

မြန်မာအစိုးရက စစ်မှန်တဲ့ငြိမ်းချမ်းရေး တကယ်လိုချင်တယ်ဆိုရင် ကချင်ဒေကို ယခုလို မြန်မာစစ်တပ် အလုံးအရင်းနဲ့ တက်တိုက်စရာ မလိုပါ။ ဗမာ့စစ်တပ်တွေကို အဆက်မပြတ်အားဖြစ် တပ်ရင်းပေါင်းများစွာ ကချင်ပြည်သို့ လွတ်စရာမလိုပါ။
SSA-S လို့ လူသိများတဲ့ ယွပ်စစ်အဖွဲ့ ဗမာအစိုးရနဲ့ အပစ်ရရေး လက်မှတ်ထိုးပြီးနောက်ပိုင်းမှာ သျှမ်းပြည် ဒေသမှာ လှုပ်ရှားနေတဲ့ ဗမာစစ်တပ် ၁၀၀၀ ကျော် ကချင်ပြည်နယ်ဖက်ကို ရွေ့ ထားပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ ထိုအဖွဲ့ ကို တချိန်က တချိန်လုံး ဗမာအစိုးရက ဘိန်းဘုရင်ခွန်ဆာ လက်ထွက် ဘိန်းလုပ်နေတဲ့သူတွေဆိုပြီး စွပ်စွဲပြောဆို လေ့ရှိပါတယ်။ တာပေမယ့် ချက်ချင်းဆိုသလိုပဲ ဗမာအစိုးရက အသုံအနှူန်းတွေ ပြောင်းပြီး အက်စ်အက်စ်အေ တောင်ပိုင်းကို အပူတပြင်း အပစ်ရပ်လက်မှတ်ထိုးနိုင် ဖို့ လုပ်လာခဲ့တာတွေ့ ရပါတယ်။
အပစ်ရပ်ကြပြီး သျှမ်းပြည်မှ တပ်တွေကို ရိုးရိုးသားသား ဆုတ်ပေးဒါ မဟုတ်ပဲ ကချင်ကို တိုက်ဖို့ အတွက်သာ သျှမ်းအဖွဲ့ နဲ့  ယာယီအပစ်ရပ်ထားကြောင်းပေါ်လွင်နေပါသည်။ နောင်တချိန်မှာလည်း ယွတ်စစ်အဖွဲ့ ကို ဘိန်းလုပ်နေတဲ့သူတွေဆိုပြီး ဗမာအစိုးရ ပြန်မပြောဘူးလို့ ဘယ်သူပြောနိုင်မှာလည်း။
အကယ်၍ ဗမာစစ်တပ်က KNU ကိုလာစည်းရုံးလို့ ရသွားရင် ကရင်ပြည်နယ်မှာရှိတဲ့ ဗမာစစ်တပ်ရဲ့ တိုက်ခိုက်ရေး လုပ်ရှားအင်အား (၁၀၀၀၀) တစ်သောင်းကျော်ဟာ ကချင်ပြည်နယ်ဖက်ကိုပို့  ဖို့ အတွက် အဆင်သင့် ဖြစ်သွားမည်ဖြစ်သည်။
တချိန်က ဘရန်ဆိုင်းဦးဆောင်တဲ့ KIA နဲ့  နိုင်ရွှေကျင်ဦးဆောင်တဲ့ မွန်ပြည်သစ်ပါတီက တပ်ပေါင်းစုများဖြစ်တဲ့ NDF နဲ့ DAB တို့ ကို ကျောခိုင်းသွားပြီး (ဗိုလ်မှူးအောင်လင်းထွဏ်းစကားလုံးအရ - တပ်ပေါင်းစုကို သစ္စာဖေါက်သွားကြပြီး) ဗမာအစိုးရနဲ့ ငြိမ်းချမ်းရေးယူလိုက်တဲ့အချိန်မှာ ဗမာစစ်တပ်က KNU ကရင်အဖွဲ့ ကို အလုံးအရင်းတိုက်ခိုက်ပြီး မာနယ်ပလောဌာနချူပ်တွေကအစ ပေးလိုက်ရတဲ့ သာဓာက တွေသာမက ၁၇ နှစ်လုံးလုံး ယနေ့ အချိန်အထိ အဆက်မပြတ် ကရင်တွေကို ဖိနိုပ်တိုက်ခိုက်ဒါ အားလုံးအသိပါပဲ။
ဒီလိုရိုးစင်းတဲ့ အကွက်လေးတွေက တိုင်းရင်းသားတွေ သိသိရင်းနဲ့  ခံခဲရတဲ့သဓာကတွေပါ။ တကယ်သာ သိန်းစိန်အစိုးရဦးဆောင်တဲ့ ဗမာအစိုးရက စစ်မှန်တဲ့ငြိမ်းချမ်းရေးကို အကောင်အထည်ဖေါ်ချင်တယ်ဆိုရင် ကချင်ပြည်နယ် မှ ထိုးစစ်တွေကို ရပ်ပေးပြီး ကချင်၊ ကရင်၊ သျှမ်း၊ ကရင်နီဒေသက ဗမာစစ်တပ်တွေအားလုံး ရုတ်ပေးပြီး စကားဝိုင်းကို စတင်ခြင်းကသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဦးတည်သွားမှာဖြစ်တယ်။
ထိုသို့ မဟုတ်ပဲ သိန်းစိန်အစိုးရက ငြိမ်းချမ်းရေးစကားပြောပြီး ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်တပ်က စစ်တိုက်နေရင် တိုင်းရင်းသားအဖွဲ့ တွေလည်း ငြိမ်းချမ်းရေး စကားကို သွားပြောမယ့်လူက ပြောနေမှာဖြစ်ပြီး စစ်ထွက်မည့် လူတွေက ထွက်တိုက်မည်သာဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော စစ်ရေးမှာ ရန်သူရဲ့ လက်ဦးမှုကို နာရီ အချိန် နေရာဒေသ နည်းနည်းလေးမှ အတိမ်းအစောင်းခံလို့ မရပါ။ အကွက်ရွေ့ မှားတဲ့လူက စစ်ရေးမှာ ကျဆုံးမှာဖြစ်တဲ့ အတွက် ခုခံစစ်ကို ဆင်နွဲ့ နေတဲ့ တပ်တွေအဖို့ တော့ သူ့ နယ်မြေထဲ လှုပ်ရှားနေတဲ့ ရန်သူရဲ့လုပ်ရှားမှုမှန်သမျှကို မျက်ခြေပြတ်ခံမှာ မဟုတ်သည့်အတွက် တိုက်ပွဲတွေ ဆက်လက်ရှိနေအုံးမှာဖြစ်ကြောင်း သုံးသပ်မိပါသည်။
အခုပုံစံက သိန်းစိန်က ငြိမ်ချမ်းရေးစကားပြောပြီး မင်းအောင်လှိုင်က သေနတ်တကားကားနဲ့  ဒီအတိုင်းသာဆက်သွားကြရင် ကျနော်တို့ တိုင်းပြည်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေအုံးမည်သာမက အဆုံးစွန်တိုက်ပွဲတွေကို ဦးတည်သွားနိုင်ကြောင်း တိုင်းပြည်တာဝန်ရှိသူတွေကို ပြောကြားအသိပေးလိုပါသည်။
သောသီခို
၁၁၊ ၁၂၊ ၂၀၁၁
အဲလောက်အင်းအားနဲ့ မင်းတို.ဘာလုပ်ကြောက်ရသလဲ မင်းတို.ဖွဲ.ထားတဲ့ unfc တပ်ပေါင်းစုကြီးကို သွားတိုက်ကူကျပေါ.
ReplyDeleteI suggest SSA/DKBA and other cease fire arm force need to go to Kachin State for reinforment.
ReplyDeleteSee what Burmese did?
They teach you how to be smart.