Thursday, December 17, 2009

ဖူးဒေါန၏တိုက်ပွဲအတွေ့ အကြုံ အပိုင်း(၁)

စာဖတ်ပုရိတ်သတ်များခင်ဗျား….

KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ရဲဘော်ဟောင်းတစ်ဦးသည် သူ၏ဘ၀ကိုယ်တွေ့ ဖြစ်ရပ်မှန် တိုက်ပွဲအတွေ့ အကြုံများကို ရေးသားပေးပို့ လာပါသည်။ ကရင်အမျိုးသားများသည် ကရင့်တော်လှန်ရေး ဘ၀သို့ ဝင်ရောက်လျှင် မည်သည့်ခံစားခွင့်(ဥပမာ-လစာ) ဗမာ့တပ်မတော်ကဲသို့  မရှိသော်လည်း ကိုယ့်လူမျိုးများအဖိနိုပ်ခံ စစ်ကျွန်ဘ၀မှ လွတ်မြောက်ရန်အတွက် ကိုယ်ကျိုးကို စွန့် ပြီး အနှစ်နာခံကာ ပျော်ပျော်ကြီး အသက်ကို မဓာန မထားပဲ တိုက်ပွဲဝင်နေသူများဖြစ်ကြပါသည်။ တိုက်ပွဲအတွေ့ အကြုံကို ရေးသားပေးပို့ လာသော ဖူးဒေါန အား အထူးကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း သောသီခိုမှ ပြောကြားလိုပါသည်။ ဖူးဒေါန ရဲ့ တိုက်ပွဲအတွေ့ အကြုံ အမှတ်တရ ပုံရိပ်များကို စာဖတ်ပရိတ်သတ် အားအပိုင်းလိုက်ခွဲ၍ တင်ပြပေးသွားမှာဖြစ်ပါတယ်။


အမှတ်တရ ပုံရိပ်များ
ဖူးဒေါန - ၁၈၊ ၁၂၊ ၂၀၀၉

ကျွန်တော်သည် KNU လက်နက်ကိုင်အဖွဲ့ အစည်း တပ်ထဲဝင်ကတည်းက တပ်မဟာ ( ၇ ) နယ်မြေ မာနယ်ပလော မှာဘဲရုံးအလုပ် တွေကိုနေ့ ညမအားလုပ်ကိုင်ခဲ့ပါသည်။ သို့ သော်ငြားလည်း KNU ရဲ့ နိုင်ငံရေးလောက စစ်ရေးလောက ဆိုသည်ကို ကျွန်တော် အကုန်လုံး မသိပါ။

နံနက်မိုးလင်းတာနဲ့  BUGER အသံနားထောင်ရင်း နဲ့ ကိုယ်ပိုင်ပြဌန်းခွင့် နဲ့ ပြီးပြည့်စုံတဲ့ ငါတို့ ကရင်ပြည် အသိအမှတ် ပြုရမည် ဆိုတဲ့ကျွေးကျော် သံအလား ငါ့အလုပ်ငါလုပ်ရမယ်၊ ကရင်တမျိုးသားလုံးအတွက် တိုက်ပွဲဝင်ပြီး ဦးဆောင်မှုပေးနေတဲ့ KNU အတွက် ငါတာဝန်ကျေရမယ၊် အဖိနိုပ်ခံဘ၀မှလွတ်မြောက်ဖို့ အတွက် သမိုင်းပေးတာဝန်ကို ထမ်းဆောင်ရပေဦးမည် ဟုစိတ်ဓာတ် တက်ကြွစွာ ဖြင့်ခတ်ဝေးဝေး မှကြားရသော BUGER အသံသည် နံနက်တိုင်း ကြည်နူးစဖွယ် ပျံ့ လွင့်နေရာ ယခုချိန်ထိ မာနယ်ပလော ရှိနေသေးပါက အေးမြတဲ့ တောင်ခြေရိပ်အောက်မှာ နယ်ပေါင်းစုံက ကရင်တော်လှန်ရေး အတွက် ရောက်လာတဲ့ ရဲဘော်တွေရဲ့ နှုတ်ဆက်သံ မျိုးစုံကိုကြားချင်ပါသေးသည်။

မာနယ်ပလောတွင် ၁၉၈၆ ခုနှစ်မှ ၁၉၉၀ အထိ သုံးနှစ် ကျော်ကြာခဲ့ပါသည်။ မာနယ်ပလော ဆိုလို့  လူမျိုးပေါင်းစုံလှပါသည်။ ကျွန်တော်နှင့်အတူ ပဒိုစောထူးနှင့် ဗိုလ်လောင်းသင်တန်းတက်ရန် စောင့်နေသော စောကညော သည်တရုံးတည်း နေပြီး ညီအစ်ကိုကဲ့ သို့ ပြောမနာဆိုမနာ နောက်ပြောင်တတ်သူဖြစ်သည်။
ကျနော် နေသောရုံးသည် သောင်ရင်းမြစ်ကမ်းနဖူးတွင်ဖြစ်လေသည်။ မြစ်ထဲတွင် လှုပ်ရှားသွားလာနေသော စက်လှေများကိုကြည့်ပြီး ခဏအနားယူခိုက်မှာဘဲ လူတွေပြေးသူပြေး သေနတ်ဆွဲသူဆွဲ ဆက်သွယ်ရေးမြောင်းထဲ နေရာယူသူယူ နဲ့ မာနယ်ပလော တစခန်းလုံး ငြိမ်သက်နေရာက တမဟုတ်ချင်း အသက်ဝင်
လာပြီး ကျနော်လည်း အတွေ့ အကြုံမရှိသဖြင့် ကမ်းနဖူးကနေ သောင်ရင်းမြစ်ကိုအပြေး မှာစောကညောက ဘယ်ကိုပြေးမလို့ လဲ သေသွားမယ်ဒီကိုလာခဲ့ ဆို ပြီး ဆက်သွယ်ရေးမြောင်းထဲ မှာအတူတူနေရင်း…….ကျနော်က ဘာဖြစ်တာလဲလို့ မေးတော့ သူက ပယော်ဟဲ ပယော်ဟဲ တဲ့ ကျနော့ စိတ်ထဲမှာ မာနယ်ပလောမှာ လူတွေ အများကြီး စစ်တပ်လည်းရှိ ရဲ့သားနဲ့  ဘာလို့ သွေးပျက်နေကြတာလဲလေ။

ဒါနဲ့ သူက ကြားလား လာနေပြီတဲ့..ဟေ……..စက်လှေသံဘဲကြားတယ် လို့ ပြောတော့ ( နက သီးထောမီး ) လို့ ဆဲပါလေရော.. အဲဒါစက်လှေသံ မဟုတ်ဘူး စစ်လေယာဉ် အသံ မှတ်ထား …….ဟုတ်ပါပေသည် စစ်လေယာဉ် အသံမကြားရသည်မှာ ကြာပြီး… အတွေးထဲမှာ ရန်ကုန်ကလေယာဉ်ူတွေပါလား… အိမ်ကိုလည်းသတိယမိတယ်… အပေါ်မှာဝဲနေတဲ့ လေယာဉ်ကိုလည်း လက်ပြနှုတ်
ဆက်ချင်တယ်။ မကြာပါဘူး လေယာဉ်ပေါ်ကနေ စတင်တိုကခိုက်လာပါပြီ…. စက်သေနတ်တွေ နဲ့ တရစပ် ပစ်ချလိုက် ဒုံးကျည်နဲ့  ပစ်ချလိုက်နဲ့  မိနစ် ၂၀ လောက် ကြာတယ်။ ဗုံးသံ သေနတ်သံ စက်သေနတ်သံ တွေတတောင်လုံးပဲ့တင် ထပ်နေပါတော့သည်။ ထူးခြားတာက ရုပ်ရှင်ထဲမှာလို လေယာဉ်က နိမ့်နိမ့် လေး
မပျံဘဲ စပါးလုံးတတောင့်လောက် သာမြင်ရတဲ့ အကွာအဝေးက ပစ်နေခြင်းဘဲ။

၁၉၈၇ မတ်လ တွင်ရှေ့ တန်းထွက်ခွင့်ရသဖြင့် ကျတော်ရင်ခုံနေမိပါသည်။ စောကညော လဲ တာဝန်နှင့် တပ်မဟာ (၂) ကိုသွားပြီ ကျနော်လည်း တပ်မဟာ ( ၁ ) ကိုသွားရမည် အတွေ့ အကြုံ မရှိပါ သို့ သော်ငြားလည်း ကျနော် ပျော်သည်။ ရှေ့ တန်းမှာဟင်းကောင်းစား ရတယ်လို့  ကညော ခဏခဏ ပြောလို့ ဘဲ။ ဟုတ်ပါသည် မာနယ်ပလော မှာ မြှစ်ပြုပ် နဲ့ ပုဇွန် ငါးပိရည်ကျဲ လွှေး လာခဲ့သည်မှာ ကြာပြီလေ။ ဒီလိုနဲ့ KNU စစ်သားဘ၀ကို
မာနယ်ပလော မှာ စတင်ရုပ်လုံးပေါ်စေခဲ့ပါတယ်။ တပ်မဟာ(၇) မှပဒိုအေးဖေါ ဦးစီးသောစစ်ကြောင်းသည် တပ်မဟာ(၁) သို့ စစ်ကြောင်းထိုးခဲ့ပါသည်။ တောအထပ်ထပ်တောင်အထပ်ထပ် ဖြတ်ကျော်ပြီး သံလွင်မြစ်ကိုဖြတ်ကူးရန် ရန်သူ့ အခြေအနေကိုအရင်ထောက်လှမ်းရပါသည်။

ရန်သူသည်လည်း ကျနော်တို့ နှင့်သိပ်မဝေးလှပါ။ ထို့ကြောင့် တော်လှန်ရေးရဲဘော်အားလုံး သံလွင်မြစ်ကိုဖြတ်ကူးသည့်အခါတွင် သတိကြီးစွာထားပြီး ကူးရပါသည်။ ရန်သူတပ်သည်လည်း တောင်ပေါ်တွင်နေရာယူထားသောကြောင့် သတိထားရခြင်းဖြစ်ပါသည်။ ကျနော်တို့  စစ်ကြောင်း ကောင်းမွန်စွာဖြတ်ကူးနိုင်ခဲ့ပါသည်။ ထိုမှတဆင့် ထီးသဒေါ်ထ ရွာဖက်သို့ ခရီးဆက်ခဲ့ကြပါသည်။ ထိုကဲ့သို့ ခရီးဆက်ရာတွင် ရန်သူ တပ်မ ( ၄၄ ) မှ တိုက်ကင်းတခုနှင့် ကျနော်တို့  စစ်ကြောင်း ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ စတင်ဖြစ် ပွားခဲ့ပါသည်။ အတွေ့ အကြုံတခါမှမရှိသောကြောင့်လက်တုံခြေတုံဖြစ်မိပါသည်။ သေနတ်သံဘယ်ကလာမှန်းမသိသောကြောင့်ကြောင်ပြီးရပ်နေမိသည်။

ကျနော်တို့ စစ်ကြောင်းနဲ့ အတူပါလာသောတပ်မဟာ(၁)မှရဲဘော်တယောက်က ၀ပ်နေ၀ပ်နေ လို့ အော်ပြောတော့မှဝပ်နေရမှန်းသတိယတော့သည်။ ကံကောင်းထောက်မစွာနဲ့ ကျနော့ ခါးသာသာလောက်ရှိတဲ့ကျေက်တုံးနားမှာဝပ်လိုက်တယ်။ပြီးမှရှေ့ စူးစူးကိုကြည့်လိုက်တော့ ရန်သူတယောက်သည်လည်းကျောက်တုံးတခုကိုအကာအကွယ်ယူပြီးမှ ပစ်နေတာကိုတွေ့ တော့ ကျနော့ရဲ့လက်သည် လည်းသေနတ်မောင်းခလုတ်ကိုညှစ်ပြီးသားဖြစ်သွားပြီး အဲဒီရန်သူလည်း ကားကနဲဖြစ်သွားတာတွေ့ လိုက်တော့ စိတ်ထဲမှာအလိုလိုနဲ့ ရဲစိတ်တွေဝင်လာတယ်။ အဲဒီအဒါကျမှ ကျနော်လည်းကျန်တဲ့လူတွေကိုအော်ပြောဖို့ အသံထွက်လာတော့တယ်။ တိုက်ပွဲသည် ၁၅ မိနစ်ခန့် ဖြစ်ပွားပြီး ရန်သူတပ်မ (၄၄)ကစစ်ကြောင်းမှူးဝေယျံ ဦးဆောင်တဲ့ တိုက်ကင်း၂ယောက်ကျပြီး ၁ယောက်ဒဏ်ရာရပါသည်။ ကျနော်တို့ စစ်ကြောင်းကရဲဘော် ကျော်ထီးရဲ့သေနတ်ကို ရန်သူကျည် ထိမှန်ပြီး ပျက်သွားတာကလွဲပြီး ကျန်သူများအားလုံးအန္တရယ် ကင်းရှင်းကြပါသည်။

ကျနော်တို့ စစ်ကြောင်းကစစ်ကြောင်းမှူးသည် အင်မတန်စိတ်တည်ငြိမ်တဲ့လူဖြစ်သည်။ တိုက်ပွဲပြီးလို့  လူပြန်စစ်တဲ့အခါ စစ်ကြောင်းမှူးက ငါတို့ သံလွင်မြစ်ကိုဖြတ်ကူးတာ သူတို့ မြင်တယ် ဒါကြောင့်လိုက်လာတာ ဒါပေမဲ့ သူတို့ ကံမကောင်းဘူး ဘာကြောင့်လဲဆိုတော့ သူတို့ မထင်တဲ့လမ်းကို ငါရွေးပြီးလာတာ ရန်သူနဲ့ တိုးမယ်ဆိုတာ သေခြာပေါက်သိတယ်။ ဒါကြောင့်ငါဒီလမ်းကိုရွေးတာ၊ လို့ ကွမ်းစားရင်းနဲ့  အေးအေးဆေးဆေး ရှင်းပြပါသည်။ ကျနော့ရဲ့ ပွဲဦးထွက်ပွဲ မို့ ရင်ခုံလေလေ စိတ်ဝင်စားလေလေ ဖြစ်လာခဲ့ပါသည်။

ကျနော်တို့ စစ်ကြောင်းက တိုက်ပွဲအတွေ့ အကြုံရင့်တဲ့ ကျောဖိုးလယ်က ကျနော့ကိုကြည့်ပြီး “ ဘယ်လိုလဲ ဒီနေ့ တိုက်ပွဲလေးက” ဆိုပြီးပုခုံးဖက်ပြီးမေးတဲ့ အခါ ကျနော်ကသူ့ ကိုလက်ဆွဲနှုတ်ဆက်လိုက်သည်။ ကျနော်ဆိုလိုချင်သည်မှာ သူ့ ရဲ့တိုက်ကွက်နှင့်ပစ်ချက်၊ သူ့ ရဲ့ရဲဘော်တွေအတွက် ကာပစ် ပစ်ပြီးအော်ပြောနေတဲ့ပုံစံကို သဘောကျနေမိပါသည်။ သူသည်လည်းတိုက်ပွဲအနေအထား တိုက်ပွဲစနစ်ပုံစံတွေကို ပြောပြနေသည်မှာလည်း အတော်ကိုစိတ်ဝင်စားစရာပင်။ ထို့ နောက် ထီးသဒေါ်ထ ရွာနားက နိုလားရွာမှာ ပြောင်းရွှေ့ စခန်းချပြီး တညတာကို ကုန်လွန်စေခဲ့ပါသည်။ သို့ သော်ငြားလည်း ရွာထဲတွင်စခန်းချခြင်း လုံးဝမလုပ်ဘဲ တောထဲမှာသာစခန်းချပြီးရန်သူ အခြေအနေ ကိုနားထောင်နေရပါသည်။ ထိုမှတဆင့် လယ်ဒါး၊နိုဂဲထာ၊ရွှေဖလားကျ၊ကိုင်းတော၊ကတိုင်တိ၊နတ်တျောက်၊မယ်ညောခီး၊ ထီးသဲလေး မှတဆင့် ဘော်သိုထာ ရွာသို့  သုံးည နှစ်ရက် ခရီးဆက်ကြပါသည်။ ထိုကဲ့သို့ ခရီးသွားရာတွင် နေ့ ဖက်တွင်တပ်ဖျောက်ထားပြီး ညပိုင်းမှသာ ခရီးဆက်ကြပါသည်။

အပိုင်း(၂)ကို ဆက်လက်ဖေါ်ပြပါမည်

No comments:

Post a Comment