Wednesday, April 30, 2014
အကြမ်းဖက်မှုတွေဟာ ဗုဒ္ဓဘာသာဝင် အချင်းချင်းဘက် လှည့်လာပြီလား
ဒီသတင်းကိုဖတ်ကြည့်.. ဒီတိုင်းပြည်ရဲ့အနာဂတ်တော့ရင်လေးစရာပဲ။ မွတ်ဆလင်ပြီးရင် တခြားဘာသာဝင်ဖက်ကို တစ်နေ့ လည့်လာမည်ဆိုတာ မြေကြီးလက်ခတ်မလွဲပါ။
အင်ကြင်းနိုင်, ဦးစည်သူအောင်မြင့်
ဒေါ်အင်ကြင်းနိုင်။ ။ ပြီးခဲ့တဲ့ သင်္ကြန်တွင်း ဧပြီ ၁၅၊ ၁၆ နဲ့ ၁၇ ရက်တွေတုန်းက ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် တောင်ညိုမြို့သစ်မှာ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ရဲ့ ထူးခြားမှုကတော့ အစ္စလာမ်ဘာသာဝင် လူငယ်လေးတစ်ယောက်ကို လက်ခံထားလို့ဆိုပြီး ဒေသခံ လူအုပ်စုကြီးက ဗုဒ္ဓဘာသာဝင် မိသားစုတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ အကြမ်းဖက်မှု ဖြစ်စဉ်မှာ လူနေအိမ် လေးလုံးပဲ ဖျက်ဆီးခံခဲ့ရတယ်ဆိုပေမယ့် အသေးစိတ် လေ့လာကြည့်တဲ့အခါ စိုးရိမ်စရာ ကြောက်စရာကောင်းတဲ့ အနေအထားတစ်ခုအဖြစ် တွေ့မြင်ကြရပါတယ်။ အဲဒီ အကြမ်းဖက်မှု ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုဖြစ်တာလဲ၊ အခု ရက်ပိုင်းအတွင်း အလားတူ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြပေးမှာ ဖြစ်ပါတယ်။
ဦးစည်သူအောင်မြင့်။ ။ ပြည်တွင်း သတင်းဖော်ပြချက်တွေအရ နတ်တလင်းမြို့ပေါ်နေ အစ္စလာမ်ဘာသာဝင် လူငယ်လေးတစ်ယောက်ဟာ တောင်ညိုမြို့သစ်က ဗုဒ္ဓဘာသာဝင် မိန်းကလေးတစ်ယောက်နဲ့ ချစ်ကြိုက်ကြတယ်လို့ ဆိုပါတယ်။ မိန်းကလေးရဲ့ ဖုန်းဆက်ခေါ်ဆိုမှုကြောင့် အဲဒီလူငယ်လေးဟာ တောင်ညိုမြို့သစ်က မိန်းကလေးရဲ့ အိမ်ကိုသွားပါတယ်။ အဲဒီအိမ်ကို ရောက်ပြီးနောက် ဒေသခံ လူအုပ်စုကြီးက ဘာသာခြားလူငယ်ကို ထုတ်ပေးဖို့၊ သူတို့လက်အပ်ဖို့ တောင်းဆိုပါတယ်။ ထုတ်မပေးတဲ့အခါ အရေအတွက် ၃၀၀ လောက်ရှိတဲ့ လူအုပ်ကြီးက အဲဒီ အိမ်ကို ခဲနဲ့ပေါက်၊ နေအိမ်နဲ့ အိမ်သုံးပစ္စည်းတစ်ချို့ကို ဖျက်ဆီးခဲ့ကြပါတယ်။ နောက်ရက်တွေမှာလည်း အဲဒီ လူငယ်နဲ့ရင်းနှီးတဲ့ နေအိမ်သုံးလုံးကို ဆက်ပြီး ဖျက်ဆီးခဲ့ကြပါသေးတယ်။ ဒီအတောအတွင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင် (၅၀) လောက် လာရောက်ခဲ့ပေမယ့် တစ်စုံတစ်ရာ တားဆီးတာမျိုး မလုပ်ခဲ့ကြဘူးလို့ ဆိုပါတယ်။
ဇာတ်လမ်းနိဂုံးချုပ်မှာတော့ အစ္စလာမ်ဘာသာဝင် လူငယ်ကို ရဲတပ်ဖွဲ့က ဧည့်စာရင်းမတိုင်တဲ့ပုဒ်မနဲ့ သာယာဝတီဘက်ကို ခေါ်သွားပါတယ်။ နေအိမ်ဖျက်ဆီးခံရတဲ့ ဗုဒ္ဓဘာသာဝင် မိသားစုတွေကိုတော့ ရဲတပ်ဖွဲ့က စောင့်ရှောက်ပေးထားရပါတယ်။ ထူးခြားတာတစ်ခုက လူစုလူဝေးနဲ့ နေအိမ်ဖျက်ဆီးသူတွေထဲက တစ်စုံတစ်ယောက်မှ ဖမ်းဆီး စစ်ဆေး အရေးယူ မခံရတာပါ။ ပြဥနာ မဖြစ်ပွားခင်မှာရော ပြဿနာ ဖြစ်ပွားနေစဉ်မှာပါ လူစုလူဝေးနဲ့ အကြမ်းဖက်ဖို့ ကြိုးစားသူတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင် တစ်ချို့၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးလို့ခေါ်တဲ့ မ.ဘ.သ အဖွဲ့ဝင်တစ်ချို့ အခြေအတင် မေတ္တာရပ်ခံပြောဆိုတာ၊ ညှိနှိုင်းတာမျိုး ရှိခဲ့တဲ့အတွက် အကြမ်းဖက်သူ ဘယ်သူဘယ်ဝါတွေ ဆိုတာ သိနေကြတဲ့သဘောရှိပါတယ်။ ဒါပေမယ့် အရေးယူမှု မရှိခဲ့ပါဘူး။ ဒီ ဖြစ်ရပ်ကို သုံးသပ်ကြည့်ရင် အကြမ်းဖက်သမားတွေဟာ သူတို့ ပစ်မှတ် မိသားစုတွေကို စိတ်တိုင်းကျ အကြမ်းဖက်နိုင်တဲ့ အခြေအနေ တွေ့ကြရမှာဖြစ်ပြီး ထူးခြားတာ တစ်ခုကတော့ အရင်အကြမ်းဖက်မှု ဖြစ်စဉ်တွေမှာလို တိုက်ခိုက် ခံရသူတွေဟာ ဘာသာခြားတွေ မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင် အချင်းချင်း ဖြစ်နေတာပဲဖြစ်ပါတယ်။
ဒေါ်အင်ကြင်းနိုင်။ ။ ဒါနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ဖြစ်စဉ်တွေကို ပြန်သုံးသပ်ကြည့်ရင် ဒီလိုပဲ တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလဲလာတာ တွေ့ရမှာဖြစ်ပါတယ်။ ပထမ တဆင့် ဘင်္ဂလီတွေနဲ့ ပဋိပက္ခ ဖြစ်ပါတယ်။ ဒီ အကြမ်းဖက်မှုကြီး ဖြစ်ပြီးတဲ့အခါ အစိုးရအာဏာပိုင်တွေကိုယ်တိုင်က ဒါဟာ ရခိုင်တိုင်းရင်းသားတွေနဲ့ တစ်ဖက်နိုင်ငံက ခိုးဝင်လာတဲ့ ဘင်္ဂလီတွေ ဖြစ်ကြတာ၊ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ဘာသာဝင်တွေ ဖြစ်ကြတဲ့ ပြဿနာ မဟုတ်ဘူး၊ ဒါကြောင့် ဒီ မီးပွားတွေ မြန်မာနိုင်ငံ ပြည်မထဲ ကူးစက်မလာနိုင်ပါဘူး ဆိုပြီး ပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အဲဒီ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေဟာ မန္တလေးတိုင်း မိထ္တီလာ၊ ပဲခူးတိုင်း နေရာတစ်ချို့နဲ့ ရှမ်းပြည်နယ်တွေမှာ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုတွေ အဖြစ် ကူးစက်ပျံ့နှံ့လာခဲ့ပါတယ်။ အမုန်းတရား ဖြန့်ဖြူးမှုတွေလည်း ပိုမို ကျယ်ပြန့်လာပါတယ်။
ရခိုင်ပြည်နယ်မှာတော့ အစွန်းရောက်တွေရဲ့ လှုပ်ရှားမှုဟာ အဲဒီလောက်နဲ့ ရပ်မနေပါဘူး။ နောက်ထပ် ပစ်မှတ်ဟာ ရခိုင်ပြည်နယ်က အစ္စလာမ် ဘာသာကိုးကွယ်သူ တိုင်းရင်းသား ကမန်လူမျိုး တွေဘက် လှည့်သွားပါတယ်။ ကမန်တွေကို တိုက်ခိုက်တာ၊ ကမန်ကျေးရွာနဲ့ နေအိမ်တွေ ဖျက်ဆီးတာစတဲ့ ပြဿနာတွေ ပေါ်ပေါက်လာပါတယ်။ ဒီလောက်ပဲလားဆိုတော့ မကသေးပါဘူး။ မြောက်ဦးက စပြီး နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေကို အကြပ်ကိုင်ဖို့ ကြိုးစားလာပါတယ်။ အစွန်းရောက်တွေရဲ့အမြင်မှာ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေဟာ သူတို့ မုန်းတီးတဲ့ အစ္စလာမ်ဘာသာဝင် ဘင်္ဂလီတွေကို အကူအညီ အထောက်အပံ့တွေ ပေးတယ်၊ ဒါကြောင့် အဲဒီ အဖွဲ့အစည်းတွေကို ထိန်းကွပ်ဖို့ လုပ်ရမယ်ဆိုပြီး တောင်းဆိုချက်တွေထုတ်၊ ဖိအားပေးတာတွေ လုပ်လာပါတယ်။
ဦးစည်သူအောင်မြင့်။ ။ ရခိုင်ပြည်နယ် မြောက်ဦးမှာ ရပ်မိရပ်ဖလို့ ခေါ်တဲ့ အဖွဲ့တွေက နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေကို တောင်းဆိုတဲ့ အချက်တွေဟာ အတော်လေး တစ်ဖက်စောင်းနင်း နိုင်ပါတယ်။ အဲဒါတွေကတော့ NGO – INGO အဖွဲ့တွေအနေနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ရာမှာ ဒေသခံတွေပါဝင်တဲ့ ကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ ဘက်လိုက်မှုမရှိဘဲ အချိုးညီမျှစွာနဲ့ ဆောင်ရွက်ပေးဖို့၊ ရခိုင်လူမျိုးတွေကို အကူအညီပေးတဲ့ ပစ္စည်း၊ အခြား အထောက်အပံ့တွေနဲ့ ပတ်သက်ပြီး ဒီ ကော်မတီကို စီမံခန့်ခွဲခွင့်ပေးဖို့၊ NGO – INGO အဖွဲ့တွေက ကျေးရွာတွေမှာ သွားပြီး ကူညီတဲ့အခါ ကော်မတီက အနည်းဆုံး (၅) ယောက်ကို အတူ လိုက်ပါ ခွင့်ပြုဖို့၊ အကူအညီပေးမယ့် ပစ္စည်းတွေနဲ့ သိုလှောင်ထားရှိမှု အခြေအနေ ကော်မတီကို အချိန်မရွေး ဝင်ရောက် စစ်ဆေးခွင့်ပေးဖို့၊ စီမံကိန်းကာလနဲ့ အကူအညီပေးမယ့် အဖွဲ့အစည်းရဲ့နာမည် ကော်မတီကို အသိပေးဖို့၊ မြို့နယ်ကျော် အကူအညီပေးတာမျိုး လုံးဝမလုပ်ဖို့၊ အကူအညီပေးတာကို မနက် ၆ နာရီကနေ ည ၆ နာရီ အတွင်းပဲ လုပ်ဖို့၊ အရေးပေါ် အကူအညီလိုရင်တောင် ကော်မတီနဲ့ ချိတ်ဆက်ပြီးမှ လုပ်ဖို့ စတဲ့ အချက်တွေ ပါပါတယ်။
ဒေါ်အင်ကြင်းနိုင်။ ။ နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့အစည်းတွေအနေနဲ့ တဖက်စောင်းနင်း နိုင်ပြီး လိုက်နာဖို့ မဖြစ်နိုင်တဲ့ ဒီ စည်းမျဉ်းစည်းကမ်းတွေကို အလျှော့ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ အဲဒီ အချိန်ကတည်းက နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ဝင်တွေ တည်းခိုနေထိုင်တဲ့ မြောက်ဦးက ဟော်တယ် ပိုင်ရှင်တွေနဲ့ နေအိမ်ပိုင်ရှင်တွေဟာ အစွန်းရောက်တွေရဲ့ ဖိအားပေး အကြပ်ကိုင် ခြိမ်းခြောက်မှုတွေ ခံခဲ့ရပါတယ်။ ဒီလိုနည်းနဲ့ပဲ စစ်တွေမှာ မာတေဇာ အဖွဲ့က နိုင်ငံခြားသူတစ်ဦး သာသနာ့အလံကို ဖြုတ်ချ မဖွယ်မရာလုပ်တယ်ဆိုတဲ့ ကောလဟလ သတင်းတစ်ခု ထွက်ပေါ်လာတာနဲ့ တပြိုင်နက် အစွန်းရောက်တွေဟာ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ဝင်တွေ နေထိုင်ရာ နေအိမ်တွေ၊ ရုံးခန်းတွေ၊ ကုန်ပစ္စည်းသိုလှောင်ရာ ဂိုဒေါင်တွေကို အကြမ်းဖက် ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်။
ဦးစည်သူအောင်မြင့်။ ။ အခု အဲလို ပုံသဏ္ဍန်ဆင်တူတဲ့ လှုပ်ရှားမှုမျိုး ပြည်မကြီးထဲမှာ စ ပြီး ပေါ်ပေါက်လာနေပြီလို့ ယူဆနိုင်ပါတယ်။ ပဲခူးတိုင်း၊ နတ်တလင်း တောင်ညိုမြို့သစ်က အကြမ်းဖက်မှုမှာဆိုရင် အစ္စလာမ်ဘာသာဝင်တစ်ယောက်ကို လက်ခံထားတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်ဗုဒ္ဓဘာသာဝင် နေအိမ်တွေကို ဖျက်ဆီးခဲ့တာပါ။
အလားတူပါပဲ။ သိပ်မကြာသေးခင်တုန်းက လားရှိုးအခြေစိုက် ရှမ်းပြည်မြောက်ပိုင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး မ.ဘ.သ အဖွဲ့ကလည်း ကာတာ အခြေစိုက် အော်ရီဒူး ကုမ္ပဏီက မကြာခင် ထုတ်ရောင်းမယ့် မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို သပိတ်မှောက်ကြဖို့ ထုတ်ပြန်ကြေညာတာတွေ လုပ်လာပါပြီ။ ဒီလှုပ်ရှားမှုတွေကို မတားဆီးနိုင်၊ အရေးမယူနိုင်ဘဲ ကျယ်ပြန့်လာရင် ရခိုင်ပြည်နယ်မှာလို အကြမ်းဖက်မှုဆီကို အချိန်မရွေး ကူးပြောင်းသွားနိုင်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်
http://burmese.voanews.com/content/voilences-among-buddhist-themself-/1901747.html

Tuesday, April 29, 2014
တနိုင်ငံလုံးအပစ်ရပ်ရေး မဖြစ်နိုင်သေးကြောင်း တိုင်းရင်းသား ခေါင်းဆောင်တွေ ပြော
မအေးအေးမာ
28.04.2014
တိုင်းရင်သားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ပူးပေါင်းထားတဲ့ “တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့” (NCCT) ကနေ တနိုင်ငံလုံးအပစ်အခပ်ရပ်စဲရေးရဖို့ လက်ရှိအခြေအနေနဲ့ မဖြစ်နိုင်သေးကြောင်း မြန်မာအစိုးရနဲ့ တိုင်းရင်းသားတွေရဲ့အခြေခံ ရပ်တည်ချက် ကွာခြားမှု များနေကြောင်း တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။ NCCT ရဲ့ စည်း ၂ ရက်ကြာ စည်းဝေးပွဲ ပထမနေ့ဖြစ်တဲ့ ဒီကနေ့မှာပဲ အဲဒီလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ဒီလ ဧပြီလအတွင်းမှာပဲ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နဲ့ “တနိုင်ငံလုံးအပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့” (NCCT) ရဲ့ ကိုယ်စားလှယ်တို့ ၂ ဘက် တွေ့ဆုံညှိနှိုင်းမှုတွေအပြီး တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (Single Text) မူကြမ်းတစ်စောင်ဖြစ်မြောက်ရေး မူကြမ်းကို သဘောတူခဲ့ကြတာပါ။
နာက်ထပ်အစည်းအဝေးမကျင်းပနိုင်ခင် ကချင်၊ ရှမ်းနဲ့ ပလောင် စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေဖြစ်လာခဲ့တာကြောင့် ကန့်ကွက်မှုတွေရှိခဲ့ပြီး တနိုင်ငံလုံးအပစ်ရပ်စဲရေးအတွက် တိုင်းရင်းသားတွေအပေါ် လက်နက်နဲ့ ဖိအားပေးတဲ့ အနေအထားမျိုးကို လက်မခံနိုင်တဲ့အကြောင်း တိုင်းရင်းသားခေါင်းဆောင်တချို့က ပြောလာခဲ့ကြပါတယ်။
အဲဒီလို အခြေအနေတွေ ဖြစ်နေတဲ့အတွက် မြန်မာအစိုးရနဲ့ နောက်ထပ်ဆွေးနွေးပွဲဟာ ကြန့်ကြာနေအုံးမှာဖြစ်ပြီး လက်ရှိအနေအထားအရ NCCT အနေနဲ့ တနိုင်ငံလုံးအပစ်ရပ်စဲရေးအကောင်အထည်ဖော်နိုင်ရေးမှာ အချိန်ယူဖို့လိုလိမ့်အုံးမယ်လို့ NCCT အဖွဲ့ရဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။
မေး။ ။ အခုလောလောဆယ်အခြေအနေမှာပေါ့နော်-တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုတာ ဖြစ်နိုင်တဲ့အခြေအနေ ရှိလား။
ဖြေ။ ။ လောလောဆယ်တော့ ဖြစ်နိုင်တဲ့ အနေအထားမရှိသေးဘူး၊ တော်တော်လေးကို အချိန်ယူဖို့ လိုအုံးမယ်။ ဘာကြောင့်လဲဆိုတော့ ကြည့်ရတာ အခြေခံရပ်တည်ချက်ခြင်းက ကွာခြားမှုများနေတယ်လို့ ပြောရမယ်။
မေး။ ။ အဓိကကွာခြားချက်တွေက ဘာတွေများလဲ။
ဖြေ။ ။ ပြီးခဲ့တဲ့ဆွေးနွေးပွဲတွေမှာ အစိုးရဘက်က အန်ကယ်လ်တို့ တင်ပြအပိုင်းမှာ ဖက်ဒရယ်မူကိုလည်း လက်မခံဘူး၊ ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရကိုလည်း လက်မခံဘူး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုလည်း လက်မခံဘူး၊ နောက်ပြီးတော့မှ တဘက်က ကာကွယ်ရေးဦးစီးချုပ်က လက်ရှိ ဥပဒေတွေကို ပြည့်ပြည့်ဝဝ လက်ခံရမယ်ဆိုတဲ့အပိုင်းရယ်၊ နောက် ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း လက်ခံပြီးတော့မှ အဲဒီဘောင်ထဲကပဲ ပြင်ဆင်သွားရမယ်ဆိုတဲ့အပိုင်းရယ်၊ ဒါတွေကို ပြောထားတော့ အန်ကယ်လ်တို့အနေနဲ့ ဒါကိုလက်ခံဖို့ဆိုတာတော့ မလွယ်ဘူးလေ။
မေး။ ။ အခုလိုအခြေအနေမျိုးမှာ နှစ်ဘက်က မူကြမ်းကိုဆွေးနွေးနေတယ်။ တော်တော်လေးတော့ အဆင်ပြေနေပြီလို့လည်း ပြောနေတယ်ဆိုတော့ တကယ်အဆင်ပြေတယ်ဆိုတဲ့အချက်တွေကရော ဘာအချက်တွေဖြစ်မလဲ။
ဖြေ။ ။ အပေါ်ယံကလေးတွေပါ။အမှန်ကတော့ အဆင်ပြေတယ်ဆိုတာကတော့ အများကြီးတော့-- ဒါပေမဲ့ အပေါ်ယံလေးအဆင်ပြေနေရုံနဲ့တော့ မပြီးလောက်ပါဘူး။
မေး။ ။ အဲဒီတော့ ကချင်ဒေသတို့၊ ရှမ်းတို့ဘက်မှာ တိုက်ပွဲတွေကကော ရပ်ပါပြီလား။
ဖြေ။ ။ တော်တော်လေးငြိမ်သွားတယ်လို့တော့ ပြောရမယ်။
မေး။ ။ ဒီဟာက NCCT ဘက်ကပြောဆိုချက်တွေ၊ ကြေညာချက်တွေထွက်တဲ့အပေါ်မှာ ဒါကို မူတည်လား။
ဖြေ။ ။ အဲဒါတော့ မပြောတတ်ဘူး၊ ဒါက အစိုးရပေါ်မှာမူတည်တယ်လေ။ အန်ကယ်လ်တို့ကတော့ ဒါကတဘက်က ကိုယ့်အဖွဲ့ဝင်တွေ အချင်းချင်းကြားမှာတော့ စာနာပြီးတော့ ပြောရမှာပေါ့။ တဘက်က သူတို့ (ကချင်၊ ရှမ်း) ကိုတိုက်တာလည်း ကျနော်တို့ကို အားလုံးကို တိုက်တာနဲ့ ဆက်စပ်မှု ရှိတယ်။
မေး။ ။ ..ဆိုတော့ ဒီအခြေအနေပေါ်မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်ဖို့ ဒီလိုအဖွဲ့အစည်းတွေက ဘယ်လိုများ ပြင်ဆင်ကြမလဲ။
ဖြေ။ ။ အန်ကယ်လ်တို့က တချို့အရေးကြီးတဲ့ဟာတွေကို အန်ကယ်လ်တို့ NCCT အနေနဲ့လည်း မဆုံးဖြတ်နိုင်ဘူး၊ မူပိုင်းဆိုင်ရာနဲ့ ဆက်စပ်နေတာပါ။ အဲဒီတော့ အန်ကယ်လ်တို့လည်း လိုအပ်ရင်လိုအပ်သလိုပေါ့ဗျာ- အဖွဲ့အစည်းပေါင်းစုံရဲ့ ထိပ်သီးခေါင်းဆောင်များနဲ့ ပြန်လည်ညှိနှိုင်းဖို့တော့ လိုမယ်။
ဧပြီလ ၅ ရက်နေ့ကနေ၊ ၈ ရက်နေ့အထိ ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲအပြီး နှစ်ဘက် ပူးတွဲကြေညာချက်မှာ နှစ်ဘက် ကိုယ်စားလှယ်အားလုံးက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ အမြန်ဆုံး ပေါ်ပေါက်လာအောင် ဆက်လက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြဖို့ သဘောတူညီခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ NCCT အဖွဲ့ဝင်တွေရဲ့ အခု အစည်းအဝေးကို မြန်မာအစိုးရဘက်က ကိုယ်စားလှယ်တွေကို ဖိတ်ကြားထားခြင်း မရှိကြောင်းလည်း နိုင်ဟံသာက ပြောပါတယ်။ အဖွဲ့ဝင်အချင်းချင်း ဆွေးနွေးပွဲသာဖြစ်ပြီး ဆွေးနွေးပွဲကာလ ၂ ရက်ခန့်ကြာမယ်လို့လည်း သူက ပြောခဲ့ပါတယ်။
http://burmese.voanews.com/content/ncct-conference-still-away-reach-over-cease-fire-with-myanmar-gov-/1902814.html

Sunday, April 27, 2014
အင်းစိန်တိုက်ပွဲ တထောင့်တနေရာမှ
ဆောင်းပါး - အဂ္ဂ
တိုက်ပွဲအစပိုင်း -
၁၉၄၉ ဇန်န၀ါရီလ နှောင်းပိုင်း၌အင်းစိန်၊သမိုင်း၊ကြို့ ကုန်းဘက်တွင် ကေအဲန်ဒီအို နှင့် ဗိုလ်ကြီးအေးသာကျော် ဦးဆောင်သော UMP တပ်ဖွဲ့ ပူးပေါင်းအင်အား နှစ်ရာကျော်ရှိသည်။ ထိုအချိန်တွင် အင်းစိန် သမိုင်းလမ်းရှိ ကရင်တို့ ထံမှ လက်နက်သိမ်းယူရန် ဖဆပလအစိုးရတပ်ဖွဲ့  အင်အားနှစ်ထောင်ကျော်ခန့် ချထားသည်။
မင်္ဂလာဒုံတွင် ဗမာ့တပ်မတော်အမြောက်တပ်မှ ဗိုလ်မှူးအောင်စိန်ဦးစီးသော ကရင်လက်နက်ကိုင်တပ်ခွဲ (၂)ခွဲနှင့် ဗမာ့တပ်မတော် အချက်ပြဆက်သွယ်ရေးတပ်ခွဲမှကရင်တပ်သားများရှိနေပြီး ဖဆပလအစိုးရအမှုထမ်းအဖြစ်သာရှိနေသေးသည်။ ကရင့်ရိုင်ဖယ်တပ်ရင်း(၂)မှ တပ်စုတစုလည်း သမိုင်းရပ်ကွက်သို့ ဇန်န၀ါရီလ ၂၉-၃၀ လောက်က ရိက္ခာထုတ်ရန်ရောက်ရှိနေသည်။ ထိုအချိန်တွင်ရန်ကုန်တက္ကသိုလ်မှ ကရင်ကျောင်းသူကျောင်းသားများလည်း အင်းစိန်သို့ ပြောင်းရွှေ့ လာကြသည်။
၁၉၄၉ ဇန်န၀ါရီလ(၃၁)ရက်နေ့ ညနေ(၆)နာရီတွင် သမိုင်းခ၀ဲခြံကို ဖဆပလ အစိုးရတပ်ကစတိုက်သည်။ ခ၀ဲခြံရှိ KNDO တပ်များကပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်သဖြင့် ဖဆပလအစိုးရတပ်များဖရိုဖရဲဖြစ်လျှက်ဆုတ်ခွာသွားကြသည်။
ကရင်ရပ်ကွက်များကို အစိုးရမှစတင်တိုက်ခိုက်ပြီဆိုသည်နှင့်ဗိုလ်မှူးအောင်စိန်ဦးစီးသော ကရင်လက်နက်ကိုင်တပ်က
KNDO ဘက်က ပါဝင်တိုက်ခိုက်လာသည်။ ညပိုင်းတွင် KNDO၊ဗိုလ်မှူးအောင်စိန်ဦးစီးသော ကရင်လက်နက်ကိုင်တပ်နှင့် ဗမာ့တပ်မတော် အချက်ပြဆက်သွယ်ရေးတပ်ခွဲမှကရင်တပ်သားများ ပူးပေါင်း၍ မင်္ဂလာဒုံလေတပ်စခန်းရှိ ဖဆပလအစိုးရစစ်လက်နက်တိုက်ကို တိုက်ခိုက်စီးနင်းပြီး လက်နက်ခဲယမ်းမီးကျောက်များကို သိမ်းယူခဲ့သည်။ မင်္ဂလာဒုံကလေတပ်စခန်းကိုတိုက်ပြီးနောက် သိမ်းပိုက်ထားခြင်း သို့ မဟုတ်ဖျက်ဆီးပစ်ခြင်းမပြုဘဲအင်းစိန်စုရပ်သို့ ပြန်လာကြသည်။
ဤသည်မှာ စစ်ရေးအရလုပ်လေ့လုပ်ထမရှိသော အမှားအယွင်းဖြစ်သည်။ စစ်ပညာအရ ရန်သူ့ အင်အားဖြစ်စေသောအရာမှန်သမျှ
သိမ်းပိုက်ထား၍မရပါက ရန်သူ့ လက်ထဲပြန်မရောက်သွားအောင် လုပ်ရမည်ဖြစ်သည်။ ဤနည်းကို မြန်မာစစ်တပ်က သုဝဏ္ဏဘူမိ မွန်ပြည်၊ စယမ်ထိုင်းတို့ ၏အယုဒ္ဓယ နှင့် တိုင်းရင်းသားညီနောင်ရင်းတို့ ၏ စစ်ရေးအခြေခံဒေသများကိုတိုက်ခိုက်ရာတွင် မလွတ်တမ်းအသုံးချခဲ့သောစစ်ရေးထာဝရနည်းနာတရပ်ဖြစ်သည်။ ၂၀၀၀ခုနှစ်မတိုင်မီ ကေအဲန်ယူစခန်းများကို ယာယီသိမ်းပိုက်ထားနိုင်ခဲ့စဉ်ကလည်း ကရင့်အသက်သွေးကျောဖြစ်သော ကျွန်းတောများကို မြေလှန်ပြီးတလင်းပြင်လုပ်ပစ်ခဲ့သည်။
မဂ်လာဒုံလေယဉ်ကွင်းကိုကရင်ကမသိမ်မးပိုက်ထားသော်လည်း လေယဉ်မှူးများနှင့် လေတပ်အမှုထမ်းများမှာမူ ဘေးလွတ်ရာသို့ ကြိုတင်ရှောင်ပြေးသွားကြပြီဖြစ်သဖြင့် မြန်မာ့လေတပ်မှ နယ်ရောက်စစ်ကူများကိုသွားရောက် သယ်ဆောင်နိုင်ခြင်းမရှိခဲ့ပေ။ စစ်တွေ(ထိုစဉ်က အကယပ်ဟုခေါ်သည်) လေယဉ်ကွင်းတွင်ဆိုက်ကပ်ထားသည့် အင်ဒိုနီးရှားပိုင် ခရီးသည်တင်လေယဉ်ဖြင့် အမှတ်(၅)ဘားမားရိုင်ဖယ်တပ်ရင်း မင်္ဂလာဒုံသို့ ညတွင်းခြင်းစစ်ကူရောက်လာသည်။ မင်္ဂလာဒုံကို ကရင်များကကြိုတင်ဖျက်ဆီးထားခဲ့ပါက မြန်မာစစ်ကူများအဖို့ စစ်တွေမှ ရန်ကုန်အရောက် ပင်လယ်ခရီးမှလာရမှရမည်ဖြစ်သဖြင့်
၂ပတ်ခန့် ကြာမည်။
အင်းစိန်ကိုအစိုးရတပ်ကစတင်တိုက်ခိုက်လာသောအခါတွင် ခ၀ဲခြံနှင့်သမိုင်းမှ အရပ်သူ အရပ်သားများကလဲ အင်းစိန်သို့ ရွှေ့ ပြောင်းရှောင်ရှားလာကြသည်။ မင်္ဂလာဒုံလက်နက်တိုက်မှသိမ်းဆည်းခဲ့သည့် လက်နက်များကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများ၊ အင်းစိန်ကျန်းစာကျောင်းသားများ
နှင့်အရပ်သူအရပ်သားများကို တပ်ဆင်ပေးလိုက်သဖြင့် ကရင်လက်နက်ကိုင်အင်အား တထောင်ခန့် ရှိလာသည်။
ကရင်လူထုနှင့် လက်နက်ကိုင်တပ်ဖွဲ့ များအတွက် ရိက္ခာပြသနာဖြေရှင်းနိုင်ရန် အင်းစိန်မြို့သိမ်းပွဲလုပ်ရန်ဖြစ်လာသည်။
အင်းစိန်တွင် ဆန်စက်(၈)လုံးနျင့် ဆန်ဂိုဒေါင် (၁၀)လုံးရှိသဖြင့် ဆန်အိပ် ငါးသောင်းကျော်နှင့် ဘိုကိတ်ပဲများစွာရှိသည်။
အင်းစိန်မြို့ တွင်းတွင် ကရင်ကိုတိုက်ရန် ဖဆပလနှင့် လဲဗီးတပ်များအင်အားနှစ်ထောင်ရှိနေသည်။
တချိန်တည်းတွင် ရန်ကုန်မြို့ တွင် ကရင်များနည်းတူ တခြားလက်နက်ကိုင်အဖွဲ့ များကလဲ ဖဆပလ တပ်ကို အလစ်အငိုက်ဝိုင်းတိုက်ကြသည်။ အင်းစိန်ဈေးကြီးလဲ တိုက်ပွဲတွင်မီးလောင်သွားသည်။ ဖဆပလတပ်ဖွဲ့ များခြေမှုန်းခြင်းခံရပြီး တပ်ပျက်ထွက်ပြေးကုန်သဖြင့် ဖေဖေါ်ဝါရီလ မနက်(၈)နာရီတွင် တိုက်ပွဲပြီးဆုံးသည်။ကေအဲန်ဒီအိုနှင့်ကရင်လူထုတပ်များက အင်းစိန်မြို့ ကိုသိမ်းပိုက်သည်။ အစိုးရဆန်ဂိုလ်ဒေါင်များမှ ဆန်များဖြင့် အင်းစိန်မြို့ စစ်ဘေးဒုက္ခသည်လူထုအား KNDO က လနှင့်ချီဝေမျှစောင့်ရှောက်နိုင်ခဲ့သည်။
ဘေးပတ်အကြောင်းအရာများ…
အင်းစိန်မြို့ ကိုမသိမ်းမီက တွံတေးမြို့ ကို ဦးစွာသိမ်းပိုက်ထားပြီးဖြစ်သဖြင့် ရန်ကုန် ပြင်ပနှင့်ဆက်သွယ်နိုင်သည့် ကုန်းလမ်း၊ရေလမ်းများအားလုံးကိုလဲ ကရင်တပ်များက ဖြတ်တောက်ထိမ်းချုပ်ထားလိုက်သည်။
ပြည်တွင်းပြည်ပ မီဒီယာအားလုံးက မြန်မာအစိုးရကို ဖဆပလအစိုးရ အစား (၇) မိုင်အစိုးရဟုပြောင်းလဲသုံးနှုန်းလာသည်။
အင်းစိန်ကိုသိမ်းပိုက်ပြီးနောက်တပတ်တွင် သထုံမှ မွန်နှင့် ကရင်တပ်ဖွဲ့ များ ရောက်လာသဖြင့် မွန်တပ်အပါအ၀င်
ကရင်တပ်များ အင်အား တထောင့် ငါးရာကျော်ဖြစ်လာသည်။ ဖဆပလအစိုးရ၏ ဘားမားရိုင်ဖယ် တပ်ရင်း(၅)၊UMP တပ်များ၊ LEVY တပ်များနှင့်ရန်ကုန်တက္ကသိုလ်အပျော်တမ်းတပ်များအပြင် တိုက်လေယဉ်များ သံချပ်ကားများ အမြှောက်တပ်များ စစ်ရေယဉ်များဖြင့် နယ်ဘက်မှစစ်တပ်များကလည်း အင်းစိန်ကို နေ့ ညမပြတ်မလာရောက်ထိုးနှက်တိုက်ခိုက်သည်။
အစိုးရဘက်က လက်နက်ခဲယမ်းမီးကျောက် လိုအပ်သလိုရရှိနေသည်ကိုတွေ့ ရပြီး ကရင်များဘက်တွင်မူ တိုက်ပွဲတလခန့် အကြာတွင် ခဲယမ်းမီးကျောက်ပြတ်လပ်လာပြီဖြစ်သည်။စစ်ပညာကျွမ်းကျင်မှုကြောင့် ကျန်ရှိသမျှကျည်ဆံများဖြင့် ရန်သူကို တချက်တကောင်နှုန်း အမှည့်ချွေနိုင်၍သာလျှင် ဆက်လက်ခုခံနေနိုင်သေးခြင်းဖြစ်သည်။ အင်းစိန်မြို့နေရာအနှံ့ အပြားတွင် လက်နက်ခဲယမ်းမီး ကျောက်ရရှိနိုင်သောနေရာများကိုအသဲအသန်မြေလှန်ရှာဖွေကြသည်။
ကံအားလျှော်စွာ ကုလားလူမျိုးတဦးကသတင်းပေးသဖြင့် အင်္ဂလိပ်တို့ မြှုပ်နှံသွားသည့် ကျည်ဆံအမြားအပြားကိုတူးဖေါ်ရရှိကာ
နောက်ထပ် (၃) လခန့် ခုခံတိုက်ခိုက်နိုင်ခဲ့သည်။
ဤနည်းဖြင့် ကရင်တပ်များ (၁၁၁)ရက် တိုင်တိုင်ခုခံတိုက်ခိုက်ပြီး ၁၉၄၉ မေလ(၂၁) ရက်တွင်အင်းစိန်မှဆုတ်ခွာကြသည်။ တိုက်ပွဲတွင်အင်အားထောင်ပေါင်းများစွာသုံးသော ဖဆပလ အစိုးရတပ်ဘက်က (၅၀၀၀) ကျော်ခန့် ကျဆုံးပြီး အင်အား တထောင့် ငါးရာကျော်ရှိသော ကရင်များဘက်က (၂၀၀) နီးပါးကျဆုံးသည်။ ကရင်ဘက်တွင် ဒဏ်ရာရသူ (၈၀၀)ကျော်ရှိသည်။
အင်းစိန်ကို ကရင်တပ်များကသိမ်းပိုက်ထားစအချိန်တွင် မြန်မာ့အသံမှ” ပြည်ထောင်စုမြန်မာနိုင်ငံသည် ကြီးမားသည့်အန္တရာယ် အတွင်းသို့ ကျရောက်နေကြာင်း” ၃ကြိမ်ထုတ်လွှင့်ကျေညာသည်ကိုကြားခဲ့ရကြောင်း ထိုသို့ ကျေညာပြီးနောက်ပိုင်းတွင် ရေဒီယို အသံလွှင့်ချက်များတိတ်သွားသည်။မကြာမီလူထုအတွင်းတွင် အင်းစိန်မြို့ကို ကရင်တပ်များသိမ်းလိုက်ပြီဆိုသည့်သတင်းများ ပြန့် ထွက်လာသည်။
ထိုအချိန်သည်မြန်မာပြည် သမတမှာ ရှမ်းအမျိုးသား စ၀်ရွှေသိုက်ဖြစ်ပြီး ၀န်ကြီးချုပ်မှာ ဦးနုဖြစ်သည်။ဖဆပလ က အစိုးရဖြစ်လျှက် အုပ်ချုပ်ရေးအာဏာ အားလုံးဝန်ကြီးချုပ်လက်တွင်ရှိသော ပါလီမန်ဒီမိုကရေစီဖြစ်သည်။သမတမှာမူ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များကို အလှည့်ကျတင်မြှောက်ထားပြီး အုပ်ချုပ်ရေးနှင့်နိုင်ငံရေးတိုက်ရိုက်အာဏာမရှိသော အနေအထားဖြစ်သည်။ အရာရာတွင် ၀န်ကြီးချုပ်၏တင်ပြတောင်းဆိုချက်အတိုင်း တသွေမတိမ်း လက်မှတ်ရေးထိုးအတည်ပြုပေးရသော နိုင်ငံတော်တံဆိတ်တုံး ကြီးအဖြစ်သမတအားထားရှိသည်။
အင်းစိန်တိုက်ပွဲမစမီတွင် မြန်မာ့တပ်မတော်စစ်ဦးချုပ်နှင့် ရဲမှူးချုပ်ကြီးမှာ ကရင်အမျိုးသား ဗိုလ်ချုပ်ကြီး စမစ်ဒွန်းဖြစ်သည်။ အင်းစိန်တိုက်ပွဲစဖြစ်လာသောအခါ ၀န်ကြီးချုပ်ဦးနုက ဗိုလ်ချုပ်စမစ်ဒွန်းနေရာကို ဗိုလ်မှူးကြီးနေ၀င်းအားသိမ်းယူစေခဲ့သည်။ ဗိုလ်နေ၀င်းဗိုလ်ချုပ်ဖြစ်လာသောအခါ ဗိုလ်မှူးချုပ်ကျော်ဇောကို အင်းစိန်စစ်ဆင်ရေးမှူးအဖြစ်တာဝန်ပေးခဲ့သည်။ အင်းစိန်တိုက်ပွဲတွင် ဗိုလ်မှုးချုပ်ကျော်ဇော ဒါဏ်ရာပြင်းထန်စွာရခဲ့သည်။ ဗိုလ်မှူးချုပ်ကျော်ဇောသည် အမေရိကန်ကထောက်ပံ့ထားသော ရှမ်းပြည်နယ်မှ ပြည်ပြေးတရုတ်ကူမင်တန်များကိုချေမှုန်းစစ်ဆင်ရေးတွင် နာမယ်ကြီးလာသူဖြစ်သည်။ အမေရိကန်က တရုပ်ဖြူကူမင်တန်များကိုထောက်ပံ့ထားရခြင်းမှာ ဂျပန်ထိုးစစ်တုန်းက အမေရိကန် အဂ်လိပ်နှင့် ကူမင်တန်တို့ က တရုတ်ပြည်တွင် ပူးပေါင်းခုခံတိုက်ခိုက်ခဲ့စဉ်က CBI မဟာမိတ်များဖြစ်ခဲ့ပြီး အပြန်အလှန်ကူညီရေးစာချုပ်များရှိခဲ့၍ဖြစ်သည်။ CBI ဆိုသည်မှာ China Burma India Theater(Warfare) ဖြစ်သည်။
ကရင်များနှင့်တိုက်ခဲ့ရသော အင်းစိန်တိုက်ပွဲသည် သူ့ စစ်ရေးဘ၀အတွေ့ အကြုံအားလုံးအနက် ကျဆုံးမှုအများဆုံး ဆုံးရှုံးမှု အကြီးမားဆုံးဟု ဗကပ အဖြစ် တရုတ်ပြည် ကူမင်မြို့တွင် ခိုလှုံနေစဉ် ၂၀၀၀ခုနှစ်များက ကဗိုလ်ချုပ်ကျော်ဇောမှမီဒီယာများကို ဖွင့်ဟပြောကြားခဲ့သည်။
ဦးနုအစိုးရနှင့် ကေအဲန်ဒီအို စေ့စပ်ရေး
အင်းစိန်တိုက်ပွဲအတွင်းတွင် ၀န်ကြီးချုပ်ဦးနုက အစိုးရနှင့်အတူ ကရင်ကိုဝိုင်းတိုက်ပေးရန် မြန်မာကွန်မြူနစ်သူပုန်များနှင့်စေ့စပ်ရာတွင် ကျောင်းတော်ကရန်စများကြောင့် အပြန်အလှန်ယုံကြည်မှုမရှိသဖြင့် စေ့စပ်ရေးပျက်ပြားသွားခဲ့သည်။ သို့ ဖြစ်၍ ကွန်မြူနစ်များနှင့်စေ့စပ်မှုကိုလက်လျှော့လိုက်ပြီး ကရင်နှင့်တိုက်ရိုက်စေ့စပ်ရေးလုပ်နိုင်ရန်အားထုတ်သည်။
လူအများလေးစားယုံကြည်ရသောကြားလူများဖြစ်သည့် ရန်ကုန်ရှ်ိ ဗြိတိသျှသံအမတ်ကြီး မစ္စတာဘိုကာ၊ အိန္ဒိယသံအမတ်ကြီး ဒေါက်တာရပ်(ဖ်)၊ ပါကစ္စတန်သံအမတ်ကြီး မစ္စတာ အလီအပြင် အင်္ဂလီကန် ခရစ်ယန်ဂိုဏ်းချုပ်ကြီး ဘိရှော့ ၀က်(စ်)၊ ဆာစံစီဖိုး(ဗြမ္မဇို သာသနာတည်ထောင်သူ) ၏သမီး မစ္စဘမောင်ချိန် တို့ ကို စေ့စပ်ရေးအကျိုးဆောင်စေသည်။
ဦးနုကိုယ်တိုင်စောဘဦးကြီးထံရေးသားသော ကမ်းလှမ်းစာတွင် ကရင်ဗမာစစ်ပွဲကြောင့်လူထုတွေသေကြေပျက်စီးကြပြီးမြို့ ပြ နေအိမ်အဆောက်အဦးများမီးလောင်ပျက်စီးဆုံးရှူံးရသဖြင့် စေ့စပ်ဆွေးနွေးလိုကြောင်းပါရှိသည်။ ဥက္ကဌစောဘဦးကြီးက ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီး ၁၉၄၉ ဧပြီလ(၅)ရက်နေ့ တွင် ဆွေးနွေးကြသည်။ ထိုသို့ ဆွေးနွေးပွဲသို့ မသွားခင်တွင် ကရင်ခေါင်းဆောင်များက အစည်းအဝေးခေါ်ယူပြီး ဘာတွေပြောဆိုကြမည်၊ ဘာကိုလက်ခံပြီး ဘာကိုလက်မခံ စသည်တို့ ကို စေ့စေ့စပ်စပ်ကြိုတင်ညှိနှိုင်းမှုများမလုပ်ခဲ့ပေ။ တွေ့ ဆုံဆွေးနွေးပွဲ သို့ စောဘဦးကြီးနှင့်အတူ မန်းဂျိန်း(စ်) ထွန်းအောင်နှင့် စောဘဲလေတို့ သွားရောက်ခဲ့ပြီး အစိုးရဘက်က ဦးနု၊ ဗိုလ်ခင်မောင်လေး၊ ဗိုလ်နေဝင်းနှင့် ဦးချန်ထွန်းတို့ တက်ရောက်သည်။
ငြိမ်းချမ်းရေးလိုလားသောစိတ်အရင်းခံကြောင့်သော်လည်းကောင်း ကရင်လူမျိုးအချင်းချင်းဖြစ်သော ငြိမ်းချမ်းရေး အကျိုးဆောင်ဂုဏ်သရေရှိလူကြီးများ၏ဖျောင့်ဖျမှုကြောင့်သော်လည်းကောင်း ဦးနုအစိုးရ၏ ကရင်များလက်နက်ချပြီးအစိုးရနှင့်ပြန်လည်ပေါင်းစည်းရေး ငြိမ်းချမ်းရေးစာချုပ်ကို ဥက္ကဌစောဘဦးကြီး သဘောတူလက်မှတ်ထိုးခဲ့သည်။ သဘောတူညီချက်အရ ဧပြီလ(၈) ရက်နေ့  သမိုင်းတွင် လက်နက်ချပွဲလုပ်ရန်ပါရှိသည်။ အင်းစိန်စခန်းသို့ ပြန်ရောက်သောအခါ တခြားကရင်ခေါင်းဆောင်များက ထောင်ကွက်ထဲ ကျရောက်သွားပြီဟု တွက်ချက်ပြကြသည်။ ဥက္ကဌစောဘဦးကြီးက မိမိမှာ KNU အနေနှင့် လက်မှတ်ထိုးခဲ့ခြင်းဖြစ်သဖြင့် ဦးနုအစိုးရနှင့်တိုက်ရိုက်စစ်ဖြစ်နေပြီး မတရားသင်းကျေညာထားခံရသော KNDO ကိုယ်တိုင် စေ့စပ်ပွဲသို့ သွားရောက်ပြောဆိုပြီး လက်မှတ်ထိုးခြင်းကို ရုပ်သိမ်းသင့်လျှင် ရုပ်သိမ်းခဲ့ရန်ကြရန် မန်းဘဇန်ကို ညွှန်ကြားခဲ့သည်။
သို့ ဖြစ်၍ ဧပြီလ (၆) ရက်နေ့တွင် မန်းဘဇံ ဦးဆောင်သော ကရင်ကိုယ်စားလှယ်အဖွဲ့နှင့် ဦးနုတို့ တွေ့ဆုံကြသည်။ ကရင်ကိုယ်စားလှည်အဖွဲ့ တွင်ထိုစဉ်က အင်းစိန်တိုက်ပွဲတွင်ပါဝင်သော ကရင်ခေါင်းဆောင်များဖြစ်သည့် KNDO တည်ထောင်သူ မန်းဘဇန်၊ ဗိုလ်စိုင်းကေနှင့် ဟန်တာသာမွှေးတို့ ဖြစ်သည်။ ကရင်အမျိုးသားများ၏ အဓိကလိုအပ်ချက်မှာ ကရင်ပြည်သာ ဖြစ်သဖြင့် အပစ်အခတ်ရပ်စဲစဉ် ကရင်ပြည် ရရှိရေးကိစ္စကိုသာ ဆွေးနွေးသွားရန် မန်းဘဇံက ဦးနုထံ တင်ပြသည်။ ဖဆပလ ခေါင်းဆောင်များက မန်းဘဇံ၏ ဆွေးနွေးချက်ကို လက်မခံ။ အပစ်ရပ်ပြီး လက်နက်ချရေးကိုသာ တောင်းဆိုသဖြင့်ဆွေးနွေးပွဲ ပျက်သွားသည်။

ငြိမ်းချမ်းရေး စစ်တမ်း(၄) - ဘာသာပြန်
ရှေ့ နေဦးအောင်ထူး၏ ဆောင်းပါးကို တီးနိုသဝေါတမှ ဘာသာပြန်ဆိုထားပါသည်။
ငြိမ်းချမ်းရေး စစ်တမ်း.pdf
Type the rest of your post here.
ငြိမ်းချမ်းရေး စစ်တမ်း.pdf
Type the rest of your post here.
Wednesday, April 23, 2014
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု အရေးကြီးဟု KIA ဆို
ကိုဇော်ဝင်းလှိုင်
22.04.2014
မြန်မာအစိုးရနဲ့ KIA ကချင်လွတ်မြောက်ရေးတပ်မတော်အကြား နှစ်ဘက် တိုက်ပွဲတွေ လျှော့ချဖို့ သဘောတူညီမှု ရရှိထားတဲ့ကြားက မြန်မာစစ်တပ်ဘက် က ထိုးစစ်ဆင် တိုက်ခိုက်နေမှုတွေဟာ ငြိမ်းရေးဆွေးနွေးမှုတွေအတွက် ယုံကြည်မှုကို လျော့ကျစေတယ်လို့ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် က ဗွီအိုအေနဲ့ သီးသန့်ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း ပြောကြားလိုက်ပါ တယ်။
ဒါ့အပြင် မြန်မာခေါင်းဆောင်ပိုင်းအကြား ဖက်ဒရယ်စနစ်ကို လက်ခံလိုတဲ့ ဆန္ဒရှိပုံ မရဘူးလို့ သူ့အနေနဲ့ မြင်တဲ့အကြောင်းလည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
အမေရိကန်နိုင်ငံမှာ ရောက်နေတဲ့ KIA ကချင်လွတ်မြောက်ရေးတပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ဟာ အစိုးရအရာရှိတွေ၊ ကုလသမဂ္ဂအရာရှိတွေ၊ အမေရိကန်နိုင်ငံမှာ ရောက်နေကြတဲ့ ကချင်တိုင်းရင်းသားတွေ၊ မြန်မာ့အရေး စိတ်ဝင်စားသူတွေနဲ့ တွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေ၊ တိုင်းရင်းသားအရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ် ဖော်ဆောင်ရေး ကိစ္စတွေကို တင်ပြ ဆွေးနွေးနေတာ ဖြစ်ပါတယ်။
ဧပြီလ ၂၁ ရက်နေ့က ဗွီအိုအေ မြန်မာပိုင်းနဲ့ ပြုလုပ်တဲ့ သီးသန့် တွေ့ဆုံ ဆွေးနွေးမှုမှာတော့ ကချင်ပြည်နယ်အတွင်း လတ်တလော မြန်မာအစိုးရတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်မှုတွေက လက်ရှိ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် ယုံကြည်မှုကို ထိခိုက်စေတဲ့အကြောင်း ဗိုလ်ချုပ်ဂွမ်မော်က အခုလို စပြောပါတယ်။
“တဘက်နဲ့တဘက် ဆွေးနွေးနေတဲ့အပေါ်မှာ ယုံကြည်မှုတွေကို အများကြီး ဟို လျော့သွားစေပါတယ်။ တကယ်တော့ ဒီဆွေးနွေးနေတဲ့ အခြေအနေမှာကော နောက် ကျနော်တို့က မြစ်ကြီးနားမှာ အောက်တိုဘာလမှာ ဒီအစိုးရကိုယ်စားလှယ်များနဲ့ KIO ကိုယ်စားလှယ်များက နှစ်ဘက်တိုက်ပွဲတွေကို လျှော့ချဖို့ဆိုတာ ကတိက၀တ်တွေလည်း ရှိပါတယ်။ အဲ့ဒီတော့ ဒီဆွေးနွေးပွဲတွေမှာကော ဒီကတိတွေ ရှိနေရင်းနဲ့လည်း အခုလို တိုက်ပွဲတွေဖြစ်တယ်ဆိုတာက ဒီဆွေးနွေးမှုအပေါ်မှာ အများကြီး အနှောင့်အယှက် ပေးနိုင်ပါတယ်။ အဓိကကတော့ ဒီတဘက်နဲ့တဘက် ကတိတွေအပေါ်မှာ အပြန်အလှန် စောင့်ထိန်းဖို့ လိုအပ်ပါတယ်။ ယုံကြည်မှု တည်ဆောက်ရေးကတော့ ဆက်တိုက်လုပ်ရမှာပါ။ အဲတော့ ဒီတိုက်ပွဲတွေ တခါလုပ်လိုက်တိုင်း အရင်တည်ဆောက်ထားတဲ့ ယုံကြည်မှုဟာ တော်တော် လျော့သွားပါတယ်။”
အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးလိုက်ရုံနဲ့ ငြိမ်းချမ်းရေးရရှိပြီလို့ ယူဆလို့ မရနိုင်ကြောင်းနဲ့ သဘေတူ လက်မှတ်ထိုးတာဟာ ငြိမ်းချမ်းရေးဖော်ဆောင်ရေးရဲ့ တစိတ်တပိုင်းသာဖြစ်တယ်လို့ ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။ တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စနစ်နဲ့ ပတ်သက်လို့ မြန်မာခေါင်းဆောင်တွေအကြား ဘယ်လို သဘောထားမျိုးရှိတယ်ဆိုတဲ့ သူ့ရဲ့ အမြင်ကိုလည်း ဗိုလ်ချုပ် ဂွမ်မော်က အခုလို ရှင်းပြပါတယ်။
“အဓိကကတော့ ဒီဖက်ဒရယ်ကို လက်မခံချင်ဘူးလို့ပဲ မြင်ပါတယ်။ နားမလည်တာတော့ မဖြစ်နိုင်ပါဘူး။ လက်မခံချင်တာပဲ ဖြစ်ပါလိမ့်မယ်။ ပြည်သူလူထုအားလုံးကတော့ ဖက်ဒရယ်ကို လက်ခံတယ်လို့ပဲ ကျနော် နားလည်တယ်။ အခု ကျနော်တို့ NCCT ကနေ ရေးဆွဲတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းမှာ အပစ်အခတ်ရပ်စဲရေး ပြီးတဲ့နောက်ပိုင်း ဆွေးနွေးမှုမှာ ဒီဖက်ဒရယ်ကို ဆွေးနွေးဖို့ တင်ပြထားတယ်။ အစိုးရဘက်က ပြန်ပြီးရေးဆွဲတဲ့ text ထဲမှာတော့ ဖက်ဒရယ်ဆိုတဲ့စကားလုံး တနေရာမှာမှ သုံးမထားတာကို တွေ့ရတယ်။ ဒါကြောင့်မို့လို့ ဖက်ဒရယ်ကို အစိုးရက လက်မခံနိုင်ဘူးဆိုတဲ့ သဘောမျိုးဖြစ်နေပါတယ်။ ပထမအချက်က တိုင်းရင်းသားများ တောင်းဆိုနေတာက တိုင်းရင်းသားများကို နားလည်ပြီးတော့ အသိအမှတ်ပြုပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဖြစ်ပါတယ်။ ဒါ ပထမအချက်ပေါ့။ ဒုတိယအချက်ကတော့ ဒီလက်တွေ့ ညှိနှိုင်းတဲ့အပေါ်မှာ အခြေခံယူဆချက်တွေ အများကြီး ကွာခြားမှုရှိပါတယ်။ အဓိကနှစ်ချက်ကို ဒီလိုပဲ ပြောချင်ပါတယ်။”
တဆက်တည်းမှာပဲ ၂၀၀၈ ဖွဲ့စည်းပုံဟာ အမြင်အားဖြင့် ဖက်ဒရယ်စနစ်ပုံစံ ပေါက်တယ်လို့ ယူဆလို့ ရနိုင်ပေမဲ့လည်း လက်တွေ့မှာ အဲဒီလို မဟုတ်ဘူးဆိုတာကို ထောက်ပြ ပြောဆိုပါတယ်။
“၂၀၀၈ ဖွဲ့စည်းပုံကို တချို့ပညာရှင်တွေက ဖက်ဒရယ်ပုံစံ ဖွဲ့စည်းပုံ ဖြစ်တယ်လို့ပြောတယ်။ ဇယားအရ format အရ အခြေခံယူဆလို့ ရချင်ရမှာပါ။ သို့သော်လည်းပဲ ဒီအထဲမှာပါဝင်တဲ့ သတ်မှတ်ချက်တွေ၊ စံနှုန်းတွေ၊ အာဏာခွဲဝေမှုတွေအရ ဆိုလို့ရှိရင် ကျနော်တို့တွေက ဒီဖက်ဒရယ်စနစ်ကို ပီပီပြင်ပြင် ပုံမဖော်နိုင်ဘူးလို့ပဲ မြင်ပါတယ်။”
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်မှု မရှိတဲ့အပေါ် အပြင်မှာ ထောက်ပြ ပြောဆိုမှုတွေ ရှိနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ ဖိတ်ခေါ်ခြင်း ရှိ မရှိ ဆိုတာ မေးတဲ့အခါ -
“KIO ဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ဖို့ မဖိတ်ဖို့ ဆိုတာထက် အပစ်အခတ်ရပ်စဲရေးတွေ လုပ်ပြီးနောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်တို့၊ ခွန်ထွန်းဦးတို့လို ပုဂ္ဂိုလ်မျိုး ပါဖို့အတွက်က စီမံချက်တွေ ရှိပါတယ်။ ဒီလိုအချိန်မှာ ပါဝင်သင့်တယ်လို့လည်း KIO က ခံယူပါတယ်။ တိုင်းရင်းသားတွေရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်းနဲ့ ဖော်ပြတာမျိုးတော့ မတွေ့ရသေးဘူး။ သို့သော်လည်းပဲ ဒီတိုင်းရင်းသားများအရေးကို NLD လို ဒီပါတီကြီးတွေကတော့ သူတို့ လက်ခံလိမ့်မယ်လို့ ဒီလိုပဲ မျှော်လင့်ပါတယ်။”
ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့ ကချင်ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုကို ဧပြီလ ၁၃ ရက်နေ့က ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ထဲထဲဝင်ဝင် ပါဝင်လာဖို့ လိုလားကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ပြောတာကို ကိုးကားပြီး နိုင်ငံတကာ သတင်းတွေမှာ ရေးသားဖော်ပြကြသလို၊ မြန်မာအစိုးရဘက်က စစ်ရေးအရ ဖိအားပေးရင် တနိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးမှာ မဟုတ်တဲ့အကြောင်း အမေရိကန်ရောက် ကချင်နဲ့ ချင်း မိသားစုတွေနဲ့ စနေနေ့က ပြုလုပ်တဲ့ တွေ့ဆုံပွဲမှာ ဗိုလ်ချုပ် ဂွမ်မော်က ပြောကြားခဲ့ပါတယ်။
http://burmese.voanews.com/content/interview-with-gum-maw/1898540.html

Tuesday, April 22, 2014
ဆရာကြီးဦးဝင်းတင် ကွယ်လွန်ခြင်း
ဘဘ ဦးဝင်းတင် ကောင်းရာသုကတိလန်းပါစေ။ အစဉ်အမြဲလေးစားလျက်.....
Type the rest of your post here.
Type the rest of your post here.
အဲန်အယ်ဒီ တကွက်အမှား ကျားစား
အဲန်အယ်ဒီ၏ပထမအမှားဟုဆိုလျှင်လဲဆိုနိုင်သောအချက်မှာဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တသွေမတိမ်းထိမ်းသိမ်းစောင့်ရှောက်ပါမည်ဟု ပါဝင်ကတိသစ္စာခံယူခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ပါတီ၏မူလမူဝါဒရပ်တည်ချက်ကိုဆန့် ကျင်သကဲ့သို့  ခုတမျိုးနောက်တမျိုး မတည်ငြိမ်မှုကိုပြသလိုလဲဖြစ်သွားသည်။ နုနယ်သိမ်မွေ့ လှသောနိုင်ငံရေးအခင်းအကျဉ်းများတွင် ဤ လုပ်ရပ်မှာ အတော်လေးကြမ်းတမ်းသွားသည်ဟုဆိုနိုင်သည်။
၂၀၀၈ဖွဲ့ စည်းပုံကိုတသွေမတိမ်းထိမ်းသိမ်းစောင့်ရှောက်ရေးတွင် ဖွဲ့ စည်းပုံဥပဒေမပြင်ဆင်ရေးသည် အဓိကအချက်ဖြစ်နေသည်။ အဲန်အယ်ဒီမပါဝင်ခဲ့လျှင် အတိုက်အခံနေရာမပြည့်သဖြင့် လွှတ်တော်ဖွဲ့ ၍ရမည်မဟုတ်ပါ။ လွှတ်တော်မဖွဲ့ နိုင်လျှင် အစိုးရကိုလဲ ဖွဲ့ နိုင်မည်မဟုတ်ပါ။
ဤသည်မှာ ဒီမိုကရေစီနိုင်ငံတိုင်းတွင်ကျင့်သုံးရသော အခြေခံစည်းကမ်းချက်တခုဖြစ်သည်။
အတိုက်အခံမရှိလျှင် ဒီမိုကရေစီမဟုတ်ဟူသောသတ်မှတ်ချက်ရှိပါသည်။
အဲန်အဲယ်လ်ဒီအနေနှင့် မိမိမပါဘဲနှင့်လဲ အတိုက်အခံနေရာပြည့်သွားနိုင်သည်ဟု တွက်ချက်မိသဖြင့်
မထူးဘူးဆိုကာ ၀င်ပူးခြင်းအဖြစ်သို့ ရောက်ခဲ့သည်။ ထိုသို့ ဝင်ပူးခြင်းဖြင့် လွှတ်တော်တရပ်ကိုထူထောင်နိုင်သည်နှင့်အတူ လွှတ်တော်မှ လူဝတ်လဲ စစ်တပ်ကိုယ်စားလှည်များကို အရပ်သားအစိုးရအဖြစ် ကျေညာနိုင်ခဲ့သည်။ မြန်မာနိုင်ငံရေးလောကအပြင် ပြည်သူလူထုတရပ်လုံးနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘာ့ပရိတ်သပ် အများစုသည်လဲ
အဲန်အဲလ်ဒီနှင့်အတူ လူဝတ်လဲစစ်အစိုးရ၏ ကျော့ကွင်းအတွင်းသို့ အဟုတ်မှတ်၍သော်လည်းကောင်း တခုခုလုပ်နိုင်နိုးဖြင့်သောလည်းကောင်း ဒါမှမဟုတ် အဲန်အယ်လ်ဒီနှင့်အတူဆိုသည့် အယူအဆဖြင့်သော်လည်းကောင်း ဒါမှမဟုတ် ဒီလမ်းဘဲကျန်တော့တယ်ဟုထင်၍သော်လည်းကောင်း ခုန်ဆင်းသွားကြသည်။ ထိုနည်းဖြင့် လူဝတ်လဲစစ်အစိုးရကိုနိုင်ငံတကာက သူ့ ထက်ငါအလုအယက် ချဉ်းကပ် အားပေး ထောက်ကူလာကြသည်။ တဘက်တွင် အဲန်အယ်ဒီခမျာ ဖြစ်ပေါ်လာသော အခြေအနေတခုတလေကိုမျှ ပါတီ၏လမ်းစဉ်အောက်တွင် ထိမ်းကြောင်းထားနိုင်ခြင်းမရှိသောအနေအထားသို့ ရောက်သည်။
ဒုတိယအမှားဟုဆိုနိုင်သည့်အချက်မှာ စစ်အုပ်စုက ချွေးသိပ်ရေး နည်းနားတခုအဖြစ် ဥပဒေစိုးမိုးရေးကော်မီတီ်ဥက္ကဌနေရာကို ဒေါ်အောင်ဆန်းစုကြည်အားထိုးကြွေးခဲ့ရာတွင်လဲ
တခုခုလုပ်လို့ ရနိုးဖြင့် လက်ခံခဲ့ခြင်းဖြစ်သည်။ အမှန်တွင် ဤရာထူးသည် နာမယ်ကြီးထမင်းငတ်သာမက
လူဝတ်လဲစစ်အုပ်စုမှ ကြိုတင်စီစဉ်ထားသော လူမျိုးရေး အသားအရောင်ခွဲခြားမှု၊ ဘာသာရေးမုန်းတီးခွဲခြားမှုစိတ်ဓါတ်တို့ ကိုအရင်းခံသည့် အဓိကရုန်းများနှင့် လူသားစိတ်ဓါတ်ခေါင်းပါးစွာဖြင့် ကျူးလွန်ကြသော အစုလိုက်အပြုံလိုက် လူလူခြင်းသတ်ဖြတ် ဖျက်ဆီးမှုများအောက်တွင် ဘာမှလုပ်နိုင်မည့်အနေအထားမရှိသော ဒေါ်အောင်ဆန်းစုကြည်၏ ရှိသမျှထောင့်အကုန်ပြုတ်စေမည့် ထောင်ချောက်သာဖြစ်သည်။ မဆီမဆိုင်လက်ဘဒေါင်းအရေးတွင်ပင်လျှင် လူထုဆန့် ကျင်မှု ကို ဒေါ်အောင်ဆန်းစုကြည်မျက်မျက်ကလေးခံစားလိုက်ရသည်ကလည်း စစ်အုပ်စုက ကြိုတင်ထည့်တွက်ထားခြင်းမရှိသည့် ဘေးထွက်အမြတ်အစွန်းတခုဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ရနေသည်မှာ သာမန်ပြည်သူတွေလို နိုင်ငံတကာသို့ သွားလာလည်ပတ် ပြောဆိုခွင့်တွေဖြစ်သည်။ ထိုသို့ သောလွတ်လပ်ခွင့်ကို ချကျွေးလိုက်ခြင်းဖြင့် လက်ရှိစစ်လူဝတ်လဲအစိုး
ရလည်ပင်းတွင် နိုင်ငံတကာက ချီးမျှင့်တော်မူထသောပန်းကုံးကြီးများတဂွင်းပြီး တဂွင်းထိမ်းမနိုင်သိမ်းမရပုံတိုးလာနေသည်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မည်သူ့ ကိုမျှအစိုးရက အရင်ကလို အရေးယူခြင်းမရှိသည်သာမက အရေးလုပ်ခြင်းပင်လျှင်မရှိဖြစ်နေသဖြင့် နိုင်တကာလှည့်ပြသနေသည့် စတားတို့ ၏ စတိတ်ရှိုးများသဖွယ်သာဖြစ်နေတော့သည်။
အဲန်အယ်ဒီ၏အထက်ပါအကွက်မှားများမှဆင့်ပွားဖြစ်ပေါ်လာသည့် နစ်နာချက်အရှုံးတခုတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၏ ယုံကြည်မှုကိုတိတ်တဆိတ်ဆုံးရှုံးသွားခြင်းလဲ ပါဝင်သည်ဟုဆိုနိုင်သည်။ အမှန်တွင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်ဦးဆောင်သည့် ဒီမိုကရေစီတောင်းဆိုမှုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးက နှစ် (၂၀)ကျော်တခဲနက်ထောက်ခံနေခဲ့ကြသည်မှာ တခါတရံ တဘက်သပ်လိုတောင်ဖြစ်နေခဲ့သည်။ ကေအဲန်ယူမှ ဦးသိန်းစိန်အစိုးရနှင့် စတင် တွေ့ ဆုံဆွေးနွေးသောကာလအစပိုင်းတွင်ပင် ကေအဲန်ယူ အတွင်းရေးမှူးချုပ်နော်စီပိုးရာစိန်က ဒေါ်အောင်ဆန်းစုကြည်နှင့်တိုက်ရိုက်တွေ့ ဆုံမှုများကိုအစပြုခဲ့သည်။ ထိုစဉ်က ကေအဲန်ယူသည် ဖက်ဒရယ်စနစ်ကို နှစ်(၆၀)ကျော်တောက်လျှောက် ဆန့် ကျင်တိုက်ဖျက်ခြေမှုန်းရေးလုပ်နေသော စစ်အုပ်စုအစိုးရနှင့်စကားပြောရာတွင် မိမိတို့ ၏ ကိုယ်ပိုင်ပြဌာန်းခွင့်မူကိုလက်ခံသော အဲန်အဲလ်ဒီနှင့် တနည်းတဖုံလက်တွဲလိမ္မည်ဟု အကဲဖြတ်သမားတိုင်းကထင်ခဲ့ကြသည်။
သို့ သော် ယခုတွေ့ နေရသည်မှာ ကေအန်ယူက မူဝါဒခြင်းနီးစပ်သော အဲန်အယ်လ်ဒီနှင့် လုံးဝမေးထူးခေါ်ပြောမလုပ်တော့ဘဲ ကေအဲန်ယူ၏မူဝါဒများအားအပြတ်အသတ် ခြေမှုန်းသုတ်သင်ခဲ့သည့်
စစ်အပ်စုနှင့်သာ သမီးယောက်ဖ များသဖွယ်ကြည်နူးစွာတွေ့ ဆုံဆက်ဆံနေကြသည်။ စစ်အုပ်စုကလဲ ဤအနေအထားကိုလက်မလွတ်တန်းအသုံးချလျှက် ကေအဲန်ယူကိုဖူးဖူးမှုတ်ထားမတတ် ရိုးလ်တည်ဆောက်ပေးပီး ရပ်တည်ချက်ခိုင်မာသူများကို ရပ်စရာနေရာမရှိတော့အောင်ဖြိုလှဲနေသည်။
အမှန်ကဤနည်းကို စစ်အုပ်စုက မကြာမကြာသုံးနေခဲ့သည်။ ကေအဲန်ယူမှခွဲထွက်သွားသောအဖွဲ့ များ ကေအဲန်ယူနှင့် ပြန်လည်စည်းလုံးသွားလိုစိတ်မရှိစေရန် ဖူးဖူးမှုတ်လမ်းစဉ်ကိုကျင့်သုံးထားသည်မှာလဲ မြင်နေရသည့်အရာဖြစ်သည်။ ဒီနည်းကို အခုအခါ ကေအဲန်ယူနှင့် အဲန်အဲလ်ဒီ လမ်းခွဲရေးအတွက် သုံးနေသည်သာဖြစ်သည်။ ကေအဲန်ယူကို အဓိကဦးစားပေးထားခြင်းမှာလည်း တခြားတိုင်းရင်းသားအဖွဲ့ တွေပါကေအဲန်ယူအကြိုက်လိုက်ပြီး ကေအဲန်ယူနှင့်အတူ မိမိတို့ ၏နိုင်ငံရေးသတ်ကွင်းအတွင်းသို့ ရောက်လာကြစေရန်ဖြစ်သည်။ ခေါင်းမာသောတချို့အဖွဲ့ များကိုမူ
စစ်ရေးအရ ဆက်လက်တိုက်ခိုက်ခြေမှုန်းနေလျှက်ရှိပြီး ငြိမ်းချမ်းရေးစင်တာကမည်သို့ မျှထိရောက်သော တားမြစ်မှုကိုလုပ်မည်မဟုတ်သည့် ၀ါးကျောအဖွဲ့ တဖွဲ့ အနေအထားကိုသာဖက်တွယ်ထားပုံရသည်။
ဒါတွေအားလုံးသည် စစ်အုပ်စုကတော်လွန်း၍တော့မဟုတ်တန်ရာဘဲ…အဲန်အယ်ဒီ၏ ဦးစွာသောခြေလှမ်းတကွက်အမှားကျားစားခြင်းမှ ဘေးထွက်သို့ မဟုတ် နောက်ဆက်တွဲရလဒ်များဖြစ်နေသည်ဟုဆို့လျှင်လဲ ရာနှုန်းပြည့်မဟုတ်သည့်တိုင် (၉၀) % လောက်မှန်နေသည်။ တိုင်းရင်းသားနှင့်ပြည်ထူလူထုတရပ်လုံး၏ကြီးစွာသောဆုံးရှုံးမှုဟုလဲဆိုနိုင်သည်။ ဘာကြောင့်ထိုသို့ ဆုံးရှုံးရသည်ဆိုသည်ကို နောက်ပိုင်းတွင် ဆက်လက်ရေးသားပါဦးမည်။
လေးစားလျှက်ပါ
အဂ္ဂ

Monday, April 21, 2014
ဦးဝင်းတင်အား ဂုဏ်ပြု တမ်းချင်း
ကွယ်လွန် သွားပြီဖြစ် သော ဆရာကြီး ဦးဝင်းတင်အား ထပ်မံ ဦးညွှတ် ဂုဏ်ပြုသည့် အနေဖြင့်
စာရေးသူ ရေးခဲ့သည့် ဆောင်းပါး တစောင်အား ပြန်လည် ဖြန့် ဝေပါသည်။
သတ္တိရှင် ဆရာကြီး ဦးဝင်းတင် သို့ ဂုဏ်ပြု တမ်းချင်း လူဆိုတာသေမှ ချီးမွမ်းရ တယ် ကွ ဟု စာရေးသူ၏ ဖခင်က သင်ကြား ဆုံးမခဲ့ ဘူးပါသည်။ မသေခင်ချီး မွမ်းမိလျှင် အကယ်၍ ထိုသူသည် ငွေကြေး၊ အာဏာ၊ အရှိန်အ၀ါ၊ စာရိတ္တ နှင့်ရပ်တည်ချက်များ၌ ဖေါက်ပြန် ပျက်စီး သွားမည်ဆို ပါက ချီးမွမ်းထားမှုမှာအချည်း နှီး ဖြစ်နိုင်သောကြောင့်ပင်။ သို့ ရာတွင် မသေခင်မှာပင်စာရေးသူတန်ဘိုးထား ချီးမွမ်း လိုသော၊ ဂုဏ်ပြုလိုသော၊ ထိုသို့ ချီးမွမ်းဂုဏ်ပြု ကြောင်းလဲ ကြားသိစေ လိုသော ပုဂ္ဂိုလ် အချို့အနက် ဆရာကြီး ဦး ၀င်း တင်သည် ထိပ်ဆုံး မှပါရှိ ပါသည်။
စာရေးသူ အနေဖြင့် ပြည်တွင်း မှာ နေထိုင်စဉ်က ဆရာကြီး ဦးဝင်းတင် အားလူကိုယ်တိုင် သိကျွမ်းခဲ့ခြင်း မရှိပါ။ သူ၏ အရည်အ ချင်း များ အကြောင်း ကိုတစွန်း တစတော့ ကြားဘူး ခဲ့သည်။ သူနှင့် ပထမဆုံး စတင် စကား ပြောခွင့်ရ ခဲ့ သည်မှာအာရ် အက်ဖ်အေ မှ စီစဉ်ထုတ် လွှင့်သော ဦးဝင်းတင်နှင့် ဆွေးနွေး ခန်း တွင် ဖြစ် သည်။ ထိုအချိန်က အီလက် ထရွန်းနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေ တံခိုးထွား နေသည့်ကာလ ဖြစ်ပြီး အီးမေး တခု ဖမ်းမိရုံနှင့် ထောင် ၁၅နှစ် ချမှတ် သည့် မှုခင်းများ ပေါ်ခဲ့ပြီးချိန် ဖြစ်သည်။ စာရေးသူ အထွေထွေ အတွင်းရေးမှုး တာဝန်ယူ ခဲ့သည့် မြန်မာ နိုင်ငံ ရှေ့နေများ ကောင်စီ အား မတရားအ သင်း ကြေငြာထား သည်မှာ မကြာလှ သေးသော ကာလဖြစ်သည်။
ကျွန်တော် လိုလူမျိုး နဲ့ ဆက် သွယ် ပြောဆို ရင် ဆရာ့အတွက် အန္တရယ်မရှိနိုင်ဘူးလား ဟု ပွင့်ပွင့်လင်း လင်း မေး ဖြစ်သည်။ "ကိုအောင်ထူး ရယ်ဆရာလဲ အ သက်ကြီး လှပါပြီ။ ပြောစရာ ရှိတာတော့ ပြောမှာဘဲ။ သူတို့ မကြိုက်လို့ ဖမ်းခြင်လဲ ဖမ်းကြပါစေ။ သတ်ခြင် လဲသတ်ကြ ပါစေ။” ဟူ၍ ဖြေသည်။ ဆရာ၏ အဖြေ ကိုကြား လိုက်ရ သောအခါ စိတ်ထဲမှာ လေးစား လွန်း သဖြင့် ငိုင်သွား မိသည်။
ဟုတ်မ ဟုတ်တော့ မသေချာပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အ နေဖြင့် ရွှေဂုံတိုင် ကြေငြာချက် ပါရပ်တည် ချက်အတိုင်း၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံ၊ ကြားဖြတ် ရွေးကောက် ပွဲမ၀င်၊စစ်အစိုးရ တည်ထောင် ထားသော လွှတ်တော် မတက်ရန် မူလက ဆရာ့တွင်သဘော ထားရှိခဲ့ ကြောင်း ကြားရ သောအခါ ထပ်ဆင့်လေးစားမိသည်။ ပါတီအ တွင်းအများ ဆန္ဒအရ ဆရာ့ဘက်က လိုက်လျော ခဲ့ရ သည် ဆိုလျှင်လည်း အပြစ်မ တင်ရက်ပါ။သို့ရာတွင် ယခုအချိန် အ ထိ ဖွဲ့စည်းပုံ၏ အခြေခံကြော ရိုးများကိုထိထိရောက် ရောက် ပြင်ဆင်နိုင် မည့် အလားအလာ ဝေးရုံသာ မက မည် သည့် အပိုင်းများ အားမည်သို့ပြင်ဆင် သွားမည်ဖြစ် ကြောင်းကို ပင် အမျိုးသား ဒီမိုကရေ စီ အဖွဲ့ချုပ်က လူထုအား ရှင်းပြသည့် တိကျသော လုပ်ငန်းစဉ်ကို မကြားရ သေးသော အခါ ရင်လေးမိသည်။
ဒုတိယ အကြိမ် ဆရာနှင့် ဆက်သွယ်ဖြစ် သည်မှာ (၁၉၇၄- ၇၆) မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဆလိုင်းကိုတင် မောင်ဦး၏ အတ္ထုပတ္တိ ကိုစာရေး သူပြုစုပြီးခဲ့ ချိန်က ဖြစ်သည်။ ကိုတင်မောင် ဦးမှာ စစ်အာဏာ ရှင်စနစ် ကိုပြတ်ပြတ် သားသားဆန့်ကျင်ခဲ့ရာတွင် သူ့ခေတ်သူ့အခါ၌ ကျော်ကြားခဲ့ သူပါ။သည်လိုစာ အုပ်မျိုး ကို စစ်အာဏာ ရှင်တွေ မုန်း တီး လေ့ရှိသဖြင့် စာအုပ် နှင့်ပတ်သက်သူများ ကို ပြသနာရှာ လေ့ရှိသည်။ စာအုပ် အတွက် အမှာရေး ပေးပါရန်စာ ရေူးက ဆရာ့အား ပန်ကြား ရာ မဆိုင်း မတွပင် လက်ခံခဲ့သည်။
စစ်အစိုးရ ကများ အရေးယူလေ မည်လားဟု ဆံခြည် တမျှင်မျှ ပင် စိုးရိမ် ပုံမရခဲ့ပါ။ စာအုပ်ထွက် ရက်နီးနေပြီဖြစ် သော ကြောင့် ဆရာသည် ဆေးရုံမှ ဆင်းပြီး ကာစ အစာ ပင်ကောင်း ကောင်းမစား နိုင်သေး သော အချိန်တွင် အ တော်ပင် ရှည်လျှား သော အမှာစာကို ရေးပေးခဲ့သည်။
ဆလိုင်း ကိုတင်မောင် ဦး၏ နှစ်ပတ်လည် နေ့အခန်း အနားကို ပြီးခဲ့သည့် ဇွန်လ ၂၆ရက်နေ့က ရန်ကုန်မြို့ တော်ဝင် နှင်းဆီ ခန်းမ၌ ကျင်းပခဲ့သည်။ စစ်အာဏာ ရှင်စနစ်လွှမ်းမိုးခဲ့ သည့် နှစ်ပေါင်း ၅၀ ကျော် အတွင်း ယင်းစနစ်ကို ပြတ် ပြတ် သားသားတိုက်ပွဲဝင်ခဲ့ သည့် အာဇာနည် ကျောင်းသား ခေါင်းဆောင် တဦးအားဂုဏ်ပြုပွဲ ကျင်းပ နိုင်ခြင်း မှာ လူ ထုတိုက် ပွဲ များ ကျောင်းသား တိုက်ပွဲများလက်နက်ကိုင် တိုက်ပွဲများမှ ပေါ်ထွက်လာ သည့် ရှားရှားပါးပါး ရ လာဒ် တခု ဟုပြောနိုင် သည်။
ထိုပွဲတွင်ဆရာ့အား ၁၉၆၂ ခုနှစ် ကျောင်းသား ခေါင်းဆောင် ဦးလှရွှေနှင့် ထိုခေတ်ကကျောင်း သားကြီးများ၊ ကိုမင်း ကို နိုင် အပါအ၀င် ရှစ်ဆယ့် ရှစ်မျိုးဆက်ကျောင်းသား ခေါင်းဆောင် များ၊ ကိုကျော်ကိုကို အပါအ၀င် လက်ရှိ ဗကသ ခေါင်းဆောင်များ နှင့် အတူ ရှေ့ဆုံးတန်းတွင် တွေ့မြင်ခဲ့ရသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း စာရေးသူ ရင်တွင်းတွင် အတိုင်း မသိ ၀မ်းမြောက် ဂုဏ်ယူမိသည်။ကိုတင်မောင်ဦး အတွက် သာမက တော်လှန်သော ကျောင်းသားမျိုးဆက် ကို အဆင့် ဆင့်လက်ဆင့်ကမ်း ဘို့ ကြိုးပမ်း နေကြသော ကျောင်းသား ခေါင်းဆောင်များ အားလုံးအတွက်၊ အထူးသ ဖြင့် အလံမလှဲ သည့် သတ္တိကို အိုကြီးအိုမ နှင့် ဇွဲခိုင်ခိုင်ဆက်ပြလျှက် ရှိသော ဆရာကြီးဦး ၀င်းတင် အတွက် ဖြစ် သည်။
ထိုမျှနှင့် မပြီးသေးပါ။ ဆဲဗင်းဇူလိုင် နှစ်ငါး ဆယ်ပြည့် အခန်းအနား ကိုစည်ကား သိုက်မြိုက် စွာ ကျင်းပ မည် စီစဉ် လိုက် သောအခါ စစ်အာဏာ ရှင်များကဇာတိပြန်ပြ လာပြန်ပါသည်။ တော်ဝင်နှင်း ဆီခန်းမ တွင် ကျင်းပ ခွင့်မပေး သည့်အပြင် စီစဉ်လုပ် ဆောင်နေ ကသည့် ကျောင်းသား အတော်များ များကို ပါဖမ်းဆီးမှု များပြုခဲ့ သည်။ မည်သို့ ပင် ဖမ်း ဆီးပါစေ မဖြစ်မနေ ကျင်းပမည် ဟုကိုမင်းကို နိုင် နှင့် ကျောင်းသား ခေါင်းဆောင် များက ကြေငြာပြီးကျင်းပ ပြန်သော အခါ ဆရာ ကြီးဦးဝင်း တင် အား ရှေ့ဆုံးတန်း နေရာတွင်တွေ့ရပြန်သည်။
ငါတို့ကတော့ အသက်လည်း ကြီးပါပြီ၊ အေး အေး ဆေးဆေးဘဲ နေပါတော့ မည် ဟူသောအဖိုးအို များအား စစ်အာ ဏာရှင်စနစ် ဆန့် ကျင်ရေး တိုက်ပွဲ အတွက် ဆရာ ကြီးဦးဝင်းတင် က တပ်လှန့် နိုးလိုက်ခြင်း မည်ပါသည်။ ကြည့် စမ်း၊ အဖိုးကြီးတောင်အိုမင်း မစွမ်းနဲ့ ရှေ့တန်းမှာ ထွက် လှုပ်ရှားနေ တယ် ငါတို့လူကြီး၊ လူလတ်၊လူငယ်တွေ ဘာ ကြောင့်ငြိမ် နေရမှာလဲ ဟု ကျန်လူထုအား လုံးကိုပါ တပြိုင် တည်းလှုံ့ဆော်ရာ ရောက်သည်။ ကျေးဇူးကြီး ပါသည် ဆရာကြီး ဦးဝင်းတင်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့တွင် ဆရာကြီးက ကော်မရှင်ကို ဝေဘန်သည့် ဆောင်းပါး တပုဒ်ရေး ခဲ့ သည်။ဟီး ---ဟီး --- ဟဲ--- ဟဲ --- ဟား--- ဟား --- ဟင်း ----ဟင်း ရယ်သံတွေဟားသံတွေ မပြုံးဘဲ ၀ါးလုံးကွဲ သံတွေ မဟုတ် ပါဘူး ဗျာတို့။ ကျုပ်ဆိုတဲ့အိုနာကျိုး ကန်းက လူအို ကလောင် အို စာအိုကိုဗျ။ ----- (ဟူ၍ အစချီကာ)နိုင်ငံရေး ပါတီ အဖွဲ့အစည်းတို့ လောကမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဆိုတာကြီး ရှိတယ်ဗျ။ နေပြည် တော်မှာ ရုံးစိုက် တယ်ဗျ။ အဲသည်ကော်မ ရှင်ကြီးက ၂၀၁၂ ဇွန်လ ၁၈ နေ့စွဲနဲ့ စာတစောင် ထုတ်ခဲ့တယ်။ -----ကော်မရှင်ကြီး ကို တော့ မချစ်အောင့် နမ်း သောက်ရမ်း ကို ကြောက်ပါသဗျ။ရိုသေပါသဗျ။ -------- စသဖြင့် ဖြစ်သည်။
စင်စစ်အားဖြင့် ဆိုလျှင် ဤကဲ့သို့သော စာမျိုးမှာ စာပေလော က တွင်အဆင့်အမြင့် ဆုံး ဟု သတ်မှတ်ကြ လေ့ရှိ သည့် သရော်စာ Satire ဖြစ်သည်။ကော်မရှင်မှ ပုဂ္ဂိုလ်များ သည် စာနှင့် ပေနှင့် နီးစပ်ကြ ပုံမရ။ ပညာရှင် တို့၏တန်ဘိုး ကိုလည်း နားမလည်။ ဥပဒေနှင့် မူ ပို၍ အလှမ်းဝေး သည့် သဘောရှိသည်။ပညာရှင်ကြီး က မိမိတို့ကို ဆို ဆုံးမ သည် ဟူ၍ အပြု သဘောဖြင့် ခံယူရ မည့်အစားမည်သို့ သော ဥပဒေကြောင်း အထောက် အထားမျှ မပြနိုင်ဘဲ ဆောင်းပါး ရေး သားသောဆရာကြီးကို သတိပေးခဲ့ ကြောင်း သိရသည်။ တိုင်းပြည် ၏ အိမ်ဦး ခန်းမှာတင်ထားပြီး၊ လိုလေ သေးမရှိ ပြုစု စောင့်ရှောက်ထား ရမည့် ပညာရှိကြီး တဆူအားစော်ကား လိုက်ရာ ရောက်သဖြင့် စိတ် မ ကောင်း ခြင်း ကြီးစွာ ဖြစ်မိခဲ့သည်။
သို့ရာတွင် ကော်မရှင် ၏ သတိပေး ချက်သည် နိုင်ငံရေး အမြှော် အမြင်ရှိပြီးလွတ်လပ်ရဲ တင်းစွာ ထုတ်ဖေါ်တတ် သည့် ဆရာကြီး အား မဟန့်တားနိုင်ပါ။ ၂၀၁၂ ခုနှစ်သြဂုတ်လ (၈) ရက် ရှစ်လေးလုံး နှစ်ပတ်လည်နေ့တွင် နိုင်ငံရေး အရ တိုးတက်မှု တွေရှိပါသလား ဟူသော ဘီဘီစီ ၏ အမေးကို ဆရာကြီးက တပြည်လုံး သိအောင်အောက် ပါ အတိုင်း ဖြေကြားခဲ့သည်။
"ဒီမိုကရေစီ ရေးနဲ့ပတ်သက် ရင် သတင်းစာ လွတ်လပ်ခွင့်၊ နိုင်ငံရေး ပါတီတွေ လွတ်လပ်စွာ စည်းရုံးလှုပ် ရှားခွင့် စ တာ တွေ အခုအထိ အသေအချာ ကို မရှိဘူး။နိုင်ငံရေး အကျဉ်းသား တွေလဲ လွှတ်တာ မရှိသေးဘူး။ ငြိမ်းချမ်း ရေးနဲ့  ပတ်သက်ရင်လဲ ပြောဆို ညှိနိုင်းဆက် ဆန်တာတွေ ရှိပေမယ့် တကယ်ထိ ရောက်တဲ့ပုံသဏ္ဍာန်နဲ့ မဖြစ်ဘူး။ ကချင် ပြည်နယ် မှာ ဆိုရင်လဲ တိုက်တုန်း ခိုက်တုန်းဘဲဘာမှ ထူးထူးခြားခြား ပြောင်းလဲမှု မရှိဘူး လို့ဘဲ ပြောလို့  ရတယ်။ ----------- အာဏာရှင် စနစ် က ဒီကနေ့ အထိ ဂျိုးကပ်နေတုံး၊အာဏာရှင် မှိုင်းတွေ ညှော်တွေ ဟာ ဒီကနေ့ အထိ တိုင်းပြည်မှာ လွှမ်းမိုး နေတုံးဘဲ ရှိသေး တယ်။”
စစ်အာဏာ ရှင်စနစ်၊အာဏာရှင် စနစ် ဟူသော စကားလုံး များမှာ စစ်အစိုး ရ၏ အပေါ်ယံ လိုက်လျော မှုများအောက် တွင် နိုင်ငံရေး သမား အများ စုကြီး အကြား၌ ရေပန်းမစား လှတော့ပါ။အလွန် အနည်းစု ကလေး မှ လွဲ၍ သုံးနုန်း သံ ကျယ် ကျယ် လောင်လောင်မကြားရ သလောက်ဖြစ် နေပါပြီ။ ဤကဲ့သို့ သောအချိန် ပြည်တွင်းစစ်အာ ဏာ ရှင်အုပ် ချုပ်မှု အောက်တွင် ရှင်သန် လှုပ်ရှား လျှက်ကပင် ဆရာကြီး ကမကြောက် မရွံ့ လူသိ ရှင်ကြား ထုတ် ဖေါ်လိုက်ပါပြီ။ ထိုမျှနှင့် မပြီး သေးပါ။ထိုနေ့ တနေ့တည်း မှာပင် ဆရာကြီး က အာရ်အက်ဖ် အေ ရုပ်မြင် သံကြား အစီအစဉ် တွင်အောက်ပါ တိုင်း တိတိ ကျကျ ထပ်မံ ထောက်ပြ သွားခဲ့သေး သည်။
"အာဏာရှင် စနစ်ဟာ ဒီကနေ့ အထိ ရှိနေတုန်းဘဲ။ ဒီကနေ့ အစိုးရ ဟာလဲ အာဏာရှင် တွေက ဘောင်းဘီ ချွတ်ထား တဲ့ အစိုးရဖြစ် တယ်။”
သွေးထွက် အောင်သာမက ငယ်ထိပ် တည့်တည့် သံနှင့် ရိုက်သလို မှန်လိုက်လေ ဆရာကြီးရယ် လို့ သာရင့်ကျူး လိုက် ခြင်ပါသည်။ အမှန်ကို အမှန် အတိုင်း ပြတ်သားစွာ ပြောရဲသည့်သတ္တိသည် ဆရာကြီး၏ သမိုင်း ဖြစ်သွားပါပြီ။
ကဗျာဆရာ ၀င်းတင့် ထွန်းက ၄င်း၏ "နိုးနေသော လင်္ကာသည်” အမည်ရှိ ကဗျာစာ အုပ်တွင် "လူတိုင်း လူတိုင်း ကိုယ့် သမိုင်းကိုယ် ဘယ်လိုရေး မလဲ၊ ရွေးချယ် ပိုင်ခွင့် ရှိပါတယ်” ဟုစပ်ဆိုခဲ့ဘူး သည်။ ဆရာကြီး ဦးဝင်းတင် သည် သူ့ဘ ၀ အတွက် လှပ ဂုဏ်ပြောင်သောသမိုင်းစာ မျက်နှာများ ရေးသား လျှက်ရှိ နေပြီမှာ အငြင်း မပွားပါ။
ဆရာကြီး တွင် ငွေမရှိ၊ အာဏာ မရှိ၊ မယ်မယ်ရ ရရုပ်ဝတ္တု ပိုင်ဆိုင်မှု ဘာမျှမရှိပါ။ သို့ရာတွင် လူ့လောက ၌တန်ဘိုး မဖြတ်နိုင် သော အရာများ ရှိသည်။အထူးသဖြင့် ဆရာကြီး တွင် အမှန်တရား ကို မြတ်နိုး သည့် စိတ်ဓါတ် ရှိသည်။အ မှန်တရား ကို မကြောက်မရွံ့ ထုတ်ဖေါ်ပြော ရဲသည့် သတ္တိ ရှိသည်။ အမှန်တရား အတွက်တိုက်ပွဲဝင် ရဲသည့် ရပ် တည် ချက်ရှိသည်။
ဆရာကြီးသည် စစ်အာဏာ ရှင်များ လွန်မင်း စွာစိုးရွံ့သော လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် ကို ပိုင်ပိုင် နိုင်နိုင် သုံး လျှက် လူထုတ ရပ်လုံးငြိမ်းချမ်း ပျော်ရွှင်သော ဘ၀ကို ရရှိခံစား စေရန် စေတနာ ရိုးဖြင့်စွမ်းစွမ်း တမန် ကြိုးပမ်း နေ သူ ဖြစ်သဖြင့် လူဖြစ်ရ ကျိုး အနပ်ဆုံး နှင့်တန်ဘိုး အရှိဆုံး ပုဂ္ဂိုလ်များ အနက် တဦး အပါ အ၀င် ဖြစ်ကြောင်း အလေး အနက်အသိ အမှတ်ပြု ပါသည်။ ဆရာကြီး သက်တော် ရာကျော်ရှည် ပါစေကြောင်းဆုတောင်း မေတ္တာပို့သရင်း ဤ ဆောင်း ပါးငယ် ဖြင့် ဂုဏ်ပြုအပ် ပါသည်။
အောင်ထူး (ရှေ့နေ)
၂၀၁၂ ခုနှစ် သြဂုတ်လ (၉) ရက်

ငြိမ်းချမ်းရေး စစ်တမ်း (၅)
နိုင်ငံအမည် Burma ဆိုတဲ့ ဝေါဟာရနဲ့ ငြိမ်းချမ်းရေး ဘယ်လိုဆက်စပ်နေသလဲ။
ဒေါ်အောင်ဆန်းစုကြည်သည် ဂျာမနီ နိုင်ငံခရီးစဉ်အတွင်း မိမိတို့ နိုင်ငံ၏ အမည်အား အင်္ဂလိပ်ဘာသာ ဖြင့် Burma ဟူ၍သာ သူမက ဘာကြောင့်ခေါ်ဝေါ်ရခြင်းဖြစ်ကြောင်း ရှင်းပြချက်အရသူမကိုယ်တိုင်တစုံတရာ စတင် ပြောင်း လဲလာပြီလားဟု မြှော်မှန်းသူများရှိလာသည်။ သေချာသည်မှာ နိုင်ငံအမည် Burma သုံးစွဲခြင်းအား မဟာမြန်မာလူမျိုး ကြီး ၀ါဒကို ကျင့်သုံးလျှက်ရှိသော စစ်ခေါင်းဆောင် ဟောင်း သစ်များက မကြိုက်။ မကြိုက်မှန်းလဲ သူမကိုယ်တိုင် ကောင်းစွာ သိသည်။ ၂၀၁၂ ခုနှစ် ဇွန်လ (၁) ရက်နေ့ ရက်စွဲဖြင့် ရွေးကောက်ပွဲကော်မရှင်က စာထုတ်ကာ နိုင်ငံအမည် အား Myanmar ဟူ၍သာသုံးရန် သူမကိုသတိပေးခဲ့ပြီး ဖြစ်သောကြောင့်ပင်။[1] ဤသည်ကိုသိသိကြီး နှင့် သူမသည် အဘယ်ကြောင့် ယခုမှ Burma ကို ပြန်လည်ဖေါ်ထုတ်နေသနည်း၊ ယင်းသို့ ဖေါ်ထုတ်မှုသည် ငြိမ်းချမ်းရေးပြသနာ နှင့် မည်သို့ ဆက်စပ်သနည်း၊ သူမ၏ နိုင်ငံရေးမဟာဗျူဟာပြန်ပြောင်းရန်သွေးတိုး စမ်း သည့် အရိပ်လက္ခဏာဖြစ်သလား၊ ယင်းအတွက် နောက်ခံအခြေအနေများသည် အဘယ်နည်း၊ အစရှိသဖြင့် သုံးသပ်ဘွယ် အချို့ ရှိလာသည်။
ဤဝေါဟာရ ပြသနာစတက်ခဲ့သည်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်အနိုင်ရခဲ့သည့် ၂၀၁၂ ခုနှစ်ဧပြီလ (၁) ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲအပြီး လပိုင်းမျှအတွင်းတွင်ဖြစ်သည်။ ကော်မီရှင်၏ သတိပေးချက်ထွက်ပေါ်လာပြီး နောက်တွင် ဒေါ်အောင်ဆန်း စုကြည်က မိမိတို့ ခေါ်ဝေါ်လေ့ရှိကြသော အင်္ဂလန်နှင့် ပြင်သစ်နိုင်ငံ တို့ ၏ အမည်များ အား ကိုးကားလျှက် နိုင်ငံအမည် အား အလျှဉ်းသင့်သလို ခေါ်ဝေါ်ခြင်း၊ ဒီမိုကရေစီအခွင့်အရေး အခြေခံအရ လွတ်လပ် စွာထုတ်ဖေါ်ပြောဆိုပိုင်ခွင့်ကို ကျင့်သုံးလျှက် မိမိနှစ်သက်သလို ခေါ်ဝေါ်ခြင်း စသည့် အခြေခံများဖြင့် ရှင်းလင်းခဲ့သည်။
ချုပ်ပြောရလျှင် ထိုစဉ်က သူမ၏ ရပ်တည်ချက်မှာ မရေမရာဖြစ်ခဲ့သည်။ ဤသည်ကိုထောက်ပြသည့် ဆောင်းပါး တစောင်အား 2012 ခုနှစ် ဇူလိုင် (၄) ရက်နေ့ တွင် စာရေးသူက ရေးသားဖြန့် ဝေခဲ့ရာ အောက်ပါစာပုဒ် တပုဒ်လည်း ပါဝင်သည်။[2]
“ဂျီနီဗာ တွင်ကျင်းပ ခဲ့သော ကုလသမဂ္ဂလူ့ အခွင့်အရေးကောင်စီ အစည်းအဝေး တခုတွင်အမေရိကန် အစိုးရ ကိုယ်စားလှယ် က မိမိတို့  နိုင်ငံ အမည်ကို Burma ဟှူု၍ သုံးနူံးသွားရာတွင် ဒေါက်တာထွန်းရှင်ခေါင်းဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့  က အားလုံးရှေ့ တွင် ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ကိုးကားပြီး Myanmar ဟူ၍ သာ သုံးစွဲရန် အထင်အရှား ကန့် ကွက်သောအခါ အမေရိကန် အစိုးရ ကိုယ်စားလှယ် နုတ်ဆိတ်သွားခဲ့သည်ကို မိမိ ကိုယ်တိုင် တွေ့ ကြုံခဲ့ဘူးပါ သည်။ နောင်တွင်ပရိသတ် ဗိုလ်ပုံအလယ်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဤအဖြစ် မျိုးနှင့် ကြုံမည်ကို စိုးရိမ်မိသည်။ သို့ ဖြစ်၍ နိုင်ငံအမည် Burma လား Myanmar လား ဟူသည်ကို တခုခု အသေအချာ ကိုင်စွဲနိုင်ရန် ယခုအချိန် တွင် အပြတ်ရှင်းသင့်ပြီဟု ယူဆပါသည်။”
စာရေးသူ၏ ဆောင်းပါးနှင့် မရှေး မနှောင်းမှာပင် မောင်အံ့ (မဟာဝိဇ္ဇာ - ဘုံဘေ) ဆိုသူက သမိုင်းကြောင်း အထောက်အထား အချို့ ကို ကိုးကား ကာ နိုင်ငံအမည်အား အဘယ်ကြောင့် Myanmar ကို အသုံးပြုသင့်ကြောင်း ယှဉ်ပြိုင်ဆောင်းပါးတစောင် တက်လာခဲ့သည်။ ဤတွင် မည်သည်မှာ အမှန်ဖြစ်သင့်ကြောင်းကို စာဖတ်သူများက မေးမြန်းလာပါသည်။ စာရေးသူက တုန့် ပြန်ဆောင်းပါးတစောင်အား ပြန်လည်ရေးသားဖြေရှင်းချက်ပေးရာ အောက်ပါ စာပုဒ် နှစ်ပုဒ်လည်း ပါဝင်ခဲ့သည်။[3]
“အထက်တွင် ဖေါ်ပြထားသော သမိုင်းအချက်အလက်များကို ထောက်ရှု၍ ပြည်ထောင်စုနိုင်ငံ၏အမည် ပြောင်းလဲခြင်း၊ အသစ် မှည့်ခေါ်ခြင်း စသည်များကို လူများစုကြီးဖြစ်သော မြန်မာလူမျိုး တမျိုး တည်းက ဆုံးဖြတ်ခြင်း မျိုး မဖြစ်သင့်ပါ။ လူများစုကြီးဖြစ်သော မြန်မာလူမျိုးများက ဆုံးဖြတ်ခြင်းပင် မဟုတ်၊ အာဏာသိမ်း စစ်ခေါင်းဆောင် တစု က လူထုကို လုံးဝချပြတိုင်ပင်ခြင်း မရှိဘဲ ကိုယ့်သဘောနဲ့ ကိုယ် တိုင်းပြည်နံမည်ပြောင်းလဲခြင်းကို လုံးဝလက်မခံ သင့်ပါ။”
“အင်္ဂလိပ်ဘာသာအရ Burma လဲ ခေါ်နိုင်တယ်၊ Myanmar လဲ ခေါ်နိုင်တယ် ဟူ၍ မရေမရာ ဖြေကြားခြင်းမျိုး လည်း မဖြစ်သင့်ပါ။ လူထုလှုပ်ရှားမှုကို ဦးဆောင်ခွင့်ရထားသော ခေါင်းဆောင်များအနေဖြင့် သာမန်ပြည်သူတဦးပြော သကဲ့သို့ ဒီမိုကရေစီဘဲ မိမိခေါ်ခြင်သလို ခေါ်မည်ဟုပြောရုံဖြင့် မလုံလောက်ပါ။ သမိုင်းကြောင်း ရှုဒေါင့်၊ ဥပဒေကြောင်း အခြေခံ၊ လူမျိုးကြီးဝါဒ နိုင်ငံရေး စနစ်အားဆန့် ကျင်မှု၊ ပြည်ထောင်စု တိုင်းရင်းသားများ၏သဘောဆန္ဒစသည့် ဘက်စုံ ဒေါင့်စုံ မှ စဉ်းစားသုံးသပ်ကာ အဘယ်ကြောင့် နိုင်ငံအမည်ကို လက်ခံခေါ်ဆိုရခြင်းဖြစ်ကြောင်း လူထုကိုရော နိုင်ငံ တကာကိုပါ ရှင်းပြလျှင် အကျိုးရှိနိုင်ပါမည်။”
အထက်ပါ ဆောင်းပါးအား ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂက ပုံနှိပ်ဖေါ်ပြခဲ့သည်။ Burma နှင့် Myanmar ကိစ္စအား လူအတော်များများပင်ဝိုင်းဝန်းဆွေးနွေး၊ ရေးသားခဲ့သည်။ သို့ ရာ တွင် ဒေါ်အောင်ဆန်းစုကြည် သည် ထိုစဉ်က သူမအနေဖြင့် နိုင်ငံအမည်အား အင်္ဂလိပ်ဘာသာဖြင့် Burma ကိုသာ ကိုင်စွဲသွားမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့် ထိုသို့ ကိုင်စွဲရကြောင်းတို့ အား လူထုကိုရော နိုင်ငံတကာကိုပါ အတိအကျရှင်းပြခဲ့ခြင်း မရှိပါ။ လွှတ်တော်အတွင်းေ၇ာက်ခါစ၊ အာဏာပိုင်များနှင့် ထိပ်တိုက်တွေ့ လိုပုံမရသဖြင့် ဟု မှန်းဆမိသည်။ ပို၍ အရေးကြီး သည့် အချက်မှာ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအား ၄င်း၏ ဘောင်အတွင်းမှာပင် ပြင်ဆင်နိုင်လိမ့်မည် ဟူသော မြှော်မှန်းချက်များ မြင့်တက်နေချိန်ဟု ခန့် မှန်းနိုင်သည်။ သူမသည် Burma လား Myanmar လား ဟူသည် ကို ဆက် မပြောတော့ဘဲ ငြိမ်သွားခဲ့သည်။ နှစ်နှစ်ခန့် ကြာပြီးနောက် သူမ ယခု ပြောလာပါပြီ။ သူမ၏ မိန့် ခွန်းကောက်နုတ်ချက် အောက်ပါ တချို့ ကို လေ့လာကြည့်ပါ။[4]
“ ----- ၁၉၄၈မှာ ကျမတို့ လွတ်လပ်ရေး ရတဲ့ အချိန်မှာ Burma လို့ သာ သိကြပါတယ်။ အနှစ် ၂၀ကျော် ဆိုရှယ်လစ်စနစ် အတွင်း ၁၉၇၀ -၁၉၈၀ ကာလတွေအထိ ကျမတို့ Burma လို့သာ သုံးစွဲခဲ့ကြတာပါ။ ဒါပေမယ့် ၁၉၈၈မှာ စစ်အစိုးရ အာဏာသိမ်းပြီးနောက် နေ့တနေ့မှာ Myanmar လို့ ခေါ်ဖို့၊ Burma လို့ ဆက်လက် မသုံးစွဲဖို့ သတင်းစာနဲ့ နိုင်ငံပိုင်အသံလွှင့်ဌာနက ကြေညာပါတယ်။ တရားဝင်ထုတ်ပြန်တဲ့ ရှင်းလင်းချက်မှာ Burma ဆိုတာ ကိုလိုနီတွေရဲ့ ဖန်တီးချက်ဖြစ်တယ်။ Myanmar ဆိုမှ သဘာဝ ကျတဲ့ အမည်ဖြစ် တယ်လို့ ဖော်ပြပါတယ်။ အဲဒါဟာ မမှန်ပါဘူး။ အရင်က ကျမပြော ခဲ့သလို Burma ဟာ များစွာသော တိုင်းရင်းသားလူမျိုးစုတို့ရဲ တိုင်းပြည်ဖြစ်ပါတယ်။”
“ကျမအနေနဲ့ နိုင်ငံအမည်သစ် Myanmar ကို ဆန့်ကျင်တာက ပြည်သူ့ ဆန္ဒကို မတောင်းခံဘဲ အတင်း အကြပ်သုံးခိုင်းလို့ပါပဲ။ တနည်းပြောရရင် Myanmar ဆိုတာ ဒီမိုကရေစီမကျတဲ့ ပုံသဏ္ဌန်မျိုးနဲ့ ကျမတို့ ကို သတ်မှတ် ပေးလိုက်တဲ့ အမည်ပဲဖြစ်ပါတယ်။ ဒီလို အာဏာရှိသူတွေက (သူတို့ ဘာသာ) ဆုံးဖြတ်လိုက်ပြီးမှ ကျမ တို့ကို အသိ ပေးခဲ့တယ်။ ကျမကတော့ တိုင်းပြည်ကို ( အင်္ဂလိပ်လို) Burma လို့ပဲ ဆက်လက် ခေါ်ပါမယ်။ ( လက်ခုပ်သံများ) ---”
ဤသည်မှာ အကောင်းဆုံးရပ်တည်ချက်ကို ထင်ဟပ်သည့် မိန့် ခွန်းတခုပင်။ ဤရပ်တည်ချက်ကို လွန်ခဲ့သော ၂ နှစ်က မှိန်ထားခဲ့ပြီး ယခုမှ ထုတ်ဖေါ်လာရခြင်းမှာ အဘယ်ကြောင့်နည်း။ မည်သို့ ဆိုစေ၊ နိုင်ငံအမည် အင်္ဂလိပ်လို Myanmar ကို ပယ်ရှားပြီး Burma ကို သုံးခြင်းမှာ ငြိမ်းချမ်းရေးရှုဒေါင့်မှကြည့်လျှင် ရှေ့ခြေ တလှမ်း တော့ ရွေ့ သွားပြီ ဟု ဆိုနိုင်ပါသည်။ မဟာမြန်မာလူမျိုးကြီးဝါဒကို တစိပ်တပိုင်း ပယ်ရှားလိုက်ရာ ရောက်သောကြောင့်ပင်။
ရွေးကောက်ပွဲ ကတိများ၊ ဒီနည်းနဲ့ မရရင် ဘယ်နည်းနဲ့ လုပ်မလဲ။
၂၀၀၈ ဖွဲ့ စည်းပုံကိုပြင်၊ ဥပဒေစိုးမိုးရေးတည်ဆောက်၊ ပြည်တွင်းငြိမ်းချမ်းရအောင် လုပ်သွားမည် ဟူသော ကြွေးကြော်သံသုံးရပ်ဖြင့် လူထုကိုကတိပေးပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် လွှတ်တော် တွင်းဝင်ရောက်ခဲ့သည်မှာ နှစ်နှစ်မျှ ကြာသွားခဲ့ပါပြီ။ ပွင့်ပွင့်လင်းလင်း သုံးသပ်ရလျှင်မည်သည့်အရာ တခုမျှ ဖြစ်မလာ ပါ။ ထိုစဉ်ကမူ၂၀၀၈ ဖွဲ့ စည်းပုံအား လွှတ်တော်တွင်းသက်သက်ဖြင့် ပြင်၍ရနိုင်မည်ဟုမြှော်လင့်ခဲ့ပုံရှိသည်။ လွှတ်တော် ပြင်ပလှုပ်ရှားမှု တခုမျှမပြုခဲ့။ နောက်ပိုင်း အခြေအနေမဟန်မှန်း ရိပ်စားမိလာသောအခါကျမှသာ လူထု အစည်း အဝေး များ စတင်ကျင်းပလာခဲ့ခြင်းဖြစ်သည်။ လေးပွင့်ဆိုင် ဆွေးနွေးပွဲခေါ်ခြင်းမှာလည်း ဖြစ်နိုင်ရန်မလွယ်သလို ဖြစ်ဦးတော့
ဖွဲ့ စည်းပုံအခြေခံကျောရိုးများပြောင်းလဲရေး မြှော်လင့်၍ မရနိုင်ပါ။
“ဒီ နည်းနဲ့  မရရင် ဟိုနည်းနဲ့ လုပ်မယ်။” ဟူ၍ ဒေါ်အောင်ဆန်းစုကြည်ပြောသံကြားမိသည်။ နိုင်ငံရေးမှာ သည်လို လွယ်လွယ်မပြောသင့်သော်လည်း နည်းနာပြောင်းပြီးမရရတဲ့အထိ ကျားကုတ်ကျားခဲ ဆက်လုပ်မည့် သဘော ထားမျိုးဖြစ်လျှင်တော့ သူမကိုသာမက မည်သူ့ ကို မဆိုတန်ဘိုးထားရပါမည်။ ယခုအချိန်တွင် မူဝါဒ တစုံလုံးကို ပြန် လည်သုံးသပ်သင့်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အတွင်း ၀င်ရောက်သွား ခြင်းဖြင့် စစ်အာဏာရှင် ဟောင်း သစ်များလိုခြင်သည့် တရားဝင်မှု[5] တစုံလုံးကို ပေးလိုက်ခြင်းဖြစ်သည်။ နိုင်ငံတကာသို့ တရားဝင်လမ်းပေါက်သွားခဲ့ပြီး ၄င်းတို့ အုပ်ချုပ်မှု ဆက်ဆိုးရှည်စေမည့် အသိအမှတ်ပြုမှု နှင့် အကူအညီများရရှိနေပြီဖြစ်သည်။အပြန်အလှန် အားဖြင့် မည်သည့်အရာကို ရရှိခဲ့ပါသနည်း။ စစ်အာဏာရှင်စနစ်ဆိုးအခြေခံကို ပြောင်းစေမည့် ကျောရိုးတခုတလေ မျှ ပင် မရရှိ ခဲ့ပါ။ “ဒီ နည်းနဲ့ မရရင် ဟိုနည်းနဲ့ လုပ်မယ်။” ဟူရာတွင် ဒီနည်းနဲ့ မရတော့ပြီ ဟူသည်ကို ရှင်းလင်းစွာလက်ခံ ရပါမည်။ ယင်းသို့ လက်ခံနိုင်ရန် ယခုရှိနေသည့် မြင်ကွင်းကို အမြင်ရှင်းရှင်းကြည့်ရန် လိုအပ်လာပါသည်။
မြန်မာနိုင်ငံ၏ လက်ရှိမြင်ကွင်း၊ စစ်အာဏာရှင်စနစ် နှင့် ဥပဒေစိုးမိုးရေး
နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းကို ကြိုဆိုရမည်ဖြစ်သော်လည်း လွှတ်ပေးခြင်းသက်သက်သာ ဖြစ် ပြီး နောင်ကိုနိုင်ငံရေးလှုပ်ရှားသူများ မတရားဖမ်းဆီးအရေးယူမခံရစေရန် ဥပဒေကြောင်းအရလည်းကောင်း၊ တိုင်းပြည် အဆောက်အအုံ[6] အရလည်းကောင်း ပြုပြင်ပြောင်းလဲမှု တခုမျှမရှိ။ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးပြီး နောက် ဦးသိန်းစိန် အစိုးရ ယူသွားခဲ့သည့် နိုင်ငံရေးအမြတ်မှာမူ အတိုင်းအတာ ကြီးမားလှသည်။
သတင်း မီဒီယာ လွတ်လပ်ခွင့် အထိုက်အလျှောက်ရလာသည်မှာ မှန်သည်။ သို့ ရာတွင် ဖွဲ့ စည်းပုံအရဖြစ်စေ၊ သက်ဆိုင်သည့် အခြားဥပဒေပြဌာန်းချက်အရ ဖြစ်စေ ပြုပြင်ပြောင်း လဲပေးလိုက်သည့် ဥပဒေပါအခွင့်အရေး Legal Rights မဟုတ်။ အာ ဏာပိုင်များက အချိန်မရွေးပြန်လည်ရုပ်သိမ်း နိုင်သည်။ ဥပဒေပါ အခွင့်အရေးဖြင့် အာမခံချက် ပေးမထားသဖြင့် စစ်အာဏာရှင်စနစ်နှင့် ယင်းကို ပံ့ပိုးဖေါ်ဆောင်သည့် အုပ်ချုပ်မှုယန္တယားများ လည်ပတ်မှု အပေါ် တကယ်တန်းလွတ်လပ်စွာ ထောက်ပြရေးသား ပြောဆိုခြင်းမျိုး နည်းလွန်းလှသည်။ ကိုယ့်ကိုယ်ကို တည်းဖြတ်ထားကြ ရသည်[7] က များလွန်းနေသည်။
မိုးလုံးပြည့်မုသာဝါဒများ ဟူ၍ ယခင်ကတောက်လျှောက်စွပ်စွဲလာခဲ့ပြီးမှ ယခုတဖန် သူတို့ မဟုတ်သလို မျက်နှာချိုသွေးကာ ဘီဘီစီ နှင့် အခြား မီဒီယာများကို ပြန်လည်ချဉ်းကပ်လာရုံမျှနှင့် အကောင်းမြင်လွန်ခြင်းမျိုး မဖြစ် သင့်။ ဥပဒေအခြေခံ မူဘောင်တစုံလုံး မပြောင်းသမျှ မီဒီယာလွတ်လပ်ခွင့်ဟူသည် အာဏာပိုင်များ၏ လက်ဝယ်မှာသာ ရှိပါမည်။ ယခုမှာ ပင် တည်ဆဲ မတရားဥပဒေများအောက်တွင် ယူနီတီ ဂျာနယ်၊ ဒီဗွီဘီ နှင့် အခြားသတင်းထောက်များ အရေးယူခံနေကြရပြီဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ နှင့် မီဒီယာ ကဏ္ဍတွင် တစုံတရာတိုးတက်မှုရှိခြင်းမှလွဲ၍ တပြည်လုံးရှိ ကျန် သည့် အနေအထားများမှာ လုံးဝပင် အနုတ်လက္ခဏာ ဆောင်လျှက်ရှိသည်။ တံခါးဖွင့်လိုက်သည်ဟူသည့် မူဝါဒ အောက်တွင် အသက်ရှုပေါက်ရသွားသည်မှာ့  အခြေခံလူထုမဟုတ်။ အဓိကအားဖြင့် အာဏာပိုင်များ၊ ခရိုနီ များနှင့် ၄င်းတို့ ၏ လက်ဝေခံများဖြစ်သည်။ တိုင်းရင်းသားပေါင်းစုံ လူထုကြီးတရပ်လုံး၏ ဆင်းရဲမွဲတေမှုမှာ ယခင်က ထက် များစွာ ဆိုးလာသည်။ ဆင်းရဲချမ်းသာကွာဟမှုမှာ ကြောက်ခမန်းလိလိ။ အာဏာပိုင်အဆင့်ဆင့်များ နှင့် အုပ်ချုပ် ရေးယန္တယားအသီးသီး၏ လာဘ်စားမှုများပေါ်လွင်လွန်းလာသောအခါ အရေးယူမည့်ပုံဖေါ်ကာ ဥပဒေသစ် ပြဌာန်း လာရသည်။ အခြားတဘက်တွင်မူ ယင်းဥပဒေအရပင် လာဘ်စားမှု ကျူးလွန်သည့် အာဏာပိုင်များအပေါ် အလွယ် တကူ မတိုင်တန်းရဲအောင် ဟန့် တားသည့် ပြဌာန်းချက်ကို[8] ထည့်သွင်းပေးထားခြင်းဖြင့် ပိုမိုလာဘ်စားခွင့်ရအောင် ဖန်တည်းပေးထားပြန်သည်။
လွတ်လပ်ရေးရပြီးကထဲက မကြုံဘူးလောက်အောင်သဲသန်သည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများမှာ အမိန့် စီးဆင်းမှုတခုအောက်တွင် စီစဉ်တကျ ကျူးလွန်နေခြင်းဖြစ်ကြောင်း အထောက်အထားများတွေ့ လာနေရသည်။ နိုင်ငံတကာ အဆင့်ရှိ သော ရာဇ၀တ်မှုကြီးများဖြစ်သည့် လူသားဖြစ်မှုကို ဆန့် ကျင်သည့်ပြစ်မှု၊ စစ်ရာဇ၀တ်မှု၊ လူမျိုး တုံးသတ်ဖြတ်မှုများ ဖြစ်ပွားနေသည့် လက္ခဏာများရှိနေဆဲဖြစ်သည်။ မြန်မာ့တပ်မတော်နှင့် ခရိုနီများ၏ မြေသိမ်းမှုများ အောက်တွင် လယ်သမား၏ ငိုရှိုက်သံများနှင့် လှုပ်ရှားရုန်းကန်သံများ ပွက်လောညံနေသည်။ မ၀ရေစာ စားပြီး အလုပ် ကျွန်ဖြစ်နေရသည့် အလုပ်သမားများ၏ သပိတ်များ တခုပြီးတခုပေါ်နေသည်။ ပြည်တွင်းစစ်သမိုင်း၌ အချိန်တို အတွင်း အပြင်းထန်ဆုံးဆင်နွှဲခဲ့သည့် ကချင်ပြည်နယ်ထိုးစစ်အပြင် သဘာဝသယံဇာတထုတ်လုပ်ရေး၊ စီးပွားရေးနှင့် ကုန် သွယ် ရေးလမ်းကြောင်းများကို ထိန်းချုပ်ရန်ကြိုးစားသည့် မြန်မာ့တပ်မတော်၏ လတ်တလော တိုက်စစ်များကြောင့် ကချင်၊ ရှမ်း နှင့် အခြား တိုင်းရင်းသားများ အသက်လုပြေးနေကြရသည်။
ဤသည်မှာ မြန်မာနိုင်ငံ၏ လက်ရှိမြင်ကွင်းဖြစ်သည်။ ယင်းအရာများအားလုံးမှာ စစ်အာဏာရှင်စနစ် အား အသွင်ပြောင်းကျင့်သုံးရာတွင် ဥပဒေစိုးမိုးရေးကို စနစ်တကျ ဖျက်ဆီးခံနေရခြင်း ကြောင့်ဖြစ်သည်။ စစ်အာဏာရှင်စနစ် ကို ဆန့် ကျင်တိုက်ဖျက်ရေးနောက်ခံတွင် ဥပဒေစိုးမိုးရေး အခြေခံမှ မချဉ်းကပ်နိုင်သမျှ ကာလပတ်လုံး ဒီမိုကရေစီ နှင့် လူ့ အခွင့်အရေးလည်း မရနိုင်။ တိုင်းရင်းသားများ လိုလားသည့် ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် ငြိမ်းချမ်းရေးမှာလည်း ဝေလာ ဝေးပါမည်။
ဥပဒေစိုးမိုးရေး၏အရေးကြီးမှုကို ပြည်တွင်းတွင်လည်းကောင်း နိုင်ငံတကာတွင်လည်းကောင်းဒေါ်အောင်ဆန်း စုကြည် ထပ်ခါတလဲလဲ ပြောကြား သော်လည်း သူမ မည်သည့်အရာကို ဆိုလိုမှန်း တိတိကျကျ တခါမျှ မကြားရဘူးပါ။ လူတိုင်း ဥပဒေရှေ့မှောက်မှာ တန်းတူရှိရမည်ဟု ကြွေးကြော်ရုံဖြင့် ဥပဒေစိုးမိုးရေးမရနိုင်ပါ။ ဥပဒေစိုးမိုးရေးရုံး ဟူသည် များကို စတင်ဖွင့်လှစ်နေပြီ ဖြစ်သော် လည်း ယင်းတို့ ဘာလုပ်မည်ကို မသိရပါ။ သေချာသည်မှာမူ အပင်ဟောင်းကြီး၏ ရေသောက်မြစ်များကို ခုတ်ဖြတ် သုတ်သင်ချုပ်ငြိမ်းစေပြီး ဥပဒေစိုးမိုးရေး အပင်သစ် ကလေးများ ပျိုးထောင်ခွင့်ရမည့်  လမ်းကြောင်းမျိုး မဟုတ်ပါ။ အပင်ဟောင်းကြီးမှ ခြောက်သွေ့ ငြှိုးငယ်နေသော ကိုင်းဖျား၊ ကိုင်းနားများကို သုတ်သင် ရှင်းလင်း နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အား အလုပ်သမားခေါင်း ခန့် လိုက်သည့် အနေအထားမျှကိုသာ ရှုမြင်ပါသည်။ အဘယ်ကြောင့်နည်း။
ဥပဒေစိုးမိုးရေး၊ တာဝန်ခံမှု နှင့် (လက်နက်ကိုင်တိုက်ပွဲမရှိသောဒေသများတွင်) ငြိမ်းချမ်းမှု ကို ရှာဖွေခြင်း
ဥပဒေစိုးမိုးရေးကို ဖေါ်ဆောင်နိုင်ရန် ပထမဆုံးအနေဖြင့် တာဝန်ခံမှု[9] ကို လက်တွေ့ ရှာဖွေရပါမည်။ ယင်းသို့  မရှာနိုင်သ၍ မည်သည့်အခါမျှ ဥပဒေစိုးမိုးရေးမရှိနိုင်ပါ။ အာဏာပိုင်များ၏ ဆောင်ရွက်မှုအပေါ် အဓိကထား၍ လူ့ အဖွဲ့  အစည်းတခုလုံးအတွင်းကဏ္ဍ အသီးသီး၌ တာဝန်ခံမှုကို စနစ်တကျရှာဖွေနိုင်ရန် စီစဉ်ဆောင်ရွက်ရပါမည်။
နိုင်ငံအချို့ ၏ အတွေ့ အကြုံကို မျှဝေပါမည်။ အာဏာရှင်စနစ်မှ ဒီမိုကရေစီ သို့ ပြောင်းလဲသည့် ဖြစ်စဉ်အတွင်း တာဝန်ခံမှုကို ရှာဖွေနိုင်ရန် အာဂျင်တီးနား နိုင်ငံတွင် သတင်းစာ၊ ရုပ်မြင်သံကြား၊ မဂ္ဂဇင်းများ၌[10] အားကောင်းသည့် လူထုဝေဘန်မှု မြင့်တက်လာစေရေး အတွက် ဆောင်ရွက်ခဲ့သည်။ အာဂျင်တီးနားအား လူ့ အခွင့်အရေးချိုးဖေါက်မှုများ အပေါ် အရေးယူဆောင်ရွက်ရာတွင် စံထားလောက်သည့် နိုင်ငံအဖြစ် အတုယူကြရသည်။ အားကောင်းသည့် လူထု ဝေဘန်မှု မြင့်တက်လာစေရေးအတွက် အလားတူဆောင်ရွက်မှုမျိုးဖြင့် ဘရာဇီးနိုင်ငံတွင် သမတ Fernando Affonso Collor ၏ လာဘ်စားမှုများကို ဖေါ်ထုတ်အရေးယူနိုင်ခဲ့သည်။[11] ယင်းသည် လူ့ အဖွဲ့ အစည်းရှင်းရှင်း လင်းလင်းရှိစေရန်ပံ့ပိုးခဲ့ပြီး ဘရာဇီးနိုင်ငံ၏ စီးပွားရေးတိုးတက်မှု အတွက် အားဖြစ်စေခဲ့သည်။
အားကောင်းသည့် လူထုဝေဘန်မှုမြင့်တက်လာစေရန်မှာ စုံစမ်းစစ်ဆေးမှုအပေါ်အခြေခံသည့် သတင်းပညာ[12] ကို အားပေး၊ မြှင့်တင်၊ ဖေါ်ဆောင်ရပါမည်။ ယင်းသတင်းပညာကိုလိုက်စားကျင့်သုံးလျှက် ရှိသော သတင်းသမား များ အား ကာကွယ်စောင့်ရှောက်ရပါမည်။ ယင်းအခြေခံဖြင့် ဖေါ်ဆောင်သော နယူးဇီလန် နိုင်ငံမှာ အတုယူစရာ ဖြစ်သည်။ ရှင်းရှင်းလင်းလင်းရှိမှုကို စောင့်ကြည့်လေ့လာသည့် နိုင်ငံတကာအဖွဲ့ အစည်းကြီး[13] က ဖေါ်ပြသည့် ၂၀၁၃ ခုနှစ် လာဘ် စားမှု အကင်းစင်ဆုံးနိုင်ငံများစာရင်းတွင် ဒိန်းမတ်နိုင်ငံနှင့်ယှဉ် တွဲ၍ ပထမနေရာရသည်မှာ နယူးဇီလန်နိုင်ငံ ဖြစ်သည်။
မြန်မာနိုင်ငံနှင့် နိုင်းယှဉ်ကြည့်ရအောင်ပါ။ ယူနီတီဂျာနယ် မှုခင်းကို အားလုံးအသိဖြစ်သည်။ ယူနီတီ ဂျာနယ်မှ သတင်းထောက်များ၏ လုပ်ရပ်သည် စုံစမ်းစစ်ဆေးမှု အပေါ်အခြေခံသည့် သတင်းပညာနှင့် ဆိုင်သည်။ နိုင်ငံတကာ ဥပဒေအရ တားမြစ်ထားသည့်[14] ဓါတုလက်နက် ထုတ်လုပ်မှုကို လက်ရှိအစိုးရက လုပ်ဆောင်နေကြောင်း သတင်းရ သဖြင့် ၄င်းတို့ ၏ ဂျာနယ်တွင် ဖေါ်ပြခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတကာ ဥပဒေအရ အစိုးရ၏ တာဝန်ခံမှုကို စစ်ဆေးသည့် သဘောဆောင်သည်။ ဓါတု လက်နက်ထုတ်လုပ်ခြင်းမှန်လျှင် ယင်းလက်နက်များမှာ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ အစည်းများကို ချေမှုန်းရန်မှတပါး အခြားမရှိ။ ၄င်းတို့ ၏ လုပ်ရပ်သည် ဥပဒေစိုးမိုးရေးကို ပံ့ပိုးရုံသာမက ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လည်း အထောက်အပံ့ဖြစ်စေသည်။ သို့ ရာတွင် ၄င်းတို့ သည် ရုံးတင်တရားစွဲခံနေရပြီး နှစ်ရှည် ထောင်ဒဏ် ကျခံရမည့် အနေအထားမျိုးနှင့် ကြုံနေရလျှက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သည်လည်းကောင်း၊ သူမ ဦးဆောင်လျှက်ရှိသော ဥပဒေစိုးမိုးရေးကော်မတီ သည်လည်းကောင်း ဤမှုခင်းကို မည်သို့ ချဉ်းကပ်မည်နည်း။ ဥပဒေပြဌာန်းချက်ကို အဓိကကိုင်စွဲကာ အုပ်ချုပ်သည့် Rule by Law ရှုဒေါင့်မှလား။ စစ်မှန်သည့် ဥပဒေစိုးမိုးရေးကို ဖေါ်ဆောင်သည့် Rule of Law အခြေခံမှလား။ ဤသည် ကို ကွဲကွဲပြားပြားရှိရန်လိုပါမည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေစိုးမိုးရေး Rule of Law ကို ပြောနေသော် လည်းလက်တွေ့  တွင် Rule by Law ကိုသာ ကျင့်သုံးနေကြောင်းတွေ့ ရသည်။ အဘယ်ကြောင့်နည်း။
(၁) အစိုးရအာဏာပိုင်များ၏ တာဝန်ခံမှုကို ဖေါ်ထုတ်ရန် မည်သည့် အခါကမျှ ကြိုးစားခဲ့သည်ကို မတွေ့ ရပါ။
ယင်းသို့ ကြိုးပမ်းသည့် ယူနီတီဂျာနယ်မှုခင်းတွင်လည်း နုတ်ဆိတ်လျှက်ရှိသည်။ ယူနီတီဂျာနယ်မှ သတင်းထောက်များ အပါအ၀င် စုံစမ်းစစ်ဆေးမှု အပေါ် အခြေခံသည့် သတင်းပညာကိုလိုက်စားဖေါ် ဆောင်လျှက်ရှိသော သတင်းသမား များ အား ထိရောက်စွာ ကာကွယ်စောင့် ရှောက်နိုင်လျှင် ဥပဒေစိုးမိုးရေးအတွက် ကြီးမားစွာအထောက်အပံ့ဖြစ်မည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ဥပဒေစိုးမိုးရေးကော်မတီက လက်မခံရာ ရောက်နေသည်။
(၂) တည်ဆဲဥပဒေများအား လိုက်နာရေးကိုသာ အဓိကထားလျှက်ရှိသည်။ ဖေါက်ပြန်သည့် တည်ဆဲ ဥပဒေ များအား ရုပ်သိမ်း ပယ်ဖျက်ရန် ကြိုးစားမှုကို တိတိကျကျ မတွေ့ ရပါ။ ယူနီတီဂျာနယ်မှုခင်းတွင် သတင်းထောက်များ အပေါ် စွဲဆိုထားသည့် တရားဝင်လျှို့ ဝှက်ချက်ဥပဒေ[15] မှာ လွန်ခဲ့သောနှစ်ပေါင်း ၉၁ နှစ်ကပြဌာန်းခဲ့သည့် ဥပဒေ ဟောင်းကြီး ဖြစ်သည်။ မူလ ပြဌာန်းခဲ့သည့် အင်္ဂလန်နိုင်ငံမှာပင် မသုံးတော့ပါ။ သူမသာ ဥပဒေစိုးမိုးရေးကို တကယ် တန်းဖေါ်ဆောင်လိုသူဖြစ်ပါက ယူနီတီဂျာနယ်မှ သတင်းထောက်များ တရားရုံးတွင် မျက်နှာငယ်စွာအရေးယူခံနေရချိန် တွင် ယင်းဥပဒေအားရုပ်သိမ်းပယ်ဖျက်ပေးရန် လွှတ်တော်အတွင်း အဆိုတင်ရပါမည်။ ကြံ့ဖွံ့ ပါတီက အမတ်အများစု ဖိ အားဖြင့်ပယ်ချပါက လွှတ်တော်မှ ထွက်ခွာလိုက်ရုံသာရှိသည်။ ဥပဒေတွင်းတိုက်ပွဲကို ယင်းသို့ ဖေါ်ဆောင်ရန်လိုပါမည်။
တောင်းပွဲသက်သက်ဖြင့် ဘာတခုမျှ ရနိုင်မည် မဟုတ်ပါ။
(၃) ဥပဒေစိုးမိုးရေးအရ တာဝန်ခံမှုကို ရှာဖွေရာတွင် ပြည်တွင်းဥပဒေရှုဒေါင့်မှသာမက နိုင်ငံတကာ ဥပဒေ အခြေခံမှလည်း ချဉ်းကပ်ရပါမည်။ မြန်မာနိုင်ငံအစိုးရသည် ဓါတုလက်နက် ထုတ်လုပ်မှုကို တားမြစ်သည့် နိုင်ငံတကာ ဥပဒေအား လက်မှတ်ထိုးထားပြီးဖြစ်သည်။ လက်မှတ်ထိုးရုံသာ ထိုးထားပြီး အတည်မပြုရသေး[16] သဖြင့် လက်ရှိအစိုးရ အနေဖြင့် လိုက်နာဆောင်ရွက်ရန်မလို ဟူ၍ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွတ်၏ ရှင်းလင်းချက်သည် နိုင်ငံတကာ ဥပဒေ အခြေခံအရ သွက်သွက်ခါ မှား နေသည်။ သို့ ပါလျှက် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ဥပဒေစိုးမိုးရေးကော်မတီ သည် အဘယ်ကြောင့် ထောက်ပြကန့် ကွက်ခြင်းမပြုသနည်း။
အစိုးရ အာဏာပိုင်များ၏ တာဝန်ခံမှုကို ကြီးကြပ်ခြင်းမပြုနိုင်ပါက လက်နက်ကိုင်တိုက်ပွဲမရှိသောနေရာ များမှာပင် ပြည်သူလူထုသည် ငြိမ်းချမ်းမှု မရနိုင်ပါ။ ဤသည်မှာ ဥပဒေစိုးမိုးရေးအခြေခံမှ ချဉ်းကပ် ခြင်းဖြစ်သည်။
ဥပဒေစိုးမိုးရေး၊ တာဝန်ခံမှု နှင့် တိုင်းရင်းသားပြည်နယ်များအတွက် ငြိမ်းချမ်းမှု ကို ရှာဖွေခြင်း
ကရင်၊ ကရင်နီနှင့် မွန်ပြည်နယ်များတွင် အပစ်ရပ်လျှက်ရှိသော်လည်း မြန်မာ့တပ်မတော်သည် စစ်အင် အား တိုးချဲ့ ခြင်း၊ စစ်စခန်းသစ်များဆောက်လုပ်ခြင်းနှင့် ဆောက်လုပ်ပြီးစခန်းများကို အုတ်အင်္ဂတေများဖြင့် အခိုင်အမာ ပြု ခြင်းများ လုပ်ဆောင်လျှက်ရှိသည်။ နှစ်ဘက်သဘောတူ အပစ်ရပ်ခဲ့ပါလျှက် ရှမ်းပြည်တွင် တိုက်ပွဲများ အကြိမ်တရာ ကျော် ဖြစ်လျှက်ရှိခဲ့ပြီ။ ၂၀၁၃ ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့ တွင် အစိုးရ နှင့် ကေအိုင်အို ကိုယ်စားလှယ် များက “စစ်ရှိန် လျှော့ချရေးနှင့် တိုက်ပွဲများ ထပ်မံမဖြစ်ပွားစေရေး” ဝေါဟာရအတိအကျကို သုံးကာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြ သည်။ အစိုးရသည် ယခု ဤစာချုပ်ကို ချိုးဖေါက်နေပြန်ပါသည်။ စစ်အင်အားများတိုးချဲ့ ၊ စစ်ကြောင်းကြီး များဖွဲ့ ကာ၊ ကေအိုင်အို စခန်းများအား တိုက်ခိုက်သိမ်းပိုက်နေပြန်သည်။
ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်အပြင်၊ ဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဌလည်းဖြစ်သော ဒေါ်အောင်ဆန်းစု ကြည် သည် ဤငြိမ်းချမ်းရေးပြသနာများကို အဘယ်ကြောင့်လျှစ်လျှူရှုနေသနည်း။ တာဝန်ခံမှု ကို ရှာဖွေခြင်းမှာ ဥပဒေစိုးမိုး ရေး၏ အခြေခံဖြစ်ကြောင်း သူမလက်ခံလျှင် ငြိမ်းချမ်းမှုပျက်ရသည့်အကြောင်းရင်းများနှင့် မည်သူ့ အတွက် ကြောင့် ပျက်ရသည်ဆိုသည့် အပေါ်တာဝန်ခံမှုကို ရှာဖွေ ဖေါ်ထုတ်သင့် ပါသည်။ အစိုးရကခေါ်ခိုင်း၊ တာဝန်ပေးမှု မပြုမခြင်း မလုပ်ရဲသလို၊ မလုပ်ခြင်သလို နေနေခြင်းမှာ မိမိကိုယ်ကို အစိုးရ၏ အောက်တွင် ခေါင်းလျှိုးထားသည့် သဘော သက် ရောက်သလို ငြိမ်းချမ်းရေးကို ဥပက္ခာပြုထားရာလည်း ရောက်ပါသည်။
ဥပဒေစိုးမိုးရေးအခြေခံမှမချဉ်းကပ်သမျှ စစ်မှန်သည့် ငြိမ်းချမ်းရေးရဘွယ်မရှိပါ။ လိုင်စင်တစောင်ပြန်ရောင်း ပါက ကားတစီးလျှင် သိန်းတထောင်မျှ အကျိုးအမြတ်ရနေကြောင်းသိပါလျှက် အစိုးရသည် အပစ်ရပ်အဖွဲ့ များအား တဖွဲ့ လျှင် ကားအစီး ၆၀ မှ ၁၂၀ အထိ လိုင်စင်ချပေးလိုက်ခြင်းမှာ လာဘ်ပေးလိုက်ခြင်းဖြစ်သည်။ အပစ်မရပ်သေး သည့် အဖွဲ့ များအပစ်ရပ်ခြင်လာအောင် လုပ်လိုက်ခြင်းဖြစ်သည်။ အပစ်ရပ်ရေးကိုသာ အဓိက လုပ်ကြရန်၊ နိုင်ငံရေး ဆွေးနွေးပွဲဟူသည်အား နောက်မှ ဖေါ်ဆောင်ရန် ၄င်းတို့ လိုခြင်သည့် လမ်းကြောင်းကို မျှားခေါ်လိုက်ခြင်းဖြစ်သည်။
အားလုံးကိုလွှမ်းခြုံခြင်း[17] မရှိဘဲ ရွေးချယ်မှုကို ကျင့်သုံးခြင်း ဖြစ်သဖြင့်[18] ဥပဒေစိုးမိုးရေးကို ဆန့် ကျင်သည်။ ၄င်းတို့  ပြဌာန်းထားသည့် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတားမြစ်ရေးဥပဒေကို ၄င်းတို့ ကိုယ်တိုင်ပင်ချိုးဖေါက်ရာရောက် သဖြင့် ဥပဒေပြဌာန်းအုပ်ချုပ်၍စိုးမိုးခြင်း ကိုပင် ဖေါ်ဆောင်ရာမရောက်။ ဥပဒေအောက်တွင် ရှိသော အစိုးရမဟုတ်ဘဲ ဥပဒေအထက်မှာ နေကာ ဥပဒေကို ကိုင်၍အုပ်ချုပ်သော အစိုးရအဆင့်မျှသာရှိသည်။ ဥပဒေစိုးမိုးရေးကော်မတီသည် အဘယ်ကြောင့် ရေငုံနုတ်ပိတ်နေသနည်း။
တိုင်းရင်းသားများ လိုလားတောင်းဆိုမှုအပေါ် ထိပ်သီးစစ်ခေါင်း ဆောင် ဟောင်းနှစ်ဦးဖြစ်သော ဦးရွှေမန်းနှင့် ဦးသိန်းစိန်တို့ သာမက မိမိကိုယ်တိုင်ပင်လက်ခံကြောင်း ကြေငြာထားပြီး ဖြစ်သည့် ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးအား ဆွေးနွေးပွဲ သဘောတူညီချက်များတွင် ထည့်သွင်းချုပ်ဆို နိုင်အောင် ဒေါ်အောင်ဆန်းစုကြည် အနေ ဖြင့် ပံ့ပိုးဖေါ်ဆောင်ပေးရန် တာဝန်ရှိပါသည်။ ပြသနာကို ငြိမ်းချမ်းစွာအဖြေရှာရာတွင် အထောက်အပံ့ဖြစ် စေရေး အတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ အစည်းများလက်ခံနိုင်စေမည့် တိုင်းပြည် အဆောက်အအုံ အုပ်ချုပ်ရေး ယန္တယားများ ဖြစ်လာစေရေးအတွက် မည်သို့ ပြုပြင်ပြောင်းလဲသင့်ကြောင်း တိုင်းရင်း သားအဖွဲ့ အစည်းခေါင်းဆောင်များ၊ အခြေခံလူထုများထံမှ သဘောထားရယူခြင်း၊ လေ့လာ သုတေသန ပြုခြင်း၊ အဆိုပြုချက်တင်သွင်းခြင်း၊ အစီရင်ခံစာ ထုတ်ပြန်ခြင်းများဖြင့်လည်း ဥပဒေစိုးမိုးရေးကို ပံ့ပိုးနိုင်ပါမည်။ ဥပဒေစိုးမိုးမှု အခြေခံတွင် ငြိမ်းချမ်းမှုတည်ဆောက်နိုင်ရေးအတွက် အခြားသည့်ထက် ပိုမိုကောင်းမွန်သော စီမံချက်များ ရှိပါက သူမ အနေဖြင့် တပြည်လုံးသို့ ထုတ်ပြန်ကြေငြာကာလူထု၏ ပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုသင့်ပါသည်။
ဥပဒေစိုးမိုးရေးကို တတွတ်တွတ်ရွတ်လျှက်ရှိသော ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥပဒေစိုးမိုးရေးကို လက်တွေ့ ဖေါ်ဆောင်ရန်လိုပါသည်။ ဦးသိန်းစိန် အစိုးရနှင့် မြန်မာ့တပ်မတော် တို့ အနေ ဖြင့်  တာဝန်ခံမှု ကင်းမဲ့ စွာ လုပ်ဆောင်နေမှုများတွေ့ ရပါလျှက် ဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌနေရာ တွင်ထိုင်ကာ နုတ်ပိတ်နေခြင်းမျိုး မပြုသင့် ပါ။ ထောက်မပြရဲ၊ ထောက်မပြနိုင်ပါက ယင်း တာဝန်မှ နုတ်ထွက်သင့်သည်။ စစ်ခေါင်းဆောင် ဟောင်း သစ်များက “နိုင်ငံတကာမှ မိတ်ဆွေများကြည့်ပါ၊ ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် ဥပဒေ စိုးမိုးရေးကော်မတီဥက္ကဌ လုပ်နေပါ တယ်၊ ကျုပ်တို့ အစိုးရက ဥပဒေစိုးမိုးရေးကို တကယ် တန်းဖေါ်ဆောင်နေတာပါ။” ဟု ပြောရင်းသူမအား လက်ညှိုးထိုး ကာ အသုံးချခံနေရသည့် ဘ၀မှ ရုန်းထွက် သင့်သည်။ ဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌအဖြစ်မှ နုတ်ထွက်သည် ထားဦး။ တိုင်းပြည်တွင် စစ်မှန်သည့် ငြိမ်းချမ်းမှု ရသည်အထိ ပါဝင်ဆောင်ရွက်ရန် သူမတွင် တာဝန်ရှိပါသည်။ ယင်းသို့ မဟုတ်ပါက မိမိ၏ နိုဗယ်ဆုကို မိမိကိုယ်တိုင် ဘေးဖယ်ထားရာရောက်ပါမည်။
နိုင်ငံအမည် Burma ကို အသုံးပြုသည့် လှုပ်ရှားမှုများ အဘယ်ကြောင့်ဖေါ်ဆောင်သင့်သနည်း။
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအမည် Burma ကို ပြန်လည်ဖေါ်ထုတ်လိုက်ခြင်းမှာ နှစ်နှစ်ခန့် မျှ နောက်ကျ ခဲ့ပြီဖြစ်သော်လည်း အချိန်မနှောင်းသေးပါ။ မဟာမြန်မာလူမျိုးကြီးဝါဒ အား တစိပ်တပိုင်း ဆန့် ကျင်လိုက်ခြင်း ဖြစ်သလို ပြည်သူလူထု၏ဆန္ဒအခြေခံမှ ရပ်တည်ပြလိုက်ခြင်းကြောင့် ဥပဒေစိုးမိုးရေးနှင့် ညီညွတ်ပါသည်။ ဤသည်ကို အားပေး လိုသည့်အင်အားစုများအားလုံးသည် ပြည်တွင်း၊ ပြည်ပတွင်အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေသမျှစာများအားလုံး ၌ နိုင်ငံအမည်အား အင်္ဂလိပ်ဘာသာဖြင့် Burma ဟူ၍သာ သုံးစွဲခြင်း၊ အနည်းဆုံးအားဖြင့် Burma/Myanmar ဟူ၍ တွဲဘက်သုံးစွဲခြင်းအားဖြင့် မဟာမြန်မာလူမျိုးကြီးဝါဒ ဆန့် ကျင်ရေး နှင့် ဥပဒေစိုးမိုးရေးအား ပံ့ပိုးပေးလျှင် ထိရောက်စွာ အကျိုးရှိ နိုင်ပါမည်။
ဦးအောင်ထူး (ရှေ့နေ)
ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ
Founder of Legal Aid Network (LAN) ၂၀၁၄ ခုနှစ် ဧပြီလ (၁၉) ရက်
[1] https://drive.google.com/file/d/0B5uXEhFP_PLIQUNXMXpyU1hYQXM/edit?usp=sharing
[2] https://drive.google.com/file/d/0B5uXEhFP_PLIWlVGU2w0OFdNUVk/edit?usp=sharing
[3] https://drive.google.com/file/d/0B5uXEhFP_PLIcTNOdXRjNjZsbzg/edit?usp=sharing
[4] https://drive.google.com/file/d/0B5uXEhFP_PLIcEJFUDRQcDRNMGc/edit?usp=sharing
[5] Legitimacy
[6] State Institutions
[7] Self-censorship
[8] ၂၀၁၃ ခုနှစ် သြဂုတ်လ (၇) ရက်နေ့ တွင် ပြဌာန်းသည့် အဂတိ လိုက်စားမှု တားမြစ်ရေး ဥပဒေပုဒ်မ ၅၉ အရ မမှန်မကန် တိုင်တန်းကြောင်း စွပ်စွဲခံရသူအား ၅ နှစ် အထိ ထောင်ဒဏ်ချမှတ်နိုင်သည်။
[9] Accountability
[10] Newspapers such as Pagina 12, TV programs such as Telehoche Investiga, magazines such as Revista XXI
[11] http://www.foreignaffairs.com/articles/55130/kenneth-maxwell/corruption-and-political-reform-in-brazil-the-impact-of-collors-
[12] Investigative Journalism
[13] Transparency International
[14] The Convention on the Prohibition of the Development, Production, Stockpiling and Use of Chemical Weapons and on Their Destruction
[15] The Burma Official Secrets Act 1923
[16]
[17] Generality
[18] Selectivity

Friday, April 18, 2014
Thursday, April 17, 2014
KIA အပေါ် မြန်မာစစ်တပ် ဆက်လက် ထိုးစစ်ဆင်
မအေးအေးမာ
17.04.2014
ကချင်ပြည်နယ် မိုးမောက်နယ်ထဲမှာ မြန်မာအစိုးရတပ်တွေနဲ့ ကချင် လွတ်မြောက်ရေး တပ်တွေ တိုက်ပွဲတွေဆက်ဖြစ်ပြီး ဒီကနေ့ ဧပြီလ ၁ရ ရက်နေ့မှာ ဖြစ်ပွားတဲ့ တိုက်ပွဲကတော့ (ရ) နာရီကြာနီးပါးလောက် ဆက်တိုက်ဖြစ်သွားခဲ့တာပါ။ ဒီ့အတွက် ကေအိုင်အေ စခန်းတချို့ လက်လွတ်ဆုံးရှုံးခဲ့ရပြီး အစိုးရက ပစ်ခတ်တဲ့ လက်နက်ကြီးတွေဟာ ကချင်ကျေးရွာတွေနဲ့ အိုးအိမ်မဲ့ ဒုက္ခသည်တွေ နေထိုင်နေတဲ့ စခန်းတွေအထိ ကျရောက်နေတာကြောင့် ထောင်ဂဏန်းရှိတဲ့ ဒုက္ခသည်တွေ လည်း ပြေးနေကြရပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ကချင်ပြည်နယ်တွင်းမှာ ကေအိုင်အေ တပ်တွေနဲ့ မြန်မာအစိုးရတပ်တွေက လက်နက်ကြီးတွေ သုံးပြီး ပစ်ခတ်မူတွေကြောင့် ဒုက္ခသည်တချို့ ထွက်ပြေး တိမ်းရှောင်နေရသလို့ နှစ်ဖက် ရင်ဆိုင် တိုက်ပွဲတွေဟာ ဧပြီလ ၁၇ရက်နေ့ ၊ နှစ်ဆန်း၁ရက်နေ့မှာ မနက်အစောပိုင်း အချိန်ကစပြီး အချိန် အတော်ကြာထိ တိုက်ပွဲတွေဖြစ်နေခဲ့တာပါ။
တိုက်ပွဲဖြစ်နေတဲ့နေရာမှာ ရောက်ရှိနေတဲ့ အယ်လ်ဂျာဇီယား သတင်းဌာနအတွက် သတင်းရယူနေတဲ့ဦးဂျွန်စံလင်းက ဧပြီလ ၁၇ရက်နေ့ က တိုက်ပွဲတွေအကြောင်း အခုလိုပြောပြပါတယ်။
“ မိုင်ဆမ်ကွန့်နဲ့ ဂျာရီ တိုက်ပွဲတဲ့နော် တိုက်ပွဲ မိုင်ဆမ်ကွန့်ဆိုတာ သစ်စခန်းပေါ့လေ။ အဲ့တာ သူတို့ ကချင်လိုဆိုရင်တော့ သစ်စခန်းလို့ အဓိပ္ပါယ်ရတယ်။ စဖြစ်တဲ့အချိန်က လေးနာရီ ငါးဆယ့် ငါးမိနစ်ကနေ ဆယ့်တစ်နာရီ ငါးမိနစ်အထိ၊ တပ်တွေက ဖြစ်တဲ့တပ်တွေက တပ်မ ၉၉၊ ဦးစီးပြီးတော့ KIA တပ်ရင်း(၁)ပေါ့နော်။ မိုင်ဆမ်ကွန့် နဲ့ ဂျာရီ စခန်းက နေပြီးတော့ ၈၀ မမ၊ ၁၀၅ မမ တို့နဲ့ ပစ်ခတ်တာ။ ခြေလျင် တပ်ရင်း(၁၀) နောက်ပြီးတော့ (၇၉) (၂၁)ကနေပြီးတော့ ဆယ်ရင်းလောက် အင်အား ထောင့်ငါးရာလောက် အခုလက်ရှိ တိုက်ပွဲ တိုက်နေတာပေါ့။”
သမ္မတပြောခွင့်ရလည်းဖြစ်၊ ဒု ပြန်ကြားရေး ဝန်ကြီးလည်း ဖြစ်တဲ့ ဦးရဲထွဋ်ကို ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ်မေးမြန်းစဉ်မှာတော့ ကချင်ပြည်နယ်မှာကတော့ သန်းခေါင်စာရင်းကောက်ယူနေတဲ့ အချိန်အတွင်းမှာ ကေအိုင်အေဘက်ကနေ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့တွေကို တားမြစ်တာ၊ ဟန့်တားခဲ့တာတွေ ရှိတယ်။ သန်းခေါင်စာရင်းကောက်ယူရေးကိစ္စတွေကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တပ်မတော်က အရာရှိတွေနဲ့ စစ်သည်တွေကို ချောင်းမြောင်းပစ်ခတ်တဲ့ အတွက်ကြောင့်မို့ ဗိုလ်မှူးတစ်ဦး ကျဆုးခဲ့ရတာရှိတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အဲဒီ့နယ်မြေမှာရှိနေတဲ့ ဦးဂျွန်စံလင်းကတော့ သူ့ရဲ့တွေရှိချက်တွေကို အခုလိုပြောပြပါတယ်။
“ စစ်သားတစ်ယောက်အနေနဲ့ သန်းခေါင်စာရင်းကောက်ယူတဲ့အထဲမှာ ပါဝင်ကူညီတယ်ဆိုတာတော့ အစိုးရအုပ်ချုပ်တဲ့ နယ်မြေမှာဆိုရင်တော့ အဆင်ပြေမှာပေါ့၊ အစိုးရအုပ်ချုပ်တဲ့ နယ်မြေမဟုတ်ရင်တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဟိုတလောက တပ်ရင်းမှူး ဗိုလ်မှူး မျိုးညွန့်စိုး ဆိုတာကတော့ သူဝင်လာတာ သန်းခေါင်စာရင်း ကောက်ဖို့ဆိုပြီးတော့ အစိုးရက ကြေညာ တာပေါ့နော်။ အမှန်မှာကတော သန်းခေါင် စာရင်း ကောက်တယ်။ သူ ဦးဆောင်ပြီး လာတယ်ဆိုလို့ရှိရင် သူ့ရဲဘော်နဲ့သူနဲ့ နှစ်ယောက်တည်း တိုးတိုးတိတ်တိတ် လာစရာ အကြောင်းမရှိဘူး။ အဲ့ဒီ့ဘက်မှာလည်း သန်းခေါင်စာရင်းကောက် ရလောက်အောင် လူဦးရေ ရှိတဲ့ရွာလည်း မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ့နေရာက KIA စိုးမိုးတဲ့နယ်မြေဖြစ်တဲ့အတွက် သူ့အနေနဲ့ နယ်ကျွံပြီး လာတဲ့အတွက် သန်းခေါင်စာရင်းကောက်တာနဲ့တော့ ကျနော်ထင်တယ် လုံးဝ မပတ်သတ်ဘူး။”
ဧပြီ ၁ရရက်နေ့က တိုက်ပွဲတွေကြောင့် ကေအိုင်အေရဲ့  စခန်းငယ်တချို့လည်း ဆုတ်ခွါပေးနေရပြီး အဓိက စခန်းတွေကတော့ ခုခံနေကြဆဲဖြစ် ပါတယ်။ မြန်မာစစ်တပ်တွေက လိုင်ဇာနဲ့ မိုင်ဂျာယန်ကို မတိုက်ပဲ သူတိုကို ကျောထောက်နောက်ခံ ပေးထားတဲ့ တပ်တွေကို သာ ချေမှုန်းပြီး နယ်မြေရှင်းလင်းရေး လုပ်နေတာကို တွေ့နေရကြောင်း ဦးဂျွန်စံလင်းကပြောပါတယ်။
“ သူတို့ လိုင်ဇာနဲ့ မိုင်ဂျာယန်ကို ကာကွယ်ပေးထားတဲ့ KIAတပ်ရင်းတွေပေါ့။ အဲ့တာတွေကို သူတို့က နယ်မြေစိုးမိုးရေး အနေနဲ့ အပြီးသတ် ချေမှုန်းချင်တဲ့ ပုံစံရှိတယ်။ ဒါမှလည်း အကာအကွယ် ပေးထားတဲ့ တပ်တွေက ရွှေ့ပြီးတော့ အရင်တုန်းက KIA တပ်စခန်းတွေ သူတို့ပြန်သိမ်းပိုက်နိုင် လို့ရှိရင် ဒီနေရာတွေမှာသူတို့ မြန်မာ့တပ်မတော်က စိုးမိုးထားနိုင်ရင် ဘယ်လိုဖြစ်လာမလဲဆိုတော့ အဓိက အကျပ်အတည်းဖြစ်အောင် လုပ်ပြီးတော့မှ အတင်း လက်မှတ်ထိုးခိုင်းမယ့် ပုံစံမျိုးပေါ့။ တကယ်လို့ မထိုးဘူး ဆိုလို့ရှိရင်လည်း ရန်သူက ကိုယ့်အနီးနားမှာ အဲ့တာမျိုးပုံစံပေါ့။ KIA ဘက်ကလည်း ဒါမျိုးတော့ အဖြစ်ခံမှာမဟုတ်ဘူး။”
ပြီးခဲ့တဲ့ရက်ကစပြီး ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတွေကြောင့် ကချင်ရွာထဲတွေအထိ ကျည်ဆံခံွံများ ကျကျန်နေကြောင်း ရွာသားးတွေကဆိုပါတယ်။ ဒါ့အပြင် မိုင်ဂျာယန်မှာ ရှိတဲ့ အိုင်ဒီပီ ဒုက္ခသည်စခန်းနားထိ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တာ၊ လက်နက်သံတွေ နီးကပ်နေတာတွေကြောင့် ဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုပြီး ကချင်အမျိုးသမီးအစည်းအရုံးက နန်းအော့ကလည်း ပြောပါတယ်။
“ လဂျာယန် ကမ့်အိုင်ဒီပီရှိတဲဘက်မှာ အဲ့ဒီ့လက်နက်ကြီးတွေ ကျပြီး အိုင်ဒီပီတွေ အားလုံးက အခု နေလို့မရတော့ဘူးလေ။ အခု တခြားနေရာ တရုတ်ပြည်ဘက် နယ်စပ်ဘက်မှာ ထွက်ပြေးသွားကြတယ်။ အားလုံးက။”
ဒီရက်ပိုင်းအတွင်းမှာပဲ ကချင်လူထု အခြေပြုအဖွဲ့အစည်းတွေ စုပေါင်းပြီး အရေးပ်ါကြေညာချက် ထုတ်ပြန်ရာမှာ မန်စီမြို့ နယ်ထဲမှာ ရှိတဲ့နေရာ အတော်များများမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေကြောင်း တိုက်ပွဲဖြစ်နေ တဲ့နေရာတွေဟာ ပြည်တွင်း အိုးအိမ်မဲ့ဒုက္ခသည်တွေနဲ့ တကီလို အကွာ လောက်မှာဖြစ်နေတဲ့ အတွက် ဒုက္ခသည် ၈၀၀လောက် ထွက်ပြေးနေရကြောင်း အဲ့ဒီဒေသက ရှမ်း၊ ကချင် ပလောင်ရွာသား ၂၀၀၀လောက် ဟာလည်း တရုတ်နယ်စပ်ဘက်ကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဖော်ပြထားပြီး လဂျာယန်စခန်းအနီးမှာ လက်နက်ကြီးကျည်များ ကျရောက်တာကြောင့် အိုးအိမ်မဲ့ ဒုက္ခသည် နောက်ထပ် ၁၄၀၀လောက် ရှိနေကြောင်း ဖော်ပြထားပါတယ်။
KIA ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ဟာ အမေရိကန်အစိုးရတာဝန်ရှိသူတွေ၊ မြန်မာ့အရေး၊ ကချင့်အရေး စိတ်ဝင်စားတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ပြုလုပ်ဖို့ အမေရိကန်ပြည်ထောင်စု ကို ရောက်ရှိနေစဉ်မှာပဲ အခုလို တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပေါ်နေတာပါ။
http://burmese.voanews.com/content/burmese-government-troops-continue-offensive-against-kachin-army/1895406.html

ကျွန်ဆိုသည်မှာ
Written By အဂ္ဂ
ကျွန်ဆိုတာ A person who is owned by someone လို့ အဘိဓာန်ကဆိုတယ်။ ဒီတော့အမျိုးသားအရကျွန်ဖြစ်တယ်ဆိုက လူတဦးချင်းမဟုတ်ဘဲ A nation who is own by other nation ကို အလားတူဆိုလိုတာပါဘဲ။
ကျွန်ဆိုတာ နွားလို အခိုင်းခံရတာတခုထဲကိုပြောတာမဟုတ်ဘဲ ကိုယ်ပိုင်ပြဌာန်းခွင့် မရှိတာကို ပိုပြီးရည်ညွှန်းပါတယ်။ အဂ်လိပ်ခေတ်က ဗမာတွေ အင်္ဂလိပ်ကျွန်ဖြစ်ခဲ့တယ်လို့ မိမိကိုယ်မိမိသတ်မှတ်ခဲ့တာကလည်း
ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ ကိုယ့်အမျိုးသားကြမ္မာကိုယ်ဖန်တီးခွင့်မရှိလို့ ပါ။ အဂ်လိပ်ခေတ်က ဗမာတွေ အင်္ဂလိပ်လူမျိုးတွေရဲ့အိမ်တွေမှာ နေ့ အမအားညမအိပ် အခိုင်းခံခဲ့ရလို့ မဟုတ်ဘူး။
မြန်မာပြည်မှာ ကရင်၊ ကချင၊်ချင်း၊ရှမ်း၊ ရခိုင်၊မွန် ၊ကယား စတဲ့တိုင်းရင်းသားအားလုံးဟာ မိမပြည်နယ်ကံကြမ္မာကိုမိမိတို့ ဖါသာလွတ်လွတ်လပ်လပ် ဆုံးဖြတ် ရွေးခြယ် ဖန်တီးခွင့်ရှိမနေပါဘူး။ ဒါကိုနိုင်ငံရေးအရ
အမျိုးသားကျွန်အဖြစ်သတ်မှတ်တာပါ။ အဂ်လိပ်ခေတ်ကနဲ့တူပါတယ်။ လူတဦးချင်းစီအရကျွန်ဖြစ်နေတာမဟုတ်ပါဘူး။
အင်္ဂလိပ်ခေတ်မှာ ဗမာအရာရှိအရာခံတွေလဲအများကြီးရှိခဲ့တာပါဘဲ။ သူတို့ ကိုတော့ ကျွန်ပါးဝတွေလို့ 
အဲဒီခေတ်နိုင်ရေးသမားတွေက သတ်မှတ်တယ်။ လူမျိုးအရရော လူပုဂ္ဂိုလ်အရပါ ကျွန်ပြုခံခဲ့ရတာကတော့ အာဖရိက ကလူမည်းတွေကိုသာခေါ်နိုင်တာပါ။ ပဒေသရာဗ်ခေတ် စံနစ်အရဆိုရင် တိုင်းသူပြည်သားအားလုံးဟာ
လူပုဂ္ဂိုလ်အရ ဘုရင်ဆွေမျိုးမိသားစုတွေရဲ့ ကျွန်အဖြစ်သတ်မှတ်ခံရပါတယ်။ ဒီတော့ မြန်မာပြည်လိုသမိုင်းခံရှိတဲ့ နိုင်ငံမျိုးမှာ အမျိုးသားရေးအရကျွန်ပြုထားတဲ့ စနစ်မရှိတော့အောင် လုပ်နိုင်တာက လူမျိုးတိုင်းတန်းတူ ပြီး လူမျိုးတိုင်းကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ့်ဖါသာကိုယ်ဆုံးဖြတ်ခွင့်တွေရှိစေမဲ့ ဖက်ဒရယ်ဒီမိုကရေစီစစံနစ်တခုထဲရှိပါတယ်။ အတုအရောင်နဲ့တော့မရနိုင်ပါဘူး။ ဒီအတုအရောင်ပြည်ထောင်စုစနစ်ကိုထူထောင်နိုင်ဖို့ သူ့ ကျွန်မခံတဲ့ တိုင်းရင်းသားတွေကို သတ်ဖြတ်နှိမ်နင်းခဲ့တာ နှစ်(၆၀)ကျော်ပါပြီ။ တိုင်းရင်းသားတွေက အင်အားအလွန်နည်းလို့ မနိုင်တာဖြစ်ပေမဲ့ အင်အားအဆ ၁၀၀မကသာလွန်ကြီးမားတဲ့ အစိုးရဘက်ကလဲခုထိမနိုင်သေးတာဟာ မတရားမှုဖြစ်နေလို့ ပါဘဲ။ တိုင်းရင်းသားတွေရဲ့ အင်အားဟာ အစိုးရရဲ့  ၁၀ ပုံတပုံလောက်ဘဲနဲမယ်ဆိုရင်ဖြစ်စေ နိုင်ငံတကာသဘောတူညီချက်တွေအရ နိုင်ငံအချင်းချင်း ၀ိုင်းကာကွယ်ထားပေးတာတွေမရှိရင်အစိုးရပြုတ်တာကြပါပြီ။
ကျွန်ဆိုတဲ့အနက်အဓိပ္ပ့ါယ်ကိုမသိတော့တဲ့ မြန်မာပြည်သားအားလုံးဟာ ဘယ်လူမျိုးက ပြဌာန်းပိုင်ခွင့်ရသခင်အနေအထားရောက်နေပြီး တခြားညီကိုတွေက ကျွန်အနေအထားရောက်နေတာကိုလဲ ကွဲကွဲပြားပြား မမြင်တတ်တော့ဘူး။ ဂုတ်ပေါ်တက်ထိုင်နေတဲ့ လူမျိုးက အောက်ကလူမျိုးကိုတန်းတူတယ်လို့ မဟုတ်တဲ့ အမြင်တွေဖြစ်နေသလို အောက်ကနေသူကလည်း အပေါ်ကလူနဲ့ မိမိတန်းတူဘဲလို့ အမှန်မဟုတ်တဲ့ အူကြောင်ကြောင်အမြင်တွေဖြစ်ပွားနေတာပါ။ ဒီအမြင်ကြောင်တွေက နှစ်(၆၀)ကျော်လုံးလုံး မြန်မာအစိုးရအဆက်ဆက်က ပျိုးထောင်ခဲ့တဲ့ အတုအရောင်ပြည်ထောင်စုသဘောတရားတွေနဲ့ တွဲဖက်ပါလာတဲ့ မှိုင်းတွေပါ။ အမှန်တွေမဟုတ်ပါဘူး။ အဖြစ်မှန်ကိုအဖြစ်မှန်အတိုင်းမြင်လာပြီဆိုရင် ဗမာတွေထဲက ညီကိုချင်းကျွန်မပြုလိုသူတွေက သူတို့ အစိုးရကို ဒီကိစ္စအတွက် ဦးတည် ဆန့် ကျင်ဖိအားပေးလာကြမှာပါ။ တိုင်းရင်းသားပြည်သူတွေဘက်ကလဲ တခဲနက်ထပြီး ကျွန်မခံလိုမှုဆန္ဒထုတ်ဖေါ်လာကြမှာဘဲဖြစ်တယ်။
ခုဆိုအတော်လေးပွင့်လင်းလာလို့ ဗမာပြည်သူတွေရဲ့ ဆန္ဒထုတ်ဖေါ်ပွဲတွေကိုမကြာမကြာတွေ့ နေရပြီ။ တိုင်းရင်းသားလူထုကတော့ ကာလရှည်ကြာ ရက်ရက်စက်စက်အလုပ်ခံခဲ့ရလို့ အကြောက်မပြေသေးတာနဲ့ တိုင်းရင်းသားဖြစ်တာကိုရှက်စရာ သိမ်ငယ်စရာကောင်းတယ်ထင်နေသေးတာနဲ့
စစ်အစိုးရအဆက်ဆက်ကတိုက်ကျွေးခဲ့တဲ့ ပြည်ထောင်စုလိမ်သြ၀ါဒတွေအရ မိမိလူမျိုးရဲ့ အနေအထားကျွန်ဖြစ်နေတာကို ရှင်းရှင်းလင်းလင်းမသိသေးတာတွေနဲ့ ဆိုတော့ ခနတော့စောင့်ရပါဦးမယ်။ ဒါမှမဟုတ်လဲ ထက်မြက်တဲ့ဗမာညီနောင်တချို့ 
ကဘဲ တိုင်းရင်းသားတန်းတူရေးကို ၀င်ပြီးအားဖြည့်ရှေ့ ဆောင်ပေးရမလိုလဲဖြစ်နေတယ်။ ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်ကအရှုံးပေးလိုက်ရခြင်းဟာ အဓိကအားဖြင့် လူသားဝါဒထွန်းကားနေပြီဖြစ်တဲ့ သူ့ ပြည်သူတွေအုံကြွဆန့် ကျင်ခဲ့ကြလို့ ပါ။ ဒါနဲ့ အလားတူ မြန်မာပြည်ငြိမ်းချမ်းရေးမြန်မြန်ရဖို့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ညီနောင်ပြည်နယ်အားလုံးတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဖက်ဒရယ်ပြည်ထောင်စုတရပ်ဖြစ်လာဖို့ 
နိုင်ငံရေးနိုးကြားနားလည်နေပြီဖြစ်တဲ့ ဗမာညီနောင်တွေရဲ့ ကမကထပြုမှုဟာ အလွန်အရေးကြီးနေပြီဖြစ်တယ်။

Wednesday, April 16, 2014
မြန်မာစစ်တပ်နဲ့ KIA ကြား တိုက်ပွဲဆက်ဖြစ်
မအေးအေးမာ
15.04.2014
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်တွေနဲ့ မြန်မာအစိုးရတပ်တွေဟာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး ကချင်တပ်တွေရဲ့ စခန်းတချို့လည်း လက်လွတ်ဆုံးရှုံးခဲ့ရသလို မြန်မာစစ်အစိုးရတပ်တွေရဲ့ ယာဉ်တန်းတွေလည်း ခြုံခိုတိုက်ခိုက်ခံနေရပါတယ်။ ကချင်ပြည်နယ် မန်စီနဲ့ ရှမ်းပြည်နယ် နမ့်ခမ်းဘက်မှာတော့ ဒုက္ခသည် ၂ ထောင်လောက်ဟာ တရုတ်နယ်စပ်မှာ ထွက်ပြေးနေရဆဲ ဖြစ်ပါတယ်။ အသေးစိတ်ကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
ပြီးခဲ့တဲ့ရက်ကတော့ ကချင်ပြည်နယ် မန်စီမြို့နယ်နဲ့ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်ဘက်မှာ တိုက်ပွဲတွေဖြစ်နေရာကနေ ဧပြီလ ၁၅ ရက်နေ့မှာတော့ ဗန်မော်ခရိုင် မိုးမောက်ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။ တိုက်ပွဲတွေ ဖြစ်နေတဲ့နေရာမှာ Al Jazeera သတင်းဌာနအတွက် သတင်းယူနေတဲ့ ဦးဂျွန်စံလင်းက အခုလို ပြောပြပါတယ်။
“စဖြစ်တာကတော့ ၁၀ ရက်နေ့ ညနေလောက်ကတည်းက စ ဖြစ်တာ။ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်၊ ၁၃ ရက်၊ ၁၄ ရက်ပေါ့၊ ဒီနေ့ဆိုရင် ၁၅ ရက်တောင် ရှိပြီ။ နေ့တိုင်းလိုလို ဖြစ်နေကြတာ။ ဒီနေ့မနက်ကတော့ ၉ နာရီကျော် ၁၀ နာရီလောက်ကနေ စပြီးတော့ တိုက်ပွဲတွေဖြစ်တယ်။ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ပေါ့။ ဒေသကတော့ နမ့်ဆိုင်းပေါ့နော်။ ကြားက ဘယ်ကြားလဲဆိုတော့ ကျောက်စခန်းနဲ့ လော်ဒန်ကြားက နမ့်ဆိုင်းရွာပေါ့ အဲ့ဒီနားမှာ ဖြစ်ကြတာ။ ဒီနေ့မနက်က ၁ နာရီကျော်ကျော်လောက်ကို တိုက်ပွဲအကြီးအကျယ် ထ ဖြစ်တယ်ပေါ့။”
မေး။ ။ စခန်းတွေ ဘာတွေ ကျတာတွေရောရှိလား။
ဖြေ။ ။ “စခန်းကတော့ အရင်က KIA နဲ့ ဗမာအစိုးရနဲ့ စာချုပ်ချုပ်ထားတဲ့ ဟိုဟာပေါ့နော့်။ အသိအမှတ်ပြုထားတဲ့နေရာပေါ့။ KIA ပိုင်တဲ့ လယ်ကွင်းတွေနဲ့ အဲ့ဒီက post တခု သိမ်းသွားတယ်တဲ့ စစ်တပ်က။”
မေး။ ။ အင်အားကရောများလား။
ဖြေ။ ။ “အင်အားကတော့ သူတို့ ၁၀၀ ကျော်လောက်ရှိတယ်။ ဒါပေမဲ့ သူတို့ဘက်က အရာရှိအပါပေါ့နော် မနက်က ၃ ယောက်ကျတယ်လို့ ပြောတယ်။”
မေး။ ။ ကချင်ဘက်ကကျတာလား။ မြန်မာဘက်ကကျတာလား။
ဖြေ။ ။ “မြန်မာဘက်ကကျတာ။”
မေး။ ။ စစ်ကူအတွက်လာတဲ့ စစ်ကားတွေကိုလည်း ဒီ KIA ဘက်ကနေပြီး ခြုံခိုတိုက်ခိုက်ပြီးတော့ ဖောက်ခွဲတယ်လို့လည်းပြောတယ်။ အဲ့ဒါတွေကရော ဟုတ်လား။
ဖြေ။ ။ “အဲ့ဒါတွေကတော့ ဟုတ်ပါတယ်။ ဘာလို့လဲဆိုတော့ လူဝင်လာလို့ရှိရင်တော့ ဘယ်သူမဆို ဘယ်အဖွဲ့အစည်းမဆို ကိုယ့်နယ်မြေထဲ ၀င်လာတဲ့သူကတော့ သူတို့အကြောင်းမကြားရင်ကတော့ သူတို့လက်မခံရင်ကတော့ ဒါ တိုက်ပွဲတွေကတော့ ဖြစ်နေမှာပါပဲ။”
မေး။ ။ ဆိုတော့ အဲ့လိုမျိုး စစ်ကားတန်းတွေ ဖောက်ခွဲခံရတာ ဘယ်နှစ်စီးလောက်များ ရှိပြီလဲ။
ဖြေ။ ။ “ကျနော်သိရသလောက်ဆိုရင် အားလုံးပေါင်းက ၄ စီးလောက်တော့ ရှိပြီ။”
မေး။ ။ အဲတော့ အခုလက်ရှိ အခြေအနေမှာက တိုက်ပွဲဖြစ်တာက မြန်မာအစိုးရဘက်ကနေပြီးတော့ စစ်အင်အားတွေ တိုးချဲ့လို့ဖြစ်တာလား။ ဒါမှမဟုတ်ရင် ဒီလိုပဲ နှစ်ဘက်ရင်ဆိုင်ပြီးတော့ ဒီလိုမျိုး သူ့နယ်မြေ၊ ကိုယ့်နယ်မြေ နေရင်းနဲ့ ဖြစ်ကြတာလား။ ဘယ်လိုမျိုးကြောင့်ဖြစ်ကြတာလဲ။
ဖြေ။ ။ “KIA နယ်နမိတ်ထဲကို သူတို့ စစ်အင်အားတိုးချဲ့လို့ ဒါ သူတို့ ခြုံခိုတိုက်ခိုက်ခံထိတာတို့ ဒါတွေကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ဟာပဲလေ။ စစ်အင်္ဂါတခုမှာဆိုရင်။ ဗမာဘက်ကတော့ အကျအဆုံးပိုများတယ်။ ကျနော် ဒီအပိုင်းမှာကြည့်တာဆိုရင် ဗမာဘက်ကဆိုရင် ဒီမန်ဝိန်းဘက်မှာ ကျတာပေါ့နော်။ တပ်မ ၈၈ က ၀င်လာပြီး KIA တပ်စခန်းဖြစ်တဲ့ ၂၇ ကို သူတို့ ၀ိုင်းစီးနင်းတဲ့အခါမှာ သူတို့ အကျအဆုံးကတော့ ကျနော်ကြားသိရသလောက်ကတော့ ၄၀ ပတ်ဝန်းကျင်လောက်လို့ ကြားတယ်။ အရာရှိငယ်၊ အရာရှိကြီးတွေလည်း ပါတာပေါ့။”
မေး။ ။ ဒုက္ခသည်တွေကတော့ ဒါဆို ပြေးနေရတုန်းပဲပေါ့ အခုက။
ဖြေ။ ။ “ဗမာဘက်က သူတို့ကို ဒုက္ခသည်တွေကို ပြန်လာရင်ပြန်လာ၊ မပြန်လာလို့ရှိရင် ပြောင်းခင်းတွေပေါ့။ အခုက ပြောင်းနဲ့ ကြံနဲ့ စိုက်တဲ့အချိန်လေနော်။ ဆိုတော့ အဲ့ဒါတွေ ပြန်မလာဘူးဆိုရင် ပြောင်းခင်းတွေ၊ ကြံခင်းတွေကို မီးရှို့ပစ်မယ်ဆိုပြီးတော့ သူတို့ကို ခြိမ်းခြောက်တယ်တဲ့။ အဲ့ဒါတွေ ကျနော့်ကို ပြောပြကြတယ်။ မနေ့ကပဲ ဘန့်ခမ်းဆိုတာ ကျနော် အဲဒီဘက်က ပြန်လာတာ။ ဒုက္ခသည်အခြေအနေက ဘယ်လိုရှိသလဲဆိုရင် တရုတ်က သူတို့ တရုတ်ပြည်ဘက်အခြမ်းမှာ နေခွင့်တော့ ပေးတယ်ပေါ့နော်။ ဒါပေမဲ့ လုံးဝကို စားဝတ်နေရေး၊ ကျန်းမာရေး ဘာမှကို ပေးတာမျိုးမရှိဘူး။ အဲ့ဒီဘက်ကတော့ ဒုက္ခသည်တွေဘက်ကို စားရေးသောက်ရေး အခက်အခဲတွေ ရှိတာကို ကျနော် တွေ့ခဲ့ရတယ်။”
လက်ရှိမှာတော့ ကချင်နဲ့ ရှမ်းဒုက္ခသည် ၂၀၀၀ လောက်ရှိနေပြီး ထွက်ပြေးနေရဆဲမို့ အရေအတွက် မှန်းလို့မရနိုင်သေးကြောင်း ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ဒေါ်နန်းဘောက် က ဆိုပါတယ်။
(ဓာတ်ပုံ - အလွတ်သတင်းထောက် ဂျွန်စံလင်း)(ဓာတ်ပုံ - အလွတ်သတင်းထောက် ဂျွန်စံလင်း)
“မဒပ်ယန်စခန်းကနေပြီးမှ မန်ဝိန်းကြီးဒုက္ခသည်စခန်းကို ပြောင်းတာနဲ့ဆိုရင် နမ့်ခမ်းတို့ ဘာတို့ တောင်ပေါ်ကဆိုရင်တော့ ၁ ထောင်ကျော်၊ ၂ ထောင်နီးပါးပဲ။ ထွက်ပြေးတိမ်းရှောင်နေတုန်းဆိုတော့ အကုန်လုံး အချက်အလက် အမှန်က မရနိုင်ဘူး။”
ဒါကတော့ ကချင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ပြင်းထန်းနေတဲ့ အခြေအနေပါ။ ကချင်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား အပစ်အခတ်ရပ်စဲဖို့ MPC မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ ဆွေးနွေးပွဲတွေမှာ အဓိက ဦးဆောင်ပါဝင်တဲ့ KIA ကချင်တပ်ဖွဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကတော့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေပါတယ်။
မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာတော့ ၀ါရှင်တန်မြို့ Johns Hopkins တက္ကသိုလ် CSIS မဟာဗျူဟာနဲ့ နိုင်ငံတကာရေးရာဌာနမှာ ကျင်းပမယ့် ဆွေးနွေးပွဲကို ဗိုလ်ချုပ်ဂွမ်မော် တက်ရောက်ဖို့ရှိပါတယ်။ မြန်မာငြိမ်းချမ်းရေးဆွေးနွေးပွဲ အလားအလာနဲ့ လက်ရှိ ကချင်ပြည်နယ်တွင်း အခြေအနေတွေကို ဗိုလ်ချုပ်ဂွမ်မော်က ရှင်းလင်းဆွေးနွေးမှာဖြစ်တယ်လို့ CSIS က ထုတ်ပြန်ထားပါတယ်။
http://burmese.voanews.com/content/kachin-state-battles/1893819.html

အပစ်အခတ် ရပ်စဲရေး ပထမမူကြမ်း ဆွေးနွေးချက်
Radio Free Asia - RFA မြန်မာပိုင်းအစီအစဉ်
၁၃၊ ၀၄၊ ၂၀၁၄ (တနင်္ဂနွေနေ့) တနင်္ဂနွေ စကားဝိုင်း
ပါဝင်ဆွေးနွေးသည့် ပုဂ္ဂိုလ်များ
(၁) KNPP ဒုတိယ ဥက္ကဋ္ဌ ခူးဦးရယ်
(၂) KNU ဗဟိုကော်မတီဝင် ပဒို မန်းငြိမ်းမောင်
(၃) စီစဉ်သူ ။ ။ ဦးခင်မောင်ငြိမ်း RFA
အကြောင်းအရာ။ ။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် အစိုးရကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ၂၀၁၄ ခုနှစ်၊ ဧပြီလ (၅)ရက်နေ့မှ (၈)ရက်နေ့အထိ၊ (၄) ရက်ကြာ ဆွေးနွေးပြီး တဲ့နောက် သဘောတူညီချက် မူကြမ်းတရပ် ရရှိခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပါတ်သက်ပြီး ဆွေးနွေးထား တာ ဖြစ်ပါတယ်။
ဦးခင်မောင်ငြိမ်း (မိတ်ဆက်)
သောတရှင်များခင်များ - အခုတပါတ်ဆွေးနွေးပွဲ စကားဝိုင်းမှာ ပါဝင်ဆွေးနွေးဖို့ ကျနော် ဖိတ်ကြားထားတဲ့ ဧည့် သည်တော်တွေကတော့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး က ဗဟိုကော်မတီဝင် ပဒို မန်းငြိမ်းမောင် နဲ့ ကေအဲန်ပီပီ ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ဒုတိယ ဥက္ကဌ ဦးခူးဦးရယ် တို့ ဖြစ်ကြပါတယ်။ အခု ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့မှာ မြန်မာအစိုးရကိုယ်စားလှယ်တွေ၊ တပ်မတော်ကကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ လေးရက်ကြာတွေ့ဆုံပြီးတော့ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးခဲ့ကြရာမှာ နောက်ဆုံး သဘောတူညီချက်ပထမမူကြမ်းကို ရရှိခဲ့ကြပါတယ်။ အဲဒီလို မူကြမ်းကို သဘောတူညီချက် ရရှိပြီးခဲ့တဲ့နောက် နှစ်ဖက်ကိုယ်စားလှယ်တွေ လာမယ့်မေလမှာ ထပ်မံတွေ့ဆုံပြီး တော့ ဆွေးနွေးအုံးမယ်၊ ရှေ့ဆက်ပြီင်္းတော့ နိုင်ငံရး Dialogue ရရှိဖို့အတွက်လည်းဘဲ လုံးပမ်းသွားရမယ်ဆိုဒါ ကြားရပါတယ်။ ဒီတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဆိုတဲ့ စကားလုံးနဲ့ လက်နက်ကိုင်တိုင်းရင်း သားအဖွဲ့တွေ ဆိုတဲ့ စကားလုံး ဝေါဟာရနှစ်ခုကို တော်တော်ကိုဘဲ အကြိတ်အနယ် ဆွေးနွေးခဲ့ကြရတယ် ကြားရ ပါတယ်။ ဒီအသုံးအနှုန်းတွေနဲ့ ပါတ်သက်ပြီးတော့ အငြင်းပွားနေရတဲ့ကိစ္စတွေ နောက်ပြီးတော့ တိုင်းရင်းသား တွေရဲ့ လိုလားချက်တွေနဲ့ ပါတ်သက်ပြီးတော့ ဘယ်လိုအခြေအနေရှိနေတယ်ဆိုတာကို ဦးစွာပထမ ကျနော် ဦးမန်းငြိမ်းမောင်ကို မေးပါရစေခင်ဗျ။ ဘယ်လိုများ ဒီကိစ္စတွေအပေါ် သုံးသပ်မိပါသလဲ ?
ပဒို မန်းငြိမ်းမောင်
ဟုတ်ကဲ့ဆရာ ကျနော်တို့ ဒီ လက်နက်ကိုင်တော်လှန်ရေးနဲ့ ပါတ်သက်ပြီးတော့ ကျနော်တို့တိုင်းရင်းသား တွေဘက်မှာ ဒီဝေါဟာရနဲ့ ဒီအဓိပ္ပါယ်ရဲ့လေးနက်မှုကို ဒါ အလေးအနက် ခံယူကြတယ်လေ အလေးအနက်ခံယူ ကြတော့ တိုင်းရင်းသားတွေဘက်က အဲဒါကို တောင့်ထားတဲ့ဟာရှိတယ် အထူးသဖြင့် သူတို့ အကုန်လုံးပြောနေ ကြတဲ့ တော်လှန်ရေးဆိုတာ ကျနော်တို့ စနစ်က ဒီ ဖေါက်ပြန်ခဲ့လို့သာ ဒီ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို တော်လှန်တိုက်ပွဲဝင်ခဲ့ရတာဖြစ်တဲ့အတွက် တော်လှန်ရေးဆိုတဲ့ဝေါဟာရနဲ့ အဓိပ္ပါယ်လေးနက်မှုကို တန်ဖိုးထား တဲ့အခြေအနေရှိပါတယ်။ သို့သော် ဒီနေ့တိုင်းပြည်မှာဖြစ်နေတဲ့ ပကတိအခြေအနေအရ ကျနော်တို တွေ့ဆုံဆွေး နွေးရေး ညှိနှိုင်းရေးဆိုတဲ့အခါ တဦးနဲ့တဦး အဓိကကျတဲ့ဟာကို အပေးအယူ အလျော့အတင်းနဲ့ ကျနော်တို့ လုပ်မှသာလျှင် ကျနော်တို့တိုင်းပြည်ရဲ့ ပကတိ ကျနော်တို့မျှော်မှန်းနေတဲ့ငြိမ်းချမ်းရေးကို ကျနော်တို့ရောက်ရှိနိုင် မှာဖြစ်တဲ့ ကြည့်ရှုနိုင်မှာဖြစ်တဲ့အခါကျတော့ ဒီအပေါ်မှာ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုနားလည်မှုတည်ဆောက်ပြီး တော့ စေ့စပ်ညှိနှိုင်းပြီးတော့ ဒီအခက်အခဲကိုကျော်လွှားသွားနိုင်မယ်လို့ ကျနော်တို့ ဒီလို ယေဘုယျ သုံးသပ်မိပါ တယ်ခင်ဗျ။
ဦးခင်မောင်ငြိမ်း
ဟုတ်ကဲ့ ဒီဆွေးနွေးပွဲလုပ်ကြတယ် ညှိနှိုင်းကြတယ်ဆိုတာကလည်းဘဲ တဖက်နဲ့တဖက် အပေးအယူ Give and take ပေါ့နော် သူ့ဘက်က နည်းနည်းလျော့ ကိုယ့်ဘက်က နည်းနည်းလျော့ ကိုယ်လိုလားတာကြီးကိုဘဲ တဖက် သတ် အတင်းပြောနေလို့လည်းဘဲ ဒီလိုဆိုရင် အဆင်ပြေချောမွေ့မှာ မဟုတ်ဘူးပေါ့၊ အဲ့တော့ သူ့ဘက်ကလျော့ နိုင်တာ နည်းနည်းလျော့ ကိုယ့်ဖက်က နည်းနည်းလျော့ ဒီလိုလုပ်မှဘဲလည်း ရကြမယ့်ကိစ္စပါ။ ဒီအခု ပြီးသွားတဲ့ ဆွေးနွေးပွဲမှာ အဲဒီ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT ဆိုတဲ့ အဖွဲ့ကနေပြီးတော့ ဆရာတို့ ဒီ တိုင်းရင်းသားခေါင်းဆောင်တွေကလည်းဘဲ တက်ရောက်ပြီးတော့ ဆွေးနွေးခဲ့ကြတာ ဒီတော့ ဒီ ခနကပြောသလို လက်နက်ကိုင်တိုင်းရင်းသားဆိုတဲ့အသုံးအနှုန်းကို တပ်မတော်ဘက်ကနေ သူတို့က လိုချင်တယ်၊ ဒါပေမဲ့လည်း ဘဲ ဆရာတို့ တိုင်းရင်းသားအင်းအားစုထဲက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဆိုတာကို လက်မခံနိုင်ဘူးဆိုတာ က ခုနက ဆရာဦးမန်းငြိမ်းမောင် ပြောသွားသလိုပါဘဲ သာမန်အားဖြင့်တော့ လူတွေက ခပ်ပေါ့ပေါ့တွေးတယ် ဟုတ်သလိုဘာလိုလို ရှိတယ်ပေါ့လေ အဓိပ္ပါယ်ကွဲပြားမှုကလည်း ရှိတာပေါ့ ဦးခူးဦးရယ် ကရော ဒီအပေါ်မှာ ဘယ်လိုမြင်လဲ ခမျာ့ ?
ဆရာ ခူးဦးရယ်
ဟုတ် ကျနော့်အနေနဲ့ ကတော့ တော်လှန်ရေးဆိုတဲ့ ဝေါဟာရနဲ့ ပါတ်သက်ပြီးတော့ ခနက ဆရာမန်းငြိမ်းမောင် ပြောသလိုပေါ့လေ နော် စနစ်တခု သို့တည်းမဟုတ် အစိုးရအုပ်စု လူတစု မမှန်မကန် ပြုမူနေတာကို ကျနော်တို့ တော်လှန်တိုက်ဖျက်ပြီးတော့ စနစ်သစ်နဲ့ အစားထိုးမယ့်သဘောမျိုးကို ကျနော်တို့ကရည်ညွှန်းတာပါ။ ကျနော်တို့ လက်နက်ကိုင်တိုင်းရင်းသားတွေရဲ့ အနေအထားကတော့ ခနပြောသလိုပေါ့ ဒီအခြေခံအောက်ကနေပြီး စတင်ခဲ့ ကြတာဆိုတော့လေ တော်လှန်ရေးဆိုတဲ့ ဝေါဟာရကို ကျနော်တို့အနေနဲ့ လောလောစယ်အခြေအနေအောက် မှာကတော့ ခိုင်မာတဲ့သဘောတူညီမှုတခုကို အာမခံချက် မရရှိမချင်းကတော့ တော်လှန်ရေးဆိုတဲ့အသုံးအနှုန်း ကတော့ ဆက်လက်ပြီးတော့ ကျနော်တို့အတွက် ရပ်ခံသုံးစွဲနေရအုံးမယ်ဆိုတဲ့ အမြင်သဘောထားမျိုး ကျနော်တို့ မှာ လောလောစယ် အားလုံးက တသဘောထဲ ရှိနေတယ်သဘောမျိုး ကျနော်တို့ နားလည်ရပါတယ်။ ဆိုတဲ့အခါ ကျတော့လေ အခု ကျနော်တို့ အားလုံးကပြောနေကြတယ် ပြောဆိုဆွေးနွေးတဲ့အဆင့် အခု ကျနော်တို့ရောက် နေတဲ့အဆင့်က ပဏာမအပစ်အခတ်ရပ်စဲရေးအဆင့်ဘဲ ရှိသေးတယ်။ တချို့ကတော့ တော်တော်များများပြော ကြတာပေါ့နော် ငြိမ်းချမ်းရေးစကားပြောနေကြတယ်၊ ငြိမ်းချမ်းရေးသဘောတူညီချက် ရနေကြတယ်လို့ ယေဘု ယျဆန်ဆန် ပြောနေကြတာပေါ့ဗျာ ရှင်းရှင်းပြောရရင်တော့ ဒါပေမယ့် ကျနော်တို့ဖက်က ခံစားရတာကတော့ ကျနော်တို့ အခုသွားနေတဲ့ ဖြစ်စဉ်ကတော့ ရှင်းရှင်းပြောရရင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုအတွက် ကျနော်တို့ ပထမခြေလှမ်းအနေနဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီမှုရအောင် တည်ဆောက်နေတဲ့အဆင့်လို့ ကျနော် တို့ အဲလို နားလည်နေပါတယ်။ ဒါကြောင့်မို့ အခု ကျနော်တို့ အပစ်အခတ်ရပ်စဲရေးတောင်မှ ပဏာမသဘောတူ ညီချက်အဆင့်ဘဲ ရရှိသေးတဲ့အခါကျတော့ တော်လှန်ရေးဆိုတဲ့ ဝေါဟာရကတော့ လောလောစယ်မှာ ကျနော် တို့အနေနဲ့ ဆက်လက်သုံးစွဲဖို့ အသုံးဝင်နေဆဲ အသုံးတည့်နေဆဲ ဖြစ်နေတယ်ဆိုတဲ့သဘောမျိုး ရင်ဝယ်ပိုက်ထား ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ ဒီဝေါဟာရကိုတော့ ဘယ်လိုဘဲပြောပြော လောလောစယ်မှာတော့ ဘယ်လိုဘဲ ပြောပြော ကျနော်တို့နားလည်ရတာကတော့ တွေ့ဆုံဆွေးနွေးရေးဆိုတာ အပေးအယူရှိရမယ်ဆိုတာ အလျော့ အတင်း ရှိရမယ်ဆိုတာ ကျနော်တို့နားလည်တယ်။ သို့သော် ဒီဝေါဟာရကြောင့် အဟန့်အတားတော့ မဖြစ်စေချင် ဘူး။ သို့သော် ကျနော်တို့အတွင်း လောလောစယ်မှာ ဒီဝေါဟာရဟာ အသုံးဝင်နေဆဲ အသုံးတဲ့နေဆဲ ဆိုတဲ့ သဘောမျိုးကို ကျနော်တို့ ရပ်ခံပြီးပြောနေတာဘဲဖြစ်ပါတယ်။ ဒါကြောင့်မို့ လောလောစယ်မှာတော့ တပ်မတော် ဘက်က မြင်ချင်တဲ့ သဒ္ဒါအနေနဲ့ကတော့ လောလောစယ်မှာ ကျနော်တို့ဖက်ကလည်း လျော့နိုင်သလောက် လျော့ခဲ့ပြီးတဲ့ အနေအထားဖြစ်ပါတယ်။ ဒါကိုတော့ တပ်မတော်ဘက်က ကျနော်တို့ကို သဘောထားကြီးကြီးနဲ့ ကျနော်တို့ကို နားလည်မှုပေးဖို့တော့လိုတယ်လို့ ကျနော် အဲလိုဘဲနားလည်ပါတယ်။ ဒါကြောင့်မလို့ ဒီတော်လှန် ရေးဆိုတဲ့ ဝေါဟာရကတော့ ကျနော်တို့ လောလောစယ် ကျနော်တို့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘော တူညီမှု အခိုင်အမာ မရရှိခင် နောက်ပြီးတော့ ကျနော်တို့အတွက် အာမခံချက် တစုံတရာ မရရှိခင်မှာတော့ ကျနော်တို့ ဆက်ပြီးတော့ သုံးစွဲဖို့ လိုအပ်တယ်လို့ ကျနော်တို့ဖက်ကတော့ ဒီလိုဘဲ ရိုးရိုး မြင်ပါတယ် ခမျာ့။
ဦးခင်မောင်ငြိမ်း
အဲဒီတော့ ဒီဝေါဟာရအသုံးအနှုန်းနဲ့ ပါတ်သက်လို့ အခု သူတို့ ညှိနှိုင်းလို့ပေါ့လေ အခုဒီ ပထမမူကြမ်းတော့ အခု ရသွားပြီပေါ့။ ဒီကနေပြီးတော့ ရှေ့ဆက်ဖို့ကလိုပါသေးတယ်။ ပြီးတော့ အပစ်အခတ်ရပ်စဲရေးဆိုတဲ့ကိစ္စမှာလည်း အရင်တုန်းကလည်း ကျနော်တို့မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေးဆိုပြီးတော့ ပြောခဲ့ဆိုခဲ့ သဘောတူညီချက် ရခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းကာလတွေမှာ ဒီ အပစ်အခတ်ရပ်စဲရေး ရှိနေတဲ့ကြားကဘဲ၊ တိုင်းရင်းသားနယ် မြေတွေမှာ တိုက်ပွဲတွေဖြစ်တယ်။ ညှင်းပမ်းနှိပ်စက်မှုတွေရှိတယ်။ အပြစ်မရှိတဲ့ ရွာသူရွာသားတွေ အိုးအိမ် စွန့်ခွာ ပြီးတော့ ပြေးကြရတယ်။ ဒီလိုကိစ္စတွေဟာဖြစ်ခဲ့တော့ တိုင်းရင်းသားအင်အားစုတွေဘက်က တပ်မတော်အပေါ် မှာ ယုံကြည်မှုနည်းပါးလာတယ်ဆိုတာ ကျနော်တို့ သတင်းထဲမှာ အမြဲတမ်းကြားနေရတာပေါ့လေ။ ဒီတော့ အပစ် အခတ်ရပ်စဲရေး တကယ်သာ ခိုင်ခိုင်မာမာ ရဖို့အတွက် ဆိုလို့ရှိရင် နှစ်ဦးနှစ်ဖက် တိတိကျကျ လိုက်နာကြဖို့ လည်း အင်မတန်လိုပါတယ်။ ဒီ အထက်က ခေါင်းဆောင်တွေကပြောပြီး အောက်ခြေမှာ ငယ်သားတွေက ပစ်နေ ခတ်နေကြတယ်ဆိုရင်လည်း မဖြစ်သေးဘူးပေါ့။ ဒီ အပစ်အခတ်ရပ်စဲရေးခိုင်မာဖို့အတွက် နော် ဘယ်လို လိုလား ချက်တွေ ဘယ်လို လိုအပ်မလဲ၊ နောက်ပြီးတော့ နိုင်ငံရေးအရ ပိုပြီးတော့ ရှေ့ဘက်ကို တိုးတက်မှု ရလာအောင် ဘယ်လိုလုပ်သင့်သလဲ ဆိုတာတွေကိုလည်းဘဲ ဆွေးနွေးစေချင်ပါတယ်ခင်ဗျ။ ဆရာ မန်းငြိမ်းမောင် ပြောပါအုံး ခင်ဗျ။
ပဒို မန်းငြိမ်းမောင်
ကျနော်တို့ အဓိက လိုလားတာက တိုင်းရင်းသားတွေတလျောက်လုံး တောင်းဆိုခဲ့တာက ကျနော်တို့တိုင်းပြည်မှာ အကုန်လုံးသိတဲ့အတိုင်းဘဲ ကျနော်တို့ဟာ နိုင်ငံရေးပြဿနာဘဲလေ။ တိုင်းရင်းသားတွေရဲ့ အမျိုးသားအခွင့် အရေးဆုံးရှုံးနေတယ်။ နိုင်ငံရေးအရ ဖြေရှင်းခွင့် မရှိခဲ့ဘူး။ ဖြေရှင်းခွင့်လမ်းကို မရခဲ့လို့သာ လက်နက်ကိုင်လမ်း ကြောင်းကို ကျနော်တို့က စိတ်ဆန္ဒမပါဘဲနဲ့ ကျနော်တို့က ရွေးချယ်ခဲ့ရတာ။ ကျနော်တို့ ဒီနေ့အချိန်ထိ တိုင်းရင်း သားတွေဟာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်တဲ့အဆင့်မှာဘဲ ရှိပါတယ်။ ဒါပေမယ့်လို့ အရင်ကာလ အရင်အစိုးရ တွေဟာ ဆောင်ရွက်ခဲ့တာဟာ ရန်မည်ချွေးသိပ်တဲ့အနေနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ခဲ့တာဖြစ်တယ်။ အဓိက နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ဆိုတာ သူတို့စိတ်ဆန္ဒတွေ မရှိခဲ့ဘူး။ မရှိတဲ့အခါကျတော့ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ပြီးတော့ နိုင်ငံရေးပြဿနာ မဖြေရှင်းဖို့ ဆန္ဒသဘောထား မရှိတဲ့အတွက် တိုင်းရင်း သားတွေနဲ့ ထားခဲ့တဲ့ ကတိက၀တ်တွေဟာ နောက်ဆုံးတော့ လက်နက်ကိုင်ပဋိပက္ခကိုဘဲ ပြန်ပြီးတော့ ဦးတည် ပြီးတော့ ပြန်လည်သွားတာဖြစ်ပါတယ်။ နောက်ကြောင်းကို ပြန်လှည့်သွားတာဖြစ်ပါတယ်။ ဒါပေနဲ့ ဒီနေ့အစိုးရက ကျနော်တို့ သမ္မတကြီးဦးဆောင်တဲ့အစိုးရကို သေသေချာချာ ပြန်သုံးသပ်ဖို့လိုပါတယ်။ သမ္မတကြီးကိုယ်တိုင်က ကို အကြိမ်ကြိမ်ပြောတယ်။ ကျနော်တို့ဟာ အပစ်အခတ်ရပ်စဲရေးလုပ်ပြီးလို့ရှိရင် နိုင်ငံရေးပြဿနာကို ဖြေရှင်း မယ်။ နိုင်ငံရေးစားပွဲဝိုင်းကိုတက်မယ်။ နိုင်ငံရေးပြဿနာကို ဆွေးနွေးဖြေရှင်းမယ်ဆိုတဲ့ ကတိက၀တ်ကို တိုင်း ပြည်ကို အကြိမ်ကြိမ် ပြောခဲ့ပြီးဖြစ်တဲ့အတွက် ကျနော်တို့ဟာ ဒါ အဓိကလိုလားတာဗျ၊ ခေတ်အဆက်ဆက်မှာ ကျနော်တို့တောင်းဆိုခဲ့တယ်။ ဒါကြောင့်မို့ ကျနော်တို့က ပထမအဆင့်အနေနဲ့ တပြည်လုံးအပစ်အခတ်ရပ်စဲရေး ကို ရရှိဖို့လိုတယ်။ အခု တပြည်လုံးအပစ်အခတ်ရပ်စဲရေး ရရှိဖို့အတွက် နိုင်ငံတော်အစိုးရဘက်ကလည်း ဒီအပေါ် မှာ အလေးအနက် သဘောပေါက်တယ်လို့ ကျနော်တို့ကတော့လည်း ဒီလို သုံးသပ်မိတယ်။ ဒါကြောင့်မို့ ကျနော် တို့ ဒီ အခက်အခဲကို နှစ်ပေါင်းခြောက်ဆယ်ကျော် ဖြစ်ပေါ်လာခဲ့တဲ့ ဒီ ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့အတွက် နှစ်ဦးနှစ် ဖက်ဟာ ဒီနေ့ မျက်နှာစုံညီဆွေးနွေးနေပြီ။ နှစ်နှစ်ကျကျနဲ့ အပြုသဘောဆောင်တဲ့ နှစ်ဖက်စလုံးက ချဉ်းကပ် တယ်လို့ ကျနော်တို့ ဒီလိုသုံးသပ်မိပါတယ်။ ဒါကြောင့်မို့ ဒီအခု ------------ ဒီနေရာ ဘာဖြစ်လို့ ဒီလိုပြောလဲဆိုရင် ဒီအခက်အခဲတစ်ခုကို တိုင်းရင်းသားဘက်က တင်ပြတဲ့သဘောထားနဲ့ နိုင်ငံတော်အစိုးရဘက်က တင်ပြတဲ့ သဘောထားကို အခု ကျနော်တို့ ယေဘုယျ ညှိနှိုင်းလို့ Single Tex ပေါ့ တစ်ခုတည်းသော သဘောထားကို ယေ ဘုယျရရှိထားပြီ။ ဒါတွေက အပြုသဘောဆောင်တဲ့တိုးတက်မှုလို့ ကျနော်တို့က မြင်ပါတယ်။ တပြည်လုံးအပစ် အခတ်ရပ်စဲရေးကို ရနိုင်တယ်လို့ ကျနော်တို့က မျှော်လင့်ပါတယ်။ အကောင်းဘက်ကို အများကြီး ဦးတည်တယ်။ တပြည်လုံးအပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နေပြီဆိုရင် ကျနော်တို့ ဒါ ပထမခြေလှမ်းကို အောင်မြင်စွာလှမ်းနိုင် ပြီလို့ ကျနော်တို့ မြင်တယ်။ ပထမခြေလှမ်းကို ကျနော်တို့ လှမ်းနိုင်ပြီ ဒုတိယခြေလှမ်းဖြစ်တဲ့ နိုင်ငံရေးစားပွဲဝိုင်းကို ဆွေးနွေးဖို့အတွက် နိုင်ငံတော်အစိုးရဘက်ကလည်း ကတိက၀တ်ပေးထားပြီးဖြစ်တဲ့အတွက် ဒါကို ကျနော်တို့က ဟို ပကတိအခြေအနေ really ကိုဘဲ လက်ခံဖို့လိုပါတယ်။ အဲတော့ ကျနော်တို့ နိုင်ငံရေးစားပွဲဝိုင်းကို တက်လှမ်း နိုင်ဖို့အတွက် ကျနော်တို့အများကြီးမျှော်လင့်ချက်ထားပါတယ်။ ကျနော်တို့ တကယ်လို့သာ နိုင်ငံရေးစားပွဲဝိုင်းကို၊ ဆွေးနွေးပွဲကိုတက်နိုင်ပြီ ဆိုလို့ရှိရင် တိုင်းရင်းသားတွေဘက်ကအမြင်ရော၊ နိုင်ငံတော်အစိုးရဘက်က အမြင်ရော ကျနော်တို့ အဲဒီမှာ အပြုသဘောဆောင်တဲ့ တိုင်းပြည်ရဲ့အကျိုး ပြည်သူတွေရဲ့အကျိုး တိုင်းပြည်ရဲ့မျက်နှာ ပြည်သူတွေရဲ့မျက်နှာကို ကျနော်တို့ ထောက်ထားပြီးတော့ နှစ်နှစ်ကျကျနဲ့သာ ကျနော်တို့ အပြုသဘောဆောင် ပြီးတော့ ဆွေးနွေးကြမယ်ဆိုလို့ရှိရင် ကျနော်တို့ တိုင်းပြည်ကြီးဟာ ငြိမ်းချမ်းရေးရရှိမယ်လို့ ကျနော်က ယုံကြည် ပါတယ်။
ဦးခင်မောင်ငြိမ်း။ ။ ဟုတ်ကဲ့ခင်မျာ ဟုတ်ကဲ့ ဆရာဦးခူးဦးရယ် ပြောပါအုံးခင်မျ -
ဆရာ ခူးဦးရယ်
ကျနော် ယုံကြည်မှုတည်ဆောက်တဲ့အပိုင်းနဲ့ ပါတ်သက်လို့ ပိုပြီးတော့ပြောချင်ပါတယ်။ ကျနော်တို့မှာ သင်ခန်းစာ တွေရှိပါတယ်။အတွေ့အကြုံရှိပါတယ်။ အဲဒါတွေကြောင့်မို့ဘဲ ယုံကြည်မှုကို ကျနော်တို့ တည်ဆောက်တဲ့နေရာမှာ ကျနော်တို့ သဘောတူညီချက် ရယူထားရုံလောက်နဲ့ မပြီးမြောက်ဘူးလို့ ထင်ပါတယ်။ ပြောရင်လည်း ပြောတဲ့ အတိုင်း ကျနော်တို့ တကယ်ဘဲ စောင့်စည်းလိုက်နာဖို့ အကောင်အထည်ဖေါ်ဖို့ လိုအပ်တယ်လို့ ကျနော်က ထင်ပါ တယ်။ ဥပမာဆိုကြပါစို့ ကျနော်တို့ အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ ပတ်သက်ပြီး သဘောတူညီချက်တချို့ ကျနော် တို့ ယေဘုယျအားဖြင့် ရရှိပါတယ် ဒါလဲ ပဏာမလို့ပြောထားတာကိုး၊ ဆိုတော့ ကျနော်တို့ အဲဒီလိုရထားတဲ့ သဘောတူညီချက်တွေကို လက်တွေ့ စောင့်စည်းတဲ့ နေရာမျိုးတွေမှာ ကျနော်တို့အနေနဲ့ တကယ်ဘဲ နှစ်ဦးနှစ် ဖက် နားလည်မှုတည်ဆောက်တဲ့ အနေအထားအောက်မှာ ယုံကြည်လို့ တယောက်နဲ့ တယောက် ယုံကြည်ကြဖို့ ဆိုရာမှာ လက်တွေ့ပူးတွဲဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ နှစ်ဖက်အဖွဲ့တွေ တပ်တည်နေရာနဲ့ ပတ်သက်ပြီး ကျနော် တို့ ပြောကြဆိုကြတယ်၊ တပ်အရွှေ့အပြောင်းကိစ္စနဲ့ပတ်သက်ပြီး ပြောကြဆိုကြတယ်၊ နောက်ပြီးတော့ ကျနော် တို့ တပ်စခန်းတွေရဲ့ အနေအထားနဲ့ပတ်သက်ပြီး ကျနော်တို့ ဘယ်လိုနားလည်မှု တည်ဆောက်ကြမလဲ ဘယ်လို သွားလာကြမယ်ဆိုတဲ့ဟာလေးတွေရှိပါတယ်၊ ဒါပေမဲ့ ကျနော်တို့ တကယ်တမ်းလက်တွေ့မှာ သဘောတူရင် တူတဲ့အတိုင်း ဖြစ်ပေါ်လာတာ ကျနော်တို့ မတွေ့ရပါဘူး။ တချို့နေရာတွေမှာ ကျနော်တို့ ကွဲလွဲမှုတွေရှိပါတယ်။ ဥပမာဆိုပါတော့ဗျာ - ကျနော်တို့က အထူးသဖြင့် တွေ့ဆုံဆွေးနွေးပွဲမှာ ပြောနေကြတယ်ဆိုတာက ပြဿနာဖြစ် တဲ့ကိစ္စရပ်တွေကိုဘဲ အဓိကထားပြီး ကျနော်တို့ပြောနေကြတာပါ။ အဲတော့ ကျနော်တို့ဆီမှာ ရှင်းရှင်းပြောရရင် တော့ ကျနော်တို့ KNPP အနေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေမှာ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ စစ်ရေးကိစ္စတွေ မှာ ကျနော်တို့ အခုလက်ရှိ ကျနော်တို့ဆီမှာ ရှိနေတဲ့ အမှတ်(၁၄) တားမြစ် စစ်လေ့ကျင့်ရေးကျောင်းကိစ္စလိုမျိုး၊ အေး အဲသလိုမျိုးကိစ္စတွေ ကျနော်တို့ ပြောဖြစ်ကြပါတယ်။ ဒါက အမြဲတမ်း တွေ့တိုင်းကြုံတိုင်း ပြောတဲ့ကိစ္စပါဘဲ။ ဒါပေမယ့် ကျနော်တို့ ပြောရင်ပြောတဲ့အတိုင်း ဖြစ်ပေါ်လာတာမျိုး ကျနော်တို့မတွေ့ရပါဘူး။ ဆန့်ကျင်ဘက် ဖြစ် ပေါ်လာတာမျိုးကိုလည်း ကျနော်တို့တွေ့ရပါတယ်။ ဒါကြောင့် ကျနော်တို့ သဘောတူညီချက်ထဲမှာ နှစ်ဦးနှစ်ဖက် ဒီလို အခက်အခဲရှိတဲ့ ကိစ္စမျိုးတွေမှာ ကျနော်တို့ဆောင်ရွက်ကြမယ်ဆိုလို့ရှိရင် နှစ်ဦးနှစ်ဖက် ညှိနှိုင်းတိုင်ပင်ပြီးမှ ဆောင်ရွက်ရမယ်ဆိုတဲ့ဟာမျိုးတွေ ကျနော်တို့ပြောကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းလက်တွေ့မှာ အဲသလိုမဖြစ် ပါဘူး။ Ground အခြေအနေကို တကယ်ဘဲ လူတွေက သိတ်မသိကြတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ Ground မှာရှိနေတဲ့ လူတွေကသာ မြင်နေရတာ တွေ့ရတာဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်တို့ နှစ်ဦးနှစ်ဖက် ယုံကြည်ဖို့ဆို တာကတော့ လက်တွေ့ကျနော်တို့ သဘောတူရင်တူတဲ့အတိုင်း ပြောယုံနဲ့ မပြီးဘူး သဘောတူညီယုံနဲ့ မပြီးဘူး လက်တွေ့ အကောင်အထည်ဖေါ်ဖို့လိုတယ်။ အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ဖို့လိုတယ်။ ယုံကြည်မှုဆိုတာ အဲဒီကလာမယ်လို့ ကျနော်အဲလို ယူဆပါတယ်။ ဒါကြောင့်မို့ ကျနော် အဲဒီကိစ္စကိုဘဲ ကျနော်တို့ အဓိကထားပြီး ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဒီနေ့အထိ ဥပမာဆိုကြပါစို့ဗျာ စစ်တပ်ဘက်က တပ်စခန်းတွေ အသစ်တွေ တည်ဆောက်တယ်ဗျာ။ ကျနော်တို့ဘက်ကိုကျတော့ ကန့်သတ်မှုတွေလုပ်တယ်ဗျာ။ အေ အဲသလို ဟာမျိုးတွေ ကျနော်တို့ရှိပါတယ်။ နောက်ပြီးတော့ တချို့နေရာတွေမှာလဲ စစ်နဲ့ပတ်သက်ပြီးတော့ စစ်သားတွေနဲ့ ပတ်သက်ပြီးတော့ တပ်မတော်ဘက်က တချို့လူ့အခွင့်ရေးတွေ ချိုးဖေါက်နေဆဲ၊ ဖြစ်ပေါ် နေနေဆဲ ရှိပါတယ်။ ဥပမာ ကျနော်တို့ မဖွယ်မရာ အမျိုးသမီးကို ပြုလုပ်တဲ့ဟာလိုမျိုး၊ ဒီနေ့အခုပိုင်းအထိဖြစ်တယ်ဗျာ။ နောက်ပြီး တော့ ကျနော်တို့ မကြာခင်လတုန်းက ဆိုလို့ရှိရင်လည်း မြေယာတွေသိမ်းတဲ့ကိစ္စတွေ ဆက်ဖြစ်နေတယ်။ အဲဒါ လည်း တပ်နဲ့ ရဲနဲ့ ပတ်သက်တဲ့ကိစ္စတွေဖြစ်တယ်။ အေ အဲဒီဟာတွေ ဆက်လက် ဖြစ်နေတုန်းဆိုလို့ရှိရင်တော့ ကျနော်တို့ ယုံကြည်မှုတည်ဆောက်ကြတယ်ဆိုတဲ့ ကာလအတွင်းမှာ ကျနော်တို့ ဘယ်လောက်အထိ ယုံကြည် နိုင်ကြမလဲဆိုတဲ့ ကိစ္စဟာ ကျနော့်အတွက် မေးခွန်းကြီးကြီးဘဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ နောက်တဆင့် တိုးဖို့ဆိုတဲ့ကိစ္စဟာ ဒါတွေဟာ မဖြစ်သင့်တော့ဘူးဆိုတာ ကျနော်တို့ နှစ်ဦးနှစ်ဖက် နားလည်ထားပြီးသား ကိစ္စ ပါ။ ဒါကြောင့်မလို့ ကိုယ့်စည်းကို ကိုယ်စောင့်ဖို့လိုတယ်။ ထိန်းသိမ်းဖို့လိုတယ်လို့ ကျနော်က အဲသလိုမျိုးပြောချင် တယ်ဗျ။
ဦးခင်မောင်ငြိမ်း
ဟုတ်ကဲ့ ဟုတ်ကဲ့ အခု ခူးဦးရယ်ပြောသွားတဲ့စကား ကျနော်တို့ မကြာခန ကြားနေရပါတယ်။ ဒီတိုင်းရင်းသား နယ်မြေတွေမှာ တပ်မတော်က အောက်လက်ငယ်သားတွေ အောက်ခြေအင်အားစုတွေက တိုင်းရင်းသား နယ် မြေတွေမှာ ကျေးရွာတွေမှာ အတင်းဝင် ကြက်ဖမ်း၊ ၀က်ဖမ်း၊ ပြီးတော့ တခါ မိန်းခလေးတွေကို မုဒိမ်းကျင့်တယ် လို့ အကြမ်းဖက်တယ်လို့ သတင်းတွေက မကြာခန ကြားနေရတယ်။ အခု အပစ်အခတ်ရပ်စဲရေးမူကြမ်းရဖို့ ဆွေး နွေးနေတဲ့ အချိန်မှာဘဲ တိုင်းရင်းသားနယ်မြေတချို့မှာ တိုက်ပွဲတွေဖြစ်နေတယ်ဆိုတဲ့ သတင်းတွေက ထွက်နေ တယ်။ ဒီတော့ တိုင်းရင်းသားတွေဘက်ကနေပြီးတော့ ယုံကြည်စိတ်ချမှုလျော့ပါးလာတယ် ဆိုတာလည်းဘဲ ဒါ အပြစ်တော့မဆိုနိုင်ပါဘူးဗျ။ နောက်တခုကလည်းဘဲ တိုင်းရင်းသားအင်အားစုတွေကို တိုင်းရင်းသားနယ်မြေ တွေမှာ တိုင်းရင်းသားလူမျိုးတွေကို ကျနော်တို့ အင်္ဂလိပ်လို Second class citizen ပေါ့ဗျာ Second class citizen ဆိုတာက တန်းတူရည်တူအခွင့်အရေး ပေးဖို့ လိုအပ်တဲ့ကိစ္စကို ပြောတာပါ။ တိုင်းရင်းသားတွေကို ဗမာတွေနဲ့ တန်းတူရည်တူ ဆက်ဆံပြီးတော့ အခွင့်အရေးပေးသွားဖို့ ဆိုတာမျိုးလိုအပ်ပါတယ်။ တဖက်ကလည်း ဘဲ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရမယ်တို့ ဆိုတဲ့ တောင်းဆိုချက်တွေဟာလည်းဘဲ ဒီမျှမျှတတ ရှိမယ်ဆိုလို့ရှိရင် နှစ်ဦးနှစ်ဖက် သူ့အကျိုးကိုယ့်အကျိုးကြည့်ပြီးတော့ ညှိညှိနှိုင်းနှိုင်း လုပ်မယ်ဆိုရင် တော့ ဒီ အောင်မြင်မှုဟာ မရစရာ မရှိပါဘူးခင်ဗျ။ အဲတော့ ကျနော်တို့ အချိန်လည်းနည်းလှပါပြီခင်ဗျ နိဂုံးချုပ်ပိုင်း အနေနဲ့ ဆရာမန်းငြိမ်းမောင် ပြောပါအုံးခင်ဗျ။ ရှေ့ရှောက်ပြီးတော့ အောင်မြင်မှု ပိုပြီးတော့ ရနိုင်ဖို့ရန်အတွက် ဘယ်လိုတွေများ လုပ်သွားကြရင် အဆင်ပြေနိုင်မလဲလို့ပါ။
ပဒို မန်းငြိမ်းမောင်
ကျနော်တို့တိုင်းပြည် ပကတိ အခြေအနေကဗျာ နှစ်ပေါင်း(၆၀)ကျော် ပဋိပက္ခ ဖြစ်ခဲ့ကြတယ်။ နှစ်ပေါင်းခြောက် ဆယ်ကျော် ပဋိပက္ခဖြစ်တဲ့အခါကျတော့ ဒီအပေါ်မှာ နှစ်ဦးနှစ်ဖက်စလုံးမှာ နက်နက်ရှိုင်းရှိုင်း ဒီ ဟိုဟာ စူးဝင်နေ တဲ့ ကိစ္စတွေရှိတယ်။ အဲဒါတွေက ဘာလဲဆိုတော့ မယုံကြည်မှုတွေ သံသယတွေ အာဃာတတွေဟာ နှစ်ဦးနှစ် ဖက်စလုံးမှာ ရှိတဲ့အခါကျတော့ ဒီဟာတွေကိုတော့ဗျာ တနေ့တချိန်တရက်တည်းနဲ့တော့ ကျနော်တို့ ဖြေရှင်းလို့ မရပါဘူး။ အခုနက KNPP ဒုဥက္ကဌ ပြောသွားတဲ့ဟာတွေက အမှန်တရားတွေပါဘဲ ဒါတွေ ကျနော်တို့ လက်ခံပါ တယ်။ ဒါတွေကတော့ဗျာ ကျနော်တို့ အချိန်နဲ့ လက်တွေ့နဲ့ ရေရှည် ကုစားဖြေရှင်းသွားရမယ့် ကိစ္စတွေဖြစ်ပါ တယ်။ ကျနော်တို့ ဒါတွေကိုတော့ ကျနော်တို့ ဒီလို တနှစ်တချိန်တည်းနဲ့ ဖြေရှင်းလို့ မရပါဘူး။ ကျနော်တို့ ဒီလို ဒါပေမယ့် ကျနော်တို့ဆီမှာကတော့ ဒီမှာ နှစ်ပေါင်း(၆၀) ကျော်မှာ နှစ်ဦးနှစ်ဖက်ဟာ ဒီလို တန်းတူရည်တူ ဂုဏ်သိ က္ခာရှိရှိနဲ့ ဆွေးနွေးနိုင်တာကိုက ကျနော်တို့ကတော့ အပြုသဘောဆောင်တယ်လို့ဘဲ မြင်ပါတယ်။ နောက်တခု ကတော့ဗျာ ကျနော်တို့ ကရင်အမျိုးသားတွေအနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ(၁၂)ရက် နေ့မှာ အပစ်အခတ်ရပ်စဲရေး လုပ်နိုင်ခဲ့တယ် အခုဆိုရင် (၂) နှစ်ကျော်ပြီ။ (၂)နှစ်ကျော်ပြီဆိုတော့ ကျနော်တို့ ကရင်အမျိုးသားတွေရဲ့ ဒေသတွေမှာ ဆိုလို့ရှိရင် သေနက်သံတွေဟာ လုံးဝနီးပါးလောက် တိတ်သွားပြီဖြစ်ပါ တယ်။ မတော်တဆ ဒီလို ဖြစ်တာကလွဲလို့ အစီအစဉ်ရှိရှိနဲ့ နှစ်ဦးနှစ်ဖက် ဒီလို ဆောင်ရွက်တဲ့ ပဋိပက္ခ ဖြစ်အောင် ဖန်တီးတာ မရှိပါဘူး ဒါကြောင့်မို့ ဒီငြိမ်းချမ်းရေးဖြစ်စဉ် အပစ်အခတ်ရပ်စဲရေး ဖြစ်စဉ်ပေါ့ ကျနော်တို့ ကရင်အမျိုး သားတွေအတွက် အင်မတန်မှ စိတ်ချမ်းသာကိုယ်ချမ်းသာ ဖြစ်တယ်ဆိုတာ ပကတိ လက်တွေ့အခြေအနေ ဖြစ် တယ်ဆိုတာတော့ ကျနော်တို့ တိုင်းပြည်ကို ပြောကြားချင်ပါတယ်။ ဒါကြောင့်မို့ တချို့ဒေသတွေမှာတော့ ကျနော် တို့ ကရင်အမျိုးသားတွေရဲ့ နယ်မြေမှာ ဖြစ်ပေါ်နေသလို ထပ်တူထပ်မျှ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ တိုင်းရင်းသားတွေကလည်း တဦးနဲ့ တဦး တမျိုးနဲ့တမျိုး တဖက်နဲ့တဖက် ကတော့ ဖွံ့ဖြိုးတိုးတက်မှု မတူညီကြတဲ့ အခါကျတော့ ဒီပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာလည်း နိုင်ငံတော်အစိုးရဘက်ကတော့ သဘောထား ကြီးကြီး အမြင်ကျယ်ကျယ်နဲ့ ကျနော်တို့ဒါ ဆောင်ရွက်သွားမယ် ဆိုလို့ရှိရင်တော့ ဒီ ငြိမ်းချမ်းရေးဟာ တည် ဆောက်နိုင်မယ်လို့ ကျနော်တို့ကတော့ အပြုသဘောနဲ့ ကြည့်ပြီးတော့ ကျနော်တို့ ဒီလိုဘဲ မြင်ပါတယ်ခင်ဗျ။
ဦးခင်မောင်ငြိမ်း
ဟုတ်ကဲ့ခင်ဗျ ဟုတ်ကဲ့ ဒီတနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုတဲ့ စကားလုံးအသုံးအနှုန်းထဲမှာ ကျနော်တို့ ဒီ ကချင်ပြည်နယ်တို့ ရှမ်းပြည်နယ်တို့ လည်းဘဲ အကုန်လုံး တိုင်းရင်းသားပြည်နယ်အကုန်လုံးဟာ ပါဝင်ကြမယ်ဆို တော့ အခုဒီ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့ ဒါတွေ အကုန်လုံးဟာ အပစ်အခတ်ရပ်စဲမှုရမှ အေးချမ်းသာယာမှုလဲဘဲ ရရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုတဲ့ အသုံးအနှုန်းဝေါဟာရက ကျယ်ပြန့်သလိုဘဲ တကယ်လည်းဘဲ လက်ရှိ လက်ရောက် အကောင်အထည်ဖေါ်နိုင်ဖို့လဲ တော်တော်ကိုဘဲ အရေးကြီးနေပါတယ်။ ကဲ ဆက်ပြီးတော့ ပြောပါ အုံးခင်ဗျ ခူးဦးရယ် အနေနဲ့ကော ဒီ အရှိကို အောင်မြင်တိုးတက်မှု ပိုမိုရရှိနိုင်ဖို့ ဘယ်လိုတွေများလုပ်သင့်တယ်လို့ ယူဆပါလဲ ခင်ဗျ။
ဆရာ ခူးဦးရယ်
ဟုတ်ကဲ့ အခုတခေါက် ကျနော်တို့ အစိုးရနဲ့ တွေ့ဆုံတဲ့ဆွေးနွေးမှုကတော့ ပွင့်လင်းမြင်သာမှု ရှိတယ်လို့ဘဲ ပြော ရမှာဖြစ်ပါတယ်။ အရင့်အရင်က တွေ့ဆုံဆွေးနွေးမှုတွေနဲ့ နှိုင်းယှဉ်ရင်ပေါ့ဗျာ။ ဒါပေမဲ့လို့ ကျနော်တို့အနေနဲ့ ဟို ဆန္ဒရှိရုံ တခုတည်းနဲ့တော့ မပြီးဘူးလို့ ကျနော်ထင်ပါတယ်။ ငြိမ်းချမ်းရေးကိုတော့ လူတိုင်းတောင့်တကြပါတယ်။ ကျနော်တို့က တကယ်ဘဲဆန္ဒရှိရင် ရှိတဲ့အတိုင်း တကယ်ဘဲလုပ်ဆောင်ဖို့လိုတယ်။ နောက်ပြီးတော့ စေတနာမှန် ဖို့လိုပါတယ်။ ကျနော် အဲလို ပြောချင်တယ်ခင်ဗျ။ တကယ်လို့များ ကျနော်တို့က ပါးစပ်ကဘဲပြော နှုတ်ကဘဲပြော စိတ်ဆန္ဒကတော့ရှိပါရဲ့ ဒါပေမယ့် ကျနော်တို့ စေတနာမမှန်ဘူး ဆိုလို့ရှိရင်တော့ ကျနော်တို့သွားချင်တဲ့ လမ်းခရီး ကတော့ အဆုံးတိုင် ရှောရှုရောက်ဖို့တော့ ကျနော်တို့ အခြေအနေရမယ် မထင်ပါဘူး။ ကျနော်တို့ နှစ်ဦးနှစ်ဖက် အပေးအယူ လုပ်တဲ့အခါမျိုးတွေမှာကတော့ တစ်ဦးကိုတစ်ဦး ယုံကြည်က အဓိကလို့ ကျနော်အဲလို နားလည်ပါ တယ်။ ယုံကြည်မှုတည်ဆောက်ဖို့ ရယူကြဖို့ဆိုတဲ့နေရာမှာလည်း စေတနာမှန်ဖို့ အရေးကြီးတယ်လို့ ကျနော်အဲ လိုဘဲ ပြောချင်ပါတယ်။ ဒါကြောင့်မို့ အခုကျနော်တို့သွားမယ့်ခရီးဟာကတော့ နှေးမလားမြန်မလားဆိုတာက တော့ တပ်အပ် မပြောနိုင်ပါဘူး။ အားလုံးသိကြတဲ့ အတိုင်းဘဲလေ ဗမာပြည်မှာ ဖြစ်နေတဲ့ ပြဿနာက နှစ်ပေါင်း ခြောက်ဆယ်ကျော် အဲတော့ ဒီလောက် နှစ်ရှည်လများဖြစ်နေတဲ့ ပြဿနာကို နေ့ချင်းညချင်း တစ်နှစ်တိုင် နှစ်နှစ် တိုင်နဲ့တော့ ပြီးမြောက်အောင် ကျနော်တို့ ဆောင်ရွက်ဖို့ဆိုဒါ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ကမ္ဘာမှာလဲ တချို့နိုင်ငံတွေမှာ ဖြစ်ပျက်နေတာတွေ ရှိပါတယ်။ အဲတော့ ၁၀ နှစ်တန်သည် ၁၅ နှစ်တန်သည် တချို့ကလည်း သွားနေတာတွေရှိပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ဗမာပြည်ပြဿနာကတော့ ကျနော်တို့ ပန်းတိုင်တခုကို ရောက်ဖို့ကတော့ ဒီ(၂)နှစ်တာ (၃)နှစ်တာလောက်နဲ့တော့ ပြီးမြောက်မယ်လို့ ကျနော်မထင်ဘူး။ ဆက်သွားရ မယ့်ခရီးက အရှည်ကြီးပါ။ ဒါတောင် အရှည်ကြီးခရီးမှာ ကျနော်တို့ ဆူးညောင့်ခလုတ်တွေ ဘယ်နှစ်ခု ကျနော်တို့ ကြုံရအုံးမယ်ဆိုတာတော့ မှန်းလို့မရပါဘူး။ ခနက ကျနော်တို့ပြောသလိုဘဲ နှစ်ဦးနှစ်ဖက်က ဆန္ဒတကယ်ဘဲ ရှိဖို့ လိုတယ်။ ဆန္ဒရှိတာနဲ့အညီ စေတနာလည်းမှန်မှန် နှစ်ဦးနှစ်ဖက်ပြဖို့လိုတယ်။ ကျနော်တို့ရည်မှန်းထားသလို ပူးတွဲပြီးတော့ အကောင်အထည်ဖေါ်ဖို့တော့လိုတယ်လို့ ကျနော်အဲလိုထင်ပါတယ်။ တယောက်ကကြီးသည်ငယ် သည် ဆိုတဲ့အမြင်မျိုးနဲ့ နှိမ့်ချတဲ့သဘောမျိုးနဲ့ ပြုမူဆက်ဆံတာမျိုးတော့ မလုပ်သင့်ဘူးလို့ ကျနော်အဲလို ယုံကြည် ပါတယ်။ ကျနော်တို့ တန်းတူရည်တူ အခြေခံအောက်မှာ ကျနော်တို့ တွေ့ဆုံညှိနှိုင်းပြီး အဖြေရှာကြမယ်ဆိုလို့ ရှိ ရင်တော့ ကျနော်တို့မျှော်မှန်းတဲ့ ငြိမ်းချမ်းရေးခရီးကိုတော့ အဆုံးတိုင်ရောက်မှာဘဲ ကျနော်ကတော့ တထစ်ချ ယုံကြည်ပါတယ်။
ဦးခင်မောင်ငြိမ်း
ဟုတ်ကဲ့ ခင်ဗျား။ ဟုတ်ကဲ့ သမ္မတရဲ့အကြံပေး အရာရှိတွေ မြန်မာငြိမ်းချမ်းရေးနဲ့ပြန်လည်ထူထောင်ရေး အကြံ ပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေတို့ကလည်း ပြောသွားတာရှိပါတယ်။ သူတို့ကတော့ အကောင်းဘက်ကိုဘဲ ရှေးရှုနေ ပါတယ် အင်မတန်မှဘဲ Positive မြင်ပါတယ်လို့ စကားပြောသွားတာတွေရှိပါတယ်။ ဒီတော့ ကျနော်တို့က ခုနက ပြောသလို နှစ်ဦးနှစ်ဖက် ယုံကြည်မှုနဲ့ တန်းတူရည်တူ အခွင့်အရေးတွေရယူပြီးတော့ တဖက်နဲ့တဖက် ယုံကြည်မှု ကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မယ်ဆိုလို့ရှိရင်တော့ အောင်မြင်စရာလမ်းစက အများကြီးဘဲရှိမယ်လို့ မျှော် လင့်ထားပါတယ်။ ဆရာတို့ ပြောစရာများရှိသေးလားခင်ဗျား။
ပဒို မန်းငြိမ်းမောင်
ရှိပါတယ်ခင်ဗျ။ ကျနော်နည်းနည်းပြောချင်ပါတယ်။
ကျနော်တို့တိုင်းပြည်မှာ ဒီဗမာပြည်မှာ ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ ပါတ်သက်ပြီးတော့ ဒီပြည်တွင်း ပဋိပက္ခ အဆုံးသတ်ဖို့ဆိုရင် လမ်းနှစ်လမ်းဘဲ ရှိပါတယ်။ ပထမလမ်းကတော့ ကျနော်တို့ နှစ်ပေါင်း (၆၀)ကျော် လျှောက်ခဲ့ ပါပြီ။ ဒါအဖြေ မပေါ်ပါဘူးခင်ဗျ။ အဲဒီလမ်းကတော့ ကျနော်တို့ ပြန်မသွားချင်တော့ဘူး။ အခုကျနော်တို့သွားနေတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုလမ်းကတော့ လမ်းသစ်ဖြစ်ပါတယ်ခင်ဗျ။ ဒီလမ်းသစ်ကို ကျနော်တို့က လမ်းသစ်ဖြစ် တဲ့အတွက် ခုတ်ထွင်ရှင်းလင်းပြီး သွားရတဲ့အခါကျတော့ ကျနော်တို့မှာ ဒါက အတွေ့အကြုံလည်း မရှိပါဘူး။ ဒီအတွေ့အကြုံ သင်ရင်းနဲ့ဘဲ ကျနော်တို့ (လွှတ်လက်ထွန်ရတဲ့) အခါကျတော့ ကျနော်တို့ အကုန်လုံးလည်း မမှန် နိုင်ပါဘူး။ အကုန်လုံးလည်း မမှားနိုင်ဘူး။ ချို့ယွင်းအားနည်းချက်တွေလည်း ရှိကောင်းရှိမှာပေါ့၊ သို့သော် ကျနော် တို့ဟာ ဒီလမ်းကို ဒီငြိမ်းချမ်းရေးကို ယုံကြည်တဲ့စိတ်ဓါတ် ငြိမ်းချမ်းရေးကို မျှော်လင့်တဲ့စိတ်ဓါတ် နဲ့ ကျနော်တို့ သွားမယ်ဆိုရင်တော့ ဒီအခက်အခဲစိမ်ခေါ်မှုတွေကို ကျနော်တို့ ကျော်လွှားဖြေရှင်းပြီးတော့ ကျနော်တို့ ငြိမ်းချမ်း ရေးကို တည်ဆောက်နိုင်မယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်ခင်ဗျ။
ခင်မောင်ငြိမ်း
ဟုတ်ကဲ့ခင်ဗျား ကျေးဇူးတင်ပါတယ်။ အချိန်ကလည်း ပြည့်နေပြီဖြစ်တဲ့အတွက် ဒီမှတ်ချက်တွေနဲ့ဘဲ ကျနော်တို့ စကားဝိုင်းကို နိဂုံးချုပ်ပါရစေ။ အခုလို ပါဝင် ဆွေးနွေးပေးကြတဲ့အတွက် KNPP ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ ဒုတိယ ဥက္ကဌ ဦးခူးဦးရယ် နဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် ဦးမန်းငြိမ်းမောင် တို့ကို ကျေးဇူး အထူးဘဲ တင်ရှိကြောင်း ပြောကြားပါရစေ ခင်ဗျား။
သောတရှင်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ။
http://www.rfa.org/burmese/commentaries/ceasfire-draft-04132014052931.html/1021101e10361016102d102f102f10041039-1014102c1038100610041039101b10141039108f103d100410371039-101b101a1030101b10141039/inline.html