Monday, April 30, 2012

ထားဝယ်ဆိပ်ကမ်း ရင်းနှီးမြှုပ်နှံရေး ဂျပန် စိတ်ဝင်စား

2012-04-28

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ငွေကြေး ရင်းနှီးမြှုပ်နှံမှုတွေအပေါ် စိတ်ဝင်စားကြောင်း ဂျပန်နိုင်ငံက ဒီကနေ့ ပြောလိုက်ပါတယ်။

ထိုင်း-မြန်မာ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ (MOU) အရ Italian– Thai Development ကုမ္ပဏီက တာဝန်ယူလုပ်ကိုင်မည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း။

ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ၂၀၁၂ ခုနှစ်ကုန်ပိုင်းမှာ ရပ်ဆိုင်းတော့မှာ ဖြစ်ကြောင်း ITD ခေါ် အီတာလျံ ထိုင်း ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ပရင်ချိုင်းက သောကြာနေ့က ပြောဆိုခဲ့ပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့် အနေနဲ့ ကုမ္ပဏီက ဒေါ်လာသန်းပေါင်း ၈,၅ဝဝ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ဇန်နဝါရီလပိုင်းက ပြောဆိုခဲ့ပေမဲ့ မဂ္ဂါဝပ် ၄,ဝဝဝ ထုတ်လုပ်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်ရေးအပေါ် ဒေသခံတွေက မလိုလားကြတဲ့အတွက် မြန်မာအစိုးရက ရုတ်တရက် ရပ်ဆိုင်းခဲ့ပါတယ်။

အဲဒါကြောင့် စီမံကိန်းရဲ့ ရှေ့အလားအလာအပေါ် ရင်နှီးမြှုပ်နှံသူတွေ စိတ်မချတော့ဘဲ သံသယ ၀င်လာကြတယ်လို့ ဆိုပါတယ်။ အီတာလျံ ထိုင်းကုမ္ပဏီအနေနဲ့ ပိုတက်နဲ့ အလူမီနီယမ် သတ္တုမိုင်းတွေ ရောင်းချပြီး ထားဝယ် ဆိပ်ကမ်းစီမံကိန်းအတွက် ထည့်ဝင်ခဲ့ရပါတယ်။

ဒါပေမဲ့ အခုလို ဂျပန်ဝင်လာတာဟာ နှစ်ရှည် ရင်းနှီးမြှုပ်နှံမှုတွေအတွက် အားပေးလိုက်သလိုဖြစ်လို့ ရှေ့အတွက် စိတ်မပူရတော့ပါဘူးလို့ အီတာလျံ ထိုင်း ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လောကအလင်း လူမှုဖွံ့ဖြိုးရေးအဖွဲ့က ဦးဇော်ဦး က- မြန်မာနိုင်ငံမှာ ဂျပန်လူမှုအဖွဲ့အစည်းတွေ ရှိနေပြီးဖြစ်လို့ သိတ်ပြီးတော့ ခက်ခဲမယ်တော့ မထင်ပါကြောင်း ဒါပေမဲ့ ဂျပန်တွေအနေနဲ့ မြန်မာနိုင်ငံ အစိုးရနဲ့ပဲ အလုပ်လုပ်တာမျိုး မဟုတ်ဘဲနဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ပေါင်းလုပ်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။

ထားဝယ် ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ငွေကြေးထောက်ပံ့ ကူညီနိုင်ဖို့ ဂျပန်၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့ ပါဝင်တဲ့ သုံးနိုင်ငံ ပူးတွဲအဖွဲ့အစည်းတစ်ရပ် ထူထောင်ထားမှာ ဖြစ်ကြောင်း အီတာလျံ-ထိုင်း ကုမ္ပဏီ ဥက္ကဋ္ဌ ပရီချိုင်းက ပြောပါတယ်။
http://www.rfa.org/burmese/news/dawei-project-japan-04282012220545.html

အစိုးရ ငြိမ်းချမ်းရေးအဖွဲ့သစ်မှာ ဒု သမ္မတ ဦးဆောင်မည်

2012-04-29

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ လက်ရှိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှစ်ဖွဲ့ကို တစ်ဖွဲ့တည်းဖြစ်အောင် ပြန်လည်ဖွဲ့စည်းရာမှာ အကြီးတန်းတပ်မတော် အရာရှိကြီးတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်နယ် ၀န်ကြီးချုပ်တွေ ပါဝင်ကြမှာဖြစ်ပြီး ဒု သမ္မတ တစ်ဦးက ဦးဆောင်မှာဖြစ်ကြောင်း၊ အစိုးရ ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေနဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူ တစ်ဦးက ပြောဆိုကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

ကချင် လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ အဆင့်မြင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြည်ထောင်စုအဆင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်နေစဉ်။ (Photo courtesy of a citizen journalist)

ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (၆) ကြိမ်တိုင်ခဲ့ပေမဲ့ မအောင်မြင်တာကြောင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှစ်ဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းဖို့ သမ္မတ ဦးသိန်းစိန်က အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တစ်ဖွဲ့မှာ ပါဝင်တဲ့ မီးရထားဝန်ကြီး ဦးအောင်မင်းကလည်း အဖွဲ့နှစ်ဖွဲ့ကို တစ်ဖွဲ့တည်းဖြစ်အောင် ပြင်ဆင်ဖွဲ့စည်းဖို့ စီစဉ်နေကြောင်း မနေ့မနက်က သတင်းထောက်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။

အသေးစိတ် ထုတ်ဖော်မပြောဆိုခဲ့ပေမဲ့ ဒီပြောဆိုချက်ဟာ ပြည်ထောင်စု တိုင်းရင်းသား ဖယ်ဒရယ်ကောင်စီ UNFC ရဲ့တောင်းဆိုချက်အရ စီစဉ်တာ ဖြစ်နိုင်တယ်လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ သတင်းထောက်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး ကချင်ပြည်နယ်မှာ KIO နဲ့ အစိုးတပ်တွေကြား ပစ်ခတ်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံပြည်သူ (၅) သောင်းကျော် အိုးအိမ်စွန့် ထွက်ပြေးခဲ့ရပါတယ်။

ပြည်တွင်း တည်ငြိမ်ရေးနဲ့ စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် ထာဝရငြိမ်းချမ်းရေး ရရှိအောင် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့လိုကြောင်း အနောက်နိုင်ငံတွေကလည်း မြန်မာအစိုးရကို တိုက်တွန်းနေကြပါတယ်။
http://www.rfa.org/burmese/news/government-vice-president-04292012211739.html

ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ တဖွဲ့တည်း ထားရှိမယ်လို့ ဦးအောင်မင်းပြော

2012-04-29

ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ကို တဖွဲ့တည်း ထားရှိဖို့ စီစဉ်နေတယ်လို့ ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက သတင်းထောက်တွေကို ပြောဆိုပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဖြစ်ပါသည်။

ဒီပြောဆိုချက်ဟာ ပြည်ထောင်စု တိုင်းရင်းသား ဖယ်ဒရယ်ကောင်စီ ခေါ် UNFC ရဲ့ တောင်းဆိုချက် အရဖြစ်နိုင်တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်တဲ့ သတင်းထောက် တစ်ဦးက ပြောပါတယ်။

"၀န်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်းနဲ့ ဦးခင်ရီတို့ ၃ ယောက် မီဒီယာတွေနဲ့ တွေ့တာဗျ။ အဖွဲ့တစ်ဖွဲ့ပဲ ရှိမယ်တဲ့။ အလုပ်တွင်ကျယ်အောင် ပြောတာ။ ဦးအောင်မင်း တစ်ယောက်ထဲကို မူတည်ပြီး လုပ်စေချင်တဲ့ ပုံစံရှိတယ်။ UNFC က ဒီနေ့ အဲလို တောင်းဆိုထားတယ်လို့ ပြောတယ်။ အဲဒါ UNFC ကို အကြောင်းပြန်ထားတယ်ပေါ့။ သူလုပ်တဲ့ သူ့ procedure ၃ ချက်ရှိတယ်ပေါ့၊ အဲဒါ အဲဒီအတိုင်းလုပ်မယ်ဆိုရင်တော့ လုပ်မယ်ပေါ့။ မလုပ်ဘူးဆိုရင်တော့ ကျနော် နာမည်ပျက်မခံနိုင်ဘူးလို့ ပြောထားတယ်။"

သမ္မတဦးသိန်းစိန် အစိုးရ တက်လာပြီး နောက်ပိုင်းမှာ လက်နက်ကိုင် တိုင်းရင်းသားများနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ဖို့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး ဆောင်ရွက်နေရာမှာ စက်မှု ၁ ၀န်ကြီးဟောင်း ဦးအောင်သောင်းနဲ့ ဆက်သွယ်ရေး ၀န်ကြီးဟောင်းဦးသိန်းဇော်တို့ က စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်းနဲ့ ဦးခင်ရီတို့ အဖွဲ့က မြန်မာနိုင်ငံတောင်ပိုင်းက တိုင်းရင်းသားတွေနဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

လတ်တလောအနေနဲ့ တိုင်းရင်းသား အဖွဲ့ ၁၀ ဖွဲ့နဲ့ အပစ်ရပ်ရေး ပဏာမ သဘောတူညီချက် ရရှိထားပြီး၊ ဦးအောင်မင်းရဲ့ အဖွဲ့ ဆောင်ရွက်ချက်ကို တိုင်းရင်းသား အဖွဲ့များက ပိုပြီး အားရကျေနပ်တယ်လို့ တိုင်းရင်းသား သတင်းရပ်ကွက်က ပြောဆိုပါတယ်။

လတ်တလော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိရန် KIO အဖွဲ့တစ်ဖွဲ့သာ ကျန်ရှိပါတယ်။

အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးကို ၁၉၉၄ ခုနှစ်က စာချုပ် လက်မှတ်ရေးထိုး ပြီးဖြစ်တာကြောင့် နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးဖို့ လိုအပ်တယ်လို့ KIO အဖွဲ့က ပြောဆိုထားပါတယ်။
http://www.rfa.org/burmese/news/minister-aung-min-04292012102831.html

Sunday, April 29, 2012

Saturday, April 28, 2012

RFA TV April 27, 2012

ပြည်တွင်း ကရင်အမျိုးသမီးအဖွဲ့ မှနော်စူဇဲနာလှလှစိုး၏ လုပ်ဆောင်မှုများပါဝင်သည်။



Type the rest of your post here.

အဖိုးသမိန်ထွန်းနှင့် အမည်မသိ ရှေးစာဆို ကဗျာတစ်ပုဒ်


ပဒိုသမိန်ထွန်း ကရင်လူငယ်တွေကို သင်တန်းပေးစဉ် - မတ်လ ၂၀၁၀ (ဓါတ်ပုံ - KYO)

ဒီနေ့ သတင်းတင်မယ်စိတ်ကူးရင်း ဘလော့ထည့်ဝင်လာပါသည်။ ထုံးစံအတိုင်းညီငယ် ဇင်ယော် အရေးပါတဲ့သတင်းတွေ တင်ပြီးသွားပြီမို့ စိတ်ထဲ့မှာ တစ်ခုရေးဖို့ စိတ်ကူးမိသွားပါသည်။

ကျနော် ကေ၀ိုင်အို ကရင်လူငယ်အစည်းအရုံးမှာလှုပ်ရှားရင်း တခါက အမှတ်တရအဖြစ်အပျက်လေးတွေကို သွားသတိရမိပါသည်။ ကျနော့်သူငယ်ချင်း စောLထူးတစ်ယောက်ပြောသွားခဲ့တဲ့စကားတစ်ခွန်းပါ။ သူပြောသွားတာက “ဟေ့ ကိုS_ _ ငါဒီလိုမှသိရင် ကျောင်းမနေပါဘူးကွာ” လို့ ပြောချလိုက်ပါတယ်။ ဒီတော့သူ့ ကို ဟ ဘာဖြစ်လည်းကွ လို့ ပြန်မေးတော့ “ငါကျောင်းမနေခဲ့ရင် ခုချိန်မှာ ငါ့မိဘနဲ့ အတူ အေးအေးဆေးလယ်ထွန်စားတယ်ဗျာ. ခုတော့ ၁၀ တန်းအောင်ပြီး အဝေးသင်တပိုင်းတစနဲ့ ဟိုမရောက်ဒီမရောက်ပေါ့ကွာ။ သူများလုပ်ဒါ ကိုအားမရ ဟာကွက်တွေလည်းကိုမြင် ကိုယ့်ကိုသူများဦးဆောင်ခိုင်းလည်း ကိုမပေါက်ရောက်. ဝေဖန်တာတော့တတ်တယ်ကွ” ဆိုပြီး ပြုံးပြုံးနဲ့ ပြန်ဖြေပါသည်။ ဆက်ပြီးသူက “ဒီလိုမှသိရင် ကျောင်းမနေပဲ သူများခိုင်းဒါ အကုန်လုပ်ရင် ကောင်းသားပဲတဲ့” လို့ ပြန်ဖြေပါသည်.. ထိုအချိန်က သူ့ စကားက ရီစရာဖြစ်ပေမယ့် ကျနော့်ကို ခုချိန်မှာ စဉ်းစားစရာလေးတွေ ပေးနေပါသည်။

ဒီလိုနဲ့  လူငယ်သင်တန်းတစ်ခုမှာ ဖူးသမိန်(ပဒိုသမိန်ထွန်း - ကေအဲန်ယူအရံပဟိုကော်မတီဝင်) တစ်ယောက်ပေးတဲ့သင်တန်းတစ်ခုကို သွားသတိရပါသည်။ ထုံးစံအတိုင်း ကျနော်က ဘွင်းဘွင်းသမားလေ.. ရင်ထဲမှာ ရှိတာ ပြောချလိုက်တယ်။ ကျနော်ပြောခဲ့တာက “အဖိုးအဖိုး.. အဖိုးတို့ ကေအဲန်ယူ လူကြီးတွေက ဘာဖြစ်တယ်ညာဖြစ်တယ် ဘာညာကွိကွနဲ့ အစုံပေါ့” ပြောင်သလိုနောက်သလိုနဲ့ ပြောချင်တာ တည့်တည့်ပဲ ဆော်ချလိုက်ပါတယ်. ပြောပြီး ကျနော်လည်းခန့် လန့် လန့် ပေါ့.. ဒီအဖိုးကြီး ကျနော့်ကိုဆော်တော့မယ်ပေါ့။ သို့ ပေမယ့် ကျနော်ထင်သလို တခြားစီဗျား.. အဖိုးသမိန်ထွန်းက ပြုံးပြုံးနဲ့ "ဟေ့ကောင် ငါလည်း မင်းလို ငယ်ရွယ်တုန်းက ဘယ်ရမလည်း ခေါင်းဆောင်တွေကို ပြောတာ ရစရာမရှိဘူး.. ငါလည်းလုပ်ရင်း အားမရရင် ဝေဖန်ရင်း မင်းလို ဒဲ့တိုးပြောတတ်တဲ့ကောင်ကွ”.. ..ပြီးတော့သူက ပြုံးပြီးဆက်ပြောပါတယ်.. “ဒီလိုနဲ့ ငါလုပ်ရင်း ကိုင်ရင်း ကိုယ့်အထက်ကလူတွေကို ဝေဖန်ရင်း ဆဲရင်းနဲ့ အခု ငါမှန်ပြန်ကြည့်တာ ငါ့ခေါင်းတွေဖြူလို့  ငါလည်းလူကြီးဖြစ်နေပြီကွ.. ဟိုးတုန်းက ငါလည်းလူကြီးတွေကို အသုံးမကျတဲ့လူတွေ လို့ ဝေဖန်ခဲ့တာ ငါအခု လူကြီးဖြစ်နေပြီဖြစ်တော့ ငါလည်းအသုံးမကျဖြစ်နေတယ်.. ဟားဟားဟား” ဆိုပြီးရယ်ပြီးပြောတော့.. ကျနော်တို့ လူငယ် တဖွဲ့ လုံး ၀ါးကနဲ ပွဲကျပြီးရယ်မောကြပါသည်။

ဒီကနေ့ အဖိုးသမိန်ထွန်းရဲ့စကားဟာ ကျနော့်ကို ပြန်လည်ပြီးအမှတ်ရစေပါသည်။ နောင်တချိန်မှာ ဘယ်နေ့ လူငယ်တွေကျနော့်ကို မင်းတို့ လူကြီးတွေ အသုံးမကျဘူးလို့ ပြန်ပြောမလည်းဆိုတဲ့နေ့ ပေါ့ကွာ…. ကျနော်ဒီစကားတွေကိုတွေးမိရင်း ပန်းဝန်းကျင်တချို့ နဲ့  စီဘောမှာပြောဆိုသံတွေ ကြားမိရင်း အဖိုးသမိန် ပြောခဲ့တဲ့ စကားသံ တွေကို ပြန်ကြားယောင်မိပါသည်။ ပြီးတော့ တစ်ယောက်တည်းပြုံးမိပါသည်။

တကယ့်လက်တွေ့ မှာ အဖိုးသမိန်ထွန်းဟာ ကိုယ်တွေ့ လုပ်ပြီး လုပ်ရင်းကိုင်ရင်း သူ့ အထက်လူကြီးကို ပြန်ဝေဖန်ခဲ့သူ ပြောနေသူတစ်ဦးပါ။ ကျနော့်ကတော့ ဘေးထွက်ထိုင်ပြီး ပြောနေသူတစ်ဦးမို့ အဖိုးစကားတွေပြန်ကြားယောင်မိတိုင်း သင်္ခန်းစာတွေ အများကြီးရပါသည်။ အဖိုးသမိန်ထွန်းဟာ နတ်အိမ်တောင်တိုက်ပွဲတုန်းက ရန်သူက သူ့ မိသားစုဝင်တွေကို ဖမ်းမိပြီး သူ့ ကလေးနှစ်ဦးကို အရှင်လတ်လတ်မီးရှို့ သတ်ခဲ့ပါသည်။ သူ့ အမျိုးသမီးဆိုလျှင် ယနေ့ အထိ ကလေးစိတ်ကြောင့် စိတ်ဝေဒနာခံစားနေရပါသည်။ သို့ ပေသော်ညားလည်း အဖိုး ပဒိုသမိန်ထွန်းဟာ ရန်သူ့ လက်ကွက်ထည့်မှာ ဘယ်တော့မှ မကျခဲ့ယုံမက ယနေ့ အထိ သူ့ လူမျိုးအတွက် မားမားမတ်မတ်ရပ်တည်နေတဲ့ သူရဲကောင်းတစ်ဦးပါ။

ကျနော်အရမ်းကြိုက်တဲ့ အင်္ဂလိပ်ကဗျာတစ်ပုဒ်ကို ဝေဌချင်တယ်ဗျာ.. မူရင်း ကဗျာဆရာကို မသိတော့ အမည်မသိ ရှေးစာဆို လို့ ပဲသဘောထားလိုက်ပါ။ အဲဒီကဗျာလေးက…

When I was twenty

I know everything

When I was forty

I know something

When I was sixty

What I know is that I do not know anything.
.....
By- Unknow

ရွှင်လန်းချမ်းမြေ့ကြပါစေ။
သောသီခို
၂၈၊ ၀၄၊ ၂၀၁၂

ငွေတောင်းခံသည့်ဂိတ်များကိုမြန်မာ စစ်တပ် ရုပ်သိမ်း

မီဒီယာရဲ့ကျေးဇူးလို့ ပြောရင် လွန်မယ်မထင်...

ဧပြီ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

တနင်္သာရီတိုင်း၊ မေတ္တာမြို့နယ်ခွဲ ဆင်ဖြူတိုင် ကျေးနယ်အုပ်စုအတွင်း သွားလာနေသည့် ဒေသခံများကို ငွေတောင်းခံရန် ဖွင့်ထားသည့် ဘောတီ၊ အိုင်ဝိုင်၊ ၀ါးတော၊ ဆိုင်ဖြူတိုင် ဂိတ်သစ်များကို မြန်မာစစ်တပ်မှ ပြီးခဲ့သည့်အပတ်က ရုပ်သိမ်းလိုက်ပြီဖြစ်သည်။

အမည်မဖော်လိုသူ ဒေသခံတဦးက “သူတို့(မြန်မာအစိုးရ)က ဂိတ်တွေ ဖြုတ်လိုက်ပြီ။ သတင်းထွက်ပေါ်ပြီး ၃ရက်၊ ၄ရက်မှာပဲ မြန်မာစစ် တပ်ရဲ့ အထက်လူကြီးတွေက ပုလိပ်(ရဲ)တွေကို လွှတ်လိုက်ပြီး အဲဒီဂိတ်တွေကို လာစစ်ပြီး ချက်ချင်းဖြုတ်ခိုင်းတယ်။ ဒါကြောင့် အဲဒီဂိတ် တွေ မရှိတော့ဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

အသစ်တည်ဆောက်ပြီး ငွေတောင်းခံခဲ့သည့် ထိုဂိတ်ရှိ အချို့တဲများကိုလည်း မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု သူက ဆက်ပြော သည်။

ဧပြီလ ၁ရက်နေ့မှစ၍ မြန်မာစစ်တပ် ရှေ့တန်း စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်(၈) လက်အောက်ခံ နည်းဗျူဟာ (၁)မှူး ဗိုလ်မှူးကြီးကြည် စိုး ဦးဆောင်သည့် ခမရ(၄၁၀)သည် သွားလာနေသည့် ဒေသခံလူထုထံမှ ငွေကြေးများ ကောက်ခံပြီး ကေအဲန်ယူ၊ တပ်မဟာ(၄) တပ်ဖွဲ့ ကို မျှဝေပေးလျှက်ရှိသည်ဟု သတင်းထွက်ပေါ်ပြီးနောက် ယခုလို ဂိတ်ရုပ်သိမ်းမှု လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။

၎င်းလမ်းကြောတွင် ပုံမှန်သွားလာသူ ကုန်သည်တစ်ဦးက “အခုတော့ သွားလာရတာ လွတ်လပ်သွားတယ်။ စစ်ဆေးမေးမြန်းတာတွေ လည်း မရှိတော့ဘူး။ ဒီလို ဂိတ်တွေကို ပြန်ရုပ်သိမ်းလိုက်တော့ ၀မ်းသာတယ်။”ဟု ပြောဆိုသည်။

မြန်မာစစ်တပ်ဘက်မှ ရုပ်သိမ်းလိုက်သည့် အဆိုပါဂိတ်များ ဖွင့်ထားစဉ်က ထိုင်း-မြန်မာနယ်စပ် ကန်ချနပူရီခရိုင်၊ ဆာယို့မြို့နယ် ဘောတီ ကျေးရွာနှင့် မြန်မာပြည်ဘက်ခြမ်းရှိ ဖြတ်သန်းသွားလာနေသည့် ဒေသခံနှင့် လူထုများကို တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂၀၀နှုန်းဖြင့် ငွေ ကြေးကောက်ခံခဲ့သည်။ ဘောတီရွာသည် ထိုင်းဘက်နှင့် မြန်မာဘက်ဟူ၍ နှစ်ခြမ်းတည်ရှိသည်။
http://www.kicnews.org/?p=11217

MYANMAR: Ethnic minorities call for caution as sanctions ease


CHIANG MAI, 27 April 2012 (IRIN) - Ethnic minority groups in Myanmar are calling on the international community to set stronger benchmarks or steps in the incremental removal of international sanctions, following this week's announcement by the European Union (EU) to suspend sanctions for a year, retaining only the embargo on arms sales.

“Now more than ever, it’s important that our voice is heard,” Zipporah Sein, general secretary of the Karen National Union (KNU) told IRIN on 27 April. “If sanctions are to be lifted, it’s important that specific benchmarks be put in place.” Many argue there can be no real progress towards democracy until the country formerly known as Burma makes peace with all its ethnic groups.

Viewed as key to the development of Myanmar, the suspension of EU sanctions announced on 23 April is seen as another major endorsement of Burmese President U Thein Sein’s recent political reforms, which include the release of hundreds of political prisoners, new laws allowing labour unions and strikes, a gradual easing of media restrictions, and ceasefire agreements with various ethnic rebel groups.

Ethnic divide

The Burmese government has had contentious relationships with its ethnic minority groups, which account for about a third of the country’s more than 54 million inhabitants, and many have fought for greater autonomy or secession for their regions since the country gained independence from Great Britain in 1948.

At the weekend, leaders of the United Nationalities Federal Council (UNFC), an umbrella group comprised of 11 of Myanmar’s leading ethnic groups - including the Mon, Shan, Karenni, Chin, and Kachin people - released a statement announcing that they were prepared to meet with Myanmar's chief negotiator, U Aung Min Aung Min, to present their version of a durable roadmap to peace.

At the end of 2011, the government launched peace initiatives with several of Myanmar’s ethnic armies.

“The UNFC has the same position as Daw Aung San Suu Kyi [leader of the National League for Democracy, Burma’s main opposition party],” said KNU Vice President David Tharckabaw, during the meeting in northern Thailand near the Burmese border. “We support the rule of law, the amendment of the constitution, and building internal peace.”

Tharckabaw, along with other members of the UNFC, maintains that political dialogue, not resource development, must be the top priority after a nationwide cease-fire is reached.

Sanctions eased

The EU’s decision to ease sanctions follows an announcement by Washington a week earlier that the US will relax some financial restrictions on the country to support certain humanitarian and development projects.

"These [steps] were… in response to what we viewed as very positive parliamentary elections," US State Department spokesman Mark Toner told a news briefing on 17 April.

Less than a week later, Japanese Prime Minister Yoshihiko Noda announced that his government would resume loans to Myanmar, and cancel US$3.7 billion of debt owed by the impoverished nation after by-elections that saw Aung San Suu Kyi’s party win 43 of the 44 contested seats earlier in April.

Some $61 million to assist ethnic minorities, improve medical care and other rural development programmes, as well as disaster prevention efforts, were also pledged, the Japan Times reported. Canada suspended most of its sanctions on 24 April.

Benchmarks needed

Nevertheless, there are also calls for caution, particularly in Myanmar’s ethnic minority areas. “The suspension of EU sanctions keeps the pressure on the Burmese government to continue reforms, while also making a strong positive gesture that genuine reforms will be rewarded,” said Anna Roberts, executive director of Burma Campaign UK. “For the threat of re-imposition of sanctions to be credible, the EU must set clear timelines and benchmarks.”

Speaking before the US Senate Committee on Foreign Relations Subcommittee on East Asian and Pacific Affairs on 26 April, Joseph Yun, principle deputy assistant secretary, Bureau of East Asian and Pacific Affairs of the US State Department, noted: “In Rakhine State systematic discrimination and denial of human rights against ethnic Rohingya remains deplorable. Overall, the legacy of five decades of military rule - repressive laws, a pervasive security apparatus, a corrupt judiciary, and media censorship - is all too present.”

Fighting continues in Kachin State, in northern Myanmar, as thousands of displaced people in camps brace for the coming monsoon season.

“Right now, the IDP [internally displaced person] number is increasing” along the edge of the areas controlled by the Kachin Independent Organization (KIO), General Secretary La Ja reported.

“There are about 75,000 internally displaced people in Kachin State. Now that the rainy season is setting in, they will be needing shelter, food and medicine.”

Current UN planning figures put the number of displaced at between 50,000 and 55,000, while international access to areas controlled by the Kachin Independence Army (KIA), the military arm of the KIO, remains limited.

La Ja says the recent armed build-up of government troops, and the escalation in attacks, is out of step with the government's words of peace.

“We want the first step to be that the government… withdraws, [and] re-positions their… troops. Their troops are very close to the KIA troops - that can spark many problems and a never-ending conflict.”

ss/ds/he


Theme (s): Conflict, Economy, Governance, Refugees/IDPs,

[This report does not necessarily reflect the views of the United Nations]

http://www.irinnews.org/Report/95370/MYANMAR-Ethnic-minorities-call-for-caution-as-sanctions-ease

စစ်ဗိုလ်တွေ ပညာရှိဖြစ်လိုသလား

သတင်းထဲမှာ တွေ့လိုက် ဖတ်လိုက်ရသည်။ အနာဂတ် မြန်မာနိုင်ငံပညာရေးမှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို ထပ်တိုး သင်ကြားတော့မည်တဲ့။ အဲတာကို အမျိုးသားလွှတ်တော် တတိယအကြိမ် ပုံမှန်အစည်းအဝေး နဝမမြောက်နေ့မှာ အ တည်ပြုလိုက်သည်လို့ သိရသည်။ သည်အဆိုကို တင်သွင်းသူကတော့ ဧရာဝတီတိုင်းက အမတ်တဦးဖြစ်တဲ့ ဦးဉာဏ် လင်း က တင်ခဲ့တာပါတဲ့။ မြန်မာတွေ ခွေးဇာတ်ခင်းကြဖို့ နောက်တကြော့ လုပ်ပြန်ပြီလို့သာ ပက်ပက်စက်စက် ပြောလို သည်။

နိုင်ငံရေးသိပ္ပံဆိုတာ တက္ကသိုလ်အဆင့်မှာကော အထက်တန်း အလယ်တန်းအဆင့်မှာကော သင်စရာမလိုဟု အပြတ် ပြောလိုက်မည်။ ချွင်းချက်တခုပဲ ရှိသည်။ နိုင်ငံရေးသိပံ္ပသင်လိုသူများ လေ့လာသင်ကြားရန် နိုင်ငံတကာအဆင့်မီ ဌာန တခုတော့ ရှိသင့်သည်။ သည့်ထက်မပိုပါ။ သူတို့ ဘာခြေလှမ်းလှမ်းနေတာလဲဆိုတာ ရိပ်မိသည်။ ကျောင်းသားတွေကို ဦးနှောက်ဆေးဖို့ ကြိုးစားတာဟု ဝေဖန်လိုသည်။ ဆိုရှယ်လစ်ခေတ်တုန်းကလည်း နိုင်ငံရေးသိပ္ပံဘာသာရပ်ကို တက္ကသိုလ် အဆင့်မှာ မသင်မနေရ သင်ရမည်ဟု ပြဋ္ဌာန်းခဲ့ဖူးသည်။ အောင်မြင်မှု မရှိခဲ့ပါ။ နိုင်ငံရေးသိပ္ပံ သင်ကြားသည့် ဆရာ၊ ဆရာမများကို ကျောင်းသားများက ကလောင်း (လူပြက်) အဖြစ် လောက်သာ သဘောထားခဲ့ကြသည်။ အဲသည့် ဆရာ ဆရာမများကို ကျောင်းသားများက အစိုးရလူ အစိုးရဖက်သား အဖြစ်သာ မြင်၍ဖြစ်သည်။ သူတို့ကား သနားဖွယ် ရာ နယ်ရုပ်များသာ။

ပညာရေးကို အစိုးရက ဘာဖြစ်လို့ ဝင်ဝင်စွက်ဖက်နေသနည်း။ ဦးနေဝင်း အုပ်ချုပ်ခဲ့သော ၂၆ နှစ်တာကာလမှာ ပညာရေး ကို သူတို့ အမျိုးမျိုးစမ်းသပ်ခဲ့ကြသည်။ သို့သော် အောင်မြင်မှုဆိုတာ တခုမှ မရခဲ့ပါ။ အဲသလို မအောင်မြင်ရတဲ့အထဲ နိုင် ငံရေး သိပ္ပံဘာသာကို တက္ကသိုလ်အဆင့်မှာ မသင်မနေရ ပြဌာန်းခဲ့သည်။ အဲသည့်အချိန်က သူတို့သင်ကြားသည့် နိုင်ငံ ရေးသိပ္ပံ ဘာသာရပ်သည် ဆိုရှယ်လစ်စနစ်သာ ကောင်းသည်၊ ဆိုရှယ်လစ်စနစ်သာ လူအဖွဲ့အစည်းကို တိုးတက် အောင် လုပ်နိုင်သည်ဟူသော ချဉ်းကပ်မှုဖြင့် သင်ကြားခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီ ထွန်းကားသည့် တိုင်းပြည်တွေမှာရှိတဲ့ တက္ကသိုလ်များက သင်ကြားသည့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်သည် မ တူကွဲပြားသည့် တခြားသော စနစ်၊ အတွေးအခေါ်၊ အယူအဆ၊ အမြင်ဒသန တို့ကို သင်ယူလေ့လာခွင့် ရှိသည်။ အရှေ့ တိုင်း အနောက်တိုင်း အတွေးအခေါ်များ၊ စစ်ပွဲတွေ ဖြစ်ပွားခြင်း၊ စက်မှု ထွန်းကားခြင်းနဲ့ ကောင်းကျိုးဆိုးကျိုးတွေ၊ ကုန် စည် ကူးသန်းရောင်းဝယ်ခြင်းမှတဆင့် ပေါ်ပေါက်လာသော နိုင်ငံများ၏ နိုင်ငံရေးအားသာမှု အားနည်းမှု စသည်တို့ကို လေ့လာခြင်း၊ စစ်အေးတိုက်ပွဲကြီးရဲ့ အကျိုးဆက် အစရှိတာတွေ အပါအဝင် နောက်ထပ်ကိစ္စရပ် အမြောက်အများကို လည်း နိုင်ငံရေးသိပ္ပံ ဘာသာရပ်မှာ သင်ယူနိုင်သေးသည်။ ဆိုရှယ်လစ် တမျိုးထဲ ကောင်းသည်ဟု သင်ကြားတာမျိုး မ ဟုတ်။

အခုသူတို့ သင်ကြားပေးမည့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်သည် မြန်မာ့နည်း မြန်မာ့ဟန် စည်းကမ်းပြည့်ဝသော ဒီမိုကရေ စီသာ မြန်မာတို့အတွက် အကျိုးပေးမည်ဆိုသည့် ချဉ်းကပ်မှုမျိုးသာ ဖြစ်လိမ့်မည်ဟု ကြိုတင်ဟောကိန်း ထုတ်လိုက်မည်။ နောက်တချက် ပြောလိုတာက နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို ဒီမိုကရေစီတိုင်းပြည်တွေမှာ တက္ကသိုလ်ကျောင်းသားတိုင်း သင်ယူဖို့ မလိုအပ်ပါ။ မိမိသက်ဆိုင်ရာ ဘာသာရပ်အလိုက်သာ လိုအပ်ပါက သင်ယူကြခြင်းဖြစ်သည်။ မသင်မနေရ ဆို တာမျိုး မရှိ။ ဥပမာ ပြောရပါက ညူကလီးယားဖစ်ဆစ် ဘာသာရပ်ကို အထူးပြုလေ့လာနေသည့် ကျောင်းသားသည် နိုင် ငံရေးသိပ္ပံကို ဘာသာရပ် တခုအနေဖြင့် သင်ယူဖို့ မလိုခြင်း ဖြစ်သည်။ ထို့အတူ ခေတ်သစ်အနုပညာဘာသာရပ်ကို သင် ယူနေသော ကျောင်းသားတဦးသည်လည်း နိုင်ငံရေးသိပ္ပံကို နောက်ထပ် ဘာသာရပ်တခုအနေဖြင့် သင်ကြားစရာ မလို ပေ။ ထို့အတူ အလယ်တန်းအဆင့် အထက်တန်းအဆင့် ကျောင်းသားများလည်း နိုင်ငံရေးသိပ္ပံကို မသင်မနေရဟု ဇွတ် အတင်း သင်ယူခိုင်းခြင်းမျိုးလည်း မရှိပါ။

မြန်မာပြည်ရဲ့ ပညာရေးလောကမှာ အခုအထိ အကြီးမားဆုံး ပြဿနာကို မရှင်းဘဲ သည်အတိုင်းထားခဲ့သည်မှာ နှစ်ပေါင်း ၅ဝ လောက်ရှိခဲ့ပြီ။ အကြီးမားဆုံး ပြဿနာဆိုသည်ကတော့ လူမှုဗေဒ (သို့မဟုတ်) လူမှုသိပ္ပံ ဆိုသည့် Social science ဘာသာရပ်ကို အမြစ်ကပါမကျန် သတ်ဖြတ်သုတ်သင်ခဲ့ခြင်းပင် ဖြစ်သည်။ သူများနိုင်ငံတွေမှာ လူမှုဗေဒ ဘာသာရပ်ကို ကျောင်းသားတွေအတွက် မူလတန်းအရွယ်ကထဲက နည်းနည်းခြင်း သင်ကြားပို့ချသည်။ လူမှုဗေဒ ဘာသာရပ်ကို သင် ကြားပေးနေသည်ဟု ကျောင်းသားကလေးများ သိစရာတောင် မလိုခဲ့ပါ။

ဘာတွေကိုများ ဘယ်လို သင်ကြားပေးနေသ နည်း။ သဘာဝ ပတ်ဝန်းကျင်နဲ့ အကောင်ပလောင်လေးတွေကို ချစ်မြတ်နိုး တတ်ဖို့၊ အမှိုက်ကို စနစ်တကျ စွန့်ပစ်ဖို့၊ ပလပ်စတစ် ပစ္စည်းများရဲ့ ဆိုးကျိုးများ၊ ရေအရင်းအမြစ်ကို တန်ဖိုးထားဖို့၊ လူတ ဦးနဲ့ တဦး ချစ်ချစ်ခင်ခင်ရှိကြဖို့၊ အကြမ်းဖက်မှုကို ရှောင်ရှားဖို့၊ Fairness လို့ခေါ်တဲ့ မျှတမှုကို နားလည်တတ်စေခြင်း၊ ဥ ပဒေကို မချိုးဖောက်ဖို့ သင်ကြား ပေးခြင်း၊ ဒီမိုကရေစီကို နားလည်လာစေဖို့ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို တိုက်ရိုက်မ သုံးဘဲ သင်ကြားပေးခြင်း စတာတွေ ဖြစ်သည်။

တချို့နိုင်ငံများမှ ပညာရေးစနစ်တွင် သမိုင်း၊ ပထဝီ၊ သိပ္ပံ စသည့် ဘာသာရပ်များကို ထိုခေါင်းစဉ်များအတိုင်း နာမည်တပ် ၍ မသင်ကြားဘဲ Humanity (လူသားနှင့်လူ့ပတ်ဝန်းကျင်) ဆိုသည့် ခေါင်းစဉ်အောက်တွင် စုပေါင်း၍ မူလတန်း အလယ် တန်း အဆင့်တွေအတွက် သင်ကြားပေးသည်။ ထပ်ထည့်မယ်ဆိုပါက နောက်ထပ်လည်း ခေါင်းစဉ်တွေအများကြီးရှိသေး သည်။ ထားလိုက်တော့။

ကျနော်တို့ မြန်မာနိုင်ငံမှာ အထက်က ပြောခဲ့တာတွေကို ကျောင်းသားတွေအတွက် မူလတန်းကထဲက သင်ကြားပေးတာ မျိုး ရှိခဲ့ပါသလား။ လုံးဝမရှိခဲ့တာ ရာစုနှစ်တဝက်ကျော်ခဲ့ပါပြီ။ အခုလည်း လူမှုဗေဒဆိုင်ရာကိစ္စများကို မူလတန်းမှ တက္က သိုလ် အဆင့်အထိ သင်ကြားပေးနေခြင်းလည်း မရှိသေးပါ။ ဒါမျိုးတွေ ဘာမှမရှိဘဲနဲ့ နိုင်ငံရေးသိပ္ပံကို ဘာသာရပ်တခုသ ဖွယ် မကြာခင်မှာ ပြဋ္ဌာန်း၍ သင်ကြားတော့မည်တဲ့။ အလှမ်းကျယ် အလယ်လပ် ဖြစ်တတ်တယ်ဆိုတာကို မမေ့သင့်။

နောက်တချက်ကတော့ ပညာရေးစနစ် ဘယ်လိုရှိသင့်တယ်၊ ဘာတွေကို ဘယ်လိုပြဋ္ဌာန်းသင့်တယ်ဆိုတာ သက်ဆိုင်ရာ ပညာရှင်များရဲ့ အလုပ်သာဖြစ်သည်။ ပညာရှင်အများစုက လွှတ်တော်အမတ် မဟုတ်သလို လွှတ်တော်အမတ် အများစု ကလည်း ပညာရှင်မဟုတ်ပေ။ ဆိုရှယ်လစ်ခေတ်တုန်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနဲ့ အာဏာပိုင်တွေကို နှစ်ယောက်ပေါင်းလို့မှ လေးတန်းမအောင်ဟု ပျက်လုံးထုတ်ခဲ့ဖူးသည်။ အခုခေတ် အမတ်တွေကိုတော့ အဲသလောက် မနှိမ်လိုပါ။ သို့သော်လည်း မေးရမှာက အမတ်မင်းတို့ ကျောင်းကောင်းကောင်းနေ ပညာကောင်းကောင်း သင်ခဲ့ဖူးသလား ဆိုတာတော့ မေးလိုသေးသည်။ အစိုးရနဲ့ အမတ်မင်းများရဲ့ အလုပ်က ပညာရေးနဲ့ ပတ်သက်လို့ ပညာရှင်တွေ တင်ပြလာ တာကို ကောင်းကောင်းမွန်မွန် နားထောင်လေ့လာဖို့သာ ဖြစ်သည်။ သမ္မတ အကြံပေးဆိုတာတွေကော အိပ်ပျော်နေသ လားဟု မေးလိုသည်။ သည်အတိုင်းဆိုရင် သမ္မတ အကြံပေးထဲမှာကော ပညာရှင် အတုအယောင်တွေ မပါနိုင်ပြီလော။ ပါတယ်ဆိုရင် သမ္မတ တယောက်တော့ဖြင့် အလိမ်ခံထိနေပြီလို့ ဆိုရပေမည်။

စစ်ဗိုလ်တွေ ပညာမတတ်ပါဟု ပြောလျှင် ရိုင်းသည်ဟု မအောက်မေ့ပါနဲ့။ စစ်ဗိုလ်ဖြစ်ဖို့ ဗိုလ်သင်တန်းတက်ရာက ဗိုလ် ဖြစ် တယ်ဆိုရုံနဲ့ မလုံလောက်၊ ခေတ်ပညာ ပါတတ်သည်ဟု တံဆိပ်ကပ်လိုသောကြောင့် ဒီအက်စ်အေ ဆိုတာကြီး ပေါ် လာရသည် မဟုတ်လော။ ဗိုလ်လည်းဖြစ် ဘွဲ့လည်းရဟု လုပ်လိုသည်ကိုး။ တကယ်တန်းပြောရပါက အဖြစ်လုပ်ပေးလိုက် သော ဘွဲ့ရစစ်ဗိုလ်သာ ဖြစ်သည်။ ပညာတကယ် မတတ်ခဲ့ပါ။ ရှေးဟောင်း အဆိုတခုရှိသည်။ ပညာမဲ့သူသည် ကိုယ့် ကိုယ်ကို ပညာရှိဟု ထင်နေပါက လူမိုက်သာဖြစ်သည်လို့ ကြားဖူးသည်။ သို့သော်လည်း ပညာမဲ့သူသည် ကိုယ့်ကိုယ်ကို ပညာမဲ့ ကြောင်းသိ၍ ပညာရှိများကို ဆည်းကပ်ပါက ထိုသူကို ပညာရှိဟုပင် သတ်မှတ်နိုင်သည်တဲ့။ မြန်မာပြည်ရဲ့ ပညာ ရေးကို နိုင်ငံတကာနဲ့အမီ လိုက်လိုတယ်ဆိုရင်၊ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်စေလိုရင် သက်ဆိုင်ရာပညာရှင်များကို ဆည်းကပ်ပါ။ ပညာရှင်များကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ပေးပါလို့ ပြောလိုပါကြောင်း။

ဇော်မင်း
၂၇ ရက်၊ ဧပြီလ၊ ၂ဝ၁၂ ခုနှစ်

ရွက်မွန် မှ …

photo by : http://www.pistof.com/humanity/

Friday, April 27, 2012

မဲဆောက်မြို့လယ် လူသတ်မှု သတင်းစာရှင်းလင်းပွဲ

ဓာတ်ပုံ+သတင်း - ဧရာဝတီ

မနေ့တုန်းက ရတနာကုန်သည် စောစံငြိမ်း ဆိုသူ မဲဆောက်မြို့လယ်ခေါင်က နေအိမ်မှာ သတ်ဖြတ်ခံရပြီး၊ ဒီအမှု ကျူးလွန်သူတွေကို ဖမ်းမိထားတယ်လို့ မဲဆောက်မြို့ ရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။

မဲဆောက်ရဲက ဒီနေ့မှာဘဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာမှာ ပြစ်မှုကျူးလွန်သူ ၂ ဦး ဆိုသူကိုလည်း ပြသခဲ့ပါတယ်။

ပြစ်မှုကျူးလွန်သူ လို့ ရဲက စွပ်စွဲထားသူတွေကတော့ ကွယ်လွန်သူရဲ့ ဇနီးသည် နန်းနုဒီး၊ မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားအောက်က ရေလယ်ကျွန်းမှာ ကျက်စားတဲ့ အသက် ၂၀ အရွယ် မောင်အောင်ကိုဦး ဆိုသူတို့ ဖြစ်ပါတယ်။

သူတို့ကို အပြီးသတ် စစ်ဆေးမှုတွေပြုလုပ်ပြီးရင် တရားစွဲသွားမှာဖြစ်တယ်လို့ မဲဆောက်မြို့နယ်ရဲမှူးကြီး ရဲဗိုလ်မှူး အေကလပ် အင်ထလစစ်က ဆိုပါတယ်။

လူသတ်မှုမှာ ပါဝင်တာ သူတို့ ၂ ဦးတည်း မဟုတ်ပါဘူး တဲ့။

ရဲစခန်းမှာ အောင်ကိုဦး ပြောသွားတာကတော့ ”မဲဆောက်က လူတဦးကို သတ်ပေးဘို့ မြန်မာဘုန်းကြီးတပါးက လာငှားလို့ သွားတာ ဖြစ်တယ်” လို့ ဆိုပါတယ်။

အမှုမှာပါရှိတဲ့ မြန်မာဘုန်းတော်ကြီး ဆိုသူကို မဲဆောက်ရဲက "သဲလွန်စရရှိထားပြီ" လို့ ဆိုပါတယ်။

မောင်အောင်ကိုဦး ဘယ်လို ဖမ်းမိတာလဲ?

"သတ်ပြီးတာနဲ့ အိမ်ရှင် မိန်းမက ကျနော့ကို တိုက်အပေါ်ထပ်မှာဘဲ ပုန်းနေခိုင်းတယ်" လို့ သူက ဆိုပါတယ်။

အဲဒီ အိမ်ပေါ်မှာဘဲ ပုန်းနေရာကနေ မွန်းလွဲပိုင်းမှာ ထိုင်းရဲက ဖမ်းမိခဲ့တာပါ တဲ့။

နန်းနုဒီးကတော့ ဘာဖြောင့်ချက်မှမပေးသေး ဘူးလို့ ရဲက ဆိုပါတယ်။

ဒီအမှု ရက်ပိုင်းအတွင်းမှာ အားလုံး ပြီးစီးသွားမှာဖြစ်တယ်လို့ မဲဆောက်ရဲက ဆိုပေမဲ့ သတင်းထောက်တွေရဲ့ အသေးစိတ်မေးမြန်းချက်တွေကိုတော့ ဖြေကြားခဲ့ခြင်း မရှိပါဘူး။

အသက် ၅၀ အရွယ် သေဆုံးသူ စောစံငြိမ်းဟာ သမီးပျိုသားပျို ၃ ဦးရှိပြီး မဲဆောက်ဈေးမှာ ကုန်ပစ္စည်းမျိုးစုံ ဆိုင်ကြီး ဖွင့်ထားပါတယ်။

သေဆုံးသူရဲ့ ဆွေမျိုးသားချင်းတဦးက သူတို့ လင်မယားကြားမှာ အငယ်အနှောင်း ထားတဲ့ကိစ္စနဲ့ မကြာခဏ ပြဿနာတွေဖြစ်လေ့ရှိတယ် တဲ့။ ဒါပေမဲ့ ပြဿနာရဲ့အရင်းခံကိုတော့ ဘယ်သူမှ တိတိကျကျ မပြောနိုင်ကြပါဘူး။

မဲဆောက်မြို့လယ်က "ကျောင်းကြီး" ဘုန်းတော်ကြီးကျောင်းမှာထားတဲ့ ကိုစံငြိမ်းရဲ့ ရုပ်ကလာပ်ကိုတော့ ဒီလ ၃၀ ရက်နေ့မှာ မြေချမှာ ဖြစ်ပါတယ်။
http://www.irrawaddyblog.com/2012/04/blog-post_3920.html

အမဲရိုး

Written by ဖူးဒို


တခါတုန်းက ဒေါနတောင်ခြေ တနေရာတွင် သပြေချိုင်ဆိုသော ဒေသတခုရှိပါသည်။ ထိုအေရပ်တွင် ခွေး လေး ၅ ကောင်နှင့် သူတို့၏မိဘများနေထိုင်သတဲ့။ ခွေးမကြီးမှာ ခွေးလေးမွေးပြီး မကြာခင် ဆုံးပါးသွားပါ တယ်။ သာယာပျော်ရွှင်ဖွယ် သပြေချိုင်နေရာလေးကို လိုခြင်သော အခြားမြေခွေးများဟာ အဲဒီခွေးလေး တွေကို တိုက်ခိုက်ပြီး နယ်မြေသိမ်းပိုက်ဖို့ကြိုးစားသတဲ့။ ဒါပေမဲ့လည်း ဖခင်ခွေးကြီးဟာ သူ့ဒေသ၊ သူ့မိ သားစုကို စနစ်ကျသောအစီအမံများဖြင့် ကာကွယ်နိုင်ခဲ့ပါတယ်။ ဖခင်ခွေးကြီးဟာလည်း အမျှော်အမြှင်ကြီး စွာဖြင့် သူ့သားခွေးလေးတွေကို မိမိကိုယ်နှင့် မိမိဒေသကိုကာကွယ်ဖို့ ပညာသင်ပေးရင်း မြေခွေးတွေရဲ့ တိုက်ခိုက်ချက်ဖြင့် စောစီးစွာ သေဆုံးခဲ့ရပါတယ်။

ဖခင်ကြီးမရှိတော့ပေမဲ့လည်း ခွေးလေးများဟာ စည်းစည်းလုံးလုံးဖြင့် သူတို့၏နေရာကို ကျုးကျော်တဲ့မြေ ခွေးတွေရဲ့ရန်မှ ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီလိုနှင့်အချိန်တွေကြာညောင်းခဲ့ပြီး အဲဒီသပြေချိုင် အရပ်ကို ခွေးက လေးမိသားစု ၅ ကောင်ကထိန်းထားခဲ့ပါတယ်။ သူတို့ဟာ အင်မတန်ဆင်းရဲချို့တဲ့ပေမဲ့လည်း လောကဓံ၏ ဆင်းရဲပင်ပန်းခြင်းကို ညီညွတ်စွာ ခံနိုင်ရည်ရှိသလို တွန်းလှန်နိုင်ခဲ့ပါတယ်။ စားစရာများမလောက်မငှဖြင့် ဆင်းရဲချို့တဲ့ပေမဲ့လည်း သူတို့ဟာ ဥမကွဲသိုက်မပျက် ဖြင့်ချစ်ခင်ပျော်ရွှင်စွာ နေထိုင်နေခဲ့ပါတယ်။

ဒါပေမဲ့လည်း အဲဒီနေရာကို လိုခြင်တဲ့ မြေခွေးအုပ်ဟာလည်း သပြေချိုင်နေရာ ရရှိဖို့ အကြံအညံများ ထုတ် လျက် အမျိုးမျိုးကြိုးစားနေခဲ့ပါတယ်။ ညနေပိုင်းတရက်တွင် ခွေးလေးမိသားစုဟာ အလွန်ဆာလောင်မွတ် သိပ် နေပါတယ်။ သူတို့ကိုအမြဲစောင့်ကြည့်နေတဲ့ မြေခွေးအဖွဲ့က ချုံကွယ်ရာမှနေပြီး အမဲရိုးတချောင်း ကို ပစ်ပေးလိုက်ပါတယ်။ အမဲရိုးကို တခါမှ မစားဘူးတဲ့ခွေးလေးတွေဟာ ကျလာတဲ့အမဲရိုးကို ၀ိုင်းပြီးကိုက်ခဲ ပါ တော့တယ်။ ဒါပေမဲ့လည်း သူတို့ညီအကို ၅ကောင်တွက် အမဲရိုးတချောင်း ဟာ မလောက်လို့ ရုန်းရင်း ဆန် ခတ်ဖြင့် အဲဒီအမဲရိုးကိုဝိုင်းလုပါတော့တယ်။ ဒါနှင့်ဘဲ အမဲရိုးဟာ ချောက်ထဲပြုတ်ကျသွားပြီး ဘယ်သူမှမ စားလိုက်ရဘဲ ဆုံးသွားပါတော့တယ်။ ဒါနှင့်ဘဲ နေ၀င်သွားလို့ ခွေးလေး ၅ ကောင်ဟာအိပ်ရန် နေရာရှာပါ တော့တယ်။ ဒီအခါမှာ သူတို့ဟာ အတူတူမအိပ်တော့ဘဲ ယောက်တနေရာစီအိပ်ကြသတဲ့။

ညသန်းခေါင်ကျော်မှာတော့ အကွက်ချောင်းနေတဲ့ မြေခွေးအုပ်ဟာ သပြေချိုင်ကို ၀င်သိမ်းပါတော့တယ်။ အဲဒီအချိန်မှာ ခွေးလေးတကောင်ဟာ ချောက်ထဲကျသွားတဲ့အမဲရိုးကို ဆင်းရှာရန်ကြိုးစားရင်း ပြန်မတက် လာနိုင်တော့ဘဲ နက်ရှိုင်းတဲ့ဂျောက်ထဲကျပြီး အသက်ဆုံးသွားပါတယ်။ ကျန်ခဲ့တဲ့ခွေးလေး ၄ ကောင်ဟာ လည်း တယောက်နှင့်တယောက် မကျေနပ်စိတ်တွေရှိနေသဖြင့် စည်းရုံးခြင်းမရှိတော့ဘဲ မြေခွေးတွေရဲ့ရန် ကို မခုခံနိုင်တော့ဘဲ ရှုံးနိမ့်သွားပါတော့တယ်။

ဒါနှင့်ဘဲ မိဘဘိုးဘွားအမွှေဖြစ်တဲ့ သပြေချိုင်အရပ်လေးဟာ အမဲရိုးတချောင်းတည်းဖြင့် မြေခွေးတွေလက် ဆီသို့ကျရောက်သွားပါတော့တယ်။

ဖူးဒို

ဧပြီလ ၂၇၊ ၂၀၁၂
http://www.karenunited.com/

ထားဝယ် စီမံကိန်းမှ အီတာလျန်-ထိုင်းကုမ္ပဏီ ရပ်ဆိုင်းတော့မည်

ဒီသတင်းက တကယ်မှန်ရင် ကြိုဆိုရပါမည်။ တိုင်းပြည်မှာစစ်မှန်တဲ့ ငြိမ်းချမ်းရေးပေါ်ပေါက်ပြီး လွတ်လပ်တဲ့လူမှုအဖွဲ့ အစည်းတွေ လွတ်လပ်စွာလုပ်ရှားနိုင်ခွင့်ရှိပြီးတဲ့တနေ့ ကျမှသာ လုထုဆန္ဒသဘောခံယူပြီး ဒီလိုစီမံကိန်းကြီးမျိုးကို အကောင်အထည်ဖေါ်သင့်တယ်။

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဧပြီလ ၂၇ ရက် ၂၀၁၂ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ငွေကြေး ရင်းနှီးမြှုပ်နှံမှုများအား ၂၀၁၂ ခုနှစ်ကုန် တွင် ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း Italian-Thai Development Pcl က ပြောသည်။

ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီတခုဖြစ်သည့် အဆိုပါ ITD ကုမ္ပဏီ၏ ဥက္ကဋ္ဌ Premchai Karnasuta က အစုရှယ်ယာဝင်များအား သောကြာနေ့က ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတရပ်တွင် ပါရှိသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့်အနေဖြင့် ကုမ္ပဏီက ဒေါ်လာသန်းပေါင်း ၈,၅ဝဝ ရင်းနှီးမြှုပ်နှံ သွားမည်ဟု ဇန်နဝါရီလပိုင်းက ပြောဆိုခဲ့သော်လည်း မဂ္ဂါဝပ် ၄,ဝဝဝ ထုတ်လုပ်မည့် ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံအား မြန်မာအစိုးရက ရုတ်ချည်း ရပ်ဆိုင်းလိုက်သဖြင့် စီမံကိန်းအနာဂတ်အား သံသယဝင်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒေသခံများအပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များနှင့် မီဒီယာများမှ ကန့်ကွက်မှုများကြောင့် အဆိုပါ
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို တည်ဆောက်တော့မည် မဟုတ်ကြောင်း အမှတ် ၂ လျှပ်စစ် ဝန်ကြီး ဦးခင်မောင်စိုး က ဇန်နဝါရီလ ၉ ရက်နေ့တွင် ပြောကြားခဲ့သည်။
htwal

ထားဝယ်စီမံကိန်းအတွက် အထူးအခွင့်အရေးများ ရရှိခဲ့သော ITD အနေဖြင့် သံမဏိစက်ရုံ တည်ဆောက်ရန်အတွက် ထားဝယ်တွင် မြေရောင်းစာချုပ်တခုကို ဇူလိုင်လမတိုင်မီ ချုပ်ဆိုရန် ပြင်ဆင်ထားကြောင်းလည်း ကုမ္ပဏီဥက္ကဋ္ဌ Premchai က ရှယ်ယာဝင်များ အစည်းအဝေးတွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်။

ထားဝယ်စီမံကိန်းတွင် လျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ ရေနံဓာတု စက်ရုံ၊ ရေနံချက် စက်ရုံအပြင် သံမဏိ စက်ရုံတို့လည်း ပါဝင်မည် ဖြစ်သည်။

စီမံကိန်းမှာ တနင်္သာရီတိုင်း သာဂရမြို့ဟောင်းအနီး တည်ရှိကာ ထားဝယ်မြို့ အနောက်မြောက်ဘက် မိုင် ၂ဝ ခန့် အကွာရှိ ရေဖြူမြို့နယ် နဖူးလယ် ကျေးရွာအနီးတွင် ရှိပြီး နအဖ အစိုးရလက်ထက် ၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံ Italian-Thai Development Public Co.,Ltd နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကာ ၂၀၁၀ ပြည့်နှစ်
တွင် ၇၅ နှစ် လုပ်ငန်း လုပ်ဆောင်ခွင့် သဘောတူစာချုပ် ချုပ်ဆိုထားခြင်း ဖြစ်သည်။
http://www.mizzimaburmese.com/news/regional/9269-2012-04-27-10-39-02.html

KNPP လူထုစည်းရုံးရေး ခရီးစဉ် အဖွဲ့ကို တပ်ပေါင်းစု ၃ခုစုပေါင်းကြိုဆို

ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲ ပိုင်း ၁ နာရီ ဝန်းကျင်အချိန်ခန့်မှာ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ စည်းရုံးရေး ခရီးစဉ် အဖွဲ့ ၂ ဟာ ဖရူဆို မြို့၊ ဟိုယာတိုက်နယ်၊ ဟိုယာကျေးရွာသို့ ရောက်ရှိခဲ့ ပါတယ်။

KNPP အနေနဲ့ လူထုစည်းရုံးရေးခရီးစဉ်ကို ကရင်နီပြည်နယ်အတွင်း အုပ်စု ၃ စုခွဲကာ ကွင်းဆင်း ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။

တပ်ပေါင်းစု သုံးခုဖြစ်တဲ့ ကလလတ (နယ်ခြားစောင့်တပ်)၊ ကယောန (ပြည်သူ့စစ်)နဲ့ ကရင်နီတပ်မတော်တို့ကနေ အတူတကွ ပူးပေါင်းပြီး လာရောက်ကြိုဆိုနေပုံ (ဓါတ်ပုံ-ကေတီ)

အဖွဲ့ ၂ ရဲ့ စည်းရုံးရေးခရီးစဉ် စတုတ္ထ မြောက်ရွာ ဖြစ်တဲ့ ဖရူဆိုမြို့နယ်၊ ဟိုယာ ကျေးရွာကို ရောက်ရှိချိန်မှာတော့ တပ်ပေါင်းစု သုံးခုဖြစ်တဲ့ ကလလတ (နယ်ခြားစောင့်တပ်)၊ ကယောန (ပြည်သူ့စစ်)နဲ့ ကရင်နီတပ်မတော်တို့ကနေ အတူတကွ ပူးပေါင်းပြီး လာရောက်ကြိုဆိုနေတာကို တွေ့ရပါတယ်။

“အခုလို ကျနော်တို့ မမျှော်လင့် ထားတဲ့ အပေါ်မှာ အခု ကျနော်တို့ တပ် နှစ်ဖွဲ့ကို အဲ့လိုမျိုး ပူးပေါင်းပြီး ကျနော်တို့ကို ကြိုဆိုတာ တွေ့ရတဲ့ အတွက် ကျနော်တို့ အင်မတန်ပဲ ဝမ်းသာပါတယ်။ ပြည်သူတရပ်လုံး ကလည်းပဲ ကျနော်တို့ အပေါ်မှာ မျှော်လင့်ချက် ကြီးစွာနဲ့ ကျနောတို့ကို အခုလို လှိုက်လှိုက်လှဲလှဲ၊ နွေးနွေးထွေးထွေး ဧည့်ခံ ကြိုဆိုတဲ့ အတွက်လည်းပဲ ကျနော်များစွာ ဂုဏ်ယူဝမ်းသာမိပါတယ်”
ခရီးစဉ်အဖွဲ့ ၂ မှာ ပါဝင်တဲ့ တပ်ရင်း ၁ ဒုဗိုလ်မှူး အယ်မွီးက ပြောပြေသွားတာပါ။

ဒီ ကြိုဆိုမှုတွေကို ကြည့်ခြင်းအားဖြင့် ကရင်နီပြည်တွင်းမှာရှိကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားနေကြောင်း တွေ့ရှိရပါတယ်။

ဒါပေမယ့် KNPP အနေနဲ့ ရှေ့ဆက် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ မသွားခင်မှာ စည်းရုံးရေး ခရီးစဉ်ရဲ့ ဆောင်ပုဒ် တခုဖြစ်တဲ့ “အဓိပ္ပာယ် ပြည့်ဝသော တွေ့ဆုံဆွေးနွေးမှုမှ သည် စစ်မှန်သော ငြိမ်းချမ်းရေးဆီသို့“ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အကောင်အထည် ဖော်ဆောင်နိုင်မလားဆိုတာကိုတော့ ထပ်မံစောင့်ကြည့် ရဦးမှာ ဖြစ်ပါတယ်။
http://www.ktimes.org/index.php/rokstoriesnews/179-knpp

BGFတပ်သားသစ်စုဆောင်း ခိုင်းမှုကြောင့် ကျေးနယ်သူကြီး ထွက်ပြေးတိမ်းရှောင်နေရ

ဧပြီလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)

ကရင်ပြည်နယ် နဘူးမြို့နယ်အရှေ့ခြမ်း ထီးဝါပလောကျေးနယ်အတွင်း ဒေသခံများအား နယ်ခြားစောင့်(BGF) တပ်ရင်း(၁၀၁၇)မှ စစ် သင်တန်းတက်ရန် တပ်သားစုဆောင်းခိုင်းသဖြင့် ကျေးနယ်သူကြီးမှာ ယခု ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

နယ်ခြားစောင့်တပ် (၁၀၁၇)တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသည့် ထီးဝါပလော၊ ထီးလောသေ၊ သံပုရာ၊ သောမိုခို့ရွာများရှိ ဒေသခံ များမှာ ၎င်းတို့၏ စစ်သက်တမ်းပြည့်၍ အိမ်ပြန်လိုသော်လည်း ပြန်ခွင့်မရသည့်အပေါ် ထွက်ပြေးသွားခဲ့သဖြင့် ထိုကျေးနယ်အတွင်းရှိ ရွာ သူကြီးများအား တပ်သားအရေအတွက်ပြည့်ရန် စုဆောင်းခိုင်းခဲ့ခြင်း ဖြစ်သည်။

ထီးဝါပလောရွာသားတစ်ဦးက “အဲ့ဒီထွက်ပြေးတဲ့လူတွေအစား ရွာသူကြီးက ပြည့်အောင်ဖြည့်ပေးရမယ်ဆိုပြီး ရှာခိုင်းတယ်။ သူကြီးလည်း ရှာမရဘူး။ ရှာမတွေ့ရင် ရွာသူကြီးကိုယ်တိုင် သွားရမယ်ဆိုပြီး လိုက်ဖမ်းတယ်။ အဲဒါ သူကြီးလည်း မသွားရဲတဲ့အတွက် ရွာထဲကနေ ထွက် ပြေးနေရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

တပ်ရင်းမှူး ဗိုလ်မှူးစောဒိဒိ ဦးဆောင်သည့် နယ်ခြားစောင့်တပ်ရင်း(၁၀၁၇)မှ စစ်သက်တမ်း သုံးနှစ်နှင့် တနှစ်ခွဲ ပုံစံမျိုးဖြင့် စစ်မှုထမ်း စေခဲ့ရာ ယခင်က တပ်သားအင်အား ၃၅၀ ရှိခဲ့ရာမှ ယခု ၁၂၀သာ ကျန်ရှိတော့ကာ စစ်သင်တန်းတက်ရန် လူအင်အားမပြည့်တော့သဖြင့် ထီးဝါပလောကျေးနယ်သူကြီးအား ယခုလ ၂၈ရက်နေ့ နောက်ဆုံးထားကာ ရှာဖွေခိုင်းခဲ့ကြောင်း သူကြီးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အခုထိ ရှာလို့ မတွေ့သေးလို့ နောက်ထပ် ငါးလပိုင်း(မေ) ၁ရက်နေ့အထိ အချိန်ပေးလိုက်ပြီ။ အဲ့ဒါ လုပ်ချင်တဲ့သူ မရှိဘူးလေ”ဟု အဆိုပါ နီးစပ်သူက ဆိုသည်။

နယ်ခြားစောင့်တပ်မှ ကျေးရွာတစ်ရွာလျှင် ၁၅ဦးမှ ၅ဦးအထိ စစ်သင်တန်းတက်ရောက်ပေးခဲ့ရပြီး တာဝန်ထမ်းဆောင်စဉ် တပ်သားတစ် ဦး တလစာ သုံးသောင်းငါးထောင်ကျပ် ရရှိသည်ဟု ထွက်ပြေးလာခဲ့သည့် တပ်သားများ၏ ပြောပြချက်အရ သိရသည်။

နဘူးမြို့နယ်တွင် နယ်ခြားစောင့်တပ်နယ် (၃) ဗိုလ်မှူးကြီးစောချစ်သူ လက်အောက်ခံ နယ်ခြားစောင့်တပ် (၁၀၁၇)၊ (၁၀၁၈)၊ (၁၀၁၉)နှင့် (၁၀၂၀)တပ်ရင်းများ အခြေစိုက် လှုပ်ရှားလျှက်ရှိသော်လည်း လက်ရှိအချိန်တွင် နယ်ခြားစောင့်တပ်ရင်း(၁၀၁၇)သာ မွမ်းမံသင်တန်းတက် ရန် တပ်သားသစ် စုဆောင်းခိုင်းနေခြင်းဖြစ်ပြီး ကျန်ရှိနေသေးသည့် တပ်ရင်း ၃ရင်းမှလည်း တပ်သားသစ်စုဆောင်းသွားရန်ရှိကြောင်း နဘူးမြို့နယ် ဒေသခံများက ပြောသည်။

နယ်ခြားစောင့်တပ် (၁၀၁၈) တပ်ရင်းမှူး ဗိုလ်မှူးမောင်ဝင်းအား ကေအိုင်စီမှ မေးမြန်းရာ မွမ်းမံစစ်သင်တန်းမှာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ ၀ဲကလိကျေးရွာတွင် ပြုလုပ်ရန်ရှိသည်ဟုသာ ဖြေကြားပြီး ၎င်းတပ်သားစုဆောင်းခိုင်းမှုနှင့် ပတ်သက်၍ ကောင်းမွန်စွာ ဖြေဆိုခြင်းမရှိပေ။
http://www.kicnews.org/?p=11188

မူးယစ်ရာဇာအဖြစ် စွပ်စွဲမှုကို တာဝန်ခံရန် ထိုင်းအစိုးရကို ဒီကေဘီအေ တုန့်ပြန်

ဧပြီလ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)




ထိုင်းအစိုးရမှ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA ကလို့ထူးဘော၏ ဗိုလ်မှူးချုပ်စောလားပွယ် (ဗိုလ်နှုတ်ခမ်း မွှေး) အား မူးယစ်ရာဇာအဖြစ် စွပ်စွဲကြေညာမှုအပေါ် ပတ်သက်ခြင်းမရှိပါက ထုတ်ပြန်သူကိုယ်တိုင် တာဝန်ခံရမည်ဖြစ်ကြောင်း DKBA မှ ပြောဆိုလိုက်သည်။

ယမန်နေ့ညက ကေအိုင်စီထံ ရောက်ရှိလာသည့် DKBA ကလို့ထူးဘော၏ သဘောထားကြေညာချက်ထဲတွင် ဧပြီလ ၂၀ရက်နေ့က ထိုင်း အမှတ်(၃) ရုပ်သံလိုင်းမှ ထုတ်လွှင့်လိုက်သော ထိုင်းနိုင်ငံမှ အလိုရှိသူ မူးယစ်ရာဇာ ၂၅ဦးထဲတွင် ဒီကေဘီအေ ကလို့ထူးဘော စစ်ဦးစီး ချုပ် ဗိုလ်မှူးချုပ်စောလားပွယ် ပါဝင်ကြောင်း ထိုင်းနိုင်ငံ ဒု-၀န်ကြီးချုပ် ချလိမ့်ယူဘမ်းရုန်းကိုယ်တိုင် ရှင်းလင်းခဲ့မှုအပေါ် ထိုသို့ တုန့်ပြန် လိုက်ခြင်းဖြစ်သည်။

ဒီကေဘီအေ ထုတ်ပြန်ချက်ပါ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးစောကိုမျိုးက “ထိုင်းအစိုးရက အကြောင်းအရာရှိလို့ ထုတ်ပြန်တယ်လို့ ယူဆ တယ်။ ကျနော်တို့ကလည်း မဟုတ်တဲ့အတွက် မဟုတ်ပါဘူးလို့ တုန့်ပြန်ရမှာပဲ။ ဒီကိစ္စကို ဖြေရှင်းဖို့ ဆုံးခန်းတိုင်အောင် ကျနော်တို့ လုပ် ဆောင်သွားမယ်။”ဟု ပြောသည်။
ထိုင်းအစိုးရ၏ စွပ်စွဲချက်သည် နိုင်ငံတော်အနေဖြင့်သော်လည်းကောင်း၊ ၎င်းတို့တပ်ဖွဲ့အနေဖြင့်သော်လည်းကောင်း၊ ပုဂ္ဂိုလ်ရေး ဂုဏ် သိက္ခာအားဖြင့်သော်လည်းကောင်း ထိခိုက်နေသည့်အပေါ် ပြန်လည် ထုတ်ပြန်ရခြင်းဖြစ်သည်ဟုလည်း သူက ဆက်ပြောသည်။

DKBA ကြေညာချက်တွင် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် ပတ်သက်ကြောင်း ယူဆပါက ဒု-၀န်ကြီးချုပ် ချလိမ့်ယူဘမ်းရုန်းအနေဖြင့် DKBA အခြေစိုက်ရာ မည်သည့်နေရာမဆို ၀င်ရောက်လေ့လာနိုင်ကြောင်းနှင့် မူးယစ်ဆေးဝါးကိစ္စ ထုတ်ဖော်တွေ့ရှိပါက မည်သည့်တရားရုံး၊ ခုံရုံး မဆို တက်ရောက်ရင်ဆိုင်သွားမည် ဖြစ်ကြောင်းလည်း ပါရှိသည်။

တဆက်တည်း၌ပင် လူတစ်ဦး သို့မဟုတ် အဖွဲ့တစ်ဖွဲ့ကို စွပ်စွဲပြောဆိုမည်ဆိုပါက “ဘယ်သူက ဘယ်အချိန်၊ ဘယ်နေရာမှာ ဘာတွေ လုပ်ခဲ့သလဲဆိုတဲ့ တိကျခိုင်လုံတဲ့ အထောက်အထားများ ပြသဖို့ တာဝန်ရှိတယ်လို့ ယူဆကြောင်း” ဒီကေဘီအေ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုင်း ဒု-၀န်ကြီးချုပ်ကိုယ်တိုင် ယခု ဧပြီလ ၃၀ရက်နောက်ဆုံးထားကာ ၎င်းတို့ဒေသကို လာရောက်ကြည့်ရှုဖြေရှင်းပေးရန် ဖိတ်ခေါ်ပါ ကြောင်း၊ လာရောက်ဖြေရှင်းပေးခြင်း မရှိပါက နိုင်ငံတကာ ဥပဒေအရ ထိုင်းအစိုးရအား ဆက်လက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း DKBA က ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ ၁၁ရက်နေ့က DKBA သည် မြန်မာအစိုးရနှင့် လက်မှတ်ရေးထိုးရာတွင် သဘောတူညီချက်အပိုဒ် (၅)အရ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအား ပြည်ထောင်စုအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် အချက်ကို သဘောတူထားသည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထိုင်းအစိုးရက ဗိုလ်မှူးချုပ်စောလားပွယ်အား ဆုလာဒ်ငွေထုတ်၍ ဖမ်းဆီးရန် ကြေညာထားသည့်အပေါ် ကေအိုင်စီမှ ဗိုလ်မှူးချုပ်စောလား ပွယ်အား တိုက်ရိုက်မေးမြန်းနိုင်ရန် ယနေ့ အကြိမ်ကြိမ် ကြိုးစားဆက်သွယ်သော်လည်း မအားလပ်မှုများရှိသည်ဟူသော အကြောင်းပြ ချက်များကြောင့် ပြန်လည်ဖြေကြားမှုကို မရရှိခဲ့ပေ။

ထိုင်းအစိုးရက ဧပြီလ ၂၀ ရက်နေ့တွင် ထိုင်းဘတ်ငွေ ၁၂သန်းဖြင့် ဖမ်းဆီးရန် ထုတ်ပြန်ခဲ့သည့် မူးယစ်ဆေးဝါး ကုန်ကူးမှု၌ ထိပ်တန်းစာ ရင်း ပါဝင်သူ ၂၅ဦး၏ အမည်ကို ထိုင်းအစိုးရ၏ Office of the Narcotics Control Board -ONCB အဖွဲ့က ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံ သား ၃ဦးဖြစ်သည့် ရွှေတြိဂံဒေသမှ နော်ခမ်း၊ တာချီလိတ် နမ့်ပုံပြည်သူ့စစ်ခေါင်းဆောင် ယီဆေးနှင့် ဗိုလ်မှူးချုပ်စောလားပွယ်တို့ ပါဝင်ခဲ့ သည်။

ဒီကေဘီအေသည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး-KNU မှ ခွဲထွက်ကာ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည့် ကရင်လက် နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး ၎င်းတို့အား စစ်အစိုးရက ၂၀၁၀ခုနှစ်၊ သြဂုတ်လတွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲဖွဲ့စည်းပေးခဲ့သည် ကို ဗိုလ်မှူးချုပ်စောလားပွယ် ဦးဆောင်သည့် ကလို့ထူးဘောတပ်ဖွဲ့က ဆန့်ကျင်၍ အစိုးရနှင့် တနှစ်ကြာ ပြန်လည် တိုက်ခိုက်ပြီးနောက် အသစ်တက်လာသည့် မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။

နေပြည်တော်အတွင်းရေး - 25 April 2012

2012_April_25_TheinSein_instruct_AungMin_to_delay_meeting_with_FTUB___ThanShwe_calls_MaungAye_to_meeting_for_next_election_--_b


Type the rest of your post here.

Thursday, April 26, 2012

AKO နှင့် အင်တာဗျူး အပိုင်း (၁+၂+၃)

အမိကရင်ပြည်ဘလော့မှ






Type the rest of your post here.

မူးယစ်ရာဇာ နော်ခမ်းကို ပစ်ခတ်ဖမ်းဆီး

ထိုင်းနိုင်ငံက အလိုရှိတဲ့ ဗမာပြည်သား Wanted သုံးယောက်ထဲမှ တစ်ယောက်တော့သွားပြီ။ အကြားထဲက DKBA ဗိုလ်မှူးချူပ် စောလါးဘွယ် နာမည်လည်းပါသည်။ ဒီကိစ္စ တီးလားဘွယ်တို့ လျော့မတွဲနဲ့  သတိအမြဲရှိပါ။ ခင်ဗျားတို့ လုပ်တာ မလုပ်တာ ကျနော်တို့ မသိဘူး စိတ်လည်းမ၀င်စားဘူး.. တာပေမယ့် ကရင်ကို ထိပါးလာရင် ကျနော်တို့ လည်း နာတယ်။ ကိုယ့်လှုံခြုံရေးကို ဂရုစိုက်ကြပါ။ စေတနာ.. မေတ္တာဖြင့်.....
xxxxxxxxxxxxxx

ထိုင်းနိုင်ငံမှ အလိုရှိနေသည့် မြန်မာနိုင်ငံသား မူးယစ်ရာဇာ နော်ခမ်းကို လာအိုစစ်တပ်က ပစ်ခတ်ဖမ်းဆီးလိုက်ကြောင်း ထိုင်း ရုပ် သံ သတင်းဌာန Chanel 3 နှင့် ထိုင်း သတင်းများတွင် ဖော်ပြထားသည်။



ထိုင်း Chanel 3 သတင်းဌာနတွင် ဖော်ပြထားသော နော်ခမ်း (ဓာတ်ပုံ - krobkruakao.com)

လာအို အာဏာပိုင်များက မူးယစ်ရာဇာ နော်ခမ်းကို ဖမ်းဆီးရမိထားကြောင်း ထိုင်း အာဏာပိုင်များထံ အကြောင်းကြားခဲ့ သည့် အတွက် သွားရောက်စစ်ဆေးနေကြောင်း အဆိုပါ သတင်းဌာနများတွင် ရေးသားထားသည်။ နော်ခမ်းကို လက်ရ ဖမ်းဆီးမိခြင်းလော၊ အသေဖမ်းဆီး မိခြင်းလော ဆိုသည်မှာ မရှင်းလင်းသေးပေ။

မြန်မာနိုင်ငံ တာချီလိတ်မြို့မှ အစိုးရ အရာရှိတဦးကလည်း မူးယစ်ရာဇာနော်ခမ်း၏ အဖွဲ့ဝင် လေးဦးကို ယနေ့နံနက်ပိုင်းက လာအိုနိုင်ငံဘက်ခြမ်းတွင် ဖမ်းမိသည်ဟု သိရကြောင်း ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၂၀ရက်နေ့က မူးယစ်ရာဇာ နော်ခမ်းအား ထိုင်းနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ရုံး(Office of the Narcotics Control Board – ONCB) က ဆုငွေ ထိုင်းဘတ် ၂ သန်း (ဒေါ်လာ ၆၄၀၀၀ ခန့်)ထုတ်ပြန်ထားသည်။

ထိုသို့ ဆုငွေထုတ်ပြီးနောက် နော်ခမ်း၏ အဖွဲ့ဝင် ၈ ဦးသည် မြန်မာအစိုးရထံသို့ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

မူးယစ်ရာဇာနော်ခမ်းနှင့် အဖွဲ့သည် မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံ နယ်စပ်များ ထိစပ်နေသည့် ရွှေကြိဂံဒေသတွင် မူးယစ်ဆေးဝါး
ရောင်းဝယ်မှုများ ပြုလုပ်နေပြီး မဲခေါင်မြစ်အတွင်းရှိ ကုန်သင်္ဘောများနှင့် ခရီးသည်တင်ရေယာဉ်များကို စီးနင်းတိုက်ခိုက်ကာ ပြန်ပေးငွေ တောင်းခြင်းများ ပြုလုပ်နေသည်ဟု စွပ်စွဲခံထားရသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက မဲခေါင်မြစ်အတွင်းသွားလာနေသည့် တရုတ်ကုန်တင်သင်္ဘောကို ၀င်ရောက်စီးနင်းပြီး သင်္ဘောသားများအား သတ်ဖြတ်ခဲ့ရာတွင် မူးယစ်ရာဇာနော်ခမ်းနှင့် အဖွဲ့က ပြုလုပ်ကြောင်း ထိုင်းအာဏာပိုင်များ၏ စွပ်စွဲမှုများလည်း ထွက် ပေါ်ခဲ့သည်။

မြန်မာ၊ တရုတ်၊ ထိုင်းနှင့် လာအို နိုင်ငံများက အလိုရှိနေသူ ရှမ်းတိုင်းရင်းသား တဦးဖြစ်သည့် နော်ခမ်းသည် ၁၉၉၆ ခုနှစ်တွင် လက်နက်ချခဲ့သော ဦးခွန်ဆာ ခေါင်းဆာင်သည့် မော်ထိုင်း တပ်မတော်(MTA) တပ်ဖွဲ့ဝင်ဟောင်း ဖြစ်သည်။

၂၀၀၆ ခုနှစ်မှ စတင်၍ လက်နက်ကိုင်ပြီး ရွှေတြိဂံနယ်မြေ၌ ပြန်လည် လှုပ်ရှားခဲ့ကြောင်း၊ သူ၏တပ်ဖွဲ့ကို လားဟူ၊ ရှမ်း တိုင်းရင်းသားများနှင့် ဖွဲ့စည်းထားကြောင်း သိရသည်။

မူးယစ်ဆေးဝါးကုန်သွယ်မှုများနှင့် ထိုင်းနိုင်ငံက အလိုရှိနေသူများစာရင်းတွင် မူးယစ်ရာဇာနော်ခမ်းအပြင် မြန်မာနိုင်ငံသားများဖြစ် သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)မှ ဗိုလ်နှုတ်ခမ်းမွေး ခေါ် ဗိုလ်မှူးချုပ် စောလားပွယ် နှင့် ယင်းဆေး တို့လည်း ပါဝင်သည်။
http://burma.irrawaddy.org/archives/9041

လိုင်ဇာ ဌာနချုပ်ကို ဝိုင်းနေပြီဟု KIO ပြော

ကျော်ခ on April 26,

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO) ၏ လိုင်ဇာ ဗဟိုဌာနချုပ်ကို ထိုးစစ်ဆင်ရန် အစိုးရတပ်များက ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် တပ် အင်အားများ တိုးမြှင့်၍ ချဉ်းကပ်မှုများ ပြုလုပ်နေကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ထုတ်ဖော်ပြောဆိုလိုက်သည်။

KIO ဌာနချုပ်အနီး ဝန်းရံထားသော မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ လက်အောက်ခံတပ်ရင်းများကို သင်္ကြန်ကာလမှစတင်ကာ တပ် ရိက္ခာ၊ တပ်အင်အား၊ အဝေးပစ် လက်နက်ကြီးများနှင့် အခြား လက်နက်ခဲယမ်းများကို ကုန်းလမ်းမှတဆင့် ဖြည့်တင်းမှုများ ပြုလုပ်နေသကဲ့သို့ လေကြောင်းဖြင့်ပါ တိုးမြှင့်လုပ်ဆောင်နေခြင်းများကို ထောက်ပြပြောဆိုခြင်းဖြစ်သည်ဟု ဆိုသည်။

“သူတို့ကတော့ ကျနော်တို့ရဲ့ဗဟိုဌာနချုပ်အနီးကို နီးနိုင်သမျှနီးအောင် ချဉ်းကပ်နေတာမျိုး ရှိတယ်။ အထူးသဖြင့်တော့ ဌာနချုပ် လိုင်ဇာနဲ့ ပါချောင်ကြားမှာရှိနေတဲ့ တောင်ကုန်းတွေပေါ်မှာ ဒီအတောအတွင်း တပ်အင်အား ရာနဲ့ချီပြီးတော့ ဖြည့်တယ်။ အခု ရဟတ်ယာဉ်နဲ့ပါ နေ့တိုင်းအသုံးပြုလာတယ်ဆိုတော့ ကျနော်တို့ ဗဟိုဌာနချုပ်ရဲ့လုံခြုံရေးအပိုင်းကလည်း တော်တော်လေး စိုးရိမ် စရာဖြစ်လာတာပေါ့ဗျာ”ဟု ဦးလနန်က ဧရာဝတီသို့ ပြောသည်။

ဌာနချုပ်ဝန်းကျင်ရှိ အစိုးရတပ်များကို လေကြောင်းမှတဆင့် လက်နက်နှင့် လူအင်အားဖြည့်တင်းမှုများပြုလုပ်နေသကဲ့သို့ အဝေး ပစ် လက်နက်ကြီးများကိုလည်း ကုန်းကြောင်းဖြင့် သယ်ယူဖြည့်တင်းနေခြင်းကြောင့် KIO နှင့် အစိုးရအကြား တိုက်ပွဲများ ဆက် တိုက် ဖြစ်ပွားနေပြီး ဧပြီ ၂၄ ရက်နေ့ထိ ကချင်ပြည်နယ်အတွင်း တိုက်ပွဲပေါင်း ၉၅ ကြိမ်ရှိပြီဖြစ်ကြောင်း ဦးလနန်က ပြောသည်။

တိုက်ပွဲများသည် လိုင်ဇာဌာနချုပ်နှင့် ယခင်ထက် ပိုမိုနီးကပ်လာနေပြီး အစိုးရတပ်များက အဝေးပစ် ၁၂၀ နှင့် ၈၀ မမ၊ အမြောက် လက်နက်ကြီးများနှင့် အသုံးပြု ပစ်ခတ်နေသကဲ့သို့ KIO ဘက်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ခုခံ ပစ်ခတ်နေကြောင်း၊ ထိုအခြေအနေများကြောင့် မကြာမီတိုက်ပွဲကြီးများ ပိုမိုပြင်းထန်လာနိုင်သဖြင့် KIO ဘက်ကလည်း ပြင်ဆင်မှုများပြုလုပ်ထားကြောင်း ၎င်းက ဆိုသည်။

နှစ်ဖက်တပ်များ တိုက်ပွဲအပြင်းထန်ဖြစ်ပွားနေချိန် ယခုလ ၁၇ ရက်နေ့က ဦးအောင်သောင်း ဦးဆောင်သော ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးအဖွဲ့ ထံမှ ပြည်သူလူထုပါဝင် လေ့လာနိုင်ခွင့်ရှိစေရန်ဟုဆိုကာ မြစ်ကြီးနားမြို့ပေါ်တွင် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း လာမှုကို KIO ဘက်က အဆင်သင့်မဖြစ်သေးကြောင်း ပြန်လည်အကြောင်းပြန်ခဲ့သည်ဟု သိရသည်။

“အခုအချိန်မှာ တိုက်ပွဲတွေက ကျနော်တို့ရဲ့ ဗဟိုဒေသအနားမှာ ပြင်းပြင်းထန်ထန်ဖြစ်လာတယ်။ ဗဟိုနဲ့ ရင်ဆိုင်ထားရတဲ့ အစိုးရ တပ်စခန်းတွေမှာ ရိက္ခာ၊ လက်နက်ခဲယမ်း၊ လူအင်အားတွေကို မြေပြင်ရော၊ လေကြောင်းအကူညီနဲ့ပါ သူတို့လုပ်လာတယ်။ အဲလို ဟာမျိုးဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ဘက်က မြစ်ကြီးနားမြို့ကို သွားပြီး တွေ့ဆုံဖို့ လုပ်တဲ့အခါမှာ မဆီလျော်တဲ့အတွက် အဆင် သင့် မဖြစ်သေးတဲ့အကြောင်း ပြန်ကြားထားတာပါ”ဟု ဦးလနန်က ပြောသည်။

ဇန်နဝါရီလပိုင်းက အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့များနှင့် KIO တို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသော် လည်း KIO ဘက်က ပထမဆုံးတောင်းဆိုထားသည့် ထိုးစစ်ဆင်နေသော တပ်များကို ရုပ်သိမ်းဆုတ်ခွာပေးရန်နှင့် နှစ်ဖက် သဘောတူ လက်မှတ်ရေးထိုးရာတွင် အခိုင်မာဖြစ်စေရန် နိုင်ငံတကာ၏ စောင့်ကြပ်မှုအောက်တွင် သက်သေထူ လက်မှတ်ရေးထိုးကြ ရန် တောင်းဆိုမှုကို အစိုးရဘက်က လိုက်လျောနိုင်မှုမပြုနိုင်သဖြင့် ငြိမ်းချမ်းရေး အလှမ်းကွာနေခြင်းဖြစ်ကြောင်း ကချင်ပြည် နယ် မြစ်ကြီးနားမြို့တွင် နေထိုင်သည့် ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့(PCG) နှင့် KIO တို့က ပြောသည်။

အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေးဆွေးနွေးရန် ၂၀၁၁ နိုဝင်ဘာ၊ ၂၀၁၂ ဇန်န၀ါရီနှင့် မတ်လတို့တွင် ရွှေလီမြို့၌ တွေ့ဆုံခဲ့ကြ သော် လည်း ရေရာသည့် သဘော တူညီချက် တစုံတရာမရရှိသေးဘဲ ရှိနေသည်။ ထိုတွေ့ဆုံပွဲများတွင်လည်း ဒေသတွင်း တိုက်ခိုက်ရေး ဘက်မှ အရေးပါသော မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးမှာ ကိုယ်တိုင် တက်ရောက်ခြင်းမရှိကြောင်း KIO က ပြောသည်။

KIO နှင့် အစိုးရတပ်များအကြား တိုက်ပွဲဖြစ်ပွားမှု တိုးမြင့်လာသည်နှင့်အမျှ လိုင်ဇာမြို့ပေါ်ဒုက္ခသည်စခန်းနှင့် အခြား ကချင် ဒုက္ခသည် စခန်းများတွင် ယခုလ ၁၆ ရက်နေ့မှစတင်ကာ ၁၀ ရက်အတွင်း စစ်ဘေးခိုလှုံသူပေါင်း ၁၀၀၀ ကျော်တိုးလာကြောင်း၊ ဒုက္ခသည်စခန်းများသို့ ရောက်ရှိမလာနိုင်ဘဲ တောတောင်များအတွင်း ရွာလုံးကျွတ် ထွက်ပြေးခိုလှုံနေသူများလည်း ရှိကြောင်း ကချင် ဒုက္ခသည် စခန်းများ ကော်မတီ ဥက္ကဌ ဦးဒွဲပီဆား က ပြောပြသည်။

“အခုဟာက ထိုးစစ်က ပြန်တိုးလာတော့ နေလို့မရတော့တဲ့အတွက်ကြောင့်မို့ ဒုက္ခသည်တွေထပ်ထွက်လာကြတာပေါ့။ တော်တော် များများဖြစ်နေတာ ဝိုင်းမော်မြို့နယ်ထဲမှာ။ တချို့ရွာလုံးကျွတ်ပျောက်နေတယ်။ တောထဲကိုထွက်ပြေးနေကြတာ။ တချို့ကလည်း တိုက်ပွဲနဲ့ဝေးရင်ပြီးရောဆိုပြီး အနီးအနားမှာ ပတ်ပြီး ပုန်းနေကြတာ။ ဒီကစခန်းတွေကို ရောက်မလာနိုင်ကြဘူး”ဟု ဦးဒွဲပီဆား က ဧရာဝတီသို့ ပြောသည်။

ဒုက္ခသည်များ ထပ်တိုးမလာမီအထိ ကချင်ပြည်နယ် နယ်စပ်ဒုက္ခသည်စခန်းများတွင် မူလက ဒုက္ခသည်ပေါင်း ၄၅၀၀၀ ကျော် ရှိသည်။ အဆိုပါ ဒုက္ခသည်များသည်လည်း ၂၀၁၁ ခုနှစ် ဇွန်လပိုင်းက အစိုးရတပ်များနှင့် KIO တို့အကြား တိုက်ပွဲများကြောင့် ရပ်ရွာ အိုးအိမ်များကို စွန့်ခွာ၍ လာရောက်ခိုလှုံနေကြပြီး နေရပ်ရင်းကို မပြန်နိုင်ကြသေးသူများ ဖြစ်သည်။
http://burma.irrawaddy.org/archives/8993

UNFC ကိုယ်စားလှယ်အဖွဲ့ ဂျပန်အစိုးရဖိတ်ခေါ်

Written by သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။ ဧပြီလ ၂၅ ရက်၊ ၂၀၁၂ ခုနှစ်။

မြန်မာအစိုးရအား လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကိုယ်စားလှယ် အဖွဲ့ ယနေ့ မွန်းလွဲပိုင်းက ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့သည်။

ဂျပန်အစိုးရ အနေဖြင့် မြန်မာနိုင်ငံမှ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ကိစ္စများ ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ခြင်း ဖြစ်သည်ဟု သိရကြောင်း ယင်းခရီးစဉ် ဖြစ်မြောက်ရေးအတွက် ကူညီပေးသူ ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း (ဂျပန်) မှ တာဝန်ခံတဦးဖြစ်သည့် မိုင်ကျော်ဦးက အခုလို ပြောသည်။

“အရင်တုန်းက အစိုးရအဆက်ဆက်တွေ သွားခဲ့တဲ့အချိန်မှာ တိုင်းရင်းသားတွေအတွက် ထိရောက်မှု မရှိဘူးဆိုတာ သူတို့လည်း သိလာတယ်ပေါ့လေ။ အခုကျတော့ တိုင်းရင်းသားတွေကိုယ်တိုင် ဖိတ်ခေါ်ပြီးမှ နည်းလမ်းကောင်းတွေ ဆွေးနွေးမယ့် ပုံစံမျိုးလည်း ရှိတယ်လို့ ကျနော် သိထားတယ်။”

မြန်မာအစိုးရအား လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် နှစ် (၆၀) ကျော်ကာလအတွင်း တိုင်းရင်းသား ခေါင်းဆောင်များအား ဂျပန်နိုင်ငံသို့ ပထမဆုံးအကြိမ် ခေါ်ယူတွေ့ဆုံခြင်း ဖြစ်သည်။

မနက်ဖြန်မှ စတင်၍ ဂျပန်အစိုးရ တာဝန်ရှိသူများ၊ မြန်မာ့အရေး စိတ်ဝင်စားသည့် လွှတ်တော်အမတ် များနှင့် တွေ့ဆုံရန် ရှိပြီး အဓိက UNFC ၏ ရပ်တည်ချက်နှင့် လက်ရှိ အစိုးရအပေါ် ထားရှိသည့် သဘောထားများ သိလို၍ ဖြစ်နိုင်ကြောင်း မိုင်ကျော်ဦးက ဆက်ပြောသည်။

“အထူးသဖြင့် လက်ရှိ အပစ်အခတ်ရပ်စဲရေး လုပ်နေတဲ့ အနေအထားမှာ တိုင်းရင်းသား တွေရဲ့ သဘောထားကိုလည်း သိသွားမယ်ပေါ့။ ထူးခြားတာက ဦးသိန်းစိန် မနေ့က ပြန်သွားတယ် ဒီနေ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ရောက်လာတာပေါ့နော်။”

ကိုယ်စားလှယ်အဖွဲ့တွင် UNFC ဒု- ဥက္ကဌ စောဒေးဗစ် တာကပေါ၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် ဗဟိုကော်မတီဝင် ဒေါက်တာ လဂျာတို့ သုံးဦးပါဝင်သည်။

လေဆိပ်တွင် ဂျပန်နိုင်မှ သတင်းထောက်များနှင့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး လက်ရှိအစိုးရတပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားနေသည့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO မှ ဒေါက်တာ လဂျာ ပါလာသည့်အတွက် ဂျပန် သတင်း ထောက်များ စိတ်ဝင်စားမှု ပိုရှိကြောင်း တွေ့ရသည်ဟုလည်း မိုင်ကျော်ဦးက ပြောသည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၂၅) ရက်နေ့က ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကိုအီချီယို ဂမ်ဘာ (Koichio Gamba) မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး တိုင်းသားဒေသ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် ကူညီပေးရန် ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းပြောဆိုခဲ့သည်ဟု သိရသည်။
http://www.nmg-news.com/bur/index.php?option=com_content&view=article&id=431&catid=5&Itemid=12

ဗိုလ်မှူးချုပ်စောလားပွယ်အား ဖမ်းဆီးရန် ဆုငွေထုတ်ထားမှုကို ဒီကေဘီအေ တုံ့ပြန်သွားရန်ရှိ

ဧပြီလ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

ကလို့ထူးဘော စစ်ဦးစီးချုပ်ဗိုလ်မှူး ချုပ် စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွှေး)အား မူးယစ်ရာဇာအဖြစ် ထိုင်းအာဏာပိုင်များက သတ်မှတ်၍ ဖမ်းဆီးရန် ဆုလာဒ်ငွေထုတ်ခြင်းအပေါ် ပြန်လည်တုံ့ပြန်သွားရန်ရှိသည်ဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)က ယနေ့ ပြောကြားလိုက်သည်။

DKBA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောဆန်းအောင်က “ဒီသတင်းနဲ့ ပတ်သက်လို့ ထုတ်ပြန်ကြေညာထုတ်ဖို့ အဖိုးနှုတ်ခမ်းမွှေးနဲ့ ခုနက ပဲ စကားပြောပြီးတယ်။ သူတို့(ထိုင်းအစိုးရ)က ဘယ်နေရာကို တွေ့လို့ ပြောဆိုတာလဲတော့ မသိဘူး။ အဖိုးနှုတ်ခမ်းမွှေးဟာ မူးယစ်ဆေး ၀ါး မလုပ်ဘူးဆိုတာ ကျနော်တို့ ထင်ထင်ရှားရှား သိတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ဗိုလ်မှူးချုပ်စောလားပွယ်အပေါ် ဖမ်းဆီးရန် ဆုလာဒ်ငွေ ထုတ်ပြန်ခဲ့ခြင်းနှင့် ပတ်သက်၍ သတင်းစားရှင်းလင်းပွဲတစ်ခု ပြုလုပ်ပေးသွားရန် လည်း ထိုင်းအစိုးရအား ဖိတ်ခေါ်မည်ဟု ဒီကေဘီအေဘက်က ပြောသည်။

“ထိုင်းအစိုးရအနေနဲ့ ကျနော်တို့ကို သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်ပေးပါ။ သူတို့ လုံခြုံရေးအတွက် ဒီမှာလာလည်း မဲ့တစ်ပေါက်မှ မစွန်း စေရဘူး။ အာမခံတယ်။”ဟု ဗိုလ်မှူးစောဆန်းအောင်က ဆက်လက် ပြောဆိုသည်။

ထို့အပြင် ထိုင်းအစိုးရအနေဖြင့် ဒီကေဘီအေအဖွဲ့တွင်း မူးယစ်ဆေးတွေ့ရှိကြောင်း တိကျသည့် သတင်းအချက်အလက်ရရှိပါက ဒီကေ ဘီအေဖြစ်စေ၊ ဒေသခံရွာသားဖြစ်စေ၊ ရွာလူကြီးများဖြစ်စေ အကူအညီတောင်းခံလျှင် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ဧပြီလ ၂၀ရက်နေ့က မူးယစ်ဆေး ကုန်ကူးမှုတွင် ထိပ်တန်းစာရင်းသူ ၂၅ကျော်၏ အမည်ကို ဖမ်းဆီးနိုင်သူအား ထိုင်းဘတ်ငွေ ၁၂သန်း ဆုကြေးငွေပေးမည်ဖြစ်ကြောင်း ထိုင်းအစိုးရ၏ Office of the Narcotics Control Board -ONCB အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထိုအထဲတွင် ထိုင်းနိုင်ငံသား ၂၂ဦးနှင့် မြန်မာနိုင်ငံသား ၃ဦးတို့ ပါဝင်ကြပြီး မြန်မာနိုင်ငံသားများမှာ ရွှေတြိဂံဒေသမှ စိုင်းနော်ခမ်း၊ တာချီ လိတ် နမ့်ပုံပြည်သူ့စစ်ခေါင်းဆောင် ယီဆေးနှင့် DKBA မှ ဗိုလ်မှူးချုပ်စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး)တို့ ပါရှိသည်။

အဆိုပါ မြန်မာနိုင်ငံသား မူးယစ်ရာဇာ ၃ဦးတွင် စိုင်းနော်ခမ်းအတွက် ထိုင်းငွေဘတ် ၂သန်း၊ ယီဆေးနှင့် ဗိုလ်မှူးချုပ်စောလားပွယ်တို့အ တွက် ဘတ်ငွေ ၁သန်းအဖြစ် ဖမ်းဆီးနိုင်သူများအား ဆုလာဒ်ငွေပေးသွားမည်ဟုလည်း ထိုင်းအစိုးရက ထုတ်ပြန်ကြေညာထားသည်။
http://www.kicnews.org/?p=11140

UNFC တိုင်းရင်းသားခေါင်းဆောင်များ ဂျပန်ခရီးစဉ်။

http://moeminthu.blogspot.com မှရယူသည်။




၂၀၁၂ ခုနှစ် ဧပြီလ ၂၅ ရက်။

ဂျပန်နိုင်ငံသို့ ရောက်ရှိလာသော လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ စည်း များဖြင့် ဖွဲ့ စည်းထားသည့့်UNFC တိုင်းရင်းသား ခေါင်းဆောင် ကိုယ်စားလှယ် များအား ယနေ့ ၂၅ရက် နေ့တွင် တိုကျို နာရိတာ လေဆိပ်သို့ ရောက်ရှိလာပြီး ညီညွတ်သော တိုင်းရင်းသားအဖွဲ့အစည်း(AUN-Japan) နဲ့ KNO-Japan တာဝန်ရှိ ကိုယ်စားလှယ်များ အဖွဲ့ သူ၊ အဖွဲ့ သား တို့မှ သွားရောက် ကြိုဆို ခဲ့ကြပါသည်။
တိုင်းရင်းသား ခေါင်းဆောင်များတို့၏ ခရီးစဉ်တွင် အဖွဲ့ခေါင်းဆောင်အဖြစ် UNFC ဒုတိယ ဥက္ကဌ ဖဒို စောဒေးဗစ်သာကဘောမှ ဦးဆောင်ပြီး အထွေထွေအတွင်းရေးမှူး(၂) ဗိုယ်မှူးကြီး ခွန်ဥက္ကာ နှင့် UNFC ဗဟိုကော်မတီဝင် KIO အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာ တို့ပါဝင်ပြီး ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ဂျပန်လွတ်တော် အမတ်များတို့ကို သွားရောက်တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံရေး အခြေအနေများကို ရှင်းလင်းပြောဆို ဆွေးနွေးခြင်းများ ပြုလုပ်သွားမည်ဖြစ်သလို ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့ကိုလည်း တွေ့ဆုံသွားမည် ဖြစ်ပါသည်။
ဤခရီးစဉ်နှင့် ပတ်သက်၍ တိုကျို Yurakucho ရှိ The Foreign Correspondents' Club of Japan နိုင်းငံခြားသား သတင်းထောက်များ အသင်းရုံးသို့ UNFC ကိုယ်စားလှယ်များတို့မှ ဂျပန်ရှိ သတင်းမီဒီယာများတို့ကို ဖိတ်ခေါ်ပြီး သတင်းစာရှင်းလင်းပွဲ တရပ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ဓါတ်ပုံ။ ။ Moe Min Thu





Type the rest of your post here.

Local KNLA meet with Burmese Army 11 April 2012

ကွယ်ကလူသတင်းမှ



Type the rest of your post here.

Tuesday, April 24, 2012

မူးယစ်ရာဇာ ၂၀ ကျော် ထိုင်းတွင် ဆုငွေထုတ်၊ မြန်မာ ၃ ဦးကို ကြေးအများဆုံး ပေးမည် – Thailand announces $ 400,000 bounty for 25 drug smugglers

မိုးမခအထောက်တော် အမှတ် ဝဝ၇
ဧပြီ ၂၄၊ ၂ဝ၁၂


စိုင်းနော်ခမ်း၊ ဦးယိဆေး၊ ဦးနှုတ်ခမ်းမွေး တို့၏ ပုံ နှင့် အချက်အလက်များ ပါဝင်သော ဤပိုစတာအား မြန်မာဘာသာဖြင့်လည်း ပုံနှိပ်ဖြန့်ဝေမည်ဟု သိရှိရပါသည်။

မူးယစ်ဆေးကုန်ကူးမှုတွင် ထိပ်တန်းမှ ပါဝင်သည်ဟုဆိုသူ လူ ၂၀ ကျော်၏ အမည်ကို ထိုင်းအစိုးရက ထုတ်ပြန်လိုက်ရာ ထိုအထဲတွင် မြန်မာပြည်ဘက်မှ ၃ ဦး ပါဝင်နေသည်ကို တွေ့ရပြီး ထို ၃ ဦးမှာ ဆုငွေ အများဆုံး အထုတ်ခံထားရသူများ ဖြစ်နေလေသည်။

ထိုင်းအစိုးရက ထိုစာရင်းကို ပြီးခဲ့သည့် သောကြာတွင် ထုတ်ပြန်ခြင်း ဖြစ်၏။

ထိုသုံးဦးမှာ စိုင်းနော်ခမ်း၊ ဦးယိဆေး၊ ဦးနှုတ်ခမ်းမွေး တို့ ဖြစ်သည်။

ထို ၃ ဦးအကြောင်းကို ထိုင်းမြန်မာနယ်စပ် မူးယစ်ဆေးဝါးဆိုင်ရာ သတင်းများကို ဦးစားပေးဖော်ပြလေ့ရှိသော သျှမ်းသံတော်ဆင့် အင်တာနက်စာမျက်နှာတွင် အောက်ဖော်ပြပါအတိုင်း တွေ့ရှိရ၏။

စိုင်းနော်ခမ်း – အသက် ၄၂ နှစ်၊ ရွှေတြိဂံဒေသ လက်နက်ကိုင်အဖွဲ့တခု၏ ခေါင်းဆောင်၊
ဆုငွေ နှစ်သန်း (ဒေါ်လာ ခြောက်သောင်းခွဲ)

ဦးယိဆေး – အသက် ၆၆ ၀န်းကျင်၊ ရှမ်းပြည်နယ်ရှိ ပြည်သူ့စစ်အဖွဲ့တခု၏ ခေါင်းဆောင်၊
ဆုငွေ တစ်သန်း (ဒေါ်လာ သုံးသောင်းကျော်)

ဗိုလ်နှုတ်ခမ်းမွေး - DKBA တပ်ဖွဲ့ စစ်ဦးစီးချုပ်၊ ယခင်က နယ်စပ်တွင်မိသော ဆေးဝါးများ သူ့ထံမှလာဟု ထိုင်းအစိုးရပြော၊
ဆုငွေ တစ်သန်း (ဒေါ်လာ သုံးသောင်းကျော်)

ဤ ၃ ဦးအပါအ၀င် အလိုအရှိဆုံး လူ ၂၅ ဦးအတွက် ထိုင်းအစိုးရက ဆုချမည့် ငွေပမာဏမှာ ဘတ် ၁၂ သန်း (ဒေါ်လာ ၄ သိန်း) ဖြစ်၏။

ဤ ၂၅ ဦးသည် ထိုင်းအစိုးရ မူးယစ်တိုက်ဖျက်နှိမ်နင်းရေးအဖွဲ့စာရင်းတွင် ရှိသော မူးယစ်ကုန်ကူးသူ ခြောက်သောင်းကျော်ထဲမှ ထိပ်တန်းတွင် ပါဝင်သည်ဟု သိရသည်။

ဖမ်းဆီးနိုင်ရေး သတင်းပေးရုံမျှဖြင့် ထိုဆုငွေ ပေးမည်ဟု ဆိုသည်။

ဆုငွေအား သတင်းပေးသူက ၆၀% ရမည် ဖြစ်ပြီး ဖမ်းဆီးသည့် အရာရှိ/၀န်ထမ်းက ၄၀% ရမည်ဟု MCOT သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။
http://moemaka.com/2012/04/thailand-announces-400000-bounty-for-25-drug-smugglers/

ကေအဲန်ယူနှင့်မြန်မာအစိုးရငြိမ်းချမ်းရေး (ရုပ်သံ)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ရယူပြီး စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ကို သွားရေးဟာ အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့အစည်း အများစုရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဟာ ဒီအတွက် အရေးပါတဲ့ ကဏ္ဍမှာ ရှိနေပါတယ်။ ကိုနေသန်မောင်က စုစည်း တင်ပြထားပါတယ်။



Type the rest of your post here.

မူးယစ်ရာဇာများဖမ်းဆီးရေး ထိုင်းအစိုးရဆုတော်ငွေထုတ်ပြန်၊ မြန်မာမူးယစ်ရာဇာသုံးဦးပါ

နယ်ခြားစောင့်တပ် လုပ်ကြတဲ့ မောင်ချစ်သူ၊ ဗိုလ်မုတ်သုန်၊ ဗိုလ်လိုက်သိမ့် တို့ နာမည်မပါတော့ ခုလောက်ဆိုသူတို့  ပြုံးနေလောက်တယ်။

Wanted by Thai police


Type the rest of your post here.

ဗိုလ်နှုတ်ခမ်းမွေးကို မူးယစ်ဆေးမှုဖြင့် ထိုင်းက ဆုငွေထုတ်

မိုးသီးဇွန်ဘလော့မှ http://komoethee.blogspot.com


အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) တပ်ဖွဲ့မှ ဗိုလ်နှုတ်ခမ်းမွေး (ခေါ်) ဗိုလ်မှူးချုပ် စောလားပွယ်ကို မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဖမ်းဆီးရန် ဧပြီလ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ Office of the Narcotics Control Board (ONCB ) အဖွဲ့က ဆုငွေ ထိုင်းဘတ် ၁၀ သိန်း ထုတ်လိုက်သည်။
ထိုင်းနိုင်ငံသားများအပါအဝင် မြန်မာနိုင်ငံမှ နော်ခမ်း၊ ယင်ဆေး၊ ဗိုလ်နှုတ်ခမ်းမွေး အပါအ၀င် ၂၅ ဦး တို့ ဖြစ်ကြောင်း ဓာတ်ပုံများနှင့်အတူ ONCB ၏ အင်တာနက် ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။


Type the rest of your post here.

မြစ်ကြီးနားတွင် ဆွေးနွေးရန် အစိုးရ ကမ်းလှမ်းချက် KIO ငြင်းပယ်

ဖနိဒါ | အင်္ဂါနေ့၊ ဧပြီလ ၂၄ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၅၀ မိနစ်

ချင်းမိုင်(မဇ္ဈိမ) ။ ။ မြစ်ကြီးနားမြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးရန် အစိုးရဘက်မှ ကမ်းလှမ်းချက်အား စစ်ရေး တင်းမာနေချိန်တွင် မဖြစ်နိုင်သေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်မှ ငြင်းဆိုလိုက်ပြီး ပြန်လည် မေးခွန်း
မေးထားသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်များနှင့် KIO က ပြောသည်။

ဧပြီလ ၁၇ ရက်နေ့က အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်ဘက်မှ KIO သို့ ကမ်းလှမ်းစာအား KIO ဘက်မှ ဧပြီလ ၂ဝ ရက်နေ့တွင် စာပြန်လိုက်ခြင်းဖြစ်သည်ဟု KIO ၏ ပြောခွင့်ရသူ ဦးလနန်က ပြောသည်။

“ဒီတခေါက် ပြန်လည်တွေ့ဆုံတဲ့အခါ ပိုမိုပွင့်လင်း မြင်သာမှု ရှိဖို့အတွက် ပြည်သူလူထုတွေရော ပါဝင် တက်ရောက်
နိုင်အောင် မြစ်ကြီးနားမြို့ပေါ်မှာ ဆွေးနွေးမှု ပြုလုပ်ရအောင် ဆိုပြီး အကြောင်းကြားလာတယ်။ကျနော်တို့ဘက်က စစ်ရေးအခြေအနေ တင်းမာနေတဲ့ အချိန်မှာ မြစ်ကြီးနားမြို့ပေါ်မှာ ဆွေးနွေးမယ်ဆိုတာ မဖြစ်နိုင်သေးဘူး။ တပ် အခြေအနေ ပတ်သက်လို့ ဆွေးနွေးမှုမှာ လူထုက ဘယ်လို ကဏ္ဍကနေ ပါဝင်မလဲဆိုတဲ့ကိစ္စ ကျနော်တို့ နားမလည်နိုင်တဲ့အကြောင်း ပြန်မေးခွန်းထုတ်ထားတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

မတ်လအတွင်းက အစိုးရ ငြိမ်းချမ်းရေးခေါင်းဆောင် ဦးအောင်သောင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ပြီးနောက် တိုက်ပွဲအရှိန် ပိုမြင့်လာခြင်း၊ ဧပြီလဆန်းပိုင်းတွင် KIO ဗဟိုဌာနချုပ်အနီး အစိုးရ တပ်အင်အားများ ပိုမို တိုးချဲ့လာသဖြင့် မြစ်ကြီးနားမြို့မှာ တွေ့ဆုံရန် မဖြစ်နိုင်ကြောင်း အစိုးရထံ အကြောင်းပြန်လိုက်သည်ဟု ဦးလနန်က
ပြောသည်။

KIO ၏ ဌာနချုပ်ဟောင်းရှိရန် ပါဂျောင်ဘွမ်နှင့် လက်ရှိ လိုင်ဇာဌာနချုပ်အကြားရှိ အစိုးရ၏ နာဖော့စခန်းအတွင်း ယခုရက်ပိုင်းအတွင်း လက်နက်ခဲယမ်းနှင့် စစ်အင်အားများ အစိုးရ လေကြောင်းမှတဆင့် ဖြည့်တင်းလာမှုများ ရှိသည်ဟုလည်း ဦးလနန် က ဆိုသည်။

ဧပြီ ၂၃ ရက်နေ့တွင်လည်း KIO ဌာနချုပ်ရှိရာ တပ်မဟာ ၅ နယ်မြေအတွင်း တိုက်ပွဲ ငါးကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဧပြီလ ၂၂ ရက်နေ့ကလည်း KIO ဗဟိုဌာနချုပ်မှ ၅ မိုင်ခန့် အကွာရှိ အစိုးရတပ်စိုက်ရာ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားကျေးရွာတွင် တနာရီခန့်ကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု KIA က ဆိုသည်။

ယခင်က အမြောက်တပ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သော်လည်း လက်တလော တိုက်ပွဲများတွင် အစိုးရစစ်တပ်၏ ရှေ့တန်းစစ်မြေပြင်ထိ လက်နက်ကြီးများ အသုံးပြုလာသဖြင့် စခန်းသိမ်းတိုက်ပွဲ ပြုလုပ်မည့် အရိပ်အယောင် တွေ့ရသည်ဟု ဦးလနန်က ဆက်ပြောသည်။

ယခု နှစ်ဘက် ယုံကြည်မှု တည်ဆောက်ရမည့် အချိန်တွင် အစိုးရဘက်မှ စစ်အင်းအား ပိုမိုတိုးချဲ့လာသဖြင့် KIO ဘက်မှ ယုံကြည်မှုနည်းလာခြင်းကြောင့် ထပ်မံတွေ့ဆုံရန် မဖြစ်နိုင်သေးကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးယွပ်ဇော်ခေါင်က ပြောသည်။

“အစိုးရဘက်က စစ်အင်အား မလျှော့တဲ့အပြင် ရိက္ခာတွေ ပြန်ဖြည့်လာတယ်ဆိုတော့ KIO ဘက်က လုံးဝ မယုံကြည် လာဘူး။ ဒါကြောင့် ကျနော်တို့ အကျိုးဆောင်တွေအနေနဲ့ ထပ်တင်ပြပေးဖို့ အများကြီးလိုနေတယ်။ လူထုဘက်က ပါမယ်ဆိုတော့ ဘယ်သူတွေ ပါမလဲဆိုတာ KIO ဘက်က မေးထားတယ်။ ကျနော်တို့ဘက်ကလည်း ပြန်ဆွေးနွေးနိုင်ဖို့ နည်းလမ်းရှာနေတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ငြိမ်းချမ်းအကျိုးဆောင်အဖွဲ့အနေနှင့် သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံလိုကြောင်း ဧပြီလ ၉ ရက်နေ့က စာရေးပို့ခဲ့ရာ မည်သည့်နေ့ တွေ့ဆုံခွင့် ရမည်ကို မသိရသေးကြောင်း ဦးယွမ်ဇော်ခေါင်က ပြောသည်။

အစိုးရနှင့် KIO တို့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို KIO ဘက်မှ တောင်းဆိုမှုအရ တရုတ်နိုင်ငံ ရွှေလီမြို့တွင် သုံးကြိမ်
ဆွေးနွေးခဲ့စဉ် စစ်ရေးအရှိန်များ ထိန်းသိမ်းသွားရန်နှင့် ပြဿနာ ဖြစ်ပွားနေသည့် ဒေသများတွင် နှစ်ဖက်ညှိနှိုင်း လုပ်ဆောင်သွားရန် သဘောတူညီခဲ့သော်လည်း ယခုထိ အကောင်အထည်ဖော်သည့် တုံ့ပြန်မှု မတွေ့ရသေးကြောင်း KIO က ဆိုသည်။

သို့သော် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင်မူ ထာဝရ ငြိမ်းချမ်းရေး အလှမ်း ကွာဝေးနေရသည်မှာ “တဖက်သတ် သဘောထားအမြင် တင်းမာကြသည့် ကေအိုင်အို/ ကေအိုင်အေ ခေါင်းဆောင်ပိုင်းအချို့ကြောင့်”ဟု ယခုလ ၁၈ ရက်နေ့က ဖော်ပြခဲ့သည်။

၁၁ လကြာ နှစ်ဘက် တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်ပေါင်း ၇ သောင်းကျော်ရှိလာကာ UN အဖွဲ့အစည်းများက မိုးမောက်မြို့နယ် အင်ခေါင်းပါနှင့် ဒွန်ဘွမ်ဒုက္ခသည်စခန်းရှိ စစ်ပြေးဒုက္ခသည် ၁၅ဝဝ ဦးအား အစားအသောက်များ ကူညီခဲ့သည်ဟု ဒုက္ခသည်များ ကူညီရေးကော်မတီမှ တာဝန်ခံ KIO မှ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။

“UN က ၂၁ ရက်နေ့ကနေ ဗန်းမော်ကနေ လာတယ်။ ဒုက္ခသည်တွေကို ထောက်ပံ့ပေးနေတယ်။ မနေ့က အင်ခေါင်းပါနဲ့ ဒြမ္ဘြမ္ဘက္က ဒုက္ခသည်တွေကို ဆန်၊ ခြင်ထောင်၊ ပဲတို့ အဝတ်အစားတွေ၊ မီးဖိုချောင်သုံး ပစ္စည်းတွေ လှူဒါန်းပေးနေတယ်။ ဒီနေ့တော့ အင်ခေါင်းပါမှာ သွားအိပ်မယ်”ဟု ပြောသည်။
http://www.mizzimaburmese.com/news/inside-burma/9256-----kio-.html

စစ်ရေး လေ့ကျင့်ရေးကျောင်းဟာ ကရင်နီကိုတိုက်ဖို့ မဟုတ်ဟု ဦးအောင်မင်းပြောကြား

Written by ဖဲမော့၊ စောဟေရှာယ

ကရင်နီပြည်ဖရူဆိုမြို့နယ်မှာ စစ်ရေးလေ့ကျင့်ရေးကျောင်း တည်ဆောက်ဖို့ အစိုးရကနေ ပြည်သူပိုင်လယ်ယာမြေများ သိမ်းဆည်းခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ အစားထိုးမြေယာများ ပြန်လည်ရှာပေးဖို့ လူထုကိုယ်စားလှယ်တွေက KNPP လူထုစည်းရုံးရေးခရီးစဉ် အတောအတွင်းမှာ တင်ပြထားပါတယ်။

စစ်ရေးလေ့ကျင့်ရေးကျောင်းအတွက် အဆောက်အဦးများ ဆောက်လုပ်ပြီးစီးနေပြီဖြစ်သလို အစိုးရနေနဲ့ လက်လွန်နေပြီဖြစ်တဲ့အတွက် အဲဒီကိစ္စနဲ့ပတ်သက်လို့ KNPP အနေနဲ့ ခွင့်လွတ်ပေးဖို့ အစိုးရငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက KNPP ထိပ်သီးခေါင်းဆောင်တွေနဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့စဉ်မှာ ယခုလို တင်ပြဆွေးနွေးထားပါတယ်။

KNPP နဲ့ ဦးအောင်မင်းတို့ ထိုင်းနိုင်ငံမယ်ဟောင်ဆောင်မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးစဉ် (ဓါတ်ပုံ-ကေအဲန်ပီပီ)

“အဲဒီဥစ္စာက တော်တော်လက်လွန်နေပြီ။ အဆောက်အဦးကလည်း ဆောက်ပြီးပြီ။ ဖွဲ့စည်းပုံကလည်း ကျပြီးသားဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ကျနော်ပြောတာ ဒီဥစ္စာက တပ်မတော်ရဲ့ လေ့ကျင့်ရေးကျောင်းအနေနဲ့ဘဲရှိမယ်။ ကရင်နီကို တိုက်ဖို့အတွက်… လုပ်တဲ့အကြောင်း မဟုတ်ပါဘူး။ နောက်တနေ့ကျရင် ကျနော်တို့က ဘယ်လောက်ထိ ရည်ရွယ်ထားလဲဆိုရင်… အရင်တုန်းက ကယားစစ်တို့ဘာတို့ရှိပါတယ်။ မြန်မာ့တပ်ထဲမှာ စစ်တိုက်တာအရမ်းတော်တာဘဲ အဲဒီကယားတပ်တွေက အဲလိုတပ်ရင်းမျိုးတွေဖွင့်မယ်ဆိုရင်လည်း... ဦးရယ်တို့ဘက်က ဆန္ဒရှိတယ်ဆိုရင် သူတို့ကို regular army ပြန်ပြီးတော့ဖွဲ့မယ်။ အဲတပ်ကိုလည်း ဒီနယ်မြေမှာဘဲထားမယ်။ အဲဒီတော့ ဒီကလူတွေလည်း ထူးချွန်တယ်ဆိုရင်တော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်လည်း ဖြစ်သွားနိုင်တယ်။ အခုနောက်ပိုင်း အဲသလိုပြန်လုပ်သွားမယ်။”

ကရင်နီပြည်မှာ စစ်ရေးသင်တန်းလေ့ကျင့်ရေးကွင်း တည်ဆောက်ဖို့အတွက် ဖရူဆိုမြို့နယ်အတွင်းမှာ ပြည်သူပိုင် လယ်ယာမြေ ဧက ၂၇၀၀ ကျော်ကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်အတွင်းမှာ သိမ်းဆည်းခဲ့တာပါ။

သိမ်းဆည်းခံရတဲ့မြေယာတွေ ထိုက်သင့်တဲ့ လျော်ကြေးတွေ ပြန်လည်ပေးဆောင်နိုင်ဖို့ လူထုကိုယ်စားလှယ်တွေက KNPP ကို တင်ပြထားသလို ဥပဒေနည်းလမ်းအရ အထောက်အကူပြုနိုင်မည့် ရှေ့နေတွေကိုလည်း လူထုတို့အနေနဲ့ ရှာကြံနေတယ်လို့ သိရှိရပါတယ်။

စစ်မှန်တဲ့ငြိမ်းချမ်းရေးဖေါ်ဆောင်နိုင်ဖို့ အစိုးရနဲ့ KNPP အကြား ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲမသွားခင် ပြီးခဲ့တဲ့မတ်လ ၂၁ ရက်နေ့မှာ ဦးဆောင်းမင်း ဦးဆောင်တဲ့အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့နဲ့ KNPP ထိပ်သီးကိုယ်စားလှယ်တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
http://www.ktimes.org/index.php/rokstoriesnews/170-2012-04-23-12-02-35

နေပြည်တော်အတွင်းရေး - 23 April 2012

2012_April_23___ThanShwe_tactic_-_let_them_look_forward_to_Prsdnt_and_when_TheinSein_return__makes_changes_as_needed_as_if_he_


Type the rest of your post here.

UNFC don't agree with peace process of Government (ရုပ်သံ)

သျှမ်းသံတော်ဆင့်မှရယူသည်။



Type the rest of your post here.

KIO နဲ့ တိုက်ပွဲတွေ အပြင်းအထန် ပြန်ဖြစ်

By နန္ဒချမ်း


ကချင် လွတ်မြောက်ရေး တပ်မတော် လိုင်ဇာ အနီး စစ်စခန်း တစ်ခုတွင် လေ့ကျင့်နေစဉ်။ ဖေဖော်ဝါရီလ ၁၃၊ ၂၀၁၂

အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေ မပြေလည်နိုင်သေးတဲ့ KIA ကချင် လွတ်မြောက်ရေး တပ်မတော် နဲ့ မြန်မာ အစိုးရတပ်တွေအကြားမှာ အခုရက်ပိုင်း တွေအတွင်း တိုက်ပွဲတွေဟာ ပိုပြီး ပြင်းထန်လာနေပြီး တိုးချဲ့ တပ်အင်အားအကူနဲ့ KIA ဌာနချုပ်အနီးကို ထိုးစစ်ဆင်နွှဲနေတယ်လို့ KIO ပြောရေးဆိုခွင့်ရှိသူ က ပြောလိုက် ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် နေရာတော်တော်များများ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက်လည်း ထွက်ပြေးကြတဲ့ ဒုက္ခသည် အရေအတွက် ပိုများလာလို့ ဒီဒုက္ခသည်တွေ စားဝတ်နေရေး အခက်အခဲ ဖြစ်နေ ရတယ်လို့လည်း ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူ တွေက ပြောကြပါတယ်။

KIA ဌာနချုပ်ရှိရာ လိုင်ဇာ တ၀ိုက်မှာ တနင်္ဂနွေနေ့ တရက်တည်းမှာတင် တိုက်ပွဲပေါင်း ခြောက် ကြိမ်လောက် ဖြစ်ပွားခဲ့တာပါ။ KIA ဗဟို ဌာနချုပ်ဟောင်း ရှိရာ ပါဂျောင်ဒေသနဲ့ လိုင်ဇာဒေသ ကြားက နားပေါ့လို့ခေါ်တဲ့ အစိုးရတပ်စခန်းမှာ လေကြောင်းအကူအညီနဲ့ တပ်အင်အား ဖြည့်တင်းတာတွေ မြန်မာတပ်တွေဘက်က လုပ်ခဲ့ပြီး KIA ဌာနချုပ်ကို ပစ်မှတ်ထား ထိုးစစ်ဆင်ဖို့ ဖြစ်နိုင်တယ်လို့ KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန် က အခုလို ပြောပါတယ်။

“အဖြစ်များတာကတော့ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ် နဲ့ နီးတဲ့ ဒေသတ၀ိုက်ပေါ့နော် အဲ့ဒီမှာ အဖြစ်များ တယ်ခင်ဗျ။ သူတို့ရဲ့ ရည်မှန်းချက်က တဖြည်းဖြည်းနဲ့ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ်နဲ့ နီးသထက်နီးအောင် စစ်ဆင်ရေး လုပ်တာမျိုး၊ ကျနော်တို့ရဲ့ အရေးကြီးတဲ့ ထန်းကုန်းတွေကို ထိုးစစ်လုပ် သိမ်းပိုက်တာမျိုး ပုံမှန် လုပ်နေကြတယ်ခင်ဗျ။ နောက်ပြီးတော့ လေကြောင်းအကူနဲ့ သူတို့ တပ်အင်အား ချပေးတာမျိုး လက်နက် ခဲယမ်းမီးကျောက် တွေကို လေကြောင်းအကူနဲ့ ပို့ပေးတာမျိုး လုပ်နေကြတယ်ခင်ဗျ။ သိသာထင်ရှားတာက ဘာလဲဆိုတော့ သူတို့ရဲ့ အခု တိုက်ပွဲတွေဟာ ကျနော်တို့ရဲ့ ဗဟိုဌာနချုပ် ကို အဓိက ဦးတည်နေတယ် ဆိုပြီးတော့ ခန့်မှန်းပြောဆိုလို့ရတယ်ခင်ဗျ။ တိုက်ပွဲတွေမှာလည်း သူတို့က လက်နက်ကြီးတွေကို ပိုပြီးတော့ အသုံးပြုတာ များလာတယ်။ အရင်ကထက် လက်နက်ကြီးတွေကို သူတို့ အင်နဲ့အားနဲ့ဖြည့်ပြီးတော့ ပစ်ခတ်တာမျိုး၊ KIO တပ်စခန်းတွေရှိမယ်လို့ ခန့်မှန်းမိတဲ့ နေရာတိုင်းကို သူတို့ လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုး ဒီလိုမျိုး ဆက်တိုက် လုပ်လာတယ်။ ဒါတွေက ထူးခြားချက်လို့ ပြောလို့ရမယ်ခင်ဗျ။”

ဒါပေမဲ့လည်း မြန်မာအာဏာပိုင်တွေဘက်ကတော့ လက်ရှိ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တစုံတရာ ပြောဆိုတာ မရှိခဲ့ပါဘူး။ KIA နဲ့ မြန်မာအစိုးရတပ် တွေအကြား တိုက်ပွဲတွေဟာ ကချင် ဒေသအနှံ့မှာ ဖြစ်ပွား နေတာ ကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည်အရေအတွက်ဟာလည်း အခုဆိုရင် ရှစ်သောင်း လောက် ရှိသွားပြီလို့ ကချင်ဒုက္ခသည်အရေး ကူညီ ဆောင်ရွက်ပေးနေသူတွေက ပြောကြပါတယ်။ ဒါ့အပြင် ဒီတိုက်ပွဲအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပြီး - ဒေသခံတွေအနေနဲ့ ထွက်ပြေးရင်း သေဆုံး ထိခိုက်ဒဏ်ရာရသူတွေ ရှိနေတယ်လို့ NDF အမျိုးသားဒီမိုကရေစီအင်အားစု၊ ဖားကန့်မြို့နယ် ရွေးကောက်ပွဲဝင်ကိုယ်စားလှယ် လောင်း ဒေါ်ဘောက်ဂျာ က ပြောပါတယ်။

“ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်းလောက်ကတည်းက အခြေအနေတွေက ဆိုးလာတယ်။ အများဆုံး တိုက်ပွဲဖြစ်တာက ဗန်းမော် ဘက်မှာပါ။ စစ်ပြေးဒုက္ခသည်တွေကလည်း ကချင်ပြည်နယ် တခုလုံး ဆိုရင် ရှစ်သောင်း လောက်ရှိတော့မယ်။ ဒုက္ခသည်တွေက အခု ဗန်းမော် ဘက်ရယ်၊ လိုင်ဇာဘက်ရယ်၊ ကန်ပိုင်တီတို့ ဘက်မှာ ပိုများလာပါတယ်။ ဒီလို တိုက်ပွဲဖြစ်တဲ့ကြားမှာ တချို့တွေက သေနတ်မှန် တာတွေ ရှိတယ်။ တချို့ကျတော့ ဗုံးစတွေထိလို့ သေတာတွေရှိတယ်။”

ဒါ့အပြင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ အဓိက စားသုံးကုန်နဲ့ လူသုံးကုန်ပစ္စည်း ပို့ဆောင်ရာ တရုတ် နယ်စပ် ကန်ပိုင်တီ ကုန်သွယ်ရေး လမ်းကြောင်း ကိုလည်း KIA ဘက်ကနေ မနက်ဖြန် အင်္ဂါနေ့ကစပြီး ပိတ်ပစ်တော့မယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။ ဒီသတင်းကြောင့် တချို့ ခရီးသည်တွေ အနေနဲ့ ဒီကနေ့ တနင်္လာနေ့ကစပြီး မသွားကြတော့ဘူးလို့ ဒေသခံတချို့က ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်ကို မေးကြည့်တဲ့အခါမှာတော့ KIA အနေနဲ့ အရပ်သားတွေ အသုံးပြုတဲ့လမ်းတွေကို ပိတ်ပင်တာမျိုး မရှိကြောင်း ငြင်းဆိုခဲ့ပြီး ဒီဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် အရပ်သားတွေအနေနဲ့ သတိထားကြဖို့ကိုလည်း ပြောဆိုထားတာရှိတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

KIA နဲ့ မြန်မာအစိုးရတပ်တွေအကြား တိုက်ပွဲတွေ ပြန်စခဲ့တာ ၂၀၁၁ ဇွန်လကုန်လောက်ကတည်းကပါ။ အဲ့ဒီလို တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပြီးနောက်ပိုင်း KIA ခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ ဟာ ပြည်နယ် အဆင့်အနေနဲ့ နှစ်ခါ၊ ပြည်ထောင်စုအဆင့်အနေနဲ့ သုံးခါ တွေ့ဆုံခဲ့ ကြပြီးဖြစ်ပေမဲ့ အခုထိတော့ ပြေလည်မှု မရရှိကြသေးပါဘူး။ ဒါ့အပြင် မြန်မာစစ်တပ်တွေဘက်က အခုလို တပ်အင်အားတိုးချဲ့ပြီး တိုက်ပွဲတွေ ပိုမို ပြင်းထန်လာတဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်နိုင်မယ့် အလားအလားအပေါ် KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန် ကတော့

“တိုက်ပွဲတွေ ဘယ်လောက်ပဲဖြစ်ဖြစ် ဒေသငြိမ်းချမ်းရေး ရဖို့အတွက်ကတော့ တွေ့ဆုံဆွေးနွေးမှု တွေကတော့ လုပ်ရမှာပဲခင်ဗျ။ အဲ့ကိစ္စကိုတော့ ကျနော်တို့ဘက်က မျှော်လင့်ပါတယ်။ မျှော်လင့်တယ်ဆိုတဲ့နေရာမှာလည်း တောင်းဆို ထားတဲ့အချက်တွေရှိပါတယ်။ အခု ကချင်ဒေသမှာ ထိုးစစ်ဆင်နေတဲ့ တပ်တွေ ပြန်ရုတ်သိမ်း ဖို့ရယ်၊ ပြဿနာတွေဖြစ်ပွားနိုင်တဲ့ ဒေသမှာရှိတဲ့ တပ်တွေ အနေအထားကို နှစ်ဦးနှစ်ဘက် အကြေအလည် ဆွေးနွေးပြီးမှပဲ ဖြေရှင်းပေးဖို့၊ အဲ့ဒီအချက်တွေကို ပထမအဆင့်အနေနဲ့ လုပ်ရမယ်။ အဲ့ဒီအချက်တွေ လုပ်ပြီးတဲ့ အခါမှ သဘောတူညီချက် လက်မှတ်ရေးထိုးကြမယ်။ လက်မှတ်ရေးထိုးတဲ့အခါမှာလည်း အခိုင်အမာ ဖြစ်စေဖို့အတွက် နိုင်ငံတကာရဲ့ စောင့်ကြပ်မှုအောက်မှာ လက်မှတ်ရေးထိုးကြမယ်ဆိုတဲ့ အဓိက အချက် နှစ် ချက်ပါပဲခင်ဗျ။ အဲ့ဒီအချက်နဲ့ပတ်သက်ပြီးတော့ အစိုးရကိုယ်စားလှယ်အဖွဲ့တွေက အခုထက်ထိ တုန့်ပြန်မှုတော့ မရှိသေးဘူးခင်ဗျ။ သူတို့သာ ကျနော်တို့ တောင်းဆိုချက်တွေကို လိုက်လျောပေးမယ်ဆိုလို့ ရှိရင် ငြိမ်းချမ်းရေးဆွေးနွေးမှုဟာ အရှိန်အဟုန် နဲ့ အကောင်းဘက်ကို ပြောင်းလဲသွားမှာပါ။ ဒါပေမဲ့ အစိုးရ ကိုယ်စားလှယ်တွေ ဘက်ကတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ကိုပဲ ပြောဆိုနေကြတော့ အဲ့ဒီမှာ ဘယ်လိုမှ ညှိလို့မရတဲ့ အကြောင်းအရာတွေ ပေါ်လာတယ်ခင်ဗျ။ ဒါကြောင့်မို့ တွေ့ဆုံဆွေးနွေးမှုတွေကတော့ အပြုသဘောဆန်တဲ့ ရလဒ် တခုမှ မတွေ့ရသေးပါဘူး။”

KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန် ဖြစ်ပါတယ်။ KIA နဲ့ မြန်မာအစိုးရအကြား ၁၇ နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ပျက်သွားခဲ့တာ အခုဆိုရင် ၁၁ လနီးပါး ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်တွေ ဘက်ကနေ ဒေသခံ အရပ်သားတွေကို အဓမ္မ တပ်ပေါ်တာ ဆွဲတာ၊ ညှဉ်းပန်းနှိပ်စက်မှု တွေ နဲ့ အမျိုးသမီးတွေအပေါ် မုဒိမ်းကျင့်မှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့တယ်ဆိုပြီး ကချင် ဒုက္ခသည်အရေး ဆောင်ရွက်သူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုခဲ့ကြပါတယ်။

ဒါပေမဲ့လည်း မြန်မာအစိုးရ သတင်းစာတွေထဲမှာတော့ KIA တပ်တွေက လမ်း တံတားတွေကို မိုင်းခွဲ ဖျက်ဆီးတာ၊ တပ်သားသစ် စုဆောင်းတာတွေ ရှိတယ်ဆိုပြီး ဖော်ပြရေးသားနေတာကြောင့် KIA နဲ့ မြန်မာ အစိုးရအကြား ငြိမ်းချမ်းရေး ရနိုင်ဖို့အနေအထားဟာ မရေရာလှသေးဘူးလို့ မြန်မာ့အရေး သုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။
http://www.voanews.com/burmese/news/fighting_outbreak_with_KIA_getting_worse-148524105.html

မြန်မာလူငယ်ကို ဆိုရှယ်လစ်လူငယ်အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ တာဝန်ပေးအပ်

2012-04-22

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ လူငယ်ဥက္ကဋ္ဌ နော်မေဘယ်ထူးကို နိုင်ငံတကာ ဆိုရှယ်လစ် လူငယ်အဖွဲ့ချုပ် (IUSY) ညီလာခံက အာရှပစိဖိတ်ဒေသဆိုင်ရာတာဝန်ခံနဲ့ အဖွဲ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်လိုက်ပါတယ်။

တောင်အမေရိကတိုက်၊ ပါရာဂွေးနိုင်ငံမြို့တော် Asuncio’n အော်ဆွန်စီယမ်မှာ ဧပြီလ (၂၀) ရက်နေ့က စတင် ကျင်းပနေတဲ့ ဆိုရှယ်လစ်လူငယ် ညီလာခံကနေ အခုလို တာဝန်ပေး ခန့်အပ်ခဲ့တာဖြစ်ပြီး၊ ဒါဟာမြန်မာလူငယ်တွေရဲ့ ဦးဆောင်မှုအရည်အချင်းနဲ့ ပတ်သက်လို့ ကမ္ဘာက အသိအမှတ်ပြုမှု တခု ဖြစ်ပါတယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင် ကော်မတီဝင် တဦးဖြစ်တဲ့ ဦးဇော်ဇော်ထွန်းက အခုလို ပြောပါတယ်။

“ကျနော်တို့မြန်မာနိုင်ငံ ဒီမိုကရေစီရေးတိုက်ပွဲ မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတဲ့အနေနဲ့၊ နောက်တခါ ကျနော်တို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကလည်း ဒီနိုင်ငံတကာ ဆိုရှယ်လစ် လူငယ် အဖွဲ့ချုပ်မှာ ကျနော်တို့ လူငယ်အဖွဲ့အစည်း တရပ်အနေနဲ့ အဖွဲ့ဝင်ဖြစ်ထားတာကြာပါပြီ၊ အဲဒီတော့ ဒီအပေါ်မှာ ကျနော်တို့ရဲ့ ပါဝင်ဆောင်ရွက်မှုတွေ ရုန်းကန်လှုပ်ရှားမှုတွေ အပေါ်မှာ အသိအမှတ်ပြုတဲ့အနေနဲ့၊ နောက်တခါ ကျနော်တို့ ဗမာလူငယ်တွေဟာ ဒီလိုတာဝန်မျိုးကို ထမ်းဆောင်နိုင်ပါတယ်ဆိုတာ ယုံကြည်လို့ ပေးတာလည်းဖြစ်ပါတယ်။”

အခုလို ရွေးချယ်ခံရတာဟာ နှစ်ပေါင်း၅၀ကျော် ကာလအတွင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ၁၉၅၀ လွန်ကာလများက ဆိုရှယ်လစ်ပါတီက လူငယ်ခေါင်းဆောင်တဦးက ဒီတာဝန်ကို လက်ခံခဲ့ဖူးတယ်လို့ သိရှိရပါတယ်။

ညီလာခံကို ကမ္ဘာ့နိုင်ငံပေါင်း (၁၇၀) ကျော်က လူငယ်ကိုယ်စားလှယ်တွေ တက်ရောက် နေကြတာဖြစ်ပြီး မနက်ဖြန်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ ဆိုရှယ်လစ်လူငယ် အဖွဲ့ချုပ်ဟာ ကုလသမဂ္ဂရဲ့ အတိုင်ပင်ခံအဖွဲ့အစည်းဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း(၁၀၀) ကျော်ပြီလို့ လည်း သိရပါတယ်။
http://www.rfa.org/burmese/news/iusy-elected-burmese-youth-04222012102827.html

ခနောက်စိမ်း တူးဖော်မှုကို ဧပြီလကုန်တွင် ကေအဲန်ယူ ရပ်ဆိုင်းမည်

ဧပြီလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)


ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ မောလူ့တောင် (ဒေသခံအခေါ်)ရှိ ကုမ္ပဏီနှစ်ခု၏ ခနောက်စိမ်းတူးဖော်မှုကို ယခုဧပြီလကုန်တွင် ရပ်ဆိုင်းမည်ဟု သိရသည်။

KNU ဖာပွန်ခရိုင် ဥက္ကဌ ပဒိုစောထဲန်ဒယ်က “အရင်နှစ်တုန်းကတော့ နွေရာသီအချိန်မှာ ကုမ္ပဏီတွေကို ဇန်န၀ါရီလကနေ ဧပြီလအထိ တူးဖော်ခွင့်ပေးတယ်။ ဒီနှစ် ဒေသခံတွေက အခက်အခဲတွေ တင်ပြလာတော့ သူတို့အတွက် ကျနော်တို့ ထည့်စဉ်းစားပေးရမယ်။”ဟု ပြော သည်။

အဆိုပါ ခနောက်စိမ်း တူးဖော်သည့်နေရာသည် ကရင်ပြည်နယ် ဖာပွန်မြို့နယ်(ကေအဲန်ယူ ဖာပွန်ခရိုင်)နှင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ (ကေအဲန်ယူ သထုံခရိုင်) နယ်စပ်အကြားတွင် တည်ရှိပြီး ၂၀၀၆ခုနှစ်ကတည်းက ကေအဲန်ယူ၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်အခြေစိုက် စိုင်းသူရပိုင် “မြင့်မြတ်စံ”ကုမ္ပဏီနှင့် ကိုချိုပိုင် “ထွဋ်ခေါင်” ကုမ္ပဏီတို့က စတင် တူးဖော်ခဲ့ခြင်းဖြစ်သည်။

“ဒေသခံတွေက သူတို့အတွက် ထိခိုက်မှုတွေ ရှိတယ်လို့ ကျနော်တို့ကို တင်ပြထားတာ ရှိတယ်လေ။ ဒါကြောင့် ကုမ္ပဏီတွေအနေနဲ့ ဒီလ ကုန်အထိပဲ တူးဖော်ဖို့ ကျနော်တို့ ခွင့်ပြုတာဖြစ်တယ်။”ဟု KNU သထုံခရိုင် ဥက္ကဌ ပဒိုစောပဲနုက ကေအိုင်စီသို့ ပြောသည်။

သို့သော် တဂေးလောင်မှ ဒေသခံရွာသားများက ပြီးခဲ့သည့် ၂၀၀၆ခုနှစ်မှစ၍ ၎င်းတို့ဒေသအတွင်း ခနောက်စိမ်းတူးဖော်မှုများ ဆက်တိုက် ဖြစ်နေသည်မှာ လက်ရှိအချိန်ထိ ဖြစ်သည်ဟု ပြောသည်။

ခနောက်စိမ်း တူးဖော်သည့်နေရာမှ တဂေးလောင်းကျေးရွာဘက်သို့ စီးဆင်းလာသည့် ထီးချိဘောချောင်း (ဒေသခံအခေါ် တဂေးလောင်း ချောင်း) ဗွက်ရေကြောင့် ပြီးခဲ့သည့် ၂၀၁၁ခုနှစ်အတွင်း လယ်ကွင်း ၂ကွင်း(ဧကအတိအကျ မသိ) အပါအ၀င် ကွမ်းခြံ ၉ခြံ၊ ကွမ်းပင်ခြံ ၄ခြံ နှင့် ငရုပ်ကောင်းခြံ ၃ခြံ ပျက်စီးသွားခဲ့သလို ၎င်းချောင်းရေကို သောက်သုံးရသည့် ကျွဲ၊ နွားများလည်း သေဆုံးမှုများ ရှိသည်ဟုလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ရွာသားများသည် ၎င်းတို့၏ ပျက်စီးသွားသော ဥယျာဉ်ခြံနှင့် လယ်ကွင်းများအတွက် လျော်ကြေးပေးရန် မတောင်းဆိုသော်လည်း ခနောက်စိမ်း တူးဖော်မှုများ ရပ်တန့်ပေးရန် ယခုနှစ်ဆန်းပိုင်းတွင် တောင်းဆိုတင်ပြခဲ့ပြီးနောက်ပိုင်း KNU အနေဖြင့် ခနောက်စိမ်း တူးဖော် သည့် ကုမ္ပဏီများကို ဧပြီလကုန်အထိသာ နောက်ဆုံးလုပ်ခွင့်ပေးလိုက်ခြင်း ဖြစ်သည်။

ခနောက်စိမ်း လာရောက်တူးဖော်သည့် ကုမ္ပဏီများသည် KNU ထံ ငွေကြေးအခွန် ပေးဆောင်မှုများ ရှိသော်လည်း မည်မျှနှုန်းဖြင့် ကောက်ခံသည်ကိုမူ ကေအဲန်ယူမှ တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ပိုမိုဝါရင့်သော တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်တက်မည်

ဖနိဒါ | တနင်္လာနေ့၊ ဧပြီလ ၂၃ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၁၆ မိနစ်

ချင်းမိုင်(မဇ္ဈိမ) ။ ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ စေလွှတ်ခန့်ထားသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၅၉ ဦးအား အစားထိုး ပြောင်းလဲလိုက်ကြောင်း တနင်္လာနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြ ထားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၆ ဦးနှင့် အမျိုးသားလွှတ်တော် ၂၀ ဦးတို့အား ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃၃ နှင့် အညီ ကာကွယ်ရေးဦးစီးချုပ်မှ အကြောင်းကြားချက်အရ အစားထိုး ပြောင်းလဲလိုက်ခြင်း ဖြစ်သည်ဟု ရွေးကောက်ပွဲ
ကော်မရှင်က ကြေညာသည်။

ထိုသို့ ပြောင်းလဲ ခန့်ထားရာတွင် ယခင်လွှတ်တော်တက်ရောက်နေသော ဗိုလ်မှူးအဆင့်ရှိ ကိုယ်စားလှယ်များအစား ဒုဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူများကို အစားထိုးခန့်အပ်လိုက်ခြင်း ဖြစ်သည်။

ယခင်တပ်မတော်သား ကာကွယ်ရေး ကြည်းနံပါတ်မှာ အများအားဖြင့် အမှတ်စဉ် ၃ သောင်းကျော်တွင်ရှိသော တပ်မတော်သားများ ဖြစ်ပြီး အသစ်ပြောင်းလဲလိုက်သော ကိုယ်စားလှယ် တပ်မတော် အမှတ်စဉ် ၂ သောင်းကျော်ရှိ
သော တပ်မတော်သားများဖြစ်၍ အနည်းငယ် ဝါရင့်သူများအား အစားထိုးလဲလှယ်ထားသည်ကို တွေ့ရသည်။

“ကျနော့်အမြင်တော့ တပ်မတော်သည် အနာဂတ်နိုင်ငံရေး ဦးဆောင်မှု အခန်းမှာ ဆက်လက်ပါဝင်ခွင့်ရဖို့ ကြိုးပမ်းမှု တရပ်လို့ပဲ ထင်ပါတယ်။ အရွယ်ငယ်သူတွေ အနေနဲ့ ပွင့်လင်းခေတ်မီတဲ့ အမြင်ရှိသူ စစ်ဗိုလ်တွေ များတယ်လေ။ ပြီးတော့ ကိုယ်ကျိုး စီးပွားပိုင်ဆိုင်မှုတွေလည်း သိပ်မရှိသေးတော့ လူထု အများစုဘက် ယိမ်းသွားနိုင်တယ်။ ဒါကို ကာကွယ်လိုက်တာလို့ပဲ မြင်ပါတယ်။ အဓိက ကတော့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဇောင်းပေးချည်းကပ်လာမှု အားလုံးအပေါ် ခံစစ် စနစ်တကျ ပြင်လိုက်တာပါပဲ” ဟု တပ်မတော်သား ဗိုလ်ကြီးဟောင်း နေမျိုးဇင် က သုံးသပ်သည်။

တပ်မတော်သား ကိုယ်စားလှယ်များအား ယခင်က အနည်းအကျဉ်းမျှ ပြောင်းလဲခန့်အပ်မှုများ ရှိခဲ့ဖူးသော်လည်း ယခုကဲ့သို့ အများအပြား အစားထိုးခန့်အပ်ခြင်းကို ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ်
ပြုလုပ်ခြင်း ဖြစ်သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပေဒအရ လွှတ်တော်နှစ်ရပ်ပေါင်း ပြည်သူ့လွှတ်တော် ကိုယ်စာလှယ်ပေါင်း ၄၄ဝ ဦးထဲမှ တပ်မတော်သား ၁၁ဝ ဦး၊ အမျိုးသားလွှတ်တော်တွင် ကိုယ်စားလှယ်ပေါင်း ၂၂၄ ဦးရှိရာမှ တပ်မတော်သား ၅၆ ဦးပါဝင်ရာ လွှတ်တော် နှစ်ရပ်ပေါင်း တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦး ရှိသည်။

ရွေးကောက်ပွဲများမှ တက်လာကြမည့် လွှတ်တော်ကိုယ်စားလှယ်များထဲတွင် ကြံ့ခိုင်ရေးပါတီမှ ၃၄၃ ဦး၊ ကြားဖြတ်
ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ၄၂ ဦးနှင့် အခြားနိုင်ငံရေးပါတီနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် ၁ဝ၅ ဦးတို့ ရှိသည်။

သို့သော် NLD အမတ်များအနေဖြင့် လွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုရန် စကားလုံး ပြင်ဆင်ပေးရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်းနေဆဲဖြစ်၍ တနင်္လာနေ့တွင် ပြန်လည် စတင်ကျင်းပသည့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်နိုင်ခြင်း မရှိသေးပေ။
http://www.mizzimaburmese.com/news/inside-burma/9252-2012-04-23-11-49-25.html