မောက္ခသတင်းမှ
ဒီအဖြစ်ကတော့ အတော်ကလေး ရှားပါးလှပါတယ်။ မသန်စွမ်းတဲ့ သူတစ်ယောက်က ပုံမှန်ကလေးတွေကို စာသင်ပြပေးတာပါ။ တန်းတူ အခွင့်အရေး၊ လူ့အခွင့်အရေးနဲ့ လူသားရဲ့ စွမ်းဆောင်ရည်နဲ့ အကြင်နာတရားတို့ရဲ့ ပြယုဂ်လို့လည်း ဆိုရပါမယ်။
သူမကတော့ အိုဟိုင်းအိုးပြည်နယ်က အလယ်တန်း (ဆဋ္ဌမတန်း - အဋ္ဌမတန်း) အတန်းတွေကို သင်ပြနေရတဲ့ မေရီ ကင်နွန်ပဲဖြစ်ပါတယ်။
မရီမှာ မွေးကတည်းက လက်မပါခဲ့ပါဘူး။ မက္ကစီကိုက မိဘမဲ့ ဂေဟာတစ်ခုကနေ အိုဟိုင်းအိုးမြို့မှ မိသားစုက မွေးစားယူခြဲ့ပီး လူလားမြောက်အောာင် ပညာသင်ကြားစေခဲ့တယ်။ လက် မရှိတော့ အရာရာကို ခြေနဲ့ ကိုင်တွယ်နိုင်အောင် ကြိုးစားခဲ့တယ်။ ဒီလိုနဲ့ ကျောင်းနေအရွယ် ရောက်လာတယ်။
သင်ပုန်းပေါ်မှာ စာရေးခြင်းသာမက ကွန်ပျူတာနှိပ်တာ၊ ကျောင်းသင်ခန်းစာ ရိုက်နှိပ်တာ သူမကိုယ်တိုင်ပဲ လုပ်ဆောင်ခဲ့တယ်။
အရင်နှစ်က အလုပ်သင် ဆရာမကနေ အခုတော့ အချိန်ပြည့်ဆရာမတစ်ဦး ဖြစ်နေပါပြီ။ ကျောင်းသားလေးတွေရဲ့ ရွံ့ရှာ စက်ဆုပ်ခြင်းထက် ပိုပြီးအတုယူ အားကျ လေးစားစရာ ဆရာမ ဖြစ်နေတယ်။ ကျောင်းသင်ခန်းစာအပြင် အခက်အခဲကို ရင်ဆိုင် ကျော်လွှားနိုင်တဲ့ ခွန်အားကိုပါ သူမက ပေးနေတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။
သူမကို မသန်စွမ်းသူအဖြစ် မြင်တာ သူမ မကြိုက်ပါဘူး။ ခွဲခြားတာနဲ့ တူကြောင်း ခံစားရတယ်။ လူတွေရဲ့စိတ်ခွန်အားကို မြင့်စေပြီး သူတို့ကို ပြုပြင်ပြောင်းလဲစေခြင်း ဖြစ်ရင် အိုကေပါပြီလို့ ပြောပြပါတယ်။
အခြားသော ဆရာ၊ ဆရာမတွေကလည်း သူမကို ချီးကျူးထောပနာ ပြုကြပါတယ်။ သူမကတောင် လုပ်နိုင်စွမ်းရင် သူတို့ကလည်း ဘာကြောင့် မလုပ်နိုင်ရမလဲဆိုတဲ့ အသိကို ပေးစွမ်းခြင်းကြောင့်လို့ ပြောပြသွားပါတယ်။
မောက္ခနိုင်ငံတကာ ပညာရေး
http://www.maukkha.org/index.php/news-menu/international-news-maukkha/2300-mary-gannon
No comments:
Post a Comment