Tuesday, November 3, 2009

အန်ဒီအေ (ကချင်) အဖွဲ့ ရာထူးအပ်နှင်းပွဲ လုပ်မည်

သံတောင်ကြီးဆိုတဲ့နေရာဟာ ၂၀၀၀ ခုနစ်မတိုင်မီက မြို့ လေးပေါ်မှာ ဗမာလူမျိုးတစ်ဦးကို ရှာဖွေတွေ့ ရှိဖို့ ဆိုဒါ ခက်လှပါတယ်။ သို့ သော် ၂၀၀၀-၂၀၀၁ ခုနှစ် ဗိုလ်ခင်ညွန့် လာသွားပြီး သံတောင်လူထုကို လာပြီးလည်လိမ်သွားခဲ့ပါတယ်။ အဲဒါက မင်းတို့ သံတောင်ကို မြန်မာပြည်အောက်ပိုင်း တောင်စခန်းမြို့ ဖြစ်အောင် လုပ်ပေးမယ် အလုပ်အကိုင်တွေပေါလာမယ်ဆို ပြီးပြောခဲ့ပါတယ်။ တကယ့်လက်တွေ့ မှာတော့ သံတောင်ကြီး တောင်စခန်းမြို့ ဆိုဒါ ဆိုင်းပုတ်သာ မြင်တွေ့ ရပြီး ဗမာဘုရင် ဘုရင့်နောင်ရုပ်ထုနဲ့ အတူ ဘုရင့်နောင်တပ်မြို့  ကို တည်သွားပါသည်။ ဒေသခံကရင်လူထုမြေတွေကို အလကားသိမ်းပြီး လူ့ အခွင့်အရေးချိုးဖေါက်မှူတွေလည်း တစ်နေ့ ထက်တစ်နေ့ များလာပါသည်။ သံတောင်ရှိ ကျောင်းဆရာမတစ်ဦးကို လည်း နအဖ တပ်က သတ်ပစ်ပြီး ရွေဆွဲကြိုး လက်ဝတ်တံဆာယူသွားတဲ့သဓာက၊ ရပ်ကွက်(၅) အနီးတွင်မိုင်းတောင်ပြီး ညီကို နှစ်ဦး မိုင်းနင်း တစ်ဦးသေ တစ်ဦးခြေပြတ်တဲ့ ပုံရိပ်တွေဟာ ထင်ထင်ရှားရှားပါ။ ယခုဆိုလျင် သံတောင်ဟာ အလုပ်လက်မဲ့ဗမာလူမျိုးနဲ့ နအဖ စစ်မျိုးစစ်နွယ်တွေ နေရာယူချယ်လည်တဲ့ နေရာဖြစ်လာပါသည်။ သံတောင်ရှိ ဘုရင့်နောင်တပ်မြို့ မှာ နအဖ ရဲ့ အရာရှိ သင်တန်းကျောင်းလည်းဖွင့်လစ်ထားပါသည်။


လင်းနိုင်ဦး / ၃ နိုဝင်ဘာ ၂၀၀၉

အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် နယ်ခြားစောင့်တပ်တွင် တာဝန်ယူကြမည့် အရာရှိ အရာခံ အဆင့်အသီးသီးကို တရားဝင် ရာထူးအပ်နှံသည့် အခမ်းအနားတခု လာမည့် နိုဝင်ဘာ (၈) ရက်နေ၌ ပြုလုပ်သွားရန်ရှိကြောင်း ကချင်ပြည် ဒီမိုကရေစီသစ်တပ်မတော် (အန်ဒီအေကေ) အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောကြားသည်။

၎င်းက “နိုဝင်ဘာလ (၈) ရက်နေ့မှာ တရားဝင် ရာထူးခန့်အပ်ပွဲ လုပ်ဖို့ ရှိပါတယ်။ မြောက်ပိုင်းတိုင်း တိုင်းမှူး တက်မယ်လို့တော့ ကြားတယ်။ ဆဒုံးမြို့နယ်ထဲမှာ လုပ်ဖို့ရှိပါတယ်။ ရာထူးခန့်အပ်ခံရတဲ့ အဲဒီသူတွေဟာ အစိုးရအသိအမှတ်ပြု တရားဝင် ပြန်တမ်းဝင်သူတွေ ဖြစ်လာမှာဖြစ်တယ်” ဟု ပြောသည်။

အန်ဒီအေကေ ကချင်တပ်ဖွဲ့သည် မူလတပ်ဖွဲ့မှ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခြင်းကို ဆက်လက် အကောင်အထည်ဖော်နေဆဲဖြစ်ပြီး ဒေသအတွင်းရှိ ဆဒုံးမြို့နယ် ဝေါ်ချုံးတွင် တပ်ရင်း (၁) ရင်း၊ ဂမ်ခွန်းတွင် တပ်ရင်း (၁) ရင်းနှင့် လုပြည်တွင် တပ်ရင်း (၁) ရင်း ဖွဲ့စည်းနေရာချထားသည်။

ယခုကဲ့သို့ ရာထူးခန့်အပ်ပွဲပြီးပါက အဆင့်အသီးသီးမှ အရာရှိတပ်သားများသည် နေရာဒေသအသီးသီးတွင် ထပ်မံပြီး သင်တန်းများ တက်ကြရဦးမည်ဖြစ်ကာ အရာရှိအဆင့်တို့ကို ဗထူးမြို့၊ တပ်သားများကို မြစ်ကြီးနားမြို့အနီးရှိ ပျဉ်ထောင်၊ အခြား အဆင့်များကို ကရင်ပြည်နယ် သံတောင်တွင် နအဖက စစ်သင်တန်းများ ပေးဦးမည်ဟု သိရပြီး အချို့ကိစ္စများအတွက် အန်ဒီအေကေ ခေါင်းဆောင်ပိုင်းက စိုးရိမ်မှုရှိနေကြောင်း သိရသည်။

အန်ဒီအေကေ ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက “ဒီ ကချင်လူမျိုး နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေကို ကရင်ပြည်နယ် သံတောင်လို နေရာမျိုးကို ခေါ်သွားပြီး သင်တန်းပေးမယ်ဆိုရင် မြန်မာအစိုးရ စစ်တပ်က အမိန့်ပေးတဲ့အတိုင်း နာခံကြရမှာဖြစ်တယ်။ ဒီအခါ တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသတွေကို ခေါ်သွားပြီး ဥပမာ ကရင်နဲ့ တိုက်ခိုင်းတာမျိုး ရှိလာရင် မတွေးရဲစရာ ကောင်းလောက်တဲ့ အနေအထား ဖြစ်သွားပြီ။ ကချင် နယ်ခြားစောင့်တပ်ဟာ အိမ်ကြက်ခြင်း အိုးမဲသုတ် ခွပ်ခိုင်းတာ ခံရတဲ့ အနေအထားမျိုး ရောက်သွားမှာ အထူးစိုးရိမ်မိတယ်။ ဒီလိုမဖြစ်ဖို့ အန်ဒီအေကေ ခေါင်းဆောင်ပိုင်းဟာ နအဖအစိုးရကို ခုကတည်းက ပြောဆို သဘောတူညီချက် ယူထားသင့်တယ်” ဟု ပြောသည်။

ရာထူးအပ်နှံပွဲပြီးနောက် မကြာမီသင်တန်းများ ပေးတော့မည်ဖြစ်သည့်အတွက် သင်တန်းသွားတက်မည့် တပ်ဖွဲ့များနေရာ၌ လက်ကျန်တပ်ဖွဲ့နှင့်အတူ နယ်ခြားစောင့်တပ်တွင် တာဝန်ကျသည့် နအဖ စစ်တပ်ဖွဲ့ဝင်များ ဒေသတွင်း ဝင်ရောက်လာပြီး လုံခြုံရေးတာဝန် ယူကြမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။
ခေတ်ပြိုင်မှကူးယူဖေါ်ပြသည်။
မှတ်ချက်။ ။ အစိမ်းရောင်စာသားများသည် ပို့ စ်တင်သူ၏ ထပ်ဆင့်တင်ပြမှုသာဖြစ်သည်။

No comments:

Post a Comment