Friday, July 12, 2013

အဖျက်လုပ်ငန်းတွေလုပ်ဖို့ ရိုဟင်ဂျာ မွတ်စလင် ၃ဝဝ စစ်သင်တန်းတက်

အိမ်မှာမွေးထားတဲ့ခွေးကိုဂျောင်ပိတ်ပြီးရိုက်ကြည့်ပါလား။ ထွက်ပေါက်မရှိရင် ကိုယ့်ကိုပြန်ကိုက်တယ်ဆိုဒါ မကြာခင်မှာမြင်တွေ့ ကြရပါမယ်။


မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေကို နှိပ်စက်သတ်ဖြတ်မှုတွေကို တန်ပြန်ဖို့အတွက် ရိုဟင်ဂျာ မွတ်စလင် ၃ဝဝ လောက်ကို ရခိုင်ပြည်နယ်တွင်းမှာ စစ်သင်တန်း ပို့ချပေးနေတယ်လို့ အင်ဒိုနီးရှားနိုင်ငံထုတ် Jakarta Post သတင်းစာမှာ ဒီကနေ့ဖော်ပြထားပါတယ်။

အဖျက်လုပ်ငန်းရည်ရွယ်ချက်နဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ RSO က ခေါင်းဆောင်နှစ်ဦးဟာ အင်ဒိုနီးရှားနိုင်ငံကို မကြာသေးခင်က သွားရောက်ခဲ့ပြီး လိုအပ်တဲ့အထောက်အပံ့တွေရရှိနိုင်ဖို့ သဘောထားတင်းမာတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လဲ သတင်းမှာဖော်ပြထားပါတယ်။ အဲဒီခေါင်းဆောင်နှစ်ဦးဟာ တိုက်ခိုက်ရေးသမားတွေ၊ လက်နက်တွေ၊ ငွေကြေးအထောက်အပံ့တွေနဲ့ ဗုံးလုပ်နည်း သင်ပြနိုင်သူတွေကို ကူညီဖို့ တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံသား Muhammad Jibril ရဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်မှာ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာမွတ်စလင်တွေ စစ်ရေးလေ့ကျင့်နေတဲ့ ဓါတ်ပုံ ၂၈ ပုံ ကို မနေ့က ဖော်ပြထားတယ်လို့ ဆိုပါတယ်။

Muhammad Jibril ဟာ ပါကစ္စတန် နိုင်ငံ ကရာချိမြို့အခြေစိုက်တဲ့ Jemaah Islamiah (JI) အစွန်းရောက် မွတ်စလင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ ကမ္ဘာကျော် အယ်လ်ခိုက်ဒါ အကြမ်းဖက်အဖွဲ့၊ တာလီဘန်အကြမ်းဖက်အဖွဲ့ တို့နဲ့ အဆက်အသွယ်ရှိတဲ့အတွက် အမေရိကန်ပြည်ထောင်စုက ၂ဝ၁၁ ခုနှစ်မှာ နာမည်ပျက်စာရင်းသွင်းထားခြင်းကို ခံထားရပါတယ်။
http://www.rfa.org/burmese/news/rohingya-military-tarining-07112013114950.html

3 comments:

  1. သောသီခိုသတင်းတွေမှာ ခုနောက်ပိုင်း သတင်းတွေဟာ ဘာသာရေးရနံ့ သင်းလာသလိုပဲနော်။ ကရင်လူမျိုး အသိုင်းဝိုင်းတောထဲမှာ ဝင်မွှေသွားတဲ့ ဘာသာရေးမုန်တိုင်းဟာ စဲမသွားသေးဘူး နောက်ထပ်မုန်တိုင်းတစ်ခု ဝင်မွှေဖို့အားယူနေပြီးလား?????!!!!!

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. သမိုင်းမှာ နောက်ထပ်အမှားတွေ မလုပ်မိဖို့  ကိုယ့်လူတွေ သူများယောင်တိုင်းပါမသွားအောင် ကြည့်တတ်မြင်တတ်အောင် နိုင်ငံရေးနှင့်ဘာသာရေးကို ရောယှက်ပြီး မဟာဝါဒီတွေက ဘယ်လိုအသုံးချခဲ့သလည်းဆိုဒါတွေမြင်နိုင်အောင် သတင်းတွေ ဆက်တိုက်တင်ဆက်ခြင်းသာဖြစ်ပါတယ်။ ကိုယ့်လိုရာကိုဆွဲတွေးပြီး Negative မြင်တွေးရင်တော့ ဆရာတို့ သဘောပါပဲဗျာ။ သမိုင်းက တစ်နေ့ သက်သေခံပါမယ်။ ကျေးဇူးတင်ပါတယ်။

    ReplyDelete