Tuesday, February 9, 2010

ပြန်/ ဆက်အောက်က ရပ်/ကျေး စာကြည့်တိုက်မှာ တိုင်းရင်းသားစာပေများ ထားခွင့်မပေး

စာဖတ်ပုရိတ်သတ်များခင်ဗျား….ခုတလော စီဘောမှာ အကြိတ်အနိုင်ငြင်းခုံကြဒါကို သထိထားမိပြီး ငြင်းးခုံ ကြတဲ့ အကြောင်းအရာတွေထဲက စိတ်ဝင်စားစရာ တစ်ခုကို ထွက်ရှိလာတဲ့သတင်းနဲ့ တွဲပြီး မီးမောင်းထိုးပြလိုပါတယ်။ ငြင်းခုံကြတဲ့စကားလုံးက "မဟာဗမာဝါဒ" ရှိခြင်းနှင့် “မဟာဗမာဝါဒ” ဆိုဒါ မရှိခြင်း.. ပြီးတော့တိုင်းရင်းသားစာပေနဲ့ ပါတ်သက်ပြီး ငြင်းခုံကြဒါလည်းတွေ့ ရပါတယ်။ သည့်အတွက် ကြောင့် ယခုလက်ငင်းပူပူနွေးနွေးလေး ထွက်ရှိလာတဲ့ သတင်းကို လွတ်လပ်သော မွန်သတင်းအေဂျင်စီမှ တင်ဆက်တဲ့ “ပြန်/ ဆက်အောက်က ရပ်/ကျေး စာကြည့်တိုက်မှာ တိုင်းရင်းသားစာပေများ ထားခွင့်မပေး” ဆိုတဲ့သတင်းကို ပြန်လည်ကူးယူတင်ပြပေးလိုက်ပါတယ်။

ကျနော်တို့ သောသီအဖွဲ့ သားများလည်း တဆက်တည်းမှာပဲ ဒီသတင်းနဲ့ ပါတ်သက်ပြီး comment အကြီးစားတစ်ခုပေးပါရစေ။ မိတ်ဆွေအပေါင်းတို့  လူမျိုးတစ်မျိုးတိုင်းမှာ သူ့ ယဉ်ကျေးမှုနဲ့ သူ့ စာပေဆိုဒါ ရှိနေကြဒါပဲမဟုတ်လား။ စာပေဆိုဒါ လူမျိုးတစ်မျိုးရဲ့အသက်သွေးကြောဖြစ်သလို လူမျိုးတစ်မျိုးရဲ့ စာပေ ပျောက်ကွယ်သွားရင် ထိုလူမျိုးပါပျောက်သွားမည်ဆိုဒါ ပညာရှင်တွေက မိန့် မှာခဲ့သလို အားလုံးနားလည်ထားကြပြီးဖြစ်ကြမှာပါ။ ယခုပဲကြည့်ပါ မွန်ရွာကြီးတရွာမှာ မွန်စာပေကို မွန်စာကြည့်တိုက်မှာ ထားခွင့်မပေးဒါ ဘာသဘောပါလည်း??? ဗညားဒလ ဆိုတဲ့မွန်နာမည်စာကြည့်တိုက်ကို ဘာကြောင့် နာမည်ပြောင်းခိုင်းဒါလဲ???? ဒါတွေဟာ မလွန်လွန်းဘူးလားနော်။ ဒုက္ခသည်ဘ၀မှ တတိယနိုင်ငံကိုရောက်သွားတဲ့ ကရင်လူမျိုးတွေ သူတို့ ရောက်ရှိတဲ့ နိုင်ငံတွေမှာ တချို့ ဆိုရင် ကရင်စာပေကို အထက်တန်း(၁၂)တန်းအထိ တရားဝင်သင်ကြားခွင့်ရတယ်။ သက်ဆိုင်ရာနိုင်ငံကလည်း ကရင်စာသင်တဲ့ ဆရာ/ဆရာမ များကို သူတို့ နိုင်ငံက စာသင်တဲ့ ဆရာ/ဆရာမ တွေနည်းတူ လစာငွေရကြတယ်။

ဒါပေမယ့်ကျနော်တို့ ရှေးပ၀ီသဏီကတည်းက နေလာခဲ့တဲ့နိုင်ငံ ဟောဒီဗမာပြည်မှာ ကရင်အပါအ၀င်တခြားတိုင်းရင်းသားစာပေတွေကို သူ့  ပြည်နယ်မှာ သူ့ စာပေတရားဝင်သင်ခွင့်ရပြီး အစိုးရက ထောက်ပံ့ဒါ ရှိပါသလား?? အားပေးဒါရှိပါသလား?? ကျနော်တို့  တိုင်းရင်းသားအားလုံးရဲ့စာပေတွေကို တိုက်ရိုက်နည်းဖြစ်လည်းကောင်း သွယ်ဝိုက်တဲ့နည်းဖြစ်လည်းကောင်း နိုင်ငံကို အုပ်စိုးသူ အဆက်ဆက်က စနစ်တကျဖျက်ဆီးနေဒါ မဟုတ်ပါလား။ ဒီလိုဆိုရင်ဖြင့် စာပေပျောက်ရင် လူမျိုးပျောက်မည် ဆိုခဲရင် စနစ်တကျ ဖြင့်ကျနော်တို့ ရဲ့တိုင်းရင်းသားစာပေတွေကို ပျောက်ကွယ်သွားအောင် ဖျက်ဆီးနေတဲ့ ၀ါဒက ဘာဝါဒလို့  ခေါ်ရမလဲ??? မဟာဗမာဝါဒ ရဲ့ အစိတ်အပိုင်းတစ်ဖြစ်တယ်လို့ ပြောရင်လွန်မလား???? ဘာသာရေးကျောင်းနင့် ဘုန်းကြီးကျောင်းတွေမှာ သင်ကြားနေတဲ့ တိုင်းရင်းသားစာပေတွေဟာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ဖြစ်ညစ်ပြီး တိုင်းရင်းသားတွေက အခက်ခဲကြားမှ စာပေပျောက်ကွယ်မသွားအောင် ကြိုးစားပြီး ထိမ်းသိမ်းနေကြခြင်းသာဖြစ်ပါသည်။ တကယ်တော့ ယခုတင်ပြတဲ့ စာပေဖိနိုပ်မှုနဲ့  ပါတ်သက်တဲ့ issue က မဟာဗမာဝါဒရဲ့ တစိတ်တဒေပဲဖြစ်ပါသေးတယ်..နောင်ဆိုရင် ထွက်ရှိလာတဲ့ သတင်းနဲ့တွဲပြီး အလျဉ်းသင့်သလိုတင်ပြပေးသွားပါမယ်။

ကျေးဇူးတင်ပါသည်။

သောသီခိုအဖွဲ့ သားများ
မှတ်ချက်။ ။ မူရင်းသတင်းကို ဆက်လက်ဖတ်ရှုကြပါ။

ပြန်/ ဆက်အောက်က ရပ်/ကျေး စာကြည့်တိုက်မှာ တိုင်းရင်းသားစာပေများ ထားခွင့်မပေး

Thu 04 Feb 2010, လွတ်လပ်သောမွန်သတင်းအေဂျင်စီ

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအောက်က ရပ်ကွက်၊ ကျေးရွာရှိ စာကြည့်တိုက်များမှာ မြန်မာစာပေမှတပါး တိုင်းရင်းသားစာပေများကို ထားခွင့်မပေးသည့်အပြင် စာကြည့်တိုက်နာမည်ကိုလည်း ပြန်ကြားရေးဝန်ကြီးဌာန်၏ ခွင့်ပြုချက် နာမည်ဖြင့်သာ မည့်ခေါ်ရသည်ဟု မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ မွန်ရွာတစ်ရွာမှ မွန်လူငယ်တစ်ဦးက ပြောပါသည်။

“ကျွန်တော်တို့ရွာက မွန်ရွာကြီးဖြစ်တယ်၊ အထက်တန်းကျောင်းလည်းရှိတယ်၊ လူငယ် ကျောင်းသားတွေ စာတော်တော်ဖတ်ကြတယ်။ ရွာစာကြည့်တိုက်မှာ ပြန်ကြားရေးဌာနက သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ကာတွန်းတွေလောက်ပဲ ထားပေးတာများတယ်။ ဒါပေမယ့် အဟောင်းတွေက များတယ်။ ဝတ္တုတွေသိပ်မထားဘူး ကျွန်တော်တို့ မွန်စာပေဆို အများဖတ်ဖို့ သွားလှူတာတောင် မထားခိုင်းဘူး” ဟု မွန်လူငယ်က ပြောပါတယ်။ စာကြည့်တိုက်က တာဝန်ရှိသူ တစ်ဦးကလည်း ကျွန်တော် မွန်စာဖတ်ချင်ရင် မွန်ဘုန်းကြီးကျောင်းကို တကူးတက သွားရတယ်ဟု ပြောပါသည်။

“မွန်စာပေတွေအများစုမှာ ပရိယတ္တိစာပေများ၊ မွန်သံဃာများထုတ်သည့် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာပေများ၊ တက္ကသိုလ်ကျောင်းသားများ၊ ပြည်တွင်းမွန်အဖွဲ့အစည်းအချို့က ထုတ်ဝေသည့် သုတစာပေစာအုပ်များ၊ မဂ္ဂဇင်း၊ ဂျာနယ်များ လည်းရှိတယ်။ မွန်ဘာသာ ပရိယတ္တိစာပေကို မွန်ဘုန်းတော်ကြီးကျောင်းမှာ ထိမ်းသိမ်းထားပြီး မွန်သံဃာတော်များက သင်အံလေ့ကျင့်ကြပါတယ်၊ မွန်မဂ္ဂဇင်း၊ ဂျာနယ် အချို့ကတော့ ဘုန်းကြီးကျောင်းမှာ ရှိပေမယ့် လူငယ်တွေ အရောက်အပေါက်တော့ မဖတ်ဖြစ်ကြဘူး” ဟု ၄င်းရွာမှ ဆရာတော်က မိန့်တော်မူပါသည်။

“ရွာမှာရှိတဲ့ ကလေးတွေက အစိုးရနွေရာသီ ကျောင်းပိတ်ချိန်တွေမှာဆို ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို မွန်ဘာသာနှင့် သင်ကြားထားတာ နှစ်တော်တော်ကြာခဲ့ပြီး၊ မွန်စာလည်း တော်တော်တတ်နေကြပြီး၊ ဗမာစာမှာ ကျွမ်းကျင်ကြသလို မွန်စာကိုလည်း ကလေးတွေ ကျွမ်းကျင်ချင်ကြတယ်၊ နှစ်ဘာသာတတ်တာပေါ့၊ တချို့ ကလေးတွေဆို အင်္ဂလိပ်စာပါ လေ့လာနေကြတယ်၊ အင်္ဂလိပ်စာတော့ စာကြည့်တိုက်မှာရှိတယ်၊ မွန်စာတော့ မထားရဘူးတဲ့” ဟု ဆရာတော်က ဆက်ပြီး မိန့်ကြားသည်။

ပေါင်မြို့နယ် ဇင်းကျိုက်ရွာမှ ကျောင်းဆရာတစ်ဦးကလည်း “ ဗညားဒလ စာကြည့်တိုက်ဆို နှစ်ပေါင်းအတော် ကြာကတည်းက တည်ထောင်ခဲ့တဲ့ စာကြည့်တိုက်ပါ၊ ဒီစာကြည့်တိုက်ကို တည်ထောင်ခဲ့တဲ့ လူငယ်တွေဆို ကနေ့ ပညာတတ်တေ၊ွ စာရေးဆရာတေ၊ွ ကဗျာဆရာတွေ ဖြစ်နေကြတယ်၊ အခုမှ ပြန်ကြားရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ ပြည်သူ့စာကြည့်တိုက် မူများအတိုင်း လိုက်နာရမည်ဆိုပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး လက်အောက်ထားရှိခါမှ ပြည်သူ့စာကြည့်တိုက်လို့ နာမည်ပြောင်းလိုက်တာ ဘာသဘောလဲတော့ မပြောတတ်တော့ဘူး” ဟု ပြောပါသည်။

အများအားဖြင့် ကျေးရွာရပ်ကွက်များမှာ ဖွင့်လှစ်ထားသည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အောက်မှ စာကြည့်တိုက်များသည် ကိုယ်ထူကိုယ်ထစနစ်များဖြင့် တည်ထောင်ဖွင့်လှစ်ထားသလို စာကြည့်တိုက် အတွင်းရှိ စာအုပ်စာပေများမှာ ပြည်သူများအတွက် ရသစာပေ၊ သုတစာပေ၊ ဖျော်ဖြေမှုစာပေ အမျိုးအစားများ များများစားစားထားရှိရပေမယ့် အခုအခါ စစ်အစိုးရ၏ အာဘော်၊ သတင်းစာ၊ မဂ္ဂဇင်နှင့် ဂျာနယ်များသာ စာကြည့်တိုက်မှာ များများစားစားထားရှိပါသည်။

No comments:

Post a Comment