Published on April 7, 2012 by ဒီဗွီဘီ
ဓါတ်ပုံ - ကွယ်ကလူသတင်းဌာန
မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။
အစိုးရအဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံးတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပြီးမှာ ခေါ်ယူတွေ့ဆုံခဲ့တာပါ။ ကေအန်ယူအဖွဲ့ဝင် ၁၉ ယောက်ဟာ ဒီကနေ့ သမ္မတနဲ့တွေ့ဆုံဖို့ နေပြည်တော်ကို လေကြောင်းခရီးနဲ့ သွားရောက်ပါတယ်။
ဒါဟာ သမ္မတအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ ပထမဆုံး တွေ့ဆုံမှုဖြစ်တယ်လို့ အမည်မဖော်လိုသူ အစိုးရအရာရှိတဦးက ပြောပါတယ်။
သမ္မတဦးသိန်းစိန်က လွှတ်တော်မှာ ပါဝင်လာနိုင်ရေးအတွက် နောက်လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ နိုင်ငံရေးပါတီတခု အနေနဲ့ ဖွဲ့စည်းဖို့၊ ကိုယ့်ရဲ့ ကရင်ပြည်နယ်ဒေသတွေကို စောင့်ရှောက် အုပ်ချုပ်ရာမှာ ပါဝင်နိုင်မယ့် နည်းလမ်းတခုအနေနဲ့ ဖိတ်ခေါ်တယ်လို့ ဆိုပါတယ်။
သမ္မတက မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသားအုပ်စုတွေအားလုံးနဲ့ ထာဝရငြိမ်းချမ်းရေး ရဖို့ သဘောထား အစစ်အမှန် ရှိပါတယ်လို့ ပြောကြောင်း အမည်မဖော်လိုသူ မြန်မာအစိုးရကိုယ်စားလှယ်တဦးက ပြောပါတယ်။
ကေအန်ယူအဖွဲ့ဟာ ရန်ကုန်ကို ပြန်ရောက်ရှိလာပြီး တနင်္ဂနွေနေ့မှာ အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ သောကြာနေ့တုန်းက ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ နော်စီဖိုးရာစိန် ဦးဆောင်တဲ့ ကေအန်ယူအဖွဲ့တို့ ရန်ကုန်မှာ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ကြပါတယ်။
http://burmese.dvb.no/archives/23896
ပါတီထူထောင်ပါတဲ့။ လက်နက်ကိုင်ပြီး ပါတီထူထောင်လို့မရဘူးဆိုတော့ လက်နက်ချပြီး ပါတီထောင်ရမယ့်သဘော။
ReplyDeleteပါတီမထူထောင်ဘူးလား။ အဲဒါဆိုရင် ကိုယ့်ကရင်ပြည်နယ်ဒေသကို စောင့်ရှောက်အုပ်ချုပ်ဖို့ ပါဝင်နိုင်မှာမဟုတ်တော့ဘူး ဆိုတဲ့သဘော။
သူ့ချီးနင်းရင်တော့ ငါ့လီးလို့ အပြောခံရဖို့ ပြင်ထားပေတော့။
အဲဒါပြီးရင် ကိုယ့်ချီးကို သူနင်းပြီး ငါ့လီးလို့ ထပ်အပြောခံရဖို့ပါပြင်ထား။
ပါတီထူထောင်ပါတဲ့။ လက်နက်ကိုင်ပြီး ပါတီထူထောင်လို့မရဘူးဆိုတော့ လက်နက်ချပြီး ပါတီထောင်ရမယ့်သဘောဘဲ။
ReplyDeleteပါတီမထူထောင်တော့ဘူး။ အဲဒါဆိုရင် ကိုယ့်ကရင်ပြည်နယ်ဒေသကို စောင့်ရှောက်အုပ်ချုပ်ဖို့ ဆက်လက်တိုက်ပွဲဝင်မယ်ဒင်းတို့သိထားဘို့ကငါတို့ကရင်ဟာစစ်သွေးကြွလို့
တိုက်ပွဲဝင်နေတာမဟုတ်ဘူးငါတို့ကရင်တစ်မျိုးသားလုံးလွတ်လပ်ရေးမှလွတ်မြောက်ရေးရသည်အထိဆက်လက်တိုက်ပွဲဝင်သွားမယ်။
ယခုKNUငြိမ်းချမ်းရေးကိုယ်စလှယ်အဖွဲ့မှဆရာမနော်မေဦးကိုပြောချင်တာက
ReplyDeleteကရင်ငြိမ်းချမ်းရေးအတွက်သွားတာလား ဒါမှမဟုတ်မော်ဒယ်အလှပြဖို့သွားတာ
လားဝတ်ထားတဲ့ခေတ်ပေါ်ကရင်အင်္ကျီကလည်းမပေါ့တပေါ်နဲ့ရထားအောင်မင်းကိုရင်ခုံအော်သွားလုပ်တာလားနောက်ရက်တွေဆိုပိုဆိုးကရင်ကိုယ်စလှယ်မှန်း
တော်မသိရဘူးငြိမ်းချမ်းပွဲစားလားလို့ထင်ရတယ် ငါတို့ကရင်ရဲ့ဂုဏ်သိင်္ခါကိုဆက်
လက်ထိန်းသိမ်းဖို့ပြောချင်ပါတယ်။
လက်ရှိပြောင်းလဲမှုတစ်ခုစီတိုင်းမှာ ခြေလှမ်းအသစ်တွေနဲ့ ခိုင်မြဲမြံအောင် ရှေ့ဆက်ရပ်တည်နိုင်မှ ......?
ReplyDelete