မန်းအာကါထက်
အင်္ဂလိပ်က ရန်ကုန်ကို(၁၉၄၅)မေ(၃)ရက်နေ့ တွင်ရန်ကုန်ကိုပြန် လည်သိမ်းပိုက်နိုင်
ပြီး၊ ဗမာပြည်တွင်းစစ်မပြီးဆုံးသေးသော်လည်း ကရင်ခေါင်းဆောင်များ ရန်ကုန်တွင်တွေ့ ဆုံပြီး
ကရင်တိုင်းပြည်ကိုတောင်းဆိုရန်ဆွေးနွေးတိုင်ပင်ကြသည်။ ဤကရင်လှုပ်ရှားမှုများမတိုင်မှီကါလ များဖြစ်သော..၁၉ရာစုမကုန်မှီကါလက စမစ်တန်အမည်ရှိအင်္ဂလိပ်အရာရှိ တယောက်ကရေး သော
(The Royal Karen of Burma)ဗမာပြည်ရှိသစ္စာရှိသောကရင်များ အမည်ရှိစာအုပ် တွင်“ကရင်လူ မျိုးတို့ သည်အင်္ဂလိပ်အုပ်ချုပ်မှုအပေါ် သစ္စာရှိကြသူများ၊ ကရင်လူမျိုးများ မိမိကိုယ်ကိုအုပ်ချုပ်နိုင် ရေးအတွက် အင်္ဂလိပ်အစိုးရ၏ကူညီစောင့်ရှောက်မှုအောက်တွင် သီးခြားတိုင်းပြည်တပြည်ပေးသင့်
သည်။
၁၉၂၃- ၁၉၂၅ ခုနှစ်ကါလတွင်လည်းကရင်လူမျိုးဒေါက်တာတယ်မေဖိုးမင်းသည်အင်္ဂလန်
နှင့်အမေရိကန်ပြည်သို့ ဆင်ဖြူတော်နှင့်သွားရောက်လည်ပတ်ပြီး ကရင်လူမျိုးတို့ သည်အင်္ဂလိပ်အ
ပေါ်သစ္စာရှိသူများဖြစ်ပြီးလွတ်လပ်သည့်ကိုယ်ပိုင်တိုင်းပြည်တပြည်ရှိသင့်ကြောင်း လှည့်လည်ဟော
ပြောခဲ့သည်။၁၉၂၈ခုနှစ်၊ဒေါက်တာစံစီဖိုးရေးသားသော“ဗမာပြည်နှင့်ကရင်လူမျိုးများ”(Burma and Karens)စာအုပ်တွင်အင်္ဂလိပ်တို့ ၏ဗျူရိုကရေစီအုပ်ချုပ်ရေးစနစ်နှင့် ကရင်များအား တနင်္သာရီတိုင်း
ကိုအင်္ဂလိပ်လက်အောက်ရှိ ကရင်ပြည်အဖြစ်သတ်မှတ်ပေးရန်တောင်းဆိုထားသည်။ ဒုတိယကမ္ဘာ စစ်ဖြစ်ပွါးချိန် အင်္ဂလိပ်နောက်သို့ လိုက်သွားသောကရင့်စစ်သည်(၂၀၀၀)ကျော်တို့ သည် ၁၉၄၅ ခုနှစ်အစပိုင်းတွင် အင်္ဂလိပ်စစ်ဗိုလ်အယောက်(၄၀)တို့ နှင့်အတူ ကရင်ကိုယ်ပိုင်တိုင်းပြည်ပေးရန် အတွက် စာတမ်းတစောင်ကို အင်္ဂလိပ်အစိုးရထံလက်မှတ်ထိုးတောင်းဆိုတင်ပြခံကြသည်။
၁၉၄၅ခုနှစ်ဇွန်လ(၂၈)ရက်မှဇူလိုင်လ(၅)အထိ၊ ကရင်ခေါင်းဆောင်များရန်ကုန်တွင် တွေ့ ဆုံပြီး ကရင်ပြည်ရရှိရေးအတွက်ဆုံးဖြတ်ချက်များချမှတ်ကါ ငှင်းတို့ ဆုံးဖြတ်ချက်အတိုင်း အင်္ဂလိပ်အစိုးရထံ ကရင်ပြည်ရရှိရန်စာရေးသားတောင်းဆိုသည်။ငှင်းအပြင် ကရင်ကိုယ်စားလှယ် တဖွဲ့ ကိုလည်း အင်္ဂလန်သို့ စေလွှတ်ခဲ့သည်။
ကရင်လူမျိုးများ လွတ်လပ်သည့်ကိုယ်ပိုင်တိုင်းပြည်ရရှိရန်ကြိုးပမ်းစဉ်တချိန်တည်းတွင် ဗမာလူမျိုးများလည်းလွတ်လပ်ရေးအတွက် အပြင်းအထန်းကြိုး ပမ်းလျှက်ရှိသည်။
ဒုတိယကမ္ဘာစစ်ပြီးဆုံးခါစ အင်္ဂလန်အစိုးရသည်အကြပ်အတည်းများစွာနှင့်ရင်ဆိုင်
နေရသည်။ နိုင်ငံတွင်းကုန်ဈေးနှုန်းမြင့်မားလာမှု၊ စားသောက်ကုန်ရှားပါးလာမှု၊ အလုပ်လက်မဲ့ပြ
သနာနှင့်အလုပ်သမားသပိတ်တို့ ကိုရင်ဆိုင်နေရသည်။ငှင်းတို့ အုပ်ချုပ်သော ကိုလိုနီနယ်မြေများ
လည်း ကိုယ်ပိုင်လွတ်လပ်ရေးတောင်းဆိုလာပြီး မပေးပါကဆူပူထကြွပုန်ကန်မည်ဖြစ်သောကြောင့် ကိုလိုနီနိုင်ငံများ လွတ်လပ်ရေးကိစ္စကို အင်္ဂလိပ်အစိုးရစဉ်းစားလာရသည်။မြန်မာပြည်တွင်လည်း စက္ကူဖြူစီမံကိန်းကြောင့်တပြည်လုံးအုံကြွမှုဖြစ်လာပြီး အင်္ဂလိပ်အစိုးရအား အကြီးအကျယ်အကြပ် ရိုက်စေသည်။
၁၉၄၆ ခုနှစ် စက်တင်ဘာ(၂၁)ရက်တွင် ဘုရင်ခံဟူးဘတ်ရန့် ခ်ျသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလခေါင်းဆောင်များကိုခေါ်ယူတွေ့ ဆုံဆွေးပြီး ငှင်းဆွေးနွေးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းသည်ဗမာပြည်အားတနှစ်အတွင်းလွတ်လပ်ရေးပေးရန်တောင်းဆိုလေသည်။ထို့ နောက်ဗိုလ်ချုပ်အောင်ဆန်းနှင့်ဖဆပလခေါင်းဆောင်တို့ သည်အင်္ဂလန်သို့ ဗမာလွတ်လပ်ရေး ကိစ္စဆွေးနွေးရန်သွားရောက်ပြီး၁၉၄၇ခုနှစ်ဇန်န၀ါရီလ(၁၇)ရက်နေ့ တွင် “အောင်ဆန်းအက်တလီ”
စာချုပ်ကို ချုပ်ဆိုလိုက်သည်။
အောင်ဆန်းအက်တလီစာချုပ်အရ နယ်ချဲ့ ကိုလိုနီများတော်လှန်တိုက်ခိုက်ရာတွင် အ သက်သွေးချွေးများစွာ ပေးဆပ်ခဲ့ရသော၊ပေးဆပ်မှုကြီးမားခဲ့သော ကရင်လူမျိုးများအရေးနှင့်ပတ်
သက်ပြီး ဘာမျှထည့်သွင်းထားခြင်းမရှိသောကြောင့် ကရင်အမျိုးသားအဖွဲ့ အစည်းများဖြစ်သော (KNA)ကရင်အမျိုးသားအသင်း၊ (BKNA)ဗုဒဘာသာကရင်အမျိုးသားအသင်း၊ (KCO)ကရင်ဗဟိုအ သင်း၊(KYO)ကရင်လူငယ်အသင်းတို့ တွေ့ ဆုံပြီး “အောင်ဆန်းအက်တလီ”စာချုပ်နှင့်ပတ်သက်ပြီး
ဆွေးနွေးကာသဘောတူဆုံးဖြတ်ချက်များချမှတ်ခဲ့ကြသည်။ငှင်းအဖွဲ့ တို့ ၏သဘောတူညီချက်အရ (KNU) ခေါ်ကရင်အမျိုးသားအစည်းအရုံးကို ၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၅)ရက်နေ့ တွင် ဖွဲ့ စည်း လိုက်သည်။အောင်းဆန်းအက်တလီစာချုပ်နှင့်ပတ်သက်၍ ဗမာများအင်္ဂလိပ်အစိုးရနှင့် သွားရောက် တွေ့ ဆုံရတွင် ကရင်ကိုယ်စားလှယ်တဦးတယောက်မှမပါသည့်အပြင် ကရင်တို့ ၏သဘောထား များ လုံးဝတိုင်ပင်နှီးနှောခြင်းမရှိခြင်း၊တိုင်းပြုပြည်ပြုလွတ်တော်တွင် ကရင်ကိုယ်စားလှယ်နည်းပါး ခြင်း၊ ကရင်များတောင်းဆိုသည့် ကရင်ပြည်နှင့်ပတ်သက်ပြီးဘာမျှ မဖေါ်ပြခြင်း၊ ကရင်လက်နက် ကိုင်တပ်ဖွဲ့ ကိုဆက်လက်ထားရှိခြင်းမရှိ၊ စသည့်အချက်တို့ ကြောင့် အောင်ဆန်းအက်တလီစာချုပ်
ကို လက်ခံနိုင်ခြင်းမရှိကြောင်းဆုံးဖြတ်သည်။
ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၏သဘောတူဆုံးဖြတ်ချက်များကို အင်္ဂလိပ် အစိုးရထံတင်ပြတောင်းဆိုပြီး ပြသနာများလက်ခံစဉ်းစားခြင်းမရှိသော် စောဘဦးကြီးသည် ၀န်ကြီး ရာထူးနှုတ်ထွက်မည်ဖြစ်ပြီးလွတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲကိုလည်းသပိတ်မှောက်မည်
ဖြစ်သည်။ဆက်လက်၍ ဗမာဖဆပလအစိုးရထံတွင်လည်း ကရင်လွတ်တော်ကိုယ်စားလှယ်၊၀န်ကြီး ဦးရေ အရေအတွက်ကိစ္စ၊ကရင်ပြည်ပေးရန်သဘောတူလက်ခံရန်၊ကရင်လက်နက်ကိုင်ထားရှိရန်၊
အုပ်ချုပ်ရေးဌာနများတွင် ကရင်လူဦးရေအချိုးအစား အစရှိသည့်အချက်များကို တောင်းဆိုသည်။ ကရင်တို့ ၏တောင်းဆိုချက်များကို အင်္ဂလိပ်အစိုးရနှင့် ဖဆပလတို့ မှ လက်ခံခြင်းမရှိဘဲ ကရင်ပြည် ရရှိရေးအတွက်လွတ်တော်ခန်းမထဲတွင်သာ ကြိုးပမ်းသွားရန်တိုက်တွန်းသည်။ထို့ ကြောင့်စောဘဦး ကြီးသည် ၀န်ကြီးရာထူးနှုတ်ထွက်သည်။ငှင်းဆုံးဖြတ်ချက်ကြောင့်(KYO)ခေါင်းဆောင်အချို့ နှုတ် ထွက်ပြီး စောဘဦးကြီး၏နေရာတွင် စောစံဖိုးသင်က ကရင်ရေးရာဝန်ကြီးအဖြစ် ဖဆပလတွင် ၀င် ရောက်လုပ်ကိုင်စေသည်။ထိုအချိန်မှစ၍(KYO)ခေါင်းဆောင်များသည်ဖဆပလ လက်ရုံးအဖွဲ့ တခု ဖြစ်လာပြီး (KNU)၏ကြိုးပမ်းမှုတိုင်း တောက်လျှောက်ဆန့် ကျန်လေတော့သည်။
၁၉၄၇ ခုနှစ် ဧပြီလ (၁၀)ရက်နေ့ တွင် ကေအဲန်ယူအရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူပြီး ကရင်အမျိုးသားရေးရှေ့ ဆက်လုပ်ဆောင်ရမည့်တာဝန်များနှင့် ဗဟိုကော်မတီအသစ် များကိုလည်းပြန်လည်ရွေးချယ်တင်ပြီး စောဘဦးကြီးက ဥက္ကဌတာဝန်ယူသည်။ ဖဆပလမှလွတ် တော်ကိုယ်စားလှယ်ရွေးကောက်ပွဲကျင်းပသော်လည်း ကေအဲန်ယူကငှင်း၏ညီလာခံဆုံးဖြတ်ချက် အရလက်မခံဘဲ သပိတ်မှောက်ခဲ့သည်။
၁၉၄၇.ခုနှစ်ဇူလိုင်လ (၁၆)ရက်နေ့ တွင် ကေအဲန်ယူဗဟိုအလုပ် အမှုဆောင်အဖွဲ့ ဝင် တဦးဖြစ်သည့် မန်းဘဇံသည် ကေအဲန်ဒီအို(KNDO)ခေါ် ကရင်အမျိုးသားကာကွယ်ရေးတပ်ကို ဦး ဆောင်ဖွဲ့ စည်းပြီးအကြောင်းရင်းမှာကရင်အမျိုးသားတို့ ၏လှုပ်ရှားမှုသည် တနေ့ လက်နက်ကိုင် တိုက်ပွဲအဆင့်သို့ ရောက်ရှိမည်ဖြစ်သဖြင့် ကရင်တို့ ၏အသက်အိုးအိမ်များအတွက် အန္တရာယ် များကြိုတင်ကါကွယ်ပေးရန်ဖြစ်သည်။တကယ်ပင်(KNDO)သည် ကရင်များနေထိုင်သည့်နေရာအ နှံ့ ဖွဲ့ စည်းနိုင်ခဲ့ပြီး ကရင်အမျိုးသားများအားထိရောက်စွာကါကွယ်နိုင်ခဲ့သည်။
ကေအဲန်ယူ၏လွတ်တော်ရွေးကောက်ပွဲသပိတ်မှောက်ခြင်းသည် ကြီးမားသော အောင်
မြင်မှုတရပ်ဖြစ်ပြီး၊ဖဆပလအစိုးရသည်ကရင်များအားအကြပ်ကိုင်ရန်အတွက် ကရင်နှင့်ဗမာလူထု အကြား နားလည်မှုလွဲမှားလာစေရန် စတင်ပြီးလှည့်စားမှုများပြုလုပ်လာတော့သည်။ ကရင်လက် နက်များအား သိမ်းဆည်းရန်လည်းကြိုးစားလာသည်။ ကေအဲန်ယူသည် ၁၉၄၇ ခု၊အောက်တိုဘာ (၁၀)ရက်နေ့ တွင်မော်လမြိုင်၌ညီလာခံတရပ်ကျင်းပပြီး ကရင်ကိုယ်စားလှယ်အစစ်အမှန်မပါသည့် တိုင်းပြုပြည်ပြုရေးဆွဲမည့်မည်သည့်ဥပဒေကိုမှ ကရင်လူထုလက်ခံလိမ့်မည်မဟုတ်ကြောင်း၊လွတ် လပ်သည့်ကရင်ပြည်ရရှိရေးကို ကမ္ဘာ့ကုလသမဂ္ဂသို့ တင်ပြသွားရန်၊ဗမာပြည်လွတ်လပ်ရေးရသည် နှင့်တပြိုင်နက် ကရင်ပြည်ကိစ္စကို ဗမာပြည်အစိုးရထံတင်ပြတောင်းဆိုသွားရန်၊ကရင်နယ်မြေသတ် မှတ်မှုများအပါအ၀င် ကရင်အမျိုးသားအလံအတည်ပြုအသုံးပြုမည့်ကိစ္စများ စသည့်သဘောတူ ဆုံးဖြတ်ချက်များချမှတ်လေသည်။ငှင်းအပြင်မွန်အမျိုးသားကာကွယ်ရေးအဖွဲ့ (MNDO)နှင့်လည်းအ
မျိုးသားလှုပ်ရှားမှုများအတွက် ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီမှုများရရှိခဲ့သည်။ တဖက်တွင်
လည်း ဖဆပလ ဗမာအစိုးရသည် ကရင်များသွေးကွဲအောင် နည်းမျိုးစုံသွေးခွဲမှိုင်းတိုက်ခဲ့ပြီး (KYO) များအား ငွေကြေးအာဏာများဖြင့်မြှားခေါ်ကာ(KNU)ကိုဆန့် ကျင်သွားရန်အတွက် လက်ကိုင်တုတ် အဖြစ်ပြောင်းလဲခဲ့ကြသည်။
၁၉၄၇ ခုအောက်တိုဘာတွင် “နု-အက်တလီ”စာချုပ်ချုပ်ဆိုပြီး ၁၉၄၈ ခု၊ဇန္န၀ါရီလ(၄)ရက် နေ့ တွင်ဗမာပြည်လွတ်လပ်ရေးရရှိခဲ့သည်။ဗမာပြည်လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းကရင်တို့ သည် ဖဆပလထံ ကရင်ပြည်တောင်းဆိုရာ ဖဆပလဗမာအစိုးရကမူ ငှင်းတို့ အား ကရင်ပြည်မပေးရုံမက ကရင်များအား နယ်ချဲ့ လက်ကိုင်တုတ်များ၊ဆူပူသောင်းကျန်းသူများအဖြစ် စွတ်စွဲရေးသားပြော ဆိုကြသည်။
ကရင်တို့ ၏တောင်းဆိုချက်များ ဖဆပလ ကဘာ မျှအ ကြောင်းမပြန်သဖြင့် ကေအဲန် ယူ ကရင်အမျိုးသားအစည်းအရုံးသည် ဗမာပြည်အနှံ့ ရှိ ကရင်လူထုများကို စည်းရုံးလှုပ်ဆော်ကာ ခေါင်းဆောင်မှုပေးပြီး၊တတိုင်းပြည်လုံးအတိုင်းအတာဖြင့် ၁၉၄၈ ခု ဖေဖေါ်ဝါရီလ(၁၁)ရက်နေ့ တွင် ကရင်လူထု၏ ဆန္ဒပြပွဲကို ပြုလုပ်ကျင်းပခဲ့သည်။ ကရင်လူထုများဆန္ဒပြပွဲသို့ သွားရာ လမ်းခရီးတ လျှောက်တွင်လည်း ဖဆပလတို့ ၏နှောက်ယှက်ခြင်းကို အမျိုးမျိုးခံခဲ့ရသည်။ဆန္ဒပြပွဲတွင် ဗမာ ပြည်မြို့ ကြီးများအနှံ့ ဖြစ်ပွားကါ၊စုစုပေါင်း(၄)သိန်းကျော်ခန့် ရှိပြီး ဗမာပြည်သမိုင်းတွင် ကရင်လူမျိုး တို့ ၏ အကြီးဆုံးဆန္ဒပြပွဲဖြစ်ပြီး စည်းကမ်းသေ၀ပ်မှု အရှိဆုံး ဆန္ဒပြပွဲလည်းဖြစ်သည်။
ဖဆပလ ဗမာအစိုးရသည် ကေအဲန်ယူကရင်ခေါင်းဆောင်များအား လှည့်စားရန်အ တွက် ငှင်းတို့ ၏အခြားလက်ကိုင်တုတ်ကရင်များအား ကရင့်ရေးရာကောင်စီဖွဲ့ ပေးလိုက်သည်။ ၁၉၄၈၊ မတ်လ ၃ ရက်နေ့ ကေအဲန်ယူ၏နှစ်ပတ်လည်အစည်းအဝေးတွင် ကရင်လူမျိုးတို့ ၏ ကရင် ပြည်ရရှိရေးအတွက် တခုတည်းသောရွေးချယ်စရာနည်းလမ်းဖြစ်သည့် လက်နက်ကိုင်တိုက်ပွဲကို ရွေးချရန်ဆုံးဖြတ်သည်။ အစည်းအဝေးပြုလုပ်သည့်ကါလတွင် ဖဆပလအစိုးရခေါင်းဆောင် ဦးနု သည် စောဘဦးအပါအ၀င် ကရင်ခေါင်းဆောင်များအား ထမင်းစားဖိတ်ကြားရာ ကရင်တိုင်းပြည် ရရန်အတွက် ပါလီမန်နည်းလမ်းနှင့် လက်နက်ကိုင်နည်းလမ်း နှစ်လမ်းရှိကြောင်းပြောပြီး ကေအဲန် ယူ ကရင်ခေါင်းဆောင်များအား ပါလီမန်နည်းလမ်းအားရွေးချယ်ရန်တိုက်တွန်းသည်။ နောက်တ ခေါက်တွေ့ ဆုံပွဲဖြစ်သည့် ၁၉၄၈ ခုမတ်လ (၁၀)နေ့ တွင် ဦးနုသည် ကရင်ခေါင်းဆောင်များ ကရင် ပြည်တောင်းဆိုရာတွင် မပေးနိုင်သဖြင့် နောက်ဆုံးတိုက်ခိုက်ကြဘို့ ဘဲရှိကြောင်းပြန်လည်ဖြေကြား သည်။နောက်ထပ်တခါပြန်လည်တွေ့ ဆုံရာတွင်လည်းကရင်အား ပါလီမန်နည်းလမ်းဖြင့် ကြိုးးပမ်း သွားရန်ပြောကြားသည်။ဤသို့ တွေ့ ဆုံပြီးနောက်ပိုင်းတွင် ဗမာသတင်းစာများသည် ကေအဲန်ယူ အပေါ်စွပ်စွဲပြောဆိုမှုများ၊ကရင်လူမျိုးမကောင်းကြောင်းများ၊ ဗမာလူမျိုးများက ကရင်လူမျိုးအားမုန်း တီးရန်အတွက်အမျိုးမျိုးစွတ်စွဲရေးသားကြသည်။
အမှန်စင်စစ် ဗမာပြည်လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖဆပလ အတွင်းရေးကွဲအက် မှုများဖြစ်သော ၁၉၄၇ ခုနှစ် အလံနီကွန်မြူနစ်ပါတီတောခိုပြီး ဖဆပလအား ပြန်လည်တိုက်ခိုက်မှု၊ ၁၉၄၈ မတ်လ(၂၈)ရန် ဗမာပြည်ကွန်မြူနစ်ပါတီ ပုန်ကန်ထကြွမှု၊ ဇွန်လ (၄)ရက်နေ့ ရဲဘော်ဖြူ
တို့ ပုန်ကန်ထကြွမှု နှင့် သြဂုတ်လ (၄)ရက် အခြားတပ်ရင်းအများအပြား တောခိုပြီး ဖဆပလအား ပြန်လည်တိုက်ခိုက်မှုတို့ ကြောင့် ဦးနုအစိုးရသည်လုံခြုံမှုမရှိတော့သဖြင့် (KNDO) ကေအဲန်ဒီအို ကရင်ခေါင်းဆောင်များအားအကူအညီတောင်းပြီး ကါကွယ်ပေးခဲ့ရသည်၊၊
သို့ သော်လည်း ဦးနုနှင့်ကရင်ခေါင်းဆောင်တို့ ၏နောက်ဆုံးတွေ့ ဆုံမှုအပြီးနောက် ပိုင်း ဖဆပလ အစိုးရတပ်များသည် ကရင်ကိုအမျိုးအမျိုးစော်ကါးရန်စလာကြသည်။ တဖက်တွင် လည်းထောင်သား၊ သူခိုးဒမြများပါမကျန် ငှင်းတို့ စစ်အင်အားကြီးမားလာအောင်အတွက်လက်နက်
အမြန်တပ်ဆင်ပေးကြသည်။သထုံခရိုင်နှင့်တနင်္သာရီတိုင်းတွင်လည်း ဖဆပလနောက်လိုက် လက် နက်ကိုင်အုပ်စုများက ကရင်ပြည်သူများအား အမျိုးမျိုးနှိပ်စက်သတ်ဖြတ်မှု၊လုယက်မှု၊ လိုင်စင်ရှိ ကရင့်လက်နက်များကို မတရားလိုက်လံသိမ်းဆည်းမှုများကို ဖဆပလအားတိုင်တန်းသော်လည်း အရေးယူမှုမရှိသဖြင့် နောက်ဆုံးမခံနိုင်သည့်အဆုံး ကေအဲန်ဒီအိုနှင့်အမ်အဲန်ဒီအိုတို့ ပေါင်းပြီး ၁၉၄၈ သြဂုတ်လ(၃၁)ရက်နှင့် စက်တင်ဘာ(၃၁)ရက်နေ့ များတွင် မော်လမြိုင်၊သထုံ၊ ရွှေကျင်၊ ကျောက်ကြီး စသည့်မြို့ များကို လိုက်ပိုက်လိုက်သည်။ တဖန်ဖဆပလအစိုးရက ကရင့်လက်နက်
များကိုမသိမ်းပါဟု ဂတိပေးပြီး သိမ်းယူထားသည့်မြို့ များကို ကေအဲန်ယူခေါင်းဆောင်များက ဖဆပလအစိုးရအားပြန်ပေးလိုက်သည်။သို့ ရာတွင် ဖဆပလအစိုးရသည် ပေးထားသောဂတိများကို စောင့်သိခြင်းမရှိချေ။မြို့ များပြန်လည်ရရှိပြီးနောက်ပိုင်း ငှင်းတို့ ၏လဲဗီးတပ်များကို လျှင်မြန်စွာကြီး ထွားလာအောင်လုပ်ဆောင်လာသည်။ကရင်အပေါ် ယခင်ထက်ပို၍ရမ်းကါးမိုက်ရိုင်းလာပါသည်။
၁၉၄၈ ခုနှစ်ဒီဇင်ဘာလတွင် ဖဆပလ ဗမာအစိုးရ၏အမိန့် ဖြင့် ကရင် ယူအင်ပီတပ် များ၊ကေအဲန်ဒီအိုလက်နက်များနှင့် သစ်တောဌာနတွင်အမှုထမ်းသည့် ကရင်လက်နက်ကိုင် အမှု ထမ်းတို့ ၏လက်နက်များကို လိုက်လံသိမ်းဆီးလေတော့သည်။ထို့ နောက်ပိုင်းဘိတ်၊ထားဝယ်ဒေသ ရှိ ကရင်ယူအင်ပီတို့ ၏လက်နက်များကိုဆက်သိမ်းသည်။ဆက်လက်ပြီး မော်လမြိုင်၊ထားဝယ်၊ သာ ယာဝတီ၊ဟင်္သတနှင့်အခြားနေရများရှိ(KNDO)နှင့် (MNDO)ကရင်နှင့်မွန်ခေါင်းဆောင်များ အားလုံး ဖမ်းဆီးလိုက်သည်။ကရင်ပြည်သူများမြောက်များစွာလည်း သတ်ဖြတ်ညှင်းဆဲခံခဲရသည်။ဖဆပလ ဗမာအစိုးရစစ်တပ်များသည် ကေအဲန်ယူ၏ရုံးများ၊ဌာနများကိုလည်း တခုပြီးတခု လိုက်လံတိုက်ခိုက် ချေမှုန်းတော့သည်။
၁၉၄၉ ခု ဇန်န၀ါရီလ (၃၁)ရက်နေ့ စောစောအချိန်တွင် အင်းစိန်ရှိကေအဲန်ယူ စခန်း နှင့် သမိုင်းရှိ ကေအဲန်ဒီအိုစခန်းများကို ငှင်းတို့ သွားရောက်တိုက်ခိုက်ပြန်သည်။ ထိုနေ့ တွင်ပင်
(KNDO)အသင်းနှင့် (MNDO)ကို ဖဆပလ ဗမာအစိုးရက မတရားအသင်းအဖြစ်ထုတ်ပြန်ကြေငြာ သည်။ဤသို့ ဖြင့်ဖဆပလဗမာအစိုးရကနိုင်ငံရေးပြသနာများကို နိုင်ငံရေးနည်းဖြင့်မဖြေရှင်းဘဲ ရမ်း ကားစွာ ကျူးကျော်တိုက်ခိုက်လာမှုကို ကရင်များအဖို့ ပြန်လည်ခုခံတိုက်ခိုက်ခြင်းမရှိပါက တန်ဖိုး မဲ့စွာအသေ ခံကြရမည်သာဖြစ်သဖြင့် ကရင်လူမျိုးတို့ ၏ အသက်အိုးအိမ်ကို ကါကွယ်သည့်အနေ နှင့် တရားသောစစ်ဖြင့် ပြန်လည်ခုခံတိုက်ခိုက်ရမည်ဖြစ်သည်။ ယင်းသို့ ဖြင့် ကေအဲန်ယူခေါင်း ဆောင်များက တပြည်လုံးရှိကရင်များအား မိမိတို့ အသက်ကို ကါကွယ်သည့်အနေဖြင့် ရရာလက်
နက်ကို အသုံးပြုကါ ဖဆပလ ဗမာအစိုးရအား ပြန်လည်ခုခံတိုက်ခိုက်ရန် အမိန့် ပေးည္မန်ကြားလေ တော့သည်။သို့ ဖြင့်ဗမာ ဖဆပလအစိုးရ၏ကျူးကျော်ရက်စက်မှုကို ကရင်လူမျိုးတို့ တရားသောစစ်
ဖြင့်စတင်တော်လှန်သောဇန်န၀ါရီလ (၃၁)ရက်နေ့ ကို ကရင်တော်လှန်ရေးနေ့ အဖြစ် အသိအမှတ်
ပြုလက်ခံထားခြင်းဖြစ်သည်။
မျိုးချစ်ကရင်များ သမိုင်းပေးအမျိုးသားရေးတာဝန်ကို ကြေပြွန်စွာထမ်းဆောင်ချင်စိတ် ပေါ်ပေါက်လာပါစေ။
မန်းအာကါထက်
ကိုးကါး…. ကရင့်တော်လှန်ရေးသမိုင်း (ဖူးစကောလယ်တော)
No comments:
Post a Comment