North_SSA_dfefအစိုးရ တပ်က ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) ဒေသတွင်းသို့ အင်းအား သုံးပြီး ထိုးစစ်ဆင် နေမှုများ မရပ်တန့်ပါက နှစ်ဦးနှစ်ဖက် သဘောတူ ထားသော အပစ်အခတ် ရပ်စဲရေးကို ပျက်ပျယ်သည်ဟု SSPP ဖက်မှ သဘော ထားရမည် ဖြစ်ကြောင်း SSA ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စိုင်းဆေးအွန်က ယနေ့တွင် ပြောကြားသွား ပါသည်။

“ဒီလို တိုက်ပွဲတွေ ပြင်းထန်လာနေမှတော့ အပစ်အခတ် ရပ်စဲရေးဟာ အဓိပ္ပါယ် မရှိတော့ဘူးပေါ့။ ကျနော်တို့က တော့ ဒီကိစ္စကို သမ္မတထံ ပြီးခဲ့တဲ့ ဇူလိုင်လ (၂) ရက်နေ့က စာရေး အကြောင်းကြား ထားတာဘဲ။ ဒါပေမဲ့ အစိုးရ တပ်ရဲ့ တိုက်ခိုက်မှုကတော့ မရပ်ပါဘူး။ ဒီတော့ ကျနော်တို့ကလည်း အစိုးရက ဆက်တိုက်နေမှတော့ ခံစစ်က နေ ထိုးစစ်အသွင်ကို ပြောင်းလဲဖို့ ဖြစ်လာနေတယ် ”ဟု ဆိုပါသည်။
ဤတိုက်ပွဲများကြောင့် သမ္မတ ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးကို ယမာန်နေ့မနက် (၉) နာရီ အချိန်၌ ခေါ်ယူ ကျင်းပ ခဲ့သည်ဟု အစိုးရ သတင်း စာတွင် ဖေါ်ပြထားပါသည်။ သို့သော် တိုက်ခိုက်မှုများအတွက် တွေ့ဆုံ ဆွေးနွေး ရေးကိုမူ ယနေ့အထိ အကြောင်း မကြားသေးကြောင်း SSA ဖက်က ဆိုပါသည်။
ယင်းပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးတွင် သမ္မတသည်၊ တိုင်းရင်း သားနှင့် ဖြစ်ရှိနေသော ပဋ္ဋိပက္ခများကို ဖြေရှင်းရာတွင် သီးခံ စိတ်ရှည်ကြရန် လိုအပ်ကြောင်းနှင့် အောက်ပါအ ချက်များ ပြည့်မှီသည်အထိ ဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းမှာ ကြားပါသည်။
၎င်းရည်မှန်းချက်များမှာ-
၁။ ပြည်ထောင်စု အတွင်း အမြဲ အတူတစ်ကွ ပူးပေါင်းနေထိုင်ရေး၊
၂။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မေပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို သဘောတူရေး၊
၃။ စီးပွားရေးလုပ်ငန်း၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဥပဒေနှင့် အညီ နှစ်ဦးနှစ်ဖက် ပူးတွဲ၍ တရားဝင် ဆောင်ရွက်ရေး၊
၎။ မူယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ တိုက်ဖျက်ရေးအား ပူးပေါင်းဆောင်ရွက်ရေး၊
၅။ ပါတီထူထောင်၍ ရွေးကောက်ပွဲဝင်ရေး၊
၆။ ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်ခံရန်နှင့် ပြင်ဆင်လိုသည့် ကိစ္စများရှိက လွှတ်တော်အတွင်း၌ အများသဘောတူ ဆန္ဒနှင့် အညီ ဆောင်ရွက်ရေး၊
၇။ ထာဝရငြိမ်းချမ်းရေးအတွက် ဥပဒေဘောင်အတွင်းသို့ အပြီးအပိုင် ဝင်ပြီး ဖွဲစည်းပုံ အခြေခံဥပဒေနှင့်အညီ တန်းတူညီတူ နေထိုင်၊ သွားလာ၊ လုပ်ကိုင် စားသောက်ရေး၊
၈။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တစ်ခုတည်းသော လက်နက်ကိုင် အဖွဲ့အစည်း အဖြစ် အသွင်ကူး ပြောင်း ရေးကို ညှိနှိုင်းဆောင်ရွက်ရေး တို့ဖြစ်ပါသည်။
ဤအချက်များသည်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ လက်ခံနိုင်ဖွယ် ရှိပါ့မလား ဆိုသည်မှာ စဉ်း စားစရာဖြစ်ပါသည်။ ဤသို့ကြောင့် အစိုးရဖက်မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေး နေသော်လည်း အထက်ပါ ရည်မှန်းအရဆိုလျှင် ပြေလည်မှုရရှိ နိုင်မည်မဟုတ်ပေ။
SSPP သည် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ကို လိုက်နာသော်လည်း အစိုးရတပ်များမှ ဖေါက်ဖျက်နေ သဖြင့် အပစ်အခတ် ရပ်စဲရေးသည် အစိုးရ ပြောသလို ထာဝရငြိမ်းချမ်းရေး ရရှိနိုင်မည် မဟုတ်ပေ။ SSPP နှင့် အစိုးရတို့သည် ၂၀၁၂ ခုနှစ် ဇန္နာဝါရီလ ၂၈ ရက်နေ့တွင် အပစ်အခတ် ရပ်စဲခဲ့ပါသည်။ သို့သော် လက်မှတ် ထိုးပြီး (၅) ရက်မြောက်နေ့တွင် ပြန်လည် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
http://www.phophtaw.org/burmese/index.php/news/local-news/1821--sspp-.html
No comments:
Post a Comment