Sunday, April 8, 2012

တောင်ယာသွားချိန် လက်နက်ကြီးအပစ်ခံရ

ဧပြီလ ၈ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)

ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ လူသောမြို့နယ်တွင် အစိုးရတပ်မှ ရွာသားများကို ဧပြီလ ၆ရက်နေ့က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ဖြစ်ခဲ့သည်။

ထိုပစ်ခတ်မှုမှာ လူသောမြို့နယ်၊ နယ်ကြိုးရွာ ဖွဂေါ်စခန်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရွာသားများ ထိခိုက်မှုရှိမရှိကိုမူ ကေအိုင်စီမှ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

၎င်းအပြင် အစိုးရတပ်များသည် အချို့ဒေသတွင် သတ်မှတ်ထားသည့် နယ်မြေကျော်လွန်ကာ သွားလာခြင်းကြောင့် မြေမြှုပ်မိုင်းများ နင်းမိကာ ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ဖြစ်ပွားမှု များပြားခြင်း မရှိပေ။
http://www.kicnews.org/?p=10955
Type the rest of your post here.

2 comments:

  1. ကရင်ပြည်နယ်ထဲကိုကျူးကျော်ဝင်ရောက်လာတဲ့မြန်စစ်တပ်တွေတပ်စွဲနေသမျ
    တော့ပြသနာရှိနေမှာဘဲ။ ကရင်ပြည်နယ်ရဲ့အရင်းခံပြသနာက က၇င်ပြည်နယ်
    ထဲမှာံမြန်မာကျူးကျော်တပ်တွေ မင်းမဲ့စရိုက်ဆံစွာဝင်ရောက်ဝင်ရောက်ကျူးကျော်နယ်ချဲ့ခြင်းဖြစ်ပါတယ်။ မြန်မာ့
    သမိုင်းထဲမှာ မြန်မာအစိုးရတပ်တွေက၇င်ပြည်နယ်ကို ၀င်ရောက်နယ်ချဲ့ခြင်း
    အကြောင်း သင်ရိုးမှာထည့်သင်ဖို့သင့်ပါသည်။

    ReplyDelete
  2. KNU will acts new strategy without arms; walking, talking, fleeing and feeding.

    ReplyDelete