Sunday, July 18, 2010

လမ်းသာမှအိမ်ပြန်မည်။

အမုန်းတရား၊ ဦးထိတ်ထားကာ
မုသားစကား၊ ကြွယ်ဝပြူငှါ
ချိုသာစွာဖြင့်၊ လိမ်လည်လှည့်ဖျား
သွေးဆောင်ငြားလည်း၊ ကျွန်ုပ်လုံးဝအိမ်မပြန်ပါ။

မေတ္တာကင်းမဲ့၊ ဒုစရိုက်များမြှောင်
ဖိနှိမ့်ညင်းပမ်း၊ လူသားမဆန်
မတရားအုပ်စိုး၊ လူ့တန်ဘိုးမထားဘဲ
လက်ကမ်းရှည်ရှည်၊ ဆန့်ကာထားလျှက်
လက်ကမ်းကြိုဆို၊ ဘိတ်ခေါ်ငြားလည်း၊
ကျွန်ုပ်လုံးဝအိမ်မပြန်ပါ။

ကိုယ့်အိမ်ကိုယ့်ယာ၊ မွေးရပ်ဇာတိ
မိဘဆွေမျိုး၊ လွမ်းဆွံ့ငြားလည်း
လက်နက်မျိုးစုံ၊ ကျည်မျိုးစုံဖြင့်
တွေ့ရာမှန်သမျှ၊ လူတိရိစ္စာန်မကျန်
ပစ်ခတ်ချေမှုန်း၊ ဖျက်ဆီးသတ်ဖြတ်
အုပ်စိုးနေသ၍၊ ကျွန်ုပ်လုံးဝအိမ်မပြန်ပါ။

စိတ်ဓါတ်မပြောင်း၊ မူမပြောင်းဘဲ
ဘယ်လူပြောင်းပြောင်း၊ နာမည်ပြောင်းလည်း
ပျက်လမ်းမပြင်၊ လမ်းမှန်မပြောင်း
ကိုယ့်မြင်းကိုယ်စီး၊ ထင်ရာစိုင်းပြင်း
ပန်းတိုင်မမြင်၊ မြင်ရာပန်းတိုင်
ထားနေသ၍၊ ကျွန်ုပ်လုံးဝအိမ်မပြန်ပါ။

သို့သော် -
ပျက်လမ်းကိုပြင်၊ လမ်းမှန်ကိုပြောင်း
မေတ္တာပွားများ၊ စေတနာမှန်ထား
သစ္စာတိုင်တည်၊ ပန်းတိုင်တည်လျှက်
ငြိမ်းချမ်းစိုပြေ၊ တိုးတက်ဖွံ့ဖြိုး
ကမ္ဘာ့အလယ်၊ ထယ်ဝါ၀င့်ကြွား
အမိပြည်ထောင်စုကြီးသို့
လက်တွဲညီညာ၊ ပြည်ထောင်စုဖွား
တိုင်းရင်းသားများ၊ ညီယင်းအစ်ကိုယ်
ချစ်ခင်လေးစား၊ အေးတူပူမျှ
မျှဝေခံစား၊ ရှိသမျှညာဏ်စွမ်းခွန်အား
ပေးလှူဆက်ကပ်၊ လက်ချင်းယှည်တွဲဘို့
ချိန်ခါရောက်၍၊ လမ်းသာရောက်လျှင်
ကျွန်ုပ်အိမ်သို့၊ မနှေးအမြန်ပြန်ခဲ့မည်။

သိက္ခာတော်ရဆရာတော် ဒေါက်တာစောစိုင်းမွန်၊
ကျမ်းစာသင်ကျောင်း၊
ခေတ္တ - မယ်လစခန်း၊ ထိုင်းနိုင်ငံ။

Karen Family blogမှပြန်လည်ကူးယူဖေါ်ပြသည်။

3 comments:

  1. ကဗျာက ကာရံတွေလွတ်နေတယ်။ ပုံစံခွက်ထဲက ကဗျာလား။ ကာရံမရှိတဲ့ မော်ဒန်ကဗျာလား။ ကဗျာက ခံစားချက်တွေကောင်းပါတယ်။

    ReplyDelete
  2. ဆက်၍ ကြိုးစားအောင်မြင်ပါစေ။

    ReplyDelete
  3. ရင်တွင်းဖြစ်ကဗျာဖြစ်မှာပါ ရင်ခတ်အလွမ်းရေ..
    ကာရံတွေ ဘာတွေ ကျနော်တို့ ခေတ်လူငယ်အတွက်တော့ သိပ်မဆန်းကျယ်ပါ။ ရင်ထဲရှိဒါကို တဖက်လူနားလည်အောင် ထုတ်ပြဒါကိုပဲ ကျေးဇူးပါ။ ကဗျာရှင်ဟာ ရှာမှရှားပါးတဲ့ ပဂ္ဂိုလ်တစ်ဦးဆိုဒါ အချိန်ကာလတစ်ခုမှာ မင်းတွေ့ မှာပါ။ သူ့ ရဲ့စွမ်းဆောင်ချက်တွေ အံ့မခန်းလုပ်ဆောင်ချက်တွေ အများကြီးရှိခဲ့ပြီးလို့ ပါ။

    ReplyDelete