ondragstart="return false" onselectstart="return false"

Sunday, December 13, 2015

မျှော်လင့်ရသော အသွင်ကူးပြောင်းရေးအစီအစဉ်နှင့်စပ်လျဉ်း၍ ဥပဒေအထောက်အကူပြူ ကွန်ရက် ထုတ်ပြန်ချက် (၁)



အပြည့်အစုံသို့ ....

UNFC ထုတ်ပြန်ချက်




အပြည့်အစုံသို့ ....

Wednesday, December 9, 2015

အပြောင်းအလဲအတွက် အစိုးရသစ်နှင့် လက်တွဲလုပ်ဆောင်ရန် KNU ဒုဥက္ကဋ္ဌ တိုက်တွန်း

၂၀၁၅ခုနှစ်။ စောသိန်းမြင့်

မြန်မာပြည်သူလူထုများ လိုလားတောင်းတသည့် နိုင်ငံရေးအပြောင်းအလဲအတွက် မကြာခင်အစိုးရသစ် ဖြစ်လာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့(NLD)ပါတီနှင့် ပူးပေါင်းလုပ်ဆောင်ရန် နိုင်ငံရေးအဖွဲ့အစည်းနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ကရင်အမျိုးသားအစည်းရုံး(KNU) ဒုဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်က ဒီဇင်ဘာ ၇ရက်နေ့တွင် တိုက်တွန်းပြောဆိုလိုက်သည်။

၎င်းက “နိုင်ငံရေးအဖွဲ့အစည်းဖြစ်စေ၊ နိုင်ငံရေးပါတီဖြစ်စေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဖြစ်စေ၊ ပြည်သူတွေ မျှော်လင့်တောင်းတတဲ့ ဒီနိုင်ငံရေး အခြေအနေကို ပြောင်းလဲဖို့အတွက် အခုတက်လာမယ့် အစိုးရသစ်နဲ့ပူးပေါင်းပြီး လုပ်ဆောင်ကြရမယ်။ ပြည်သူတွေကတော့ တိကျမှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ဆုံးဖြတ်ခဲ့ပြီ။ ဒါတွေကို ကျမတို့ မြင်တတ်ဖို့ လိုပါတယ်။״ဟု ကေအိုင်စီသို့ သီးသန့်ပြောဆိုသည်။

အပြည့်အစုံသို့ ....

ကရင်နှစ်သစ်ကူး ကဗျာ




အပြည့်အစုံသို့ ....

Wednesday, December 2, 2015

တအာင်းနယ်မြေသို့ကျူးကျော်ဝင်ရောက်လာသော RCSS/SSA စစ်ကြောင်း နှင့် TNLA တိုက်ပွဲဖြစ်ပွားရာ မြန်မာ့တပ်မတော်က ရှမ်းတပ်ဖွဲ့အားကူညီပစ်ခတ်ပေး

ညီနောင်တိုင်းရင်းသားအချင်းချင်း စစ်မဖြတ်အောင် အတတ်နိုင်ဆုံးရှောင်ကြပါဗျို့ .. နောက်ဆုံးမှာ ဒိုင်ခွေးကြီးပဲစားသွားမယ်...

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်

တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA လှုပ်ရှားရာ နမ့်ခမ်းမြို့နယ်၊ မန်တုံမြို့နယ် ဒေသတွင်းသို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး တပ်မတော် RCSS/SSA သည် နယ်မြေကျူးကျော် ဝင်ရောက် လှုပ်ရှားလာ သဖြင့် နိုဝင်ဘာလ ၂၇ ရက် နေ့မှစတင်ပြီး တိုက်ပွဲဖြစ်ပွားကြရာ မြန်မာ့တပ်မတော် တပ်မ (၈၈)၊ တပ်မ(၇၇) စစ်ကြောင်းတို့က ရှမ်းတပ်ဖွဲ့ ဖက်မှနေပြီးကူညီပစ်ခတ်ပေးသဖြင့် နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျှက်ရှိ ပါသည်။
နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသရှိ အွည်လောရွာ အနီးတွင် ၂၇ ရက်နေ့လည် ၁၃း၀၀ နာရီခန့်မှစတင်ပြီး TNLA တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၄၇၈) နှင့် ရှမ်းပြည်တပ်မတော် RCSS/SSA စစ်ကြောင်းတို့ စတင်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထို့နောက် ညနေပိုင်းတွင် အွည်လောရွာနှင့် ပန်ကနိုင်းရွာအကြား လှုပ်ရှားနေသော TNLA တပ်ဖွဲ့ဝင်များအား ရှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့သို့ ထိုးစစ်ဆင်လာသဖြင့် ညနေ ၁၅း၃၀ နာရီခန့်မှ ညမိုးချုပ်သည်အထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ပါသည်။

အပြည့်အစုံသို့ ....

တရားမျှတ ရှာဖွေရေး နှီးနှောဖလှယ်ပွဲ ထုတ်ပြန်ချက်




အပြည့်အစုံသို့ ....

ကရင်နှစ်သစ်ကူးပွဲ ဖိတ်ကြားလွှာ




အပြည့်အစုံသို့ ....

Friday, November 27, 2015

၁၄ ကြိမ်မြောက် IDP ကျောင်းသားလူငယ်များ မိတ်သဟာရတွေ့ ဆုံပွဲ (ကရင်ပြည်နယ်)




အပြည့်အစုံသို့ ....

Wednesday, November 18, 2015

အန်စီအေ အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အဓိက အချက်တစ်ခုဖြတ်တဲ့ " နှစ်ဘက်တပ်တွေ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်း (Code Of Conduct – COC)"ကိုအတည်ပြုနိုင်ခဲ့ပြီလို့ ဆိုတယ်။ အချက်အလက်အသေးစိတ်တွေကို စိတ်ဝင်စားမိပါသည်။ ရှိရင်ပို့ ပေးကြအုံး....
xxxxxxxxxxx

နေပြည်တော် Horizon Lake View hotel မှာ နိုဝင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ နှစ်ဘက်တပ်တွေ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်း (Code Of Conduct – COC) ကို နှစ်ဘက်သဘောတူ အတည်ပြုနိုင်ခဲ့ပါတယ်။

နိုင်ငံတော်အစိုးရကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ကိုယ်စားလှယ် ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးတို့က JICM အစည်းအဝေး ဆုံးဖြတ်ချက် COC ကို အပြန်အလှန် လဲလှယ်ခဲ့ပါတယ်။

by ကိုသက်
http://burmese.dvb.no/archives/123180

အပြည့်အစုံသို့ ....

သမိုင်းစဉ်တလျှောက်မှာ အပြင်းထန်ဆုံး၊ အကြီးကျယ်ဆုံးတိုက်ပွဲ – ကေအိုင်အို ပြောခွင့်ရ ဦးလနန်

by နန်းမြနဒီ

မိုးညှင်းတိုက်ပွဲအပေါ် ကေအိုင်အို ပြောခွင့်ရ ဦးလနန်နှင့် ဒီဗွီဘီဆက်သွယ်မေးမြန်းချက်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ ကေအိုင်အေနဲ့ အစိုးရတပ်ကြားတိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကြားသိရပါတယ်။ တိုက်ပွဲက ဘယ်နေ့ကစဖြစ်တာပါလဲ၊ အခုကော (နိုဝင်ဘာ ၁၇ ရက်) ဒီမနက်တိုက်ပွဲတွေ ဖြစ်နေသေးလား၊ တိုက်ပွဲနောက်ဆုံးအခြေအနေဘယ်လိုရှိပါသလဲ။
“နိုဝင်ဘာလ ၁၄ ရက်နေ့က စဖြစ်ပါတယ်။ မိုးညှင်းမြို့အရှေ့ဘက်မှာရှိတဲ့ ကေအိုင်အေ တပ်မဟာ ၈ ထိန်းချုပ်နယ်မြေဘက်မှာ။ ၁၅ ရက်နေ့မှာတော့ ကျနော်တို့တပ်ရဲ့ ၁၀ လိုမီတာ လောက် အကွာကနေပြီး လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ မနေ့က လက်နက်ကြီးအပါ အ၀င် လေကြောင်းကနေပြီးတော့ ထိုးစစ်ဆင်နေတယ်။ အဲလိုအခြေအနေပါ၊ မနေ့ညနေ ၅ နာရီလောက်က လေယာဉ်တွေ ရောက်လာတယ် တကြိမ်ကို ၂ စီး သုံးလေးကြိမ်လာတယ်။ ဒီကနေ့တော့ အခြေအနေ ငြိမ်နေတယ်။

ဒီမိုးညှင်းဒေသမှာ တိုက်ပွဲတွေဟာ ဘာကြောင့် ဖြစ်ရတာလဲ၊ တိုက်ပွဲတွေဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းကဘာလဲ။

အပြည့်အစုံသို့ ....

ကရင်လူငယ် ညီလာခံ (ရုပ်သံ)




အပြည့်အစုံသို့ ....