သတင်း - ဒီဗွီဘီ Published on April 6, 2012
ဓါတ်ပုံ The Voice
ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူနဲ့ မြန်မာအစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့ ဒုတိယအကြိမ် ဆွေးနွေးပွဲကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ဒီနေ့ ဆက်လက်ပြုလုပ်ရာမှာ တိုင်းရင်းသားဒေသတွေမှာ အပစ်အခတ်ရပ်စဲရေး အပါအဝင် အချက် ၆ ချက်ကို သဘောတူခဲ့တယ်လို့ ကေအန်ယူ ငြိမ်းချမ်းကိုယ်စားလှယ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။
အချက် ၆ ချက်ထဲမှာ တပြည်လုံး အပစ်အခတ်ရပ်စဲဖို့ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားလ်ွက်ရှိတဲ့ စစ်များကို အမြန်ဆုံးရပ်စဲဖို့၊ ကြောက်ရွံ့ခြင်းကင်းတဲ့ ပြည်သူပြည်သားများ ဘဝဖြင့်ရပ်တည်နိုင်ရန် အာမခံဖို့၊ ပြည်သူပြည်သားများအတွင်း ယုံကြည်ရမည့် အခြေအနေ တည်ဆောက်ဖို့၊ အတင်းအဓမ္မ အလုပ်ခိုင်းစေတဲ့ ပုံစံနဲ့ အမျိုးမျိုးသော ငွေကြေးကောက်ခံခြင်းများ မပြုလုပ်ဖို့၊ နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးဖို့နဲ့ ပြည်သူပြည်သားများ ဘဝပြန်လည်ထူထောင်ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
ဆွေးနွေးပွဲအပြီး နှစ်ဖက်ခေါင်းဆောင်တွေက သတင်းထောက်တွေနဲ့ တွေ့ဆုံကာ သတင်း စာရှင်းလင်းပွဲ ကျင်းပသွားခဲ့ပါတယ်။
အဖွဲ့ဝင် ၂၁ ဦးပါ ကေအန်ယူအဖွဲ့မှာ အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်နဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးတို့ ခေါင်းဆောင် ပါဝင်ပြီး အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့မှာ မီးရထားဝန်ကြီး ဦးအောင်မင်းနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့ ဦးဆောင် ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။
http://burmese.dvb.no/archives/23879
No comments:
Post a Comment