ဆောင်းပါး - လှရွှေ
မကြာမီနာရီပိုင်းအတွင်းတွင် ၂၀၁၂ နှစ်သစ်ကိုရောက်တော့မည်။ ၂၀၁၂ ကိုမရောက်မှီ ၂၀၁၁ တွင်ဘာတွေ ဖြစ်ပျက်ခဲ့သနည်း။ ကမ္ဘာတလွှားတွင် အဘယ်အရာတို့ ဖြစ်ပျက်ခဲ့သနည်း။ ကမ္ဘာ့အပြောင်းအလဲနဲ့ မြန်မာနိုင်ငံ အပြောင်းအလဲတို့ ချိတ်ဆက်နေသော်လည်း ကမ္ဘာတခုလုံးနှင့်ပတ်သတ်၍ စဉ်းစားရန် ဥာဏ်မမှီဟုပင် ၀န်ခံရ ပေမည်။
တက္ကသိုလ်ကျောင်းသား၊ တော်လှန်ရေးသမား၊ သတင်းစာဆရာ၊ ကျောင်းဆရာ စသည့်ဘ၀အချိုးအကွေ့ များကို ကျော်ဖြတ်လာလိုက်သည်မှာ နှစ်မနည်းတော့။ ဒီဇင်္ဘာ ၂ နှစ်ရက်နေ့တွင် အသက် ၄၀ တင်းတင်းပြည့်ခဲ့ပြီ။ လောကဓံ လှိုင်းဂယက်ထဲတွင် ဆက်လက်စီးမျောနေဆဲ။ ကျောင်းဆရာတဦးအနေဖြင့် နိုင်ငံရေးကို စိတ်ဝင်စား သည်မှာ မဆန်းပေ။ အထူးသဖြင့်မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို ပိုမိုစိတ်ဝင်စားသည်။ မြန်မာ့ နိုင်ငံရေးစနစ် ပြောင်းလဲမှုသည် သန်း (၆၀) နီးပါးသော မြန်မာလူထုအတွက် အရေးအကြီးဆုံးသော အရာမဟုတ်ပါလော။
၂၀၁၁ နှစ်တွင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်သည်ဟု အချို့သော နိုင်ငံရေးသမား၊ ၀ါရင့်သတင်းစာ ဆရာများက ရေးသားသည်ကို ဖတ်ရသည်။ ရှုထောင့်ပေါင်းစုံမှ တင်ပြကြသည်ကို ဖတ်ကြည့်သည်။ လေ့လာကြည့်သည်။ လက်လှမ်းမှီသလောက် တော်လှန်ရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ လူမှုရေး ခေါင်းဆောင်များ၊ ပညာရေးတွင် ဦးဆောင်ဦးရွက်ပြုသူများနှင့် ဖုန်းဖြင့်တမျိုး၊ အီးမေးလ်ဖြင့်တဖုံ၊ စကားဝိုင်းဖွဲ့ကာတမျိုး ပြောဖြစ်ကြသည်။
အချို့သော ခေါင်းဆောင်များက မြန်မာ့နိုင်ငံရေး အရွေ့ဟု ပြောဆို ကြသည်။ မှန်သင့်သလောက် မှန်သည်ဟု ကောက်ချက်ချမိသည်။ သို့ရာတွင် အရွယ်ရောက်လာစဉ်ကတည်းက ယခုအချိန်ထိ စစ်အုပ်ချုပ်ရေး အောက်တွင်ကြီးပြင်းခဲ့ရသော၊ တသက်လုံး အစိုးရဆန့်ကျင်ရေး လုပ်လာခဲ့သူ တဦးအနေဖြင့် လက်ရှိအစိုးရ၏ မြှုပ်ကွက် ရွှေ့ကွက်ကို စိတ်ပျက်မိသည်။
ဒီမိုကရေစီ အဓိက ၀ါဒီများ အဖို့ရွေးကောက်ပွဲသည် ဒီမိုကရေစီ၏ အစိတ်အပိုင်းဖြစ်သည်။ သို့ရာတွင် မြန်မာ့နိုင်ငံရေးကို ထဲထဲဝင်ဝင်လေ့လာသူများအနေဖြင့် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တွင် ဒီမိုကရေစီသည် အစိတ်အပိုင်း တရပ်သာဖြစ်ပြီး၊ တိုင်းရင်းသားတို့၏အရေးသည် ပို၍အရေးပါသည်ကို တွေ့ရသည်။
စစ်ခေါင်းဆောင်တို့အနေဖြင့် တိုင်းရင်းသားအရေးကို မည်ကဲ့သို့ဖြေရှင်းမည်နည်း။ လွန်ခဲ့သော ၁၉၉၀ ကျော်ခုနှစ်များအတွင်းက ဖြေရှင်းခဲ့သော ဖြေရှင်းနည်းအတိုင်းသာ ဖြေရှင်းပါက နောက်ထပ် မြန်မာနိုင်ငံ နယ်စပ် တလျှောက်တွင် စစ်ဘုရင်များ အမြောက်အများ ပေါ်ပေါက်လာပေဦးမည်။
၁၉၉၀ ကျော် ခုနှစ်များအတွင်း KIO၊ UWSA၊ SSA-N၊ NDAK၊ MNSP စသည့်တိုင်းရင်းသား လက်နက်ကိုင်တို့ နှင့်အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့သည်။ အစိုးရသတင်းစာများတွင် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်သည်ဟု ဖေါ်ပြထားသည်။ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးနောက် စစ်ခေါင်းဆောင်များမှ တိုင်းရင်းသားများကို မျက်နှာချို သွေးကာ တရားဝင်သော စီးပွားရေးလုပ်ငန်းနှင့် တရားမ၀င်သော စီးပွားရေုးလုပ်ငန်းမျာကို လုပ်ကိုင်ခွင့် ပေးခဲ့သည်။
တိုင်းရင်းသားတို့ ထိမ်းချုပ်ရာနေရာသို့ စစ်တပ်အရာရှိများ သွားလိုပါက ပါလာသော လက်နက်များကို အပ်ပြီးမှ ၀င်ခွင့်ရသည်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို စီးပွားရေးလုပ်ငန်းများ ထိုးအပ်ပြီး တော်လှန်ရေးကို ဖျက်ဆီးပစ်မည့် မဟာဗျူဟာ ကိုချမှတ် အကောင်အထည် ဖေါ်ခဲ့သည်။ အောင်မြင်သင့်သလောက် အောင်မြင်သည်ဟု ဆိုရပေမည်။
သို့ရာတွင် နှစ် ၂၀ နီးပါးကြာသောအခါ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များမှာ ချိနဲ့မသွားဘဲ လူသူလက်နက် အင်အား ပိုမိုတောင်းတင်း လာသည် ကိုတွေ့ရသည်။ စစ်ဘုရင်များ ပေါ်ထွက်လာသည်ကို တွေ့ရသည်။ စစ်ဘုရင်အုပ်စု နှစ်ခုပေါ်ပေါက်လာသည်ကို တွေ့ရသည်။ လက်ရှိအုပ်ချုပ်နေသာ စစ်အစိုးရ၏ တိုင်းမှူး၊ တပ်မမှူး စစ်ဘုရင်များနှင့် တိုင်းရင်းသား စစ်ဘုရင်များ ဖြစ်သည်။
ကမ္ဘာ့သမိုင်း ဖြစ်စဉ်တလျှောက်တွင် စစ်ဘုရင်များသည် ငြိမ်းချမ်းရေးကို မည်သည့်အခါမျှ တည်ဆောက်နိုင် ခြင်း မရှိသည်ကို တွေ့ရသည်။ စစ်ဘုရင်များသည် ငြိမ်းချမ်းရေးကို တည်ဆောက်ရိုးထုံးစံမရှိ။ တရုတ်နိုင်ငံ စစ်ဘုရင် အုပ်ချုပ်သော ခေတ်ကိုကြည့်ပါ။ ငြိမ်းချမ်းရေး ဆိုသည်မှာ စစ်ဘုရင်တို့ အကြောက်ဆုံးသော အရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ငြိမ်းချမ်းသော နယ်မြေတွင် စစ်ဘုရင်များ ပေါ်ပေါက်ခြင်း သမိုင်းတွင် မရှိခဲ့။
မျိုးမစစ်သော ငြိမ်းချမ်းရေးကြောင့် တိုင်းရင်းသား ပြည်သူတို့၏ ဘ၀ပျက်စီးရသည်။ အထူးသဖြင့် လူမမယ် ကလေးငယ်များနှင့် အမျိုးသမီးတို့၏ ဘ၀ထိခိုက် ပျက်စီးကြရသည်။ စစ်ကြောင့် ထွက်ပြေးနေရသော ကလေးငယ်များ တိုင်းတပါးတွင် မျက်နှာငယ်လေးနှင့် နေထိုင်ကြရသည်။ အနာဂတ်ပျောက်နေရသည်။ တိုင်းရင်းသူများမှာ စစ်ကြောင့်ဘ၀ပျက်ကြရသည်။ မိသားစုဘ၀ ပျက်ခဲ့ရသည့် သားသည်မိခင်တို့ကား နယ်စပ်တစ်လျှောက်နှင့် မြန်မာနိုင်ငံအနှံ့အပြားတွင် မရေမတွက်နိုင်။
မျိုးမစစ်သော ငြိမ်းချမ်းရေး ယခုတဖန် ပေါ်ပေါက်လာပြန်သည်။ ဗမာစစ်ဘုရင်များက တိုင်းရင်းသား စစ်ဘုရင်များကို နယ်မြေများအပိုင်စားပေးကာ ငြိမ်းချမ်းရေးကို တည်ဆောက်နေကြသည်။ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို နေ့စဉ်ရက်ဆက် ကြားနေရသည်။ တိုင်းရင်းသားစစ်ဘုရင် တို့ကလည်း တိုင်းရင်းသူတို့၏ ဘ၀လုံခြုံမှု အတွက် အာမခံချက်မရှိမှီ လက်နက်ကို စွန့်လွှတ်မည် မဟုတ်။
နှစ်ပေါင်း ၆၀ ကျော် အနိုင်ကျင့် ဗိုလ်ကျမှုများကို ကိုယ်တွေ့ခံစားခဲ့ရသော တိုင်းရင်းသား စစ်ဘုရင်များ ဘက်မှလည်း ငြိမ်းချမ်းရေးကို အရင်းတည်ကာ လူသူလက်နက်တပ်ဆင်မည်။ ဗမာစစ်ဘုရင်များဘက်မှလည်း အပစ်အခတ်ရပ်စဲရေးကို အခြေခံကာ လျှိုသတ်၊ ခွဲသတ် လုပ်ဦးမည်။
ယခုအခါ ငြိမ်းချမ်းရေးစကား၊ အပစ်အခတ်ရပ်စဲရေး စကားကို ဗမာစစ်ဘုရင်နှင့် တိုင်းရင်းသားစစ်ဘုရင်များ အကြား ကြားခံပွဲစားများကလည်း ဝေစုခွဲရန် နှစ်ဦးနှစ်ဘက် မျက်နှာချိုသွေးကာ ရွှေလမ်းငွေလမ်း ဖေါက်နေ သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံမှာကား ၊ မိဘ ဆွေမျိုး၊ အသိုင်းအ၀ိုင်းကင်းမဲ့သော မိန်းမပျိုလေးတဦး တရားဥပဒေနှင့် လူ့ကျင့်ဝတ် မရှိသည်နေရာတွင် စော်ကားမော်ကားပြုကျင့်ခံနေရသည်နှင့်တူပေသည်။
မြန်မာ့ သယံဇာတများကို ဝေစုခွဲစားသောက်နေသူများတွင် ဗမာစစ်ဘုရင်များ ၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ၊လွှတ်တော်အမတ်များ၊ တရုတ်၊ ကုလား စီးပွားရေး ကုမ္ပဏီများနှင့် တိုင်းရင်းသား စစ်ဘုရင်များပါဝင်ကြသည်။
မျိုးမစစ်သော ငြိမ်းချမ်းရေးကြောင့် သေနတ်သံများ အခိုက်အတန့် တိတ်ဆိတ်နေခြင်းသာဖြစ်သည်။ ပြည်တွင်းစစ်ဒဏ်တွင် အဓိကခံစားရသူများတွင် အမျိုးသမီးနှင့် ကလေးငယ်များသာဖြစ်သည်။ ကမ္ဘာ တ၀ှမ်းတွင်လည်း လက်နက်ကိုင် ပဋိပက္ခကြောင့် ကလေးငယ်များ ပညာရေးနှင့် ဝေးနေကြရသည်။ လက်နက်ကိုင် ပဋိပက္ခကြောင့် ကမ္ဘာတ၀ှမ်း ကလေးငယ်ပေါင်း ၂၈ သန်းသည် ကျောင်းပြင်ပရောက် နေကြရသည်ဟု UNESCO အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခဖြစ်ပေါ်နေသည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်သည်။ အသက်အိုးအိမ် မည်မျှ ဆုံးရှုံးခဲ့သည်ကို စာရင်းဇယား တိတိကျကျ စာရင်းကောက်ယူထားခြင်း မရှိပေ။
ယခုအချိန်တွင်ပင် စစ်ဒဏ်ကြောင့် ထွက်ပြေးနေရသည့် ကလေးငယ်များအရေအတွက် မည်မျှရှိသည်ကို အတိအကျ စာရင်းဇယား မရှိ။ စစ်ကြောင့် ပြည်တွင်း၌ အိုးအိမ်ပစ်ကာ ထွက်ပြေးနေရသူ ပေါင်း ၄၀၀၀၀၀ လေးသိန်းခန့် ရှိမည်ဟု Displacement continues in context of armed conflict အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည် စခန်းကိုးခုတွင် မြန်မာနိုင်ငံသားဒုက္ခသည် (၁၅၀၀၀၀) တသိန်းခွဲရှိနေဆဲ။
မြန်မာ့ ဓနဥစ္စာကို ဝေစုခွဲယူနေကြသူများအနေဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ၊ အာဂတိ လိုက်စားမှု အများဆုံးနိုင်ငံ၊ ပညာရေးအနိမ့်ဆုံးနိုင်ငံ၊ ကမ္ဘာပေါ်တွင် ပြည်တွင်းစစ် သက်တမ်းအရှည်ဆုံးနိုင်ငံ၊ အာရှတွင် ဒုက္ခသည် ထုတ်လုပ်သော နိုင်ငံ၊ အာရှတွင် စစ်တပ်အင်အား အကြီးဆုံးနိုင်ငံဖြစ်နေသည်ကို စဉ်းစားစေချင်သည်။
စစ်တပ်အင်အား ငါးသိန်းခန့်၊ တိုင်းရင်းသားလက်နက်ကိုင်အရေ အတွက် (၇၀၀၀၀-၁၀၀၀၀၀) ခုနှစ်သောင်းနှင့် တသိန်း၊ သာသနာ့ဝန်ထမ်း အရေအတွက်က (၅၀၀၀၀၀) ငါးသိန်းနီးပါး စုစုပေါင်း (စစ်၊ တိုင်းစစ်၊ သာသန ) တသန်းနီးပါး၏ ၀န်ကို သန်းငါးဆယ်ကျော်သော မြန်မာပြည်သူများက တာဝန်ယူနေကြရသည်။ စစ်တပ်အင်အားစုစုပေါင်း ( စစ်တပ်၊ တိုင်းရင်းသား) ခြောက်သိန်း၊ သာသန၀န်ထမ်း ငါးသိန်းတို့၏ ၀န်ကို ထမ်းဆောင်နေရသော အမိမြန်မာပြည်သူများမှာ ခါးကျိုးကာ အိပ်ရာထဲ လဲနေသည့် လူမမာနှယ်။
အမိမြန်မာနိုင်ငံကြီး၏ ငြိမ်းချမ်းရေးကို မည်ကဲ့သို့ ဖော်ဆောင်ကြမည်နည်း။ ဒီမိုကရေစီသည် အမိမြန်မာနိုင်ငံအတွက် တခုတည်းသော အဖြေမဟုတ်။ တိုင်းရင်းသားပေါင်းစုံ ယှဉ်တွဲနေထိုင် နိုင်သည့် စနစ်သည်သာလျင် အဖြေဖြစ်ပေမည်။
လာမည့် ၂၀၁၂ နှစ်သစ်ကို မြန်မာပြည်သူတို့၏ မင်္ဂလာအပေါင်းနှင့် ခညောင်းသောနှစ်အဖြစ် မည်ကဲ့သို့ဖော်ဆောင်ကြမည်ကို ၀ိုင်းဝန်းကြိုးစား အကောင်အထည် ဖော်ရပေဦးမည်။
လှရွှေ
http://www.maukkha.org/index.php/feature-article/1686-maukkha-2012-and-myanmar-future
Saturday, December 31, 2011
ကရင်နီအမျိုးသမီးတွေကို ပြန်ပြောပြပေးပါ
ရေးသားသူ - ကူးဒူ၊ ဖဲမော့
ကရင်နီပြည်တွင် နေထိုင်လျက်ရှိကြသော မျိုးနွယ်စုများ (ဓါတ်ပုံ-ကေတီ)
ကရင်နီပြည်မှာ တာဝန်ကျတဲ့ မြန်မာအစိုးရစစ်သားတွေက ဒေသခံကရင်နီ အမျိုးသမီးတွေနဲ့ အိမ်ထောင်ကျလို့ တပ်ပြောင်းတဲ့အခါမှာ မိသားစုတွေပါတခါထဲ မြန်မာပြည်ဘက်ကို ခေါ်သွားကြရပါတယ်။
ကရင်နီပြည်မှာလာပြီး စစ်တိုက်နေကြတဲ့ ဗမာစစ်သားတွေနဲ့ ကရင်နီအမျိုးသမီးတွေ နှစ်ဦးနှစ်ဘက်ချစ်ကြိုက်ကြလို့ အိမ်ထောင်ကျလိုတဲ့ ကိစ္စအပေါ် ဘယ်လိုနည်းနဲ့မှ တားမြစ်ပိတ်ပင်လို့မရတဲ့ ကိစ္စဆိုတာကို အများက လက်ခံယုံကြည်ကြမှာပါ။
ဒါပေမယ့် ကရင်နီအမျိုးသားအရေးကို အမြော်အမြင်ထားကြတဲ့ ရပ်မိရပ်ဖတို့က ဒါဟာ “လူမျိုးရေးဝါးမြိုမှု” ခံရတဲ့ ကိစ္စဖြစ်တဲ့အတွက် ကရင်နီမျိုးဆက်သစ်တွေ အနေဖြင့် ထိန်းထိန်းသိမ်းသိမ်းရှိဖို့လိုတယ် ဆိုတဲ့အယူအဆက ရှိနေပြန်ပါတယ်။
မြန်မာစစ်အစိုးရ အဆက်ဆက်ကို နှစ်ပေါင်း ၆၀ ကျော် တော်လှန်တိုက်ခိုက်နေကြတဲ့ ကရင်နီတော်လှန်ရေး အင်အားစုတွေကတော့ ဒါဟာ “သွေးနှောတိုက်ဖျက်သည့်စနစ်” ဖြစ်ပြီး လူမျိုးတုံးသွားတဲ့ အဆင့်ထိတောင် ရည်ရွယ်ချက်ရှိရှိနဲ့ အကောင်အထည် ဖေါ်နေခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။
ယနေ့မြန်မာပြည်မှာ ရွေးကောက်ပွဲပြီးလို့ ဒီမိုကရေစီအစိုးရ တက်နေပြီဖြစ်ပေမယ့်လည်း ကရင်နီတော်လှန်ရေး အင်အားစုတွေက လက်နက်ကိုင်တဲ့ နည်းလမ်းတွေနဲ့ ဆက်လက် တော်လှန်တိုက်ခိုက်နေကြပါတယ်။
ယနေ့ ကရင်နီပြည် ဖရူဆိုမြို့နယ်မှာ အမှတ်-၁၄ တပ်မတော်တန်းမြင့် လေ့ကျင်းရေးကွင်း တည်ဆောက်ဖို့ ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေပါတယ်။ လေ့ကျင့်ရေးကွင်း တည်ဆောက်စဉ်ကာလအတွင်း လုံခြုံရေးယူဖို့ အစိုးရက စစ်ကြောင်းတွေ တိုးချဲ့ချထားလိုက်တဲ့အတွက် ဒေသခံတို့ရဲ့ လွတ်လပ်စွာသွားလာရေးကို နှောက်ယှက်မှုတွေ ဖြစ်ပေါ်လာပြီး အဲ့ဒီကြားထဲမှာမှ ဒေသခံအမျိုးသမီးတွေအတွက် မိဘတို့က ပိုမိုစိုးရိမ်မှုတွေ ရှိလာတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကမှာ ဖရူဆိုမြို့နယ် လောဂျာ၊ ဒေါလောခူနဲ့ မားပရိုရှေ့ကျေးရွာအကြားက ပြည်သူပိုင်ခြံမြေ ဧကပေါင်း ၂၇၀၀ အားသိမ်းဆည်းလိုက်ပြီး ရှမ်းပြည်အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) ၁၇ လက်အောက်ခံ ခမရ ၅၇၅ နဲ့ ၅၇၆ မှ စစ်ကြောင်းနှစ်ကြောင်းကို လုံခြုံရေးအတွက်ချထားခဲ့ရာမှ ယခု အောက်တိုဘာလမှာ ခမရ ၅၃၀ နဲ့ ၅၈၅ အား ထပ်မံတိုးချဲ့ချထားလိုက်ပါတယ်။
“သူတို့သွားရင် တယောက်နှစ်ယောက်ထဲဆို မသွားရဲတော့ဘူး။ သွားရင်သူတို့က အုပ်စုလိုက်သာသွားကြတယ်။ တယောက်ထဲသွားရင် မသွားရဲတော့ဘူး ပြီးတော့ ဥပမာ… သူတို့အရေးကြီးလို့ သွားစရာရှိရင် သွားလာတာ မြန်မြန်သွားဖို့လိုအပ်နေတဲ့ အချိန်မှာတောင် တယောက်ထဲ မသွားရဲကြတော့ဘူး” ဟု ဖရူဆိုမြို့နယ်မှ ဒေသခံတယောက်က ပြောပါတယ်။
စစ်ကြောင်းများ မတိုးချဲ့ခင် ဒေသခံများက တောင်ယာထဲသို့သွားလျှင် တယောက်ထဲ သွားလေ့သွားထရှိခဲ့ပေမယ့် ယခုနောက်ပိုင်း အုပ်စုလိုက်သာ သွားရပါတော့တယ်။ အထူးသဖြင့် မိန်မပျိုလေးများအနေဖြင့် ဘယ်ဘဲသွားသွား တယောက်တည်း မသွားရဲကြတော့ဘူးလို့ ဆိုပါတယ်။
“လောဂျာရွာက ရွာသူမိန်းခလေး လေး၊ ငါးယောက် ဒါမှမဟုတ် ဒေါလောခူရွာက ရွာသူမိန်ခလေး လေးငါးယောက်ကို ဖျက်စီး စော်ကားရမယ်” လို့ စစ်သားတို့ထံမှကြားရတဲ့ စကားကို ဒေသခံရွာသားက ပြန်ပြောပြပါတယ်။
ဖရူဆိုမြို့နယ် လောဂျာ၊ ဒေါလောခူနဲ့ မားပရိုရှေ့ကျေးရွာ ၃ ရွာမှာ စစ်တပ်မှ မတော်မတရား ပြုမှုဆက်ဆံခြင်းခံရတဲ့ အမျိုးသမီးအချို့ ရှိနေပေမယ့်လည်း မိမိတို့အရှက်တရားကြောင့် မတိုင်တန်းရဲတဲ့အဖြစ်တွေ ရှိနေတယ်လို့ ဒေသခံတွေဆီက ကြားသိရပါတယ်။
စစ်သင်တန်းကွင်း တည်ဆောက်ရန် ဖရူဆိုက ဒေသခံမြေယာတွေကို သိမ်းဆည်းလိုက်တဲ့ကိစ္စနဲ့ တပ်အင်အားတွေ တိုးချဲ့ချထားတဲ့ ကိစ္စကို ရပ်တန့်ပေးဖို့ ကရင်နီတော်လှန်ရေးအင်အားစုမှ ကယားပြည်နယ် ပြည်နယ်အစိုးရ ၀န်ကြီးချုပ်ထံ ပြီးခဲ့တဲ့ စက်တင်ဘာလက အိပ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ပါတယ်။
မြေယာများ သိမ်းဆည်းခြင်းနဲ့ စစ်တပ်များတိုးချဲ့တဲ့ အကျိုးဆက်တွေကြောင့် ဌာနေဒေသခံများ အတင်းအဓမ္မ ရွှေ့ပြောင်းအခြေချခံရမှာဖြစ်ပြီး လူမျိုးရေးဝါးမြိုမှု ကိစ္စတွေလည်း ဖြစ်ပေါ်လာနိုင်တယ်လို့ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက် နေ့စွဲဖြင့် ပေးပို့ခဲ့သော ကရင်နီပြည်အစိုးရရဲ့ အိပ်ဖွင့်ပေးစာမှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်လောက်က ဒေါလောခူရွာသူတဦးကို စစ်တပ်တွေက မတော်မတရား ကြံစည်ခဲ့တဲ့ အဖြစ်အပျက်တခုရှိခဲ့ပြီး ထိုဖြစ်ရပ်ကို မပေါက်ကြားရန် စစ်ကြောင်းမှူးက ကျေးရွာဥက္ကဌကို လျော်ကြေးပေးစေခိုင်းပြီး နှုတ်ပိတ်ထားခိုင်းတယ်လို့ ဆိုပါတယ်။
“စစ်တပ်တွေက တိုင်းရင်းသားတွေအပေါ် တနည်းအားဖြင့် ကရင်နီလူမျိုးတွေအပေါ် ဖိနှိပ်ရမယ်ဆိုတဲ့ ပေါ်လစီတွေ ရှိတယ်လို့တော့ ကြားထားတယ်ပေါ့နော။ အကယ်၍ တကယ်ရှိမယ်ဆိုရင်တော့ ဒီလိုပေါ်လစီမျိုးတွေက တကယ်မရှိသင့်ဘူးပေါ့နော်” လို့ ကရင်နီအမျိုးသမီး အစည်းအရုံး KNWO မှ အတွင်းရေးမှူး ဆရာမသိုးမြာက ပြောပါတယ်။
“လက်ရှိအခြေအနေနဲ့ ပြောမယ်ဆိုရင် ဒီပေါ်လစီကို သူတို့ဆက်ပြီးတော့သုံးမယ် ဆက်ပြီးတော့ လက်ကိုင်ထားမယ်ဆိုရင် သူတို့လက်ရှိပြောနေတဲ့ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားများ ပြန်လည်စည်းလုံးညီညွတ်ရေးတို့ စတဲ့စကားတွေနဲ့ ဆန့်ကျင်နေတယ်” ဟု ဆရာမသိုးမြာက ဆက်ပြောပါတယ်။
မြန်မာစစ်အစိုးရ အဆက်ဆက်ဟာ ကရင်နီပြည်ကို ၁၉၄၈ ခုနှစ်ကတည်းက စစ်ရေးအရ ကျူးကျော်ဝင်ရောက် တိုက်ခိုက်စဉ်ကတည်းက ကရင်နီလူမျိုးတို့ကို “သွေးနှောတဲ့စနစ်ဖြင့် သုတ်သင်သွားရန်” ဆိုတဲ့ မူကို ချမှတ်ထားတယ်လို့ တော်လှန်ရေးအင်အားစုက ဆိုထားပါတယ်။
“ကရင်နီအမျိုးသမီးတွေကို HIV/AIDS ရရှိထားတဲ့ မြန်မာစစ်သားတွေနဲ့ ဖျက်ဆီးရန်” ဆိုတဲ့ စစ်တပ်ဘက်မှ လျှို့ဝှက်ချမှတ်ထားတဲ့ မူပေါ်လစီစာရွက်စာတမ်းကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ကေအဲန်ပီပီမှ ရရှိထားတယ်လို့ သိရှိရပါတယ်။
သွေးနှောသုတ်သင်တဲ့ မူပေါ်လစီတွေ အမှန်တကယ် ရှိရှိ၊ မရှိရှိ လက်တွေ့အခြေအနေမှာ မြန်မာစစ်သားနဲ့ ချစ်ကြိုက်လို့ အိမ်ထောင်ကျလိုတဲ့ ကရင်နီအမျိုးသမီးတွေကို တားမြစ်ပိတ်ပင်ထားလို့ မရပါဘူး။ ဒါပေမယ့် အိမ်ထောင်ကျပြီးသွားလို့ အမျိုးသမီးတွေကို မတရားအနိုင်ကျင့်ပြီး ညင်းပန်းနှိပ်စက်မှုတွေမလုပ်ဖို့သာ ပိုမိုအရေးကြီးပါတယ်။ ကရင်နီအမျိုးသားရေးအတွက် အမြော်အမြင်ထားသူတွေကတော့ မိမိတို့ နောင်လာနောက်သားတွေအဖို့ လမ်းညွန်မှုတွေ ပေးသွားကြမှာပါဘဲ။
ကရင်နီအမျိုးသားရေးအတွက် အမြော်အမြင်ထားတတ်သူလည်းဖြစ် မိဘတွေရဲ့နေရာမှာလည်း ရှိပြီဖြစ်တဲ့ ဆရာဆိုဒူယာက သူကြုံဖူးခဲ့တဲ့ ဖြစ်ရပ်မှန်လေးကို ယခုလို ပြောပြသွားပါတယ်။
“လောဂျာက ကရင်နီအမျိုးသမီးနှစ်ယောက်က ဟိုတရုတ်နယ်စပ်ဘက်ကို ကျနော် ရောက်သွားတော့ စစ်တပ်နဲ့ ယူပြီးတော့ အဲဒီမှာ တပ်ပြောင်းနဲ့ လိုက်ပါသွားတော့ အဲမှာ သွားခံနေတယ်။ ပြန်လည်း ပြန်ချင်တယ် ပြန်လည်း မပြန်နိုင်ကြဘူးပေါ့နော်။ သူတို့နဲ့ ကျနော်… ကရင်နီလို သွားပြောဆိုတဲ့ အခါကြတော့… ကရင်နီအမျိုးသမီးတွေကို ပြန်ပြောပြပေးပါ။ ဘယ်တော့မှ စစ်တပ်နဲ့ မယူကြပါနဲ့ ဆိုတဲ့ ဟာလေးတွေကို ပြန်ပြောပြပေးပါလို့ ကျနော့်ကို မှာတဲ့ဟာလေးတွေရှိပါတယ်” …
http://www.ktimes.org/

KIA မူဆယ် တိုက်ခိုက်မှုတွင် မြန်မာအစိုးရ စစ်သား ၂ ဦးသေ ၃ ဦးဒဏ်ရာရ
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် ဒီဇင်ဘာ ၂၉ ရက်၊ ကြာသပတေး နေ့လည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ၏တိုက်ခိုက်မှုတွင် မြန်မာအစိုးရတပ်သားတဦးနှင့် ရဲတပ်သားတဦး သေဆုံး၍ သုံးဦးဒဏ်ရာရသည်ဟု မျက်မြင်များပြောသည်။
၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုံအနီး နမ်တောင်းကျေးရွာ (Namtau)တွင် KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ က ထိုသို့ ချုံခိုတိုက်ခိုက်လိုက်ခြင်းဖြစ်သည်ဟု KIA နှင့်နီးစပ်သည့်သတင်းရပ်ကွက်ကဆိုသည်။
သမ္မတဦးသိန်းစိန်က KIA အပေါ်ထိုးစစ်ဆင်ခြင်းမပြုလုပ်ရန် ၎င်း၏တပ်အား ညွှန်ကြားခဲ့ပြီးနောက် လွန်ပြီးခဲ့သည့်ရက်သတ္တပတ်မှ အင်အား ၅၀၀ ရှိ မြန်မာတပ်များ KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၈ ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
လွန်ခဲ့သည့်ရက်များတွင် ထိုတပ်ရင်း ၈ ဒေသ ရွှေ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းတလျှောက် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှု ၇၀% ကျော်လုပ်ဆောင်နေသည့် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုံသို့ ဆက်သွယ်ပေးသည့် မန္တလေး-မူဆယ်လမ်းတစ်လျှောက် ဇွန်လနှောင်းပိုင်းကတည်းက တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
http://kachinnews.com/burmese
Friday, December 30, 2011
ရေတပ်သား တစ်ဦး၏ မယား အဖြစ် ပေါင်းသင်းရန် ငြင်းပယ်ရာမှ ရခိုင် အမျိုးသမီးငယ် တစ်ဦး အဆိပ်သောက်သေဆုံး
စစ်တွေမြို့ ရွှေမင်းဂံ ရပ်ကွက်မှ ဆယ်ကျော်သက် အရွယ် ရခိုင် အမျိုးသမီးငယ်တစ်ဦးအား ရေတပ်သား တစ်ဦးမှ ခိုးယူပြီး လက်ထပ် ပေါင်းသင်းရန် ငြင်းပယ်ရာမှ အမျိုးသမီးငယ်မှာ ရေတပ်ဝင်းထဲတွင် အဆိပ်သောက် သေဆုံးသွားကြောင်း သတင်း ရရှိသည်။
မင်းဂံ ဆိပ်ကမ်းတွင် ကပ်ထားသော ဗမာ နေဗီ တစ်စီး ( ဓါတ်ပုံ- နိရဉ္စရာ)
အဆိပ်သောက် သေဆုံးသွားသူမှာ စစ်တွေမြို့ ရွှေမင်းဂံ ရပ်ကွက်မှ (အဖ) ဦးနိုင်မိုး၊ (အမိ) ဒေါ်မိုးစန္ဒာတို့၏ သမီး မမိုးမိုးအိခိုင် (၁၉ နှစ်) ဖြစ်သည်။
ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး သူမနှင့် ဆွေမျိုးတော်သူ တစ်ဦးက နိရဉ္စရာသို့ ယခုလို ပြောသည်။
" ရေတပ်သား နာမည်က သူရ၀င်း၊ ဗမာ အမျိုးသား ဖြစ်ပါတယ်။ ဆတ်ရိုးကျ ရွှေမင်းဂံ ရေတပ် စခန်းက ဖြစ်ပါတယ်။ မမိုးမိုးအိခိုင်ကို လွန်ခဲ့တဲ့ စနေနေ့က ခိုးယူသွားပါတယ်။ အဲသလို ခိုးယူပြီးတဲ့ နောက်မှာ တရားဝင် လက်ထပ်ယူဖို့ ငြင်းပယ်တဲ့ အတွက် အဲဒီ ရေတပ် စခန်းဝင်းထဲက စားသောက်ဆောင်မှာဘဲ တနင်္လာနေ့ ညနေမှာ မမိုးမိုးအိခိုင် အဆိပ်သောက်ပြီး သေဆုံးသွားခဲ့ပါတယ်" ဟု ပြောသည်။
မမိုးမိုးအိခိုင်အား သူရ၀င်းက ဒီဇင်္ဘာလ ၂၄ ရက် စနေနေ့က ခိုးယူသွားခဲ့ကြောင်း၊ တနင်္ဂနွေနေ့ တစ်နေ့လုံး ပျောက်နေပြီး တနင်္လာနေ့ နံနက်တွင် ရွှေမင်းဂံ ရပ်ကွက်ရှိ သူမ အိမ်သို့ ပြန်ရောက် လာခဲ့ကြောင်း၊ မိခင်ဖြစ်သူက ပြစ်တင် ကြိမ်းမောင်းရာမှ မမိုးမိုးအိခိုင်မှာ ရေတပ်ဝင်းထဲသို့ ပြန်သွားခဲ့ကြောင်း၊ ညနေပိုင်းတွင် တပ်ကြပ်ကြီး တစ်ဦးမှ သူမ မိခင် ဖြစ်သူထံသို့ လာရောက်ပြီး မမိုးမိုးအိခိုင်မှာ ရေတပ် စားသောက်ဆောင်ထဲတွင် လဲနေပြီး အခြေအနေဆိုးရွားနေကြောင်း လာရောက် အကြောင်းကြားခဲ့သည်ဟု သိရသည်။
" မိခင် ဖြစ်သူက လိုက်သွားတဲ့ အခါ ရေတပ်ဝင်းထဲက လူပျို စားဆောင်မှာ မမိုးမိုးအိခိုင်က ပါးစပ်က အမြုပ်တွေ ထွက်ပြီး သတိလစ်နေတယ်။ ချက်ချင်း ဆေးရုံကို ယူတယ်။ ဒါပေမယ့် အခြေအနေက အရမ်းဆိုးရွားနေပြီ ဖြစ်တယ်။ ဆေးရုံ အရောက်မှာဘဲ အသက်ဆုံးသွားခဲ့ပါတယ်" ဟု သူက ဆက်ပြောသည်။
မမိုးမိုးအိခိုင်မှာ အိမ်က ရေတပ်ထဲသို့ ပြန်လာပြီး ညနေ ၅ နာရီခန့်တွင် ရေတပ်ဝင်းထဲရှိ စားသောက်ဆောင်တွင် အဆိပ်သောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ မမိုးမိုးအိခိုင် သေဆုံးမူနှင့် မိဘ နှစ်ပါးမှ ကျေနပ်မူ မရှိသဖြင့် ရေတပ်ထဲသို့ သွားရောက်ပြီး သူတို့၏ သမီးသေဆုံးမူနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုရာ အဆိုပါ စခန်းတွင် တာဝန်ကျနေသော ဗိုလ်မှူးကြီး တစ်ဦးက ရဲစခန်းတွင် အမူဖွင့် မတိုင်ကြားရန်နှင့် အဆိုပါ ကိစ္စကို သူတို့ ဖြေရှင်းပေးမည်ဟု ပြောဆိုထားကြောင်း သိရသည်။ ယခု အချိန်ထိ တစ်စုံတစ်ရာ သူရ၀င်းအား အရေးယူခြင်း မရှိသေးကြောင်း ဆိုသည်။
ယခုအချိန်ထိ စစ်တွေ ပြည်သူ့ ဆေးရုံကြီးမှလည်း မမိုးမိုအိခိုင် သေဆုံးမူနှင့် ပတ်သက်ပြီး ဆေးစစ်ချက်ကို တရားဝင် ထုတ်ပြန်ပေးခြင်း မရှိသေးကြောင်း သူက ပြောသည်။
မမိုးမိုးအိခိုင်မှာ ကုန်တင် ကုန်ချ လုပ်နေသူ သာမန် ရပ်ကွက်သူ တစ်ဦး ဖြစ်ပြီး မိဘများမှာလည်း ဆင်းရဲပြီး ကုန်တင် ကုန်ချ လုပ်ကိုင်သူများ ဖြစ်ကြသည်ဟု သိရသည်။
http://www.narinjara.com/detailsbur.asp?id=3689

Thursday, December 29, 2011
ကေအိုင်အေ မျိုးချစ်တပ်ဖွဲဝင်များမှ သိန်းစိန်အစိုးရ စစ်တပ်တောင်ကုန်းတစ်ခုအား တက်ရောက်သိမ်းပိုက်အောင်ပွဲခံ
ပေးပို့ သူ Brangja Mahka အား အထူးကျေးဇူးတင်ရှိပါကြောင်း
Type the rest of your post here.
Type the rest of your post here.
General Tamalarpaw wish for Karen New Year falls twice in 2011 (ရုပ်သံ)
ဗီဒီယို - Burma VJ
Type the rest of your post here.
Type the rest of your post here.
Potrait of Naw Ohn Hla – ဒေါ်ချိုချိုအေး၏ ပြန်လည်ပြောကြားချက်၊ မိုးမခနဲ့ မေးခွန်းများ
နော်အုန်းလှ ရုပ်ပုံလွှာ
ဒေါ်ချိုချိုအေး၏ ပြန်လည်ပြောကြားချက်၊ မိုးမခနဲ့ မေးခွန်းများ
မိုးမခနဲ့ တွေ့ဆုံစကားပြောဖြစ်ခဲ့သူ တဦးကတော့ အင်န်အယ်ဒီပါတီက ထုတ်ပယ်ခံထားရတဲ့ တောင်ဒဂုံမြို့နယ်က ဒေါ်ချိုချိုအေး ဖြစ်ပါတယ်။
မေး။။ ဒေါ်နော်အုန်းလှနဲ့ ဘယ်တုန်းက စတင်တွေ့ဆုံခဲ့ကြတာလဲ။
ဖြေး။ မြန်မာနိုင်ငံသူနိုင်ငံသားတိုင်း ဒီမိုကရေစီနှင့် လူ့အခွင့်ရေးများ ရရှိစေရန် ခံယူချက်နဲ့ ၁၉၉၇ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD သို့ ကျွန်မ ဝင်ရောက်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်လောက်မှ စတင်ပြီးတော့ ကျွန်မနဲ့ ဒေါ်နော်အုန်းလှ စတင်သိခဲ့ကျွမ်းခဲ့ပါတယ်။
မေး။။ ၂၀၀၃ ခုနှစ် မေလကုန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီပါတီဝင်တွေ ဒီပဲယင်းအရေးအခင်းမှာ လုပ်ကြံတိုက်ခိုက်ခံခဲ့ရတယ်။ အဲသည်နောက်ပိုင်းမှာ ဒေါ်နော်အုန်းလှရဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေ သတင်းမီဒီယာမှာ ပေါ်ပေါက်လာတယ်။ အဲသည်မှာလည်း ပါဝင်ခဲ့ပါသလား။
ဖြေ။။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေး အတွက် အင်္ဂါမိသားစု အမည်နှင့် အင်္ဂါနေ့တိုင်း အင်္ဂါထောင့်တွင် နေ့လည် တစ်နာရီခွဲ အချိန်တိုင်း ဒေါ်နော်အုန်းလှ ဦးဆောင် ပြုလုပ်တဲ့ဆီမှာ ကျွန်မ ပါဝင်လက်တွဲခဲ့ပါတယ်။ အဲဒီအချိန် အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ အတားအဆီး အခက်အခဲမှန်သမျှ ကျော်ဖြတ်ခဲ့ရကြပါတယ်။
မေး။။ ဆုတောင်းတဲ့ လှုပ်ရှားမှုတွေအပြင် တောင်းဆိုမှုတွေကော လှုပ်ရှားခဲ့တာတွေ ရှိပါသလား။
ဖြေး။ အဲဒီနောက် စက်တင်ဘာ ၂၇၊ ၂၀၀၄ ခုနှစ် ရက်နေ့မှာ ရန်ကုန်မြို့ U.N.D.P ရုံးကို သွားရောက်ပြီးတော့ အချက်(၃)ချက်ကို ဒေါ်နော်အုန်းလှ အပါအဝင် (၃၅) ဦး သွားရောက်တောင်းဆိုခဲ့ပါတယ်။
မေး။။ ဘာတွေ တောင်းဆိုခဲ့ပါသလဲ။
ဖြေ။။ ၂၀၀၄ ခုနှစ် စက်တင်ဘာလမှာ နိုင်ငံတကာက မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ ပတ်သက်ပြီး တောင်းဆိုခဲ့တာတွေလည်း ပါဝင်ပါတယ်။ ပထမ တချက်ကတော့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ကုလသမဂရုံးရှေ့မှာ မြန်မာနိုင်ငံအတွက် အစာငတ်ခံဆန္ဒပြနေကြသောအဖွဲ့တွေကို ယူအန်က လစ်လျူရှုထားခြင်းမပြုဘဲ သူတို့တောင်းဆိုချက်များကို တွေ့ဆုံညှိနှိုင်းသင့်ပါကြောင်း။ ပြီးတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ရွေးကောက်ပွဲနှစ်ပတ်လည်နေ့ ဆန္ဒပြသူ (၃၀) ဦးကျော်ကို ထိုင်းအစိုးရက ဖမ်းဆီးထားတဲ့အတွက် ထိုင်းနိုင်ငံ၊ ကုလသမဂ္ဂရုံးအနေနဲ့ သွားရောက်ကြည့်ရှုသင့်ပါကြောင်း၊ ပြီးတော့ နောက်ဆုံးတချက်အဖြစ် ကုလသမဂ္ဂအနေနဲ့ ၉၀ပြည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကို အသိအမှတ်ပြုထားပြီးဖြစ်သည့်အတွက် ဆက်လက် အကောင်ထည်ဖေါ်ဆောင်ရွက်ပေးပါရန် တို့ကို တင်ပြတောင်းဆိုမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
မေး။။ အဲသည်အတွက် ဘယ်လိုမျိုး ရလဒ်တွေ ရရှိခဲ့သလဲ။
ဖြေ။ အဲသည်အတွက် ဒေါ်နော်အုန်းလှအပါဝင် (၃၅) ဦးတို့ကို ရန်ကုန်တိုင်းစည်းရုံးရေးအဖွဲ့ကနေပြီး ဗဟိုအလုပ်မှုဆောင်အဖွဲ့ရဲ့ညွှန်ကြားချက်အဖြစ် အဖွဲ့ချုပ်ရဲ့ တာဝန်အသီးသီးက ၁ နှစ် ရပ်ဆိုင်းခြင်းခံခဲ့ရပါတယ်။ ရန်ကုန်တိုင်းအတွင်းရေးမှူးဖြစ်သူ ဒေါက်တာဦးဝင်းနိုင်မှ စာအမှတ် (၀၃၃) ရကတနဲ့ ၁ ရက် အောက်တိုဘာ ၂၀၀၄ မှာ လက်မှတ်ထိုးထုတ်ပြန်ခဲ့ပါတယ်။
မေး။။ စစ်အစိုးရရဲ့ ဖမ်းဆီး စစ်ဆေးခံခဲ့ရတာတွေကော ရှိပါသလား။
ဖြေ။ ။ အောက်တိုဘာ ၃၊ ၂၀၀၉ ခုနှစ်မှာ နေ့မှာ ဒေါ်နော်အုန်းလှ ဦးဆောင်ပြီး စက်တင်ဘာ ရွှေဝါရောင် နှစ် နစ်ပြည့် အဖြစ် သီတင်းကျွတ်လပြည့်နေ့၊ ဒဂုံမြို့နယ်မကွေးစာသင်တိုက်မှာ ရဟန်းသံဃာတော်တွေကို ဆွမ်းကပ်ပြီးပြန်လာတဲ့ ဒေါ်နော်အုန်းလှအပါဝင် အမျိုးသမီး (၄) ဦးကို သင်္ဃန်းကျွန်းမြိုနယ် စံပြဈေးထဲမှာ အာဏာပိုင်တို့ရဲ့ ဖမ်းဆီး ထိန်းသိမ်းတာကို ခံခဲ့ရပါတယ်။ ငမိုးရိပ်စံပြရပ်ကွက် ရထားရုံးကနေ ခြောက်ထပ်ကြီးစစ်ကြေားရေးကို ခေါ်ဆောင်သွားပြီးတော့ ၃ ည နဲ့ ၁ မနက် တိုင်တိုင် မအိပ်စေရဘဲ စစ်ဆေးမေးမြန်းတာတွေကို ခံခဲ့ရပါတယ်။
မေး။။ အဲသည်နောက်မှာ စစ်အစိုးရက ထောင်သွင်းအကျဉ်းချခဲ့ပါသလား
ဖြေ ။ အောက်တိုဘာ ၇ ရက် ၂၀၀၉ ခုနှစ်မှာ အင်းစိန်ထောင်ကို ပြောင်းရွှေ့ချုပ်နှောင်ခဲ့ပါတယ်။ ပို့ဆောင်ခဲ့သည်။ နောက်ပိုင်းမှာတော့ အင်းစိန်ထောင်အတွင်း အထူးတရားရုံးတော်မှာ ရုံးတင် စစ်ဆေးခြင်းပြီး အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။ ၂၀၁၀ ဖေဖော်ဝါရီ ၁၅ မှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၆ မှာတော့ ဒေါ်နော်အုန်းလှကို တောင်ငူထောင်၊ မစန်းစန်းမြင့်ကို သာယာဝတီထောင်၊ မချိုချိုလွင်ကို ပြည်ထောင်၊ ကျမ မချိုချိုအေးကို ရမည်းသင်းထောင် ဆိုပြီး တကွဲတပြား ထောင်ချထားခဲ့ပါတယ်။
မေး။။ ဒေါ်နော်အုန်းလှနဲ့ ပတ်သက်ပြီး မိမိရဲ့ သဘောထားကို ပြောပြပါ။
ဖြေ။။ မနော်နဲ့ တွဲပြီး လုပ်ဆောင်ခဲ့တဲ့အတွက် သူ့စိတ်ဓါတ်ကို ပိုပြီး သိလာရပါတယ်။ အင်္ဂါဆုတောင်းပွဲတွေမှာ အာဏာပိုင်တွေရဲ့ တားဆီး ဖိနှိပ် တာတွေ၊ နှိမ်နင်းတာတွေဟူသမျှကို ရင်ဆိုင် ဖြေရှင်းခဲ့တယ်။ အားလုံးရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်အောင် မဆုတ်မနစ် ကြိုးစားပြီး သွားခဲ့တယ်လို့ ပြောချင်ပါတယ်။ စကားပြောရာမှာလည်း ပွင့်ပွင့်လင်းလင်း ရှိပါတယ်။ သူ့ကို တာဝန်ပေးသည်ပဲဖြစ်ဖြစ် သူလုပ်သင့်တယ်လို့ ထင်တဲ့ကိစ္စများကိုလည်း မညီးငြူဘဲလုပ်ဆောင် ပါတယ်။ ကားတိုက်မှုဒဏ်ကြောင့် ခါးရိုးမကောင်းပေမယ့် နိုင်ငံရေးတာဝန်များကို ရပ်ဆိုင်းမသွားဘဲ အခုအချိန်အထိ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ နိုင်ငံ့အရးကို သူသေမှပဲ ရပ်မယ့် လူစားမျိုးလို့ ပြောချင်ပါတယ်။ သူနဲ့ ရဲဘော်အဖြစ် မိတ်ဆွေအဖြစ် ရပ်တည်လက်တွဲရတဲ့အတွက် ကျမ ဂုဏ်ယူပါတယ်။
http://moemaka.com/2011/12/potrait-of-daw-naw-ohn-hla-%E1%80%B1%E1%80%92%E1%81%9A%E1%80%81%E1%80%BA%E1%80%B4%E1%80%AD%E1%80%81%E1%80%BA%E1%80%B4%E1%80%AD%E1%80%B1%E1%80%A1%E1%80%B8%E1%81%8F-%E1%80%BB%E1%80%95%E1%80%94/
ဓါတုသိုလှောင်ရုံ ပေါက်ကွဲမှု လူ ၂၃ ဦးသေဆုံး
မီးကြွင်းမီးကျန်များ ငြိမ်းသတ်နေသော မီးသတ်သမားများကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ နိုင်ငံပိုင် ဓါတုပစ္စည်းများ သိုလှောင်ရာ ဂိုဒေါင်တွင် မီးလောင်ကျွမ်းမှုဖြစ်ပြီး ပေါက်ကွဲရာက လူ ၂ဝ ကျော်သေဆုံးပြီး ၇ဝ ကျော် ဒဏ်ရာရရှိခဲ့သည်။
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ်
မဇ္ဈိမသတင်းဌာန ။ ။ စီးပွားကူးသန်းပိုင် ဂိုဒေါင်တွင် ပေါက်ကွဲမှုက အနည်းဆုံး လူ ၁၀ ဦး သေဆုံးသည်ဟု အခင်းဖြစ်ပွားရာ ရောက်ရှိနေသူများက ပြောသည်။
မီးလောင်စေနိုင်သော သင်္ဘောဆေးများနှင့် သင်္ဘောဆေး ချက်လုပ်ရာ ပစ္စည်းများထားသော ဂိုဒေါင်တွင်
ပေါက်ကွဲမှု ဖြစ်ပွားခြင်း ဖြစ်သည်။ ခန္ဓာကိုယ် အပိုင်းအစများ လွင့်ထွက်လာခဲ့သည်ကို မြင်ကြရသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။
ဂိုဒေါင်တွင် မိသားစုလိုက် ညစောင့် အိပ်နေခဲ့ကြသည်ဟု အနီးနားနေသူများက ပြောကြားပြီး သေဆုံးသူများတွင် ဂိုဒေါင်စောင့်သူများ ပါဝင်သည်ဟု ယုံကြည်ရသည်။ အခင်းဖြစ်ပွားရာသို့ လာရောက်ကြည့်ရှု့သော ထောင်ချီနေ
သော လူအုပ်စုကြီးက ထပ်မံ ပေါက်ကွဲမှုများ ဖြစ်မည်ဆိုသော စိုးရိမ်စိတ်ဖြင့် ဝေးရာသို့ ပြန်လည် ပြေးလွှားနေကြ သည်။
ကူးတို့ဆိပ်လမ်းမှ အိမ်အတော်များများ ပြိုကျသွားခဲ့သလို မီးသတ်ကားများ ရောက်ရှိပြီးမှ ထပ်မံပေါက်ကွဲမှုကြောင့် မီးသတ်ကားနှစ်စီးကို ထိခိုက်မှု ဖြစ်ခဲ့သည်။
ကြာသပတေးနေ့ နံနက် ၂ နာရီခန့်က အင်အားပြင်းထန်သော ပေါက်ကွဲမှုကြီးက ရန်ကုန်မြို့ မြို့နယ် အများအပြား မှ အိပ်မောကျနေသူများကို လန့်နိုးသွားစေခဲ့သည်။
ဂိုဒေါင် ၃၂ လုံးရှိရာ ပုဇွန်တောင်ကမ်းအနားအနီး ဂိုဒေါင်များတွင် မီးလောင်လျှက်ရှိပြီး အခင်းဖြစ်ပွားသော နေရာ ၏ “ကိုက် ၄၀၀၊ ၅၀၀ အကွာမှာရှိတဲ့ အေဘီစီ လမ်းမကြီးပေါ် တွင် ကျောက်ခဲများ ပြန့်ကျဲနေတာ မြင်မကောင်း” ဟု မျက်မြင်သက်သေ တဦးက ဆိုသည်။
အဆောက်အဦးပေါက်ပြီး ပြန့်ထွက်လာတဲ့ ခဲမှန်လို့ပင် ဒဏ်ရာရသူများကို တွေ့ရပြီး “သွေးသံရဲရဲနဲ့ လူအများ
ပြေးလွှားနေတာကိုတွေ့ရ” သည်ဟု မျက်မြင်တဦးက ပြောသည်။ သေဆုံး သို့မဟုတ် ဒဏ်ရာရသူ လူအများ အပြားကို မီးလောင်ရာနေရာမှ ဆွဲထုတ်နေသည်ကိုလည်း တွေ့ရသည်ဟု ဆိုသည်။
“ကျနော်တို့အားလုံး ပြေးနေကြတယ်” ဟုဆိုကာ ပတ်ဝန်းကျင် တခုလုံး “ဝရုန်းသုန်းကား” ဖြစ်နေသည်ဟု အခင်းဖြစ်ပွားရာကို လွန်ခဲ့သည့် တနာရီကတည်းက ရောက်ရှိနေသူ တဦး ကပြောသည်။
ဒဏ်ရာရသူများကို သယ်ထုတ်နေသည်မှာ မပြီးပြတ်နိုင်သေးဘဲဖြစ်ပြီး အသေအပျောက် ရှိလိမ့်မည်ဟု အခင်းဖြစ်ပွားရာ ရောက်နေသော လုံခြုံရေးတဦးက ပြောသည်။
http://www.mizzimaburmese.com/news/breaking-newsbrief/8824-2011-12-28-19-54-09.html
Wednesday, December 28, 2011
ရန်ကုန်ပေါက်ကွဲမှု့ ပြင်းထန်
မနေ့က ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန် မြို့နယ်ရှိ ဆေးဝါးသိုလှောင်ရာ ဂိုထောင်တစ်ခုတွင် ဒေသစံတော်ချိုန် နေ့လည် ၂ နာရီခန့်၌ ပေါက်ကွဲမှု့ ဖြစ်ပွား ခဲ့ပါသည်။ ယောကျာ်း (၁ဝ)ဦး (မီးသတ်သမား သုံးဦးအပါအဝင်)နှင့် အမျိုးသမီး ၅ ဦး ပေါင်း (၁၅)ဦး တို့ သေဆုံးခဲ့ပြီး၊ မီးသတ်သမား (၃ဝ) အပါအဝင်(၆၅)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါသည်။ ပေါက်ကွဲပြီး မီးလောင်မှု့ဖြစ်ပွားသဖြင့် မီးသတ်ကားများမှ သွားရောက်မီးငြိမ်းသတ်စဉ် များထပ်ပြီး ပေါက်ကွဲမှု့ကြောင့် မီးသတ်သမားများ သေဆုံး ဒါဏ်ရာ ရခဲ့ကြခြင်းဖြစ်ပါသည်။
ကိုးကား - AFP သတင်း
Type the rest of your post here.
ကိုးကား - AFP သတင်း
Type the rest of your post here.
KIA နှင့် အစိုးရတပ် ဆက်လက် တိုက်ခိုက်နေ
အစိုးရနှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ ငြိမ်းချမ်းရေး အတွက် ပြောဆိုနေကြပြီး သမ္မတ ဦးသိန်းစိန်က အစိုးရ တပ်ဘက်ကို မတိုက်ခိုက်ရန် ညွန်ကြားထားသော်လည်း ပြီးခဲ့သည့် တနင်္ဂနွေနေ့မှ စတင်၍ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျက် ရှိသည်။
ဓာတ်ငွေ့ကာ မျက်နှာဖုံးများ တပ်ဆင်ထားသော KIA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)
ဒီဇင်ဘာ ၂၅ ခရစ္စမတ်နေ့ မှ စတင်၍ ယနေ့အထိ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့KIA ထိန်းချုပ်ဒေသမှ နမ့်လတ် တပ် စခန်းကို အစိုးရတပ်၏ ခြေလျင်တပ်ရင်း အမှတ် ၆၈၊ ၅၀၇ တပ်ရင်းများ က တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း KIA တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရောက ဧရာဝတီကို ပြောသည်။
“အခုမနက် ၇ နာရီနဲ့ ၈ နာရီကြားမှာ တခေါက် သူတို့ ပြန်ပြီးတော့ ထိုးစစ်ဆင်တယ်၊ အဲဒီတော့ အခုအချိန်အထိ ကျနော်တို့ ခုခံနေတုန်းပဲ”ဟု ၎င်းက ဆိုသည်။
ယင်း ဒေသရှိ KIA နမ့်လတ် တပ်စခန်းကို သိမ်းပိုက်ရန်အတွက် စစ်သည်အင်အား ၃၀၀ ခန့်ဖြင့် တိုက်ခိုက်နေခြင်း ဖြစ် ကြောင်းလည်း ဗိုလ်မှူးကြီး ဇော်ရောက ဆက်ပြောသည်။
“သူတို့ဘက်က ထိုးစစ်ဆင်တာ၊ ဘာရည်ရွက်ချက်လည်းတော့ မသိဘူး၊ သမ္မတက ကာကွယ်ရေး ဦးစီးချုပ်ကို ညွန့်ကြားချက် ပို့တာ ထိုးစစ်မဆင်ဘူးတို့ ဘာတို့ဆိုတာ အဲဒါကတော့ အလကားပဲ၊ မဖြစ်နိုင်တဲ့ ပုံစံပဲ၊ စစ်တပ်က သမ္မတ စကားကို နားမထောင် တာပဲလားတော့ မသိဘူး၊ အချင်းချင်းထဲမှာ ဘာဖြစ်ကြသလဲ မသိဘူး၊ သိသာလွန်းတယ်”ဟု ၎င်းက ဆိုသည်။
ကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများ၌ တပ်အင်အား တိုးခြင်း၊ ထိုးစစ်ဆင်ခြင်းတို့ မလုပ်ဆောင်ရန် သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ ဒီဇင်ဘာ ၁၀ ရက်နေ့က စာပို့ ညွန်ကြားထားသည်။
သမ္မတ ဦးသိန်စိန်၏ နိုင်ငံရေး အကြံပေးအဖွဲ့မှ ဦးကိုကိုလှိုင်ကမူ စစ်တပ်က သမ္မတ အမိန့်ကို မနာခံ၍ တိုက်ပွဲများဆက်ဖြစ် နေခြင်း မဟုတ်ကြောင်း၊ နှစ်ဦးနှစ်ဘက် ယုံကြည်မှု မတည်ဆောက်နိုင်ခြင်းတို့ကြောင့် ယခုကဲ့သို့ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲများတွင် လတ်တလော ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေကို မသိရှိရသေးသော်လည်း အစိုးရ၏ လက်နက်ကြီး ဒဏ် ကြောင့် KIA တပ်ဖွဲ့ဝင် ၂ ဦး မူးဝေသည့် ဝေဒနာ ခံစားရကြောင်း၊ အစိုးရတပ်က သုံးခဲ့သည့် လက်နက်ကြီးများတွင် ဓာတုပစ္စည်း ပါဝင်နိုင်ကြောင်း ဗိုလ်မှူးကြီး ဇော်ရောက ပြောသည်။
၎င်း၏ ပြောဆိုချက်အား သီးခြား အတည်မပြုနိုင်သော်လည်း ဧရာဝတီက မကြာသေးခင်က ရရှိခဲ့သော ဓာတ်ပုံမှတ်တမ်းများ အရ KIA တပ်ဖွဲ့ တချို့ စစ်မြေပြင်တွင် ဓာတ်ငွေ့ကာ မျက်နှာဖုံးများ တပ်ဆင်၍ တိုက်ပွဲဝင်နေကြောင်း တွေ့ရသည်။
“စာပို့လာတော့ ကျနော်တို့က ထပ်မံတွေ့ဆုံမယ့် အဖွဲ့ကို ဖွဲ့ပြီးပြီ၊ ပြင်ဆင်ပြီးပြီ၊ အကြောင်းလည်း ပြန်ပြီးပြီ၊ အဲဒီတော့ သူတို့ ထပ်ပြီး ထိုးစစ်ဆင်လာတယ်ဆိုတော့ သူတို့ကို ဘယ်လိုယုံရမှန်း မသိတော့ဘူး”ဟု ဗိုလ်မှူးကြီး ဇော်ရောက ဆိုသည်။
ဒီဇင်ဘာ ၁၈ ရက်နေ့က နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ကမ်းလှမ်းမှုနှင့် ပတ်သက်၍ KIA က ဆွေးနွေးလိုကြောင်းလည်း မကြာခင်ရက်ပိုင်းအတွင်း စာပြန် ထား ကြောင်း သိရသည်။
နိုဝင်ဘာလ၂၉ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့၌ ဦးအောင်သောင်း၊ ရထားဝန်ကြီး ဦးအောင်မင်း၊ မြစ်ကြီးနားမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့နှင့် KIO ခေါင်းဆောင်များ နောက်ဆုံး တွေ့ဆုံခဲ့ကြသည်။
ထိုသို့ တွေ့ဆုံစဉ် KIO အဖွဲ့ခေါင်းဆောင်များက အပစ်အခတ်ရပ်စဲရေး သက်သက်ထက် နိုင်ငံရေးအရ ဦးစားပေး ဆွေးနွေးရန် တိုက်တွန်းမှုအပေါ် အစိုးရဘက်မှ ပြန်လည်တုံ့ပြန်ခြင်း ဖြစ်သည်။
အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား ယခုနှစ် ဇွန်လမှစတင်၍ ဖြစ်ပွားခဲ့သော တိုက်ပွဲများ ကြောင့် KIA ထိန်းချုပ်ရာ လိုင်ဇာဒေသတ၀ိုက်၌ လတ်တလော ဒုက္ခသည် ၃၄၀၀၀ ကျော်ရှိပြီး ၀ိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ မိုင်ဂျာယန် စသည်တို့တွင် ဒုက္ခသည် ၇၀၀၀ ခန့် ထပ်မံ တိုးပွားလာကြောင်း သိရသည်။
KIA သည် ၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို၍ နှစ်ဘက် အပစ်အ ခတ်ရပ်စဲ ခဲ့သည်။
အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ KIA ထိန်းချုပ် ဒေသများတွင် စစ်ရေးပဋိပက္ခတချို့ ဖြစ်ပွားခဲ့သော် လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၇ နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ပြီးခဲ့သည့် ဇွန်လတွင် စတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့ခြင်းဖြစ်သည်။
http://burma.irrawaddy.org/archives/4197

၂၇၅၁ ခုနှစ် ကရင်နှစ်သစ်ကူးအခန်းအနား(မလေးရှား) - အပိုင်း ၁
ကိုးဒီသွေးဘလော့မှ ရယူသည်။
Type the rest of your post here.
Type the rest of your post here.
Monday, December 26, 2011
ကရင်နှစ်ကူးပွဲများ အကန့်အသတ်ဖြင့် ကျင်းပ
တပ်မတော်အရာရှိဟောင်းလည်းဖြစ် ကရင်ပြည်သူ့ ပါတီခေါင်းဆောင်လည်းဖြစ် သိန်းစိန်အစိုးရ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးလည်းဖြစ် စောထွန်းအောင်မြင့် တစ်ယောက် ကျနော်တို့ ကရင်အမျိုးသားနှစ်သစ်ကူးပွဲကို လွတ်လွတ်လပ်လပ်ကျင်းပဖို့ မဦးဆောင်နိုင်ရင် မလုပ်ရဲ မကိုင်ရဲရင် NDF မှ ကချင်အမျိုးသမီး ဒေါ်ဘောက်ဂျာစီမှာ သွားပြီး ပညာလေးဘာလေး သင်ယူလိုက်ဦး။ ပြည်တွင်းက ကရင်တွေ မျိုးချစ်တယ် ပြောတာ ကျနော်တို့ ညီနောင် ကချင်တွေနဲ့ ကွာပါပေ့။ တခါတစ်လေ ချီးပန်းလောက်အောင် ကြောက်နေကြတာလွန်ရော။ ဒီတခါ ရှင်းရှင်းပြောရရင် ကရင်တွေမျိုးချစ်တယ် ဆိုတာက ကျနော်တို့ ညီနောင်ကချင်အမျိုးသားများက သနားတယ်လို့ ပြောနေပါပြီ။
၂၀၁၀ ရွေးကောက်ပွဲဝင် ပြည်တွင်းကရင်ပါတီတွေ၊ NLD မှာရှိနေတဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက အနိုင်ရ ကရင်လူမျိုး ကိုယ့်စားလှယ်တွေ( ဥပမာ- နန်းခင်ထွေးမြင့်၊ မန်းဂျော်နီ.. အစသဖြင့်အများကြီးရှိတယ်) နိုးထကြပါတော့။ သိပ်ပြီး ကြောက်ချီးပန်းမနေကြပါနဲ့ ။။ ဒေါ်ဘောက်ဂျာ ဘယ်လိုလုပ်ရှားသွားတယ်ဆိုတာ အတုယူကြပါ။ ခင်ဗျားတို့ လက်နဲ့ မလုပ်နိုင်သည့်တိုင်အောင် ပိတ်နေတဲ့ပါးစပ်တွေကို ဖြတ်ဖေါက် ဖွင့်လိုက်ကြပါ။ မတရားမှုတွေအတွက် ပြည်တွင်းမှာ ရဲရဲရင်ဆိုင် ထလုပ်ကြပါတော့ တိုက်တွန်းပါရစေ။ NLD မှာရှိနေတဲ့ ကရင်ကိုယ်စားလှယ်တွေ ဒေါ်အောင်ဆန်းစုကြည် တမီနားပဲ ခိုကပ်စားကြမလား။ ကိုယ့်လူမျိုးအရေး တခွန်းတပါဒမှ ပြောဖို့ မ၀ံ့ရဲကြတော့ဘူးလား.. ခင်ဗျားတို့ ဒီလိုပဲဆက်နေရင် စိန်နားကပ်နားပါးပြောင်လူတွေပဲလို့ မှတ်ချက်ချရပါမည်။ ဒီလိုဆိုရင် အနာဂါတ်မှာ NLD မှာရှိနေတဲ့ ကရင်ကိုယ်စားလှယ်တွေ သုံးစားလို့ မရဘူး ဆိုတာ ကျနော်တို့ ကမ္ဘာသိလုပ်ဆောင်သွားမည်လို့  ကြိုတင်အသိပေးပါရစေ။
xxxxxxxxxxxxxx
အရပ်သားအစိုးရ အုပ်ချုပ်နေသော်လည်း ကရင်နှစ်သစ်ကူးပွဲ အခမ်းအနားများကို အကန့်အသတ်ဖြင့် ပြုလုပ်နေရဆဲဖြစ်သည်ဟု ယမန်နေ့က ရန်ကုန်မြို့ရှိ နှစ်သစ်ကူးပွဲတော်များကို စီစဉ်သည့် ကရင်တိုင်းရင်းသားများက ပြောသည်။
ယမန်နေ့က ရန်ကုန်မြို့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတခုတွင် ဒုံးယိမ်းအကဖြင့် တင်ဆက်နေသော ကရင်လူငယ်များ (ဓာတ်ပုံ - ဧရာဝတီ)
“ကရင်နှစ်သစ်ကူးပွဲကို ကျင်းပခွင့်ပြုထားပေမယ့် ကျွန်တော်တို့ဆီ ပေးပို့လာတဲ့ ပါတီ၊ အဖွဲ့အစည်းတွေရဲ့ သ၀ဏ်လွှာတိုင်းကို ဖတ်ကြားခွင့် မပေးဘူး” ဟု အင်းစိန်မြို့နယ်၊ အာလိန်ငါးဆင့်ဘုရားအတွင်း ပြုလုပ်သည့် ကရင်နှစ်သစ်ကူးပွဲ ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။
လူမျိုးရေး၊ နိုင်ငံရေးအကြောင်းအရာများ ပါဝင်သည့် သ၀ဏ်လွှာများ ဖတ်ကြားနိုင်ခြင်း မရှိဟု သူက ရှင်းပြသည်။
ကရင်တိုင်းရင်းသားတို့၏ နိုင်ငံရေးလှုပ်ရှားမှု၊ ကရင် အမျိုးသား ခေါင်းဆောင်ကြီးများ၏ ဓာတ်ပုံနှင့် ကိုယ်ရေး ရာဇ၀င်များ၊ နယ်စပ်ဒေသရောက် ကရင်တိုင်းရင်းသားတို့၏ လတ်တလော အခြေအနေများ စသည်တို့ကို ပြပွဲများတွင် ထည့်သွင်းပြသခွင့် မရှိဟု ပွဲစီစဉ်သူများက ဆိုသည်။
ထိုသို့ အကန့်အသတ်များ ရှိသော်လည်း နှစ်သစ်ကူးပွဲများ ကျင်းပခွင့် လျှောက်ထားချက်များကို အာဏာပိုင်တို့က ချက်ချင်း ခွင့်ပြုခဲ့သည်ဟု နှစ်သစ်ကူးပွဲ ကျင်းပရေးကော်မတီများထံမှ သိရသည်။
ယခင်နှစ်များကဲ့သို့ပင် အင်းစိန်မြို့နယ်ရှိ အာလိန်ငါးဆင့် ဘုရား၊ အလုံမြို့နယ်ရှိ ပိုးကရင် နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း ကဲ့သို့သော ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ကရင်တိုင်းရင်းသားများ နေထိုင်ရာ ရပ်ကွက်များတွင် ကရင်နှစ်သစ်ကူးပွဲများ ကျင်းပခဲ့သည်။
နှစ်စဉ် ပြာသိုလဆန်း ၁ ရက်နေ့တွင် ကျင်းပမြဲဖြစ်သော ရန်ကုန်ရှိ ထိုပွဲတော်များတွင် ကရင်တိုင်းရင်းသားတို့၏ သမိုင်း၊ ၀တ်စားဆင်ယင်မှု၊ ရိုးရာ တူရိယာ၊ အသုံးအဆောင်၊ အနုပညာနှင့်စာပေ၊ ထူးချွန်သူတို့၏ ဓာတ်ပုံများကို ခင်းကျင်း ပြသထားသည်။
ယမန်နေ့က ရန်ကုန်မြို့ ကရင်နှစ်သစ်ကူးပွဲများသို့ ကရင် တိုင်းရင်းသားရေးရာ ၀န်ကြီး ပဒိုစောထွန်းအောင်မြင့်က သ၀ဏ်လွှာ ပေးပို့ပြီး ဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။
“နှစ်ပေါင်းများစွာ ကန့်သတ်ချက်တွေ ရှိခဲ့တယ်၊ ကျနော်တို့ ၀န်ကြီး ရှိလာတဲ့နှစ်မှာ ကန့်သတ်ချက်တွေ လျော့လာတယ်လို့ မြင်ပါတယ်” ဟု အလုံမြို့နယ်ရှိ ပိုးကရင် နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း၊ ကရင်နှစ်သစ်ကူးပွဲ ကျင်းပရေး ကော်မတီဝင် တဦးက ဆိုသည်။
အင်းစိန်မြို့နယ်မှ ကရင်တိုင်းရင်းသားတဦးကလည်း “ကျနော်တို့ လူမျိုးရဲ့ ပွဲတော်ကို ကျင်းပခွင့်ရရင်ပဲ ကျေနပ်နေတာပါ၊ ကန့်သတ်ချက်တွေကို မကြိုက်ပေမယ့်လည်း ပွဲတော်ကို စဉ်ဆက်မပြတ် လုပ်နေဖို့ပါပဲ” ဟု ပြောသည်။
ကရင်နှစ်သစ်ကူးပွဲတော်များကို ၁၉၃၉ ခုနှစ်မှ စပြီး အလုံမြို့နယ်ရှိ ပိုးကရင် နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတွင် စတင် ကျင်းပခဲ့ကြောင်း သိရသည်။
http://burma.irrawaddy.org/archives/4104

မြန်မာအစိုးရနှင့် ဆွေးနွေးရေး အတွက်အကြံပြုကြရန် ကရင်လူမှုအဖွဲ့များအား KNU ဖိတ်ခေါ်
ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးက ကရင်ပြည်သူများ၏ အမြင်များကိုတရားဝင်ဖိတ်ခေါ်လိုက်ပါပြီ။ ဗမာပြည်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကိုယ်ပိုင် ထင်မြင်ယူဆချက်များကို ကေအဲန်ယူ ဗဟိုသို့ တိုက်ရိုက်လိပ်မူပြီး ပို့ ပေးတာ ဒီအချိန်မှာ အကောင်းဆုံးပါ။ အထူးသဖြင့် အခါအားလျော်စွာ ကေအဲန်ယူ လူကြီးများကို ဘာဖြစ်တယ် ညာဖြစ်တယ် မီးဖိုချောင်စကားလုံးတွေ နဲ့ အတင်းတုတ်နေတဲ့လူတွေ ဒီအချိန်မှာ ခင်ဗျားတို့ ထင်မြင်ယူဆချက်ကို လွတ်လွတ် လပ်လပ် တင်ပြကြပါ။ ကေအဲန်ယူက အများသဘောထားကို လက်ခံမှာဖြစ်ပြီး အမျိုးသားအကျိုးအတွက် ဆုံးဖြတ်ချက်များကို ချမှတ်မှာဖြစ်ပါတယ်။ အများသဘောထားက ဒီအစိုးရ မယုံရဘူး လက်မှတ်မထိုးနဲ့ လို့ ပြောလာရင် ကေအဲန်ယူကလည်း ကရင်လူထုရဲ့ စကားကို လက်ခံရမှာဖြစ်တယ်။ ကိုယ်ကိုတိုင်လည်း ထင်မြင်ယူဆချက်တွေ မပေး ကေအဲန်ယူ ရဲ့ ဆုံးဖြတ်ချက်က ကိုယ့်သဘောနဲ့ လည်း မတိုက်ဆိုင်ရင်.. ဘာညာကွိကွတွေဘေးကန့် လန့် တွေဆက်ပြီးမလုပ်ပါနဲ့ ။ မကူညီနိုင်ရင် မနှောက်ယှက်ကြပါနဲ့ တော့။
- ဗိုလ်ကျော်သန်း၊ ဦးသာထူးကျော်၊ မောင်ချစ်သူ ဦးဆောင်တဲ့ ဒီကေဘီအေ နယ်ခြားစောင့်တပ်ပြောင်းတာ ကရင်လူထု သဘောထား မယူပါ။ အသိမပေးပါ။
- ဗိုလ်ချူပ်ထိန်မောင်၊ ဆရာတိမသေ ဦးဆောင်တဲ့ ငြိမ်းကောင်စီအဖွဲ့  အပစ်ရပ်တုန်းက ကရင်လူထု သဘောထားကို မယူပါ။ အသိမပေးပါ။
- မနေ့ တစ်နေ့ ကမှ အပစ်ရပ်လိုက်တဲ့ ဗိုလ်မှူးစောလားဘွယ် ဦးဆောင်တဲ့ ကလိုထူးဘော တပ်ဖွဲ့ လည်း ကရင်လူထု သဘောထားမယူပါ။ အသိမပေးပါ။
ပြည်သူအတွက် လုပ်နေပါတယ်လို့ ဆိုကြပေမယ့် ပြည်သူကို အသိမပေးပဲလုပ်သွားခြင်း၊ ပြည်သူ့ သဘောထားမခံယူပဲပြုလုပ်ခြင်း၊ စသည်တို့ က ကရင်လူထုကို ဥပက္ခပြုရာရောက်သလို မထီမဲ့မြင်ပြုလုပ်ရာလည်းသက်ရောက်ပါသည်။
xxxxxxxxxxxxxxxxxxxxx
ဒီဇင်ဘာလ ၂၆ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး-KNU သည် ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ ၁၂ရက်နေ့တွင် မြန်မာအစိုးရနှင့် တရားဝင် သွားရောက် တွေ့ဆုံဆွေးနွေးမည်ဖြစ်၍ မတွေ့ဆုံမီ အကြံပြုမှုများ ပေးပို့ကြရန် ပြည်တွင်းပြည်ပရှိ ကရင်လူမှုအဖွဲ့အစည်းများထံသို့ ယခင်အပတ်က ဖိတ်ခေါ်စာတစ်စောင် ပေးပို့ခဲ့သည်။
မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုသည် ကရင်တမျိုးသားလုံး၏အရေးနှင့် သက်ဆိုင်သောကြောင့် ကရင်အဖွဲ့အစည်းနှင့် ကရင်ခေါင်းဆောင်တို့၏ အမြင်သဘောထားနှင့် အကြံပြုချက်များ လိုအပ်လျှက်ရှိကြောင်း KNU အတွင်းရေးမှူးချုပ် နော်စီ ဖိုးရာစိန်က ကေအိုင်စီသို့ ယခုလို ပြောသည်။
သူမက “ကရင်တွေ အကြံဉာဏ်တွေ ပေးလာကြဖို့ အီးမေးလ်နဲ့ ဖိတ်ခေါ်စာပို့ထားတယ်။ တော်တော်များလည်း ရေးလာကြ ပြီ။ ပြည်ပမှာ၊ နယ်စပ်မှာရောပဲ။ အထူးသဖြင့် Individual (တသီးပုဂ္ဂလပုဂ္ဂိုလ်)ခေါင်းဆောင်တွေ များတယ်။ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးပွဲဟာ ကောင်းတယ် ဆိုပေမယ့် သတိကြီးကြီးနဲ့ လုပ်သွားဖို့၊ ဆုံးဖြတ်ချက် မမှားကြဖို့နဲ့ သိန်းစိန်အစိုးရ ဟာ သဘောထားမှန်ကန်မှု ဘယ်လောက်ရှိသလဲ စတာတွေ သေချာစိစစ်ဖို့ကို ပြောသူများတယ်။”ဟု ပြောဆိုသည်။
လက်ရှိအချိန်တွင် ပြည်တွင်းပြည်ပမှ အကြံဉာဏ်များ ပေးလာသည့် လူပုဂ္ဂိုလ် ၈၀ဦးကျော်နှင့် ပြည်ပ၌ အခြေစိုက်သည့် ဩစတြေးလျား၊ ဆွီဒင်နှင့် မလေးရှား စသည့်နိုင်ငံများမှ အမြင်သဘောထား ပို့လာကြပြီး ကျန်ရှိသူများက ထပ်မံ ပေးပို့လာ ရန်ရှိကြောင်းလည်း သူမက ဆက်ပြောသည်။
မြန်မာအစိုးရဘက်၏ အပစ်ခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကမ်းလှမ်းခဲ့ခြင်းများကို ပြည်တွင်းပြည်ပရှိ ကရင်အဖွဲ့အစည်းများ၏ အမြင်များကို သိစေရန် KNU က ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
မလေးရှားနိုင်ငံ အခြေစိုက် မလေးရှားကရင်အဖွဲ့အစည်း-MKO မှ အတွင်းရေးမှူးဖြစ်သူ မန်းဒန်းနစ်စောထူးက “ကျနော်တို့ ကတော့ ဆွေးနွေးမယ်ဆိုရင် KNU ဘက်က အမြင်ကြီးကြီးနဲ့ မြင်ဖို့လိုတယ်လို့ပဲ KNU ကို ပြောချင်တယ်။ ဆွေးနွေးပြီး အောင်မြင်ခဲ့ရင်တောင်မှ လက်တွေ့မှာ အကျိုးအမြတ်တွေ ရှိလာမှာဦးမှကိုး။”ဟု ပြောသည်။
ရွှေဝါရောင်သံဃာ့အရေးအခင်းတွင် ဓါတ်ပုံရိုက်ခဲ့သူ ယခု အမေရိကန်နိုင်ငံ ဘတ်ဖလိုးမြို့ရောက် စောလောအယ်စိုးက လည်း “စားပွဲဝိုင်းမှာ ဆွေးနွေးတာ အကောင်းဆုံးနည်းလမ်းပဲ။ အစိုးရဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်တို့၊ တိုင်းရင်း သားအဖွဲ့တွေ မပါရင်လည်း သူ့အနေနဲ့က ဘာမှလုပ်လို့ မရတော့မှန်း သိတယ်လေ။ ဒီအပေါ်မှာ ကေအဲန်ယူ အပါအ၀င် လက်နက်ကိုင်အဖွဲ့တွေကလည်း အခုလို တွေ့ဆုံဆွေးနွေးမှာက ဖြစ်သင့်တဲ့လုပ်ရပ်ပါ။”ဟု သုံးသပ်ပြောဆိုသည်။
KNU ဖိတ်ခေါ်စာထဲတွင် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်အမျိုးသမီးအစည်းအရုံး-KWO၊ ကရင်လူငယ်အစည်းအရုံး-KYO၊ ကရင်ကျောင်းသားများကွန်ယက်အဖွဲ့-KSNG၊ ကရင်တက္ကသိုလ်ကျောင်းသားများအဖွဲ့-KUSG၊ ကရင်သဘာဝပတ်ဝန်း ကျင်နှင့် လူမှုရေးအဖွဲ့-KESAN၊ ကရင်ဒုက္ခသည်များကော်မတီ-KRC စသည့် ကရင်လူမှုအဖွဲ့အစည်းများနှင့် ကရင်ဘာသာ ရေးခေါင်းဆောင်များ အပါအ၀င် နော်ဝေး၊ အင်္ဂလန်၊ ဆွီဒင်၊ ကနေဒါ၊ ဩစတြေးလျ၊ အမေရိကန်၊ မလေးရှား၊ ဂျပန် စသည့် ပြည်ပလူမှုအဖွဲ့အစည်းများ ပါဝင်သည်။
KNU သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့၌ တရားဝင် သွားရောက်မ တွေ့ဆုံခင် ပဏာမ ဆွေးနွေးပွဲ ၃ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
ထို့နောက်တွင် အောက်ခြေရှိ ခရိုင်၊ တပ်မဟာ(၇)ခုမှ ခေါင်းဆောင်များထံ အကြောင်းကြားထားခဲ့ပြီး ထိုမှတဆင့် နယ်မြေ အသီးသီးရှိ ကရင်လူထုများ သိရှိနားလည်စေရေး ရှင်းလင်းပြောဆိုပေးရန် ညွှန်ကြားထားပြီးဖြစ်သည်ဟု သိရသည်။
http://www.kicnews.org/?p=9133

ဗမာပြည်အစိုးရနှင့်ကေအဲန်ယူ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ပြည်တွင်းပြည်ပရှိ ကရင်လူမှု့ အဖွဲ့ အစည်းများ၏ အမြင်နှင့်သဘောထားများဖိတ်ခေါ်ခြင်း
မှတ်ချက်။ ။ တသီးပုဂ္ဂလအနေဖြင့် ဆက်သွယ်ရန်လိပ်စာသို့ တိုက်ရိုက်လိပ်မူပြီး အကြံပြုချက်များလည်း ပေးပို့ နိုင်ပါသည်။
Invitation_to_Karen_Community_for_Peace_Talk___Burmese__Version_
Invitation_to_Karen_Community_for_Peace_Talk___Karen__Version_
Type the rest of your post here.
Invitation_to_Karen_Community_for_Peace_Talk___Burmese__Version_
Invitation_to_Karen_Community_for_Peace_Talk___Karen__Version_
Type the rest of your post here.
ခိုခေါ်ထီ ထိုင်းနိုင်ငံ ကရင်နှစ်သစ်ကူး ဓါတ်ပုံသတင်း
ထိုင်းနိုင်ငံရှိ ထိုင်းကရင်အမျိုးသားများက ဒီဇင်ဘာ ၂၅ ရက်နေ့ တွင်ကျရောက်သော ၂၇၅၁ ကရင့်နှစ်သစ်ကူးပွဲတော်ကို နေရာအသီးသီးတွင် ကျင်းပကြောင်းသတင်းရရှိပါသည်။ ယခုဓါတ်ပုံဖိုင်သည် ခိုခေါ်ထီ (မူးကျီးခီး) ဒေသတွင်ကျင်းပသောကရင်နှစ်သစ်ကူး ဓါတ်ပုံဖြစ်သည်။
ပေးပို့ သူ - စောအယ်ဒိုဝါး
Type the rest of your post here.
ပေးပို့ သူ - စောအယ်ဒိုဝါး
Type the rest of your post here.
Sunday, December 25, 2011
နော်ဝေ နိုင်ငံမြောက်ပိုင်းတွင် ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပပြီးစီး
စာလုံးပေါင်းအမှားပြင်ဆင်ချက်။ KKNC အစား NNKC အဖြစ် ပြင်ဖတ်ပေးပါရန်။
2751_KNY_news
Type the rest of your post here.
Saturday, December 24, 2011
HAPPY KAREN NEW YEAR TO YOU ALL
ပျော်ရွှင်သော နှစ်သစ်မင်္ဂလာပါ။ ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက်နေ့ ဟာ ကျနော်တို့ ကရင်အမျိုးသားများရဲ့ ၂၇၅၁ ခုနှစ် နှစ်သစ်ကူးနေ့ ပါ။ လာလည်သူ စာဖတ်ပုရိတ်သတ် အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေလို့  ကျနော်တို့ သောသီခို့ အဖွဲ့ သားများ ဆုမွန်တောင်းလျက်ပါ။
နှစ်သစ်ကူးတေးလက်ဆောင် ဗီဒီယိုဖိုင်များကို Angel Video တေးထုတ်လုပ်ရေးမှရယူသည်။
Type the rest of your post here.
နှစ်သစ်ကူးတေးလက်ဆောင် ဗီဒီယိုဖိုင်များကို Angel Video တေးထုတ်လုပ်ရေးမှရယူသည်။
Type the rest of your post here.
Friday, December 23, 2011
IF I HAVE TO SAY THE TRUTH (ကေအဲန်ယူ နဲ့ ဗမာအစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် သီချင်းလက်ဆောင်)
KNU နဲ့  ဗမာအစိုးရ ငြိမ်းချမ်းရေးဆွေးပွဲကို ကျနော်တို့  သောသီခိုအဖွဲ့ သားများ ကြိုဆိုပါသည်။ နိုင်ငံရေးပြသနာကို စားပွဲဝိုင်းမှာ ရှင်းတဲ့နည်းကသာ အကောင်းဆုံးနည်းဆိုတာ ကျနော်တို့ ယုံကြည် လက်ခံထားပါသဖြင့် ထောက်ခံအားပေးပါသည်။
သို့ ပေသော်ငြားလည်း ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်အတွက် ဗမာအစိုးရက စိတ်ရင်းစေတနာမှန်ဖို့  လိုအပ်ပါသည်။ တိုင်းရင်းသားတွေရဲ့ မွေးရာပါ အခွင့်အရေးတွေကို အရှိအတိုင်း လက်ခံအသိအမှတ်ပြုဖို့ လိုအပ်ပါသည်။
ဗိုလ်ချူပ်ခင်ညွန့် ခေတ်တုန်းကလို လွယ်လွယ်လေးနဲ့  အရင်တုန်းက ခေတ်ကာလတွေကို ခေါင်းထဲမထည့်ပါနဲ့ လို့ တော့ ထပ်မပြောပါနဲ့ ။ အတိတ်က အကြောင်းအရာတွေ ကျနော်တို့ မေ့လို့ တော့ မရပါ။ မေ့လို့ လည်းမဖြစ်ပါ။ အတိတ်က အကြောင်းအရာတွေကို ခွင့်လွတ်နိုင်ပါသည်။ သို့ ပေသော်လည်း မေ့လို့ တော့မဖြစ်ပါ။ အဲတာတွေက သမိုင်းစာမျက်နှာ အစစ်အမှန်တွေပါ။ နောင်လာနောက်သားတွေအတွက် လှပတဲ့ အနာဂါတ်တစ်ခုအတွက် အတိတ်က အဖြစ်အပျက်တွေဟာ လေ့လာသင်ယူဖို့  အကောင်းဆုံးသင်္ခန်းစာတွေပါ။

Thursday, December 22, 2011
တဖက်နဲ့တဖက် စောင့်စည်းနိုင်ရင် အောင်မြင်မယ်
အပစ်ခတ်ရပ်စဲရေး တစ်ခုတည်းဆို ဘာမှမခက်ဘူး.. မအောင်မြင်စရာအကြောင်းမရှိ လွယ်လွယ်လေးပဲ။ မင်းသေနတ်မင်းကိုင် ငါ့သေနတ်ငါကိုင် မင်းမပစ်ရင် ငါလည်းမပစ်ဘူး မင်း တပ် ရိက္ခာ လက်နက် အစ ပုန်းရှိုးကွယ်ရှိုး ရှေးတန်းမှာ ပို့ မလာရင် ငါတို့ မပစ်ဘူး... အဲတာလေးတွေပဲ ရှိပါတယ်။
တာပေမယ့် နိုင်ငံရေးဆွေးနွေးပွဲမှာ ကျနော်တို့ တိုင်းရင်းသားတွေလိုချင်တာက ကိုယ်ပိုင်ပြဌန်းခွင့် ဗမာအစိုးရ အလွန်ဆုံးပေးနိုင်မှာက အတုအယောင် ကိုယ်ပိုင်အုပ်ချူပ်ခွင့်(ဒီနေရာမှာ သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့ စည်းပုံအတိုင်း နေ သွား အသက်ရှည်ကြ) ဆိုတဲ့ ပေါ်လစီမှာဆိုရင် အောင်မြင်မယ်လို့ ကျနော်တို့  မထင်ပါ။ နိုင်ငံရဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေမှာ ဘယ်အတိုင်းအတာအထိ တိုင်းရင်းသားတွေကို အာမခံချက်ပေးနိုင်မလဲ.. အကာအကွယ်ပေးနိုင်မလည်း ဆိုတဲ့ အချက်ပေါ်မှာ မူတည်ပြီး ရုပ်လုံးတွေ ပေါ်လာမှ လက်တွေ့ လုပ်ဆောင်ပြမှ အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာ ပြောနိုင်မည်ဖြစ်တယ်... ခုချိန်မှာ အားလုံးကြားကောင်းအောင် ကျနော်လည်းပြောတတ်ပါတယ်.. အောင်မြင်နိုင်တယ်..ဆိုတာမျိုးပေါ့... ကချင်နဲ့ ဖြစ်နေတဲ့ ပြသနာက ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြသနာလို့ ပြောရင် မမှားဘူး.. ၁၇ နှစ်လုံးလုံး အပစ်ရပ်ထားကြတာပဲ.. ဘာထူးလည်း ပြန်ချကြတာပဲမဟုတ်ပါလား..
ကျနော်တို့ ရဲ့ ကိုယ်ပိုင်ပြဌန်းခွင့် မူပေါ်လစီကို စွဲမြဲစွာ မကိုင်ပဲ (သို့ မဟုတ်) ကိုယ်ပိုင်ပြန်ဌန်းခွင့် ပေါ်လစီကို ကိုင်ပြီး အဓိပါယ်ဖေါ်ဆောင်တဲ့နေရာမှာ လွဲချော်နေရင်တော့ အခန့် မသင့်ရင် လုံးပါးပါးသွားမယ်။ ဒုတိယအကြိမ် တော်လှန်ရေး အသစ်တဖန်ပြန်စဖို့ ဆိုတာ သိပ်ပြီး နောက်ကျသွားမယ်.. စောဘဦးကြီး ပြောခဲ့တဲ့စကားတစ်ခွန်းရှိတယ်။ "ကရင့်တော်လှန်ရေး ဟာ ပထမ ဦးဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ပဲဖြစ်တယ်".. နှစ်ခါမရှိဘူး နှစ်ခါပြန်စလို့ ဘယ်လိုမှမဖြစ်ဘူး.. ဒီတော့ အဆုံးသတ်တိုက်ပွဲမျိုးကို ချည်းကပ်တဲ့နေရာမှာ သက်ဆိုင်သူတွေ ဘယ်လို ရွေ့ မလည်းဆိုတာ ကရင်တမျိုးသားလုံးက စိတ်ဝင်စားစွာ စောင့်ကြည့်နေပါတယ်။ အရွေ့ မှားရင်တော့ သမိုင်းတရားခံဟာ ကေအဲန်ယူ ကိုယ်တိုင်ဖြစ်သွားမယ်ဆိုတာ မမေ့ကြပါနဲ့ ......
xxxxxxxxxxxxxxxxxxxx
Published on December 22, 2011 by မင်းလွင်
သမ္မတ ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ပြည်ထောင်စု ရထားဝန်ကြီး ဦးအောင်မင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တွေ့ဆုံတာဟာ အကြိမ်အရေအတွက် များလာခဲ့ပါပြီ။ သူလုပ်နေတဲ့ လုပ်ငန်းတွေဟာ အောင်မြင်နေပါသလား။ မနေ့က တွေ့ဆုံခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) က ပဒိုဒေးဗစ်ထောကို ဆက်သွယ်မေးမြန်ထားပါတယ်။
ဦးအောင်မင်းက တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေကို လိုက်တွေ့တာတွေ လုပ်တော့ သူက ဘယ်လိုမူတွေကို အခြေခံပြီးတော့ တွေ့တာလဲ။ နောက်တခုက ဆရာတို့ရော ဘယ်လို၊ အစိုးရအနေနဲ့ရော ဘယ်လို အချက်အလက်တွေ ရှိတယ်၊ သူတို့ဘက်ကလည်း မလျှော့ပေးနိုင်တာမျိုးတွေ ရှိလား။
“ကျနော်မြင်တာကတော့ ဦးအောင်မင်းအနေနဲ့က နိုင်ငံတော်သမ္မတကြီး ကနေ သူ့ကို တာဝန်ပေးတယ်ဆိုတာက ဒါ နံပါတ်တစ်ပေါ့နော်။ နံပါတ်နှစ်ကတော့ နိုင်ငံတော်သမ္မတကြီးကနေပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပစ်အခတ် ရပ်စဲရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို သွားချင်တဲ့ ဆန္ဒရှိတယ် ဆိုတာကိုလည်း ကျနော်တို့ သိရတယ်။ ဦးအောင်မင်း ကိုယ်တိုင်ကလည်း ဒီလုပ်ငန်းစဉ်အပေါ်မှာ သူ့အနေနဲ့ စိတ်ဝင်စားတယ်။ လုပ်လည်း လုပ်ချင်တဲ့ ဆန္ဒရှိတဲ့အတွက်ကြောင့် သူက ကြိုးစားပြီးတော့ လုပ်နေတယ်လို့ပဲ ကျနော်တို့ မြင်ပါတယ်။ ဒီအလွတ်သဘော တွေ့ဆုံရေးအတွက် သူကနေပြီးတော့ ကျနော်တို့ တွေ့နိုင်တဲ့နေရာ၊ တွေ့ချင်တဲ့နေရာ အဲဒါတွေထိကို သူလိုက်လာပြီးတော့ နိုင်ငံတော် အစိုးရရဲ့ သဘောထားတွေကိုလည်း သူ ပြောပြတယ်။ နောက်တခုကလည်း တိုက်ရိုက် သမ္မတကြီးနဲ့ အဆက်အသွယ် ရှိတဲ့အတွက်ကြောင့် သူ့အနေနဲ့ ကျနော်တို့ကနေပြီး သူမှတဆင့်ပေါ့ စကားပါးချင်ရင် သူ့အနေနဲ့ ပါးလာတဲ့ သတင်းစကားကိုသူ ပြည်လည် သယ်ဆောင်ပေးနိုင်တဲ့ အနေအထားရှိတယ်လို့ ကျနော်တို့ သိရပါတယ်။”
ကရင် အမျိုးသားအစည်းအရုံးနဲ့ တွေ့တာ ၃ ခေါက်လောက် ရှိသွားပြီ။ ဆရာတို့ အနေနဲ့ အဲဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ ဘာတွေအဆင်ပြေ၊ ဘာတွေ ခက်ခဲတာ ရှိသေးလဲ။
“လောလောဆယ် အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲမှာတော့ ကျနော်တို့ အနေနဲ့ ဦးအောင်မင်းနဲ့ ပြောဆိုဆွေးနွေးတာ အခက်အခဲ တစုံတရာတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့အနေနဲ့ တရားဝင်ဆွေးနွေးရမယ့် အချက်အလက်တွေကလည်း အခု စပြီးတော့ ကျနော်တို့ တချို့ ပြောဆိုတဲ့အပိုင်းမှာ ထည့်သွင်း တီးခေါက်ပြီး မေးမြန်းတဲ့အခါကျတော့ အကုန်လုံးနီးနီးကို အဆင်ပြေနေတယ်လို့ပဲ ကျနော်တို့ ပြောလို့ ရပါတယ်။”
သူတို့ ဘယ်လိုချဉ်းကပ်ပြီးတော့ ရောက်ခဲ့တာလဲ။
“ဩဂုတ်လ ၁၈ ရက်နေ့ နိုင်ငံတော်က ကြေညာချက် ထုတ်ပြန်ပြီး နောက်ပိုင်းမှာ သူတို့အနေနဲ့ ကျနော်တို့ဆီကို ရောက်နိုင်တဲ့ လမ်းကြောင်းမျိုးစုံကို အဆက်အသွယ် ရှာပြီးတော့ ကျနော်တို့နဲ့ တွေ့ဆုံခြင်းလည်း ဖြစ်ပါတယ်။ ကျနော်တို့ ကေအန်ယူ အဖွဲ့အစည်းအနေနဲ့ကလည်း တခြားသော ဆက်စပ်မှုတွေ ရှိနေတဲ့ လူတွေကလည်း သူနဲ့အတူ ပါလာတာကို တွ့ရတယ်။ ဥပမာ ဒေါက်တာကျော်ရင်လှိုင်တို့ ဆိုရင် ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်း မစခင်ကတည်းက ကေအန်ယူက လူပုဂ္ဂိုလ်တချို့နဲ့ သိရှိနေတယ်ဆိုတဲ့ အနေအထားမျိုးလည်း ရှိတယ်။ နောက်တချို့ စီးပွားရေးလုပ်ငန်းကို လုပ်နေကြတဲ့ ပုဂ္ဂိုလ်တချို့ကလည်း လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ကေအန်ယူနဲ့ ထိစပ်ပြီးတော့ ဆက်စပ် ပြောဆိုသွားတဲ့ ပုဂ္ဂိုလ်တွေလည်း ပါတဲ့အတွက်ကြောင့် အဲဒီကနေတဆင့် ကြိုးစားပြီးတော့ အဆက်အသွယ် ယူခဲ့တာ ဖြစ်ပါတယ်။”
ကေအန်ယူအဖွဲ့တင် မဟုတ်ဘူးပေါ့။ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ရှိသလို လက်နက်ကိုင်အဖွဲ့တွေ ရှိတယ်။ ကျန်တဲ့ ဥပမာ ပီဒီအက်ဖ်တို့လိုမျိုး၊ ကျောင်းသားတပ်မတော်လို ပုံစံမျိုး ရှိခဲ့တယ်။ အဲဒီအတွက်ရော သူတို့မှာ တွေ့ဖို့ရော ပေါ်လစီရှိလား။
“ကျနော် သိရသလောက်ကတော့ ဒီတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ်မှာ သူ အာရုံစိုက်ပြီးတော့ လုပ်နေတယ်လို့ပဲ ကျနော် သိရတယ်။ တခြားသော လက်နက်ကိုင် အဖွဲ့အစည်းကိစ္စကိုတော့ သူ ပြောဆိုခြင်းတော့ ကျနော် မကြားရပါဘူးခင်ဗျ။”
ဆရာက သူနဲ့တွေ့ခဲ့တာ ဘယ်နှကြိမ်မြောက်လဲ။
“ကျနော်က နှစ်ကြိမ်မြောက်ပေါ့။”
သူနဲ့တွေ့တဲ့အခါ ဘယ်လိုများ ခံစားရတယ်ဆိုတာ ပြောပြပေးပါလား။
“ကျနော် မြင်တာက သူကတော့ အရင်က စစ်ဗိုလ်ချုပ်ဟောင်းတဦးလည်း ဖြစ်တယ်။ အဲဒါကြောင့် သူကောင်းကောင်းနားလည်တယ်လို့ ကျနော် သဘောပေါက် နားလည်တယ်။ နောက် သူအခုကိုင်နေတဲ့ တာဝန်ကတော့ မီးရထားဝန်ကြီး၊ ဒါပေမယ့် လုပ်နေတဲ့အလုပ်က မီးရထားအလုပ်နဲ့ ဘာမှ ဆက်စပ်မှု မရှိတဲ့ အလုပ်တွေ ဖြစ်နေတယ်။ တဖက်ကလည်း မြင်ရတာကတော့ သူက တပ်အကြောင်းကိုလည်း နားလည်တယ်၊ နောက်တခုကလည်း ငြိမ်းချမ်းရေး ကိစ္စတွေမှာလည်း ဟိုအရင်တုန်းက ပါခဲ့ဖူးတယ်။ မြောက်ပိုင်းဒေသဖြစ်တဲ့ ရှမ်းပြည်နယ်အတွင်း ငြိမ်းချမ်းရေးလုပ်တဲ့ ကိစ္စတွေမှာ သူ စိတ်ဝင်စားတယ်၊ လုပ်လည်း လုပ်ချင်တဲ့ ဆန္ဒရှိတယ် ဆိုတော့ သူကတော့ တော်တော်လေး ပွင့်ပွင့်လင်းလင်းနဲ့ သူဖြတ်သန်းရတဲ့ အတွေ့အကြုံကို ကျနော်တို့ကို မျှဝေပေးတယ်။ နောက်ပြီးတော့ သူ့စိတ်ကိုလည်း စိတ်ရင်းအတိုင်းပဲ သူပြောတယ်လို့ပဲ ကျနော်တို့လည်း မှတ်ယူပါတယ်။”
အောင်မြင်မယ်လို့ရော ထင်ပါသလား။
“ဒီဟာက ကျနော်တို့ နှစ်ဖက်အပေါ်မှာ မူတည်ပါတယ်။ တယောက်နဲ့ တယောက် စောင့်စည်းပြီးတော့ လုပ်ဆောင်ရမယ့် ကိစ္စတွေကို ကျနော်တို့ နှစ်ဖက်က လိုက်နာကျင့်သုံးမယ် ဆိုရင်တော့ အောင်မြင်ဖို့ကတော့ ကျနော်ထင်တယ် များပါတယ်။”
http://burmese.dvb.no/archives/19063

“ပင်လုံ”ကို အသုံးချနေပြီ
တူမောင်ညို
(၂၀၁၁၊ ဒီဇင်ဘာ ၂၁ရက်)
“ဒုတိယပင်လုံ ”သို့မဟုတ် “၂၁ရာစုပင်လုံ”အကြောင်း ပြောကြဆိုကြပြီးတဲ့နောက် ဒီတခါ “ပင်လုံ” အကြောင်းပြောတာ ဦးအောင်သောင်း ဖြစ်တယ်။
ဦးအောင်သောင်းက ပထမတစ်ကြိမ်ပြောတာ မပေါက်လို့နဲ့တူတယ်။ ဒုတိယတစ်ကြိမ်ထပ်ပြောတယ်။ တဆင့်ပြန်ပြောတာကို ကြားရတာ ဖြစ်တယ်။ ဦးအောင်သောင်းအသံကို တိုက်ရိုက်ကြားရတာ မဟုတ်ဘူး။
“ပင်လုံ” အကြောင်း ဦးအောင်သောင်း စပြောတာက ဒီဇင်ဘာလ ၂ရက်နေ့၊ တောင်ကြီးမှာ RCSS/SSA (တောင်ပိုင်း)နဲ့ တွေ့တဲ့အချိန်မှာ ပြောတာလို့ SSA (တောင်ပိုင်း) ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလောင်ဆိုင်းကတဆင့် ပြန်ပြောပြတာပါ။
“ပင်လုံထက်ကောင်းတဲ့ အမျိုးသားညီလာခံကြီးတရပ်ကို ကျင်းပပေးမယ်လို့ ကျနော်တို့ကို ပြောသွားပါတယ်”
ဒုတိယအကြိမ်ပြောတာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင်နဲ့ အဖွဲ့ဒုတိယခေါင်းဆောင်တို့ သတင်းဌာနများ၊ ဂျာနယ်များမှ သတင်းထောက်များနဲ့တွေ့ဆုံရာမှာ (ရန်ကုန်၊ ပြည်လမ်း၊ ဟိုတယ်ရန်ကုန်၊ ၁၆ ဒီဇင်ဘာ၊ ၂၀၁၁) ဦးအောင်သောင်းက ပြောတာပါ။ အဲဒီပြောကြားချက်ကို ကိုကို(စက်မှု) ဆိုသူက တဆင့်ပြန်ပြောတာပါ။ (၁၆ ဒီဇင် ဘာ- ဒီဗွီဘီ)
“ပင်လုံညီလာခံထက် ကြီးကျယ်တဲ့ တိုင်းရင်းသားဆိုင်ရာ ညီလာခံကြီးကို လုပ်ပေးသွားမယ်”တဲ့။
အခုတော့ “ပင်လုံ”ဟာ ဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရအတွက် အသုံးချစရာစကားလုံးဖြစ်လာနေပြီ။
“ပင်လုံ”ကို လက်တွေ့ အသုံးချနေပြီ။
ဒီတစ်ခါ “ပင်လုံ”ကို ပြောတဲ့သူက အရင်လို အုပ်စိုးခံတွေဘက်က၊ အတိုက်အခံ အင်အားစုတွေဘက်က ပြောနေတာ မဟုတ် ဘူး။ အာဏာရအုပ်စိုးသူဘက်က ပြောလာတာဖြစ်တယ်။ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲက ပြောနေတာဖြစ်တယ်။ ဒါ့အပြင် အခြေခံဥပဒေ ဘောင်ထဲဝင်ရောက်လာပြီးမှ၊ ကိုင်ထားတဲ့လက်နက်တွေစွန့်ပြီးမှ၊ လွှတ်တော်ထဲရောက်လာမှ ဆိုတဲ့ ကြိုတင် စည်းကမ်းသတ်မှတ်ချက်တွေ ရှိသေးတယ်။ ဒီအချက်တွေပြည့်စုံလာတဲ့အခါမှ “ပင်လုံညီလာခံထက်ကြီးကျယ်တဲ့ တိုင်းရင်းသားဆိုင်ရာ ညီလာခံကြီးလုပ်ပေးမယ်”လို့ နှပ်ကြောင်းပေးတာ ဖြစ်တယ်။ ဒီလိုကျင်းပနိုင်ဖို့ အနည်းဆုံး ၂နှစ်၊ ၃နှစ် လောက် ကြာနိုင်တယ်လို့လည်း ပြောတယ်။
ဘယ်လိုလုပ်ပြီး (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲမှာ ပင်လုံညီလာခံထက် ကြီးကျယ်စရာရှိမှာလဲ။
အပေါ်ယံပုံသဏ္ဍာန်အရတော့ အကျယ်ချဲ့ချင်သလောက် ချဲ့နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ပင်လုံရဲ့တကယ့်အနှစ်သာရတော့ တစိုးတစိမျှ ပါလာမှာမဟုတ်ပါဘူး။
ပင်လုံရဲ့ မူလအနှစ်သာရဆိုတာ “ဗြိတိသျှကိုလိုနီနယ်ချဲ့သမားရဲ့ သွေးခွဲရေးပရိယာယ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး လွတ်လပ်ရေးကို အတူတကွ တပြိုင်တည်း အရယူကြဖို့နဲ့ လွတ်လပ်လာတဲ့ နိုင်ငံတော်သစ်မှာ ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် အပြည့်အဝရှိတဲ့ ပြည်ထောင်စု (Federal) စစ်စစ် နိုင်ငံတည်ဆောက်ကြဖို့ ဖြစ်ပါတယ်။ ဒီအနှစ်သာရ အကောင်အထည် ဖေါ်ဖို့ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲမှာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဖြစ်လာနိုင်စရာ အလားအလာလည်း မရှိပါဘူး။
(၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြည်ထောင်စု (Federal) စစ်စစ် ဖွဲ့စည်းပုံအခြေခံဥပဒေ မဟုတ်မှန်း လူပြိန်းတောင် သိပါတယ်။ ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်ထောင်စု(Federal) စစ်စစ်နိုင်ငံ တည်ဆောက်ကြဖို့လည်း
သူတို့လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။
သူတို့လုပ်ပေးနိုင်မှာက အပေါ်ယံ ပုံသဏ္ဍာန်တွေနဲ့လှည့်စားထားတဲ့ “ပင်လုံ ဝပ်ရှော့ကြီး” ပဲဖြစ်မှာပေါ့။ လူများပြီး ကျယ်ပြန့်တဲ့ ပင်လုံဝပ်ရှော့ကြီးတော့ ဖြစ်နိုင်ပါတယ်။ သူတို့လုပ်ပေးနိုင်ပါတယ်။ လုပ်လည်းပေးမှာပါ။ ကြံ့ဖွံ့က ဦးစီးတဲ့ “လူထုအစည်းအဝေး ပွဲကြီး” ဆိုတာမျိုးပေါ့။
လက်တွေ့ဖြစ်ရပ်မှာပဲ ကြည့်ပါ။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ ပဏာမအဆင့် သဘောတူညီချက်ဆိုတာတွေ လက်မှတ်ရေးထိုးနေကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတိုင်းနဲ့လည်း ပဏာမအဆင့် သဘောတူ လက်မှတ် ရေးထိုးနိုင်မယ့် အလားအလာတွေ ရှိနေပါတယ်။ ပဏာမအဆင့်က မခက်ခဲပါဘူး။
အတိုက်အခိုက် အပစ်အခတ်ရပ်စဲရေး၊ ဆက်သွယ်ရေးရုံးဖွင့်လှစ်ရေး၊ သတ်မှတ်နယ်မြေအတွင်းနေရေး၊ သတ်မှတ်နယ်ကျော် သွားလာတဲ့အခါ လက်နက်မကိုင်ဆောင်ရေးနဲ့ “ထာဝရငြိမ်းချမ်းရေး”အတွက် ဆက်လက် ဆွေးနွေးရေး ဆိုတဲ့အချက်တွေပဲ ဖြစ်ပါတယ်။
ဒါကြောင့် ပဏာမအဆင့် သဘောတူချက်တွေ လက်မှတ်ရေးထိုးဖို့ မခက်ခဲပါဘူး။ အဖွဲ့အားလုံးနဲ့ ပဏာမအဆင့် လက်မှတ် ရေးထိုးနိုင်မယ့် အလားအလာတွေလည်း ရှိနေပါတယ်။ (UNFC) က ချမှတ်ထားတဲ့ မူအတိုင်း အားလုံးနဲ့ တစ်ပြိုင်နက် ဆွေး နွေးရေးကတော့ လက်တွေ့မှာ အလှမ်းဝေးနေမြဲ၊ ဝေးနေဆဲ ဖြစ်ပါတယ်။
ဒါပေမယ့် ပဏာမအဆင့်နဲ့ မတူခြားနားတာက ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးဖော်ဆောင်ရေးအဖွဲ့ (အောင် သောင်း - သိန်းဇော် ၁၁ဦးအဖွဲ့)နဲ့ ဆွေးနွေးရာမှာ အောက်ပါအချက်တွေကို ပဏာမသဘောတူညီချက် လက်မှတ်ထိုးပြီးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တိုင်းက သဘောတူနေကြတာကို သတိပြုမိပါတယ်။
- ပြည်ထောင်စုအတွင်းမှ ခွဲထွက်ခြင်း၊ နိုင်ငံတော်ကိုဆန့်ကျင်ခြင်း စသည်တို့ကို လုံးဝပြုလုပ်မည်မဟုတ်ကြောင်း
- ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံညီညွှတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ထိန်းသိမ်း စောင့်ရှောက်သွားရန်
- မူးယစ်ဆေးဝါးဆန့်ကျင်ရေး ပြည်ထောင်စုအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန်
- ဆက်လက်ပြီး “ထာဝရငြိမ်းချမ်းရေး ”တည်ဆောက်နိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်သွားရန်
စသဖြင့် ဖြစ်ပါတယ်။ “ထာဝရငြိမ်းချမ်းရေး” ဆိုတာ “လက်နက်စွန့်ပြီး အခြေခံဥပဒေဘောင်ထဲဝင်ရေး”လို့ သမ္မတဦးသိန်းစိန် က ပြောထားပြီးသား ဖြစ်ပါတယ်။
လက်နက်ကိုင် တိုင်းရင်းသားအင်အားစုတွေ တစ်လျှောက်လုံးတောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတဲ့ “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိ တဲ့ ပြည်ထောင်စု (Federal) စစ်စစ် နိုင်ငံတည်ဆောက်ရေး” ဆိုတဲ့ ရည်မှန်းချက်ကို ဘယ်လိုရရှိအောင် ဆောင်ရွက်ကြမလဲ။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ဘောင်ထဲဝင်လိုက်တာနဲ့ “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်ထောင်စု(Federal)စစ်စစ်” တည်ဆောက်နိုင်မှာလား။
(KIO)က ပြောနေ၊ တောင်းဆိုနေတာကတော့ “နိုင်ငံရေးအရဆွေးနွေးရေး” ဖြစ်ပါတယ်။
SSA (တောင်ပိုင်း) ပြောခွင့်ရသူက ဗိုလ်မှူးလောင်ဆိုင်း (၂၀ ဒီဇင်ဘာ - သျှမ်းသံတော်ဆင့်) ပြောသွားတာက - “လွတ်လပ် ရေး မယူတော့ဘူးလား။ ပြည်ထောင်စုကိုပဲ ယူမှာလားဆိုတဲ့ကိစ္စ၊ တတိယအဆင့်နိုင်ငံရေးဆွေးနွေးမယ့် အဆင့်မှာ ထည့်သွင်း ဆွေးနွေးသွားမှာပါ၊ ဒီကိစ္စ အဖွဲ့အစည်းတစ်ခုထဲ ဆုံးဖြတ်လို့မရဘူး၊ လူထုတစ်ရပ်လုံးနဲ့ အဖွဲ့အစည်းအသီးသီးက ဆုံးဖြတ်ပေး ရမှာ ဖြစ်ပါတယ်။ လူထုရဲ့ ဆုံးဖြတ်ချက်ကို လေးစား အလေးထားပါတယ်။
တကယ်တော့ ခွဲထွက်ရေး/ ပူးပေါင်းရေးဆိုတာ တွေဟာ အစိုးရရဲ့စစ်မှန်သော စေတနာထားရှိမှု ဆိုတဲ့အချက်မှာ မူတည်ပါ တယ်”လို့ ပြောထားတာရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ ဘယ်လိုနည်းနဲ့ နိုင်ငံရေးဆွေးနွေးကြမလဲ။ ဘယ်လိုပုံစံနဲ့လက်နက်စွန့်ကြမလဲ။ ဘယ်လိုပြင်ဆင်ချက်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ဘောင်ထဲ ဝင်ရောက်ကြမလဲ။
ဘယ်သူကပြောပြော၊ ဘယ်အဖွဲ့အစည်းကပဲပြောပြော “ပင်လုံညီလာခံ”၊ “ပင်လုံစိတ်ဓါတ်”လို့ပြောရင် စစ်မှန်တဲ့ ဒီမိုကရေစီ ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်ထောင်စု(Federal) စစ်စစ်နိုင်ငံတည်ဆောက်ရေးဆိုတဲ့ အချက်တွေ မုချ ပါဝင်ရမယ်။ အဲဒီလိုအချက်တွေ မပါဝင်ဘူးဆိုရင် “ပင်လုံညီလာခံ”၊ “ပင်လုံစိတ်ဓါတ်”လို့ ဘယ်လိုပဲ အမည်တပ်ထားပါစေ၊ အဲဒါဟာ “ပင်လုံအတုအယောင်”ပဲ ဖြစ်လိမ့်မယ်။
သေချာတာတော့ “ပင်လုံ”ဟာ ဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရအတွက် အသုံးချစရာ စကားလုံး ဖြစ်လာနေပြီ။ “ပင်လုံ”ကို အသုံးချနေပြီ။

နေပြည်တော်အတွင်းရေး - 20-21 Dec 2011
2011_December_20__21_Gen_MinAungHlaing_disobeying_Prsdnt_order_to_stop_attacks_on_ethnics__MAH_warning_VP_TAMOo_of_rvrsing_act
2011_December_20__21_Prsdnt_TheinSein_blast_Gen_MAH__instruct_MI_HQ_not_to_arrest_section_Chief_of_No_1_MI_-_compare_view
2011_December_20_Gen_MinAungHlaing_orders_Chief_of_No1_MI_to_be_interrogated_according_to_Militry_Law__Militry_HQ_to_monitor_
Type the rest of your post here.
2011_December_20__21_Prsdnt_TheinSein_blast_Gen_MAH__instruct_MI_HQ_not_to_arrest_section_Chief_of_No_1_MI_-_compare_view
2011_December_20_Gen_MinAungHlaing_orders_Chief_of_No1_MI_to_be_interrogated_according_to_Militry_Law__Militry_HQ_to_monitor_
Type the rest of your post here.
Wednesday, December 21, 2011
KNU နှင့် အစိုးရ အပစ်ရပ် အကြို ညှိနှိုင်း
By ဧရာဝတီ on December 21, 2011
ကရင် အမျိုးသား အစည်းအရုံး(KNU) နှင့် အစိုးရ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရန်အတွက် နှစ်ဘက် ကိုယ်စားလှယ်များ အကြိုညှိနှိုင်းမှုနှင့် အသေးစိတ် ဆွေးနွေးပွဲတရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ပြု လုပ်သည်။
အခမ်းအနားတခုတွင် တွေ့ရသည့် KNU တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)
အစိုးရဘက်မှ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်ပြီး KNU ဘက်မှ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ပဒိုအားတိုး၊ ပဒိုဒေး ဗစ်ထောတို့ ဦးဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော် မတီဝင်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ယနေ့ဆွေးနွေးပွဲနှင့်ပတ်သက်၍ KNU ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီ၏ အဖွဲ့ခေါင်းဆောင် ပဒိုဒေးဗစ် သာ ကဘောက“ဒီနေ့တွေ့တာကတော့ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့ သူ့အမြင်ကိုယ့်အမြင် တွေကို ဆွေးနွေးကြတာဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောကြားပြီး အသေးစိတ်ပြောကြားရန်ကိုမူ ငြင်းဆိုသည်။
KNU နှင့် အစိုးရ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကို လာမည့် ဇန်န၀ါရီလ ၁၂ နေ့တွင် ဘားအံမြို့ဠ် ပြုလုပ်ရန် ရှိသည်။
အစိုးရသည် KNU အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြည်ထောင် စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ကို ယခုလ ၉ ရက်နေ့က ပြင်ဆင်ဖွဲ့စည်းလိုက်သည်ဟု သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးမင်းဇော်က လက်မှတ်ထိုးထုတ်ပြန်ခဲ့သည်။
အသစ်ဖွဲ့စည်းလိုက်သည့် ထိုအဖွဲ့တွင် ဦးအောင်မင်း ရထားပို့ဆောင်ရေးဝန်ကြီး၊ ဦးစိုးသိန်း စက်မှုဝန်ကြီး၊ ဦးအုန်းမြင့် သမ၀ါယမ ၀န်ကြီး၊ ဦးခင်ရီ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီး၊ ဦးဝင်းထွန်း သဘာဝပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ၀န်ကြီး၊ ဦးသန်းဌေး စွမ်းအင်ဝန်ကြီး၊ ဗိုလ်ချုပ်ဇော်ဝင်း ဒု ၀န်ကြီး နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ဦးခင်မောင်စိုး အမှတ်၂ လျှပ်စစ် ၀န်ကြီး ဌာနနှင့် ဗိုလ်မှူးကြီး ကျော်စိုးဝင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးတို့ ဖြစ်သည်။
အစိုးရ၏ ယခင်ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး အဖွဲ့ကို လက်ရှိအာဏာရပါတီ၏ တောင်သာမြို့နယ် ပြည်သူ့လွတ် တော် ကိုယ်စားလှယ် ဦးအောင်သောင်းနှင့် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်တို့နှင့် ဦးဆောင် ဖွဲ့စည်းခဲ့သော်လည်း အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ၎င်းအဖွဲ့ကို ကြိုက်နှစ်သက်မှုမရှိခြင်းကြောင့် ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် တိုင်းရင်းသားအဖွဲ့ ၂ ဖွဲ့ မှ အဆင့်မြင့်ခေါင်းဆောင် ၂ ဦးက ဧရာဝတီသို့ ပြောသည်။
KNU သည်လည်း အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အတွက် နိုဝင်ဘာ ၁၀ ရက်က အဖွဲ့ဝင် ၇ ဦးပါရှိသည့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။
အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ထားရှိရေး၊ အစိုးရနှင့် KNUထိန်းချုပ်ထားသော နယ်မြေများတွင် နှစ်ဘက် တပ်ဖွဲ့ဝင် များ အပြန်အလှန် အကြောင်းကြားရေး၊ ဗဟိုအစိုးရနှင့် တွေ့ဆုံဆွေးနွေးရေး အတွက် နေ့ရက်၊ နေရာ သတ်မှတ်ရန် စသည့် အချက်များကို အစိုးရ ကိုယ်စားလှယ်များက ချပြထားကြောင်း သိရသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ် ဦးအောင်မင်းက KNUကိုယ်စားလှယ်များကို ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့သည်။ ထိုကမ်းလှမ်းမှု ပေါ်ပေါက်လာပြီး နောက်ပိုင်း KNU ကလည်း တွေ့ဆုံရန် ပြင်ဆင် ထားခဲ့သည်။
နိုဝင်ဘာ ၁၉ နှင့် ၂၀ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် တနေရာ၌ အစိုးရ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် KNU ခေါင်းဆောင်တချို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
KNU သည် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် အစိုးရအဆက်ဆက်ကို ၁၉၄၉ ခုနှစ်ဇန်န၀ါရီ လ ၃၁ ရက်နေ့က စတင်ကာ လက်နက်ကိုင်တော်လှန်ခဲ့သည်မှာ ၆၂ နှစ် ရှိပြီဖြစ်သည်။
http://burma.irrawaddy.org/archives/3932

KYO ကရင်လူငယ်အစည်းအရုံး ထုတ်ပြန်ချက်
Statement_on_Karen_Youth_Consultation____KYO_Annual_Meeting__Burmese_
Type the rest of your post here.
Type the rest of your post here.
ရန်ကုန်က ခရစ်စမတ်ဓမ္မတေး
ဧရာဝတီဘလော့မှရယူသည်။
ဒီဇင်ဘာ ခရစ်မတ်ရာသီအတွင်း Christmas carol (ခရစ်စမတ်ဓမ္မတေး) ၀ိုင်းဖွဲ့သီကျူးသံတွေ နေရာအနှံ့ ကြားနေရပါပြီ။
ရန်ကုန်မြို့တနေရာမှာ ခရစ်စမတ် ဓမ္မသီချင်း သီဆိုနေကြပုံကို ကြည့်ရှုခံစားနိုင်ဖို့ ၂ မိနစ်ကျော်ကြာတဲ့ ရုပ်သံကို ဖော်ပြပေးလိုက်ပါတယ်။
http://www.irrawaddyblog.com/2011/12/blog-post_21.html

Tuesday, December 20, 2011
အစိုးရနှင့် KNU ထပ်တွေ့ဦးမည်
အစိုးရနှင့်တွေ့ ဆုံဆွေးနွေးပွဲမှာ ပဒိုမန်းငြိမ်းမောင်အပါအ၀င် ထောင်ထည့်မှာ ရှိနေတဲ့ ကေအဲန်ယူ အဖွဲ့ ဝင်တွေအားလုံး လွတ်ပေးပို့ တောင်းဆိုပါ။ တချို့ ဆိုရင် ကေအဲန်ယူအမာခံတွေ မဟုတ်တာတောင်မှ ကေအဲန်ယူနဲ့ ဆက်သွယ်တယ် ဆိုပြီး ထောင်ထဲမှာ ရောက်နေတဲ့ သာမန်ကရင်တွေ အများကြီးပါ။ ဒီလိုလူတွေ လွတ်မြောက်ဖို့ လည်း ထည့်သွင်းတောင်းဆိုပါ။ ဘိုကလေးကိစ္စနဲ့ ထောင်ထည့်မှာ နှစ်ရှည်ထောင်သမားတွေ လည်းရှိနေပါတယ်။ သူတို့ လွတ်မြောက်ဖို့ တောင်းဆိုပေးပါ။
အကျည်းချထားခံရတဲ့ ကရင်တော်လှန်ရေးသမားတွေအားလုံးကို သူတို့ လွတ်ပေးနိုင်မှသာ စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုဖေါ်ဆောင်လို တဲ့လမ်းစ လို့ ပြောနိုင်မယ်.. ဒီလိုမှမဟုတ်ရင် အစိုးရရဲ့ နိုင်ငံရေးကစားကွက်တစ်ခုထဲမှာ တ၀ဲဝဲလည်ပြီး ပတ်ချာလည်နေကြမည်။ ထောင်ထဲမှာ ရှိနေတဲ့ ကရင်တော်လှန်ရေးသမားများနဲ့ ကရင့်တော်လှန်ရေးနဲ့ ဆက်စပ် ပြီး ထောင်ကျ သူအားလုံးလွတ်မြောက်ဖို့ အဓိကအချက်တစ်ချက်အဖြစ် ထည့်သွင်းပြီး ဆွေးနွေးပါရန် အစိုးရနဲ့ ငြိမ်းချမ်းရေးသွားဆွေးနွေးမည့် KNU ကိုယ်စားလည်များအား ကျနော်တို့ သောသီခို အဖွဲ့ သားများမှ တိုက်တွန်း တောင်းဆိုအပ်ပါသည်။
xxxxxxxxxxxxxxxxxxx
လက်ရှိ KNU ဗဟိုကော်မတီဝင်များ (ဓာတ်ပုံ - ဧရာဝတီ)
ငြိမ်းချမ်းရေး အတွက် ထပ်မံဆွေးနွေးရန် ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် အစိုးရ ကိုယ်စားလှယ်များ လာမည့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ဒုတိယ အပတ်၌ ကရင်ပြည်နယ်ဘားအံမြို့နယ်တွင် တွေ့ဆုံမည်ဖြစ်သည်။
တွေ့ဆုံပွဲတွင် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်မည် ဖြစ်ပြီး KNU ငြိမ်းချမ်းရေး ဖော်ဆောင် ရေး ကော်မတီဝင် အနည်းဆုံး ကိုယ်စားလှယ် ၃ ဦးခန့် ပါဝင်မည် ဖြစ်ကြောင်း ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ မှ ပြောရေး ဆိုခွင့်ရှိသူ ဦးစောဒေးဗစ်ထောက ဧရာဝတီသို့ ပြောသည်။
“အပစ်အခတ် ရပ်စဲရေးကို ကျနော်တို့က လုပ်ရင် ကျနော်တို့ အနေနဲ့ ခိုင်မာချင်တဲ့ ဆန္ဒတော့ ရှိတယ်၊ ဒါမှလည်း ထာဝရ ငြိမ်းချမ်း ရေးကို သွားမှာကိုး ဆိုတော့ အဲဒီက စပြီးတော့ တဦးကို တဦး ဘယ်လို ပြုမှုဆက်ဆံ နေထိုင်ကြမလဲဆိုတာက အစ ဆွေးနွေးကြ မယ်”ဟု ၎င်းက ဆိုသည်။
KNU သည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အတွက် နိုဝင်ဘာ ၁၀ ရက်က အဖွဲ့ဝင် ၇ ဦးပါရှိသည့် ပြည်တွင်း ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။
အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ထားရှိရေး၊ အစိုးရနှင့် KNUထိန်းချုပ်ထားသော နယ်မြေများတွင် နှစ်ဘက် တပ်ဖွဲ့ဝင် များ အပြန်အလှန် အကြောင်းကြားရေး၊ ဗဟိုအစိုးရနှင့် တွေ့ဆုံဆွေးနွေးရေး အတွက် နေ့ရက်၊ နေရာ သတ်မှတ်ရန် စသည့် အချက် များကို အစိုးရ ကိုယ်စားလှယ်များက ချပြထားကြောင်း ဦးစောဒေးဗစ်ထောက ဆက်ပြောသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ် ဦးအောင်မင်းက KNUတပ်ဖွဲ့မှ ကိုယ်စားလှယ်များကို ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့သည်။ ထိုကမ်းလှမ်းမှု ပေါ်ပေါက်လာပြီး နောက်ပိုင်း KNU ကလည်း တွေ့ဆုံရန် ပြင်ဆင် ထားခဲ့ သည်။
နိုဝင်ဘာ ၁၉ နှင့် ၂၀ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် တနေရာ၌ အစိုးရ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင် သည့် ကိုယ်စားလှယ်များနှင့် KNU ခေါင်းဆောင်တချို့ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နောက်ပိုင်း တရားဝင် ထပ်မံ တွေ့ဆုံမည့် သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
KNUအဖွဲ့သည် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေး အတွက် ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင်ကာ အစိုးရ အဆက်ဆက်ကို ဆန့်ကျင် တော်လှန်ခဲ့သည်မှာ ၆၂ နှစ် ရှိပြီ ဖြစ်သည်။
http://burma.irrawaddy.org/archives/3860

ဏိင်းသင့်မူ.ဏီ - (DKBA အမှတ်တရ - ကရင်နှစ်သစ်ကူး တေးလက်ဆောင်)
ကရင်နှစ်သစ်ကူးရောက်တော့မယ်.. သီချင်းတွေနားထောင်ရင်း တကယ်ပဲ သွေးရင်း ဒီကေဘီအေ ကို ကျနော်တို့ သတိရမိပါတယ်။ ကရင်နှစ်သစ်ကူးပွဲတော်ကို ခြိမ့်ခြိမ့်သက် ကျင်းပနိုင်ခဲ့တဲ့ တချိန်က ဒီကေဘီအေ ယခုနယ်ခြားစောင့်တပ်ဘ၀ မှာ ကရင်နှစ်သစ်ကူးပွဲတော်ကို စည်ကားစွာ ကျင်းပနိုင်ဖို့ မပြောနဲ့  ဒေသခံများ ကျင်းပတဲ့ နှစ်သစ်ကူးပွဲတောင် လာနိုင် လာအားပါ့မလားလို့ တွေးမိရင်း ရင်မှာ များစွာစိတ်မကောင်းမိတာအမှန်ပါ။
ဘာပဲဖြစ်ဖြစ်ပါ လာလည်သူမိတ်ဆွေများခင်ဗျား.. ဗိုလ်မှူးကြီး ချစ်သူဦးဆောင်တဲ့ နယ်ခြားစောင့်တပ်ညီကို တွေကို ပြောပေးပါ။ ကျနော်တို့ သောသီခိုအဖွဲ့ က ခင်ဗျားတို့ ထုတ်လုပ်ဖြန့် ချီခဲ့တဲ့ ကရင်နှစ်သစ်ကူးပွဲ အမှတ်တရ ဗီဒီယိုမှတ်တမ်းသီချင်းကို ဒီဇင်ဘာ ၂၅ ရက်နေ့ မှာ ကျရောက်မယ့် ကရင်နှစ်သစ်ကူးနေ့ အတွက် ဂုဏ်ယူဝင့်ကြွားစွာ ဘလော့ပေါ်တင်ဆက်ထားပါကြောင်း.. ညီကိုနယ်ခြားစောင့်တပ်များကို လည်း သတိရပါကြောင်း၊ တချိန်က ဒီကေဘီအေခေတ် ကရင်နှစ်သစ်ကူးနေ့ မှာ ကရင့်အလံကို ဂုဏ်ယူဝင့်ကြွားစွာလွင့်တင်ပြီး ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့ပေမယ့် ယခုနှစ်များမှာ ဘာကြောင့်မကျင်းပနိုင်ခဲ့သလည်း ဆိုတာ ကရင်ပြည်သူများသိချင်နေကြသလို မျှော်လင့်တမ်းတပါကြောင်း ပြောပေးပါ။

Monday, December 19, 2011
အဲဒီအခန်းဖြတ်
‘ဆင်ဆာဖြတ်ကြမယ်’ ယူကျုဗီဒီယိုခေတ်စားနေ
မိုးမခအညွန်း၊ ဒီဇင်ဘာ ၂၀၊ ၂၀၁၁
Type the rest of your post here.
မိုးမခအညွန်း၊ ဒီဇင်ဘာ ၂၀၊ ၂၀၁၁
Type the rest of your post here.
သွေးနှင့် ရေးသားနေဆဲ မြန်မာ့သမိုင်း
Written by လှရွှေ
ကျနော် တော်လှန်ရေးနယ်မြေကို မရောက်မှီ ရှေးဟောင်းသုတေသန ပါမောက္ခ ဦးလှထွန်းဖြူ ဆီကိုမကြာခဏ ရောက်ဖြစ်ပါတယ်။ ဆရာရဲ့ အိမ်ကိုရောက်ဖြစ်တော့ နိုင်ငံရေးအကြောင်း ဆွေးနွေးဖြစ်ကြပါတယ်။
ဆရာက ပညာရှိသလို၊ စိတ်ဓာတ်ကလည်း အင်မတန်မှ ခိုင်မာတည်ကြည်တဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်လောက် ထင်ပါတယ်။ ဆွေးဆွေးမြေ့မြေ့ပြောတဲ့ ဆရာ့စကားကို အခုထိ မှတ်မိနေပါသေးတယ်။
"ကမ္ဘာ့ရန်သူဖြစ်တဲ့ ပါလစ္စတိုင်းနှင့် အစ္စရေးတွေတောင် မျက်နှာချင်းဆိုင်ပြီး ငြိမ်းချမ်းရေးစကား ပြောနိုင်တယ်၊ ငြိမ်းချမ်းရေး ရောင်ခြည်သန်းလာတာကို ကြားနေရတယ်၊ ဒို့မြန်မာအချင်းချင်း ဘာဖြစ်လို့ ငြိမ်းချမ်းရေးစကား မပြောနိုင်ရတာလဲ၊ တိုင်းရင်းသားတွေနဲ့ ဘာဖြစ်လို့ ငြိမ်းချမ်းရေးစကား မပြောနိုင်ရတာလဲ" လို့ကျနော့်ကို မေးခွန်း မေးသလိုနဲ့ စကားပြောဖြစ်ကြတယ်။
ဆရာတဦးရဲ့ ပြည်တွင်းစစ်နှင့် မြန်မာ့နိုင်ငံရေး မရေမရာ ဖြစ်နေမှုကို အဆုံးသတ်စေလိုတဲ့ ဆန္ဒတွေလို့ မြင်ပါတယ်။ ဆရာဟာ ရှေးဟောင်းသုတေသနဌာနကို မရောက်မှီ မေမြို့စစ်တက္ကသိုလ်မှာ ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။
တိုင်းရင်းသားတွေရဲ့ ခုခံစစ် (ကချင်)
အင်္ဂလိပ်လက်အောက်မှာ နှစ်ပေါင်းရာကျော် နေထိုင်လာတဲ့ မြန်မာတွေဟာ ၂၀ ရာစုအစပိုင်းမှာ အမျိုးသားရေး စိတ်ဓာတ်နိုးကြားလာပြီး လွတ်လပ်ရေးတောင်းဆိုမှုတွေ ပေါ်ပေါက်လာခဲ့တယ်။ အင်္ဂလိပ်တွေကလည်း တိုင်းရင်းသားတွေနှင့် သဘောတူညီမှု ရရှိမှ လွတ်လပ်ရေးပေးမှာ ဖြစ်တဲ့အတွက် (၁၉၄၇) မှာပင်လုံညီလာခံ ပေါ်ပေါက်လာခဲ့ပါတယ်။ ပင်လုံစာချုပ်ရဲ့ အချက် (၉) ချက်မှာ နံပါတ် (၆) အချက်က ဒီလိုဖွင့်ဆိုထားပါတယ်။
6. Though the question of demarcating and establishing a separated Kachin State within a Unified Burma is one which must be relegated for decision by the Constituent Assembly, it is agreed that such a State is desirable. As a first step towards this end, the Counsellor for Frontier Areas and the Deputy Counsellors shall be consulted in the administration of such areas in the Myitkyina and the Bhamo Districts as are Part II Scheduled Areas under the Government of Burma Act of 1935.
၆။ ။ (ပူးပေါင်းထားပြီးသည့် ဤမြန်မာပြည်အတွင်း သီးသန့် ကချင်ပြည်နယ်တခု နယ်နမိတ်သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြု လွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် အထမြောက်ရန် အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ်မြန်မာနိုင်ငံတော်အစိုးရ အက်ဥပဒေအရနောက်ဆက်တွဲ စာရင်းပါ အပိုင်း(၂) ဒေသများကဲ့သို့ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင်နယ်စပ်ဒေသ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရမည်) လို့ ဆိုထားပါတယ်။
ပင်လုံစာချုပ်အရဆိုရင် ကချင်၊ ချင်းနှင့် ရှမ်းတို့ဟာ မြန်မာနိုင်ငံအတွင်းမှာ တန်းတူရည်တူရှိတဲ့ ဖက်ဒရယ်စနစ်နဲ့ ပူးပေါင်းခဲ့တာပါ။ ဒီလိုပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ ကချင်တွေဟာ ၁၉၆၁ ခုနှစ်မှာ ကချင်လူမျိုးတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့အတွက် လက်နက်ကိုင်ခဲ့ရတယ်။ ခုအချိန်မှာတော့ ကချင်တွေရဲ့ မနောမြေမှာ သွေးချောင်းစီးတဲ့ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်နေပါတယ်။ အပြစ်မဲ့တဲ့ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ အရပ်သားတွေဟာ စစ်ဒဏ်ကြောင့် တောတောင်တွေထဲမှာ ပြေးလွှား နေကြရပါတယ်။
စီပွားရေးမကောင်းလို့ ကလေးတွေ ပညာမသင်နိုင်တာကြည့်ပြီး စိတ်မကောင်း ဖြစ်နေတဲ့ သူတွေကို စစ်ကြောင့်ထွက်ပြေးနေရတဲ့ ကလေးတွေက ကျည်၊ မြေမြုပ်မိုင်း၊ အဆိုးဆုံးက ငှက်ဖျား ဒဏ်တွေနဲ့ နပန်းလုံးနေရတာကို တွေ့မြင်စေချင်တယ်။ တိုင်းရင်းသားတွေအပေါ် စာနာပါတယ် ဆိုတဲ့သူတွေ သွားရောက်လေ့လာစေချင်တယ်။ Kachin Diaspora ဖြစ်နေပါပြီ။
စံချိန်တင်တဲ့ ခုခံစစ် (ကရင်)
ကမ္ဘာ့စံချိန်ချိုးတဲ့ တော်လှန်ရေးက ကရင်အမျိုးသားတွေရဲ့ တော်လှန်ရေး ဖြစ်ပါတယ်။ ကရင်တွေနဲ့ ဗမာလူမျိုးတွေကြား မကျေနပ်မှုက အင်္ဂလိပ်ခေတ်ကတည်းက စတင်ပေါ် ပေါက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
၁၈၀၀ ကျော်ကတည်းက အနောက်နိုင်ငံက သာဿနာပြုတွေ ကရင်နယ်တွေဆီကို ရောက်နေပါပြီ။ ၁၈၂၄-၁၈၅၂ အင်္ဂလိပ်-မြန်မာစစ်ပွဲတွေ အပြီးမှာ ခရစ်ယာန်ဘာသာဝင် ပညာတတ်ကရင်တွေဟာ အင်္ဂလိပ် လက်အောက်မှာ အမှုထမ်းတွေ ဖြစ်လာကြတယ်။
လွတ်လပ်ရေးအကြိုကာလ ၁၉၄၆ မှာအင်္ဂလန် နိုင်ငံကို သွားရောက်ခဲ့တဲ့ (Karen National Association-KNA) ရဲ့ ခေါင်းဆောင် စောသာဒင် က ဒုတိယကမ္ဘာစစ်အတွင်း ကရင်လူမျိုးတွေကို သတ်ဖြတ်ပြီး၊ ကရင်ရပ်ရွာတွေကို မီးရှို့ခဲ့တဲ့ ဗမာလူမျိုးတွေကို ဘယ်လိုမှ မယုံကြည်နိုင်ဘူးလို့ အင်္ဂလန်မှာ ပြောဆိုခဲ့တယ်။ ဘီအိုင်အေ တပ်တွေဟာ အင်္ဂလိပ်တွေအပေါ် သစ္စာရှိခဲ့တဲ့ ကရင်တွေကို မြောင်းမြခရိုင်အတွင်းမှာ သတ်ဖြတ်မှုတွေ ဖြစ်ရာကနေ လူမျိုးရေး အဓိကရုဏ်း ဖြစ်ပေါ်ခဲ့တယ်။
ကရင်တွေဟာ ပင်လုံညီလာခံကို လေ့လာသူအဖြစ်သာ တက်ရောက်ခဲ့တယ်လို့ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ အင်္ဂလိပ်လက်အောက်မှာ မြန်မာမျိုးချစ်တွေ ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုတော့ ကရင်ခေါင်းဆောင် တဦးဖြစ်တဲ့ စံစီဖိုးက ဆန့်ကျင်ခဲ့ပါတယ်။ စံစိဖိုး ရေးသားခဲ့တဲ့ Burma and Karen စာအုပ်မှာ တိုင်းရင်းသားတွေ များပြားတဲ့ မြန်မာနိုင်ငံဟာ တောင့်တင်းခိုင်မာတဲ့ နိုင်ငံဖြစ်ဖို့ သံသယ ရှိတယ်လို့ တင်ပြခဲ့ပါတယ်။
၁၉၄၈ လွတ်လပ်ရေး ရပြီးတဲ့နောက် အုပ်ချုပ်သူတွေဟာ တိုင်းရင်းသား အရေးကို လျစ်လျူရှုခဲ့ကြတယ်။ မဟာဗမာဝါဒနဲ့၊ နိုင်ငံရေး အယူဝါဒရေးရာရဲ့အောက်မှာ တိုင်းရင်းသားအရေး ပျောက်ခဲ့ရတယ်။ တိုင်းရင်းသားတို့ရဲ့ ကိုယ်ကြမ္မာ ကိုယ်ဖန်တီးမှု မရှိဘဲ ငြိမ်းချမ်းတဲ့နိုင်ငံကို ဘယ်တော့မှ တည်ထောင်လို့မရဘူး ဆိုတာ နှစ်ပေါင်း ၆၂ ကြာပြည်တွင်းစစ်က သက်သေဖြစ်ပါတယ်။
သွေးနဲ့ရေးတဲ့ မြန်မာ့သမိုင်း (၁၉၄၈-၂၀၁၁)
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရိုးသားမှုကို အချို့သော တိုင်းရင်းသားခေါင်းဆောင်တွေ အကြွင်းမဲ့ ယုံကြည်ခဲ့ကြတယ်။ ဗိုလ်ချုပ်ပြောတဲ့ "ကရင်တကျပ် ဗမာတကျပ်" က တိုင်းရင်းသားတို့ရဲ့ ယုံကြည်မှုကို ပုံအောတဲ့ အချက်ဖြစ်လာ ခဲ့တယ်။
ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးတဲ့နောက်ပိုင်းမှာ ရိုးသားမှုမရှိတဲ့ နိုင်ငံခေါင်းဆောင်တွေဟာ ပင်လုံစာချုပ်နှင့် တိုင်းရင်းသားတွေအပေါ် အမျိုးမျိုးလှည့်စားရာကနေ တိုင်းရင်းသားတွေဟာ မိမိတို့ရဲ့ လွတ်လပ်ခွင့်ကို တိုက်ယူမှ ရမယ်ဆိုတဲ့ အတွေးအခေါ်ကနေ လက်နက်ကိုင်ပဋိပက္ခ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။
၁၉၅၈ ခုနှစ်မှာ ၀န်ကြီးချုပ် ဦးနုက "လက်နက်နဲ့ ဒီမိုကရေစီ" အလဲအလှယ် ကမ်းလှမ်းခဲ့ပါတယ်။ လက်နက်ကိုင် တိုင်းရင်းသားတွေကို လက်နက်စွန့်ပြီးရင် နိုင်ငံရေးပါတီအဖြစ် ဖွဲ့ခွင့်ပေးပြီး ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ် ပြိုင်စေခဲ့တယ်။ ရခိုင်နှင့်မွန်တွေဟာ ကျော့ကွင်းမိခဲ့တယ်။ ကရင်တွေကတော့ ငြိမ်းချမ်းရေး သဘောတူညီမှုမရှိဘဲ လက်နက်မချနိုင်ဘူး ဆိုတဲ့မူနဲ့ တိုက်ပွဲဝင်ခဲ့တာ ဒီနေ့အချိန်ထိပါဘဲ။
ကချင်နှင့် ရှမ်းလူမျိုးတွေဟာ (၁၉၄၇) ခုနှစ် ပင်လုံစာချုပ်အရ နိုင်ငံရေး၊ စီးပွားရေး လွတ်လပ်ခွင့်တွေရမယ့် အစား ပင်လုံစာချုပ်အရ ခွင့်ပြုထားတဲ့ အခွင့်အရေးတွေကို ရုပ်သိမ်းခံခဲ့ရတယ်။ ကချင်ပြည်နယ်ထဲက ရွာသုံးရွာကို တရုတ်လက်ထဲ ထိုးအပ်ခဲ့ပါတယ်။ တိုင်းရင်းသားတွေ ဘက်ကလည်း ဗမာလူမျိုးတို့ရဲ့ ဗိုလ်ကျ စိုးမိုးမှုကို မခံလိုတဲ့အတွက် လက်နက်ကိုင်လမ်းစဉ်ကို လိုက်ခဲ့ရတယ်။
၁၉၆၁ ခုနှစ်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းလိုက်တာဟာ ခရစ်ယာန်ဘာသာဝင် အများစုဖြစ်တဲ့ ကရင်၊ ကချင်၊ ချင်း နှင့်ကရင်နီ တို့အပေါ် မထီမြဲ့မင်ပြုလိုက်တာဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရ အုပ်ချုပ်စဉ်က ငြိမ်းချမ်းခဲ့တဲ့ တိုင်းရင်းသားနယ်တွေမှာ သွေးချောင်းစီး တိုက်ပွဲတွေ ပေါ်ပေါက်ခဲ့တယ်။
တိုင်းရင်းသားတွေနဲ့ တရွာတည်းနေ တရေတည်းသောက်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ကြွေးကြော်နေတဲ့ စစ်အစိုးရအဆက်ဆက် လက်ထက်မှာ တည်ဆောက်လာတဲ့ စစ်တပ်အင်အား တပ်ရင်းပေါင်း ၅၄၂ ရင်းနှင့် တိုင်းရင်းသား နယ်နမိတ်တွေကို ထိမ်းချုပ်ထားဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။
မိမိတို့ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့တဲ့ နေရာမှာ နေထိုင်ခွင့်မရတဲ့ တိုင်းရင်းသားတွေရဲ့ အရေးက ဘယ်တော့မှ ရှေ့တန်းနေရာမှာ မရှိပါဘူး။ လွတ်လပ်ရေး ရပြီးကာလမှာလည်း တိုင်းရင်းသားတွေရဲ့ အရေးကိုပြောရင် အမြင်ကျဉ်းတယ် ဆိုတဲ့အမြင်မျိုးနဲ့ လျစ်လျူရှုခဲ့တယ်။ အခုလည်း ဒီမိုကရေစီရသွားရင် တိုင်းရင်းသားတွေရဲ့ အရေးက ကျွဲကူးရေပါ ဖြစ်လာမှာပါဆိုတဲ့ မရေရာတဲ့ စကားလုံးတွေနဲ့ မျက်နှာလွှဲ နေတာကို မြင်နေရပါတယ်။
ဒါကြောင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ့သမိုင်းမှာ သတ်ဖြတ်မှု၊ အနိုင်ကျင့်ဗိုလ်ကျမှု၊ တိုင်းရင်းသူ တွေအပေါ် မုဒိမ်းကျင့်မှု၊ တိုင်းရင်းသားတွေပိုင် သဘာဝ သယံဇာတကို အဓမ္မလုယူမှု စတာတွေဟာ တိုင်းရင်းသားစည်းလုံးရေးကို ဖြစ်စေမှာမဟုတ်ဘဲ ကြယ်လေးပွင့်တပ် ကမ္ဘာကျော် လူမိုက်တွေကို ပေါ်ပေါက်စေခဲ့တာ သမိုင်းက သက်သေပြနေပါတယ်။
၆၃ နှစ်ကြာ လွတ်လပ်တဲ့ မြန်မာနိုင်ငံ သမိုင်းကို "သွေးနဲ့ ရေးခဲ့ကြတယ်၊ ရေးနေဆဲ" လို့ပြောချင်ပါတယ်။
အာရပ်၊ အစ္စရေးလို ခါးသီးတဲ့ အတွေ့အကြုံမှ ငြိမ်းချမ်းရေး ဆီသို့
ဂျူးလူမျိုးတွေဟာ ဘီစီ ၃၀၀၀ ကနေလက်ရှိ ပါလစ္စတိုင်းဒေသမှာ ( Canaanite) ယဉ်ကျေးမှုကို တည်ထောင်ပြီး နေထိုင်လာခဲ့တဲ့ သူတွေပါ။ အေဒီ (၂) ရာစုမှာ ရိုမန်တွေဝင်တိုက်တဲ့အတွက် စစ်ရှုံးပြီး ဂျူးတွေ တိုင်းပြည်က ထွက်ပြေးခဲ့ရပါတယ်။
သမိုင်းမှာတော့ Jewish Diaspora လို့ခေါ်ပါတယ်။ အေဒီ (၁၃၅) မှာစစ်ရှုံးတဲ့အတွက် ဖမ်းမိတဲ့သူတွေကို ရောမအင်ပါယာ တ၀ှမ်းသို့ ကျွန်အဖြစ်ရောင်းချခဲ့သလို၊ ကမ္ဘာ့နေရာအနှုံ့ကို ထွက်ပြေးခဲ့ရပါတယ်။ အဲဒီအချိန်ကတည်းကနေ ဂျူးလူမျိုးတွေက နိုင်ငံပျောက်သူတွေဖြစ်ခဲ့ ရပါတယ်။
အေဒီ (၇) ရာစုမှာ အာရပ်တွေဝင်ရောက်လာပြီး၊ ပါလစ္စတိုင်းဒေသဟာ အစ္စလမ်ဘာသာဝင် အာရပ်အများစုနေထိုင်တဲ့ နေရာဖြစ်လာခဲ့ပါတယ်။ အေဒီ (၁၆) ရာစုမှာ အော်တိုမန် လက်အောက်ကို ကျရောက်ခဲ့ပြန်ပါတယ်။
နှစ်ပေါင်း ၂၀၀၀ လောက်အဖနိုင်ငံကနေ ထွက်ပြေးနေရတဲ့ ဂျူးတွေဟာ ရောက်ရာအရပ်မှာ မတူတဲ့ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုတွေကြောင့် ဖိနှိုပ်မှုကို ခံခဲ့ရတာကြောင့် ၁၉ ရာစုအစမှာ ဂျူးနိုင်ငံ ပြန်လည် ထူထောင်ရေးကို စိုင်းပြင်းလာပါတယ်။ ဟစ်တလာရဲ့ ဂျူးမျိုးဖြုတ်သန့်စင်ရေးအပြီးမှာ ဂျူးတွေရဲ့ဇာတိမြေမှာ အမေရိကန်ရဲ့အကူအညီနဲ့ အစ္စရေးနိုင်ငံကို တည်ထောင်ခဲ့ပါတယ်။ နိုင်ငံကို တည်ထောင်ပြီးတဲ့အချိန်ကစပြီး စစ်ပွဲကြီးပေါင်း ၅ ကြိမ် အာရပ်နိုင်ငံတွေနှင့် ဖြစ်ပွားခဲ့ပါတယ်။
ဘယ်လောက်ဘဲခါးသီးတဲ့ အတွေ့အကြုံရှိပါစေ ပါလစ္စတိုင်းနဲ့ အစ္စရေး ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆွေးနွေးမှုတွေ ဆက်တိုက်လုပ်ခဲ့ကြတယ်။ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေး မဟုတ်ရင် တောင် ရန်သူနှစ်ဦးအကြား နားလည်မှုနှင့်တည်ဆောက်ထားတဲ့ ငြိမ်းချမ်းရေးက ရှိနေပြီဖြစ်ပါတယ်။ တချိန်က ရန်သူတွေဖြစ်ခဲ့ကြတဲ့ အာရာဖတ် နှင့် ရာဘင်တို့ဟာ ငြိမ်းချမ်ရေး နိုဘယ်ဆုကို (၁၉၉၄) မှာပူးတွဲရယူ ခဲ့ကြပါ တယ်။ ကြည်နူးဖွယ်ရာ ငြိမ်းချမ်းရေး ဇာတ်လမ်းမဟုတ်တဲ့ တကယ့်အဖြစ်အပျက်တွေပါ။
ကျနော်တို့ တိုင်းရင်းသားတွေမှာ အာရပ်၊ အစ္စရေးတွေလို ခါးသီးတဲ့အမုန်းမရှိပါဘူး။ တိုင်းရင်းသား တွေရဲ့ အဓိက တောင်းဆိုမှုက သူတို့ရဲ့ ဘိုးဘွားပိုင်နယ်မြေမှာ ဂုဏ်သိက္ခာရှိရှိ နေထိုင်ခွင့် ရရေးနဲ့ သူတို့ပိုင်ဆိုင်တဲ့ သဘာဝအရင်းအမြစ်ကို ဂုဏ်သိက္ခာရှိရှိ ထုတ်ယူသုံးစွဲ နိုင်ရေးက တိုင်းရင်းသားတွေရဲ့ လိုချင်တဲ့ အချက်တွေပါ။
လက်ရှိဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကနေ နှစ်ဦးနှစ်ဘက် ရေရှည်တည်တံ့ ကောင်းမွန်မယ့် ငြိမ်းချမ်းရေးမျိုးကို လှမ်းသင့်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ တိုင်းရင်းသား အချင်းချင်းကြား သွေးခွဲရေး မဟုတ်သလို၊ ငြိမ်းချမ်းရေး ဆိုတဲ့ခေါင်းစဉ် အောက်မှာ အင်အားတည်ဆောက်တာမျိုးလည်း မဖြစ်သင့်ပါဘူး။
ကျနော်တို့ ခေါင်းဆောင်တွေ စဉ်းစားရမယ့် အချက်က ၂၁ ရာစုမှာ ကမ္ဘာ့အင်အားချိန်ခွင်က အာရှ ပစ္စဖိတ် ဒေသကိုပြောင်းလာတာရယ်၊ အမေရိကန် တနိုင်ငံတည်း ကမ္ဘာ့ ပုလိပ်ကြီး လုပ်နေရာက ပါဝါချိန်ခွင်ချာ ဖြစ်လာမည့် တရုတ်နဂါးကြီးတို့ရဲ့ နိုင်ငံရေး ကစားကွက်ကြားမှာ ဘယ်လို ကစားကြမလဲ။ ကျနော်တို့ တိုင်းရင်းသားညီအကို မောင်နှမတွေ စည်းလုံးမှုရှိနေရင် ကောင်းမွန်တဲ့ အနာဂါတ်ကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။
လှရွှေ
http://www.maukkha.org/index.php/interview-maukkha/opinion-maukkha/1362-2011-12-10-19-39-03