Monday, June 6, 2011

ကရင့်ကြမ္မာ ကရင်ဖန်တီးကြ

အီးမေးဖြင့်ပေးပို့ လာသော မန်းအာကာထက်အား အထူးကျေးဇူးတင်ပါသည်။

ဆောင်းပါး - မန်းအာကာထက်

“ဗိုလ်မှူးစောလားပွယ် ဦးဆောင်တဲ့ဒီကေဘီအေ အဖွဲ့ က မြ၀တီမြို့ ကို တက်သိမ်းလိုက်ပြီ..”
“နောက်ထပ် ဘုရားသုံးဆူမြို့ ကိုလဲ တက်သိမ်းလိုက်ပြီ…”

“ဗိုလ်မှူး စောလားပွယ် ဦးဆောင်တဲ့ ဒီကေဘီအေအဖွဲ့ က မိခင်ကေအင်ယူအဖွဲ့ အစည်းနဲ့ ပူးပေါင်းပြီးတော့ ရန်သူဗမာစစ်မိတ္ဆာအုပ်စုတွေကို တော်လှန်တိုက်ခိုက်ပြီ…ရန်သူလဲအတုံးအရုန်းကျဆုံးတယ် ကရင်ပူးပေါင်း တပ်တွေ အောင်ပွဲခံကြတယ်.”
………………………………………………………………………….
ဒါကတော့ ဟိုးလွန်ခဲ့တဲ့ 2010 နိုဝင်ဘာလ၊ ဗမာစစ်မိတ္ဆာတို့ ပြုလုပ်တဲ့ ရွေးကောက် ပွဲရက်နေ့ ကစပြီးတော့ ဆင့်ကဲ…ဆင့်ကဲ ကြားရတဲ့သတင်း(သို့ ) ဖြစ်ပေါ်လာတဲ့အနေအထားတခုပါ။

ဟော…အခုတော့ ယခင် ဒီကေဘီအေ၊ ကေအင်န်ယူပူးပေါင်းတပ်တွေနဲ့ ကရင်နယ်ခြား စောင့်တပ်တချို့ တွေပူးပေါင်းပြီးတော့ “မြိုင်ကြီးငူဌာနချုပ်ကို တက်ရောက်သိမ်းပိုက်လိုက်ပြန်ပြီး…”……… “ကရင်လူမျိုးကို လက်ညိုးထိုးရောင်းစားနေတဲ့ နယ်ခြားစောင့်တပ်ရဲ့ နာယကတွေကိုလဲ ဖမ်းဆီးထား လိုက်တယ်”တဲ့
……………………………………
ဒီတခါတော့ ကရင်လူမျိုးတို့ ရဲ့ အမျိုးသားတော်လှန်ရေးသမိုင်းမှာ “ကရင်”ဆိုတဲ့ အမှန် တရားကိုချစ်မြတ်နိုးသောလူမျိုး၊ မတရားမှုဟူသမျှ ခေါင်းငုတ်မခံ တွန်းလှန်တိုက်ခိုက်တတ်တဲ့လူမျိုး ကြီးမြတ်သောနှလုံးသားရှိတဲ့လူမျိုး ဆိုတဲ့ဂုဏ်ပုဒ်တွေ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာပါပြီး…အမှန်တကယ် 94 ခုနှစ် မိခင်ကြီးကေအင်န်ယူအဖွဲ့ ထဲက ဒီကေဘီအေခွဲထွက်တာဟာ ကေအင်န်ယူရဲ့ ပေါ်လစီ၊ လုပ်ဆောင်ချက်တွေကြောင့်လုံးဝမဟုတ်ရပါ။ ရန်သူရဲ့ ထိုးနက်ချက်ကြောင့်ပါသလို..တော်လှန်ရေးကို ဖျက် လိုဖျက်ဆီးလုပ်လိုသူ၊ တော်လှန်ရေးကို ခုတုံးလုပ်ချင်သူ၊ ကေအင်နဲယူဟာ ကရင်တမျိုးသားလုံးအတွက် တော်လှန်ရေးဖြစ်ကြောင်း နားမလည်ဘဲ အမျိုးသားတော်လှန်ရေးအမြင်ကျဉ်းမြောင်းသူ၊ ပုဂ္ဂိုလ်ရေး(သို့ ) အုပ်စုတွေရဲ့ ခံစားချက်ကို ရှေ့ တန်းတင်ချင်သူတွေကြောင့်သါ ဖြစ်တယ်။
တဖန် ဒီကေဘီအေက ကေအင်န်ယူကို ပြန်လည်တိုက်ခိုက်တာ၊ နယ်မြေတွေပြန် လည်သိမ်းတာလဲ..အဖွဲ့ အစည်းအနေနဲ့ လုပ်တယ်လို့ ပြောမယ်ဆိုရင် ရာနှုန်းပြည့်မှန်တယ်လို့  ပြောလို့ ရ မယ်မထင်ဘူး…ရန်သူကတော့ ကျနော်တို့ ကရင်တွေပျက်သုဉ်းအောင်တော့ အစဉ်တစိုက်လုပ်ဆောင်မှာ ဘဲ…အဲဒါကတော့သူတို့ ရဲ့ တာဝန်လေ..။ အဲဒါကိုမသုံးသပ်ဘဲ ကောက်ကျစ်ယုတ်မာတဲ့ မဟာဗမာတို့ ရဲ့  မြှောက်ပေးတိုင်း ဂွေးပင့်အောင်ကနေတဲ့..မိမိရဲ့ အမျိုးသားကိုဗန်းပြပြီး…ကိုယ်ကျိုးရှာ ကရင်စုန်းပြူးတွေရဲ့  အမျိုးသားရေးအပေါ်ဆင်ခြင်တုံတရားကင်းမဲ့တဲ့ မိုက်ရူးရဲလုပ်ရပ်တွေကြောင့်ဘဲ…
အခုတော့တကယ့်အမျိုးသားရေးအတွက် ပေးဆပ်မယ့်သူ မျိုးချစ်သူရဲခေါင်းတွေ အချင်း ချင်း ပြန်လည်ပေါင်းစည်းနိုင်ကြပြီ..ယခင် ကေအင်န်ယူကနေ ဒီကေဘီအေခွဲ ထွက်အောင်လုပ်တဲ့ အဓိက ဇာတ်ဆောင်တွေလဲ ကရင့်တော်လှန်ရေးမှာ ဆက်လက်ရပ်တည်လို့ မရတော့ တချို့ ဆိုလဲ ပြည်ပြေး တွေဖြစ်သွားကြတယ်။ယခုလဲ အမျိုးသားရေးကိုရောင်းစားတဲ့ ကရင့်ငြိမ်းချမ်းရေးတပ်တွေရဲ့ နာယကတချို့  လဲ ခွေးပြေးဝက်ပြေးပြေးနေရပြီး….ဒါဟာ…ကရင့်တော်လှန်ရေးကို ခုတုံးလုပ်သူ၊ ကရင့်အမျိုးသားရေးကို လုပ်စားသူမှန်သမျှ…ကရင့်တော်လှန်ရေးသမားရော ပြည်သူတွေကပါ လုံးဝလက်မခံကြောင်း ပြသလိုက် တာဘဲဖြစ်ပါတယ်….
ကရင့်တော်လှန်ရေးသမားတိုင်းလိုလို “ကိုယ့်လူမျိုးကိုချစ်တယ်”ဆိုတဲ့ခံယူချက်ကိုယ်စီ တော့ရှိကြတယ်။ဒါပေမဲ့ အထက်ကပြောခဲ့တဲ့ ပုဂ္ဂိုလ်ရေးခံစားချက်၊ အုပ်စုငယ်ခံစားချက်တို့ ရှေ့ တန်း တင်ခြင်း၊ ရန်သူရဲ့ မြှောက်ပင့်မှုကြောင့် ကိုယ့်ကိုယ်ကိုဟုတ်လှပြီလို့ ထင်တဲ့အတွက် အောက်ခြေလွတ် သွားတဲ့အနေအထေားကြောင့် လွှဲချော်သွားကြတာပါ။ ဒီနေရာမှာ ခေါင်းဆောင်လုပ်တဲ့သူဟာ သိပ်ကိုအ ရေးကြီးပါတယ်…ခေါင်းဆောင်လုပ်တဲ့သူလွှဲမှားမှုကြောင့် ကရင့်မျိုးချစ်ရဲဘော်တွေအချင်းချင်း ပြန်လည် တိုက်ခိုက်ကြရတယ်…ကရင်ပြည်သူတွေအချင်းချင်းလဲ စိတ်ဝမ်းကွဲကြရတယ်..…ယခုတော့ တကယ့်မျိုးချစ် ကရင့်တော်လှန်ရေးအဖွဲ့ တွေအချင်းချင်း ပြန်လည်ပေါင်းစည်းလာပြီး… နားလည်မှုတွေရှိလာတာနဲ့ အမျှ ခေါင်းဆောင်မှုအခန်းကဏ္ဍလည်း အလွန့် …အလွန်ကို အရေးကြီးတဲ့အချိန်ဖြစ်တယ်….94…95.. ကါလ ကလို နောက်တခေါက်ပြန်မဖြစ်ဖို့  အထူးသတိထားရမှာဖြစ်ပါတယ်….
………………………………………
လက်ရှိအနေအထားအရ…ကရင့်မျိုးချစ်တပ်တွေ အတိုင်းအတာတခုထိပြန်လည်ပေါင်း စည်းကြပြီ…တပြိုင်နက်တည်း အမျိုးသားသစ္စာဖေါက်နာယက စောကျော်သန်းလည်း ရန်သူနဲ့ ပေါင်းပြီး ကရင်လူမျိုးပျက်ဆီးရာပျက်ဆီးကြောင်း ကြံစည်ပြီး ကရင်မျိုးချစ်ပေါင်းစည်းတပ်တွေကို ပြန်လည်တိုက် ခိုက်ဖို့ ကြိုးစားနေတယ်ဆိုတဲ့သတင်း လည်းကြားနေရတယ် …ဒီသတင်းမှန်ရင်တော့ ကရင်ပြည်တွေရဲ့ ရေ၊ မြေ အသက်အိုးအိမ်းတွေ များစွာပေးဆပ်ရအုံးမှာသေချာတယ်…ကိုယ့်အမျိုးကို ပျက်လိုပျက်ဆီး လုပ် ဆောင်တဲ့လူလောက် ယုတ်မာတာမရှိဘူး။ …ဗမာစစ်မိတ္ဆာတွေက လူကိုလူလိုမြင်တတ်တာမဟုတ်…မြို့  ပေါ်နေဗမာလူမျိုး ဘုန်းကြီးတွေတောင် သတ်ဖြတ်၊ထောင်သွင်းသေးတာဘဲ….သူတို့ ရဲ့ အဓိကရန်သူလို့  ခံယူထားတဲ့ ကရင်လူမျိုးတွေကိုတော့ …ဇိမ်ခံပြီး အရသာရှိရှိ သုတ်သင်ချင်မှာလည်းသေချာတယ်… ယခု မျိုးချစ်ကရင် ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့နေရာတွေကို ဗမာစစ်ဗိုလ်ချုပ်တွေက မရ..ရတဲ့နည်းနဲ့  ကလိန်ကျစ်နည်းမျိုးစုံသုံးပြီး ပြန်လည်ထိုးစစ်ဆင်မှာလည်းသေချာပါတယ်…
ဒီတော့ ကျနော်တို့ ကရင်လူမျိုးတွေ ဘာတွေဆက်လုပ်ကြမလဲ…ယခုအချိန်မှာ ကရင့် အမျိုးသားရေး…နိုင်ငံရေးဟာဒီရေအမြင့်ဆုံးအချိန်ကိုရောက်နေတယ်..စိန်ခေါ်မှုအကြီးမားဆုံးအချိန်လဲဖြစ် နေတယ်။ပြည်တွင်းက ကရင်ပြည်သူအလွှာအသီးသီး၊ လက်ရှိကရင့်နိုင်ငံရေးပါတီတွေ၊နိုင်ငံတကါအသီး သီးမှာရှိတဲ့ ကရင်ကိုချစ်တဲ့ကရင်လူမျိုးတွေအားလုံး…ညီညွတ်မှု အရှိဆုံးအချိန်…နိုးကြားတက်ကြွမှု အရှိ ဆုံးအချိန်..လိုအပ်ရင်လိုအပ်သလို အသင့်အနေအထားမှာ ရှိနေရမဲ့အချိန်လဲဖြစ်တယ်…တော်လှန်ရေး အတွက် လိုအပ်တဲ့အကူအညီတွေကို ကိုယ်တတ်နိုင်တဲ့နည်းလမ်းက နေကူညီနိုင်ရမယ်။
ဗမာဖက်ဆစ်..စစ်အုပ်စုက..ကရင်နယ်မြေတွေ..ပြည်သူတွေကို စစ်ဥပဒေမဲ့၊ လူစိတ် ကင်းမဲ့စွာ အင်အားသုံးကျူးကျော်ဖို့ ကြိုးစားရင် ကိုယ်ရှိတဲ့အရပ်ကနေ နိုင်ငံတကါကို လှုပ်ဆော်နိုင်ရ မယ်….ရှေ့ တန်းစစ်မြေပြင်မှာတော့ ကိုယ့်ရဲ့ မျိုးချစ်သူရဲကောင်းတွေ သတ္တိပြောင်မြောက်စွာ အစွမ်း ပြခဲ့ပြီး…ကိုယ့်အနေနဲ့  နိုင်ငံတကါတွေမှာရောက်ပြီး ညံ့တဲ့ ကရင်လူမျိုးထဲမှာ မပါဖို့ အရေးကြီးတယ် …. ကရင့်တာဝန်ကရင်သိရမယ်..ကရင့်အလုပ်..ကရင်လုပ်ရမယ်…ကရင့်ဝန်ထုပ်..ကရင်ထမ်းနိုင်ရမယ်…ကရင်ဝမ်းနာ…ကရင်ဘဲသိတယ်….
ဒီလိုပြောတာလဲအကြောင်းရှိလို့ ပြောတာ…တကယ်တော့ ဗိုလ်မှူးစောလားပွယ်ဟာ.. 2010ဗမာဖက်ဆစ်အစိုးရ ရွေးကောက်ပွဲကျင်းပတဲ့ကစလို့ ဗမာဖက်ဆစ်အစိုးရကို ပြန်လည်ခုခံတော်လှန် တိုက်ခိုက်တာပါ…တဆက်တည်းမှာဘဲ..သူရဲ့ ထုတ်ပြန်ကြေငြာချက်တွေ..သတင်းမီဒီယာတွေနဲ့  အင်တာ ဗျူးတဲ့အချိန်မှာလဲ..ဆက်တိုက်ဆိုသလို…သူ့ ရဲ့ ယခုလုပ်ရပ်ဟာ မိမိကိုယ်ကျိုးမဟုတ်သလို ကရင်လူမျိုး တမျိုးတည်းအတွက်လည်း မဟုတ်ကြောင်း၊ မြန်မာပြည်သူများအတွက် စစ်အာဏာရှင်ကိုဖြုတ်ချပြီး ဒီမို ကရေစီကိုထွန်းကါးဖို့  အတွက်ဖြစ်ကြောင်း…..မြန်မာပြည်ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလဲ လေးစားကြောင်း…ထောက်ခံကြောင်း….မြန်မာပြည်ဒီမိုကရေစီတိုက်ပွဲအတွက်လဲ အားလုံးပါဝင်ဖို့  ထပ်ခါတလဲဖိတ်ခေါ်ပါတယ်…လက်တွေ့ အရဗိုလ်မှူးစောလားပွယ်နဲ့ ပူပေါင်းပါဝင်ဖို့ ၊ကိုယ်တတ်နိုင်တဲ့ အင်အားနဲ့ ထောက်ခံအားပေးတာရှိသလို အချို့ တိုက်ပွဲ ၀င်အုပ်စု၊ လူပုဂ္ဂိုလ်တွေလည်း တွန့် ဆုတ်နေကြ တာတွေ့ ရတယ်….ဒါပေမဲ့ရန်သူစစ်မိတ္ဆာတွေရဲ့ ကျူးကျော်မှု ရန်ကို ရှိတဲ့လူအင်အား..လက်နက်အင်အား နဲ့  သတ္တိအပြောင်မြောက်ဆုံး ခုခံတော်လှန်သွားတယ်။ အောင် မြင်မှုလဲ များစွာရခဲ့တယ်……
……………………………………….
တဖန်ဗိုလ်မှူးစောလားပွယ်က ဒေါ်အောင်ဆန်းစုကြည်ကို အင်တာဗျူးတဲ့အကြောင်း ဆောင်းပါးတပုဒ်မှာဖတ်လိုက်ရတယ်…ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေဆိုချက်က…မြန်မာပြည်ဒီမိုကရေစီ ရေး၊လူအခွင့်အရေးတွေအတွက်..လက်နက်ကိုင်ဖြေရှင်းတဲ့နည်းကို အားမပေးဘူး၊ အသိအမှတ်မပြုဘူး ဆို တဲ့သဘော သက်ရောက်နေတယ်….တကယ်တော့လက်ရှိ မြန်မာနိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်သူတွေက(ဗမာ)ယုံကြည်ကြတယ်…အားကိုးကြတယ်…ဗမာမဟုတ်သော အခြားတိုင်းရင်းသား အနေနဲ့ လဲ ဒေါ်စုကိုအားကိုးတယ် ဒေါ်စုကလွှဲပြီးဘယ်ဗမာလူမျိုးကိုမှ ယုံကြည်ကြတာမဟုတ်ပါ၊ ဒါပေမဲ့  တိုင်းရင်းသား အယောက် စီတိုင်းကလည်း ဒေါ်စုကိုယုံတာမဟုတ်ဘူးပေါ့..
ကရင်အပါအ၀င် အခြားလက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့  တိုင်းရင်းသားတွေလည်း ဒေါ်စု ရဲ့ ဖြေဆိုချက်နဲ့ ပတ်သက်ပြီး စဉ်းစားစရာတွေဖြစ်လာပါတယ်…တိုင်းရင်းသားတွေရဲ့ ဦးတည်ချက်ပြောင်းဖို့  တွန်းအားပေးနေသလိုများဖြစ်လေမလား…တကယ်တော့မြန်မာပြည်ဟာ အုပ်စိုးသူအစိုးရကသာ မကောင်း တာ..ဗမာလူမျိုးနဲ့ ပါတ်သက်တဲ့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုရိုးရာဓလေ့ အမွှေအနှစ်တွေက ခိုင်သည်ထက်ခိုင်မာလာတယ်..အခြားကောင်းရာနိုးနိုး ဗမာလူမျိုးမဟုတ်တဲ့ တိုင်းရင်း သားတွေဆီက ရိုးရာယဉ်ကျေးမှု၊ အမွှေအနှစ်တွေကိုလည်း ဗမာမှုတွေ(ဗမာလူမျိုးရဲ့ ကိုယ်ပိုင်)အကုန်လုံး ပြုလိုက်တယ်။ ဗမာလူမျိုးမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးတွေနဲ့ ပါတ်သက်တဲ့ ကိုးကွယ်သည့်ဘာသာ၊ ကိုယ်ပိုင် စာပေ၊ ယဉ်ကျေးမှု အမွှေအနှစ်တွေကတော့ ကုန်းကောက်စရာဘာတခုမှမကျန်တော့အောင်ကို…ဖျက်ဆီးခြင်းခံရ တယ်၊ ရှင်သန်ခွင့်လဲလုံးဝမပေးဘူး..…တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်တွေ နေ့ စဉ်ဆိုသလို….ဖျက် ဆီးခြင်းခံရတယ်။
ဒါတွေကိုဘယ်လိုကါကွယ်မလဲ…ဘာနဲ့ ကါကွယ်ရမလဲ…ညှိနှိုင်းဖြေရှင်းမယ့်နေ့ ကို စောင့်ပြီးဒီလိုဘဲလက်ပိုက်၊ခေါင်းငုံခံရမလား.ခံစရာရှိရင်..နစ်နာစရာရှိရင်.. ပေးဆပ်စရာရှိရင်…အရင်ခံ၊ အ ရင်နစ်နာ၊ အရင်ပေးဆပ်ရ တာဘဲ… …ကရင်အပါအ၀င်အခြားတိုင်းရင်းသားတော်လှန်ရေး တွေအားလုံးတို့ လက်နက်ကိုင် တော်လှန်ရေးဟာ ငှင်းတို့ ကိုယ်ပိုင်သီးခြားလူမျိုးအတွက်မဟုတ်ဘဲ မြန်မာ ပြည်တွင်း မှီတင်းနေထိုင်တဲ့ လူမျိုးစုံအားလုံးရဲ့  အေးအတူပူအမျှနေထိုင်နိုင်ဖို့ အတွက်ဘဲဖြစ်တယ်..။ အခု ဗိုလ်မှူး စောလားပွယ်က အစပြုပြီး တော်လှန်တိုက်ခိုက်တာလဲ..မြန်မာပြည်သူတွေအားလုံးအတွက်ဘဲဖြစ် တယ်… ယခင်ကရင့်တော်လှန်ရေးသမားတို့ ရဲ့  စံပြပုဂ္ဂိုလ်၊ မြန်မာပြည်ဒီမိုကရေစီတော်လှန်ရေး သမားတို့  ရဲ့ စံပြ ပုဂ္ဂိုလ် ကေအင်န်ယူ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှားလန်းဖန်း တုန်း ကလည်း ကရင့်တ မျိုးသားလုံးအတွက်သာမကဘဲ မြန်မာပြည်သားအားလုံးအတွက် ဒီမိုကရေစီအရေးကို ကိုယ်ဖိ ရင်ဖိလုပ် လွန်းလို့ အခြားအမြင်ကျဉ်းတဲ့လူအချို့ က ကရင်ဖြစ်ပြီး ကရင်လူမျိုးတမျိုးအတွက်ဘဲ မ လုပ်ရ ကောင်းလား ဆိုပြီး သူ့ ကို ညိုညင်ကြသေးတယ်… ပဒိုမန်းရှာကတော့ အမျိုးသားအတွက် နိုင်ငံ အတွက် ကြီးမြတ်တဲ့ နှလုံးသားပိုင်ရှင်၊ ပြည်သူချစ်တဲ့ နှလုံးသားပိုင်ရှင်ဖြစ်ကြောင်း သက်သေပြသွားခဲ့တယ်။
…………………………..
လက်ရှိအနေအထားအရတော့ ကရင်မျိုးချစ်တပ်ပေါင်းစု ထိန်းချုပ်ထားတဲ့ နယ်မြေ တွေအနေအထားအရ အလွန်ကျယ်ပြန့် သလို. အန္တရာယ်တွေလည်း အလွန်များပါတယ်….ကိုယ့် ဘိုးဘွားပိုင်ဆိုင်ခဲ့တဲ့ နယ်မြေတွေရေရှည်ဆက်လက်ထိန်းချုပ်နိုင်ဖို့ နဲ့  ရှေ့ ဆက်တော်လှန်ဖို့ လူအင်အား၊ စိတ်ဓါတ်ရေးရာအင်အားများစွာလို အပ်ပါတယ်။အခြားဒီမိုကရေစီ၊ တော်လှန်ရေး တိုက်ပွဲဝင် အုပ်စုတွေကကူညီပေးနိုင်ရင် အတိုင်းထက်အလွန်ကောင်းတာပေါ့..ဒါမှမဟုတ် ကူညီမှုနောက် နှေး နေရင်၊ တွန့် ဆုတ်နေရင်တော့…ကျရောက်လာမဲ့အန္တရာယ်၊ပြဿနာတွေကို ကရင်တွေကိုယ်တိုင်သတ္တရှိရှိ ရင်ဆိုင်ဖြေရှင်း တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်….ဒီနေရာမှာ ကျတော်တို့ ကရင့်အာဇာနည်ခေါင်းဆောင်စောဘဦးကြီး ချမှတ် ထားတဲ့ မူ(၄)ချက်ထဲက ကရင့်ကြမ္မာကရင်ဖန်တီးရမည် ဆိုတဲ့အချက်ဆိုတဲ့အတိုင်း လက်တွေ့ အကောင် အထည်ဖေါ်ဆောင်ရမှာဖြစ်ကြောင်း….။

မန်းအာကါထက်
5/6/2011.
www.karentimes.blogspot.com

2 comments:

  1. Thank you for this article

    ReplyDelete
  2. Karen people close to go home and no fucking life in other countries anymore.

    ReplyDelete