စာဖတ်ပုရိတ်သတ်များခင်ဗျား။ အောက်ပါဆောင်းပါးလေးဟာ စိတ်ဝင်စားစရာကောင်းပါတယ်။
သုတေသီ-ရှောင်လင်ဂိုး
ယူနန်နယ်ကို ၁၉၅၀မှာ တရုတ် ကွန်မြူနစ်တပ် တွေ ၀င်ရောက်စတင်သိမ်းပိုက်ခဲ့ရာကစပြီး ဒေသဆိုင်ရာ နိုင်ငံရေး ပြောင်းလဲ သွားပါတယ်။ မြေယာပြုပြင်ရေး အစိုးရ စိမံကိန်းအတွက် လူမျိုးစု ကေဒါတွေကို လေ့ကျင့် ပေးဖို့ ၁၉၅၁ မှာ လူမျိုးစု သင်တန်း ကျောင်းဖွင့်ပါတယ်။ အသက် ၁၅ နှစ်ကနေ ၅၀ အထိ သင်တန်းသား ၇၀၀-နီးပါး လူမျိုးစု ၄၀ ကျော်တက်ရောက်ပါတယ်။
သင်တန်းသားတွေဟာ သူတို့ လူမျိုး အသိုင်းအ၀ိုင်းကိုသာ သိကြပြီး တရုတ် န်ုင်ငံသား ဖြစ်တာ နားမ လည်ကြ တဲ့ အတွက် သင် တန်းဆရာ တရုတ် ကွန်မြုနစ်တွေ အံ့သြခဲ့ရပါတယ်။ နိုင်ငံတော် တည်ဆောက် ရာမှာ ရင်ဆိုင်ရတဲ့ တိုင်းရင်းသား လူမျိုးစု ပြဿ နာဟာ တရုတ်ပြည်မှာ ရှိသလို မြန်မာ ပြည်မှာလည်း ရှိနေ ပါတယ်။ လူမျိုးစု အများဆုံးနေထိုင်ရာယူနန်နယ်ကို ရှေးအခါက နန်ချောင်မင်းဆက် အုပ်စိုးပါတယ်။
၁၃ ရာစုမှာတရုတ်မင်းလက်အောက်ရောက်လာတာပါ။ ဒါပေမယ့် တရုတ်ရဲ့ အာဏာစက်ဟာ ယူနန်နယ်မှာ ထိရောက်မှု မရှိပါ ဘူး။ ဒါကြာင့် ဒေသ အရေးမှာ ဒေသခံ အကြီးအကဲ ကသြဇာ အရှိဆုံး ဖြစ်ပါတယ်။ လူမျိုးစုပေါင်း ၂၆၀ ကျော် ရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် ယူနန်ပြည်နဲ့ ဆက်စပ်နေတဲ့ မြန်မာပြည် အရှေ့ မြောက်ပိုင်းမှာ လဲ လူမျိုးစုတွေ များနေတာ ဖြစ်ပါတယ်။ မြန်မာပြည်က ရှမ်းဟာ ယူနန်က ဒိုင်းနဲ့ အမျိုးတော်ပါတယ်။ ကချင်ကို ယူနန်မှာ ဂျင်းပို့လို့ ခေါ်ကြပါတယ်။ လီဆူး၊၀ ။လားဟူ ၊ ပလောင်စတဲ့ လူမျိုးစုတွေဟာ မြန်မာမှာရော ယူနန်မှာပါ နေထိုင်ကြ ပါတယ်။ အင်္ဂလိပ် ကိုလိုနီခေတ်က နယ်စပ်ဒေသကို အထိုက်အလျှောက် လွှတ်ထားခဲ့လို့ လွတ်လပ်ရေးရပြီး နိုင်ငံတော်တည်ထောင်ရာရာမှာ အခက်အခဲရှိပါတယ်။ ဗမာ လူများစုနဲ့ တိုင်းရင်းသား လူနည်း စု ကင်းကွာခဲ့တဲ့ ၁၉၄၈-က ၁၉၆၁ အထိ ဖြစ်တဲ့ ကာလကို ကင်းကွာတဲ့ကာလလို့ သတ်မှတ်ပါတယ်။
မဆလ ဆိုရှယ်လစ်ခေတ် ၂၆ နှစ်ကိုတော့ ထိပ်တိုက်တွေ့ တဲ့ ကာလလို့ သတ်မှတ်ပါတယ်။ အပြစ်အခတ် ရပ်စဲချိန်ကိုတော့ ပြန် လည်သင့်မြတ်ရေး ကာလလို့ခေါ်ပါတယ်။
ကင်းကွာတဲ့ ကာလဟာ ဒီမိုကရေစီ အရပ်သား အုပ်ချုပ်ချိန် ကာလ ဖြစ်ပါတယ်။ အင်္ဂလိပ်နဲ့ လွတ်လပ်ရေး ဆွေးနွေးရာမှာ တိုင်း ရင်းသားခေါင်းဆောင် တွေရဲ့ထောက်ခံမှု လိုအပ်တာကြောင့် ပင်လုံညီလာခံမှာ သဘော တူညီချက်ရယူခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်ရေး ရဖို့ ဦးတည်ပြီးရေးဆွဲခဲ့တဲ့ အခြေခံဥပဒေဟာ တိုင်းရင်းသား အားလုံးရဲ့ လိုအင်ဆန္ဒကို မဖြည့်ဆည်းစွမ်းနိုင်ခဲ့ ပါ ဘူး။ရှမ်းနဲ့ ကယားဟာ ၁၀ နှစ်ကြာရင် ပြည်ထောင်စုက ခွဲထွက် ပိုင်ခွင့်ရှိပါတယ်။ ဒီကိစ္စဟာပြည်တွင်း ပဋိပက္ခကို ဖြစ်စေပါတယ်။ လွတ်လပ်ရေးရပြီး မကြာခင် ကွန်မြူနစ်တွေ လက်နက်ကိုင်တော်လှန်ကြပါတယ်။ နောက်တော့ ကရင်နဲ့  ကချင် တော်လှန်ရေး ပေါ်ပေါက် လာပါတယ်။ ဒီအတောအတွင်း ကူမင်တန် တရုတ်ဖြူ တပ်ရင်းအချို့ ရှမ်းပြည်နယ် မှာ ၀င်ရောက်ခိုလှုံတဲ့ အတွက် ဗမာ စစ်အစိုးရ တပ်တွေ ရှမ်းပြည်မှာ များလာပါတယ်. လုပ်ပိုင်ခွင့် နည်းပါးလာတဲ့ရှမ်းခေါင်း ဆောင်တွေက ဖယ်ဒရယ်စနစ်ကျင့် သုံးဖို့ ကြိုးစားတဲ့အခါ စစ်အာဏာ သိမ်းမှုနဲ့ ရင်ဆိုင်ရပါတယ်။ အဲဒီမှာ ဗမာ စစ်အစိုးရနဲ့ တိုင်းရင်းသား ထိပ်တိုက်တွေ့ ပါ တော့ တယ်။
၁၉၆၂ မှာ အာဏာသိမ်းတဲ့ စစ်အစိုးရဟာ နိုင်ငံရေး ပေါင်းစည်းဖို့သာ အဓိက ထားတာမို့ တိုင်းရင်းသား လိုအင်ဆန္ဒကို ဂရုမစိုက် ပါဘူး။ တိုင်းရင်းသား အားလုံး ဗဟိုအစိုးရကို သစ္စာရှိတာဟာ ဗိုလ်နေ၀င်းလိုချင်တဲ့ အမျိုးသား စည်းရုံးရေးပါဘဲ။ ဒါကြောင့် ၁၉၇၄မှာ တစ်ပါတီ ဆိုရှယ်လစ် အခြေခံဥပဒေကိုပြဌာန်းပြီး ချင်း၊ မွန်ပြည်နယ်နဲ့ ရခိုင်ကို သတ်မှတ်ချိန်မှာ ဗမာ စစ်စိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့ တိုင်းရင်းသား အဖွဲ့ပေါင်း ၂၀ ကျော်ရှိနေပါပြီ။ တိုင်းရင်းနက်နက်ကိုင်အဖွဲ့တွေဟာ မိမိ အကျိုးစီး ပွါးကိုကာကွယ်ဖို့ တိုက်ပွဲဝင် နေကြတာ ဖြစ်ပါတယ်။
ဗကပ(ဗမာပြည်ကွန်မြူနစ်ပါတီ) အရှေ့ မြောက် မြန်မာ-တရုတ်ပြည် နယ်စပ် မှာစစ်မျက်နှာ အသစ်ဖွင့်တဲ့အခါ ဒေသခံ တိုင်းရင်း သား လူမျိုးတွေကို လက်နက် တပ်ဆင်ပါတယ်။ လက်နက်ခဲယမ်းကိုတော့ တရုတ်က ထောက်ပန့် ပါတယ်။ ဒါကြောင့် ဗကပ ဦးဆောင်တဲ့ လက်နက်ကိုင်တော်လှန်ရေးကို တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေးအဖြစ် မြင်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်နက်ကိုင်တိုက်ခိုက်နေတဲ့ တိုင်းရင်း သား အဖို့ကတော့ တရုတ်ကိုသစ္စာခံသလား၊ ဗမာကို သစ္စာခံသလားဆိုတာ အရေးမကြီးပါဘူး။အချို့ မကြေ မနပ် ဖြစ် နေရတဲ့ ဘ၀ရပ်တည်ရေးအတွက် လက်နက်ကိုင် နေကြတာဖြစ်ပါတယ်။ တရုတ်ရဲ့ ထောက် ပန့် မှု ရပ်ဆိုင်းသွားပြီး ပါတီတွင်း ပဋိပက္ခ ဖြစ်မှုကြောင့် ဗကပ ဦးဆောင်တဲ့ လက်နက်ကိုင် လှုပ်ရှားမှု အရေး နိမ့်သွား ပါတယ်။ တကယ်တော့ ၁၉၇၀ ပြည့်လွန်ကာလ ပဲခူးရိုးမတိုက်ပွဲကတည်းက ဗကပ အရေးနိမ့် သွားတာ ဖြစ်ပါတယ်။ တရုတ် မြန် မာ ဖြစ်ကြည်ရေး ပြန်လုပ်နိုင်တဲ့ ဗိုလ်နေ၀င်း အစိုးရဟာ နယ်စပ်ဒေကို မချုပ်ကိုင်နိုင်ပါဘူး။ ဒါကြောင့် ဗကပဟာ ဘိန်းလုပ်ငန်း ကို အားကိုးပြီး နယ်စပ်ဒေသမှာ ဆက်လက်လှုပ်ရှားနိုင်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေဟာ အင်အားတောင့်တင်းပြီး သူတို့ ပိုင်နက် တိုးချဲ့ နိုင်အောင်ကြိုးပမ်းကြပါတယ်။ လက်နက်ကိုင် ပဋိပက္ခ သက်ဆိုးရှည်နေတဲ့အတွက် သေကြေ ပျက်စီးမှုနဲ့ အိုးမဲ့ အိမ်မဲ့ ဖြစ်မှုတွေ များပြားလာပါတယ်။
လက်နက်ပစ္စည်းနဲ့ လူအင်အားများတဲ့ စစ်အစိုးရဟာ တိုင်းရင်းသား ပြဿနာကို လက်နက်နဲ့ မဖြေရှင်းနိုင်ဘဲ ဖြစ်နေပါတယ်။ ဒါကြောင့် စိးပွါးရေး ပြဿနာကို မဖြေရှင်းနိုင်တဲ့အတွက်တိုင်းသူပြည်သားဟာ ဆိုရှယ်လစ် စစ်အစိုးရကို အယုံအကြည်ကင်းမဲ့ လာပါတယ်။ တစ်ပါတီအခြေခံစနစ်ကို အတည်ပြုတဲ့ ဆိုရှယ်လစ် အခြေခံ ဥပဒေကို ၁၉၇၄ မှာ ပြဌာန်းလိုက်ပြိး ၁၃ နှစ်ကြာ တဲ့အခါမှာ နိုင်ငံခြား အကြွေးတွေ များလာတဲ့ အတွက် အတိုးပေးရ သက်သာအောင် အဆင်းရဲဆုံး နိုင်ငံအဖြစ်သတ်မှတ်ပေးဖို့ ကုလသမ၈္ဂကို လျှောက်ထား ရ တဲ့ အဖြစ်ရောက်သွားပါတယ်။ အဆင်းရဲဆုံးနိုငငံဖြစ်လာပြီး ၁ နှစ်အကြာ ၁၉၈၈ မှာ တပြည် လုံးကန့် ကွက် ဆန္ဒပြတဲ့ အတွက်ဗိုလ်နေ၀င်းနဲ့ မဆလ ဆိုရှယ်လစ်စနစ် နိဂုံးချုပ်သွားပါတယ်။
ဗိုလ်နေ၀င်းခေတ် အနှစ် ၃၀ အပါ ဗမာစစ်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ထိပ်တိုက်တွေ့ ကြပါ တယ်။ ၁၉၈၈ နောက် ပိုင်းမှာ ဗမာ စစ်တပ်နဲ့ ဒီမိုကရေစီလှုပ်ရှားမှု လိပ်ခဲတင်းလင်းဖြစ်နေတဲ့ ကိစ္စကိုအဓိက ထားတာ များကြပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၅၀မှာ နိုင်ငံရေး မတည်မငြိမ်ဖြစ်အောင် ဖန်တီးနေတဲ့ အခြေခံပြဿနာ ၂ ရပ်သာ တိုင်းရင်းသား အရေးနဲ့ စီးပွါးရေး ဖြစ်ပါတယ်။ တိုင်းရင်းသား ပြဿနာကြောင့် ဗိုလ်နေ၀င်း` စစ်အာဏာ သိမ်းခဲ့ပြီး စီးပွါးရေး ပြဿနာကြောင့် ဗိုလ်ျေန၀င်းအာဏာရှင် စနစ်ကို နိဂုံးချုပ် စေပါတယ်။လက်ရှိ စစ်အစိုးရဟာ ၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ် မပြုဘဲ ပြဿနာဖြေရှင်းဖို့ ကြိုးစားနေ ပါတယ်။
တိုင်းရင်းသားနဲ့ စီးပွါးရေး ပြဿနာကို ကိုင်တွယ်ရင်း အာဏာရှင်စနစ် အခြေခိုင် အောင်လုံးပန်းနေပါတယ်။ နယ်စပ်ဒေသမှာ အပစ်အခတ် ရပ်ဆိုင်းထားနိုင်တာကို အအြေနေတည်ငြိမ်တယ်လို့ပြောနိုင်ပါတယ်။ ဒီလိုအခြေအနေကြောင့် အဆင့် ၇- ဆင့်ပါ နိုင်ငံရေး လမ်းညွှန်ကို စစ်အစိုးရက ချပြနိုင်တာပါ ပဲ။ တချို့ကလည်း လက်ရှိပအခြေအနေဟာ အကောင်းဆုံးလို့ ဆိုပါတယ်။ ဒါပေမယ့် လက်နက်စွန့် တာ မဟုတ်လို့ နိုင်ငံရေးအရ ပေါင်းစည်းဖို့ ခက်ခဲနိုင်ပါတယ်။ အချုပ်ပြောရရင်တော့ ပြည်တွင်းစစ်မှာ နိုင်သူမရှိပါဘူး။
နိုင်ငံရေးအရ အဖြေရှာနိုင်မှသာ ငြိမ်းချမ်းရေးရနိုင်ပါလိမ့်မယ်။ကြာရှည် ငြိမ်းချမ်းရေး ရရှိဖို့အတွက် စီးပွါးရေး တိုးတက်ဖို့ လုပ်ပြ၊ီး တိုင်းရင်းသားတွေကို အကာအကွယ်ပေးဖို့ လိုကြာင်း တင်ပြပါတယ်။
သုတေသီ-ရှောင်လင်ဂိုး
လုံခြုံရေးနဲ့ တိုးတက် ဖွံ့ ဖြိုးရေးဌာန( စတော့ဟုမ်းမြို့ )
12/09/2009
ဦးအောင်ခင်၏ ဗွီအိုအေ -စာအုပ်စင်ကဏ္ဍ မှ
No comments:
Post a Comment