မိုးသီးဇွန် နှင့်အင်တာဗျူး
စစ်နဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ မေးခွန်းများ
ဝေမှူး- ကိုမိုးသီး ဘယ်တော့လောက်ပြန်လာဦးမလဲ။ ၂၀၁၂ စက်တင်ဘာလာတုံးက ကိုမိုးသီးတို့ နဲ့  အစိုးရ၀န်ကြီးတွေ ဆွေးနွေးမှုတွေက အဆင်ပြေလား။
မိုးသီး- ကျနော်ကို ဗီဇာထုတ်ပေးမယ်ဆိုတာနဲ့ ပြန်လာဖို့ အဆင်သင့်ပါပဲ။ ကိုလှမောင်ရွှေကို
ကျနော်တို့ ဆက်သွယ်တယ်။ နောက်တချိန် မြန်မာပြည်လာဖို့  ဗီဇာကိစပါ။ သူတို့ ဖက်ကအကြောင်းမပြန်ဘူး။ ကျနော်တို့ ပြောနေတာဆိုနောတာ၊ရေးနေတာတွေကို မကြိုက်တဲ့သဘောထားရှိတယ်လို့ ဆိုပါတယ်။ အစိုးရကြားချင်နေတာတွေကို ပဲကျနော်တို့ ပြောနေရင် ရေးနေရင် အစိုးရကို ကူညီရာမရောက်တော့ပဲ ဖျက်ဆီးသလိုဖြစ်နေမှာပေါ့။ သူတို့ ကြားခြင်နေတာတွေကို နစ်ပေါင်း ၅၀ ကြားခဲ့ပြီးပြီ၊ နိဂုံးချုပ်ကိုလဲတွေ့ ခဲ့ပြီပြီ။ ဒီတခါတော့ အစိုးရအနေနဲ့  မကြားချင်တာတွေကိုနားထောင်နိင်စွမ်း၊ သဘောထားကွဲလွဲမှုတွေကို လက်ခံနိင်စွမ်းကို လက်တွေ ပြရမဲ့အချိန်ဖြစ်လာပြီ။
ဒီမိုကရေစီဆိုတာ အစိုးရကိုလွတ်လပ်စွာဝေဖန် ခွင့်ရှိရမယ်လေ။ အခုဆိုရင်တချို့ဂျာနယ် တွေထဲမှာလဲဝေဖန်နေကြတာပဲ။ တချို့ ဂျာနယ်တွေမှာ အစိုးရကိုဝေဖန်မှုတွေနဲ့  ကျနော်တို့ ပြောတဲ့အချက်တွေနဲ့အတူတူပဲ။ ကျနော်တို့ ဝေဖန်တော့ကျနော်တို့ ကို အမြက်သိုလို့ မရဘူးလေ။ အခုဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ၈၈မျိုးဆက်တွေအစိုးရနဲ့နားလည်မှုရှိနေကြပြီ၊ ကောင်းပါတယ်။
ကျနော်တို့ ကတော့အစိုးရလုပ်ရပ်တွေနား မလည်နိင်သေးဘူး။ ဝေဖန်နေဦးမယ်။
ကျနော်တို့အတိုက်ခံလုပ်လို့ မရဘူးလား။ ဒီမိုကရေစီနိင်ငံတခုမှာ အစိုးရကိုထောက်ခံတဲ့သူရှိတယ်။ ဝေဖန် တဲ့သူ ကန့် ကွက်တဲ့သူလဲရှိရမယ်လေ။
ကျနော်တို့ နဲ့အစိုးရ၀န်ကြီးတွေ ပထမအကြိမ် ဆွေးနွေးမှုတွေက ဘာတခုမှာ သဘောတူညီ ထားမှုမရှိသေးပါဘူး။ ဦးအောင်မင်းတို့ အနေနဲ့ သတိပြုသင့် တာကရှေ့ ကနေ တဖွဲ့ ပြီးတဖွဲ တယောက်ပြီးတယောက်နဲ့ဆွေးနွေးမှုတွေသလုပ်နေတာ နောက်ဖက်က ဆက်ပြီးအကောင်ထည်ဖေါ်နိင်တာမရှိသေးဘူး။ ခုနက ကျနော်ပြောသလိုပေါ့သူတို့ မှလူမရှိတော့တဲ့ပြသနာကြီးကြုံနေတာ ကျနော်တို့ တွေ့ နေရတယ်။ အခု ကျနော်တို့ နဲ့ပြောတယ်။ ကျနော်တို့ ပြန်လာပြီး ဖွင့်ဖြိုးရေးတွေလုပ်မဲ့ကိစ္စ ဆက်လို့ မရဘူး ဖြစ်နေတယ်။ ကျနော်တို့ ကို ဆွေးနွေးဖို့ လာပါ၊ ပြောင်းလဲနေတာ လာကြည့်ပါလို့ ပြောတယ်။ ကျနော်တို့  မြင်တာတွေပြောခွင့်ပြုပါလို့ ကျနော်ဒီတချက်ကို တောင်းဆိုတယ်။ ကျနော်တို့ မြင်တာတွေပြောတယ်။ နောက်- ကျနော့်ကို လူသတ်မှု အစိုးရတရားရုံးတခုကအမှုဖွင့်လိုက်တယ်။ ဒီတော့ ကျနော်တို့  က ဘယ်လိုသဘောထားရတော့မလဲ။ ရှေ့ က ငြိမ်းချမ်းရေးလုပ်တယ်။ နားလည်မှုတွေလုပ်တယ်။ နောက်က နေ ဓါးနဲ့ ထောက်ထားသလိုဖြစ်မနေဘူးလား။ ကျနော်တို့ လုပ်မဲ့အလုပ်တွေတန့် သွားတယ်။ ကျနော်တို့ တန့် သွားတော့သူတို့ လဲတန့် မှာပဲ။
အခုလဲကချင်တွေ၊ကရင်တွေနဲ့အပြစ်ခတ်ရပ်နေတယ်။ ဒီအဖွဲ့ တွေကိုရော ဘာတွေနဲ့ ကန့် ထားဦးမလဲဆိုတာလူတိုင်းက စဉ်းစားလာတာပေါ့။
ဝေမှူး- တကယ်လို့ ပြန်လာဖြစ်ရင် အကို ဘာကို အလုပ်ချင်ဆုံးလဲ။
မိုးသီး- တိုင်းပြည် ပြန်လည်တည်ဆောက်ရေးတွေကိုလုပ်ခြင်တယ်။ နိင်ငံရေးအရ အတိုက်ခံလုပ်ခြင်တယ်။ ဦးသိန်းစိန်ရဲ့  အများစုပါတီကိုရော ၊ ဒေါ်စုရဲ့ အနည်းစုပါတီကိုပါ
ကျနော်တို့  ဝေဖန်သင့်တာတွေဝေဖန်ခြင်ပါတယ်။ သူတို့ ကိုလဲ ပိုပြီးသတိထားနိင်တာပေါ့။
ဝေဖန်တဲ့အတွက်ကျနော်တို့ ကို မုန်းမှာပါ။ ဒါကို ကျနော်တို့ ခံပါမယ်။
ဒီမိုကရေစီမှာ အတိုက်ခံ တွေလိုတယ်လေ။
ပြည်သူလူထုတွေအတွက် တော့ သောက်သုံးရေရရှိနိင်ရေးအတွက် လုပ်ခြင်တယ်။
ကျနော်တို့ အမိမြေငြိမ်းချမ်းရေးအဖွဲ့ ဝင်တွေထဲမှာလဲ သူတို့ နိင်တဲ့တာဝန်တွေကို သူတို့ ပြန်လုပ်ပေးချင်တဲ့သူတွေရှိတယ်။ ကျမ္မာရေး၊စီးပွားရေး၊လူမှုရေးလုပ်ငန်းတွေပေါ့။
ကျနော်တို့ အဖွဲ့ ဝင်တွေထဲက ကိုထွန်းအောင်ကျော်က လူမှုရေးအသင်းအပင်းတွေကိုဘယ်လို တည်ထောင်ရတယ် ဆိုတာတွေကို ပြန်လည်သင်တန်းတွေလုပ်ပေးချင်တယ်။
ကိုမူးသာက Food နဲ့ ပတ်သက်တဲ့သင်တန်း။ ကိုကိုလေးက လဲ ဓါတ်ပုံသင်တန်းတွေပေးချင်တယ်။ အားလုံးကတော့လက်ရှိနိင်ငံရေးအခင်းအကျင်းမှာ ပါဝင်ကူညီခြင်ကြတယ်။ သူတို့  ဟာ ၂၄ နစ်လုံး မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် မဆုတ်မနစ်ကြိုးပန်းဆောင်ရွက်ခဲ့သူတွေဖြစ်တယ်။
ဝေမှူး - နိင်ငံရေးပြောင်းလဲမှုတွေနဲ့ပတ်သက်လို့ အကိုရဲ့ အမြင်တွေကို သိချင်တယ်။
အခု အစိုးရနဲ့  ကချင်အမျိုးသားအစည်းအရုံး( KIO) တို့  အပြစ်ခတ်ရပ်စဲရေးလုပ်ဖို့  ဦးအောင်မင်းနဲ့  ကချင်ခေါင်းဆောင်တဦးဖြစ်တဲ့ ဂွမ်မော်တို့  ရွှေလီမှာစတင်တွေ့ ဆုံခဲ့ကြပါပြီ။
ဒီအပေါ်မှာအလားအလာ ကို အကိုဘယ်လိုမြင်ပါသလဲ။
မိုးသီး- ကျနော်အမြင်ကတော့ စစ်ကိုအမြန်ဆုံးရပ်၊ ငြိမ်းချမ်းရေးလုပ်တာ ကောင်းတယ် လို့ မြင်ပါတယ်။ ဦးအောင်မင်း၊ဦးစိုးသိန်းတို့ နဲ့ ကျနော်တို့ တွေ့ ဆုံဆွေးနွေးစဉ်ကလဲ
စစ်ကို အမြန်ဆုံးရပ်ဆိုင်းပြစ်ဖို့  ငြိမ်းချမ်းရေးလုပ်ဖို့  တိုက်တွန်းခဲ့ပါတယ်။
မြန်မာ ပြည်ဟာပြည်တွင်း စစ်သက်စိုးအရှည်ဆုံး၊ ပတိပက္ခတွေကအများဆုံးနိင်ငံဖြစ်ပါတယ်။
စစ်ကြောင့် တိုင်းပြည် စီးပွားရေး၊လူမှုရေး၊ ပညာရေး၊ တိုင်းပြည်တည်ဆောက်ရေးတွေ ဘယ်လောက်ဆုံးရှုံးမယ်၊အချိန်၊ လူသားအရင်းမြစ်၊ စွမ်းအင် စတာတွေ ကုန်ခန်းစေတယ်ဆိုတာ ကျနော်အထူးရှင်းပြစရာမလိုတော့ပါဘူး။ မိသားစုတိုင်းခံစားနေကြရပါပြီ။
ဒီအတွက် ကချင်နဲ့  အပြစ်ရပ်ပြီး နှစ်ဖက် စကားပြောကြတာကောင်းပါတယ်။ ပြောလို်က်-တိုက်လိုက်မဖြစ်ဖို့ လဲလိုပါတယ်။
ဝေမှူး- အစိုးရက ဘာကြောင့်ကချင်ကိုတိုက်နေတာလဲ။ ကချင်ကရော ဘာကိုလိုချင်သလဲ။
မိုးသီး - ဒီအမေးကို ပေါင်းချုပ်ပြီးပြေရမယ်ဆိုရင် ၊ အစိုးရကချင်ဒေသကိုထိမ်းချုပ်ဖို့ ဆိုတာက
နိင်ငံရေး၊ စီးပွားရေးရည်မှန်ချက်ရှိနေတာ လူတိုင်းသိနေတာပဲ။ ကချင်ဒေသက အရင်းအမြစ်တွေ ကို လူတစုက ကိုယ်ကျိုးအတွက်အသုံးပြုချင်နေကြတာပါ။
အစိုးရအဆက်ဆက်မှာ တိုင်းရင်းသားဒေသတွေဆီက အရင်းမြစ်တွေကိုလိုခြင်တယ်။ ခေါင်းပုံဖြတ်တယ်။ ဒီဒေသတွေဖွင့်ဖြိုးမှုကြတော့ ဘာတခုမှ ထိထိရောက်မလုပ်ပေးခဲ့ကြဘူး။
ဒီနေ့ တိုင်းရင်းသားဒေသတွေကိုကြည့်ရင် သမိုင်းဦးဘုံမြေခေတ် အဆင့် Primitive Stage မှာပဲ၇ှိနေသေးတယ်။ စိုက်ပျိုးရမယ်။ အမဲလိုက်ရမယ်။ လောင်စာအတွက် ထင်းခွေရမယ်ဆိုတဲ့အဆင့်ပေါ့။
တိုင်းရင်းသားတွေဟာ ခေတ်သစ်ကမ္ဘာကြီးရ့ဲ ဟိုချောင် ကိုရောက်နေကြရတယ်။
အလွယ်ဆုံးပြောရင် ဒီနေ့ ကမ္ဘာကြီးဟာတလုံးထဲမဟုတ်တော့ဘူး နှစ်လုံးဖြစ်နေပြီ။
တလုံးက မီးလာတဲ့ကမ္ဘာကြီး ၊ မီးမလာတဲ့ကမ္ဘာကြီး။
မီးလာတဲ့ကမ္ဘာကြီမှာ ဆူပါမကက်ရှိတယ်။ နိင်ငံတကာ ကျောင်း (International School) ရှိတယ်။ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်နိင်တဲ့နေရာရှိတယ်။ အနှိပ်ခန်းရှိတယ်။ အင်တာနက်ရှိတယ်။
မီးမလာတဲ့ကမ္ဘာကြီးထဲမှာ တိုင်းရင်းသားတွေ နေထိုင်နေရတယ်။ သူတို့ မှာဘာမှမရှိဘူး။
ဒါကြောင့်သူတို့ ဘာလိုချင်သလဲ ဆိုရင် မီးလာခြင်တယ်။ ကျောင်းတွေဖွင့်ခြင်တယ်။ စက်ရုံတွေအလုပ်ရုံတွေဖွင့် ချင်တယ်။ လမ်းတွေဖေါက်တံတားတွေဆောက်ခြင်တယ်။
ဖွင့်ဖြိုးရေးတွေလိုခြင်တယ်။
ဒါတွေက အစိုးရအဆက်ဆက် က ဖွင့်ဖြိုးရေးတွေ လုပ်ပေးမယ်ဆို ကတိက၀တ်တွေပြုကြတယ်။ အနော်ရထာမင်းကလဲ သူလုပ်ပေးမယ်ပြောတယ်။ ဖြစ်မလာဘူး။ ဘုရင်နောင် ၊အလောင်းဘုရားတို့ ကလဲ သူလုပ်ပေးမယ်ပြောတယ်။ ဖြစ်မလာဘူး။ ဦးနု၊ဦးနေ၀င်း၊ ဦးသန်းရွေ ခေတ် မှာလဲ ဖြစ်မလာဘူး။
ဒီနေ့ အထိ ဘာတခုမှာ ဖြစ်မလာဘူး။ တိုင်းရင်းသားတွေဟာ
ပြည်ထောင်စုနေနီးလာရင် ပြက္ခဒိန် ထဲမှာ ဗမာ စုံတွဲကို အလယ်ကထားပြီး ကျောက်တိုင် ကိုဝိုင်းပြီး ဓါတ်ပုံအရိုက်ခံရတာကလွဲလို ဘာမှ ရမလာကြသေးဘူး။
တိုင်းရင်းသားဒေသတွေကို နိင်ငံရေးခေါင်းဆောင်တွေသွားကြတယ်။ တိုင်းရင်းသားဝတ်စုံဝတ်ပြီး ဓါတ်ပုံရို်က်ပြီး ပြန်လာကြတယ်။
ဘာမှဖြစ်မလာဘူး။ ဒီတော့ ၀ါဒဖြန့် ချီမှုတွေရပ်ဖို့ အချိန်တန် နေပြီ။
တိုင်းရင်းသားဒေသတွေလိုခြင်နေတဲ့ မီးလာနေတဲ့ကမ္ဘာကြီးကို ကျနော်တို့ကပေးချင်တယ်ဆိုရင် အကောင်းဆုံးကတော့ တိုင်းရင်းသားတွေကို သူတို့ ပြည်နယ်ကို သူတို့  စီမံခန့် ခွဲခွင့် ပေးဖို့ ပါပဲ။
ကျနော်တို့ ကိုယ်တိုင်သွားရောက်လုပ်ပေးလိုက်မယ်ဆိုတဲ့စေတနာထက်စာရင်သူတို့ ကိုယ်တိုင်သူတို့ ပြည်နည်းကို အုပ်ချုပ်ပါစေ။
တိုင်းရင်းသားဒေသတွေ့ မှာ ပါတီစုံရွေးကောက်ပွဲတွေ လုပ်ခွင့်ပေးပါ။ သူတို့ ပြည်နယ်အစိုးရကို သူတို့ ရွေးကောက်ဖွဲ့ ခွင့်အုပ်ချုပ်ခွင့်ပြုဖို့ ပါ။
ဝေမှူး- တခုဒီမှာကြားနေတာက အစိုးရက ထိုးစစ်ကိုရပ်ဖို့ ညွန်ကြားတယ်။ စစ်တပ်က မရပ်တာလို့ ဆိုတယ်။ ဒါကို ဘာပြောချင်သလဲ။
မိုးသီး- စစ်တပ်ဆိုတာ သမတရဲ့ အမိန့် ကိုနာခံရတာပဲ။ ဒီသမတအမိန့် တော့မနာခံဘူး။
ဟိုသမတအမိန့် မှာ နာခံမယ်လုပ်လို့ မရဘူးလေ။ အမိန့် မနာခံရင် အရေးယူရမယ်။
ဦးစီးချုပ်က မနာခံရင်ဦးစီးချုပ်ကို ဖြုတ်၊ တိုင်းမှုးက မနာခံရင် တိုင်းမှုးကိုဖြုတ်ပေါ့။
သမတအနေနဲ့  ကလဲ သူအမိန့် ကို တပ်က နာခံတယ်။ မနာခံဘူးဆိုတာလွှတ်တော်ကို တင်ပြသင့်တယ်။ လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကို လုပ်သင့်တယ်။ အင်ဒိုနီးရှားမှာ
အီဂျစ်မှာလုပ်သလိုပေါ့။ ဒီလိုမလုပ်ဘူးဆိုရင် သမတ ကိုပါ လူထုနဲ့နိင်ငံတကာ က အယုံအကြည်ရှိမှမဟုတ်ဘူး။
ဝေမှူး- အခုဦးအောင်မင်း က တိုင်းရင်းသားအဖွဲ့ တွေ နဲ့ လိုက်လံဆွေးနွေးနေပါတယ် ။ အပြစ်ခတ်ရပ်စဲရေးတွေဖြစ်လာပါတယ်။ ဥပမာ ကရင်၊ ဒီကေဘီအေ နဲ့  အပြစ်ရပ်လုပ်လိုက်နိင်ပြီ။ ကေအိုင်အိုနဲ့ လဲ အပြစ်ရပ်စဲဖို့ စကားစပြောနေပြီ ..ဒီအပေါ်မှာ ကိုမိုးသီး ဘယ်လို မြင်သလဲ ။
အန်ကယ်ဦးအောင်မင်းက တိုင်းရင်းသားအဖွဲ့ တွေနဲ့  အပြစ်ရပ်စဲဖို့ ကြိုးပန်းနေတာကျနော်တို့ တွေ့ နေရပါတယ်။ သူလဲ ငြိမ်းချမ်းရေးကို လိုချင်တဲ့ဆန္ဒ နဲ့ ပတ်သက်လို့ ကျနော် အငြင်းပွားစရာမရှိဘူး။ ငြိမ်းချမ်းရေးကို လိုလားတဲ့စေတနာမရှိဘူးလို့  မပြောဘူး။ ဒါပေမဲ့ချဉ်းကပ်ပုံက အရေးကြီးပါတယ်။
တိုင်းရင်းသားဒေသတွေဖွင့်ဖြိုးချင်တဲ့စေတာနာ၊ ငြိမ်းချမ်းလိုချင်တဲ့စေတာနာကို အသိမှတ်ပြုတယ်။ ဒါပေမဲ့မြန်မာစကားမှာ စေတာနာနဲ့ကိုယ်ကလုပ်ပေမဲ့တဖက်သားမှာ ဝေဒနာဖြစ်စေတယ်ဆိုတာရှိပါတယ်။
ဒါကြောင့်မူတခု နားလည်မှု ရှိဖို့ လိုတယ်။ ဦးအောင်မင်း ကြိုးပန်းနေတာက အစိုးရကချမှတ်ထားပြီးသား လမ်းကြောင်း Guide Line ပေါ်မှာလုပ်နေတာပါ။
ဒီလမ်းကြောင်းက ပထမ အဆင့် အားလုံးအပြစ်ရပ်မယ်။ နားလည်မှုရတယ်ဆိုရင်
အားလုံးပါဝင်တဲ့ ညီလာခံသဘောမျိုးနဲ့  သဘောတူညီချက်ရေးထိုးမယ်ဆိုတဲ့သဘောမျိုးပေါ့။
တိုင်းရင်းသားတွေဖက်က စိုးရိမ်တာက ဦးခင်ညွန့် လက်ထက်ကလဲ အပြစ်ရပ်မယ်။ ဒေသဖွင့်ဖြိုးရေး ပူးပေါင်းလုပ်မယ်။ နောင်တက်လာတဲ့အစိုးရမှာနိင်ငံရေးစကားပြောကြပေါ့။ ဒီတော့ အမျိုးသားညီလာခံ မှာ တိုင်းရင်းသားတွေကလိုလားချက်တွေကို ပြောကြ။ သဘောတူညီမှုတွေကို အခြေခံဥပဒေမှာပြဌာန်းမယ်။ ဒီလမ်းကြောင်းအတိုင်း ကချင်အပါအ၀င် တိုင်းရင်းသားအတော်များများ လိုက်ခဲ့ကြတယ်။ အခု အရပ်သားအစိုးရတောင်ဖွဲ့ စည်းပြီးသွားပြန်ပြီ တကယ့် ငြိမ်းချမ်းရေးနဲ့ ဖွင့်ဖြိုးမှုတွေကိုမလုပ်နိင်ပြန်ဘူးဖြစ်နေတယ်လေ။ လမ်းပိတ် ( Death End ) ဖြစ်သွားတယ်။
ဒါကြောင့်တိုင်းရင်းသားတွေနဲ့  ယုံကြည်နည်းလည်မှုတွေရနိင်ဖို့ က
တိုင်းရင်းသားဒေသတွေမှာ တပ်ချထားတာတွေကို ပြန်ဆုတ်ပေးဖို့ 
တိုင်းရင်းသား ဒေသ တွေမှာ နိင်ငံရေးလှုပ်ရှားမှုတွေကို စတင်လုပ်ဆောင်ခွင့်၊ ဖွင့်ဖြိုးရေးတွေကို စတင်လုပ်ဆောင်ခွင့်တွေကို အစိုးရက လုပ်ပေးသင့်တယ်။
အခု ပြည်မ မှာ နိင်ငံေ၇းပါတီတွေ စည်းရုံးလှုပ်ရှားခွင့်တွေပေးလာသလိုပေါ့။
သူတို့  ဒေသတွမှာ လဲ နိင်ငံရေးနဲ့  ဖွင့်ဖြိုးရေးတွေကို လုပ်ကိုင်ဆောင်ရွက်ခွင့်တွေကို စတင်ပေးခြင်း၊လိုက်လျောခြင်းတွေနဲ့  ယုံကြည်မှုတွေကို လုပ်ပြဖို့ လိုတယ်။
ဝေမှူး - ငြိမ်းချမ်းရေးလုပ်တဲ့အပိုင်းမှာတချို့ ကလဲ ပြောနေကြတယ်ဗျ၊ ဥပမာ ကြံ့ခိုင်ဖွင့်ဖြိုးရေးအမတ်တဦးဖြစ်တဲ့ ဦးလှရွှေ က လိုအပ်လာရင် ခွန်အားသုံး (Coercion) ပြီး တော့လဲ ငြိမ်းချမ်းရေးလုပ်ရ တာပဲလို့ ဆိုပါတယ်။ သူက အမေရိကန်နဲ့သိရိလင်္ကာနိင်ငံတွေကို ဥပမာပြထားတယ်။ ဒါနဲ့ပတ်သက်လို့  ဘယ်လိုမြင်ပါသလဲ။
မိုးသီး - ဒါကတော့သဘောတရားရေးအပိုင်းဖြစ်လာတာပေါ့လေ။
အမေရိကန် က ဒုတိယကမ္ဘာစစ်မှာ ဖက်ဆစ်ဂျာမဏီကို စစ်ရေးနည်းနဲ့  အနိင်ယူခဲ့တယ်။ ခွန်အားသုံးတဲ့နည်းနဲ့ငြိမ်းချမ်းရေးကိုယူခဲ့တယ်။ ဖက်ဆစ်ဝါဒဟာ အမေရိကန် နိင်ငံရဲ့ ငြိမ်းချမ်းရေးနဲ စံနှုန်းတွေကို ခြိမ်းခြောက်လာတယ်လို့ ယူဆလာတဲ့အတွက်
သူဟာ ခွန်အားကိုသုံးခဲ့တယ်။ ဒီလိုအောင်ပွဲခံတာကိုလဲ လစ်ဘရယ်ဒီမိုကရေစီက ဖက်ဆစ်ဝါဒအပေါ်မှာအနိင်ရခဲ့တယ်လို့ ဆိုပါတယ်။
ဒါကလဲအခြေအနေပေါ်မူတည်သွားပါတယ်။ အမေရိကန် ဟာ အောင်ပွဲခံနိင်တဲ့
ကမ္ဘာ့နိင်ငံရေးအခြေအနေ၊ ပြည်တွင်း လူထုထောက်ခံမှုနဲ့ စီးပွားရေးအနေထားတွေရှိနေပါတယ်။
ဒီတော့ သူဟာ ငြိမ်းချမ်းရေးရဖို့ အတွက် စစ်ပွဲ ထဲကိုပါဝင်လာခဲ့တယ်။ ပထမနဲ့ဒုတိယကမ္ဘာစစ်ကိုနိင်တယ်လို့  ဆုံးဖြတ်ထားတယ်။
တခါ ဗီယက်နမ်စစ်ပွဲကိုတော့ရှုံးတယ်လို့  အမေရိကန် နိင်ငံရေးလောကမှာဆုံးဖြတ်ထားပါတယ်။ ကိုရီးယားစစ်ပွဲကို တော့ မပြီးသေးတဲ့စစ် ( Unfinished war ) လို့ ဆုံးဖြတ်ထားတယ်။
ဗီယက်နမ်စစ်မှာ ဆက်တိုက်ရင် အကျဆုံးများလာမယ်။ အကျိုးသက်ရောက်မှုတွေကြီးလာမယ်။ အကျိုးမရှိဖြစ်လာတယ်။ ၁၉၅၄ ခုနစ်မှာ အမေရိကန် အိုက်ဆင်ဟောင်ဝါသတိပေးတဲ့ ဒိုမီနိသက်ရောက်မှု သီအိုရီကို ခဏ ဘေးချိတ်လိုက်ရတယ်။
ဒါကိုမြင်လာခဲ့အတွက် ၁၉ ၇၆ ခုနစ် နစ်ဆင်လက်ထက်မှာ ကင်ဆင်ဂျာကို တရုပ်ပြည်ကိုလွတ်ပြီး ဗီယက်နမ်ကနေ ထွက်ဖို့  စတင်ပြင်ဆင်ရတော့တယ်။
ဗီယက်နမ်ကျသွားရင် ဒီဒေသမှာ ကွန်မြူနစ်ဝါဒကြီးဆိုလာမယ်။ ဒေသအတွင်း အမေရိကန်ရဲ့ အကျိုးစီးတွေကိုထိခိုက်လာမယ်လို့ မြင်ခဲ့ကြတယ်။ ချကြည့်တယ်။ မရဘူး။
အကောင်သေးတယ်ထင်လို့ မျိုမိတဲ့တဲ့သားကောင်ဟာ အဆိပ်ရှိတဲ့အကောင်ကိုမျိုမိသလိုဖြစ်သွားတယ်။ ဒီတော့ ပြန်ဆုတ်ရတာပါပဲ။
ဒီဒေသကနေ အမေရိကန် ဆုတ်နိင်ဖို့ အတွက် တရုပ်ကိုကြိုတင်ဆွေးနွေးခဲ့ရတာပါ။
သိရိင်္လကာ ကိုလဲကြည့်ဦး။ သိရိလင်္ကာ၊ နာမည်လေးက လှသလောက် ပတိပက္ခကို ရဲ့ ရလဒ်က အရုပ်ဆိုးလှတယ်။ ၁၉ ၈၃ ခုနစ်လောက်က စပြီးအထွတ်အထိပ်ရောက်လာတဲ့ သိရိလင်္ကာ ပြည်တွင်းစစ်မှာ နစ်ဖက်သေဆုံးသူ တသိန်းလောက်သေသွားကြတယ်။
သိရိလင်္ကာအစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုက နိင်ငံတကာ အော်ချသွားရလောက်အထိဖြစ်ခဲ့တယ်။ ကမ္ဘာကြီးက သိရိလင်္ကဆိုတာယဉ်ကျေးသိမ်မွေ့ တဲ့နိင်ငံတခုလို့ မြင်လို့မရအောင်ဖြစ်သွားတဲ့ပေးဆပ်မှုကိုပေးလိုက်ရတယ်။ သိရိလင်္ကာအစိုးရဲ့ ပုံရိပ်နဲ့  ဦးသန်းရွှေလက်ထက်ပုံရိတ် နစ်ခုဟာ နိင်ငံတကာ မျက်နာစာမှာ တန်းတူရှိခဲ့တဲ့အချက်ကို မမေ့ သင့်ဘူး။ အကြမ်းဖက်မှု၊ ရက်စက်မှု၊ ညင်းပန်းနိပ်စက်မှုတွေနဲ့  ရုပ်ဆိုးအကျဉ်းတန်ခဲ့တာကိုခုထိချေဖျက်နေရတုံးဖြစ်တယ်။
ငြိမ်းချမ်းရေးကို စစ်နဲ့ဖြေရှင်းမိခဲ့တာကိုး။
သိရိလင်္ကာစစ်ရေးနဲ့ အောင်မြင်တာကို အားမကျသင့်ဘူး။ သူတို့ အောင်မြင်ခဲ့တဲ့အချက်တွေထဲမှာ..
၁။ အမေရိကန် မှာ ၉/ ၁၁ ဖြစ်ရပ်နဲ့ တိုက်ဆိုင်သွားတယ်။ အစ္စလန်အခြေခံ လက်နက်ကိုင်အဖွဲ့ စည်းတွေကို တမ္ဘာလုံးက စိုးရိမ်သွားတဲ့ကာလ မှာသိရိလင်္ကာ၊ အိန္ဒိယ၊ တရုတ်တို့  ဆွမ်းကြီးလောင်းပွဲနဲ့ကြုံသွားကြတယ်။ သိရိလင်္ကာက တမဲလ်တိုက်ဂါးတွေကိုနိမ်နင်းတာ၊ အိန္ဒိယက ကက်ရှမီးယား သူပုန်တွေကို ချေမှုန်းနေတာ၊ တရုပ်တို့ ရဲ့ ရှင်ကျန်း ဒေသ (တရုတ်မွတ်စလင်ဒေသ) မှာလူအခွင့်အရေးချိုးဖေါက်နေတာတွေကို
အမေရိကန်အပါအ၀င် အနောက်အုပ်စုက နာစေးပေးလိုက်တဲ့ ကာလ ဖြစ်ခဲ့တယ်။
ဆိုလိုတာက ကမ္ဘာနိင်ငံရေးမိုးသက်မုန်တိုင်း ဆင်လာတဲ့ကာလ မှာ သိရိလင်္ကာက အခွင့်ကောင်းယူပြီးအသုံးချလိုက်နိင်တယ်။ နိင်ငံရေးလှုပ်ရှားမှုဆိုတာကလဲ ..
၂။ တမဲလ်တွေခြေကုတ်ယူလှုပ်ရှားရမြေဟာ ကန့် သတ်မြေပြင် ( Limited Terrain) ဖြစ်နေတယ်။ ဒီလိုဒေသမျိုးမှာ စစ်ရေးလှုပ်ရှားတာဟာ ရေတိုအတွက်ရောရေရှည်အတွက်ပါအန္တရယ်သိပ်များတယ်။ ဥပမာ ၁၉ ၇၀ နှောင်းကာလက ဗမာပြည်ကွန်မြူနစ်ပါတီက မြစ်ဝကျွန်းပေါ်ကို မဟာဗျူဟာမြောက်စစ်ဆင်ဒေသအဖြစ်ရွေးချယ်ခဲ့သလိုမျိုး၊ ၁၉ ၄၂ ခုနစ် မှာ ဗြိတိသျတွေက
စင်္ကပူကို အခိုင်မာစစ်စခန်းဖွင့်ပြီး ဂျပန်ရဲ့ ထိုးစစ်ကို ခုခံနေရတဲ့အမှားမျိုး။ ဖေဖေါ်ဝါရီလ ၁၅ ရက် ၁၉ ၄၂နှစ် မှာ ဗြိတိသျ ဗိုလ်ချုပ် အာသာပါစီဘဲလ် (Lt Gen. Arthur Percival) တပ် တသိန်း ၃ သောင်း ဟာ ဂျပန်ဗိုလ်ချုပ် တိုမိုယူကီ၊ယာမာရှီတာ (Tomoyuki Yamashita ) ရှိတာ ထံမှာလက်နက်ချလိုက်ရတယ်။ ဒါအင်္ဂလိပ်စစ်သမိုင်းမှာအဆိုးဆုံးဖြစ်ရပ်။ ထိုးစစ်အသွင်ဆောင်တဲ့ခံစစ်ကိုမလုပ်မိတာလို့ စစ်ပါရဂူတွေက သုံးသပ်တယ်။ ဆိုလိုတာက ထိုင်းတောင်ပိုင်းကဖြတ်ဝင်လာတဲ့ ဂျပန်တပ်ကို ထိုင်း- မလေးရှား အစပ်ကနေထွက်ပြီး စစ်ခံသင့်တာ။ မခံပဲ။ နောက်ဆုတ်ပြီး အသေစစ်ခံခြင်းဖြင့် အင်္ဂလန်က စစ်ကူလာတဲအထိအချိန်ဆွဲထားနိင်တဲ့ခံစစ်ဗျုဟာမျိုးပေါ့။
အင်္ဂလိပ်အတွက် Logistic သိပ်ဝေးနေတာတွေက စစ်ရှုံးစေတဲ့ အဓိကအချက်တွေပေါ့။
တမဲလ်က ဒီထက်ကိုပိုဆိုးတယ်။ အင်အားနည်းရတဲ့အထဲမှာ သူစစ်ရေးလှုပ်ရှားနယ်မြေ Killinochchi က ကျဉ်းတယ်။ ဒီနယ်မြေက သိရိလင်္ကာရဲ့  မြောက်ပိုင်း အစွန်း။ သိရိလကာနိင်ငံတခုလုံးကိုက ပင်လယ်ပတ်ပတ်လည်ဝိုင်းရံနေတဲ့နိင်ငံ။ တမဲလ်ရဲ့ ကျားတွေရဲ့ နောက်ဖက်က ပင်လယ်ကြီးဖြစ်နေတယ်။ ဒီတော့ ပြောက်ကျားတပ်ဖွဲ့ တွက် ကံဆိုးတာပေါ့။
၃။ နောက်တခုက တမဲလ်တွေရဲ့ နိင်ငံရေး တောင်းဆိုမှု၊ သူတို့ က သီးခြား နိင်ငံအဖြစ်တောင်းဆိုတိုက်ကြတော့ ပြည်တွင်းနဲ့ပြည်ပ ထောက်ခံမှု နည်းခဲ့တယ်။
ဒီတော့လဲ တမဲလ်တိုက်ဂါး တွေအတွက် ရောမခေတ်သမိုင်းပညာရှင်ကြီး သီရုဒု ( Thuydides) ‘’ the strong do as they will and weak suffer what they must’’ ပြောခဲ့သလို ဖြစ်ခဲ့ရတာပေါ့။ သင်္ခန်းစာယူစရာတွေပေါ့-
ဝေမှူး- ဆိုတော့ ကချင်အခြေအနေက တမဲလ်နဲ့ မတူတာတွေက ဘာတွေများလဲ။
မိုးသီး-ကချင်မှာကြတော့ တမဲလ်နဲ့မတူဘူး။ နိင်ငံရေးအရအသာစီးရနေတယ်။ တရုပ်နိင်ငံ အတွက် ကချင်က ဘ၀တသက် တာမိတ်ဆွေ (Life Long Partner )၊ ကချင်အရေးက အမေရိကန်နဲ့အနောက်အုပ်စုရဲ့  (Moral Issue) ၊ အမေရိကန် သံရုံးအသစ်ထဲ ဒုတိယကမ္ဘာစစ်က အမေရိကန် ကိုကူညီခဲ့တဲ့ကျေးဇူးကို မှတ်တမ်းတင်ဂုဏ်ပြုတဲ့အနေနဲ့  ဒုတိယကမ္ဘာစစ်က အမေရိကန်စစ်သား နဲ့ ကချင်စစ်သားကြေးရုပ်ထု နှစ်ခုကို သံရုံးအ၀မှာထားဂုဏ်ပြုထားတယ်။ ဒါက You are always my hart ဆိုတဲ့သဘော။ နောက်ပြည်တွင်းက လူထုက ကချင်အပါအ၀င်တိုင်းရင်းသားတွေကို စာနာမှုရှိနေကြတယ်။ ကချင်ရဲ့  မှန်ကန်တဲ့နိင်ငံရေးလမ်းကြောင်းက ခွဲမထွက်ဘူး။ ပြည်ထောင်စု (ခ) ဖယ်ဒရေးရှင်းထဲမှာပါဝင်ဖို့ စိတ်အားထက်သန် တယ်။ စီးပွားရေးအခြေခံကောင်းနေတယ်။
စစ်ရေးမှာတော့ အင်အားခြင်းကွာနေတယ်။ လိုင်ဇာကို ကျမှာသိပ်စိုးရိမ်ပြီး အသေခံရင်တော့ မနပုလောလိုဖြစ်သွားနိင်တယ်။ စင်္ကပူခံတပ်ကိုအသေခံမိတဲ့ အာသာပရက်စဘဲလ်လိုဖြစ်နိင်တယ်။ သူတို့ ရဲ့ ကျယ်ပြောတဲ့ နယ်မြေတွေကိုစဉ်းစားထားရမယ်။ ဒါဆိုရင် သူကို ပိတ်ထားလို့ မရဘူး။အဆိုးဆုံးအခြေအနေမှာအသက်ရှင်နိင်တယ်။ ကချင်စစ်သားတွေက တောင်ပေါ်တိုက်ပွဲ (High latitude ) တိုက်ပွဲအတွေ့ အကြုံများတယ်။
မြန်မာ့တပ်မတော်အနေနဲ့ ဆက်တိုက်ခြင်ရပါတယ်။ လိုင်ဇာကိုရကောင်းရနိင်ပါတယ်။ အကျိုးသက်ရောက်မှုတွေ များမယ်။ နိင်ငံရေး၊ စစ်ရေး ၊ စီးပွားရေးစတာတွေပေါ့။
စစ်နိင်တိုင်း နိင်ငံရေးရည်မှန်းချက်တွေ အောင်မြင်လေ့မရှိပါဘူး။ ဂန္ဒ၀င် ဥပမာကတော့ ရောမမှာဖြစ်ခဲ့တဲ့စစ်ပွဲ။ အင်္ဂလိပ်နိင်ငံရဲ့ ဖြစ်ရပ်တွေဟာ သက်သေတွေဖြစ်ပါတယ်။ ခေတ်သစ်သမိုင်း ပညာရှင်တွေ ဖြစ်တဲ့နေလ်ဖါဂူဆန် ကပထမကမ္ဘာစစ်ဟာအင်္ဂလိပ်အတွက်မဖြစ်သင့်ဘူး ရှောင်လို့ ရနိင်တဲ့နည်းလမ်းတွေရှာသင့်ကြောင်းထောက်ပြတယ်။ သူပြောတာအမှန်ပဲ။ ပထမက္ဘာစစ်ကထဲက အင်္ဂလပ်စီးပွားရေးဟာ Broke ဖြစ်သွားပြီ။
ဘာကြောင့်လဲဆိုတော့အင်္ဂလိပ်ဟာ ၁၉၁၄ ခုနှစ်မှာ ပထမကမ္ဘာစစ်ကို ဖြစ်ခဲ့တယ်။ နိင်တယ်။ အမေရိကန်အကြွေးတွေအဆမတန်တင်သွားတယ်။ ပထမ ကမ္ဘာစစ်မှာ Western Font ဆိုတဲ့ စစ်မျက်နှာပြင်မှာ မရှုနိင်မကယ်နိင်ဘ၀ကိုရောက်နေတယ်။ အမေရိကန် ၀ယ်မကယ်ရင် အင်္ဂလိပ်၊ ရုရှား၊ပြင်သစ် ဟာ အထိနာပြီ။
အမေရီကန်ကလဲ အင်္ဂလိပ်ကို အကြွေးတွေလှိမ့်ပေးထားတော့ အင်္ဂလိပ်သာပထမကမ္ဘာစစ်ထဲက ရှုံးသွားရင် အကြွေးရှုံးတော့အပေါက်ဖြစ်လာတယ်။ ဒီတော့အမေရိကန်ပါ စစ်ထဲဝင်တိုက်ပေးလိုက်ရတဲ့အထိဖြစ်လာတယ်။ ဒါကိုအင်္ဂလိပ်က သခန်းစာမယူဘူး။
ဒုတိယအကြိမ် ၁၉ ၄၂ ခုနစ် ဒုတိယကမ္ဘာစစ်ကို ဂျာမဏီနဲ့  ထပ်ဖြစ်တယ်။ အမေရိကန်ဆီကအကြွေးတွေထပ်ယူရတယ်။ စစ်ကိုနိင်ဖို့ အတွက် ကမ္ဘာချန်ပီယံဆိုတဲ့ရွှေ ခါးပတ်ကြီးကို ပါ အမေရီကန် ဆီမှာပေါင်ပြီး စစ်တိုက်ရသလိုဖြစ်လာတယ်။ ပထမ ကမ္ဘာစစ်ရော၊ ဒုတိယကမ္ဘာစစ်ပါနိင်လိုက်သောငြားလဲ ခေတ်သစ် ကမ္ဘာကြီးမှာ ဆူပါပါဝါအဖြစ်နဲ့ မရပ်တည်နိင်တော့ပဲ ချန်ပီယံဘွဲ့ကို အမေရိကန်ကိုပေးလိုက်ရတယ်။ အင်္ဂလိပ်ဟာ ဒုတိယတန်းစား နိင်ငံအဖြစ်နဲ့ ကျေနပ်လိုက်ရပါတယ်။ ဒါဟာစစ်ကြောင့်ပါ။
စစ်ပွဲတွေအပေါ်မှာအကျိုးမြတ်ရှိခဲ့တာတော့အမေရိကန်ပဲ ထုတ်လုပ်မှုတွေဖက်ကပြန်ရတယ်။ နိင်ငံက တခြားဘယ်နိင်ငံနဲ့မတူတဲ့အချက်က ကြီးမားကျယ်ပြန့်တယ်။ သူအိမ်နီးနားခြင်းတွေဖြစ်တဲ့ ကျူးဘား၊ ကနေဒါနဲ့  မက်ဆီကိုက သူကိုမခြိမ်းခြောက်နိင်ကြဘူး။ကနေဒါနဲ့ မက်ဆီကိုက သူရဲ့မဟာမိတ်တွေဖြစ်နေတယ်။ ကျူးဘားက စကားမပြောကြတဲ့အိမ်နီးနားခြင်းအဆင့်။
ရောမ၊ အော်တိုမန်၊ မွန်ဂို၊ ပါရှန်း၊ မဂို နဲ့ ဗြိတိသျ တို့ ဟာ စစ်ပွဲတွေကြောင့် သမိုင်းအစမှာလျမ်းလျမ်းတောက်တက်လာကြပြီးစစ်ပွဲကြောင့်ပဲ ကျဆုံးခဲ့ရတဲ့သမိုင်းသင်္ခန်းစာတွေကို ကျနော်တို့  ကမ္ဘာသမိုင်းမှာ လေ့လာတွေ့ ရှိခဲ့ပြီးပြီ။
စစ်ပွဲတွေကြောင့် ကျဆုံးသွားရတဲ့ အနော်ရထာ၊ ဘုရင်နောင်၊အလောင်းဘုရား ခေတ်မြန်မာနိင်ငံတော်တွေကျဆုံးခဲ့တာတွေ၊ သူတို နဲ့ခေတ်ပြိုင် မွန်နိင်ငံတော်၊ ရခိုင်နိင်ငံတော် တွေလဲ အချင်းအချင်းဖြစ်လိုက်၊ မြန်မာနဲ့ ဖြစ်လိုက် အဆက်မပြတ်ဖြစ်လာတဲ့စစ်ပွဲတွေကြောင့် ပျက်သုဉ်းခဲ့ရတဲ့အကြောင်း ကျနော်တို့ မြန်မာ့သမိုင်းမှာအဆက်မပြတ်လေ့လာတွေ့ ရှိခဲ့ပြီးပြီ။
ကျနော်တို့ လိုနိင်ငံလေးတွေမပြောနဲ့ အမေရိကန်ဟာ အင်ပါယာဖြစ်နေပေမဲ့ စစ်ပွဲတွေကြောင့်အင်ပါယာတွေကျဆုံးနိင်ကြောင်းကို သမိုင်းပညာရှင်တွေဖြစ်တဲ့ အက်တ၀ပ်ဂစ်ပွန် ( Edward Gibbon) ၊ အာနိုးတွိုင်ဘီ ( Arnold Tybee) တိုလို့  ဆရာကြီးတွေကနေ ခေတ်သစ်သမိုင်းပညာရှင်တွေဖြစ်တဲ့ ပေါလ်ကနေဒီ (Paul Kennedy) တို့  ၊နေလ်ဖါကူဆန် ( Nill Ferguson) တို့ ရဲ့  အလေးအနက်ထောက်ပြထားချက်တွေဟာ ကျနော်တို့ မြန်မာပြည်အတွက်လည်း သခန်းစာယူနိင်စရာတွေဖြစ်ပါတယ်။
ဒီစစ်ပွဲကြီးတွေကို ဆင်နွဲ ရတဲ့အကြောင်း ရောမ အင်ပါယာကအစအင်္ဂလိပ်အဆုံး အကြောင်းပြချက်ကောင်းကောင်းတွေရှိခဲ့ကြတယ်။ ဘာထရန်ရပ်ဆဲလ်ပြောဘူးသလိုပေါ့ War Does not determine who is right –only who is left.
စစ်ပွဲ ဆိုတာအကြောင်းပြချက်ကောင်းနဲ့ စခဲ့ပေမဲ့ အဆုံးသတ်မှာတော့ ရလဒ်ကောင်းခဲ့ကြပါဘူး။ ချစ်သူနစ်ဦး ခါးဖက်သွားတဲ့ ဇတ်သိမ်းခန်းမဟုတ်ခဲ့ဘူး။ ပျော်ရွှင်စွာ ဇတ်သိမ်းခန်း (Happy Ending) မဖြစ်ခဲ့ဘူး။
၁၉ ၁၈ခုနစ် ပထမကမ္ဘာစစ်ပွဲကြီးအပြီး မှာ အင်ပါယာနစ်ခုကိုနိဂုံးချုပ်စေခဲ့တယ်။ အော်တိုမန်အင်ပါယာစစ်ရှုံးလိုနိဂုံးချုပ်သွားတယ်။ မရှိတော့ဘူး။ ၁၉ ၂၀ မှာ တူရီကီနိင်ငံမှာ မွတ်ဖွာကမားက အာဏာလွဲပြောင်းရယူသွားတယ်။ ဒီနေ့ ကျနော်တို့ မြင်နေရတဲ့ တူရီကီနိင်ငံသစ်ကို မွတ်ဖွာကမား က မွေးဖွားပေးခဲ့တယ်။
ရုရှားက ပိုဆိုးတယ်။ စစ်နိင်ရဲ့သားနဲ့  နစ်ပေါင်းရာနဲ့ချီုအုပ်ချုပ်ခဲ့တဲ့ဇာဘုရင်စနစ်ချုပ်ငြိမ်းသွားတယ်။ ဇာဘုရင်ဟာ စစ်ကိုမဲနေတဲ့အတွက် ပြည်တွင်းကနိင်ငံရေးလှုပ်ရှားမှုနဲ့ဖြုတ်ချတာကိုခံလိုက်ရလိုပဲ။ ၁၉ ၁၇ ခုနစ် လီနင်ကိုအာဏာရအောင်လုပ်ပေးလိုက်သလိုဖြစ်သွားခဲ့တာကိုး။
မြန်မာပြည်ကို ပြန်ကြည့်ရင် အစိုးရဟာစီးပွားရေးချွတ်ခြုံကျနေတယ်။
ဒီကြားထဲမှာ စစ်ကို မရပ်ကြပဲဆက်တိုက်နေမယ်ဆိုရင်တော့ လိုင်ဇာကိုသိမ်းလို့ ရမယ်။
စစ်သားတွေရော ၊ ရဲတွေရောစိတ်ဓါတ်တွေကျဆင်းနေတယ်။ အများစုကတပ်ကနေ ထွက်ခြင်ကြတယ်။ လက်နက်ပုံက စစ်သားတွေစိတ်ဓါတ်ထက်မြင့်နေတာပဲရှိတယ်။
နောက်ဆက်တွဲလိုက်လာမဲ့မမြင်ရနိင်တဲ့ ဖြစ်ရပ်တွေအတွက် သူမှာ စွမ်းအား ( Capacity) ရှိသေးလားလို့  မေးစရာဖြစ်လာမယ်။ နိင်ငံတော်ပြိုကွဲမှာစိုးလို စစ်တိုက်နေရပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဆက်တိုက်နေရင် အစိုးရရဲ့အနာဂတ်ဟာမသေချာတော့ဘူး။ အိပ်ခ်ျဝဲလ် ပြောသလို If we don’t end war, war will end us. သူရရှိထားတဲ့အခွင့်လမ်းကောင်းတွေကို ငြိမ်းချမ်းရေးအတွက် တိုးတက်မှုအတွက်အသုံးမချနိင်တဲ့ဘ၀ကိုရောက်သွားတယ်။
ဝေမှူးး- ကိုမိုးသီးအနေနဲ့ လက်ရှိအစိုးရ လုပ်ကိုင်ဆောင်ရွက်မှုတွေ ကို ဘယ်လိုမြင်သလဲ။
မိုးသီး- ကျနော်ရန်ကုန်ရောက်တုံးက သတိပြုမိတာကတော့ အစိုးရထဲမှာ လူသားအရင်းမြစ်တွေခန်းခြောက်သွားတယ်လို့ မြင်တယ်။ ဒါက အရင်အစိုးရအဆက်ဆက် ရန်ကုန်တက္ကသိုလ်ကို ရန်သူလိုသဘောထား ပြီးချေမှုန်းခဲ့တဲ့ဒဏ်ကို အစိုးရကခံလိုက်ရတယ်။ ရန်ကုန်တက္ကသိုလ်၊မန်းတက္ကသိုလ်တို့ ဆိုတာက ခေါင်းဆောင်တွေ ကိုမွေးထုတ်ပေးနေတဲ့ဌာနကြီးတွေပဲ။ သံတမန်တွေ၊ ၀န်ထမ်းတွေကို ဒီဌာနကြီးကပဲမွေးထုတ်ပေးနေတာ။ ၁၉၈၈ခုနစ်စစ်တပ်အာဏာသိမ်းလိုက်ကတည်းက ဒီတက္ကသိုလ်တွေ ဌာနပေါင်းဆုံးက ဆရာဆရာမတွေ၊ ကျောင်းသားတွေ တသုတ်ပြီးတသုတ်နိင်ငံခြားကိုထွက်သွားကြတယ်။ ပြန်မလာကြတော့ဘူး။ ဒီတော့အစိုးရမှာ ကျွမ်းကျင်တဲ့ဝန်ထမ်းတွေ မရှိသလောက်ဖြစ်လာတယ်။
အစိုးရအတွက် နိင်ငံတော်အတွက် မဟာဗျူဟာမြောက်စဉ်းစား တွေးခေါ်နိင်တဲ့သူတွေမရှိ သလောက်ဖြစ်သွားတယ်။
အစိုးရအဖွဲ ထဲမှာ အဓိက သုံးအုပ်စုဖွဲ့ ပြီး မဟာဗျူဟာတွေကို ဆုံးဖြတ်အကောင်တည်ဖေါ်နေတာကိုတွေ့ ရတယ်။ တခုက ဦးသိန်းစိန် အုပ်စု၊ ဦးစိုးသိန်းအုပ်စုနဲ့ဦးအောင်မင်းတို့ သုံးဖွဲထဲက လက်ရှိအခြေအနေတခုလုံးကြီးကို အကောင်ထည်ဖေါ်နေကြတာဖြစ်တယ်။ ဒီတော့ လူနဲ့လုပ်အားမမျှတမှုကြီးဖြစ်နေတယ်။
အကောင်ထည်ဖေါ်ရမဲ့အပိုင်းတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ နှောင့်နေးတာ၊ အချက်အလက်တွေမသိတာ၊ သုတေသနတွေ မလုပ်နိင်တာတွေဖြစ်လာနေတာကိုတွေ့ ရတယ်။ သူတို ကို်ယ်တိုင်မသိကြတော့ ( ဦးစိုးသိန်းကပိုသိပုံရတယ်။ )
ဝေမှူး- ဒီအတွက်သူတို့ ဘာလုပ်သင့်သလဲ။
မိုးသီး- နိင်ငံခြားက ပညာရှင်တွေကို ငှားသင့်တယ်။ နိင်ငံခြားသား ကျောင်းသားတွေကို ဈေးချိုချိုနဲ့ အကူညီတောင်းလို့ ရနိင်တယ်။ သူတို့ ဖက်က ပိုပြီး လိုက်လျောမှုတွေ၊သည်းခံမှုတွေပိုရှိသင့်တယ်။
ဝေမှူး- သမ္မတရဲ့  လက်ရှိဆောင်ရွက်မှုတွေကို ဘယ်လိုမြင်သလဲ။
မိုးသီး-သမ္မတ တော့ အခြေအနေတွေကို ပြောင်းချင်ပုံရှိပါတယ်။ အောက်ခြေ လူထုတွေကလဲပြောင်းချင်ကြတယ်။ ဒါပေမဲ့
အလယ်က လူတွေကမပြောင်းချင်ဘူး ဆိုတာ သိသာနေတယ်လေ။ ၀န်ကြီးထဲတွေမှာ၊ဒုဝန်ကြီးတွေမှာ အရည်အချင်းမရှိသူတွေရှိနေတယ်။ တကယ်က မြန်မာသမ္မတစနစ်က အမေရိကန်ကိုအတုယူသင့်ပါတယ်။ အမေရိကန်မှတော့သမ္မတ ကိုလူထုကယုံကြည်လို့ ရွေးပြီးသွားရင် သမ္မတ က အစိုးရတဖွဲ့ လုံးကိုသူကြိုက်တဲ့သူအရည်အချင်းရှိတဲ့သူတွေကိုပဲ တိုက်ရိုက်ခန့် တော့တာပဲ။
ဒီတော့ နိင်ငံတော်အတွက်အကျိုးရှိတာပေါ့။ ပါတီဝင်တွေဖြစ်ချင်မှာဖြစ်မယ်။ ရွေးကောက်ခံသူတွေဖြစ်ချင်မှဖြစ်မယ်။ စနစ်ဆိုးက အကျင်းဆိုးတွေမကုန်တဲ့သူတွေ ဘယ်သူသေသေငတေမာရင်ပြီးရော လူတွေက မပြောင်းလဲပဲ လုပ်နေကြတာကိုဦးသိန်းစိန်ပိုပြီးဖိအားပေးသင့်တယ်။ ဒါမှသမိုင်းမှာ သူအတွက် Legacy တခုကျန်ခဲ့နိင်တယ်လေ။ စနစ်ဟောင်းက လူတွေအကြောင်းကိုသူသိနေပြီပဲ။ ရဲရဲတင်းတင်းပြောင်းဖို့ လိုတယ်။
ဝေမှူး- အခုလိုဖြေကြားပေးတာကျေးဇူးပါ။
မော်နီတာဂျာနယ်ရဲ့ (Vol-2 ၊ No-44)တွင်ပုံနှိပ်ခဲ့သောအင်တာဗျူး
(စာလုံးပေါင်းအမှားများနှင်စာကျန်များကိုသည်းခံဖတ်ရှုပေးပါရန်..)
http://komoethee.blogspot.com.au/
No comments:
Post a Comment