Saturday, February 4, 2012

ကရင်ပြည်နယ်တွင်း တိုက်ပွဲနှင့်လူ့ အခွင့်အရေးချိုးဖေါက်မှုများ ရှိနေဆဲ

သတင်းရင်းမြစ် - Lu Lu

ဇန်န၀ါရီလ ၁၂ ရက်နေ့ က ကေအဲန်ယူနှင့်ဗမာစိုးရ တို့ ပမဏအပစ်ရ သဘောတူ လက်မှတ်ရေးထိုးကြသော်လည်း ကရင်ပြည်နယ်အတွင်း တိုက်ပွဲနှင့် လူ့ အခွင့်အရေးချိုးဖေါက်မှုများရှိနေဆဲဖြစ်ကြောင်း ကျတော်တို့ သောသီခိုမှ သတင်းလက်ခံရရှိပါသည်။

ဇန်န၀ါရီလ ၂၄ ရက်နေ့ တွင် ညောင်လေးပင်ခရိုင် ဒေသတွင် ဗမာစစ်တပ်မှ စစ်ကား အစီး၄၀ ကျော် ရိက္ခာနှင့်လက်နက်ခက်ရမ်းများကို ရှေးတန်းသို့ ပို့ ဆောင်နေကြောင်း သတင်းရရှိပါသည်။ ထိုအ၇ပ်ဒေသရှိရွာသားများသည် ဗမာစစ်တပ်များ၏ လက်နက်ခက်ယမ်းနှင့် ရိက္ခာများကို သယ်ပို့ ပေးရကြောင်း သတင်းရရှိပါသည်။

ဆက်လက်ပြီး နောက်ဆုံးရသတင်းအရ ကရင်ပြည်နယ် သံတောင်မြို့ နယ် ဘောကလိဒေသွင် လက်နက်နှင့် ရိက္ခာ တင်ဆောင်ထားသော စစ်ကားအစီး ၄၀ တပ်မ ၆၆ မှဘောကလိကြီးသို့ ရောက်ရှိပြီး ဖေဖေါ်ဝါရီလ ၄ ရက်နေ့ တွင် ရှေးတန်းသို့ ရွာသားများကို အတင်းအကျပ်ခိုင်းစေလျက် လက်နက်ခက်ယမ်း ရိက္ခာများကို ပေါ်တာအဖြစ်ခေါ်ယူလျက် ခိုင်းစေကြောင်းသတင်းရရှိပါသည်။ ဇန်န၀ါရီ ၃၁ ရက်နေ့ တွင်ဖြစ်ပွားသောတိုက်ပွဲ၌ ဗမာစစ်တပ်မှ တပ်ရင်းမှူးတစ်ဦး ကျဆုံးကြောင်း သတင်းရရှိပါသည်။ ၄င်းဒေသတွင် အရင်အချိန်ကထဲတောင် ပိုဆိုးကြောင်း ဒေသခံများက သတင်းပို့ လာပါသည်။

ဘိတ်ထားဝယ်ဒေသတွင် အစိုးရတပ်များက ရိက္ခာပို့ တိုးချဲဒါနဲ့ ပါတ်သက်ပြီး ကေအဲန်ယူ တပ်မဟာ ၄ မှ ပဒိုကွယ်ထူးဝင်းမှ ယခုလို ကေအိုင်စီသတင်းတွင် ပြောပါသည်။ ““စကခ(၂၀)နဲ့ စကခ(၁၃)တို့ တနှစ်တကြိမ် ပုံမှန် တပ်အပြောင်းအလဲ လုပ်ဆောင်တာပါ။ ထူးခြားတဲ့ လှုပ်ရှားမှုတွေ မတွေ့ရပါဘူး။ အစိုးရနှင့် ကျနော်တို့ ငြိမ်းချမ်းရေးဆွေးနွေးရေး အခြေအနေ ပျက်ပြယ်နိုင်လောက်တဲ့ အခြေအနေမျိုးထိတော့ သူတို့ (အစိုးရတပ်)ဘက်က လုပ်ဆောင်မှာ မဟုတ်ပါဘူး။”ဟု ပြောသည်။ http://www.kicnews.org/?p=9728
ပဒိုစောကွယ်ထူးဝင်း ဗမာစစ်အစိုးရကိုကာကွယ်ပြီး ပြောဆိုထားဒါ တွေ့ ရပါသည်။

ကရင်ပြည်နယ် သံတောင်မြို့ နယ် ဘောကလိကြီးဒေသသည် ဗမာစစ်တပ်များက လူသတ် မုဒိန်းကျင့် ရွာမီးရှီူ့  လုပ်လာခဲ့ဒါ အချိန်ကာလာကြာမြင့်နေပြီဖြစ်သည်။ ယခု ကေအဲန်ယူမှ အစိုးရနှင့် အပစ်ရပ် ပဏာမ သဘောတူလက်မှတ် ထိုးသည့်တိုင်အောင် ဗမာ့စစ်ခွေးတွေ ဒေသခံတွေကို ငြင်းပမ်းနိုပ်စက်ဒါ မပြီးဆုံးနိုင်သေးပါ။ ဒီအချက်ကို ကေအဲန်ယူ လူကြီးများနားလည်ထားသင့်ပါသည်။

ကရင့်သမိုင်းမှာ စောဟန်တာသာမွေး ခေတ်တုန်းက ဆိုလျှင် သူမှန်တယ်ထင်လို့ ရန်သူ နဲ့ ပူးပေါင်းပြီး လက်မှတ်ထိုးခဲ့ဘူးပါသည်။ နောက်ဆုံးတော့ ဘာဖြစ်လည်း အားလုံးသိတဲ့အတိုင်းပဲ သမိုင်းတရားခံအဖြစ် ကရင့်သမိုင်းတွင် ထွင်ကျန်ရစ်ခဲ့ပါသည်။

ယခုလည်း ဗိုလ်ချူပ် မူတူးစေးဖိုး၊ ပဒိုစောဒေးဗစ်ထော၊ ပဒိုစောကွယ်ထူးဝင်း တို့ ဦးဆောင်တဲ့ ၁၉ ယောက်ငြိမ်းအဖွဲ့ လည်း နောင်တွင် ကရင့်သမိုင်းမှာ စောဟန်တာသာမွှေးတို့ လို အမဲစက်ဖြင့် သမိုင်းတွင် မကျန်ရစ်ကြပါစေနဲ့ လို့  ကျတော်တို့ ဆုတောင်းပေးလိုက်ပါရစေ။

လုလု


Type the rest of your post here.

2 comments:

  1. ဖြစ်ချင်တာနဲ့ဖြစ်သင့်တာကိုသေချာခွဲခြားပြီးမိမိလုပ်ဆောင်စရာတာဝန်များကို
    ကျေပွန်စွာထမ်ဆောင်ပါကတနေ့အောင်မြင်မှုမလွဲပါ။ မိမိကိုယ်ကိုယ်လေးစားသလိုမိမိတို့ခေါင်းဆောင်များကိုလည်းလေးစားစွာပြောဆိုဆက်ဆံစေလိုပါသည်။

    ReplyDelete
  2. မှန်ဒါကို ပြောရင် လူတွေ မခံနိုင်ဒါ မဆန်းပါ။ လူရိုသေ လူလေးစားအောင် ပြုမူနေထိုင် စကားပြောမယ်ဆိုရင် အားလုံးက လေးစားကြရမှာဘဲ.. ဒါပေမယ့် ကျွန်စကားပြောရင် အဆဲခံရမယ်။

    ReplyDelete