စာဖတ်ပုရိတ်သတ်များခင်ဗျား…….
အပိုင်း(၃) ဗီဒီယိုမှတ်တမ်းလေးရဲ့ နောက်ဆုံးအပိုင်းကို တင်ပြပေးလိုက်ပါတယ်။ ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလတွင်း ညောင်လေးပင်ခရိုင် တပ်မဟာ(၃) အမှတ်(၉)တပ်ရင်း နဲ့ နအဖ တပ် တို့ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ (၃)ပွဲမှာ နအဖ တပ်မှ (၂၂)ဦးကျဆုံးပြီး၊ (၁၉)ဦးဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။ ကေအဲန်အယ်အေ ဘက်မှ (၅)ဦးဒဏ်ရာရရှိပါတယ်။ နအဖ စစ်တပ်ထံမှ လက်နက်ငယ်(၇)လက်၊ လက်နက်ငယ်ကျဉ်ထောင့်(၅၀၀)၊ ပစ္စတိုတလက်(၁) ကျဉ် (၁၃) ထောင့်၊ ၆၀ မမ မော်တာသီး(၂)လုံး၊ ၇၉ မော်တာသီး(၉)လုံး စသည်ဖြင့်သိမ်းဆည်းရရှိပါသည်။
ဘယ်လောက်ပဲ ဆင်းရဲဒုက္ခတွေကြားမှာ လှုပ်ရှားနေရပါစေ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်သားတွေဟာ မငြီးငွေ့ ပဲ ပြုံးပျော်ရွင်စွာ အဆင်းရဲခံ သက်စွန့်  စံဖျား ကရင်အမျိုးသားများ အဖိနိုပ်ခံဘ၀မှ လွတ်မြောက်ရန်အတွက် တိုက်ပွဲဝင် ပေးဆပ်နေကြဒါ တွေဟာ ဗမာပြည်မှာ တိုင်းရင်းသားတွေနဲ့ အုပ်စိုးသူ ဗမာအစိုးရ ကြားမှာ မရှိမဖြစ် စားပွဲဝိုင်းပေါ်မှာ ညှိနိုင်းဆွေးနွေး စကားပြောကြရန် လိုအပ်နေတယ် ဆိုဒါ ထင်ဟပ်စေပါတယ်။ တိုင်းပြည်ကြီးတိုးတက်နေပါတယ်၊ အေးချမ်းသာယာနေပါတယ်၊ ဆိုပြီး ဘယ်လောက်ပဲ အော်နေပေ့စေ တိုင်းရင်းသားတွေ အဆင်းရဲခံပြီး အသေခံပြီး တိုက်ပွဲဝင်နေ ဒါတွေဟာ ထိုတိုက်ပွဲဝင်နေကြသူတွေကိုကြည့်ခြင်းဖြင့် ထိုသူတွေဟာ ရူးနေကြဒါ မဟုတ်ဘူး။ စစ်တိုက်တယ်ဆိုဒါ သေမယ် ကြေမယ် ဆိုဒါလူတိုင်းသိတယ်၊ ကရင်လူမျိုးတိုင်းသိတယ်၊ တခြားတိုင်းရင်းသားတိုင်းလည်းသိတယ်။ ဒါပေမယ့် ဘာကြောင့်ဒီတိုင်းရင်းသားတွေ တိုက်ပွဲဝင်နေ ကြသလည်းဆိုတဲ့ ဇစ်မြစ်ကို မဖြေရှင်းပဲ ရူးချင်ယောင်ဆောင်ပြီး သံကောင်းဟစ်နေဒါတွေကို ရပ်တန့် ကရပ်ပြီး ပုစ္ဆာရဲ့အဖြေမှန်ကို ဗမာ့စစ်အစိုးရ နအဖ က လက်ခံသင့်ပြီဆိုဒါ ပြောကြားလိုပါသည်။
တိုင်းရင်းသားတွေဟာ မတရားမှုတွေကို သီးမခံနိုင်တော့လို့  မခံမရနိုင်တော့လို့  လက်နက်စွဲကိုင် တော်လှန်နေတယ်ဆိုဒါ အုပ်စိုးသူတွေ သဘောပေါက်သင့်ပါပြီ။ တရားမျှတမှု၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌန်းခွင့် စသည်တို့ တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ မွေးရာပါအခွင့်အရေးတွေ မရရှိ နေသေး သရွေ့  ကာလပါတ်လုံး မလိုလားအပ်တဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေအုံးမှာပဲဆိုဒါ ဗမာပြည်ကို မင်းလုပ်အုပ်ချူပ်မဲ့သူတွေအားလုံးကို အသိပေးလိုပါတယ်။။။
Type the rest of your post here.
You are my Hero. I love you all my KNLA
ReplyDelete