Photo from Facebook.
Type the rest of your post here.
Monday, December 31, 2012
နယ်ကျောင်းဆရာတို့၏ ဘ၀ အခြေအနေကို ရိုက်ကူးထားသည့် ထာဝရအလင်းတန်း ရုပ်ရှင် အကယ်ဒမီ ၈ ခု ဆွတ်ခူး
Written by မြတ်ပန်းရှင်
ကျောင်းဆရာများရဲ့ ဘ၀အခြေအနေနဲ့ အလုပ်အကိုင်အကြောင်း၊ နယ်မြှို၊ ကျေးလက်ဒေသတွေက လူထုနဲ့ ကလေးများရဲ့ ပညာရေးအခြေအနေ၊ ခေတ်နောက်ကျနေဆဲ အမြင်သဘောထားစတဲ့ အကြောင်းအရာများနဲ့ ဖွဲ့စည်းထားတဲ့ "ထာဝရ အလင်းတန်းများ" ရုပ်ရှင်ဇာတ်ကားဟာ 2011 ခုနှစ်အတွက် အကယ်ဒမီ ၈ ခု ဆွတ်ခူးနိုင်ခဲ့ပါတယ်။
2011 ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရရှိခဲ့သူများမှာ ဓာတ်ပုံဆု တင်ဆန်း (ပန်းကြာဝတ်မှုန်) ၊ တည်းဖြတ်ဆု ဟိန်းထက်-လယ်ဝေး (ထာဝရအလင်းတန်းများ) ၊ တေးဂီတဆု ဇော်မျိုးထွဋ် (ထာဝရအလင်းတန်းများ) အသံဆု ထူးချွန်ဆု ဆန်းဦး (ပန်းကြာဝတ်မှုန်) ၊ အမျိုးသားဇာတ်ပို့ဆု မော့စ် (ထာဝရအလင်းတန်းများ) ၊ အမျိုးသမီးဇာတ်ပို့ဆု ချစ်စနိုးဦး (ရင်ကွဲနာ) ဇာတ်ညွှန်းဆု မြင့်ဆောင်၊ စိုးကျော်ဆန်း(ထာဝရအလင်းတန်းများ) အမျိုးသားဇာတ်ဆောင်ဆု နောင်နောင် (ထာဝရ အလင်းတန်းများ) ဇာတ်ကားဆု ထာဝရအလင်းတန်းများ (ရီမြင့်ရုပ်ရှင်) အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု မယ်လိုဒီ (ထာဝရအလင်းတန်းများ) အကောင်း ဆုံး ဒါရိုက်တာဆု - ထွန်းအောင်ဇော် (ထာဝရအလင်းတန်းများ) တို့ရရှိခဲ့ကြသည်။
ထာဝရ အလင်းတန်းများဇာတ်ကား အကျဉ်းချုပ်က ဒီလိုပါ။
ကျောင်းဆရာလေးတစ်ယောက်ရဲ့ တပည့်တွေအပေါ် ကိုယ်ကျိုးစွန့်အနစ် နာခံပြီး ပညာတတ်တွေ ဖြစ်အောင် ပြုစုပျိုးထောင်ပုံကို ကျောရိုးထားခြယ်မှုန်း ထားတဲ့ ဇာတ်ကားပါ။
ကရင်ပြည်နယ်၊ ဇွဲကပင်တောင်ခြေ အနီးမှာရှိတဲ့ ရွာလေးတစ်ရွာမှာ မိဘတွေနဲ့အတူနေထိုင်တဲ့ စောကျော်အေးဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီး မူလတန်းဆရာဖြစ် သင်တန်းကို
တက်ရောက်ခဲ့ပါတယ်။
သင်တန်းပြီးလို့ တာဝန်ကျတဲ့နေရာက တော့ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျွဲနဖားတောင် ခြေနားက ကျောက်ဖြူ ရွာကလေးမှာ ဖြစ်ပါတယ်။ တာဝန်ကျရာရွာကလေးထဲကို ၀င်လိုက်တယ်ဆိုရင်ပဲ ရွာအ၀င်လမ်းမှာ ကျောင်းစာသင်ချိန် ကျောင်းစာကို မသင်ကြားနိုင်ဘဲ မိဘကို ကူညီလုပ်ကိုင် ပေးနေရတဲ့ ကလေးတွေကို တွေ့လိုက် ရသလို စာသင်ကျောင်းရောက်တဲ့ အခါမှာလည်း စိတ်စေတနာ ကောင်းပေမယ့် နာမကျန်းဖြစ်နေတာကြောင့် စိတ်သွား တိုင်း ကိုယ် မပါနိုင်တော့တဲ့ ကျောင်းအုပ် ဆရာကြီး ဦးစံအေးနဲ့ ကိုယ်ဝန်သည် ကျောင်းဆရာမတစ်ဦးကသာ စာသင် ပေးနေရတာကြောင့် ဆရာ မပြည့် စုံတဲ့ ကျောင်းရဲ့လိုအပ်ချက်တွေက သူ့ ကို ဆီးကြိုနေကြပါတယ်။
ကျောင်းဆရာလေး စောကျော်အေးဟာ မိမိဘ၀ရည်မှန်းချက်အတိုင်း ဖြစ်လာတဲ့ ကျောင်းဆရာအလုပ်အတွက် အခက်အခဲအားလုံးကို ကြိုးစားကျော် ဖြတ်မယ်လို့ ဆုံးဖြတ်ထားတဲ့အတိုင်း မိဘအလုပ် ၀ိုင်းကူရလို့ ကျောင်းပျက် ကွက်နေတဲ့ကလေးတွေ၊ စီးပွားရေး အဆင်မပြေလို့ ဈေးတောင်းခေါင်း ရွက်ပြီး ကျောင်းတက်မမှန်တဲ့ ကလေး ငယ်တွေရဲ့မိဘတွေကို စည်းရုံးပြောဆိုပြီး တပည့်တွေ ကျောင်းမှန်ဖို့ အားကြိုး မာန်တက်ကြိုးစားတာကြောင့် ကျောင်း ကလေးဟာ တဖြည်းဖြည်းနဲ့ ပြန်လည် စည်ကားလာပါတော့တယ်။
သူ့ရဲ့ ကြိုးစားမှုတွေကို အဓိက ၀ိုင်း ၀န်းကူညီပေးတဲ့သူကတော့ ရွာကလေး က ချက်ကြီးဆိုတဲ့ ပန်းပုဆရာပဲ ဖြစ်ပါတယ်။ သူက ရိုးသားဖြောင့်မတ်ပေမယ့် အမြဲ ခွတီးခွကျနဲ့ ဂျစ်ကန်ကန် နိုင်လှသူပါ။
ညီမဖြစ်သူ အေးချစ်နဲ့ မောင်နှမ နှစ်ယောက်အတူနေထိုင်ကြပြီး ရပ်ရွာ ကောင်းကျိုးအတွက် လိုအပ်တာ မှန်သမျှ အားတက်သရော ပါဝင် လုပ်ဆောင် ပေးတတ်သူတွေလည်း ဖြစ်ပါတယ်။
သီတင်းကျွတ်ကျောင်းပိတ်ရက် ရောက်လာတဲ့အခါမှာတော့ မပြန်ဖြစ် တာကြာပြီဖြစ်တဲ့ မိဘများဆီ အလည် ခဏပြန်သွားတဲ့ ကျောင်းဆရာလေး ခမျာ မိခင်ဆုံးပါးသွားတာကြောင့် ဖခင်အို တစ်ယောက်တည်း ထားခဲ့ဖို့ အခက်တွေ့ရပါတော့တယ်။
ဖခင်ဖြစ်သူ ကလည်း မိခင်ခေါင်းချတဲ့ နေရာကနေ မခွာချင်သလို ရွာက တပည့်တွေရဲ့ ပညာရေးအတွက် ပူပန်တဲ့စိတ်က တစ်ဖက်နဲ့ ဆုံးဖြတ်ရခက်တဲ့အခြေအနေကို ကျောင်းဆရာလေး စောကျော်အေး ဘယ်လိုဖြေရှင်းဖြတ်ကျော်သလဲ ဆိုတာကို ပိတ်ကားပေါ်မှာပဲ ဆက်လက် ကြည့်ရှုလိုက်ရအောင်နော်။
ဒီဇာတ်ကားမှာ ကျောင်းဆရာ စော ကျော်အေးအဖြစ် ရီမြင့်ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေးမှ မိတ်ဆက်ပေးတဲ့ သရုပ်ဆောင်သစ် နောင်နောင်ဖြစ်ပြီး မဟုတ် မခံစိတ်ဓာတ်ရှိပြီး ရိုးသားဖြောင့်မတ်သူ ချက်ကြီးအဖြစ် အကယ်ဒမီ လူမင်း၊ သူ့ ရဲ့ညီမ ရွာခံအပျိုချောအဖြစ် သရုပ်ဆောင် ထားသူကတော့ မယ်လိုဒီ ဖြစ်ပါတယ်။
ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ညွန့်ဝင်း၊ မော့စ်၊ မျိုးသန္တာထွန်းနဲ့ သရုပ်ဆောင်ပေါင်းများစွာ လည်း ပါဝင် ထားကြပါတယ်။ ဒရာမာဇာတ်ကားဖြစ်ပြီး နက်နဲတဲ့ မေတ္တာဖွဲ့ဇာတ်လမ်းလည်း ဖြစ်တာကြောင့် ပရိသတ်လည်း စိတ်ဝင်စားမှုရှိတဲ့ ဒီဇာတ်ကားကို ၂၀၁၂ နိုဝင်ဘာလမှာ ရုံတင်ခဲ့ပါတယ်။
ဒီဇာတ်ကားကို ရိုက်ကူးပုံဖော်ပေး ထားသူကတော့ ဒါရိုက်တာ ထွန်း အောင်ဇော်ဖြစ်ပြီး ဇာတ်လမ်း ပန်းချီ မိုးကြိုး၊ ဇာတ်ညွှန်းကတော့ မြင့်ဆောင်နဲ့ စိုးကျော်ဆန်းတို့ဖြစ်ပါတယ်။
မြတ်ပန်းရှင် (မောက္ခသတင်း)
http://www.maukkha.org/index.php/news-menu/myanmar-educational-news-maukkha/2783-2012-12-30-14-02-23

Sunday, December 30, 2012
ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်စဲဘို့ မင်းကိုနိုင် တိုက်တွန်း
ကချင်ပြည်နယ်မှာစစ်ပွဲတွေရပ်ဖို့  ကိုမင်းကိုနိုင်ကပြောနေပြီ တာပေမယ့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ပါးစပ်ပိတ်နေတုံးပဲ။ အံ့သြစရာကောင်းပါ၏။ အီးယူကပေးတဲ့ ငြိမ်းချမ်းရေးဆုက ဘာအတွက်လည်း.... ငြိမ်းချမ်းရေး ဆိုတဲ့စကားလုံးရဲ့အဓိပါယ်ကို ဘယ်လိုဖွင့်ဆိုကြတာလဲ.....
2012-12-29
ကချင်ပြည်နယ်မှာ စစ်ပွဲတွေအရှိန်မြင့်တက်နေတာဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အပေါ် ပြည်သူတွေယုံကြည်မှုပျက်စေတဲ့အတွက် စစ်ပွဲတွေ ရပ်စဲကြဖို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင်ကျင်းပသည့် လက်ပံတောင်းတောင်နှင့် ချင်းတွင်းအလှ သဘာဝ ကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲတွင် ကိုမင်းကိုနိုင် စကားပြောကြားနေစဉ်။
ပြီးခဲ့တဲ့ရက်တွေမှာ အထက်မြန်မာနိုင်ငံ မြို့ရွာတွေကို စာပေဟောပြောပွဲတွေသွားခဲ့တဲ့ အခါမှာ ကချင်ပြည်နယ်ကစစ်ပွဲနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကို ဒေသခံတွေမေးမြန်း ကြတဲ့အကြောင်းနဲ့ သူ့သဘောထားပြန်လည်ပြောဆိုခဲ့တဲ့အကြောင်း ကိုမင်းကိုနိုင်က RFA ကို ပြောပါတယ်။ KIO ဌာနချုပ်ရှိတဲ့ ကချင်ပြည်နယ်၊လိုင်ဇာမြို့အနားမှာ အစိုးရတပ်တွေ ထိုးစစ်ဆင် နေတဲ့အတွက် ဒေသခံပြည်သူတွေအမြောက်အများထွက်ပြေးနေကြရတယ် ဆိုတဲ့သတင်းတွေ ပေါ်ထွက်နေတာကို ရည်ညွှန်းပြောသွားပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်လဲဖြစ် စာရေးဆရာတစ်ယောက်လဲဖြစ်တဲ့ ကိုမင်းကိုနိုင်ဟာ အခြားစာရေးဆရာတွေနဲ့အတူ ဒီရက်ပိုင်းတွေမှာ နယ်တွေလှည့်ပြီး စာပေဟောပြောတာတွေရှိခဲ့ပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved.

KIA လဂျားယန်ကို မြန်မာလေတပ် ဆက်လက်တိုက်ခိုက်
ကိုသားညွှန့်ဦး
29.12.2012
KIA ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ် လိုင်ဇာနဲ့ မလှမ်းမကမ်း လဂျားယန်မှာ မြန်မာအစိုးရ တပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်တွေ အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး၊ မြန်မာစစ်တပ် ဘက်က လေကြောင်းကနေ တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ မြစ်ကြီးနား ဗန်းမော် လမ်းကြောင်းမှာရှိတဲ့ KIA တပ်တွေကို ဒီဇင်ဘာ ၂၅ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာဖို့ မြန်မာစစ်တပ်ဘက်က KIA ကို ရာဇသံပေးပြီးတဲ့နောက် အခုလို မြန်မာစစ်တပ် ဘက်က လေကြောင်းက တိုက်ခိုက်မှုတွေပါ လုပ်လာတာပါ။ အခြေအနေ အသေးစိတ်ကိုတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ ပြောခွင့်ရသူ ဦးလာနန်ကို ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။
“အခု ဒီမှာ စကားပြောနေတုန်းပဲ၊ လဂျားယန်မှာ ဂျက်ဖိုက်တာ နှစ်စင်းနဲ့ ပစ်နေတာ။ အခု ၅ နာရီ ၂၀ လောက်မှာ စပြီးပစ်တယ်။ အခုလည်း ပစ်နေတုန်းပဲခင်ဗျ။ ဒီနေ့ လဂျားယန်မှာ သုံးကြိမ်မြောက်ပေါ့။ ဒီနေ့ ၁၂ နာရီခွဲမှာ တကြိမ် တစင်း လာပစ်တယ်။ ခဏ ၃ နာရီခွဲမှာ တကြိမ် လာပစ်တယ်၊ အခု ၅ နာရီ ၂၀ မှာ နောက်တကြိမ် လာပစ်တယ်ခင်ဗျ။ ခုထိ ပစ်တုန်းပါ။”
အဲဒါ လဂျားယန် ဒေသမှာပဲလား၊ တခြား ဒေသတွေရော ပစ်တာခတ်တာ ရှိလား။ -
“လဂျားယန်မှာတော့ ဒီနေ့ သုံးကြိမ်ပစ်တယ်။ နောက်ပြီးတော့ ကျန်တဲ့ဟာကတော့ ကံတောင်ယန် နားမှာရှိတဲ့ ဂန်ဒေါင်ဒု ဆိုတဲ့စခန်းမှာ၊ အဲဒီမှာလည်း နှစ်ကြိမ် လာပစ်တယ်။ နောက်ပြီးတော့ နမ့်ဆမ်ယန် အရပ် အနောက်ဘက် ဘန်ဒေါင် ဆိုတဲ့ ကျေးရွာအနီးမှာလည်း လာပစ်တယ်ခင်ဗျ။”
ဒါက လေကြောင်းက တိုက်တာပေါ့နော်။ တခြား မြေပြင် တိုက်ပွဲတွေရော ပြင်းပြင်းထန်ထန် ရှိသေးလားခင်ဗျ။
“မြေပြင် တိုက်ပွဲတွေ ရှိတယ်ခင်ဗျ။ ဒီနေ့ မနက်ကစပြီးတော့ မြေပြင် တိုက်ပွဲဖြစ်တယ်။ သူတို့ဘက်က နည်းနည်း ထိခိုက်မှု များလာတဲ့အခါမှာ ဂျက်လေယာဉ်ပျံနဲ့ ကူပစ်ပေးတာမျိုး လုပ်တယ်ခင်ဗျ။”
မြေပြင် တိုက်ပွဲတွေက ဘယ်ဘက်နားမှာဖြစ်တာလဲ ခင်ဗျ။ -
“ဒီ လဂျားယန်မှာလည်း ဖြစ်တယ်။ ဒီ ဂန်ဒေါင်ဒု ဆိုတဲ့ အရပ်မှာလည်း ပစ်တယ်။ နမ့်ဆမ်ယန် အနောက်ဘက်မှာလည်း မြေပြင် တိုက်ပွဲတွေ ရှိတယ်ခင်ဗျ။”
အခုလေယာဉ်ကနေ ပစ်ခတ်လို့ ကေအိုင်အေ ဘက်ကပဲ ဖြစ်ဖြစ်၊ အရပ်သား ဒုက္ခသည်တွေပဲ ဖြစ်ဖြစ်၊ အပျက်အစီးတွေ ဘယ်လောက်များ ရှိလဲခင်ဗျ။ -
“ဒီနေ့ နေ့လယ်ပိုင်းအထိတော့ ထိခိုက်မှု မရှိဘူး။ အခု နောက်ဆုံး လာပစ်တာတော့ သတင်းမရသေးဘူးခင်ဗျ။”
ဒုက္ခသည်တွေ အခြေအနေရော ဘယ်လိုရှိလဲ။ -
“ဒုက္ခသည်တွေကတော့ ဒီ လေယာဉ်တွေ လာပြီဆိုတော့ သတိ အနေအထားနဲ့ နေကြတယ်။”
အစိုးရ စစ်တပ်ကနေပြီးတော့ ကေအိုင်အို လဂျားယန် ဒေသကနေ ဆုတ်ပေးဖို့ ဆိုပြီး ရာဇသံ ပေးပြီးတဲ့နောက်ပိုင်း ဖြစ်တဲ့သဘော ဆိုတော့ ဒီအပေါ်မှာ တုံ့ပြန်လာတဲ့ သဘောလား။ -
“အဲဒါ ဖြစ်ပါလိမ့်မယ်။ ရာဇသံကို သူတို့ လက်တွေ့ အကောင်အထည် ဖော်တာ ဖြစ်မယ်။ အဓိက ကတော့ ဗဟိုဌာနချုပ်ကို ထိန်းချုပ်နိုင်ဖို့အတွက် အဲဒီနေရာမှာ သူတို့ ရဖို့ အရေးကြီးတယ်။ အဲဒီဒေသမှာ သူတို့ နေရာ ၀င်ယူလိုက်ပြီဆိုရင် ဗဟိုဌာနချုပ်ကို လက်နက်ကြီးနဲ့ ပစ်ဖို့ လက်တကမ်းပဲ လိုတော့တယ်။ အဲဒီလိုဟာမျိုး ထိန်းချုပ်နိုင်အောင် စီမံချက်ပဲ ဖြစ်မယ်လို့ ကျနော် ယူဆတယ်။”
အဲဒီတော့ လဂျားယန်နဲ့ လိုင်ဇာနဲ့က တော်တော်လေး နီးတဲ့သဘောလား။ -
“နီးပါတယ်။ ၅ မိုင် ၆ မိုင်လောက်ပဲ ရှိတယ်ခင်ဗျ။”
တဘက်မှာ ဦးလာနန် တို့အနေနဲ့ ကေအိုင်အေ အနေနဲ့ မြန်မာအစိုးရ အာဏာပိုင်တွေ နဲ့ တရားဝင် တိုက်ရိုက် ဆက်သွယ်ရေး လမ်းကြောင်းတွေရော မရှိဘူးလား။ ဒီကိစ္စ ပြောနိုင် ဆွေးနွေးနိုင်တဲ့ လမ်းကြောင်း။ -
“အဲဒီလိုတော့ မရှိဘူးခင်ဗျ။”
အဲဒီတော့ အစိုးရဘက်ကို တရားဝင်တော့ အကြောင်းမကြားရသေးဘူးပေါ့။ ဒီကိစ္စနဲ့ ပတ်သက်လို့။ -
“ဒီကိစ္စက သူတို့ သိပြီးသားပါ။ သူတို့ရဲ့ စီမံချက် ရှိတဲ့အတိုင်း လုပ်ဆောင်တဲ့ ကိစ္စပါ။ ဒါကြောင့်မိုလို့ ဒီကိစ္စမှာ ကျနော်တို့က ခင်ဗျားတို့ လေယာဉ်နဲ့ လာပစ်ပါတယ် ဆိုပြီးတော့ ပြောစရာလည်း မလိုပါဘူး။ ဒါ သူတို့ပဲ စဉ်းစားပြီးတော့ လုပ်ရမယ့် ကိစ္စတခုပါ။”
ဟိုတလောက လဂျားယန် ဘက်ကနေ ဆုတ်ပေးရမယ်။ မဆုတ်ပေးရင် သူတို့ဘက်က တိုက်မယ်ဆိုတဲ့ ရာဇသံပေးတဲ့နောက်ပိုင်းမှာ ဦးအောင်မင်း ဆီကို ကေအိုင်အေ ကနေပြီးတော့ ကန့်ကွက်စာ ပို့တယ်လို့ ကြားပါတယ်ခင်ဗျ။ အဲဒီအပေါ်မှာရော ဘာများ တုံ့ပြန်တာ ရှိပါလဲ။ -
“သူတို့ဘက်က တုံ့ပြန်ဖို့တော့ မရှိဘူး။ သူတို့ဘက်ကလည်း သူတို့ဆီက စာနဲ့ တုံ့ပြန်တာကို မျှော်လင့်ပြီးမှ ပို့တဲ့စာတော့ မဟုတ်ဘူး။ ဒီ အစိုးရရဲ့ လုပ်ရပ်အပေါ်မှာ မှားယွင်းပါတယ် ဆိုတဲ့ဟာကို ကျနော်တို့ မှတ်တမ်းအနေနဲ့ မှတ်တမ်းတင်နိုင်ဖို့ ဆိုပြီး ကန့်ကွက်ထားတဲ့ စာသဘောပဲ ရှိတယ်ခင်ဗျ။”
ကေအိုင်အေ အနေနဲ့ လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေနဲ့ အလားအလာ တွေနဲ့ ပတ်သက်လို့ရော ဘယ်လိုမြင်ထားလဲ။ အခု အခြေအနေ ဖြစ်လာတယ်ဆိုတော့။ -
“အခု လောလောဆယ် သုံးလေးရက် အတွင်းမှာ သူတို့ရဲ့ စစ်ဆင်မှုကို ကြည့်မယ်ဆိုရင်တော့ ဒီ တွေ့ဆုံ ဆွေးနွေးမှုကတော့ ခက်ခက်ခဲခဲ နဲ့ ပြန်ပြီးတော့ အစဖော်ရမယ့်ပုံစံ လို့ မြင်တယ်။ ဒါပေမဲ့ ဒီပြဿနာတွေ အားလုံးက ဒီလိုမျိုး စစ်ရေးနည်းနဲ့ စစ်အင်အား အလုံးအရင်းနဲ့ လေကြောင်းနဲ့ တိုက်ခိုက်လို့ပဲ ဒီ ပြဿနာတွေဟာ ပြေငြိမ်းနိုင်စရာ အကြောင်း မရှိဘူး။ စားပွဲပေါ်မှာ နိုင်ငံရေး ဆွေးနွေးမှု ဖြစ်ပေါ်လာမှ ဒီကိစ္စတွေက ပြေလည်နိုင်စရာ အကြောင်းရှိတယ်။ ဒါကြောင့်မိုလို့ ကျနော်တို့ အဖွဲ့အစည်းကတော့ ဒီကိစ္စတွေ အားလုံးဟာလည်း ခက်ခက်ခဲခဲ နဲ့ ဖြစ်ပါစေ၊ တွေ့ဆုံ ဆွေးနွေးပြီးမှပဲ အဖြေရှာရမယ့် လုပ်ငန်းလို့ပဲ ကျနော် မှတ်ယူထားတယ်ခင်ဗျ။”
ကေအိုင်အေ နယ်စပ်ဘက်က တရုတ်နိုင်ငံနဲ့ ကပ်နေတဲ့အခါကျတော့ တရုတ် နိုင်ငံ ဘက်ကနေပြီးတော့ အခု ကေအိုင်အေမှာ ဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ သူတို့ဘက်က လှုပ်ရှားမှုရှိလား။ သူတို့ဘက်က ဘယ်လို သဘောထား ရှိလဲ အခြေအနေက။ -
“သူတို့ဘက်က ဒီကိစ္စအပေါ်မှာတော့ တိုက်ရိုက် ပြောဆိုတာတော့ မရှိဘူး။ ဒါပေမဲ့ နယ်စပ်တလျှောက်မှာ သူတို့ စစ်အင်အားတွေ အလုံးအရင်း ချထားတာမျိုး၊ လက်နက်ကြီးစခန်းတွေ နေရာ ချထားတာမျိုးတော့ သူတို့ သတင်းရထားတယ်ခင်ဗျ။”
အဲဒါက ဘာအတွက် ပြင်တာလဲ။ ကေအိုင်အေ ဘက်က ၀င်လာမှာစိုးလို့လား။ တခြား အတွက် ပြင်တာလား။ ဘယ်လို ယူဆရလဲ။ -
“အဲဒီလိုတော့ မဟုတ်ဘူးခင်ဗျ။ သတင်းရတဲ့အတိုင်းပေါ့နော်။ နယ်စပ်ဒေသကို သူတို့ စစ်အင်အား အလုံးအရင်းနဲ့ ထိုးလာတယ်ဆိုတဲ့ဟာမျိုး၊ နောက်ပြီးတော့ ဒီမှာ လေယာဉ်နဲ့ ပစ်ခတ်နေတယ် ဆိုတာကို တရုတ်ဘက်ခြမ်းက ဒီအတိုင်း အတိုင်းသား မြင်နေရတဲ့ကိစ္စတွေ ရှိတယ်။ မနေ့က ပစ်ခတ်မှုမှာ ဆိုရင် လေယာဉ်တစီးဟာ တရုတ်ဘက် မီတာ ၅၀၀၊ ၆၀၀ လောက်ကို နယ်ကျွံသွားတာမျိုး ရှိတယ်။ အဲဒီကိစ္စအပေါ်မှာ သူတို့ သတိအနေအထားနဲ့ လိုအပ်ရင် လိုအပ်သလို တုံ့ပြန်နိုင်ဖို့ ဖြစ်လိမ့်မယ်လို့ ထင်တယ်ခင်ဗျ။”

Saturday, December 29, 2012
What you've Done To Me
ကျနော်တို့ ဘလော့လေးကအလွှာစုံတယ်.. လာလည်သူတေးချစ်သူများအတွက် သီချင်းသစ်တပုဒ်....
သူမဟာ ႀသစေတ်းလ် နိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ X FACTOR သီချင်းပြိုင်ပွဲမှာ 2012 နှစ်ခုနှစ်အတွက် ပထမဆုခူးယူသွားတဲ့ Samantha Jade ဆိုတဲ့ မျက်နှာသစ် အဆိုတော်လေးပါ။
Type the rest of your post here.
သူမဟာ ႀသစေတ်းလ် နိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ X FACTOR သီချင်းပြိုင်ပွဲမှာ 2012 နှစ်ခုနှစ်အတွက် ပထမဆုခူးယူသွားတဲ့ Samantha Jade ဆိုတဲ့ မျက်နှာသစ် အဆိုတော်လေးပါ။
Type the rest of your post here.
ဒေါ်စုနဲ့ တယောသမားများသို့
ဒေါ်စုနဲ့ တယောသမားများသို့
လေနုအေး၊ ဒီဇင်ဘာ ၂၉ ၊ ၂၀၁၂
မြန်မာပြည်ရှိသမျှ အဆိုတော်တွေ အသံဝင်အောင်အော်
ခရိုနီတချို့ပါ အလံဝင်အောင် လှော်ပါမှ
တညလုံး သိန်းတထောင့်ခုနှစ်ရာ
ပညာရေးရံပုံငွေရတယ်။
ကချင်မှာ …
တမနက်ထဲဝဲတဲ့ ဂျက်တိုက်လေယဉ်တစီးရဲ့ဆီဖိုးက အဲလောက်မကပဲလား။
အဲဒီပိုက်ဆံက …
အဲဒီလေယဉ်ပေါ်က ကျဲချလိုက်တဲ့ဒုံကျည်တလုံးဖိုးမှ ရှိရဲ့လား။
မနားတမ်းပစ်နေတဲ့ လက်နက်ကြီးကျည် ငါးလုံးဖိုးမှ ရှိရဲ့လား။
သေသွားတဲ့အသက်တချောင်းရဲ့တန်ဖိုးနဲ့ဆိုရင်ရော ဘယ်လိုလဲ။
ခင်ဗျားတို့စင်ပေါ်မှာ
သီချင်းတွေအော်နေမဲ့အစား …
စစ်ပွဲရပ်ကြပါလို့များ မအော်ချင်ဖူးလား။
ပညာရှိမှ တိုးတက်မယ်ရဲ့အစား …
မငြိမ်းချမ်းရင် ပညာသင်လို့မရဘူးလို့ ပြောကြပါလား။
ကချင်ပြည်ကြီးမီးဟုန်းဟုန်းလောင်နေပါတယ်။
ရန်ကုန်မှာ တယောထိုးတဲ့သူတွေပေါလှတယ်။
(photo – undated, facebook, kachin refugee with a kid preparing for move)
မူရင်း - http://moemaka.com/?p=30619

သမိုင်းတရားခံ ဖြစ်မယ်၊ မဖြစ်ဘူးဆိုတာ ပြည်သူက ဆုံးဖြတ်မှာပါဟု NLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ပြောကြား
"မူ" ဆိုဒါဘာလဲ.. တခါတလေ တော်လှန်ရေးသမားတွေသာမက စာဖတ်ပရိတ်သတ်တွေလည်းပဲ "မူ" ဆိုဒါဘာလည်း ဆိုဒါကိုကောင်းကောင်းသိပုံမရကြပါ။ ဒီသတင်းကိုဖတ်ခြင်းဖြင့် "မူ" ပေါ်မှာရပ်တည်သူ "မူ" ပေါ်မှာ အခြေခံပြီးအလုပ်လုပ်တဲ့သူ ဆိုဒါတွေကို ပိုပြီးထင်သာမြင်သာ သိမြင်နားလည်လာမည်ဟုယုံကြည်ပါသည်။
ဇော်မြင့် | Thursday, 27 December 2012
ရှမ်းပြည်နယ်ရှိ ရှမ်းတိုင်းရင်းသား ပြည်သူတို့အကျိုးအတွက် ရှမ်းတိုင်းရင်းသားပါတီ နှစ်ခုဖြစ်သည့်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် ရှမ်းတိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေး
ပါတီ (SNDP) တို့ ပူးပေါင်းသင့်ပါလျက်နှင့် နှစ်ပါတီ ဖြစ်နေခြင်းအတွက် သမိုင်းတရားခံမှာ SNDP
မဟုတ်တော့ ကြောင်း ၎င်းပါတီ၏ ဒု-ဥက္ကဋ္ဌ ထင်မြင်ချက်အပေါ် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက
၎င်းကဲ့သို့ ထင်မြင်ချက်ပေးခြင်းသည် တစ်ဖက်သတ် ပြောကြားချက်ဖြစ်ကြောင်း တုံ့ပြန်ပြောကြား
ခဲ့သည်။
"သမိုင်းတရားခံဖြစ်မယ်၊ မဖြစ်ဘူးဆိုတာက ဘယ်သူမှ ဆုံးဖြတ်လို့မရပါဘူး။ ပြည်သူလူထုက
ဆုံးဖြတ်မှာပါ။ လုပ်ဖော်ကိုင်ဖက်ပါတီတွေကလည်း ဆုံးဖြတ်ခွင့်ရှိပါတယ်။ သူတို့ ဝေဖန်မှာပါ။
လိုလားတဲ့ပါတီရှိမယ်၊ မလိုလားတဲ့ပါတီ ရှိမယ်။ သူ့မှာ ပြောပိုင်ခွင့်မရှိပါဘူး။ ဒါကတော့ လွန်ကဲ
သွားပြီပေါ့ဗျာ။ မပူးပေါင်းလို့ သမိုင်းမှာ တရားခံဖြစ်မယ်ဆိုရင် လုပ်ခဲ့တာတွေကို ဘယ်လို သုံးသပ်
မလဲ။ ကျွန်တော်တို့ ဒီလောက်ကြိုးပမ်းခဲ့ရတာ၊ ထောင်ထဲ ၀င်ခဲ့ရတာတွေဟာ ကိုယ့်ယုံကြည်ချက်
နဲ့ကိုယ်လုပ်ခဲ့ပြီး ထောင်ထဲဝင်ခဲ့ရတာပဲ။ သူတို့ကျတော့ ဘာလုပ်ခဲ့ကြလို့ ထောင်ထဲဝင်ခဲ့ဖူး လို့လဲ။
အခုလည်း ကျွန်တော်တို့ စမ်းသပ်ခံနိုင်ပါတယ်။ စီးပွားရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့မှာ ဘာမှ
အစွန်းအထင်းမရှိဘူး။ အဲဒါ က ကျွန်တော်တို့ရဲ့မူပါ။ အဲဒီမူနဲ့သွားနေတဲ့အခါကျတော့ ကျွန်တော်တို့
မှာ ဒီလိုချင့်ချင့်ချိန်ချိန် လုပ်နေပါလျက်နဲ့ ကျွန်တော် တို့က သမိုင်းတရားခံဖြစ်မယ်ဆိုရင်တော့
ဒါကတော့ စဉ်းစားကြည့်ပေါ့ဗျာ။ ဒီပြောကြားချက်ကတော့ တစ်ဖက်သတ် ပြောကြား ချက်ပဲ။ ဘာ
အထောက်အထားမှ မရှိတာ။ ဒါကတော့ မပြောသင့်တဲ့အရာပဲ။ သူတို့တွေက စီးပွားရေး အဓိက
လုပ်နေပြီးတော့ တိုင်ကြ၊ တောကြ၊ ပြောကြနဲ့ ဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့ကဘယ်လိုကြောင့်
သမိုင်းတရားခံဖြစ်တော့မှာလဲ။ အခုဆို ကျွန်တော်တို့ဟာ ပထမဆုံးရှမ်းညီလာခံတစ်ခုလည်း
အောင်မြင်အောင် လုပ်ခဲ့ပြီးပြီပဲမဟုတ်လား။
"သိပ်မကြာခင်မှာပဲ ဒုတိယတစ်ခါအနေနဲ့ ဒီလိုညီလာခံမျိုးကို ရှမ်းတစ်ပြည်လုံး ဖိတ်ပြီး လုပ်တော့
မှာပါ။ ကျွန်တော်တို့ဘက်ကသာ ချို့ယွင်းချက်ရှိခဲ့ရင်၊ ကျွန်တော်တို့မှာ မူမရှိခဲ့ရင်၊ အများ ပြည်သူ
ကသာ လက်မခံဘူးဆိုရင် ဒီလိုအောင်မြင်တဲ့ ညီလာခံမျိုး ဘယ်လိုလုပ်ပြီး ခေါ်ယူနိုင်ပါ့မလဲ။ ဒါက
သက်သေပဲလေ။ ကျွန်တော်တို့အနေနဲ့ ကိုယ့်အလုပ်ကို ကိုယ့်ယုံကြည်ချက်နဲ့ လုပ်သွားရုံပါပဲ။
ကိုယ့်ရပ်တည်မှုနဲ့ကိုယ် သွားရုံပဲ ရှိတော့တာပဲ။ ဇန်န၀ါရီ၊ ဖေဖော်ဝါရီဆို တင်ရတော့မယ်။ ငြိမ်းချမ်း
ရေးအတွက် ရှမ်းညီလာခံလုပ်ရတော့မယ်။ ရှမ်းပြည်ကကြီးတယ်။ လက်နက်ကိုင်အဖွဲ့အစည်းက
များတယ်။ ပြည်သူ့စစ်ကလည်းအများကြီး၊ ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့ဟာ အနည်းဆုံး ခြောက်ဖွဲ့၊
ခုနစ်ဖွဲ့ တောင် မကတော့ဘူး။ ဒီလောက် မြားမြောင်လှတဲ့ လက်နက်ကိုင် အဖွဲ့တွေ၊ ပြည်သူ့စစ်
အဖွဲ့တွေကို ပြန်လည်စုစည်းပြီးတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ခိုင်မြဲအောင်၊ တစ်သံတည်းထွက်
အောင် မနည်းပြောယူရမှာ။ လူမျိုးစုပါတီတွေကလည်း အများကြီးပဲ။ ၁၀ ပါတီလောက်ကို ရှိတာ။
အဲဒီသူတွေကိုလည်း ကျွန်တော် တို့က ပြန်စည်းရုံးယူရမှာ။ ဘာတွေပဲဖြစ်နေဖြစ်နေ မူလရည်ရွယ်
ချက်ကတော့ ရပြီးသားငြိမ်းချမ်းရေး မပျက်အောင်၊ ခိုင်မြဲသထက် ခိုင်မြဲအောင် ကျွန်တော်တို့လုပ်ရ
ဦးမှာ"ဟု SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောကြားသည်။
SNLD သည် ၁၉၉၀ ရွေးကောက်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ် ၂၃ နေရာတွင် အနိုင်ရ
ရှိခဲ့သည့်ပါတီ ဖြစ်သည်။
ဦးခွန်ထွန်းဦး ဦးဆောင်သည့် ၎င်းပါတီသည် အမျိုးသားညီလာခံကို ဆန့်ကျင်ကန့်ကွက်ခဲ့သည့်
ပါတီဖြစ်သည်။
ဦးခွန်ထွန်းဦးသည် ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နိုင်ငံတော်ကို ပုန်ကန်မှု၊ အသရေဖျက်မှု အပါ
အ၀င် စွဲချက်များဖြင့် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် နှစ် ၉၀ ကျော် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။
၂၀၁၂ ဇန်န၀ါရီ လ ၁၃ ရက်နေ့တွင် နိုင်ငံတော်အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းကျခံနေ
ရခြင်းမှ ပြန်လည်လွတ်မြောက်လာခဲ့သည်။
ပြန်လည်လွတ်မြောက်လာပြီးနောက်ပြီးခဲ့သည့် စက်တင်ဘာ လတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
အမေရိကန်နိုင်ငံ ကုလသမဂ္ဂ ဌာနချုပ်၌ ကျင်းပသည့် အထွေထွေညီလာခံ၌ သွားရောက်မိန့်ခွန်း
ပြောကြားသည့်ခရီးစဉ်တွင် လိုက်ပါရန် ဖိတ်ခေါ်ခံခဲ့ရသည်။
SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး လွတ်လာအပြီးတွင် ကျားဖြူပါတီ (SNDP) သည် သဘောထား ပျော့
ပျောင်းကြောင်း၊ SNLD နှင့် မူဝါဒချင်း ကွဲပြားကြောင်း၊ မပူးပေါင်းနိုင်ကြောင်း အမေရိကန်၌ ပြော
ကြားခဲ့သည်ဟု SNDP ဒု-ဥက္ကဋ္ဌ ဦးစိုင်းဆောင်ဆီ၏ ပြောကြားခဲ့မှုအပေါ် ဦးခွန်ထွန်းဦးက ယခုလို
ပြန်လည်တုံ့ပြန် ပြောကြားခဲ့သည်။
"ဒါကတော့ သူ ပုဂ္ဂိုလ်ရေးအရ ပြောတဲ့ကိစ္စပေါ့။ သူတို့ကတော့ ကျွန်တော်တို့နဲ့ ပေါင်းချင်နေတာ
ပေါ့လေ။ ပါတီတွေပေါင်းတယ်ဆိုတာကလည်း ကျွန်တော်တို့ ဒါကို မူတစ်ခုအနေနဲ့ထားပါတယ်။
ပါတီတွေပေါင်းတယ်ဆိုတာ ကုမ္ပဏီတွေလို ဦးဖြူ၊ ဦးဝါနဲ့ ဦးပြာ စသူတို့တွေ ငွေတွေစုပြီး ပေါင်းတာ
မျိုးမဟုတ်ဘူးလေ။ ကျွန်တော် တို့ ပါတီထောင်တယ်ဆိုကတည်းက ကျွန်တော်တို့မှာ ပါတီမူ၊ ပါတီ
စည်းကမ်း၊ ရည်ရွယ်ချက်တွေ အားလုံးရှိပြီးသားပါ။ အဓိက ဆိုချင်တာကတော့ ကျွန်တော်တို့ပါတီ
ရဲ့မူနဲ့ ဆန့်ကျင်ရင်တော့ ဘယ်သူပဲဖြစ်ဖြစ် ဟုတ်ရင် ဟုတ်သလို၊ မဟုတ်ရင် မဟုတ်သလို ပြောရ
မှာက ရှိနေတာကိုး။ ကျွန်တော်တို့က သူပြောသလိုမျိုး မပေါင်းချင်ဘူးဆိုတာ မဟုတ်ဘူးဗျ။
အခြေအနေအရ ကျွန်တော်တို့ မပေါင်းခြင်းဖြစ်ပါတယ်။ သူတို့ ဒီမှာလာပြီးတော့ တွေ့တဲ့အခါ
ကျွန်တော်တို့ ဗဟိုကော်မတီဝင်တွေနဲ့လည်း တွေ့တယ်။ သူတို့ လာတုန်းက အားလုံးထင်ထားကြ
သလို ကျွန်တော့ကို ကျားဖြူပါတီထဲ ၀င်လုပ်ဖို့ ဖိတ်တာမဟုတ်ဘူးဗျ။ သူက သိန္နီနယ်မှာ (၂၀၁၂
ကြားဖြတ်ရွေးကောက်ပွဲ အမျိုးသားလွှတ်တော်အတွက်) ၀င်ပြိုင်ပေးဖို့ ကမ်းလှမ်းတာ။
"အဲဒီမှာ ပြောကြရင်းနဲ့ မဖြစ်နိုင်သေးဘူးလို့၊ ကျွန်တော်တို့ ဗဟိုကော်မတီနဲ့လည်း မဆွေးနွေးရသေး
ဘူးလို့ ပြောလိုက်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို လက်မခံလို့ ကျောခိုင်းပြီး ကျွန်တော်တို့ထွက်ခဲ့
တာပဲ။ အဲဒါကြောင့် ကျွန်တော် အပိတ်ခံရ တယ်။ ကျွန်တော် လေ့လာရင်း လေ့လာရင်းနဲ့ တိုင်းရင်း
သားတွေအတွက် ဘာမှ အာမခံချက်မရှိတဲ့ အခြေခံဥပဒေလို့ ယူဆပြီး ကျွန်တော်တို့ ထွက်ခဲ့တာပါ။
အဲဒါက တစ်ချက်ပေါ့ဗျာ။ အဲဒီကိစ္စ ကြောင့်ပဲ ကျွန်တော်တို့ အမျိုးမျိုးစွပ်စွဲခံရပြီးထောင်ကျခဲ့တာပဲ။
"ခွန်ဆာနဲ့ ဆက်သွယ်တယ်၊ ရွက်ဆစ်နဲ့ ဆက်သွယ်တယ်တို့ ဘာတို့နဲ့ အဲဒီအထိ စွပ်စွဲခံခဲ့ရတယ်။
အကယ်၍ အဲဒါ မှန်တယ်ဆိုရင် ကျွန်တော်လွတ်လာပြီး သုံးလေးလလောက်မှာ နိုင်ငံတော်က
ကျွန်တော့ကို ကော်မရှင်တစ်ခုထဲမှာ ထည့်မှာ မဟုတ်ဘူးလေ။
"အဲဒီအချိန်တုန်းက SSGAC လိုခေါ်တဲ့ ရှမ်းပြည်ပူးပေါင်း ဆောင်ရွက်ရေးကော်မတီဖွဲ့ခဲ့တာ ၁၉၉၆
ခုကဖွဲ့ခဲ့တာ။ ဖွဲ့ခဲ့တုန်းက အတွင်းရော အပြင်ရောပေါ့။ ဖွဲ့စဉ်အခါကလည်း ကျွန်တော်တို့ရဲ့ ပင်ကို
အသိ၊ ပင်ကိုအတွေ့အကြုံတွေနဲ့ ဖွဲ့ခဲ့တာပါ။
"အများတကာက ငြိမ်းချမ်းရေးအဖွဲ့ကို ခုတုံးလုပ်ပြီး စီးပွား ရေးလုပ်နေတဲ့အချိန်မှာ ကျွန်တော်တို့
တစ်ပြားတစ်ချပ်မှ အခွင့်အရေးမယူခဲ့ဘူး။ နောင် ပြဿနာရှုပ်မယ်၊ ကင်းကင်းရှင်းရှင်းပဲ နိုင်ငံရေး
အလုပ်ပဲ လုပ်ချင်တယ်။ ခင်ဗျားတို့ကြိုက်ရင် လက်ခံ၊ မကြိုက်ရင်လည်း လာပြော၊ ဆွေးနွေးယူလို့
ရတယ်လို့ ပြောခဲ့တယ်။ ဒါတွေနဲ့ပတ်သက်လာလို့ရှိရင်၊ အကျင့်စာရိတ္တနဲ့ပတ်သက်လာရင်
ကျွန်တော်တို့ SNLD အနေနဲ့ အထိအခိုက်မခံချင်ဘူး။ ဘာ ကြောင့်လဲဆိုရင် ကျွန်တော်တို့သွားရ
မယ့် ခရီးလမ်းကကြမ်းတယ်၊ နောက်ပြီးတော့ ကျွန်တော်တို့က ယုံကြည်ချက်တစ်ခု အနေနဲ့ လုပ်
နေကြတယ်။ ကိုယ်ကျိုးအတွက် မဟုတ်ဘူး။ အဓိကကတော့ ပြည်သူလူထုအတွက် ကျွန်တော်တို့
မူဝါဒက စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ထောင်ချင်တယ်။ ၁၉၉၀ ရွေးကောက်ပွဲ
တုန်းကလည်း ဒီဖက်ဒရယ်မူနဲ့ပဲ တိုက်ပွဲဝင်ခဲ့တာပဲ။ အဲဒီလို မူအတိအကျနဲ့ပြောခဲ့တယ်။ သူတို့
အပေါ်မှာလည်း ဆက်ဆံခဲ့တယ်။
"အဲဒီမူနဲ့ စလာခဲ့တာ အခုထိပါပဲ။ SSA က ကျွန်တော်တို့ကို လက်ခံလာခဲ့တယ်။ နောက်ပြီးတော့
SSUP လည်း ကျွန်တော်တိုရဲ့ ဦးဆောင်မှုကို လက်ခံလာခဲ့တယ်။ အခုဆိုရင်လည်း ရွက်ဆစ်တို့
အဖွဲ့လည်း ကျွန်တော်တို့ရဲ့ ဦးဆောင်မှုကို လက်ခံလာခဲ့တယ်။ ကျွန်တော်တို့ ရှမ်းဖိုရမ်လုပ်တုန်း
ကလည်း ငြိမ်းချမ်းရေးအဖွဲ့ လေးဖွဲ့ ဖိတ်နိုင်ခဲ့တယ်။ ဒါကို ဦးအောင်မင်းလည်း အသိပါပဲ။
"ကျွန်တော်တို့သာ မြဲမြံတဲ့မူ၊ ခိုင်မာတဲ့မူကို မကိုင်ထားခဲ့လို့ ရှိရင် ကျွန်တော်တို့ ပါတီလည်း အချို့
သော အခြားပါတီတွေလို ဖြစ်သွားမှာပဲ။ ကျွန်တော်တို့မှာ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ တစ်
ယောက်မှ မရှိပါဘူး။ မရှိပေမယ့်လည်း (ကြွားတာတော့ မဟုတ်ပါဘူး) ကျွန်တော်တို့ခံယူချက်
ကြောင့် NED ဘွဲ့လည်း ရခဲ့တယ်။ သမ္မတအိုဘားမား ဖိတ်ခဲ့တာ ရှမ်းပါတီနဲ့ ကရင် တစ်ယောက်ပဲ
ရှိခဲ့တာကိုး။ ဆိုလိုတာက ကျွန်တော်တို့သာ မူပေါ် မှာ မရပ်တည်ခဲ့လို့ရှိရင် ကျွန်တော်တို့ ဒီလိုမျိုး
အသိအမှတ်ပြုခံရ မှာမဟုတ်ဘူး။
"သူတို့လာပြီး သိန္နီမှာ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ဖို့ပြောတဲ့ အခါမှာ ကျွန်တော်က မင်းတို့ ငါကို
တော့ သိန္နီမှာ ၀င်ခိုင်းတယ်၊ ကလောမှာကျတော့ စောသာဦးကို ကိုယ်စားလှယ်အနေနဲ့ ပေးထား
တယ်။ ၀င်ခိုင်းထားတယ်။ အဲဒါကိုတော့ လုံးဝသတိထားပါ။ ငါတို့က ဘယ်လိုနည်းနဲ့မှ အသိအမှတ်
မပြုနိုင်ဘူး။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ အမှုအခင်းဖြစ်စဉ်တုန်းက အစိုးရဘက်က သက်သေက
စောသာဦးဖြစ်နေတယ်။ ငါတို့အားလုံး လူရှစ် ယောက်လောက်ကို ကြိုးစင်တင်ပေးလိုက်တာ
စောသာဦးလို့၊ အဲဒါကို မင်းတို့က လက်ခံမယ်ဆိုရင် တို့ဆီ တစ်သက်လုံးမလာ နဲ့လို့ ကျွန်တော်
ဗြောင်ပဲပြောလိုက်တယ်။ အဲဒီလို အခြေအနေ နဲ့တော့ မပေါင်းနိုင်ဘူးလို့။ တခြားလူဆိုရင်တော့
ခံသာတယ်လို့။ ငါတို့ကို ကြိုးစင်တင်ဖို့ လုပ်ခဲ့သူကို မင်းတို့က ကိုယ်စားလှယ် အဖြစ် အရွေးခံခိုင်း
တယ်ဆိုရင်တော့ သိပ်လွန်သွားပြီလို့ ကျွန်တော် ဗြောင်ပဲ ပြောလိုက်တယ်။ ကျွန်တော်တို့က သူတို့
နဲ့ပေါင်းဖို့ဆိုတာ အများကြီးလိုပါသေးတယ်။ နိုင်ငံရေးအနေအထားအရဆိုရင် ၂၀၁၅ ဆိုတာလည်း
ဘယ်လိုဖြစ်လာမလဲမသိဘူး။ ၂၀၁၅ ကို သွားဖို့အတွက် Constitution ကို ပြင်ရမယ်။
"ဒီ Constitution နဲ့ သွားမယ်ဆိုရင် တိုင်းရင်းသားတွေအားလုံးရချင်တဲ့ စစ်မှန်တဲ့ဖက်ဒရယ်မူဆို
တာ မဖြစ်လာနိုင်ဘူးဗျ။ ၂၅ ရာခိုင်နှုန်းလည်း ရှိသေးတယ်။ လုပ်ပိုင်ခွင့်မှာလည်း အကန့်အသတ်
တွေ များနေတယ်။ ဒီ Constitution ကို ပြင်ရမယ်။ ကျွန်တော်တို့အနေနဲ့ အဆုံးကို မသိသေးဘဲနဲ့
ပူးပေါင်းမယ်ဆိုတာ မဖြစ်နိုင်ဘူး။ သူတို့ကလည်း စီးပွားရေးဘက် ဦးတည်ပြီးလုပ်နေတယ်။ စီးပွား
ရေးဟာ နိုင်ငံရေးနဲ့ပတ်သက်လို့ အကယ်၍ မှားခဲ့လို့ရှိရင် အများကြီး သိက္ခာကျနိုင်တယ်။
"ကျွန်တော် အခု လှုပ်ရှားနေတာက အင်အားပြန်စုတယ်၊ တချို့ လူတွေ ပြန်ဝင်လာတယ်။ ရှိတဲ့
အင်အားလေးနဲ့ စည်းရုံးရေးလုပ်တယ်။ နောက်ပြီးတော့ လက်နက်ကိုင်အဖွဲ့ လေးဖွဲ့အနက် သုံးဖွဲ့
လောက်က ကျွန်တော်တို့ကို ထောက်ခံတယ်။ ကျွန်တော်တို့ကို ဦးဆောင်မှုပြုပါလို့ ဆိုထားပါ
တယ်"ဟု ၎င်းကပြောသည်။
ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။

၂၀၀၈ ဖွှဲ့စည်းပုံနဲ့ ဦးပိုင်ကို အသုဘချ (ရုပ်သံ)
သေနတ်မပြောနဲ့  အပ်တိုတချောင်းတောင်မကိုင်တဲ့ နော်အုန်းလှက ပြည်တွင်းမှာအာဏာရှင်အစိုးရကို ဒီလို ထိပ်တိုက် ရဲရဲတောက်ဆန့်ကျင်ရဲတဲ့သတ္တိရှိနေသေးရင် တိုင်းပြည်နဲ့ လူမျိုးအတွက်အလုပ်လုပ်နေပါတယ်ဆိုတဲ့ သေနတ်ကိုင်ထားတဲ့ စောနဲ့ မန်းတွေ ဘာဆေးတွေမိပြီး ငိုင်နေကြဒါလည်း..???.. ကေအိုင်စီသတင်းဌာနနဲ့ နော်အုန်းလှအင်တာဗျူးတစ်ခုမှ သူမ၏အမှာစကားတစ်ခု ကေအဲန်ယူကို အမြဲသတိရစေချင်ပါတယ်။
တကယ်တော့ ပြည်တွင်းပြည်ပကရင်လူမျိုးများနဲ့  မဟာမိတ်များက ကေအဲန်ယူကို လေးစားခဲ့တာဟာ ကေအဲန်ယူရဲ့နိုင်ငံရေးရပ်တည်ချက် မှန်ကန်ခဲ့သောကြောင့်သာဖြစ်တယ်။ အကယ်၍ကေအဲန်ယူရဲ့ နိုင်ငံရေးက ပေါ့ချွတ်ချွတ်ဖြစ်လာရင် မဟာမိတ်တွေမပြောနဲ့ ကိုယ့်ကရင်ပြည်သူတွေကပါ ကေအဲန်ယူကို ထောက်ခံတော့မည်မဟုတ်ဘူးဆိုဒါ အမှတ်ရကြပါ။
Burma VJ

ကြည်းတပ်ကို လေတပ်က အကြိမ်ကြိမ်ပစ်ကူ ပေးနေရ
Written by ရွှေဟင်္သာသတင်းဌာန
Napaw campကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဌာနချုပ်လိုင်ဇာကို ထိုးစစ်ဆင်နေသည့် အစိုးရကြည်းတပ်ဖွဲ့များအား လေတပ် တိုက်လေယာဉ်များက အကြိမ်ကြိမ် ပစ်ကူပေး နေရသည်ဟု KIA ပြောခွင့်ရသူ ဦးလာနန်း က ဆိုပါသည်။
“ဒီလိုဗျ။ အလုံးအရင်းနဲ့ တက်လာတယ်။ သူတို့တပ်တွေကို ပိတ်ပြီး တိုက်တော့ လေကြောင်းအကူ ပေးရတဲ့ သဘော ပါဘဲ။ တိုက်ပွဲဖြစ်တဲ့ နေရာကတော့ မြစ်ကြီးနား - လိုင်ဇာ လမ်းပိုင်းမှာ ဂန်တောင်ယန်မှာ တစ်ပွဲ- ဘန်ဒေါင် -နန်ယာရဲ့ အရှေ့ ဘက် ဂန်ဒေါင်ဒုကျေးရွာ ဘက်မှာဖြစ်တယ်။ တိုက်ပွဲကြီး၂ ပွဲ ပေါ့ဗျာ။ နေ့လည်တစ်နာရီ ကျော်ကျော်မှာဖြစ်တယ်။ သူတို့က တိုက်လေယာဉ်နဲ့ ပစ်ခတ် နေပေမဲ့ ကျနော်တို့ဘက်က ထိခိုက်တာမျိုး မရှိဘူး ခင်ဗျ။” ဟု ဆိုပါသည်။
အစိုးရတပ်များသည် ယမန်နေ့ နေ့လည်တွင် လေတပ်မှ ဗုံးကျဲ ချထားသော နေရာများကို အမြောက်တပ်၏ အကာအကွယ်ဖြင့် ကြည်းတပ်များက နေရာဝင်ယူ ထားပါသည်။ ဤသို့ကြောင့် အမြောက်တပ်မှ ယနေ့အထိ တနေ့လုံး ပစ်ကူ ပေးနေခြင်း ဖြစ်ပါသည်။
KIA သည် ဗန်းမော်- လိုင်ဇာ လမ်းကြောင်းမှ လဂျားယန် နေရာကို ဗုံးကျဲပြီး နေရာဝင်ယူထားသော တပ်ဖွဲ့များအပြင် မြစ်ကြီးနား လိုင်ဇာလမ်းကြောင်းနှင့် စတန်ပါ - လိုင်ဇာ လမ်းကြောင်းများရှိ အစိုးရတပ်များကိုပါ တန်ပြန်တိုက်ခိုက်နေ ခြင်းဖြစ်ပါသည်။ အစိုးရတပ်ဖွဲ့များသည် အထိနာပြီး ရှေ့တိုး၍ မရသဖြင့် လေကြောင်းအကူ ယူရခြင်းဖြစ်သည်ဟု KIA က ယူဆပါသည်။
သို့သော် ယနေ့ ဗုံးကျဲလိုက်သော တိုက်ခိုက်မှုများသည် ယမန်နေ့ကလို ရမ်းရမ်းတန်းတန်း ဗုံးကျဲမှုမျိုး မဟုတ်ဘဲ ထိန်းထိန်းသိမ်းသိမ်းနှင့် ဗုံးကျဲခဲ့ရခြင်း ဖြစ်ဟန်တူ ပါသည်။ အကြောင်းမှာ နှစ်ဖက်တပ်များ နီးကပ်နေသဖြင့် ဗုံးကျဲမှုများ ထိန်းသိမ်းရာမှ ထိရောက်မှု မရှိခဲ့ခြင်း ဖြစ်ဖွယ် ရှိပါသည်။
ဤကဲ့သို့ ထိရောက်မှုမရှိသော အခြေအနေကြောင့် ယမာန်နေ့ကမှ မြစ်ကြီးနားကို ရထားလုံးစင်းဖြင့် ရောက်လာသော အစိုးရတပ်ဖွဲ့ တပ်မ ၁၀၁ မှ စစ်ကူများသည် ယနေ့တွင် ဂန်ဒေါင်ယန်ကို ရောက်ရှိလာခဲ့သည်ဟု KIA က ဆိုပါသည်။
“မနေ့က သူတို့ လေယာဉ်နဲ့ ပစ်ရှင်းခိုင်းထားတယ်။ အဲဒီနေရာမှာ သူတို့ စစ်ကြောင်းတွေ ဝင်လာတယ်။ အလွယ်တကူ ဝင်လာ တာပေါ့ဗျာ။ သူတို့ နေရာယူ ထားပြီး မနေ့ ညနေမှာ စပြီးတော့ မြေပြင်တိုက်ပွဲ စဖြစ်တယ်။ ဒီနေ့မနက်လဲ ဖြစ် တယ်။ ကျနော်တို့ တပ်ဖွဲ့တွေက နောက်ကနေ ဝိုင်ပြီးတော့ ပိတ်ဆို့လိုက်တဲ့ အခါမှာ ဒီလဂျားယန် ဘက်မှာ သူတို့ စစ်ကြောင်းတွေ ပိတ်မိကုန်တယ်။ အဲတာကြောင့် သူတို့ လေယာဉ်နဲ့ နေ့လယ်မှာ တကြိမ် ညနေပိုင်းမှာ တကြိမ် ပြန်လာပစ်ပေးတယ်။” ဟု ဆိုပါသည်။
အစိုးရ၏ အမြောက်တပ် ပစ်ကူများနှင့် လေယာဉ်ဗုံးကျဲမှုများသည် ထိရောက်မှုမရှိသလို ကြည်းတပ်များသည်လည်း တိုက်ခိုက်ရေးစွမ်းရည်ထက် အင်အားအဆမတန် သုံးပြီး ဖိအားပေးသည့် နည်းကို အသုံးပြုနေရသည်ဟု စစ်ရေးအကဲခတ်များက ဆိုပါသည်။ သို့သော် ဖိအားပေးသလောက် မထိရောက်သဖြင့် နောက်ထပ်စစ်ကူများ ပို့ပေးနေရခြင်းဖြစ် ဖွယ်ရှိပါသည်။
ဤသို့ကြောင့် လိုင်ဇာစစ်ဆင်ရေး တခုထဲမှာတင် စစ်အင်အား (၄၀၀၀) နီးပါး အသုံးပြု နေရသည့်အပြင် တိုက် လေ ယာဉ် (၄) စင်းအပါဝင် စစ်ရဟတ်ယာဉ်များနှင့် လက်နက်ကြီးများ အဆမတန် အသုံးပြုနေရခြင်း ဖြစ်ပါသည်။
ထို့အပြင် စိတ်ဓါတ်စစ်ဆင်ရေးအတွက် မြစ်ကြီးနား မြို့နယ်ရှိ ဧရာဝတီ မြစ်ကမ်းတလျှောက်တွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီထိ သွားလာခွင့်မပြုရန် အမိန့်ထုတ်ထားခဲ့ပါသည်။ ဖြတ်သန်းသွားလာသူများကို သေနတ်ဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ထားပြီး ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားမည်ဟု ဆိုပါသည်။
လိုင်ဇာ စစ်ဆင်ရေး၏ အဆုံးအဖြတ်တိုက်ပွဲ စတင်သည့် ဒုတိယမြောက်နေ့သို့ ရောက်ရှိလာပြီး ဖြစ်သော်လည်း အစိုးရ တပ်ဖွဲ့များသည် ရှေ့မတိုးနိုင်သေးဘဲရှိ နေပါသည်။ ဤသို့ကြောင့် အစိုးရသည် လေကြောင်းတိုက်ပွဲကို ပိုမိုတိုးမြှင့် လာ ဖွယ်ရှိသည်ဟု စစ်ရေးအကဲခတ်များက ဆိုပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2565-2012-12-29-13-01-34.html

မဲဆောက်နိုင်ငံရေးဂွင်ပြောင်းပြီလား ????
-ထွန်းအောင်ကျော်
-၂၇.၁၂.၂၀၁၂
မြန်မာနိုင်ငံရေးအပြောင်းအလဲကတော့ အတော်မျက်စိရှုပ်စရာကောင်းနေတယ်။ အံ့တော့မအံ့သြပါဘူး။
အထူးသဖြင့် နယ်စပ်အသွင်ပြောင်းကာလကိုမြင်ရတာ အတော်စိတ်ဝင်စားစရာကောင်းပါတယ်။
၈၈ကထဲက နိုင်ငံရေးလုပ်လာတဲ့သူတွေထဲမှာ နိုင်ငံရေးတခုထဲကို ဇောက်ချလုပ်ရင်း ချမ်းသာသွားတဲ့ သူတွေလက်ချိုး ရေလို့ ရပါတယ်။
ဧရာဝတီ အွန်လိုင်း ၀က်ဆိုက် ပိုင်ရှင် ချင်းမိုင်မှာ ထိုင်းဘတ်သန်းနဲ့ချီတဲ့ပိုင်ဆိုင်မှုများရှိသည်ဟု ထင်ကြေး အပေးခံရသူ အောင်ဇော်
ကိုယ့်ဒူးကိုယ်ချွန်နိုင်ငံရေးမလုပ်ဘဲအလုပ်လုပ်ရင်းကြီးပွါးသွားတဲ့ သူတွေကိုမဆိုလိုပါဘူး။
၈၈ မှာ နိုင်ငံရေး လုပ်ရင်းမဲဆောက်မှာ တိုက်တာ အဆောက်အဦကြီးကိုပိုင်ဆိုင်သွားသူ တယောက်ကတော့ ဆယ်ပြား ကျော်ကျော်လို့ ပြောကြတယ်။ ဆယ်ပြားဘယ်နားကတိုက်ကိုပိုင်တယ် ဆိုတာတော့မသိပါဘူး။
နောက်တယောက် ကတော့ အောင်ဇော်ပါ။
သူတို့နှစ်ယောက်လုံး ကိုယ်ပိုင်ဖိုးဝှီးကားကြီးတွေ တယောက်ကချင်းမိုင်၊ တယောက်က မဲဆောက် နဲ့အတော် အလုပ်ဖြစ်ကြတာ သိရပါတယ်။
အောင်ဇော်ကချင်းမိုင်မှာ ထိုင်းဘတ်သန်းနဲ့ချီတဲ့ အိမ် ဝယ် ထားတယ်လို့ပြောကြတယ်။
အကြားတွေကိုပြောတာပါစုံလဲမစုံစမ်းဘူး၊ လာပြောလို့နားရှိ လို့ကြား နေရ တာ ကိုတင်ပြတာပါ။
ဟုတ်မဟုတ်ကာယကံရှင်တွေအဲဒီမှာနေတဲ့သူတွေသာသိမှာပါ၊
တခါကကော်နယ်တက္ကသိုလ် စာကြည့်တိုက်မှူးက ကျွန်တော့ကို ဧရာဝတီဟာ စီအိုင်အေ အထောက်အပံ့နဲ့လို့ပြောဘူးလို့ မဟုတ်နိုင်ဘူး ထင်တယ်လို့ပြန်ပြောခဲ့ မိဘူးတယ်။
တကယ်တော့ ဆယ်ပြားဟာ အန်အီးဒီကနေ တဆင့် ပိုက်ဆံတွေရနေတာပါ။ အန်အီးဒီဆိုတာကတော့ National Endownment for Democracy ပါ။
သူတို့ က ဆယ်ပြား ဦးစီးနေတဲ့ PDC ကို ရံပုံငွေထောက်ပံ့ပါတယ်။
ဒီငွေက မြန်မာပြည်ဒီမိုကရေစီရရှိဖို့ အတွက်အ ထောက်အပံအကူညီပါ။
အမေရိကန် နိင်ငံသားတွေရဲ့ အခွန် ငွေနဲ့ထောက်ပံထားတဲ့ငွေတွေပါ။
မြန်မာပြည်မှာဘယ်လောက်ဒီမိုကရေစီရလာသလဲ ၊ လူအခွင့်အရေးတွေ ရလာသလဲဆိုတာက ဘယ်နေမှန်းမသိသေးပါဘူး။
ဆယ်ပြား တို့ ကတော့ သန်းနဲ့ချီ ချမ်းသာ နေပါပြီ။
မြန်မာပြည်ဒီမိုကရေစီရရှိ ဖို့ အမေရိကန် က ထောက်ပံငွေတွေ အပေါ် မှာအလွဲသုံးစားမှုတွေကြောင့် အမေရိကန်ကလဲ တော်တော်ကို စိတ်ပျက်နေပါတယ်။
နယ်စပ်မှာတကယ်တိုက်နေတဲ့ အေဘီရဲဘော် တွေနဲ့တခြားရဲဘော်တွေကလဲ စိတ်ပျက်နေကြတဲ့အဖွဲ့ တွေပါ။
ကျော်ကျော်ဦးစီးတဲ့ပီဒီစီတို့  နိင်အောင်ဦးစီးတဲ့ အန်ဒီဒီတို့ဟာ နယ်စပ်မှာငွေကိုရေလို သုံးနေကြတာလူတိုင်းအသိပါ။
လခ မယူပဲ သူတို့ ဘာကြောင့် ဒီလောက်ချမ်းသာလာကြပါသလဲ။
မြောက်ပိုင်း သတ်ဖြတ်မှုမှာ နိင်ငံအောင်ဥက္ကဌဖြစ်ချိန်မှာ ကျော်ကျော်ဟာ ဒုဥက္ကဌ တာဝန်ယူထားခဲ့တဲ့တယ်လို့သိရပါတယ်။
ဒုဥက္ကဌတယောက်ဖြစ်ခဲ့တဲ့ကျော်ကျော်အနေနဲ့လဲမြောက်ပိုင်းကိစ္စမှာပါဝင်ဖြေရှင်းပေးသင့်တယ်၊ ဘာမှမဆိုင်သလိုမနေသင့်ဘူး
အခုဆယ်ပြားရဲ့မင်္ဂလာဆောင်ကို ၈၈က ကိုကိုကြီး နဲ့ ပြုံးချိုတို့က လေကြောင်းနဲ့ ဘန်ကောက် ကနေလာတက် ရောက်ပြီး၊ အံ့ဘွယ်ကျော်နဲ့သက်ဇော် (ဇောက်ထိုး)တို့ကကုန်းလမ်းကနေ မြဝတီမှတဆင့် တကူးတကလာ ရောက် ပြီး ဆယ်ပြားရဲ့ ခန်းနားတဲ့မင်္ဂလာဆောင် ကျင်းပရာ ဝါတာနာ ဗီးလေ့ချ (Watana Village) ဟော် တယ် ကြီးမှာ လာရောက်ားပေးကြတယ်ဆိုတာ သိရတော့ ဆယ်ပြားနဲ့၈၈မျိုးဆက်တို့ကြားမှာ အတော်ရင်းနှီးတဲ့ ဆက်ဆံမှုတွေ အပေးအယူမှုတွေရှိမယ် ဆိုတာခန့်မှန်းနိုင်ခဲ့ပါတယ်။
တခုထူးဆန်းတာကနိုင်အောင်နဲ့ခင်ဥမ္မာတို့မြန်မာပြည်တွင်းကို သွားခဲ့ပေမဲ့ ဆယ်ပြားကျော်ကျော်က မသွားဘဲ သူ့ကိုသာ ၈၈ခေါင်းဆောင်တွေက တကူးတကလာ တွေ့ပြီး နှုတိဆက်ရတာ တွေ့ရတော့ဆယ်ပြားဟာ ၈၈တွေကို အတော်လွှမ်းမိုးထားနိုင်၊ ပေးကမ်းထား နိုင်တယ်လို့ခန့်မှန်းမိတယ်။
ခင်ဥမ္မာကလဲ၈၈တွေကိုပေးခဲ့ကမ်း ခဲ့တာ ဘဲမဟုတ်လား၊
ဒါပေမဲ့ခင်ဥမ္မာက မကဒလူဖြစ်ပြီး ကိုကိုကြီးက ဗကသလူဖြစ်တာတော့ လူတိုင်းသိတယ်။
ဆယ်ပြား မင်္ဂလာဆောင်ကိုနိုင်အောင်နဲ့ခင်ဥမ္မာတို့လင်မယားလဲ လာတယ်လို့သိရတယ်။
နိုင်ငံရေးမှာအမြဲမိတ်ဆွေအမြဲရန်သူဆိုတာမရှိဘူးဆိုတာဒါကိုပြောတာထင်ပါရဲ့။
နောက်ကိုနေမျိုးဇင်တိုရဲ့မြန်မာ့လူမှုဘဝတိုးတက်ဖွံ့ဖြိုးရေးကွန်ယက် နဲ့ ကိုရဲလွင်တို့ရဲ့လွတ်လပ်ငြိမ်းချမ်း ပန်းခင်း လမ်း အဖွဲ့တွေပေါင်းပြီး ဒီကေဘီအေ နယ်မြေမှာ ကျင်းပတဲ့ စတိတ်ရှိုးကို တက်ရောက်ကြတယ် ။
အဲဒီကနေမြဝတီကို သွားပြီးထိုမှတဆင့် မဲဆောက်ကနိုင်ငံရေး အင်အားစုတွေနဲ့တွေကြတာ ဓါတ်ပုံတွေမှာ တွေ့ရတော့ မဲဆောက်နိုင်ငံ ရေး ဂွင်ပြောင်းနေပြီ လားလို့တွေးမိတယ်။
ပိတ်ပင်တားစီးမှုမရှိ ဘဲလွတ်လပ်စွာသွားလာကူးလူး ဆက်ဆံမှုတွေရှိနေ ပြီလား၊
ဒါဟာယာယီလား၊ တကယ်ပွင့်လင်းနေပြီလား စောင့်ကြည့်ရမည်။
တကယ်ပွင့်လင်းလာပြီ၊ ရန်ကုန်နဲ့မဲဆောက်၊ မန္တလေးနဲ့ချင်းမိုင်တိုက်ရိုက် သွားလို့ရပြီး တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းနိုင်ငံရေး အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးခွင့်တွေ ပိုပြီးပွင့်လင်း လာခဲ့ရင် တော့ အောက်ခြေ အဆင့်စားပွဲဝိုင်း ဆွေးနွေးပွဲတွေဖြစ်လာနိုင်ပါလိမ့်မယ်။
အဲဒီလိုဖြစ်လာမယ်ဆိုရင်ကြိုဆိုရမှာပါ၊
ဒီလိုမဟုတ်ဘဲနိုင်ငံရေးဂွင်ပြောင်းပြီးဒီမိုကရေစီရေးကို ဘန်းပြပြီးနိုင်ငံခြား ထောက်ပံ့ငွေတွေ ဆက်လက်ရရှိရေး အတွက်ကြိုးစားမှုတွေဆိုရင်တော့ ဒီလို မရိုးသားမှုတွေကို ဆက်လက် ဖ်ါထုတ်သွားရမှာ အားလုံးမှာ တာဝန်ရှိတယ်လို့ဆိုချင်တယ်။
ထွန်းအောင်ကျော်
ဟစ်တိုင်သတင်းစာမျက်နှာမှကူးယူသည်။ http://www.hittai.org/?show=rm&fileid=147&t=home7&id=7

လက်ပစ်ကူးမလား အနစ်ခံမလား
M. ထက်ခေါင်
(၁)
ကရင်သတင်းစဉ်အယ်ဒီတာနှင့် အွန်လိုင်း ဂျီမေးလ်ချတ်မှာ စာအပြန်အလှန်ရိုက်ရင်း အသံတိတ် စကားပြောဆိုခဲ့ရာတွင် ယခု လ ဆောင်းပါး ၌ ဒေါ်အောင် ဆန်းစုကြည်ကို ဝေဖန်ထောက်ပြသည့် အကြောင်း အချက် များနှင့် တိုင်းရင်းသား ပြည်သူလူ ထုများ လက်ငင်းကြုံတွေ့နေ ရသည့် အခြေအနေ အပေါ် ကေ အဲန်ယူမှ တာဝန်ရှိ ပုဂ္ဂိုလ်များကို အကြံပြု တိုက်တွန်းမှု များ ပါရှိမည့်အ ကြောင်း ကျနော်ရေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို သဘောမကျသည်မှာ သူမ အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် လူထုဟောပြောပွဲ လုပ်ရာ တွင် သူ့အိမ်ပေါက်ဝကို စောင့်ကြပ်ပေးသည့် လုံခြုံရေးတာဝန်ခံ စစ်သားများကိုပါ ကျေးဇူးတင်ကြောင်း ပြောရာမှ စသည်။ ဂျွန်ယက်တော အင်းယားကန်ကို ကူးဖြတ်ပြီး ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲ ၀င်သည့်ကိစ္စတွင် အိမ်ဝန်းကျင်ကို လုံခြုံရေး ယူပေးနေသော စစ်တပ်၏ အခန်းကဏ္ဍလည်း မလွဲမရှောင်သာ ပါရှိနေမည်ဖြစ်ကြောင်း ထိုနှစ် ထိုလထုတ် ကရင်သတင်းစဉ်၌ ကျနော် ရေးခဲ့သည်။ နောက်ပိုင်းတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အားနည်းလစ်ဟာချက်များ၊ နည်းလမ်းမကျသော ပြော ဆိုပြုမူမှုများကို ကြုံလျှင်ကြုံသလို ကျနော်ထောက်ပြခဲ့သည်။ ရှေးယခင် က ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့ဖူးသော စကား များကို သူမကိုယ်တိုင် ပြန်၍ မှတ်မိလာစေရန်နှင့် လူထုဘက်က ခိုင်မာပြတ်သားစွာ ရပ်တည်နိုင်ရန်အတွက်လည်း အခွင့်သင့် သလို ကျနော် ဖော်ပြခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အရည်အချင်း အတိမ်အနက်ကို ကောင်းစွာ လေ့လာသိမြင်မှုမရှိဘဲ သူမ လုပ်သမျှ မျက်စေ့မှိတ် ထောက်ခံတတ်သူအချို့နှင့် ရန်သူ့ဒလံများထံမှ ပုတ်ခတ်ဝေဖန်မှု အချို့တက်လာကြသည်ကို ကျနော်အရေးမထား။
ပြီးခဲ့သည့်လ ဆောင်းပါးမှာတော့ ဗမာ မြန်မာကိစ္စ အငြင်းပွားနေမှုများနှင့်ပတ်သက်၍ ဗမာနိုင်ငံကို အင်္ဂလိပ်လို ဘားမားဟုသာ ဆက်၍ ခေါ်မည်။ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဖို့ ကြိုးစားမည်။ လက်ပံတောင်းတောင်ဒေသခံလူထုကို သွားရောက်တွေ့ဆုံမည် စသဖြင့် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သည့်အပေါ် စစ်အုပ်စုအကြိုက် မဟုတ်ပဲ လူထုဘက်က ရပ်တည်ပြောဆိုလာသည့်အ တွက် နွေးထွေးစွာ ကြိုဆိုရမည်ဖြစ်ကြောင်း ကျနော် ရေးခဲ့သည်။ ထိုဆောင်းပါးကို ၀က်ဘ်ဆိုက်၌ မဖော်ပြရသေးမီမှာပင် လက်ပံတောင်းတောင် သပိတ်စခန်းများမှ ဆန္ဒပြသံဃာတော်များနှင့် ကျေးရွာလူထုကို စစ်အုပ်စု လက်ပါးစေများက မီးလောင်ဗုံးများသုံး၍ အကြမ်းဘက် ဖြိုခွဲလိုက်သည့်ကိစ္စနှင့် နောက်တနေ့ ဒေါ်အောင်ဆန်းစုကြည် ထိုဒေသသို့ ရောက်ရှိပြီး လူထုကို ဟောပြောရာတွင် လူထုဘက်က ရပ်တည်နိုင်မှု မရှိသည့် အပြောအဆို အမူအယာများကို တွေ့လာရသည့်အခါမှာ တော့ ပြီးခဲ့သည့်လက သူမအား နွေးထွေးစွာ ကြိုဆိုခဲ့သည့်ကိစ္စကို ဘေးချိတ်ကာ လက်ရှိအခြေအနေများနှင့်ပတ်သက်၍ နွေးထွေးစွာပင် ဝေဖန်ထောက်ပြသည့် ဆောင်းပါးကို ရေးရတော့မည်ဖြစ်သဖြင့် အယ်ဒီတာအား ကြိုတင် စကားဦး သန်းခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် ယခုလအစောပိုင်းမှာပင် လက်ပံတောင်းတောင်ကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား လူထုဘက်က ရပ်တည်နိုင်ရေး တိုက်တွန်းသည့် ဆောင်းပါးအချို့နှင့် သူမ ဦးဆောင်သော စုံစမ်းရေးကော်မရှင်အပေါ် ဝေဖန်ထောက်ပြကြ သော ဆောင်းပါးအချို့ ပေါ်ထွက်လာခဲ့သလို၊ မကြာသေးမီ ရက်များအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု အား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဖန်သုံးသပ်ခြင်းဆိုသည့် ဆောင်းပါးတွဲတခု ထွက်ပေါ်လာခဲ့ပြန် ရာ ဒေါ်အောင်ဆန်းစုကြည်၏ ချွတ်ယွင်းချက် များကို ထောက်ပြဝေဖန်အကြံပြုကြသည့် ဆောင်းပါးတွေများလွန်းပြီး ဟုန်သွားနိုင် သည့်အတွက် ရေး ထားပြီးဖြစ်သော ဒေါ်အောင် ဆန်းစုကြည်အပေါ် ဝေဖန်ချက် စာမူကြမ်းကို ကျနော်ပြန်၍ ဖြုတ်ပစ်ခဲ့သည်။ ဆောင်းပါးအများစုမှာ ကျနော်တင်ပြလိုသော အကြောင်းအရာအချို့ ပါရှိနေပြီးဖြစ်သည့်အပြင် အချို့ဆောင်းပါးများမှာ အချက် အလက် ပိုမိုပြည့်စုံသောကြောင့်လည်း ကျနော့်စာတွေကို ပြန်ဖြုတ်ခဲ့ခြင်း ဖြစ်သည်။
အများပြည်သူလူထု၏အကျိုးနှင့် တတိုင်းတပြည်လုံး ကျွန်အဖြစ် နွံနစ်ကြရမည့် အဖြစ်ဆိုးများမှ ကယ်တင်နိုင်ရေး ဒေါ်အောင် ဆန်းစုကြည်အပေါ် စေတနာရှေ့ထား၍ လမ်းကြောင်းမှန်သို့ ရောက်အောင် တည့်မတ်ပေးသော ပုဂ္ဂိုလ်များ ယခင်ထက်ပိုမို ပေါ်ထွက် လာကြပြီ ဖြစ်သောကြောင့် မလွဲမရှောင်သာလွန်း၊ မပြောမဖြစ်လွန်းသည့် အခါကျမှသာ ပြည်သူ့အကျိုးကို မျှော်ကိုး လျက် ၀င်ရောက် နှိုးဆော်ရမည် ဖြစ်သည်။ ၁၅ ကြိမ်မြောက်ကွန်ကရက်မှ ခေါင်းဆောင်သစ်များ ရွေးကောက်ပြီးစီးခဲ့သည့် ကေအဲန်ယူနှင့် ပတ်သက်၍လည်း သီးခြားအကြံပြုတော့မည် မဟုတ်ပဲ တော်လှန်သော အဖွဲ့အစည်းများအားလုံးအပေါ် ခြုံငုံ တိုက်တွန်းမှုများကိုသာ တင်ပြသွားမည် ဖြစ်သည်။
(၂)
ကေအဲန်ယူ ဒူးပလာယာခရိုင် ၁၉၉၇ခုနှစ်တုန်းက အဘယ့်ကြောင့် လက်လွတ်ကျရှုံးခဲ့ရသနည်း။ ကိုယ့်အချင်းချင်းထဲ စည်းလုံးမှု မရှိခဲ့၍ ဖြစ်၏။ ရန်သူကို သွေးပူအောင်ပင် မတိုက်ခိုက်ပဲ ရှောင်ခဲ့ကြ၍ ဖြစ်၏။ တကယ်တမ်းသာ တိုက်ခိုက်ပစ်ခတ်မည်ဆိုလျှင် ရန်သူ မခံနိုင်။ ရန်သူကို မတိုက်ပဲ ရန်သူ့ထံသွား၍ ဒူးထောက် အညံ့ခံသူတွေ၊ သွေဖည်လမ်းလွဲသူတွေ ပေါ်ပေါက်လာခဲ့သည့် နောက်တွင် (မိမိ၏ ညီနောင်ရင်းချာ ဒီကေဘီအေကြောင့် မာနယ်ပလောကို လက်လွှတ်ခဲ့ရသည့် ပုံစံအတိုင်း) စိတ်ဓာတ်ပျက် ပြားကာ မိမိတို့နယ်မြေကို ရက်အနည်းငယ်အတွင်းမှာပင် လက်လွှတ်ခဲ့ခြင်းသာ ဖြစ်လေသည်။
မိမိတို့ အချင်းချင်း စည်းလုံးညီညွှတ်နေကြသည့် အချိန်များ၌ ရန်သူသည် ဘယ်သောအခါကမျှ စစ်ရေးအရ အသာစီး မရနိုင်ခဲ့။ ရပ်ရွာလူထုတွေကိုပါ ပေါ်တာများအဖြစ် ခိုင်းစေကာ ဟိတ်နှင့်ဟန်နှင့် အလုံးအရင်းနှင့် တက်လာကြသော်လည်း ပြောက်ကျား တို့၏ အမှည့်ချွေ ချွေခြင်း ခံရကာ ၎င်းတို့ ရည်မှန်းချက်သို့ ရောက်ရှိပြီးနောက်ပိုင်းတွင်လည်း အမြဲတမ်းလိုလိုပင် သေကြေဒဏ် ရာများစွာဖြင့် အလဲလဲအကွဲကွဲ ဆုတ်ပြေးခဲ့ကြရသည်ချည်း ဖြစ်သည်။
တကယ်တမ်းသာ သွေးစည်းညီညွှတ်မှု ရှိထားမည်ဆိုလျှင် ရန်သူသည် နယ်ခံတော်လှန်ရေး အဖွဲ့အစည်းများကို မည်သည့်အခါ မျှ မောင်းထုတ်နိုင်မည် မဟုတ်။ လူထုအပေါ်တွင်လည်း အနိုင်ကျင့် စော်ကားရဲမည် မဟုတ်။
တတိုင်းပြည်လုံး၏ ရန်သူကို လူထုက ခုချိန်ထိ ဘာ့ကြောင့် အောင်ပွဲမခံနိုင်ရသလဲဆိုသည့် အမေးပုစ္ဆာနှင့် ပတ်သက်၍ ပုဂ္ဂိုလ် တယောက် သုံးသပ်သွားပုံမှာ တွေးဆဆင်ခြင်ဖွယ် ကောင်းသည်။
လူထုအတွင်း နိုးကြားတက်ကြွသူများ ရှိလာသော်လည်း ရန်သူ၏ သပ်လျှိုသွေးခွဲထားမှုအပေါ် တဦးနှင့် တဦး သံသယများ ရှိနေ သေး၍လည်းကောင်း၊ မိမိတို့အချင်းချင်း ညီညွှတ်မှု မရှိကြသောကြောင့်လည်းကောင်း၊ ကိုယ်ကျိုးငဲ့ တဒင်္ဂပြေလည်ရေး ထွက် ပေါက်ရှာကြသူတွေများသောကြောင့်လည်းကောင်း၊ ရရှိလာသော စီးပွားဥစ္စာနေရာဌာနအပေါ် ခင်တွယ်သာယာနေသော ကြောင့်လည်းကောင်း၊ ဖိနှိပ်ခံရသည့် အခြေအနေမှ ရုန်းထွက်သည့်အခါ မအောင်မြင်ပါက သည့်ထက်ပိုဆိုးမည့်ဘ၀ ရောက် သွားမည်ကို စိုးရိမ်၍လည်းကောင်း၊ တော်လှန်ပြီးသည့်နောက် ခေါင်းဆောင် ဘယ်သူ ဆက်တက်မလဲဆိုသည်ကို မဆုံးဖြတ် နိုင်၍လည်းကောင်း၊ တဗိုလ်ကျတဗိုလ်တက် မလုပ်နိုင်၍လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ မပြတ်သားသော ရှေ့ဆောင် မှုကို ယုံကြည်ခြင်း မရှိသော်လည်း ဟုတ်နိုးနိုးဖြင့် စောင့်ကြည့်နေရသောကြောင့်လည်းကောင်း၊ လက်နက်ကိုင် တိုက်မည်ဆိုပါ က ရန်သူ့တပ် အတော်များများပါ လူထုဘက်ကို ပါလာကြမည်ဖြစ်သည့်တိုင် လက်နက်ကိုင်များ ကြီးစိုးပြီး တဗိုလ်တမင်းများ ပေါ်လာကာ တိုင်းပြည် ပို၍နာသွားမည်ကို စိုးရိမ်သောကြောင့်လည်းကောင်း စစ်အုပ်စုအား အပြုတ်နှံရေး နှောင့်နှေးနေကြခြင်း ဖြစ်သည်ဟု ဆို၏။
တကယ်တော့ တဦးပေါ်တဦး သံသယရှိခြင်း၊ မညီညွတ်ခြင်း၊ နေရာဌာန ဥစ္စာပစ္စည်းအပေါ် မက်မောတွယ်တာ ကိုယ်ကျိုးရှာ ခြင်းများမှာ အဖိနှိပ်ခံဘ၀မှ ရုန်းထွက်နိုင်ရေး ရန်သူနှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်လာရသည့်အခါ၌ လွင့်စင်ကွယ်ပျောက် သွားကြ မည်ဖြစ်ပြီး အဖိနှိပ်ခံ အချင်းချင်း စည်းလုံးညီညွှတ်မှုဖြင့် ဘုံရန်သူကို ဦးတည် တိုက်ခိုက်နိုင်ကြမည် ဖြစ်သည်။ တော်လှန်ပြီး သည့်နောက် ခေါင်းဆောင် မည်သူဖြစ်လာမည်နည်း ဆိုသည်တော့ လူထုတော်လှန်ရေးကြီးကပင် ဆုံးဖြတ်သွားလိမ့်မည်ဖြစ်သ လို လက်နက်ကိုင်များကြီးစိုးပြီး တဗိုလ်တမင်းများ ပေါ်လာမည့်ကိစ္စကိုလည်း စဉ်းစားဆင်ခြင်တတ်သော လူထုခေါင်းဆောင် များက ကိုင်တွယ် ထိန်းကွပ်သွားနိုင်မည် ဖြစ်သည်။
ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ မုံရွာ၊ ပခုက္ကူ၊ ပြည်၊ ကလေး၊ စစ်တွေ၊ စသည့်မြို့များ၌ လက်ပံတောင်းတောင်အရေး ဆန္ဒပြ သံဃာ တော်များအား အကြမ်းဖက် ဖြိုခွဲသည့်ကိစ္စနှင့် ပတ်သက်၍ ဗမာပြည်တ၀ှမ်းမှ သံဃာတော်များ၏ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆို သည့်အသံများ၊ ရွှေလုပ်သား၊ စက်ရုံလုပ်သား၊ မြေယာ အိုးအိမ် ကျူးကျော် သိမ်းယူခံရသူတို့၏ အသံများမှာ အကြောင်းကြောင်း သော အကြောင်းကြောင်းတို့ဖြင့် ယခုအချိန်၌ အနည်းငယ် ငြိမ်သက်သွားခဲ့သော်လည်း လုံးဝ အရှိန်သေ ပြီးပြတ်ပြေငြိမ်းသွား ခြင်း မရှိသော တအုံနွေးနွေး မီးခဲသည် လများမကြာမီပင် ထတောက်ပေလိမ့်ဦးမည်။
လူထုအရေး ကြိုးပမ်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှာ လူထုနှင့်အတူ ရုန်းကြရမည် ဖြစ်၏။ လူထု အုံကြွမှုကြီးအတွင်း အဖွဲ့အစည်းများအနေဖြင့် ပီပြင်စွာ ပါဝင်နိုင်ဖို့ လိုအပ်သည်။ စစ်အုပ်စု၏ ဘက်တော်သား မဖြစ်စေပဲ လူထုဘက်သား တော်လှန် ရေးသမား ပီသစွာ ဆောင်ရွက်ကြရမည် ဖြစ်သည်။
လူထုဘက်က မရပ်တည်နိုင်သူ၊ စစ်အုပ်စုနှင့် ပူးပေါင်း၍ လူထုကို သိက္ခာမဲ့သော အရှုံးပေး အညံ့ခံရေး လမ်းကြောင်းတွင်းသို့ တွန်းပို့သူ၊ ခေါင်းဆောင်မပီသသူတို့၏ လမ်းညွှန်မှုကိုမူ လူထုအနေဖြင့် ယုံကြည်နိုင်လိမ့်မည် မဟုတ်ချေ။
(၃)
ပြီးခဲ့သော နှစ်အတန်ကြာမှစ၍ ကျနော်ရေးခဲ့သော ဆောင်းပါးများတွင် စစ်မက်ဖြစ်ပွားမှုကို လိုလားသော စစ်သွေးကြွ အရေးအ သားများသာ ဖုံးလွှမ်းနေသည်ဟု မိတ်ဆွေအချို့က ဆိုသည်။
စစ်သွေးကြွဆိုသည်မှာ တိုက်လိုခိုက်လိုစိတ် ပြင်းထန်သူများ၊ သူတပါးအပေါ် ကျူးကျော်စော်ကားလိုသူများ၊ အင်အားသုံး အကြမ်းဖက်လိုသူများကို ခေါ်ဆိုခြင်း ဖြစ်သည်။ ကျနော့်မှာ ထိုကဲ့သို့သော သဘောထား မရှိ။ ကျူးကျော်စော်ကားသူများကို ပြန်လည်တွန်းလှန်လိုသည့် သဘောထားသာ ရှိသည်။ ပြေလည် အေးချမ်းစေရေး ညှိနှိုင်းဆောင်ရွက်မှု၊ မေတ္တာရပ်ခံ တောင်း ပန်မှုများကို လျစ်လျူရှု ငြင်းပယ်ကာ အတင်းအဓမ္မ နိုင်ထက်စီးနင်း နှိပ်စက်သတ်ဖြတ်လိုကြသူများကို ဘာတခုမျှ ပြန်မလုပ်ပဲ သူတို့ပြုသမျှ နုကြရမည်လား၊ ပြန်လည်တွန်းလှန်တိုက်ခိုက်ရမည်လား ဆိုသည်ကို အသိဉာဏ်ရှိသူတိုင်း စဉ်းစားတတ်ကြမည် ဖြစ်၏။
ကချင်ပြည်နယ် ကေအိုင်အို ဌာနချုပ်ကို သိမ်းပိုက်ရန် ထိုးစစ်ဆင်လာသော စစ်အုပ်စုတပ်များအား လဂျားယန်တွင် ဦးချိုးနှိပ် ကွပ်ပစ်လိုက်သည့် သတင်းကို ကြားရသည်မှာ ကျက်သရေမင်္ဂလာအပေါင်း ခညောင်းနေလေသည်။ စစ်အုပ်စု၏ အမိန့်ပေးရာ နောက် အစဉ်းစားအဆင်ခြင်မဲ့စွာ လိုက်ပါလုပ်ဆောင်ကြသော လက်ကိုင်တုတ်တပ်များ၏ သေကြေဒဏ်ရာရခြင်းများကို လူလူ ချင်း စာနာထောက်ထားတတ်သူများ၊ တိုင်းပြည်ကောင်းကျိုး စေတနာထား ဆောင်ရွက်တတ်သူများအနေဖြင့် ၀မ်းပမ်းတသာ ဖြစ်ကြလိမ့်မည် မဟုတ်သော်လည်း တိုင်းရင်းသားပြည်သူလူထုအပေါ် ညှာတာထောက်ထားမှုမရှိသည့် စစ်အုပ်စု၏ လုပ်ရပ်များ ကို ကြုံတွေ့ကြားသိကြရသူတို့ အနေဖြင့်မူ ၎င်းတို့၏ ကျရှုံးဆုတ်ခွာပြေးရှောင်ရမှုများအပေါ် မည်သည့်နည်းနှင့်မျှ ၀မ်းနည်းပက် လက် ဖြစ်ကြလိမ့်မည် မဟုတ်ချေ။ လက်နက်ကိုင် တော်လှန်တိုက်ခိုက်သူများကို မယှဉ်သာတိုင်း လက်နက်မဲ့ လူထုအပေါ်မဲ ကာ နှိပ်စက်ကလူ ပြုကြမည့် ၎င်းတို့စစ်အုပ်စု လက်ကိုင်တုတ်များအား ထိုအပြုအမူမျိုး နောက်နောင် မလုပ်နိုင်တော့အောင် လက်တွေ့ကျကျ ဆုံးမပေးမည့်သူများသာ နေရာအနှံ့ ပေါ်ထွက်လာပေလိမ့်မည်။
လာမည့် ဇန္န၀ါရီလအတွင်းဆွေးနွေးကြရန် စစ်အုပ်စု၏ အယောင်ပြကမ်းလှမ်းထားမှုကို ကေအိုင်အိုအနေဖြင့် မည်သို့မျှ ဂရုပြု စရာအကြောင်းမရှိ။ ကချင်ကို လူမျိုးတုန်း အမှုန့်ချေပစ်ရန် နေ့စဉ်နှင့်အမျှ ကြိုးပမ်းနေသည့် သူတွေထံမှ ကမ်းလှမ်းမှုကို ယုံကြည်၍ မရ။ ငြိမ်းချမ်းရေးကိစ္စ ဦးစီးဆောင်ရွက်နေသူ ဦးအောင်မင်းမှာ အရေခြုံသမ္မတ သိန်းစိန်ရုံးမှ ၀န်ကြီး ဖြစ်၏။ ဦးသိန်းစိန်မှာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာကပင် သူ့တပ်တွေကို မိမိကိုယ်မိမိ ကာကွယ်ရုံမှအပ ထိုးစစ်မဆင်ရန် ကြေညာခဲ့သူဖြစ်၏။ တပ်တွေက ကချင်ပြည်နယ်ထဲ အများအပြား ရောက်ရှိကာ ထိုးစစ်များ ဆက်တိုက် ဆင်နေသည်။ သမ္မတစကားကို စစ်တပ်က မလိုက်နာသလို ဖြစ်နေသည်။ တကယ်တော့မဟုတ်။ ၎င်းတို့အားလုံးပင် တကျိတ်တည်း တဉာဏ်တည်း ဖြစ်လေသည်။ ၀န်ကြီး ချုပ်ဘ၀ကပင် ကချင်နှင့် ရ၀မ်ကို သွေးခွဲခဲ့သူမှာ ဦးသိန်းစိန် ဖြစ်သည်။ နိုင်ငံရေး မဆွေးနွေး၊ အပစ်အခတ်ရပ်စဲရေးလည်း မလို အပ်၊ လက်နက်ချဖို့သာ လိုသည်ဟု ကေအိုင်အေကို အမိန့်ပေးခဲ့သူမှာ ဦးသိန်းစိန် ဖြစ်သည်။ ကေအိုင်အိုအနေဖြင့် ဘာမျှတွေ ဝေနေစရာမရှိ။ ခရစ်စမတ် အခါသမယကိုပင် မရှောင် ကျူးကျော်ထိုးစစ်များ ဆင်နွဲနေသော စစ်အုပ်စုတပ်များကို ခုခံတွန်းလှန် ရေးထက် ပိုမိုသည့် စစ်ဆင်ရေးဖြင့် တိုက်ခိုက်ရတော့မည် ဖြစ်သည်။ ကချင်သည် မိမိနယ်မြေတွင်း ခုခံတွန်းလှန်စစ်၌ အောင်ပွဲ တွေ တသီကြီး ရရှိနေ၏။
ကချင်၏ အောင်ပွဲရ သတင်းများကို အားကျဖွယ်ရာ ဖတ်ရင်းမှာပင် ကချင်ကို မဟာမိတ်တပ်များက ၀ိုင်းဝန်းကူညီကြမည့်အ ကြောင်း ၀မ်းမြောက်ဖွယ်သတင်းကို ကြားကြရသည်။ လူထုကလည်း အုံကြွလိုနေကြပြီ ဖြစ်၏။ တိုင်းရင်းသား ပြည်သူလူထုအ ပေါ် မည်သည့်အခါကမျှ ညှာတာထောက်ထားမှု မရှိသော စစ်အုပ်စု လက်ကိုင်တုတ်တပ်များအား ယခုလို အခြေအနေ အခွင့်အ ခါကောင်းခိုက်တွင် ၀ိုင်းဝန်းတိုက်ဖျက်ကြရပေလိမ့်မည်။ ဤအချိန်အခါမျိုး၌ စစ်အုပ်စုကို တိုက်ခိုက်ဖို့ရန် တွေဝေနှောင့်နှေးနေ မည်ဆိုလျှင် နောက်နောင် ဘယ်သောအခါမျှ နာလံထူနိုင်လိမ့်မည်မဟုတ်ပဲ သားစဉ်မြေးဆက် စစ်ကျွန်အဖြစ် ဘ၀ဆုံးကြဖို့သာ ရှိလေသည်။
သူတို့က အင်အားများတယ်၊ လက်နက်ကောင်းတွေလည်း ရှိတယ်၊ ကျနော်တို့ တိုက်လို့နိုင်ပါ့မလားဟု ဆိုလာကြမည့် စစ်အုပ်စု ဒလံများ၊ လူကြောက်များနှင့်ပတ်သက်၍မူ ရာဇဓိရာဇ်နှင့် မင်းရဲကျော်စွာတို့၏ ထုံးကို နှလုံးမူရမည် ဖြစ်၏။ လူကြောက်တို့၏ လမ်းစဉ်ကို မလိုက်ပဲ တတိုင်းတပြည်လုံး လွတ်မြောက် ငြိမ်းချမ်း ရှင်သန်ရေးအတွက် တိုက်ကြရမည် ဖြစ်လေသည်။
တပ်မတော်ကို တိုက်လို့ တပ်မတော် အင်အားချိနဲ့သွားရင် ပြည်ပရန်တွေကို မကာကွယ်နိုင်တော့ပဲ တပါးကျွန်ဖြစ်ကြရမည်ဟု အချို့က ဆိုကြသည်။ ဗိုလ်ချုပ်ကျော်ဇောလက်ထက် နောက်ပိုင်း မဆလ ခေတ်မှစ၍ ဤတပ်မတော်မှာ မည်သည့်အခါကမျှ ပြည်ပရန်ကို ကာကွယ်ခဲ့သည့် တပ်မတော်မဟုတ်။ ပြည်တွင်းစစ်ကို အတောမသတ် တောက်လောင်စေပြီး တိုင်းရင်းသားနယ် မြေများသို့ ကျူးကျော်စစ်များပြုကာ တနိုင်ငံလုံးကို ဖိနှိပ်အုပ်စိုးခဲ့သည့် အာဏာရှင်၏ လက်ကိုင်တုတ်တပ်တွေသာ ဖြစ်သည်။
၎င်းတို့၌ ပြည်ပရန်ကို ကာကွယ်နိုင်သည့် အရည်အချင်းလည်း မရှိ။ ပြည်ပရန် မပြောနှင့် အင်အား အနည်းငယ်ကြီးသော ပြည် တွင်းမှ ၀တပ်ဖွဲ့များကိုပင် တိုင်းရင်းသားများအား အမှည့်ချွေ တိုက်ခိုက်ရာ၌ ၀င်ရောက်ကူညီမှု မပြုစေရန်အတွက် အခွင့်အရေး များပေးကာ အပစ်အခတ်ရပ်ရေး လုပ်ထားရသူတွေ ဖြစ်သည်။ တိုင်းရင်းသားများ ပေါင်းစည်းမည့်အရေးကိုလည်း မလိုလားပဲ တဖွဲ့ချင်းစီ သပ်လျှိုသွေးခွဲကာ ညီညွှတ်မှုမရှိအောင် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ ပြည်မမှ ၀န်ထမ်းများနှင့် ပြည်သူလူထုအပေါ် တွင်လည်း မလောက်မင မ၀ရေစာတို့ဖြင့် မွဲတေမှု ဆင်းရဲနွမ်းပါးမှုများမှတဆင့် အကျင့်ပျက်ချစားမှုများဖြစ်စေပြီး အချို့ကို အခွင့်အရေးများပေးလျက် လက်ကိုင်တုတ်များလုပ်ကာ လူထုအတွင်း သွေးကွဲအောင် ဖန်တီးခဲ့သူတွေ ဖြစ်သည်။
တိုင်းရင်းသား ပြည်သူလူထု၏ ခုခံတွန်းလှန်စစ်မှာ တရားဥပဒေရေးရှုဒေါင့်မှ ကြည့်လျှင်ပင် တရားမျှတမှုရှိ နေပြီး ဖြစ်သည်။ တရားဥပဒေအထက်က စစ်အုပ်စု ရှိနေသော ဗမာနိုင်ငံအတွက်မူ တရားဥပဒေရေး၊ နိုင်ငံရေး ၊ လူ့အခွင့်အရေးတို့ဖြင့်သာမက တွန်းလှန်တိုက်ခိုက်ရေးဖြင့်ပါ ဆောင်ရွက်ကြရမည် ဖြစ်သည်။ စစ်အုပ်စုအနေဖြင့် မည်သည့်တိုင်းရင်းသား ပြည်သူလူထုကိုမျှ အမြစ်ပြုတ် မျိုးတုန်းအောင် တိုက်ခိုက်နိုင်မည်မဟုတ်ပဲ တိုင်းရင်းသားပြည်သူလူထုကသာ စစ်အုပ်စုကို အမြစ်ဖြုတ် တွန်းလှန် နိုင်ကြမည် ဖြစ်၏။
မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးသော တပ်များမဟုတ်ပဲ မိမိတို့အား ပို၍ ၀န်လေး ပင်ပန်းစေသည့် ထိုကဲ့သို့သော သူခိုးဓားပြစစ်တပ်မျိုးကို အင်အားနည်းပါးရုံမက ပြုတ်ပြုတ်ပြုန်း သွားစေရန်အတွက် တိုင်းရင်းသားတော်လှန် ရေးအဖွဲ့အစည်းများ၏ အင်အား၊ ပြည်သူလူထု၏ အင်အားတို့ဖြင့် တိုက်ခိုက်ရှင်းလင်းပြီးမှသာ တကယ်တမ်း တိုင်းပြည်ကောင်း ကျိုးဆောင်လိုသည့် စိတ်ဓာတ်ခံယူချက် ပြည့်ဝပြီး လူထုအရေးကို ဦးထိပ်ထားလျက်၊ လူထုအပေါ် ကျရောက်လာမည့် ပြည် တွင်းပြည်ပ ရန်စွယ် အန္တရာယ်များအား ရွပ်ရွပ်ချွံချွံ တွန်းလှန်ကာကွယ်မည်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စုစစ်တပ် စစ်စစ်၊ ကမ္ဘာက လေးစားအားကျရမည့် တကယ့် တပ်မတော်စစ်စစ်တို့ကို ပြန်လည် ဖွဲ့စည်းထူထောင်ကြရမည် ဖြစ်သည်။
(၄)
တနှစ်တာ လျှောက်လှမ်းခဲ့သည့် ခရီးလမ်းကို ပြန်လည်စောင်းငဲ့ကြည့်ရာတွင် ပြီးခဲ့သည့်လ အမေရိကန် သမ္မတ အိုဘားမား ဗမာပြည်ကို နာရီအနည်းငယ်အကြာ လာရောက်လည်ပတ်ပြီး ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောသွားသည့် ကိစ္စတခုကလွဲ၍ တနှစ်ပတ်လုံးပင် အကောင်းနည်းနည်း အဆိုးများများ ရောပြွမ်းနေသည့် ဖြစ်ရပ်များနှင့် အကောင်းမြင်စရာ တကွက်တလေမျှ မရှိသည့်အဖြစ်တို့ကို အံ့သြမှုကင်းစွာ တွေ့မြင်ရလေသည်။
အရေခြုံ သမ္မတသိန်းစိန်၏ တွန့်ဆုတ်တွန့်ဆုတ် ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် စစ်အုပ်စု၏ အချိတ်အဆက် အလိမ်အညာ အဖုံးအဖိ မသမာမှုများ၊ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် အကြောင်းပြလျက် နယ်စပ်ဒေသဖွံ့ဖြိုးရေး စီးပွားရေး ဦးတည်ချက်များဖြင့် ကေအဲန်ယူနှင့် စစ်အုပ်စု အပစ်ရပ်ရေး ပဏာမသဘောတူညီမှုများ၊ မင်းကိုနိုင် အပါအ၀င် ၈၈ ကျောင်း သားခေါင်းဆောင်အချို့နှင့် နိုင်ငံရေး အကျဉ်းသားအချို့ကို ပုဒ်မ၄၀၁/၁ အနှောင်အတည်းဖြင့် လွှတ်ပေးခြင်းများ၊ ပါတီမှတ်ပုံ တင်ကာ ကြားဖြတ် ရွေးကောက်ပွဲဝင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပီပြင်ပြတ်သားမှုမရှိသော ခေါင်းရှောင်မှုများ၊ ကေအဲန် ယူတွင်း လမ်းလွဲသွေဖည်မှုများ အာဏာလွန်ဆွဲမှုများနှင့် မညီမညွတ်ဖြစ်လာမှုများ၊ စစ်အုပ်စုနှင့် အပစ်အခတ် ရပ်စဲထားသော ကလိုထူးဘောဗျူဟာက ဥက္ကဌနှင့် အတွင်းရေးမှူးတို့ကို တာဝန်မှ ရပ်ဆိုင်းလိုက်သည့်ဖြစ်ရပ်၊ ကချင်နယ်မြေကို လဖြင့်၊ နှစ်ဖြင့် ချီ၍ ကျူးကျော်စော်ကားနေမှုများ၊ ကရင်ပြည်နယ်ထဲ လူထုပိုင် လယ်မြေဧကပေါင်း သောင်းသိန်းချီ၍ အသိမ်းခံရခြင်းများ၊ တောင်ငူနယ်အတွင်း လေကြောင်း စစ်ရေး လေ့ကျင့်မှုများလုပ်ကာ ကရင်လူထုကို ခြိမ်းခြောက်မှုများ၊ အပစ်အခတ်ရပ်ရေး လက်မှတ်ထိုးထားပြီးဖြစ်သည့် ရှမ်းပြည်နယ်အတွင်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ကိစ္စများ၊ ကရင်နီပြည်နယ်တွင်းမှ စစ်အုပ်စု၏ သံချပ်ကာကားများ၊ အလိမ်ခံရသော မိုးထိမိုးမိ ရွှေလုပ်သားများကိစ္စ၊ စက်ရုံအလုပ်သမားဆန္ဒပြပွဲများနှင့် အကြမ်း ဖက် ရိုက်နှက်ဖြိုခွဲခံရမှုများ၊ လယ်ယာမြေအသိမ်းခံရသော ရွှေမြယာမှ လယ်သမားကြီးများနှင့် စစ်အုပ်စု အချစ်တော် ၀ါဝါ၀င်း ကုမ္ပဏီ၏ စော်ကားပြောဆိုမှုများ၊ ၀ါတွင်းကာလမရှောင် အိမ်ကြီးရခိုင်များရှိသည့် ရပ်ကွက်တွေ ရွှေ့ပြောင်းခိုင်း၊ ဘုန်းတော်ကြီး ကျောင်းတွေ ဖျက်ဆီးမီးရှို့သည့်လုပ်ရပ်များ၊ စစ်အုပ်စုလုပ်သမျှ မြှောက်ပင့်ထောက်ခံကာ ကိုယ်ကျိုးရှာကြသော နိုင်ငံများ၊ ရခိုင် နှင့် ဘင်္ဂလာလီရိုဟင်ဂျာ အဓိကရုဏ်း ဖန်တီး မီးမွှေးခြင်းနှင့် နှစ်ဘက် သေပျောက်ခြင်းများ၊ စစ်အုပ်စု လက်ပါးစေများ၏ ၀င် ရောက်ပစ်ခတ် သတ်ဖြတ်ခြင်းများ၊ ကြေးနီစီမံကိန်းကြောင့် လက်ပံတောင်းတောင်ဝန်းကျင် ကျေးရွာလူထု တွေ့ကြုံကြရသည့် အန္တရာယ်များ၊ စွန့်ပစ်မြေစာများကြောင့် ပတ်ဝန်းကျင်လယ်မြေများ မည်သည့်သီးနှံမျှ စိုက်ပျိုးရန် မဖြစ်ထွန်း၊ အငွေ့အသက်များ နှင့် ရေတွင်းများပါ ထိခိုက်၊ လူတွေ ရောဂါဆိုးများရပြီး သေကြရ၊ တရုတ်ကို ကြောက်တတ်သူများ၏ မီးလောင်ဗုံးဒဏ် သင့်ခဲ့ရသည့် လက်ပံတောင်းတောင်သပိတ်စခန်းမှ ဆန္ဒပြ သံဃာတော်များ၊ ကျေးရွာလူထုများ၊ လွတ်လပ်သော ဈေးကွက်စီး ပွားရေးကို ဖော်ဆောင်နေသည့် နိုင်ငံတွင် ကျပ်ငွေ သိန်းထောင်ချီ တန်ဘိုးရှိသော အိမ်များကို ဈေးကစားရန် ရည်ရွယ်လျက် ၀ယ်ယူသည်ဟုဆိုကာ မိမိတို့စီးပွားရေးကို မိမိတို့ ရိုးသားစွာ လုပ်နေသော တိုင်းရင်းသူကလေးနှင့် ခင်ပွန်းသည် ဂျပန်အမျိုး သားကြီးကို ဖမ်းဆီးနှိပ်စက် စစ်ဆေးလျက် တိုင်းရင်းသူကလေးကို သတ်ဖြတ်ကာ တိုက်ပေါ်မှ ပစ်ချခဲ့ပြီး၊ ထောင်တွင်းမှနေ၍ ရောဂါရလာသော ခင်ပွန်းသည် ဂျပန်ကြီး၏ အာမခံ လျှောက်ထားမှုကို ငြင်းပယ်သော စစ်အုပ်စု လက်ပါးစေများ၏ လူမဆန် သည့် သူခိုးဓားပြလုပ်ရပ်များ၊ တိုင်းပြည်ထဲ ကျူးကျော်လာသော တရုတ်ဖြူတို့ကို တွန်းလှန်တိုက်ထုတ်ခဲ့ပြီးနောက်၊ အသက်အ ရွယ် အိုမင်းသည့်တိုင် ပြည်သူလူထု အကျိုးအတွက် စွမ်းစွမ်းတမံ တော်လှန်တိုက်ပွဲဝင် ရေးသားဟောပြောခဲ့သော ဗိုလ်ချုပ် ကျော်ဇော ပြည်ပမှာပင် ကွယ်လွန်ခဲ့သည့်သတင်း၊ လူထုအကျိုးပြုစာများ ရေးသားခဲ့ရေးသားဆဲ ဆရာမောင်ဝံသ ကင်ဆာ ရောဂါ ရရှိသည့်သတင်းနှင့် တော်လှန်သောလူငယ်ထုအတွက် စိတ်ဓာတ်မြှင့်တင်ရေး တေးသီချင်းများ သီကျူးခဲ့သည့် အဆို တော် ခင်မောင်တိုး ကွယ်လွန်သောသတင်း၊ စစ်အုပ်စု၏ ကျေးဇူးရှင်တဦးဖြစ်သော မူးယစ်ရာဇာနော်ခမ်းကို တရုတ်တရားရုံးက သေဒဏ်ပေးသည့်သတင်း၊ ခရီးသည်တင် လေယာဉ်လမ်းကြောင်းမှားဆင်းပြီး ထိခိုက်ပျက်စီး သေကြေဒဏ်ရာရသည့်သတင်း၊ လူသေ အပါအ၀င် အပုပ်ကောင်များကို ထိုးဆွ စားသောက်တတ်သည့် ကျက်သရေယုတ်သော အမင်္ဂလာ သတ္တ၀ါ ဠင်းတငှက် အချို့ ရွှေတိဂုံ စေတီတော် ငှက်ပျောဖူးအရင်းတွင် နားနေခဲ့ကြသည့် သတင်းများ … စသည် စသည်ဖြင့် ပျော်စရာ ရွှင်စရာ စိတ် ချမ်းသာစရာဟူ၍ တစက်မျှ မရှိ၊ မကျေနပ်စရာ၊ ဒေါသဖြစ်စရာ၊ မချိတင်ကဲ ကြေကွဲဝမ်းနည်းစရာ အနိဌာရုံဖြစ်ရပ် သတင်းများ သာ လွှမ်းခြုံနေခဲ့သည့်နှစ် ဖြစ်လေသည်။
ရှေ့လာမည့်နှစ်ကတော့ ယခုထက် အခြေအနေ ပိုမိုဆိုးဝါးလိမ့်မည်ဟု နက္ခတ်ဗေဒင်ဆရာအချို့က ဟောကိန်းထုတ်ထားကြ သည်။ ဗမာနိုင်ငံ၏ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ အခြေအနေ အရပ်ရပ်ကလည်း အဆိုးဘက်ကို တွန်းပို့နေကြသည်။ ကမ္ဘာ့နိုင်ငံများက ငွေရေးကြေးရေးအရလည်းကောင်း၊ နည်းပညာအရလည်းကောင်း၊ လူသုံးကုန်ပစ္စည်းများ အခြေခံ စားနပ် ရိက္ခာများဖြင့်လည်းကောင်း မည်မျှပင် ထောက်ကူမှုများ ပြုစေကာမူ၊ ပြည်သူလူထုအနေဖြင့် မိမိတို့၏ မကျေနပ်မှုနှင့် တွန်းလှန် လိုစိတ်များကို ချုပ်တည်းသည်းခံကာ တိုင်းပြည်ငြိမ်းချမ်းဖွံ့ဖြိုးရေးအတွက် မည်မျှပင် ကြိုးစားဆောင်ရွက်စေကာမူ စစ်အုပ်စု လက်အောက် ဗမာနိုင်ငံမှာ ကမ္ဘာ့အလယ် အောက်တန်းနောက်တန်း။ အောက်ကျ နောက်ကျဘ၀မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။
http://www.kicnews.org/?p=15011

Friday, December 28, 2012
ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဘန် သုံးသပ်ခြင်း ။ အပိုင်း (၂)
လွန်ခဲ့တဲ့ကာလတလျှောက်လုံး ကရင်ပြည်နယ်တွင်းမှာ စစ်ပူချိန်မြင့်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်စုလူသိရှင်ကြား Officially ဘာတခုမှထုတ်ဖေါ်ပြောဆိုတာမရှိခဲ့ပါ။ ယခုကချင်ကိစ္စလည်း သူမငြိမ်နေတယ်။ ယခု ရှေ့ နေဦးအောင်ထူးရဲ့ ဥပဒေရှုထောင့်မှ ထောက်ပြဝေဖန်သုံးသပ်မှုကို တင်ဆက်ပေးလိုက်တယ်။
Analyze on DASSK by Aung Htoo – part 2
Type the rest of your post here.
Analyze on DASSK by Aung Htoo – part 2
Type the rest of your post here.
အစိုးရစစ်တပ် ၀ိုင်းရံထားသဖြင့် လိုင်ဇာဒေသခံများ ဗုံးခိုကျင်း တူးနေကြပြီ
ကျနော်တို့ တိုင်းရင်းသားတွေပေါ် ထားရှိတဲ့ တိုင်းပြည်ချစ်ဟန်ဆောင် မဟာဗမာဝါဒီတွေရဲ့ သဘောထားတွေကို ဒီလိုင်ဇာသိမ်းဖို့ အရေး တိုက်ပွဲတွေမှာ မျက်ဝါးထင်ထင်တွေ့ ကြ ရတော့မှာဖြစ်ပါတယ်။ ယနေ့ ကချင်အရေးဟာ ကျနော်တို့ တိုင်းရင်းသားတွေအရေးပဲဆိုတာဒီနေရာမှာပြောချင်တယ်။ ဒီလိုပြောတော့ တချို့ ကရင်တွေက မင်းရူးနေလားဆိုပြီး ကျနော့်ကိုပြောချင်ပြောပါလိမ့်မယ်။ ယနေ့ ကချင်ရဲ့နိုင်ငံရေးရပ်တည်မှုနှင့် သွားနေတဲ့လမ်းကြောင်းကမှန်ကန်ပြီး တန်းတူမှုကိုအခြေခံပြီး ရပ်တည်တိုက်ပွဲဝင်ခြင်းဖြစ်ပါတယ်။ လူပေါ်လူဇော်လုပ်လိုတဲ့အမျိုးတွေ စနစ်တွေ အဏာရှင် သခင်ရူး ရူးနေတဲ့လူတွေကို ပြတ်ပြတ်ဆန့် ကျင်တိုက်ခိုက်ခြင်းဖြစ်တယ်။
ကျနော်တို့ ယနေ့ ကရင့်နိုင်ငံရေးနှင့် တော်လှန်ရေးကိုတော့ စိုးရိမ်စိတ်နဲ့ သံသယဖြစ်မိတယ်။ ကျွန်စိတ်အားကြီးသူ လှပသောကျွန်များအဖြစ်တင်းတိမ်ရောင့်ရဲ့မည့်သူများလာသည်ကို ကွန်ကရက်အပြီးမှာတွေ့ ရသောကြာင့်ဖြစ်သည်။
xxxxxx
ဒီဇင်ဘာလ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ကချင်လွတ်မြောက်ရေးတပ်မတော်-KIA ဌာနချုပ် အခြေစိုက်သည့် လိုင်ဇာမြို့အား မြန်မာ စစ်တပ်များက တိုက်ခိုက်သိမ်းပိုက်ရန် ၀ိုင်းရံ ထားပြီဖြစ်၍ ဒေသခံ ကချင်ပြည်သူများက မိမိတို့နေ အိမ်အနီးတွင် ဗုံးခို ကျင်းများ တူးနေကြပြီဖြစ်ကြောင်း သိရသည်။
ယနေ့နံနက် ၉နာရီခန့်မှစတင်ပြီး ၁၁နာရီဝန်းကျင်အထိ အစိုးရတပ်များက စစ်တိုက်လေယာဉ် ၂စင်းနှင့် ရဟတ်ယာဉ် ၃စင်းဖြင့် လဂျားယန်သို့ ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြပြီး လိုင်ဇာမြို့တွင်လည်း စစ်တပ်များထိုးစစ်ဆင်လာဖွယ် အနေအထား တွေ့ရှိ နေ ရသဖြင့် ဒေသခံများက ဗုံးခိုကျင်းများ တူးဖော်နေကြခြင်းဖြစ်ကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့-KIO က အရပ်ဘက် အုပ်ချုပ်ရေးဌာန ဒု-တာဝန်ခံ ဆလန်ကပါဒွဲပီဆာက ပြောသည်။
၎င်းက “အခုဆိုရင် လိုင်ဇာပတ်ဝန်းကျင်မှာ အဘက်ဘက်ကနေပြီး အစိုးရတပ်တွေက အားလုံးနေရာ ယူထားကြပြီလေ။ ဒီကနေ့မှာလည်း သူတို့က အပေါ်ကနေ စပစ်နေပြီဆိုတော့ ဘယ်လိုဆက်ဖြစ်ဦးမလဲတော့ မသိသေးဘူး။ သူတို့ရဲ့အထက်က လည်း ခြေလျင်စစ်ကြောင်းတွေထိုးဖို့ ဖိအားပေးထားတယ်လို့လည်း ကျနော်တို့အဖွဲ့တွေ ကြားသိထားတယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။
ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲအတွင်းရှိ လဂျားယန်နှင့် KIA ဌာနချုပ်တည်နေရာ လိုင်ဇာမြို့သည် ၈မိုင်ခန့်အကွာတွင် ရှိပြီး လဂျားယန်ဒေသခံများက လက်ရှိအချိန်တွင် လိုင်ဇာဘက်သို့ ရောက်နေကြ ပြီဖြစ်ကြောင်း KIA ဘက်က ဆိုသည်။
လိုင်ဇာမြို့ဒေသခံ ကချင်အမျိုးသားတစ်ဦးက “တချို့အိမ်တွေကတော့ ဒီဇင်ဘာလ ၁၄ရက်နေ့ကတည်းက ဗုံးခိုကျင်းတူးနေကြ တာ။ ဒီနေ့ လဂျားယန်မှာ ရဟတ်ယာဉ်က ဗုံးကြဲတော့ စက်သေနတ် မီးပွင့်တာတောင် မြင်ရတယ်။ ဒါကြောင့် ကျနော်တို့ လိုင်ဇာနားလည်း စစ်တပ်တွေ ရောက်နေကြပြီဆိုတော့ အိမ်တိုင်းအိမ်တိုင်းက အိမ်ရှေ့ ဒါမှမဟုတ် အိမ်နောက်တွေမှာ ဗုံးခို ကျင်း တူးထားကြတယ်”ဟု ပြောသည်။
အစိုးရတပ်များက ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ဓာတုလက်နက်ပစ္စည်းဟု ယူဆရသည့် မီးလောင်ဗုံးများ ပါဝင်ပြီး KIA ဘက်မှ ပြောဆိုထားသည်။
ထို့အပြင် ယနေ့ပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူ အနည်းငယ်ရှိကြောင်းနှင့် KIA ယာယီတဲအိမ်များ ထိမှန်ပျက်စီးခဲ့ကြောင်း လိုင်ဇာဒေသမှလာသည့် သတင်းများအရ သိရသည်။

လိုင်ဇာဒေသ လေကြောင်းစစ်ဆင်ရေး
သန်းထိုက်ဦး
အစိုးရတပ်က ယနေ့ နံနက်ပိုင်းတွင် KIA ဌာနချုပ် အနီးတ၀ိုက်ကို လေကြောင်းမှ ထိုးစစ်ဆင်သဖြင့် ငြိမ်းချမ်းရေး ပိုမို အလှမ်းဝေးသွားစေသည်ဟု KIA က ပြောလိုက်သည်။
ယနေ့ နံနက်ပိုင်း အစိုးရတပ် ရဟတ်ယာဉ်၏ ပစ်ခတ်မှု (ဓာတ်ပုံ - ဂျွန်စံလင်း/ဧရာဝတီ)
စစ်လေယာဉ်များဖြင့် တိုက်ခိုက်ခံရကြောင်း KIA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့် KIO အဖွဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။
“သူတို့က ဒီလိုမျိုးလုပ်တော့ ကျနော်တို့က ဘယ်လို လုပ်ပြီးတော့ ဆွေးနွေးဖို့ အကြောင်း ပြန်မလဲ၊ (အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်) ဦးအောင်မင်း ကိုယ်တိုင်က မရိုးသားဘူးလို့ ကျနော် ရှင်းရှင်းလင်းလင်းပဲ ပြောချင်တယ်” ဟု ဦးလနန်က ဆက်ပြောသည်။
“အဓိကတော့ ဗဟို ဌာနချုပ်ကို ပိတ်ဆို့နိုင်ဖို့ ကြိုးစားတာပဲ” ဟု ဆိုသည်။
သောကြာနေ့ လေကြောင်းစစ်ဆင်ရေး
အစိုးရတပ်က တိုက်လေယာဉ် ၅ စီး၊ ရဟတ်ယာဉ် ၂ စီး သုံးခဲ့သည်ဟု ဒေသခံ သတင်းရပ်ကွက်တို့က ဆိုသည်။
တပ်မတော်လေ လေယာဉ် ၅ စီး နံနက် ၉ နာရီတွင် ရောက်လာကြောင်း စစ်ရေးအရ အချက်အချာကျသည့် လဂျားယန်ဒေသ ရှေ့တန်းစခန်းတခုရောက် ကိုမင်းဌေးက ပြောသည်။
"တနာရီလောက် လာပစ်သွားတယ် ...။ တိုက်လေယာဉ်တွေက အရမ်းမြန်တယ်။ အရောင်တွေက အနီနဲ့အဖြူ။ သူတို့ကို ပြန်ပစ်နေရတာကြောင့် ဓာတ်ပုံ၊ ဗီဒီယို ကောင်းကောင်း မရိုက်လိုက်ရဘူး" ဟု ကိုမင်းဌေးက ပြောသည်။
"လဂျားယန်က အင်မတန် အရေးကြီးတဲ့နေရာပါ။ သူတို့က ဒီနေရာကို ပြန်ရချင်တာ။ လဂျားယန်ကို သူတို့ ရတယ် ဆိုရင် လိုင်ဇာကို ရတဲ့သဘောပဲပေါ့" ဟု ကိုမင်းဌေးက ပြောသည်။
စစ်မြေပြင် သတင်းဓာတ်ပုံဆရာ ကိုဂျွန်စံလင်းကလည်း တိုက်လေယာဉ် ၅ စီး တွေ့မြင်လိုက်ရသည်ဟု ဆိုသည်။
ဒီနေ့ ထိခိုက်မှု
တရုတ်မြန်မာနယ်စပ်မျဉ်းအနီး တည်ရှိသည့် လိုင်ဇာဌာနချုပ်ဝန်းကျင် ထိခိုက်သေဆုံးမှု စာရင်းကို နှစ်ဖက် တပ်များက ထုံးစံအတိုင်း ထုတ်ပြန်ခြင်း မရှိပေ။
အစိုးရသတင်းထုတ်ပြန်ရေးဌာန၊ ပြောခွင့်ရသူတို့ကလည်း ထိုးစစ်နှင့် ပတ်သက်ပြီး အစဉ်အလာအတိုင်း ထုတ်ဖော်ခြင်း အလျဉ်း မရှိသေးပေ။
မနေ့က ထိခိုက်မှု
ယမန်နေ့ကလည်း လိုင်ဇာဌာချုပ် အနီးသို့ အစိုးရစစ်တပ်ဖက်မှ ပစ်ခတ်လိုက်သည့် အမြောက်ဆံ ကျရောက်မှု ကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၃ ဦးအနက် နှစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်ဟု သတင်းရသည်။
သေဆုံးသူမှာ အသက် ၄၂ နှစ် အရွယ် လယ်သမား ဂျာဂျီ တူးဂျာ ဆိုသူဖြစ်ပြီး လိုင်ဇာ ဆေးရုံ အရောက်တွင် သေဆုံးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။
မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း လိုင်ဇာ အနီးရှိ စစ်ပြေး ဒုက္ခသည် စခန်း ၅ ခုတွင် လုံ ခြုံရေး အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း သိရသည်။
ကချင်ဒုက္ခသည်များ ကယ် ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာ၏ ပြောဆိုချက်အရ ဒုက္ခသည်များကို စခန်းအပြင် မထွက်ရန်နှင့် ကတုတ်ကျင်းများ တူးထားရန် အသိပေးထားကြောင်း ဆိုသည်။
တိုက်ပွဲများကြောင့် သောင်းနှင့်ချီသော ဒေသခံများမှာလည်း အိုးအိမ်၊ တောင်ယာများကို စွန့်ခွာ၍ တရုတ်- မြန်မာနယ်စပ် ဒုက္ခသည် စခန်းများ၊ ပြည်တွင်း စစ်ဖြစ်ရာ ဒေသအနီးရှိ မြို့ပေါ်များနှင့် တောတောင်များထဲတွင် ထွက်ပြေး ခိုလှုံနေကြရဆဲ ဖြစ် သည်။
“စစ်ရေးအရပဲ ဒါကို ရင်ဆိုင်နေကြတယ် ဆိုတဲ့ အခါ ကျတော့ အခြေအနေတွေ အရမ်းဆိုးလာတယ်။ အပြစ်မဲ့ ပြည်သူတွေ အများ ကြီး ဒုက္ခရောက်တယ်။ ကျနော်က တော့ ဒီလိုအခြေ အနေအထိ ရောက်လာတာကို အံ့လည်း အံ့သြတယ်၊ နောက်ပြီး ကြိုက်လည်း မကြိုက်ဘူး၊ လိုလည်း မလိုလား ဘူး”ဟု မြစ်ကြီးနားမြို့တွင် နေထိုင်သည့် KIO ခေါင်းဆောင်ဟောင်း တဦးဖြစ်သူ ဒေါက်တာ တူး ဂျာက ပြောသည်။
အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ နှစ်ဖက် ကိုယ်စားလှယ်များက ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီများ ဖွဲ့စည်း ထားသည့်အတွက် အမြန်ဆုံး စေ့စပ်စေလိုကြောင်း ၎င်းက ဆိုသည်။
“ငြိမ်းချမ်းရေး ဆွေးနွေးပွဲတခုကို တနာရီ နှစ်နာရီပဲ ထိုင်ပြီး ပျက်ပြားသွားတာ ဒါမကောင်းဘူးလို့ထင်တယ်၊ စိတ်ရှည်ရှည်နဲ့ အချိန် ယူပြီးတော့ ထိုင်ဆွေးနွေးရမှာပေါ့။ မဖြစ်မနေလုပ်မယ် ဆိုတဲ့ သံန္နိဌာန်ချပြီးတော့ လုပ်စေချင်တယ်” ဟု ဒေါက်တာ တူးဂျာကဆက် ပြောသည်။
ဖြစ်မလာခဲ့သည့် ဆွေးနွေးပွဲများ ပေါ်ပေါက်ရေး ညှိနှိုင်းချက်
ငြိမ်းချမ်းရေးဆွေးနွေးရန် နေရာအတွက် မကြာသေးမီက အစိုးရ၏ အဆိုပြုထားသည့် နေရာမှာ ကချင်ပြည်နယ် ဗန်းမော်မြို့ သို့မဟုတ် ရှမ်းပြည်နယ် မူဆယ်မြို့ ဖြစ်သည်ဟု KIA က ဆိုသည်။
အစိုးရထံသို့ အကြောင်း မပြန်ရသေးကြောင်း ဦးလနန်က မကြာသေးခင် ရက်ပိုင်းက ပြောဆိုထားသည်။
“စာရတာနဲ့ ချက်ချင်း အကြောင်း မပြန်တာကတော့ အဲဒီစာနဲ့ အတူ ထိုးစစ်က ရောက်လာတယ်၊ အဲဒီ ကိစ္စတွေ အလုပ်များနေတဲ့ အခါမှာ အကြောင်းပြန်ဖို့ နှောင့်နှေးသွားတာပါ” ဟု ဆိုသည်။
ယခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု ဥက္ကဌ သမ္မ တရုံး ၀န်ကြီး ဦးအောင်မင်းနှင့် KIO ခေါင်းဆောင်များ တရုတ်နိုင်ငံ ရွှေလီမြို့တွင် နောက်ဆုံး တွေ့ဆုံခဲ့စဉ် နှစ်ဖက်တပ်များ တင်း မာနေသည့် စစ်ရေးကိစ ပြေလည်စေရေး အတွက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့သည်။
“ဒါကတော့ တွေ့ပြီးတော့မှ ဖြေရှင်းရမယ့် ကိစ္စတွေပါ၊ တွေ့တဲ့နေရာမှာလည်း အစိုးရဘက်ကနေပြီးတော့ သူတို့ အမြဲလိုချင်နေတဲ့ ပုံစံ မဟုတ်ဘဲနဲ့ တိုင်းရင်းသားတွေဘက်က ဘာတွေ စဉ်းစားတယ်ဆိုတဲ့ အချက်လည်း သူတို့ ထည့်ပြီးမှပဲ စဉ်းစားလာအောင် ကြိုး စားရမှာပဲ”ဟု ဦးလနန်က ရှင်းပြခဲ့သည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့က ကချင် လွတ်လပ်ရေး တပ်မတော် (KIA)တပ်များကို ဖယ်ရှားပေးရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်း နောင်က မြစ်ကြီးနားမြို့ရှိ ကချင် ပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင် (PCG) အဖွဲ့မှ တဆင့် သတိပေး အကြောင်းကြားခဲ့သည်။
ထိုအကြောင်းကြားစာ ပေးပို့ခဲ့ပြီးနောက်ပိုင်း KIA တပ်စခန်းများကို ထိုးစစ်ဆင်း တိုက်ခိုက်သည့် သတင်းများ ထွက်ပေါ်လာသည်။
“လဂျားယန် တပ်စခန်း အတွက် အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန် လမ်းကြောင်းအတိုင်း တပ်များ ဝင်ရောက်ရန် ရှိပါသည်။ သို့ပါ ၍ လမ်းကြောင်း တလျှောက်ရှိ KIA အဖွဲ့များအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ နောက်ဆုတ်ပေးရေး KIO အဖွဲ့သို့ သတိပေးသွားရန်”ဟု အဆိုပါ သတိပေး အကြောင်းကြားစာတွင် ဖော်ပြပါရှိသည်။
သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက“ တိုက်နေတယ် ဆိုတာ ကျနော်တို့ အသေးစိတ် ဘယ်လိုလဲ ဆိုတာ မသိရတော့ ပြောဖို့ တော့ခက်တယ်၊ ဒါပေမယ့် ပြောနိုင်တာကတော့ ပြီးခဲ့တဲ့ ရွှေလီဆွေးနွေးပွဲ အဲဒီ အကျိုးအဆက်တွေ ဖြစ်မယ် ထင်တယ်” ဟု ပြောသည်။

Battle 28-12-2012-KIA-Burma Jet Fighter drop bomb to KIA from China' air space
Type the rest of your post here.
Thursday, December 27, 2012
With Pragmatists in Control, What’s Next for the KNU?
Railways Minister Aung Min, KNU Gen Mutu Say Poe, Minister of Industry Soe Thein and Minister of Immigration Khin Yee, left to right, during a dinner in Pa-an on Jan. 11. (Photo: The Irrawaddy)
Pragmatic leaders who won the Karen National Union’s (KNU) recent elections are expected to accelerate peace talks with the government and business development projects, but some Karen observers are urging caution to ensure benefits for local communities and not just the ethnic group’s leaders.
Three policy makers with close ties won key positions in the elections, which closed on Tuesday after a nearly month-long congress to choose new leaders.
Mutu Say Poe, the KNU’s former military chief, is now the organization’s chairman, while Gen Saw Johnny, a pragmatic commander, was elected as the military chief. The new general secretary is Kwe Htoo Win, who is known for being practical, friendly to ethnic alliances and knowledgeable about international affairs.
The three leaders are believed to have good relations with members of the government’s peace team, who are negotiating with the KNU after decades of war between the government’s army and ethnic Karen rebels fighting for greater autonomy and basic rights. The two sides signed a ceasefire in January.
In addition to speeding up the peace process, the KNU’s new leaders are expected to accelerate development projects in the region, including efforts to clear away land mines and resettle internally displaced persons (IDPs) and refugees.
But some observers say the KNU should proceed cautiously in the coming months.
Thierry Falise, a veteran Bangkok-based journalist and author who has covered Burma for more than 25 years, said that although the new leaders may want a quicker peace process, they should take time to guarantee the safety of civilians, the repositioning of government troops in rebel-controlled territory, and the implementation of the organization’s code of conduct.
After speaking with several KNU leaders and Karen civil society organization, Falise, who travels frequently in Karen State, said the code of conduct was seen as crucial for attempts to negotiate with the government peace team.
The KNU and government peace negotiators led by Aung Min, a minister of the President’s Office, signed the code of conduct in the Karen State capital Pa-an on Sept. 4 this year.
The code comprised 11 chapters and 34 detailed points which also consider the safety of civilians.
According to the agreement, the KNU and government must obey the code to cement a permanent ceasefire.
Saw Htoo Klei, secretary of the Karen Office of Relief and Development, a Karen relief organization that provides assistance to IDPs in KNU-controlled areas, said he was optimistic about the new leaders because they offered a range of experience in military, political and international affairs.
But some concerns have also surfaced that the KNU leaders will focus more on economic development than politics, as they are believed to have close ties with businessmen such as Ko Ko Maung, the managing director of Dawei Princess Company, a Burmese partner in the Dawei deep-sea port project led by Thailand’s largest construction company Italian-Thai Development.
The KNU’s former peace negotiator, David Taw, who passed away recently, was reportedly well connected to Hla Maung Shwe, a Burmese peace broker and vice chairman of Myanmar Egress, a leading Rangoon-based NGO.
Hla Maung Shwe is also vice chairman of the Myanmar Fishery Federation and an executive of the Union of Myanmar Federation of Chambers of Commerce and Industry.
David Taw, who was close to KNU chairman Mutu Say Poe, reportedly spoke with Hla Maung Shwe on the telephone after almost every peace talk. Some Karen sources speculate the discussions focused on development, businesses and NGO projects.
Karen sources also say that as peace talks continue, land has been purchased and seized on a large scale by Karen and Burmese businesspeople in southern Karen State, especially in Pa-an and Tenasserim Division, where the Dawei port is being built.
The multi-billion-dollar port project includes an overland route connecting it to Thailand that passes through territory controlled by a brigade of the KNU’s armed wing, the Karen National Liberation Army (KNLA), and some local sources have speculated that KNLA leaders are eager to benefit.
Community-based organizations have complained that development projects and business investment are not transparent and lack the input of concerned civilians. As these projects continue, they point out, government troops remain in KNU-controlled territories and Karen civilians do not feel safe enough to return to their abandoned homes.
But if KNU leaders push forward quickly with these projects, one newly elected leader, Lt-Gen Baw Kyaw Heh, may present some resistance.
As the KNLA’s new deputy military chief, Lt-Gen Baw Kyaw Heh leads a group of 1,500 well-trained fighters and is known as more of a hardliner. Karen sources on the Thai-Burmese border said he would likely ignore KNU leaders if they tried to focus on development and business.
The KNU has dealt with internal divisions recently, with concerns that the group might split into two factions. Baw Kyaw Heh was reportedly ready to lead KNLA troops in northern Karen State and break away from the south, which was led by Gen Saw Johnny and Mutu Poe.
The leaders compromised, local sources say, for the “sake of the Karen people.”
http://www.irrawaddy.org/archives/22397
KNU ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ဖွဲ့စည်းမည်
ဖနိဒါ | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၇ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၁၃ မိနစ်
ချင်းမိုင်(မဇ္စျိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး KNU ထိပ်ပိုင်းခေါင်းဆောင်များ ပြောင်းလဲလိုက်ပြီး ငြိမ်းချမ်းရေး
ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့လည်း အသစ်ပြန်လည် ဖွဲ့စည်းမည်ဟု တွဲဖက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်း က ပြောသည်။
အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် ယခင် ကိုယ်စားလှယ်အဖွဲ့ ကို ဖျက်သိမ်းလိုက်ပြီး လာမည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ကိုယ်စားလှယ်အဖွဲ့သစ်ကို ရွေးချယ် ဖွဲ့စည်းသွားမည်ဟု ဆိုသည်။
“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က KNU ရဲ့မူဝါဒအပေါ်မှာပဲ မူတည်ပါတယ်။ ခေါင်းဆောင်ပိုင်း အပြောင်းအလဲတော့ တိုက်ရိုက် မပတ်သက်ဘူး။ လုပ်ငန်းစဉ်က အရင်အတိုင်းပဲ ချမှတ်ထားတဲ့ အခြေခံ ၄ ဆင့် ပမာဏ အပစ်အခတ် ရပ်စဲပြီး ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးကို ဆက်ဆောင်ရွက်မယ်။ နိုင်ငံရေး ဆွေးနွေးမှု အဆင့်နှစ်ဆင့်ကို ဆက်သွားမယ်” ဟု ပဒိုမန်းမန်း က မဇ္စျိမကို ပြောသည်။
ယခင် ကိုယ်စားလှယ်အဖွဲ့ကို ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ဖွဲ့စည်းခဲ့ပြီး ထိုစဉ်က ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ် တာကပေါ၊ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၊ စစ်ဦးစီး ချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ တရားရေးဌာနမှူး ပဒိုဒေးဗစ်ထော၊ ကျန်းမာရေးဌာမှ ဗိုလ်မှူးစောရောဂျာခင်နှင့် သစ်တော်ဌာနမှူး ပဒိုစောအားတိုး၊ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုအောင်မော်အေးတို့ကို တို့ ဦးဆောင်ပါဝင်ခဲ့သည်။
နိုဝင်ဘာလ ၂၆ မှ ဒီဇင်ဘာလ ၂၆ ရက်နေ့ထိ ဘားအံခရိုင် တပ်မဟာ ၇ နယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သော KNU ၏ ၁၅ ကြိမ်မြောက် ညီလာခံမှ ဥက္ကဋ္ဌသစ်အဖြစ် (ယခင် စစ်ဦးစီးချုပ်) ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ကို တင်မြှောက်လိုက်ပြီး စစ်ဦးစီးချုပ်သစ်အဖြစ် ဗိုလ်မှူးချုပ် စောဂျော်နီအား ပေးအပ်ခဲ့ပြီး ဒု-စစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှူးချုပ် စောဘောကျော်ဟဲ အား တာဝန်ပေးအပ်လိုက်သည်။
ဒု- ဥက္ကဋ္ဌ နော်စီဖိုးရာစိန်၊ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက်အတွင်းရေးမှူး(၁) ပဒိုသောသီဘွဲ၊ တွဲဘက် အတွင်းရေးမှူး(၂) ပဒိုမန်းမန်း၊ အဖွဲ့ဝင်များအဖြစ် ပဒိုမန်းငြိမ်းမောင်၊ ပဒိုစောသမိန်ထွန်း၊ ပဒိုစောတာဒိုမှူး၊ ပဒိုရောဂျာခင်၊ ဗိုလ်မှူးချုပ်စောဂျော်နီနှင့် ဗိုလ်မှူးချုပ် စောဘောကျော်ဟဲ တို့ ၁၁ ဦးအား တာဝန်ပေးအပ်လိုက်ကြောင်း ဒီဇင်ဘာလ ၂၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
ထိုသို့ ခေါင်းဆောင်မှု အပြောင်းအလဲများ လုပ်ခဲ့သော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများမှာ မူလအတိုင်း ဆက်လက် လုပ်ဆောင်သွားမည်ဟု ပဒိုမန်းမန်းက ပြောသည်။
ထို့အပြင် အမျိုးသားရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် အမျိုးသမီးများ ပါဝင်မှု ပိုမို အားကောင်းလာရေးကို ပံ့ပိုးဆောင်ရွက်သွားရန် အမျိုးသမီး ၃ဝ ရာခိုင်နှုန်း ပါဝင်ရန် သဘောတူခဲ့သည်ဟု ပဒိုမန်းမန်း က ပြောသည်။
“အမျိုးသမီးတွေ စီမံခန့်ခွဲမှုနဲ့ ဆုံးဖြတ်နိုင်တဲ့နေရာမှာ မူဝါဒပိုင်းဆိုင်ရာ ပတ်သက်တဲ့နေရာမှာ အမျိုးသမီးတွေ ပါဝင်လာ ဖို့၊ အားကောင်းလာဖို့၊ ဗဟိုကော်မတီအဆင့်မှာ အနည်းဆုံး အမျိုးသမီးတွေ ပါဝင်ရမယ်ဆိုတာ ဆုံးဖြတ်ချက် ချမှတ်
နိုင်ခဲ့တယ်။ အကောင်အထည်ဖော်တာက အချိန်အများကြီး လိုပါသေးတယ်” ဟု မဇ္စျိမကို ပြောသည်။ လက်ရှိတွင်မူ ဗဟိုကော်မတီ ၄၅ ဦးတွင် အမျိုးသမီး လေးဦးသာ ထားရှိနိုင်သေးသည်။
ဇန်နဝါရီလအတွင်းက နှစ်ဖက် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့ပြီး နောက်ဆုံး စက်တင်ဘာလ ၄ ရက်နေ့က နှစ်ဖက်တပ်များ လိုက်နာသင့်သော ကျင့်ဝတ်များအပေါ် သဘောတူ လက်မှတ် ရေးထိုးလိုက်နိုင်ခဲ့သည်။ ထိုဆွေးနွေးပွဲတွင် KNU ၏ တပ်မဟာ ၁ မှ ၇ ထိ တပ်နေရာ ချထားရေးနှင့် ပတ်သက်၍ တင်ပြခဲ့သည်။
ညီလာခံတွင် လူ့အခွင့်အရေး ကော်မတီတရပ် ဖွဲ့စည်းသွားရန်နှင့် အမျိုးသားစည်းလုံး ညီညွတ်ရေး၊ အုပ်ချုပ်ရေးနှင့် တည်ဆောက်ရေး တို့နှင့် စပ်လျဉ်း၍ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ပြီး စီးပွားရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ မူဝါဒများ ကိုလည်း ချမှတ်သွားရန် သဘောတူခဲ့ကြသည်ဟု ကြေညာချက်တွင် ပါရှိသည်။
KNU ၏ ဌာန ၁၄ ခုမှ တာဝန်ခံများကိုလည်း ပြောင်းလဲတာဝန်ပေးအပ်ခဲ့ရာ ပဒိုမန်းဘထွန်း (သစ်တောဌာန)၊ ပဒိုစောနေစိုး (သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန)၊ စောအယ်လိုဆွေဦး (ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန)၊ စောလှထွန်း (စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန)၊ စောလေမူး (လယ်ယာနှင့် စိုက်ပျိုးရေး ဌာန)၊ စောလှစေး (ပညာရေးနှင့် ယဉ်ကျေးမှုဌာန)၊ စောမြမောင် (မွေးမြူရေးနှင့် ငါးဖမ်းဌာန)၊ စောရောဂျော်ခင် (ကာကွယ်ရေးဌာန)၊ စောကဲလဲ (သတ္တုတွင်းဌာန)၊ စောကလိုစေး (တရားရေးဌာန)တို့ ဖြစ်သည်။
ယခင် ဒု-ဥက္ကဋ္ဌ တာဝန်ယူခဲ့သော စောဒေးဗစ်သာကဘောမှာ (မဟာမိတ်ရေးရာဌာန)၊ စောအောင်ဝင်းရွှေ (နိုင်ငံခြားရေးဌာန)၊ စောအာတိုး (တရားရေးနှင့် သာသနာရေးဌာန)၊ စောခေးဆယ် (အကောက်ခွန်နှင့် ဘဏ္ဍာရေး ဌာန)တို့ တာဝန်ပေးအပ်ခဲ့သည်ဟု သိရသည်။
ကွယ်လွန်သူ ပဒိုဒေးဗစ်ထော၏ တရားရေးဌာန တာဝန်ခံ နေရာတွင် ပဒိုအယ်ကလိုစေးအား တာဝန်ပေးလိုက်ပြီး ပဒိုစောလှငွေအား အရေးကြီးသည့် တပ်ပိုင်းဆိုင်ရာ တနေရာတွင် တာဝန်ပေးအပ်မည်ဟု သိရသည်။
http://www.mizzimaburmese.com/news/inside-burma/10659-knu----.html
ဘွဲကရင် လေမှုတ်တူရိယာအဖွဲ့ အကြောင်း
ဘွဲကရင်တွေရဲ့ လေမှုတ်တူရိယာအဖွဲ့ အကြောင်းကို RFA မြန်မာပိုင်းဌာနကနေ ကရင်ဘာသာနဲ့ ထုတ်လွှင့်
ပေးသွားတာကို ရုပ်သံအဖြစ် ဖန်တည်းလိုက်တာပါ။ မိမိကိုယ်ပိုင် ယဉ်ကျေးမှုကို သားစဉ်မြေးဆက် ဆက်လက်ထိန်းသိမ်းသွားဘို့အတွက် ရည်မှန်းချက်ထား
တဲ့ ဒီအဖွဲ့ထဲမှာ အဖွဲ့ဝင်တွေ ၂၀လောက်ရှိတယ်လို့ ပြောသံကြားလိုက်ရပါတယ်။
ဖူးတာမိတ်ဘလော့မှ - http://phutarmite.blogspot.com.au/2012/12/blog-post_1150.html
Type the rest of your post here.
Wednesday, December 26, 2012
ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဖန်သုံးသပ်ခြင်း - အပိုင်း (၁)
အောင်ထူး (ရှေ့နေ)
စာရေးသူသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်အရ မဆက်ဆံခဲ့ဖူးသော်လည်း ယုံကြည်ချက်အတွက် သူမ၏ စွန့်လွှတ်အနစ်နာခံခဲ့မှုများအား လေးစားအသိအမှတ်ပြုသူဖြစ်သည်။ ကမ္ဘာသိခေါင်းဆောင်တဦး ပေါ်လာပြီဟူ၍ သူမအတွက် ဂုဏ်ယူသူများအနက်တွင်လည်း တဦးအဖြစ် ပါဝင်သည်။ မိမိအနေဖြင့် မီဒီယာများတွင် အကြောင်းအမျိုးမျိုးဖြင့် အကြိမ်ပေါင်းများစွာ ပြောဆို၊ ရေးသားခဲ့ဖူးသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် စပ်လျဉ်း၍ တကြိမ်မျှ မဝေဖန်ခဲ့ဖူးပါ။ ဘီဘီစီသို့ ယခု ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်တွင် ပေးခဲ့သော အင်တာဗျူးတွင်မူ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ချင်သည်ဟူသော ပြောဆိုချက်နှင့် စပ်လျဉ်း၍ အနည်းငယ် စတင်ထောက်ပြခဲ့သည်။ အင်တာဗျူးကို ဤတွင် နားဆင်ပါ။
- အင်တာဗျူး နားဆင်ရန် - https://docs.google.com/open?id=0BzC8VZhwp11AVG5tZDY1MWdjb2s
(အင်တာဗျူးသည်လည်းကောင်း၊ ဤဆောင်းပါးသည်လည်းကောင်း မိမိတဦးတည်း၏ အမြင်သာဖြစ်သည်။ မည်သည့် အဖွဲ့အစည်းကိုမျှ ကိုယ်စားမပြုပါ။)
ယခုမူ သူမကိုယ်တိုင်သာမက လူထုပါ စဉ်းစားနိုင်အောင် တစုံတရာ ထုတ်ဖော်ဝေဖန်သင့်သောအချိန် ရောက်ပြီဟု ယူဆသဖြင့် ဤဆောင်းပါးတွဲတစုံ ကို ရေးသားလိုက်ခြင်းဖြစ်သည်။ အမှားအမှန် တိုင်းတာရန် မလွယ်ကူလှသည့် နိုင်ငံရေးအမြင်၊ မျှော်မှန်းချက်၊ ရပ်တည်ချက်များအပေါ် အခြေခံ၍ ဝေဖန်မည် မဟုတ်ပါ။ အခိုင်အမာ ပြောနိုင်သည့် “ဥပဒေစိုးမိုးရေး” [i] ရှုထောင့်မှ အပြုသဘောဖြင့်သာ တင်ပြပါမည်။
“တိုင်းပြည်” [ii] အတွက် ဟူသော စကားလုံးကို မသုံးချင်ပါ။ ယင်းကို သုံး၍ စစ်အစိုးရအဆက်ဆက်က လူထုအပေါ် အမျိုးမျိုး ဖိနှိပ်ခဲ့၊ ဖိနှိပ်ဆဲ ဖြစ်၍ပင်။ တိုင်းရင်းသားပေါင်းစုံလူထုအကျိုးအတွက် ရိုးသားစွာ ဝေဖန်ခြင်းဖြစ်ပါမည်။
မိမိ၏ ဤဝေဘန်ရေးဆောင်းပါး ထွက်သွားပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်လုပ် ထောက်ခံမည့် လူထုများအနက် အချို့ထံမှ တိုက်ခိုက်မှုများ ပေါ်လာလိမ့်မည်ဟု မျှော်လင့်ထားပြီးဖြစ်သည်။ ယင်းသို့ ပေါ်လာလျှင်လည်း မိမိအနေနှင့် မည်သို့မျှ ပြန်လည်တုံ့ပြန်မည် မဟုတ်ပါ။ သူ့အမြင် ကိုယ့်အမြင် တင်ပြခြင်းဟုသာ သဘောထားပါမည်။ အရာကိစ္စများကို တချိန်တွင် သမိုင်းက အဆုံးအဖြတ်ပေးပါမည်။
စာရေးသူ၏ အမြင်ကို ပွင့်ပွင့်လင်းလင်း တင်ပြပါမည်။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဤပုံစံအတိုင်း ဆက်လက် ဦးဆောင်လျှောက်လှမ်းပါက မြန်မာနိုင်ငံတွင် ဥပဒေစိုးမိုးရေး ရရန် ဝေး၍ တရားမျှတမှုပင် ဖော်ဆောင်နိုင်မည်မဟုတ် ဟူသည်ပင်။
“၀မ်းနည်းဖွယ်ကောင်းသည်မှာ လူထုထောက်ခံမှုကိုသာမက နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကိုပါ အကြီးအကျယ်ရနေသော ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေစိုးမိုးရေး စကားလုံးကို ထပ်ခါတလဲလဲ သုံးနေသော်လည်း ယင်းကို ရည်ညွန်း၍ ပြစ်မှုကျူးလွန်သူအား အပြစ်ပေးရေးကို မည်သည့်အခါတွင်မျှ ဇောင်းမပေးခဲ့။ တည်ဆဲ မတရားဖိနှိပ်သည့် ဥပဒေများ ဖျက်သိမ်းရေးကို ထိထိရောက်ရောက် မတောင်းဆိုခဲ့။ လူထု၏ အခွင့်အရေးကို အကာအကွယ်မပေးဘဲ အစိုးရအာဏာပိုင်များ၏ လုပ်ပိုင်ခွင့်ကို တိုးမြှင့်၊ စစ်အာဏာရှင်များနှင့် စီးပွားဘက် ခရိုနီကြီးများ ဆက်လက် ကြီးပွားတိုးတက်စေမည့် ဥပဒေများအား လွှတ်တော်မှ ဟောတခု၊ ဟောတခု ပြဌာန်းနေသည်ကို ထိုင်၍ အတည်ပြုပေးလျက်ရှိနေသည်။”
“ဥပဒေစိုးမိုးရေး” နှင့် “ တရားမျှတမှု” [iii] တို့ကို ဘယ်လို နှိုင်းယှဉ်လေ့လာမလဲ။
ဥပဒေစိုးမိုးရေး၏ အခြေခံမှာ ပြစ်မှုကျူးလွန်သူကို အဓိကထားသည်။ တရားမျှတမှု၏ အခြေခံမှာ ပြစ်မှုကျူးလွန်ခံရသူအား အဓိကထားသည်။ ဥပဒေစိုးမိုးရေးကို တကယ်တမ်း လိုက်နာကျင့်သုံးလျှင် ပြစ်မှုကျူးလွန်သူအား အပြစ်ပေးကို ပေးရပါမည်။ ရှောင်လွှဲ၍ မရပါ။ ပြစ်မှုကျူးလွန်သူအား အပြစ်ပေးရေးမူကို ကျင့်သုံးခြင်းမှာ ထိုသူအား အာဃာတ ထားလို၍ မဟုတ်။ အပြစ်ပေးခြင်းအားဖြင့် ပြစ်မှုကျူးလွန်သူကိုယ်တိုင် နောင်တရသွားစေခြင်သည့်အပြင် အခြားသူများကလည်း သင်ခန်းစာယူ၍ နောင်ကို အလားတူ ပြစ်မှုများ ထပ်မံ မကျူးလွန်စေရန် ဟန့်တားလို၍ ဖြစ်သည်။ ထို့အပြင် ပြစ်မှုကျူးလွန်သူအား အပြစ်ပေး၍ မရလောက်အောင် ဟန့်တားထားသည့် ဥပဒေအခြေခံများ၊ တည်ဆဲ မတရားဖိနှိပ်သည့် ဥပဒေများကို ပြင်ဆင်၊ ဖျက်သိမ်းရပါမည်။
အခြေအနေအကြောင်းကြောင်းကြောင့် ပြစ်မှုကျူးလွန်သူကို အပြစ်ပေးနိုင်ခြင်းမရှိပါက “တရားမျှတမှု” ကို ရှာဖွေရပါသည်။ ဤတွင် အနည်းဆုံးအားဖြင့် ပြစ်မှုကြီးများ ဖြစ်ပွားခဲ့ပုံများနှင့် စပ်လျဉ်း၍ အမှန်တရားကို ဖော်ထုတ်ရသည်။ နောင် အလားတူပြစ်မှုများ ဆက်လက်ဖြစ်ပွားလာလျှင် ထိရောက်စွာ အရေးယူနိုင်စေရန် တိုင်းပြည်အုပ်ချုပ်ရေးယန္တရား အဆောက်အအုံများကို ပြင်ဆင်ဖွဲ့စည်းရသည်။ ပြစ်မှုကျူးလွန်ခံခဲ့ရသူများ၏ ဘ၀နစ်နာမှုများအား အသိအမှတ်ပြု၊ ပြုပြင်ကုစား၊ လျော့ပါးသက်သာအောင် လုပ်ပေးရပါသည်။
“ဥပဒေစိုးမိုးရေး” ရှုထောင့်
ဝမ်းနည်းဖွယ်ကောင်းသည်မှာ လူထုထောက်ခံမှုကိုသာမက နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကိုပါ အကြီးအကျယ်ရနေသော ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေစိုးမိုးရေး စကားလုံးကို ထပ်ခါတလဲလဲ သုံးနေသော်လည်း ယင်းကို ရည်ညွန်း၍ ပြစ်မှုကျူးလွန်သူအား အပြစ်ပေးရေးကို မည်သည့်အခါတွင်မျှ ဇောင်းမပေးခဲ့။ တည်ဆဲ မတရားဖိနှိပ်သည့် ဥပဒေများ ဖျက်သိမ်းရေးကို ထိထိရောက်ရောက် မတောင်းဆိုခဲ့။ လူထု၏ အခွင့်အရေးကို အကာအကွယ်မပေးဘဲ အစိုးရအာဏာပိုင်များ၏ လုပ်ပိုင်ခွင့်ကို တိုးမြှင့်၊ စစ်အာဏာရှင်များနှင့် စီးပွားဘက် ခရိုနီကြီးများ ဆက်လက် ကြီးပွားတိုးတက်စေမည့် ဥပဒေများအား လွှတ်တော်မှ ဟောတခု၊ ဟောတခု ပြဌာန်းနေသည်ကို ထိုင်၍ အတည်ပြုပေးလျက်ရှိနေသည်။ ဤပုံအတိုင်း ဆက်သွားပါက “ဥပဒေစိုးမိုးရေး” ဟူသည်မှာ အသံသာရှိပြီး အဆံမရှိသည့် အမြောက်ထက် ပိုနိုင်ဖွယ်မမြင်။ စစ်အာဏာရှင်များ ကြံ့ခိုင်ကြီးထွားလာသော်လည်း လူထု အင်အားချည့်နဲ့သည်ထက် ချည့်နဲ့လာရုံကလွဲ၍ ဘာမှ ဖြစ်လာမည်မဟုတ်။
“တရားမျှတမှု” ရှုထောင့်
ဒေါ်အောင်ဆန်းစုကြည်သည် တရားစီရင်ရေးယန္တရားမှစ၍ တိုင်းပြည်လုံခြုံရေးတပ်ဖွဲ့များဖြစ်သည့် တပ်မတော်၊ ရဲ၊ ထောက်လှန်းရေး၊ လုံခြုံမှုထိန်းသိမ်းရေးတပ်ရင်း စသည့် တိုင်းပြည်အုပ်ချုပ်ရေးယန္တရား အဆောက်အအုံဟောင်းများအား ပြင်ဆင်ဖွဲ့စည်းရန် တိတိကျကျ လှုံ့ဆော်သည်ကို တကြိမ်တခါမျှ မကြားမိ။ ဖိနှိပ်ရေးယန္တရားဟောင်းများသည် အုံနှင့်၊ ကျင်းနှင့်၊ ထုနှင့်၊ ထည်နှင့် ဆက်လက် တည်ရှိဆဲဖြစ်သည်။ တိုင်းပြည်အုပ်ချုပ်ရေးယန္တရားများကို သုံး၍ အတင်းအကျပ်ပြုနိုင်ခွင့်အာဏာ [iv] သည် ဥပဒေစိုးမိုးရေးအတွက် ဖြစ်ရပါမည်။ စစ်အာဏာရှင်များအတွက် မဖြစ်စေရပါ။ ယခုမူ ပြောင်းပြန်ဖြစ်နေဆဲပင်။
သာဓကအားဖြင့် သံဃာတော်များအား မီးလောင်တိုက်သွင်းရာ၌ မြေပြင်တွင် ဦးဆောင် အကောင်အထည်ဖော်ခဲ့သော စစ်ကိုင်းတိုင်း ရဲမှူးကြီး ဦးစန်းယုသည် ဒုတိယဗိုလ်မှူးကြီးဟောင်းတဦး ဖြစ်သည်ဟု ကြားရသည်။ ဤသတင်းမှန်လျှင် ရဲတပ်ဖွဲ့၏ သမာသမတ်ဖြစ်မှု [v] မှာ များစွာ သံသယဖြစ်ဖွယ်ရှိပါသည်။ စစ်ခေါင်းဆောင်များ ကြီးစိုးထားသော အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ (ကာလုံ) က ဦးစန်းယုအား တိုက်ရိုက် အမိန့်ပေး ဖြိုခွဲခိုင်းခဲ့သည်ဟု မှတ်ယူနိုင်သည်။
“ဥပဒေစိုးမိုးရေးအရ ပြစ်ကျူးလွန်သူကိုလည်း အပြစ်မပေးနိုင်၊ ‘တရားမျှတမှု’ အခြေခံတွင် ‘တိုင်းပြည်အုပ်ချုပ်ရေးယန္တရားများ ပြုပြင်ပြောင်းလဲရေး’ ကိုမျှ မလုပ်နိုင်ပါက နောင်ကို အလားတူပြစ်မှုမျိုး ထပ်မံမဖြစ်ပွားအောင် မည်သို့ ကာကွယ်မည်နည်း။ သို့ဖြစ်လျှင် သံဃာတော်များသည် ယခု မီးလောင်ဗုံးနှင့် အပစ်ခံရပြီး နောင်ကို ဒုံးကျည်နှင့်ပါ အပစ်ခံရဖို့ ရှိသည်။”
သို့ဖြစ်ပါက တိုင်းပြည်အုပ်ချုပ်ရေးယန္တရားများအနက် အရေးကြီးသော ရဲတပ်ဖွဲ့အား လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်သည့် အဆောက်အအုံတခု ဖြစ်လာအောင် တည်ဆောက်နိုင်ရေးအတွက် နည်းလမ်းမျိုးစုံ ရှာဖွေရာ၌ လက်ပံတောင်းတောင်မှုခင်းမှ မည်သည့် သင်ခန်းစာယူမည်နည်း။ စစ်ခေါင်းဆောင်ဟောင်းများအား တပြည်လုံးရှိ ရဲတပ်ဖွဲ့၏ အချက်အချာကျသော နေရာများအားလုံးမှ ဖယ်ရှားလိုက်ရန်ပင်။ ယင်းမှာ “တရားမျှတမှု” ကို ရှာဖွေရာ၌ အခြေခံအားဖြင့် ဆောင်ရွက်ရမည့် “တိုင်းပြည်အုပ်ချုပ်ရေး ယန္တရားများ ပြုပြင်ပြောင်းလဲရေး” [vi] လုပ်ငန်း၏ အရေးကြီးသော ခြေလှမ်းတရပ်လည်း ဖြစ်ပါမည်။
ဥပဒေစိုးမိုးရေးအရ ပြစ်ကျူးလွန်သူကိုလည်း အပြစ်မပေးနိုင်၊ “တရားမျှတမှု” အခြေခံတွင် “တိုင်းပြည်အုပ်ချုပ်ရေးယန္တရားများ ပြုပြင်ပြောင်းလဲရေး” ကိုမျှ မလုပ်နိုင်ပါက နောင်ကို အလားတူပြစ်မှုမျိုး ထပ်မံမဖြစ်ပွားအောင် မည်သို့ကာကွယ်မည်နည်း။ သို့ဖြစ်လျှင် သံဃာတော်များသည် ယခု မီးလောင်ဗုံးနှင့် အပစ်ခံရပြီး နောင်ကို ဒုံးကျည်နှင့်ပါ အပစ်ခံရဖို့ရှိသည်။
စစ်အာဏာရှင်စနစ်အောက်၌ တနိုင်ငံလုံးတွင် သန်းတချို့မျှရှိမည့် လူထုကြီးသည် အတိဒုက္ခရောက်ခဲ့သည်။ အထူးသဖြင့် မြန်မာ မဟုတ်သည့် တိုင်းရင်းသား အမျိုးသား အမျိုးသမီး မြောက်မြားလှစွာ ပြစ်မှုကြီးများ ကျူးလွန်ခံခဲ့ကြရသည်။ ပေါ်တာဆွဲ၊ မုဒိန်းကျင့်၊ လူမဆန်စွာ နှိပ်စက်ညှဉ်းပန်း၊ လူသတ်၊ စားရေရိက္ခာများ ဖျက်ဆီး၊ ကျေးရွာပေါင်း သုံးထောင်ကျော် မီးရှို့ခံခဲ့ရသည်ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ကြီးက စနစ်တကျ သတင်းအချက်အလက် စုဆောင်း အစီရင်ခံစာ တင်သွင်းထားခဲ့ပြီးဖြစ်သည်။ [vii] ယင်းအစီရင်ခံစာမှာ ၂၀၀၈ ခုနှစ်အထိသာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သဖြင့် ၂၀၀၉ မှ ၂၀၁၂ ခုနှစ်အတွင်း ထပ်မံကျူးလွန်ခဲ့သည့် ပြစ်မှုကြီးများ မပါသေးပါ။
ဒေါ်အောင်ဆန်းစုကြည်သည် အထူးသဖြင့် တိုင်းရင်းသားလူထုများ ခံစားခဲ့ရသည့်ပြစ်မှုကြီးများနှင့် စပ်လျဉ်း၍ “ဥပဒေစိုးမိုးရေး” ရှုထောင့်မှ မချည်းကပ်နိုင်သည့်တိုင် “တရားမျှတမှု” ရှုထောင့်မှ ချည်းကပ်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ သို့ရာတွင် ယင်းမှာလည်း ယခုအချိန်အထိ ဖြစ်မလာသေးပါ။
စစ်အစိုးရအဆက်ဆက်က ကျူးလွန်ဖြစ်ပွားခဲ့သော ပြစ်မှုကြီးများနှင့် စပ်လျဉ်း၍ အမှန်တရား ပေါ်ထွက်လာအောင်သော်လည်းကောင်း၊ ဘ၀ဆုံးရှုံးခဲ့ကြသော တိုင်းရင်းသားလူထုများအား တိုင်းပြည်က နည်းလမ်းတကျ အသိအမှတ်ပြု၊ ပြုပြင် ကုစား၊ ထိုက်သင့်သည့် လျော်ကြေးများပေး၊ အခြားနည်းများဖြင့်ပါ ၄င်းတို့၏ နစ်နာမှုများ လျော့ပါးသက်သာအောင် လုပ်ဆောင်ရန်ကိုသော်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည်သည် ယခုအချိန်အထိ တိတိကျကျ ဦးဆောင်လှုပ်ရှားမှုမပြုခဲ့ပါ။ ဘယ်တော့ ဦးဆောင်မည်ကိုလည်း မမျှော်လင့်နိုင်။ လေသံမျှပင် မဟသေး၍ ဖြစ်သည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဥပဒေစိုးမိုးရေး
၁၉၈၈ ခုနှစ်တွင် စစ်တပ်က ထပ်မံအာဏာသိမ်းပြီးနောက်ပိုင်းတွင် တိုင်းရင်းသားပေါင်းစုံလူထုအပေါ် ပြစ်မှုကြီးပေါင်းများစွာကို ဆက်တိုက် ကျူးလွန်နေခဲ့ချိန်မှာပင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ နိုင်ငံရေးပါတီအဖွဲ့အစည်း အတော်များများကလည်း “အမျိုးသားပြန်လည်သင့်မြတ်ရေး” [viii] ဟူသည်ကို လွှင့်တင်လာခဲ့ကြသည်။ သို့ရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း စာနှင့် ရေးသားကာ တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်ကို မတွေ့ရ။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဥပဒေစိုးမိုးရေးနှင့် ဆက်စပ်၍ ရှင်းလင်းထားသည်ကို မမြင်ရ။
အမျိုးသားပြန်လည်သင့်မြတ်ရေး ဟူသည်ကို ဥပဒေစိုးမိုးရေးအခြေခံမှ တည်ဆောက်မည်လား။ တရားမျှတမှု ရှာဖွေရေး အခြေခံမှ တည်ဆောက်မည်လား။ စစ်အစိုးရအာဏာပိုင်များ၏ လုပ်ဆောင်ခဲ့မှုများနှင့် စပ်လျဉ်း၍ ပြစ်မှုကြီးများ ကျူးလွန်ခဲ့မှုများ အပါအ၀င် အတိတ်က ဖြစ်ပျက်ပြီးခဲ့သမျှ ကိစ္စရပ်များအားလုံးကို ပြည်ဖုံးကားချလိုက်ပြီး ဘာတခုမျှ အရေးယူဆောင်ရွက်မှု မပြုတော့ဘူးလား။ သို့မဟုတ် တစုံတရာ အရေးယူဆောင်ရွက်သွားမည်လား။
အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်၍ သင်ပုန်းချေသွားမည်ဆိုလျှင်လည်း လူသားဖြစ်မှုကို ဆန့်ကျင်ကျူးလွန်သည့် ပြစ်မှု [ix]၊ လူမျိုးတုံးသတ်ဖြတ်မှု [x]၊ စစ်ရာဇ၀တ်မှုများ [xi] ဟူသည့် နိုင်ငံတကာရာဇ၀တ်မှုကြီးများကိုပါ အရေးမယူတော့ဘူးလား။ အဆိုပါ ပြစ်မှုကြီးသုံးမျိုးမှာ နိုင်ငံတကာဥပဒေအရ ပြစ်မှုကျူးလွန်သူအား လွတ်ငြိမ်းခွင့်ပေး၍ရသော ပြစ်မှုမျိုး မဟုတ်သဖြင့် ယင်းတို့အား အမျိုးသားပြန်လည်သင့်မြတ်ရေးရှုထောင့်မှ မည်သို့ ကိုင်တွယ်မည်နည်း။ သို့မဟုတ်လျှင် နိုင်ငံတကာရာဇ၀တ်မှုကြီးများ မပါဘဲ ပြည်တွင်းပြစ်မှုများကိုသာ ရည်ညွှန်းမှာလား။
ပြစ်မှုကျူးလွန်သူများကို အကြောင်းကြောင်းကြောင့် အရေးမယူနိုင်ဟု ယူဆလျှင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အပံ့ဖြစ်စေရေးအတွက် တခုခု စီစဉ်ဆောင်ရွက်မည်လား။ စစ်အစိုးရခေတ်အဆက်ဆက်တွင် ပြစ်မှုကြီးများ ကျူးလွန်ခံခဲ့ရသူ လူထုများအား အသိအမှတ်ပြုသည့်အနေဖြင့် ၄င်းတို့၏ စာရင်းကို မှတ်တမ်းကောက်ယူမှာလား။ သို့မဟုတ် ဘာတခုမှ လုပ်ဆောင်ခြင်းမပြုတော့ဘဲ သည်အတိုင်း မေ့ထား၊ ပြည်ဖုံးကားချထားခဲ့တော့မည်လား။
လုံးဝ ပြည်ဖုံးကားချထားခဲ့လျှင် အမျိုးသားပြန်လည်သင့်မြတ်ရေးဟူသည်မှာ စစ်ခေါင်းဆောင် ဟောင်းသစ်တစုနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးခေါင်းဆောင်တစု အတွင်းတွင်သာ ပြန်လည်သင့်မြတ်ရေးသဘော ဆောင်နေမည်ဖြစ်သောကြောင့် တနိုင်ငံလုံး အတိုင်းအတာ လူထုအသွင်လက္ခဏာဆောင်အောင် (အထူးသဖြင့် အခံခဲ့ရဆုံးဖြစ်သော တိုင်းရင်းသားလူထုများ ကျေနပ်အောင်) မည်သည့် နည်းနာများဖြင့် ဖော်ဆာင်မည်နည်း။
ပြစ်မှုကြီးများ ကျူးလွန်ခံရ၍ ဘ၀နစ်နာပျက်စီး ဆုံးရှုံးခဲ့ကြရသူများကို မည်သည့် မှတ်တမ်းမျှ မကောက်ယူတော့ဘဲ သည်အတိုင်း ထားခဲ့၍ မရနိုင်ဘူးလား။ တိုင်းပြည်အနေဖြင့် မှတ်တမ်းတင် စနစ်တကျ အသိအမှတ်ပြုခြင်းအားဖြင့် ပြစ်မှုကျူးလွန်ခံခဲ့ရသူများ၏ ကျန်ရစ်သူမိသားစုများ စိတ်ဖြေသိမ့်နိုင်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူဖြစ်နိုင်မည်လား။ မှတ်တမ်းကောက်ကူမည်ဆိုလျှင်လည်း မည်သည့်ခေတ်မှ စတင်၍ ကောက်မည်နည်း။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်းခေတ်မှ စတင်မည်လား။ ၁၉၈၈ ခုနှစ် ဗိုလ်ချုပ်မှူးကြီး စောမောင်ခေတ်မှ စတင်မည်လား။ မှတ်တမ်းရရှိပြီးလျှင် ဘ၀နစ်နာဆုံးရှုံးခဲ့သူများအား မည်မျှလောက် အတိုင်းအတာအထိ ပြန်လည် ကုစားပေးနိုင်မည်နည်း။ မည်သို့ ပြန်လည်ကုစားမည်နည်း။ ကုစားခြင်းအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အကျိုးရှိမည်လား။ ဘာမျှ မကုစားဘဲသည်အတိုင်း ထားလျှင်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မထိခိုက်ဟု ယူဆနိုင်မလား။
“ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လျက်ရှိသော အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ ရည်ရွယ်ချက်ကောင်းမွန်သော်လည်း တိတိကျကျ ဖော်ညွှန်းကျင့်သုံးခြင်း မရှိခဲ့သဖြင့် စကတည်းက ဥပဒေစိုးမိုးရေး အခြေခံနှင့် ဆန့်ကျင်လာခဲ့သည်။ သို့ဖြင့် မည်သည့်အရာမှန်း တိတိကျကျ မသိရသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကာလအကန့်အသတ်မရှိ ဆက်၍ ဆက်၍ ကျင့်သုံးလေလေ ဥပဒေစိုးမိုးရေးကို လှိုက်၍ လှိုက်၍ ဖျက်ဆီးလာလေ ဖြစ်နေသည်။ ဥပဒေစိုးမိုးရေး ကင်းမဲ့သော နိုင်ငံတွင် မည်သို့လျှင် ပြည်တွင်းငြိမ်းချမ်းရေး ရမည်နည်း။ ဥပဒေစိုးမိုးရေးလည်း မရှိ၊ ပြည်တွင်းငြိမ်းချမ်းရေးလည်း မရှိလျှင် လူထု၏ စီးပွားရေးတိုးတက်မှုကို မည်သို့ မျှော်မှန်းနိုင်အံ့နည်း။”
အမျိုးသားပြန်လည်သင့်မြတ်ရေး ဟူသည်နှင့် စပ်လျဉ်း၍ ဘာတခုမျှ ရေရေရာရာ မသိသော မေးခွန်းပေါင်း သောင်းခြောက်ထောင် ရှိနေသည်။ အတိတ်က ဖြစ်ပျက်ပြီးခဲ့သမျှ ကိစ္စရပ်များ ဟူရာတွင်လည်း ကာလအပိုင်းအခြား အကန့်အသတ်နှင့် စပ်လျဉ်း၍ မည်သူမျှ တိတိကျကျ မသိ။ မည်သည့်နှစ်၊ လ၊ နေ့ရက်ကို နောက်ဆုံးထားပြီး ကျူးလွန်ပြီးခဲ့သမျှ ပြစ်မှုကြီးများအပေါ် အရေးယူဆောင်ရွက်မည်မဟုတ်ကြောင်း၊ လွတ်ငြိမ်းခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ မည်သည့် နှစ်၊ လ၊ ရက်မှ ကျော်လွန်လျှင်မူ အမျိုးသားပြန်လည်သင့်မြတ်ရေးရှုထောင့်မှ မစဉ်းစားတော့ဘဲ ဥပဒေစိုးမိုးရေး အခြေခံမှနေ၍ ပြစ်မှုကျူးလွန်သူမှန်သမျှကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း စသဖြင့် သတ်မှတ်ထားခြင်းလည်း မတွေ့ရ။
သို့ဖြစ်၍ စစ်အစိုးရအာဏာပိုင်များအနေဖြင့် မျက်မှောက်အချိန်တွင်လည်းကောင်း၊ အနာဂတ်တွင်လည်းကောင်း လူထုအပေါ် မည်သို့ပင် ပြစ်မှုကြီးများ ဆက်လက် ကျူးလွန်နေသော်လည်း ၄င်းတို့အား အရေးယူ အပြစ်ပေးရေးကို ရှေ့တန်းမတင်ဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးအမြင်အရ အစဉ်တစိုက် ခွင့်လွှတ်သွားရမည့် သဘောဆောင်လျက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လျက်ရှိသော အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ ရည်ရွယ်ချက်ကောင်းမွန်သော်လည်း တိတိကျကျ ဖော်ညွှန်းကျင့်သုံးခြင်း မရှိခဲ့သဖြင့် စကတည်းက ဥပဒေစိုးမိုးရေး အခြေခံနှင့် ဆန့်ကျင်လာခဲ့သည်။ သို့ဖြင့် မည်သည့်အရာမှန်း တိတိကျကျ မသိရသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကာလအကန့်အသတ်မရှိ ဆက်၍ ဆက်၍ ကျင့်သုံးလေလေ ဥပဒေစိုးမိုးရေးကို လှိုက်၍ လှိုက်၍ ဖျက်ဆီးလာလေ ဖြစ်နေသည်။ ဥပဒေစိုးမိုးရေး ကင်းမဲ့သော နိုင်ငံတွင် မည်သို့လျှင် ပြည်တွင်းငြိမ်းချမ်းရေး ရမည်နည်း။ ဥပဒေစိုးမိုးရေးလည်း မရှိ၊ ပြည်တွင်းငြိမ်းချမ်းရေးလည်း မရှိလျှင် လူထု၏ စီးပွားရေးတိုးတက်မှုကို မည်သို့ မျှော်မှန်းနိုင်အံ့နည်း။
ဒေါ်အောင်ဆန်းစုကြည်သည် ဖြစ်ပြီးခဲ့သမျှ လူထုဘ၀ နစ်နာမှုများအားလုံးကို ပြည်ဖုံးကားချထားခဲ့ပြီလား။
ပြစ်မှုကြီးပေါင်း မြောက်မြားစွာ ကျူးလွန်ခံခဲ့ရသည့် တိုင်းရင်းသားလူထုများသည် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူများ မဟုတ်ဘူးလား။ သူမအနေဖြင့် ခရီးရှည် ခရီးတိုများစွာ ထွက်ခဲ့သည့်အနက် မဲဆွယ်ခရီး၊ စည်းရုံးရေးခရီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ဆောက်ရေးခရီးများသာ များပြားနေပြီး ပြစ်မှုကြီးများ ကျူးလွန်ခံခဲ့ရသည့် တိုင်းရင်းသားလူထုများကို သွားရောက်တွေ့ဆုံသည့်ခရီးမျိုး ဘာကြောင့်မထွက်သလဲ။ စစ်အာဏာရှင်များ ငြိုငြင်မည်ကို စိုးရိမ်သောကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဟူသည့် လှပသော စကားလုံးအောက်တွင် လူထုဘ၀နစ်နာမှုများအားလုံးကို လုံးဝပင် ပြည်ဖုံးကားချထားခဲ့ပြီလား။
အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်းရာတွင် ဖြစ်ပြီးခဲ့သမျှအားလုံးကို ပြည်ဖုံးကားချ၊ ဘာတခုမျှ အရေးယူ ဆောင်ရွက်မှုမပြုခြင်းသည် “ဥပဒေစိုးမိုးရေး” နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ရုံသာမက လူထုအတွက် “တရားမျှတမှု” ပင် မမျှော်မှန်းနိုင်တော့ ဟူသည်ကို ဒေါ်အောင်ဆန်းစုကြည် မသိတာလား။ မသိယောင်ဆောင်နေတာလား။ သူမကဲ့သို့ ပညာတတ်ခေါင်းဆောင်သည် မသိတာတော့ မဖြစ်နိုင်။ မသိယောင်ဆောင်နေတာဟုလည်း မပြောရက်ပါ။ ယခု ဤသို့ ပြောရမည့် အခြေသို့ ရောက်နေပါသည်။ ဘာကြောင့်ပါလဲ။ စစ်အာဏာရှင်သစ်၊ ဟောင်းများနှင့် ထိပ်တိုက်မတွေ့လို၍သာ ဖြစ်မည်ဟု သုံးသပ်ပါသည်။ ယခု သူမ လျှောက်လှမ်းနေသော လမ်းကြောင်းမှာ စစ်အစိုးရနှင့် အဖိနှိပ်ခံ လူထုနှစ်ဘက်၏ ကြားမှာနေ၍ စေ့စပ်ဖြန်ဖြေရေး [xii] ဖြစ်နေသည်။ နှစ်ဘက်လုံးမှနေ၍ သူမအပေါ် အမုန်းမပွားစေဘဲ မေတ္တာခံယူသွားနိုင်စေမည့် လမ်းကြောင်းမျိုးဖြစ်သည်။ သူမအတွက်တော့ ကောင်းခြင်ကောင်းပါမည်။ လူထုအတွက် လုံးဝမကောင်းပါ။
စာရေးသူ မျှော်လင့်ခဲ့သည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် လူထုရှေ့၌ မားမားမတ်မတ် ရပ်ပြီး ၄င်းတို့ ဆုံးရှုံးနေသော အခွင့်အရေးအများအတွက် ခိုင်ကျည်စွာ ရပ်တည်တောင်းဆို တိုက်ပွဲဝင်သွားလိမ့်မည်ဟူ၍ ဖြစ်သည်။ ယခု ယင်းသို့ ဖြစ်မလာပါ။ “ဥပဒေစိုးမိုးရေး” ပျက်သည့် အခြေအနေကြီးတခုလုံးကြောင့် ပေါ်ပေါက်သည့် လူထုဘ၀ ခံစားမှုများကို ဒေါ်အောင်ဆန်းစုကြည်သည် ကွက်ကွက်ကွင်းကွင်း ထောက်ပြ၊ ပြတ်ပြတ်သားသား လှုပ်ရှားဆောင်ရွက်သည်ကို မတွေ့ရပါ။
“ဥပဒေစိုးမိုးရေး” ပျက်ခြင်းနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည် တဦးထဲမှာ တာဝန်ရှိသလား။ အခြားလူထုတွေမှာရော တာဝန်မရှိဘူးလား။
ဤမေးခွန်းကို မေးဖွယ်ရှိသည်။ လူထုများ၏ တာဝန်ကို သိစေချင်၍ အားလုံး လေ့လာခွင့်ရအောင် ဤဆောင်းပါးကို ရေးခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို အဓိက ရည်ညွှန်းရခြင်းမှာ သူမ တဦးတည်းက လူထုခေါင်းဆောင်နေရာတွင် ရယူထား၍ ဖြစ်သည်။ ခေါင်းဆောင်က ဥပဒေစိုးမိုးရေးမျက်နှစာတွင် ထိရောက်စွာ ခေါင်းမဆောင်သည့်အခါ လူထုအနေဖြင့် ထိုးဖောက်ကျော်တက်ပြီး လုပ်၍ မရနိုင်သည့် အခြေအနေကို တွေ့မြင်နေရ၍ဖြစ်သည်။
စာရေးသူ၏ ဆောင်းပါးတခုတွင်တွင် ပုံနှိုင်းရာ၌ အစိုးရမှာ ကျားကြီး၊ လူထုက ယုန်ကလေး ဖြစ်နေသဖြင့် အစိုးရ၏ အာဏာကို ထိန်းညှိနိုင်သည့် ညီမျှခြေ လူထုတွင် ရှိလာစေရန် လူထုအား ယုန်ကလေးများဘ၀မှ ဆင်ကြီးဖြစ်လာအောင် အသွင်းပြောင်းဖို့လိုကြောင်း တင်ပြခဲ့သည်။ စင်စစ်အားဖြင့်မူ လူထုယုန်ကလေးများအနက် ခေါင်းဆောင်တင်လိုက်သည့် တကောင်မှာမူ ဆင်ကြီးဘ၀သို့ ပြောင်းလဲခဲ့ပြီးဖြစ်သည်။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပင်။ ယင်းဆင်ကြီးသည် ရှေ့မှာ မားမားရပ်ပြီး နှာမောင်းကြီးကို မြှောက်၊ ဖွေးဖွေးဖြူ ကြံ့ခိုင်သော မိမိ၏ အစွယ်ကြီးကို ပင့်လျက် ကျားကြီးကို ရဲရဲတင်းတင်း ရင်ဆိုင်ကာ ယုန်ကလေးများကို ကာကွယ်စောင့်ရှောက်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။
သို့ရာတွင် ယင်းသို့ ပြုရမည့်အစား ကံမကောင်းစွာပင် ဆင်ကြီးသည် ကျားကြီး၏ ကျောကို နှာမာင်းကြီးနှင့် ပွတ်သပ်ကာ အကျွမ်းတ၀င် ပြုလျက်ရှိသည်။ ကျားကြီး မည်သို့တော်ကြောင်း ချီးမွမ်းခန်းတွေ တခုပြီး တခု ဖွင့်နေသည်။ နောက်တွင် ကပ်ရက်ပါရှိနေသော ယုန်ကလေးများကိုမူ မိမိ၏ အမြီး ကလေးမျှသာ လှုပ်ခါပြပြီး ချော့မြူထားသည်။ နှစ်သိမ့်ထားသည်။ ဆင်ကြီးက လမ်းပိတ်ထားသဖြင့် ယုန်ကလေးများကလည်း ရှေ့ကို ဆက်မတက်နိုင်။ လူထုမှာ ယုန်ကလေးများဘ၀မှာပင် ရှိနေသေးသဖြင့်လည်း ကျားဆွဲမည့် အန္တရာယ်ကို ကြောက်နေရဆဲရှိသေးသည်။ ဤသည်မှာ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေဟု စာရေးသူ ရှုမြင်သည်။
အပိုင်း (၂) ကို ဆက်လက်ဖတ်ရှုပါရန် ...
အောင်ထူး (ရှေ့နေ)
ဒီဇင်ဘာလ ၂၅ ရက် ၂၀၁၂ ခုနှစ်

Tuesday, December 25, 2012
‘Poison Laptops’ Distributed by Govt Peace Team? "အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ရဲ့ အဆိပ်လက်ပ်တော"
ဒီသတင်းက စိတ်ဝင်စားစရာပါ။ နှစ်သစ်မှာ ခေါင်းဆောင်သစ်များ ရန်သူ၏နည်းမျိုးစုံသောယုတ်မာကောက်ကျစ်စဉ်းလဲမှုရန်များမှ လွတ်မြောက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း အမြဲသတိရှိဖို့ တိုက်တွန်းလိုပါသည်။
ယခုငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဘက်နှစ်ဖက် နိုင်ငံရေးသမားတွေပြောပြီးသုံးနေတဲ့ ထ၀ရငြိမ်းချမ်းရေး ဆိုတဲ့ စကားစုဟာ သိပ်ပြီး ကြီးကျယ်လွန်းကြပါတယ်။ ထ၀ရငြိမ်းချမ်းရေး ဆိုတဲ့စကားလုံးရဲ့အဓိပါယ်က သိပ်နဲနက်လွန်းလို့ လက်တွေ့ ဘ၀မှာ ရှာယူလုပ်ယူဖို့ မလွယ်ပါဘူး.. အထူးသဖြင့်ပြသနာများကိုဖြေရှင်းရာမှာ ဒီစကားစုကိုသုံးတာ နိုင်ငံရေးသမားတွေက လူတွေကိုလည့်စားတာပါပဲ။ ကောင်းကင်ဘုံ(သို့ မဟုတ်)နိဗ္ဗန်ဘုံ ဆိုတာရှိရင်သာ ထ၀ရငြိမ်းချမ်းရေး ဆိုတာကို ရယူပိုင်ဆိုင်နိုင်ကြမယ်လို့ ယုံကြည်တယ်။
ကေအဲန်ယူအတွက်ကတော့ လက်တွေ့ မှာ ဦးသိန်းစိန်၊ ဦးအောင်မင်းတို့ ပြောပြောနေတဲ့ ထ၀ရငြိမ်းချမ်းရေးကို ဗိုလ်မှူးကြီး စောမိုးဖြူနဲ့ ပဒိုစောဒေးဗစ်ထောတို့ နှစ်ဦး ရရှိသွားပြီးဖြစ်ပါတယ်။
xxxxxxxxxxxxxxxx
By THE IRRAWADDY
KNU and government peace delegations hold talks at the Sedona Hotel in Rangoon on April 6, 2012. (Photo: The Irrawaddy
The murky world of Burmese politics has long been ripe territory for conspiracy theorists and other assorted crackpots. From American tourist John Yettaw swimming across to Aung San Suu Kyi’s lakeside home on junta orders, to astrologers telling ruling generals to dress in women’s clothing to counter the Nobel laureate’s influence, there is no end to the weird and wonderful speculation.
And the country’s current brush with political reform has apparently done little to assuage such deeply-held suspicions, with a hardliner plot to disrupt Karen National Union (KNU) peace talks using a poisoned laptop among the latest bizarre beliefs doing the rounds.
Col Moe Phyu, a leading Karen National Liberation Army (KNLA) officer and key member of the KNU peace team, died on May 11 shortly after a second round of negotiations with a Naypyidaw delegation.
According to his family, Moe Phyu was hospitalized when he suddenly suffered hypertension after using a laptop provided by the government. Although outsiders would consider such allegations ridiculous, many in the KNU leadership continue to harbor deep distrust.
And recently, some top KNU officials have confessed of fearing that they would be poisoned while dining with government representatives, such as President’s Office Minister Aung Min, during peace talks, after several rebel leaders passed away in recent months.
One hing-ranking military official, who asked to remain anonymous, confessed to fearing that he would be killed in this manner. “U Aung Min mentioned my name,” he told The Irrawaddy. “He said that he wanted me to come along with the KNU peace delegation for peace talks. But, I didn’t go.”
He explained his suspicions grew after Aung Min, the government’s chief peace negotiator with ethnic armed groups, also requested that some influential leaders of the KNLA, the KNU’s military wing, accompany the Karen peace team.
Aung Min apparently wanted to see Brig-Gen Baw Kyaw Heh, the commander of the KNLA Brigade 5, outgoing KNU Vice-Chairman David Takapaw and foreign-born Brig-Gen Hsar Gay, who served as the KNU’s political representative for Portugal and Spain as far back as 1995.
Rumors spread within the Karen community along the Thai-Burmese border that food prepared for the peace talks was contaminated with poisons that exacerbate diseases such as hypertension and diabetes. Many believe that the Burmese peace delegation consumed the same food at mealtimes but took medicine immediately afterwards to counter the affect of the poison.
Zipporah Sein, the newly-elected KNU vice-chairwoman, was recently hospitalized in the Thai border town of Mae Sot after suffered from acute high-blood pressure. She also has hypertension and diabetes. Some sources said that her health has worsened after returning from several rounds of peace talks.
While outsiders are quick to pour scorn on the paranoia apparently displayed by ethnic armed groups, others think that their bitter experiences during decades of civil war mean that such fears are understandable.
Some Karen people also suspect that the medical treatment provided to KNU peace leader David Taw, who passed away in Rangoon in October, might have contributed to his death. He was being treated by a military physician at Mingalardon military hospital at the time, with many Karen insisting that he would still be alive if instead treated by doctors in Thailand.
However, the 65-year-old had admittedly been suffering from lung disease and diabetes for three months before his death, and was even hospitalized several times in Chiang Mai, Thailand, prior to travelling to Rangoon.
Despite this continued distrust between the KNU and central government, the rebel group signed a historic ceasefire agreement on Jan. 12, 2012. The KNU was formed in 1947 and has been waging war for greater autonomy since 1949, with allegations of underhand tactics common during this time.
In 2006, there was even bizarre speculation about the death of the Gen Bo Mya, then-chairman of the KNU. Many in the Karen community reported that Bo Mya suffered a leg wound after wearing a pair of shoes presented by the Burmese government at his birthday party in Rangoon. The celebration followed ceasefire talks with ex-Prime Minister Khin Nyunt in 2004.
Then in February 2008, former general-secretary of the KNU, Mahn Sha Lah Phan was assassinated by two hired gunmen at his house in Mae Sot. The Burmese government and a breakaway Karen rebel were deemed responsible for the attack.
It remains to be seen if the memory of such acts, and the conspiracy fears that use them for support, will undermine the ongoing peace process.
http://www.irrawaddy.org/archives/22035