မွန်တိုင်းရင်းသားညီကိုယ် အပေါင်းတို့ တွေဝေမနေနဲ့ ...ကိုယ့်ကိုယ်ကို ကာကွယ်ဖို့  စစ်ရေးပြင်ကြတော့...ထိုနည်းတူပဲ တခြားတိုင်းရင်းသားညီကိုယ်တို့ ..စစ်ရေးပြင်ဆင်ကြတော့...ဒီနအဖ စစ်ခေါင်းဆောင်တွေဟာ ခွေးရူးတွေနဲ့ တူနေပါသည်..တိုင်းရင်းသားတိုင်းကို..လက်နက်အားကိုးပြီး မျိုးဖြုတ်စစ်ဆင်နေပါသည်..ဒါကမ္ဘာမကြေ..မေ့လို့ မရတဲ့သမိုင်းအမှန်တွေပဲ...မင်းတို့  အရှူံးမပေးရင်..ဘယ်တော့မှ မင်းတို့ မရှူံးဘူး...အားမမျှလို့  ကိုယ်သေသွားရင်တောင်မှ...ငါတို့ တွေ အရှူံးမပေးရင်..အရှူံးသမားမဟုတ်ဘူး..ရန်သူကို ဦးညွတ်တဲ့စိတ် ဘယ်တော့မှ မမွေးနဲ့  ...မင်းတို့  ရန်သူကိုဦးမညွတ်ရင်..သေသွားရင်တောင်မှ..သူတို့ မင်းတို့ ကိုမနိုင်ပါ...မင်းတို့  ရဲ့ယုံကြည်ချက်၊ခံယူချက်တွေ သူတို့ ဖျက်ဆီး၍မရပါ၊ နောင်တချိန်မှာ သမိုင်းမှာ..မင်းတို့ တွေ အောင်နိုင်သူတွေဖြစ်မည် ဆိုဒါကို အသိပေး လိုပါသည်။ သမိုင်းအရိုင်းခံပြီး ဘယ်တော့မှရန်သူကို ဦးမညွတ်နဲ့ ...
Kaowao
စက်တင်ဘာ ၁၈၊၂၀၀၉။
စံခစက်တင်ဘာ(၁၈)။ ။စစ်အစိုးရနှင့်အပစ်အခတ်ရပ်စဲခဲ့သော မွန်ပြည်သစ်ပါတီသည် စစ်အစိုးရတိုက်တွန်း ထားသည့် နယ်ခြားစောင့် တပ်ဖွဲ့အသွင်ကို လက်မခံပါက စစ်ရေးအရ အရေးယူသွားရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)မှ အရှေ့တောင်တိုင်းစစ်ဌာနချူပ်သို့ ညွှန်ကြားလိုက်ပြီးဟုသိရပါသည်။
ထို့ကြောင့်စက်တင်ဘာလကုန်မှစ၍ မွန်ပြည်သစ်ပါတီ၏လှုပ်ရှားမှုအားလုံးကို အထူးသတိပြု စောင့်ကြည့်ရန်နှင့် အထူးသဖြင့် နယ်ခြားစောင့်တပ်ဖွဲ့ကိစ္စကို လက်မခံသော မွန်ပြည်သစ်ပါတီဝင်များအား အနှောက်အယှက်ပေးသွား ရန် ညွှန်ကြားခဲ့သည်ဟု သိရပါသည်။
မွန်ပြည်သစ်ပါတီသည်ပြီးခဲ့သည့် သြဂုတ်လက အရေးပေါ်ဗဟိုကော်မီတီအစည်းအဝေးတွင် စစ်အစိုးရတိုက်တွန်း ထားသော နယ်ခြားစောင့်တပ်ဖွဲ့အသွင်ကို၎င်း ဌာနေ ပြည်သူစစ်တပ်ဖွဲ့အသွင်ကို၎င်း လက်မခံဟု ဆုံးဖြတ်ချက် ချခဲ့သည်။ အဆိုပါဗဟိုကော်မီတီ၏ဆုံးဖြတ်ချက်ကို ဒုဥက္ကဋ္ဌ နိုင်ရော့စနှင့် ပါတီထိပ်သီး ခေါင်းဆောင်တချို့က သြဂုတ်လ(၂၈)ရက်နေ့တွင် အရှေ့တောင်တိုင်းအား တင်ပြဆွေးနွေးခဲ့ပါသည်။
ပြီးခဲ့သည့်သြဂုတ်လကုန်လောက်က နယ်ခြားစောင့်တပ်အသွင်ကိုလက်မခံသော ဦးဖုန်းကြားရှင် ဦးဆောင်သည့် ကိုးကန့်အဖွဲ့အပေါ်၌လည်း စစ်ရေးအရ အရေးယူခဲ့ပါသည်။
No comments:
Post a Comment