တေးရေး - စောဘွဲ့ မှူး
တေးဆို - ဆလိုင်းသွှအောင်
တို့ ကျောင်းက သမိုင်းဆရာလေးတောင် သူပုန်လေးလို့ ငါ့ကိုခေါ်……..
Type the rest of your post here.
Tuesday, July 31, 2012
KIO မသင်္ကာမှုဖြင့် အစိုးရစစ်သားများ ဖမ်းဆီးစစ်ဆေးခံခဲ့ရသော ယိခူးရွာသားအလောင်း တွေ့ရှိ
By KNG
မြန်မာအစိုးရစစ်သားများ သတ်ဖြတ်ခဲ့သည့် ယိခူးရွာသား ဦးဂလောင်းဘောမ်ယော် အလောင်းကို ရှာဖွေတွေ့ရှိ။
မြန်မာအစိုးရစစ်တပ်မှ ပြန်လွတ်ပေးလိုက်ကြောင်း ပြောဆိုခဲ့သည့် ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်)မြို့နယ် ယိခူးကျေးရွာမှ ကချင်လွပ်မြောက်ရေးအဖွဲ့ KIO နှင့် မသင်္ကာသူဖြင့် ဖမ်းဆီးစစ်ဆေးခံခဲ့ရသော ဦးဂလောင်းဘောမ်ယော် (Galau Bawm Yaw) သည် ရက်အတော်ကြာပျောက်ဆုံးနေရာမှ ဇူလိုင်လ ၂၂ ရက်နေ့တွင် ၄င်း၏အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။
အစိုးရစစ်တပ်များသည် ဦးဂလောင်းဘောမ်ယော် (Galau Bawm Yaw) အား ဖမ်းဆီးခေါ်ဆောင်သွားစဉ် ရိုက်နှက်နှိပ်စက်မှု အမျိုးမျိုးပြုလုပ်ခဲ့ခြင်းကြောင့် သေဆုံးခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ယိခူးဒေသခံတစ်ဦးပြောသည်။
“မြုပ်ထားတဲ့နေရာက အရင်က စစ်တပ်ဟောင်း နောက်ဘက်က ကဒုတ်ကျင်းအရှည်ကြီး လုပ်ထားတယ်။ အဲဒီမှာပဲ.. နည်းနည်းပြန်တူးပြီး မြုပ်ထားတာ။ သူတို့ထမ်းလာတဲ့ ၀ါးတုတ်လည်း အဲဒီမှာ ဖြတ်ထည့်ထားတယ်။ ပေါက်ပြားလည်းထားထားတယ်။ ပလပ်စတိတ်နဲ့ပဲ လိပ်ပြီးမြုပ်ထားတယ်။ ခေါင်းပိုင်းတော့ အကုန်ပျက်နေပြီ။ ကိုယ်ပိုင်းတော့ ဖောင်းနေတယ်။ ညာဘက်ပေါင်မှာလည်း ရိုက်ချိုးထားတဲ့ အရာထင်နေတယ်။ ခြေတစ်လုံးတွေမှာလည်း ရိုက်ထားတဲ့ အရာတွေထင်နေတယ်။ ကိုယ်ပေါ်တွေမှာလည်း အရာတွေ အရမ်းထင်နေတယ်။ သွေးဥတွေ မဲတူးနေတာပဲ။ ပါစပ်လည်းအရမ်းဟနေတယ်။ တချို့က အရမ်းအော်ပြီး သေသွားတာလားလို့ ယူဆတာလေနော်။ ဆရာဝန်ခွဲစိတ်ပြီးပြောတာက ဦးနှောက်မှာ သွေးကြောတစ်ကြော ပေါက်တယ်တဲ့” ဟု ပြောသည်။
ဇူလိုင် ၁ ရက်နေ့တွင် အစိုးရစစ်တပ်များနှင့် ကချင်လွပ်မြောက်ရေးအဖွဲ့ KIO တိုက်ပွဲဖြစ်ပွားခဲ့စဉ် အနီးရှိ တောင်ယာလုပ်ကိုင်နေသူ ယိခူးကျေးရွာသား ၂၆ ဦးကို KIO နှင့်ပတ်သက်ဆက်သွယ်သူများအဖြစ် စစ်ဆေးမေးမြန်းရန် ပန်ဆိုင်းရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ရွာလူကြီး၏ အာမခံချက်ကြောင့် ၂၃ ဦးကို အရင်လွတ်ပေးခဲ့သည်။
ထို့နောက် ဦးဂလောင်းဘောမ်ယော် (Galau Bawm Yaw) အပါအ၀င် ၃ ဦးကိုမူ အစိုးရစစ်တပ်အခြေချစခန်း သို့ ဆက်လက်ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့ရပြီး ရွာလူကြီး၏ ထပ်မံအာမခံပေးမှုကြောင့် ပြန်လည် လွတ်ပေးခဲ့ကြောင်း စစ်တပ်မှပြောဆိုခဲ့ပြီးနောက် ၂ ဦးသည်နေအိမ်သို့ရောက်ရှိလာခဲ့ပြီး မကြာသေးခင်ထိ ၄င်းသည် အတော်ကြာ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။
ထိုသို့ပျောက်ဆုံးနေရာမှ ဇူလိုင်လ ၂၂ ရက်နေ့တွင် ပန်ဆိုင်းမြိုနယ်ရှိ ယခင် အစိုးရစစ်တပ်ဟောင်းနယ်မြေတွင် ဦးဂလောင်းဘောမ်ယော် (Galau Bawm Yaw) အား မြုပ်ထားသည်ကို ထိုနေရာတ၀ိုက် တောင်ယာ လုပ်ကိုင်နေသောသူများ မြေဆွနေစဉ်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယိခူးဒေသခံမှဆက်ပြောသည်။
“တရုတ်အမျိုးသမီးက ၂၂ ရက်မှာ လူမြုပ်ထားသလိုတွေ့တယ်ဆိုပြီး အိမ်ကိုလာပြောတယ်တဲ့။ ဒါနဲ့ မိသားစုတွေက သွားကြည့်ပြီး အသင်းတော်က ဆရာတွေကို ပြန်လာပြောတယ်။ ဆရာတို့ကလည်း ကောင်းကောင်း ကြည့်အုံးပေါ့။ ဒါနဲ့ သူတို့က ၂၇ ရက် သောကြာနေ့မှာ မြေနည်းနည်း သွားတူးကြည့်တော့ လုံးဝသေချာတယ်ဆိုပြီး ပန်ဆိုင်းက အသင်းတော်ဆရာတွေ၊ ဌာနဆိုင်ရာ ရဲတွေ မီးသတ်တွေ ဆရာဝန်တွေနဲ့ ဇူလိုင်၂၈ ရက်နေ့မှာ သွားပြီး ဖော်ပြီး အဲဒီနေရာမှာ ပဲခွဲစိတ်တယ်။ တချို့က ရွာကို ပြန်ပြီး အခေါင်းတွေ သွားလုပ်ယူပြီး အဲဒီနားမှာပဲ ပြန်မြုပ်လိုက်တယ်။ ည ၇ နာရီလောက်မှပြီးတာ။ ကျမတို့လည်းအဲဒီချိန်မှ ဓါတ်မီးနဲ့ပြန်လာတာ” ဟုပြောသည်။
မိသားစုဝင်များသည် အပြစ်မဲ့ သေဆုံးမှုနှင့်ပတ်သက်၍ အမှုဖွင့်ရန်ပြင်ဆင်နေချိန် ပန်ဆိုင်းရဲစခန်းမှ ၎င်းနှင့် အတူဖမ်းဆီးခံခဲ့သူများအား စစ်ဆေးမြေးမြန်းခြင်းပြုလုပ်ကာ ဟုတ်မဟုတ် သက်သေအထောက်အထား ရှာဖွေနေဆဲဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း သေဆုံးသူ၏ ဇနီးပြောသည်။
စစ်တပ်မှ လွတ်ပေးခဲ့ကြောင်းပြောဆိုပြီးနောက် ဇူလိုင်လလယ်ပိုင်းမှစ၍ မိသားစုဝင်များသည် နေရာအနှံ့ရှာဖွေခဲ့သော်လည်း မတွေ့သောကြောင့် စိုးရိမ်ပူပန်မှုအမျိုးမျိုးရှိခဲ့သည်ဟု ဇနီးဖြစ်သူ ဒေါ်ဖောင်ရယ်ခေါန်ဖန် (Hpaure Hkawn Hpang) KNG ကချင်သတင်းဌာနသို့ပြောသည်။
“ကျမက ဘယ်လိုမှ မပြောတတ်တော့ဘူး။ ဘာပဲဖြစ်ဖြစ်အခုတော့ အလောင်းလည်းတွေ့ပြီလေနော်။ သူ့ရဲ့ အလောင်းလည်း ကောင်းကောင်းပြန်မြုပ်လိုက်ပြီဆိုတော့ အခုတော့ သူ့ရဲ့ ဆုတောင်းပွဲကို ပျော်အောင် လုပ်လိုက်လို့ ရရင်တော့ ကျေနပ်ပါပြီ” ဟုပြောသည်။
ဦးဂလောင်းဘောမ်ယော် (Galau Bawm Yaw) ၏ အောက်မေ့ဖွယ်ဆုတောင်းပွဲကို သြဂုတ်လ ၁ ရက်နေ့တွက် ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
http://burmese.kachinnews.com/news

အစိုးရ တပ်ဖွဲ့၏ ရာဇသံကို SSA-N က အာခံသည်
ဇူလိုင် (၂၆) ရက်နေ့ နောက်ဆုံးရက် အဖြစ် ထားပြီး ရာဇသံ ပေးခဲ့သည့် နမ့်မဂွင်မှ ဆုတ်ခွာပေးရန် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/ SSA-N) အား အမိန့်ပေး ထားခြင်းကို ယနေ့အထိ အာခံနေဆဲဖြစ်သည်ဟု အမည် မဖေါ်လိုသည့် SSA-N ဗိုလ်မှူးကြီး တဦးက ပြောပါသည်။
“ အပစ်ရပ်တုန်းကတော့ ကိုယ့်နေရာ ကိုယ်နေကြလို့ သဘောတူထားတယ်။ နောက်မှ တန့်ယန်းနဲ့ မိုင်းရှူးက ကျနော်တို့ နေရာကို အကြောင်းမကြားဘဲနဲ့ အရင်ဝင်တိုက်တယ်။ အဲဒီနည်းနဲ့ နှစ်ကြိမ်တိုင် ၀င်တိုက်ပြီးတော့ ကျနော်တို့ရဲ့ စခန်း (၃) နေရာ စလုံး ဆုတ်ပေးရပါတယ်။ ဒါတောင် မပြီးသေးဘူး။ အဲဒီ (၂၆)ရက်နေ့ကို နောက်ဆုံးထားပြီးတော့ နမ့်မဂွင်ထဲမှာ ရှိတဲ့ ကျ နော်တို့ တပ်ဖွဲ့တွေကို ထပ်ဆုတ်ခိုင်းပြန်ပါတယ်။ ဒီတခါမှာတော့ ကျနော်တို့ ဗဟိုကနေ လုံးဝမဆုတ် ရဘူးလို့ အမိန့်ထုတ် ခဲ့ တယ်။ ။ အဲဒီလိုလည်း ထုတ်လိုက်ရော အခုရက်ချိန်း လွန်သွားတာတောင် သူတို့က ဆက်မတိုက်တော့တာ တွေ့ရပါတယ်”
ဟု ဆိုပါသည်။
နမ့်မဂွင် ဆိုသည်မှာ ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့၏ အရှေ့မြောက်ဖက်၊ လားရှိုးမြို့တောင်ဖက်နှင့် မိုင်းရယ်မြို့နယ်၏ မြောက်ဖက်၌ ရှိသော နယ်မြေကို ဆိုလိုခြင်းဖြစ်ပါသည်။ အဆိုပါနေရာတွင် SSA-N ၏ တပ်မဟာ (၁)ဧရိယာနှင့် ကချင်ပြည် လွတ်မြောက် အဖွဲ့(KIA) ၏ တပ်မဟာ (၄) ဧရိယာဖြစ်ပါသည်။ ထို့အပြင် ပလောင် လွတ်မြောက်ရေး အဖွဲ့ (PSLO) တပ်ဖွဲ့တို့ လှုပ်ရှားနေသော ဧရိယာလည်း ဖြစ်ပါသည်။
ဤအခြေအနေတွင် SSA-N သည် နောက်ဆုတ်ပေးတော့မှာ မဟုတ်သည့် အတွက် အစိုးရ တပ်ဖွဲ့များသည် အပစ် အခတ်ရပ် စဲရေးကို တမင်ဖျက်ဆီးရာ ရောက်မှာကို စိုးရိမ်ဟန်ရှိသည့်အတွက် ဆက်မတိုက်တော့ဘဲ တမင် ရပ်စဲလိုက်ဖွယ် ရှိသည်ဟု ဝေဖန်သူများက ဆိုပါသည်။
SSA-N သည် ရှမ်းပြည်နယ်ရှိ မိုင်းရှူး၊ မိုင်းယန်း၊ သီဘော၊ မန်ဖန်နှင့် မိုင်းရယ် မြို့နယ်များ၌ လှုပ်ရှားနေပြီး၊ ၀မ်းဟိုင်း၌ ဌာန ချုပ်ထားရှိခဲ့ပါသည်။ ထို့အပြင် SSA-N သည် “၀” ပြည် သွေးစည်း ညီည့တ်ရေး ပါတီ အပါဝင် မိုင်းလား အဖွဲ့တို့နှင့်လည်း မဟာမိတ် ဖွဲ့ထားပါသဖြင့် ၄င်းတို့ လျို့ဝှက် ဌာနချုပ် စခန်းကို “၀”နှင့် မိုင်းလား ဖက်၌လည်း ထားရှိခဲ့သည်ဟု အဆိုပါ SSA-N ဗိုလ်မှူးကြီးက ဆိုပါသည်။
အစိုးရ၏ တိုင်းရင်းသား အပေါ် သဘောထားသည် သစ်ဆန်းမှု မရှိဟု နေပြည်တော် အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုအဖွဲ့၏ သဘောထားကို ကြည့်ခြင်းအားဖြင့် သိသာနိုင်သည်ဟု သုံးသပ်သူများက ဆိုပါသည်။ ဤသို့ကြောင့် အစိုးရ သည် တပြည်လုံး အပစ်အခတ် ရပ်စဲရေးကို မကြေညာသည့်အပြင် နည်းဗျူဟာ သစ်ခင်းပြီး၊ အပစ်ရပ်သော အဖွဲ့၊ အပစ်မ ရပ်သောအဖွဲ့နှင့် ချေမှုန်းသင့်သော အဖွဲ့ဟူ၍ အမျိုးမျိုး သွေးခွဲထားပြီး အချိန်အခါပေါ်မူတည်၍ အားလုံးကို ချေမှုန်းသွားလိမ့် မည်ဟု အကဲခတ်များက ဆိုပါသည်။
http://phophtaw.org/burmese/index.php/news/local-news/1952----ssa-n--.html

Sunday, July 29, 2012
လူမျိုးများ မှတ်ပုံတင်ကဒ်ပြားနဲ့ လူလည်လုပ်တဲ့အစိုးရ
မနေ့ တစ်နေ့ က ပဲခူးတိုင်း ကျောက်ကြီးမြိုနယ်၊ကရင်ပြည်နယ်ထဲက ဖာပွန်နဲ့ ကြာအင်းဆိပ်ကြီးဒေသတွေမှာ "မှတ်ပုံတင်ထုတ်ပေးတဲ့ အာဏာပိုင်တွေက မှတ်ပုံတင်ထဲမှာ ကရင် အမျိုးသားလို့ သတ်သတ်မှတ်မှတ် ဖော်ပြခြင်းမပြုဘဲ ကရင်မြန်မာ ဆိုပြီး လုပ်ပြန်တယ်"
- ဒီကိစ္စကို တာဝန်ရှိသူ ကေအဲန်ယူမှ စုံစမ်းစစ်ဆေးပြီး ဖြေရှင်းပေးပါလို့ တိုက်တွန်းလိုပါသည်။ ဟိုးအရင်ခေတ်ကတည်းက ဒီလိုအဖြစ်မျိုးဗမာပြည်တွင်းမှာ တစ်ပုံတပင်ကြီးရှိနေတယ်ဆိုတာ ကျနော်တို့ ကိုယ်တွေ့ သိမြင်ခဲ့ရပါသည်။
xxxxxxxxxx
နေ့ သစ်သတင်းစာမျက်နှာမှ
မြန်မာနိုင်ငံမှာ အသက်ပြည့်ပြီးသူ နိုင်ငံသားတွေကို မှတ်ပုံတင်ကဒ်ပြား ထုတ်ပေးတဲ့ စနစ်ဟာ ၁၉၅၇ ခုနှစ် ဝန်းကျင် လောက်မှာ စတင်ခဲ့တယ်လို့ လူကြီးတွေပြောတာ ကြားခဲ့ဖူးပါတယ်။ ဒီအတိုင်းဆိုရင် မြန်မာနိုင်ငံမှာ မှတ်ပုံတင်ကို ကိုင် တဲ့စနစ်က နှစ်ပေါင်း ၅၅ နှစ်တောင် ရှိပြီပေါ့။ ဒါပေမယ့် နိုင်ငံသားတိုင်း မှတ်ပုံတင်ကိုင်နိုင်ပြီလားဆိုတော့လည်း အဲသလို မဟုတ်ပြန်သေးဖူး။ မြို့ကြီးပြကြီးတွေနဲ့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တဲ့ ဒေသတွေက နိုင်ငံသားတွေအဖို့ မှတ်ပုံ တင်ကဒ်ပြားရရှိဖို့ လွယ်ကူပေမယ့် နယ်စွန်နယ်ဖျား လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသက ပြည်သူတွေနဲ့ စစ်မက် ဖြစ်ပွားနေတဲ့ ဒေသက ပြည်သူတွေအဖို့တော့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြား ရရှိဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ လူဦးရေ သန်းပေါင်း တထောင့်တရာကျော်သွားပြီဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ အခုအထိ မှတ်ပုံတင်ဆိုတာ မရှိသေးဘူး။ ပါလီမန် ဒီမို ကရေစီ ဘိုးအေနိုင်ငံဖြစ်တဲ့ အင်္ဂလန်မှာလည်း အခုအထိ မှတ်ပုံတင်ဆိုတာ မရှိသေးဘူး။ လိုအပ်ရင် ပတ်စ်ပို့တို့၊ ကား လိုင်စင်တို့၊ ကျောင်းသားကဒ်တို့၊ တခြားဘာကဒ် ညာကဒ်တွေကို ထုတ်ပြကြရတယ်။ ထားပါတော့။ ဒါက သူတို့အ ကြောင်းနဲ့ သူတို့ မှတ်ပုံတင် မရှိကြသေးတာ။
အခုလက်ရှိ အခြေအနေမှာ ကရင်ပြည်နယ် မွန်ပြည်နယ် ရှမ်းပြည်နယ်တွေထဲက မြို့နယ်တချို့မှာ နိုင်ငံသားမှတ်ပုံတင် ကဒ်ပြားတွေ ထုတ်ပေးနေတာတွေ့ရပါတယ်။ တခါမှ နိုင်ငံသားမှတ်ပုံတင်ကဒ်ကို မကိုင်ဖူးခဲ့တဲ့ ဒေသခံတွေအဖို့ ဝမ်းသာ စရာပေါ့။ ဒါပေမယ့် ဒီလို နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားတွေကို ထုတ်ပေးတဲ့ နေရာမှာ ပြဿနာတွေ ရှိနေတာကို တွေ့ရ ပြန်တယ်။ အဲဒီ ပြဿနာကတော့ သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးများရဲ့ လူမျိုးနာမည်နောက်မှာ မြန်မာဆိုတဲ့ လူမျိုး နာမည်ကို တွဲပြီးမှ မှတ်ပုံတင်ကို ထုတ်ပေးနေတာပဲ ဖြစ်တယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံ မှီတင်း နေထိုင်ပါတယ်။ တိုင်းရင်းသားမျိုးနွယ်တိုင်းမှာ သူတို့ရဲ့ လက္ခဏာ သတ်မှတ်ချက်တွေ ရှိထားပြီးသားလည်း ဖြစ်ပါတယ်။ ရှမ်းက ရှမ်းလူမျိုး၊ မွန်က မွန်လူမျိုး၊ ရခိုင်က ရခိုင်လူမျိုး၊ ကချင်က ကချင်လူမျိုး စသဖြင့် သက်ဆိုင်ရာမျိုးနွယ်ကို ကိုယ် စားပြုတဲ့ အမည်နာမတွေ ရှိထားပြီးသားလည်း ဖြစ်ပါတယ်။ ဒီလို လူမျိုးတခုရဲ့ အမည်လက္ခဏာ သတ်မှတ်ချက်ကို ဘယ်သူကမှ ပြောင်းလဲခွင့် မရှိသလို၊ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး အတင်းအကျပ် ပြောင်းလဲခိုင်းတာဟာလည်း မတရားတဲ့ လုပ်ရပ်ပါ။
ဥပမာပြောရမယ်ဆိုရင် မွန်ပြည်နယ်ထဲက တချို့ မြို့နယ်တွေမှာ မှတ်ပုံတင် ထုတ်ပေးတဲ့ အခါမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက မိဘနှစ်ပါးစလုံး မွန်လူမျိုးဖြစ်ပေမယ့် သူတို့ရဲ့သားသမီးတွေကို မွန်လူမျိုးလို့ မှတ်ပုံတင်ထဲ မှာ သတ်သတ်မှတ်မှတ် ဖော်ပြခြင်းမပြုဘဲ မွန်မြန်မာဆိုပြီး သူတို့ဟာသူတို့ လုပ်ချလိုက်တယ်။ ဒါနဲ့ ပတ်သက်လို့ ဒေသ ခံ မွန်အမျိုးသားတွေက မွန်လူမျိုးအဖြစ်သာ ဖော်ပြပေးဖို့ တောင်းဆိုတဲ့အခါမှာ လူဝင်မှုကြီးကြပ်ရေးက အရာရှိများက ပြန်ပြင်မပေးနိုင်ဘူးလို့ ငြင်းတယ်လို့လည်း သိရတယ်။ ဒါ့အပြင် အဲသည့် မှတ်ပုံတင်ကို မယူချင်နေပြန်တော့ ပြင်မပေး နိုင်ဘူးလို့ အနိုင်ကျင့်တာမျိုး ခံရတယ်။ လူမျိုးတမျိုးရဲ့ လက္ခဏာသတ်မှတ်ချက်ကို အစိုးရအာဏာပိုင်တွေက ဇွတ်အ တင်း ပြောင်းလဲတယ်ဆိုတာ လုံးလုံးမဖြစ်သင့်ဖူး။ တချို့ဒေသတွေမှာတော့ အာဏာပိုင်တွေက မွန်မြန်မာလို့ မဖော်ပြပေ မယ့် မွန်ဗုဒ္ဓဘာသာလို့ ဖော်ပြပြန်တယ်။ မွန်လူမျိုး အများစုဟာ ဗုဒ္ဓဘာသာဖြစ်တာမှန်ပေမယ့် ကျန်တဲ့ ဘာသာတွေကို ကိုးကွယ်ယုံကြည်တဲ့ မွန်လူမျိုးများလည်း ရှိနိုင်သေးတဲ့အတွက် ဒီလိုဇွတ်အတင်း သတ်မှတ်ပေးတာဟာ မတရားတဲ့လုပ် ရပ်လို့ ဝေဖန်ရမှာပဲ။
တခါ ပဲခူးတိုင်း ကျောက်ကြီးမြိုနယ်၊ကရင်ပြည်နယ်ထဲက ဖာပွန်နဲ့ ကြာအင်းဆိပ်ကြီးဒေသတွေမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက နော်ဝေဒုက္ခသည်ကောင်စီ (Norwegian Refugee Council) အဖွဲ့နဲ့ ပူးပေါင်းပြီး ကရင် အမျိုးသားများကို မှတ်ပုံတင်တွေ ထုတ်ပေးနေပါတယ်။ တခါမှ မှတ်ပုံတင် မကိုင်ဆောင်ဖူးတဲ့ နယ်စွန်နယ်ဖျားက ကရင် အမျိုးသားတွေအဖို့ ဒါဟာဝမ်းသာစရာပေါ့။ ဒါပေမယ့် မှတ်ပုံတင်ထုတ်ပေးတဲ့ အာဏာပိုင်တွေက မှတ်ပုံတင်ထဲမှာ ကရင် အမျိုးသားလို့ သတ်သတ်မှတ်မှတ် ဖော်ပြခြင်းမပြုဘဲ ကရင်မြန်မာဆိုပြီး လုပ်ပြန်တယ်။ ဒါနဲ့ ပတ်သက်ပြီး ဒေသခံ ကရင် လူမျိုးတချို့က ကရင်မြန်မာအစား ကရင်လူမျိုးသာ ဖြစ်ကြောင်း ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုပေမယ့် အာဏာပိုင် တွေက လစ်လျူရှု ထားပါတယ်။
အဲဒါအပြင် မှတ်ပုံတင်ထုတ်ပေးရာမှာ ဗုဒ္ဓဘာသာ၊ခရစ်ယာန်၊ မွတ်စလင်၊ ဟိန္ဒူ၊ နတ်ကိုးကွယ်သူ စသဖြင့် အတိအလင်း ဖော်ပြနေခြင်းဟာ သွယ်ဝှိုက်သောနည်းအားဖြင့် ဘာသာရေးအရ ခွဲခြားတဲ့လုပ်ရပ်လို့ ထောက်ပြလိုတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်တယ်ဆိုတဲ့ အချက်ကပဲ မှတ်ပုံတင်ထုတ်ပေးရေးအတွက် အဓိကလို့ မြင်ပါတယ်။ ဒီမိုကရေစီ တိုင်း ပြည်တွေက နိုင်ငံသားတွေရဲ့ မှတ်ပုံတင်တွေမှာ အမည်၊ မွေးနေ့၊ နေရပ်လိပ်စာ၊ စသဖြင့်သာ ယေဘုယျအားဖြင့် ပါဝင်ပါ တယ်။ ဘယ်ဘာသာကို ကိုးကွယ်တယ်ဆိုတာမျိုးကို ထည့်သွင်းဖော်ပြလေ့ မရှိတာကို တွေ့ရပါတယ်။ မှတ်ပုံတင်ဆိုတာ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားတခုသာ ဖြစ်တယ်။
ဗိုလ်ချုပ်နေဝင်း ဦးဆောင်ခဲ့တဲ့ ဆိုရှယ်လစ်အစိုးရ လက်ထက်တုန်းက မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာ ပျံ့နှံ့ နေထိုင် တဲ့ ကူကီးခေါ် အရှိုချင်းအမျိုးသားတွေကို စစ်တပ်အင်အားသုံးပြီး အိန္ဒိယနိုင်ငံဖက်ကို နှင်ထုတ်ခဲ့ဖူးတာ ဖြစ်ခဲ့တယ်။ အချို့သော အရှိုချင်းအမျိုးသားများက သူတို့ကိုသူတို့ ကူကီးချင်းလို့ ခေါ်ဝေါ်သတ်မှတ်ပါတယ်။ သူတို့ကို ကူကီးလို့ ခေါ် စေချင်တယ်။ ကူကီးချင်းဆိုတာ အိန္ဒိယဖက်ကသတ်မှတ်တဲ့ လူမျိုးနာမည်သာဖြစ်တယ်လို့ မြန်မာအာဏာပိုင် တွေဖက် က မြင်ထားတယ်။ မြန်မာပြည်ထဲမှာ နေထိုင်မယ်ဆိုရင် အရှိုချင်း ဆိုတဲ့ နာမည်ကိုသာ ခံယူရမယ်လို့ အစိုးရဖက်က ဖိ အားပေးပါတယ်။ နောက်ဆုံးမှာတော့ ကူကီးချင်းလို့ ခံယူတဲ့ အုပ်စုတချို့ဟာ စစ်တပ်ရဲ့ အနိုင်ကျင့်မှု တွေကြောင့် အိန္ဒိယ နယ်စပ်ဖက်ကို ထွက်ပြေးခဲ့ကြရပါတယ်။ တချို့ကတော့ မပြေးနိုင်တဲ့အတွက် အရှိုချင်းလို့ အခေါ်ခံရပေမယ့် သူတို့စိတ် ထဲမှာတော့ သူတို့ဟာသူတို့ ကူကီးလို့ သတ်မှတ်တာကိုတော့ ဘယ်သူက တားနိုင်မှာလဲ။ ဆိုလိုချင်တာကတော့ ကူကီး ဆိုတဲ့ ဖြစ်တည်မှုဟာ ဆက်ရှိနေတယ်။ အမြစ်ဖြတ်သတ်ပစ်လိုက်လို့ မရနိုင်ဘူးဆိုတာကို ထောက်ပြချင်တာပါ။
လူမျိုးတိုင်းလူမျိုးတိုင်းမှာ သူတို့ရဲ့ လူမျိုးနာမည်များ ရှိပါတယ်။ ဒါဟာ သူတိုရဲ့ နှစ်ပေါင်းများစွာကထဲက ဖြစ်တည်လာ တဲ့ သမိုင်းကြောင်း၊ ယဉ်ကျေးမှုဖြစ်စဉ်များအရ တည်ရှိလာတဲ့ အမျိုးသားနာမည်များ ဖြစ်ပါတယ်။ လူမျိုးတိုင်းဟာ သူတို့ ရဲ လူမျိုးအမည်နာမကို တန်ဖိုးထား ချစ်မြတ်နိုးတာဖြစ်တဲအတွက် လူမျိုးနာမည်ကို အာဏာသုံးပြီး အတင်းအကျပ် ပြောင်းလဲခြင်းဟာ ဘယ်လိုမှ မဖြစ်ထိုက်တဲ့ လုပ်ရပ်မျိုးလို့ ဆိုပါရစေ။ မြန်မာနိုင်ငံဟာ နောင်လာမယ့် အနာဂတ်အတွက် ရေရှည်တည်တန့် ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်လိုတယ်ဆိုရင် လူမျိုးများအကြား တန်းတူညီမျှတဲ့ လုပ်ရပ်မျိုးနဲ့ သက်သေပြဖို့ လိုပါတယ်။ လက်ရှိမှာ လူဦးရေအရ အများစုဖြစ်တဲ့ မြန်မာတွေက နိုင်ငံတော်အာဏာကို ချုပ်ကိုင်ထားပါ တယ်။ ဒီလို အခြေအနေမျိုးမှာ တခြားသော အမျိုးသားတိုင်းရင်းသားများကို မြန်မာလူမျိုးသာ ဖြစ်ရမယ် (သို့မဟုတ်) မြန်မာတပိုင်း တိုင်းရင်းသားတပိုင်း ဖြစ်ရမယ်လို့ သွယ်ဝိုက်၍ဖြစ်စေ တိုက်ရိုက်ဖြစ်စေ ဖိအားပေးဆောင်ရွက်တာမျိုးကို ရှောင်ရှားဖို့လိုတယ်။ မရှောင်ရှားနိုင်ရင် တိုင်းရင်းသား အမျိုးသားများဖက်က သူတို့ကို မြန်မာဇာတ်အတင်း သွတ်သွင်း တယ်လို့ မြင်မှာပဲ။ ဒီလိုမျိုးသာ ဆက်တိုက်ဖြစ်နေရင် ရေရှည်အတွက် မကောင်းနိုင်ပါဘူး။
နယ်စွန်နယ်ဖျား ဒေသများမှာ နိုင်ငံသားမှတ်ပုံတင်တွေ ထုတ်ပေးနေတာကတော့ ကောင်းတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဆိုနိုင် ပေမယ့် မှတ်ပုံတင်ထဲမှာ ကာယကံရှင် တိုင်းရင်းသားတွေရဲ့ လူမျိုးနာမည်အစစ်အမှန်ကို ဖော်ပြပေးခြင်းမပြုဘဲ တိုင်းရင်း သားလူမျိုး နာမည်တွေကို မြန်မာလူမျိုးနာမည်နဲ့ ပေါင်းစပ်ပေးတာမျိုးကတော့ သွယ်ဝှိုက်ပြီး လူမျိုးကြီးဝါဒကို ဆောင်ရွက် နေသလိုမျိုး ဖြစ်နေပါတယ်။ မြန်မာတွေဟာ တိဘက်ဒေသကနေ ပြောင်းရွှေ့အခြေချလာတာကြောင့် မနုဿဗေဒ ပညာ ရှင်များက တိဘက်မြန်မာလို့ သတ်မှတ်ပါတယ်။ သို့သော်လည်း သမိုင်းကြောင်းအရ မြန်မာလူမျိုးဟာ တလျှောက်လုံး ကိုယ့်ဟာကို မြန်မာလို့သာ သုံးနှုန်းခဲ့ပါတယ်။ တိဘက်နဲ့ မြန်မာဆိုတဲ့ လူမျိုးနာမည်ကို တွဲပြီးသုံးခဲ့ဖူးတယ်လို့ တခါမှ မကြားဘူးပါဘူး။ တစုံတယောက်က မြန်မာတွေကို တိဘက်မြန်မာလို့ ခေါ်သင့်တယ်လို့ပြောလာရင် မြန်မာတွေလက်ခံ မှာလား။ စစ်ဗိုလ်ချုပ်တွေကော လက်ခံမှာလား။ ကိုယ့်ကိုသူများက အဲသလိုလုပ်လာတာကို လက်မခံဘူးဆိုရင် သူများ ကိုလည်း ကိုယ်ကသွားမလုပ်ဖို့ နားလည်သင့်တယ်။ ဒါကြောင့် တိုင်းရင်းသားလူမျိုးများရဲ့ နာမည်တွေကိုလည်း သူတို့ရဲ့ လက္ခဏာသတ်မှတ်ချက်အတိုင်း အသိအမှတ်ပြု သုံးစွဲဖို့လိုအပ်ကြောင်း ပြောပါရစေ။
ဇော်မင်း
၂၆ ရက်၊ ဇူလိုင်လ၊ ၂ဝ၁၂ ခုနှစ်
ရွက်မွန်မှ ကူးယူဖေါ်ပြသည်။
http://www.naytthit.net/?p=29443

Saturday, July 28, 2012
ကမ်ချနဘူရီ - ထားဝယ် အာရှအဝေးပြေးကားလမ်းမကြီးဖေါက်လုပ်ရေးစီမံကိန်း
စာရေးသူသည် ကေအဲန်ယူ မြိတ်/ထားဝယ်ခရိုင် ဥက္ကဌရုံး အဖွဲ့ မှ ဖြစ်ပါကြောင်းနှင့် ဖြစ်ရပ်မှန်များကို ပြန်လည်သတိရစေခြင်းဌာပေးပို့ လိုက်ပါသည်ဟု ဖေါ်ပြပါရှိပါသည်။
အစီရင်ခံစာ တစ်ခုလို အချက်အလက်များ ပြည့်စုံပါသဖြင့် ဖတ်ရှု လေ့လာ သိမ်းထားကြပါ။
win KNU
Type the rest of your post here.
အစီရင်ခံစာ တစ်ခုလို အချက်အလက်များ ပြည့်စုံပါသဖြင့် ဖတ်ရှု လေ့လာ သိမ်းထားကြပါ။
win KNU
Type the rest of your post here.
Friday, July 27, 2012
အပစ်ရပ်တိုင်းရင်းသားဒေသ မူ(၅)ရပ်ဖြစ်နော်ဝေးကူညီနေ - " Ashley South"
နော်ဝေနိုင်ငံရဲ့ (Myanmar Peace Support Initiative (MPSI)ကိုယ်စားလှယ် - Ashley South)
2011 နှစ်ဦးမှာ MR. Ashley South က Burma's Longest War စာအုပ်ကို ထုတ်ဝေရေးသားခဲ့ပါသည်။ အဲဒီစာအုပ်ထဲမှာ KNU ကို အဆိုးမြင်များနဲ့ ကောက်ချက်ချ ရေးသားထားတာ တွေ့ ရသည်သာမက မသိမသာ ကရင်တွေကို သွေးခွဲရေးထားတဲ့ အရေးအသားတွေလည်း ပါဝင်နေပါသည်။ အောက်က လင့်ကို ယူပြီး ဖတ်ပါ။
http://thawthikho.blogspot.com.au/2011/03/burmas-longest-war-anatomy-of-karen.html
ထိုစာအုပ်ကို ရေးသားပြီးနောက်ပိုင်းမှာ ကရင့်အသိုင်းအ၀န်းသာမက ကရင့်အရေးနှင့်မြန်မာ့အရေးကို စိတ်ဝင်စားတဲ့သူ တော်တော်များများက ထိုကိစ္စနှင့်ပါတ်သက်၍ ပြောဆို ငြင်းခုံ ဝေဖန်မှုအမျိုးမျိုးရှိခဲ့ပါသည်။ Ashley south စာအုပ်ကို ပြန်လည်တုံ့ ပြန်သော အရေးပါသော ဆောင်းပါးနှစ်ပုဒ်ကို လည်း ပို့ စ်တင်သူအနေနဲ့ ဒီနေရာမှာ ချပြလိုပါသည်။
(၁) နော်ထူးဖေါ ရေးသားသော - Karen Struggle Divides Opinion as Refugees Fight Deportation
http://www2.irrawaddy.org/article.php?art_id=21966
(၂) MARK FARMANER ရေးသားသော - Attacking Academic Freedom or Legitimate Scrutiny?
http://www2.irrawaddy.org/article.php?art_id=22075
ဧရာဝတီမှာ တင်ထားတဲ့ အဲ့ဒီဆောင်းပါးနှစ်ပုဒ်မှာ လူအများက ၀င်ရေးတဲ့ ကော်မန့် တွေကို လည်း ဖတ်စေချင်ပါသည်။
Ashley Shout ရေးသားသော စာအုပ်၊ သူ့ ကို ပြန်လည်တန်ပြန်ထားသော ဆောင်းပါးနှစ်ပုဒ်နှင့် ယခုသတင်းကို ဆက်စပ် ဖတ်ပြီးရင် ၀တ္တု နှင့် ဇာတ်ညွန်းရေးသားသူ၊ ထုတ်လုပ်သူ၊ ထုတ်ဝေခွင့်ပြုသူအဏာပိုင်များ၊ ဒါရိုက်တာ၊ သရုပ်ဆောင် အစသဖြင့် ရုပ်ရှင်ကားတခုဖြစ်ပေါ်လာပုံ အခြေအနေမှန်တွေကို တိခေါက်နိုင်မည်ဟု မျှော်လင့်ပါသည်။
သရုပ်ဆောင် မင်းသားမင်းသမီးကို ပဲကြိုက်မလား လူကြမ်းသရုပ်ဆောင်ကိုပဲကြိုက်မလား .... အဲတာ အကြိုက်ချင်းတော့ တူမယ် မထင်ပါ။ ဒီတော့ ရှူစားတော်မူပါ ပရိတ်သတ်အပေါင်းတို့ ... ဘယ်သူတွေက ဘယ်နယ်ပယ်က အမြတ်ထွက်မလည်း ဆိုတဲ့မေးခွန်းကို တော့ ကိုယ့်ဟာကိုပဲ ကြည့်ပြီးဖြေပါ။ ကျနော်တို့ အဖွဲ့ က ကြော်ငြာပေးရုံသက်သက်ပါ။ :D
xxxxxxxxxxxxxx
ယခုတင်ဆက်သော "အပစ်ရပ်တိုင်းရင်းသားဒေသ မူ(၅)ရပ်ဖြစ်နော်ဝေးကူညီနေ" သတင်းကို ရွှေဟင်္သာသတင်းဌာနမှ ရယူသည်။
---
မြန်မာ အစိုးရ၏ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်၌ နော်ဝေးနိုင်ငံမှ လက်တွေ့ အကူအညီ ပေးနေသော အစီစဉ်များကို ကိုယ်စားလှယ် တဦးဖြစ် သူ Mr. Ashley South က ထိုင်းနိုင်ငံ စံခဘူရီမြို့သို့ ရောက်ရှိစဉ် ယနေ့ထုတ်ဖေါ် ပြောကြားခဲ့ပါသည်။ ၄င်းတို့သည် Myanmar Peace Support Initiative (MPSI) အဖွဲ့ကို ဖွဲ့စည်းပြီး လိုက်လံ အကူအညီပေးနေခြင်း ဖြစ်ပါသည်။
“ကျနော်တို့က ကဏ္ဍ (၅) ရပ်နဲ့ ကူညီသွားမှာပါ။ ပေးတဲ့နေရာမှာလည်း ပတ်သက်တဲ့ အဖွဲ့ကို တိုက်ရိုက်ပေးပါတယ်။ ပြီးတော့ အစိုးရနဲ့ အပစ်ရပ် အဖွဲ့အစည်းတွေကြား သဘောတူထားတဲ့ အချက်အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့က အကူအညီပေးနေတဲ့ အတွက် အစိုးရ ဖက်ကလည်း ကျေနပ်မှာပါ”ဟု Mr. Ashley South က ပြောပါသည်။
အကူအညီ ပေးမည့် ကဏ္ဍ (၅) ရပ်မှာ (၁) အပစ်ရပ် အဖွဲ့အစည်းများ၏ ဆက်ဆံရေးရုံး ထားရှိရေး (၂) အပစ်ရပ် အဖွဲ့အစည်းများ၏ လူထု ရှင်းလင်းပွဲများ ကျင်းပနိုင်ရေး (၃) အစိုးရနှင့် အပစ်ရပ်အဖွဲ့များ၏ သဘော တူညီချက်အပေါ် စောင့်ကြည့်ရေး၌ ကူညီရေး(၄) ရှမ်းပြည်နယ်ရှိ ဘိန်းပြသနာ ပညာပေးရေးနှင့် (၅) အပစ်ရပ်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ၌ ကူညီသွားမည်ဖြစ်ပါသည်။
“ပဲခူးတိုင်း ကျောက်ကြီးနဲ့ ထားဝယ် ဒေသက ကရင် ဒုက္ခသည်တွေကို နိုင်ငံသား မှတ်ပုံတင်တွေပေးရေးနဲ့ ပြန်လည် နေရာချထားရေးမှာ ကျနော်တို့ MPSI က ကွင်းဆင်း လေ့လာနေပါတယ်”ဟု Ashley က ဆိုပါသည်။
MPSI အဖွဲ့ကို ပြီးခဲ့သည့် ဇန္နာဝါရီလတွင် နော်ဝေးနိုင်ငံ ခြားဝန်ကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်အပြီး၌ ဖွဲ့စည်းခဲ့ပါသည်။ ၄င်းအဖွဲ့ကို Mr. Ashley South နှင့် မစ္စတာ ချာလ်းပက်ထရီ တို့ကို ဦးဆောင်စေပြီး အပစ်အခတ် ရပ်စဲသော တိုင်းရင်းသား ဒေသများ ပိုမို ဖွံ့ဖြိုး တိုးတက်စေရန် အခြေခံ အုတ်မြစ်များ ချမှတ်ပေးရေး၌ အကူအညီပေးရန် ရည်ရွယ်ထားပါသည်။
မူရင်း - http://www.phophtaw.org/burmese/index.php/news/internation-news/1939-2012-07-27-13-24-57.html
ငြိမ်းချမ်းရေးခိုင်မာဖို့ တပ်ရင်း ၂၀ ကျော်မှ ၇ ရင်းဆုတ်ပေးရန်လို ဟုဆို
Written by ကယားထဲ၊ ကူးဒူ
ကရင်နီပြည်ငြိမ်းချမ်းရေးအတွက် ညှိနိုင်းဆွေးနွေးဖို့ ခက်ခဲနေတဲ့ တပ်ကိစ္စမှာ ကရင်နီပြည်တွင်းမှာ ရှိနေတဲ့ တပ်တွေအားလုံးကိုဆုတ်ခိုင်းဖို့ တောင်းဆိုနေတာမဟုတ်ဘူးလို့ ကရင်နီတပ်မတော် ဒု - စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က ပြောပါတယ်။
ပြည်နယ် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းကလွဲလို့ ကျန်တဲ့ တပ်မ ၅၅ ခြေမြန်တပ်မ တပ်ရင်းတွေကို ကရင်နီပြည်နယ်ထဲကနေ ဆုတ်ပေးဖို့သာဖြစ်တယ်လို့ ပြောပါတယ်။
ဗိုလ်ချုပ်အောင်မြတ်က “KNPP ကတောင်းဆိုတာက အခုစစ်ဆင်ရေးလုပ်နေတဲ့ တပ်မ ၅၅ ဆုတ်ပေးပါဒီလောက်ပဲ တောင်းဆိုတယ်ပေါ့ အခုလောလောဆယ်ပေါ့။ ဘယ်မှာဆုတ်ပြီလို့လဲ ၃ လကျော်ရှိပြီဘဲ ပိုမိုပြီးတော့ ထပ်တိုးလာပြီ။ မော်ချီးမှာဆို အရင်က ၁ ရင်းဘဲရှိတယ် အခု ၃ ရင်းရှိလာတယ်” လို့ပြောပါတယ်။
ကရင်နီတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးက “တပ်မ ၅၅ က ၁၀ ရင်းကနေပြီး အလှည့်ကျ လုပ်ရှားနေတယ်။ အမြဲတမ်းက ၇ ရင်းလုပ်ရှားတယ်။ အလှည့်ကျသူတို့လုပ်တယ်။ အဓိကဆုတ်ခိုင်းတာက တပ်မ ၅၅ ကိုဘဲ။ အခုကဘယ်ဆုတ်သေးမလဲ စခန်းတောင်မှ တည်ဆောက်နေတယ်။ မောချီးနဲ့ ဖာဆောင်းကြား ဆယ်မိုင်မှာသူတို့စခန်းဆောက်တယ်ကော” လို့ ပြောပါတယ်။
အစိုးရတပ်ဘက်ကလည်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ မြန်မာအစိုးရ ပြည်နယ်အဆင့်ဆွေးနွေးမှု ပြီးတဲ့နောက်မှာ နယ်မြေရှင်းလင်းပြုလုပ်ခြင်းမရှိဘဲ အဓိကအားဖြင့် လောပိတစက်ရုံ ၊ ရွာသစ်ရေအားလျှပ်စစ်စက်ရုံ စသည်ဖြင့် နိုင်ငံတော်ရဲ့ စက်ရုံတွေမှာ လုံခြုံရေးအရ လမ်းကြောင်းတွေပေါ်မှာဘဲသွားတာဘဲ ရှိနေတယ်လို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် စိုးထွဏ်က ပြောပါတယ်။
ဗိုလ်မှူးချုပ်စိုးထွဏ်က “ဒီကနေ့ အခုကျနော်တို့တပ်တွေသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်တာဖြစ်ပါတယ်။ တပ်ရင်းတပ်ဖွဲ့တွေ လုံခြုံရေးလုပ်တာရှိတယ်။ ဒီထဲမှာ အရေးကြီးစက်ရုံ အလုပ်ရုံတွေရှိပါတယ်။ ဒါတွေကို ကျနော်တို့လုံခြုံရေးလုပ်တာရှိတယ်။ အဲဒီတပ်တွေက ဒေသခံတွေအတွက် လုပ်တာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဇွန်လ ၉ ရက်နေ့ လွိုင်ကော်မြို့ တပ်မတော်ခန်းမမှာ ပြုလုပ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) အဖွဲ့ခေါင်းဆောင်နဲ့ ပြည်ထောင်စုအစိုးရဝန်ကြီးတွေ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးစဉ်အချိန်က ပြောသွားတာဖြစ်ပါတယ်။
ပြည်နယ်ဒေသခံတွေအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများနဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ဆိုပြီးစစ်တပ်မှ လိုက်လံဆောင်ရွက်နေစရာမလိုဘဲ တခြားသော ဌာနဆိုင်ရာက လုပ်ရမည့်လုပ်ငန်းများသာ ဖြစ်တယ်လို့ ဗိုလ်ချုပ်အောင်မြက ပြောပါတယ်။
ကရင်နီတပ်မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က “အပြောတမျိုး အလုပ်တမျိုး နောက်ဥပမာ မြေသွားတိုင်းမယ်။ စစ်တပ်ဆိုတာ မြေတိုင်းတဲ့အမျိုးမှမဟုတ်ဘဲ မြေတိုင်းဌာနရှိတယ်။ ဘာဖြစ်လို့သွားတိုင်းစရာလိုလဲ။ လမ်းပြင်မယ်ဆိုလည်း စစ်တပ်ကလမ်းပြင်ဖို့မှ မဟုတ်ဘူး။ ပြင်ဖို့အခြေအနေလဲမဖြစ်ဘူး လမ်းပြင်ဖို့ ဆောက်လုပ်ရေးတို့ရှိတာဘဲ ဆောက်လုပ်ရေးဌာနက လုပ်ရမဲ့ကိစ္စ တပ်ကဘာလို့သွားလုပ်မလဲ” လို့ ပြောပါတယ်။
ကရင်နီပြည်နယ်အတွင်းမှာ ဒေသကွပ်ကဲရေးစစ်ဌာနချူပ် ဒကစလက်အောက်ခံတပ်ရင်း ၁၀ ရင်း ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၇ လက်အောက်ခံတပ်ရင်း ၄ ရင်းနဲ့ တပ်မ ၅၅ လက်အောက်ခံ ၁၀ ရင်းကနေပြီး အလှည့်ကျ အမြဲတမ်း ၇ ရင်းကနေပြီး လုပ်ရှားနေပါတယ်။ နယ်ခြားစောင့်တပ်အနေနဲ့ ၁၀၀၄ ၊ ၁၀၀၅ တပ်ဆိုပြီး ၂ ရင်းရှိပါတယ်။
http://www.ktimes.org/index.php/rokstoriesnews/279-burmese-army-need-to-withdraw-to-keep-peace

Can Norway forge peace in Burma?
“The key lesson for Norway should be that money cannot buy peace”
By HANNA HINDSTROM
At a glance the Myanmar Peace Support Initiative seems littered with good intentions. Agreed with Norwegian Foreign Minister Jonas Gahr Store on a state visit to Burma in January, it promises hefty chunks of foreign aid to develop the conflict-torn border regions from Karen to Kachin state. Punctuated with phrases like “positive interaction” and “community development” it hits all the right notes.
But there are ample reasons to worry.
Civil society groups have already bemoaned the lack of transparency of a process they say has systematically excluded them. Cross-border NGOs have haemorrhaged funding, as Norway redirect aid to inside Burma. Some have openly questioned Norway’s economic motives, while others fear it could coerce rebels into joining the government under the 2008 constitution. All observers have been baffled by the sheer speed of the project – initially set to commence last month.
The most potent concern is of course that it risks derailing, rather than consolidating the fragile peace processes in Burma’s ethnic regions. This view is underpinned by the fact that the Scandinavian initiative – much like the Burmese government’s three-step peace plan – prioritises economic development ahead of political dialogue. The draft plan conceptualises aid as a strategic tool to simultaneously “test and build confidence” in the nascent peace processes, though ostensibly without supplanting political resolution.
However, this is not Norway’s first application of such a peace model. In 2002, the Norwegians were invited to assist the Sri Lankan government in ending their decades-long conflict with the Liberation Tigers of Tamil Eelam (LTTE) – the military wing of the country’s Tamil ethnic minority. It ended seven years later with the complete annihilation of the Tamil Tigers at the hands of the government.
“We all thought Sri Lanka would be their last attempt,” said Professor Stokke from the University of Oslo, addressing a workshop of Burmese grassroots activists in Chiang Mai in June. “But now Norway is reappearing as a peace actor in Burma.”
The Sri Lankan initiative, much like the Burmese one, prioritised ceasefire mechanisms and humanitarian rehabilitation, but postponed discussions on thorny political issues. Unfortunately, the delivery of aid and economic development programmes failed to connect with political reforms. So instead of acting as a social and ethnic adhesive, the initiative ended up politicising aid. In the end, military hardliners regained control in both the government and LTTE, concluding that the conflict had to be resolved through war.
“Without a joint roadmap to peace, every step became a battle field,” said Stokke. “Many people felt harmed by the development process and it led to growing scepticism rather than support. The key lesson for Norway should be that money cannot buy peace.”
An independent assessment of the Sri Lankan failure, commissioned by the Norwegian government, concluded that “Norwegian peace efforts were largely constrained by [domestic political] dynamics, but also partly contributed to them.” It criticised the government for poor contextual awareness and underestimating the difficulty of the task ahead, subsequently becoming a “pawn in Sri Lanka’s domestic politics”.
The inherent dangers of a similar outcome in Burma should be obvious. Most analysts agree that the country’s ethnic divisions will be the biggest challenge for the fragile democracy to resolve. It is difficult to envision this happening without addressing deep-rooted concerns surrounding the 2008 constitution and political mechanisms for self-determination. Foreign interference that trivialises or ignores these issues could be very dangerous.
The focus on aid and economic growth is particularly risky in the context of Burma’s resource-rich ethnic regions, where conflict and development are destructively entwined. A prominent reason behind the breakdown of the 17-year ceasefire in Kachin state was the exploitation of hydropower resources by China at the expense of the local population.
Since the outbreak of violence in June last year, humanitarian aid has become equally politicised – with Burmese authorities blocking UN convoys from gaining access, while the Kachin Independence Army (KIA) persistently reject government aid.
Using aid as “both carrot and stick” is likely to fuel distrust between rebels and a government that is no stranger to manipulating economic resources in their favour. While Norway insists that it will channel all funding through established NGOs, these would still need to be sanctioned by the regime. In order for exile groups to participate in the process or access funding, they must register in Rangoon.
Similarly, rebel groups risk isolation if they do not collaborate with the increasingly legitimised government. In Sri Lanka, the LTTE’s failure to respect the ceasefire led to their successful rebranding as a “terrorist organisation” by the government. Conversely, if rebels do join the government, they risk alienating themselves from larges swathes of an ethnic population that still feel aggrieved.
Of course, the lingering question is why Norway seems determined to repeat the mistakes of history?
It is possible that they believe that the Burmese context is different to Sri Lanka. It is certainly difficult to conceive that they would set out to fail. They have also taken on fewer roles than in Sri Lanka – shedding the mantles of peacekeeper and maker to focus exclusively on “peace-building” – and made some minor adjustments to their strategy in response to criticisms. But the fundamental tenets remain unchanged.
According to Stokke, the architecture of Norwegian peace initiatives is largely assumed. He describes it as a top-down, politically liberal, market-driven process that strives for a speedy cessation of violence, but tends to be elitist, narrowly focused and operates within existing power structures. Subsequently, the government has faced accusations of callously pursuing their own economic interests in Burma’s vast energy resources. But Stokke argues that their motives are largely geopolitical – rooted in a desire to re-establish itself as a global political player.
“During the Cold War, Norway had a very strategic geographical location, as a buffer between west and east. Now that the Soviet Union is gone and the Cold War is over, Norway is no longer so important,” said Stokke. “Norway has to find another way to be taken seriously and listened to.”
He cites Norway’s relationship with the United States as critical factor in its new role — even suggesting the peripheral nation is being strategically used to “test out” geopolitical manoeuvres that the superpower cannot. External pressure would certainly help to explain some of the urgency and poor research on Norway’s behalf. The government recently announced “support from all stakeholders” as the outcome of a May workshop with civil society in Chiang Mai, where the vast majority of participants expressed concerns about the initiative.
But whatever the political motives, a neo-liberal agenda remains implicit in the very design of the peace strategy, even if it is not the primary driver. With the rapid shedding of Norwegian sanctions, and more recently of the United States, ethnic distrust is already simmering. Doubts will only be fuelled if Norway continues to ignore community voices. In the end, the success of Norway’s initiative rests largely on capturing their trust and support. And so far, it is not looking good.
http://www.dvb.no/uncategorized/can-norway-forge-peace-in-burma/22957

ထားဝယ် ရေနက်ဆိပ်ကမ်း ဖြစ်မြောက်ရေးအတွက် အသက်သွေးကြောတခုဖြစ်သော ကန်ချနဘူရီ - ထားဝယ်အဝေးပြေးကားလမ်း တည်ဆောက်မှု ဓါတ်ပုံတချို့ 
ဓါတ်ပုံများကို ပေးပို့ လာသော မိတ်ဆွေအား သောသီခို အဖွဲ့ သားများမှ အထူးကျေးဇူးတင်ရှိပါသည်။
kan-tavoy photo
Type the rest of your post here.
kan-tavoy photo
Type the rest of your post here.
Thursday, July 26, 2012
သူ့ ရဲ့အပြုံးတွေ ရင်ခုန်သည်..... အခုတော့သိပြီ.....အခုတော့သွားပြီ...
လက်ရှိ လွှတ်တော်ဟာ တရားမ၀င်ဘူးလို့ ဘာကြောင့်ပြောသလဲ။
အောင်ထူး(ရှေ့ နေ)
ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် တိုင်းရင်းသားလူမျိုးများဟူသော ဝေါဟာရအား သတ်သတ်မှတ်မှတ် အဓိပ္ပါယ်ဖော်ထားခြင်း မရှိကြောင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ကိုးကားလျှက် ဇူလိုင်လ (၂၅)ရက်နေ့တွင်လွှတ်တော်၌ ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။ ယင်းကို ရည်ညွှန်းကာ တိုင်းရင်း သား ဆိုတဲ့ ဝေါဟာရကို သတ်သတ်မှတ်မှတ် အဓိပ္ပါယ် ဖွင့်ဆို ပြဌာန်းဘို့ လိုအပ်တယ်လို့ထင်ပါ သလား ဟု ဘီဘီစီက စာရေးသူ အား ထိုနေ့မှာပင် မေးလာခဲ့သည်။
စာရေးသူက "လိုအပ်ပါတယ်။ ဒါပေမယ့် လက်ရှိလွှတ်တော်ကိုတော့ အဓိပ္ပါယ်ဖွင့်ခွင့် မပေးသင့်ဘူး။ ကျွန်တော့် တယောက်ထဲအမြင်အရတော့ လက်ရှိလွှတ်တော်ဟာ တရားမ၀င်လို့ ဖြစ်တယ်။” ဟု ဖြေကြားခဲ့သည်။ အချိန်အကန့် အသတ်အရ အဘယ်ကြောင့် တရားမ၀င်ကြောင်း ဘီဘီစီမှ နေ၍ မိမိအမြင်ကို ရှင်းလင်းခွင့် မရခဲ့သဖြင့် လူထု တရပ်လုံး သိအောင် ယခုတင်ပြခြင်း ဖြစ်ပါသည်။
ဆွေးနွေးခန်းတခု၌ စာရေးသူက "စစ်အစိုးရတည်ထောင်ထားသော လွှတ်တော်” ဟု သုံးနှူံးခဲ့ရာ တဖက်မှ လက်ရှိလွှတ် တော် ကိုယ်စားလှယ် တဦးက မိမိအား "ဦးအောင်ထူးက စစ်တပ်အပေါ် အစွဲရှိနေတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင်တက်နေတဲ့ လွှတ်တော်ကို သည်လို မသုံးနုန်းသင့်ပါဘူး။” ဟု ကန့်ကွက်သွားခဲ့သည်။ စင်စစ်အားဖြင့် စာရေးသူ သည် စစ်တပ်အပေါ် အစွဲဖြင့် (တနည်းအားဖြင့်) အချက်အလက်မရှိဘဲ ဆန္ဒစွဲ(Subjectivism) ဖြင့် ကိုယ်လိုရာဆွဲပြော ဝေဘန် နေခြင်းမဟုတ်ပါ။
အချက်အလက် ခိုင်ခိုင်ဖြင့် ပြောနေခြင်း ဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအပေါ် အခြေပြု လျှက် ဖွဲ့စည်းထား သော ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရကို မိမိက စစ်အစိုးရဟုသာ သတ်မှတ်ပါသည်။ ဤသည် နှင့် စပ်လျှဉ်း၍ မိမိ အနေဖြင့် လိုအပ်လျှင် နိုင်ငံတကာတွင်ဖြစ်စေ၊ ကုလသမဂ္ဂရှေ့တွင် ဖြစ်စေ ရှင်းနိုင်ပါသည်။ သို့ဖြစ် ၍ "စစ်အစိုးရ တည်ထောင်ထားသော လွှတ်တော်” ဟု သုံးနှူံးခဲ့ခြင်းဖြစ်သည်။
ယင်းလွှတ်တော်သည် တရားမ၀င်ဟု အဘယ်ကြောင့်ပြောပါသနည်း။ တခွန်းထဲနှင့် ချုပ်ပြီးဆိုရလျှင် လူထုက စစ်မှန် စွာ ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ မဟုတ်သူ အများစုကြီးနှင့် ဖွဲ့စည်းထားသောကြောင့် ဖြစ်သည်။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ကြိုတင်မဲများဖြင့် အဓိကအနိုင်ယူသွားခဲ့ကြောင်း တပြည်လုံးသိဖြစ်သည်။ ရွေးကောက်ပွဲ ကော်မရှင် ကိုယ်တိုင်ကလည်း နောင်ရွေးကောက်ပွဲများ၌ ကြိုတင်မဲပြသနာများ မဖြစ်ပွားအောင် လုပ်ဆောင်သွားပါမည် ဟု ၀န်ခံ ခဲ့သည်။
သို့ရာတွင် ကြိုတင်မဲများကို သုံးကာ လွှတ်တော်ခုံနေရာများ၌ ခပ်တည်တည် အခန့် သားထိုင်နေပြီ ဖြစ်သော ကိုယ်စားလှယ်အတု ကြီးများကို မူ မည်သို့မျှ အရေးယူခြင်းမရှိခဲ့။ ကြိုတင်မဲပြသနာများ ကိုလည်း စုံစမ်းစစ်ဆေး ဖေါ် ထုတ်ခဲ့ခြင်းမရှိ။
ယင်းမှာ ပထမ အမျိုးအစား ကိုယ်စားလှယ် အတုကြီးများဖြစ်သည်။
ဒုတိယ အမျိုးအစားကိုယ်စားလှယ် အတုကြီးများမှာ စစ်တပ်က လာသည်။ မြန်မာစကားတွင် ဒူးနေရာဒူး တော်နေရာ တော် ဆိုတာရှိသည်။ စစ်ရေးကိစ္စကို ဘာတခုမှ သင်ယူ လေ့ကျင့်ခဲ့ဘူးခြင်း မရှိသည့် ရှေ့နေတဦးက မိမိဝတ်ဆင်မြဲ ဖြစ်သော တိုက်ပုံ(သို့မဟုတ်) ၀တ်ရုံအမဲကြီးကို ၀တ်ဆင် ခေါင်းပေါင်းကြီးပေါင်းပြီး ရှေ့တန်းစစ်စခန်းတောင်ကုန်း တခုပေါ်သွား၊ စစ်တိုက်နေသည့် စစ်သားများကို အမိန့်ပေးမည်ဆိုလျှင် သင့်တော်မည်မဟုတ်ပါ။ ထိုနည်းတူစွာပင် ကိုယ့်ကို လူထုကရွေးချယ်တင် မြှောက်ခြင်း မပြုပါဘဲလျှက် ယူနီဖေါင်းကြီး တကားကားဝတ်ပြီး လွှတ်တော်တွင်း လာထိုင်နေကြသည်ကို တွေ့ရသည်မှာ လွှတ်တော်၏ ဂုဏ်သိက္ခာဟူသည်ကို တပြားမှ မရှိအောင် ကျဆင်းစေပါ သည်။ ထိုကဲ့သို့ သော လွှတ်တော်မျိုးကို ကမ္ဘာမှာဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ မည်သည့်နိုင်ငံတွင် မျှ မကျင့်သုံး တော့ပါ။ ဒူးနေရာဒူး တော်နေရာတော် ဆိုသည်ကိုပင် နားလည်ကျင့်သုံးနိုင်ခြင်း မရှိပါက အဆိုပါ ရှေ့နေ သည်လည်း ကောင်း၊ အဆိုပါ စစ်ဗိုလ် စစ်သားသည်လည်းကောင်းရှက်တတ်သူများ ဖြစ်ပါက လဲသေလိုက်ဘို့သာ ကောင်းပါ သည်။ ဤသို့သော ပုဂ္ဂိုလ်များ လွှမ်းမိုးထားသော လွှတ်တော်ကို တရားဝင်လွှတ်တော်ဟု မည်သို့ လက်ခံ နိုင်ပါ အံ့နည်း။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်လိုက်သဖြင့် ယင်းလွှတ်တော်၏ အနှစ်သာရပြောင်းသွားသည်ဟု မမြင်ပါ။ ပတ္တမြား တချို့ နှင့် ရောလိုက်သော်လည်း ကျောက်ဖျင်းများသည် ပတ္တမြားဖြစ်မသွားပါ။ စာရေးသူအနေဖြင့်မူ အသွင် သဏ္ဍာန်ကို မဟုတ်အနှစ်သာရကိုသာ အဓိကထားပါသည်။ လူထုက စစ်မှန်စွာ ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ အများစုကြီး လွှမ်းမိုးစီးနင်းထားသော လွှတ်တော် အဆောက်အဦးကို ရွှေသား အတိဖြင့် ဆောက်ထားပါစေဦး။ အဆိုပါ ကိုယ်စားလှယ်ဆိုသူများသည် ရွှေပုဆိုးများ ၀တ်၍ အစည်းအဝေးများတက်နေကြပါ စေဦး။ အထင်ကြီးလေးစား နိုင် ဘွယ် မရှိပါ။ လူထုက စစ်မှန်စွာ ရွေးချယ်တင် မြှောက်ခြင်းခံထားရသူများနှင့် ဖွဲ့စည်းထားသည့် လွှတ်တော်ကို ဓနိမိုး ၀ါးတိုင်နှင့်သာ ဆောက်နိုင်ပါစေဦး။ ကိုယ်စားလှယ်များအနေဖြင့် သာမန် အ၀တ်အစားများမျှလောက်သာ ၀တ်ဆင်နိုင် ပါစေဦး။ ဒါငါတို့ လွှတ်တော်ကွ ဟု ကမ္ဘာသိ ကြွေးကြော်လိုပါသည်။
အများမိုးခါးရေ သောက်နေသည် ဆိုသော်ငြား မသောက်သူများလဲ ရှိပါမည်။ ထိုပုဂ္ဂိုလ်များနှင့် အတူ လက်တွဲပြီး မသောက်ဘဲနေပါမည်။ မိုးခါးရွာကျခြင်းမှာ ကာလကြာမည်ဟု ကျွန်တော်မထင်ပါ။ သဘာဝပေါက်ပင်ကလေးများအားကောင်းရှင်သန်လာအောင် ပံ့ပို့ ပျိုးထောင်ပေးရင်း ရေကြည်ရေပေါက်များနှင့် ပြည့်ဖြိုး လျှက် ရှိသော မိုးချိုရေများ ရွာကျလာမည့်ကာလအထိ ကျွန်တော်စောင့် ပါမည်။
အောင်ထူး (ရှေ့နေ)
ဇူလိုင်လ (၂၆) ရက် ၂၀၁၂ ခုနှစ်

စီးပွားရေးလုပ်ငန်းများ ကရင်လူထုအတွက် အကျိုးရှိစေသည့် EKN ၏ လိုလားမှုကို လူထုအခြေပြုအဖွဲ့ ပံ့ပိုး
ဇူလိုင်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ (ကရင်သတင်းဌာန)
ကရင်ပြည်နယ်အတွင်း ၀င်ရောက်လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများ၏ အကျိုးအမြတ်မှာ ဒေသခံ ကရင်လူထုအတွက် ဖြစ်စေလို သည်ဟု ဥရောပဆိုင်ရာကရင်တိုင်းရင်းသားကွန်ယက် (European Karen Network-EKN) ထုတ်ပြန်ချက်ကို ကရင်လူထုအခြေပြုအဖွဲ့ တာဝန်ခံများက ပံ့ပိုးပြောဆိုလိုက်သည်။
ဆွီဒင်နိုင်ငံတွင် ဇူလိုင်လ ၁၃-၁၄ရက်များက ကျင်းပခဲ့သည့် လူဦးရေ တစ်ရာကျော်တက်ရောက်သော တတိယအကြိမ်မြောက် ဥရောပ ဆိုင်ရာကရင်တိုင်းရင်းသားကွန်ယက်-EKN အစည်းအဝေး၏ ဆုံးဖြတ်ချက်ရလာဒ်အဖြစ် အဆိုပါအချက် အပါအ၀င် တောင်းဆိုချက် ၃ချက်ဖြင့် ဇူလိုင်လ ၂၀ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
EKN အစည်းအဝေးသို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သည့် ရန်ကုန်အခြေစိုက် Karen Women Action Group-KWAG ၏ စီမံခန့်ခွဲမှု ဒါရိုက်တာ နော်စူစဲနာလှလှစိုးက သူမ၏ အမြင်ကို ကရင်သတင်းဌာနသို့ ယခုလို ပြောသည်။
သူမက “ပြည်နယ်မှာ ဖြစ်လာတဲ့ အကျိုးစီးပွားဟာ ပြည်နယ်သားတွေလည်း ခံစားသင့်ပါတယ်။ ခုဟာက စီးပွားရေးဥပဒေတွေ ခိုင်ခိုင်မာ မာ မရှိဘဲနဲ့ လုပ်နေကြတယ်။ တချို့ကုမ္ပဏီတွေကလည်းပဲ ရှိတဲ့ဥပဒေတွေကို မလိုက်နာကြဘူး။ ကုမ္ပဏီရဲ့ အကျိုးစီးပွားပဲ ကြည့်တယ်။ အဲဒါမျိုးဆိုရင် အဲဒီဒေသမှာရှိတဲ့ ဒေသခံတွေကတော့ နစ်နာတာပေါ့”ဟု ပြောသည်။
၎င်းအပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ရန်လည်း လိုအပ်ကြောင်း ထည့်သွင်းဖော်ပြထားသည့် EKN ၏ တောင်းဆိုချက်အပေါ် Karen Environmental and Social Action Network (KESAN)၏ ဒါရိုက်တာ စောပေါလ်စိန်ထွားက ကရင်ပြည်နယ်အတွင်း စက်မှုဇုံများ၊ ရွှေတူးဖော်ရေး၊ မိုင်းတူးဖော်ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများရှိနေသည့်အပေါ် လူထုအတွက် အကျိုးအမြတ်ကို မမြင်ရသေးကြောင်း ပြောသည်။
၎င်းက “ကျနော်တို့ စိုးရိမ်တာက ကရင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးရေးတွေ ဘာတွေမရှိသေးဘူး။ ပြည်သူလူထုအတွက် ကာကွယ် ပြောဆိုပေးမဲ့ အဖွဲ့အစည်းလည်း မရှိဘူး။ အဲလို ပြည်သူအကျိုးအမြတ်အတွက် တရားဥပဒေတွေ တိတိကျကျ မရှိတာကြောင့် ကျနော့်အ မြင်က ပြည်သူလူထု အကျိုးအမြတ် ခံစားရဖို့တော့ မမြင်ဘူး”ဟု ပြောသည်။
EKN ၏ ထုတ်ပြန်ချက်၌ မြန်မာအစိုးရသည် ကေအဲန်ယူနှင့် တွေ့ဆုံဆွေးနွေးရာတွင် အပစ်ရပ်မှုတစ်ခုတည်း မဟုတ်ဘဲ ကရင်လူထုအ တွက် အာမခံချက်ရှိသော လုံခြုံမှုများပေးနိုင်သည့် နိုင်ငံရေးဖြေရှင်းမှုဖြစ်ရန်နှင့် ဥရောပအစိုးရအဖွဲ့များအနေဖြင့် နယ်စပ်တစ်လျှောက်နှင့် ပြည်တွင်းရှိ အိုးအိမ်မဲ့ ပြည်တွင်းဒုက္ခသည်(IDP)များအား အကူအညီ တိုးပေးစေလိုကြောင်း တောင်းဆိုထားသည်။
“ဥရောပအစိုးရတွေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဗမာပြည်အတွင်းပိုင်းမှာ ပြောင်းလဲမှုနည်းနည်းကောင်းလာတာကို အာရုံပိုစိုက်နေပြီး တိုင်းရင်းသားဒေသတွေက ဆိုးရွားနေတဲ့ လူ့အခွင့်အရေးအခြေအနေတွေအတွက် အာဏာရှင်ကို ဖိအားပေးမှု လျော့လာတာမျိုး၊ လစ်လျူရှုတာမျိုးတွေ မလုပ်သင့်ပါဘူး”ဟု နော်ဝေကရင်လူ့အဖွဲ့အစည်း ကော်မတီဝင်နှင့် EKN ပြောရေးဆိုခွင့်ရှိသူ နော်တာအဲ့ရှီးက ပြောသည်။
EKN ကို ၂၀၀၉ခုနှစ်၊ ဇူလိုင်လတွင် စတင် ဖွဲ့စည်းခဲ့ပြီး ပြည်တွင်းပြည်ပရှိ ကရင် လူထုအခြေအနေကို အများသိရှိစေရန်အပြင် ဥရောပ အစိုးရအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက မြန်မာနိုင်ငံ ဒီမိုကရေစီ ပြောင်းလဲမှုအပေါ် ပိုမို လုပ်ဆောင်ပေးနိုင်ရန် ရည်ရွယ် ၍ ဖွဲ့စည်းထားသော ကွန်ယက်အဖွဲ့ဖြစ်သည်

Wednesday, July 25, 2012
ငြိမ်းချမ်းရေးဖော်ဆောင်ရာ၌ ဦးခွန်ထွန်းဦးပါဝင်ဆောင်ရွက်ဖို့ ဝန်ကြီးဦးအောင်မင်းတောင်းဆို
ဝန်ကြီးဦးအောင်မင်းကတော့ ကတိပေးတဲ့နေရာမှာ လွယ်လွယ်လေးပဲ။
နောင်တချိန်မှာ စစ်တပ်က လူတွေကို ဒုက္ခပေးချင်ရင် ယခုလက်ရှိလူတွေကို ရာထူးက ဖြူတ်ပစ်လိုက်မယ်။ ပြီးရင်နောက်လူတက်လာမယ်
ပြီးတော့ အရင်လူတွေ လုပ်ထားတာ ငါတို့ နဲ့ မဆိုင်ဘူး.. ငါတို့ မသိဘူး.. လို့ နောက်တက်လာတဲ့လူတွေက ပြောလေ့လုပ်လေ့ရှိတယ် ဆိုတာ သမိုင်းတလျှောက် တိုင်းရင်းသာတွေကို ဒီလိုပဲ လိမ်စားလာကြတာပဲ။ ဒီလိုနဲ့ ခံရပေါင်းများတဲ့ တိုင်းရင်းသားတွေက ဗမာကို ယုံဖို့ သိပ်ခက်သွားတယ်။
U Ag Min request U Khu Tun Oo to participate in peace process

နော်ဝေက တမူးပိုသာသတဲ့လား
" နော်ဝေ ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Norwegian Agency for Development Cooperation – Norad) က တာဝန်ယူဆောင်ရွက်ခဲ့တဲ့ သီရိလင်္ကာငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုရင် ဆုံးရှုံးမှုတွေ အများကြီးရှိခဲ့တာပါ။ နော်ဝေတွေကြောင့်လို့ ကျနော်မပြောလိုပါဘူး၊ ဒါပေမယ့် အဲ့ဒီနိုင်ငံရဲ့ ရှုပ်ထွေးနက်နဲတဲ့အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်သာစေခဲ့ပါတယ်"
ဟာရို ဘော့မင်း (ဓာတ်ပုံ- ဧရာဝတီ)
ရဲနည် - ဧရာဝတီ
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ နိုဘဲလ်ငြိမ်းချမ်းရေးဆုနှင့် ရပ်ဖ်တို ဆုများလက်ခံရယူရန် ဇွန်လတွင် နော်ဝေနိုင်ငံသို့ ရောက် ရှိခဲ့သည်။ နော်ဝေအစိုးရနှင့် ပြည်သူများ၊ နော်ဝေနိုင်ငံတွင်ရောက်ရှိနေသော မြန်မာများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။
နော်ဝေနိုင်ငံဝန်ကြီးချုပ် ယန်း စတိုးလ်တင်းဘာ့ဂ် (Jens Stoltenberg) ကလည်း နော်ဝေကုမ္ပဏီများ မြန်မာပြည်တွင်ရင်းနှီးမြှုပ်နှံကြရန် အားပေးတိုက်တွန်းခဲ့သည်။
နော်ဝေနိုင်ငံ အနေနှင့် ဆယ်စုနှစ်ချီဖြစ်ပွားနေသော မြန်မာပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရန် အတွက် “မြန်မာ့ငြိမ်းချမ်းရေး အထောက်အကူပြု ပဏာမခြေလှမ်း (Myanmar Peace Support Initiative)” အစီအစဉ်၌ ဦးဆောင် ပါဝင်နေချိန်တွင် နော်ဝေ ဝန်ကြီးချုပ်က ထိုသို့ တိုက်တွန်း ပြောကြားလိုက်ခြင်းဖြစ်သည်။
ဟာရို ဘော့မင်း (Harald Bockman) သည် နော်ဝေနိုင်ငံ အော်စလို တက္ကသိုလ် (Oslo University)၊ သဘာဝ ပတ်ဝန်းကျင်နှင့် ဖွံ့ ဖြိုးတိုးတက်ရေးဌာန (Centre for Environment and Development) မှ အကြီးတန်း သုတေသနမှူး တယောက်ဖြစ်ပြီး နော်ဝေ-မြန်မာ ကော်မတီ(Norwegian Burma Committee – NBC) ဥက္ကဌ ဟောင်း ဟဲဗာတ် ကူလွိုင်း (Hallvard Kuloy) ကွယ်လွန်သွား သည့် ၂၀၀၁ ခုနှစ်မှစ၍ NBC ဥက္ကဌ အဖြစ် တာဝန်ယူနေသူဖြစ်သည်။ ၁၉၉၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော NBC ကို စတင် တည်ထောင်သူ တဦးဖြစ်သည့် အားလျှော်စွာ မြန်မာ-နော်ဝေ ဆက်ဆံရေးအပေါ် အနီးကပ် စောင့်ကြည့်လေ့လာနေသူ တဦး လည်း ဖြစ်သည်။
မကြာသေးမီက ဧရာဝတီနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဟာရို ဘော့မင်းက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ပြောင်းလဲမှုများနှင့် မြန်မာ ပြည် ၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အားပေးအားမြှောက်ပြုရာတွင် နော်ဝေ နိုင်ငံ၏ အခန်းကဏ္ဍတို့အပေါ် ၄င်း၏ အမြင်များကို ပြောကြားခဲ့သည်။
မေး။ ။ နော်ဝေကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံသင့်တယ်လို့ ဝန်ကြီးချုပ် ယန်း စတိုးလ်တင်းဘာ့ဂ်က ပြောခဲ့ပါတယ်။ နော်ဝေ နိုင်ငံရဲ့ မြန်မာပြည်ရေးရာကိစ္စတွေမှာ ပါဝင်ဆောင်ရွက်မှုဟာ အပြုသဘောဆောင်ပြီး တိုးတက်မှုရှိတယ်လို့ ထင်ပါသလား။ မြန်မာနိုင်ငံအတွင်းက လက်ရှိ ဖြစ်ပေါ်ပြောင်းလဲမှုတွေ အပေါ် ဘယ်လောက်အထိ ယုံကြည်စိတ်ချမှု ရှိပါသလဲ။
ဖြေ။ ။ အခြေခံကျကျပြောရမယ်ဆိုရင်တော့ နော်ဝေနိုင်ငံဟာ ဥရောပသမဂ္ဂက ဆောင်ရွက်နေတာတွေအတိုင်း လိုက်ပါဆောင် ရွက်နေတာပါ။ မြန်မာပြည်မှာ နာဂစ်မုန်တိုင်းတိုက်ခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလကစလို့ ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ နော်ဝေ ဖွံ့ဖြိုးရေး ဝန်ကြီး က တက်တက်ကြွကြွနဲ့ ကမကထပြု ဆောင်ရွက်နေတာ တချို့ရှိပါတယ်။ ဒါပေမယ့် သူတို့က အတိုက်အခံထက်စာရင် ဗိုလ်ချုပ် ကြီးတွေနဲ့ ပြောဆိုဆွေးနွေးဖို့ ပိုစိတ်ဝင်စားကြတယ်လို့ ကျနော် ခံစားမိပါတယ်။ ဒါကြောင့် ကျနော်တို့ သူတို့ကို အကြံပြုတာက ခင်ဗျားတို့အနေနဲ့ မြန်မာပြည်မှာ အပြောင်းအလဲတွေဖြစ်စေချင်ရင် ဗိုလ်ချုပ်ကြီးတွေနဲ့ စကားပြောရမယ်၊ ဒါပေမယ့် အတိုက်အခံ ကိုလည်း မမေ့ရဘူး ဆိုတာပါပဲ။
ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှု ရှိချင်မှ ရှိတော့မှာဆိုပြီး သံတမန်တချို့က နိုင်ငံတကာမှာ ထုတ်ဖော်ပြောကြတဲ့ ကာလတခု ရှိခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ အဲ့ဒီလိုပြောကြတာကို ကျနော်ကတော့ ကျနော့်အခေါ် မြန်မာ့အရေး မောပန်းနွမ်း လျမှု (Burma Fatigue) လို့ မြင်ပါတယ်။ ဘာမှ အပြောင်းအလဲမဖြစ်တာကို စောင့်နေရတဲ့အပေါ် နိုင်ငံရေးသမားတွေနဲ့ သံတမန် တွေလည်း စိတ်ပျက်လာကြပြီကိုး။ ဒါပေမယ့် နော်ဝေဖွံ့ဖြိုးရေးဝန်ကြီးရဲ့ ဆောင်ရွက်ချက်တွေကတော့ လိုတာထက် အများကြီးပို သွားတယ်လို့ ကျနော်ထင်ပါတယ်။
နော်ဝေ အစိုးရကလည်း အခုဆိုရင် မြန်မာ့အရေးမှာ အခြားနိုင်ငံတွေထက် အရှေ့ကို ပိုရောက်ချင်နေတာပါ၊ ဒါကြောင့်လည်း မြန်မာအစိုးရနဲ့ တိုင်းရင်းသား အင်းအားစုတွေအကြား စေ့စပ်ဆွေးနွေးမှုတွေ စတင်ဖြစ်လာဖို့ရည်ရွယ်တဲ့ ငြိမ်းချမ်းရေး ပဏာမ ခြေ လှမ်းတရပ်ကို တင်ပြခဲ့တာပေါ့။ ဒီလုပ်ငန်းစဉ်ရဲ့ ရည်ရွယ်ချက်က ကောင်းတယ်လို့ ကျနော်ထင်ပါတယ်၊ ဒါပေမယ့် လုပ်ငန်း အကောင်အထည်ဖော်မှုက သိပ်ကောင်းတယ်ရယ်လို့တော့ ကျနော် မယုံကြည်ပါဘူး။ ကျနော်တို့ နော်ဝေတွေက စေတနာ သိပ်ကောင်းကြတယ်၊ ဒါပေမယ့် ပြဿနာက ကျနော်တို့မှာ အမြဲတမ်းဆိုသလို အချက်အလက် သေသေချာချာ မသိတာနဲ့ ကမ္ဘာကြီး ရဲ့ အခြားအစိတ်အပိုင်းတွေက ရှုပ်ထွေးနက်နဲမှုကို နားမလည်တာပါပဲ။
ဥပမာ – နော်ဝေ ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Norwegian Agency for Development Cooperation – Norad) က တာဝန်ယူဆောင်ရွက်ခဲ့တဲ့ သီရိလင်္ကာငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုရင် ဆုံးရှုံးမှုတွေ အများကြီးရှိခဲ့တာပါ။ နော်ဝေတွေကြောင့်လို့ ကျနော်မပြောလိုပါဘူး၊ ဒါပေမယ့် အဲ့ဒီနိုင်ငံရဲ့ ရှုပ်ထွေးနက်နဲတဲ့အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်သာစေခဲ့ပါတယ်။
မေး။ ။ နော်ဝေ စီးပွားရေးလုပ်ငန်းတွေမှာ ကျင့်ဝတ်နဲ့ပတ်သက်ပြီး သိပ်ကိုမြင့်မားတဲ့ စံချိန်စံညွန်းတွေရှိပါတယ်။ ဆိုတော့ အဲ့ဒီ လုပ်ငန်းတွေက မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဘယ်လိုမျိုး အတားအဆီးတွေနဲ့ ကြုံရပါမလဲ။
ဖြေ။ ။ အဓိက စိန်ခေါ်မှုကတော့ ဘယ်လို နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲမှုမျိုးထဲကို သူတို့ ဝင်ရောက်သွားတယ်ဆိုတာ နား လည် ဖို့ပါပဲ။ သူတို့အနေနဲ့ ဒေသဆိုင်ရာဗဟုသုတ ရှိရမယ့်အပြင် မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု အခြေအနေ တွေကိုလည်း သေသေချာချာ သိဖို့လိုပါတယ်။ တခြားတဖက်မှာလည်း မြင့်မားတဲ့ ကျင့်ဝတ်နဲ့ဆိုင်ရာ စံချိန်စံညွန်းတွေကို သူတို့ ကိုင်စွဲထားပြီး သူတို့အခေါ် ကော်ပိုရေးရှင်း လူမှုတာဝန်ဝတ္တရား(Corporate Social Responsibility) ကို ထိန်းသိမ်းမယ့် ဌာန တွေ လည်း သူတို့မှာ ရှိကြပါတယ်။
ပထမဆုံး မြန်မာပြည်ထဲသွားကြမယ့် ကုမ္ပဏီတွေကတော့ လုပ်ငန်းလည်ပတ်မှုတွေ ကမ္ဘာတလွှားမှာရှိနေကြတဲ့ Statoil နဲ့ Telenor လို ကုမ္ပဏီကြီးတွေဖြစ်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ သူတို့က လောလောဆယ် အိန္ဒိယမှာ အခက်အခဲ တစုံတရာ ရှိနေတာပါ။ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားမှာလည်း သူတို့လုပ်ငန်းတွေရှိပါတယ်။ သူတို့မှာ မြင့်မားတဲ့ ကျင့်ဝတ်ဆိုင်ရာနဲ့ လုပ်ငန်း လည်ပတ်မှုပိုင်းဆိုင်ရာ စံချိန်စံညွန်းတွေရှိတယ်ဆိုတော့ လိုအပ်ချက်တွေ အများကြီးရှိနေတဲ့ ခက်ခက်ခဲခဲ အနေအထား တခုဆီ သွား ကြတယ်ဆိုတာကို သူတို့ နားလည်သဘောပေါက်မယ်လို့ ကျနော်ထင်ပါတယ်။
ဥပမာ – နော်ဝေ ရေနံလုပ်ငန်းမှာ ဆိုရင် နိုင်ငံစုံမှာသွားပြီး ရင်းနှီးမြှုပ်နှံ အလုပ်လုပ်ကြတဲ့ ကုမ္ပဏီတွေကို ကြီးကြပ်ကွပ်ကဲတဲ့ အပိုင်းမှာ အရေးပါတဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ ကုမ္ပဏီတွေက အစိုးရကို ထိန်းချုပ်တာလို့ တချို့က ပြောကြပါလိမ့်မယ်၊ ဒါပေ မယ့် နော်ဝေလူမျိုးတွေရဲ့ တကယ်လက်တွေ့ဆောင်ရွက်မှုကို ကြည့်မယ်ဆိုရင်တော့ ကျနော်တို့မှာ အတွေ့အကြုံ အများကြီး ရှိတာပါ၊ ကျနော်တို့မှာ ကုမ္ပဏီတွေနဲ့ ဘယ်လိုအလုပ်လုပ်ရမယ်ဆိုတဲ့ နှစ် ၅၀ အတွေ့အကြုံ ရှိပါတယ်။
ကျနော်တို့ NBC အနေနဲ့ မြန်မာပြည်အရေးကူညီနေကြတဲ့ အခြားအလှူရှင်တွေနဲ့အတူ လုပ်ငန်းတွေ ဆက်စပ်ဆောင်ရွက်နေပါ တယ်။ သူတို့ကတော့ မြန်မာအလှူရှင်များဖိုရမ် (Burma Donors’ Forum) လို့ ကျနော်တို့ခေါ်ကြတဲ့ ဖိုရမ်မှာ ကျနော်တို့ ပူးပေါင်း ဆောင်ရွက်နေကြတဲ့ နိုင်ငံတကာက အလှူရှင်တွေပါ။ မြန်မာတွေ လုပ်ရည်ကိုင်ရည်ရှိလာဖို့အပြင် လာရောက် ရင်းနှီးမြှုပ်နှံ အလုပ် လုပ်ကြတဲ့ ကုမ္ပဏီတွေကို ဘယ်လို စောင့်ကြည့်စစ်ဆေးမယ်ဆိုတာတွေအတွက် ကျနော်တို့ ကူညီသွားမှာ ဖြစ်ပါတယ်။ နော်ဝေမှာတော့ NBC အနေနဲ့ ကုမ္ပဏီတွေကို စောင့်ကြည့်စစ်ဆေးပြီး အကြံဉာဏ်ပေးတာတွေ လုပ်နိုင်ပါတယ်။
လောလောဆယ်မှာတော့ NBC က ဘယ်အခန်းကဏ္ဍမှာ ရှိသင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး ကျနော်တို့ကြားမှာလည်း ဆွေးနွေး နေကြ ပါတယ်။ ကျနော်တို့အနေနဲ့ အနည်းနဲ့အများဆိုသလို မြန်မာပြည်အရေးအတွက် လှုံ့ဆော်စည်းရုံးတာနဲ့ ကူညီထောက်ပံ့တဲ့ အလုပ် တွေပဲ လုပ်ခဲ့တာရယ်၊ ပြည်တွင်း အခြေအနေတွေက အပေါင်းလက္ခဏာ ပိုဆောင်လာတာရယ်တွေကြောင့် အခုလို ဆွေး
နွေးနေကြတာဖြစ်ပါတယ်။ လက်ရှိအနေအထားက တောင်အာဖရိကမှာ အသားရောင်ခွဲခြားမှု ဆန့်ကျင်ရေး ကာလတုန်းကနဲ့ သွားတူနေတယ်။ အဲ့ဒီတုန်းကဆိုရင် တောင်အာဖရိကမှာ အပြောင်းအလဲလည်းဖြစ်ရော ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားတယ် လေ၊ အခြေအနေတွေက ပြောင်းသွားတာကိုး။ ဒါကြောင့် ကျနော်တို့အနေနဲ့လည်း အခြေအနေကို သေသေချာချာတွက်ဆပြီး အနေအထားသစ်အောက်မှာ ကျနော်တို့အလုပ်တွေကို ဆက်လုပ်ရမှာဖြစ်ပါတယ်။ ကျနော်တို့ လုပ်နိုင်တာတွေအများကြီးပါ၊ အောက်ခြေ အဆင့်မှာလည်း လုပ်နိုင်ပါတယ်။
မေး။ ။ နိုဘဲလ်ဆု လက်ခံတဲ့ မိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အလှူရှင်တွေရဲ့ မောပန်းနွမ်းလျမှု(Donor Fatigue) ဆိုတာကို ထည့်သွင်းပြောကြားသွားပြီး ငွေကြေးအကူအညီတွေကို မလျှော့ချဖို့ အလှူရှင်တွေကို မေတ္တာရပ်ခံသွားခဲ့ပါတယ်။ နော်ဝေဟာ မြန်မာဒုက္ခသည်တွေနဲ့ ပြည်ပရောက် အတိုက်အခံတွေကို အများဆုံးကူညီတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ အခုလို ဒေါ်အောင်ဆန်းဆုကြည် ပြောသွားတာနဲ့ပတ်သက်ပြီး အခြား အလှူရှင်တွေကို ဘာများ ပြောလိုပါသလဲ။
ဖြေ။ ။ ၂၀၀၆ ခုနှစ်ကစပြီး ဒီမိုကရက်တစ် မြန်မာ့အသံ(DVB) ဘုတ်အဖွဲ့မှာ ဥက္ကဌအဖြစ် တာဝန်ယူခဲ့တာမို့ ကျနော့်အနေနဲ့ ပြော နိုင်တာကတော့ ပြည်ပအခြေစိုက် မြန်မာမီဒီယာတွေအကုန်လုံးလိုပဲ DVB မှာလည်း အလားတူ စိန်ခေါ်မှုမျိုးနဲ့ ကြုံနေရတယ် ဆိုတာပါပဲ။ ဘယ်အရာမှ သေချာမမြဲဘဲ ငွေကြေးအကူအညီကလည်း တစထက်တစ ပိုပြီး အာမခံချက်နည်းလာတဲ့ စပ်ကူးမတ်ကူး အနေ အထားမှာ ရောက်နေတာ ဖြစ်ပါတယ်။ အခုအချိန်ထိတော့ DVB က အရင်တလျှောက်လုံး ပေးခဲ့တဲ့ အလှူရှင်တွေဆီကနေ ငွေကြေး အကူအညီ ရနေတုန်းပါ၊ ဒါပေမယ့် DVB ရဲ့ ရေဒီယိုနဲ့ တီဗီ အစီအစဉ်တွေကို မထိခိုက်ဘဲ မြန်မာပြည်အသွင်ကူးပြောင်းမှုကို ဘယ်လို ပံ့ပိုးနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး ကျနော်တို့ သူတို့နဲ့ ညှိနှိုင်းလိုပါတယ်။
ဒါတွေက အစိုးရပိုင်းမဟုတ်တဲ့ ငွေကြေးအလှူရှင်တွေပါ။ အစိုးရအဆင့်နဲ့ ဖွံ့ဖြိုးရေးအကူအညီပေးတဲ့ အလှူရှင်တွေအတွက်တော့ သူတို့ပြောတာလည်း မှန်ပါတယ်။ မြန်မာပြည်ထဲ မြန်မြန်ဝင်ကြဖို့ သူတို့အစိုးရတွေက သူတို့ကို တွန်းနေတာကိုး။ နော်ဝေငြိမ်းချမ်း ရေး ပဏာမခြေလှမ်း (Norwegian Peace Initiative) ဆိုတာလည်း မြန်မာပြည်ထဲသွားမယ့် လှုပ်ရှားမှုရဲ့ အစိတ်အပိုင်းတခုလို့ ကျနော် မှန်းဆမိပါတယ်။ ဒါကြောင့် ကိုယ်တည်ဆောက်ထားပြီးတဲ့အရာတခုကို လွယ်လွယ် မဖြတ်ချလိုက်သင့်ဘူးဆိုတာရယ်၊ ပြီး တော့ ကိုယ်ဘယ်လောက်ထိ ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်မလဲဆိုတာ တကယ်မသိတဲ့ အခြေအနေတခုထဲကို အလျင်စလို ဝင်ရောက် သွားတာမျိုး မလုပ်သင့်ဘူးဆိုတာရယ်တွေကို ကျနော်တို့ အပါအ၀င် အခြားလူ အတော်များများက အလေးအနက်ထားပြီး ထောက်ပြ ပြောဆို နေကြတာပါ။
လူတွေ သိပ်အများကြီးမပြောဖြစ်ကြတဲ့ ကဏ္ဍတခုလည်းရှိတယ်လို့ ကျနော်ထင်ပါတယ်။ အဲ့ဒါကတော့ ထိုင်း-မြန်မာနယ်စပ်မှာ နေ ခဲ့ကြတဲ့ မြန်မာပညာတတ်အတော်များများမှာ တိုင်းရင်းသားအင်အားစုတွေနဲ့ အပြန်အလှန်ထိတွေ့ဆက်ဆံတဲ့ နှစ်ပေါင်း ၂၀ အတွေ့ အကြုံ ရှိနေကြတယ်ဆိုတာပါပဲ။ ဒီလို နက်ရှိုင်းတဲ့ အတွေ့အကြုံ ဒါမှမဟုတ် ရှုပ်ထွေးနက်နဲတဲ့ တိုင်းရင်းသားကိစ္စတွေ အပေါ် နားလည်မှုဟာ သိပ်အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။
မေး။ ။ သမ္မတ ဦးသိန်းစိန်ကို ဗြိတိန်နိုင်ငံ အလည်လာဖို့ ဗြိတိသျှအစိုးရက ဖိတ်ကြားခဲ့ပါတယ်။ နော်ဝေ အစိုးရက သူ့ကိုဖိတ်မယ် ဆိုရင်ရော အဲ့ဒီအစီအစဉ်ကို သဘောတူပါသလား။
ဖြေ။ ။ သိပ်သဘောတူတာပေါ့။ တကယ်တမ်းပြောရရင် မြန်မာအစိုးရကိုယ်စားလှယ်တွေ နော်ဝေနိုင်ငံကို အသုတ်လိုက် လာနေကြ တာပါ။ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းဆိုရင် ဒီနိုင်ငံရောက်ပြီးပါပြီ။ လွှတ်တော်အမတ်တွေနဲ့ စက်မှုဝန်ကြီးဌာနနဲ့ ပြန်ကြားရေးဝန်ကြီးဌာနက အရာရှိတွေပါတဲ့ ကိုယ်စားလှယ်အဖွဲ့လည်း အသံလွှင့်လုပ်ငန်းနဲ့ဆိုင်တဲ့ သဘောတရားတွေကို လေ့လာဖို့ စကင်ဒီနေဗီးယားနိုင်ငံ တွေကို ခရီးလှည့်တဲ့အချိန်တုန်းက ဒီနိုင်ငံကို ရောက်ခဲ့ပါတယ်။ တစုံလုံးဆိုင်ရာ စဉ်းစားချက်ကတော့ စေ့ စပ် ညှိနှိုင်းချင်တယ်ဆိုရင် အစိုးရနဲ့ စကားပြောသင့်တယ် ဆိုတာပါပဲ။ သမ္မတ ဦးသိန်းစိန် နော်ဝေနိုင်ငံကို ရောက်လာခဲ့မယ် ဆိုရင် သိပ်ကို အကျိုးရှိမယ်လို့ ကျနော်ထင်ပါတယ်။
သူတို့အနေနဲ့ အချိန်အကြာကြီး ဘယ်မှ မသွားခဲ့ရတာမို့ နိုင်ငံတကာကို ခရီးလှည့်လည်နိုင်တဲ့အပေါ် မြန်မာနိုင်ငံရေးသမား အများ စုနဲ့ အရာရှိအများစုက ဝမ်းသာကြမှာ အမှန်ပါပဲ။ ဒါပေမယ့် ခရီးသွားတာလောက်ပဲ မဖြစ်သင့်ပါဘူး။ ဥပမာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခရီးစဉ်တုန်းကဆိုရင် သူက မြန်မာနိုင်ငံ တိုးတက်လာအောင် ကူညီဖို့ ဥရောပနိုင်ငံတွေကို မေတ္တာရပ်ခံတိုက်တွန်းခဲ့ပါတယ်။ သူ့ကို ကြိုဆိုကြတဲ့အနေအထားက မြန်မာ အစိုးရအတွက် ဝမ်းသာစရာမဟုတ်မှန်း ကျနော်သိပါတယ်။ ဒါပေမယ့် အခြေခံကျကျပြော ရမယ် ဆိုရင်တော့ ဒါဟာ မြန်မာပြည်အတွက် ကောင်းတာပါပဲ။ ။
Norway: Getting Ahead of Itself in Burma? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
http://burma.irrawaddy.org/archives/15813

KNPP တရားဝင်ဆက်ဆံရေးရုံး ဖွင့်လှစ်ပြီ
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ မြန်မာအစိုးရနှင့် တရားဝင်ဆက်သွယ် ဆက်ဆံနိုင်ဖို့ ယနေ့ မနက် (၈) နာရီချိန်တွင် ဆက်ဆံရေးရုံးကို လွိုင်ကော်မြို့မှာ တရားဝင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။
လွိုင်ကော်မြို့၌ KNPP ဆက်ဆံရေးရုံးဖွင့်လှစ်စဉ် (ဓါတ်ပုံ-KnIC)
ဆက်ဆံရေးရုံးကို ဖွင့်ပွဲအခမ်းအနားဖြင့် လွိုင်ကော်မြို့ ဒေါဥခုရပ်ကွက် အိမ်အမှတ် (၁၈) တွင် နာရီဝက်အကြာ ကျင်းပပြုလုပ်ကြပါတယ်။
တရားဝင်ဆက်ဆံရေးရုံးဖွင့်လှစ်ရတဲ့ အဓိကရည်ရွယ်ချက်ကိုတော့ KNPP ဗဟိုကော်မတီဝင်တဦးလည်းဖြစ် လွိုင်ကော်မြို့ဆက်ဆံရေးရုံးရဲ့ တာဝန်ခံလည်းဖြစ်တဲ့ ခူဒယ်နီယာက ယခုလိုပြောပါတယ်။
ခူဒယ်နီယာက “တဖက်နဲ့တဖက်ယုံကြည်မှုရှိဖို့ တပ်ကိစ္စတွေ အဖွဲ့ဝင်ကိစ္စတွေ ညှိနှိုင်းဖို့ ဒါကတော့ ရည်ရွယ်ချက်ဖြစ်တယ်။ အဓိကရင်းရင်းနှီးနှီး ဆက်ဆံဖို့ပါဘဲ။ တောင်းဆိုထားတဲ့အချက်အလက်ပေါ်မှာ လိုက်နာဆောင်ရွက်မှုရှိမရှိ ဒါကရည်ရွက်ချက်တွေဘဲ” လို့ ပြောပါတယ်။
ရှေ့ဆက်လုပ်ငန်းစဉ်တွေအနေနဲ့တော့ “ဒီ ငြိမ်းချမ်းရေးကို ဘယ်လိုထိန်းသိမ်းမလဲ တဖွဲ့နဲ့တဖွဲ့ တပ်သွားလာမှုတွေကို ဘယ်လိုအကြောင်းကြားပြီးသွားလာကြမလဲ ဆိုတာတွေရှေ့ဆက်လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့ပဲ” လို့ ခူဒယ်နီယာက ဆက်ပြောပါတယ်။
ဖွင့်ပွဲအခမ်းအနားကို ပြည်နယ်အစိုးရဝန်ကြီးချူပ်နဲ့ ဝန်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့တွေနဲ့ ဒေသခံလူထုများအားလုံး လူဦးရေ ၁၀၀ ကျော်ကျော် တက်ရောက်ကြပါတယ်။
ရှားတောမြို့နဲ့ ဖားဆောင်းမြို့တွေမှာထားရှိမည့် KNPP ဆက်ဆံရေးရုံးကိုလည်း ယခုလ ၂၇ ရက်နဲ့ ၃၀ ရက်နေ့တွေမှာ တရားဝင်ဖွင့်လှစ်သွားမည်လို့ သိရှိရပါတယ်။
http://www.ktimes.org/index.php/rokstoriesnews/277-knpp-communication-office-opening

Tuesday, July 24, 2012
Ongoing Impunity continued Burma army atrocities against Kachin people
Type the rest of your post here.
ရိုဟင်ဂျာပြသနာ၊ လူ့ အခွင့်အရေးနှင့် အမျိုးသား ဂုဏ်သိက္ခာ။
အောင်ထူး(ရှေ့ နေ) - 24 July 2012
ရိုဟင်ဂျာပြသနာနှင့် ဆက်စပ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် နိုဘယ်ဆုနဲ့ မထိုက်တန်ကြောင်း လူသိရှင်ကြား စွပ်စွဲချက် ပေါ်ထွက်လာခဲ့သည်။
မနေ့ ကမှဖြစ်သော ဇူလိုင်လ ၂၃ ရက် နေ့ တွင် အယ်လ်ဂျာဇီးရား နိုင်ငံ တကာ ရုပ်သံလွှင့်ဌာနမှ ရိုဟင်ဂျာလူထုများ ဘ၀ပျက်နေကြသည့် ပုံများ၊ စခန်းအတွင်းနေထိုင်ရာ တွင်လည်း အကူအညီများ မရရှိ၍ စားရမဲ့သောက်ရမဲ့ ဖြစ်နေပုံ များ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ လှေဖြင့်ကူးပြေးရန် ကြိုးစားသော်လည်း အဆိုပါ နိုင်ငံရှိအာဏာပိုင်များက လက်မခံ ဘဲ ထမင်းထုပ်တယောက်တထုပ်ပေး၍ ရေထဲသို့  ပြန် မောင်းထုတ်လိုက်သဖြင့် အော်ဟစ်ငိုကြွေးကာ လှေပေါ်ပြန် တက်သွားကြရသည့် ပုံများကို အချိန်အတော်ကြာ ထုတ်လွှင့်ပြသခဲ့သည်။
တဆက်တည်းတွင် အယ်လ်ဂျာဇီးရား နိုင်ငံတကာ ရုပ်သံလွှင့်ဌာနက ရိုဟင်ဂျာပြသနာကို လေ့လာလုပ်ဆောင်လျှက်ရှိ သော ကုလသမဂ္ဂမှအပါအ၀င် ပုဂ္ဂိုလ်အချို့ ကို အင်တာဗျူး လုပ်ပြီးတင်ပြသွားခဲ့သည်။ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ (Human Rights Watch) မှ Brad Addam က အစိုးရအာဏာပိုင်များသည် ဇွန်လ ၁၂ ရက်နေ့မှစပြီး ဘက် တဘက် မှ ရပ်တည်ကာ ရိုဟင်ဂျာများအပေါ် ရက်စက်မှုကျူးလွန်ခဲ့ကြောင်း တိတိကျကျ ပြော သွားခဲ့သည်။
လန်ဒန်မြို့၌ အခြေစိုက်ပြီး ရိုဟင်ဂျာဆိုင်ရာ နိုင်ငံရေးသုံးသပ်သူ ဟု အမည်ခံထားသူ မိုဟာမက် နူး (Mohamed Nour) ဆိုသူက နိုင်ငံကြီးများသည် ဤသို့သော ကျူးလွန်မှုကြီးများကို နုတ်ဆိတ်နေကြောင်း၊ မြန်မာနိုင်ငံ အတွင်းဝင် ၍ စီးပွားရေး နှင့် အခြားလုပ်ငန်းကိုင်ငန်းများ လုပ်ခြင်သောကြောင့်ဖြစ်ကြောင်း၊ ရိုဟင်ဂျာများ အပေါ် ကိုင်တွယ်မှုများ နှင့် စပ်လျှဉ်း၍ အောင်ဆန်းစုကြည် သဘောတူညီပြီးဟူ၍ ဦးသိန်းစိန်က ထုတ်ဖေါ်ပြောဆိုခဲ့ ကြောင်း၊ ရိုဟင်ဂျာ အရေး အပေါ် အောင်ဆန်းစုကြည်သည် မျက်စိမှိတ်ထားလျှက်ရှိကြောင်း၊ အောင်ဆန်း စုကြည်သည် နိုဘယ်ဆုနှင့် မထိုက်တန်ကြောင်း နိုင်ငံတကာရှေ့တွင် ပေါ်ပေါ်ထင်ထင် စွပ်စွဲပြောဆိုသွားခဲ့သည်။
မြန်မာစကားပုံ တခုရှိပါသည်။ အပျက် အပျက်နှင့် နှာခေါင်းသွေးထွက်တော့မည် ဟူ၍ ဖြစ်သည်။ ရိုဟင်ဂျာအရေး နှင့် စပ်လျှဉ်း၍ မှန်မှန်ကန်ကန် ရပ်တည်ကိုင်တွယ်နိုင်ခြင်း မရှိလျှင် ဒေါ်အောင်ဆန်းစုကြည်သာမက တိုင်းရင်းသားပေါင်း စုံ လူမျိုးစုများအားလုံး နှင့် တိုင်းပြည်ပါ ဂုဏ်သိက္ခာ ကျဆင်းပါတော့မည်။ ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းပြု၍ မြန်မာနိုင်ငံကို ကမ္ဘာကပိုပြီး သိလာသည်ဟူ၍ ၀င့်ကြွားနေကြသည့်အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ပင် စတင် လက်ညှိုး ထိုးခြင်းခံရကာ တမျိုးသားလုံးဂုဏ်သိက္ခာ ညှိုးခြုံးရမည့် အခြေအနေသို့ ရောက်သွားမှာ စိုးရိမ်မိပါသည်။ ဤ အချိန် တွင် ပြသနာ၏ အခြေအမြစ်ကို ခေါင်းအေးအေးထား၍ စေ့စေ့စပ်စပ် လေ့လာရန် လိုအပ်လာပါသည်။ အနာသိ လျှင် ဆေးရှိနိုင်ပါသည်။
ရိုဟင်ဂျာပြသနာအပေါ် လူ့အခွင့်အရေးရှုဒေါင့်မှနေ၍ နိုင်ငံတကာက စတင်ထောက်ပြဝေဘန်လာမှုများကို အဆိုးမြင် အနေဖြင့်မကြည့်သင့်ကြောင်း ဦးစွာတင်ပြလိုပါသည်။ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်း ကြီး၊ ငယ်၊ လတ် များသည် လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း မြန်မာနိုင်ငံအတွင်း၌ စစ်အစိုးရအဆက်ဆက် ကျူးလွန်ခဲ့သည့်ဆိုးဝါးပြင်းထန်သော ပြစ်မှုကြီးများနှင့် စပ်လျှဉ်း၍ ကျူးလွန်ခံခဲ့ရသော တိုင်းရင်းသားပေါင်းစုံ လူထုကြီး ဘက်မှ ရပ်တည်ကာ စစ်အစိုးရအား တောက်လျှောက်ပင် ဆန့်ကျင်ကန့် ကွက် ဝေဘန်ခဲ့ ကြ သည်ကို မမေ့သင့်ပါ။
နိုင်ငံ့လုံခြုံရေးလား၊ လူထု လုံခြုံရေးလား။
ဇူလိုင်လ ၂၀ ရက်နေ့ ဘီဘီစီ မြန်မာ့အရေး ကမ္ဘာ့အရေးဆွေးနွေးခန်းတွင် ကျောက်ဖြူမှ ရှေ့နေကြီးတဦးလည်းဖြစ်၊ စစ်အစိုးရတည်ထောင်ထားသော လွှတ်တော်တွင် အမတ်တဦးလည်းဖြစ်သူ ဦးဘရှိန်က ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ကို မပြင်သင့်ကြောင်းကန့်ကွက်ဆွေးနွေးရာ၌ ဥပဒေသက်သက် နှင့် ပြောလို့မရကြောင်း၊ နိုင်ငံ၏ ပကတိ အခြေအနေကို ကြည့်ရမည်ဖြစ်ကြောင်း၊ အိမ်နီးခြင်း ဘင်္ဂလားဒေ့ရှိနိုင်ငံမှာ လူဦးရေသန်း ၆၀ မှ သန်း ၁၆၀ အထိ ရှိနေပြီဖြစ်ကြောင်း၊ ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသား ဥပဒေသတ်မှတ်ချက်ထဲမှာ အကြုံးမ၀င်သူများရှိလျှင် ထိုသူများမှာ မိမိတို့ ဆီ ဘာကြောင့်ရောက်လာသလဲဟု မေးရမည်ဖြစ်ကြောင်း၊ နိုင်ငံ့လုံခြုံရေးမှာ အဓိကကျကြောင်း၊ အမေရိကန် ပြည်ထောင်စုကဲ့သို့သော ခေတ်မှီတိုးတက်သည့် နိုင်ငံကြီးမျိုးသည်ပင် လုံခြုံရေးကို အဓိက ထားရကြောင်း ဖြင့် ဆွေးနွေးသွားခဲ့သည်။ ဤအင်တာနက် http://youtu.be/esS0jgYGaLk တွင် ပြန်လည်နားထောင်နိုင်ပါသည်။
စာရေးသူသည် ထိုဆွေးနွေးပွဲတွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ အပေါ် နိုင်ငံတကာ ဥပဒေနှင့် ပြည်တွင်းဥပဒေ အခြေခံများအပေါ်မှသာ ဇောင်းပေးဆွေးနွေးခဲ့သဖြင့် ဦးဘရှိန် တင်ပြခဲ့သည့် နိုင်ငံ့လုံခြုံရေး ရှုဒေါင့်မှ ဆွေးနွေးချက်ကို တုန့်ပြန်ရန် အချိန်မရခဲ့ပါ။ တကမ္ဘာလုံးက စောင့်ဆိုင်းကြည့်ရှုလျှက်ရှိသော နိုင်ငံတကာ သတင်းဌာနကြီးတခုက ယမန်နေ့က ရိုဟင်ဂျာပြသနာကို အတော်ပင်အချိန်ပေးကာ မီးမောင်းထိုးလာသည့်အချိန်၌ လူထုများအတွင်း မှန်ကန် သည့် အယူအဆများ ရှိလာနိုင်စေရေးအတွက် ဦးဘရှိန်၏ နိုင်ငံ့လုံခြုံရေးအယူအဆကို တုန့်ပြန်ဆွေးနွေးရန် လိုအပ် လာပါသည်။ အတွေး မှန်မှ အလုပ်မှန်မည်ဟု ယူဆသောကြောင့်ဖြစ်သည်။
နိုင်ငံ့လုံခြုံရေး ဟူသည်မှာ နိုင်ငံတခုကို အခြားနိုင်ငံတခုက သို့မဟုတ် အများက စစ်ပြုတိုက်ခိုက်ခြင်း၊ နိုင်ငံတခု၏ အချုပ်အခြာ အာဏာကို အခြားနိုင်ငံတခုက သို့ မဟုတ် အများကထိပါးစော်ကားခြင်းဟူ၍ ယေဘုယျအားဖြင့်နားလည် ပါသည်။ ယခုအချိန်အထိ ရိုဟင်ဂျာပြသနာသည် နိုင်ငံ့လုံခြုံရေးကို ထိခိုက်သည့်အဆင့် မရောက်သေးပါ။ နိုင်ငံ့လုံခြုံ ရေး ကို ထိပါးမှာစိုးရိမ်၍ ဟူသည်ကို အကြောင်းပြကာ ကြိုတင်ကာကွယ်သည့်အနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများ၊ ပြည်တွင်းဥပဒေများကို ချိုးဖေါက်ကျူးလွန်မှု မှန်သမျှကိုလည်း လက်မခံနိုင်ပါ။
အမေရိကန်ပြည်ထောင်စုအနေဖြင့် နိုင်ငံတကာရေးရာများကို ဆက်ဆန်လုပ်ဆောင်ရာတွင် ပြသနာများစွာ ကြုံတွေ့ ရပြီး ပြင်းထန်သောဝေဘန်ကန့်ကွက်မှုများ မကြာမကြာခံရသည်ကို တွေ့ရသည်။ သို့ရာတွင် အမေရိကန်ပြည်ထောင် စုသည် နိုင်ငံ့လုံခြုံရေးကို အဓိကထားသည်မှန်သော်လည်း နိုင်ငံ့လုံခြုံရေးကို အကြောင်းပြ၍ အစိုးရအနေဖြင့် မူဝါဒ ချ မှတ်ပြီး ပြည်တွင်း၌ မိမိနိုင်ငံအတွင်း ၀င်ရောက်လာသော လူမျိုးခြားကိုဖြစ်စေ၊ မွတ်ဆလင်နှင့် အခြားသာသာဝင်များ ကို ဖြစ်စေ ဆန့်ကျင်ကာ နိုင်ငံတကာလူ့ အခွင့် အရေးဥပဒေ များနှင့် ပြည်တွင်း ဥပဒေများကို ချိုးဖေါက်ကျူးလွန်သည် ဟူ၍ မကြားဘူးပါ။ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံကို ဖေါက်ခွဲပြီးအကြမ်းဘက်မှုကြီး ကို ကျူးလွန်ခဲ့သော မွတ် စလင် အစွန်းရောက် အယ်လ်ကိုင်းဒါးနှင့် အိုစမာဘင်လေဒင်အား နိုင်ငံတကာထွက်၍ ပြင်းထန် စွာ အရေးယူခဲ့သော် လည်း အမေရိကန်ပြည်ထောင်စုအစိုးရအနေဖြင့် ပြည်တွင်း၌ဖြစ်စေ၊ နိုင်ငံတကာ၌ ဖြစ်စေ၊ မွတ် ဆလင် ဘာသာ ဆန့်ကျင်ရေး လုပ်သည်ကို မတွေ့ရပါ။ ဦးဘရှိန်သည် နိုင်ငံ့လုံခြုံရေးအယူအဆကို သက်သေထူနိုင်အောင် အမေရိ ကန်ပြည်ထောင်စုအား ကိုးကားခြင်းမှာ အခြေအမြစ်မရှိပါ။
ရိုဟင်ဂျာလူထုများနှင့် ဆက်စပ်၍ ဖြစ်ပွားခဲ့သော ပြသနာအပေါ် (State Security) နိုင်ငံ့လုံခြုံရေး အမြင်ကို ကိုင်ကာ အကြမ်းဖက်သည့် နည်းလမ်း မကျင့်သုံးသင့်ပါ။ (Human Security) လူထုလုံခြုံရေး အမြင်ဖြင့်သာ ဖြေရှင်းဘို့ လိုပါ မည်။ ယင်းအမြင်ဖြင့် ဥပဒေ စိုးမိုးရေးကို ရှေ့ရှုပြီး ငြိမ်းချမ်းသည့် နည်းလမ်းကို အဓိက ထားဆောင်ရွက်မှသာ အမှန် ဆုံးဖြစ်ပါမည်။ ယင်းသို့မဟုတ်ဘဲ နိုင်ငံ့လုံခြုံရေးအမြင် ကို ကိုင်စွဲကာ အကြမ်းဖက်သည့် နည်းလမ်းဖြင့် ဖြေရှင်းခဲ့ သဖြင့် ယခုမူ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူတရပ်လုံးတွင် လူထု လုံခြုံရေး ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။ လူမျိုးရေး ပဋိပက္ခ အသွင် ဆောင်သွားပြီး တဘက်ကို တဘက် မုန်းတည်းမှု များ၊ မယုံကြည်မှုများ၊ ထိတ်လန့်မှုများ ခံစား နေ ကြရပြီ ဖြစ်သည်။ ဖြေရှင်းနည်း မမှန်ခဲ့သဖြင့် မကောင်းသည့်အကျိုးဆက်များပေါ်ခဲ့ပြီဖြစ်သည်။ ဤနည်းကို ဆက် လက်ကျင့်သုံးလျှင် ဘာသာရေးပဋိပက္ခ အဖြစ်သို့ ရောက်သွားနိုင်သည်။ ရိုဟင်ဂျာ သည် လူမျိုးတမျိုးဖြစ်ပါလျှက် အသိ အမှတ်မပြုဘဲထားသည်၊ အသိအမှတ်ပြုပေးရမည်ဟူ၍ ယခုအချိန်တွင် နိုင်ငံတကာကတောင်းဆိုနေခြင်း၊ ဖိအား ပေး နေခြင်း မဟုတ်ပါ။ ရိုဟင်ဂျာများ လူ့အခွင့်အရေးချိုးဖေါက်ခံနေရသည်၊ အစိုးရကိုယ်တိုင် ပါဝင်ကျူးလွန်နေသည် ဟု သာ ထောက်ပြနေခြင်းဖြစ်သည်။
သို့ရာတွင် အကြမ်းဘက်သည့် နည်းလမ်းကို ဆက်လက်ကျင့်သုံးခြင်းကြောင့် တဘက်နှင့်တဘက် အပြန်အလှန်သတ် ဖြတ်မှုများ ဆက်လက်ဖြစ်ပွားပြီး အခြားတဘက်တွင် စစ်အစိုးရ၏ဖန်တည်း ကျူးလွန်မှုများ ပိုမိုတိုးချဲ့ လုပ်ဆောင် လာ ပါကအခြေ အနေနှစ်မျိုးဖြစ်သွားနိုင်သည်။
တမျိုးမှာ ငါတို့မွတ်ဆလင်တွေ ဖိနှိပ်သတ်ဖြတ်ခံနေရသည်ဟု လှုံ့ဆော်မှုများ ပေါ်လာ ပြီး တကမ္ဘာလုံးရှိ မွတ်ဆလင် များက ရိုဟင်ဂျာနောက်တွင် ရပ်တည်သွားနိုင်သည်။ ရိုဟင်ဂျာအရေးမှ မွတ်ဆလင်အရေး သို့ကူးပြောင်းသွား နိုင် သည်။ မွတ်ဆလင်နိုင်ငံများက ရိုဟင်ဂျာများဘက်မှ ရပ်တည်အားပေးမှုများ ပေါ်ပေါ်ထင်ထင် လုပ်လာနိုင် သည်။ ဤ အခြေအနေသို့ရောက်သည့်အခါတွင်မှ တကယ်တန်း နိုင်ငံ့လုံခြုံရေး ထိခိုက်လာမည်။ လူထုလုံခြုံရေးမှာမူ တွေးရဲစရာ ပင် မရှိတော့။
အခြေအနေနောက်တမျိုးမှာ ရိုဟင်ဂျာများသည် လူမျိုးအဆင့်အတန်း မရထိုက်ပါဘဲလျှက် လူမျိုးအဖြစ် အတင်းတွန်း တင်သဖြင့် အစိုးရကိုယ်တိုင်က ပါဝင်ကျူးလွန်ခြင်းကြောင့် ဤသို့ သော သတ်ပွဲကြီးများ ဖြစ်ပွားရ သည်ဟု ဆိုလျှင် နိုင်ငံတကာ ဥပဒေအရ Genocide ခေါ် လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ရာရောက်သည်။ နိုင်ငံတကာ့အလယ်တွင် ဤသို့ စွပ်စွဲခံလိုက်ရလျှင်ပင် အမျိုးသားဂုဏ်သိက္ခာကျဆင်းလှပါသည်။ တကယ်ဆက်ကျူးလွန်လျှင်လည်း နိုင်ငံ တကာက တကယ်တန်း အရေးယူမှာသေချာသည်။ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်သည့်အဆင့် အထိ ရက်စက် ကြမ်းကြုတ်သော လူမျိုးများရှိသည့် နိုင်ငံဟု သဘောထားကာ နိုင်ငံခြားခရီသည်များကအစ ရှောင်သွားနိုင်သည်။ လူထု စီးပွားရေးဘ၀ တိုးတက်ရန် မမြှော်မှန်းနိုင်တော့။ ဤသည်မှာ အမျိုးသား အကျိုးစီးပွားအခြေခံမှ တင်ပြခြင်း လည်း ဖြစ်သည်။ အမျိုးသားရေးဟူသည်ကို ဤသို့စဉ်းစားသင့်ပါသည်။
ရိုဟင်ဂျာ၊ ရခိုင် အဓိကရုဏ်းအပေါ် ဘယ်လို ချည်းကပ်အဖြေရှာမလဲ။
စာရေးသူသည် ယခုဖြစ်ပွားခဲ့သည့် ရိုဟင်ဂျာ၊ ရခိုင် အဓိကရုဏ်းအပေါ် သုံးသပ်ရာတွင် သမိုင်းကြောင်းအရ ရိုဟင်ဂျာ သည် လူမျိုးတမျိုးဟုတ်၊ မဟုတ် အခြေခံမှ မချည်းကပ်ပါ။ မြန်မာနိုင်ငံ တနိုင်ငံလုံး၌စစ်အာဏာရှင်စနစ် ကျဆုံးကာ ဒီမိုကရေစီ စစ်မှန်စွာရရှိပြီး ရခိုင်ပြည်နယ်အတွင်း၌ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ စည်းရုံးခွင့်၊ စုဝေးခွင့်များ ရမှ သာ ကျယ်ကျယ်ပြန့်ပြန့်နက်နက်ရှိုင်း ဖေါ်ထုတ် လေ့လာ အမြင်ခြင်းဖလှယ်ဆွေးနွေးနိုင်ကြပြီး လူမျိုးတမျိုးဆိုသည် ကို မည်သို့ သော အခြေခံများဖြင့် သတ်မှတ်သင့် သည်ဟူသော အဓိပ္ပါယ်ကိုပါ လူထုအခြေခံဖြင့် ဖွင့်ဆိုနိုင်ကြပါမည်။ ထို့နောက်တွင် တိုင်းပြည်၏ အရေးကြီးလှသော ကိစ္စရပ်များ၌ပြည်လုံးကျွတ်ဆန္ဒခံယူ၍ ဆုံးဖြတ်ကြရမြဲ ဖြစ်သလို ရိုဟင်ဂျာအား လူမျိုးတမျိုးအဖြစ် သတ်မှတ်သင့် မသင့် ဟူသည်ကို ဆန္ဒခံယူပွဲဖြင့် ဆုံးဖြတ်၇န် လိုကောင်း လိုပါမည်။ မျက်မှောက်အချိန်တွင်မူ အတည်ပြုရန်အခက်အခဲရှိသော သမိုင်းအချက်အလက်ဆိုသည်များကို တင်ပြလာလျှင် ပုဂံ ရာဇ၀င်ကို တုတ်ထမ်း၍ ငြင်းရသည် ဆိုသကဲ့သို့  သူမှန်သည် ကိုယ်မှန်သည် အငြင်းပွားမှုများဖြင့် သာ အဆုံးသတ် သွားနိုင်မည် ဖြစ်သဖြင့် အကျိုးမရှိနိုင်ပါ။
သို့ ဖြစ်၍ ဥပဒေစိုးမိုးရေးနှင့် နိုင်ငံရေး (တနည်းအားဖြင့် စစ်အာဏာရှင်စနစ်က ကျင့်သုံးလေ့ရှိသည့် နိုင်ငံရေးလုပ်ဟန်) အခြေခံမှ ချည်းကပ်ပါမည်။ လူမျိုး (Ethnic Nationality) နှင့် နိုင်ငံသား (Citizen) တို့၏ ဆက်စပ်မှု နှင့် ကွားခြားမှု အား လွတ်လပ်ရေးရပြီးစ သမိုင်း ကြောင်း နောက်ခံမှ စတင် တင်ပြ ပါမည်။
လွတ်လပ်ရေးရပြီးစ အချိန်တွင် စတင်ကျင့်သုံးသော ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၁) ၌ သဘာဝ အလျှောက် နိုင်ငံသားဖြစ်ခြင်း နှင့် နိုင်ငံသားပြုခံရ၍ နိုင်ငံသားဖြစ်ခြင်း နှစ်ရပ်လုံးကို ပြဌာန်းထားသည်။
သဘာဝအလျှောက်နိုင်ငံသားဖြစ်ခြင်း
ပုဒ်မ (၁၁) (က) မြန်မာနိုင်ငံ တိုင်းရင်းသား တမျိုးမျိုး၏ မိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည် လည်းကောင်း၊
နိုင်ငံသားပြုခံရ၍နိုင်ငံသားဖြစ်ခြင်း
ပုဒ်မ (၁၁) (ဃ) ------ ၁၉၄၂ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့မှ အထက် အခြားမဲ့သော ဆယ်နှစ်အတွင်း ရှစ်နှစ်အောက် မယုတ်သောကာလ အဖို့ ပြည်ထောင်စုနိုင်ငံတွင် ပါဝင်လတ္တံ့သော အာဏာပိုင်နက် အတွင်း၌ နေထိုင်ခဲ့ ဘူးပြီးဖြစ်လျှင် ပြည်ထောင်စု နိုင်ငံအတွင်းတွင် ထာဝစဉ်နေထိုင်ရန် ကြံရွယ်ခဲ့သည်ဖြစ်၍၊ ထို့အပြင် တရားဥပဒေဖြင့်သတ်မှတ်သော အချိန်အတွင်းတွင် ထိုသို့သတ်မှတ်သော နည်းလမ်းနှင့် အညီ ပြည်ထောင်စု နိုင်ငံသား အဖြစ်ရွေးချယ်ခြင်းကို ထုတ် ဖေါ်သူတိုင်းသည် လည်းကောင်း၊
၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်ပါ ပြဌာန်းချက်ကို အခြေခံကာ သဘာဝ အလျှောက် နိုင်ငံ သားဖြစ် ခြင်း နှင့် စပ်လျှဉ်း၍ ၁၉၄၈ ခုနှစ် ပြည်ထောင်စု နိုင်ငံသားဖြစ်မှု အက်ဥပဒေတွင် အောက်ပါအတိုင်းပြဌာန်းထားသည်။
ပုဒ်မ (၃)။ ။(၁) အခြေခံဥပဒေပုဒ်မ ၁၁ အလို့ငှာ "မြန်မာနိုင်ငံ တိုင်းရင်းသား တမျိုးမျိုး” ဆိုသည် မှာ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင်၊ သို့တည်းမဟုတ် ရှမ်းလူမျိုးကိုလည်းကောင်း၊ ၁၈၂၃ ခုနှစ် (မြန်မာ သက္ကရာဇ် ၁၁၈၅ ခုနှစ်) မတိုင်မီ ကာလမှစ၍ ပြည်ထောင်စုတွင်ပါဝင်သော နယ်မြေတခုခု၌ မိမိတို့၏ပင်ရင်းတိုင်းပြည် အဖြစ်ဖြင့် အခြေစိုက်နေထိုင်ခဲ့သော မျိုးနွယ်စုများကို လည်းကောင်း ဆိုလိုသည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်ပါ ပြဌာန်းချက်ကို အခြေခံကာ နိုင်ငံသားပြုခံရ၍ နိုင်ငံသားဖြစ်ခြင်း နှင့် စပ်လျှဉ်း၍ ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ် ရွေးချယ်ရေး အက်ဥပဒေ တွင်အောက်ပါအတိုင်း ပြဌာန်းထား သည်။
ပုဒ်မ (၃)(ခ)။ ။ ၁၉၄၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ အထက် အခြားမဲ့သော ကာလအတွင်း ဆယ်နှစ်အတွင်း ရှစ်နှစ်အောက် မယုတ်သော ကာလအဖို့ ပြည်ထောင်စု မြန်မာနိုင်ငံ၏ အာဏာပိုင်နက်အတွင်း၌ နေထိုင်ခဲ့ဘူးသူ ဖြစ်ခြင်း။
ဗိုလ်ချုပ်နေ၀င်း ခေါင်းဆောင်သည့် စစ်အာဏာသိမ်းပြီးနောက် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ ၁၄၆ အရ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်း၊ နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းတို့ နှင့် စပ်လျှဉ်း၍ ဥပဒေအတိုင်း ဖြစ်စေရ မည်ဟု ပြဌာန်းခဲ့သည်။ နိုင်ငံသားဖြစ်ခွင့်ကို ဖွဲ့စည်းပုံတွင် ပြဌာန်းကာကွယ်စောင့်ရှောက်သည့် အဆင့်မှ လျှောကျ သွားပြီး အာဏာပိုင်တို့အလိုကျ ဥပဒေပြဌာန်းကျင့်သုံးသည့် အဆင့်သို့ ရောက်သွားခဲ့သည်။ ထို့နောက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ကို ထုတ်ပြန်ကာ လွတ်လပ်ရေးရပြီးခေတ်မှစ၍ တောက်လျှောက်ကျင့်သုံးလာခဲ့သော ၁၉၄၈ ခုနှစ် ပြည်ထောင်စု နိုင်ငံသားဖြစ်မှု အက်ဥပဒေကိုလည်းကောင်း၊ ၁၉၄၈ ခုနှစ်
ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ် ရွေးချယ်ရေး အက်ဥပဒေ ကိုလည်းကောင်း ရုပ်သိမ်းလိုက်သည်။
ဥပဒေ နှစ်ခုကို ဖျက်ပြီး တခုတည်း ပေါင်းလိုက်ခြင်းအားဖြင့် အကျိုးဆက်အဖြစ်တွေ့ ရသည်မှာ သဘာဝ အလျှောက် နိုင်ငံ သားဖြစ်ခြင်း နှင့် စပ်လျှဉ်း၍ အနှစ်သာရအရ ပြောင်းလဲ မသွားသော်လည်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ တွင် အောက်ပါ အားနည်းချက်ကြီးများကို တွေ့ရသည်။
(၁) မူလ ဥပဒေဟောင်းနှစ်ခုတွင် ပြဌာန်းထားသော တရားစီရင်ရေး၏ အရေးပါသော အခန်းကဏ္ဍကို ဖြုတ်လိုက်ပြီး နိုင်ငံသား ကိစ္စများနှင့် စပ်လျှဉ်း၍ အစိုးရ၀န်ကြီးများဖြင့် ဖွဲ့စည်းထားသည့် ဗဟိုအဖွဲ့တွင်သာ အဆုံးသတ်စေ သည်။
(၂) မူလ ဥပဒေဟောင်းတွင် နိုင်ငံခြားသားတဦးဦးအား နိုင်ငံသားပြုမှု လက်မှတ်ကို လျှောက်ခွင့်ပေးထားပြီး သတ်မှတ် ချက် တရပ်အနေဖြင့် တိုင်းရင်းသားဘာသာစကား တမျိုးမျိုးကို ပြောဆိုတတ်၇မည်ဟု ပါရှိခဲ့သည်။ ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသားဥပဒေ တွင်မူ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့မတိုင်မီ နိုင်ငံအတွင်း ရောက်ရှိနေထိုင်သူနှင့် ၄င်းတို့မှ မွေး ဖွားသည့်သားသမီးများကိုသာ လျှောက်ခွင့်ပေးသည်။
(၃) ဥပဒေသဘောအရ ရှုတ်ထွေးခြင်း၊ မပြည့်စုံခြင်း။
ဖျက်သိမ်းခဲ့သည့် ဥပဒေဟောင်းနှစ်ခုမှာကဲ့သို့ မဟုတ်တော့ဘဲ ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသားဥပဒေသည် ရှုတ်ထွေးပြီး သာမန်လူထုများ မျက်စိလည်အောင် ပြဌာန်းထားသည်။ ဤအချက်မှာ ဥပဒေကို လက်တွေ့ဖေါ်ဆောင်သော အခါ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများနှင့် အုပ်ချုပ်ရေးအာဏာပိုင် များ၏ လက်တွင်းသို့ ကျရောက်သွားစေသည်။၎င်းတို့နှင့် အလွမ်းသင့်လျှင် နိုင်ငံသားလက်မှတ်ကို အလွယ်တကူထုတ်ပေး လိုက်သည်။ အလွမ်းမသင့်လျှင် ဟိုစာရွက်တောင်း၊ သည် ထောက်ခံစာထပ်တောင်း နှင့် နှစ်ပေါင်းကြာအောင် အချိန်ဆွဲ ထားလိုက်သည်။ ဤဖြစ်စဉ်အတွင်း လာဘ်ပေး လာဘ် ယူ သည် ကြီးကြီးမားမား တည်ရှိလာပြီး နိုင်ငံအတွင်း တရားဝင် မရောက်ရှိသင့်သူပေါင်း မြောက်များစွာသည် လာဘ်ငွေများအပေါ်တံတားခင်းကာ ရောက်ရှိလာခဲ့သည်။ လာဘ်ပေးလာဘ်ယူ နှင့် စပ်လျှဉ်း၍ လွတ်လပ်သော အာရှ အသံတွင် ဆွေးနွေးထားသည့် အစီအစဉ်ကို ဤ အင်တာနက်http://youtu.be/fhgWJPFfc70 တွင် ပြန်လည်နားဆင် နိုင်ပါသည်။
လွတ်လပ်ရေးရစကရှိထားပြီးဖြစ်သော ရှင်းလင်းသည့် ဥပဒေနှစ်ခုကို ဖျက်သိမ်းကာ ရှုတ်ထွေးပြီး မပြည့်စုံသော ဥပဒေ ကို ပြဌာန်းခဲ့ခြင်း၊ ယင်းနှင့် ဆက်စပ်ကာ လူဝင်မှုကြီးကြပ်ရေးနယ်ပယ်တွင် တဖြေးဖြေးနှင့် လာဘ်ပေးလာဘ် ယူမှု ကြောက်ခမန်းလိလိကြီးထွားလာခြင်း၊ တတိုင်းပြည်လုံး၌လာဘ်ငွေများအပေါ်တံတားခင်းကာ တရားဝင် မရောက်ရှိ သင့်သူပေါင်း မြောက်များစွာ ရောက်လာခြင်း စသည်တို့ နှင့် စပ်လျှဉ်း၍ စစ်အာဏာရှင်စနစ် နှင့် အာဏာရယူအုပ်ချုပ် ခဲ့သော စစ်ခေါင်းဆောင်များတွင်တာဝန် ရှိပါသည်။ လာဘ်ပေးလာဘ်ယူပြသနာသည် န၀တ၊နအဖ ခေတ်တွင်ထိပ်ဆုံး သို့ ရောက်ခဲ့ရာ ယခုလက်ရှိ အာဏာရယူထားသူ စစ်ခေါင်းဆောင်ဟောင်းများအနက် တာဝန်ရှိမှုအရပြောလျှင် န၀တ အတွင်း ရေးမှုး (၂) အဖြစ်လည်းကောင်း၊ ၀န်ကြီးချုပ်အဖြစ်လည်းကောင်း နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သည့် လက်ရှိ သမတ ဦးသိန်းစိန်တွင် တာဝန်ရှိပါသည်။
ရိုဟင်ဂျာပြသနာသည်လည်းကောင်း၊ တရုတ်လူမျိုးများ မြန်မာနိုင်ငံအတွင်းသို့ သန်းတချို့ချီပြီးရောက်ရှိနေ ကြသည့် ပြသနာသည် လည်းကောင်း၊ ဤ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ၊ တရားစီရင်ရေး၏ ကြပ်မတ်မှုမရှိတော့ဘဲ အုပ်ချုပ်ရေး အာဏာ ပိုင်များက ထင်သလိုချယ်လှယ်လုပ်ကိုင်နေမှု၊ လာဘ်ပေးလာဘ်ယူစနစ်၊ စစ်အာဏာပိုင်များ၏ နိုင်ငံရေးအရ အသုံးချ ကစားခံ၇မှု စသဖြင့် အကြောင်းပေါင်းများစွာ ပေါင်းဆုံကာ တည်ရှိလာခဲ့သော ပြသနာဖြစ်သည်။ အရင်းခံမှာ စစ်အာ ဏာရှင်စနစ်ဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို ကျင့်သုံးသည့် အခြေခံတွင် အာဏာကို အုပ်ချုပ်ရေးကိုင်တွယ် သူ စစ် အာဏာပိုင်များကသာ ၇လိုခြင်း၊ ရှင်းလင်းသော လည်ပတ်မှုဖြစ်စဉ် မရှိခြင်း၊ တာဝန်ခံမှု မရှိခြင်း၊ ကြီးကြပ်မှု မရှိခြင်း၊ ပြည်သူလူထုတွင် မေးမြန်းပိုင်ခွင့်နှင့် သတင်းအချက်ရယူပိုင်ခွင့်ကို ဥပဒေနှင့် အညီကျင့်သုံးခွင့် မရခြင်း၊ ဥပဒေပြသနာ သာမက ဥပဒေစိုးမိုးရေးပြသနာပါတည်ရှိခြင်း အစရှိသည် တို့ ကြောင့်ဖြစ်သည်။
သို့ဖြစ်၍ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအောက်တွင် နိုင်ငံသားလက်မှတ်ရယူခြင်းမှာ စစ်ခေါင်းဆောင်များ၊ အုပ်ချုပ်ရေး အာဏာပိုင်များနှင့် နီးစပ်သူများ၊ ငွေကြေးတတ်နိုင်သူများ၊ စီးပွားရေးသမားများအတွက် လွန်စွာလွယ်ကူလှသော်လည်း သဘာဝ အလျှောက် နိုင်ငံသား မဟုတ်သူသာမန်လူထုများ၊ ငွေကြေးချို့တဲ့သူများ အတွက်အတော်ပင် အခက်အခဲ ကြီးမားခဲ့သည်။ ယင်းနှင့် ဆက်စပ်ကာ သဘာဝအလျှောက်နိုင်ငံသား စာရင်းဝင်သွားနိုင်သည့် လူမျိုးဖြစ်တည်မှုလှုပ်ရှား မှုမှာ အထူးသဖြင့် ၁၉၈၈ ခုနှစ်နောက်ပိုင်းမှစ၍ တဖြေးဖြေးနှင့် အရှိန်ယူလာခဲ့ကြောင်းတွေ့ရသည်။ တချိန်တည်းမှာပင် စစ်အာဏာရှင်စနစ်ကလည်း လူမျိုးဖြစ်မှသာ နိုင်ငံသားဖြစ်ရမည့် ဥပဒေကို ပြဌာန်းလာသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၄၅ ကို ကြည့်ပါ။
ပုဒ်မ ၃၄၅။ ။ အောက်ဖေါ်ပြပါ အရည်အချင်းတရပ်ရပ်နှင့် ပြည့်စုံသူများသည် နိုင်ငံသားများ ဖြစ် ကြသည်။
(က) မြန်မာနိုင်ငံ တိုင်းရင်းသားမိဘ နှစ်ပါးမှ မွေးဖွားသူ
(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြု ပြဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသား ဖြစ်ပြီးသူ။
၂၀၀၈ ဖွဲ့စည်းပုံပါ အထက်ပါ ပြဌာန်းချက်အရ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသော နိုင်ငံသားပြုခံရ၍ နိုင်ငံသားဖြစ်ခြင်း ဟူသည့် အနှစ်သာရသည် ပျက်သုဉ်းသွားခဲ့ပြီဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံကိုပါ တကယ်တန်း အတည်ပြုကျင့်သုံးသွားမည်ဆိုလျှင် တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူ မဟုတ်သူများသည် မည် သည့်အခါတွင်မျှ နိုင်ငံသား မဖြစ်နိုင်တော့။ နိုင်ငံသားပြုခံရ၍ နိုင်ငံသားဖြစ်ခြင်း အခြေခံသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက ချမှတ်ခဲ့ပြီး ကောင်းမွန်သောမူဖြစ်သည်။ တိုးတက်ဖွံ့ဖြိုးသော ဒီမိုကရေစီနိုင်ငံကြီးများတွင်လည်း ဤ မူကို လက်ခံကျင့်သုံးလျှက်ရှိကြသည်။ ယခုဤမူကို ဖျက်လိုက်ပြီ။ သို့ဖြစ်၍ နိုင်ငံသားဖြစ်နိုင်ရန် လမ်းကြောင်း တကြောင်းသာ ရှိတော့သည်။ မိမိတို့သည် တိုင်းရင်းသားလူမျိုးဖြစ်ပါသည်ဟူသည်ကို လိုအပ်သည်ထက် ပိုမို၍ တင် သွင်းသော လှုပ်ရှားမှုများပေါ်လာမည်။ ထိုသူတို့အား မူလကပင် အကြောင်းအမျိုးမျိုးဖြင့် အာဃာတ ရှိထားသော လူမျိုးကလည်း တန်ပြန်ဆန့်ကျင်သော လှုပ်ရှားမှုများ ပေါ်လာမည်။ သို့ဖြစ်၍လူမျိုးရေးပဋိပက္ခများတောက်လျှောက် ဆက်ရှိနေမည်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် လူမျိုးရေးပဋိပက္ခများ ပိုမိုကြီးထွားလာရန်သာ ရှိသည်။
နိုင်ငံတကာဥပဒေကို လိုက်နာဖေါ်ဆောင်ခြင်းဖြင့် ဥပဒေစိုးမိုးရေးကို တည်ဆောက်ခြင်း။
အရေးကြီးသော နောက်ထပ်ဥပဒေပြသနာတခုမှာ မိမိနိုင်ငံအနေဖြင့် အတည်ပြုလက်မှတ်ရေးထိုး ထားသော နိုင်ငံတကာ သဘောတူစာချုပ်ကို လိုက်နာရမည့်တာဝန်ဖြစ်သည်။ ဤသည်မှာ "လူ့အခွင့်အရေးကတော့ လိုက်နာနိုင်ရင်ကောင်းပါတယ်” ဟူ၍ ပြောရုံမျှဖြင့် မလုံလောက်တော့။ "လူ့အခွင့်အရေးကို တဘက်က စဉ်းစားပေါ့။ ကိုယ့်နိုင်ငံရဲ့ထူးခြားတဲ့အခြေအနေလည်း ကြည့်ရမယ်” ဟူ၍ ဆင်ခြေပေးပြီး မိမိတိုင်းပြည်က လက်မှတ်ရေးထိုင်း အတည်ပြုထားသော နိုင်ငံတကာ သဘောတူစာချုပ်ကို မလိုက်နာ၍မရ။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ သဘော တူစာချုပ်နှစ်ခုကိုသာ လက်မှတ်ရေးထိုး အတည်ပြုထားသည်။ တခုမှာ ကုလသမဂ္ဂ ကလေးအခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် ဖြစ်သည်။ နောက်တခုမှာ အမျိုးသမီးများအား ခွဲခြားဆက်ဆန်မှုပပျောက်ရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်ဖြစ်သည်။ ဤနှစ်ခုမျှသာ ရှိသော နိုင်ငံတကာသဘောတူစာချုပ်တို့ ကို လိုက်နာဘို့ မဆောင်ရွက်လျှင် မြန်မာနိုင်ငံသည် နိုင်ငံတကာအလယ်တွင် မည်ကဲ့သို့ မျက်နှာမော်မည်နည်း။ စစ်အစိုးရဖန်တည်း ထားသည့် လွှတ်တော်သည် ဤစာချုပ်များအား မည်ကဲ့သို့ လိုက်နာဖေါ်ဆောင်ဘို့ လိုအပ်ကြောင်း ဥပဒေကြောင်းအရ ဆွေးနွေးမှုများ ယခုအထိ မကြားရသေးပါ။ ဥပဒေစိုးမိုးရေးကို တတွတ်တွတ် ရွတ်နေသူများသည် အဘယ်ကြောင့် မသိခြင်ယောင်ဆောင်နေပါသနည်း။ စစ်မှန်သည့် ဥပဒေစိုးမိုးရေး အခြေခံမရှိလျှင် တိုင်းပြည် မည်သည့်အခါတွင်မျှ တကယ်တန်း တည်ငြိမ်နိုင်မည် မဟုတ်သည်ကို အသိအမှတ်မပြုကြ၍လား။
ကလေးအခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်ကို လိုက်နာကြောင်း ပြသည့် အနေဖြင့် စစ်အစိုးရက ၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေကို ပြဌာန်းပြီး ပုဒ်မ ၃ (က) တွင်အောက်ပါအတိုင်းတွေ့ရသည်။
ပုဒ်မ ၃ (က) ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းပါ ကလေးသူငယ်၏ အခွင့်အရေးများကို အကောင်အထည်ဖေါ် ဆောင်ရွက်ရန် --------------- ဟူ၍ဖြစ်သည်။ ကလေးသူငယ်များ၏ အခွင့်အရေးများ အနက်တရပ်မှာ နိုင်ငံသားဖြစ်ခွင့် ဖြစ်သည်။
အများပြည်သူ နှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံ တကာ သဘောတူစာချုပ် ပုဒ်မ ၂၄(၃) တွင် ကလေးသူငယ်တိုင်းသည် နိုင်ငံသားအဖြစ် ရယူခွင့် ရှိရမည် ဖြစ်ကြောင်း ပြဌာန်းထားသည်။
ကလေးအခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် အပုဒ် (ရ) (၂) တွင် ကလေးသူငယ် များ နိုင်ငံသားဖြစ်ခွင့်ရစေရန် သက်ဆိုင်ရာ တိုင်းပြည်များက ၄င်းတို့၏ အမျိုးသားဥပဒေများနှင့် အညီ ဖေါ်ဆောင်ပေး ရမည်ဟု အတိအလင်း ပြဌာန်းထားသည်။ ဤသည်ကို လိုက်နာဆောင်ရွက်ကြောင်း ပြသသည့်အနေမျိုးဖြင့် စစ်အစိုးရ ၏ ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေတွင် အောက်ပါအတိုင်းပြဌာန်းထားသည်။
ပုဒ်မ(၁၀) ကလေးသူငယ်တိုင်းသည် နိုင်ငံသား ဖြစ်မှုဆိုင်ရာ အခွင့်အရေးကို တည်ဆဲဥပဒေပါ ပြဌာန်းချက်များနှင့် အညီ ရရှိစေရမည်။
ကလေးသူငယ်ဥပဒေ အနေဖြင့် တဘက်မှ အခွင့်အရေး ပေးထားသလိုလို ပြဌာန်းထားသော်လည်း အခြားတဘက်မှ ပြန်ပိတ်ထားသည်။ ဆိုလိုသည်မှာ တည်ဆဲဥပဒေပြဌာန်းချက်အောက်တွင် အကြုံးဝင်မှသာရရှိမည် ဟူ၍ဖြစ်သည်။ သို့ဖြစ်၍ ကလေးသူငယ်များသည် တည်ဆဲဖြစ်သော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအောက်တွင် နိုင်ငံသား ဖြစ်ခွင့် မရကြပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်လာပြိးနောက် ပိုဆိုးသွားပါသည်။ သို့ ဖြစ်၍ ကုလသမဂ္ဂ ကလေး အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်ပါ ကလေးအခွင့်အရေးကို အပြည့်အ၀ခံစားစေရန် စစ်အစိုးရ အဆက်ဆက်က ပြဌာန်းလာခဲ့သော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ၊ ၁၉၉၃ ကလေးသူငယ်ဥပဒေ နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတို့အားပြင်ရန် မုချလိုအပ်ပါသည်။
ပြီးခဲ့သည့်ကာလ က ဖြစ်ရပ်များကို ဘာကြောင့် ပြန်လည်ဖေါ်ထုတ်ဘို့ လိုအပ်သလဲ။
ဇူလိုင် လ ၂၃ ရက်နေ့တွင် အယ်လ်ဂျာဇီးရားက ထုတ်လွှင့်ခဲ့သည့် ရိုဟင်ဂျာဆိုင်ရာ ဆွေးနွေးခန်းတွင် ကုလသမဂ္ဂမှ တာဝန်ရှိ ပုဂ္ဂိုလ် တဦးလည်းပါဝင်ခဲ့သည်။ အမည် မမှတ်မိတော့ပါ။ ၄င်းက ရခိုင်ပြည်နယ်အတွင်း၌ မွတ်ဆလင် ဘာ သာဝင် ဦးရေ ရှစ်သိန်းခန့်ရှိကြောင်းပြောကြားသွားခဲ့သည်။ ဘီဘီစီ ဆွေးနွေးခန်း၌ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပါ ပြဌာန်းချက်၏ ရှုတ်ထွေးမှုများကြောင့် မပြည့်စံနိုင်ဘဲ မည်သည့်အဆင့်အတန်းမှ မရရှိသူပေါင်း များစွာ ရှိနေ ကြောင်း မိမိက ထောက်ပြသောအခါ ဦးဘရှိန်က မပြည့်စုံတဲ့လူတွေ မိမိတို့ဆီဘာကြောင့် ရောက်လာသလဲဟု ပြန် လည် မေးမြန်းပါသည်။ စာရေးသူလည်း မဖြေနိုင်ပါ။ ဦးဘရှိန်ဆိုလိုချက်အရ ထိုသူများသည် မူလက ထဲက မိမိတို့  နိုင်ငံအတွင်း အစဉ်တစိုက်အခြေချ နေထိုင်နေသူများ မဟုတ် နိုင်ငံပြင်ပမှ (အတိအကျအားဖြင့်) ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ ၀င်လာကြသူများဟု ဆိုလိုကြောင်း နားလည်ပါသည်။
စင်စစ်အားဖြင့်မူ ဦးဘရှိန်သည် စစ်အစိုးရ၏ လွှတ်တော်ကိုယ်စားလှယ်ကြီးတဦးဖြစ်သဖြင့် လွှတ်တော်အတွင်းမေးမြန်း လျှင် ပို၍ အကျိုးရှိနိုင်ပါမည်။ ဖြေရန် တာဝန်အရှိဆုံး ပုဂ္ဂိုလ်မှာ သမတ တာဝန်ယူထားသူ စစ်ခေါင်းဆောင်ဟောင်း ဦးသိန်းစိန်ဖြစ်သည်။ ဦးသိန်းစိန်သည် စိုင်းမောက်ခမ်းနှင့် မတူပါ။ လူသစ်မဟုတ်ပါ။ ၁၉၈၈ ခုနှစ် စစ်တပ်အာဏာ သိမ်း ပြီးနောက် န၀တ နအဖ ခေတ် တလျှောက် လုံး ဗိုလ်ချုပ်တဦးအနေဖြင့် ခေါင်းဆောင်မှုအပိုင်းတွင် ပါဝင်လာခဲ့သူ ဖြစ် သဖြင့် ရှေ့မှီနောက်မှီဖြစ်သည်။ န၀တ နအဖ ခေတ်က သူကိုယ်တိုင် ဦးဆောင်ပါဝင် လုပ်ဆောင်ခဲ့မှုများအပေါ် ဆက် လက် တာဝန်ခံရမည်ဖြစ်သည်။ မိမိတို့အစိုးရသစ်တက်တာ အခုမှ တနှစ်ကျော်ပါသေးသည်ဟူ၍ အကြောင်းပြကာ မိမိ၏ တာဝန်ရှိမှုကို ဟန်ဆောင်ဖုံးကွယ်ခြင်းမျိုး မလုပ်သင့်ပါ။ လူသစ်ကလေး လိုလို၊ ဘာမှ မသိသေးသလိုလို မျက်နှာ အနေအထားမျိုးဖြင့် လူထုကို မချည်းကပ်သင့်ပါ။ စစ်ခေါင်းဆောင်ဖြစ်သော်လည်း တာဝန်သိသော၊ တာဝန်ယူရဲသော၊ လုပ်ရဲရင် ခံရဲသည့် သတ္တိနှင့်ပြည့်စုံသော ခေါင်းဆောင်တဦးဖြစ်ကြောင်း ပြသင့်ပါသည်။
ဦးသိန်းစိန် အနေဖြင့် ဗိုလ်ချုပ်နေ၀င်းခေတ် အထိ ပြန်သွားပြီး တာဝန်ခံ၇န်တော့ မလိုပါ။ ၁၉၈၈ ခုနှစ်မှစ၍ ၂၀၁၂ ခုနှစ် အထိ ရခိုင်ပြည်နယ်အတွင်းသို့ ဝင်လာသူများ မည်သည့်နှစ်တွင် ဦးရေမည်မျှဝင်လာ သည်၊ မည်သည့်လမ်းကြောင်း မှ ၀င်လာသည်၊ မည်သည့်နည်းလမ်းဖြင့် ၀င်လာသည်၊ ထိုသူများအနက် ယခုအချိန်၌် ဦးရေမည်မျှသည် နိုင်ငံသားများ ဖြစ်နေကြပြီ။ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ တို့၏ ဦးရေမှာ မည်မျှရှိသည်။ မည်သည့် အဆင့်မှ မရသူဦးရေမှာ မည်မျှဖြစ်ပြီး ဘာကြောင့် ဤသို့ မရရှိခြင်းဖြစ်သည်။ ကလေးဦးရေ စုစုပေါင်း မည်မျှ ရှိပြီး ကလေးအခွင့်အရေးအရနိုင်ငံ သားခံစားခွင့်ရပြီးသူပေါင်း မည်မျှရှိပြီ --- အစရှိသဖြင့် တနိုင်ငံလုံးသိ ဖြေကြား၇န် တာဝန်ရှိသည်။ သို့ မှသာ လူထု တရပ်လုံးလိုက်ပါ စဉ်းစားနိုင်ပြီး ၀ိုင်းဝန်း အဖြေရှာနိုင်ကြပါမည်။ အနာဟောင်းများကို ဖေါ်ထုတ်ကုစားခြင်းမပြုဘဲ အပေါ်ယံ ဆီမန်းလောက်မျှဖြင့် ကုသနေလျှင် မိမိတို့ နိုင်ငံသည် ကျမ္မာရေးကောင်းမွန်သည့် နိုင်ငံမည်သည့်အခါတွင်မျှ မဖြစ်နိုင်ပါ။ ယဉ်ကျေးမှုတရပ်သဘွယ်ဖြစ်မသွားမီ အတိတ်ကို ဖုံးကွယ်ထားသည့် လုပ်ဟန်အား ယခုကထဲက စတင် တိုက်ဖျက်ကြဘို့ လိုပါပြီ။
ရိုဟင်ဂျာပြသနာအား စစ်အာဏာရှင်စနစ်က ကျင့်သုံးလေ့ရှိသည့် နိုင်ငံရေးလုပ်ဟန် အခြေခံမှ ချည်းကပ်ခြင်း
ဦးသိန်းစိန်ခေါင်းဆောင်သည့် စစ်အစိုးရသည် နိုင်ငံလုံခြုံရေး (သို့ မဟုတ် ထိုမှ တဆင့်လျှော့၍) အမျိုးသားလုံခြုံရေး ဟူသည်ကို လူ ကြားကောင်းအောင် ကြွေးကြော်မည် ဖြစ်သော်လည်း စင်စစ်အားဖြင့်မူ စစ်အာဏာရှင်စနစ် လုံခြုံရေး အတွက် တချက်ခုတ်၊ အချက်ပေါင်းများစွာ ပြတ်အောင် လက်ရှိ ရိုဟင်ဂျာ၊ ရခိုင် အဓိကရုဏ်းအား အစီအစဉ်ရှိရှိ ဖေါ် ခဲ့သည်ဟု သုံးသပ်နိုင်သည်။
(၁) စစ်အာဏာရှင်စနစ် စတင်ခဲ့သည့် ၁၉၆၂ ခုနှစ်မှစ၍ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများအား ၄င်းတို့ကပင် ဖန်တည်းပြီး လူထုထောက်ခံမှုရအောင် လုပ်ခဲ့သည့် သမိုင်းဖြစ်ရပ်များစွာ ရှိခဲ့သည်။ ယခုဖြစ်ရပ်တွင်လည်း ရိုဟင်ဂျာ များအား တတိယနိုင်ငံထွက်အောင် ကုလသမဂ္ဂက စီစဉ်ပေးနိုင်လျှင် အစိုးရက ကူညီပါမည်ဟု ဦးသိန်းစိန်က ထုတ်ပြန် ကြေငြာလိုက်သည့် အချိန်တွင် ငါတို့ချစ်တဲ့ သမတကြီး ဟူသော အသံများထွက်ပေါ်လာခဲ့သည်။
(၂) ပြည်တွင်း ငြိမ်းချမ်းရေးကို အမှန်တကယ် တည်ဆောက်မည်ဆိုလျှင် စစ်တပ်ကြီးကြီးထားရန် အကြောင်းလုံးဝ မရှိ တော့ပါ။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လူထုလှုပ်ရှားမှုများ၊ တိုင်းရင်းသားအင်အားစုများ၏လှုပ်ရှားမှုများအားကောင်း လာလေလေ စစ်တပ်၏ အခန်းကဏ္ဍ သိသာစွာ လျော့နည်းသွားလေဖြစ်ပါသည်။ ဤသည်ကို စစ်အာဏာရှင် ဟောင်း သစ်များက မလိုလားပါ။ စစ်တပ်၏ အခန်းကဏ္ဍ ကြီးကြီးမားမားရှိနေသေးကြောင်း ပြလိုသည်။
(၃) အရေးအကြောင်းဖြစ်လာလျှင် ဒေါ်အောင်ဆန်းစုကြည်သည်လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် လည်းကောင်း လူထုအနေဖြင့် မည်သို့မျှ အားကိုး၍ မရ။ တပ်မတော်ကို သာ အားကိုးရသည်ဟု လူထုကို အယုံသွင်း လိုသည်။
(၄) ပြီးခဲ့သည့် လတချို့ က ရခိုင်ပြည်လွတ်မြောက်ရေးပါတီ နဲ့  ရခိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ ခေါင်းဆောင်များ ရခိုင်ပြည်နယ်အတွင်း သွားရောက်သောအခါ ရခိုင်လူထု ထောင်ပေါင်းများစွာက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည် ဟု သိရသည်။ ဤသို့သော အခြေအနေမျိုးကို စစ်အာဏာရှင်များကလုံးဝ ကြိုက်နှစ်သက်လေ့မရှိပါ။ ရခိုင်လူထုကို ပညာပေးဘို့ လိုပြီဟု သုံးသပ်ပုံရသည်။ ယခုမူ ရခိုင် လူထု ၏ ခြေထောက်ကို ရိုက်ချိုးလိုက်နိုင်ပြီ ဟု ဆိုနိုင်သည်။ စစ်တပ်ကို အားကိုးနေရသည့် ဘ၀သို့ သက်ဆင်းသွားပါသည်။
ရိုဟင်ဂျာ ရခိုင် အဓိကကရုဏ်းအား ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်နိုင်ပြီး ရခိုင်ပြည်နယ် အတွင်းရှိ လူထုအားလုံး ငြိမ်းချမ်း၊ လုံခြုံ၊ အင်အား ပြည့်စုံစွာ ရပ်တည်နိုင်ခြင်း မရှိလျှင် ပြည်ထောင်စု အတွင်းရှိ အခြားတိုင်းရင်းသားပေါင်းစုံ လူထု အားလုံးပါ အင်အားချည့်နဲ့ နေပါမည်။ နောက်ထပ် တရုပ် ဗမာအေ၇းအခင်း ပါ ဖန်တည်းခြင်းခံရပါက စစ်တပ် က ကိုင်မြှောက်ထားသော သေနတ်အောက်၌ အရိပ်အာဝါသ ခိုပြီး အသက်ရှင်ရသည့် ဘ၀သို့ တိုင်းရင်းသားပေါင်းစုံ လူထုကြီး တရပ်လုံးကျဆင်းသွားနိုင်ပါသည်။
နိဂုံးချုပ်တင်ပြချက်
ရိုဟင်ဂျာ ရခိုင် အဓိကကရုဏ်းအား ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုသည့်အနေဖြင့် အောက်ပါအတိုင်း ဆောင်ရွက်သွား၇န် အကြံပြုပါသည်။
(က) ယခုအချိန်၌ ရိုဟင်ဂျာများသည် လူသားချင်းစာနာထောက်ထားသည့် (တနည်းအားဖြင့်) လူအဖြစ်အသက်ရှင်ခွင့် ရနိုင်သည့် အခြေခံစားနပ်ရိက္ခာများပင် မရရှိဟူသော သတင်းများ ထွက်ပေါ်နေပါသည်။ ဤသည်မှာ လုံးဝ မဖြစ်သင့် ပါ။ လူ့အခွင့်အရေးရှုဒေါင့်မှ ကြည့်လျှင် မဖြစ်သင့်သလို မေတ္တာတရားကြီးမားသည်ဟု ဂုဏ်ယူကြလေ့ရှိသော ဗုဒ္ဓဘာ သာဝင်များ အနေဖြင့် အမြန်ဆုံးကူညီစောင့်ရှောက်နိုင်၇န် စဉ်းစားဆောင်ရွက်သင့်ပါသည်။
(ခ) ဆိတ်ဆိတ်နေခြင်းသည် ပြစ်မှုကျူးလွန်မှုများကို အားပေးရာရောက်ပါသည်။ တရားမျှတမှုကိုလည်း မျက်ကွယ်ပြု ရာရောက်သည်။ မိမိတို့အမြင်ကို ကျိုးကြောင်းဆီလျော်စွာ ထုတ်ဖေါ်သင့်ပါသည်။ အနည်းဆုံးအားဖြင့် ဖြစ်ပျက်ခဲ့ သမျှ အမှန်တရားများ ပေါ်ထွက်လာစေ၇န် ၀ိုင်းဝန်းကြိုးပမ်းသင့်ပါသည်။
(ဂ) ဦးသိန်းစိန်ခေါင်းဆောင်သည့် အစိုးရကိုယ်တိုင်က ၀င်ရောက်ကျူးလွန်မှုကို နိုင်ငံတကာက ရက်စွဲအတိအကျဖြင့် ထောက်ပြလာခဲ့ပြီ ဖြစ်သည်။ ဤဖြစ်စဉ်ကြီး တစုံလုံးကို အစမှအဆုံး သေချာစွာဖေါ်ထုတ်ပြီး နောက်ကွယ်မှ ကြိုးကိုင် ဆောင်ရွက်နေသူများ အပါအ၀င် ဦးဆောင်ကျူးလွန်ကြသည့် တရားခံအားလုံးကို လူမျိုး၊ ဘာသာ၊ အသားအေ၇ာင်၊ မရွေးဘဲ ဥပဒေစိုးမိုးရေးအခြေခံဖြင့် ထိရောက်စွာ ဖေါ်ထုတ်အရေးယူနိုင်မှသာ နောင်သည်လိုအဖြစ်ဆိုးမျိုးမဖြစ်အောင် ကာကွယ်တားဆီးနိုင်ပါမည်။
(ဃ) ပြီးခဲ့သည့် နအဖ စစ်အစိုးရအောက်၌ ကျူးလွန်ဖြစ်ပွားခဲ့သော နိုင်ငံတကာအဆင့်ရှိသည့် ပြစ်မှုကြီးများကို ကုလ သမဂ္ဂ က ဦးဆောင်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းစစ်ဆေးစေရန် လှုပ်ရှားမှုကြီးမှာ ၂၀၁၀ ခုနှစ်အထိ အရှိန် ကောင်းစွာရခဲ့ပြီး အောင်မြင်တော့မည့်အနေအထားရောက်ခဲ့သည်။ ၂၀၁၁ ခုနှစ်အတွင်း စစ်အစိုးရက နိုင်ငံရေး အပြောင်းအလဲများ လုပ်ပေးသယောင်နှင့် လမ်းကြောင်းလွှဲနိုင်ခဲ့သဖြင့် ယင်းလှုပ်ရှားမှုမှာ ယာယီ တိမ်မြှုပ်သွားခဲ့သည်။ ယခုရခိုင်ပြည်နယ် အတွင်း ပြစ်မှုကြီးများထပ်မံကျူးလွန်နေပြန်ပါပြီ။ နိုင်ငံတကာ လူ့ အခွင့်အရေးအဖွဲ့အစည်း ၅၈ ဖွဲ့က စုပေါင်း၍ ဤမှုခင်းကြီးအပေါ် နိုင်ငံတကာ အနေဖြင့် စုံစမ်းစစ်ဆေးရေး လုပ်ပေးရန် တောင်းဆိုလာပါပြီ။ ဤ လှုပ်ရှားမှုကို လူထုတ၇ပ်လုံး ထောက်ခံသင့်၊ ၀ိုင်းဝန်းတောင်းဆိုသင့်သည်ဟု မြင်ပါသည်။ နိုင်ငံတကာအနေဖြင့် စုံစမ်းစစ်ဆေး ဖေါ်ထုတ်ခွင့်မရပါက နောင် အလားတူပြစ်မှုကြီးများ ထပ်မံကြုံတွေ့ ဦးမည်မှာ မလွဲပါ။
(င) ရွာတရွာတွင် သူကြီးကိုယ်တိုင်က ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသော အမှု၌ သူကြီးသားကို စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင်ထားပြီး အမှုဖေါ်ထုတ်ခိုင်း၍ မရပါ။ မြန်မာနိုင်ငံ၌ တရားစီရင်ရေး ယန္တယားတခုလုံးမှာ လွတ်လပ်မှု လုံးဝ မရှိဘဲ စစ်ခေါင်းဆောင်များအား ဆန့်ကျင်ရပ်တည်ရဲသည့် အနေအထားမရှိပါ။ လူ့ အခွင့်အရေးကော်မီတီဆို သည်မှာလည်း သမတရုံးအဖွဲ့၏ အစိပ်အပိုင်း တခုကဲ့သို့ ဖြစ်နေပြီး သူကြီးတူ အဆင့်လောက်သာ ရှိပါသည်။ ဖြစ်ပွား ခဲ့ သည့် အဓိကရုဏ်းကြီး၌ ဦးသိန်းစိန်ကိုယ်တိုင်က မိမိတို့ အစိုးရ နှင့် စစ်တပ်၏ လက်ချက် မည်သို့ မျှ ပါဝင် ပတ် သက်ခြင်း မရှိကြောင်း သက်သေပြရဲသည် ဆိုလျှင် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင် တရပ်စေလွှတ်ပေး ရေး အတွက် ကုလသမဂ္ဂသို့ အမြန်ဆုံး ပန်ကြားရန် တောင်းဆိုသည်။
(စ) ရခိုင်လူထုအား မေတ္တာနှင့် ယှဉ်လျှက် လူ့ အခွင့်အရေးကို မြတ်နိုးမှု၊ အသိနှင့်ယှဉ်သော မျိုးချစ်စိတ်၊ တာဝန်ယူမှု ရှိသော လူ့အဖွဲ့အစည်း တည်ဆောက်လိုသည့်ဆန္ဒ၊ အမှန်တရားကို ဖေါ်ထုတ်လိုသည့် သတ္တိများ ရှိလာအောင် ၀ိုင်းဝန်း ကူညီသင့်ပါသည်။
(ဆ) ရိုဟင်ဂျာများအပါအ၀င် ရှစ်သိန်းခန့် မျှသော မွတ်ဆလင်ဘာသာဝင်များ ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ဦးဘရှိန် ပြောသကဲ့သို့ မ၀င်သင့်ဘဲ ၀င်လာသူများရှိနေလျှင် နောင်ကိုဆက်ပြီး မ၀င်လာနိုင်အောင် တားဆီးကာကွယ် သည့် နည်းလမ်းကို အမြန်ဆုံး ရှာရမည်မှာ မုချဖြစ်ပါသည်။ ရောက်သင့်၊ ရှိသင့်သော လူဦးရေထက် အဆများစွာပိုကာ စစ် အာဏာရှင်စနစ်နှင့် စစ်ခေါင်းဆောင်သစ် ဟောင်းများ၏ တာဝန်ရှိမှု အောက်တွင် ရောက်ရှိနေကြပြီ ဖြစ်သူများကိုမူ ရ၀မ်ဒါတွင် ဟူတူများက တူစီများအပေါ်ကျင့်သုံးသည့် လူမျိုးတုံးသတ်ဖြတ်မှုပုံစံမျိုးဖြင့် ရှင်းပစ်၍ မရနိုင်ပါ။ လူသား ချင်းစာနာသည့်စိတ်ဓါတ်ကိုပြန်လည်တည်ဆောက်ပြီး လူမျိုး ဘာသာ စကား ဓလေ့ထုံးတမ်း ယဉ်ကျေးမှု မတူကြသူ များ အတူငြိမ်းချမ်းစွာ နေထိုင်နိုင်သည့် လူ့ အဖွဲ့အစည်း တရပ်အဖြစ် တည်ဆောက်ဘို့ ကြိုးစားရန်သာ ရှိပါသည်။
(ဇ) နောင် သည်လိုအဖြစ်ဆိုးမျိုး ကို မုချရှောင်လွှဲနိုင်ရန်မှာမူ စစ်အာဏာရှင်စနစ် ကို အမြစ်မှနေ၍ ချေမှုန်းဘို့ လိုပါ သည်။ အဆိုပါရည်မှန်းချက်အတွက် တိုင်းရင်းသားပေါင်းစုံ လူထုကြီးတရပ်လုံး လက်တွဲကြဘို့ အချိန်ရောက်ပါပြီ။ သို့  မှသာ အုပ်ချုပ်ရေးယန္တယား တစုံလုံး ကို ပြင်နိုင်မည်ဖြစ်ပြီး ငြိမ်းချမ်းသာသာသည့် ပြည်ထောင်စုကြီး ပေါ်လာနိုင်ပါ မည်။
ဤစာတမ်းတိုအား အချိန်တိုအတွင်း အမြန်ဆုံးရေးသားရသဖြင့် မပြည့်စုံနိုင်မည်မှာ သေချာပါသည်။ စာရေးသူ အနေ ဖြင့် စစ်မှန်သည့် ဥပဒေစိုးမိုးရေး၊ လူ့ အခွင့်အရေးနှင့် တရားမျှတမှုအခြေခံတွင် မိမိတို့ ပြည်ထောင်စုကြီး တည်ငြိမ်၊ တောင့်တင်း၊ ကြီးထွား၊ စည်ပင် သည်ကို မြင်လိုသော စေတနာဖြင့်သာ ရေးသားပြုစုခြင်းဖြစ်ပါသည်။ မိမိထက်ပို၍ အဆများစွာ တတ်ကျွမ်းနားလည်သော ပညာရှင်ကြီးများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ဥပဒေကျွမ်းကျင်သူ များ၊ လူထုများ မြောက်များစွာ ရှိပါသည်။ ရိုဟင်ဂျာ ရခိုင် အဓိကကရုဏ်းအား ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်နိုင်ရေး အတွက် နည်းလမ်းမှန်သမျှ ဆက်လက်တင်ပြပေးသွားကြ၇န် မေတ္တာရပ်ခံပါသည်။
အောင်ထူး (ရှေ့နေ)
ဇူလိုင်လ (၂၄) ရက် ၂၀၁၂ ခုနှစ်

Drawing lessons from the Sri Lankan experience
Monday, 23 July 2012 12:50 Saw Kholon
(Commentary) – Burma and Sri Lanka share religious and cultural heritages going back centuries. Diplomatic relations between the two countries have been maintained for more than 60 years.
Sri Lanka had managed to defeat the ethnic insurgent group Liberation Tigers of Tamil Eelam (LTTE), popularly known as the Tamil Tigers, in May 2009, and through decisive military operations, it had brought the three-decade-old ethnic civil war to the end.
In June 2009, just about one month after defeating the Tamil Tigers, Sri Lankan President Mahindra Rajapaksa paid an official visit to Burma to cement the two countries’ political tie, in addition to religious and cultural ties – the Theravada Buddhism, by reiterating the two countries’ bilateral commitment to enhance their military maneuvers. Burma was the first country to be visited by President Mahindra Rajapaksa after his government defeated the Tamil Tigers.
In 2007, President Mahindra Rajapaksa also agreed to enhance intelligence sharing between the two countries and to intensify cooperation in combating terrorism.
Speaking of terrorism, Burma is still riddled with the ethnic civil conflicts and the previous military regime of Burma often labeled ethnic resistance groups as terrorists. Observing this particular political movement between the two countries, it is unquestionable that Burma’s military leaders were impressed by Sri Lankan President Mahindra Rajapaksa’s unsympathetic military strategy used against the Tamil Tigers.
And no doubt, one can easily see that Burma’s military leaders are interested in Sri Lankan model of counterinsurgency strategy and eager to learn more from President Mahindra Rajapaksa on how to defeat ethnic resistance forces.
Norway’s role in Sri Lanka Peace process
In 2000, Norway was invited by a joint venture between the Sri Lankan government headed by President Kumaratunga and the Tamil Tigers (Liberation Tigers of Tamil Eelam) to take the role of facilitator in the peace process. In 2002, a cease-fire agreement was established between the Sri Lankan government and the Tamil Tigers. In 2006, the cease-fire agreement was renewed by incoming President Mahindra Rajapaksa. However, in 2008, the Sri Lankan government headed by President Mahindra Rajapaksa axed the peace deal. The Sri Lankan Monitoring Mission (SLMM) with the majority of the officers from Norway had to leave the country. Subsequently, the Tamil Tigers were totally defeated by the Sri Lankan government in May 2009.
Norway’s peace efforts in Sri Lanka from 1997 to 2009 produced nothing functional but the ephemeral cease-fire agreement with broader implications between the two warring parties. Norway’s role in the Sri Lankan peace process is by and large a failed undertaking on the subject of bringing an end to the civil war.
The aspects contributing to the failure include that the Norwegian Peace Negotiators failed to understand the underlying realities of the country’s three-decade-old ethnic civil conflict. What is more, they understood the peace process as it was described in the paper. As a result, the peace process failed to bring Tamil's rights to self-determination. Moreover, it failed to induce fundamental changes in the nature of the two warring parties. However, the whole affect of the failed peace process was a successful mission in terms of bringing an end to the ethnic civil conflict with the ultimate defeat of the Tamil Tigers in May 2009.
Norways’s role in Burmese politics
Norway was the first Western government to send its development minister to meet with Burmese President Thein Sein. President Thein Sein wants to cooperate with Norway in the areas of hydroelectric power, oil and gas, and tourism as well as in the areas of health, education and the environment.
Moreover, the Norwegian government announced that it would drop sanctions on Burma. Norwegian Foreign Minister Jonas Gahr Stoere said, “Many experiences show us that the ceasefire may not be the most difficult thing, but to make development work in an equitable and fair way and to have justice prevail, that is the complicated part.” The question is: Will Norway play the same role in Burma that it did in Sri Lanka?
Lessons to be learned
The Sri Lankan peace process mediated by Norway was merely a series of cease-fire agreements that lasted only for a short time. The peace process offered no durable political solution to the ethnic civil conflict.
Instead, it led to more hostilities ending in the definitive extermination of the Tamil Tigers who fought against the Sri Lankan government for Tamil’s rights to self-determination. The Tamil Tigers fought for three decades for Tamil’s rights to self-determination only to be ruthlessly crushed by the Sri Lankan military forces at the end after going through a number of unproductive peace process.
The story of how the destiny of the Tamil Tigers came to a halt after rounds of peace agreements with the Sri Lankan government should be looked at as a comparative example by the leaders of the Karen National Union as it moves forward with the peace process with the Burmese government. The KNU should be aware of the fact that Burma and Sri Lanka have diplomatic relations and agreed to share intelligence.
The sincerity of President Thein Sein’s government over the ongoing peace negotiation process with ethnic resistance groups remains in doubt.
The ongoing conflicts with the Kachin and the continued sending of military supplies into frontline territories in Karen State are just another instance of the insincerity of the Burmese government and the fragility of peace agreements.
The Sri Lankan government did the same thing – sending military supplies to frontlines areas controlled by the Tamil Tigers while going through a series of peace agreements.
Therefore, it is crucial that the KNU delegation emphasizes the withdrawal of the majority of the Burmese government forces from Karen State and the immediate halt of sending military supplies into frontlines areas in Karen State.
Almost certainly, if fighting continues and increases, the Burmese government could follow the Sri Lankan government’s counterinsurgency model of, “Go to Hell.” Just as the Sri Lankan government ignored international criticism over its indiscriminate and ruthless crushing of the Tamil, the Burmese government could be expected to do the same.
In fact, the continued fighting in Kachin State has already shown that the international community would not criticize the Burmese government to the extent that it would hurt its commercial interests, let alone take any concrete action against it.
It is up to the KNU to avoid sharing the same fate of the Tamil Tigers.
In the upcoming round of negotiations, the KNU delegation should continue to demand that the current negotiations and agreements go beyond a cease-fire stage. And it should continue to tell the international community that Burmese attempts to appease ethnic nationalities with economic incentives or resorting to decisive military means would only treat the symptoms of Burma’s ethnic unrest, not the root causes.
Saw Kholon, originally from Pa-an, is an independent political analyst. He graduated from Indiana University at Bloomington with a major in public administration. He can be reached at sawklun@gmail.com.
http://www.mizzima.com