Saturday, October 27, 2012

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဗဟိုအမြဲတမ်းကော်မတီ အထူးအရေးပေါ်အစည်းအဝေး၏ သဘောထားထုတ်ပြန်ချက်



KNU statement _Burmese_
KNU statement _Karen_
KNU statement Eng.
Type the rest of your post here.

ကော့ကရိတ်-မြဝတီ တောင်ပတ် ကားလမ်းအသစ်ဖောက်ရန် ထိုင်း ကုမ္ပဏီမှ မကြာမီ စတင်တော့မည်

အောက်တိုဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)

ကရင်ပြည်နယ်တောင်ပိုင်းရှိ ကော့ကရိတ်-မြဝတီ တောင် ပတ်လမ်း အသစ်ဖောက်လုပ်မည့် စီမံကိန်းကို ထိုင်းနိုင်ငံ လမ်းဖောက်လုပ် ရေးကုမ္ပဏီ (စီဆန်ကန်ယိုထ)က ယခုနှစ် နှောင်းပိုင်းတွင် လုပ်ငန်းစဉ် ပြန်လည် စတင်တော့မည်ဖြစ်ကြောင်း သိရသည်။

လမ်းဖောက်လုပ်ရေးသည် ဦးစွာအနေဖြင့် နယ်မြေတိုင်းထွာပြီး သင်္ဃန်းညီနောင်မှ ကော့ကရိတ်အထိ ထိုင်းအစိုးရမှ လမ်းကြောအ သစ် ဖောက်လုပ်ပေးမည်ဖြစ်သည်ဟု ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး စောခင်မောင်မြင့်က ကေအိုင်စီသို့ ပြော သည်။

“လမ်းဖောက်လုပ်ရေးအတွက် အသုံးပြုရမယ့် စက်ယန္တရားတွေ မြဝတီဘက်ကို ရောက်နေပြီး။ လောလောဆယ်မှာတော့ မြေတွေကို လိုက်ပြီးတော့ တိုင်းထွာနေတယ်။ ပြီးရင် လမ်းကိုဖောက်မယ်”ဟု စောခင်မောင်မြင့်က ပြောသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူညီချက်ဖြင့် ပြုလုပ်သည့် လမ်းဆောက်လုပ်ရေး စီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ် ၏ အကူအညီဖြင့် ထိုင်းနိုင်ငံ လမ်းဖောက်လုပ်ရေးကုမ္ပဏီ (စီဆန်ကန်ယိုထ)က တာဝန်ယူ လုပ်ဆောင်ပေးသွားမည် ဖြစ်သည်။

လက်ရှိ ကော့ကရိတ်-မြဝတီ တောင်ပေါ်လမ်းသည် မိုင်အကွာအဝေး ၄၀မိုင်ခန့်ရှိပြီး ၃နာရီကျော် လမ်းခရီး ကြာမြင့်ကာ ယခု စီမံ ကိန်း ပြီးမြောက်အောင်မြင်ပါက ခရီးအကွာအဝေးမှာ သုံးပုံတစ်ပုံ လျော့ကျလာမည်ဖြစ်သည်။
ကော့ကရိတ်-မြဝတီ ဆိုင်ကယ်ပြေးဆွဲသူတစ်ဦးက “လမ်းအသစ်ဖောက်မယ်ဆိုရင် ကျနော်တို့ တက္ကစီပြေးဆွဲသူတွေအတွက် တစ်နေ့ကို တစ်ခေါက်နှစ်ခေါက်တောင် အသွားအပြန် သွားလို့ရတယ်။ အခု လမ်းက သိပ်ကျင်းတော့ အန္တရာယ်အရမ်းများတယ်။ နောက် လမ်းက အရမ်းပျက်တော့ မိုးရွာရင် တစ်လမ်းလုံး ချိုင့်ခွက်၊ ဗွက်အိုင်တွေပဲ”ဟု ပြောသည်။

၎င်းစီမံကိန်းတွင် မြန်မာအင်ဂျင်နီယာများနှင့် ၀န်ထမ်းများက ကြီးကြပ်တာဝန်ယူပေးမည်ဖြစ်ပြီး စက်ယန္တရားများကို နှစ်ဖက်ကျွမ်း ကျင်သူများက ကိုင်တွယ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး စောခင်မောင်မြင့်က ဆက်လက် ပြောဆိုသည်။

ကော့ကရိတ်-မြဝတီ လမ်းဖောက်လုပ်ရေးစီမံကိန်းကို ပြီးခဲ့သည့် ၂၀၀၄ခုနှစ်က စတင် ဆောင်ရွက်ရန် စီစဉ်ထားခဲ့သော်လည်း ကရင်အမျိုးသားအစည်းအရုံး-KNU လှုပ်ရှားရာနယ်မြေဖြစ်သည့်အတွက် နယ်မြေအေးချမ်းမှု မရှိဟုဆိုကာ ၂၀၀၅ခုနှစ်တွင် လုပ်ငန်း ကို ရပ်နားထားခဲ့ပြီး ယခုမှသာ ပြန်လည် စတင်ရန် လုပ်ဆောင်လာခြင်းဖြစ်သည်။

ကရင်ပြည်နယ်အတွင်း BGF နယ်ခြားစောင့်တပ် တပ်သားသစ် စုဆောင်းနေ




BGF news-01
Type the rest of your post here.

DKBA တပ်ရင်း ၉၀၈ အခွန်တိုးမြင့်ကောက်ခံလာ






DKBA 908 news
Type the rest of your post here.

Wednesday, October 24, 2012

ကချင် အနုပညာရှင် အသင်း ဖွဲ့စည်း

2012-10-23

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ် မနောကွင်း ဥယျာဉ် မဂျွယ်ခန်းမမှာ ပထမအကြိမ်အဖြစ် ကချင်အနုပညာရှင်များအသင်း ကို ဒီကနေ့တရားဝင်ဖွဲ့စည်းလိုက်ပြီး မကြာခင်မှာ ဗဟိုကော်မတီအဖွဲ့ကို ရွေးချယ်မယ်လို့သိရပါတယ်။


Photo: RFA
ကချင်အနုပညာရှင်အသင်းကို မြစ်ကြီးနားမြို့မှာ အောက်တိုဘာလ ၂၃ ရက်နေ့က ဖွဲ့စည်းလိုက်

ကချင်အနုပညာရှင်အသင်း အစည်းအဝေးကို တက်ရောက်လာကြတဲ့ အနုပညာရှင်တစ်ချို့ဟာ မနက်ဖြန် အောက်တိုဘာလ ၂၄ ရက်နေ့မှာ ကချင် စစ်ဘေး ဒုက္ခသည်စခန်း တစ်ချို့ကို သွားရောက်ပြီးတော့အဝတ်အထည်တွေ လှူဒါန်မယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက အောင်မြင်အောင် ဆောင်ရွက်ကြမယ်လို့ မျှော်လင့်ကြောင်း နဲ့ အနုပညာရှင်တွေ အနေနဲ့ကတော့ တတ်နိုင်တဲ့ဖက်က ဒုက္ခရောက်နေသူ ပြည်သူတွေကို တနိုင်တပိုင် ကူညီသွားမယ်လို့ အဆိုတော် L လွန်းဝါက အာအက်ဖ်အေကို ပြောပါတယ်။

အခုဖွဲ့စည်းတဲ့ ကချင်အနုပညာရှင်များအသင်းဟာ ကချင်မျိုးနွယ်စုတွေအားလုံးကို ကိုယ်စားပြု ဖွဲ့စည်းတာဖြစ်ပြီးမြန်မာနိုင်ငံမှာရှိတဲ့ ကချင်တိုင်းရင်းသား အနုပညာရှင်တွေ အဆိုတော်တွေတင်သာမကပဲ နိုင်ငံရပ်ခြားမှာ နေထိုင်သူတွေပါ ပါဝင်စည်းရုံးကြမယ်လို့ တက်ရောက်လာကြတဲ့ ကချင်တိုင်းရင်းသား အဆိုတော်တွေက ပြောပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

Monday, October 22, 2012

သမ္မတဦးသိန်းစိန် ဒု-သက်တမ်းအတွက် စဉ်းစားမည်

သမ္မတ သက်တမ်းတကြိမ်ပဲလုပ်မယ်လို့ လူသိရှင်ကြားကြေငြာထားပြီ ခုတော့ ဒု-သက်တမ်းအတွက် စဉ်းစားမည်လို့ သမ္မတသိန်းစိန်ကပြောလိုက်ပါပြီ။ ယုံလွယ်သူတို့ စဉ်းစားကြအုံး......

မသိင်္ဂီထိုက်

21.10.2012
သမ္မတ အိမ်တော်မှာ ပြုလုပ်တဲ့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ သမ္မတ ဦးသိန်းစိန်က လိုအပ်ရင် နောက်ထပ် သမ္မတ သက်တမ်း တာဝန် ထမ်းဆောင်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဒီကနေ့ တိုင်းရင်းသား ငြိမ်းချမ်းရေး၊ လူမှုရေးနဲ့၊ မကြာခင်က ပြန်လည် ရောက်ရှိလာတဲ့ အမေရိကန် ပြည်ထောင်စု ခရီးစဉ်နဲ့ ပတ်သက်ပြီးလည်း သတင်းထောက်တွေ မေးမြန်းခဲ့တာတွေကို လည်း ဖြေကြားခဲ့ပါတယ်။ မသိင်္ဂီထိုက် က ဆက်သွယ် မေးမြန်းထားပါတယ်။


ပြီးခဲ့တဲ့လက အမေရိကန် ပြည်ထောင်စု ခရီးစဉ် အတွင်း ပြည်ပ သတင်းထောက်တွေ နဲ့ တွေ့ဆုံ မေးမြန်းမှုတွေ လုပ်ဆောင်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်က ပြည်တွင်း မီဒီယာတွေနဲ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံတကာ မီဒီယာတွေနဲ့ တွေ့ဆုံပြီး ပြည်တွင်း မီဒီယာတွေနဲ့ မတွေ့ဆုံဘူးလို့ မဖြစ်ရလေအောင် သူ့အနေနဲ့ အခု တွေ့ဆုံပွဲကို စီစဉ်ရတာပါလို့လည်း သမ္မတ ဦးသိန်းစိန်က အခုလို ပြောပါတယ်။

“ပြည်ပက မီဒီယာတွေနဲ့ ကျနော် မကြာမကြာ တွေ့တယ်။ အခု ပြည်တွင်း မီဒီယာတွေနဲ့ မတွေ့ဖြစ်တာ အတော်လေး ကျနော် ကြာပါပြီ။ အဲဒီတော့ ပြည်တွင်း မီဒီယာတွေနဲ့လည်း ကျနော် တွေ့သင့် တယ်။ တွေ့ဆုံဖို့သင့်တယ် ဆိုပြီးတော့ ဒါ ကျနော်တို့ ဦးစိုးသိန်းတို့၊ ဦးအောင်မင်းတို့ သက်ဆိုင်ရာ ၀န်ကြီးတွေနဲ့ စီစဉ်ပြီးတော့မှ တွေ့ဆုံလိုက်တာပါ။”

အစိုးရရဲ့ သဘောထား ဆောင်ရွက်ချက်တွေကို ပြည်သူတွေ သိရှိစေဖို့က မီဒီယာတွေရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍလည်း ဖြစ်ပါတယ်လို့ သမ္မတက ပြောပါတယ်။

“ကျနော်တို့ရဲ့ သဘောထားတွေကို ပြည်သူတွေ သိရှိ နားလည်ဖို့ လိုပါတယ်။ ကျနော်တို့ရဲ့ အမြင်၊ ကျနော်တို့ရဲ့ သဘောထားတွေ၊ ခင်ဗျားတို့ရဲ့ အမြင် ခင်ဗျားတို့ရဲ့ သဘောထားတွေကို နှစ်ဦးနှစ်ဘက် ရဲ့ အခြေအနေ သိနေရုံနဲ့ မပြီးသေးပါဘူး။ ပြည်သူတွေ သိဖို့ အရေးကြီးပါတယ်။ အဲဒီလိုသိဖို့က ပြည်သူတွေသိအောင် ဆောင်ကြဉ်းပေးနိုင်တဲ့ အဖွဲ့တွေကတော့ ခင်ဗျားတို့ သတင်းမီဒီယာ သမားတွေပဲ ဖြစ်ပါတယ်။”

ဒီကနေ့ တွေ့ဆုံပွဲမှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုတွေကို ဖြေကြားတာမှာတော့ လူထု အနေနဲ့ နောက်ထပ် သူ့ကို သမ္မတ အဖြစ် ရွေးဖို့ ဆန္ဒရှိနေတယ်ဆိုရင် ဒုတိယ သက်တမ်း စဉ်းစားမယ်ဆိုပြီး ဖြေကြားပါတယ်။ သမ္မတ ဦးသိန်းစိန်က ပြည်ပ ခရီးစဉ် တခုမှာ သူ့အနေနဲ့ ပထမ သက်တမ်းကုန်ရင် ဆက်ပြီး ရွေးကောက်ပွဲ ၀င်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့တာပါ။ နောက် လက်ရှိ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီးလည်း အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ရုံးခွဲ လာရောက်ဖွင့်လှစ်ခွင့် မပြုဘူးလို့လည်း ပြောပါတယ်။

ကချင်လက်နက်ကိုင် အဖွဲ့ KIO နဲ့ ငြိမ်းချမ်းရေး ဆက်ပြီး လုပ်ဆောင်သွားမယ့် အနေအထားကိုလည်း ရှင်းသွားပါတယ်။ ဆင်းရဲမွဲတေမှု လျှော့ချရေး အတွက် စီမံချက် ၈ ခုနဲ့ အစိုးရက ဆောင်ရွက်နေတယ် ဆိုပေမဲ့၊ တကယ်တန်း အပြောင်းအလဲကို လူတိုင်း ခံစားနိုင်ဖို့ ဆိုတာတော့ အချိန်ယူရဦးမယ်လို့လည်း သူက ဆိုပါတယ်။

ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်း သတင်းထောက်တွေ အယ်ဒီတာတွေကရော ဘယ်လို ရှုမြင်ကြပါသလဲ။ 7 Days News ဂျာနယ်ရဲ့ အယ်ဒီတာ ကိုအားမန်ကို ကျမ မေးကြည့်ပါတယ်။

“ထပ်ပြီး မျှော်လင့်တာကတော့ ဒီတကြိမ် ပြီးသွားလို့ရှိရင် နောက်တကြိမ် ရှိလာဦးမလား ဆိုပြီးတော့လေ။ အခုတော့ လမ်းကတော့ ပွင့်သွားပြီဆိုတော့ ဒီတခေါက်က ကျနော် ထင်တယ်။ ရှေ့မှာ သမ္မတလည်း သူ ဖြေခဲ့တဲ့ဟာတွေက များလာတော့ ဖြေခဲ့တဲ့ အတွေ့အကြုံများလို့ရှိရင်လည်း ကျနော်တို့ တချို့ မေးတဲ့မေးခွန်းတွေ ဆိုရင်လည်း ခက်ခက်ခဲခဲ မေးခွန်းတွေ ပါပေမဲ့ သူလည်း အင်တာဗျူးဖြေတဲ့ အတွေ့အကြုံ များလာတော့ ပြောတာတော့ အများကြီးပဲ။ ဒါပေမဲ့ သူလည်း ရှောင်တိန်း ပြီးတော့ ဖြေသွားတော့လေ၊ တော်တော်လေး ပြောတတ်ဆိုတတ်တာမျိုး ဖြစ်လာတာ တွေ့ရတယ်။ ပြောတာတော့ အများကြီးပဲ။ လိုချင်တဲ့ဟာကတော့ မရသွားဘူး။ ဒါပေမဲ့ သူ မဖြေဘူးလား ဆိုတော့လည်း မဟုတ်ဘူး။ ဖြေတော့ ဖြေသွားတယ် ဆိုတာမျိုး။ အခုက အစဆိုတော့ နောင်လည်း ကျနော်တို့ ထပ်ရမယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ အခုပွဲကတော့ ရိုးရိုးသားသား ပြောရရင်တော့ မလုပ်ခင်ကလောက်၊ မျှော်လင့်သလောက်တော့ အချက်အလက်တွေ မရဘူးခင်ဗျ။”

ဒါကတော့ 7 Days News ဂျာနယ်က ကိုအားမန် ပြောပြသွားတာပါ။ ဒီကနေ့ သမ္မတ အိမ်တော်မှာ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်လည်း တက်ရောက်ခဲ့ပြီး နိုင်ငံခြား သတင်းထောက်တွေ မြန်မာနိုင်ငံမှာ လာရောက် သတင်းရယူနိုင်ဖို့ အတွက် အကြိမ်ကြိမ် ၀င်ထွက်နိုင်တဲ့ ပြည်ဝင်ခွင့် ဗီဇာတွေ ထုတ်ပေးဖို့ သူ ထောက်ခံထားတဲ့ အကြောင်းလည်း ပြောသွားပါတယ်။ ပြည်တွင်း သတင်းထောက် ၁၅၀ လောက် တက်ရောက်ခဲ့တဲ့ ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့လည်း တက်ရောက်ခဲ့ပါတယ်။
http://burmese.voanews.com/content/thein-sein-press-10-21-12/1530593.html

အပစ်အခတ်ရပ်စဲရေးကာလမှာ အစိုးရ၏ဖွံ့ ဖြိုးရေးကြောင်း ဒေသခံပြည်သူများဒုက္ခရောက်ကြ

တောင်ငူခရိုင်မှ ပေးပို့ လာသောစာတစ်စောင်......
Htoe bo Dam
Type the rest of your post here.

Sunday, October 21, 2012

တောင်တန်း၏ ဒဏ်ရာများ


အရပ်ဘက်အစိုးရ၀န်ထမ်းဖြစ်တဲ့ အဖေပြောင်းတဲ့နောက်လိုက်ရင်းနဲ့၊ ကရင်ပြည်နယ်၊ ခရိုင်မြို့တစ်မြို့မှာ အလယ်တန်းကျောင်းသားဘ၀က ၃နှစ်လောက် နေခဲ့ဖူးပါတယ်။ မကြာခဏ ဗုံးသံ၊ သေနတ်သံတွေ ကြားမှာ ခေါင်းပုနေခဲ့ရတဲ့ဘ၀ကို ခုထိအမှတ်ရနေဆဲပါပဲ။ ကျနော်တို့နေတဲ့ ရုံးဝင်းကလဲ တပ်ရင်းနားမှာ ဆိုတော့ မတော်တဆ ဗုံးဆံလာကျမှာ တွေးပူရတာကို မှတ်မိပါသေးတယ်။ ကံကောင်းထောက်မစွာ တစ်ခါမှတော့ မှားပစ်တယ်လို့ မရှိခဲ့ပါဘူး။ မှတ်မှတ်ရရ၊ မြို့ပြင်လယ်ကွင်းထဲတော့ ဗုံးဆံလာကျဖူးတယ်။ (ပြောသာပြောရတယ်၊ ဗုံးဆံလို့ခေါ်လား၊ အမြောက်ဆံ လို့ပဲခေါ်လား ကျနော်မသဲကွဲပါဘူး။) မြို့ပြင်က ဒေါနတောင်တန်းရဲ့ တောင်ကုန်းတိုင်းမှာရှိနေနိုင်တဲ့ ကရင်တော်လှန်ရေးတပ်တွေကိုလဲ ကျနော်စိတ်ကူးနဲ့ ပုံဖော်ကြည့်ဖူးပါတယ်။ မေးခွန်းလဲ ထုတ်ဖူးပါတယ် “ဘယ်သူက ဘာကြောင့်ပစ်နေကြသလဲ”လို့။

“အဖေ..၊ အဖေက အစိုးရ၀န်ထမ်းဆိုတော့ ကရင်တပ်တွေနဲ့ တွေ့လို့မဖြစ်ဘူးပေါ့နော်။ သူတို့အဖေ့ကို ဖမ်းမှာပေါ့၊ ဟုတ်လား။”

ကျနော် အဖေ့ကိုလဲ မေးဖူးတယ်။ အဖေက အစပိုင်းမှာတော့ ခပ်ပြုံးပြုံးပဲ။

“ဖမ်း၊ မဖမ်းတော့ မသိဘူးကွ။ ဒါပေမဲ့ ကရင်တော်လှန်ရေးသမားတွေနဲ့တော့ နေ့တိုင်းတွေ့နေတာပဲ။ မင်းကြည့်လိုက်ကွာ၊ ခုတို့ရုံးမှာ ထွန်စက်မောင်းနေတဲ့ ဖိုးခွားကနေ သင်းအုပ်ဆရာ ဦးလူးရွှေအဆုံး ကရင်လူမျိုးတိုင်းကို ကြည့်လိုက်၊ အေး သူတို့ကိုယ်တိုင်ကတော့ သေနတ်ကိုင်ထားချင်မှ ကိုင်ထားလိမ့်မယ်။ ဒါပေမဲ့ ကရင်လူမျိုးတိုင်းက သူတို့စိတ်ထဲမှာ သူတို့ဆိုင်ရာအဖွဲ့အစည်းကို ထောက်ခံကြမှာပဲ။ တော်လှန်ရေးကို၊ တော်လှန်ရေးသမားတွေကို ထောက်ခံကြမှာချည်းပဲ...။ လူမျိုးခြားထက်စာရင် ကရင်အချင်းချင်းပဲ ပိုယုံကြမှာ သေချာတယ်...။”

“တကယ်လား အဖေ...၊ သူတို့က ဘာကြောင့် တော်လှန်နေရတာလဲ..။”

“အို... တော်လှန်ပါတယ်ဆိုမှတော့ လွတ်လပ်ချင်လို့ပေါ့ ...။”
“ဒါဆို ခုကျတော့ မလွတ်လပ်တာကျနေတာပဲ...။ မြန်မာနိုင်ငံလဲ လွတ်လပ်ရေးရပြီပဲ။”
“လွတ်လပ်လား၊ မလွတ်လပ်ဘူးလားတော့ မင်းကြီးလာမှ လိုက်မေးကြည့်တော့ကွာ...၊ ငါလဲ အဲဒီတော့မှ မင်းကို ထောင်ဝင်စာလာတွေ့မယ်...။ တော်တော်စကားများတဲ့ကောင်...။”
နောက်ပိုင်းကျတော့ အဖေစိတ်မရှည်တော့ဘူး။

အဲဒီတုန်းက သေချာနားမလည်ပေမယ့်၊ တဖြည်းဖြည်းနဲ့ သဘောပေါက်လာပါတယ်။ ကရင်လူမျိုး အယောက်တိုင်းဟာ တန်းတူညီမျှမှုတို့၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ဆိုတာကို ကြားဖူးချင်မှ ကြားဖူးပါလိမ့်မယ်။ ဖက်ဒရယ်စနစ် ဆိုတာကိုလဲ သိချင်မှသိပါလိမ့်မယ်။ သူတို့သိတာ တစ်ခုတည်းရှိပါတယ်။ အဲဒါကတော့ မလွတ်လပ်မှုပါပဲ။ ဖိနှပ်ခံရမှုပါ။ ရွာတွေစုစည်းခံရတယ်၊ ဒုက္ခသည်တွေအဖြစ် ထွက်ပြေးတိမ်းရှောင် ကြရတယ်။ ကလေးသူငယ်ကအစ ဒုက္ခိတဘ၀ရောက်ကြရတယ်။ ကိုယ့်ပြည်နယ်မှာ ကိုယ်နေပေမဲ့ အကြောက်တရားကင်းကင်း မနေရဘူး၊ သူများမျက်နှာကိုကြည့်နေရတယ်။ ကရင်ပြည်နယ်လို့ အမည် သတ်မှတ်ထားပေမဲ့၊ ကရင်အမျိုးသား အဖွဲ့အစည်းတွေက သူပုန်လို့အခေါ်ခံနေရတယ်။ သူတို့မျက်စိ အောက်မှာတင် တောတွေ၊ တောင်တွေ ပြုတ်ပြုတ်ပြုန်းကုန်တယ်။ ဘာမှ မတတ်နိုင်၊ ဒီအတိုင်း ငြိမ်နေခဲ့ရတယ်။ လွတ်လပ်သော နိုင်ငံသားအဖြစ်၊ လူအခွင့်အရေးအပြည့်၊ အကြောက်တရားကင်းမဲ့စွာ မနေခဲ့ရဘူး။ တကယ်ပဲ လွတ်လပ်ရေး မရခဲ့ကြပါဘူး။

နောက်ပိုင်း တက္ကသိုလ်ဝင်တန်းတက်ခဲ့တဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မှာလဲ ရိုးသားတဲ့၊ သိမ်မွေ့တဲ့၊ တည်ကြည်တဲ့၊ အားနာတတ်တဲ့ မွန်အမျိုးသားတွေနဲ့ ရင်းရင်းနှီးနှီးပေါင်းသင်းဖြစ်ခဲ့ပါတယ်။ သူတို့စိတ်ထဲက ခံစားချက်တွေကိုလဲ ထဲထဲဝင်ဝင်ခံစားမိခဲ့ပါတယ်။ သူတို့ ရင်ထဲမှာ ဘာတွေရှိနေလဲ ကျနော် အထိုက်အလျောက် မြင်ခဲ့ရတယ်။ ကိုယ့်ဒေသမှာ ကိုယ်နေ၊ ကိုယ့်ထမင်းကိုယ်ရှာစားနေကြပေမယ့် တစ်ခါတစ်လေ အချုပ်အခြာအာဏာ ပိုင်တဲ့ နိုင်ငံသားတစ်ယောက်ရဲ့ပုံစံမျိုးမရှိတာ တွေ့မိပါတယ်။

ဘာကြောင့်ပါလဲ။

ကျနော် တက္ကသိုလ်တက်တော့ မကွေးနဲ့ ရန်ကုန်မြို့မှာပါ။ တက္ကသိုလ်ကာလတလျှောက် ပြည်မသား အများစုနဲ့ပဲ ပေါင်းသင်းနေခဲ့ပေမဲ့ နယ်စပ်ဒေသက တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေကို မမေ့ခဲ့ပါဘူး။ ဘွဲ့ရပြီးနောက် ကျနော့် ဇာတိဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြန်အခြေချပြီး လူထုအကျိုးပြု လုပ်ငန်းတွေမှာ ပါဝင်လုပ်အားပေးတဲ့ အခါမှာတော့ ကျနော့်ရင်ထဲ အမြစ်တွယ်နေတဲ့ တောင်ပေါ်သားတွေရဲ့ ခံစားချက် ပိုမိုအသက်ဝင်လာပါတော့တယ်။ တကယ်ပဲ မြန်မာနိုင်ငံအောက်ပိုင်း ပြည်နယ်ဒေသတွေက၊ တိုင်းရင်းသားတွေရဲ့ မလုံခြုံမှုကို တောင်ပေါ်မှာလဲ တွေ့ရပါတယ်။ ကိုယ့်ဒေသ၊ ကိုယ့်ဇာတိမှာ နေထိုင်နေပါလျက်နဲ့၊ ဒီဒေသဟာ ငါတို့ပိုင်တယ်လို့ ရဲရဲဝံ့ဝံ့ မပြောရဲတာ သတိထားမိတယ်။ ကိုလိုနီခေတ်က ကြွေးကြော်သံ “သခင်မျိုးဟေ့ ဒို့ဗမာ” လိုမျိုး၊ “လွတ်လပ်သော ဒို့လူမျိုး” လို့တောင် ခံယူဖို့ တွန့်ဆုတ်နေကြတာ စိတ်မကောင်းဖွယ် တွေ့ရတယ်။ သူတို့စိတ်ထဲမှာ ကြောက်နေကြတယ်။ သူတို့ကိုယ် သူတို့ လုပ်ပိုင်ခွင့်မရှိတဲ့သူတွေ၊ သူများပြုသမျှ နုရမယ့်သူတွေဆိုတဲ့ အကြောက်တရားတွေ လွှမ်းမိုး နေတာပဲ မြင်နေရတယ်။

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ မြန်မာနိုင်ငံအနှံ့အပြားက တောင်ပေါ်မြေပြန့်မရွေး၊ တိုင်းရင်းသားအားလုံးကို ဒီလိုတူညီသော အကြောက်တရားက လွှမ်းမိုးချုပ်ကိုင်ထားတာ ဘာကြောင့်ပါလဲ။ မြေပြန့်က ဗမာတိုင်းရင်းသားများအကြားမှာ နေထိုင်တုန်း (အထူးသဖြင့် မကွေးမှာ) ဖိနှိပ်ခံရမှုတစ်ချို့ကို မျက်မြင် ကြုံတွေ့ခဲ့ရပေမဲ့၊ ဒီလိုအကြောက်တရားမျိုးတော့ မတွေ့ခဲ့ရပါဘူး။ တဖြည်းဖြည်း စဉ်းစားရင်းနဲ့မှ အဖြေပေါ်လာပါတယ်။ ဒီလို အစွန်းရောက်တဲ့ အကြောက်တရားဟာ လူမျိုးရေးအသွင်နဲ့ ကာလကြာရှည် ဖိနှပ်ခံခဲ့ရတဲ့ဒဏ်၊ နှိပ်ကွပ်ခံခဲ့ရတဲ့ ဒဏ်ကြောင့်ပါ။

မြန်မာနိုင်ငံသားအားလုံး စစ်ဖိနပ်အောက်မှာ ဖိနှိပ်ခံခဲ့ရတယ်၊ ပြည်မသားတွေလဲ စစ်အုပ်ချုပ်မှုအောက်မှာ အခွင့်အရေးတွေ ဆုံးရှုံး၊ တူညီစွာ နစ်နာခဲ့ပါတယ် ဆိုပေမဲ့၊ ပြည်မသားတွေ (ကျနော်အပါအ၀င် ပြည်မမှာ ကြီးပြင်းခဲ့သူတွေ) ခံစားခဲ့ရတာဟာ ဖိနှိပ်မှုသက်သက်ပါ။ နှိပ်ကွပ်မှုမပါခဲ့ပါဘူး။ စစ်ဘေးစစ်ဒဏ် မခံခဲ့ရပါဘူး။ နောက်ပြီး တောင်ပေါ်ဒေသထက်စာရင် ပွင့်လင်းမြင်သာမှု ပိုအားကောင်းလို့၊ ဆိုးဆိုးရွားရွား လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိသလောက်ပါပဲ။ အရေးအကြီးဆုံးအချက်အနေနဲ့က ဘာသာတူ၊ လူမျိုးတူသူတွေ အချင်းချင်းဖြစ်တဲ့အတွက် ဒီလိုဖိနှိပ်မှုတွေဟာ မတရားဖိနှိပ်တယ် ဆိုတဲ့အဆင့်မှာပဲ ရပ်တန့်နေခဲ့တာပါ။ တောင်ပေါ်မှာကျတော့ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံတို့ဟာ လူမျိုးမတူကြတဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်မှု အဆင့်ထက်ကျော်လွန်ပြီး လူမျိုးရေးအသွင်ဆောင်လာခဲ့ပါတယ်။

တောင်ပေါ်သားတွေ၊ ပြည်နယ်အရပ်ရပ်က တိုင်းရင်းသားတွေ ခံစားခဲ့ရတဲ့ နှိပ်ကွပ်မှုတွေကို ပြည်မသားတွေ နားလည်စာနာနိုင်ဖို့ မလွယ်ပါဘူး။ စစ်ကြောင်းတွေ ရွာထဲဝင်ပြီး မြင်မြင်သမျှ ကြက်၊ ၀က် ကြိုက်သလို ပစ်ခတ် စားသောက်ကြတာကတော့ အဆန်းမဟုတ်တော့ပါ။ ဒီထက်အများကြီး ဆိုးပါတယ်။ “သူပုန်အားပေး” ဆိုတဲ့ ခေါင်စဉ်အောက်မှာ မိမိတို့လုပ်ကိုင် စားသောက်နေရတဲ့ လယ်ယာနဲ့ဝေးရာ မြို့၊ ကျေးရွာကြီးတွေဆီ စုစည်းခံခဲ့ ရပါတယ်။ တစ်ခါတစ်လေ ရွာလုံးကျွတ် မီးလောင်တိုက် သွင်းခံရတတ်ပါတယ်။ သူပုန်ဆိုပြီး အသတ်ခံရ နိုင်ပါတယ်။ တရားဥပဒေမရှိပါဘူး။ သိပ်မကြာခင်က ဖြစ်ခဲ့တဲ့ မဆွမ်လွတ်ရွယ်ဂျာလို အမှုအခင်းမျိုး မရေမတွက် နိုင်အောင် ဖြစ်ခဲ့ပါတယ်၊ ဖြစ်ဆဲပါပဲ။ ဒါပေမဲ့ တိုင်ရမယ့် လူအခွင့်အရေး ကော်မရှင်တွေ မရှိပါဘူး။ ငိုပြရမယ့် OIC လိုအဖွဲ့အစည်းမျိုး မရှိပါဘူး။ ဘယ်သူမှ ဖြေရှင်းမပေးနိုင်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နာကျည်းမှုအဖြစ်နဲ့သာ အဆုံးသတ်နေရပါတယ်။

ဒီလို နှိပ်ကွပ်သတ်ဖြတ်မှုတွေကနေ အစပြုပြီး၊ တိုင်းရင်းသားတွေ စိတ်ထဲမှာ မလုံခြုံမှုတွေ ပိုပိုတိုးလာ ခဲ့ပါတယ်။ ကိုယ့်ဒေသမှာကိုယ် နေရင်းထိုင်ရင်း ကျွန်ဘ၀ရောက်နေခဲ့ရသလိုပါပဲ။ ပိုဆိုးတာက အပေါ်မှာပြောထားသလို မိမိတို့နဲ့ လူမျိုး မတူတဲ့စစ်တပ်က နှိပ်ကွပ်နေတာမို့လို့ တိုင်းတစ်ပါးကျွန် ဖြစ်ရသလိုကို ခံစားလာကြရပါတယ်။ လူမျိုးရေး နှိပ်ကွပ်မှုအသွင်ဆောင် လာပါတယ်။ တိုင်းရင်းသားတွေ မယုံကြည်တာဟာ စစ်တပ်တစ်ခုတည်းမကဘဲ၊ ပြည်မသားများပါ ပါဝင်လာပါတယ်။ ပြည်မသားတွေက စစ်တပ်ကို ကျေကျေနပ်နပ်နဲ့ ထောက်ခံပြီး ဒီလိုဖိနှိပ်မှုတွေကို ခွင့်ပြုထားတယ်လို့ ခံစားမိလာကြပါတယ်။ မြန်မာနိုင်ငံအထက်၊ အောက် တိုင်းရင်းသားဒေသ အားလုံးမှာ တပ်မတော်စစ်ကြောင်းရောက်လာပြီဆိုရင် “ဗမာတွေ ရောက်လာတယ်”လို့ပဲ ပြောကြပါတယ်။ ခုထိ တောင်ပေါ်သားတွေဟာ မြေပြန့်သား၊ (စစ်တပ်ထဲမှာ အများဆုံးပါဝင်တဲ့ ဗမာလူမျိုး) တွေကိုဆိုရင် ရွံ့ကြောက်ကြီး ဖြစ်နေဆဲပါ။ ဒါဟာ တကယ့် အောက်ခြေက တိုင်းရင်းသားအားလုံးရဲ့ ခံစားမှု၊ စိတ်အခြေအနေပါ။

သူတို့တွေက နိုင်ငံရေးကိုလဲ သိပ်နားမလည်ကြပါဘူး။ မြန်မာ့ရုပ်မြင်သံကြားမှာ ပြနေကျ ဇာတ်လမ်းတွေထဲကလို “နင်တို့ သူပုန်ထလို့ ငါတို့နယ်မြေ မငြိမ်းချမ်းတာ” ဆိုပြီး ဗမာစကားဝဲ၀ဲနဲ့ ပြောတတ်တဲ့ ရွာသူရွာသားတွေ အပြင်မှာ တကယ်မရှိပါဘူး။ စစ်ဘေး၊ စစ်ဒဏ်ကိုတော့ ညည်းကောင်း ညည်းပါလိမ့်မယ်။ ကိုယ့်အမျိုးသားတပ်တွေကိုတော့ ဘယ်တော့မှ အဆိုးမမြင်ကြပါဘူး။ ဒါဆို ဘယ်သူ့ဘက်အမြင်စောင်းသွားမယ် ဆိုတာ ပြောနေစရာမလိုတော့ပါ။ သူစိမ်းထက် ကိုယ့်လူမျိုး အချင်ချင်းရဲ့ ဦးဆောင်မှုကိုပဲ လက်ခံဖို့ ဆိုတာ သူတို့သွေးထဲကကို နားလည်ပြီးသား။ ဘေးပြောတာ မယုံ၊ သွေးပြောတာကိုပဲ ယုံကြပါတယ်။ သူစိမ်းတွေ အောက်မှာ ကျွန်ဘ၀နဲ့ မနေချင်တာ ဗမာမှမဟုတ်၊ တိုင်းရင်းသားအားလုံးပါပဲ။

ဒီလို မလုံခြုံမှု၊ ဖိနှိပ်ခံရမှုတွေ ဖြစ်ပေါ်နေတာဟာ “အရင်းစစ်တော့၊ အမြစ်မြေက” ဆိုသလို နိုင်ငံရေး နောက်ခံကြောင့်ပါ။ ဒါကို ရပ်တန့်နိုင်ဖို့ကလဲ နိုင်ငံရေးအဖြေမှတပါး မရှိနိုင်ပါဘူး။ အမျိုးသားတန်းတူ ညီမျှမှုအတွက် တော်လှန်နေကြသူတွေနဲ့ ပြည်မအကြား စစ်မှန်တဲ့နိုင်ငံရေးအဖြေတစ်ခု ရအောင်ရှာနိုင်မှ ထာဝရငြိမ်းချမ်းရေးကို အာမခံနိုင်မှာပါ။

တစ်မျိုးသားတည်း နေတာထက်စာရင် အားလုံးစုစုစည်းစည်းနေတာက ပိုမိုအင်အားတောင့်တင်းပြီး ဖွံ့ဖြိုးတိုးတက်မယ်လို့ ယုံကြည်တာကြောင့် တောင်တန်း-မြေပြန့်ပေါင်းပြီး ပင်လုံစာချုပ်နဲ့ ပြည်ထောင်စုဖွဲ့ လိုက်ပါတယ်၊ တိုင်းပြည်ကပိုဆိုးရွားပြီး LDC စာရင်းထဲပါ သွားတဲ့အထိဆိုးရွားသွားတယ်ဆိုတော့ တစ်ခုခုလွဲနေတာ အသေအချာပါ။ ကမ္ဘာမှာ အရှည်ကြာဆုံး ပြည်တွင်းစစ်လို့ သတ်မှတ်ရအောင်ကို တစ်နိုင်ငံလုံး မငြိမ်းချမ်းနိုင် ဖြစ်နေတာ တစ်ခုခုလွဲနေလို့ပါ။ ဒီလို မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မှာ နိုင်ငံရေးနောက်ခံပြဿနာ ရှိနေပါတယ်။

အဲဒီပြဿနာဇစ်မြစ်ကိုပဲ မိမိရရဆုတ်ကိုင်နိုင်ဖို့ လိုပါတယ်။ တိုင်းရင်းသားတွေ ဘာခံစားနေရသလဲ၊ ဘာတွေ နစ်နာခဲ့လို့လဲ၊ ဘာတွေနာကျည်းခဲ့ကြသလဲဆိုတာကို ဂရုစိုက်ပေးဖို့လိုပါတယ်။

မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးဟာ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာခဲ့တာပါ။ ၁၉၄၇ လွတ်လပ်ရေးအတွက် ပြင်ဆင်နေတဲ့ကာလကတည်းက တူညီသောအခွင့်အရေးအတွက် တိုင်းရင်းသား တစ်ချို့ လက်နက်စွဲကိုင်ခဲ့သလို၊ ၁၉၄၉မှာ ကရင်၊ ၁၉၅၈မှာ ရှမ်း၊ ၁၉၆၁မှာ ကချင် စသဖြင့် လက်နက်ကိုင်လာခဲ့တာ ခုဆို တိုင်းရင်းသားအုပ်စုကြီးတိုင်းမှာ လက်နက်ကိုင်တပ်တွေရှိနေပါပြီ။

၁၉၆၂မှာ ရှမ်းစော်ဘွားတွေ ဦးဆောင်ပြီး၊ ဖက်ဒရယ်မူ (Federalism) ကို တောင်းဆိုခဲ့ကြပါတယ်။ မထူးခြားတဲ့အပြင် ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ တစ်နိုင်ငံလုံး စစ်ကျွန်ဘ၀ ရောက်ခဲ့ရပါတယ်။ ကွန်မြူနစ်ပါတီအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို သောင်းကျန်းသူ တွေဆိုပြီး အင်အားသုံး နှိမ်နင်းခဲ့ပေမယ့် လူထုထောက်ခံမှုရှိတဲ့ တိုင်းရင်းသားတပ်တွေကိုတော့ အမြစ်ပြတ် နှိမ်နင်းနိုင်ခြင်းမရှိခဲ့ပါဘူး။ မြန်မာနိုင်ငံသာ စစ်စရိတ်ထောင်းပြီး ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး တိုင်းပြည်ဖြစ်ခဲ့ရပါတယ်။ လက်တစ်ဆုပ်စာသော ဘီလီယံနာတွေ ထွက်ပေါ်လာခဲ့ပါတယ်။ သောင်တင်ရေမကျ အခြေအနေအောက်မှာ တောင်တန်းတွေ အနာတရဖြစ်ကျန်ရစ်ပြီး အာဏာရှင်တစ်ချို့ ကောင်းစားသွားခဲ့ပါတယ်။ ခုလဲ ဒီလို အင်အားသုံး နှိမ်နှင်းတဲ့စနစ်၊ ဒီလို တစ်ဘက်သတ်ပြည်ထောင်စု စနစ်အတိုင်းဆက်သွားမယ်ဆိုရင် ပြည်တွင်းစစ်မီး ငြိမ်းဖို့မရှိတဲ့အပြင်၊ တိုင်းပြည်တိုးတက်မှုကိုလည်း အများကြီးနှောင့်နှေးစေပါတယ်။ အချိန်မရွေး စစ်အာဏာရှင်စနစ်ဆီ ပြန်ဦးတည်သွားနိုင်ပါတယ်။

အခုထိ တစ်ချို့သုံးသပ်ချက်တွေကို ကြားရတာ စိတ်မကောင်းစရာပါ၊ ကချင်တပ်တွေကိုလဲ ပြည်မတပ်က အင်အားနဲသွားအောင် တဖြည်းဖြည်းနဲ့မြှူပြီး ကျုံးသွင်းနေတာပါတဲ့။ ကချင်တွေထက် အဆများစွာ အင်အား သာလွန်ခဲ့တဲ့ ကရင်တပ်တွေကိုတောင် သပ်သျှိုသွေးခွဲလို့တစ်ဖုံ၊ စစ်ရေးအရတစ်မျိုး၊ စီးပွားရေးအရ တစ်နည်း အနှစ် (၆၀) လုံးလုံး ပိတ်ဆို့ဖြတ်တောက်ထားခဲ့လို့ ခုလိုငြိမ်းချမ်းရေးယူဖို့အထိ ဖြစ်လာတာပါ လို့ဆိုကြပါတယ်။ ဒါပေမဲ့ ကချင်အရေး ဖြေရှင်းဖို့ ကျနော်တို့ နောက်ထပ်အနှစ် (၆၀) မစောင့်နိုင်ပါ။ တိုင်းရင်းသားတပ်တွေကို ဘက်ပေါင်းစုံကနေ ပိတ်ဆို့ပြီး အင်အားချိနဲ့သွားတဲ့နောက်မှ ရယူတဲ့ ငြိမ်းချမ်းရေး ကျနော်တို့ တန်ဖိုးမထားလိုပါ။ ဖိနှိပ်မှုကနေ ရရှိတဲ့ တည်ငြိမ်မှု ကျနော်တို့ မလိုလားပါ။ ကျနော်တို့ လိပ်ပြာလုံချင်ပါတယ်။

ပြည်ထောင်စုလို့နာမည်ခေါ်တွင်ထားမှတော့ စစ်မှန်သော၊ တန်းတူညီမျှသော၊ အခွင့်အရေးပြည့်ဝသော ပြည်ထောင်စုစစ်စစ်ကိုသာ မြင်ချင်ပါတယ်၊ တည်ဆောက်လိုပါတယ်။ အခုချိန်ဟာ နယ်စပ်ဒေသရှိ တိုင်းရင်းသားများအပါအ၀င် တောင်ပေါ်သားတွေနဲ့ ဗမာပြည်မသားတွေကြားထဲက နားလည်မှု လွဲမှားနေတာတွေကို ပြန်လည်တည့်မတ်ရမည့်အချိန် ဖြစ်ပါတယ်။ သူတို့အပေါ်ဖိနှိပ်ခဲ့တဲ့ စစ်တပ်နဲ့ ဗမာတိုင်းရင်းသားတို့ဟာ ထပ်တူမကျကြောင်းနဲ့ ဗမာတိုင်းရင်းသားများဟာလဲ တောင်ပေါ်သားများနဲ့ တစ်သားတည်းဖြစ်ကြောင်း ဖော်ပြရမယ့် အချိန်ဖြစ်ပါတယ်။ တောင်တန်းနဲ့ ပြည်မရဲ့ တန်းတူညီမျှမှုကို လက်ခံပြီး၊ ဖိနှိပ်မှု လွှမ်းမိုးမှု စွက်ဖက်မှုကင်းတဲ့ ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်တည်ဆောက်ရမယ့်အချိန် ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးက ဗမာအပါအ၀င် တိုင်းရင်းသားအားလုံး လိုအပ်နေတာ ဖက်ဒရယ်ပြည်ထောင်စုပါ။ တန်းတူညီမျှမှု၊ ကိုယ့်ကံကြမ္မာကိုယ့်ဖန်တီးနိုင်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်တွေ အပြည့်အ၀အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုပါ။

လွယ်တော့ မလွယ်ပါဘူး။ မြန်မာနိုင်ငံက ခုမှ ခေတ်သစ်တစ်ခု ဆီကူးပြောင်းစမို့ ပြုပြင်စရာ၊ ပြောင်းလဲစရာတွေ များလှပါတယ်။ အာဏာရှင်အစွဲမကျွတ်သေးတဲ့ လူတွေရှိနေဆဲ၊ လွှတ်တော်ထဲမှာလဲ ထိုင်နေဆဲမို့ အချိန်မရွေး နောက်ပြန်လှည့်နိုင်စရာရှိတယ်ဆိုတာ အမှန်ပါ။ ဒါပေမဲ့ လွဲမှားနေတဲ့ စနစ်အောက်မှာ ကျနော်တို့ နှစ်ပေါင်းများစွာ အချိန်လင့်ခဲ့ရပြီးပါပြီ၊ ခုလဲ ဒီပြည်ထောင်စုစနစ်က စစ်မှန်တဲ့ငြိမ်းချမ်းရေးဆီ ဦးတည်နိုင်မှာ မဟုတ်ဘူးဆိုတာ သိသိကြီးနဲ့ အမှန်ကို မပြောရဲ၊ မထောက်ခံရဲပဲ၊ ပေါ်ပင်လိုက် လက်ညှိုးထောင် ခေါင်းညှိတ်ပဲ ဆက်လုပ်နေမယ်ဆိုရင်တော့ တောင်ပေါ်သားတို့ရဲ့ ခံစားချက်၊ တောင်ပေါ်သားတို့ရဲ့ ဝေဒနာကို စော်ကားသလို ဖြစ်နေပါလိမ့်မယ်။ လမ်းကြောင်းမှန်မဟုတ်မှန်း သိရက်နဲ့ အမှားကို ထောက်ပြဖို့ ၀န်လေးမယ်ဆိုရင် အမှားသံသရာလည်နေပါလိမ့်မယ်။ အဖြစ်သင့်ဆုံး ပြည်ထောင်စုပုံစံကို မြင်ပါရက်နဲ့ ထောက်ခံဖို့ သတ္တိမရှိရင် တောင်ပေါ်သားတွေရဲ့ နာကျည်းမှုကို ခံရပါလိမ့်မယ်။

တောင်တန်းရဲ့ ဒဏ်ရာတွေကို ကျနော်တို့စာနာသင့်တာ ကြာခဲ့ပါပြီ။ ကျနော်တို့ တောင်ပေါ်-မြေပြန့်မခွဲ၊ တောင်တန်း-ပြည်မလက်တွဲပြီး တစ်စိတ်တစ်ဝမ်းတည်းထားကာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ကြပါစို့ ...။

ဒေါက်တာမြန်အောင် (ဆေး-၂)
http://www.jinghpawkasa.blogspot.com.au/2012/10/blog-post_20.html

အမေရိကန်မှာအောင်ပွဲရနေတဲ့ ကချင်တိုင်းရင်းသား

2012-10-20

အမေရိကန်ပြည်ထောင်စု အရှေ့ဖက်ခြမ်း Delaware ပြည်နယ် မှာ ဒီလ (၁၄)ရက်နေ့က ပထမဦးဆုံးအကြိမ်ပြုလုပ်တဲ့ ကိုယ်ခံပညာပေါင်းစုံအသုံးပြုတိုက်ခိုက်ရတဲ့ (Mixed Martial Arts) ပြိုင်ပွဲမှာ မြန်မာနိုင်ငံဖွား ကချင်တိုင်းရင်းသား အောင်လအင်ဆန်း အနိုင်ရရှိခဲ့ပါတယ်။


Photo: RFA
အမေရိကန်နိုင်ငံ Mixed Martial Arts လက်ဝှေ့လောကမှာ နာမည်ကြီးလာနေတဲ့ ကချင်တိုင်းရင်းသား အောင်လ

သူ့အနေနဲ့ မြန်မာနိုင်ငံနဲ့ ကချင်တိုင်းရင်းသားတွေရဲ့ ဂုဏ်ကိုမြှင့်တင်ချင်တဲ့အတွက် ဒီပွဲကို အနိုင်ရအောင်ထိုးသတ်ခဲ့တာဖြစ်တယ်လို့ အောင်လအင်ဆန်း က RFA ကိုပြောပါတယ်။

သူအနိုင်ရရခြင်း ပြိုင်ပွဲစင်မြင့်ကိုကာထားတဲ့ သံကွန်ခြာစည်းဝိုင်းပေါ်တက်ပြီး ကချင်အမျိုးသားအလံ ကို လွှင့်ထူခဲ့ပါတယ်။ အဲဒီ Cage Fury Fighting Championship (CFFC) ပြိုင်ပွဲကရတဲ့ ဆုကြေးငွေ တချို့ကို ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် ပေးပို့ကူညီလိုက်တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် သူဟာ ကိုယ်ခံပညာပေါင်းစုံ အသုံးပြုယှဉ်ပြိုင်ရတဲ့သူတဦးဖြစ်တဲ့အတွက် မြန်မာနိုင်ငံကို ပြန်ပြီး မြန်မာလက်ဝှေ့နဲ့ သိုင်းပညာကိုလည်း သင်ယူချင်တယ်လို့ အောင်လအင်ဆန်း က ပြောပါ တယ်။ အမေရိကန် ပရိသတ်တွေက အောင်လအင်ဆန်း (Aung La Nsang)ကို မြန်မာပြည်က စပါးကြီးမြွေ (Burmese Python)လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ သူဟာ အမေရိကန်ပြည်ထောင်စု မေရီလန်း ပြည်နယ် ဘော်လ်တီမိုးမြို့က Crazy 88 ကလပ်မှာ ကိုယ်ခံပညာပို့ချနေပါတယ်။
http://www.rfa.org/burmese/news/aungla-la-10202012133355.html

Saturday, October 20, 2012

ဝေးလံခေါင်ဖျားမှ ကလေးတွေ စာတတ်မြောက်ဖို့ ဘာသာစကားနဲ့ပတ်သက်တဲ့ ပညာရေးမူဝါဒ ပြောင်းစေချင်

Written by အေးသီရီဝင်း

ဝေးလံခေါင်ဖျားမှာ နေထိုင်တဲ့ တိုင်းရင်းသားလူမျိုးစုကျောင်းသားတွေရဲ့ စာဖတ်စွမ်းရည်က မြေပြန့် ကျောင်းသားတွေထက် အနည်းဆုံးသုံးဆကွာပြီး ကျဆင်းနေတာကြောင့် သည်ဒေသက ကျောင်းသား တွေစာတတ်မြောက်ဖို့ ပညာရေးမူဝါဒဆိုင်ရာ ပြောင်းလဲပေးစေချင်တယ်လို့ ငြိမ်းဖောင်ဒေးရှင်းမှ သိရတယ်။


ငြိမ်းဖောင်ဒေးရှင်းက ဘာသာစကားဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ၊ ပညာရေးဆိုင်ရာ စိတ်ပညာရှင် တွေ ပူးပေါင်းပြီး ပြည်နယ်တွေ (ကချင်၊ ကရင်၊ ချင်း၊ ရှမ်း၊ မွန်)က ဝေးလံခေါင်ဖျားဒေသတွေမှ ကျောင်းသားတွေကို သုတေသနပြုတဲ့အခါမှာ သည်ကလေးတွေက မူလတန်းအရွယ် မြန်မာဖတ်စာကို ပြီးဆုံးအောင် ဖတ်နိုင်ဖို့၊ ဝါကျမှန်ဖို့ ခက်ခဲနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ငြိမ်းဖောင်ဒေးရှင်းမှ ဒေါ်နန်ရော်က 'လှိုင်သာယာက မူလတန်းကလေးစာဖတ်ချိန်နဲ့ ဝေးလံခေါင်ဖျား ဒေသက မူလတန်းကလေး စာဖတ်ချိန်က သုံးဆကွာတယ်၊ အဓိကပြသနာက ဆရာပြောတာကို နားမလည်တာပဲ၊ ကိုယ်နားမလည်တဲ့စကားနဲ့ပြောရင် စိတ်ညစ်လာလေ ဦးနှောက်အလုပ်လုပ်တာ နှေးသွားလေပဲ၊ ကျောင်းမသွားချင်ရင်ပျင်းလို့ပဲ မိဘကထင်တယ်၊ ဒီကလေးတွေကို ပံ့ပိုးပေးဖို့လိုတယ်' လို့ပြောပါတယ်။

မူလတန်းမှာကျေလည်ရမယ့် သင်ခန်းစာတွေကို ကလေးတွေက နားမလည်တဲ့အခါ အတန်းကြီး လာတာနဲ့အမျှ ပိုအခက်အခဲဖြစ်လာပြီး သည်ဒေသတွေမှာ ဆယ်တန်းအောင်တဲ့သူဆိုတာ လက်ချိုး ရေလို့ရတဲ့ အနေအထား ဖြစ်လာတယ်လို့သိရပါတယ်။ တိုင်းရင်းသားလူမျိုးစု ကျောင်းသားတွေရဲ့ စာဖတ် စွမ်းရည်ကိုကြည့်ရင် ကချင်ပြည်နယ်က အဆိုးဆုံးဖြစ်တယ်။ နားထောင်မှုစွမ်းရည်နဲ့ နားလည်မှု၊ စာလုံးများကို မှတ်မိနိုင်မှု (ဗျည်း၊ သရ၊ အသတ်၊ အသံ၊ စာလုံးများနဲ့ ဝါကျ)မှာတော့ ပြည်နယ်တိုင်းက ဆိုးဝါးနေတယ်လို့ ငြိမ်းဖောင်ဒေးရှင်းရဲ့ သုတေသနအရသိရပါတယ်။

ဝေးလံခေါင်ဖျားဒေသ ဥပမာ-ကချင်ပြည်နယ်ဆွမ်ပရာဘွမ်ဒေသမှာ နေထိုင်တဲ့ကလေးတွေက မြန်မာ စကားတတ်ကျွမ်းသူနည်းပါတယ်။ ဆရာတွေက မြန်မာစကားနဲ့ သင်ကြားတဲ့အခါမှာ ကလေးတွေရဲ့ သင်ယူမှုမှာ အခက်အခဲတွေ့ရပါတယ်။ သည်ကလေးတွေကျောင်းနေပျော်ပြီး စာတော်ဖို့ ပညာရေး မူဝါဒပြောင်းလဲဖို့ ငြိမ်းဖောင်ဒေးရှင်းနဲ့ ပညာရေးသုတေသနအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်တာဖြစ်တယ်။ သည်ပြသနာပြေလည်ဖို့ မူလတန်းဖတ်စာအုပ်မှာ ပြည်နယ်အလိုက် လူမျိုးစုတွေရဲ့ ယဉ်ကျေးမှု၊ ရိုးရာ ပုံပြင်စတာတွေကို ထည့်သွင်းသင်ကြားမယ်ဆိုရင် ကလေးတွေအနေနဲ့ စာသင်ကြားမှုအပိုင်းမှာ အထောက်အကူပြုလာမယ်လို့ သိရတယ်။

ဒေါ်နန်ရော်က 'ကလေးတွေကသူတို့သိတဲ့အကြောင်းကို သူတို့သိတဲ့ ဘာသာစကားနဲ့သင်တာ ပိုတတ် မြောက်တယ်။ ဥပမာ-ကချင်ရိုးရာမှာဆိုရင် သတို့သမီးက မြက်ပင်ရှည်ထဲမှာ ဖြတ်ပြီးလာရတယ်၊ အဓိပ္ပာယ်က မကောင်းဆိုးဝါးခါချတာ၊ ဒါက သန့်ရှင်းမှုကိုအလေးထားတဲ့ အဓိပ္ပာယ်ဖြစ်တယ်လို့' ဆိုတယ်။

ငြိမ်းဖောင်ဒေးရှင်းနဲ့ ပညာရေးသုတေသနတို့ ပူးပေါင်းလုပ်တဲ့ မူလတန်းအဆင့် ပညာသင်ကြားရေး တွင် အသုံးပြုသင့်သောဘာသာစကားနှင့် ပတ်သက်တဲ့ ပညာရေးမူဝါဒစာတမ်းကို ပညာရေးဝန်ကြီးထံ ပေးပို့ထားတယ်လို့ သိရတယ်။

တိုင်းရင်းသား လူမျိုးစုတွေနဲ့ ဖွဲ့စည်းထားတဲ့ တခြားတရုတ်နိုင်ငံကိုကြည့်ရင် ဒုတိယ ဘာသာစကားကို တဖြည်းဖြည်းချင်းအရေးပေးသင်ကြားသွားတာ ဖြစ်တယ်။ ဗီယက်နမ်နိုင်ငံကိုကြည့်ရင် တိုင်းရင်းသား ၅၄ မျိုးရှိပြီး လူဦးရေ ၉ဝ ရာခိုင်နှုန်းက ဗီယက်နမ်ဘာသာစကား ပြောဆိုကြတယ်။ ကျောင်းမှာ အသုံး ပြုတဲ့ဘာသာစကားက ဗီယက်နမ်ဘာသာစကားဖြစ်ပြီး တိုင်းရင်းသား ဘာသာစကား ရှစ်မျိုးကို ကျောင်းသင်ဘာသာရပ်အဖြစ် သင်ကြားပါတယ်။ မူကြိုနဲ့မူလတန်းကျောင်းတွေမှာ ဒေသခံဘာသာ စကားအဖြစ် တဖြည်းဖြည်းချင်း သင်ကြားသွားတာဖြစ်တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ စာတတ်မြောက်ရေးဆယ်စုနှစ်ကို ၂ဝဝ၃ ကနေ ၂ဝ၃၂ ခုနှစ်အထိ သတ်မှတ်ထားပါ တယ်။ နိုင်ငံတော်တော်များများက ပညာရေးမှာ သိသာထင်ရှားတဲ့အောင်မြင်မှုတွေရှိခဲ့ပေမဲ့ ခန့်မှန်း လူသန်းပေါင်း ၈ဝဝ က စာတတ်မြောက်ခြင်းမရှိကြပဲ ကလေးသန်းပေါင်း ၁ဝဝ ကျော်ခန့်က ပညာ သင်ကြားခွင့် ငြင်းပယ်ခံနေရကြောင်း၊ စာမတတ်မြောက်ကြသူများနဲ့ ကျောင်းထွက်ကလေး အများစု မှာ လူနည်းစုတိုင်းရင်းသား၊ ဆင်းရဲနွမ်းပါးသူတွေနဲ့ ဝေးလံတဲ့နေရာဒေသက ဖြစ်ပါတယ်။

ငြိမ်းဖောင်ဒေးရှင်းမှ လေ့လာခဲ့တဲ့ ပြည်နယ်တွေက ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့ ဖြစ်ပြီး လေ့လာခဲ့တဲ့ ကျေးရွာအရေအတွက် ၂၁ ရွာ၊ လေ့လာမေးမြန်းတဲ့ ကလေးအရေအတွက် ၆၉၆ ဦး၊ လူတွေ့မေးမြန်းခဲ့တဲ့ ကလေး၊ မိဘ၊ ဆရာ၊ ကျေးရွာလူကြီး အရေအတွက် ၁၁၉၉ ဦးဖြစ်တယ်လို့ သိရတယ်။

ဝေးလံခေါင်ဖျားက ကလေးတွေ စာတတ်မြောက်ဖို့ သည်ပညာရေးမူဝါဒစာတမ်းကို လွှတ်တော်မှာ ဆွေးနွေးပေးဖို့ မျှော်လင့်ကြောင်းဆိုပါတယ်။

မော်ဒန်သတင်းဂျာနယ်
http://www.maukkha.org/index.php/news-menu/myanmar-educational-news-maukkha/2418-2012-10-20-11-13-22

Miss Myanmar 2012 - Nang Khin Zay Yar

http://info.myanmarcelebrity.com/2012/10/photo-making-with-miss-myanmar-2012.html


Type the rest of your post here.

UNFC အဖွဲ့ထိပ်ပိုင်းခေါင်းဆောင်များ ဂျပန်သို့ ထွက်ခွာ

Written by သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။ အောက်တိုဘာလ ၁၇ ရက်၊ ၂၀၁၂ ခုနှစ်။ Thursday, 18 October 2012 00:56

မြန်မာနိုင်ငံရှိ စစ်ပြေးဒုက္ခသည်များ အကူအညီရရှိရေး အတွက် ညီညွတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် ထိပ်ပိုင်းခေါင်းဆောင် (၂၀) ဦး ယနေ့ မွန်းလွဲပိုင်းက ဂျပန်နိုင်ငံသို့ ထွက်ခွာသွားသည်။
ဂျပန်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေသည့် နိပွန် ဖောင်ဒေးရှင်း၏ ဖိတ်ခေါ်ချက်အရ သွားရောက်ခြင်းဖြစ်ပြီး တိုင်းရင်းသားများ ဆုံးရှုံးနေသည့် အခွင့်အရေးများကို တင်ပြဆွေးနွေးသွားမည်ဟု အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက အခုလို ပြောသည်။

“ဦးစားပေး တင်ပြမှာက လူသားခြင်းဆိုင်ရာ အထောက်အကူတွေ ရရှိဖို့ပေါ့။ ဘာကြောင့်လည်းဆိုတော့ တိုင်းရင်းသား ဒေသတွေမှာ လူမှုရေး နစ်နာ ဆုံးရှုံးတာတွေက သိပ်များနေပြီ။ အဲဒီအပေါ်မှာ ကူညီနိုင်ဖို့ပါ။”

မြန်မာနိုင်ငံအတွင်း အစိုးရနှင့် လက်နက်ကိုင်တိုင်းရင်းသား တပ်ဖွဲ့များကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသအလိုက် ထွက်ပြေးပုန်းရှောင်နေကြသည့် ပြည်တွင်း စစ်ဘေး ဒုက္ခသည်များအား ဂျပန်နိုင်ငံမှ လူသားခြင်းစာနာမှု ထောက်ပံ့ကြေး အမေရိကန် ဒေါ်လာ (၃) သန်း ပေးရန်ရှိကြောင်း သိရသည်။

အလားတူ စစ်ပြေး ဒုက္ခသည်များ၏ အစားအစာနှင့် ဆေးဝါးကဏ္ဍအတွက် နိပွန်ဖောင်ဒေးရှင်းက အမေရိကန် ဒေါ်လာ (၁) သန်းဖိုး ကူညီထောက်ပံ့မည်ဟုလည်း သိရသည်။

ထို့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အကောင်အထည်ဖော် ရာ၌အစိုးရ၏ သဘောထား မှန်ကန်မှုမရှိသည်ကို တွေ့ရကြောင်း၊ အပစ်အခတ်ရပ်စဲရေး သဘောတူ ထားသည့် အဖွဲ့ များနှင့် ဒေသတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသလို ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အပစ်အခတ် ရပ်စဲရေး မပြုလုပ်နိုင်သေးကြောင်း ခွန်ဥက္ကာက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဂျပန်အစိုးရ အပါအ၀င် နိပွန် ဖောင်ဒေးရှင်း တာဝန်ရှိသူများက မြန်မာ အစိုးရထံ အကြံပေးဖို့ကိုလည်း ထည့်သွင်း ဆွေးနွေးသွားရန် ရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“အပစ်အခတ်ရပ်စဲရေးတို့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးတို့ အဲဒီကိစ္စတွေမှာလည်း နေပြည်တော် အနေနဲ့ သဘောထား မှန်မှန်နဲ့ ရိုးရိုးသားသားနဲ့ လုပ်ပေးကြဖို့၊ အဲဒါကို ကျနော်တို့က မေတ္တာရပ်ခံဖို့လည်း ပါတာပေါ့။”

ထို့အပြင် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားရုံနှင့် ပြေလည်မှုရနိုင်မည် မဟုတ်သလို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး မှုမျိုး ပြုလုပ်သွားရန် အစိုးရတွင် တာဝန်ရှိသည် ဟုလည်း ဆိုသည်။

နိပွန်ဖောင်ဒေးရှင်းသည် ဂျပန်နိုင်ငံ၏ ငွေကြေး အတောင့်တင်းဆုံး NGO အဖွဲ့တခု ဖြစ်သည့်အပြင် ယင်းအဖွဲ့၏ ဥက္ကဌသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများ လူမှုရေး အထောက်အကူရစေရန် ဂျပန် အစိုးရက တရားဝင် ခန့်အပ်ထားသည့် အထူး သံအမတ် တယောက် ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံသို့ ပထမဆုံး အကြိမ် အဖြစ် (၇) ရက်ကြာ သွားရောက်မည့် UNFC အဖွဲ့အား ရှမ်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်၊ ချင်း၊ “၀”၊ ပအိုဝ်း၊ ပလောင်၊ လားဟူ စသည့် လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင် (၁၁) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။

Thursday, October 18, 2012

ကရင်အမျိုး​သားအစည်းအရုံး​အတွင်း စည်းရုံးရေြး​ပသနာ နှင့် ပြည်တွင်ြး​ငိမ်းချမ်းေ​ရး အပိုင်း (5)

ကရင်အမျိုးသားအစည်းအရုံးအတွင်း စည်းရုံးရေးပြသနာ နှင့် ပြည်တွင်းငြိမ်းချမ်းရေး အပိုင်း (5)
အောင်ထူး (ရှေ့ နေ)

အခြား အကြောင်းအရာများကို ရွေးချယ် မရေးဘဲ ကရင်အမျိုးသား အစည်းအရုံးနှင့် ဆက်စပ်၍ ငြိမ်းချမ်းရေး ပြသနာ ဆိုင်ရာဆောင်းပါး များကို အဘယ်ကြောင့် ဆက် တိုက်ရေးနေကြောင်း မိတ်ဆွေအချို့က မေးကြသည်။ ဖြေပါမည်။ စစ်မှန်သည့်
ပြည်တွင်း ငြိမ်းချမ်းရေး မရှိလျှင် လူထုများအတွက် လွတ်လပ်မှု၊ တရားမျှတမှု နှင့် စီးပွားရေး တိုးတက်မှု မရနိုင်သည့် အပြင် “ဆင်းရဲပင်ပမ်းမှုများ၊ မျက်ရည်များ၊ ကြေကွဲမှုများ၊ အာဃာတ များသာ ဖုံးလွှမ်းနေမည်ဟု ယုံကြည် သောကြောင့် ဖြစ်သည်။ ဤသည်မှာ ပထမ တချက်ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး၏ အရေးပါမှုကို ရည်ညွန်းသည်။

ဒုတိယ အချက်မှာ ပြည်တွင်းငြိမ်းချမ်းရေးကို မည်သို့ ရှာဖွေမည် ဟူသော နည်းလမ်းနှင့် သက်ဆိုင်သည်။ ငြိမ်းချမ်းမှု ကို ရှာဖွေရာ၌ ခေါင်းဆောင်များသည် အရေးကြီးသော အခန်းမှ ပါဝင်ကြောင်း အသိအမှတ်ပြုပါသည်။ သို့ရာတွင် နှစ်ပေါင်း ခြောက်ဆယ်ကျော်မျှ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြီးကို အပြီး အပိုင် ငြိမ်းသတ်နိုင်အောင် ကြိုးပမ်းရာ၌ ခေါင်းဆောင် အဓိက အားကိုးရေးဝါဒ မျှနှင့် မလုံလောက်ပါ။ လူထုလမ်းစဉ် ကို ကျင့်သုံးဘို့လိုပါမည်။

အခြေခံလူထုများကိုယ်တိုင် ရောဂါ၏ အရင်းအမြစ်ကို သိအောင်ကြိုးစား၊ ကုစားသင့်သည့် နည်းလမ်းများအား လက် လှမ်းမီသမျှရှာဖွေ၊ မိမိတို့ခေါင်းဆောင်များကို တင်ပြ၊ ငြိမ်းချမ်းရေး လှုပ်ရှားမှုများအား ပြည်လုံးအနှံ့ သာမက ကမ္ဘာ တခွင်တွင်ပါ အားကောင်းကောင်းပေါ်လာအောင် ပါဝင် လုပ်ဆောင်လာကြ စေခြင်သည်။ ဤသို့သော စေတနာ နှင့် ရေးပါသည်။

"ထာဝရ ငြိမ်းချမ်းရေး" ဟူသည်မှာ မည်သည့် အရာနည်း။

ငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်းသည် "ထာဝရ ငြိမ်းချမ်းရေး" ဟူသည့် စကားလုံးကို ကရားရေလွှတ်တတွတ်တွတ် ရွတ်လျှက်ရှိသည်။ သို့ရာတွင် ဤသည်မှာ မည်သည့်အရာ ဖြစ်ကြောင်းကို လူထုအား တကြိမ်တခါမျှ ရှင်းပြခြင်းမရှိ။  ဟိုအဖွဲ့သည်အဖွဲ့များနှင့် တွေ့ဆုံလျှက်ရှိသော ဆွေးနွေးပွဲများတွင် တခွန်းမျှ မြွက်ဟသံမကြားရ။

"ထာဝရ ငြိမ်းချမ်းရေး" ဆိုသည်မှာ လူ့အဖွဲ့အစည်းက လိုလားမြတ်နိုးသည့် တန်ဘိုး ဖြစ်သည်။ ဤတန်ဘိုးကို ရရှိ စေရန် တနိုင်ငံလုံး တိုင်းရင်းသားပေါင်းစုံ လူထုကြီးတရပ်လုံး ဦးတည် လျှောက်လှမ်းရမည့် "ပန်းတိုင်" ရှိဘို့ လိုသည်။ ဤသည်မှာ
အဘယ်နည်း။ "ပန်းတိုင်" နှင့် စပ်လျှဉ်း၍ ဦးအောင်မင်းကိုယ်တိုင် ရှင်းလင်းစွာ သိမသိမှာလည်း အတတ် မပြောနိုင်။စေတနာကောင်းဖြင့် ဆောင်ကျဉ်းရန် ကြိုးစားသည် ဆိုစေဦး။ "ထာဝရ ငြိမ်းချမ်းရေး" နှင့်စပ်လျှဉ်း၍ ကိုယ် သွားခြင်သည့် ပန်းတိုင်ကိုမျှ ကိုယ်ကိုယ်တိုင်ကရေရေရာရာ မသိလျှင် အနှစ်တထောင်ပင် ဦးဆောင် ကြိုးစားသော် လည်းရောက်နိုင်ဘွယ်မရှိပါ။ ဤသို့ဖြစ်လျှင် ဦးအောင်မင်းအတွက်သာမက ထိပ်ပိုင်းက ဦးဆောင်ကြိုးပမ်းနေသည် ဟု ဆိုသော သမတ ဦးသိန်းစိန်အတွက်လည်း မကောင်းပါ။

၎င်းတို့သည် ကိုယ်သွားခြင်သည့် "ပန်းတိုင်" ကို ရှင်းလင်းစွာသိပြီး လုပ်ဆောင်နေခြင်းလည်း ဖြစ်နိုင် သည်။ "ငါတို့ မင်းထက် ပိုပြီး သိတာပေါ့ကွာ။" ဟု စာရေးသူအားပင် စိတ်ထဲမှ ကြိတ်ပြုံးကောင်းပြုံးနေပါမည်။ မိမိတို့ လျှောက်ခြင် သည့် "ပန်းတိုင်" အစစ်ကို ဖုံးကွယ်ပြီး လူထုကို အခြားတပါးသို့ တွန်းပို့နေတာများ ဖြစ်လေမလား။ ကြွားတော့ "နိဗ္ဗာန်ဘုံ" ၊ လား တော့ "အ၀ီဇိငရဲ" ပန်းတိုင် ဖြစ်သွားနိုင်သည်။ ဤသို့ဖြစ်လျှင်မူ လူထုကြီးတရပ်လုံးအား လိမ်လည် လှည့်ဖျား ရာ
ရောက်ပါမည်။ ဤသည်ကို ၀ိုင်းဝန်းဖေါ်ထုတ်ကြဘို့လိုသည်။

တကယ်တန်းအားဖြင့် ဦးသိန်းစိန်၊ ဦးအောင်မင်းတို့ခေါင်းဆောင်သည့် အစိုးရ အာဏာပိုင်များသည် "ထာဝရ ငြိမ်းချမ်းရေး" ရဘို့ "နိဗ္ဗာန်ဘုံ ပန်းတိုင်" ကို လှမ်းကိုင်ရန် ကြိုးပမ်းနေသည် ဆိုလျှင်မူ ယင်းမှာ မည်သည့်အရာ ဖြစ်သည်ကို ရှင်းလင်းရန်တိုက်တွန်း ပါသည်။

"ထာဝရ ငြိမ်းချမ်းရေး" ဟူသည်ကို လူထု ခံစားနိုင်ရေး အတွက် "ပန်းတိုင်" သည် အဘယ်နည်း။

နိုင်ငံသားတဦး အနေဖြင့် ရသင့်ရထိုက်သင့် တဦးချင်းအခွင့်အရေး၊ တိုင်းရင်းသား လူမျိုးစု တခုခြင်းစီ ရသင့်ရထိုက် သည့် စုပေါင်း အခွင့်အရေးများအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြား ဥပဒေများတွင် ထည့်သွင်းပြဌာန်းထားသည့် အပြင် တိုင်းပြည်အုပ်ချုပ်ရေး အဆောက်အအုံများအား ထိုအခွင့်အရေးများကို လေးစားကာကွယ်ဖေါ်ဆောင်ပြီး လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်သည့် ယန္တယားများဖြစ်လာစေရန် ပြုပြင်ပြောင်းလဲ ဖွဲ့စည်းရေး ဖြစ်သည်။

ဤသည်မှာ "ထာဝရ ငြိမ်းချမ်းရေး" ကို ခံစားနိုင်စေရန် လူထုတရပ်လုံး ဦးတည်လျှောက်လှမ်းရမည့် "ပန်းတိုင်" ဖြစ် သည်ဟုစာရေးသူနားလည်သည်။ ဤသည်မှာ မမှန်ကန်လျှင် ဦးသိန်းစိန် အစိုးရ အနေဖြင့် လူသိရှင်ကြားပြန်ရှင်းခွင့် ရှိသည်။ ဦးသိန်းစိန်သည် သမ္မတ တာဝန်ယူပြီးလျှင် ပြီးခြင်းမှာပင် ရှင်းရှင်းလင်းလင်း ရှိသော အစိုးရ၊ တာဝန်ခံမှုရှိ သော အစိုးရ ဖြစ်အောင်ကြိုးပမ်းမည်ဟု လူသိရှင်ကြားကြေငြာခဲ့သည်။ သို့ရာတွင် ဤမျှ အရေးကြီးလှသော ပြည် တွင်းငြိမ်းချမ်းရေး
နှင့် စပ်လျှဉ်း၍ လုပ်ဆောင်နေသည်များမှာမူ ရှင်းရှင်းလင်းလင်း မရှိ။ တာဝန်ခံမှုလည်း မရှိ။ "ပန်းတိုင်" သည် မည်သည့်အရာမှန်းပင် မည်သူမျှ မသိကြ။

သေနတ်မပေါက်ရုံ၊ စစ်မတိုက်ရုံမျှနှင့် ထာဝရငြိမ်းချမ်းရေး မရနိုင်။

စာရေးသူ မြင်ရသည်မှာမူ "ထာဝရ ငြိမ်းချမ်းရေး" ဟူသည်အတွက် တောင်ကိုပြေးလိုက်၊ မြောက်ကို ပြန်လိုက်၊ ပြည် တွင်းဝင်လိုက် ပြည်ပထွက်လိုက်နှင့် ဦးအောင်မင်း ကွင်းဆင်း အကောင်အထည်ဖေါ်နေ သည့် လုပ်ငန်းစဉ်များ၏
"ပန်းတိုင်" မှာ "သေနတ်မပေါက်ရေး နှင့် စစ်မတိုက်ရေး" သာ ဖြစ်နေသည်။ စစ်မဖြစ်လျှင် ငြိမ်းချမ်းရေးရမည် ဟုကြွေးကြော်နေသည်။ ဤသည်မှာ ဟုတ်ပါရဲ့လား။ စစ်နှင့် ငြိမ်းချမ်းရေး သည် ဒင်္ဂါးပြား တခု၏ ခေါင်းနှင့်ပန်း သဘွယ် နားလည်နိုင်သော်လည်း စစ်မရှိရုံမျှ နှင့် လူထုအတွက် ငြိမ်းချမ်းရေး ရပြီ ဟု ပြောနိုင်ပါ့မလား။

သာဓက တခုပြပါမည်။ မြန်မာနိုင်ငံ၌ ၁၉၈၉ ခုနှစ်မှ စ၍ အပစ်အခတ်ရပ်စဲရေးကို စစ်အစိုးရကိုယ်စား ဦးဆောင် အကောင်အထည်ဖေါ်ခဲ့သူမှာ န၀တ အတွင်းရေးမှုး (၁) အဖြစ် တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်ကြီး ခင်ညွန့်ဖြစ်သည်။ သူတံခိုးထွားခဲ့စဉ်က တက်ရောက်ခဲ့သည့်အစည်းအဝေး အတော်များများ၌ လူထုက ၄င်းအား လက်အုပ်ချီကာ အရို အသေ ပေးခဲ့ရသည်ကို ရုပ်မြင်သံကြားမှ တဆင့် ကြည့်ခွင့်ရခဲ့သည်။ တချိန်က ရှိခဲ့သည့် ရာထူးအာဏာများမှ ပြုတ် ကျပြီး ထောင်မှ ထွက်လာသောအခါ ဦးခင်ညွန့်သည် သာမန်လူတဦး ဖြစ်သွားခဲ့ပြီ။ ၄င်းအား ရာထူးပြုတ်၊ထောင်ချ လိုက်သည့် စစ်အစိုးရသစ်အား သူသည် လက်နက်ကိုင်၍ စစ်ပွဲ ပြန်လည်မဆင်နွှဲပါ။ သူ နှင့် အစိုးရသစ်အကြားတွင် စစ် မရှိပါ။

သို့ရာတွင် သူသည် ငြိမ်းချမ်းရေး မရပါ။ ထောင်မှ ထွက်ပြီး သိတ်မကြာခင် စကားပြော တခုမှားသွား၍
အရေးယူ ခံရနိုင်ကြောင်း အစိုးရပိုင်းမှ အသံထွက်လာသော အခါ ကြောက်လန့်တကြားဖြင့် ဘုန်းကြီးဝတ်
သွားခဲ့ရ ပါသေးသည်။ အဘယ်ကြောင့် ဆိုသော် တပ်မတော်၊ ရဲ၊ ထောက်လှန်းရေး၊ လုံထိန်း မှ စ၍ တရားစီရင်ရေး အဆုံး တိုင်းပြည်အုပ်ချုပ် ရေး ယန္တယားများသည် အနှစ်သာရအရ ဘာတခုမျှ မပြောင်းလဲသေး။ အာဏာရှိသူကို ၀တ်တွားနေရဆဲဖြစ်ကြောင်း ဦးခင်ညွန့် ကောင်းမွန်စွာ သိရှိထား၍ ဖြစ်သည်။ စင်စစ်အားဖြင့် မူ ငြိမ်းချမ်းရေးဝန် ကြီး ဦးအောင်မင်းသည်
ဦးခင်ညွန့် ဖြစ်ရပ်မှ သံဝေဂယူသင့်သည်။ မိမိတွင် လုပ်ပိုင်ခွင့် ရှိနေသည့် အချိန်၌ အထက်တွင် စာရေးသူ ဖေါ်ပြခဲ့သည့် ပန်းတိုင် ကို ရောက်ရှိအောင် ကြိုးပမ်းသင့်သည်။ ဤနည်းဖြင့် "ထာဝရ ငြိမ်းချမ်းရေး" သို့ အမှန်တကယ် ဦးတည်ကြောင်း လက်တွေ့ပြသင့်သည်။

နောက်ထပ် သာဓက တခုဖေါ်ပြပါဦးမည်။ လက်နက်ကိုင် တိုက်ပွဲ ရပ်စဲလိုက်ပြီ ဖြစ်သော်လည်း လူထုမှာငြိမ်းချမ်းမှု မရ အပူမီးများတောက်လောင်နေရသည့် ဘ၀၏ တစိတ်တဒေသကို လှစ်ဟသော သာဓက ဖြစ်ပါသည်။

ဗိုလ်မှုးချုပ်ထိန်မောင် ခွဲထွက်သွားခဲ့သည့်နောက်ကွယ်က ဖြစ်ရပ်အချို့

ဗိုလ်မှုးချုပ်ထိန်မောင်မှာ ကေအင်ယူ တပ်မဟာ(၇) ၏ တပ်မဟာမှုး ဖြစ်ခဲ့ပြီး နှစ်ပေါင်းမြောက်များစွာ တောက်လျှောက် စစ်တိုက်ခဲ့သူ ဖြစ်သည့်အပြင် စစ်ရေးကောင်းသူ အဖြစ်လည်း နံမည်ရခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ကေအင်ယူမှ ခွဲထွက် ၊ငြိမ်းချမ်းရေးကို ကြွေးကြော်လျှက် စစ်အစိုးရနှင့် အပစ်ရပ်ခဲ့သည်။ KNU/KNLA ငြိမ်းချမ်းရေးကောင်စီကိုဖွဲ့ပြီး ဦးဆောင်လှုပ်ရှားနေသူ ဖြစ်သည်။

ဗိုလ်ချုပ်ကြီးမြ နှင့် ဗိုလ်မှုးချုပ် ထိန်မောင် တို့မှာမယားညီအကို ဖြစ်ကြသည်။ ဗိုလ်မှုးချုပ်ထိန်မောင်က "ဗိုလ်ချုပ်ကြီးမြမကွယ်လွန်ခင် ငြိမ်းချမ်းရေးအတွက် ငါ့ကို တာဝန်ပေးထားခဲ့တယ်၊ ငြိမ်းချမ်းရေး လုပ်ကို လုပ်ရမယ်" ဟု ဟစ်ကြွေးပြီးစစ်အစိုးရနှင့် လက်တွဲတော့မည် ပြုသောအခါ ၄င်း၏ တူ ဖြစ်သူ ဗိုလ်ချုပ်ကြီးမြ ၏ ဒုတိယ သားကြီး ဗိုလ်မှုးကြီး နန္ဒားမြ ကအကြီး အကျယ် တားမြစ်ခဲ့သည်။ သို့ရာတွင် ဦးလေးအား တား၍မရခဲ့။ ထိုအခါ ဗိုလ်မှုးကြီး နန္ဒားမြသည် စိတ်ထိ ခိုက်လွန်းသဖြင့် စစ်ဗိုလ်ကြီးတန်မဲ့နှင့် ချုံးပွဲချငိုခဲ့သည်ဟု ကြားသိခဲ့ရသည်။ ဤအကွဲအပြဲအောက်တွင် ကေအင်ယူ အတွင်းရှိ အခြား
တပ်ဗိုလ်၊ တပ်သားများ၊ ပါတီဝင် မိသားစုများ အတွင်း မည်မျှငိုကြွေးခဲ့ရ၊ ကြေကွဲခဲ့ကြရသည်ကို မသိ။

ဤသည်မှာ ကေအင်ယူ အဖွဲ့အစည်းတခုလုံးကိုသာမက အခြားတော်လှန်ရေးအင်အားစု အားလုံးကိုပါ တပြိုင်နက် လွှမ်းခြုံ ဖေါ်ဆောင်ရမည့် အစား ကေအင်ယူ အတွင်းမှ အစိတ်အပိုင်းငယ် တခုခြင်းမျှကိုသာ ခွဲထုတ်စည်းရုံးသည့် နည်းဖြင့် စစ်အစိုးရ အဆက်ဆက် ချမှတ်ဖေါ်ဆောင်လျှက်ရှိသော ငြိမ်းချမ်းရေး အတု၏ ရလာဒ်ဖြစ်သည်။ ဗိုလ်မှုးကြီး နန္ဒားမြသည် ဦးလေး၏ နောက်သို့မူလိုက် မသွား။ နိုင်ငံရေးအရမှန်ကန်စွာ စဉ်းစားနိုင်ခဲ့သည်။ ကေအင်ယူ ဗဟိုကော် မတီ၏ဦးဆောင်မှုအောက်မှာပင် ကြံ့ခိုင်စွာ ကျန်နေခဲ့သည်။

ဗိုလ်မှုးချုပ် ထိန်မောင်သည် ကေအင်ယူ အဖွဲ့အစည်းကို ချစ်မြတ်နိုးသလို ငြိမ်းချမ်းရေးကိုလည်း စစ်မှန်စွာ မြှော်မှန်းခဲ့ သည် ဟု စာရေးသူ ယုံကြည်သည်။ သို့ဆိုလျှင် ကေအင်ယူ အဖွဲ့အစည်းတခုလုံးက ဦးတည်တိုက်ပွဲဝင်နေသည့် နိုင်ငံ ရေးရည်မှန်းချက် မအောင်မြင်သေးပါဘဲလျှက် အဘယ်ကြောင့်ခွဲထွက်သွားခဲ့သနည်း။ တဘက်တွင် စစ်အစိုးရကိုယ် တိုင် နှင့်
၎င်း၏ အဆွယ်အပွားများ၊ လက်ပါးစေများက ဗိုလ်မှုးချုပ်ထိန်မောင်အား နည်းမျိုးစုံဖြင့် စည်းရုံးကြ သည်။ အခြားတဘက်တွင်၎င်းကိုယ်တိုင်၏ အားနည်းချက်ဖြစ်သည်။ ယင်းမှာ သားမက်ဖြစ်သူ စောလယ်မူး အား ကြီးမားစွာ ယုံကြည်မှုထားခြင်းဖြစ်သည်။

စောလယ်မူးသည် ထိုစဉ်က ကေအင်ယူ၏ တာဝန်ကို ထမ်းဆောင်ရင်း ထိုင်းနိုင်ငံ ဘက်ခြမ်း မဲဒမမြို့နယ်အတွင်းရှိ ကနဲကျုကျေးရွာ၌ အဆောင်ဆောင် အခန်းခန်းနှင့် ကြီးမားလှသော အိမ်ကြီး တဆောင် ဆောက်၍ နေသူဖြစ်သည်။ ဗိုလ်မှုးချုပ် ထိန်မောင် ကိုယ်တိုင်ကမူ ဤသည်ကို မနှစ်ခြိုက်။ သားမက်ဖြစ်သူ စောလယ်မူး၏ နေအိမ်သို့ သွားရောက် နေထိုင်လေ့မရှိ။
"ကေအင်ယူ ရဲဘော်တွေ အားလုံး မင်းလို အိမ်ကြီးအိမ်ခိုင် ဆောက်မနေနိုင်ဘဲ မင်းက ဘာလို့ သည်လိုနေတာလဲ" ဟု ပြစ်တင်မောင်းမဲလေ့ရှိကြောင်းကြားရသည်။ သူကိုယ်တိုင်သည်လည်း တောတွင်းရှိ တပ်မဟာ (၇) ဌာနချုပ်တည်ရာ
သူးမွေးနီဒေသရှိ သက်ကယ်မိုး စစ်စခန်းတွင်သာ တောက်လျှောက်နေခဲ့သူ ဖြစ်သည်။ သို့ရာတွင် သူသည်သားမက်စောလယ်မူးအပေါ် ယုံကြည်အားကိုးမှုကမူ လျော့မသွားခဲ့။ စောလယ်မူးသည် စီးပွားရေးရည်မှန်းချက် ကြီးမားသူဖြစ်သည်။

ကေအင်ယူ တခုလုံးအနေဖြင့် မဟုတ်သော်လည်း တပ်မဟာ (၇) အနေနှင့်ပင် ငြိမ်းချမ်းရေးအတွက် အပစ်အခတ် ရပ်စဲရေးလုပ်ရန် စောလယ်မူး၏ ဆွဲဆောင်စည်းရုံးမှုကို ဗိုလ်မှုးချုပ်ထိန်မောင် ခံခဲ့ရကြောင်း ကေအင်ယူ နှင့် နီးစပ်သူအတော်များများက လက်ခံခဲ့ကြသည်။ အပစ်အခတ်ရပ်စဲရေးကို အခွင့်ကောင်းယူပြီး စီးပွားရေးလုပ်ငန်းကြီးများ လုပ် ကာမိမိတို့မိသားစုများ၏ အကျိုးစီးပွားကို ရှာကြရအောင် ဟုပြောလျှက် စောလယ်မူးက တပ်မဟာ (၇) အတွင်းရှိ တပ်မှုးတချို့အား
လိုက်လံစည်းရုံးခဲ့သည်။ ယင်းသို့အစည်းရုံးခံရသော်လည်း အကွဲအပြဲတကယ်တန်း ဖြစ်လာသည့် အချိန်တွင် မိခင်ကေအင်ယူတွင်ပင် ကျန်နေခဲ့သည့် တပ်မှုးငယ် တဦးက စာရေးသူအား ပြန်လည် ပြောပြသည်။

ဗိုလ်မှုးချုပ်ထိန်မောင်၏ အဖွဲ့နောက်သို့ ပါမသွားဘဲ ကေအင်ယူတပ်မဟာ (၇) မှာပင် ကျန်နေခဲ့ သည့် တပ်မှုးများ၏ မိသားစု များကိုပါ စစ်အစိုးရက ဆက်လက်စည်းရုံးသည်။ တပ်မှုးတဦး၏ ဇနီးနှင့်သားကို ရန်ကုန်အထိ ခေါ်ယူ၊ အလည်အပတ်နေရာများကို လိုက်လံပို့ဆောင်၊ ကောင်းမွန်စွာကြွေးမွေးဧည့်ခံ၊ တမြို့လုံးလှည့်လည်ပြီး စီးပွားရေးလုပ်ငန်းများကိုပြသသည်။ ဘာလုပ်ငန်းလုပ်ခြင်သလဲ၊ အရင်းအနှီးရအောင် အထက်လူကြီးများကို တင်ပြပေးမည် ဟု တတွတ်တွတ်ပြောကြသည်။ ထိုင်းမြန်မာနယ်စပ် ဒုက္ခသည် စခန်းတွင် သာ ကြီးပြင်းလာခဲ့သည့် (၁၂) သား အရွယ်မျှ
သာ ရှိသေးသော ကရင်ကလေးက ၄င်း၏ မိခင် အား အောက်ပါအတိုင်း ပြောကြားခဲ့သည်။

" မိုးမိုး၊ ဒီ လူတွေ က တအားကို သဘောကောင်းတယ်နော်။ သည်လူတွေက ကျွန်တော်တို့ ကရင်ရွာတွေကို ဖျက်ဆီး၊ မီးရှို့၊ မုဒိန်းကျင့်၊ ကရင်လူမျိုးတွေကို သတ်ကြတယ် ဆိုတာ ကျွန်တော်တော့ မယုံဘူးဗျ။"

ဗိုလ်မှုးချုပ်ထိန်မောင် လက်ခံလိုက်တဲ့ စစ်အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောက်မှာ ကရင်လူထု ငြိမ်းချမ်းမှု ရရဲ့လား။
ဗိုလ်မှုးချုပ်ထိန်မောင် ဦးဆောင်ပြီး အပစ်ရပ်သွားခဲ့သည်မှာ ယနေ့ဆိုလျှင် ငါးနှစ်ကျော်လာခဲ့ပါပြီ။ လက်နက်များ ဆက်ကိုင်ခွင့်ရနေသဖြင့် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ မူ တရပ်နှင့်အညီ ကရင့်လက်နက် ကရင့် လက်ထဲတွင် ရှိနေသည်မှာမှန်ပါသည်။ ၄င်း၏ တပ်ဖွဲ့များ လွှမ်းမိုးထားရာ ကော့ကရိတ်မြို့နယ် အတွင်းတွင်လည်း စစ်ပွဲများ မဖြစ်တော့ပါ။ စစ်ပွဲများ
မရှိတော့သဖြင့် ကရင်လူထုသည် အမှန်တကယ် ငြိမ်းချမ်းသွားပြီလား။ လေ့လာ ကြည့်ဖို့ လိုပါမည်။

စစ်အစိုးရက တပ်ရင်း အမှတ် ၅၄၆၊ ၅၄၇ နှင့် ၅၄၉ တို့အခြေစိုက်တိုးချဲ့တည်ထောင်ရန်အတွက် ကော့ကရိတ်မြို့ နယ် နဘူးတောင်ရွာတ၀ိုက်ရှိ လယ်ဧက တထောင်ကျော်အား သိမ်းယူခဲ့သည်။ ယင်းအပေါ် အသိမ်းခံ ကရင် လယ် သမားများက
မကြေနပ်သဖြင့် ဆန့်ကျင်လှုပ်ရှားမှု တခု မကြာခင်က ဖြစ်ပွားခဲ့သည်။ လယ်သမား ၇၈ ဦးကို ဦးဆောင် လျှက်ကော့ကရိတ်မြို့ပေါ်သို့ သွားရောက်အရေးဆိုသူမှာ ဗိုလ်မှုးချုပ်ထိန်မောင် ၏ ကေအင်ယူ ခွဲထွက်အဖွဲ့မှ ဒုတိယ ဗိုလ်မှုးကြီး စောဂျိုးဇက် နှင့် ၄င်း၏ ရဲဘော်များ ဖြစ်နေသည်။

လယ်မြေ အသိမ်းခံရသော ကရင် လယ်သမားများအနက် လယ်သူမကြီးဒေါ်ပွင့်ဖေါ က အောက်ပါအတိုင်းဖွင့်ဟသည်။
" ကျမတို့ မိသားစု ရဲ့ လယ်မြေတွေကို အကုန်သိမ်းသွားပြီ။ ဘာတခုမှ မကျန်တော့ဘူး။ ဘာမှ လုပ်စားစရာ မရှိတော့ ဘူး။တပ်ရင်းမှုးဆီကို သွားပြီး တကွက်လောက် ပြန်ပေးပါလို့ တောင်းပန်တယ်။ တပ်ရင်းမှုးက ပြောတယ်။ နိုင်ငံတော် ပိုင် မြေတွေဖြစ်တယ်တဲ့။ နိုင်ငံတော်မှာ သေနတ်ရှိတယ်၊ အာဏာရှိတယ်၊ အကုန်ယူလို့ရတယ် တဲ့။ နင်တို့ ကရင် တွေမှာ ဘာမှ လုပ်ပိုင်ခွင့် မရှိဘူး တဲ့။"

ဒေါ်ပွင့်ဖေါ အပါအ၀င် လယ်သိမ်းခံရသော လယ်သမား ၇၈ ဦး၏ မျက်နှာများကို ကြည့်လိုက်ရုံနှင့် ရှင်းရှင်းကြီး ပေါ်နေ သည်မှာ ကြီးမားသော ပူပင်သောက ဖြစ်သည်။ ၄င်းတို့သည် မငြိမ်းချမ်းနိုင်ပါ။ စစ်ပွဲများ မဖြစ်သော်လည်း လူထုသည် ငြိမ်းချမ်းရေးမရကြပါ။ ပူပင်သော ကများသည် ကြီးမားစွာတောက်လောင်ဆဲ ပင်။ ဤသည်မှာ အဘယ်ကြောင့်နည်း။

"နင်တို့ ကရင် တွေမှာ ဘာမှ လုပ်ပိုင်ခွင့် မရှိဘူး။" ရယ်လို့ စစ်အစိုးရရဲ့ တပ်ရင်းမှုးက ပြောလိုက်တဲ့ စကားဟာ ကရင် အမျိုးသားတွေရဲ့ ရင်ထဲကို ဘယ်လောက်များ ထိခိုက်သွားပါမည်လဲ။ စင်စစ်အားဖြင့်မူ အဆိုပါ တပ်ရင်းမှုးပြောလိုက် သည့် စကားမှာ လက်တွေ့အရ အမှန်ဖြစ်နေဆဲပင်။ ကရင်အမျိုးသားတွေမှာ ဘာမှ လုပ်ပိုင်ခွင့် မရှိပါ။ စစ်အာဏာရှင် စနစ်၏ လွှမ်းမိုးမှုအောက်တွင် ကရင်အမျိုးသား တွေသာမက အခြားမည်သည့် တိုင်းရင်းသား လူမျိုးစုတွင်မျှ ဘာမှ လုပ်ပိုင်ခွင့် မရှိပါ။ တိုင်းရင်းသားလူမျိုးစု တခုခြင်းစီ ရသင့်ရထိုက် သည့် စုပေါင်း အခွင့်အရေးကို စစ်အစိုးရက ယနေ့ အချိန်အထိ အခြေခံဥပဒေ၊ အခြားဥပဒေများနှင့် အညီ ဘာတခုမျှ မယ်မယ်ရရ အသိအမှတ်မပြုသေးပါ။

ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးချမှတ်ခဲ့သည့် နောက်ထပ်မူ တခုဖြစ်သည့် "ကရင့် ကြမ္မာ ကရင်ဖန်တည်းခွင့်ရရေး" ဟူသည်မှာ ယနေ့အထိ အိပ်မက်ပမာ မျှသာ ဖြစ်နေပါသေးသည်။ "ကရင့် ကြမ္မာ ကရင်ဖန်တည်း ခွင့်" မရသေးပါဘဲလျှက် အပစ်ရပ်လိုက်သောအခါ ဗိုလ်မှုးချုပ်ထိန်မောင် နှင့် အဖွဲ့ ကိုင်ထားသည့် လက်နက်များမှာ တုတ် သာ သာမျှသာ ဖြစ်လျှက်ရှိနေသည်။ ဗိုလ်မှုးချုပ်ထိန်မောင်နှင့် အဖွဲ့သည် ငြိမ်းချမ်းရေး ကို မြတ်နိုးသည့်အပြင် ကရင်လူထု ၏ အခွင့်အရေးများ ကို ခုခံကာကွယ်တိုက်ပွဲဝင်လိုသည့် စိတ်ဓါတ်၊ ဆန္ဒ နှင့် ခံယူချက်တို့ရှိကြောင်းမည်သို့မျှ
သံသယ မရှိပါ။ တတ်နိုင်သမျှ ကြိုးစားကြသည်ကိုလည်း အသိအမှတ်ပြုပါသည်။ သို့ရာတွင် လျှောက်သည့် လမ်းကြောင်းမှာမူ လွဲနေခဲ့ပြီဟု ပွင့်ပွင့်လင်းလင်း သုံးသပ်ရပါမည်။

(၅) နှစ် ကြာခဲ့ပြီ ဖြစ်သော်လည်း ကရင်ပြည်နယ်တွင်းရှိ ကရင်လူထု ကြီးတရပ်လုံး အတွက် မယ်မယ်ရရ ဘာတခုမျှ လုပ်နိုင်ခဲ့ခြင်း မရှိပါ။ ကျောင်းကလေးနှစ်ကျောင်းမျှ တည်ထောင်၊ ဆေးပေးခန်းကလေးများကို အဖွဲ့အစည်းငွေ ကလေးနှင့် ပံ့ပိုးပေးခြင်းမှ လွဲ၍ကော့ကရိတ်မြို့နယ် တခုလုံးအတွင်းရှိ ကရင်လူထုအခွင့်အရေးများအတွက်ပင် ဖေါ် ဆောင်နိုင်ခြင်းမရှိပါ။

ငြိမ်းချမ်းရေးအတုအောက်တွင် အဖွဲ့အစည်းရပ်တည်ရေး အခက်အခဲများ
ဗိုလ်မှုးချုပ်ထိန်မောင် ခေါင်းဆောင်သည့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ သည်၂၀၀ရ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေးလုပ်ခဲ့ပြီးနောက် စစ်အစိုးရက နှစ်နှစ်ကျော်မျှ ဆန်ရိက္ခာ၊ အစားအသောက်၊ လူ့အသုံးအဆောင် ပစ္စည်း၊ နှင့် ဆေးဝါး အချို့ ထောက်ပံ့ခဲ့ကြောင်း နှင့် သွားရေး လာရေး အတွက်လည်း ကားသုံးလေးစီး ပေးအပ်ခဲ့ကြောင်း သိရ သည်။ ၄င်းတို့အဖွဲ့အနက်
ဗိုလ်မှုးချုပ်ထိန်မောင် နှင့် တပ်တချို့အား ကော့ကရိတ်မြို့နယ် အတွင်းရှိ ထွတ်ကော်ကိုး ဒေသတွင်နေခွင့်ပေးထားသည်။ ဗိုလ်မှုးယဉ်နု နှင့် တပ်တချို့မှာမူ ယခင် တပ်မဟာ (၇) ဌာနချုပ်ရှိရာ သူးမွေးနီတွင် ဆက်လက်နေထိုင်လျှက်ပင် ရှိသည်။
တောင်ယာခုတ်၊ လယ်လုပ်၊ အရောင်းအ၀ယ် လုပ်ခွင့်ပေးထားပြီး လက်နက်များ ကိုလည်း ဆက်လက် စွဲကိုင်ခွင့်ရထားသည်။ စီးပွားရေး လုပ်ငန်းကြီးကြီးမားမား လုပ်ခွင့်ရသည်ကိုတော့ မတွေ့ရပါ။

အဖွဲ့အစည်းရပ်တည်ရေးအတွက် ကြီးမားသော အခက်အခဲ စတင်တွေ့ခဲ့သည်မှာ ၂၀၁၀ ခုနှစ်၌ စစ်အစိုးရက နယ်ခြားစောင့် တပ်ဖွဲ့စည်းရန် သွေးဆောင်၊ ဖိအားပေးလာသည့် အချိန်တွင် ဖြစ်သည်။ စစ်အစိုးရ၏ ဗိုလ်ချုပ်များက ထွတ်ကော်ကိုး သို့ အရောက်လာပြီး ရှင်းပြသည့်အပြင် ဗိုလ်မှုးချုပ် ထိန်မောင်အား ရန်ကုန် နှင့် နေပြည်တော် သို့ပါ ဖိတ်ခေါ်ကာ အကြိမ်ကြိမ်
စည်းရုံးကြသည်။ စည်းရုံးသည့် အကြိမ်တိုင်းတွင်လည်း ဗိုလ်မှုးချုပ် ထိန်မောင်က ခေါင်းခါခဲ့ သည်ချည်းဖြစ်သည်။

စစ်အစိုးရ၏ ဗိုလ်ချုပ်များက ထွတ်ကော်ကိုးသို့ ငွေအိပ်ကြီးများကိုပါ ယူလာပြီး နယ်ခြားစောင့်တပ်ဖွဲ့မည်ဟု သဘောတူပါက ဤငွေထုပ်ကြီးများ ထဲတွင် ပါသည့်ငွေများသာမက နောက်ထပ် ကြိုက်သလောက်တောင်းပါ ပေး ပါ့မည် ဟု ဆွဲဆောင်ခဲ့ကြသည်။
ဗိုလ်မှုးချုပ် ထိန်မောင်က ခေါင်းခါမြဲ ခေါင်းခါခဲ့သည်။ ချော့၍မရသော အခါ ခြိမ်းခြောက်သည့် လေသံများ ပါလာသည်။

ဗိုလ်မှုးချုပ် ထိန်မောင်မှာ အသက် (၈၄) နှစ်မျှရှိပြီ ဖြစ်သော စစ်သားအိုကြီး ဖြစ်ပါသည်။ စစ်ပြန်တိုက်ရန် အဘယ် မှာလျှင်တတ်နိင်ပါတော့အံ့နည်း။ သို့ရာတွင် နယ်ခြားစောင့်တပ်ဖွဲ့ခြင်းအားဖြင့် စစ်အစိုးရ ခိုင်းတာလုပ်ရမည့် ဘ၀ကိုတော့ အရောက်မခံဟူသော စိတ်ဓါတ်ကို ခိုင်ခိုင်ကျည်ကျည် ဆုတ်ကိုင်ခဲ့သည်။ နောက်ဆုံးတွင် ဗိုလ်မှုးချုပ် ထိန် မောင်သာမက ၄င်း၏ ဇနီးဖြစ်သူ မူးဂါးပယ်ကပါ စကားတခွန်းကို ပြောရင်း အပြတ်သားဆုံးတုန့်ပြန်လိုက်သည် ဟု သိရသည်။

" အဖွဲ့အစည်းမှာ ကျုပ်ခေါင်းဆောင်နေသမျှတော့ နယ်ခြားစောင့်တပ်ဖွဲ့တာကို လက်မခံနိုင် ဘူး။
ကျုပ်မှာ တာဝန်ရှိ နေလို့ဖြစ်တယ်။ ကျုပ်လဲ အသက်ကြီးပြီ။ ဒီတော့ ကျုပ်ကို အရင်သတ်ပြီးမှ၊
ကျုပ်မှာ တာဝန်မရှိတော့တဲ့ အခါကျ မှ ကျန်တဲ့ ခေါင်းဆောင်တွေနဲ့ဆွေးနွေးပါ။"

မူးဂါးပယ် ကလည်း "ကျမ ယောင်္ကျားကို သတ်ရင် ကျမကိုလည်း သတ်ပါ။ ကျမတို့လင်မယားနှစ်ယောက်လုံးကို သတ်ပြီးမှ နယ်ခြားစောင့်တပ် လုပ်ပါ" ဟု ခိုင်ခိုင်မာမာရပ်တည် ပြောဆိုပေး သည်။ ထိုအခါကျမှ ဗိုလ်ချုပ်များ
လက်လျှော့၍ ပြန်သွားကြသည်။

စစ်အာဏာရှင်များသည် ရက်စက်ကြသည်။ ငြိမ်းချမ်းရေးအတွက် ရိုးရိုးသားသား မြှော်ကိုးကာ မိမိတို့နှင့်
လက်တွဲလာ သော ကရင် ဗိုလ်ချုပ်အဖိုးအိုကြီး၏ စေတနာကို စော်ကားကြသည်။ ကရင်လူထု၏
အခွင့်အရေးအတွက် နိုင်ငံရေး အရ တရားဝင်ဆွေးနွေးမှု ဘာတခုမှ မပြု။ ကရင် ဗိုလ်ချုပ်အဖိုးအိုကြီးနှင့်
အဖွဲ့ကြေနပ်အောင် နှစ်သိမ့်သည့်အနေဖြင့် လက်နက်ကိုင်ခွင့် နှင့် ချောင်တချောင်မှာ
လုပ်ကိုင်စားသောက်ခွင့်သာ ပေးထားလိုက်သည်။

ဗိုလ်မှုးချုပ်ထိန်မောင် သည် ထိုမှ နောက်ပိုင်းတွင် အတော်ပင် စိတ်ထိခိုက်ခံစားရကြောင်း ကြားရသည်။
ထမင်း ကောင်း ကောင်း မစားနိုင်ခဲ့သည့်ရက်များ အတော်ကြာခဲ့သည်။ ယခင်က စစ်အစိုးရ၏ ဗိုလ်ချုပ်များအနက် ဗိုလ်ချုပ် ရဲမြင့် ဆိုသူမှာ ထွတ်ကော်ကိုးသို့ မကြာခဏရောက်လာလေ့ရှိပြီး ဗိုလ်မှုးချုပ်ထိန်မောင် နှင့် မိသားစု သဘွယ် ရင်းနှီး ကျွမ်းဝင်အောင် လုပ်နိုင်ခဲ့သူ ဖြစ်သည်။ ဆက်ဆန်ရေး ကောင်းခဲ့စဉ်က ဗိုလ်ချုပ်ရဲမြင့်နှင့် ဗိုလ်မှုးချုပ်ထိန်မောင် တို့ နှစ်ဦး တွဲရိုက်ထားသည့် ဓါတ်ပုံကို ဗိုလ်မှုးချုပ်ထိန်မောင်၏ အိမ်နံရံတွင်တခန်းတနား ချိတ်ထားခဲ့သည်။ နယ်ခြားစောင့် တပ် ပြသနာ တက်ပြီးနောက် တရက်တွင် ၄င်းဓါတ်ပုံ၌ ဗိုလ်ချုပ်ရဲမြင့် ၏ မျက်လုံးကို ဘောပင်နှင့် ထိုးဖေါက် ကုတ်ခြစ် ထားသည် များကို တွေ့ရသဖြင့် အိမ်သားများကစိုးရိမ်တကြီးနှင့် ဒါဘယ်သူလုပ်တာလဲ ဟု မေး ကြသည်။ "ငါလုပ်တာ" ဟု ဗိုလ်မှုးချုပ်ထိန်မောင်ကဖြေကြောင်းသိရသည်။ စစ်အစိုးရ၏ ငြိမ်းချမ်းရေး အတု အောက်တွင် လိုက်ပါ ခဲ့မိသည့် ကရင် အမျိုးသားဗိုလ်ချုပ်အိုကြီး ကိုယ်တိုင်ခမျာ မှာ မငြိမ်းချမ်းနိုင်ရှာပါ။

နယ်ခြားစောင့်တပ်ဖွဲ့ရေးကို ဗိုလ်မှုးချုပ်ထိန်မောင် နှင့် အဖွဲ့က ပြတ်ပြတ်သားသားငြင်းဆန်ခဲ့ပြီးနောက် အစိုးရ သည်ယနေ့အချိန် မည်သည့် ရုပ်ဝတ္တု ပစ္စည်း အထောက်အပံ့မျှ မပေးတော့ကြောင်းသိရသည်။ မြ၀တီ မှ ဖါးအံသို့သွားသည့် လမ်းကိုပင် အသုံးပြုခွင့် မပေးတော့သဖြင့် ဗိုလ်မှုးချုပ်ထိန်မောင်ရှိရာ ထွတ်ကော်ကိုးမှ ဖါးအံသို့အရောက် ကိုယ့်ဖာသာကိုယ် လမ်းဖေါက် အရောင်းအ၀ယ်ကလေးများလုပ်၊ လယ်လုပ်၊ မွေးမြူရေး၊ သစ် စသည်များ
လုပ်ရင်း လုပ်ကိုင် စားသောက်နေကြကြောင်း ကြားသိရသည်။

နိဂုံး

ကရင်အမျိုးသားအစည်းအရုံးအတွင်း စည်းရုံးရေးပြသနာ နှင့် ပြည်တွင်းငြိမ်းချမ်းရေး ဟူသည့် ခေါင်းစဉ်ဖြင့် စာရေးသူ ၏ဆောင်းပါးများအား ဤတွင် တခန်းရပ်ပါမည်။ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအားဖြစ်စေ၊ ထာဝရ ငြိမ်းချမ်းရေး ဟူသည်ကို တက်ကြွစွာ ကြွေးကျော်လျှက် ပြေးလွှားလုပ်ဆောင်နေသော ၀န်ကြီးဦးအောင်မင်း နှင့် အခြား ၀န်ကြီးများအားဖြစ်စေ မည်သည့် အာဃာတနှင့် ပုတ်ခတ်တိုက်ခိုက်ရေးသားနေခြင်း မဟုတ်ပါ။ အမှန်ကို အမှန်အတိုင်း
ဖေါ်ထုတ် ရေး သားနေခြင်းသာ ဖြစ်သည်။ ပြည်တွင်း ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားသည်ဟု ဆိုပါက ကိုယ့် အမျိုးသား ရေး အတွက် ယုံကြည်ချက်ဖြင့် ရိုးရိုးသားသား တိုက်ပွဲဝင်လျှက် ရှိကြ သော တိုင်းရင်းသား တော်လှန်ရေးအင်အားစု များ ကို မှန်မှန်ကန်ကန်ချည်းကပ်သင့်ပါသည်။

ဗိုလ်မှုးချုပ် ထိန်မောင် နှင့် အဖွဲ့၏ သာဓက ကို သုံးသပ်မည်ဆိုလျှင် နိုင်ငံရေး အမြင်ရှိသော၊ အဖိနှိပ်ခံလူထုဘက်မှ ရပ်လိုသော တိုင်းရင်းသားများသည် အသေသာခံသွားမည် ၄င်းတို့၏ လက်နက် ကို မစွန့်လိုကြကြောင်း တွေ့ရသည်။ ၄င်းတို့ လူထု ရထိုက်သည့် ကိုယ့်ကြမ္မာကိုယ်ဖန်တည်းခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများကို ကာကွယ်သွားရန် ၄င်းတို့၏ လက်နက်ကိုင် တပ်မတော်ကို တည်ရှိစေလိုသည်။ သို့ဖြစ်၍ ဤသည်ကို ငြိမ်းချမ်းစွာ ဖြေ ရှင်းလိုသည် ဆိုပါက
ဦးသိန်းစိန်အစိုးရ လက်ရှိ ကိုင်စွဲထားသော တပ်မတော် တရပ်တည်း မူကို စွန့်လွှတ်၍ ပြည်ထောင်စု တပ်မတော် တရပ်ကို မည်ကဲ့သို့ ထူထောင်မည် ဟူသည်ကို အမြန်ဆုံး စတင်ဆွေးနွေးကြဘို့ လိုပါသည်။

ဥပဒေ ပြသနာကိုလည်း ထောက်ပြလိုသည်။ ပြည်ထောင်စု တပ်မတော်၏ အစိပ်အပိုင်းအဖြစ် တရားဝင် အသိအမှတ် မပြုဘဲ ဗိုလ်မှုးချုပ် ထိန်မောင် နှင့် အဖွဲ့အား ရပ်တည်ခွင့်ပေးထားခြင်းမှာ မည်သည့်တည်ဆဲဥပဒေနှင့် မျှမညီပါ။ သည် အတိုင်းထား၍မရပါ။ သို့ဖြစ်၍ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးကို သဘောတူလျှင် ဥပဒေတရပ်ကို အသစ် ပြဌာန်း
ရပါမည်။ ဦးသိန်းစိန် အစိုးရသည် "သေနတ်မပေါက်ရေး နှင့် စစ်မတိုက်ရေး" ကိုသာ ပန်းတိုင်ထား၍ ထာဝရ ငြိမ်းချမ်းရေးရှာဖွေသည့် လမ်းစဉ်ကို စွန့်လွှတ်ဘို့ လိုပါသည်။"

တချိန်တည်းတွင် ဗိုလ်မှုးချုပ် ထိန်မောင် ဦးဆောင် လုပ်သွားသကဲ့သို့ ငြိမ်းချမ်းရေးဟူသည်ကို ကြွေးကြော်လျှက်
မိခင် ကေအင်ယူမှ ခွဲထွက်ပြီး သီးခြား အဖွဲ့တရပ်တည်ထောင် လှုပ်ရှားခြင်းမျိုး မလုပ်သင့်ပါ။ ဤကဲ့သို့သောဖြစ်ရပ်မျိုးမှာ ဆက်လက်ပေါ်ပေါက်နေမည်ဆိုလျှင် ကရင်လူထုအတွက်ကိုယ့်ကြမ္မာကိုယ်ဖန်တည်းခွင့် မရရုံသာမက တပြည်လုံး
စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေး အတွက်လည်း မည်သို့မျှ အထောက်အကူ မပြုနိုင်ပါ။ ဤကဲ့သို့ နိုင်ငံရေးအရ အရေးကြီးသည့် အချိန်တွင် ပြန်ပေါင်းထုတ်သင့်ကြပြီး ကရင်အမျိုးသား အစည်းအရုံးကြီး၏ ညီညွတ်မှုအင်အားကို ပြန်လည်ပြသနိုင်မည် ဆိုလျှင် အခြားတိုင်းရင်းသား တော်လှန်ရေး အဖွဲ့များကိုပါ ရိုက်ခတ်ပါ မည်။ နိုင်ငံရေး အင်အားကြီး ဖြစ်လာနိုင်ပါမည်။ သို့မှသာ စစ်မှန်ပြီး တန်းတူသော နိုင်ငံရေးဆွေးနွေးပွဲများ ရှိလာပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဖြင့် သာယာဝပြောသည့်ပြည်ထောင်စုကြီး တရပ်ပေါ်ပေါက်လာစေ ရန် ရည်သန်ရင်း ဤတွင် နိဂုံးချုပ်ပါသည်။


အောင်ထူး (ရှေ့နေ)
အောက်တိုဘာလ (၁၈) ရက် ၂၀၁၂ ခုနှစ်

Tuesday, October 16, 2012

ကရင်အမျိုးသား သျှမ်းပြည်တော်လှန်ရေး ခေါင်းဆောင်ဟောင်းကွယ်လွန်

Monday, October 15, 2012 Posted by သျှမ်းသံတော်ဆင့်

သျှမ်းပြည်တော်လှန်ရေးကောင်စီ SSRC ဗိုလ်မိုးဟိန်း (ခေါ်) စဝ်ကွဏ်းဇိန်းလက်ထက်ကတည်းက ယနေ့ RCSS/ SSA လက်ထက်အထိ သျှမ်းပြည်တော်လှန်ရေးလုပ်ငန်း၌ ဦးဆောင်လှုပ်ရှားလာခဲ့သော ကရင်အမျိုးသား စောချစ်ဆွေ အသက် ( ၇၄ နှစ်) သည် အောက်တိုဘာ ၁၃ ရက်က ကွယ်လွန်ကြောင်းသိရသည်။


စောချစ်ဆွေ

စနေနေ့ညပိုင်းက သွေးတိုး၊ နှလုံး၊ ကျောက်ကပ်ရောဂါတို့ဖြင့် ကွယ်လွန်သွားခဲ့သောဗိုလ်မှူးကြီးစောချစ်ဆွေ၏ရုပ် အလောင်းအား အခမ်းအနားဖြင့် လာမည့်အောက်တို ၁၈ ရက်နေ့ ချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့နယ် ပိန်းလုံ ဧည့်သင်္ချိုင်း၌ သဂြိုလ်မည် ဟုလည်း မိသားစုဝင်ကပြောသည်

ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သော RCSS/SSA သျှမ်းပြည်တပ်မတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တဦး ဖြစ်သည့် စဝ်(စော) ချစ်ဆွေသည် ၁၉၃၈ ဂျူလိုင်လ ၂၅ ရက် ၌ မွေးဖွားပြီး ၁၉၅၉ ခုနှစ်တွင် ကျောင်းဆရာ အဖြစ် သျှမ်းပြည်သို့ ရောက်ရှိလာခဲ့သည်။

သထုံဇာတိဖြစ်သော စောချစ်ဆွေသည် ကရင်ဘာသာစကားအပြင် ပအိုဝ်းဘာသာစကားကိုပါကျွမ်းကျင်စွာ ပြောတတ်ပြီး ကျောင်း ဆရာအဖြစ် သျှမ်းပြည်တောင်ပိုင်း လွယ်လင်မြို့နယ်ရှိ ပအိုဝ်းအများစုနေထိုင်သော လွယ်ချယ်ရွာသို့ရောက်ရှိတာ ဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၀ ပအိုဝ်းအမျိုးသားများ လက်နက်ကိုင်တော်လှန်ရေး ပြန်လည်စတင်စဉ်ပါဝင်ခဲ့ပြီး ၁၉၆၇ တွင် SSA/SNIA တို့နှင့်ပူးပေါင်း၍ စစ်ရေးမဟာမိတ်ဌာန ချုပ်၌ တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၆၈ ဗမာပြည်ကွန်မြူနစ်ပါတီက ဝင်ရောက်တိုက်ခိုက်ပြီးနောက် ၎င်းပါဝင်သောအဖွဲ့က ဗကပကို ထောက်ခံ ခဲ့သဖြင့် ဗကပ အားဆန့်ကျင်သော စောချစ်ဆွေ သည် မဟာမိတ်တပ်ဖွဲ့ ဗိုလ်မိုးဟိန်းထံသို့ ခိုလှုံခဲ့ရာမှ ကွယ်လွန်ချိန်အထိ သျှမ်းပြည်တပ်မတော်နှင့် လက်တွဲ ခဲ့သည်။ဌာနချုပ်လုံခြုံရေး၊ ဘဏ္ဍာရေးနှင့် ဗိုလ်မိုးဟိန်း၏ အတွင်းဝန်အဖြစ် တာဝန်များထမ်းရွက်ခဲ့သည်။

မိမိထက် ၁၂ နှစ်သာကြီးသော်လည်း ဗိုလ်မိုးဟိန်း ခေါ် စဝ်ကွဏ်ဇိန်းအား အဖေဟုသာခေါ်ဝေါ် ဆက် ဆံကြောင်း၊ စဝ်ကွဏ်းဇိန်း၏လုံခြုံရေးကို အလွန်အမင်း အလေးထားသဖြင့် အဖွဲ့အစည်းရှိ အရာရှိများနှင့်မတည့်သူအဖြစ် နာမည် ကြီးနေသူတဦးဖြစ် ကြောင်း တွဲဖက်အလုပ်လုပ်ခဲ့ဖူးသည့် သျှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာဦးခွန်စိုင်းက ပြောပါသည်။

စောချစ်ဆွေသည် လဲချားသူ နန်းရွှေအိမ်နှင့် အိမ်ထောင်ကျကာ သား ၃ ယောက်နှင့် သမီး ၁ ယောက်ထွန်းကား ခဲ့သည်။ သားသုံးယောက်စလုံး သျှမ်းပြည်တပ်မတော်၌ ဝင်ရောက်အမှုထမ်းရွက်လျက်ရှိသည်။ သမီးဖြစ်သူ မှာလည်း စဝ်ကွဏ်းဇိန်း၏သားတဦးနှင့်အိမ်ထောင်ဖက်ဖြစ်သည်။
http://panglongburmese.blogspot.com.au/2012/10/blog-post_6385.html


Previous Article Next Article Home

ကရင်အမျိုးသားအစည်းအရုံးအတွင်း စည်းရုံးရေးပြသနာ နှင့် ပြည်တွင်းငြိမ်းချမ်းရေး - အပိုင်း (၄)

ဆောင်းပါး - အောင်ထူး(ရှေ့ နေ)

ကေအင်ယူ ဟူသည်မှာ အဘယ်နည်း။

အောက်တိုဘာလ (၁၂) ရက်နေ့နံက်တွင် ဘီဘီစီမှ မင်္ဂလာရှိသော သတင်းကြားလိုက်ရပါသည်။ ယင်းမှာ ကေအင်ယူ အတွင်းပြန်လည်ညှိနိုင်းလို့ရပြီဖြစ်ပြီး ခေါင်းဆောင်များ ဗဟိုကော်မတီ အစည်းအဝေးကို အတူတက်ကြမည် ဟူ၍ဖြစ် သည်။ အောက်ခြေ
ကေအင်ယူ ပါတီဝင်များ၊ တပ်မှုး တပ်သားများနှင့် ကရင်လူထုများသာမက ပြည်တွင်းငြိမ်းချမ်းရေး ကို မြတ်နိုးကြိုးပမ်းလျှက် ရှိသောအဖွဲ့အစည်းများ၏ ခေါင်းဆောင်များပါ များစွာ စိတ်သက်သာရာ ရသွားကြပါမည်။ စာရေးသူလည်း အလားတူပင်ဖြစ်သည်။ သို့ရာတွင် ဗဟိုကော်မတီ အစည်းအဝေးအပြင် လေးနှစ်တကြိမ်ကျင်းပမည့် ညီလာခံကြီးပြီးမှသာ သေချာပါမည်။

ကျင်းပတော့မည့် ဗဟိုကော်မတီအစည်းအဝေး နှင့် ကွန်ဂရက်သည် ကေအင်ယူ နှင့် ကရင်တမျိုးသား လုံး အတွက် အဖိုးမဖြတ် နိုင်သောအမွေအနှစ်အဖြစ် ချန်ထားနိုင်ရုံသာမက အခြားတိုင်းရင်းသားအဖွဲ့အစည်းများ အားလုံး အတွက်ပါ စံနမူနာကောင်း အဖြစ်
သမိုင်းတွင်ရစ်စေခြင်ပါသည်။ အဘယ်ကြောင့် ဤမျှ သမိုင်းနှင့်ချီ၍ ဆိုရပါသနည်း။ ယင်းကို နားလည်နိုင်ရန်မှာ ကေအင်ယူ ဟူသည်မှာ ဘာလဲ ပြန်လည် သုံးသပ်ကြည့်ရပါမည်။

ခက်ခဲကြမ်းတမ်းသည့် လက်နက်ကိုင် တော်လှန်စစ်ကို အဆက်မပြတ်ဆင်နွှဲခဲ့ရသဖြင့် ကေအင်ယူတွင် လည်းကောင်း၊ ကေအင်ယူခေါင်းဆောင်များတွင်လည်းကောင်း အားနည်းချက်များ အမြောက်အများရှိနိုင်ပါ သည်။ သို့ရာတွင် အနှစ် သာရကို မြင်အောင်ကြည့်ဘို့လိုပါမည်။

ကရင့်တော်လှန်ရေးဟာ ကရင်အမျိုးသားတွေ အတွက်သာမက တိုင်းရင်းသားပေါင်းစုံလူထုကြီး အတွက်ပါ ဖြစ်စေရ မယ် ဟူ၍ကြွေးကြော် ခဲ့သည့် ဗိုလ်ချုပ်ကြီးစောဘိုမြ၏ ဦးဆောင်မှုကို ခံယူခဲ့သည့် အဖွဲ့အစည်း၊ ကရင်အမျိုးသားထု တရပ်လုံး ကိုယ့်ကြမ္မာ ကိုယ်ဖန်တည်းခွင့် ရရှိရေးမှသည် တိုင်းရင်းသားပေါင်းစုံလူထုကြီး တရပ်လုံး ဖက်ဒရယ် ပြည် ထောင်စု တည်ဆောက်ရေးနိုင်ရေးအထိ နှစ်ပေါင်း ၆၀ ကျော် မဆုတ်မနစ် တိုက်ပွဲဝင်လာခဲ့သည့် အဖွဲ့အစည်း၊ မာနယ်ပလော လွတ်မြောက်နယ်မြေကို စစ်အာဏာရှင်များက စစ်ရေးနည်းသက်သက်ဖြင့် တိုက်၍မရနိုင်လောက် အောင် ဦးဆောင်ကာ ကြံ့ကြံ့ခံ တိုက်ပွဲဝင်နိုင်ခဲ့သည့် အဖွဲ့အစည်း၊ ရှည်ကြာလှသည့် ပြည်တွင်းစစ်အတွင်း ကရင် ကျေးရွာများ၏ ပြာပုံများ၊ ကရင်လူထု၏ သွေးနှင့်မျက်ရည်များ၊ ကရင် ရဲဘော်များ၏ အသက်နှင့် ခန္ဓာကိုယ်များ ကို မရေမတွက်နိုင်လောက်
အောင် စွန့်လွှတ်ခဲ့ရသော်လည်း လက်နက်ကိုင် တော်လှန်ရေး ကို အလံမလှဲစတမ်း မြှင့်တင် ထားနိုင်သည့် အဖွဲ့အစည်း၊ မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ် တည်ရှိနေသမျှ ကျားကုတ်ကျားခဲ ဆက်လက်တိုက်ပွဲဝင် သွားလိမ့်မည်ဟူ၍ မဟာမိတ်များက မြှော်လင့်ခံရသော အဖွဲ့အစည်း၊ ဤသည်မှာ ကေအင်ယူဖြစ်သည်။

အပစ်အခတ်ရပ်စဲရေး အဓိက ငြိမ်းချမ်းရေး ဆွေးနွေးပွဲလား။ ငြိမ်းချမ်းရေးဆွေးနွေးပွဲအဓိက အပစ်အခတ်ရပ်စဲရေးလား။


စစ်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေးများ အား ၁၉၈၉ ခုနှစ်မှစတင် ကာ အဓိကထား၍ လုပ်ဆောင်ခဲ့သည်။ သို့ရာတွင် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများအား မည်သည့်အခါ တွင်မျှ အဓိကထား မလုပ်ခဲ့။၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်အတွင်း အပစ်အခတ်ရပ်စဲထားသည့် အဖွဲ့အစည်းများ နယ်ခြားစောင့်တပ်ဖွဲ့စည်း အသွင်ပြောင်းရေးကို စစ်အစိုးရက ဖိအားပေးဖေါ်ဆောင်ရန်ကြိုးပမ်းခဲ့သည်။ အဖွဲ့ငယ်တချို့မှလွဲ၍ ၀သပ၊ ကေအိုင်အို၊ မွန်ပြည်သစ်ပါတီ အစရှိသည့်အဖွဲ့အစည်း ကြီးများက ဆန့်ကျင်ရပ်တည်ကြသောအခါ ၄င်း၏ အစီအစဉ် ရပ်ဆိုင်းသွား ခဲ့ရသည်။ ကချင်အမျိုးသား အစည်းအရုံး (ကေအိုင်အို) နှင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာပြီးနောက် ကေအိုင်အို၏ နိုင်ငံရေးရပ်တည်ချက်မှာ ရှင်းလင်းပြတ်သားလာသည်။

၁၇ နှစ်တာ အပစ်ရပ်ခဲ့သော်လည်း နိုင်ငံရေးအရဆွေးနွေးမှု ဘာတခုမျှ မဖြစ်ခဲ့ကြောင်းကေအိုင်အို က ထောက် ပြလာ ခဲ့သည်။ ငြိမ်းချမ်းရေး အတွက် နိုင်ငံရေးအရဆွေးနွေးအဖြေရှာမှုကို အမြန်ဆုံးဖေါ်ဆောင်ရန်မှာပဓါနကျကြောင်း၊ ပင်လုံ စာချုပ်အပေါ်အခြေခံလျှက် ဆွေးနွေး အဖြေရှာပြီးနောက် ရရှိလာသည့် ဘုံသဘောတူညီချက်ဖြင့် အခြေခံဥပဒေ ကို ပြင်ဆင်ရေးဆွဲသွားမှသာ ပြည်တွင်းငြိမ်းချမ်းရေး ရနိုင်မည် ဖြစ်ကြောင်း ကေအိုင်အိုက တောင်းဆိုလာခဲ့သည်။ ဆိုလိုသည်မှာ စစ်အစိုးရက တပြည်လုံး အပစ်အခတ်ရပ်စဲရေးကို ကျေငြာ၊ တပြိုင်နက်တည်းတွင် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများကို ချက်ခြင်း လုပ်ဆောင်သွားရန် ဖြစ်သည်။


ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုအဓိက ဖေါ်ဆောင်ပြီး အပစ်အခတ်ရပ်စဲရေး လုပ်ရေး ကေအိုင်အို၏ အဆိုပြုချက်မှာ စစ်အစိုးရအတွက် အနာပေါ် တုတ်ကျ ဖြစ်သွားခဲ့သည်။ သို့ဖြစ်၍ ကေအင်ယူ၊ မွန်ပြည်သစ်ပါတီ၊ ရှမ်း အက်စ်အက်စ် ပီပီ အစရှိသည့် အဖွဲ့အစည်းကြီး များအား အချိုသတ်ထားပြီး ကေအိုင်အိုကို ဖိကာ ထိုးစစ်ဆင် ပါတော့ သည်။ အကယ်၍ကေအိုင်အိုကို ပြန်လည်တိုက်ပွဲဆင်သည့် တနှစ်ခွဲမျှကာလအတွင်း နိုင်ငံရေးဆွေးနွေးပွဲများ လုပ် ဆောင်ခဲ့ လျှင်ပင် အတော်ပင် ခရီးပေါက်နေပါမည်။ သို့ရာတွင် ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရသစ်သည် ယခင် န၀တ နအဖ စစ်အစိုးရ အဆက်ဆက်ကဲ့သို့ပင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ များကိုသာ အဓိကထားလုပ်နေဆဲ ဖြစ်သည်။

ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများစုကြီး ပါဝင်ခဲ့ သည့်
တပ်ပေါင်းစုက ၁၉၉၀ ခုနှစ်ကထဲက စတင်တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ယခုလည်း ထုတ်ပြန်ကြေငြာချက်ပေါင်း များစွာဖြင့်
တောင်းဆိုဆဲဖြစ်သည်။ အာဏာရနေသော စစ်အစိုးရ အဆက် ဆက်သည် စစ်မှန်သော စေတနာ ရှိပါက ငြိမ်းချမ်းရေးအတွက်
နိုင်ငံရေးဆွေးနွေးပွဲများအား အခုလုပ် အခုရသည်။ နောက်ထပ် အချိန်ဆွဲရန်အကြောင်း ဘာမျှ မရှိ။

ငြိမ်းချမ်းရေးကို လိုလားပါသည်ဟု ကမ္ဘာသိ အော်ဟစ်နေသော ဦးသိန်းစိန်အစိုးရ၏ သက်တမ်း တနှစ်ခွဲကျော်အတွင်း ပြည်တွင်းစစ်ဘာကြောင့်ဖြစ်ရသည်ကို ဘက်ပေါင်းစုံမှ ဖေါ်ထုတ်ဆွေးနွေးမှု လူထုများ အတွင်း ပေါ်လာအောင် စတင်လုပ်ဆောင်နေသည်ကို မတွေ့ရ။ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများနှင့် သာ အချိန် ဆွဲထားလျှက်ရှိသည် မှာ အထင်အရှားပင်။ အဘယ်ကြောင့် ဆိုသော် အပစ်အခတ်ရပ်စဲရေးရှည်ကြာလေလေ စစ်အာဏာရှင်စနစ် ခိုင်မြဲလေ လေ ဖြစ်သောကြောင့်ပင်။

သာဓက တခုပြပါမည်။

ရှစ်လေးလုံးအပြီး ရှမ်းပြည်တောင်ပိုင်း တောင်တန်းများပေါ်၌ ကျောင်းသားတပ်တခုကို ဦးဆောင်ကာ လှုပ်ရှားလျှက် ရှိစဉ်အတွင်း
စာရေးသူသည် စစ်အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်လျှက်ရှိသည့် ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေး တပ်ဦး မှ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှုးချုပ်ထွန်းကျော်နှင့် တွေ့ဆုံခင်မင်ခွင့်ရခဲ့သည်။ တောင်ကြောကြီးတခုအပေါ် နေရာ ယူလျှက် ရက်တချို့ကြာမျှ တော်လှန်ရေးတပ်များ အတူတကွပူးတွဲ စခန်းချ နားနေလျှက်ရှိစဉ် စကားပြောဆို အမြင် ဖလှယ် ခွင့် များ ရခဲ့သည်။ ဗိုလ်မှုးချုပ်ထွန်းကျော် သည် စစ်ရေးအရ ထက်မြက်သူဖြစ်ပြီး ထိုစဉ်က စစ်ပွဲတပွဲ တိုက် ရုံမျှနှင့် ရန်သူ့ ထံမှ လက်နက် ၁၈ လက်ရအောင် တိုက်ပြနေခဲ့သူဖြစ်သည်။ တော်လှန်ရေး သမားကောင်းတဦးဘဲ ဟု မိမိစိတ်တွင် သတ်မှတ်ခဲ့ဘူးသည်။

သို့ရာတွင် နှစ်တချို့ကြာပြီးနောက် အပစ်အခတ်ရပ်စဲရေးများ ခေတ်စားလာသောအခါ ကလလတ သည်လည်း အပစ် ရပ် အဖွဲ့
အစည်းစာရင်းဝင်ဖြစ်သွားခဲ့သည်။ ဤတွင် န၀တ စစ်အစိုးရက ကလလတ စစ်ခေါင်းဆောင်များအား စီးပွား ရေးလုပ်ငန်းများဖြင့် မြှုဆွယ်ပြီး စစ်ဘက်နှင့် နိုင်ငံရေး ခွဲပါတော့သည်။ ယခုဆိုလျှင် ဗိုလ်မှုးချုပ်ထွန်းကျော်မှာ မြို့ပေါ်၌ အကြီးအကျယ်ကြီးပွားချမ်းသာ နေပြီဖြစ်ကြောင်း ကြားရသည်။ ၄င်းတဦးအနေဖြင့် ဘ၀လွတ်မြောက်ရေး နှင့်ငြိမ်းချမ်းမှု ရသွားခဲ့ပါပြီ။ စစ်အာဏာရှင်စနစ်ကို မထိပါးသမျှကာလပတ်လုံး ၄င်းအား လက်ရှိ စစ်အစိုးရက ရန်ရှာမည် မဟုတ် တော့ပါ။

ဗိုလ်မှုးချုပ်ထွန်းကျော်မြှော်မှန်းတိုက်ပွဲဝင်ခဲ့သည့်ကရင်နီ လူထုကြီးလွတ်မြောက်ရေး၊ ကရင်နီ လူထုအနေဖြင့် ရသင့်ရ ထိုက်သည့်
ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ်အခြေခံသည့်ငြိမ်းချမ်းမှုရရေး မှာမူ ဝေလာဝေးနေဆဲဖြစ်သည်။ လုံခြုံမှုမှာ ကျီး လန့်စာစားနေရဆဲဖြစ်သည်။ စီးပွားရေးအခွင့်အလန်းအရဆိုလျှင် အနိမ့်ဆုံးကလေးပင် မရသေးပါ။ ကရင်နီပြည်နယ် လောပီတမှ ရေအားလျှပ်စစ် အကြီး အကျယ်ထွက်ပြီး မြန်မာနိုင်ငံအတွင်းရှိမြို့ပြဒေသများ (အထူးသဖြင့် စစ် အာဏာ ရှင်စနစ် ယန္တယား ပိုမိုလည်ပတ်စေမည့် နေရာများတွင်) အဓိကထားသုံး နေသည့်အချိန်၌ ယင်းသယံဇာတ ပစ္စည်း၏ ပိုင်ရှင် ကရင်နီလူထုကြီးနေထိုင်သည့် ကျေးရွာများမှာ ယနေ့အထိ လျှပ်စစ်မီးမရကြသေးပါ။

ဤသည်မှာ စစ်အစိုးရအဆက်ဆက် ယနေ့တိုင် နှစ်ပေါင်း ၂၀ ကျော် ဖေါ်ဆောင်ဆဲဖြစ်သည့် အပစ်အခတ်ရပ်စဲရေး အဓိက
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အကျိုးဆက်ဖြစ်သည်။

ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်စေရန် တိုင်းရင်းသားတပ်ပေါင်းစုများ၏ ကြိုးပမ်းမှုများ


စစ်အစိုးရက ကချင်အမျိုးသား အစည်းအရုံး ကေအိုင်အိုကို ဖိတိုက်နေစဉ် (နောက်ပိုင်းတွင် အက်စ်အက်စ်ပီပီ ရှမ်း အဖွဲ့နှင့် ပါတိုက်ပွဲများဖြစ်လာ) ကျန်သည့် တိုင်းရင်းသား အဖွဲ့အစည်းကြီးများက ကေအိုင်အို ကို နိုင်ငံရေးအရ ၀န်းရံရေးမှာ မလုပ်မဖြစ်
လုပ်ဆောင်ရမည့် လုပ်ငန်းဖြစ်လာသည်။

တပြည်လုံးအပစ်အခတ်ရပ်စဲရေးတောင်းဆိုထားသည်ကို ဦးသိန်းစိန်အစိုးရက မျက်ကွယ်ပြုလျှက်ရှိခြင်း၊ ကေအိုင်အို အပေါ် ဆက်လက်ထိုးစစ်ဆင်နေခြင်း၊ များအားထောက်ပြလျှက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီသည် ၂၀၁၂ ခုနှစ် ဇူလိုင်လ (၂၂) ရက်နေ့တွင် ၄င်းတို့၏နိုင်ငံရေးရပ်တည်ချက်ကို ထုတ်ပြန်ကျေငြာခဲ့သည်။ ယင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံကိုလက်ခံ၊ နိုင်ငံရေးပါတီထောင်၊ ရွေးကောက်ပွဲဝင်၊ လွှတ်တော်အတွင်း၌အများစုဆန္ဒမဲဖြင့် ဖွဲ့စည်းပုံကို ပြင်ဆင်သွားရန်ဟူသည်ကို လက်မခံနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လွတ်လပ်မှုနှင့် တန်းတူညီမျှမှု အပေါ်အခြေခံလျှက် ဆွေးနွေးညှိနိုင်းအဖြေရှာမှု မဟုတ်၍ဖြစ်ကြောင်း ဟူ၍ဖြစ်သည်။

ထို့အပြင် ကေအင်ယူက အဖွဲ့ဝင် တဖွဲ့ အဖြစ်ပါဝင်လျှက်ပင်ရှိသော တိုင်း ရင်းသားလူမျိုးများကောင်စီက ၂၀၁၂ ခုနှစ် စက်တင်္ဘာလ (၂၂) ရက်နေ့တွင် အောက်ပါအတိုင်းကြေငြာချက်ထုတ်ကာ စစ်အစိုးရနှင့် ထိတွေ့ဆက်ဆန်မှုများ အားလုံး ကို ဆိုင်းငံ့ရန် တိုက်တွန်းလိုက်သည်။
"သမတ ဦးသိန်းစိန် အနေဖြင့် ကချင်ပြည်၌ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်တန့်ရန် အမိန့်ထုတ်ပြန်ခဲ့သော်လည်း မြန်မာစစ်တပ်က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကို ရပ်ဆိုင်းရန် တောင်းဆိုသည်။ ဤကဲ့သို့ ကချင်ပြည်၌ ထိုးစစ်ဆင်တိုက်ခိုက်မှုများ
ဆက်လက်ပြုလုပ်ပါက အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသော တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ အနေဖြင့် ပြည်ထောင်စု အစိုးရနှင့် ထိတွေ့ဆက်ဆန်မှုများ အားလုံးကို ဆိုင်းငံ့ရန် တိုင်း ရင်းသားလူမျိုးများကောင်စီက တိုက်တွန်းသည်။"


ကေအင်ယူ ပါဝင်လျှက်ရှိသော တိုင်းရင်းသား တပ်ပေါင်းစုကြီးများက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ပြီး ပြည်တွင်းငြိမ်းချမ်းရေး အတွက် စစ်မှန်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာအောင် စုပေါင်းဖိအားပေး နေသည့်အချိန်မှာပင် ကေအင်ယူ ၏ တပ်မဟာ
ဆက်ဆန်ရေးရုံးဟူသည်များတခုပြီး တခုပေါ်လာနေလျှက်ရှိသည်။ ယင်းကို ကြည့်ခြင်းဖြင့် ကေအင်ယူအတွင်း၌ တခုခုတော့ အမှားအယွင်းဖြစ်နေပြီ ဟူသည်ကို မြင်နိုင်သည်။

ကေအင်ယူ နှစ်ဖွဲ့ကွဲသွားစေရန် ဦးသိန်းစိန်ဦးဆောင်သည့် စစ်အစိုးရက သတ်ရှိုဖြိုခွဲသလား။
ဤသည်ကို ပြောရခက်ခဲ့ပါသည်။ ပြီးခဲ့သော စစ်အစိုးရများ အဆက်ဆက် နှစ်ပေါင်း ၂၂ နှစ်ကျော်ကြာ အပစ်အခတ် ရပ်စဲခဲ့သည့်ဖြစ်စဉ်များ အတွင်း သတ်ရှိုဖြိုခွဲမှုများ တွေ့ခဲ့သဖြင့် ယခုကေအင်ယူ ကိစ္စတွင်လည်း အလားတူ ခန့်မှန်း နိုင်သည်။ သို့ရာတွင် အတိအကျ မပြောနိုင်ခဲ့ပါ။ ယခု သံသယဖြစ်ဘွယ် အချက်တရပ်ပေါ်လာပါပြီ။ အောက်တို ဘာ လ (၁၁) ရက်နေ့နံက် လွတ်လပ်သော အာရှအသံနှင့် တွေ့ဆုံမေးမြန်းခန်း၌ ငြိမ်းချမ်းရေး ၀န်ကြီး ဦးအောင်မင်း က ကေအင်ယူကို ရည်ညွှန်းကာ အောက်ပါအတိုင်းပြောသွားခဲ့သည်။

(ဤလင့်ခ် တွင် နားဆင်ပါ။ https://docs.google.com/open?id=0BzC8VZhwp11ASUthY0JzOVFVZW8 )

"နိုင်ငံရေး အဖွဲ့နဲ့စစ်ရေး အဖွဲ့နှစ်ခုရှိတာပေါ့ဗျာ။ စစ်ရေး အဖွဲ့က ငြိမ်းချမ်းရေးကို မြန်မြန်သွားခြင်တယ်။ နိုင်ငံရေး အဖွဲ့ကတော့ ငြိမ်းချမ်းရေးကို တဆင့်ပြီး တဆင့်သွား ခြင်တယ်။"

ဘယ်လိုပါလိမ့် ၀န်ကြီးမင်း။ ဒါဟာ ကေအင်ယူကို နှစ်ခြမ်းခွဲလိုက်တာ မဟုတ်ဘူးလား ဟု မေးစရာပင် မလိုတော့ပါ။ ကေအင်ယူ ကွဲမှာ စိုးရိမ်၍ ကေအင်ယူ၏ သမိုင်းအစဉ်အလာ၊ နိုင်ငံရေးရပ်တည် ချက်၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမူ၊ ကိုယ်ကျိုးစွန့်သည့်လုပ်ဟန်တို့ကို လေးစားတန်ဘိုးထားသော လူထုများ နှင့် မဟာမိတ်အဖွဲ့ အစည်းများက ၀ိုင်းဝန်းအကြံပေးကြ၊ အားပေးကြ၊ ၀န်းရံကြ လုပ်နေကြခြင်းဖြစ်သည်။

ဦးအောင်မင်းထိုသို့ ပြောနေ သည့် နေ့ရက်အထိ ကေအင်ယူသည် နှစ်ဖွဲ့မကွဲခဲ့ပါ။ နိုင်ငံရေး အဖွဲ့နှင့် စစ်ရေးအဖွဲ့ နှစ်ခု ဆိုသည်မှာ လုံးဝမမှန်ပါ။ ကေအင်ယူသည် တခုတည်းသာရှိသည်။ ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် သည် တခုတည်းသော ဗဟို ကော်မတီ၏ ဦးဆောင်မှု အောက်မှာပင် ယနေ့အထိ ရှိနေဆဲဖြစ်သည်။

ယင်းကို မျက်ကွယ်ပြုလျှက် နိုင်ငံရေး အဖွဲ့နှင့် စစ်ရေးအဖွဲ့ နှစ်ခုရှိသည် ဟု ၀န်ကြီး ဦးအောင်မင်းက ပြောလိုက်ခြင်း မှာ ကွဲနေပြီဟု ၄င်းကိုယ်တိုင်က အများသိအောင် ကြေငြာလိုက်ခြင်း မဟုတ်ဘူးလား။ ဦးအောင်မင်းသည် မီး ကလေး တစ အား တောမီးကြီး ဖြစ်အောင် မလုပ်သင့်ပါ။ စစ်ရေးအဖွဲ့က ငြိမ်းချမ်းရေးကို မြန်မြန်သွားခြင်တယ် ဟူ၍ သုံးလိုက် ခြင်းဖြင့်လည်း ငြိမ်းချမ်းရေး ကိစ္စ၌ စစ်ရေးအဖွဲ့က ရှေ့မှာ ရောက်နေပြီး အတက်ကြွဆုံးလုပ်နေ
သည့် သဘော ပြော လိုက်ခြင်းဖြစ်သည်။ အများထင်ယောင်မှားအောင် ကြေငြာလိုက်ခြင်းဖြစ်သည်။ အချက်အလက်အရ လုံးဝ ပင်လွဲမှား နေသည်။

ကေအင်ယူ ဗဟိုကော်မတီသည် ငြိမ်းချမ်းရေးကို အတက်ကြွဆုံးတောင်းဆိုလာခဲ့သည်မှာ နှစ်ပေါင်းကြာလှပါပြီ။ မှတ်မိ သမျှ နှစ်ခုထောက်ပြပါမည်။ တခုက ကေအင်ယူဥက္ကဌ ဗိုလ်ချုပ်ကြီးမြက ၁၉၉၀ ခုနှစ်တွင်ကေအင်ယူပါဝင်ဖွဲ့စည်းထား သည့် မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် ကို ဦးဆောင်ခဲ့စဉ်က ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် စစ်အစိုး ရ ကို ကမ်းလှမ်းခဲ့ဘူးသည်။ ထို့နောက်ကွယ်လွန်သူ ဖဒိုစောဘသင် ဥက္ကဌအဖြစ် ဆောင် ရွက်ခဲ့စဉ်ကလည်း ငြိမ်းချမ်း ရေး ဆွေးနွေးပွဲများကျင်းပရန် စာနှင့်ရေးကာ ကမ်းလှမ်းခဲ့ဘူးသည်။ ယင်းတို့မှာ ကေအင်ယူ၏ နိုင်ငံရေးက ဦး ဆောင် နေတာ မဟုတ်ဘူးလား။ ယခုလည်း စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး နှင့် အဖွဲ့ကို အပစ်အခတ်ရပ်စဲရေး ဆွေး နွေးပွဲသို့ ကေအင်ယူတခုလုံး၏နိုင်ငံရေးကိုဦးဆောင်နေသည့်လက်ရှိအမှုဆောင်ကော်မတီ က စေလွှတ်ခြင်း မဟုတ် ဘူးလား။ ယင်းသို့ဖြစ်ပါလျှက် "စစ်ရေးအဖွဲ့က ငြိမ်းချမ်းရေးကို မြန်မြန်သွားခြင်တယ်" ဟူ၍ ကရင်လူထု နှင့် အောက် ခြေတပ်ထုများ ထင်ယောင် ထင်မှား ဖြစ်အောင် ဦးအောင်မင်း ဘာကြောင့်ပြောနေပါသနည်း။

ပို၍ဆိုးသည်မှာ အောက်ပါ စကားလုံးကို သုံးသွားခြင်း ဖြစ် သည်။

"သူတို့နှစ်ဖွဲ့တွေ့ဆုံဆွေးနွေးခြင်တယ် ဆိုရင်လဲ ရန်ကုန်မှာလား ဘန်ကောက်မှာလား သူတို့ဆွေးနွေးခြင်တဲ့နေရာမှာ ဖြစ်အောင်
စီစဉ်ပေးပါမယ်။"

ယင်းအပြောအရ ရှင်းနေသော အချက်မှာ ကေအင်ယူ နှစ်ဖွဲ့ ရှိသည့်အနက် နှစ်ဖွဲ့လုံးကို ဆက်ဆန်သွားမည် ဟူ၍ ကြိုတင် မီးစိမ်းပြ လိုက်ခြင်းဖြစ်သည်။ ကေအင်ယူကို စည်းလုံးညီညွတ်စေခြင်ရင် နှစ်ဖွဲ့တွေ သုံးဖွဲ့တွေ ပြောနေစရာ အကြောင်းမရှိပါ။ ကေအင်ယူ၏ လေးနှစ်တကြိမ်ညီလာခံမှ တရားဝင် ရွေးချယ်တင်မြှောက်ထားသော ကြီးငါးကြီး ခေါင်းဆောင်သည့် ဗဟိုအလုပ်အမှု ဆောင်ကော်မတီနှင့်ဖြစ်စေ၊ ၄င်းတို့က တာဝန်ပေးစေလွှတ်လိုက်သည့် ကိုယ်စား လှယ် အဖွဲ့နှင့် ဖြစ်စေဆက်ဆန်သွားရန်သာ ရှိသည်။

ဦးအောင်မင်းသည် ကေအင်ယူကို စည်းလုံးညီညွတ်စေခြင်ရုံသာမက ပြည်ထောင်စု တခုလုံးအတွက် ထာဝရ ငြိမ်းချမ်း ရေးကို မရောက် ရောက်အောင် သွားခြင်သည်ဟု ဆိုလျှင် တပြည်လုံးအပစ်အခတ်ရပ်စဲရေးကို ချက်ခြင်းကျေညာကာ နိုင်ငံရေးအင်အားစု အားလုံးကိုပါ ဖိတ်ခေါ်လျှက် နိုင်ငံရေးဆွေးနွေးမှုများ အမြန်ဆုံးဖေါ်ဆောင်ရန်သာ ရှိသည်။ သို့မဟုတ်ပါက ဦးအောင်မင်းသည် အပြောတမျိုး၊ အလုပ်တမျိုးလုပ်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန်သာ ပံ့ပိုးပေးနေသည်ဟု သုံးသပ်ရပါမည်။

အပိုင်း(၅) ကို ဆက်လက်ဖတ်ရှုပါရန်

အောင်ထူး (ရှေ့နေ)

သောက်ရေခပ်တမံပိတ် ဆို့မှုကြောင့် ရေလျှံထွက်ပြီးဒေသခံများ ကူးသန်းရောင်းဝယ်ရန် အခက်ကြုံ

အောက်တိုဘာလ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ(ကေအိုင်စီ)


ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် မြန်မာအစိုးရနှင့် ရွှေ စွမ်းအင်(အေးရှားဝေါ)ကုမ္ပဏီတို့ ပူးပေါင်းသည့် သောက်ရေခပ် ရေ လှောင်တမံ ပိတ်ဆို့မှုကြောင့် ချောင်းရေစီးဆင်းမှု ရပ်တန့်ကာ ရေလျှံထွက်သည့်အတွက် တောင်သူဒေသခံ လူထုမှာ ကုန်စိမ်းများ ကူးသန်းရောင်းဝယ်ရန် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲလျှက်ရှိသည်။
သောက်ရေခပ်ချောင်းပေါ်တွင် တည်ဆောက်ထားသည့် ၎င်းရေလှောင်တမံသည် ယခု အောက်တိုဘာလ ၁၃ရက်နေ့က ဘောဂလိကြီးမြို့နှင့် တောင်ငူမြို့ကို ဖြတ်သန်းသွားလာရသည့် ပလက်ဝတံတား ရေနစ်မြုပ်သွားသဖြင့် ဒေသခံများ ကုန် ကူးသန်းရောင်းဝယ်၍ မရတော့ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တောင်ငူခရိုင် ဥက္ကဌ ပဒိုစောအယ်ဝါးက ကေအိုင်စီသို့ ပြောသည်။

ပဒိုစောအယ်ဝါးက “သောက်ရေခပ်နဲ့ မြစ်ငန်းချောင်း နှစ်ခုက စီးလာတဲ့ရေတွေက ဆက်မသွားနိုင်တော့ဘဲ တောင်ကုန်း ပေါ်မှာရှိတဲ့ တံတားလည်း ရေမြုပ်သွားတယ်။ သွားလာလို့ မရတော့ဘူး။ နောက် အနီးအနားမှာရှိတဲ့ တောင်သူတွေရဲ့ ခြံ တွေကော မင်းကွတ်သီး၊ ကွမ်း၊ ဖာလာနဲ့ ဒူးရင်းသီးခြံတွေကော အဲဒီဒေသက ထွက်တဲ့ အသီးအနှံတွေ အကုန် ဆုံးရှုံးသွား တယ်”ဟု ပြောသည်။

သောက်ရေခပ်ရေလှောင်တမံ ပိတ်ဆို့မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ဒေသခံများထံ အသိပေး အကြောင်းကြားခြင်းမရှိသကဲ့သို့ ရေလျှံထွက်မှုကြောင့် ထိုရေလှောင်တမံအနီးရှိ ကျေးရွာပေါင်း ၄၀ခန့်မှ ဒေသခံပြည်သူ တစ်သောင်းကျော်အတွက် စီးပွားရေး ထိခိုက်နစ်နာပြီး ဆုံးရှုံးမှုများစွာရှိနေကြောင်း ပဒိုစောအယ်ဝါးက ဆက်ပြောသည်။

အောက်တိုဘာလ ၁၃ရက်နေ့က ၎င်းရေလှောင်တမံဆည်ကို မည်သည့်အချိန်တွင် စတင်၍ပိတ်ပစ်လိုက်ကြောင်း မသိရှိရ သော်လည်း ထိုနေ့ နေ့လည် ၁၁နာရီခန့်တွင် ပလက်ဝတံတား ရေနစ်မြုပ်နေပြီဖြစ်ကာ ယနေ့အထိ နှစ်မြုပ်နေဆဲဖြစ်၍ တောင်ငူဒေသခံများမှာ တစ်ရက်လျှင် ၀င်ငွေ သိန်းရာနှင့်ချီပြီး ထိခိုက်ရကြောင်းလည်း တောင်ငူဒေသခံတစ်ဦးက ပြော သည်။

၎င်းက “ရေတွေက အောက်ဘက်ကို ဆက်စီးလို့ မရတော့ဘဲနဲ့ အပေါ်ကိုပြန်တက်သွားပြီး ရေလျှံသွားတာ၊ အခု တံတားက အစအန လုံးဝ မမြင်ရတော့လောက်အောင် ရေမြုပ်သွားပြီ။ ဒါကြောင့် ဒီနေ့အထိ ဘာပစ္စည်းမှသယ်လို့ကို မရတော့ဘူး”ဟု ပြောသည်။

သောက်ရေခပ်ချောင်းပေါ်တွင် တည်ဆောက်ထားကာ တောင်ငူမြို့အရှေ့ဘက်မိုင် ၂၄မိုင်ခန့်ကွာတွင် တည်ရှိသည့် ပလက်ဝတံတားသည် သောက်ရေခပ်ရေလှောင်တမံနှင့် ၁၀မိုင် အကွာအဝေးရှိပြီး တောင်ငူမြို့၏ ကုန်းမြင့်ပိုင်းတွင် တည်ရှိ သည်။
သောက်ရေခပ်ရေလှောင်တမံကို ယခုနှစ်၊ နိုဝင်ဘာလတွင် အပြီးဆောက်လုပ်၍ လျှပ်စစ်ဓာတ်အား ၄၀ မဂ္ဂါဝပ် စတင် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျှက်ရှိပြီး ထိုရေလှောင်တမံကြောင့် ရေ၀ပ်မည့် ဧရိယာမှ ဥယျာဉ်ခြံဧကပေါင်း ၅၆ဧကအတွက် မြန်မာကျပ်ငွေ သိန်းနှစ်ထောင်နီးပါးကိုသာ ပေးဆောင်ခဲ့သေးကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ရက်နေ့က သောက်ရေခပ်ရေလှောင်တမံ တည်ဆောက်မှုနှင့် ပတ်သက်၍ စိုးရိမ်မှုရှိကြောင်း ဆန္ဒထုတ်ဖော်ပွဲတစ်ခုကို ဒေသခံကျေးရွာလူထု ၂၀၀ဦးခန့်က တောင်ငူခရိုင်ရှိ KNU ထိန်းချုပ်နယ်မြေ၌ ပြုလုပ်ခဲ့ကြသေး သည်။

"ပဒိုကွယ်ထူးဝင်းနှင့်ပဒိုအောင်မော်အေး သို့ တုန်ြ့ပန်စာ" (အီးမေးမှပေးစာတစ်စောင်)

အီးမေးမှတဆင့်ပေးပို့ လာသော တုန့် ပြန်စာတစ်စောင်ကို တင်ပေးလိုက်ပါတယ်။

Response to P'doh Kweh Htoo Win and P'doh Aung Maw Aye Oct

Type the rest of your post here.

Monday, October 15, 2012

ပဒိုဒေးဗစ်ထော ငြိမ်းချမ်းစွာ ထ၀ရ အနားယူသွားလေပြီ



တိုင်းပြည်နှင့်လူမျိုးအတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် နောက်ဆုံးထွက်သက်အထိ တာဝန်ထမ်းဆောင်သွားပြီး အားလုံးကို နှုတ်ဆက်ထွက်ခွာသွားသော ကေအဲန်ယူ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ဘူးသူ ပဒိုဒေးဗစ်ထောအား ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ ပဒိုဒေးဗစ်ထော တစ်ယောက် ကောင်းကင်ဘုံ၌ ထ၀ရ ပျော်ရွှင်ချမ်းမြေ့ပါစေ။

ကျန်ရစ်သူမိသားစုများနှင့်အတူ ကျနော်တို့ အဖွဲ့ သားများမှ ထပ်တူကြေကွဲ ၀မ်းနည်းပါကြောင်းအထူးပြောကြားလိုပါသည်။


Type the rest of your post here.

ပဒိုစောဒေးဗစ်ထော၏ ရုပ်အလောင်းကို ယနေ့ နယ်စပ်သို့ပြန်သယ်ဆောင်လာ

အောက်တိုဘာလ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စစ်ဆေးရုံတွင် ယမန်နေ့ည ၁၀နာရီခွဲကျော်၌ အဆုတ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့သူ ပဒိုစောဒေးဗစ်ထော၏ ရုပ်အလောင်းကို မနက် ၁နာရီခွဲအချိန်တွင် ကရင်ပြည်နယ်ဘက်သို့ ပြန်လည် သယ်ဆောင်လာခဲ့သည်။

ယမန်နေ့ညက ဟယ်လီကော်ပတာဖြင့် သယ်ဆောင်ရန် စီစဉ်ခဲ့သော်လည်း ၎င်း၏ရုပ်အလောင်းနှင့်အတူ နီးစပ်ရာ ဆွေမျိုး မိတ်ဆွေများပါ လိုက်ပါလိုသည့်အပေါ် ရန်ကုန်မြို့မှ ကား ခုနှစ်စီးဖြင့် ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ယနေ့မနက်တွင် ဖားအံမြို့သို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်၏ စီစဉ်ပေးမှုဖြင့် မနက် ၈နာရီခွဲခန့်အချိန်တွင် ဖားအံမြို့မှတဆင့် ကော့ကရိတ်၊ ထိုမှတဆင့် ဆက်လက် ထွက်ခွာလာရာ အလယ်ဘိုတဲနေရာသို့ နေ့လည် ၁၂နာရီကျော်တွင် ရောက်ရှိလာပြီးဖြစ်ကြောင်း ခရီးစဉ်ကို ဆက်သွယ် စီစဉ်သူများ၏ ပြောကြားချက်အရ သိရသည်။

ခန့်မှန်းခြေအားဖြင့် ယနေ့မွန်းလွဲပိုင်းတွင် မြ၀တီမြို့သို့ရောက်ရှိပြီး မြ၀တီ ဆက်ဆံရေးရုံးမှ တာဝန်ရှိသူအချို့နှင့် ကေအဲန်ယူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်သူ ဗိုလ်မှူးကြီးထူးထူးလေးတို့က စောင့်ကြို၍ ထိုမှတဆင့် ထိုင်း-မြန်မာနယ်စပ်သို့ သယ်ဆောင်သွားရန် ကေအဲန်ယူ ခေါင်းဆောင်များနှင့် နီးစပ်ရာ အသိုင်းအ၀ိုင်းက အဆင်သင့် စီစဉ်ထားကြသည်။
http://www.kicnews.org/?p=13715

ဖဒိုဒေးဗစ်ထောကွယ်လွန်မှု ၀န်ကြီးဦးအောင်မင်း နှမြော

ဦးစံမိုးဝေ
14.10.2012

ကရင့်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဗဟိုကော်မတီဝင်လည်းဖြစ်၊ မြန်မာ အစိုးရနဲ့ ငြိမ်းချမ်းရေးရယူဖို့ ဆွေးနွေးတဲ့ နေရာမှာ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ဆောင်ရွက်နေသူ တဦးလည်းဖြစ်တဲ့ ဖဒို စောဒေးဗစ်ထော ဟာ တနင်္ဂနွေနေ့ည ၁၀ နာရီ ၃၇ မိနစ်က ရန်ကုန်မင်္ဂလာဒုံ စစ်ဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။

ဖဒိုစောဒေးဗစ်ထော ဟာ မကြာသေးခင်က ဘားအံမြို့မှာ KNU နဲ့ မြန်မာအစိုးရတို့ အကြား နှစ်ဘက်ဆက်ဆံရေးရုံး ဖွင့်ဖို့ ကိစ္စအတွက် သွားရောက်ချိန်မှာ ကျန်းမာရေး အခြေအနေ ဆိုးရွားလာတဲ့အတွက် ရန်ကုန်မြို့မှာ ဆေးကုသ ခံယူဖို့အတွက် မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့က စီစဉ်ခဲ့တာပါ။

မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကတော့ ဖဒိုစောဒေးဗစ်ထော ဟာ အစိုးရနဲ့ KNU တို့အကြား ငြိမ်းချမ်းရေးကို စတင်လုပ်ဆောင်ခဲ့သူတဦး အဖြစ် မြင်ပါတယ်။

“ဒီငြိမ်းချမ်းရေးကို စခဲ့တာကတော့ တကယ်တော့ ဗျာ၊ အဲဒီမှာ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ရယ်၊ ဦးအားတိုးရယ်၊ ဗိုလ်ချုပ် ဒေးဗစ်ထောရယ်၊ သူတို့ ၃ ယောက်နဲ့ ကျနော်တို့ စပြီးတော့ ကျနော်တို့က ဆွေးနွေးတာပေါ့ ခင်ဗျာ။ အဲဒီ ဆွေးနွေးတာကနေ ဒီလောက်အထိ အသီး အပွင့်တွေ ဖြစ်လာရတာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ငြိမ်းချမ်းရေးကို စခဲ့တဲ့ ခေါင်းဆောင်တယောက် အနေနဲ့လည်း ကျနော်က မြင်ပါတယ် ခင်ဗျာ။”

ငြိမ်းချမ်းရေးတင်းပြည့် ကျပ်ပြည့် ရရှိတဲ့အချိန် မရောက်သေးခင် ကွယ်လွန်သွားတဲ့ အတွက် စိတ်ထိခိုက်မှု ဖြစ်ရတယ်လို့ ပြောပါတယ်။

“ဟို. . . အရမ်းနှမြောတာပေါ့ ခင်ဗျာ။ ငြိမ်းချမ်းရေးက ရောင်နီတွေ သန်းနေပြီ။ မကြာခင်မှာ ငြိမ်းချမ်းရေး အလင်းရောင် ရတော့မယ်။ အဲဒီအချိန်လေးမှာ ဒီလိုဆုံးပါးသွားတော့ ဗျာ၊ နောက်ဆုံးအချိန်အထိ မတွေ့လိုက်ရတာကိုပဲ၊ နှမြောတာပေါ့ခင်ဗျာ။”

ကွယ်လွန်သွားပြီး ညတွင်းချင်းပဲ ဖဒိုစောဒေးဗစ်ထော ရဲ့ ရုပ်အလောင်းကို ကရင်ပြည်နယ် ကို ပို့ဆောင်ပေးဖို့ စီစဉ်ပေးခဲ့ကြောင်း ၀န်ကြီး ဦးအောင်မင်းက ပြောပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ ကရင်အသိုင်းဝိုင်းက လူကြီးတွေဖြစ်ကြတဲ့ ဒေါက်တာ စောစိုင်မွန်သာ၊ ဗိုလ်မှူးကြီး စောထွန်းအောင်မြင့် တို့လည်း ပို့ဆောင်ရာမှာ လိုက်ပါသွားကြတယ်လို့ သိရပါတယ်။

ကွယ်လွန်ချိန်မှာ ဖဒိုဒေးဗစ်ထောရဲ့ အနီးမှာ သား သမီး မြေး စတဲ့ မိသားစုဝင်တွေ စုံစုံညီညီ ရှိနေကြပြီး၊ ဘာသာရေးအရ ၀တ်ပြုဆုတောင်းမှု ပြုလုပ်ခဲ့သလို တပ်မတော်သားတွေ ကျဆုံးတဲ့အခါ နှုတ်ဆက်လေ့ရှိတဲ့အတိုင်း အလေးပြု နှုတ်ဆက် ခဲ့ကြကြောင်း ဦးအောင်မင်းက ပြောပါတယ်။

KNU ခေါင်းဆောင်တယောက်ကို စစ်ဆေးရုံကြီးမှာ အထူးကုဆရာဝန်ကြီးတွေနဲ့ ဂရုစိုက်ကြပ်မတ် ကုသမှုပေးခဲ့တာဟာ နှစ်ဘက်အကြားမှာ တန်းတူညီမျှ သဘောထားပြီး အလေးထား လုပ်ဆောင်ခဲ့တယ် ဆိုတာကို ပြသတာပဲ ဖြစ်ပါတယ်လို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဗွီအိုအေ ကို ပြောဆိုပါတယ်။

အခုလို ဖဒိုစောဒေးဗစ်ထော ကွယ်လွန်သွားပေမဲ့ ငြိမ်းချမ်းရေး အတွက် ကျန်သူတွေက လက်ဆင့်ကမ်းလုပ်ဆောင် သွားကြရမှာ ဖြစ်တယ်လို့လည်း ၀န်ကြီး ဦးအောင်မင်းက ပြောပါတယ်။

“ဘာမှ မဖြစ်နိုင်ပါဘူးခင်ဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့လည်း အခု ဗဟိုကော်မတီတွေ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အတွက် သူတို့ ထပ်ပြီးတော့ ဟိုမှာ ဆွေးနွေးနေကြပါတယ်။ ဘာပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ ဒီငြိမ်းချမ်းရေး အလံတော်ကြီးကို ဦးဒေးဗစ်ထော ကနေ နောက်တယောက်ကိုပေး၊ နောက်တယောက်က ဒါကြီး ဆက်သယ်။ ငြိမ်းချမ်းရေး မဖြစ်မချင်း ထာဝရ ငြိမ်းချမ်းရေး မရောက်မချင်း ဒါ ဆက်လုပ်ရမှာပါပဲ။ တယောက်ကျဆုံးသွားလို့ ဒါ ဥစ္စာကြီး မဖြစ်ဘူးဆိုတာ မဖြစ်ပါဘူးဗျာ။ အားလုံးက ကျန်တဲ့လူမှာ တာဝန်ရှိပါတယ်။ တယောက် တလှည့် ဆက်သယ်ရမှာပဲ ဖြစ်ပါတယ် ခင်ဗျာ။”

ဖဒိုစောဒေးဗစ်ထောကို KNU တပ်မဟာ (၇) နယ်မြေအတွင်းမှာ ရှိတဲ့ အစဉ်အလာအရ ကရင်ခေါင်းဆောင်တွေကို မြှုပ်နှံတဲ့နေရာမှာ ဈာပန အခမ်းအနား ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
http://burmese.voanews.com/content/phado-david-htaw-orbit-10-14-12/1526509.html

KNU ငြိမ်းချမ်းရေး ခေါင်းဆောင် ပဒိုဒေးဗစ်ထော ကွယ်လွန်


ဖနိဒါ | တနင်္လာနေ့၊ အောက်တိုဘာလ ၁၅ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၀၅ မိနစ်

ချင်းမိုင်(မဇ္စျိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး KNU ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်တဦး
ဖြစ်သည့် ပဒိုစောဒေးဗစ်ထော သည် တနင်္ဂနွေနေ့ည ၁၀ နာရီခွဲချိန်တွင် ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ စစ်ဆေးရုံ၌
ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားကြောင်း သိရှိရသည်။

KNU တရားရေးဌာနမှူးဖြစ်သည့် အသက် ၆၅ နှစ်အရွယ် ပဒိုဒေးဗစ်ထောသည် ဆီးချိုနှင့် အဆုတ်ရောဂါတို့ဖြင့် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း သားဖြစ်သူ ဘုတ်ဘုတ် (ခ) စောအယ်ကော်ထော က ပြောသည်။

“ဖြစ်တာက နှစ်နှစ်၊ သုံးနှစ်ရှိနေပြီ။ သူ ရန်ကုန်မသွားခင် သူ့ဆရာဝန်ကတောင်မှ မသွားဖို့ တားထားတာ။ မသွားရင် အကောင်းဆုံးပဲလို့ ပြောတယ်။ ဒါပေမယ့် သူက သူ့အလုပ်နဲ့ သူသွားချင်တော့ ဆရာဝန်ကလည်း ခွင့်ပေးတာပေါ့နော်” ဟု မဇ္ဈိမကို ပြောသည်။

အစိုးရ၏ အစီအစဉ်ဖြင့် သူ့၏ ရုပ်အလောင်းကို ရန်ကုန်မြို့မှ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်
ကျေးရွာထိ သယ်ဆောင်ယူ မည်ဖြစ်ပြီး မဇ္ဈိမက ဆက်သွယ်မေးမြန်းနေစဉ် ကော့ကရိတ်သို့ ကျော်လာပြီ
ဖြစ်ကြောင်း သားဖြစ်သူက ပြောသည်။

ပဒိုဒေးဗစ်ထော၏ ရုပ်ကလာပ်ကို KNU ၏ တပ်မဟာ ၇ နယ်မြေ ဗဟို စစ်ဌာနချုပ်၌ သင်္ဂြိုဟ်ရန် စီစဉ်ထားသည်
ဟု KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တဦးဖြစ်သည့် သစ်တောဌာန တာဝန်ခံ ပဒိုအားတိုး က ပြောသည်။

စောဒေးဗစ်ထောမှာ KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တွင် အတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အစကတည်းက ပါဝင်ခဲ့သူဖြစ်၍ ဆုံးရှုံးမှု ကြီးမားလှကြောင်း ပဒိုအားတိုး က ဆက်ပြောသည်။

“သူက KNU ဗဟိုမှာ တရားရေးတာဝန်ခံ ဖြစ်တယ်။ ကျနော်တို့အဖွဲ့အစည်းမှာလည်း လုပ်လာတာလည်း ကြာပြီ။ ဒါကြောင့်လို့ အဖွဲ့အစည်းအနေနဲ့ ကရင် တော်လှန်ရေးသမား တဦး၊ ကရင်ခေါင်းဆောင်တဦး ဆုံးရှုံးရတဲ့အတွက် အများကြီး ဝမ်းနည်းပါတယ်” ဟု မဇ္စျိမကို ပြောသည်။

စောဒေးဗစ်ထောကို ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် ဇာတိဖြစ်၍ ဦးရွှေထောနှင့် နော်မေဖိုး တို့မှ ၁၉၄၈ ခုနှစ်တွင်
မွေးဖွားခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ သမိုင်းဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။

ကွယ်လွန်ချိန်တွင် ဇနီး နော်ဂျင်းဂျာ၊ သမီး လေးဦးနှင့် သား တဦး ကျန်ရစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့က ဘားအံမြို့တွင် ဗဟိုဆက်ဆံရေးရုံး သွားရောက်ဖွင့်လှစ်သည့်ကိစ္စနှင့် ပတ်သက်၍ ပဒိုဒေးဗစ်ထော အပါအဝင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင်တို့ သုံးဦးအား KNU တာဝန်မှ ရပ်စဲခြင်း ခံခဲ့သည်။

သို့သော် ထိုသို့ ၎င်းတို့အား တာဝန်မှ ရပ်စဲခြင်းနှင့် ပတ်သက်၍ ဗဟိုအလုပ်အမှုဆောင် ကော်မတီများအကြား
ပြန်လည်ညှိနှိုင်း၍ ပြေလည်မှု ရရှိသွားကြောင်းလည်း သိရှိရသည်။

Sunday, October 14, 2012

KNU အတွင်း စည်းလုံးညီညွှတ်ရေး လူထုအခြေပြုအဖွဲ့များ ပါဝင်လုပ်ဆောင်သွားမည်

အောက်တိုဘာလ ၁၄ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(KNU)အတွင်း စည်းလုံးညီညွှတ်မှု ဆက်လက် တည်ရှိသွားရန်အတွက် ကရင်လူထုအခြေပြုအဖွဲ့များ (KCBO)အနေဖြင့် ထိရောက်စွာ ပါဝင်လုပ်ဆောင်သွားမည်ဟု ယမန်နေ့က ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ပြုလုပ်သည့် အစည်းအဝေး ၌ ဆုံးဖြတ်ခဲ့ကြသည်။



၎င်းစည်းဝေးပွဲကို ကရင်စည်းလုံးညီညွှတ်ရေး နှီးနှောဖလှယ်ပွဲဖြစ်မြောက်ရေးကော်မတီ(KUSC)မှ ဦးစီးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူထု အခြေပြုအဖွဲ့ ၁၆ဖွဲ့မှ ကိုယ်စားလှယ် ၄၀နီးပါး ပါဝင်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ KUSC အဖွဲ့ဝင် နော်လယ်လားခူ့ထူးက “ကေအဲန်ယူအဖွဲ့အစည်းထဲမှာ ပြိုကွဲမှုမရှိဘဲ စည်း လုံးညီညွှတ်ကြဖို့အတွက်ကို လူမှုအဖွဲ့အစည်းအနေနဲ့ ဦးတည်ဆွေးနွေးပြီး ဘာတွေဝိုင်းဝန်းကူညီပေးသွားနိုင်မလဲ ဆိုတာကို အဖြေရှာတဲ့ အနေနဲ့ ဆွေးနွေးကြတာပါ”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ကေအဲန်ယူ ဗဟိုခေါင်းဆောင်များအတွင်း ပဋိပက္ခများ ဖြစ်ပေါ်နေမှုအပေါ် ဆွေးနွေးပွဲ တက်ရောက်လာသူ ကိုယ်စားလှယ်များ က ၎င်းတို့၏အမြင်များ၊ သုံးသပ်ချက်များနှင့် အကြံပြုချက်များကို တစ်ဦးတစ်ဖွဲ့ချင်းမှ အုပ်စုလိုက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

“ကေအဲန်ယူတွင်း စည်းလုံးညီညွှတ်စေချင်တဲ့ ကျမတို့ရဲ့သဘောထားတွေကို တင်ပြသွားမယ်။ ပြီးတော့ အဲလိုညီညွှတ်ဖို့အတွက် ဘယ် လိုလုပ်ဆောင်သွားမလဲ ဆိုတဲ့အချက်နှစ်ချက်ကို ဒီအစည်းအဝေးမှာ ဆုံးဖြတ်ချက်ချနိုင်ခဲ့တယ်။”ဟု နော်လယ်လားခူထူးက ဆက်ပြော သည်။

“ဒီအစည်းအဝေးဟာ တကယ်အားရကျေနပ်ရတယ်။ ကေအဲန်ယူရဲ့ ဖြစ်ပေါ်လာတဲ့ အကွဲအပြဲတွေအပေါ်မှာ ကျနော်တို့ KCBO ကနေ ဘယ်လိုဝန်းရံသွားမလဲဆိုတာကို အဓိကထားပြီး အသေးစိတ် ဆွေးနွေးတယ်။ ဒီဆွေးနွေးချက်အပေါ်မှာ လူတိုင်းက ညီညွှတ်စေချင်တော့ ဘက်နှစ်ဖက်စလုံးကို ဘယ်လိုပုံစံ ချဉ်းကပ်မလဲဆိုတာနဲ့ အမျိုးသားရင်ကြားစေ့ကို ၀န်းရံသွားဖို့ ရှိတယ်”ဟု ပြောဆိုသည်။

ကရင်လူထုအခြေပြုအဖွဲ့များသည် လူထုနှင့် အမြဲထိတွေ့နေသလို ကေအဲန်ယူနှင့် ကာလအတန်ကြာ ဆက်စပ်လုပ်ဆောင်နေသည်ဖြစ် ၍ ၀ိုင်းဝန်းအကြံပြု လုပ်ဆောင်မှုများမှာ အခက်အခဲရှိလောက်သည့် အနေအထားမျိုး မရှိကြောင်းကိုလည်း သူက ဆက်ပြောသည်။

ဤအစည်းအဝေးတွင် ကရင်အမျိုးသားစည်းလုံးညီညွှတ်ရေးလုပ်ငန်းကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး ၎င်းကော်မတီဝင် အချင်းချင်း ရှေ့ ဆက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို သီးသန့် ဆွေးနွေးတိုင်ပင် ဆောင်ရွက်သွားရန်ရှိသည်ဟု သိရသည်။

ပြည်သူလူထု၏အမြင်နှင့်မေးခွန်းများ (သို့ မဟုတ်) ဖိုးဖိုးအတွက် မေးခွန်းများ

Some questions for Pu Pu(ဖိုးဖိုး - ကရင်ဘာသာဖြင့်)ဆိုပြီး ရောက်လာတဲ့ အီးမေးပေးစာကို တင်ပေးလိုက်ပါတယ်။

Some questions for Pu Pu
Type the rest of your post here.