ဆောင်းပါး - အဂ္ဂ
တရုတ်ပြည်သူ့ သမတနိုင်ငံစတင်ထူထောင်သည့် ၁၉၄၉ နှင့် ဗီယက်နမ် ကိုတောင်နှင့်မြောက်ခွဲလိုက်သော ၁၉၅၄ ခုနှစ်များတွင် တရုတ်သုတေသီများကရော ဗီယက်နမ်သုတေသီများကပါ ဖါးစည်သုတေသနလုပ်ငန်းများကို အပြိုင်အဆိုင်လုပ်ခဲ့ကြသည်။နှစ်ဘက်လုံးကဖါးစည်သည်ကို မိမိတို့ နိုင်ငံတွင် အရင်စလုပ်သည်ဟု
ရေးသားဖေါ်ပြကြသည်။ ၁၉၇၀-၁၉၈၀ နှစ်များတွင် တရုတ်ရောဗီယက်နမ်ကပါ ဖါးစည်နှင့်ပတ်သက်သော စာအုပ်စာတန်းများစွာပုံနှိပ်ထုတ်ဝေကြသည်။
၁၉၈၀ မတ်လ၌ တရုတ်ပြည် Guangxi ပြည်နယ်မြို့ တော်နန်နင်း Nanning တွင် ပထမအကြိမ်ရှေးဟောင်းဖါးစည် စီမီနာတရပ်ကိုကျင်းပပြီး The Chinese Association for Ancient Bronze Drum Studies ZGTY ကိုထူထောင်ခဲ့သည်။ ၁၉၈၄ တွင်ယူနန်ပြည်နယ်ကူမင်မြို့ တော်တွင်လည်း ရှေးဟောင်းဖါးစည် စီမီနာတရပ်ကိုကျင်းပခဲ့ပြန်သည်။ ၁၉၈၇ တွင်ဗီယက်နမ်သုတေသီများက The Dong Son Drum ဆိုသည့်စာအုပ်ကိုထုတ်ဝေဖျန့် ချီပြီး
တရုတ်တို့ ၏တွေ့ ရှိချက်များကို ကောင်တာလုပ်သည်။ ၁၉၈၈တွင်The Chinese Association for Ancient Bronze Drum Studies ZGTY ကလည်း The Ancient Bronze Drums of China ဆိုသည့်စာအုပ်ဖြင့်ဗီယက်နမ်၏ ဖါးစည်သမိုင်းကို တန်ပြန်ချေဖျက်ခဲ့ပြန်သည်။ထိုနှစ်တွင်Yunan ပြည်နယ်ရှိ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပြတိုက်တွင် ရှေးဟောင်းဖါးစည် ၁၄၆၀ လုံးခန့် ရှိပြီး ၁၉၈၀နှစ်များအတွင်း ဗီယက်နမ်တွင်ရှာဖွေတွေ့ ရှိသည့်ရှေးဟောင်းဖါးစည်စုစုပေါင်း၃၆၀ရှိသည်။
သြစတြေးရီးယန်း ရှေးဟောင်းသုတေသီ F.Heger က ၁၉၀၂ ခုနှစ်တွင် ရှေးဟောင်းဖါးစည် ၁၆၅ လုံးကို သုတေသနပြုခဲ့ရာဒီဇိုင်းပုံစံ၊ ပြန့် နှံ့မှု၊ ခန်းနားမှု၊ ဓါတုပစ္စည်းပါဝင်မှု အလိုက် ၄မျိုးမကခွဲချားတွေ့ ရှိခဲ့သည်။ ပထမအမျိုးအစားသည် ဗီယက်နမ် Dong Son ခေတ်က ဖါးစည်များဖြစ်သည်ဟုဆိုသည်။
ဗီယက်နမ်ရှေးဟောင်းသုတေသနပညာရှင်များက F.Heger ၏ ဖါးစည် ၄မျိုးမှ မျိုးကွဲများစွာကိုထပ်မံပိုင်းခြားခဲ့သည်။
ဗီယက်နမ်သုတေသီများက ဖါးစည်သည်မြောက်ဗီယက်နမ်မြစ်နီနှင့် မြစ်မဲ ဖြစ်ဝှမ်းဒေသရှိဗီယက်နမ်လူမျိုးဘိုးဘေးဘီဘင်တို့ နှင့်အနေဝေးသော Lac Viet တို့ ကစတင်ပြုလုပ်ခဲ့သည်ဟုဆိုသည်။ Lac မှာရေအိုင်ကို ပြင်သစ်ဘာသာဖြင့်ခေါ်ဆိုခြင်းဖြစ်သည်။ ထိုဒေသမှတဆင့် အရှေ့ တောင်အာရှနှင့်
တရုတ်ပြည်တောင်ပိုင်းသို့ ပြန့် နှံ့ သွားခဲ့ခြင်းဖြစ်သည်ဟုလဲဆိုသည်။ တပြိုင်တည်းတွင် တရုတ်သုတေသီများကလည်း ဖါးစည်ကို တရုတ်ပြည်တောင်ပိုင်းရှိ Pu ဟုခေါ်သောရှေးဟောင်းလူမျိုးစုတစုကစတင်တည်ထွင်ခဲ့ပြီး Lac Viet တို့ ရှိရာမြစ်နီမြစ်ဝှမ်းဒေသနှင့် အနီးအနားရှိတခြားလူမျိုးစုများထံသို ပြန့် ပွားသွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
တရုပ်ပြည်ရှို Pu ရှေးဟောင်းလူမျိုးတို့ မှာ မြန်မာက Pyu ပျူ ဟုခေါ်သော ပျောက်ကွယ်သွားသည့်လူမျိုး
လဲဖြစ်နိုင်ဖွယ်ရှိသည်။ Pu လူမျိုးသည် တရုတ်ပြည် ခင်းမင်းဆက် (Qing Dynasty)(၁၆၄၄-၁၉၁၁) က ဒီယန် (De'ang)လူမျိုးဟု သတ်မှတ်ခဲ့သော တောင်အာရှစကားပြောသည့် ယူနန်ပြည်နယ်အတွင်းကလူမျိုးတမျိုးဖြစ်သည်ဟု တရုတ်ပြည်တိုင်းရင်းသားလူမျိုးစု စစ်တန်းတွင်ပါရှိသည်။
ဘီစီ ၂၀၆မှအေဒီ ၂၂၀ အထိတန်ခိုးထွားခဲ့သော ဟန်မင်းဆက် ခေတ်က ယူနန်ပြည်နယ်၏ အနောက်မြောက်ပိုင်းဒေသကြီးတခုလုံးသည် Pu လူမျိုးတို့ ၏ ယောင်ချန် ပြည်နယ်ဖြစ်ခဲ့သည်ဟုဆိုသည်။ Pu တို့ ၏ဘိုးဘေးဘီဘင်များမှာသံလွင်မြစ်ဖျားရှိ နုဂြီယန်မြစ် (Nujiang River) တွင် Achang နှင့် ဂျင်းဖေါ(Jingpo)
လူမျိုးများမရောက်လာမှီတွင် အခြေချနေထိုင်ခဲ့ကြသည်။ နုဂြီယန်မြစ်သည် ကရင်သမိုင်းကိုသုတေသနပြုသူတို့ ထွက်ဆိုလေ့ရှိသည့် ကရင်တို့ စတင်ဆင်းသက်လာရာ ထီးဆဲ့မဲ့ယွာ သဲစီးမြစ် တစင်းတွင် အပါအ၀င်ဖြစ်နိုင်သည်။ Pu လူမျိုးအဖြစ်မှ နောက်ပိုင်းတွင် De'ang ဖြစ်သွားသောခေတ်တွင် ယူနန်နယ်ကိုစိုမိုးသော တရုတ်နှင့် ဗီယက်နမ် အခေါ် ဒိုင်(Dai) သို့ မဟုတ် တိုင်းလျူ၊ ထိုင်းအခေါ် တိုင်း၊ မြန်မာခေါ်ရှမ်းလူမျိုးတို့ ၏ သြဇာအောက်ကျရောက်ခဲ့သည်ဟုဆိုသည်။
ကိုယ်ပိုင်စာပေမရှိတော့ဘဲ ဆင်းရဲနွမ်းပါးသောလူမျိုးစုငယ်တစုဖြစ်လျှက် တရုတ်ပြည် Zhenkang ဒေသတွင် ယနေ့ တိုင်တွေ့ ရှိနိုင်သေးသည်။ အထက်ပါတရုတ်တို့ ၏ဖူလူမျိုးများစတင်လုပ်ခဲ့သည်ဟုပြောသောကြေးစည်များကို ဘီစီ ၁၀၀၀ ခန့် က သွန်းလုပ်ခဲ့သည်ဟု ဗီယက်နမ် သမိုင်းတွင်လဲဖေါ်ပြထားသည်။သို့ ဖြစ်၍ ငွေတောင်ပြည်ကရင်နီထံမှ ယွန်းလက်သို့ ကျရောက်သွားသည့် ကာလသည် ဘီစီ ၁၀၀၀ ကာလအတွင်းဖြစ်နိုင်သည်။
ထိုခေတ်က ဗီယက်နမ်တွင် Đông Sơn လူမျိုးတို့ ၏ Văn Lang နှင့် Âu Lạc မင်းဆက်များရှိခဲ့ပြီး ထိုရှေးဟောင်းဗီယက်နမ်Đông Sơn အနုပညာယဉ် ကျေးမှုများအရှေ့ တောင်အာရှတခွင်သို့ ပျံ့ နှံ့ လွမ်းမိုးခဲ့ဘူးသည်။
ယင်းသို့ ဖြင့်ဖါးစည်ကို တရုတ်ပြည်က ဖူလူမျိုးများအရင်စလုပ်သည် ဟုတရုတ်ကရပ်တည်သကဲ့သို့  ဗီယက်နမ်၏ ဒေါင်စန် ယဉ်ကျေးမှုခေတ် အကြောင်းပြချက် သည်လည်းအထောက်အထားများစွာရှိသဖြင့် ညင်းဆန်ရန်ခက်နေသည်။ သို့ ဖြစ်၍ နှစ်ပေါင်းရှည်ကြာစွာဖါးစည်ကိစ္စ အညင်းပွားခဲ့သော တရုတ်နှင့်ဗီယက်နမ် ပညာရှင်တို့ သည် ၁၉၈၈ ခုနှစ်အောက်တိုဘာလ၌တောင်တရုတ်-အရှေ့ တောင်အာရှ ဖါးစည်နှင့် ဖါးစည်ယဉ်ကျေးမှုနိုင်ငံတကာစီမီနာ
(the International Symposium on The Bronze Drum and Bronze Culture of South China and Southeast Asia)တရပ်ကိုကျင်းပခဲ့ကြအပြီး တွင်ဖါးစည်သမိုင်းနှင့်ပတ်သက်သောကွဲလွဲချက်များအတွက် ဆက်လက်ညင်းခုံအချင်းများမှုများကိုသဘောတူရပ်တ့န် အဆုံးသပ်နိုင်ခဲ့သည်။
အထက်က တရုပ်နှင့်ဗီယက်နမ်အကျိတ်အနယ်ညင်းခုံခဲ့ကြသော ဖါးစည်ကို ကရင်လူမျိုးတို့ က ယနေ့ တိုင်အမျိုးသားသင်္ကေတတခုအဖြစ်အသိအမှတ်ပြု လျှက်ရှိသည်။ရှေးအခါကကွဲပြားသောကရင်မျိုးနွယ်စု အားလုံးတွင် တူညီသောအချက်မှာ သတ္တုအမျိုးမျိုးဖြင့်စပ်ထားသော ဖါးစည်ကို မိမိတို့ ၏ကိုးကွယ်မှုအခန်း
အနားနှင့် ယခုခေတ်ငွေကြေးများသဖွယ် လဲလှည်ရေးဘုံပစ္စည်းကဲ့သို့  အသုံးချခြင်းဖြစ်သည်။ Harry Ignatius Marshall က ၁၉၂၉ ခုနှစ် Journal of the Burma Research Society တွင် ကရင်လူမျိုးတို့ သည် ဖါးစည်ကိုအေဒီ ၁၀၉၃ မတိုင်မီက စတင်သုံးစွဲလာကြသည်ဟုမှတ်တမ်းတင်ထားသည်။ ထိုခေတ်အခါက ကရင်နှင့်ကရင်နီကိုခွဲခြားထားခြင်းမရှိသေးသဖြင့် ကရင်နီတို့ ကယွန်းများအတွက်ဖါးစည်လုပ်သည့် သတ္တုရွှေငွေ ကြေးနီကြေးဝါ များကိုတူးပေးရ သည်ကို ကရင်များဟုသာမခွဲခြားဘဲရေးမှတ်ပြောဆိုခြင်းဖြစ်နိုင်သည်။ ယွန်းလူမျိုးကိုတိုက်ခိုက်မောင်းထုတ်လိုက်ပြီးနောက် ကရင်နီတို့ ၏ကန္တရ၀တီ ငွေတောင်
ပြည်တွင်ဖါးစည်လုပ်တတ်သူပညာရှင်များမရှိတော့သဖြင့်မြောက်ပိုင်းသို့ ပြောင်းရွှေ့သွားကြသော ယွန်းလူမျိုးထဲမှ ဖါးစည်သွန်းလုပ်သောပညာရှင်များကို ငွေတောင်ပြည်သို့  ပြန်လည်ဖိတ်ခေါ်နေထိုင်လုပ်ကိုင်စေခဲ့သည် ဟုလည်းကရင်နီသမိုင်းတွင်ပါရှိသည်။ ဤအချက်အရ ကရင်နီသို့ မဟုတ်ကရင်တို့ သည်
ဖါးစည်အသုံးချခြင်းကိုယွန်းလူမျိုးတို့ မှတဆင့်ရရှိလာခြင်းဖြစ်သည်ဟုဆိုနိုင်ဖွယ်လဲရှိနေသည်။
ယွန်းလူမျိုးမှာ ရှမ်းနွယ်ဝင်ဖြစ်သောတိုင်းလူမျိုးစုအတွင်းမှ မျိုးကွဲ(၈)မျိုးတွင်ပါဝင်သည်။ ဗီယက်နမ်နိုင်ငံတွင် လဲ ဒိုင်(တိုင်း) လူမျိုးစုတနွယ် အဖြစ်ရှိနေဆဲဖြစ်သည်။ ယွန်းသည် ထိုခေတ်က အင်အားကောင်းခဲ့သော တိုင်းမျိုးနွယ်စုတစုဟုယူဆနိုင်သည်။ ထိုင်းနှင့် လာအို တို့ က တိုင်းယွမ် ဟုခေါ်သည်။ ထိုင်းနိုင်ငံမြောက်ပိုင်းတွင်ရှိသော မဲခေါင်မြစ်ကမ်းမှ ချင်းစဲန်းမြို့ သည် တိုင်းယွန်းတို့ ၏မြို့ တော်ဖြစ်ခဲ့ဘူးသည်။
ချင်းစဲန်းမြို့ သည် ငလျှင်ကြောင့်ပြိုကျပျက်စီးသွားပြီး လူသူအားလုံးသေကြေပျက်စီးခဲ့သည်။ နေက်ပိုင်းတွင် ၀လူမျိုးတို့ အခြေနေထိုင်သည်။ ယခုအခါထိုင်းနိုင်ငံမြောက်ပိုင်းနှင့် လာအို ၂နိုင်ငံကိုခွ၍နေထိုင်ကြသောစာရင်းရှိနေသေးပြီး ထိုင်းနိုင်ငံ၏ ၂၀၀၅ သန်းခေါင်စာရင်းအရ ထိုင်းနယ်မြေထဲဘက်တွင်ယွန်းလူဦးရေ ၃၀၀၀၀ ခန့် ရှိပြီး လာအို တွင် ၆သန်းခန့် ရှိသည်။ ရှမ်းပြည်နယ်တွင်မူ ယွန်းသည် တရိုင်းလူမျိုးများဖြစ်ဖွယ်ရှိပြီး လူဦးရေတထောင်ခန့် သာကျန်သည်ဟု ရှမ်းရိုးမမဂ္ဂဇင်းတွင်ဖေါ်ပြထားသည်။ ကရင်နီပြည်နယ်နှင့် ကပ်နေသော ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်စောင်
ခရိုင်ကြီးကိုဖြတ်၍(မယ့်စံလဲ့) မြစ်ဆုံမြို့ နားတွင်သံလွင်မြစ်ထဲသို့ စီးဝင်သောမြစ်ကို ယွန်းမြစ်ဟု ယနေ့ တိုင်ခေါ်ဆိုသည်။
ဆက်လက်ရှာဖွေလေ့လာ တည်းဖြတ်ဖေါ်ပြသွားဦးမည်ဖြစ်၍ စိတ်ဝင်စားသူများစောင့်မျှော်ပါရန်...
Agga
I would like to share this history about Karen Drum as well in personally.
ReplyDelete