မရေရာဘူး

မရေရာဘူး.... မသေချာဘူး...



တိုးတိုးလေးကြားတယ်.. အသံများဟာ ကြေကွဲလို့ ...
တိတ်တိတ် ဆိတ်ဆိတ်နဲ့  သိနားလည် ငိုကြွေးလို့ ....
မရေရာဘူး..... မသေချာဘူး.... မပြီးဆုံးဘူး....



မသေချာဘူး.. မရေရာဘူး... မမြဲသေးဘူး..


မထင်နိုင်ဘူး.. မမြင်နိုင်ဘူး.. ဘာမှမရှိဘူး...
ရပ်တန့် လို့ မရဘူး... ရပ်တန့် လို့ မရဘူး... (လေးဖြူ)




Type the rest of your post here.

Friday, June 29, 2012

KNPP နှင့် အစိုးရတပ် တိုက်ပွဲဖြစ်

တောင်ငူ-သံတောင်-မော်ချီး ကမ်းလမ်းဟာ မဟာဗျူဟာအရအရေးပါ၏။ ဒီကမ်းလမ်းကို ဗမာစစ်တပ်မှစိုးမိုးနိုင်ဖို့  ကြိုးစားနေတာကြာလှပါပြီ။ အကယ်၍ ဒီလမ်းကို ဗမာစစ်တပ်မှထိန်းချူပ်ပြီးပါက KNPP သာမက KNU တပ်မဟာ ၂ နှင့် ၅ ဒေသကို ကောင်းမွန်စွာ ဒုက္ခပေးနိုင်ပြီဖြစ်သည်။
xxxxxx
ကျော်ခ

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီချက်ပြုလုပ်ထားသော ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တပ်ဖွဲ့ဝင်များနှင့် အစိုးရတပ်ဖွဲ့များ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်။

KNPP နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ကယားပြည်နယ် လွိုင်ကော်မြို့တွင် မတ်လ ၇ ရက်နေ့က သဘောတူလက်မှတ် ရေးထိုးစဉ် (ဓာတ်ပုံ – ကန္တာရဝတီတိုင်းမ်)

ကယားပြည်နယ် မော်ချီးမြို့နယ်အတွင်းရှိ ဘွာဒိုကျေးရွာအနီး မော်ချီးမြို့နှင့် တောင်ငူမြို့သို့ ဆက်သွယ်ထားသော ကားလမ်း ဟောင်း အနီးတွင် KNPP အမှတ် ၁ တပ်ရင်းနှင့် အင်အား ၈၀ ကျော်ပါဝင်သော မော်ချီးမြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း(ခမရ) ၅၃၀ တို့ တနာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNPP အတွင်းရေးမှူး ၁ ခူးဦးရယ် က ပြောပြသည်။

“သူတို့အကြောင်းပြတာကတော့ တောင်ငူ-မော်ချီး ကားလမ်းကို တိုင်းတာဖို့အတွက် သွားတာလို့ပြောတာပဲ၊ ဒါပေမယ့် စစ်တပ် ကတော့ ဒါမျိုးအလုပ်တွေ လုပ်နေကြမဟုတ်ဘူးလေ၊ သူတို့က ကျွံပြီးဝင်လာတော့ ကျနော်တို့ တပ်တွေနဲ့ ပစ်ခတ်ကြတာပါ”ဟု ခူးဦးရယ် ကပြောသည်။

တိုက်ပွဲကြောင့် အစိုးရတပ်ဘက်မှ ၅ ဦး ကျဆုံးကြောင်း KNPP ဘက်မှပြောဆိုသော်လည်း ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ သို့သော် နယ်မြေစိုးမိုးမှုအရ ယင်းတိုက်ပွဲတွင် အသာစီးရခဲ့သည်ဟုလည်း KNPP က ဆိုသည်။

ခမရ ၅၃၀ နယ်ကျွံ လှုပ်ရှားလာမှုနှင့် ပတ်သက်၍ တိုက်ပွဲမဖြစ်ပွားမီ KNPP ခေါင်းဆောင်များက ပြည်နယ်အဆင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်စိုး ထံ အကြောင်းကြားခဲ့သော်လည်း ၎င်းတို့တပ်ရင်းများ မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်ဟု ဆိုသည်။

နှစ်ဘက်တိုက်ပွဲများဖြစ်ပွားမှုနှင့် ပတ်သက်၍ “ဒါမျိုးနောက်ထပ် ထပ်မံမဖြစ်ပွားဖို့ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးကိုတော့ ဖုန်းနဲ့ တိုက်ရိုက် အကြောင်းကြားပြီးပါပြီ”ဟု ခူးဦးရယ်က ပြောသည်။

အစိုးရတပ်များက KNPP ထိန်းချုပ်ဒေသများသို့ ၀င်ရောက်မှုနှင့်ပတ်သက်၍ တပ်ပြန်ဆုတ်ပေးရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေး၊ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်(IDP) များ ပြန်လည် နေရာချထားရေး စသည့် အချက်များအပါအ၀င် ၁၄ ချက်ကို ဇွန်လ ၉ ရက်နေ့က သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။

ထိုသဘောတူ လက်မှတ်ရေးထိုးမှုတွင် အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ ဒု ဥက္ကဌ ဦးအောင်မင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ် ၊ KNPP ဘက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးနှင့် ခူးဦးရယ် အပါအ၀င် ကိုယ်စားလှယ် ၉ ဦးတို့ ပါဝင်ခဲ့ကြသည်။

အစိုးရနှင့် KNPP တို့အကြား နယ်မြေသတ်မှတ်ရေးနှင့်ပတ်သက်၍ တရားဝင် သဘောတူညီချက် ရရှိထားခြင်း မရှိသေး သော် လည်း လာမည့် နောက်တကြိမ် အစည်းအဝေးတွင် ယင်းကိစ္စကို ဆွေးနွေးကြမည်ဟု ဇွန်လ ၉ ရက်နေ့က နှစ်ဘက် သဘောတူခဲ့ကြ သည်။

“လှုပ်ရှားမှုနဲ့ ပတ်သက်လို့ တပ်တွေက မလိုအပ်ဘဲနဲ့ လမ်းကြောင်းကလွဲရင် မသွားလာဖို့ အဲသလိုတော့ အကြမ်းသဘောတူ ထား တာတော့ ရှိတယ်။ ဒီတိုင်း ထိန်းသိမ်းလာတာ ၃ လကျော် ၄ လလောက်ရှိပြီ ပေါ့ဗျာ၊ အခုကျနော်တို့က အကြောင်းကြားတာကို သူတို့တပ်တွေ မဟုတ်ဘူးဆိုတဲ့နောက်ပိုင်းမှာ တိုက်ပွဲက ဖြစ်သွားတာပဲ”ဟု ခူးဦးရယ်က ပြောဆိုသည်။
http://burma.irrawaddy.org/archives/13565

သံတောင်မြို့နယ်တွင် အစိုးရတပ်၏ ပစ်ခတ်ခံရသူများ ရှိနေဟုဒေသခံများပြော

ဇွန်လ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

အပစ်အခတ်ရပ်စဲရေးကာလဖြစ်သော်လည်းကရင်ပြည်နယ် သံတောင်မြို့နယ်တွင် မြန်မာအစိုးရစစ်တပ်၏ ပစ်ခတ်ခံရသူများ ရှိနေသည်ဟုဒေသခံ လူထုများက ပြောသည်။

ထိုဒေသရှိမြန်မာအစိုးရတပ်မ(၆၆)လက်အောက်ခံခြေလျင်တပ်ရင်း(ခလရ-၁)သည် ဇွန်လ ၂၃ရက်နေ့က ဆန်သွားဝယ်၍ ပြန်လာသောဟီဒေါ်ခေါ် နှင့် သေခိုဒဲရွာသား၎ဦးကို ပစ်ခတ်သကဲ့သို့ တောင်ယာခင်းတွင် စုပေါင်းမြက်ခုတ်ထွင်ရှင်းလင်းနေသောဟီဒေါ်ခေါ်ရွာနှင့် ၀ါးစိုးရွာသား ၁၀ဦးကျော်အားပစ်ခတ်ခဲ့ကြောင်းဟီဒေါ်ခေါ်ရွာမှ စောထူးဝေါ်က ကေအိုင်စီသို့ ပြောသည်။

“၂၃ရက်နေ့ မနက် ၁၀နာရီမှာ ကော်သေးဒဲရွာမှာဆန်သွားဝယ်ပြီးအပြန်လမ်း ၀ါ့ဘောဒေးမှာအဲဒီလူတွေကိုအစိုးရတပ်ကပစ်တာပါ။ ညနေ၃နာရီမှာ တောင်ယာမှာရှိတဲ့ သူတွေကိုထပ်ပစ်တယ်။ ထိတာတော့ မရှိဘူး။ ဆန်ထမ်းလာတဲ့သူတွေ အပစ်ခံရရာမှာအထုတ်အပိုးတွေ တောထဲမှာပဲကျန်ခဲ့လို့နောက်နေ့သွားပြန်ရှာကြည့်တော့ မိုးရေစိုလို့စားမရတော့ဘူး။”ဟုသူကပြောသည်။

ဒေသခံလူထုများသည် စစ်မှန်သည့်နယ်မြေအေးချမ်းမှုကိုလိုချင်ကြသော်လည်းအပစ်အခတ်မရပ်စဲမီကာလကဲ့သို့ပင် အလုပ်အကိုင်၊ အသွားအလာလွတ်လွတ်လပ်လပ် မရှိဘဲအစိုးရတပ်များကိုကြောက်လှန့်နေရဆဲဖြစ်ကြောင်းစောထူးဝေါ်က ဖြည့်စွက်ပြောဆိုသည်။

သံတောင်မြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး-KNUတောင်ငူခရိုင်၏ ထိန်းချုပ်နယ်မြေအတွင်းတွင် ရှိသောကြောင့် ယင်းကိစ္စနှင့် ပတ်သက်၍ တောင်ငူခရိုင်မှ အမည်မဖော်လိုသူ KNU တာဝန်ရှိပုဂ္ဂိုလ်တဦးကယခုလိုပြောဆိုသည်။

“ဒါကတော့ လုံးဝ မဖြစ်သင့်ဘူး။ အပစ်ရပ်တဲ့အချိန်မှာရွာသားတွေရှိတဲ့နေရာကို ၀င်လာပစ်တယ်ဆိုတော့ စိတ်ကုန်တယ်လို့ပဲမှတ်ချက်ပေးချင်တယ်။”ဟု၎င်းက ပြောသည်။

ထို့အပြင် ဒေသခံလူထုများပစ်ခတ်ခံရပြီးနောက် ဇွန်လ ၂၄ရက်နေ့တွင် ကယား(ကရင်နီ)ပြည်နယ်နှင့် KNU တောင်ငူခရိုင်နယ်စပ်ရှိ မြန်မာအစိုးရ၏ အောင်မြင်တပ်စခန်းဟောင်းတွင်ဟယ်လီကော်ပတာ လေယာဉ် တစ်စီးသည် ခေါက်တုန့်ခေါက်ပြန်ဝဲပျံနေသည်ဟုလည်း သူကဆက်ပြောသည်။

နောက်ဆုံးသတင်းအရယနေ့ ဇွန်လ ၂၈ရက်နေ့တွင် သံတောင်မြို့နယ်အတွင်းရှိဝါးစိုးရွာ၏ အနီးတ၀ိုက်တွင် တပ်မ(၆၆) လက်အောက်ခံတပ်များဆက်လက်တပ်စွဲထားသကဲ့သို့ ရေသိုးကြီးရွာဘက်မှာလည်းအင်အား ၁၀၀ ခန့် ထပ်တိုးလာသည်ဟု KNU တောင်ငူခရိုင်ကပြောသည်။

ဗိုလ်မှူးချုပ် ၀င်းဘိုရှိန် ဦးဆောင်သည့် တပ်မ(၆၆)သည် လက်အောက်ခံတပ်ရင်း ၁၀ ရင်းရှိပြီးလက်ရှိKNU တောင်ငူခရိုင်တွင် ၇ရင်း လှုပ်ရှားနေသည်ဟုသိရသည်။
http://www.kicnews.org/?p=12195

Celebrate Suu Kyi's Visit, Then Get Back to Work

"ဒေါ်အောင်ဆန်းစုကြည် အနှစ်သက်ဆုံး မိတ်ကပ် "Brand-အမှတ်တံဆိပ်" ကဘာလဲ"
xxxxxxxxxxxx

By Zoya Phan
Burma Campain UK

Daw Aung San Suu Kyi leaves Europe today after a five nation tour lasting more than three weeks. Everywhere she has gone she has been met by cheering crowds, and politicians and celebrities have queued up to have their picture taken with her, praising her for her courage.

Her visit has been treated by most European media and politicians as a kind of celebration, and of course in some ways it was. To be able to leave Burma for the first time in 24 years, confident that she would be allowed back into the country, is a sign of what has changed in Burma in the past year.

But Daw Aung San Suu Kyi's cautious words and political message appears to have got lost among the excitement, awards, and meetings with DJs who were famous 20 years ago.

As a woman from Burma, forced to flee my village aged 14 when the Burmese Army attacked, and now living thousands of miles from home in the UK, it has been very encouraging and inspiring for me to see Daw Aung San Suu Kyi visiting Europe, and an honour to meet her.

After all the years of struggle and hardship, she is still as determined and committed as ever to achieving freedom in Burma. In her speeches she repeatedly talked about the challenges that remain and the work still to be done, but most of the media focus was on her personal story. One journalist even called my organisation, Burma Campaign UK, asking what Daw Aung San Suu Kyi's favourite brand of make-up is.

International support has played a vital role in promoting the changes happening in Burma today, and Daw Aung San Suu Kyi stated how important it is that international support continues, even if it is in different forms. Yet many people I talk to in the west have the impression that problems in Burma are pretty much solved, and that not much needs to be done now.
In media coverage and statements from European politicians there has been virtually no mention of the hundreds of political prisoners left behind in Burma's jails. Many are held in bare concrete cells with just a bucket for a toilet, and given food so bad they often get sick. When they are ill they don't get proper medical care. There is a proposal now for a joint international and domestic committee which can assess which political prisoners remain and ensure they are released, yet not one European country Daw Aung San Suu Kyi visited has expressed support for this proposal.
Aung San Suu Kyi's impassioned appeal against compassion fatigue, asking for funding for refugees from Burma who are facing malnutrition in camps on the Thailand Burma border also went unreported, and not one of the European countries she visited pledged a single extra penny to help the refugees.

Daw Aung San Suu Kyi's words of caution on investment in Burma are met by pledges to encourage ethical investment, but no government is proposing legislation to ensure this, and in practise they are rushing to beat competitors and gain first access to Burma's abundant natural resources and cheap labour.

Daw Aung San Suu Kyi repeatedly called for assistance on the rule of law, but for the government of Burma and many other countries, laws relating to investment, not human rights, seem to be at the top of their agenda.

It is certainly not new for politicians to heap praise on Daw Aung San Suu Kyi while ignoring what she is asking them to do. For 15 years she asked for targeted sanctions and it was a long slow process even to get just a few sanctions imposed by the EU. Yet once she agreed that sanctions might be suspended it took just 15 days for the EU to drop all sanctions except the arms embargo.

Aung San Suu Kyi is now flying back to a country which is not democratic. It is a country which still has one of the worst records on human rights in the world. It still spends far more on the military than on health and education. It still has hundreds of political prisoners, and many of those released have only been released conditionally. The laws under which they were jailed are still on the books.

So let's enjoy the memories of Daw Aung San Suu Kyi's historic visit to Europe, but don't think that the problems are solved and the job is done. There is still a long way to go and a lot more work to be done. In fact, as Daw Aung San Suu Kyi told us at Burma Campaign UK, "you'll need to work even harder."
http://www.huffingtonpost.co.uk/zoya-phan/celebrate-suu-kyis-visit-_b_1637052.html?utm_hp_ref=fb&src=sp&comm_ref=false

နှစ်ဖက် အပစ်ရပ်ရေး မူအားဖြင့် PNLO နှင့် အစိုးရတို့ သဘောတူပြီ

ရွှေဟင်္သာသတင်းမှ

အပစ်အခတ် ရပ်စဲရေးကို ၀န်ကြီး ဦးအောင်မင်းတို့ အဖွဲ့နှင့် မူအားဖြင့် သဘောတူ ခဲ့သည်ဟု၊ ပြီးခဲ့သည့် ဇွန်လ (၂၇) ရက်နေ့၌ ကျင်းပသော ဘန်ကောက်မြို့ ဒုတိယ အကြိမ် အလွတ်သဘော တွေ့ဆုံပွဲကို တက်ရောက် ခဲ့သည့် ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဌက ပြောပါသည်။

“အဲဒီ အစည်းအဝေး မှာတော့ နှစ်ဖက် အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံး ဖွင့်လှစ်ထားရှိရေး၊ သက်ဆိုင်ရာ နယ်မြေတွေမှာ လက်နက် မပါဘဲ လွတ်လပ်စွာ သွားလာရေး၊ ပြည်တွင်းမှာ ရှိတဲ့ နိုင်ငံရေး ပါတီ၊ အဖွဲ့အစည်းတွေနဲ့ လွတ်လပ်စွာ တွေ့ဆုံနိုင်ရေး၊ ပြည်တွင်းက လူထုတွေနဲ့ အကြံဥာဏ် ရယူနိုင်ဖို့ တိုင်ပင် ညှိနှိုင်းရေး၊ မီဒီယာတွေနဲ့ သင့်တော်သလို ဆက်ဆံထိတွေ့ပြီး သတင်းထုတ် ပြန်ခွင့်ပြုရေး” စတဲ့အချက်တွေကို ဆွေးနွေးပြီးတော့ သဘောတူခဲ့တာပါ” ဟု PNLO ဥက္ကဌ ဦးခွန်ဥက္ကာက ဆိုပါသည်။

လောလောဆယ်၌ ပြည်တွင်းရှိ နိုင်ငံရေး အဖွဲ့အစည်းများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများကို ဆွေးနွေးနိုင်ရေး အတွက် သွားလာ ရေးကို ခွင့်ပြုပြီး အတတ်နိုင်ဆုံး ကူညီပေးသော်လည်း ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်၏ လှုပ်ရှားမှု နယ်မြေ သတ်မှတ် ရေးကိုမူ သဘော တူညီမှုမ ရသေးဟု ဆိုပါသည်။

“ ဒါကလည်း အစိုးရရဲ့ အစီအစဉ်နဲ့ သွားတာပါ။ အခြေခံကတော့ ပအိုဝ်းအဖွဲ့က မြန်မာပြည်ကို သွားဖို့ရယ်၊ ကျန်တဲ့ တိုင်းရင်းသား အင်အားစု တွေနဲ့ တွေ့ဆုံနဲ့ ဆွေးနွေးဖို့ ဆိုတဲ့ အချက်မှာ အစိုးရဘက်က ဆောင်ရွက် ပေးနိုင်မယ့် အနေအထားအရ သဘောတူညီမှု ရခဲ့တာပါ”ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ကိုညိုအုန်းမြင့်က ဆိုပါသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်း ပိုင်းကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပထမ အကြိမ် တွေ့ဆုံခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် PNLO ဘက် မှ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို တရားဝင်ကြေညာပေးရန်နှင့် နိုင်ငံတွင်းရှိ နိုင်ငံရေး အင်အားစု အားလုံး ပါဝင်သော စုပေါင်း တွေ့ဆုံပွဲမျိုး လုပ်ဆောင်ပေးရန် အချက် အပါအဝင် အချက်ပေါင်း (၁၁) ချက် တင်ပြခဲ့ပါသည်။ ထိုတင်ပြချက်များကို သမ္မတထံ တင်ပြ ပေးသွားမည်ဟုသာ ဦးအောင်မင်းတို့က အကြောင်းပြန်ခဲ့ပါသည်။

ယခု တွေ့ဆုံပွဲတွင် PNLO ဘက်မှ ဥက္ကဌ ဦးခွန်ဥက္ကာ၊ ဦးခွန်မြင့်ထွန်းတို့ ပါဝင်ပြီး အစိုးရ ဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း၊ ပြည်ထဲရေး ၀န်ကြီး ဦးခင်ရီနှင့် အကျိုးဆောင် ဦးလှမာင်ရွှေ၊ ဦး ဟန်မြင့် ဦးတင်မောင်သန်းတို့ တက်ရောက် ခဲ့ပါသည်။

PNLO နှင့် အစိုးရတို့သည် နှင်ကြိမ်တိုင်တိုင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပြီး တရားဝင် ဆွေးနွေးပွဲကိုမူ ဇူလိုင်လ အတွင်း၌ တွေ့ဆုံဖွယ် ရှိကြောင်း ဦးခွန်ဥက္ကာက ဆိုပါသည်။

“ပအိုဝ်း အမျိုး လွတ်မြောက်ရေး အဖွဲ့ချုပ်” သည် ၁၉၉၄ မှ ၂၀၀၇ ခုနှစ် အထိ “ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့” SNPLO (ရလလဖ) အဖြစ် တည်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့တွင် SNPLO မှ ခွဲထွက် လာသော လက်နက် ကိုင် အင်အားစု များဖြင့် ပအိုဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ်(PNLO) ကိုပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။
http://phophtaw.org/burmese/index.php/news/local-news/1798--pnlo-.html

အစိုးရနှင့် KIO တိုက်ပွဲ ပြင်းထန်နေစဉ် KIO နှင့် UKA ပူးပေါင်း

ဖနိဒါ | သောကြာနေ့၊ ဇွန်လ ၂၉ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၉ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် ခြောက်မိုင်အကွာရှိ
ဒေါ့ဖုန်းယန် မြို့နယ်ခွဲတွင် အစိုးရတပ်နှင့် KIO တပ်တို့ နှစ်ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ကျေးရွာနှင့် နားလုံကျေးရွာ အကြားတွင် အစိုးရ၏ တပ်အင်အား ၁၀၀ ကျော်ခန့် တက်လာရာမှ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု KIO မှ ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။

“မနေ့က နားလုံဘက်မှာ မနက်ကနေ ည ၈ နာရီထိ တိုက်နေတယ်။ ဗန်းမော် ဘက်ကရော၊ မြစ်ကြီးနားဘက်က (အစိုးရတပ်များ) တက်လာလို့ တိုက်ပွဲဖြစ်တယ်။ ဒီမနက်ပိုင်းလည်း ဆက်ဖြစ်နေတယ်” ဟု မဇ္ဈိမကို ပြောသည်။

နှစ်ရက်ကြာ တိုက်ပွဲအတွင်း နှစ်ဖက်လုံးမှ ကျဆုံး ဒဏ်ရာရမှုများ ရှိသည်ဟု KIO ၏ ရှေ့တန်းမှ အရာရှိတဦးက ပြော သည်။

“ကျနော်တို့ဘက်က ဒီမနက် ၈ နာရီ ၁၁ မိနစ်မှာ ဗိုလ်တဦး ကျသွားပြီ။ အစိုးရဘက်ကလည်း တော်တော် ကျတယ်။ တချို့က ဒေါ့ဖုန်းဘက်ကနေ လာတယ်။ တချို့က ရှထန်ပါ ဘက်ကနေ တက်လာတယ်။ မနေ့က တိုက်ပွဲမှာက တဦးကျ၊ တဦး ဒဏ်ရာရတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

ထိုသို့ အစိုးရတပ်နှင့် KIO တပ်အကြား တိုက်ပွဲများ နေ့စဉ်လို ဖြစ်ပွားနေစဉ် KIO နှင့် ပြည်ပ အခြေစိုက် ကချင် အမျိုးသားအစည်းအရုံး KNO တို့ ပူးတွဲ လုပ်ဆောင်သွားရန် လိုင်ဇာဌာနချုပ်တွင် နှစ်ရပ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ သည်။ ထို့နောက် KNO ၏ United Kachinland Army - UKA တပ်ဖွဲ့ကို ရုတ်သိမ်းလိုက်ပြီး KIA တပ်ဖွဲ့နှင့်အတူ ပူးပေါင်းဖွဲ့စည်းလိုက်ကြောင်း ဇွန်လ ၂၈ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။

“KIO နှင့် KNO သည် ကချင်အမျိုးသားရေးတွင် အတူလက်တွဲပြီးကာ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပြီး လုပ်ကိုင်ရ မယ့် လုပ်ငန်းစဉ်တွေကို စုပေါင်းညှိနှိုင်းပြီ လုပ်ဆောင်သွားမည်။ သဘောတူညီချက်အတိုင်း KNO ကနေ ဖွဲ့စည်းထား တဲ့ UKA ကို ရုပ်သိမ်းလိုက်ပြီး KIA နဲ့အတူ ပူးပေါင်းသွားမည်” ဟု ကချင်ဘာသာဖြင့် ဖော်ပြပါရှိသည်။

အင်အား ရာဂဏန်းရှိ UKA တပ်ဖွဲ့များသည် အများအားဖြင့် အိန္ဒိယ-မြန်မာ နယ်စပ်တွင် လှုပ်ရှားနေသည်ဟု သိရသည်။

ထိုသို့ ပူးပေါင်းလိုက်ခြင်းနှင့် ပတ်သက်၍ “အမျိုးသားရေးအတွက် ပေါင်းလိုက်တာ။ တခုပဲ ဖြစ်အောင် ပေါင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ကျနော်တို့က အဖွဲ့တွေ အများကြီး အားလုံး စုစည်းသင့်နေပြီဆိုတာ ကချင်တိုင်းက သိသင့်နေပြီ” ဟု ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။

ကချင်တိုင်းရင်းသားအရေး နိုင်ငံတကာတွင် ဆောင်ရွက်ရန် KNO ကို ၁၉၉၉ ခုနှစ်က ထူထောင်ခဲ့ပြီးသော်လည်း
နောက်ပိုင်းတွင် KIO နှင့် KNO အကြား သဘောထားများ ယှဉ်ပြိုင်သလို ဖြစ်လာခဲ့ရာမှ ၂ဝ၁၁ ခုနှစ် ဇန်နဝါနရီလက သဘောထား ပြန်လည် ညှိနှိုင်းခဲ့ကြသည်။

KNO ကို ကချင်ကျောက်စိမ်းလုပ်ငန်းရှင် ဒူဝါဘောမ်ဝမ် လရော်က ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း
ဖြစ်ပြီး အဖွဲ့ဝင်များမှာ အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ မလေးရှား၊ အိန္ဒိယ၊ ကနေဒါ၊ ဗြိတိန်၊ နော်ဝေ၊ ဆွီဒင်၊ တရုတ်နှင့် ထိုင်း စသည့် နိုင်ငံများတွင် ရှိသည်။
http://www.mizzimaburmese.com/news/inside-burma/9582--kio---kio--uka-.html

Wednesday, June 27, 2012

Photo Set: Villagers register concerns about proposed Hatgyi Dam

khrg12b60


Type the rest of your post here.

ဦးအောင်မင်းအဖွဲ့ မယ်တော်ဆေးခန်းကို သွားရောက်လေ့လာ

ဇွန်လ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် မီးရထားဝန်ကြီး ဦးအောင်မင်းနှင့်အဖွဲ့သည် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ လူနာများအား အခမဲ့ကုသပေးနေသည့် ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်းကို ယနေ့မနက် ၆နာရီ ကျော်တွင် သွားရောက်ကာ မိနစ် ၂၀ခန့် လေ့လေကြည့်ရှုခဲ့သည်။

ဦးအောင်မင်းနှင့်အဖွဲ့သည် ယမန်နေ့ ဇွန်လ ၂၆ရက်နေ့က ဒေါက်တာစင်သီယာမောင်နှင့် မဲဆောက်မြို့ Wattana Village Resort ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် ယခုလို မယ်တော်ဆေးခန်းအခြေအနေကို သွားရောက်လေ့လာခဲ့ခြင်း ဖြစ်သည်။

မယ်တော်ဆေးခန်းတွင် နိုင်ငံတကာအဖွဲ့အစည်းများအပါအ၀င် ထိုင်းအစိုးရကပါ လာရောက်လေ့လာ နေကျဖြစ် သော်လည်း မြန်မာအစိုးရဘက်မှ ပထမဆုံး လာရောက်ခြင်းဖြစ်သည့်အပေါ် နယ်စပ်ဒေသ၏ ကျန်းမာရေး ဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ပိုမိုအားကောင်းလာမည်ဟု ထင်မြင်ကြောင်း ဒေါက်တာစင်သီယာမောင်က ကေအိုင်စီသို့ ပြောသည်။

“ရေရှည်မှာ ပူးပေါင်းပြီး လုပ်ရမယ့် ကိစ္စလည်း အများကြီးရှိတာပေါ့။ ကျန်မာရေး၊ ပညာရေးနဲ့ ကလေးအခွင့် အရေးတွေ အကုန်လုံး အကျယ်ကြီးရှိတယ်။ သို့သော်လည်း အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးတည် ဆောက်တဲ့ ဖြစ်စဉ်ကိုလည်း ကြည့်ရဦးမယ်။ ကျန်းမာရေးဖြစ်စဉ် တခုတည်းလည်း ကြည့်လို့ မရဘူးပေါ့။”ဟု သူမက ပြောသည်။

မယ်တော်ဆေးခန်းသို့ သွားရောက်စဉ် ဦးအောင်မင်းအဖွဲ့သည် ဆေးခန်းရှိ အတွင်းလူနာ သားဖွားမီးယပ်ဌာန၊ အတွင်းလူနာကလေးဌာနနှင့် မျက်စိဌာနတို့ကို လေ့လာခဲ့ပြီး ဒေါက်တာစင်သီယာမောင်က ဆေးခန်း၏ အခြေ အနေများနှင့် နယ်စပ်ဒေသရှိ ကျန်းမာရေးနှင့် ပညာရေးအခြေအနေများကို ပြန်လည်ရှင်းလင်းခဲ့သည်။

ထို့အပြင် ဦးအောင်မင်းအဖွဲ့သည် ဒေါက်တာစင်သီယာမောင်အား လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ မယ်တော်ဆေးခန်းအတွက် အလှူငွေ ထိုင်းဘတ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း)ပေးအပ်ခဲ့သလို ယင်းအဖွဲ့တွင် ပါလာသည့် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီမှလည်း အတွင်းလူနာကလေးဌာနရှိ ကလေး လူနာများကို စာအိတ်ဖြင့် ငွေလှူဒါန်းခဲ့သည်။

ဒေါက်တာစင်သီယာမောင်မှလည်း ထိုင်း-မြန်မာနယ်စပ်ဒေသရှိ ၎င်းတို့၏ လုပ်ငန်းလှုပ်ရှားဆောင်ရွက်မှုနှင့် ပတ်သက်၍ ထုတ်ဝင်သည့် စာအုပ်တစ်အုပ်ကို ဦးအောင်မင်းအား ပြန်လည်ပေးအပ်ခဲ့သည်။

မီးရထားဝန်ကြီး ဦးအောင်မင်းက “ဒီမှာလာတာ ပညာရှင်တွေ၊ အဖွဲ့အစည်းတွေ၊ ဒါတွေအားလုံးကို ဒီမှာလာ ပြီးတော့ သမ္မတကြီး (ဦးသိန်းစိန်)ရဲ့ ညွှန်ကြားချက်ကို လိုက်ပြောတာပေါ့ဗျာ။ အဖွဲ့ ၁၄ဖွဲ့ လောက်တွေ့တယ်။ အခု ကိုယ့်နိုင်ငံအတွင်းမှာ စနစ်လည်း ပြောင်းပြီးဆိုတော့ ဒီနယ်စပ်မှာ ရှိတဲ့သူတွေ ပြန်လာကြဖို့၊ ပြန်အလုပ် လုပ်ကြဖို့ တိုက်တွန်းပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ဆက်လက်၍ ယခု ခရီးစဉ်သည် သမ္မတ ဦးသိန်းစိန်၏ စီမံချက်အတိုင်း ၎င်းတို့၏ ၅ကြိမ်မြောက်ခရီးစဉ် ဖြစ်သကဲ့သို့ တွေ့ဆုံခဲ့သူများကို နားလည်အောင် တင်ပြရှင်းလင်းခဲ့ပြီဖြစ်သောကြောင့် လက်ခံ မခံသည်မှာ သက်ဆိုင်ရာအဖွဲ့ပေါ်မှာ မူတည်ကြောင်း သူက ပြောသည်။

မယ်တော်ဆေးခန်း၏ အတွင်းလူနာ သားဖွားမီးယပ်ဌာန၏ အစီအစဉ် စီမံခန့် ခွဲသူ(Program Manager) နော်ဆိုဖီယာက “အခုလို သူတို့(ဦးအောင်မင်းအဖွဲ့) လာရောက်တော့ ကျမတို့ လက်တွေ့မြင်နေရတဲ့ အခြေ အနေတွေ သိသွားတာပေါ့။ နောက်ထပ် ဒီထက်သိချင်လို့ အခွင့်အရေးကြုံရင် လာပြီးလေ့လာမယ်ဆိုရင်လည်း ကျမတို့ ကြိုဆိုပါတယ်။”ဟု ပြောသည်။

ယခု မဲဆောက်ခရီးစဉ်အတွင်း ဦးအောင်မင်းအဖွဲ့တွင် အဖွဲ့ဝင် ၉ဦးပါဝင်ပြီး ယမန်နေ့က ဒေါက်စင်သီယာမောင် အပါအ၀င် ကရင်အမျိုးသားအစည်းအရုံး-KNUနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး-ABSDF စသည့် အဖွဲ့အစည်းများကို တွေ့ဆုံခဲ့သည်။

The NDF Statement on Ongoing Conflict in Arakan

NDF_statement_on_Strife_in_Araken._Eng

NCUB_St_on_Rohinja_June-Eng


Type the rest of your post here.

Tuesday, June 26, 2012

Freedom Fighters

မိုးသီးဇွန်ဘလော့မှ


In The Speakers chambers after the speech.— with
Mary Hla, Waihnin Pwint Thon, Aung San Suu Kyi, Khun Saing and Zoya Phan.

Type the rest of your post here.

မွန်ပြည်သစ်ပါတီမှ ပြည်သူလူထုတွေ့ ဆုံဆွေးနွေးပွဲ

လွတ်လပ်သောမွန်သတင်းအေဂျင်စီမှ


Type the rest of your post here.

ငြိမ်းချမ်းရေးသဘောတူထားမှုများကို KNU နှင့်ဦးအောင်မင်းအဖွဲ့ ပြန်ဆွေးနွေး

ဇွန်လ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

နှစ်ဖက် ငြိမ်းချမ်းရေးသဘော တူညီချက်များကို ပြန်လည်ဆွေးနွေးသည့် အနေဖြင့် ကရင်အမျိုးသားအစည်း အရုံး-KNU နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်းအဖွဲ့တို့သည်ထိုင်းနိုင်ငံ မဲဆောက်မြို့ Wattana Village Resort ဟိုတယ်၌ ယနေ့ညနေ ၃နာရီခန့်မှ ၅နာရီအထိ တွေ့ဆုံခဲ့သည်။

ယနေ့တွေ့ဆုံ ဆွေးနွေးပွဲတွင် KNU ဘက်မှ အဖွဲ့ဝင် ၆ဦးပါဝင်သည့် အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန် ဦးဆောင်သော အဖွဲ့နှင့် အစိုးရဘက်မှ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် ၉ဦး အဖွဲ့တို့က တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

KNU အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က “ကျမတို့ ဆွေးနွေးတာကတော့ ပြီးခဲ့တဲ့ အစိုးရနဲ့ ဆွေးနွေးထားတာ တွေ၊ သဘောတူညီဖြတ်ထားတဲ့အပေါ် ပြန်ပြောဆိုကြပြီး ရှေ့ဆက်ဘာတွေ လုပ်မလဲပေါ့။ နောက် ကျမတို့ KNU ရဲ့ လုပ်ငန်းစဉ် အပြောင်းအလဲတွေ သူတို့ကို အသိပေးတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ဆက်လက်၍ အစိုးရနှင့် သဘောတူ လက်မှတ်ထိုးပြီးနောက် ဖွင့်လှစ်ထားသည့် KNU ရုံးများကိစ္စနှင့် ပတ်သက် ၍ သုံးသပ်ခြင်း၊ လက်ရှိ ပြည်သူလူထုများက တောင်းဆိုထားသည့် မြေယာသိမ်းဆည်းမှု ကိစ္စများကို ဆွေးနွေးခဲ့သည်ဟု နော်စီဖိုးရာစိန်က ဆိုသည်။

မီးရထားဝန်ကြီး ဦးအောင်မင်းကလည်း “KNU ဒေသအတွင်း လူထုတွေ အခက်အခဲ တစုံတရာ ဖြစ်လာရင် ဆက်ဆံရေးကနေတဆင့် သွားတိုင်နိုင်တယ်။ ဆက်ဆံရုံးမှာ ဆွေးနွေးနိုင်တယ်။”ဟု ဆွေးနွေးပြောဆိုခဲ့သည်။

ဧပြီလ ၆ရက်နေ့က နော်စီဖိုးရာစိန်ဦးဆောင်သည့်ကေအဲန်ယူ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့နှင့်မြန်မာအစိုးရဘက်မှမီးရထားဝန်ကြီး ဦးဆောင်သည့် အဖွဲ့တို့သည်ရန်ကုန်မြို့တွင် ပြည်ထောင်စု အဆင့် ဆွေးနွေးကြကာ ဆုံးဖြတ်ချက် ၁၃ချက်ဖြင့်နှစ်ဖက် သဘောတူလက်မှတ်ထိုးခဲ့ကြခြင်းဖြစ်သည်။

ယနေ့ ဆွေးနွေးပွဲတွင် စစ်ရေးကိစ္စနှင့် ပတ်သက်၍ နှစ်ဖက် ပြောဆိုဆွေးနွေးမှုများ မရှိခဲ့ကြောင်း၊ တိကျသည့် ဆုံးဖြတ်ချက်များ မရှိခဲ့ကြောင်းနှင့် နောက် တွေ့ဆုံကြမည့် သတ်မှတ်ရက်များ မရှိသေးကြောင်း KNU က ပြောသည်။

သို့သော် ဆွေးနွေးပွဲကြောင့် KNU နှင့် မြန်မာအစိုးရအကြား ဆက်ဆံရေးများ ဆက်လက်ခိုင်မြဲသလို မရှင်းလင်း သည့် အကြောင်းအရာများကို ပြန်လည်မေးမြန်း ဖလှယ်ခဲ့သည့်အပေါ် ဆက်ရှေ့လုပ်ဆောင်ရမည့် လုပ်ငန်းများအတွက် အကျိုးရှိသည်ဟု နော်စီဖိုးရာစိန်က ပြောသည်။
http://www.kicnews.org/?p=12148

ဒေါက်တာစင်သီယာမောင်နှင့် ဦးအောင်မင်း တွေ့ဆုံ

ဇွန်လ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာ စင်သီယာမောင်နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် မီးရထားဝန်ကြီး ဦးအောင်မင်းတို့က ထိုင်းနိုင်ငံ မဲဆောက်မြို့၊Wattana Village Resort ဟိုတယ်တွင် ယနေ့ နေ့လည် ၁၂နာရီ၌ တွေ့ဆုံခဲ့သည်။

နာရီဝက်ကြာ တွေ့ဆုံခဲ့သည့် အဆိုပါ တွေ့ဆုံပွဲတွင် နယ်စပ်ဒေသရှိ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးကိစ္စ များကို ရှေ့ဆက် ဘယ်လိုလုပ်ဆောင်သင့်သည်များကို အစိုးရ ကိုယ်စားလှယ်ဘက်မှ ဦးအောင်မင်းနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ ဦးဆောင်ဆွေးနွေးခဲ့ပြီး ဒေါက်တာစင်သီယာမောင်ဘက်မှ ဆရာမ နော်ထူး၊ ဆရာ စောချစ်ဝင်းနှင့် CDC ကျောင်းအုပ် မန်းရွှေနှင်းတို့က ပါဝင်ဆွေးနွေးခဲ့သည်။

ဒေါက်တာစင်သီယာမောင်က “ဦးအောင်မင်းကို နယ်စပ်မှာရှိတဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ ကလေးအခွင့်အရေးအဖွဲ့အစည်းတွေရဲ့ လက်ရှိလုပ်ငန်းတွေကို ကျမတို့ တင်ပြတယ်။ လာမယ့်အခြေအနေမှာ ထိုင်းနိုင်ငံထဲမှာရှိတဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးအခြေခံအဖွဲ့တွေနဲ့ ပြည်တွင်းထဲမှာ ရှိတဲ့အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုလုပ်နိုင်အောင် ဆက်ပြီး ဆွေးနွေးသွားမယ်။”ဟု သတင်းထာက်များကို ပြောသွားခဲ့သည်။

တွေ့ဆုံမှုကြောင့် ဦးအောင်မင်းအနေဖြင့် လက်ရှိ ထိုင်း-မြန်မာနယ်စပ်ဒေသရှိ ကျန်းမာရေး၊ ပညာရေးနှင့် လူထုအခြေပြုအဖွဲ့အစည်းများ၏ လုပ်ငန်းများကို ပိုမို သဘောပေါက်သွားပြီဖြစ်သလို ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်ရန် အစိုးရ ကိုယ်စားလှယ်တွေ ထပ်လွှတ်ပေးမည်ဟု ပြောသွားကြောင်း ဒေါက်တာစင်သီယာမောင်က ဆိုသည်။

မီးရထားဝန်ကြီး ဦးအောင်မင်းက “ဆရာမကြီး(ဒေါက်တာစင်သီယာမောင်)လိုအပ်တဲ့ အကူအညီတွေကို ကူညီမယ်။ သမ္မတကြီးကလည်း ကူညီဖို့ လွှတ်လိုက်တာပဲလေ။ ပြီးတော့ ဆရာမကြီးကို ကူညီနိုင်ဖို့ လူမှုရေးနဲ့ ကျန်းမာရေးအလုပ်ကို လုပ်နေတဲ့ ကျနော့်ဇနီးနဲ့ ဦးခင်ရီဇနီးလွှတ်ပေးဖို့ ရှိတယ်။ ဆရာကြီးရဲ့ ဆေးခန်းကိုလည်း တရားဝင်ဖြစ်အောင် ကြိုးပမ်းပေးမယ်။”ဟု ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံမှ တိုင်းရင်းသားများအတွက် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်ဒေသတွင် ကြီးမားခက်ခဲသည့် အလုပ်များကို လုပ်ဆောင်နေသည့် ဒေါက်တာစင်သီယာမောင်အား ကျေးဇူးတင်ကြောင်းနှင့် လိုအပ်သည့် အကူအညီများကို စာဖြင့် ရေးကာ သမ္မတ ဦးသိန်းစိန်ထံသို့ ယူသွားပေးမည်ဖြစ်ကြောင်း ဦးအောင်မင်းက ပြောသည်။

လာမည့် ဇွန်လ ၂၇ရက်နေ့ နံနက် ၆နာရီခွဲတွင် ဦးအောင်မင်းဦးဆောင်သည့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် မဲဆောက်ရှိ မယ်တော်ဆေးခန်းတွင် ဒေါက်တာစင်သီယာမောင်အား ထပ်မံ၍ သွားရောက်တွေ့ဆုံဦးမည်ဟုသိရသည်။

ယနေ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်းနှင့်အဖွဲ့သည် မဲဆောက်မြို့ Wattana Village Resort ဟိုတယ်တွင် ကရင်အမျိုးသားအစည်းအရုံး-KNU၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။
http://www.kicnews.org/?p=12119

တောထဲသို့ အင်ဥ ထွက်ရှာသည့် အီတိုးထာ့ IDP တစ်ဦး ပစ်သတ်ခံရ

ဇွန်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အီတိုးထာ့ ပြည်တွင်း ဒုက္ခသည်(IDP)စခန်းမှ အသက် (၄၈)နှစ်အရွယ် စောကရီးမူးဆိုသူသည် တောထဲသို့ အင်ဥ(မှို) သွားရှာစားနေစဉ်မြန်မာအစိုးရတပ် (ခလရ-၁၉)၏ကိုကြာ့ခို့စခန်းအခြစိုက်ကန့်သတ် နယ်မြေအတွင်းတွင် ဇွန်လ(၁၃)ရက်နေ့က ပစ်သတ်ခြင်းခံခဲ့ရသည်ဟု အီတိုးထာ့ဒေသခံများက ပြောသည်။

အခင်းဖြစ်ပွားသည့် နေရာတွင် အီတိုးထာ့၏ မြောက်ဘက်မှာ ခြေလျင်ဖြင့် တစ်နာရီကျော် ခရီးရှိပြီးခလရ-၁၉အခြေစိုက်တပ်စခန်းနှင့် ကိုက် ၁၀၀ ကျော်အကွာတွင်တည်ရှိသည်ဟု ပြည်တွင်းကရင်ဒုက္ခသည်များကို ကူညီပေးနေသည့် (Karen Office Relief Development-KORD)အဖွဲ့မှ တာဝန်ခံ စောမောလောက ကေအိုင်စီသို့ ပြောသည်။

သူက “သူပစ်သတ်ခံရတဲ့ နေရာက မြန်မာတပ်စခန်းနဲ့ တော်တော်နီးတယ်။ ကန့်သတ်နယ်မြေဆိုတော့ ပစ်လိုက်တယ်တဲ့ သဘောပဲ။ ဒီလူက အရပ်ဝတ်နဲ့ဆိုတော့ အဝေးကနေ မြင်ရင်တော အရပ်သားဆိုတာ သိနိုင်တယ်။ အခုက အဝေးကနေ ပစ်ထိပြီး အနီးကပ် ထပ်ပစ်တဲ့အသွင် တွေ့ရတယ်။ ဘယ်ဘက် မျက်လုံးတဖက် မရှိတော့ဘူး။”ဟု ပြောသည်။

မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တို့၏ အပစ်အခတ်ရပ်စဲရေးကာလတွင် အီတိုးထာ့ စခန်းရှိ လူများက ဝေးလံသည့် တောထဲသို့ သွားသော်လည်း အန္တရာယ်ကြီးကြီးမားမား ရှိမည်ဟု မယူဆဘဲ အင်ဥများ ပေါက်နေသည့်ယခုလို မိုးရာသီတွင် ထိုကဲ့သို့ အင်ဥများ ရှာထွက်ခြင်းဖြစ်သည်ဟုသိရသည်။

“အဲဒီနေ့ အင်ဥရှာထွက်တာ စောကရီးမူးနဲ့ အဖော်နှစ်ယောက်ပါ။ အင်ဥတွေ ပိုရချင်တဲ့ဇောနဲ့ အဖော်နှစ်ယောက်ရဲ့ အရှေ့မှာသွားတော့ အပစ်ခံရတာပဲ။ ပြီးတော့ သူတို့သုံးယောက်ရဲ့အနောက်မှာ အမျိုးသမီးတဖွဲ့ရှိသေးတယ်။ သေနတ်သံကြားတော့ အားလုံး ထွက်ပြေးသွားကြတယ်။”ဟု အီတိုးထာ့ ဒုက္ခသည်တဦး၏ စကားကို ကိုးကား၍ စောမောလောက ဖြည့်စွက်ပြောဆိုသည်။

အီတိုးထာ့စခန်းရှိ လုံခြုံရေးတာဝန်ရှိသူများက ပစ်သတ်ခံရသူ စောကရီးမူး၏ ရုပ်အလောင်းကို ဇွန်လ ၁၄ရက်နေ့တွင် ရှာတွေ့ပြီး ၎င်းပစ်သတ်ခံရသည့်နေရာ တောထဲ၌ပင် မြေမြှုပ်သင်္ဂြိုလ်ခဲ့သည်။

ပစ်သတ်ခြင်းခံရသည့် စောကရီးမူးသည် ဇနီးအပါအ၀င် ကျန်ရစ်သူ မိသားစု ၇ဦးရှိသည်ဟု သိရသည်။
http://www.kicnews.org/?p=12106

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ပြည်ပရောက် အဖွဲ့တွေနဲ့တွေ့

By မခင်ဖြူထွေး

မြန်မာနိုင်ငံတွင်း နိုင်ငံရေးပါတီတခုအနေနဲ့ ပြန်လည်ရပ်တည် လုပ်ကိုင်နိုင်မယ့် အလားအလာ ပိုပြီး ရှိ လာပြီလို့ မျှော်လင့်တဲ့အကြောင်း ဒီကနေ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ပြည် ပရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအဖွဲ့တချို့နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံခဲ့တာနဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဒီကနေ့ မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ပြည် ပရောက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့အဖွဲ့တချို့က ခေါင်းဆောင်တွေ တွေ့ဆုံပြီး အပြန်အလှန်ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းက ထိုင်း-မြန်မာအခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်လို့တော့ လူ့ဘောင်သစ် ဒီမိုရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အခုလို ပြောပြပါတယ်။

“အဓိက-ကတော့ သုံးချက်ပါပဲ။ ကျနော်တို့ဘက်က တစ်-အချက်က ကျနော်တို့ပါတီအနေနဲ့ တိုင်းပြည်ရဲ့ ဒီမို ကရေစီတည်ဆောက်ရေး လုပ်ငန်းစဉ်မှာ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ နိုင်ငံရေးပါတီ တခု အနေနဲ့ တရားဝင်ပါဝင်ပြီးတော့ ဆောင်ရွက်ချင်တယ်။ အဲဒီအတွက် ကျနော်တို့ပါတီကို မတရားသင်း သတ်မှတ်ထားတာနဲ့ပတ်သက်လို့ ဖျက်သိမ်းပေးဖို့၊ နော် ကျနော်တို့အားလုံးပြန်ပြီးတော့ အထဲမှာ နိုင်ငံရေး ခိုင်ခိုင်မာမာလုပ်ခွင့်ရဖို့- အဲဒီကိစ္စတွေကို ဆွေးနွေးပါတယ်။ ဝန်ကြီးဦးအောင်မင်းတို့၊ ဝန်ကြီးဦးခင်ရီတို့ဘက် က ပြန်ပြီး ဆွေးနွေးတာကတော့ မတရားသင်းပြန်ပြီး ဖျက်သိမ်းပေးဖို့ကိစ္စ၊ နောက်တခုက ကျနော်တို့ အားလုံး ပြန်လာပြီး အထဲမှာ နိုင်ငံသားအခွင့်အရေးနဲ့ အညီ နိုင်ငံရေး လုပ်ကိုင်နိုင်မှုဆိုတာတွေနဲ့ ပတ်သက်လို့ ဒီ နှစ်ချက်ကို သမ္မတကြီးဆီကို စာရေးပါ။ သူတို့ အနေနဲ့ ဝိုင်းဝန်းပြီးတော့ ဒီကိစ္စတွေကို မဖြစ် ဖြစ်အောင် ကြိုးစားပြီးတော့ ဆောင်ရွက်ပါ့မယ်လို့ ကျနော်တို့ကို ပြောပါတယ်။”

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ အခုတကြိမ်တွေ့ဆုံတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး နောက်တကြိမ် တွေ့ ဆုံဖို့စီစဉ်နေတဲ့ အကြောင်းလည်း ဦးအောင်မိုးဇော်က ပြောပါတယ်။ ပြည်ပမှာ ဆယ်စုနှစ်နဲ့ချီ လှုပ်ရှားနေတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအနေနဲ့ မြန်မာနိုင်ငံတွင်း တရားဝင် နိုင်ငံရေးပါတီတခုအနေနဲ့ ပြန်လည် ရပ်တည် လုပ်ကိုင်နိုင်မယ့် အလားအလာ ပိုပြီး ရှိလာပြီလို့ မျှော်လင့်တဲ့အကြောင်းလည်း သူက ပြောပါတယ်။

“ဒီကနေ့ဆွေးနွေးပွဲနဲ့ ပတ်သက်လို့တော့ ကျနော့်အနေနဲ့ အားရမှုရှိတယ်။ ကျနော့်အနေနဲ့ပေါ့- မျှော်လင့်ချက် ပိုပြီးတော့ များလာတယ်လို့ ပြောချင်ပါတယ်။ ဝန်ကြီးဦးအောင်မင်းတို့၊ ဝန်ကြီး ဦးခင်ရီတို့ရဲ့ ပြောဆိုချက်တွေ အရဆိုရင် မတရားအသင်းအဖြစ် ကြေညာထားတာကို ဖျက်သိမ်းပေးမယ့် အလားအလာ၊ နောက်တခုက ကျနော်တို့ပြန်ရနိုင်တဲ့အလားအလာ၊ ပြန်ပြီးတော့ တိုင်းပြည်ထဲမှာ နိုင်ငံရေးပါတီတခု အနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်ပြီးတော့ အလုပ်လုပ်နိုင်တဲ့အလားအလာ ပိုများလာတယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။”

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ ၀န်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ဟာ ဒီကနေ့ နေ့လယ် ၂ နာရီလောက်ကနေ ၄ နာရီလောက်အထိ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါ တယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FTUB နဲ့လည်း ဒီကနေ့ တွေ့ဆုံခဲ့သလို မနက်ဖြန် မှာတော့ ကရင်အမျိုးသား အစည်းအရုံး KNU အပါအ၀င် နယ်စပ်လက်နက်ကိုင် အဖွဲ့အစည်း တချို့နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

ဒီကနေ့ တွေ့ဆုံဆွေးနွေးမှုမှာတော့ မြန်မာအစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က မီးရထားဝန်ကြီး ဦးအောင်မင်း၊ ၀န်ကြီး ဦးခင်ရီ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့အပြင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေဖြစ်တဲ့ ဦးလှမောင်ရွှေနဲ့ ဒေါက်တာ ကျော်ရင်လှိုင် အစရှိတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ခဲ့ကြသလို လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဘက်ကတော့ ပါတီဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနဲ့ တခြားခေါင်းဆောင်နှစ်ဦး ပါဝင်တယ်လို့လည်း ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲမှာ သဘောတူညီချက် တစုံတရာ ရယူခဲ့တာမျိုး မဟုတ်ပေမဲ့လို့ နောက်ထပ် ဆွေးနွေးမှုတွေ ဆက်ပြီး လုပ်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဟာ ဒီနှစ်အစောပိုင်းကစလို့ ပြည်ပအခြေစိုက် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ၊ လက်နက်ကိုင် အဖွဲ့တချို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်လာနေတာဖြစ်ပါတယ်ရှင်။
http://www.voanews.com/burmese/news/---06_25_12_my-news-burma----160237885.html

ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ဓားပြများ သောင်းကျန်း

ဟင်္သာနီ (မွန်မြေ)၊ ကွန်းချမ်း | တနင်္လာနေ့၊ ဇွန်လ ၂၅ ရက် ၂၀၁၂ ခုနှစ်

စံခလပူရီ (မဇ္ဈိမ) ။ ။ ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် တနင်္သာရီတိုင်း အထက်ပိုင်းရှိ ရေဖြူ မြို့နယ်တို့တွင် နေ့ခင်းကြောင်တောင် ဓားပြတိုက်မှုနှင့် ရွာသူရွာသားများအား ရိုက်နှက် ဓားပြတိုက်မှုတို့ ဤရက်ပိုင်း အတွင်း ဖြစ်ပွားခဲ့သည်။

မြဝတီမြို့တွင် တနင်္ဂနွေနေ့ မွန်းလွဲ တနာရီခွဲခန့်က မြို့လယ်ရှိ “အင်ပါယာ” ရွှေဆိုင်အား အမည်မသိ လက်နက်ကိုင် အဖွဲ့မှ လာရောက် လုယက် ဓါးမြ တိုက်ခဲ့သည်။ ရွှေချိန် ၂ ပိဿာ ကျော်နှင့် မြန်မာငွေ သိန်း ၃ဝဝ ခန့် အလုအယက် ခံခဲ့ရကြောင်း ရွှေဆိုင်ပိုင်နှင့် ရင်းနှီးသည့် လုပ်ငန်းရှင် တဦးက ပြောသည်။

“ဟွန်ဒါကား ခဲရောင်နဲ့ မှန်တွေမှာ စတေကာ အမဲ တပ်ထားတဲ့ ကားနဲ့လာတယ်။ ဓါးမြ သုံးဦးက ကားပေါ်က ခုန်ဆင်း လာပြီး သေနတ် သုံးချက် ဖောက်ပြီး ဆိုင်ထဲကို ဝင်လာတယ်။ မျက်နှာဖုံးတွေ လက်အိတ်တွေ တပ်ထား
တွေ တပ်ထားတော့ ရုပ်ကို မမြင်ရဘူး။ ပိုက်ဆံအိတ်ထဲမှာ ကျပ်သိန်းသုံးရာ ထည့်ထားတာ လုယူသွားတယ်။
ရွှေတွေကိုတော့ ယူလို့ ရသလောက် ကြုံးယူ သွားတယ်။ ဖြစ်စဉ်က ငါးမိနစ် လောက်တောင် မကြာဘူး။ နောက်ပြီး ကားနဲ့ ပြန်မောင်း ထွက်သွားတယ်” ဟု မဇ္ဈိမကို ပြောသည်။

အခင်း ဖြစ်ပွားချိန်၌ ရွှေဆိုင်တွင်းတွင် ဆိုင်ပိုင်ရှင်၏ သမီး တဦးနှင့် အကူ ဝန်ထမ်း နှစ်ဦးတို့ တာဝန်ယူ ရောင်းချ
နေလျက် ရှိသည်။ ဆိုင်ရှင် ဦးမင်းအုန်းဖေ၊ ဇနီး ဒေါ်မိ အေးကြည်၊ သမီးနှင့် အကူဝန်ထမ်း နှစ်ဦး တို့အား တနင်္လာနေ့ နံနက်၌ သက်ဆိုင်ရာ ရဲစခန်းမှ ခေါ်ယူကာ စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

“ဒီလမ်းက ကားတွေ၊ ဆိုင်ကယ်၊ ဆိုက်ကား အရမ်းရှုပ်တဲ့ လမ်းဖြစ်တယ်။ သေနတ်သံ ကြားတော့ လူတွေက ရုတ်ရုတ် သဲသဲ ဖြစ်ပြီး ထွက်ပြေး ကြတာပေါ့။ ပြီးတော့မှ ရွှေဆိုင်ကို ဓားမြ တိုက်တယ်လို့ သိရတယ်။ အခင်း
ဖြစ်ပြီးနောက် သက်ဆိုင်ရာ မြို့နယ် ဦးစီးမှူးနဲ့ ရဲတွေ တာဝန်ရှိသူတွေ လာရောက်ပြီး ဓါတ်ပုံမှတ်တမ်းတင်ပြီး စစ်ဆေး မေးမြန်း သွားတယ်” ဟု မြဝတီမြို့ခံ တဦးဖြစ်သူ ကိုလေး က ပြောသည်။

ဓါးမြများမှာ AK 47 နှင့် M 16 လက်နက်များ ကိုင်ဆောင်ခဲ့သည်ဟု သိရှိရသည်။ “အင်ပါယာ” ရွှေဆိုင်သည် နယ်မြေခံ ရဲစခန်းနှင့် ကိုက် ၂ဝဝ ကျော်ကျော် ကွာဝေးကြောင်း မြဝတီ မြို့ခံမှ ပြောသည်။

ဓါးမြတိုက်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက် ဖြစ်သည်ကို သက်ဆိုင်ရာ ရဲစခန်းမှ ထုတ်ပြန် ပြောကြား
ခြင်း မရှိသေးပေ။

ထို့ပြင် ဇွန်လ ၂၂ ရက်နေ့ ညကလည်း မွန်လက်နက်ကိုင်အဖွဲ့တဖွဲ့က ရွာသားများကို ရိုက်နှက်ကာ ဓားပြတိုက် သည့် ဖြစ်ရပ်တခု တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ ရေငန်ကြီး ကျေးရွာတွင် ဖြစ်ပွားခဲ့သည်။

ကြိုးတုပ် ရိုက်နှက်ခံရသူ ဆယ်ဦးကျော်တွင် ခြောက်ဦးမှာ ဒဏ်ရာ ပြင်းထန်ပြီး ရွာသားများထံမှ ရွှေ ၁၂ ကျပ်သား
နှင့် ကျပ်ငွေ အချို့လည်း ရယူသွားခဲ့ကြောင်း ရေငန်ကြီး ကျေးရွာမှ ရွာသားတဦးက ပြောသည်။

“အဲဒီ ခြောက်ယောက်က ထမင်းစားလို့တောင် မရဘူး” ဟု ရွာသားတဦးက ပြောသည်။ ဒဏ်ရာ ပြင်းထန်သူများမှာ အသက် ၄ဝ နှင့် ၆ဝ ဝန်းကျင်အတွင်းရှိ နိုင်ပီး + မိရှီး၊ နိုင်ဆန်း + မိပုနှင့် နိုင်လန်ဘား + မိကွန်းစိုးတို့ လင်မယား စုံတွဲများ ဖြစ်ကြသည်။

အိမ်ခြေ ၅ဝ ခန့် ရှိသည့် ရေငန်ကြီးရွာသည် ရေး-ထားဝယ် မီးရထားလမ်းပေါ်တွင် ရှိပြီး ရေး-ထားဝယ် မော်တော် ကားလမ်းပေါ်ရှိ ရားဖူးရွာ၏ အနောက်ဘက် ၅ မိုင်ခန့်တွင် ရှိသည်။ ဓားပြတိုက် လက်နက်ကိုင်များက တအိမ်
ရွှေတကျပ်သား တောင်းခံထားရာမှ ကျေးရွာဥက္ကဋ္ဌက အသနားခံ ဝင်ရောက် ညှိနှိုင်းမှုကြောင့် ရွှေ ၁၂ ကျပ်သား
နှင့် ပြေလည်ခဲ့သည်ဟု သိရသည်။

တနင်္သာရီတိုင်း မြောက်ပိုင်းနှင့် မွန်ပြည်နယ် တောင်ပိုင်းတွင် နိုင်ချမ်းဒိန်း ဦးဆောင်သည့် အဖွဲ့နှင့် ဖေဖော်ဝါရီ လကုန်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ လက်နက်ချခဲ့သည့် နိုင်ဗင် ဦးဆောင်သည့် မွန်လက်နက်ကိုင် အဖွဲ့တို့ လှုပ်ရှားနေပြီး မည်သည့်အဖွဲ့၏ လက်ချက် ဖြစ်သည်ကို မသိရှိကြကြောင်း ရွာသားများက ပြောသည်။

“သူတို့အဖွဲ့မှာ ခြောက်ယောက် လောက်ပဲ ပါတယ်။ ကျနော်တို့လည်း သူတို့ကို မကြည့်ရဲလို့ ဘယ်အဖွဲ့ကလဲဆိုတာ ကျနော်တို့ အတိအကျ မပြောနိုင်ဘူး” ဟု ရိုက်နှက်ခံရသည့် ရွာသားတဦးက ပြောသည်။

ထိုသို့ ဓားပြတိုက် ငွေကြေးတောင်းခံမှုကြောင့် မွန်လက်နက်ကိုင်အဖွဲ့ကို ထောက်ပံ့သည်ဆိုပြီး ဇွန်လ ၂၃ ရက်နေ့ တွင် ရေငန်ကြီးရွာ၏ တောင်ဘက် ၅ မိုင်ခန့် ကွာဝေးသည့် မင်းသားရွာရှိ အစိုးရတပ် ခမရ ၂၈၂ မှ နယ်လှည့် ကင်းတပ်ဖွဲ့က ရေငန်ကြီး ရွာသားများကို ခေါ်ယူကာ မွန်လက်နက်ကိုင်အဖွဲ့ကို ထောက်ပံ့ခဲ့သည့်အတိုင်း ၎င်းတို့ကို လည်း ပေးဆောင်ရန် ငွေကြေးတောင်းခံထားကြောင်း ရွာသားများက ပြောသည်။

“ကျမတို့မှာ ပေးစရာကို မရှိတော့ဘူး။ အခုက ပေးနိုင်ဖို့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ သားသမီးတွေဆီကနေ ပိုက်ဆံ
တွေ လိုက်တောင်းနေရတယ်။ ရွာကနေ ရှောင်ပြေးတဲ့ လူတွေလည်း ရှောင်ပြေးနေကြပြီ” ဟု ရေငန်ကြီး ကျေးရွာသူ တဦးက ပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ ဓားပြတိုက် လက်နက်ကိုင်အဖွဲ့မှာ လက်နက်ချ နိုင်ဗင်အဖွဲ့မှ လက်ကျန်များ
ဖြစ်သည့် ချမ်းသာနှင့် အလွန် အုပ်စုတို့ ဖြစ်ပြီး၊ မကြာမီ နိုင်ဗင်အဖွဲ့နှင့် ပူးပေါင်းရန်အတွက် ဓားပြတိုက်ကာ ငွေကြေး စုဆောင်းနေခြင်း ဖြစ်သည်ဟု သိရသည်။

ရေးမြို့နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ် မြောက်ပိုင်းရှိ ဒေသခံများမှာ အစိုးရတပ်များနှင့် ၎င်းတို့ တပ်ဖွဲ့ကြောင့် ရွာမီးရှို့ခံရခြင်း အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြား ခံခဲ့ရကြောင်း ဒေသခံများက
ပြောသည်။
http://www.mizzimaburmese.com/news/inside-burma/9554-2012-06-25-12-56-26.html

နှစ်(၂၀)ပြည့် OKRSO အဖွဲ့ ၏ ထုတ်ပြန်ကြေငြာချက်

14-_06-_2012_OKRSO-bangkok.001


Type the rest of your post here.

Saturday, June 23, 2012

ဒေါ်အောင်ဆန်းစုကြည် ပြည်ပ မြန်မာမီဒီယာတွေနဲ့ သီးခြားတွေ့ဆုံခဲ့

တိုင်းတပါးရောက်သွားသူတွေကို ကိုယ့်ရဲ့မိခင်ဘာသာစကားမမေ့ဖို့ ဒေါ်အောင်ဆန်းစုကြည်က အလေးပေးပြောသွားတာ တွေ့ ရပါတယ်။ ပြည်ပရောက် ကရင်တွေလည်း ကိုယ့်သားသမီးတွေ မိခင်ဘာသာစကားကို မမေ့ဖို့ ပြောနိုင်ဖို့ ပြင်ဆင်ထားကြစေလို.......



Type the rest of your post here.

ရခိုင်ပြည်အရေးအခင်းနှင့်ပါတ်သက်၍ NCUB ဧ။် သုံးသပ်ထုတ်ပြန်ချက်

2012_June_23__NCUB_Statement_for_Arakan_state_events


Type the rest of your post here.

Friday, June 22, 2012

"ဒါဟာအချစ်တဲ့လား" "ဒါဟာငြိမ်းချမ်းရေးလား"

"ဒါဟာအချစ်တဲ့လား" "ဒါဟာငြိမ်းချမ်းရေးလား"..... ကဲ... မင်းပဲပြော....






Type the rest of your post here.

မြို့နယ်အုပ်ချုပ်ရေးမှူးက သတ်မှတ်ပေးလိုက်သော ကရင်တော်လှန်ရေးခေါင်ဆောင် စောဘဦး ၏ ကျောက်တိုင်

ဟစ်တိုင်သတင်းမှပြန်လည်ကူးယူသည်။

- ဒီမိုကရင် --၁၈-၆ -၂၀၁၂

ကရင်ပြည်နယ်၊ မြ၀တီမြို့ အမှတ်(၁)ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ယခင် ဦးနု အစိုးရလက်ထက်က ၀န်ကြီးချုပ်ဦးနု ကိုယ်တိုင်စိုက်ထူပေးခဲ့သော အာဇာနည်ကျောက်တိုင်အား (၁၄-၆-၂၀၁၂)ရက်နေ့တွင် ခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ မှ မြို့မိမြို့ဖများ၊ ပြည်သူလူထုအား တွေ့ဆုံပွဲတွင် ကရင်တော်လှန်ရေး ခေါင်းဆောင် ဦးစောဘဦး ၏ အထိမ်းအမှတ် ကျောက်တိုင် ဖြစ်ကြောင်း သတ်မှတ် ပြောကြားလိုက်သည်။

ဝန်ကြီးချုပ် ဦးနု နှင့်အတူ တွေ့ ရသော ကရင်တော်လှန်ရေး ခေါင်းဆောင် ဦးစောဘဦး

၎င်းအာဇာနည်ကျောက်တိုင်သည် နအဖလက်ထက်က ပယကဥက္ကဌ ဗိုလ်မှူးကြီး စောခင်စိုးမှ အာဇာနည် ကျောက်တိုင်ကို ကုန်သည်ကြီးများ ဥက္ကဌ ဖြစ်သူ ဒေါ်သင်းသင်းမြတ် (တရုတ်မ)ထံ ရောင်းစားခဲ့သည်။
ဒေါ်သင်းသင်းမြတ်ဆိုသူသည် အာဇာနည်ကျောက်တိုင်ကို ၀ယ်ယူသည့်အပြင် စည်ပင်သာယာပိုင် ဒုံမေပတီဈေးမြေနေရာနှင့် ဘုရင့်နောင်လမ်းပေါ်ရှိ အများပိုင် ကုန်သွယ်ရေးရုံးတို့ကိုပါ အာဏာပိုင်နှင့်ပေါင်းကာ တရားမ၀င် ၀ယ်ယူထားခဲ့ပါသည်။

ဒေါ်သင်းသင်းမြတ် ဆိုသူသည် ထိုင်းနိုင်ငံ ဒီမိုကရက်တစ်ပါတီမှ နိယုံး (ကုန်သည်များဥက္ကဌ) နှင့် ပူးပေါင်းကာ မြန်မာအာဏာပိုင်များကို လဘ်ပေးလဘ်ယူ လုပ်ကာ ကြိုးကိုင်ခိုင်းထားသည်။

မကြာသေမီ လပိုင်းခန့်က (၂၄)နာရီလျှပ်စစ်မီးရရှိရေးအတွက် နိယုံး၏ ညီဖြစ်သူ ထိုင်းနိုင်ငံသား တဦးကို ပတ်စ်ပို့ မပါပဲ မြ၀တီမှတဆင့် ဘားအံမြို့ကို ခေါ်ဆောင်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံပေးခဲ့သည်။ ပြီးခဲ့သည့် လပိုင်းခန့်က ပဲခူးမြို့အ၀င်တွင် ဂျူတီမဲ့ပစ္စည်း မှန်လုံကား(၄)စီး ကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့သည်။

၎င်းမှန်လုံကားများပေါ်တွင် ထိုင်းနိုင်ငံကို ဖြတ်ကာ စင်္ကာပူနိုင်ငံမှ သယ်ဆောင်ခဲ့သော နိုင်ငံခြားအရက်မျိုးစုံကို ဖမ်းဆီးသိမ်းဆည်းခံရသည်။ နိုင်ငံခြားအရက်များ ခိုးသွင်းနေသည်ကို မြ၀တီမြို့ အကောက်ခွန်ဝန်ထမ်းများ သိသော်လည်း မဖမ်းရဲ ဖြစ်ခဲ့ရသည်။ ပြည်နယ်ဝန်ကြီးချုပ်ကို ခါးပိုက်ဆောင်ထဲ ထည့်ထား၍ နိုင်ငံခြား အရက်မျိုးစုံ ပါသော မှန်လုံကား(၄)စီး သံလွင်တံတားကို လွယ်ကူစွာ ကျော်ဖြတ်ကာ ပဲခူးဂိတ် ဈေးညှိမတည့်၍ အဖမ်းခံ လိုက်ရခြင်း ဖြစ်သည်။
ဒေါ်သင်းသင်းမြတ်၏ အဓိက ကုန်သွယ်မှုလုပ်ငန်းသည် နိုင်ငံခြားအရက်မျိုးစုံ ခိုးသွင်းခြင်းဖြစ်၍ နှစ်(၂၀)ကျော် ရင်းနှီးစွား ကုန်သွယ်လုပ်ခဲ့ခြင်း ဖြစ်သည်။

ခိုးသားငါးရာ ၀ိုင်းရံထားသော ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်း သည် နိုင်ငံတော်သမ္မတရုံးမှ အာဇာနည်ကျောက်တိုင်အား အများပိုင်မြေအဖြစ်သတ်မှတ် ညွှန်ကြားပေးရန် လမ်းညွှန်ချက်ကို မကျေနပ်၍ တရုတ်မ ဒေါ်သင်းသင်းမြတ်နှင့် ပူးပေါင်းကာ ကရင်တော်လှန်ရေးခေါင်းဆောင် စောဘဦး ၏ ကျောက်တိုင်အဖြစ် သတ်မှတ်ပေးရန်ဟု ခရိုင်အုပ်ချုပ်ရေးမှူးကို ထပ်ဆင့် ညွှန်ကြားသည်ဟု သိရှိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် ဘဲဥကို မုန်လာဥ လုပ်သည့်နေရာတွင် အရမ်းကျွမ်းကျင်ခဲ့လို့ ဒုတိုင်းမှူးဘ၀ကနေ ရွေးကောက်ပွဲမ၀င်ပဲ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်ခဲ့သည်ဟု တပ်မတော်အသိုင်းမှ ဝေဖန်မှုများ ပြန့်လွင့်ခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် ယခင်က ၀န်ထမ်းများကို ပါးရိုက်၊ စောင့်ကန်၊ ဆဲဆိုခြင်းများနှင့် ဖိနှိပ်ချုပ်ကိုင်ခဲ့သော်လည်း၊ ယခုအခါ ၄င်း၏ အသံမထွက်ရန် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများမှ တဆင့် မိုက်ရိုင်းဆက်ဆံမှုများနှင့် ဖိနှိပ် အုပ်ချုပ် စေခဲ့သည်။

ခရိုင်အုပ်ချုပ်ရေးမှူးတို့သည် ၄င်းတို့၏ မွေးထားသော မိဘမျက်နှာ မထောက်ပဲ ပြည်နယ်ဝန်ကြီးချုပ်၏ မိုက်ရိုင်းစေသည့် အပြုအမူကို ကျင့်သုံးကာ ပြည်သူများကို ဆက်ဆံကြသည်။ ပြည်သူက ရွေးချယ်ထားသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကိုပင် ခရိုင်အုပ်ချုပ်ရေးမှူးက လူမှုအစည်းအဝေး တစ်ခုတွင် ခင်ဗျားပါးစပ်ပိတ်ထားဟု မိုက်ရိုင်းစွာ ပြောဆိုခဲ့သည်။
မြ၀တီမြို့ ပြည်သူများအနေဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးကို အမြန်ဆုံးပြောင်းစေချင်ကြသည်ဟု သိရှိနေကြသော်လည်း ကရင်ငြိမ်းချမ်းရေးအဖွဲ့များ အနေဖြင့် ကရင်တော်လှန်းရေးခေါင်းဆောင် စောဘဦး ၏ ကျောက်တိုင် သတ်မှတ်ပေးသည့်အတွက် ၀မ်းသာမဆုံး လွန်စွာ ကျေးဇူးတင်နေကြောင်း သိရှိရပါသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် ဘဲဥကို မုန်လာဥ လုပ်သည့်နေရာတွင် အရမ်းကျွမ်းကျင်ခဲ့လို့ ဒုတိုင်းမှူးဘ၀ကနေ ရွေးကောက်ပွဲမ၀င်ပဲ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်ခဲ့သည်ဟု တပ်မတော်အသိုင်းမှ ဝေဖန်မှုများ ပြန့်လွင့်ခဲ့သည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် ယခင်က ၀န်ထမ်းများကို ပါးရိုက်၊ စောင့်ကန်၊ ဆဲဆိုခြင်းများနှင့် ဖိနှိပ်ချုပ်ကိုင်ခဲ့သော်လည်း၊ ယခုအခါ ၄င်း၏ အသံမထွက်ရန် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများမှ တဆင့် မိုက်ရိုင်းဆက်ဆံမှုများနှင့် ဖိနှိပ် အုပ်ချုပ် စေခဲ့သည်။

ခရိုင်အုပ်ချုပ်ရေးမှူးတို့သည် ၄င်းတို့၏ မွေးထားသော မိဘမျက်နှာ မထောက်ပဲ ပြည်နယ် ၀န်ကြီးချုပ်၏ မိုက်ရိုင်းစေသည့် အပြုအမူကို ကျင့်သုံးကာ ပြည်သူများကို ဆက်ဆံကြသည်။
ပြည်သူက ရွေးချယ်ထားသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကိုပင် ခရိုင်အုပ်ချုပ်ရေးမှူးက လူမှုအစည်းအဝေးတစ်ခုတွင် ခင်ဗျားပါးစပ်ပိတ်ထားဟု မိုက်ရိုင်းစွာ ပြောဆိုခဲ့သည်။

မြ၀တီမြို့ ပြည်သူများအနေဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးကို အမြန်ဆုံးပြောင်းစေချင်ကြသည်ဟု သိရှိနေကြသော်လည်း ကရင်ငြိမ်းချမ်းရေး အဖွဲ့များ အနေဖြင့် ကရင်တော်လှန်းရေးခေါင်းဆောင် စောဘဦး ၏ ကျောက်တိုင် သတ်မှတ်ပေးသည့်အတွက် ၀မ်းသာမဆုံး လွန်စွာ ကျေးဇူးတင်နေကြောင်း သိရှိရပါသည်။

ဒီမိုကရင်
http://www.hittai.net/index.php?show=rm&fileid=166&t=home15&id=12

မတရားသင်းပုဒ်မ ဝန်ကြီးနှုတ်မိန့်ဖြင့် ကချင်ပြည်နယ်မှာ ပယ်ဖျက်လိုက်

ဖနိဒါ | သောကြာနေ့၊ ဇွန်လ ၂၂ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၇ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒု-ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်း၏ နှုတ်မိန့် ညွန်ကြားချက်အရ ကချင်ပြည်နယ်တွင် မတရားသင်းဥပဒေပုဒ်မ ၁၇(၁)အား ပယ်ဖျက်လိုက်
ကြောင်း ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်း က ပြောသည်။

ကြာသပတေးနေ့က ဗန်းမော်လေဆိပ်တွင် ပြည်ထောင်စုဝန်ကြီးက ပြည်နယ် ဝန်ကြီးချုပ်အား မှာကြားချက်ကို ဌာနဆိုင်ရာများအား တဆင့်ညွှန်ကြားလိုက်ခြင်း ဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆန့်အောင် က ပြောသည်။

“ဝန်ကြီးဦးအောင်မင်းက ဦးလဂျွန်ငံဆိုင်းကို ဗန်းမော် လေဆိပ်မှာ မတရားအသင်း ဆက်သွယ်မှု KIO နဲ့ ပတ်သက်လို့ အမှုတွေ ပယ်ဖျက်ဖို့ ဒီဟာတွေနဲ့ ပတ်သက်လို့ မဖမ်းဆီးဖို့၊ ဖမ်းဆီးထားသူတွေကိုလည်း ပြန်လွှတ်ပေးဖို့ ပြောတယ်။ ဦးလဂျွန်ငံဆိုင်းက မြစ်ကြီးနား လေဆိပ်မှာ ဌာနဆိုင်ရာတွေကို ပြန်ညွန်ကြားတယ်။ မနေ့က စလို့ မတရား အသင်းနဲ့ ဆက်သွယ်မှု ဖျက်သိမ်းလိုက်တယ်” ဟု မဇ္ဈိမကို ပြောသည်။

သို့သော် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် နှီးနွှယ်၍ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)နှင့် အကျဉ်းကျခံနေ ရသူများ မရှိဘဲ တခြားပုဒ်မများဖြင့်သာ ချမှတ်ခံနေရသူ အများအပြား ရှိသည်ဟု KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။

“KIO စစ်သားတွေဆိုရင် ခိုးမှုတွေ၊ လမ်းမှာ ဖမ်းတယ်ဆိုရင် ဘိန်းမှုတွေ၊ တခြား စာရွက်စာတမ်းမှုတွေပဲ ဖမ်းထားတာ။ ၁၇ နဲ့က မရှိဘူးထင်တယ်။ ၁၉၉၄ အပစ်အခတ် ရပ်ကတည်းက ၁၇(၁)နဲ့မှ မချတာ။ အမြင်ကတ် ပုဒ်မတွေ၊ ရိုက်နှက်မှုတွေနဲ့ပဲ ထည့်တာ။ အများက ဘိန်းမှုပဲ” ဟု မဇ္စျိမကို ပြောသည်။

အစိုးရဘက်မှ KIO နှင့် ထပ်မံတွေ့ဆုံရန် ရှမ်းပြည်နယ်၊ မူဆယ်မြို့နှင့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ တနေရာကို ကမ်းလှမ်းထားသော်လည်း KIO ဘက်မှ တုံ့ပြန်ခြင်း မရှိသေးပေ။
http://www.mizzimaburmese.com/news/breaking-newsbrief/9548-2012-06-22-13-09-28.html

ခရောင်းလမ်းကို ကျော်ကာ ပေါင်းစည်း နေထိုင်ဖို့ 

Interview_with_Lt._Gen._Yawdserk_RCSS-SSA_by_SHAN


Type the rest of your post here.

နော်အုန်းလှကိုအာဏာပိုင်များ ပြန် လည်စာင့်ကြည့်နေ

ဇွန်လ ၂၂ရက်၊ ၂၀၁၂။ (ကေအိုင်စီ)

ပြီးခဲ့သည့်မေလက လျှပ်စစ်မီး အချိန်ပြည့်ရရှိရေးအတွက် ဖယောင်းတိုင်မီးထွန်း ဆန္ဒထုတ်ဖော်မှုတွင် ဦးဆောင်ပါဝင်ခဲ့သူ နော်အုန်းလှအား လက်ရှိအချိန်တွင် အစိုးရအာဏာပိုင်များက စောင့်ကြည့်လေ့လာမှုများ ပြု လုပ်လျှက်ရှိသည်။

နော်အုန်းလှက “အခု ကျမသွားလေရာကို အနည်းဆုံး ရဲနှစ်ယောက် သုံးယောက်လောက်က လိုက်ကြည့်နေတယ်။ ကျမကတော့ ကိုယ် သွားစရာ ရှိတာကိုသွားနေတာပါပဲ။ မဟုတ်တာလုပ်နေတာမှ မဟုတ်တာ။

သူတို့မလိုက်နိုင်တော့လည်းမျက်ခြေပြတ်သွားတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို စောင့်ကြည့်မှုမှာ လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်ပွဲအပြီး နောက်ပိုင်းတွင် စတင်လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သူမက ထပ် ပြောသည်။

“ကျမတို့က နိုင်ငံရေးပါတီကလူလည်း မဟုတ်ဘူး။ လွှတ်တော်တက်သူလည်း မဟုတ်ဘူး။ ဒါပေမဲ့ လူထုအတွက် တတ်နိုင်သလောက် လုပ်ပေးနေတာပါ။ အစိုးရက ပြည်သူအတွက် ဘာမဆိုလုပ်ပေးရမဲ့တာဝန်ရှိတယ်လေ။ ကျမကို အခုလို လိုက်နေတာကိုကြည့်ရင် ဒီမိုကရေစီဖော်ဆောင်နေတာ မဟုတ်ဘူး”ဟု နော်အုန်းလှက ပြောဆိုသည်။

ထို့အပြင် နော်အုန်းလှအနေဖြင့် မီဒီယာများ၊ လူမှုအသိုင်းအ၀ိုင်းများနှင့် ဆက်သွယ်လျှက်ရှိသည့် စမ်းချောင်းမြို့နယ်မှ ဖုန်းဆိုင်တဆိုင်ကို လည်း ပြီးခဲ့သည့် ရက်သတ္တပတ်မှစ၍ ဆက်သွယ်ရေးဌာနမှ ဖုန်းလိုင်းအသုံးပြုခွင့် ပိတ်ပင်ထားသည်ဟု သိရသည်။

သူမက “ကျမဆက်တဲ့ ဖုန်းဆိုင်က ကလေးတွေကိုလည်း ဘယ်သူဆက်လာတာလဲ။ ဘာတွေပြောတာလဲမေးတော့ သူတို့ကလည်း ဘာမှ မသိပါဘူး။ ပိုက်ဆံရလို့ ဖုန်းပေးပြောတာပါလို့ ပြန်ဖြေတာပေါ့။ ဒါကို စိတ်ဆိုးပြီး လိုင်းပိတ်လိုက်တယ် ထင်ပါရဲ့”ဟု ခန့်မှန်းပြောဆိုသည်။

နော်အုန်းလှသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ထုတ်ပယ်ခံထားရသူ အဖွဲ့ဝင်အမျိုး သမီးတစ်ဦးဖြစ်ပြီး ယခုအချိန်တွင် ယုံကြည်ချက်၊ ခံယူချက် တူညီသူများဖြင့် လူထုအတွက် လုပ်ဆောင်ပေးနေသူ ကရင်အမျိုးသမီးဖြစ်သည်။
http://www.kicnews.org/?p=12079

တနိုင်းမြို့အနီး ၆မိုင်တံတားကျိုးကျ

'' ၃၀-၅-၂၀၁၂ ရက်က တနိုင်းမြို့အနီး ၆မိုင်တံတားကျိုးကျသွားသည့်နေရာမှာ ကျပ်သိန်း နှစ်ရာနဲ့တန်တဲ့ တံတားသစ်အမြန်ဆုံးအကောင်ထည်ဖေါ် ဆောက်လုပ်မည့်အစား ပြည်သူတွေခရီးသွားလာရေးကို ဒ.က.စ. (စစ်တပ်) အမိန့်နဲ့ အကြောင်းမဲ့ ရုတ်တရက်ပိတ်ထားလိုက်ပြီး တနိုင်းမြို့နယ်အစိုးရတွေရဲ့ ကြံရာမရ နောက်ဆုံးအများပြည်သူမြင်တွေ့ရမှာက ဇက် လို့ခေါ်တဲ့ ကူးတို့စက်လှေပါပဲ။ အခုလို ဧယာမ စက်လှေကြီးတည်ဆောက်လိုက်တာနဲ့ သွားလာရေးလွယ်ကူသွားပါသလား ဆိုလဲ ကားတွေက ရာနဲ့ချီတန်းစီနေရဆဲပါ။ လမ်းတွေပိတ်ထားပြီး ဒီလို ကူးတို့စက်လှေစီစဉ်ရခြင်းဟာ စစ်တပ် ရဲ့အမိန့်နဲ့ ပြုလုပ်နေရခြင်းဖြစ်ပါတယ်။ မြစ်ကြီးနား-တနိုင်းခရီးသည်ပို့ဆောင်းရေးယာဉ်မောင်းတဦးမှ အခုလိုရင်ဖွင့်လာပါတယ် '' ဒီအတိုင်းသာဆိုရင် ပြည်သူလူထုရဲ့ ကား (စည်းစိမ်ဥစ္စာ) တွေသာပျက်စီးသွားမယ် မြန်မာပြည်စစ်တပ် တွေရဲ့နေရာတကာ ၀င်ရှုပ်၊ ရှယ်လည်ချင်တဲ့ အကျင့်ဆိုးတွေတော့ ဘယ်သောမျှပျောက်ကွယ်မသွားဘူးဆိုတာ သက်သေပြလိုက်တဲ့သဘောပါ Type the rest of your post here.

Tuesday, June 19, 2012

အစိုးရတွင် နိုင်ငံရေး ဆွေးနွေးရန် သဘောထား မရှိဟု မွန်ပြည်သစ် ပြော

စံခလပူရီ (မဇ္ဈိမ) ။ ။ နိုင်ငံတော် အစိုးရဘက်မှ အပစ်အခတ် ရပ်စဲရေးကိုသာ လိုလားပြီး နိုင်ငံရေး ဆွေးနွေးရန် အတွက် လိုလားဟန် မရှိကြောင်း ပြည်သူလူထုနှင့် တွေ့ဆုံပွဲတရပ်တွင် မွန်ပြည်သစ်ပါတီက ပြောကြားလိုက်သည်။

“သူတို့ (အစိုးရ) က ကျနော်တို့ကို ရွေးကောက်ပွဲ ဝင်ဖို့၊ လွှတ်တော် ရောက်မှ နိုင်ငံရေး ဆွေးနွေးပြီး ဖွဲ့စည်းပုံကို


ပြင်ဆင်သွားဖို့ ပြောတယ်။ ဒီလိုပြောလိုက်တာဟာ ကျနော်တို့နဲ့ နိုင်ငံရေး ဆွေးနွေးဖို့ ဆိုတာကို ရှောင်လွှဲလိုတဲ့ သဘောပဲ” ဟု တနင်္ဂနွေနေ့က ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ပြုလုပ်သည့် ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲ တွင် ပါတီအထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောကြားလိုက်ခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် မေလဆန်းတွင် ပြန်လည် ဖွဲ့စည်းပေးလိုက်သည့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့သစ်မှ စက်မှုဝန်ကြီး ဦးစိုးသိန်းက လက်နက်ကိုင် အဖွဲ့များနှင့် ညှိနှိုင်းပြီးပါက လွှတ်တော်တွင် သဘောတူချက် ယူရန် လွှဲပြောင်းသွားမည် ဟူသည့် ပြောဆိုချက်ကြောင့် မွန်ပြည်သစ်အနေနှင့် အထက်ပါအတိုင်း ရှုမြင်ပြောဆိုခြင်း
ဖြစ်သည်။

“အရင်ကတည်းကလည်း သူတို့ဘက်က ဒီအမြင်တွေ ရှိတယ်။ ဒါပေမယ့် မပေါ်လွင်ဘူး။ ထုတ်ပြီးလည်း သူတို့ မပြောဘူး။ အခု ငြိမ်းချမ်းရေးအဖွဲ့သစ် ဖွဲ့ပြီးတဲ့ နောက်ပိုင်းမှာ သူတို့ သဘောထားဟာ ပိုပြီး ပေါ်လွင်လာတယ်” ဟု နိုင်ဟံသာက ပြောသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြည်ထောင်စုအဆင့် အစိုးရ ကိုယ်စားလှယ်များနှင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးစဉ် တွင် အပစ်အခတ် ရပ်စဲချိန်မှ စ၍ ၄၅ ရက်အတွင်း နိုင်ငံရေး ဆွေးနွေးပွဲ စတင်ရန် မွန်ပြည်သစ်၏ တောင်းဆိုချက် ပါဝင်သည်။

ထို့ပြင် “လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းအားလုံးနှင့် အပစ်အခတ် ရပ်စဲပြီးစီးပါက လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့် အစိုးရ ကိုယ်စားလှယ်များ နိုင်ငံရေး ဆွေးနွေးဖေါ်ဆောင် သွားရန်၊ အကယ်၍ မိမိတို့နှင့် အပစ်အခတ် ရပ်စဲချိန်မှ စပြီး ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလအထိ အဖွဲ့အစည်းအားလုံးနှင့် အပစ်အခတ် ရပ်စဲနိုင်ခြင်း မရှိသေးပါက စုစည်းနိုင်သော အပစ်ရပ် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အစိုးရ ကိုယ်စားလှယ်တို့ နိုင်ငံရေး ဆွေးနွေးပွဲ စတင်ဖေါ်ဆောင်သွားရန်” စသည်တို့လည်း ပါဝင်သည်။

သို့သော်လည်း အပစ်အခတ် ရပ်စဲချိန်မှ စပြီး ပွင့်လင်းမြင်သာသည့် နိုင်ငံရေး ဆွေးနွေးမှုများ မလုပ်ဆောင်ရသေး
ကြောင်း၊ တပ်တည်နေရာ ချထားရေး၊ ဆက်ဆံရေးရုံးနှင့် စီးပွားရေးရုံးများ ဖွင့်လှစ်နိုင်ရေးနှင့် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက်သာ ဆွေးနွေးနိုင်သေးကြောင်း မွန်ပြည်သစ်၏ မဟာမိတ်နှင့် နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာပိန်ခိုင်း က ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် မွန်ပြည်သစ်ပါတီ၏ ဆက်ဆံရေးရုံး ခြောက်ရုံးနှင့် စီးပွားရေးရုံး နှစ်ရုံးကို ဖွင့်လှစ်နိုင်ခဲ့ပြီး၊ စီးပွားရေး လုပ်ငန်းအဖြစ် ရေးချောင်းဖျားဒေသ ပါတီဌာနချုပ် ဝန်းကျင် ပသာတောမှ သစ်တန်ချိန် ၂ဝ,ဝဝဝ ထုတ်လုပ်ရန် စသည်တို့ကို အစိုးရနှင့် သဘောတူချက် ရရှိခဲ့သည်။

လတ်တလောတွင် မွန်ပြည်သစ်အနေနှင့် မော်လမြိုင်ခရိုင်၊ သထုံခရိုင်၊ ထားဝယ်ခရိုင်နှင့် နယ်စပ်ဒေသတွင် အပစ်အခတ် ရပ်စဲရေး အပါအဝင် လက်ရှိနိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပြီး အကြံဉာဏ်များ တောင်းခံလျက် ရှိကာ နှစ်လ တကြိမ်ခန့် ပုံမှန်လုပ်ဆောင်သွားမည်ဟုလည်း နိုင်ဟံသာပိန်ခိုင်းက
ပြောသည်။

မော်လမြိုင်ခရိုင်တွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ဝင်းလှ ဦးဆောင်သည့်အဖွဲ့၊ သထုံခရိုင်တွင် ပါတီ ဒုဥက္ကဋ္ဌ နိုင်ရော့စ ဦးဆောင်သည့်အဖွဲ့၊ ထားဝယ်ခရိုင်တွင် ပါတီဥက္ကဋ္ဌ နိုင်ထောမွန် ဦးဆောင်သည့်အဖွဲ့နှင့် နယ်စပ်နှင့် ထိုင်းနိုင်ငံဘက်တွင် အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ ဦးဆောင်သည့်အဖွဲ့တို့ ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးဆဲ
ဖြစ်ပြီး တပတ်ခန့် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
http://www.mizzimaburmese.com/news/inside-burma/9528-2012-06-19-12-03-24.html

စစ်တပ်မှ တနိုင်းလီဒိုလမ်းမကြီး ပိတ်ထား



ရက်စွဲ- ၁၉-၆-၂၀၁၂

တနိုင်းမြို့အနီး ၆မိုင်တံတား ( ဂွေတောင်ချောင်း )ဟာ ဦးအေးသိန်း၏ ဘိလပ်မြေတင်ဆောင်လာသော ယူဒီကောင်ဒါကားကြီးကြောင့် ၃၀-၆-၂၀၁၂ ရက်က ကျိုးကျပျက်စီးသွားခဲ့ပါတယ်။ မြို့နယ်အစိုးရမှ ကားပိုင်ရှင်ထံမှဒဏ်ငွေအဖြစ်ကျပ် (သိန်းနှစ်ရာ) တောင်းယူပြီးပါပြီ။ သို့သော် တံတားကို ယနေ့ထိတိုင်ပြန်လည်ဆောက်လုပ်ပေးခြင်း မရှိ၊ နွေရာသီ၌သွားလာရန် မဖြစ်စလောက်တံတားလေးသာ စီစဉ်ပေးထားလိုက်ပါတယ်။ နွေရာသီတံတားလည်း ချောင်းရေကြီးပြီး ယခုချိန်မှာပြန်လည်ပျက်စီးသွားခဲ့ပါပြီ။
စစ်တပ်မှ တနိုင်းလီဒိုလမ်းမကြီး ပိတ်ထား
စစ်အစိုးရ ခေတ်အဆက်ဆက်ကတည်းက ပြန်လည် ပြုပြင်တည်ဆောက်ခြင်း မလုပ်ခဲ့သည့် ဟောင်းနွမ်းသွားသော တံတားများ အခုလိုကျိုးပျက်သွားလျှင် တရားခံရှာပြီး ခြိမ်းခြောက်ကာ ဒဏ်ငွေများတောင်းယူမှုတွေ အကြိမ်ကြိမ်ရှိခဲ့သော်လည်း ခိုင်ခန့်သည့်တံတားများ ယနေ့ထိတိုင် ပြန်လည်ဆောက်လုပ်ပေးခြင်းမရှိခဲ့ပါ။ မြစ်ကြီးနား-တနိုင်းလီဒိုလမ်းမကြီးပေါ်ရှိ တံတားတွေအားလုံးဟာ ဒုတိယကမ္ဘာစစ်၊ အင်္ဂလိပ်ကိုလိုနီခေတ်တုန်းကတည်ဆောက်ထားသည့် သက်တမ်းကုန်ဆုံးပြီဖြစ်သော တံတားများဖြစ်ပါတယ်။

၁၆-၆-၂၀၁၂ ရက်က လီဒိုလမ်းမပေါ်၊ နောင်းမှီကျေးရွာအနီးရှိ ရဲဘက်စခန်းခြုံရေးမိုင်းနင်းမိပြီး ပြည်သူများထိခိုက်ဒဏ်ရာရရှိမှုကို အကြောင်းပြပြီး ခရီးသွားပြည်သူလူထုများအပေါ် မတရား ခြိမ်းခြောက်၊ စစ်ဆေးမေးမြန်းမှုများပြုလုပ်ပြီး မြစ်ကြီးနား-တနိုင်းလီဒိုလမ်းမကြီးကို ၁၇-၆-၂၀၁၂ ရက်ကစပြီး ( နမ္မတီးမြို့အထက်၊ မရန်ကထောင်ကျေးရွာမှ တနိုင်းမြို့ စုပေါင်းဂိတ်အထိ ) တနိုင်း ဒ.က.စ အမိန့်အရ ရက်အကန့်အသတ်မရှိ သွားလာရေးလမ်းကြောင်းပိတ်ပစ်လိုက်ကြောင်း သိရတယ်။

အခုလိုလမ်းကြောင်းပိတ်ထားလိုက်ခြင်းမှာ ကျိုးကျသွားသော ၆မိုင်တံတား ပြန်လည်မလုပ်နိုင်၍ မိုးရာသီ၌ ဖြတ်သန်းသွားလာနိုင်ရန် ဇက် ( စက်လှေ ) တခုအလောတကြီး တိတ်တိတ်ပုန်းစီစဉ်ပြုလုပ်နေကြရခြင်းကြောင့်သာ ဖြစ်ပါတယ်။ စစ်အစိုးရ၏ ယခုလိုလုပ်ရပ်တွေကြောင့် ရာနှင့်ချီသောစီးပွားရေးကုန်သည်များနှင့်ပြည်လူထုများဟာ သွားလာရေးခက်ခဲမှုနှင့်ရင်ဆိုင်ကြုံတွေ့နေကြကြောင်း ဒေသခံတဦးထံမှ သိရှိရပါတယ်။
စစ်တပ်မှ တနိုင်းလီဒိုလမ်းမကြီး ပိတ်ထား

Amnesty Calls for Arakan Investigation

Amnesty Calls for Arakan Investigation
Type the rest of your post here.

Monday, June 18, 2012

အတွင်းသတင်း

Min Aung Hlaing has been hospatalized for a week already. He suffer from brain blood vessle burst. He has no chance to survive. There is intensive meeting to replace his position with Hla Min.

မင်းအောင်လှိုင် ဦးနှောက်သွေးကြော ပေါက်လို့ ဆေးရုံ ရောက်နေတာ တစ်ပါတ်လောက်ရှိပြီဖြစ်ပါတယ်။ အခြေအနေမကောင်းဘူး။ အရေးပေါ် အစည်းအဝေးပြုလုပ်ပြီး သူ့နေရာကို လှမင်းနဲ့ အစားထိုးဖို့ရှိတယ်။

Type the rest of your post here.

အိန္ဒိယမှ ရခိုင်ကရင် ရဲဘော် ၃၁ ဦး နယ်သာလန်သို့ ထွက်ခွာမည်

မောင်အေး

အိန္ဒိယ နိုင်ငံတွင် နှစ်ပေါင်း ၁၀ ကျော်ကြာ အကျဉ်းခံခဲ့ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကူအညီဖြင့် နေထိုင်နေကြသော ရခိုင်နှင့် ကရင် ရဲဘော်များမှာ နယ်သာလန် နိုင်ငံတွင်အခြေချ နေထိုင်ရန် ယနေ့ ညဉ့်တွင် ထွက်ခွာတော့မည်ဖြစ်သည်။


အဆိုပါ ရဲဘော်များမှာ မနက်ဖန် (ဇွန်လ ၁၉)ရက် နံနက် အိန္ဒိယစံတော်ချိန် ၁ နာရီခန့်တွင် ထွက်ခွာတော့မည် ဖြစ်ကြောင်း ခေါင်းဆောင်တဦး ဖြစ်သူ ကိုဓညလင်းက ပြော သည်။


“ ကျွန်တော်တို့ ဇွန်လ ၁၉ ရက်နေ့ ထွက်မှာပါ။ စုစုပေါင်း ၃၁ ဦးပါ ။ နှစ်ယောက်ကတော့ အင်တာဗျူးမှာ Reject ကျတယ်။ ဒါကြောင့် သူတို့ နှစ်ဦးတော့ ကျန်နေဦးမယ်။”

အိန္ဒိယတွင် ဆက်လက် ကျန်ရှိရမည့် ရဲဘော်နှစ်ဦးမှာ ရခိုင်အမျိုးသားတဦးဖြစ်သူ ကို ခိုင်စံသိန်းနှင့် ကရင် အမျိုးသားတဦးဖြစ်သူ ကိုတိုးတိုးတို့ ဖြစ်သည်။

ယခုကဲ့သို့ တတိယနိုင်ငံတခုကို ထွက်ခွာရမည်ဖြစ်သည့်အတွက် စိတ်လှုပ်ရှားမှု ရှိကြောင်းလည်း ကိုဓညလင်း က ယခုကဲ့သို့ ပြောသည်။

“ ကျွန်တော်တို့ကတော့ မျော်လင့်ချင်တွေထားလို့ နည်းနည်းတော့ ၀မ်းသာမိပါတယ်။ သို့သော် ကျွန်တော်တို့ ဒီလိုသွားရဖို့အတွက် နှစ်ရှည်လများ ထောင်ထဲမှာနေခဲ့ရတယ်။ ကျွန်တော်တို့ ဒီအိန္ဒိယကိုလာတာလည်း ဒီလို နိုင်ငံခြားကိုသွားဖို့ လာတာမဟုတ်ပါ။ ကျွန်တော်တို့ ဒီနေ့ နိုင်ငံခြားကို ထွက်သွားရမှာ ဖြစ်တဲ့အတွက် ကျဆုံး သွားတဲ့ ခေါင်းဆောင် ၆ ဦးနဲ့ ရခိုင်ပြည်သူတွေအတွက် ဆက်ပြီးမလုပ်နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်မိ ပါ တယ်” ဟု ပြောသည်။

လွန်ခဲ့သည့် စနေနေ့က သူတို့အား ၀ိုင်းဝန်းကူညီပေးကြသည့် အိန္ဒိယရောက် မြန်မာ အသိုင်းအ၀ိုင်းများအား ကျေးဇူးတင်သည့်အနေဖြင့် နှုတ်ဆက်ပွဲ အခမ်းအနားတခုကိုလည်း ကျင်းပခဲ့ကြသည်။

နယ်သာလန်နိုင်ငံသို့ ရောက်ရှိသွားသော်လည်း မြန်မာအဖွဲ့အစည်းများအပါအ၀င် တခြားနိုင်ငံတကာ အဖွဲ့အ စည်းများနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံရေးအတွက် ဆက်လက်လုပ်ဆောင်မည်ဟုလည်း ကိုဓညလင်းက ပြော သည်။
Type the rest of your post here.

Thursday, June 14, 2012

တိုက်ပွဲများကြောင့် ထွက်ပြေးလာသော ကချင်ဒုက္ခသည်များအား အစိုးရရဲများဖမ်းဆီး

Kachin IDP Laiza camp
ကချင်ပြည်နယ် အနောက်တောင်ဘက် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာမှ စစ်ပြေးဒုက္ခသည် ၄ ဦးနှင့် ဒေသခံနှစ်ဦးကို မြန်မာအစိုးရ အာဏာပိုင်များက မသင်္ကာမှုဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများပြောသည်။

ပြီးခဲ့သည့် မေလအတွင်း ဆွတ်လဲန်ယန် (Sut Len Yang) ရွာနားတွင် အစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ရွာသား ၄ ဦး မိုးကောင်း စစ်ပြေးဒုက္ခသည်စခန်းသို့ တိမ်းရှောင်ရန် အသွား ဆားမှော်တွင် တညအိပ်နားစဉ် ရဲများ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကို ဆားမှော်မြို့ရှိ ဒဘန်လ (Dabang La) နေအိမ်နှင့် အခြားနေအိမ်များတွင်ရှိနေစဉ် ဇွန်လ ၇ ရက်နှင့် ၉ ရက်နေ့ ည ၁၂ နာရီအချိန်တွင် ရဲများ ၀င်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းဒေသခံများပြောသည်။

ဇွန် ၇ ရက်နေ့ည ဖမ်းဆီးသွားသော ဒုက္ခသည် ၄ ဦးမှာ ဆွတ်လဲန်ယန် (Sut Len Yang) ကျေးရွာမှ ဦးမရူအောင် (Maru Awng)၊ ဦးလဗျမာဒီး (Labya Ma Di)၊ ဦးစံထူး နှင့် ဆားမှော် ရပ်ကွပ်(၄) မှ မောင်ဒဘန်မာဒွတ် (Damau Ma Dut) (၈တန်းကျောင်းသား) တို့ဖြစ်၍ ဇွန် ၉ ရက်ညတွင် ဖမ်းဆီးသွားသော ၂ ဦးမှာ ဆားမှော်ရပ်ကွက်မှ ဦးဒဘန်လ(အသက် ၈၇) နှင့် ဦးဘရန်ခွမ်တို့ဖြစ်ကြသည်။

ထိုသူများအားဖမ်းဆီးရန် မိုးကောင်းအခြေစိုက် မြို့နယ်မှူး ရဲအုပ်နှင့် ရဲသား ၃၀ ဦးတို့သည် မိုးကောင်း အခြေစိုက် အမှတ် (၃) စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် (စကခ) အမိန့်ပေးခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးမှသိရသည်။

ယခုချိန် ၎င်းတို့အား မိုးကောင်း စကခ ရုံးသို့ ဖမ်းဆီးစစ်ဆေးနေပြီး ထိုသူများထဲမှာ ဦးဘရန်ခွမ်တစ်ဦးကိုသာ နောက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။ ဦးဒဘန်လကိုမူ မိုးကောင်းမြို့နယ် ရဲစခန်းတွင် ဆက်လက်ထိန်းသိမ်းထားကြောင်း အခြေအနေစုံစမ်းနေသော ဒေသခံတစ်ဦးပြောသည်။

မည်သည့်ပြစ်မှုဖြင့် ထိုသို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုမူ ယခုချိန်ထိ မသိရသေးကြောင်း သူကဆက်ဆိုသည်။

“၇ ရက်ညမှာ ရဲအုပ်နဲ့ ရဲသား ၃၀ လာပြီး ဆားမော်ဘုရားကျောင်းမှာ အရင်လာစစ်တယ်။ စစ်ပြေးဒုက္ခသည်ရှိလားဆိုပြီးတော့ မတွေ့တော့ ရွာဘက်ကိုပြန်သွားစစ်တယ်။ သူတို့ဆွေမျိုးတွေအိမ်မှာ လာတည်းနေတဲ့လူတွေလေ ညရောက်လာတော့ ဧည့်စာရင်းတွေတိုင်လို့မရတော့ဘူးလေ။ အေး..အဲလိုမျိုးတွေ ကိုခေါ်သွားတယ်။ ဘာဖြစ်လို့ခေါ်သွားတယ်ဆိုတာတော့မသိဘူး။” ဟု ပြောသည်။

မြန်မာအစိုးရစစ်တပ်များသည် တိုက်ပွဲများစတင်ဖြစ်ပွားချိန်မှစ၍ အစိုးရအုပ်ချုပ်နယ်မြေရှိ စစ်ပြေးဒုက္ခသည် ခိုလှုံနေကြသောစခန်းများတွင် မသင်္ကာသူများကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးမှုများပြုလုပ်နေသောကြောင့် ဒုက္ခသည်များသည် လုံခြုံရေးအတွက် စိုးရိမ်ကြောက်လန့်နေကြသည်။ ကချင်ပြည်နယ်တွင် ပုဒ်မ ၁၇ (၁) ဖြင့်ဖမ်းဆီးမှုသည် နေ့စဉ်ဆိုသလို ဖြစ်ပေါ်နေကြောင်း ရဲစခန်းနှင့်နီးစပ်သူများပြောသည်။

ထို့ပြင် ဖမ်းဆီးခံရသော မသင်္ကာသူဒေသခံအား ရဲများသည် ဒုက္ခသည်စခန်းအတွင်းနှင့် ရဲစခန်းထဲတွင် ရိုက်နှက်စစ်ဆေးကာ မေးမြန်း၍ ရက်အကန့်အသတ်မရှိချုပ်ထားကြောင်း ဖမ်းခံခဲ့ရသူများပြောသည်။

၂၀၀၈ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တရားရုံးမှ ခွင့်ပြုချက်မရရှိပဲ ၂၄ နာရီထက် ကျော်လွန်ကာဖမ်းဆီး ထားခွင့်မရှိကြောင်းပါရှိသည်။

ယခုထွက်ပြေးတိမ်းရှောင်လာသော စစ်ပြေးဒုက္ခသည်များသည်လည်း ဆွတ်ငိုင်ယန်ရွာနားတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် မိုးကောင်းမြို့နယ်ရှိ ဒုက္ခသည်စခန်း ၃ ခုတို့တွင် လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။

အစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေတပ်ဖွဲ့ KIA တိုက်ပွဲများကြောင့် မိုးကောင်းမြို့သို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာကြသော ဒုက္ခသည် လူဦးရေ ၂၀၀ ကျော်ရှိပြီး ဆက်လက်တိုးလာနေဆဲဖြစ်ကြောင်း မိုကောင်းဒုက္ခသည်စခန်းတွင် ကူညီစောင့်ရှောက်ပေးနေသူ ဆရာအောင်နန်ပြောသည်။

ယခုချိန်ထိ ဒုက္ခသည်များ၏ နေရာထိုင်ခင်းများနှင့် အစားအသောက်များအတွက် များသောအားဖြင့် ဘာသာရေးအသင်းဖွဲ့မှတာဝန်ယူဆောင်ရွက်ပေးနေပြီး အခြားအဖွဲ့အစည်းများမှအကူအညီ ရောက်မလာသေးချိန် ဒုက္ခသည်များသည် အာဏာပိုင်များဖမ်းဆီးမှုလည်း ခံနေရခြင်းဖြစ်ကြောင်းသိရသည်။.
http://kachinnews.com/burmese/news/836-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B7-%E1%80%91%E1%80%BC%E1%80%80%E1%80%B9%E1%80%B1%E1%80%BB%E1%80%95%E1%80%B8%E1%80%9C%E1%80%AC%E1%80%B1%E1%80%9E%E1%80%AC-%E1%80%80%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%92%E1%80%AF%E1%80%80%E1%81%A1%E1%80%9E%E1%80%8A%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%9B%E1%80%B2%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%96%E1%80%99%E1%80%B9%E1%80%B8%E1%80%86%E1%80%AE%E1%80%B8.html

လယ့်ဟော်ရွာ ကျောင်းဖွင့်ပွဲ အစိုးရတာဝန်ရှိသူ နှင့် ကရင်ခေါင်းဆောင်များ တက်ရောက်

ဇွန်လ ၁၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းမနိုက်အွာ (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လယ့်ဟော်ကျေးရွာတွင် ယနေ့ မနက်၌ စာသင်ကျောင်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ ဒေသ ဆိုင်ရာ မြန်မာအစိုးရ တာဝန်ရှိသူအချို့နှင့် ဒေသခံ ကရင်အမျိုးသား ခေါင်းဆောင်အချို့ တက်ရောက်အားပေးခဲ့သည်ဟု သိရသည်။

ယနေ့မနက် ၉နာရီမှ ၁၀နာရီအထိ ကျင်းပခဲ့သည့် ထိုကျောင်းဖွင့်ပွဲအခမ်းအနားတွင် ဝေါ်လေမြို့နယ်ခွဲရှိ ဝေါ်လေ ကျောင်းအုပ်ကြီး၊ အစိုးရ အုပ်ချုပ်ရေးတာဝန်ရှိသူအချို့၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA (၂၀၁)တပ်ရင်းမှ ဒု-ရင်းမှူး ဗိုလ်မှူးစောကြည်အောင်အပါအဝင် ခေါင်းဆောင်နှစ်ဦးနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)မှ ခေါင်းဆောင် အချို့တက်ရောက်ခဲ့ သည်ဟု လယ့်ဟော်ရွာသူကြီး စောဖာ့တပေါ့က ပြောသည်။

“ခေါင်းဆောင်တွေက ကျနော်တို့ကို လာအားပေးတယ်။ အခုလို ကျောင်းဖွင့်တာ သူတို့အနေနဲ့ ဝမ်းသာ တယ်။ နှစ်ဦးနှစ်ဖက်၊ သုံးဖက်စလုံး လက်တွဲပြီးတော့ အချင်းချင်း နားလည်းမှုတွေ ကြိုးစားနေချိန်မှာ ကလေးတွေရဲ့ ပညာရေးကို အားပေးရမယ်လို့ ကျနော်တို့ကို ပြောတယ်။”ဟု သူက ကေအိုင်စီသို့ ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် အစိုးရအကြား အပစ်အခတ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေး သဘောတူလက်မှတ်ထိုးပြီးနောက်ပိုင်း ထိုလယ့်ဟော်ဒေသအပါအဝင် ဝေါ်လေဒေသတလျှောက် အပစ်အ ခတ်မရှိတော့ပဲ ယခုလို အခမ်းအနားမျိုး နှစ်ဦးနှစ်ဖက် တက်ရောက်နိုင်ခြင်းလည်းဖြစ်သည်။

လယ့်ဟော်စာသင်ကျောင်းသည် ပြီးခဲ့သည့်နှစ်က ၄တန်းအထိသာ သင်ကြားခဲ့သော်လည်း ယခုနှစ်တွင် သူငယ်တန်းကလေးမှ ၆တန်းအထိ သင်ကြားမည်ဖြစ်ပြီး ကျောင်းသူကျောင်းသားဦးရေ ၅၀ကျော်နှင့် ကျောင်း ဆရာမ ၃ဦးရှိသည်ဟု သိရသည်။

စောဖာ့တပေါ့က “အရင်နှစ်ကဆိုရင် ကျောင်းဖွင့်ပေမယ့် တိုက်ပွဲတွေဖြစ်တာကြောင့် ကလေးတွေ ကောင်းကောင်းမွန်မွန် စာမသင်ရဘူး။ ဟိုပြေးရဒီပြေးရနဲ့ ဘယ်လိုမှ အဆင်မပြေဘူး။ ဒီနှစ်တော့ အခြေအနေတွေ ကောင်းလာဖို့ မျှော်လင့်တယ်။”ဟု ပြောသည်။
လယ့်ဟော်ဒေသတွင် ပြီးခဲ့သည့် နှစ်များက အစိုးစစ်တပ်နှင့် KNLA အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားခဲ့သလို ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီး နိုဝင်ဘာလတွင် အစိုးရတပ်နှင့် DKBA တပ်အကြား တိုက်ပွဲများ ဖြစ်ပွားလာခဲ့သဖြင့် ဒေသခံ လူထုများ ထိုင်းနယ်စပ်သို့ ထွက်ပြေးခဲ့ရသေးသည်။Type the rest of your post here.

Tuesday, June 12, 2012

အဖမ်းခံရသော KIA တပ်ကြပ်ကြီးကို မြန်မာအစိုးရစစ်သားများ လူမဆန် နှိပ်စက်

kachin-army-northern-shan
ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၊ KIA တပ်မဟာ (၄) တပ်ရင်း (၁၇)မှ တပ်ကြပ်ကြီး ဘလာဘရန်မိုင်အား အစိုးရစစ်တပ်မှ ဖမ်းဆီးရမိကာ လူမဆန်စွာနှိပ်စက် ညှင်းပန်းမှုပြုလုပ်နေကြောင်း ဒေသခံများပြောသည်။

၎င်းအရာရှိအား မေလ ၃၀ ဗုဒ္ဓဟူးနေ့ ည ၆ နာရီခွဲ အချိန်တွင် တပ်အပြင် သို့ သွားလာနေစဉ် အစိုးရတပ် ခလရ (၁၂၃) မှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း တပ်မဟာ (၄) အရာရရှိတစ်ဦးအတည်ပြုပြောဆိုသည်။

“အစိုးရတပ်နဲ့ တိုက်ပွဲမဖြစ်သေးခင်မှာဖြစ်တာ။ သူတို့နေတဲ့နေရာကို မြန်မာအစိုးရတပ်တွေက ရောက်လာတယ်။ အဲဒီချိန်မှာ KIA တပ်ကြပ်ကြီးက ခဏလေးအပြင်ထွက်နေတဲ့ချိန် တွေ့ပြီး ဖမ်းသွားတာ သူကလည်း စစ်သားဖြစ်နေတော့လည်း ဖမ်းမိရင်တော့ အဲဒီလိုနှိပ်စက်ခံရတာပေါ့” ဟု ၎င်း အရာရှိပြောသည်။

မြန်မာတပ်များသည် တပ်ကြပ်ကြီးအား ဖမ်းဆီးသွားခဲ့ပြီးနောက် ဇွန်လ ၁၀ ရက်နေ့တွင် နမ်ဖတ်ကာကျေးရွာသို့ လူမဆန်စွာ နှိပ်စက်ပြီးခေါ်ဆောင် လှည့်လည်နေကြောင်း ဒေသခံများမှသိရသည်။

၎င်းကိစ္စနှင်ပတ်သက်၍ ဒေသခံမျက်မြင်သက်သေနှင့် ဆက်သွယ်မေးမြန်းခဲ့သူ ရှမ်းပြည်မှဒေသခံတစ်ဦးက “သူ့ကိုနှခေါင်းထိပ်ဖြတ်ပေးတယ်။ ပြီးတော့ နှခေါင်းမှာကြိုးလျှိုပြီး ကြိုးနဲ့ ဆွဲခေါ်လှည့်လည်နေတယ် ပြောတယ်။” ဟုပြောပြသည်။

နှစ်ဖက်တင်းမာမှုရှိနေသည့် KIA တပ်မဟာ (၄) နယ်မြေတွင် မြန်မာအစိုးရတပ် ခလရ (၂၄၂)၊ (၁၂၃)၊ (၅၄)၊ (၁၂၉)၊ (၂၉၀) နှင့် (၆၈) တပ်ဖွဲ့များ အခြေစိုက်လျက်ရှိကြောင်းသိရသည်။

ဇွန်လဆန်းပိုင်းမှစ၍လည်း မြန်မာအစိုးရတပ်များသည် စစ်ကား (၁၅) စီးဖြင့် KIA တပ်မဟာ(၄) နယ်မြေသို့ အင်အားတိုးချဲ့ရောက်ရှိလာကြောင်း မျက်မြင်ဒေသခံများပြောသည်။

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)မှ ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ခဲ့သော်လည်း ယနေ့ထိသဘောတူညီမှုမရသေးပဲ နှစ်ဖက်ကြား တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားလျက်ရှိသည်။.

Monday, June 11, 2012

အစိုးရ နှင့် KNPP ငြိမ်းချမ်းရေး သဘောတူညီချက် တချို့ ရရှိ



ကယားပြည်နယ် လွိုင်ကော်မြို့တွင် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP)မှ အတွင်းရေးမှူး ၁ ခူးဦးရယ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့က အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြ ပြီး သဘောတူညီချက် ၁၄ ချက်ခန့် လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP)မှ အတွင်းရေးမှူး ၁ ခူးဦးရယ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့က အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြ ပြီး သဘောတူညီချက် ၁၄ ချက်ခန့် လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

KNPP နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ကယားပြည်နယ် လွိုင်ကော်မြို့တွင် မတ်လ ၇ ရက်နေ့က သဘောတူလက်မှတ် ရေးထိုးစဉ် (ဓာတ်ပုံ - ကန္တာရဝတီတိုင်းမ်)

အစိုးရတပ်များက KNPP ထိန်းချုပ်ဒေသများသို့ ၀င်ရောက်မှုနှင့်ပတ်သက်၍ တပ်ပြန်ဆုတ်ပေးရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေး၊ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်(IDP)များ ပြန်လည် နေရာချထားရေး စသည့် အချက်များအပါအ၀င် ၁၄ ချက်ကို သဘောတူခဲ့ ကြောင်း KNPP အတွင်းရေးမှူး၂ ဦးအောင်ဆန်းမြင့်က ဧရာဝတီသို့ ပြောသည်။

အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီအဖွဲ့ ဒု ဥက္ကဌ ဦးအောင်မင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာ နချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်၊ KNPP ဘက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးနှင့် ခူးဦးရယ် အပါအ၀င် ကိုယ်စားလှယ် ၉ ဦးတို့ ဇွန်လ ၉ ရက်နေ့တွင် တွေ့ဆုံဆွေးနွေး၍ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း ၎င်းက ဆိုသည်။

“တွေ့ဆုံဆွေးနွေးပွဲမှာ နှစ်ဘက် အလျှော့အတင်းလေးတွေ လုပ်ကြရပါတယ်၊ ကျနော်တို့ဘက်က လိုချင်တာကတော့ ၁၀၀ ရာခိုင်နှုန်း၊ ဒါပေမယ့် တခါတည်းနဲ့ မရနိုင်ဘူးဆိုတာ သိပါတယ်၊ တောင်းဆိုတဲ့ အချက် တော်တော် များများကိုတော့ သူတို့ လက်ခံသွားတယ်၊ ကျန်တာတွေကတော့ အဓိက စစ်ဘက်ဆိုင်ရာ ကိစ္စတွေပဲ၊ ဒါတွေလည်း တဖြည်းဖြည်း ညှိယူသွားရမယ်လို့ မျှော်လင့် ထား တယ်”ဟု ဦးအောင်ဆန်းမြင့်က ဆက်ပြောသည်။

တောင်းဆိုထားသည့် အချက်၂၀ မှ ကျန်နေသော အချက် ၆ ချက်မှာ စစ်ဘက်ဆိုင်ရာ ကိစ္စများသာ ဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ထပ်မံ ဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။

ယနေ့တွင် KNPP ခေါင်းဆောင်များက ဆက်ဆံရေးရုံးများ ဖွင့်ရေးနှင့် တချို့လုပ်ငန်းများ လက်တွေ့ အကောင်းအထည်ဖော် ဆောင်ရန် လူထု အခြေပြု လူမှုအဖွဲ့အစည်း တချို့ကို တွေ့ဆုံရန် စီစဉ်ထားသည်။ ယမန်နေ့ကလည်း ကယားပြည်နယ် ၀န်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံခဲ့ကြောင်း ဦးအောင်ဆန်းမြင့်က ပြောသည်။

အစိုးရနှင့် KNPP အနေနှင့် အပစ်အခတ်ရပ်စဲရေး နှစ်ဘက် သဘောတူ စာချုပ်ကို ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က ပြည်နယ် အဆင့် လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း ပြည်ထောင်စု အဆင့်ကို ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ နှစ်ရပ်ကို မေလ ၃ရက်နေ့တွင်
အစိုးရက အသစ် ပြန်လည် ဖွဲ့စည်းခဲ့သည်။

KNPP သည် ၁၉၉၅ ခုနှစ်က ယခင် စစ်အစိုးရ လက်ထက်တွင် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ၃ လခန့် အကြာ အစိုးရ တပ်နှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။ Type the rest of your post here.

အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု စားသောက်ဆိုင်က ဟင်းလျာ menu နဲ့တူ

ဦးသိန်းစိန် သမ္မတဖြစ်လာပြီးနောက် ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေကို
၂၀၁၁ ဩဂတ်လလယ်ပိုင်းမှာ ဖိတ်ခေါ်ခဲ့ပါတယ်။
alt
လက်ရှိအစိုးရရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုဟာ သူတို့အကြိုက်ကိုဘဲ ရောင်းချတဲ့ စားသောက်ဆိုင်က
ဟင်းလျာ menu နဲ့ တူတယ်လို့ အမည်မဖော်လိုတဲ့ နိုင်ငံရေး လှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။
ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့နဲ့ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ဖို့အတွက် အစိုးရဟာ သူတို့ကြိုက်တဲ့ ဟင်းလျာ
တွေကိုဘဲ ရောင်းချတဲ့ စားသောက်ဆိုင်လို မလုပ်သင့်တော့ဘူး။ အများက စိတ်ကြိုက်ရွေး ချယ် စားသောက်နိုင်တဲ့
အစားအစာတွေ ရောင်းချတဲ့ စားသောက်ဆိုင်လို လုပ်ရတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ အစိုးရဟာ သူတို့ကြိုက်တဲ့ အစားအစာတွေကို မှာယူထားပြီး တိုင်းရင်းသား
လက်နက်ကိုင်တပ်ဖွဲ့တွေကို စားသောက်ခိုင်းတဲ့ စားသောက်ဆိုင်လို ဖြစ်နေပါတယ်။

လက်ရှိအစိုးရဟာလည်း စစ်အစိုးရနဲ့နည်းတူ ဘယ်သူက ဘာကြိုက်တယ်ဆိုတာ ဘယ်တော့မှ မမေးဖူး ပါဘူး။ သူတို့
ကြိုက်တာကို အများက ကြိုက်မှာဘဲလို့ ထင်မှတ်ကြပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ UNFC ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ၎င်းက ထောက်ပြပါတယ်။

သမ္မတ ဦးသိန်းစိန် ချမှတ်ထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက ပထမဆုံး အပစ်ရပ်မယ်၊ နောက် ဖွံ့ဖြိုးရေးလုပ်
ငန်းတွေ လုပ်ဆောင်မယ်၊ မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်မယ်၊ အစိုးရရဲ့ နိုင်ငံရေး လမ်းစဉ်တွေကို ခံယူမယ်၊
လွှတ်တော်ထဲက ပြင်ဆင်ထားတဲ့ ဥပဒေတွေကို လက်ခံကြောင်း လက်မှတ် ရေးထိုးမယ် စတာတွေပါ။

လက်ရှိအစိုးရရဲ့ နိုင်ငံရေးလမ်းစဉ်တွေကတော့
- ပြည်ထောင်စုကနေ မခွဲထွက်ဘူး။
- ဒို့တာဝန်အရေးသုံးပါးကို လက်ခံမယ်။
- နိုင်ငံရေး ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲဝင်မယ်။
- ၂၀၀၈ အခြေခံ ဖွဲ့စည်းပုံ ဥပဒေကို လက်ခံပြီး ပြင်ဆင်စရာရှိရင်လည်း လွှတ်တော်ထဲမှာ ပြင်ဆင်မယ်။
- ဥပဒေထဲ အပြီးအပိုင် ဝင်ရောက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ တန်းတူညီတူ သွားလာ၊ နေထိုင်၊ လုပ်ကိုင်၊
စားသောက်မယ်။
- ဖွဲ့စည်းပုံနဲ့အညီ တပ်မတော် တခုတည်း ထားရှိဖို့ ညှိနှိုင်းဆောင်ရွက်မယ်။

ဒီအချက်တွေကိုတော့ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် ဆွေးနွေးပြီးဖြစ်တဲ့ သျှမ်းပြည်ပြန်လည် ထူထောင်ရေး
ကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA က ပြည်သူလူထု၊ တခြားအဖွဲ့တွေနဲ့ ဆွေးနွေးပြီးမှ အကြောင်းပြန်မယ်
လို့ ပြောထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်
ကောင်စီ(UNFC)ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်တွေကတော့-
- အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမယ်။
- ပဏာမအဆင့် နိုင်ငံရေး စကားဝိုင်းလုပ်မယ်။
- တိုင်းရင်းသားအင်အားစုတွေနဲ့ တိုင်းရင်းသား ညီလာခံ ကျင်းပမယ်။
- တမျိုးသားလုံးဆိုင်ရာ ညီလာခံ ကျင်းပမယ်။
- တမျိုးသားလုံဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးမယ်။
- သဘောတူညီမှု ရရှိထားတဲ့အတိုင်း အကောင်အထည်ဖော်သွားမယ်။

တကယ်လို့ ထမင်းဝိုင်းမှာ တဖက်တည်းက ကြိုက်နှစ်သက်တဲ့ ဟင်းလျာကိုဘဲ မှာယူပြီး အများက ကြိုက်နှစ်သက်ရာ
ရွေးချယ်နိုင်တဲ့ ဟင်းလျာတွေကို မမှာရင် အစိုးရက တိုင်းရင်းသားတွေနဲ့ ထမင်းလက်ဆုံစားဖို့ ဖြစ်နိုင်မှာလားလို့
၎င်းက မေးခွန်းထုတ်ပါတယ်။

ဒါကြောင့် အများက နှစ်သက်တဲ့ ဟင်းလျာကို မှာယူပြီး ထမင်းလက်ဆုံ စားရမှာ ဖြစ်ပါတယ်။

ဒီပြဿနာရဲ့ အရင်းအမြစ်ကတော့ လက်ရှိအစိုးရကရော စစ်အစိုးရကပါ တိုင်းရင်းသားတွေကို မယုံကြည်လို့ ဖြစ်တယ်
လို့ ၎င်းက သုံးသပ်တယ်။ လူမှုအသိုင်းအဝိုင်းမှာ social capital ဆိုတာ ရှိပါတယ်။ ယုံကြည်မှုရှိရင် လူမှုအသိုင်း
အဝိုင်း ကျယ်ပြန့်မယ်။ ယုံကြည်မှု မရှိရင် လူမှုအသိုင်းအဝိုင်း ကျဉ်းကြပ်မယ်။ အစိုးရဟာ “ကိုယ်ကကျူး ကိုယ့်ဒူး
ကိုတောင် မယုံနဲ့” ဆိုတဲ့ ရှေးရိုးစကားပုံအတိုင်း ကျင့်ကြံနေဆဲဖြစ်တယ်။ အဲဒါကို စွန့်ပစ်ရမယ်၊ ဖျောက်ဖျက်ပစ်ရမယ်
လို့ ဆိုပါတယ်။

နောက်ဆုံးမှာတော့ သူက အကြီးအကဲ ဖြစ်ချင်ရင်တော့ သဘောထားကြီးရမယ်။ သဘောထားသေးသိမ် နေရင်တော့
အကြီးအကဲ၊ ခေါင်းဆောင်မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
http://www.burmese.panglong.org/2008-08-03-15-59-20/98-2012-01-25-04-06-31/3219--menu-.html
Type the rest of your post here.

မြောက်ကိုးရီးယားထံမှ လက်နက်မျိုးစုံအား ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဝယ်ယူ

altမြောက်ကိုးရီးယား၏ ကွန်တင်နာတင်သင်္ဘောကြီး(ဓါတ်ပုံ-အင်တာနက်)

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က မြောက်ကိုးရီးယားထံမှ လက်နက်ကြီးများ ကွန်တိန်နာ အလုံး ၄၀
ထက်မနည်း ဝယ်ယူရရှိထားကြောင်း နယ်စပ်သတင်းရပ်ကွက် ကဆိုပါသည်။

“၂၀၁၁-၂၀၁၂ အတွင်းမှာ ဝ တပ်မတော်က မြောက်ကိုးရီးယားထံကနေ လက်နက်ကြီးငယ်မျိုးစုံ ကွန် တိန်နာပေါင်း
၄၂ လုံး ဝယ်ယူရရှိထားတယ်။ လက်နက်ကုန်သည်ကတော့ ထိုင်းနယ်စပ်မှာ နေထိုင်တဲ့ သူဖြစ်တယ်။ အဲဒီလူက
ထိုင်းနိုင်ငံသားပြောလဲရတယ်။ မြန်မာနိုင်ငံသားပြောလဲရတယ်၊ လာအို(လောဝ်) နိုင်ငံ သားဆိုလဲမမှားဘူး ” ဟု
ဝ တပ်ဖွဲ့နှင့် နီးစပ်သူတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

ကွန်တိန်နာတစ်လုံး၌ အမြတ်ငွေ ဒေါ်လာ ၁ သန်းခန့်ရရှိရာ ကိုးရီးယားအစိုးရအရာရှိ၊ ဗီယက်နမ်အစိုးရအရာရှိ၊
လာအိုအစိုးရအရာရှိနှင့် အခြားဒေသအတွင်းအဖွဲ့အစည်းအချို့အားလည်း ပေးဆောင်ရကြောင်း၊ ဝ တပ်ဖွဲ့ အတွင်း
ရောက်လျှင် အမြတ်ငွေ အနည်းဆုံး ဒေါ်လာ ၃ သိန်းခန့်ကျန်ကြောင်း လက်နက်ကုန်သည်နှင့်နီးစပ်သည့် အဆိုပါ
ပုဂ္ဂိုလ်က ဆက်လက်ပြော ပြသည်။

မည်သို့ဆိုစေ မတ်ခ်ျ ၂၈ ရက်နေ့ကလည်း မိုင်းခတ်အခြေစိုက် ဗျူဟာမှူး ဗိုလ်မှူးကြီးသက်နိုင်ဝင်း က လည်းမိုင်းလား
နှင့် ဝတပ်ဖွဲ့အား စစ်အင်အားမတိုးချဲ့ဖို့၊ အခြားနိုင်ငံမှ လက်နက်မဝယ်ဖို့၊ ယှဉ်မည်ဆိုပါ က အစိုးရတပ်ကို ယှဉ်နိုင်
မည်ဟုတ် တိုက်ခိုက်မည်ဆိုပါက ခေတ်မှီတိုက် လေယာဉ် (ကျိုင်းတုံဒေသခံ တွေ အသံကြားရတဲ့ ချိန်မှာ ပန်ဆန်းမှာ
ဗုံးကျဲနေပြီ။ အဲလောက်တိုက်ခိုက်နိုင်စွမ်းရှိလေယာဉ်) အမျိုးအစားအား အစိုးရကပိုင်ဆိုင်ထားပြီး အသုံးပြုတိုက်ခိုက်
သွားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဝ ခေါင်း ဆောင်၊ မိုင်းလားခေါင်တို့နှင့် နီးစပ်သူတဦးက သျှမ်းသံတော်ဆင့်သို့ပြော
ပါသည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3220-2012-06-11-12-54-12.html မှကူးယူဖော်ပြသည်။

CHW လူထုကျန်းမာရေးလုပ်သားသင်းတန်းဆင်းပွဲ

ကလို့ထူးဘောစစ်ဌာနချုပ်မှ ကြီးမှုးပြုလုပ်သော တိုင်းရင်းသားလူမျိုးစုံပါဝင်သည့် CHW လူထုကျန်းမာရေးလုပ်သားသင်းတန်းဆင်းပွဲအား ၁၀.၆.၂၀၁၂ ရက်နေ့မွှန်းလွဲပိုင်း ၁၃း၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဤသင်တန်းဆင်းပွဲသို့ NNU/ KNLA ငြိမ်းချမ်းရေးကောင်စီမှတာဝန်ရှိသောရှိသောသူများ KKO နှင့် ကျေးရွာ ဥက္ကဌများ၊ ကလို့ထူးဘောစစ်ဌာနချုပ်၏ ဗိုလ်ချုပ်နှင့် တပ်မှုး၊ တပ်ဗိုလ်များ တတ်ရောက်ခဲ့ကြပါသည်။
KKO ဥက္ကဌ မန်းရောဘတ်ဘစ် မှကျန်းမာရေးလုပ်သားများအား ဩဝါဒစကားများပြောကြားခဲ့ပါသည်။ ဤဩဝါဒစကားများတွင် ပြည်သူလူထုအားအလုပ်ကျွေးပြုရန်နှင့် လူထုအားပေးအပ်ရန်၊ လူထုသာလျှင်ငါတို့၏ အမိအဖဖြစ်ကြောင်းနှင့် လူထုအား ဆန့်ကျင်မှုများမလုပ်ရန် စသည်ဖြင့်ပြောကြားသွားပါသည်။
တတ်ရောက်လာသောအဖွဲ့အသီးသီးမှလည်း ၎င်းအစီစဉ်အားတာဝန်ယူပြုလုပ်ပေးခဲ့သော DKBA နယ်မြေခေါင်းဆောင် ဗိုလ်ချုပ်စောလားဘွယ်အား အထူးကျေးဇူးတင်းရှိကြောင်းပြောကြားပြီး ဆက်လက်၍ ဤသင်တန်းမျိုးအပတ်စဉ်တိုင်းကျင်းပပြုလုပ်နိုင်စေရန်လည်း တို်က်တွန်းနှိုးဆော်ခဲ့ပါသည်။

အီးမေလ်မှ ပေးပို့မှု့အား ဖော်ပြခြင်းဖြစ်ပါသည်။
Type the rest of your post here.

Sunday, June 10, 2012

နိုင်ဂျီးရီးယား ဘုရားကျောင်းတွေ ဗုံးကွဲနိုင်ဂျီးရီးယား ဘုရားကျောင်းတွေ ဗုံးကွဲ



နိုင်ဂျီးရီးယား အလယ်ပိုင်း ဂျော့စ်မြို့ ခရစ်ယာန် ဘုရားကျောင်း တခုမှာ အသေခံ ဗုံးခွဲ မှု ဖြစ်ပီးနောက် ဒေါသနဲ့ လူအုပ်ကြီးက မွတ်ဆလင် ၆ ယောက်ကို သတ်ဖြတ် ခဲ့တာကို အင်္ဂလီကန် ဂိုဏ်းချုပ် က ကန့်ကွက် ခဲ့ပါတယ်။
ဒီလို လက်တုံ့ပြန်မှု တွေကြောင့် ဘာအကျိုးမှ မရတဲ့ အပြင် ဘာသာရေး တင်းမာမှု တွေသာ ပိုဆိုး လာမယ်လို့ ဂိုဏ်းချုပ် ဘန် ကွာရှီက ဆိုပါတယ်။

ဒီ ဗုံးကွဲမှု ကြောင့် ဘုရားကျောင်း ထဲက လူ ဒါဇင်နဲ့ ချီပီး ထိခိုက် ဒဏ်ရာ ရခဲ့ကာ အနည်းဆုံး ၂ ယောက် သေသွား တယ်လို့ သိရပါတယ်။
နိုင်ဂျီးရီးယား အရှေ့မြောက် ပိုင်းက တာဘရာ ရွာမှာ လဲ တနင်္ဂနွေ နေ့ မနက် ဝတ်ပြု ဆုတောင်းပွဲ လုပ်ချိန်မှာ သေနတ် သမား ၅ ယောက် ဝင်ပစ် သွားလို့ အနည်းဆုံး အမျိုးသမီး တယောက် သေဆုံး ခဲ့ရပါတယ်။

ဘိုကို ဟာရမ် အုပ်စုက အစ္စလာမ္မစ် စစ်သွေးကြွက ဒီတိုက်ခိုက်မှု ၂ ခုစလုံး သူတို့ လက်ချက်လို့ ကြေညာ ခဲ့ပါတယ်။.

မူဆယ်မြို့မှာ ဗုံးငါးလုံး ပေါက်ကွဲ

ဘီဘီစီ သတင်း
တရုတ်-မြန်မာနယ်စပ် အနီး၊ ရှမ်းပြည် မြောက်ပိုင်းက အဓိက နယ်စပ်မြို့ တမြို့ဖြစ်တဲ့ မူဆယ်မြို့မှာ၊ မနေ့ည သန်းကောင်ယံ အချိန် လောက်မှာ ဗုံး(၅)လုံး တိတိ ဆက်တိုက် ပေါက်ကွဲခဲ့ပါတယ်။

ပထမ ဗုံးကတော့ မူဆယ်မြို့ အမှိုက်ပုံတခုမှာ စတင် ပေါက်ကွဲခဲ့တာ ဖြစ်ပြီး၊ ရဲစခန်းအနီးမှာလည်း တလုံး ကွဲကြောင်း သိရပါတယ်။
နောက်ဆုံး ပဉ္စမမြောက်ဗုံး ကတော့၊ ဒုတိယသမ္မတ စိုင်းမောက်ခမ်းရဲ့ ဆောက်လက်စ အိမ်အနီးမှာ ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။
ဗုံးအားလုံးဟာ မူဆယ် မြို့လယ် နေရာတွေမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပြီး လူတွေလည်း အထိတ်တလန့် ဖြစ်ကုန်တယ်လို့ ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် လူအသေ အပျောက် မရှိသလို ထိခိုက်ဒဏ်ရာ ရရှိမှုလည်း မရှိဘူးလို့ သိရပါတယ်။
ဒီပေါက်ကွဲမှုကို ဘယ်သူတွေက လုပ်ဆောင်တယ် ဆိုတာကိုတော့ မသိရသေးပါ။

မြန်မာနိုင်ငံသား တစ်ဦး ဘင်္ဂလာဒေခ်ျ့ ဆေးရုံ တစ်ခုတွင် ဒဏ်ရာဖြင့် ဖမ်းဆီးခံရ

ဒီသတင်းအရဆိုရင်တော့ မောင်းတောက မူစလင် ရှမ်းတရုတ်(မူစလင်ကုလားလို့ခေါ်ရင်မကြိုက်သောကြောင့်) တွေကို ဘင်္ဂလားဒေရှ် မှလည်း လက်မခံဘဲ ဖမ်းဆီးကြောင်း တွေ့နေရပါတယ်။

သေနတ်ဒဏ်ရာဖြင့် ဆေးရုံ တက်ရောက် ကုသနေသော မြန်မာနိုင်ငံသား တစ်ဦးကို ဘင်္ဂလာရဲက လွန်ခဲ့သော စနေနေ့က ဖမ်းဆီးလိုက်သည်။

မြန်မာနိုင်ငံ အနီးတွင် တည်ရှိသော ကော့စ်ဘဇား (ဖလောင်းချိတ်) အစိုးရ ဆေးရုံတွင် တက်ရာက် ကုသနေစဉ် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ကော့စ်ဘဇား အွိုင်လိုင်း သတင်းပုဒ်တွင် ဓါတ်ပုံနှင့် တကွ ဖေါ်ပြသည်။

ဘင်္ဂလာရဲက သေနတ် ဒဏ်ရာဖြင့် ဆေးရုံ တက်ရောက်ကုသနေသူ မစ္စတာ ဆော်လိမ် ဆိုသူအား သူ့၏ မိခင် ဖြစ်သူနှင့် အတူ ဖမ်းဆီးပြီး ရဲစခန်းသို့ ယူဆောင်သွားကာ ရဲစခန်းတွင် အမူဖွင့် တရားစွဲဆိုခဲ့သည်ဟု ဆိုသည်။

၎င်းနောက်ပိုင်း မစ္စတာ ဆော်လိမ်အား လက်ထိပ်ခတ်ကာ အစောင့်အရှောက်များဖြင့် ဆေးရုံတွင် ပြန်လည် ဆေးကုသ ပေးနေသည်ဟု သတင်းတွင် ဖေါ်ပြသည်။

ယမန်နေ့ တနင်္ဂနွေနေ့က မိခင် ဖြစ်သူအား ကော့စ်ဘဇား ခရိုင် တရားရုံးတွင် နိုင်ငံခြားသား အမူနှင့် ရဲက ရုံးတင် တရားစွဲခဲ့သည်ဟု သိရသည်။ မြန်မာ အိမ်နီးချင်းနိုင်ငံ ဘင်္ဂလာဒေခ်ျ့တွင် သောကြာနှင့် စနေ နေ့များမှာ အစိုးရ ရုံးပိတ်ရက်ဖြစ်ပြီး တနင်္ဂနွေနေ့မှာ ရုံးဖွင့်ရက် ဖြစ်သည်။

မြန်မာ အစိုးရမှ မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် မောင်တောမြို့တွင် ဆူပူမူများကို တဘက်နိုင်ငံမှ သေနတ်ကိုင် လူတချို့မှ ၀င်ရောက်ပြီး ကျူးလွန်ခြင်း ဖြစ်ကြောင်း စွပ်စွဲ ပြောဆိုသည်ဟု အေအက်ဖ်ပီ သတင်း တပုဒ်တွင် ဖေါ်ပြထားသည်။

ထိုသို့ စွပ်စွဲခြင်းမှာ မဟုတ်မှန်ကြောင်း ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ (BGB) အကြီးအကဲ ဗိုလ်မှူးချုပ် အဏ္ဍ၀ါ ဟူစိန်က နိုင်ငံ၏ အကြီးဆုံး အင်္ဂလိပ် သတင်းစာ တစ်စောင် ဖြစ်သော The Daily Star ကို ပြောဆိုသည်။

ဘင်္ဂလာ အာဏာပိုင်များသည် မြန်မာတွင် ဖြစ်ပွားနေသော မတည်ငြိမ်မူများ ဘင်္ဂလာဒေခ်ျ့သို့ ကူးစက်လာမည်ကို စိုးရိမ်၍ နယ်စပ်ကို တင်းတင်းကျပ်ကျပ် ပိတ်ထားသည်။ ထိုသို့ တားမြစ်ထားသည့် အခြေအနေကြားထဲမှ မြန်မာ နိုင်ငံသား တစ်ဦး သေနတ် ဒဏ်ရာဖြင့် ကော့စ်ဘဇား ဆေးရုံသို့ ရောက်ရှိလာခြင်း အပေါ် လူအများက အမျိုးမျိုး ဝေဖန် ပြောဆိုနေကြသည်ဟု အွိုင်လိုင်း သတင်းက ဖေါ်ပြထားသည်။