထပ်မလုပ်ကြဖို့ သူတို့ကို တိုက်တွန်းချင်တယ်”ဟု ပြောဆိုသည်။

အဆိုပါဒေသတွင် လှုပ်ရှားနေသည့် BGF တပ်ရင်း (၁၀၁၃)သည် ယခုလို အပြစ်မဲ့ပြည်သူတဦးကို သတ်လိုက်သည့် အတွက် ဘောကျို့လယ်ရွာနှင့် အနီးအနားရှိ ဘောသို့ထာ့၊ ထီးသဲလေး၊ ဘိုမာ့ဟဲနှင့် ထီးလော်သေထာ့ စသည့် ကျေးရွာများမှ ရွာသူရွာသားများ အထိတ်တလန့်ဖြစ်နေကြရသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
အိမ်ခြေ ၄၀၀ ကျော်ရှိသည့် ဘောကျို့လယ်ကျေးရွာတွင် ယခင်က DKBA(ယခု နယ်ခြားစောင့်တပ်) အခြေစိုက် စခန်းတည်ရှိပြီး ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း အဆိုပါ စခန်းကို ဖျက်သိမ်းလိုက်ကာ မြန်မာအစိုးရက BGF တပ်များ ကို လှုပ်ရှားတပ်ပုံစံဖြင့် ပြောင်းလဲလှုပ်ရှားစေခဲ့ရာ ယခုအချိန်ထိ ဖြစ်သည်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကတိုင်တိကျေးနယ်အုပ်စု၌ လှုပ်ရှားနေသည့် နယ်ခြားစောင့်တပ်-BGF (၁၀၁၃)တပ် ရင်း၏ တပ်ရင်းမှူးသည် ဗိုလ်မှူး စောလှကြိုင်ဖြစ်ပြီး ၂၀၁၁ ခုနှစ်အတွင်း ဘောကျို့လယ်ရွာမှ အပြစ်မဲ့ပြည်သူတဦးကို သတ်ဖြတ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

နေပြည်တော်အတွင်းရေး - Latest News on 27 May 2011

2011_May_27_MinAung_Hlaing_rpt_on_raids_on_No_2_Military_Command__No2_and_No_3_Commands_resist__arrest_of_VP_TinAungMyint_Oo_an_2_


Type the rest of your post here.

2010 Padoh Mahn Sha Young Leader Award Goes To Naw December Paw

27 May 2011

The Phan Foundation is pleased to announce that the 2010 Padoh Mahn Sha Young Leader Award has been given to Naw December Paw, 26 years old, head of the district hospital in Tavoy District (Tenasserim), and in charge of healthcare for the region.

The Padoh Mahn Sha Young Leader Award is given annually by the Phan Foundation in memory of Padoh Mahn Sha Lah Phan, former General Secretary of the Karen National Union, who was assassinated by agents of Burma’s military dictatorship on 14th February 2008. Padoh Mahn Sha always encouraged and supported young people to help their people overcome oppression and poverty. The award comes with a $2,000 grant for the winner to continue their work.

Naw December Paw was nominated by the Federation of Trade Unions Kawthoolei (FTUK). Saw Lay Say, Head of the Organising and Information Department of FTUK, described in the nomination how Naw December Paw: “loves her people with strong commitment, selflessness and working hard. Although she grew up in refugee camps, she went back inside Karen State and worked hard for her people….Her family resettled to the U.S.A. She didn’t join them, instead, she chose to go back inside Karen State and help her people. Despite many difficulties and poor condition, she continues to work with the community. Through her strong and energetic enthusiasm, she always serves her people in the front line area. I see this young Karen woman as a good example for other young Karen not just inside refugee camps but also in other places. She is an inspiration and I hope other young people will follow her footsteps.”

Saw Kyi Noh, Secretary of Htee Moh Pwa Special area in Tavoy District, supporting the nomination, stated: “I came to know that she was a great young person with good character. She never hesitated to serve her people, despite challenges and difficulties. She tries her best until her work is successful. She doesn’t mind if it is a difficult path and mountainous areas. She would go out and help people at any time even if she had to go into the Burmese Army area.”

“We are very pleased indeed to be able to give this young leader award to Naw December Paw,” said Nant Zoya Phan, founder and Director of the Phan Foundation. “It is not just recognising her fantastic work and outstanding leadership role in the community, but also recognition of how important the work she does is. She is one of the many young people who give hope to our suffering people. My father, Padoh Mahn Sha Lah Phan, would want to see more young people like Naw December Paw in the struggle for our rights and protection for the Karen people. Through recognising and supporting young people in the community, this award is one way that the Phan Foundation is determined to continue our parents’ dedicated work.”

The award will be presented by Saw Say Say Phan and Nant Bwa Bwa Phan at the Karen Unity Seminar in Kawthoolei (Karen State) on Friday 27 May 2011.
http://www.phanfoundation.org/index.php/burma/news-and-reports/news-stories/2010-padoh-mahn-sha-young-leader-award-goes-to-naw-december-paw

နေပြည်တော်အတွင်းရေး - 27 May 2011

စာဖတ်ပုရိတ်သတ်များခင်ဗျား... နေပြည်တော်အတွင်းရေးသတင်းတွေ စိပ်စိပ်ကလေး တက်လာနေတယ်နော်.. အလကား အားအားနေ၍ တင်ဆက်နေတာမဟုတ်ပါ။ မျက်ခြေမပြတ်စေနဲ့ ....

2011_May_27_NPT_instructing_SoeWin_to_trnsfr_arrested_Gens_to_prison__keep_Gen_MaungAye_under_house_arrest__KoKo_and_MaungShein

2011_May_27_MinAung_Hlaing_rpt_on_raids_on_No_2_Military_Command__No2_and_No_3_Commands_resist__arrest_of_VP_TinAungMyint_Oo_an_2_


Type the rest of your post here.

နေပြည်တော်အတွင်းရေး - 26 May 2011

2011_May_26_explosion_rpt_at_No_1_Military_Command_by_Ko_Ko__19_wounded_1_dead___--_phsyc_war__MAH_alerting_MMA_SoeTun_for


Type the rest of your post here.

MPU ပြည်သူ့ လွတ်တော်ကိုယ်စားလှယ်များအဖွဲ့  ထုတ်ပြန်ကြေငြာချက်

2011_May_26_MPU_Statement


Type the rest of your post here.

နယ်ခြားစောင့်တပ် အချင်းချင်း ပစ်ခတ်မှု ထပ်မံဖြစ်ပွား

မေ ၂၆ရက်။ ။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းက နယ်ခြားစောင့်တပ် (BGF) အချင်းချင်းပစ် ခတ်မှုတစ်ရပ် ထပ်မံဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ယခုလ မေလ ၂၄ရက်နေ့ ညအချိန်တွင် ဗိုလ်ဘိဦးဆောင်သည့် BGFတပ်ရင်း ၁၀၁၂မှ တပ်ဖွဲ့တချို့ သည် လှိုင်းဘွဲမြို့နယ် ထီးလိုနေရာရှိ ရာဘာခြံတစ်ခြံတွင် ဗိုလ်ဘသိန်း တပ်ဖွဲ့ကို သွားရောက်ပစ်ခတ် ခဲ့ရာ ဗိုလ်ဘသိန်းတို့တပ်ဖွဲ့မှ ထိခိုက်မှုများရှိသည်ဟု KNU ဖားအံခရိုင်ဥက္ကဌ ပဒိုစောအောင်မော်အေးက ပြော သည်။

“၂၄ရက်နေ့ညက ထီးလိုက ရာဘာခြံမှာရှိတဲ့ ဗိုလ်ဘသိန်းတပ်ဖွဲ့ကို ဗိုလ်ဘိတပည့်တွေ သွားချောင်းပစ် တာဖြစ်တယ်။ ဗိုလ်ဘသိန်းကိုတော့ မထိဘူး။ ထွက်ပြေးလွတ်မြောက်သွားတယ်။ သူ့လူ နှစ်ယောက် ထိ မှန်သွားတယ်”ဟု ပဒိုစောအောင်မော်အေးက ကေအိုင်စီကို ပြောသည်။

ဆက်လက်၍ ၎င်းက“ ဗိုလ်ဘသိန်းက စီးပွားရေးသမားလေ။ ပိုက်ဆံအလွန်အကျွံကောက်ခံတဲ့အတွက် သူတို့ အချင်းချင်း မကျေမနပ်မှုတွေရှိလာအတွက် အခုလိုပစ်ခတ်မှုဖြစ်ပွားတာပဲ။ သူတို့ အဖွဲ့ထဲမှာ လည်း ခံယူချက်ချင်းမတူညီကြဘူးလေ”ဟု ပြောသည်။

ထို့အပြင် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ (ယခင်ဒီကေဘီအေ ဌာနချုပ်ဟောင်း)တွင်လည်း BGF အချင်းချင်း တင်းမာမှုဖြစ်ပွားနေသည့်အပြင် ဒီကေဘီအေ နာယကဆရာတော် ဦးသုဇနကနေ၍ BGFတပ် ဖွဲ့ဝင်များ အားလုံးသည် DKBA တံဆိပ်ပြန်တပ်ပြီး အစိုးရစစ်တပ်ကို ပြန်လည်ခုခံတော်လှန်ရမည်ဟု အမိန့်ထုတ် လိုက်ကြောင်း နယ်ခြားစောင့်တပ်နှင့် နီးစပ်သည့် သတင်းရပ်ကွက်များက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့ကလည်း BGF တပ်ရင်း ၁၀၁၂မှ ဗိုလ်ဖားမီးဦးဆောင်သည့် တပ် ဖွဲ့ဝင် ၃၀ဦးသည် မြိုင်ကြီးငူဒေသတွင် အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လက်နက်ခဲယမ်းဂိုဒေါင်(၁)လုံး နှင့် စစ်တန်းလျား (၁)လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် KNUထံ လာရောက်ပူးပေါင်းခဲ့သည်။

နေ့ စဉ်သတင်း - 26 May 2011

Daily_News_on_May_26-_2011


Type the rest of your post here.

Thursday, May 26, 2011

Thousands face food shortage in Phapun, Karen State

အသင်ဟာ ကရင်လူမျိုးလား...
အသင်ဟာ ကရင်လူမျိုးဖြစ်ခဲ့ရင် အသင့်လူမျိုးကို စနစ်တကျဖျက်ဆီး ဖျောက်ဖျက် ညှင်းပမ်းနိုပ်စက်တဲ့ ခွေးမသား အစိုးရနဲ့ သူတို့ စစ်တပ်ကို ဒီလိုပဲ လက်ပိုက်ကြည့်နေမလား...????????




Type the rest of your post here.

ဗမာ့တပ်တော်သည် ကရင်ပြည်သူလူထုများကို အကာအကွယ်အဖြစ် အသုံးပြုခြင်းနှင့် ပါတ်သက်၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ထုတ်ပြန်ကြေငြာချက်

burmese_military_used_karen_people_in_Burmese


Read in English language... continue cilck

St_HR_Abuse-Eng__May_23_11

နေပြည်တော်အတွင်းရေး - 25 May 2011

နေပြည်တော်အတွင်းရေး သတင်းတွေကို မျက်ခြေမပြတ်နဲ့ ...

2011_May_25_rpt_of_explosion_within_military_council_house_and_Gen_Maung_Aye_wounded_or_physc_war_to_gather_top_brass_to_show_t


Type the rest of your post here.

ငြိမ်းချမ်းရေးပွဲစားနှင့် ကျွန်ုပ်၏ အတွေးစများ

အီးမေးဖြင့်ပေးပို့ လာသော ဆောင်းပါရှင် မန်းအာကာထက် အားအထူးကျေးဇူးတင်ပါသည်။

“ကေအင်န်ယူသာ အလင်းဝင်ရင်..သို့ မဟုတ် ငြိမ်းချမ်းရေးယူရင် ကျနော်တို့ အတွက် အဆိပ်ပုလင်းတွေပါ တခါတည်းယူလာခဲ့ပါလို့ ပြည်တွင်းက ကရင်ပြည်သူတွေ စကားလက်ဆောင်ပါး လိုက်တယ်” - ( ပြည်တွင်းကရင်များ)

ဆောင်းပါး- မန်းအာကာထက်

ဒီရက်ပိုင်းအတွင်း ဗမာဖက်ဆစ်အစိုးရကိုဖါးပြီး ကရင်သန်းကြွယ်သူဌေးဖြစ်လာတဲ့ ဦးစောပလာတူးနဲ့ ကရင်လူမျိုးကိုချစ်မြတ်နိုးတဲ့ ပြည်တွင်းနေကရင်ခေါင်းဆောင်များက ဗမာဖက်ဆစ်အစိုးရ နဲ့ ကရင့်အမျိုးသားအစည်းအရုံး ကေအင်န်ယူတို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကိစ္စအကြောင်း ပြောဆိုဆွေးနွေး တဲ့ မှတ်တမ်းဗွီဒီယိုခွေတွေကို သတင်းစာမျက်နှာတွေပေါ်မှာတွေ့ လိုက်ရတယ်။
တကယ်တော့ကရင်အမျိုးသားအစည်းအရုံးကေအင်န်ယူ နဲ့  ဗမာဖက်ဆစ်အစိုးတို့ငြိမ်းချမ်းရေးဆွေး နွေးဖို့ ကိစ္စကို ကျနော်နယ်စပ်မှာနေစဉ်ကတည်းက ကြားခဲ့၊ သိခဲ့ မြင်ခဲ့ဘူးပါတယ်။ အဲဒီအချိန်တုံးက ဦးစောပလာတူးတို့  ဒေါက်တာစိုင်းမွန်သါတို့  တီးမသေတို့ တင်မကပါဘူး။ ပြည်တွင်းမှာနေတဲ့ နယ်မြေခံ၊
ဒေသခံကရင်လူမျိုးတွေရဲ့  လေးစားခံရ၊အထင်ကရ ဘာသာရေးခေါင်းဆောင်တွေကအစ ဗမာဖက်ဆစ်အ စိုးရရဲ့ အလိုတော်ကျ ငြိမ်းချမ်းရေးကိုယ်စားလှယ်(ပွဲစား)တွေခြေချင်းလိမ်နေကြပါတယ်။

အခုဒီဆွေးနွေးပွဲမှတ်တမ်းထဲက ဦးစောပလာတူးနဲ့ အပေါင်းပါတို့ ရဲ့ လှုပ်ရှားမှု (လုပ်စား) မရှိခင် အရင်ရှေးကျတဲ့ပွဲစားတို့ ရဲ့ လှုပ်ရှားမှုဖြစ်ရပ်တခုကို ဒီနေရာမှာအလျဉ်းသင့်လို့  ပြန်လည်ဝေငှချင်ပါတယ်။ အဲဒီတုံးက ဗမာထောက်လှန်းရေးအကြီးအကဲဗိုလ်ချုပ်ခင်ညွန့် ရဲ့ ဘုန်းမီးတောက်တဲ့အချိန်၊သူရဲ့ အစီအစဉ် နဲ့  ပြည်တွင်းက အထင်ကရ ကရင်ဘာသာရေးခေါင်းဆောင်တွေကို ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အ ဖြစ် ကေအင်န်ယူထံကို လွတ်လာပါတယ်။ ဖြစ်ချင်တော့ အဲဒီအချိန်တုံးက ကရင်အမျိုးသား စည်းလုံးညီ ညွတ်ရေးနှီးနှောဖလှယ်ပွဲနဲ့ လည်း တိုက်ဆိုင်တော့(တမင်ရည်ရွယ်ပြီး အဲဒီအချိန်ကိုရွေးပြီး ကိုယ်စား လှယ်လွတ် လာတာလည်းဖြစ်နိုင်)နိုင်ငံတကာရောက် ကရင်အဖွဲ့ အစည်းတွေအပါအ၀င် ၊ ကရင်အဖွဲ့ ကိုယ်စားလှယ်တွေ စုံစုံလင်လင်တက်ရောက်လာကြတယ်။ အဲဒီအစည်းအဝေးမှာ ငြိမ်းချမ်းရေးကိုယ်စား လှယ်တို့ ရဲ့ အာ ဘော်အရ ကေအင်န်ယူ အဖွဲ့ အနေနဲ့ လိုချင်တာကိုသာပြော အတတ်နိုင်ဆုံးဆွေးနွေးပေးမှာဖြစ်ကြောင်း၊ ကေအင်န်ယူနှင့်ဒီကေဘီအေတို့  ပူပေါင်းပြီး လာမည့်နှစ် ကရင်နှစ်သစ်ကူးပွဲတော်ကို ကေါ့ကရိတ်မြို့ မှာ ကရင်ပြည်သူလူထုများနဲ့ အတူတကွပါဝင်ဆင်နွဲနိုင်အောင် ငှင်းတို့ တာဝန်ယူဆောင်ရွက်ပေးမှာဖြစ် ကြောင်း ယခုဆွေးနွေးသည့်အကြောင်းအရာများကို ဗိုလ်ချုပ်ခင်ညွန့် ထံ အကုန်ပြန်လည် အစီရင်ခံပေးမှာ ဖြစ်ကြောင်း အာပေါင်အာရင်းသန်သန်နဲ့ တင်ပြဆွေးနွေးသွားတယ်။
ဒါပေမဲ့  သူတို့ ပြည်တွင်းကိုပြန်သွားပြီးမကြာခင်မှာဘဲ ဗိုလ်ချုပ်ခင်ညွန့် နဲ့ အပေါင်းပါ တွေ အစွယ်ရိုက်ချိုးခြင်းခံလိုက်ရတော့ လာပြောသမျှစကားတွေလည်း ဘာမှအရာမ၀င်ဖြစ်သွားတယ်။ နှီးနှောဖ လှယ်ပွဲမှာ လာရောက်သွားတဲ့ငြိမ်းချမ်းရေးကိုယ်စား လှယ်တွေလည်း အနည်းနဲ့ အများတော့ သင်ခန်းစာရ ကြမယ်ထင်ပါတယ်။ နှီးနှောဖလှယ်ပွဲမှာသူတို့ လာ တုံးက တိုက်ဆိုင်မှုတခုကိုလည်း ခုထိကျနော်မှတ်မိနေ သေးတယ်။အဲဒီနှီးနှောဖလှယ်ပွဲမှာရောက်တဲ့ နိုင်ငံခြားက ကရင်ကိုယ်စားလှယ် အကိုကြီးတယောက်ပါ (နာမည်မမှတ်မိတော့) ပြည်တွင်းကငြိမ်းကိုယ်စားလှယ်တွေက ဗမာစစ်ဗိုလ်ချုပ်အယုံသွင်းခြင်းကိုခံလိုက်ရပြီး နှီးနှောဖလှယ်ပွဲမှာ မက်လုံးစကားတွေအများကြီး ပြောလာတော့ သူကမေးခွန်းထုတ်လိုက်တာပါ။
“ဗမာတွေက သူတို့ အာဏာရှိတဲ့အချိန်ဆို တမျိုးပြောတယ် ကျနော်တို့ ကရင်တွေကို အပေါ်စီးကနေ ဆက်ဆံတယ်….ကလိမ်ကကျစ် အကြမ်းဖက်တဲ့နည်းနဲ့ တိုက်တယ်…. တိုက်လို့ မရရင်မက်လုံး တွေပေးပြီး စည်းရုံးတယ်…ဂတိတွေလည်းအမျိုးမျိုးပေးတယ်…နောက်ဆုံးတော့ဘာဂတိမှတည်တာမဟုတ်ဘူး..အဲဒီဂတိပေးတဲ့လူလည်း သူ့ မှာဘာမှအာမခံချက်ရှိတာမဟုတ်ဘူး…အချိန်မရွေး ဖြုတ်ထုတ်သတ်ခံရနိုင်တယ် …နမူနာအရ ဗမာဝန်ကြီးချုပ်ဦးနုက ကရင်တွေတိုင်းပြည်လိုချင်ရင်တိုက်ယူလို့ ပြောသွားတယ်…ဒါပေမဲ့  သူရာထူးပြုတ်တဲ့အခါကျတော့ ကရင်နယ်မြေဆီကို ထွက်ပြေးလာရတယ်….အခုလဲ ဗမာစစ်ဗိုလ်ချုပ် ခင်ညွန့် က ဂတိတွေအမျိုးမျိုးပေးနေတယ် တဖက်မှာလည်းကရင်တွေကိုနည်းအမျိုးမျိုးနဲ့  ညှဉ်းပန်းနှိပ်စက် တယ်…တနေ့ ကျရင် ဗမာအချင်းချင်း ဖြုတ်ထုတ်သတ်တဲ့ပွဲထဲပါသွားရင် သူလည်းကျနော်တို့ ကရင်တွေ ဆီမပြေးလာနိုင်ဘူးလို့ မပြောနိုင်ဘူး”တဲ့
ဒါလည်းမဖြစ်နိုင်ဘူးလို့ ပြောလို့ မရဘူး…သန်းရွေသါ ခင်ညွန့် ကို အကျယ်ချုပ်မထားဘဲ ရာထူး ဘဲဖြုတ်ထားရင် အထက်က နိုင်ငံခြားက ကိုယ်စားလှယ်ပြောသလို ကရင်တွေဆီမပြေးလာနိုင်ဘူး လို့ ပြော လို့ မရဘူး။ မယုံရင် ခင်ညွန့် ကို အခု အိမ်အကျယ်ချုပ်ကနေလွှတ်ကြည့်ပါလား……
ထားးပါတော့ ဒါကဟိုးလွန်ခဲ့ တဲ့ ခင်ညွန့် ရာထူးမပြုတ်ခင်က အနေအထားပါ။
……………………………………………………………………………………………………………
အခုပြောချင်တာကစောပလာတူးနဲ့ အပေါင်းပါတို့ ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ မှတ် တမ်း ဗွီဒီယိုခွေနဲ့ ပတ်သက်တာပါ။ အရင်ဆုံးပြောချင်တာက ကရင်လူမျိုးနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ကိစ္စပါ။ ကရင် လူမျိုးတို့ ရဲ့ ပင်ကိုယ်စရိုက်က ငြိမ်းချမ်းရေးကို အလွန်ချစ်မြတ်နိုးတဲ့လူမျိုးတမျိုးပါ။ ကရင်တွေ အေးဆေး နေချင်လို့ ….လူတွေရှုတ်တဲ့နေရာမှာမနေချင်လို့ …လူရှုတ်တွေကိုရှောင်ရင်းနဲ့ ..ယနေ့ လက်ရှိကရင်လူမျိုး တွေရဲ့  နေရပ်ဌာနေကို ကြည့်ရင်းနဲ့ သိနိုင်ပါတယ်။ တဖက်ကလည်း ခေတ်အဆက်ဆက် အာဏာရတဲ့ လူမျိုးတွေရဲ့ အနိုင်ကျင့်မှုကိုမခံနိုင်တော့လို့ ရှောင်တာလည်းပါတယ်။ကျနော်တို့  ဘိုးစဉ်ဘောင်ဆက်က မြန်မာပြည်အနှံ့ ၊ထိုင်းနိုင်ငံ မှာလည်း ချစ်မိုင်ဒေသ အပါအ၀င် နေရာအနှံ့  မှာ နေထိုင်ခဲ့ဘူးတယ်ဆိုတာ သမိုင်းလေ့လာသူတိုင်းသိမှာပါ။
ကရင်ပြည်ကိုစတင်တောင်းဆိုတဲ့အချိန်တုံးကလည်း
ငြိမ်းချမ်းစွာဆန္ဒပြီးတော့တောင်းဆိုတယ်…ဗမာတွေကမပေးချင်လို့ အကြမ်းနည်းနဲ့ ဖြိုခွဲတော့ ကရင်တွေက ကိုယ့်အသက်အိုးအိမ်ကိုကါကွယ်တဲ့အနေနဲ့  ရရာလက်နဲ့ ဆွဲကိုင်ပြီးတော့ ပြန်လည်တိုက်ခိုက်ရတာပါ။ အဲဒီ အချိန်ကစပြီးယနေ့ အထိ ကျနော်တို့ ကရင်တွေ ငြိမ်းချမ်းရေးကို လုပ်ဆောင်ဖို့ အဆင်သင့်အနေအထား မှာ အမြဲတမ်းရှိတယ်။
နောက်တခုကတော့ ဗမာလူမျိုးနဲ့ မြန်မာပြည်သမိုင်းကိုလည်းကျနော်တို့ ပြန်လည်လေ့ လာဖို့ လိုတယ်။ မြန်မာပြည်သမိုင်းတင်တဲ့အချိန်ကစ…ပဒေသရာဇ်ခေတ်အဆက်ဆက်မှာ နန်းတွင်း ပုန် ကန်မှုတွေ..အချင်းချင်းလုပ်ကြံသတ်ဖြတ်ကြတဲ့ အဖြစ်အပျက်တွေအများကြီးရှိတယ်။ ဆိုလိုတာက ဗမာ လူမျိုးတွေဟာ သူတို့ အချင်းချင်းတွေတောင်မှ သစ္စာရှိကြတဲ့လူမျိုးမဟုတ်ဘူး။အရင်ဦးတဲ့သူအနိုင်ယူကြေး ဘဲ…ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရမှုကိုကြည့်မလား၊ ဗိုလ်ချုပ်နေ၀င်းအာဏာသိမ်းမှု၊ ဗိုလ်ချုပ်ခင်ညွန့် နဲ့  အပေါင်းပါများ ဖမ်းဆီးထောင်ချခံရမှုတွေဟာ ဗမာလူမျိုးတွေရဲ့  ထင်ရှားတဲ့စရိုက်သါဓက တွေဘဲဖြစ်တယ်။ ဗမာလူမျိုးတွေရဲ့ အတွင်းစိတ်သဏ္ဍန်အကြောင်းတွေ ပြောရင်တော့ကုန်မှာမဟုတ်ဘူး.. ဗမာတွေအချင်း ချင်းတောင် အဝေမတည့်ဘဲနဲ့  အခြားဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေကို ငြိမ်းချမ်းရေးခေါ်ပြီး နယ်မြေခွဲ
ဝေပေးမယ်ဆိုတာ အိပ်မက်တောင် သွားမမက်လိုက်ပါနဲ့ ….
ဒါကိုသိသိရင်းနဲ့  ဦးစောပလာတူးနဲ့ အဖွဲ့ က ဘာဖြစ်လို့ ငြိမ်းချမ်းရေးကိစ္စကို ဇွတ်အ တင်းလုပ်နေရတာလဲ….ဗမာစစ်အစိုးရနဲ့ ဆက်ဆံရေးအဆင်ပြေပြီး ငှင်းတို့ ဆီက စီးပွါးရေးအခွင့် အရေးမြိုး မြိုးမြက်မြက်ရတာလောက်နဲ့  ကိုယ့်ကိုယ်ကို ဟုတ်လောက်ပြီလို့ ထင်နေကြတယ်။…
ဆွေးနွေးပွဲမှတ်တမ်းခွေထဲက တက်ရောက်လာတဲ့ကိုယ်စားလှယ်တွေရဲ့ စကားအသွား အလာအရ….“ကေအင်န်ယူအဖွဲ့ ဟာစည်းလုံးညီညွတ်မှုမရှိဘူး”လို့ လည်းသုံးသပ်ကြတယ်။
ဒါဆို…ကိုယ့်ကိုယ်ကို ကရင်လူမျိုးကိုချစ်တဲ့ကရင်တယောက်အနေနဲ့  ကရင်တမျိုးသားလုံးအတွက် အသက် ..သွေး…ချွေး တွေပေးဆပ်နေတဲ့ ကေအင်န်ယူအဖွဲ့ အစည်းကို စည်းလုံးညီညွတ်မှုရှိအောင် ၀ိုင်းဝန်းညှိနှိုင်း ပေးရမဲ့တာဝန်မရှိဘူးလား…ဒီတာဝန်ကို မသိတဲ့အပြင်…မလုပ်တဲ့အပြင်…ကိုယ့်ရဲ့ အမျိုးသားတော်လှန်ရေး အဖွဲ့ ကို မရမကဖက်ထုတ်သေးတယ်…
နောက်တခုက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြင်ပနိုင်ငံတခုခုမှာလဲမလုပ်၊ သတင်းထုတ်ပြန် ကြေငြာချက်တွေလည်းမဟုတ်ဘူးဆိုတော့ ဗမာစစ်တပ်ရဲ့ လုပ်ရပ်ဟာ သူခိုးကျပိုးလိုမျိုး အိမ်နောက်ဖေး အပေါက်ကနေ၀င်ပြီး ကေအင်န်ယူကိုဖက်ထုတ်ဖို့ ကြိုးစားနေတဲ့ ကလိမ်ကကျစ်လုပ်ရပ်သါဖြစ်ပါတယ်။ တဖက်လူက လိမ်လို့  လိမ်မှန်းမသိတာလား…သိသိရင်းနဲ့ မိမိကိုယ်ကျိုးအတွက် ကိုယ့်အမျိုးသားကို လက် ညိုးထိုးရောင်းစားချင်တာလား ဆိုတာ…ကိုယ့်ကိုယ်ကိုဘဲပြန်လည်ဆန်းစစ်ရမှာဖြစ်ပါတယ်။
ဦးစောပလာတူးရဲ့ ပြောစကားအရ ကရင်လူမျိုးတို့ ရဲ့ ခံစားနေရတဲ့ဒုက္ခတွေကို သူတယောက်ဘဲအသိဆုံးသူဘဲကယ်တယ်ပေးဖို့အစွမ်းဆောင်နိုင်ဆုံးလူပုဂ္ဂိုလ်ဖြစ်သလိုလို….ဒီနေရာမှာ လည်း အကြောင်းတိုက်ဆိုင်လို့  တခုလောက်ထပ်ပြောချင်သေးတယ်….2003 ခုနှစ် ကရင်နှီးနှောဖ လှယ်ပွဲကပါ ..မြစ်ဝကျွန်းပေါ်ဒေသက ကရင်အမျိုးသားဧည့်သည်တော် တယောက်ပြောသွားတဲ့ စကား တခွန်းရှိတယ်…“ကေအင်န်ယူသာ အလင်းဝင်ရင်..သို့ မဟုတ် ငြိမ်းချမ်းရေးယူရင် ကျနော်တို့ အတွက် အဆိပ်ပုလင်းတွေပါ တခါတည်းယူလာခဲ့ပါလို့ ပြည်တွင်းက ကရင်ပြည်သူတွေ စကားလက်ဆောင်ပါး လိုက်တယ်”လို့ ဆိုပြီး ယောက်ျားတန်မဲ့ …ရင်တွေဆို့ တက်လာပြီး မျက်ရည်တွေလည်း ပေါက်ပေါက်ကျ
ခဲ့တယ်….ဆိုလိုတာက ဗမာလူမျိုးတွေရဲ့ လက်အောက်မှာနေနေရတဲ့ ကရင်လူမျိုးတွေ ဘယ်လောက် ထိဖိနှိပ်မှုခံရသလဲဆိုတာ ကရင်လူမျိုးတွေဘဲသိပါတယ်…နောက်တခုက ဗမာတွေက ဘယ်လောက်ဘဲငြိမ်း ချမ်းရေးစကားဆိုဆို သူတို့ ရဲ့ ပင်ကိုယ်စရိုက် ကောက်ကျစ်တဲ့အကျင့်တွေကြောင့် ဘယ်တော့မှ ငြိမ်းချမ်း ရေးအစစ်အမှန်မဖြစ်နိုင်ဘူးဆိုတာလဲ..သိနေလို့ ပါ။
………………………………………………….
အခုတော့ ဦးစောပလာတူး၊ ဒေါက်တာစိုင်းမွန်သာ နဲ့ တီးမသေတို့ ရဲ့ ကျေးဇူးတော် ကြောင့် အဖူ့ ထိန်မောင်လည်းသမိုင်းကွေးသွားပါပြီ….နောင်တတွေလည်းတပွေ့ တပိုက်ကြီးရသွားတယ် ….တကယ်တော့ မြန်မာပြည်တိုင်းရင်းသားတွေရဲ့ အမျိုးသားတော်လှန်ရေးလောကမှာ အချို့ တိုင်းရင်း သားအင်အားစုတွေကတော့ လက်နက်ကိုင်တော်လှန်ရေးအုပ်စုနဲ့ ပြည်တွင်းပြည်ပနေ ငှင်းတို့ ရဲ့ မြေ ပေါ်မြေအောက်ပြည်သူ့ အမျိုးသားရေးအင်သားစုတွေနဲ့ ဟန်ချက်ညီညီပိရိစွာနဲ့ အမျိုးသားရေးကို ဆက် သွယ်လုပ်ဆောင်ကြတယ်။ ကျနော်တို့ ကရင်လူမျိုးတွေကျတော့ ဟန်ချက်ညီညီမလုပ်ဆောင် တဲ့အပြင် ကိုယ့်အမျိုးသားတော်လှန်ရေးအဖွဲ့ အစည်းကို ပေါ်တင်ကြီး ခွဲပြစ်ဖို့ ကြိုးစားတာ အလွန်ဝမ်းနည်းစရာ ကောင်းတဲ့လုပ်ရပ်ပါ။ နောက်တခုက ဗမာစစ်အစိုးရနဲ့ ကေအင်န်ယူ တို့ ငြိမ်းချမ်းရေးကိစ္စမှာ အကျိုး တော်ဆောင်တွေ မှိုလိုပေါသလောက် တကယ်တမ်း ကိုယ့်ကရင်အချင်းချင်း(ယခင်ဒီကေဘီအေ နဲ့ ကေအင်န် ယူတို့ ဖြစ်တဲ့တိုက်ပွဲတွေ)ဖြစ်တဲ့ပြသနာတွေကျတော့ကြားဝင်ဖြန်ဖြေပေးမဲ့ အကျိုးတော်ဆောင်မရှိသလောက် ဖြစ်နေတာလဲ အဖြေရှာရခက်တဲ့ မေးခွန်းတခုပါ။
သမိုင်းအဆက်ဆက်မှာလည်း နောင်တရသွားတဲ့အမျိုးသားသစ္စာဖေါက်တွေ အမြောက် အများရှိခဲ့ပြီးပြီ….ကျနော်တို့ ကရင်လူမျိုးတွေအတွက်လည်း သင်ခန်းစာတွေတထမ်းတပိုးကြီး ရသွားပါပြီ ….ရှေ့ ဆက်ပြီးလဲ ဘာသင်ခန်းစာတွေ ဆက်ရကြအုံးမလဲ…….

မန်းအာကါထက်
25/06/2011.
www.karentimes.blogspot.com

မြန်မာ-တရုတ် နိုင်ငံရေး ကစားကွက်များ

New_Players_Enter__But_the_China-Burma_Game_Continues_by_AUNG_LINN_HTUT


Type the rest of your post here.

နေ့ စဉ်သတင်း -25 May 2011

သျှမ်းက ချနေပြီ. ကချင်လည်း အပြတ်ဆော်တော့မယ်....

Daily_News_on_May_25-_2011


Type the rest of your post here.

Tuesday, May 24, 2011

နေ့ စဉ်သတင်း - 24 May 2011

အရေးပါတဲ့ သတင်းတွေပါ။

Daily_News_on_May_24_-_2011


Type the rest of your post here.

နေပြည်တော်အတွင်းရေးနှင့်အရှုတ်ထုတ်များ

အီးမေးမှတဆင့် ပေးပို့ လာသော ဆောင်းပါးရှင် ဖူးဒို အား အထူးကျေးဇူးတင်ပါသည်။

သောသီခိုမှာတင်နေသော နေပြည်တော်အတွင်းရေးများကို တတ်နိုင်သလောက်လိုက်ဖတ်နေခဲ့ပါတယ်။ ၀ိုင်းတော်သား တစ်ဦးအနေဖြင့် သော်သီခို၏အနစ်နာခံကြိုးပမ်းမှု့ကို သိနေသဖြင့် ဘာမျှပြောစရာမရှိ။ ၄င်းသတင်းဖြင့် စာဖတ်ပုရိတ်သတ်တစ်ချို့တို့၏ မှတ်ချက်ကိုတော့ ကြားမိပါသည်။ ပရိရယ်များသော စစ်အာဏာရှင်တို့၏ လှည့်ကွက်လား၊ ဒီလောက်အရေးကြီးလာသော အခြေနေကို သတင်းဌာနကြီးတွေက မ ဖေါ်ပြသဖြင့် ရုံရခက်သလို တစ်ဖက်လှည့်ပြန်စဉ်းစားလျှင်လည်း ဒီလိုသတင်းမျိုးကို ပုံမှန်ရေးနိုင်ရန် လုပ်ကြံ ဇတ်ခင်းပြီး စာရေးပေးနိုင်သော စာရေးဆရာမရှိနိုင်။ သတင်းဌာနကြီးမှာ မဖေါ်ပြပေးနိုင်သော်လည်း သော်သီခို မှတင်ပေးသော နေပြည်တော်အတွင်းရေးများသည် ပြင်ပတွင်ဖြစ်နေသာ အရာများနှင့် ဆက်ဆပ်နေကြောင်း ပေါ်လွင်နေပါပြီ။

မေလ ၁၂ ရက် နံနက် ၉း၃၀ တွင် တပ်ချုပ်သန်းရွှေအမိန့်ဖြင့် ဗိုလ်ချုပ်ကိုကို ဦးဆောင်ပြီး ဗိုလ်ချုပ်မောင်အး နေအိမ်အား အင်အားသုံးစီးနင်းရာတွင် ပစ်ခတ်မှု့များကြောင့် သေဆုံးသူများ တွင် ဗိုလ်ချုပ်မင်းဇော် ပါဝင်ခဲ့ပါသည်။ ဗိုလ်သန်းရွှေကဘဲတော်လို့လား၊ ဘေးလူတွေကဘဲ နုံလို့လား မပြောတတ်၊ ဗိုလ်ချုပ်တစ်ဦးကျဆုံးသည့်တိုင် သတင်းထွက်မလာသဖြင့် စစ်အစိုးရအဖွဲ့ဝင်များကို အံသြမိပါသည်။ ဗိုလ်ချုပ် တင်ဦး သေဆုံးမှု့တွင် သတင်းထိမ်းနိုင်သလို ယခုထိပ်ဆုံးက ကျွဲနှစ်ကောင် ခတ်သံကို မည်မျှထိထိမ်းနိုင်မည်ဆို တာကိုတော့ စောင့်ကြည့်ရအုံးမည်။

မေလ ၁၃ ရက်- ဗိုလ်ချုပ်သန်းရွှေ၏ စိုးရိမ်မှု့ပေါ်လွင်နေပါသည်။ ဗိုလ်ချုပ်မောင်အေး ကိစ္စနှင့်ပတ်သက်ပြီး အောက်ခြေ နှင့် ပြင်ပသို့ သတင်းပေါက်ကြားမှု့မရှိရန် ကြိုးပမ်းကြသည်။ နေပြည်တော်အတွင်းစည်း လုံခြုံရေး တိုးမြှင့်ချထားလာပါသည်။ စစ်ကောင်စီတွင်း စတင်ပြီး မတည်မငြိမ်ဖြစ်လာ ပြီးအခြေမနေမကောင်းကြောင်း သတင်းပို့လာပါသည်။ လက်ရှိသမ္မတအစိုးရသစ်၏ နိုင်ငံရေးဖွဲ့စည်းပုံဖေါ်ဆောင်ရာတွင် ခက်ခဲပြီး အခြေအနေမ ကောင်းကြောင်းတင်ပြလာပါသည်။

မေလ ၁၅ ရက်- ဖမ်းဆီးခြင်းခံရသော ဗိုလ်ချုပ်မောင်အေး၊ ဗိုလ်ချုပ်တင်ငွေ၊ ဗိုလ်ချုပ်တင်အေး တို့ကို မနက် ၁၀ နာရီတွင် ဗိုလ်ချုပ်သန်းရွှေက ခေါ်ယူတွေ့ဆုံပြီး ထပ်မံညှိနိုင်းကြသည်။ ဗိုလ်ချုပ်မောင်အေးဖမ်းဆီးမှု့နှင့် ပတ်သက်ပြီး သတင်းပေါက်ကြားမှု့ရှိကြောင်းတင်ပြလာသလို နေပြည်တော်တိုင်းစစ်ဌာနချုပ်အပါအ၀င် ကြည်း ရေ လေ မှ မတည်မငြိမ်ဖြစ်လာပြီး အခြေအနေမကောင်းကြောင်း အထက်ကို တင်ပြလာပါသည်။ တပ်မတော်တွင်း ပြိုကွဲမှု့ဖြစ်နိုင်ကြောင်း ကကကြည်းမှ သတိပေးလာပါသည်။

မေလ ၁၆ ရက်- ဗိုလ်ချုပ်သန်းရွှေ၏ စိုးရိမ်မှု့အထွဋ်အထိပ်လို့ရောက်လာပါသည်။ တပ်မ ၇၇ ၏မကျေနပ်ချက် ပိုပြင်းထန်လာပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ ပစ်ခတ်မှု့ဖြစ်သည်ထိ ဆိုးဝါးလာသည်။ အရှေ့တောင် တိုင်း စစ်ဌာနချုပ် မော်လမြိုင် မှလည်း ဗိုလ်ချုပ်ခင်ညွန့်ကိုဖမ်းသလိုမျိုး ဗိုလ်ချုပ်မောင်အေး ကို ဖမ်းဆီးပါက တပ်တွင်း အာဏာဖီဆန်မှု များလာနိုင်ကြောင်း နေပြည်တော်ကို သတင်းပို့ပါသည်။ ထို့အတူ အမှတ် ၅၀၃ လေ တပ်စခန်းမှလည်း အင်အားသုံးခုခံလာနိုင်ကြောင်း နေပြည်တော်ကို သတင်းပို့ပါသည်။

နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်ချုပ်သန်းရွှေ၏ ညွန်ကြားချက်တချို့မှ စိတ်ဝင်စားစရာများမှာ-

အတိုက်ခံအင်အားစုနှင့်တိုင်းရင်းသားအဖွဲ့ဆီသို့အာရုံလွှဲရန်
သမ္မတ သိန်းစိန်နှင့် ဒုသမ္မတ တင်အောင်မြင့်ဦးတို့အား အကျဉ်းသားကိစ္စဖြင့် နိုင်ငံရေးဖက်သို့အာရုံလွှဲရန် တိတိကျကျ ညွန်ကြားလိုက်ပါသည်။
အကျဉ်းသားကိစ္စ ဖြင့် သမ္မတသိန်းစိန်၏ ဆောင်ရွက်မှု့သည် အောင်မြင်မှု့ ( နေပြည်တော်ရည်ရွယ်ချက်) ရရှိ သည်ဟုဆိုနိုင်ပါသည်။ နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ပြည်တွင်းပြည်ပ မီဒီယာများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပါ သည်။

လက်နက်ကိုင်တိုင်းရင်းသားဖက်သို့မည်သို့မည်ပုံ အာရုံလွှဲမည်ကို အမျိုးမျိုးစဉ်းစားမိပါသည်။ DKB နှင့် KNU ပူးပေါင်းတပ် ကို တိုက်ခဲ့စဉ်က စစ်အစိုးရဖက်မှ အထိခိုက်ကျဆုံးသည် တပ်ရင်း ၁၀ ရင်းစာ ကျော်၏ (တပ်ရင်း ၁ရင်း လျှင် စစ်သည်အင်အားတစ်ရာဖြင့်တွက်ထား)။ သို့သော်လည်း ၄-၅လ ကျော်သည့်တိုင်စစ်ဆင်ရေးမ အောင်မြင်ခဲ့။ စစ်ဆင်ရေးကို ၂နေရာ ၃ နေရာ တစ်ပြိုင်နက် ဆင်နွဲစဉ် က တစ်နေရာကို တစ်ရက်လျှင် ၁၂၀ မမ အမြှောက်ကျည်အရေအတွက် ၁၀၀ ကျော်ထိပစ်ခဲ့ပါသည်။ ၄င်းကျည်၏ တန်ဖိုးသည် အနည်းဆုံး ထိုင်း ဘတ်ငွေ ၆၀၀၀ ရှိပါသည်။ ထို့ကြောင့် တစ်ရက်လျင် ၁၂၀ မမကျည် ၂၀၀ သုံးခဲ့ပါက ကုန်ကျသည့်ငွေပမာဏ မှ ၂၀၀ x ၆၀၀၀ = ၁ ၂၀၀ ၀၀၀ ဘတ် x ၂၇ ကျပ် = ၃၂ ၄၀၀ ၀၀၀ ကျပ် ဖြစ်ပါသည်။ ၄င်းငွေပမာဏ သိန်း သုံးရာကျော်သည် ၁၂၀ မမ အမြှောက်ကျည်တစ်ခုတည်း၏ တစ်ရက်စာဖြစ်ပါသည်။ အခြားအကုန် အကျများဖြစ်သော လက်နက်ခဲယမ်း၊ ရိက္ခာ၊ ဆေးဝါးကုသရေး၊ သယ်ယူပို့ဆောင်ရေး၊ စက်ယန္တာယား ပြုပြင်ထိမ်းသိမ်းခ နှင့်ဆုံးရှုံးခြင်းများကို ထည့်တွက်ပြီး ကရင်ပြည်စစ်ဆင်ရေး၏ တစ်လ အကုန်ကျစရိတ်သည် ကြီးမားသော ငွေပမာဏဖြစ်နေပါသည်။

အစိုးရသစ်မတက်ခင်က သူတစ်ကျုံး ငါတစ်ပိုက်ဖြင့် ဗိုလ်သန်းရွှေမိသားစုအပါအ၀င် စစ်ဗိုလ်ချုပ်များ သိမ်းယူခဲ့ သဖြင့် ယခုအစိုးရသစ်တက်ချိန်တွင် နိုင်ငံတော်ပိုင် နိုင်ငံခြားငွေပမာဏမှ ဒေါ်လာ ၈၄ သန်းသာ ကျန်ရှိနေပါ သည်။ ဒီအချိန်တွင် ကရင်ပြည်စစ်ဆင်ရေးကို လက်လျော့ထားဟန်ရှိသည်မှာ ဘဏ္ဍာငွေအခက်ခဲဖြစ်နိုင်သလို အတွင်းရေးမငြိမ်မသက်မှု့နှင့်လည်းဆိုင်နေပါသည်။ ထို့ကြောင့်မြှောက်ပိုင်း စစ်ဆင်ရေးဖြစ်သော ကချင် နှင့် ၀ ကို တိုက်ရန် လက်ရှိအခြေအနေတွင် မဖြစ်နိုင်ကြောင်း သုံးသပ်မိပါသည်။

ကြည်းတပ်စစ်ဆင်ရေးဖြင့် အာရုံပြောင်းရန်မဖြစ်နိုင၊် အင်အားသုံးအာခံလာနိုင်သော လေတပ်ကိုလည်း လေ တပ်စစ်ဆင်ရေးတာဝန်ပေးပြီး အာရုံလွှဲရန် မဖြစ်နိုင်ပါ။ Mig 29၊ F7 စသော တိုက်လေယာဉ်များသည် စစ်ဆင်ရေး အတွေ့အကြုံမရှိသဖြင့် စမ်းသပ်အသုံးပြုလိုသော်လည်း စစ်ဆင်ရေးကုန်ကျစရိတ် ပိုများနိုင်တာ ထက်ကိုယ့်နောက်ကျောမလုံတာကပိုဆိုးဝါးပါသည်။ အဘယ်ကြောင့်ဆိုသော် လေတပ်စစ်ဆင်ရေးကို အမိန့်ပေး လိုက်ပါက လက်နက်တပ်ကျည်ထိုးထားသောတိုက်လေယာဉ် သည် တိုင်းရင်းလက်နက်ကိုင် ပစ်မှတ်ကို သွားဖို့ ထက် နေပြည်တော်ကို ပြန်လှည့်လာဖို့ စိုးရိမ်နေရပါသည်။

တပ်မတော်၏အရေးကြီးနေ့ဖြစ်သော် မတ်လ ၂၇ ရက်နေ့တွင် လုံခြုံရေးယူရသော တိုက်လေယာဉ်များသည် ကျည်ထိုးထားသော်လည်း ပစ်ခတ်၍မရအောင် အင် ဂျင်နီယာများက စစ်ရုံးအမိန့်ဖြင့် အမြဲတမ်း ဆောင်ရွက်နေရပါသည်။ သာမာန်ပြုလုပ်လေ့ရှိသော နေ့စဉ် လေ့ကျင့်ပျံသန်းခြင်းဆို ဝေးစွ လက်နက်တပ်ဆင်ခြင်းလုံးဝမရှိ။

သို့သော်လည်း လက်ရှိမကျေမနပ်ဖြစ်နေသောတပ်များကို အာရုံလွှဲဖို့တစ်ခုခုလုပ်ရမည့်အခြေနေသို့ရောက်နေ ပါပြီ။ နောက်ဆုံးတော့ မရိုးနိုင်ဇတ်ပွဲကိုဘဲ ဆက်ကပါတော့သည်။

မေလ ၁၆ ရက်တွင် တိုင်းရင်းသားဖက်သို့ အာရုံလွှဲရန် အမိန့်ပေးပြီး ၁၈ ရက်တွင် နေပြည်တော်နား ရှိဆင်သေ ဘူတာတွင် ခရီးသည်တင်မီးရထားတွဲမှ ဗုံးပေါက်ကွဲသဖြင့် ခရီးသည် ၂ ဦးသေပြီး ၆ ဦး ဒဏ်ရာရခဲ့ ပါသည်။ နောက်တစ်နေ့ မေလ ၁၉ ရက်တွင် မြ၀တီမြို့ရှိ စာတိုက်နှင့်ကြေးနန်းရုံးနားတွင် ဗုံးပေါက်ပြန်သည်။ သို့သော်လည်း လူအသေအပျောက်မရှိ။ နေပြည်တော်နားတွင် ဗုံပေါက်သဖြင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ တပ်ရင်းအနည်းနှင့်အများ အလုပ်ရှုပ်မည်ဖြစ်သည်။ ၄င်းဗုံးသည် ညနေ ၄ နာရီတွင်ဗုံးပေါက်သော်လည်း ထိုနေ့ တွင် လုံခြုံရေးနှင့် ပတ်သက်ပြီး နေပြည်တွင် ဆောင်ရွက်မှု့အထွေအထူးမရှိ။ နောက်နေ့ညနေမှစပြီး နေပြည်တော် ရှိလမ်းတစ်ချို့တွင်လုံခြုံရေးချထားပြီး စစ်ဆေးမှု့များပြုလုပ်လာပါသည်။ ၄င်းဗုံးပေါက်မှု့သည် KNU လက်ချက်ဖြစ်ကြောင်း ဗုံးပေါက်သည့် မေလ ၁၈ ရက်တွင်ပင် အာဏာပိုင်မှ AFP သတင်းဌာန ကိုပြောခဲ့ပါ သည်။ မြန်မာစစ်အစိုးရသည် ရှေ့နောက်ညီအောင် ခုထိ ဇတ်မကတတ်သေးပါ။ နေပြည်တော်နားဗုံးပေါက်ကွဲမှု့ ကို KNU ဟုစွတ်ဆွဲလိုပါက ဗုံးပေါက်ပြီးနာရီပိုင်းအတွင်း နေပြည်တော်တွင်လုံခြုံရေး ကိုချက်ခြင်းတိုးချထားရ မည်ဖြစ်သည်။

ဗုံးဖေါက်သည့်တရားခံ ကိုတော့ ကြုံရာလိုက်ဆွဲသည်။ သို့သော် သဘာဝမကျ။ ဗုံးသည် ချိန်ကိုက်ဗုံးဖြစ်ပြီး တရား ခံဟုသံသရရှိသူ ၇ ဦးကိုဖမ်းဆီးထားပါသည်။ ၄င်းဖမ်းခံထားရသူ ၇ ဦးလုံးသည် ဗုံးပေါက်ကွဲသည့် ရထားတွဲ အမှတ် ၃ တွင် ဆီးနှင်းလိုက်ပါလာသောခရီးသည်များဖြစ်ပါသည်။ ဘယ်သူမဆို ကိုယ့်အန္တာရယ်ကို တော့သိတတ်ပါသည်။ ကိုယ်စီးတဲ့အတွဲ ကို ဘယ်ငတုံးမှဗုံးပြန်ခွဲမည်မဟုတ်၊ ထို့ပြင် ချိန်ကိုက်ဗုံးဖြစ်မှတော့ ဗုံးမပေါက်ခင် နီးစပ်ရာဘူတာသို့ ဆင်းနေမှာသေချာပါသည်။ ခုချိန်မှာ စစ်ဘီလူးများ၏ နှိပ်စက်ခြင်းကိုခံနေရ သော ၄င်းခရီးသည် ၇ ဦးကိုသနားမိပါသည်။ မထင်မှတ်ဘဲ စစ်အာရှင်၏သားကောင်ဖြစ်ရခြင်းတွက် ကိုယ်ခြင်း စာမိပါသည်။

နေပြည်တော်နားမှာ ရွေးချယ်ပြီး ဗုံးခွဲခြင်းသည် နေပြည်တော်တွင်ရောက်ရှိနေသော အမေရိကန် ဒုတိယနိုင်ငံ ခြားရေးဝန်ကြီးဂျိုးဇက်ယွန်းနှင့်လည်း ဆက်စပ်မှု့ရှိပါသည်။ အဘယ်ကြောင့်ဆိုသော ဒီလိုမျိုးဧည့်သည် ကိုနေပြည်တော်မှ လုံးဝလက်ခံခြင်သည်မဟုတ်။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ်မစ္စတာဘန်ကီမွန်းဖုန်းဆက်တာ တောင် ဗိုလ်ချုပ်သန်းရွှေက ဖြေသည်မဟုတ်။ ထို့အတူကုလသမဂ္ဂ ကိုယ်စားလှယ်များ လာပါက ပြည်ဝင်ခွင့် ဗီ ဇာ ကို ခက်ခက်ခဲခဲ ရအောင်တောင်းယူရသည်။ ယခုလည်း အမေရိကန် အစိုးရသည် မြန်မာစိုးရပေါ် ပိတ်ဆို့ အရေးခြင်းကို ၁ နှစ်သက်တမ်းတိုးပြီးမကြာခင်မှာ နေပြည်တော်သို့ရောက်ရှိလာသော အမေရိကန်၏ အဆင့် အမြင့်ဆုံးအရာရှိဖြစ်ခြင်းကြောင့် မျှော်လင့်ခြင်းတစ်ချို့နှင့်အတူ လက်ခံတွေ့ဆုံသော်လည်း ဂျိုးဇက်ယွန်း က မြန်မာအစိုးရသစ်ကို ဒီမိုကရေစီနည်းလမ်းကျကျ ပြုပြင်ပြောင်းလဲမှု့၊ လူ့အခွင့်အရေး၊ အကျဉ်းသားကိစ္စ များသာ ဖိအားပေးသွားပါသည်။ အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး နှင့် ဆွေးနွေးမှု့များ အဆင်ပြေခဲ့ပါက အာရုံလွှဲရန်တွက် နေပြည်တော်နားမှာ ဗုံးမဖေါက်ဘဲ အခြားနေရာများတွင်သာဗုံးဖေါက်မှာဖြစ်သည်။

၂၀၀၉ ဖေဖေါ်ဝါရီလတွင် ကမ္ဘာ့ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဖြစ်သော မစ္စတာ သော်မတ်စ်အိုဂျေကင်တားနား ( Mr Tomas Ojea Quintana) မြန်မာပြည်ရောက်ရှိပြီး ကရင်ပြည်နယ်သို့ လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး ကွင်းဆင်းလေ့လာ ရန်ဖြစ်သည်။ သူသည် မြန်မာစစ်အစိုးရ၏ မလိုခြင်ဆုံး ဧည့် သည် တစ်ဦးဖြစ်၏။ ကင်တားနား ကရင်ပြည်နယ် ဖားအံမြို့သို့ရောက်ရှိတာနှင့် မြ၀တီမြို့တွင် ပေါက်ကွဲမှု့များ ဖြစ်တော့၏။ ဤပေါက်ကွဲမှု့သည် ဗုံးခွဲခြင်းမျိုးမဟုတ်၊ မြို့ထဲသို့ လက်နက်ကြီးအမြှောက်ဖြင့်ပစ်ခတ်ခြင်းဖြစ်၏။ ထုံးစံအတိုင်း KNU ဟုစွတ်စွဲပြန်သည်။ သို့သော် နအဖ ၏လုပ်ဇတ်သည် ဖင်ပေါ်စမြဲ။ လက်ရှိ KNU တွင်ထိုကဲ့ သို့ လက်နက်ကြီးအမြှောက် မရှိသည်ကို နိုင်ငံတကာ စစ်ရေးကျွမ်းကျင်သူများသိထားပြီးသားဖြစ်သလို လူ့အခွင့်ရေးတွက် တိုက်ပွဲဝင်နေသော KNU သည် မြန်မာပြည်တွင်းစစ်ကို လာရောက် ကူညီဖြေရှင်း ရန် ကမ္ဘာ့ကုလသမဂ္ဂ ကို နှစ်ရှည်လများတောင်ဆိုနေသော အဖွဲ့ဖြစ်သည်။ နောက်ဆုံးတွင် ကင်တာနား သည် လုံခြုံရေးအကြောင်းပြချက်ဖြင့် ဖားအံမြို့မှ လှည့်ပြန်ပြီး သူသွားခြင်သော ရခိုင်ပြည်နယ်ကိုပါ မရောက်တော့ဘဲ မြန်မာပြည်မှပြန်လည်ထွက်ခွါသွားရပါသည်။

ယခု အာဏာရှင်အစိုးရ၏ ခေါင်ကျွဲ ၂ ကောင်ခတ်ရာတွင် မြေဇာပင်များမှာ ပြည်သူများနှင့် တပ်မတော်သားတ ချို့တို့ဖြစ်နေရပါသည်။ ပြည်သူများ အာဏာရှင်စနစ်ကို မုန်းတီးနေသလို ပြည်သူဖက်ရပ်တည်ပြီး အာဏာရှင် ကို ဖြုတ်ချခြင်သော တပ်မတော်သားများလည်း ရှိနေပါသည်။ ပြည်သူချစ်သော တပ်မတော်သား များ မည်ကဲ့သို့စွန့်လွှတ်စွန့်စားပြီး ပြည်သူများကို ကယ်တင်နိုင်သည်ကို မြန်မာပြည်သူပြည်သားများစောင့်မျှော် လျှက်ရှိနေပါသည်။


မြန်မာပြည်သူပြည်သားများရန်မျိုး ၆ ပါးမှကင်းဝေးကြပါစေ။

ဖူးဒို
မေလ ၂၄ ရက်၊ ၂၀၁၁
www.karenunited.com

Monday, May 23, 2011

ဆလုံ လူမျိုးတွေအကြောင်း တစေ့တစောင်း (ရုပ်သံ)

ဧရာဝတီ သတင်းမှရယူသည်။

The Plight of Burmese Sea Gypsies (Salone):


Type the rest of your post here.

နေ့ စဉ်သတင်း 23 May 2011 - SSA ‘South’, SSA ‘North’ declare ‘We are one’

သျှမ်းတွေက ပြောတယ် "We are one" တဲ့... အင်မတန်မှ အားရစရာကောင်းပါသည်။

Daily_News_on_May_23-_2011


Type the rest of your post here.

နေပြည်တော်အတွင်းရေး - စစ်ကောင်စီ ရုံးချူပ်အတွင်း ပေါက်ကွဲမှုဖြစ် - 23 May 2011

2011_May_23_Explosion_at_radar_camp__Plane_crash_at_Thabeikkyin__No_2_Command_situation_worse_--_blog


Type the rest of your post here.

ဦးမောင်မောင်အား မြန်မာပြည်သို့ သွားကြောင်း တင်ပြလာသည့်ကိစ္စနှင့်စပ်လျဉ်း၍ NCUB ၏ သုံးသပ်ချက်

2011_May_20_NCUB_statement_on_TG_freq_flyer_statement_for_U_Maung_Maung-Bur


Type the rest of your post here.

ထိုင်းမီဒီယာနှင့် ဗိုလ်ထိန်မောင် အင်တာဗျူး - (စကားပြန် ဆရာတိမသေ)

ဗိုလ်ထိန်မောင် ငြိမ်းချမ်းရေးမယူခင် ပလာထူးတို့ အုပ်စု ဘယ်လိုကြိုးပန်းခဲ့ကြသလည်းဆိုတဲ့ ဗီဒီယိုဖိုင်ကို တင်ပေးပြီးဖြစ်တယ်။
ယခု ဗိုလ်ထိန်မောင်နဲ့ ထိုင်းမီဒီယာတို့  အင်တာဗျူးလေးကို ကြည့်လိုက်ကြပါအုံး။
မေးတဲ့လူမေးပြီး ဖြေတဲ့လူက ဖြေချင်သလိုဖြေနေသလားလို့ ပါ။



Type the rest of your post here.

Sunday, May 22, 2011

ကရင့်တော်လှန်ရေးကို ၀င်ရောက်စွက်ဖက်ခဲ့သော သန်းကြွယ်သဌေး စောပလာထူး အရှုပ်ထုပ် ဇာတ်လမ်း(ဗီဒီယိုမှတ်တမ်း)

မှတ်ချက်။ ။ KNL Japan သတင်းစာမျက်နှာမှ ပြန်လည်ကူးယူ ဖေါ်ပြသည်။

အကြောင်းအရာတွေက မနေ့ က တင်ထားတဲ့ ဗီဒီယိုအပိုင်းမှာ တော်တော်များများပါသွားပြီးသားပါ။ တာပေမယ့် ယခုဗီဒီယိုဖိုင်က ကြည့်ရတာ ပိုပြီးကြည်လင် ရှင်းလင်းပြီး ပိုပြီးပြည့်စုံပါသည်။ ကရင့်တော်လှန်ရေးသမိုင်းစာမျက်နှာမှာ သမိုင်းဝင်သွားမည့် ဗီဒီယိုမှတ်တမ်းမို့  တခြားလူတွေ မကြည့်ချင်နေပေ့စေ ကရင်လူမျိုးအားလုံးကို မြင်တွေ့ စေချင်သော ဆန္ဒဖြင့် တင်ဆက်ပေးလိုက်ပါတယ်။
မျိုးချစ်ပုဂ္ဂိုလ်တွေလား၊ ကိုယ့်ကျိုးအတွက်ကို မျှော်ကိုးပြီး အကွက်ချတဲ့ စီးပွားရေးသမားတွေလား၊ အမျိုးသား သစ္စာဖေါက်တွေလား၊ ခေတ်ပညာတတ်ပြီး အမျိုးသားရေး နိုင်ငံရေးမှာ နလပိန်းတုံးတွေလား၊ ဘာလည်း ညာလား ဆိုတာတွေ ပွဲကြည့်ပရိတ်သတ်များရဲ့ ထင်မြင်ယူဆချက်တွေကို comment box တွင် သော်လည်းကောင်း၊ cbox တွင်သော်လည်းကောင်း လွတ်လပ်စွာ မှတ်ချက်ပေးသွားနိုင်ပါသည်။







မူရင်း - http://www.knljapan.co.cc/

Type the rest of your post here.

Friday, May 20, 2011

စောပလာထူး၊ သိက္ခာတော်ရ ဆရာ စောမာဂေကြီး၊ ဒေါက်တာစိုင်းမွန်သာ တို့ မျှော်လင့်ခဲ့ကြသော ငြိမ်းချမ်းရေး (ဗီဒီယိုမှတ်တမ်း)

ဒီဗီဒီယိုမှတ်တမ်းက အဖိုးတန်မှတ်တမ်းလေးပါ။ http://www.knljapan.co.cc/ သတင်းစာမျက်နှာမှ ပြန်လည်ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။ KNL Japan ၀ိုင်းတော်သားများကိုလည်း ကျေးဇူးအရမ်းတင်ပါသည်။

တချိန်က ကေအဲန်ယူ တပ်မဟာ(၇)မှူး ဗိုလ်မှူးချူပ်ဟောင်း ထိန်မောင် နအဖ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူသွားခဲ့ရတဲ့ ဇတ်လမ်းမှာ အဓိက ဇာတ်ကောင်တွေနဲ့ သူတို့ တွေ ဗမာစစ်အစိုးရအပေါ် ဘယ်လိုယုံကြည်ခဲ့တာတွေကို ယနေ့ ဖြစ်ပျက်နေတာတွေနဲ့ ပြန်ချိန်ထိုးကြည့်လိုက်ရင် ကွက်ကွက်ကွင်းကွင်း မြင်တွေ့ ကြရမှာဖြစ်ပါသည်။

ဒီနေရာမှာ အမြင်နှစ်မျိုးနဲ့ မြင်တွေ့ ကြည့်လိုက်ရင် ဗီဒီယိုဖိုင် ထဲမှာ အားတက်သရော ပါဝင်ဆွေးနွေးသူတွေက နအဖ အလိုတော်ရိ အသုံးတော်ခံတွေ လို့ ယူဆ၍ ရသလို နောက်အမြင်တစ်ခုက တဖက်မှာ သူတို့ တွေကိုယ်တိုင် ဗမာစစ်အစိုးရရဲ့လှည့်ကွက် ပတ်ကွက်တွေကို ကြိုမြင်နိုင်စွမ်းမရှိကြ၍ နအဖစစ်အစိုးရပြောခဲ့တဲ့ အတုအယောင်ငြိမ်းချမ်းရေး ကို
အဟုတ်ကြီးထင်မှတ်ခဲ့ကြသူတွေလို့ အကောင်းမြင်ယူဆပေးလို့ ရပါသည်။ ထိုအချိန် ထိုကာလက သူတို့ တွေဟာ ယခု BGF လို့ ခေါ်တဲ့နယ်ခြားစောင့်တပ်ကိစ္စ ပေါ်ပေါက်လာမည်လို့ ဘယ်သူတွေမှ ထင်ခဲ့ပုံမရပါဘူး.. ကချင်တွေငြိမ်းချမ်းရေးယူဒါကို အားကျနေတဲ့ ပုံပမာတွေပေးသူက ပေးနေပါတယ်။ ကချင်ကိုယ်တိုင်လည်း တစ်နေ့ နယ်ခြားစောင့်တပ်သို့ အရေခွံ့ လှဲပစ်ခံရမယ်ဆိုတာ အစကတည်းက ကြိုမြင်နိုင်စွမ်းမရှိခဲ့ကြပါဘူး….

လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း တိုင်းရင်းသားအဖွဲ့ တွေ တဖွဲ့ ဖွဲ့ ဗမာ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူနေချိန်မှာ အစတည်းက ဗမာစစ်အစိုးရရဲ့မူမမှန်တဲ့ သဘောထားတွေကို ကြိုသိနေတဲ့ KNU ပါမသွားခဲ့ပါဘူး.. ရိုးရိုးလေးတွေးပြီး ငြိမ်းချမ်းရေးမယူရကောင်းလားဆိုပြီး KNU ကိုပစ်တင်ရှုတ်ချခဲ့တဲ့ ကရင်လူမျိုးတွေလည်း အများကြီးပေါ့။ အခုတော့ သိပ်ရှင်းသွားပါပြီ။ နအဖက နယ်ခြားစောင့်တပ်ကို အသက်သွင်း ဖို့  စတင်ကြိုးစားလာတာနဲ့  နိုင်ငံရေးမှာ ကကြီး ခခွေးလောက်ပဲသိထားတဲ့သူတွေအတွက် KNU နအဖ စစ်အစိုးရနဲ့ ငြိမ်းမယူဖြစ်ခဲ့တဲ့ပုစ္ဆာက သူတို့ အတွက် အဖြေရှင်းရှင်းထွက်သွားပါပြီ။ ခုချိန်မှာ ကချင်၊ မွန်၊ ရှမ်း အစသဖြင့် နအဖနဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့အဖွဲ့ တွေ BGF ကိစ္စမှာ သူတို့ ဘ၀ စာမျက်နှာသစ်တစ်ရွက် ပြန်ဖွင့်ဖို့ ပြင်ဆင်နေရတယ်မဟုတ်ပါလား။

ဒီဗီဒီယိုဖိုင် ယခုအွန်လိုင်းပေါ်သို့ ပေါ်ထွက်လာတာဟာ အင်မတန်မှ ကောင်းမွန်ပါသည်။ ကရင်အမျိုးသားတွေကြားမှာ သို့ လောသို့ လောနဲ့ အမြင်မရှင်းခဲတာတွေ ယခု ဒီဗီဒီယိုဖိုင်က သက်သေခံပေးလိုက်ပါပြီ။ KNU နဲ့ KNLA နိုင်ငံရေးနဲ့ တပ်ကို ခွဲပြီး တပ်ကို ဆွဲထုတ်ဖို့ ကြံစည်ခဲ့တဲ့ဇတ်လမ်းတွေ၊ ဘယ်သူတွေက အဓိက ဇတ်ကောင်တွေလည်းဆိုတာလည်း ရှင်းနေပါပြီ။ ဗီဒီယိုဖိုင်ထည့်မှာ ဒေါက်တာတိမသေ တယောက်မမြင်လိုက်ရပေမယ့် သူလည်း အခုဆွေးနွေးပွဲမှာ ပါဝင်တဲ့သူတွေနဲ့  အင်မတန်မှ ရင်းနှီးပါတယ်။ သူလည်းဒီဇာတ်လမ်းမှာ ပါဒါပါပဲ။

ဗိုလ်မှူးချူပ်ဟောင်းထိန်မောင်အပါအ၀င် ဒီထဲမှာ အားတက်သရော ဆွေးနွေးသူတွေက စိတ်ရင်းစေတနာမှန်ခဲ့သည်တိုင်အောင် ဗမာစစ်အစိုးရရဲ့လက်ကွက်ကြောင့် ခင်ဗျားတို့ သမိုင်းမှာ အမည့်စက် တစ်စက် စွန်းထင်းသွားခဲ့ပါပြီ။ အင်မတန်မှ သင်ခန်းစာယူသင့်ပါတယ်။






Type the rest of your post here.

KNU Statement on Bombing near Capital of Burma’s Dictators

KNU_statement_on_bombing_near_Capital_of_Burma_dictators


Type the rest of your post here.

နေပြည်တော်အတွင်းရေး - 20 May 2011

2011_May_20_Than_Shwe_order_MinAungHlaing_SoeWin_to_ready_for_coup


Type the rest of your post here.

နေပြည်တော်အတွင်းရေး - 19 May 2011

2011_May_19_Hectic_issues_at_NPT_and_top_echelon__LID_77_unrest__many_troops_listening_to_No_2_Military_Command_treatment_b


Type the rest of your post here.

သံတောင်မြို့နယ်တွင် အစိုးရ စစ်တပ်က စပါးမျိုးစေ့များနှင့် တဲအိမ်များကို မီးရှို့ဖျက်ဆီး

မေလ ၁၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် တောင်ငူခရိုင် သံတောင်မြို့နယ်တွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်မှ တပ်ရင်း ၂ရင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ရေသိုးကြီးဂွင်ရှိ ဒေသခံရွာသားများ၏ တောင်ယာစပါးမျိုးစေ့များနှင့် လူနေတဲအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

လွတ်မြောက်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်ကြသည့် ရွာသားများ (ဓါတ်ပုံ - CIDKP)

အစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၉) လက်အောက်ခံ ခမရ(၅၄၁)နှင့် ခမရ(၃၇၆) တပ်ရင်းတို့သည် ပြီးခဲ့သည့် မေလ ၁၅ရက်နေ့က ရေသိုးကြီးဂွင်ရှိ ဒေသခံရွာသားများ၏ စပါးမျိုးစေ့၃၃တင်းခွဲနှင့် လူနေတဲအိမ် ၆လုံးကို အကြောင်းမဲ့ ၀င်ရောက်မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “စကခ(၉)၊ ခမရ(၃၇၆)နဲ့ ခမရ(၅၄၁) တပ်ရင်း ၂ရင်းကနေပြီး ရေသိုးကြီးအထက်က မောင်းတိုင်ကြီး၊ ခူလောင်အဲမှာရှိတဲ့ ရွာသားတွေရဲ့ တောင်ယာခင်းထဲကိုဝင်ပြီးတာနဲ့ စပါးမျိုးစေ့ ၃၃တင်းခွဲ ဖျက်ဆီးပစ်လိုက်တယ်။ လူနေအိမ်တဲထဲမှာ အိုးတွေ၊ ခွက် တွေ၊ အသုံးအဆောင်တွေ ယူလို့နိုင်သလောက် ယူတယ်။ တဲခြောက်လုံးကိုလည်း မီးရှို့ပစ်လိုက်တယ်။”ဟု ပြောသည်။


ယခု စပါးမျိုးစေ့များနှင့် လူနေတဲအိမ်များ မီးရှို့ဖျက်ဆီးခံရသည့်နေရာသည် ပဲခူးတိုင်း၊ တောင်ငူမြို့၏ အရှေ့ဘက်ခြမ်း မိုင် ၄၀အ ကွာအဝေးတွင်ရှိပြီး ၎င်းဒေသတွင် အစိုးရစစ်တပ်ကို အတွေ့မခံသည့် ရွာပုန်းရွာရှောင်ဖြင့် နေထိုင်သော ဒေသခံ ကရင်ပြည်သူ ၃၀၀ကျော်ရှိသည်။

ထိုကဲ့သို့ စပါးမျိုးစေ့များ ဖျက်ဆီးခံခဲ့ရသည့်အတွက် ဒေသခံတောင်သူများသည် ယခုနှစ် တောင်ယာစပါး စိုက်ပျိုး၍မရသော ကြောင့် လာမည့်နှစ်တွင် စားနပ်ရိက္ခာပြတ်လပ်မှု နှင့် ကြုံရနိုင်သည်ဟု အဆိုပါဒေသခံက ပြောသည်။

၂၀၀၇ခုနှစ်က သံတောင်မြို့နယ်၊ ရေသိုးကြီးဂွင်တွင် နအဖစစ်တပ်၏ မီးရှို့ဖျက်ဆီးခံရသည့် စပါးမျိုးစေ့များ (ဓါတ် - CIDKP)

“တကယ်လို့ ရိုးရိုးဆန်ကို ဖျက်ဆီးသွားလို့ရှိရင် ပြန်ဝယ်ယူပြီးတော့ စားလို့ရသေးတယ်။ မျိုးစေ့ကျတော့ လာမယ့်တနှစ်စာအတွက် ရည်ရွယ်ထားတဲ့ မျိုးစေ့တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ အနည်းဆုံး တနှစ်တာကာလကတော့ ဘာမှလုပ်စားလို့မရတော့ဘူး။ နောက်နှစ်အတွက် တော်တော် ဒုက္ခရောက်မယ်။”ဟု ၎င်းက ဆက်ပြောသည်။

လွန်ခဲ့သည့် ၂၀၀၆-၂၀၀၇ခုနှစ်က တောင်ငူခရိုင်တွင် အလားတူ နအဖစစ်တပ်များ၏ အကြီးအကျယ် ထိုးစစ်ဆင်မှုကြောင့် ထောင် နှင့်ချီသည့် တောင်ငူဒေသခံများသည် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးကာ တောတောင်များတွင် ရွာပုန်းရွာရှောင်အဖြစ် ယနေ့ အချိန်ထိ ပုန်းအောင်းနေထိုင်နေရဆဲဖြစ်သည်။

မြန်မာစစ်တပ်နှင့် KIA ကြား ပြည်တွင်းစစ်ဖြစ်ရန် နီးစပ်လာ

Wednesday, 18 May 2011 23:23 KNG

မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)ကြား လတ်တလော စစ်ရေးတင်းမာမှု အခြေအနေများ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် နေရာ ၃ ခု တွင်ဖြစ်ပွားခဲ့သည်ဟု KIA အရာရှိများပြောသည်။

ယနေ့ ဗုဒ္ဓဟူးနေ့ နံနက် ၅ နာရီခန့်တွင် ဒေါ့ဖွမ်းယန်မြို့နယ်ခွဲ၊ မြို့သစ်အခြေစိုက် ခမရ ၃၂၀ သည် KIA တပ်မဟာ ၅ လက်အောက်ခံ ဗန်းမော်ခရိုင်၊ တာခေါ်ခမြစ် (တာပိန်မြစ်) အနောက်ဘက်ကမ်းရှိ KIA တပ်ရင်း ၂၅ ကို အမြောက်ကျည် (၇၅ မမ) ဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့သည်ဟု KIA အရာရှိများ ဆိုသည်။

အမြောက်ကျည် ၃ ကြိမ် တပ်ရင်းအနီး ကျရောက်ခဲ့ပြီး သေဆုံးဒဏ်ရာရမှု မရှိဟု KIA တပ်ရင်း ၂၅ အရာရှိများ ကချင်သတင်းဌာနသို့ပြောသည်။

၎င်းနောက် နှစ်ဖက် တပ်လှန့်ထားပြီး KIA တပ်မဟာ ၃ လက်အောက်ခံ မံစီမြို့နယ်ရှိ KIA တပ်ရင်း ၁ အနီးသို့ မြန်မာစစ်တပ်များဖြန့်ချလာကြောင်း ဒေသခံမျက်မြင်သက်သေများက ဆိုသည်။

ထို့အတူ ဆင်ဘိုအနီး KIA တပ်ရင်း ၅ ကို ယခုနှစ် မေလ ၂၅ ရက်တွင် ပြောင်းရွှေ့ရန် မြန်မာစစ်တပ်က ဖိအားပေးလာပြီးနောက် ကချင်ပြည်နယ်တောင်ပိုင်း နှစ်ဖက်စစ်ရေးတင်းမာမှု တိုးလာသည်။

လမ်းတည်ဆောက်နေမှုကို ဟန်ပြ၍ မြန်မာစစ်တပ်က KIA တပ်ရင်း ၅ အနီးနေရာယူလာသည်။ KIA က တပ်ရင်းနေရာပြောင်းရွှေ့ရေးကို ငြင်းပယ်ထားသည်။

မြန်မာစစ်တပ်က တပ်ရင်းအနီးချဉ်းကပ်ရန်ကြိုးပမ်းလာပါက စစ်ဖြစ်လာမည်ဟု KIA အရာရှိများ ပြောသည်။

ထို့နောက် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ကန်အခြေစိုက် KIA တပ်မဟာ ၄အနီးသို့ မြန်မာစစ်အစိုးရ၏ လမ်းတည်ဆောက်နေမှုကြောင့် မြန်မာစစ်တပ်နှင့် KIA ကြား အချိန်မရွေး တိုက်ပွဲဖြစ်နိုင်သည်ဟု ယင်းတပ်မဟာ ၄ အရာရှိ များပြောသည်။

၇ မိုင်ရှည်သည့်လမ်းခွဲသည် KIA တပ်မဟာ ၄ နှင့် ကွတ်ခိုင်-တာမိုးနဲ-မုံစီ လမ်းမကြီးနှင့် ဆက်သွယ်ပေးရန်ဖြစ်သည်။

KIA တပ်မဟာ ၄ နယ်မြေအလည်မှ ဖြတ်ပြီးဖောက်မည့်လမ်းသည် ၎င်းတို့တပ်မဟာ ကို သိမ်းပိုက်ရန် ဗျူဟာ ဖြစ်သည့်အတွက် မြန်မာအာဏာပိုင်များအား လမ်းဖောက်လုပ်ခြင်းမပြုရန် အကြိမ်ကြိမ် သတိပေးခဲ့သည်ဟု တပ်မဟာ ၄ သဘာပတိ လဖိုင်ဇော်ရော် ပြောသည်။

လျစ်လျူရှူကာတပ်မဟာ ၄ ကိုဦးတည်သည့်လမ်း ဆက်လက်ဖောက်လုပ်လျှင် အင်အားသုံးပြီး တားမြစ်ရလိမ့်မည်ဟု ဇော်ရော်ဆက်ပြောသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သည် ပြည်ထောင်စုမြန်မာနိုင်ငံမှ အင်အားကြီးသည့် လက်နက်ကိုင်အဖွဲ့ထဲမှ တစ်ခုဖြစ်သည်။ စစ်မှန်သည့်ပြည်ထောင်စုစနစ်နှင့် ကိုယ်ပိုင်ပြဌါန်းခွင့်ကို တောင်းဆိုနေသည်။

ထို့အပြင် မြန်မာနိုင်ငံမှ လူမျိုးစု ၁၂ ခု ပါဝင်သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ (United Nationalities Federal Council, UNFC) ကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ပါဝင်ပြီး ယခုနှစ် ဖေဖော်ဝါရီ တွင် ထူထောင်သည်။

UNFC သည်လည်း စစ်မှန်သောပြည်ထောင်စုနှင့် လူမျိုးစုများကြား တန်းတူအခွင့်အရေးအတွက် ရည်ရွယ်ဖွဲ့စည်းသည်။

မြန်မာဗဟိုအစိုးရက ယင်း KIA နယ်မြေများတွင် ဆက်ပြီးဖိအားပေးနေပါက လတ်တလော တင်းမာမှုမှ ပြည်တွင်းစစ်သို့ ပြောင်းလဲနိုင်သည်ဟု KIA အရာရှိများဆိုသည်။
http://kachinnews.com/burmese/2010-01-18-05-43-21/395--kia-.html

နေ့ စဉ်သတင်း - 18 May 2011

Daily_News_on_May_18_-_2011


Type the rest of your post here.

Tuesday, May 17, 2011

ကြံ့ခိုင်ရေးကိုသာ အာဏာလွှဲကြောင်း ဦးမောင်ဦး ပြော

မောင်ဦးဆိုတဲ့ကောင် ချင်းလူမျိုးကို တိုက်ခိုက်ပြောဆိုလိုက်တဲ့စကားဟာ မဟာဝါဒီ တို့ ရဲ့ ဇာတိသွေးကို ထုတ်ပြလိုက်တာပါပဲ။

ကိုပေါက် | အင်္ဂါနေ့၊ မေလ ၁၇ ရက် ၂၀၁၁ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံတော် အာဏာအား လွှတ်တော်သို့ လွှဲခြင်းမဟုတ်ဘဲ ကြံ့ခိုင်ရေးပါတီသို့ လွှဲအပ်ခြင်းသာ ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီထိပ်တန်းခေါင်းဆောင် ဦးမောင်ဦးက ရခိုင်ပြည်နယ် ပေါက်တော မြို့မိမြို့ဖများနှင့် ဝန်ထမ်းများကို စနေနေ့တွင် တွေ့ဆုံပြောဆိုခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပေါက်တောမြို့ ဘိုတဲနေရာ၌ မြို့မိမြို့ဖများနှင့် ဝန်ထမ်း ၅ဝ ခန့်ကို ခေါ်ယူတွေ့ဆုံကာ၊ မနက် ၁ဝ နာရီမှစ၍ ၁၁ နာရီခွဲခန့်အထိ ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦး တဦးတည်းသာ မိန့်ခွန်းပြောဆိုခဲ့သည်။

“ဘယ်လိုပြောလဲဆိုရင်… ကျနော်တို့ ကြံ့ခိုင်ရေးပါတီဟာ အစိုးရလည်းဖြစ်တယ်၊ ပါတီလည်းဖြစ်တယ်ဆိုတော့ တနည်းအားဖြင့် အာဏာလွှဲပေးတယ်ဆိုတာ လွှတ်တော်ကို လွှဲပေးတာ မဟုတ်ဘူး။ ကြံ့ခိုင်ရေးကို လွှဲပေးတာတဲ့။ ရခိုင်ပါတီကို မဲပေးလိုက်လို့ ဒီပြည်ထောင်စု အစိုးရထဲမှာ ဘယ်ဝန်ကြီးကို ခင်ဗျားတို့ တွေ့ရလို့လဲလို့ ပြောသေးတယ်” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ပြည်နယ်လွှတ်တော်အမတ် ဦးတက်ထွန်းအောင်က မဇ္ဈိမကို ပြောသည်။



“ ဖိတ်တာက လွှတ်တော်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ usda-usdpလာမယ်ဆိုပြီး ခေါင်းစဉ်နဲ့ ဖိတ်စာနဲ့ဖိတ်တာ။ အစည်းအဝေးမှာ ပြောတဲ့အခါကျတော့ သူကကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင်ပါ၊ ကြံ့ခိုင်ရေးကို ကိုယ်စားပြုပြီး လာတာပါတဲ့” ဟု သူက ဆိုသည်။

ဗိုလ်ချုပ်ဟောင်း ဦးမောင်ဦးမှာ ယခင် နအဖ အစိုးရလက်ထက်က ပြည်ထဲရေးဝန်ကြီး ဖြစ်ခဲ့ဖူးပြီး၊ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ကြံ့ဖွံ့ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ပါတီစည်းကမ်းထိန်းသိမ်းရေးမှူး ဖြစ်သည်။

ပြည်ထဲရေးဌာနဝန်ထမ်းများ အသိုင်းအဝိုင်းအတွင်း ဦးမောင်ဦးမှာ ဒေါသကြီးသူ၊ အလုပ်ကိုဇွဲနှင့် လုပ်တတ်သူဖြစ်ကာ ဂေါက်သီးရိုက် ဝါသနာထုံသူ၊၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကြည်ညိုသူဖြစ်ပြီး လက်အောက်ဝန်ထမ်းများ ကြောက်ရွံ့လေ့ရှိသူဟု ကျော်ကြားသည်။

မြို့မိမြို့ဖ တဦးဖြစ်သူ ဦးစောထွန်းစိန်၊ ပြည်နယ်အမတ် ဦးတက်ထွန်းအောင်၊ မြို့နယ်ကော်မရှင်အဖွဲ့ဝင် အငြိမ်းစား ကျောင်းဆရာကြီး ဦးမောင်မြလှနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်လည်း စည်းဝေးတက်ခဲ့သည်။ ဦးမောင်ဦးနှင့်အတူ ပြည်နယ် ကျန်းမာ/ပညာဝန်ကြီး ဒေါက်တာအောင်ကျော်မင်းနှင့် ချင်းရေးရာဝန်ကြီး ဦးကိုနိုင်လည်း လိုက်ပါလာခဲ့သည်။

အစည်းအဝေးတွင် ဦးမောင်ဦးက ချင်းလူမျိုးများကိုပါ ပုတ်ခတ်ပြောဆိုခဲ့သေးသည်။

“ပြည်ထောင်စု ဝန်ကြီးအဖွဲ့မှာပါဖို့ ချင်းပြည်နယ်က ချင်းကိုယ်စားလှယ်တွေက တင်ပါတယ်တဲ့။ ချင်းတွေက စာတလုံးမှ မတတ်ဘဲ ဒီဝန်ကြီးအဖွဲ့ထဲ ထည့်သုံးလို့ ရမလားဆိုပြီး သူက ပြောပါတယ်။ သူကိုယ်တိုင်က ဒီစကား ပြောတာပါ” ဟု ကိုယ်တိုင်နားထောင်ခဲ့ရသူ ဦးတက်ထွန်းအောင်က ပြန်ပြောပြသည်။
ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများကိုမူ ထည့်သွင်းပြောဆိုသွားခြင်း မရှိခဲ့ဟု ဆိုသည်။

သူက ဆက်ပြီး “အစည်းအဝေးထဲမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ခင်မောင်လွင်လည်း ရှိနေသေးတယ်။ သူက အရင် မယက။ သူတို့ ကြံ့ခိုင်ရေးပါတီ မဲရှုံးရတာဟာ မယကနဲ့ ဝန်ထမ်းတွေက ကူညီမပေးလို့ မဲရှုံးရတာဆိုပြီး မင်း … ထွက်သွား၊ မင်း … ဆင်းသွားဆိုပြီး မောင်းထုတ်တာလည်း ကျနော်ကိုယ်တိုင် မျက်စိနဲ့ မြင်လိုက်ရပါတယ်” ဟု ဆိုသည်။

ဤကဲ့သို့ ဦးမောင်ဦး၏ ပြောဆိုချက်များမှာ ဖွဲ့စည်းအုပ်ချုပ်ပုံပါ မူများနှင့် ဆန့်ကျင်နေသဖြင့် RNDP အနေဖြင့်
ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရထံ တိုင်ကြားသွားမည်ဟု သိရသည်။

ရခိုင်ပြည်နယ် အစိုးရတွင် ကြံ့ဖွံ့ပါတီက ဝန်ကြီးချုပ်အပြင် ဝန်ကြီးအများစု ပါဝင်ကာ ဗဟိုအစိုးရတွင်လည်း အရပ်သား ဝန်ကြီးများမှာ ကြံ့ဖွံ့ပါတီမှချည်း ဖြစ်သည်။

ပေါက်တောမြို့မှနေ၍ RNDP က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်အတွက် ကိုယ်စားလှယ် ၄ ဦး ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ရာ အားလုံး အရွေးခံခဲ့ရသည်။
http://www.mizzimaburmese.com/news/inside-burma/7557-2011-05-17-05-13-35.html

Three villagers killed, eight injured during fighting in Kyaikdon area

khrg11b6


Type the rest of your post here.

နေပြည်တော်အတွင်းရေး - 16 May 2011

2011_May_16_Gens_SoeHtut__SoeLwin__YeAung_rpt_NPT_that_due_to_info_leak__troops_angry_on_treatment_of_Gen_MaungAye__not_easy_to


Type the rest of your post here.

နေ့ စဉ်သတင်း - 16 May 2011

Daily_News_on_May_16_-_2011


Type the rest of your post here.

Monday, May 16, 2011

မြန်မာပြည်အပေါ် လွှမ်းမိုးလာနေသော တရုတ်ပြည် - အပိုင်း (၂)

ဆောင်းပါးရှင် - မောင်တင့်တယ်



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံမှ
ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဌ General Xu Caihou အား နေပြည်တော်တွင် တွေ့ဆုံစဉ်


တရုတ်နိုင်ငံရဲ့ ၀ါးမျိုလာမှု အခြေအနေ

တရုတ်နိုင်ငံရဲ့ ၀ါးမျိုလာမှု အခြေအနေကတော့ သမိုင်းကြောင်းနဲ့ချီပြီး ပြန်ပြောရမှာ ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်ကစပြီး အနောက်နိုင်ငံအစိုးရတွေရဲ့ ပိတ်ဆို့မှုတွေကြောင့် တရုတ်ဖွံ့ဖြိုးမှု အကူအညီတွေ ရရေးဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအကူအညီတွေမှာ အကြီးဆုံးရေသောက်မြစ် ဖြစ်လာပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို တခြားနိုင်ငံတွေ ထောက်ပံ့သလိုဘဲ ဗဟိုအစိုးရက ထောက်ပံ့တဲ့ပုံစံ၊ ဗဟိုဘဏ်မှတဆင့် အတိုးမဲ့ချေးငွေပုံစံ၊ အထူးလျှော့ပေးတဲ့ အတိုးနှုန်းချေးငွေပုံစံ၊ ကြွေးမြီလျှော့ပေါ့တဲ့ပုံစံ၊ ကုမ္ပဏီများကတဆင့် ချေးငွေတွေနဲ့ ပုံသဏ္ဍန်အမျိုးမျိုး ကူညီထောက်ပံ့နေပါတယ်။ တရုတ်နိုင်ငံရဲ့ ကူညီထောက်ပံ့မှုက စိတ်ရင်းစေတနာကောင်းဟန်ပြသော်လဲ နောက်ကွယ်တွင် သြဇာလွှမ်းမိုးမှု အကြံအစည် ရှိနေပါတယ်။ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံကျင့်သုံးနေတဲ့ စီးပွားရေးနဲ့ နိုင်ငံရေး မူဝါဒကတော့ အမျိုးသားအကျိုးစီးပွားအပေါ်မှာဘဲ အခြေပြုထားကြောင်း ရှင်းလင်းလှပါတယ်။ မြန်မာပြည်က သဘာဝသယံဇာတ အရင်းအမြစ်တွေ ရဖို့အတွက် မြန်မာစစ် အစိုးရကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ငွေကြေးအထောက်အကူတွေ အများကြီးပေးအပ်ခဲ့ပါတယ်။ မြန်မာ့စွမ်းအင်ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီပြီး ရင်းနှီးမြူပ်နှံခဲ့ပါတယ်။ ရေနံ၊ သဘာဝဓါတ်ငွေ့တွေလို မဟာဗျူဟာကျတဲ့ ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ်က စမယ်ဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုစုစုပေါင်းဟာ ဒေါ်လာ ၂၀ ဘီလျံကျော် ရှိပါပြီ။ ဒီအထဲမှာ ၁၂.၃၂ ဘီလျံဟာ တရုတ်ပြည်ကလာပြီး ထိုင်းနိုင်ငံက ၉.၅၆ ဘီလျံနဲ့ ဒုတိယလိုက်ပါတယ်။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ စာရင်းတွေအရဆိုရင် မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင် ရင်းနှီးမြုပ်နှံလျက်ရှိတဲ့ တရုတ်ကုမ္ပဏီပေါင်း ၁၇၃ ခု ရှိလာပြီး အဲဒီကုမ္ပဏီတွေရဲ့ စုစုပေါင်းရင်းနှီးမြုပ်နှံမှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၃၂၄ ထရီလီယံ အထိ ရှိနေပါတယ်။ ဒါကြောင့် အခုဆိုရင် တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုပမာဏမှာ မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပမာဏရဲ့ ၃၈ ဒသမ ၅၆ ရာခိုင်နှုန်းကျော် ရှိနေပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုပမာဏ အများဆုံးနိုင်ငံ ဖြစ်သွားပါပြီ။ ဒါ့ပြင် တရုတ်ပြည်ဟာ မြန်မာပြည်ကို လွတ်လပ်တဲ့ချေးငွေပုံစံနဲ့ ဘဏ္ဍာရေးအကူအညီပေးတာတွေ၊ နိုင်ငံရေးအရ အားပေးထောက်ခံတာတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ခဲ့တဲ့အပြင် သဘာဝသယံဇာတပစ္စည်း ရှာဖွေရေး ဘက်တွေမှာလဲ အကြီးအကျယ်ရင်းနှီးမြုပ်နှံလာခဲ့တယ် ဆိုတာ တွေ့ရပါတယ်။ ဒီလိုနဲ့ တရုတ်အစိုးရဟာ တစတစနဲ့ မြန်မာပြည်မှာ ဖွံ့ဖြိုးရေးအကူအညီတွေ၊ စစ်ရေးအကူအညီတွေနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေ၊ စီးပွားရေးမြုပ်နှံမှုတွေ တစတစ တိုးချဲ့လာနေပြီး မြန်မာ့စီးပွားရေးနဲ့နိုင်ငံရေး ပင်မအသက် သွေးကြော နေရာတွေမှာ လွှမ်းမိုးမှုရဖို့ တဖြည်းဖြည်းချင်း ချဉ်းနင်းဝင်ရောက်လာနေပါတယ်။ ၁၉၈၈ နှောင်းပိုင်ကစလို့ စစ်အစိုးရဟာ လွတ်လပ်တဲ့ ကုန်သွယ်ရေးမူဝါဒကို စတင်ပြောင်းလဲခဲ့ပြီး ပုဂ္ဂလိကကဏ္ဍ ချုပ်ကိုင်မှုတွေကို လျှော့ချလိုက်လို့ ကုန်သွယ်ရေး ပမာဏဟာ အဆမတန် တိုးတက်ခဲ့ပါတယ်။

ဒါ့ပြင် အမျိုးသား စီးပွားရေးမှာ ပုဂ္ဂလိကကဏ္ဍ ပါဝင်တာကိုအားပေးတဲ့ ဈေးကွက်စီးပွားရေး ကို ပြဋ္ဌာန်းလိုက်တဲ့အတွက် တရုတ်လုပ် စက်ပစ္စည်းတွေနဲ့ အပိုပစ္စည်းတွေဟာ မြန်မာ့ဈေးကွက်ထဲ ဒလဟောလှိမ့်ဝင်လာပါတော့တယ်။ အဲဒီအချိန်ကစပြီး တရုတ်ပြည်ဟာ မြန်မာပြည်စားသုံးသူတွေအတွက် အဓိကထောက်ပံ့သူ ဖြစ်လာပါတော့တယ်။ မြန်မာပြည်ကနေ တရုတ်ပြည်ကိုပို့တာတွေက သစ်၊ ကျွန်း၊ ကျောက်မျက်၊ ပင်လယ်စာ၊ စကျင်ကျောက်၊ မီးသွေးနဲ့ နီကယ်တွေဖြစ်ပြီး တင်ပို့တဲ့ပစ္စည်းတွေထဲမှာ သစ်တင်ပို့မှုက ထိပ်ဆုံးကဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ တရုတ်ပြည်က ဒေါ်လာသန်း ၂၅၀ ဖိုးနဲ့ ၂၀၀၅ ခုနှစ်မှာ ဒေါ်လာသန်း ၃၅၀ ဖိုးဝယ်ယူခဲ့ပါတယ်။ မြန်မာပြည်ကို သွင်းတဲ့ကုန်တွေကတော့ အီလက်ထရောနစ်ပစ္စည်းတွေ၊ အကြီးစားဆောက်လုပ်ရေးစက်တွေ၊ ဓါတ် အားလိုင်းကြိုးတွေ၊ ဆက်သွယ်ရေးပစ္စည်းတွေ၊ အိမ်သုံးပစ္စည်းတွေ၊ ဓါတုဗေဒပစ္စည်းတွေ၊ ဆေးဝါးပစ္စည်းတွေနဲ့ လယ် ယာသုံးစက်တွေ၊ နည်းပညာတွေဖြစ်ပါတယ်။ မြန်မာပြည်ကလဲ တရုတ်ပြည်ကို အသား၊ နို့ထွက်ပစ္စည်း၊ စိုက်ပျိုး ရေးထွက်ကုန်၊ ရေထွက်ကုန်၊ သတ္တု၊ ရာဘာ၊ ကျွန်းသစ်နဲ့ အဖိုးတန် ကျောက်မျက်ရတနာအပါအ၀င် ပစ္စည်း ၅၉၆ မျိုး တင်ပို့ဖို့ သတ်မှတ်ထားပါတယ်။

ဒါ့ပြင် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန် အများစုမှာလဲ တရုတ်စက်ရုံ အများအပြား ရှိနေပြီး အများစုက အထည်ချုပ်လုပ်ငန်း၊ ပလတ်စတစ်ပစ္စည်းလုပ်ငန်းနဲ့ အခြားဓာတုပစ္စည်းလုပ်ငန်းတွေ ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းအထိ မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၃၄၂၇ သန်း အထိ ရှိလာပြီး ယခင်နှစ်ကထက် ကုန်သွယ်မှုပမာဏ ၅၄ ရာခိုင်နှုန်းကျော် တိုးလာနေပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာနေပါတယ်။ ပုံမှန်ကုန်သွယ်ရေးပမာဏဟာ ဒုတိယအဆင့်မှာ ရှိပြီး နယ်စပ်ကုန်သွယ်ရေးကတော့ ပထမအဆင့်မှာ ရှိလာနေပါတယ်လို့ ဒီဇင်ဘာလ တတိယအပတ်အတွင်း ကျင်းပခဲ့တဲ့ တရုတ်နိုင်ငံထုတ် စက်မှုထုတ်ကုန်စည်ပြပွဲ(မြန်မာ) ဖွင့်ပွဲအခမ်းအနားမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကုန်သွယ်ရေးဖွံ့ဖြိုးမှုဗျူရိုက ဒုတိယညွှန်ကြားရေးမှူးချုပ် ကျားကိုးယုံ ကိုယ်တိုင် အတည်ပြု ပြောကြားခဲ့ပါတယ်။

အပိုင်း ( ၃ ) ကို နောက်တစ်ပတ် တနင်္လလာ နေ့တွင် ဆက်လက်ဖော်ပြသွားပါမည်...
မူရင်း - စည်းလုံးခြင်းရဲ့အင်အား သတင်းစာမျက်နှာမှ