အောက်ပါပုံသည် KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၄)မှ တာဝန်ထမ်းဆောင်နေကြသော ဗမာအမျိုးသားများထဲမှ တစ်ဦးဖြစ်သူ ယခုလက်ရှိရာထူး တပ်ခွဲမှူးတာဝန်ယူထမ်းဆောင်နေ သော ဗိုလ်ကြီး အောင်ကျော်နိုင် ဖြစ်ပါသည်။ သူသည် ယခုလက်ရှိအချိန်အထိ ကရင့်တော်လှန်ရေးနှင့်အတူ(၂၁)နှစ် တာဝန်ထမ်းဆောင်နေပြီးဖြစ်ပါသည်။
ှ
ဗိုလ်ကြီးအောင်ကျော်နိုင် ဓါတ်ပုံ-ကွယ်ကလူ
ဗိုလ်ကြီးအောင်ကျော်နိုင်သည် ယခုလက်ရှိ KNLA တပ်မဟာ(၄) တပ်ရင်းအမှတ်(၇) တပ်ခွဲ(၁)တွင် တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိနေပါသည်။ တော်လှန်ရေးမလုပ်ရန် မိဘများက အတန်တန် တားမြစ်တဲ့ကြားက တော်လှန်ရေးတွင်ပျော်မွေ့ သူမို့  သူ့ အမေက သူ့  ကို ကရင် လို့ ခေါ်သည်ဟု သူကပြောပါသည်။ကရင့်တော်လှန်ရေးအတွင်းသို့  ၁၉၈၈ ခုနှစ် အသက် ၁၈ နှစ် အရွယ်ကတည်းက ၀င်ရောက်တာဝန်ထမ်းဆောင်ခဲ့သည်ဟုဆိုပါသည်။ ၁၉၉၂ ကါးမော်ကြီး တိုက်ပွဲတွင် သူဒဏ်ရာ ရခဲ့သည် ဟုဆိုပါတယ်။ ထိုနှစ်အတွင်းမှာ ရန်သူ့ စခန်းများဖြစ်သော ပလော၊ ကနဲသေလါ၊ ကျောက်တောင်၊ ခါတီလေးလုံး၊ စသည့်စခန်းသိမ်းတိုက်ပွဲတွင်သူပါဝင်ခဲ့ပြီး ထိုတိုက်ပွဲများ တွင်ရန်သူတပ်ကို အောင်နိုင်ခဲ့သည် ဟုပြောပါသည်။ တော်လှန်ရေးကာလအတွင်း သူနဲ့ အတူတိုက်ပွဲဝင်ခဲ့သော သူငယ်ချင်းများ၏ တိုင်းပြည်နဲ့  လူမျိုးအပေါ်ပေးဆပ်မှုများကို ပြန်ပြောပြပြီး ကျဆုံးသွားပြီဖြစ်သော အာဇာနည်သူရဲကောင်းများကို ငါတို့  သစ္စာရှိဖို့ လိုတယ်ဟုသူက ဆိုပါသည်။
ဆက်လက်ပြီး မိဘသဖွယ် သူလေးစားအားထားရသော တိုက်ပွဲတွင်ကျဆုံးသွားပြီးဖြစ်သော သူ့ ၏ ဗိုလ်ကြီး ဘ ၏ သွန်သင်မှုများကို ယနေ့ အထိသူအမှတ်ရ၍ ပြန်ပြောပြပါသည်။ “ကရင့်တော်လှန်ရေးဟာ ကရင်တမျိုးသားတည်းအတွက်ပဲ မဟုတ်ပါ၊ မြန်မာပြည်မှာ ကရင်လူမျိုးတခုတည်းပဲဒုက္ခရောက်ဒါ မဟုတ်ပါ၊ လူမျိုးတိုင်းဒုက္ခရောက်နေဒါပါ၊ ကျွန်ပ်တို့ လူမျိုးခွဲခြားစရာမလိုပါ၊ ကျွန်တော် ခံယူဒါကတော့ ကျွန်တော်ဟာ တော်လှန်ရေးသမား၊ ကျွန်ပ်တို့  တတွေဟာ တအုပ်စုတည်း တစ်ခုတည်း အတူတူတွေပဲ” ဟုဆိုပါသည်။
စာဖတ်ပုရိတ်သတ်များခင်ဗျား..KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်ထဲမှာ ကရင်လူမျိုးတွေကြီးမဟုတ်ပဲ တခြားလူးမျိုးတွေလည်း တပ်မဟာတိုင်းမှာ အများကြီးရှိနေကြောင်းသိရှိရပါတယ်. အဲဒါက ဘာကိုဖေါ်ပြနေသလဲဆိုရင် ကရင့်တော်လှန်ရေးဟာ ကရင့်အမျိုးသားလွတ်မြောက်ရေးတစ်ခုတည်းအတွက်သါမဟုတ်ပဲ ဗမာပြည်တစ်ခုလုံး အဖိနိုပ်ခံ စစ်ကျွန်ဘ၀မှ လွတ်မြောက်ဖို့  နည်းမျိုးပေါင်းဆုံဖြင့် လူမျိုးတိုင်းနှင့် လက်တွဲပြီး တိုက်ဝင်နေသည်ဖြစ်ကြောင်းဆိုဒါ ဗိုလ်ကြီးအောင်ကျော်နိုင် နှင့် ကွယ်ကလူ ကရင်သတင်းစဉ် တွေ့ ဆုံမေးမြန်းခန်း က သက်သေခံနေပါသည်။
ကိုးကား။ ကွယ်ကလူကရင်သတင်းစဉ်
No comments:
Post a Comment