tag:blogger.com,1999:blog-6307763623887505811.post4237118374666238924..comments2023-10-22T09:46:36.149-07:00Comments on သောသီခို: ကရင်တိုင်းရင်းသား နှီးနှောဖလှယ်ပွဲ ပြည်တွင်းတွင် ကျင်းပမည်PKDhttp://www.blogger.com/profile/17532761504608960183noreply@blogger.comBlogger1125tag:blogger.com,1999:blog-6307763623887505811.post-20167398118212609672013-12-05T21:01:08.009-08:002013-12-05T21:01:08.009-08:00တိုင်းရင်းသားတွေခုလိုညီညွတ်လာတာကောာင်းပါတယ်.အစိ...တိုင်းရင်းသားတွေခုလိုညီညွတ်လာတာကောာင်းပါတယ်.အစိုးရဘက်က ခွင့်ပြုထားတာကိုလဲ သာဓုခေါ်ပါတယ်။ <br />အကောင်းဆုံးကတော့ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေအားလုံး ရှေ့ နောက် Match ဖြစ်လာအောင် အစိုးရနဲ့ လွှတ်တော်အပေါ်သြဇာလွမ်းတဲ့ စစ်တပ်ကရော ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေံဥပဒေမှာ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်တည်ထောင်မှုဥပဒေကိုရေးဆွဲဖြည့်စွက်ဖို့ လိုပါမယ်။ ဖွဲ့ စည်းပုံမှာ ဖက်ဒရယ်ဖွဲ့ စည်းရေးဥပဒေမရှိရင် လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ရသွားပြီဆိုပါတော့..<br />အဲဒီအခါကျရင် ဒီအဖွဲ့ တွေကို လွှတ်တော်နဲ့တေ့ပေးဖို့ ဘဲရှိနေတယ်..လွှတ်တော်ကလဲ ဒီလိုလုပ်မယ်ဆိုရင် ဖွဲ့ စည်းပုံပြင်ဆင်ရမယ်..ဖွဲ့ စည်းပုံပြင်ဆင်ဖို့  လူထုဆနခံယူရမယ်။ ပြင်လို့ ရသွားပြီဆိုရင် လက်နက်ကိုင်အဖွဲ့ တွေလဲ တခြားနိုင်ငံရေးပါတီတွေလို မှတ်ပုံတင်ပြီးဝင်အရွေးခံကြရမယ်..အနိုင်ရရင် (မဖြစ်နိုင်ပေမဲ့)့ ကိုယ်စားလှည်တွေအဖြစ် ဖက်ဒရယ်ဥပဒေရေးဆွဲရေး ကို လွှတ်တော်မှာ အဆိုတင်ရမယ်..ကိုယ်စားလှည်အများစုကလက်မခံလို့ လွှတ်တော်ကပယ်ချမယ်...လက်နက်ကိုင်အဖွဲ့ တဖြစ်လဲပါတီတွေဟာ လူတွေအလေးအနက်ထားမှာမဟုတ်တော့တဲ့ အနေအထားမှာဘဲ မြုပ်ချီပေါ်ချီနို်င်ငံရေးပါတီလေးတွေအဖြစ်အူလယ်လယ်နဲ့ ဆက်နေသွားကြရမယ်။ ချုပ်လိုက်ရင် ခုလုပ်နေတာတွေလွှတ်တော်ကိုကျော်လုပ်နေတာတွေဖြစ်နေတော့ တည်တန့် တဲ့တရားဝင်မှုကိုမသွားနိုင်ဘူး။ လွှတ်တော်ကိုယ်စားလှည်အများစုက စိတ်ကောင်းစေတနာကောင်းတွေဝင်ပီး အနဲစုကတင်သွင်းလာတဲ့အဆိုကို အတည်ပြုလိုက်ကြမယ်ဆိုရင်တော့ မပြောတတ်ဘူး..ဒါပေမဲ့ ဖြစ်နိုင်ခြေတော်တော်လေးနဲပါတယ်။။။။။<br />ခုလောလောဆယ်လုပ်နိုင်တာက ၁။ အတိုက်အခံပါတီNJDကဦးဆောင်နေတဲ အခြေံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုကိုတညီတညွတ်ထဲဝိုင်းအားပေးထောက်ခံ/NLD ရဲ့ ပြင်ဆင်ဖြည့်စွက်ချက်ထဲမှာ ဖက်ဒရယ်ပြည်ထောင်စုဥပဒေပါလာဖို့ ဝိုင်းပြီးLobby လုပ်။ တခြားနိုင်ငံရေးပါတီတွေကပါ တခဲနက်ထောက်ခံပါဝင်လာအောင် ခုလို ပူးပေါင်းညီလာခံတွေခေါ်။ ဒီနည်းနဲ့  ဖယ်ဒရယ်မူကျလာပြီဆိုမှ မိမိဆိုင်ရာပြည်နယ်တွေမှာလက်ရှိရှိနေတဲ့ အစိုးအရအဖွဲ့ ကို ပြည်နယ်ရွေးကောက်ပွဲလုပ်ပြီးတင်မြောက်တဆင့်ဖြစ်ပေါ်လာတဲ့ပြည်နယ်လွှတ်တော်တွေကနေပြည်နယ်ဖွဲ့ စည်းအုပ်ချုပ်ပုံဥပဒေတွေကို ပြင်ဆင်ရေးဆွဲ။အဲဒီအချိန်အခြေအနေမျိုးရောက်မှပြည်နယ်တွင်းကလက်နက်ကိုင်အဖွဲ့ အစည်းတွေကပြည်နယ်ရွေးကောက်ပွဲဝင်ဖို့ နိုင်ငံရေးပါတီတွေအဖြစ်လက်နက်စွန့် လွှတ်ဖို့ဆုံဖြတ်ကြမယ်။။ ပြည်ထောင်စုလွှတ်တော်မှာလဲစစ်တပ်အပါအ၀င်ဘယ်လက်နက်ကိုင်အဖွဲ့ မှ မရှိစေရဘူး။Bloggerhttps://www.blogger.com/profile/03372603314701362001noreply@blogger.com