ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း အကြောင်း သုံးသပ်ချက် - ၁
====================================
(က) ၀ လူမျိုး နှင့် ၀ အထူးဒေသ ဖြစ်ပေါ်လာပုံ ( အပိုင်း ၁)
(ခ) တပ်မတော် အစိုးရ နှင့် ၀ အထူးဒေသ ဆက်ဆံရေး ( အပိုင်း ၂ )
(ဂ) တရုတ် နိုင်ငံ နှင့်ဝအထူးဒေသ ဆက်ဆံရေး ( အပိုင်း ၃ )
(ဃ) သုံးသပ်ချက် ( အပိုင်း ၄ )
(က) ၀ လူမျိုး နှင့် ၀ အထူးဒေသ ဖြစ်ပေါ်လာပုံ
--------------------------------------------------
ဝလူမျိုး တွေဟာ မွန်- ခမာ အုပ်စု မှဝ ပလောင်ကွဲ အုပ်စုမှာ ပါဝင်ပါတယ် ရှေးယခင်က တည်းက ယေဘုယျ အားဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း ၊ မိုင်းမောနှင့် ကျိုင်းတုံ ခရိုင်ကြား မှာနေ ထိုင်ကြပြီး အရှေ့ပိုင်း ဖက်မှာ တရုတ်နိုင်ငံ နယ်စပ်နှင့် အနောက်ဖက်မှာ သံလွင်မြစ် တို့ကြားမှာ နေထိုင်ကြပါတယ် ....
“၀”လူမျိုး ကို .ပေစာ၊ ကျောက် စာတွေအရ“၀”၊ လ၀၊ လ၊ လွ ဟု ခေါ်ဝေါ် အက္ခရာ တင်ထားတာ တွေ့ ရှိရပြီး ကိုလိုနီခေတ် မှာတော့ “၀” ဒေသ ကို “WA”(WA STATE) လို့ ပဲ ..သတ်မှတ် ခေါ်ဝေါ်တာကို တွေ့ ရပါတယ် ၀ တွေဟာ .တောင်တက် တောင်ဆင်း ကျင်လည်ပါတယ် .ရှေးယခင်က ခေါင်းဖြတ်ပြီး ယာဇ် ပူဇော် သည့် ဓလေ့ ထွန်းကားပါတယ်။
ယာဇ်ပူဇော်လျှင် ကောက်ပဲသီးနှံ ထွန်းကားပြီး ရောဂါဘယ နည်းပါးတယ် လို့ အယူရှိ ပါတယ် လူစိမ်း ကို သိပ် မနှစ်မျို့ တဲ့  အ တွက် ၀ နယ်အတွင်းရှိ ကျန်လူ မျိုးစုများ ဟာ တစ်နယ်နှင့် တစ်နယ် လည်း ရှေး ယခင် ကတည်းက သိပ် တည့်လေ့မရှိပါဘူး မဟာမိတ်ပြုလျှင်တော့ ရှေး ဓလေ့ ထုံး တမ်းအရ ….တစ်နယ်နှင့် တစ် နယ် ကိုယ်စားလှယ်များ တွေ့ ဆုံပြီး …ကျွဲ ကို သတ် ....ခွဲဝေယူလေ့ရှိကြပါတယ် ….
ငွေဒင်္ဂါး နှင့် ကျည်ဆန်ယမ်းတောင့်များကို အရက်ထဲ ထည့်ပြီး ထိုသစ္စာ အရက်ကို သောက်ကာ ငွေဒင်္ဂါး ကျည်ဆံများကို အညီအမျှ ခွဲယူပြီး အရေးကြုံရင် တစ် နယ်နှင့် တစ်နယ် ကူညီကြတယ် လို့  …သိရပါတယ်….
ကိုးကွယ် ယုံကြည်မှု အားဖြင့် ခရစ်ယာန် ၂၀ % ဗုဒ္ဒဘာသာ ၃၀ %နှင့် ရိုးရာနတ်ကိုးကွယ်မှု ၅၀ % ဖြစ်ပါ တယ် အထင်ကရ ကျင်းပလေ့ရှိတဲ့  ပွဲတော် တွေ ကတော့ .ကောက် သစ်စားပွဲ ခရစ် စမတ်ပွဲနဲ့  ရိုးရာနတ် ပူဇော် ပသပွဲတွေ ဖြစ်ကြ ပါတယ် …
၁၉၅၈ ခုနှစ် မတိုင်မီ လောက်ထိလူကို ခေါင်းဖြတ် ယစ်ပူဇော် ပြီး ဆန်စပါးဖြစ်ထွန်းဖို့ ရည်ရွယ်တဲ့ .လုပ် ဆောင် မှု ဓလေ့ ရှိခဲ့သေးတယ် လို့ သိရပါတယ် ၀ ဒေ သ မြို့ ရွာများ ဟာ အမြင့်ပေ ၅၀၀၀ အထက်မှာ အားလုံး နီးပါး တည်ရှိပါတယ် ကိုလိုနီခေတ်မှာတော့ ရှမ်းပြည်နယ် ဒေသခံ စော်ဘွားတွေကပဲ ၀ တွေ ကို အုပ်ချုပ် လာ ခဲ့ပါတယ်...
၁၉၃၅ ခုနှစ် ဧပြီလ ၉ ရက်နေ့ မှာ….ဝနယ် နယ်နိမိတ် စုံစမ်းရေးအတွက် ….တရုတ်-ဗြိတိသျှ ပူးတွဲကော်မရှင်အဖွဲ့ တစ်ဖွဲ့ကို ...ခန့်အပ် ခဲ့ကြပါတယ် ကော်မရှင် အဖွဲ့၏ ဥက္ကဌမှာ ကာနယ် အက်ဖ် အိုက်စ လင်ဖြစ်ပြီးကော်မရှင် အဖွဲ့ကို အိုက်စလင် ကော်မရှင် ဟူ၍ ခေါ်တွင် ခဲ့ပါတယ် ….
အဲဒီ ကော်မရှင်အဖွဲ့ဟာ သမိုင်း အဆက်ဆက် မပြီးမပြတ် ခဲ့တဲ့ တရုတ်- ဝ နယ် နယ်နိမိတ် ကြောင်းကို ၁၉၃၅-၃၆ နှင့် ၃၇ ခုနှစ်များမှာ စုံစမ်း စစ်ဆေးပြီး အဖွဲ့ ရဲ့ တွေ့ရှိချက် နဲ့ ထောက်ခံ ချက်တွေ အရ .ဗြိတိသျှ နှင့် တရုတ် အစိုးရတို့က ၁၉၄၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှာ ၀နယ် နယ်နိ မိတ်ကြောင်းကို သတ်မှတ် ခဲ့ကြ ပါတယ်…
ဒါပေမယ့် တရုတ် အစိုးရ အနေနဲ့  ဒီသတ်မှတ်ချက်ထဲက တစ်ချို့ ကိစ္စတွေကို တော့ သိပ် ကျေလည်လှ တယ် မဟုတ်ပါဘူး.ဒါကြောင့် လွတ်လပ်ရေး ရပြီးနောက် ၁၉၆၀ ဇန်န၀ါရီ ၂၇ မှာ တရုတ်-မြန်မာ နယ်နိမိတ် စာချုပ် အသစ် ချုပ်ဆိုပြီး နယ်နိ မိတ်ကို ပြန်လည်သတ် မှတ်ရာမှာ ၀ နယ်က ပန်ဟန်နဲ့ ပန်လပ် ဒေသ နှစ်ခုကို တရုတ် ပိုင် အဖြစ် …ပြန်လည်ပြင်ဆင် ရေးဆွဲခဲ့ပါတယ် …
၁၉၄၇ ခုနှစ် နယ်ခြားဒေသ အစီရင်ခံစာ အရ ၀ ဒေသမှာ လူဦးရေ ၈၃၀၀၀ ရှိခဲ့ပြီး ယခု ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင် စာရင်းအရတော့ လူဦးရေ ၆သိန်း ခန့် ရှိ ပါတယ်….
လွတ် လပ်ရေး ရပြီးချိန် ၁၉၅၄ ခုနှစ်မှစပြီး ၀နယ် ကိုးကန့် နယ်မိုင်းလွန်း နယ်တို့ ကို ရှမ်းပြည် အ ရှေ့ မြောက် အထူး ခရိုင် လို့  ဖွဲ့ စည်း အုပ်ချုပ် ခဲ့ပြီး၁၉၆၂ တော်လှန်ရေး အစိုးရ လက်ထက်မှာ တော့အဲဒီခရိုင် ဟာ ကွမ်းလုံ ခရိုင် ဟူ၍ ဖြစ်လာပါတယ် ....
လက်ရှိ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၆(စ) အရ ရှမ်းပြည် နယ်ရှိ.ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်ပန် ၀ိုင် မြို့နယ်၊ နားဖန်းမြို့နယ်မက်မန်း မြို့ နယ်နှင့် ပန်ဆန်း (ပန်းခမ်း)မြို့ နယ် စုစုပေါင်း ခြောက်မြို့နယ် တို့ကို.ခရိုင် (၂) ခရိုင် ခွဲပြီး ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ပါတယ်….
မြေပြင် မှာတော့ ၀ ဒေသဟာ တရုတ်-မြန်မာ နယ်စပ် .မြောက်ပိုင်း နယ်မြေ ပန် ဆန်းဒေသ နှင့်မြန်မာ- ထိုင်း နယ်စပ် တောင် ပိုင်း နယ်မြေ မိုင်းတုံ၊ မိုင်း ဆတ် ဒေသဆိုပြီး နှစ်ပိုင်း ခွဲထားတဲ့ ဒေသ နှစ်ခု ဖြစ်ပါတယ် ….
မြောက်ပိုင်း ဒေသကို ဦးပေါက် ယူချန်းမှ ခေါင်းဆောင်ပြီး တောင်ပိုင်း ဒေသကို ဦးဝေရွှယ် ခန်းမှ ခေါင်း ဆောင်ပါတယ်မြောက်ပိုင်း ဒေသက ၀ လူမျိုး ၇၀ ရာခိုင်နူန်းဟာ တရုတ်ဘာသာ စကားပြောဆိုပြီးတရုတ် ယွမ်ငွေ ကို သုံးစွဲပါတယ် ....
ရှမ်းပြည် မြောက်ပိုင်း ရဲ့ ခေတ်သစ် ကွန်မြူနစ် သမိုင်းကတော့ ၁၉၆၈ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ မှာစတင်ပါ တယ်အင်အား ၃၀၀ လောက်ရှိတဲ့ ဗကပ တပ်ရင်း ကြီး ၃၀၃ ဟာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရဲ့  အကူ အ ညီနဲ့ နယ်စပ် ကို ဖြတ်ကျော်ပြီးမြူခိုးတွေ အုံဆိုင်းနေတဲ့  မုံးကိုးရွာငယ်လေး ကမြန် မာ့ တပ်မတော် တပ်ခွဲ တစ်ခွဲကို ၀င် တိုက်ပြီး ဗကပ အရှေ့ မြောက် စစ်ဒေသကိုစတင် ဖွင့်လှစ်လိုက်ပါတယ် …
ဖေဖော် ၀ါရီလ အတွင်းမှာပဲ တစ်ဖက် နိုင်ငံက စစ်ရေးအကူ အညီတွေ အလုံးအရင်းနဲ့ ထပ်မံရောက်ရှိခဲ့ပြီး ၁၉၆၈ ခုနှစ် တစ်ခုတည်း မှာပဲ ဖောင်း ဆိုင်ပန် ဆု ထန် ဖော်ကျုံး ၊ ကြူကုတ်(ပန်ဆိုင်း)ကောင်းလုံ ၊ လုံထန်နှင့် နမ့်ပေါ် တပ်မ တော် စခန်းတွေကို ဆက်လက် အတိုက်ခံ ရပါတယ်
၁၉၆၈ နှစ် အကုန်ပိုင်း မှာကျေး လက်ကို အခြေခံ မြို့ ကိုဝိုင်း တိုင်းရင်း သား လူမျိုးစုတွေ ကို စုစည်း အမာခံ နယ်မြေတွေ တည်ဆောက် ဆိုတဲ့  ဗကပ စစ် မဟာ ဗျူဟာတွေ အရ အရှေ့ မြောက်ဒေသ က ၀ တိုင်းရင်း သား တွေဟာ ဗကပ တပ် ရင်းကြီး ၄၀၄ ရဲ့  လက်အောက်ခံ တပ်ရင်း ၅၀၁ ၊ ၅၀၂ ၊ ၅၀၃ တပ်ရင်းတွေ အဖြစ်ပြောင်းလဲ ဖွဲ့ စည်းခြင်း ခံရပါတော့တယ်…
ဒီတပ်ရင်းကြီး ၄၀၄ ရဲ့ခေါင်းဆောင် ပိုင်းဟာ မုံးကိုး ကာကွယ်ရေး တပ်ဖွဲ့  ခေါင်းဆောင် ဖုန်ကြားရှင် နဲ့ ကိုး ကန့် လူမျိုး များ ဖြစ်ကြပြီး အောက်ခြေ တပ် သားတွေ ကတော့ ၀ တိုင်းရင်း သား လူမျိုးတွေ ဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ် အရောက် မှာတော့ …ဒီတပ်ဖွဲ့ တွေဟာ အင်အား ၄၀၀၀ ခန့် အထိ ရှိလာပြီး ကွမ်းလုံကို စ တင်ခြိမ်းခြောက်နေပြီ ဖြစ်ပါတယ် ….
၁၉၇၁ ခုနှစ် နှစ်ကုန်ပိုင်း မှာ ဖုန်ကြားရှင် ကိုယ်တိုင် တပ်မဟာ မှူး အဖြစ်ပါ ၀င်တဲ့ အရှေ့ မြောက် စစ်ဒေသ တပ်ဖွဲ့  တွေ ဟာအင်အား ၄၀၀၀ နီးပါးနဲ့ ချီတက် လာပြီး ကွမ်းလုံမြို့ မြောက် ဘက် ၇မိုင်အကွာ တာမြင်ရှန် တောင် ထိပ်မှာ တပ်စွဲ ထားတဲ့ လော်စစ် ဟန် ရဲ့ အင်အား ၈၀ လောက်ရှိ တဲ့ ကိုးကန့် ကာ ကွယ်ရေး ပြည်သူ့ စစ်စခန်းကို တိုက်ခိုက်ပြီး ကွမ်းလုံ ဒေသ တိုက်ပွဲစဉ် များကို စတင်လိုက်ပါတယ်…
ကွမ်းလုံ တိုက်ပွဲ စဉ်များ ဟာရက်ပေါင်း ၄၀ နီးပါး ကြာမြင့် ခဲ့ပြီး ဗကပ ဘက်က တပ်ရင်းကြီး အမှတ် ၄၀၄ လက် အောက် ခံ တပ်တွေ နဲ့ တပ်မတော် ဘက်က အမှတ် ၇၇ ခြေမြန် တပ်မ လက်အောက်ခံ တပ်တွေ အပြင်း အထန် တိုက် ခိုက်ကြတာ ဖြစ်ပါတယ် ….
နှစ်ဖက် စလုံးမှာ စစ်သည် ထောင် နဲ့ ချီ ပါဝင်တိုက် ခိုက်ခဲ့ ကြပြီး တပ်မတော် ဘက်ကတော့ လော်စစ်ဟန် ခေါင်း ဆောင်တဲ့ ကိုးကန့် ကာကွယ်ရေး တပ်ဖွဲ့  အင် အား ၈၀၀ ခန့် ကပါဝင် တိုက်ခိုက်ပေးခဲ့ ပါတယ်….
ကွမ်းလုံ တိုက်ပွဲ စဉ်များမှာ အထိ နာ သွား တဲ့ ဗကပ ဟာ ၁၉၇၇ ခုနှစ်မှာ ခြူးရွှေ ၊ ပန်ကောက် တိုက်ပွဲ ၁၉၇၈ ခုနှစ် မှာ နောင်လိုင် ၊ ပါဖန် တိုက်ပွဲ နဲ့ ၁၉၈၆ ခုနှစ် မှာ စီစီ ၀န် တာပန် တိုက်ပွဲ တွေ ကို ဆက် လက် ဆင်နွဲ ခဲ့ ပါတယ်…
အဲဒီတိုက်ပွဲ တွေ အပြီး မှာ တပ်မတော် က ဗကပ ခြေကုပ် စခန်းကြီး တွေ ဖြစ်တဲ့  ကြူကုတ် ၊ ပန်ဆိုင်း ၊ ကွန်ဟိုင်း နောင်မ၊ မာန်ဟီးရိုး စခန်းတွေ ကို တန်ပြန် ထိုးစစ်ဆင် သိမ်းပိုက် ခဲ့ လို့ ခေတ္တ တန့် သွားခဲ့ပါတယ်…
ဒါပေမယ့် တစ်ခါ ၁၉၈၈ ခု စက်တင်ဘာ ၂၃ ရက် မှာဗကပ ပန်ဆန်း ဗဟို ရဲ့ တိုက်ရိုက် ကွပ်ကဲမှု နဲ့  ချီတက် လာတဲ့  ဗကပ လက်ရွေးစင် တပ်ရင်း ၁၃ ရင်း ဟာ မိုင်းယန်း ဒေသမှာတပ်စွဲ ထားတဲ့ တစ်ခု တည်းသော တပ်မတော် ခြေလျင် တပ်ရင်း တစ်ရင်း ကိုထပ်မံ တိုက်ခိုက် ကြ ပြန်ပါတယ်။
နယ်မြေ တွင်းက စစ်ကူ စစ်ကြောင်း တွေ မလာနိုင် အောင်အဖက်ဖက် က ပိတ်ဆို့ ဖြတ်တောက် ပြီးမှ အပိုင် တိုက် ခိုက် ခဲ့တာ လည်း ဖြစ်ပါ တယ် ဒီတိုက်ပွဲ ဟာ တိုက်ပွဲ ကြီး ၁၄ ကြိမ် တိုက်ပွဲငယ် ၂၃ ကြိမ် အနီးကပ် လှံစွပ်ထိုး တိုက် ပွဲ အကြိမ် ၃၀ ထိ တိုက်ခိုက် ခဲ့ပေ မယ့် အဲဒီ တပ်မတော် ခြေလျင် တပ်ရင်း ဟာ စစ်ကူ စစ်ကြောင်း တွေ ကို စောင့် ဆိုင်း ရင်း (၈) ရက် လုံးလုံး မဆုတ်ခွာ ပဲ အသေခံ ခုခံ နေတာ ကြောင့် ဗကပ တို့ ရဲ့ မိုင်းယန်း ကနေ မူဆယ် နမ့်ခမ်း ကြူကုတ် ထိ သိမ်းပိုက် မယ့် စစ်ရေး စီမံချက် ဟာ သဲထဲ ရေသွန် ဖြစ်ခဲ့ ရပါ တယ် …..။
ဒီ တပ်မတော် နဲ့ အနှစ် ၂၀ ကျော် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ဖြစ်စဉ် တွေမှာ အထိအခိုက် အကျ အဆုံး များပြီး အသုံးချ ခံ နေရတယ်လို့ မကျေမနပ် ဖြစ်လာ ကြတဲ့  ဗကပ တပ်ရင်းကြီး ၄၀၄ လက်အောက် ခံ ၀လူမျိုး တပ်ရင်းတွေ ဟာ ၁၉၈၉ ဧ ပြီ ၁၇ ရက်နေ့ မှာ ဗကပ ပန်ဆိုင်း ဗဟိုကို ၀င်ရောက် သိမ်းပိုက်ပြီး ဗကပ ကို တော်လှန် တပ်မတော် အစိုးရနဲ့အပစ် အ ခတ်ရပ်စဲ လိုက်တဲ့ အတွက် ရှမ်းပြည်နယ် အရှေ့ မြောက်ဒေသမှာ လက်ရှိ ၀ အထူးဒေသ ၂အနေ နဲ့ စတင်ပေါ် ပေါက် လာပါတော့တယ်……။။
( ရေးသားသူ - ရဲမိုး )
( အပိုင်း ၂ နောက်ရက် ဆက်တင်ပါမည် )
http://www.phophtawnews.org/burmese/index.php/feature/item/1111-2014-03-24-07-58-51.html
No comments:
Post a Comment