
နအဖ ဗမာစစ်အစိုးရမှ ကျင်းပမည့် 2010 ရွေးကောက်ပွဲကို ၀င်ရောက်ယဉ်ပြိုင်မည့် မည်သည့် ကရင်ပါတီအဖွဲ့  အစည်းကို မှ အားပေး၍ သော်လည်းကောင်း တားမြစ်၍သော်လည်းကောင်း ကျနော်တို့  သောသီခို ၀ိုင်းတော်သားများ ဘာမှ မပြောလိုပါ။ ရွေးကောက်ပွဲ ၀င်ခြင်းမ၀င်ခြင်းသည် သက်ဆိုင်သူအဖွဲ့  အစည်းတို့ ၏ ယုံကြည်ချက်၊ ခံယူချက် နှင့်စပ်လျဉ်းသည့် အတွက်ကြောင့် ဘာမှ အကျယ်တ၀င့် မပြောဆိုလို ပါ။ ကိုယ့်သမိုင်းကိုယ်ရေးထိုးကြမည့်ပွဲဖြစ်သည့်အတွက်ကြောင့်ပင်ဖြစ်ပါသည်။
သို့ ပေသော်ငြားလည်း ကရင့်အမျိုးသားအလံတော်ကို ရွေးကောက်ပွဲဝင်ရောက်မည့် ပါတီတစ်ခုခုက ပါတီ၏ အလံအဖြစ် အသုံးပြုမည်ကို ကျနော်တို့ လုံးဝလက်မခံနိုင်ပါ။ ဒီကိစ္စနှင့်ပါတ်သက်၍ ကျနော်တို့  ဆီအီးမေးတွေ တသီတတန်းကြီး ကန့် ကွက်စာများရောက်လာပါသည်။ ကရင်အမျိုးသားအလံကို ပါတီတစ်ခု၏ အလံအဖြစ်သုံးပြုကြမည် ကို ကန့် ကွက်ဆန့် ကျင် သော စာများ ဆက်တိုက်ဝင်လာနေပါသည်။
သက်ဆိုင်သူ ပါတီ နအဖ ကျင်းပမည့်၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်၍ ကရင်အမျိုးသားအလံတော်ကို ပါတီ၏ အလံအဖြစ်အသုံးပြုမည်ဆိုသည့် အဖွဲ့ အစည်းခင်ဗျား….ကျနော်တို့  ကရင်အမျိုးသားများသည် ဗမာစစ်အစိုးရအဆက်ဆက်၏ ဖိနိုပ်မှုများနှင့်အတူ မျက်စိထောင့်ကြည့်ခံနေရသော လူမျိုးဖြစ်ပါသည်။ မည်သည့်ကရင်လူမျိုးကို မှ ဗမာအစိုးရက လူရာဝင်ဇာရင်းသွင်း အသိအမှတ်ပြုပြီး လက်ခံ ယုံကြည်သည် မဟုတ်ပါ။ ဒီလို အခြေအနေမျိုးမှာ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်က ကရင်အမျိုးသားအလံကို ပါတီအလံအဖြစ်သုံးပြုမှုကို ကန့် ကွက်လိုက ကန့် ကွက်နိုင်ပါသည်ဟု တရားဝင်ကြေငြာထားသော်လည်း ဒီကိစ္စကို ပြည်တွင်းကရင်များက မကြိုက်သော်ငြားလည်း ထပြီးကန့် ကွက်ဖို့  ဆိုဒါ သူတို့ ၏ လှုံခြုံရေးကို ရှေးရှုပြီး တော်ရုံတန်ရုံလူ နအဖ ရွေးကောက်ပွဲ ကော်မရှင်ထံသို့  သွားပြီးကန့်  ကွက်ကြမည်မဟုတ်ပါ။ သို့  ဖြစ်ပါ၍ အနာဂါတ်မှာ ကရင်မျိုးသားများအကြား ရှူပ်ထွေးမှူများမရှိစေရန်၊ ရေရှည်အကျိုးကို မျော်ကိုးလျက် ခင်ဗျားတို့ ကိုယ်တိုင် ကရင်အမျိုးသားအလံကို ပါတီအလံအဖြစ် အသုံးပြုခြင်းမှ ပြန်လည်ရုပ်သိမ်းစေလိုပါသည်။
ကရင်အမျိုးသားအလံတော်သည် ကရင်တမျိုးသားလုံးပိုင်ဆိုင်သောအလံတော်ဖြစ်ပါသည်။ ပါတီအဖွဲ့ အစည်းတစ်ခု လူတစ်စု ပိုင်ဆိုင်သော အလံတော်မဟုတ်ပါ။ ကရင်အမျိုးသားအလံတော်သည် ထိုင်းနိုင်ငံသား ကရင်လူမျိုးများပိုင်ဆိုင်သလို ကမ္ဘာတ၀ှမ်းရှိ ကရင်များလည်းပိုင်ဆိုင်ကြပါသည်။ ပြည်တွင်း နအဖ လက်အောက်မှ နေထိုင်သော ကရင်လူမျိုးများလည်း ပိုင်ဆိုင်ကြသလို တော်လှန်ရေးနယ်မြေ၌ နေထိုင်သောကရင်များလည်း ပိုင်ဆိုင်ကြပါသည်။ အကုန်ပြောရမည်ဆိုရင်ဖြင့် ယနေ့ လက်နက်ကိုင်တိုက်ပွဲဝင်နေ သော ကရင်တော်လှန်ရေးသမားများပိုင်ဆိုင်ကြသလို ဗမာ့တပ်မတော် နအဖ လက်အောက်တွင် တာဝန်ထမ်းဆောင်နေကြ သော ကရင်လူမျိုးများလည်း ထို ကရင်အမျိုးသားအလံတော်ကို ပိုင်ဆိုင်ကြပါသည်။ ဒီလိုအခြေအနေမျိုးမှာ ကရင်မျိုးသားအလံကို ကိုယ်ကျိုးတစ်ခုအတွက်ကြည့်ပြီး ပြီးစလွယ် ပါတီအလံအဖြစ် အသုံးမချသင့်ကြောင်း အသိပေးလိုပါသည်။ ပြင်းပြင်းထန်ထန် ကန့် ကွက်ပါသည်။
အကယ်၍ အသင်တို့ ပါတီသည် ကရင်အမျိုးသားအလံကို ပါတီ၏ အလံဖြစ် ဇွတ်အတင်းအသုံးပြုပြီး ပြန်လည်မရုတ်သိမ်းပါက ကရင်လူမျိုးအများစု၏ ညိုညင်ခြင်းခံရမှာ ဖြစ်သလို သမိုင်းတွင် အမဲစက်အဖြစ်စွန်းထင်းသွားမည်ဖြစ်ပေသည်။ သည့်ပြင်မက မလိုလားအပ်သော တုံပြန်မှုများကို လည်းရင်ဆိုင်နိုင်ရဖွယ်ရှိသည်ဆိုဒါ စေတနာဖြစ်အသိပေးပါရစေ။
No comments:
Post a Comment