Friday, November 18, 2011

လာမည့် ရွေးကောက်ပွဲများ NLD ဝင်ပြိုင်မည်

ဗမာမီဒီယာ သတင်းဌာနတွေဟာ ဘာတွေပဲလုပ်လုပ် အခြေအနေအချိန်အခါကို ကြည့်ပြီး ကျနော်တို့ ကရင်လူမျိုးတွေ ကိုတော့ မထိတထိလေးနဲ့ ခလုတ်တိုက်ပြီးမှ လုပ်သွားလေ့ရှိပါတယ်။ အဲလိုလုပ်တဲ့အချိန်မှာ တစ်ခါတစ်လေ အကောင်းရှိသလို တစ်ခါတစ်လေ ကုန်းအဆင်းကို ဘီးတပ်ပေးပြီး မြောင်းထည့်သို့ ယဉ်ယဉ်လေးနဲ့ ပို့ ပေးတပါတယ် လုပ်လေ့ရှိပါတယ်။ အခုပဲကြည့်ပါ။ Mizzima သတင်းမှာဖေါ်ပြထားတဲ့ "လာမည့် ရွေးကောက်ပွဲများ NLD ဝင်ပြိုင်မည်" ဆိုတဲ့သတင်းမှာ အထင်ကရ နာမည်ကြီးနေတဲ့ NLD ခေါင်းဆောင်များဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးတင်ဦး အစသဖြင့် လူတွေအများကြီးရှိပါလျက်နဲ့  အဲဒီပုဂ္ဂိုလ်တွေရဲ့ ပုံကို သတင်းနဲ့ အတူမတင်ပဲ တခါမှ မီဒီယာပေါ်ရောက်မလာတဲ့ ကရင်အမျိုးသား NLD ကိုယ်စားလှယ်တစ်ဦးရဲ့ပုံကိုရွေးချယ်ပြီးတင်တာဟာ အမှုမဲ့အမှတ်မဲ့ မဟုတ်တန်ရာ။ အဲဒီသတင်းဌာနရဲ့ရည်ရွယ်ချက်က ဘာလည်းဆိုတာ နိုင်ငံရေးမျက်လုံးရှိတဲ့သူတွေက ထိုးဖေါက်မြင်နိုင်ပါတယ်။

KNLA - ဗိုလ်မှူးချူပ် ဂျော်နီ

ဘာပဲဖြစ်ဖြစ် NLD လွတ်တော်ကိုယ်စားလှယ် ဧရာဝတီတိုင်း ဗဟိုဦးစီးကော်မတီအဖွဲ့ဝင် မန်းဂျော်နီနဲ့  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗိုလ်မှူးချူပ်စောဂျော်နီ နှစ်ယောက် မဝေးတော့တဲ့အချိန်မှာ တွေ့ ဆုံခွင့် ကြုံအုံးမလား၊ လူမျိုးတူ နာမည်တူပြီး ခံယူချက်ခြင်းတူကြပါ့မလား ဆိုတာ စိတ်ဝင်စားစရာပါ။
xxxxxxxxxxxxxxxxxxxx
ကိုဝိုင်း | သောကြာနေ့၊ နိုဝင်ဘာလ ၁၈ ရက် ၂၀၁၁ ခုနှစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က နောင်လာမည့် ရွေးကောက်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု သောကြာနေ့တွင် ကျင်းပသော ဗဟိုဦးစီးကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း ပါတီ ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။
တိုင်းနှင့်ပြည်နယ် ရုံးခွဲများမှ ဗဟိုဦးစီးအဖွဲ့ဝင် ၁၀၆ ဦးလုံးက ကန့်ကွက်သူမရှိ ထောက်ခံဆွေးနွေးကြပြီး အသံဖြင့် မဲခွဲဆုံးဖြတ်ခဲ့သည်ဟု ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင်က ပြောသည်။


ဆွေးနွေးပွဲရပ်နားချိန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့တွင် တွေ့ရသည့် ဧရာဝတီတိုင်း ဗဟိုဦးစီးကော်မတီအဖွဲ့ဝင် ဦးမန်းဂျော်နီ။ ဓာတ်ပုံ- မဇ္ဈိမ


“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ အညီ မှတ်ပုံတင်မယ်။ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်မယ်။ အဲဒါကို ကန့်ကွက်သူမရှိ တညီတညွတ်တည်း ဆုံးဖြတ်ကြောင်း ကြေညာလိုက်ပါတယ်။” ဟု ဦးအုန်းကြိုင်က ပြောသည်။

ပါတီအနေဖြင့် ယတိပြတ် မပြောနိုင်သေးသော်လည်း လစ်လပ်နေသော မဲဆန္ဒနယ် အကုန်လုံး သို့မဟုတ် အများစု ကို ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိသည်ဟု ပါတီတွင်း သတင်းရပ်ကွက်များက ပြောသည်။

ပြည်နယ်/တိုင်း တခုကို နှစ်ဦးကျ ဆွေးနွေးခွင့်ပြုထားသော်လည်း သဘောထားတူသဖြင့် တဦးစီသာ ဆွေးနွေးပြီး အားလုံးက မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရန် ဆွေးနွေးကြပြီး ကန့်ကွက်သူ မရှိဟု ဆိုသည်။

“နောက်ဆုံးကျတော့ စီအီးစီ (ဗဟိုဦးစီးကော်မတီ) ကနေပြီးတော့ အများသဘောတူ ဒီဆုံးဖြတ်ချက် နှစ်ခုကို ချမှတ်ကြောင်း မူကြမ်း ရေးလိုက်တာပေါ့ဗျာ။ ပြီးတော့ အများသဘောဆန္ဒ ယူလိုက်တာပေါ့။ အားလုံးက အသံနဲ့ပဲ သဘောတူကြောင်း ဆုံးဖြတ်လိုက်ကြတယ်။”ဟု ပြောသည်။

တက်ရောက်ခွင့်ရှိသူ ဗဟိုဦးစီးအဖွဲ့ဝင် ၁၁၆ ဦးမှ ၁၀၆ ဦးတက်ရောက်ပြီး ကျန်းမာရေး မကောင်းသူ သုံးဦး၊
ထောင်ကျခံရဆဲဖြစ်သော ဒေါ်ဝင်းမြမြ၊ ဦးညီပု၊ ဒေါက်တာတင်မင်းထွဋ် အပါအဝင် ခြောက်ဦး၊ ခရီးလွန်နေသူ
တဦး စုစုပေါင်း ၁၀ ဦး ပျက်ကွက်သည်ဟု ဆိုသည်။

ကျန်းမာရေး မကောင်းသူ သုံးဦးမှ မန္တလေးတိုင်းမှ ဒေါက်တာသိန်းလွင်သည် ကြာသာပတေးနေ့၌ လေဖြတ်သွား
ခြင်း ဖြစ်သည်။

ကချင်၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မွန်၊ မန္တလေး၊ ရခိုင်၊ ရန်ကုန်၊ ဧရာဝတီတိုင်းနှင့် ရှမ်းတို့မှ ဗဟိုဦးစီးအဖွဲ့ဝင်များ တက်ရောက်ကြသည်။ ကယား ပြည်နယ် NLD မှ ဆက်သွယ်ရေး ကိုယ်စားလှယ်အဖြစ် တက်ရောက်သည်။

“ကယားကလည်း ထူးထူးခြားခြား ဒီတခါ ဆက်သွယ်ရေး ကိုယ်စားလှယ် အဖြစ်နဲ့ တက်တယ်။ ကယားမှာ ကျနော် တို့ ရုံးမရှိသေးဘူး။ ပြည်နယ်စည်း မဖွဲ့နိုင်သေးဘူး။ ကြာပြီ။” ဟု ဦးအုန်းကြိုင်က ပြောသည်။

အထုတ်ပယ်ခံရသူ၊ ကွယ်လွန်သွားသူ အမတ်များနှင့် ဗဟိုအစိုးရနှင့် ပြည်ထောင်စု အဆင့်အဖွဲ့များအတွင်း ရာထူး လက်ခံရယူလိုက်သော အမတ်များ၏ မဲဆန္ဒနယ်များအတွက် ကြားဖြတ် ရွေးကောက်ပွဲကို ဒီဇင်ဘာလအတွင်း ကျင်းပလိမ့်မည်ဟု နေပြည်တော် သတင်းရပ်ကွက်က ပြောသည်။
မူရင်း - http://www.mizzimaburmese.com/news/inside-burma/8650---nld-.html

No comments:

Post a Comment