Wednesday, April 16, 2014

အပစ်အခတ် ရပ်စဲရေး ပထမမူကြမ်း ဆွေးနွေးချက်

Radio Free Asia - RFA မြန်မာပိုင်းအစီအစဉ်
၁၃၊ ၀၄၊ ၂၀၁၄ (တနင်္ဂနွေနေ့) တနင်္ဂနွေ စကားဝိုင်း
ပါဝင်ဆွေးနွေးသည့် ပုဂ္ဂိုလ်များ
(၁) KNPP ဒုတိယ ဥက္ကဋ္ဌ ခူးဦးရယ်
(၂) KNU ဗဟိုကော်မတီဝင် ပဒို မန်းငြိမ်းမောင်
(၃) စီစဉ်သူ ။ ။ ဦးခင်မောင်ငြိမ်း RFA

အကြောင်းအရာ။ ။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် အစိုးရကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ၂၀၁၄ ခုနှစ်၊ ဧပြီလ (၅)ရက်နေ့မှ (၈)ရက်နေ့အထိ၊ (၄) ရက်ကြာ ဆွေးနွေးပြီး တဲ့နောက် သဘောတူညီချက် မူကြမ်းတရပ် ရရှိခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပါတ်သက်ပြီး ဆွေးနွေးထား တာ ဖြစ်ပါတယ်။

ဦးခင်မောင်ငြိမ်း (မိတ်ဆက်)
သောတရှင်များခင်များ - အခုတပါတ်ဆွေးနွေးပွဲ စကားဝိုင်းမှာ ပါဝင်ဆွေးနွေးဖို့ ကျနော် ဖိတ်ကြားထားတဲ့ ဧည့် သည်တော်တွေကတော့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး က ဗဟိုကော်မတီဝင် ပဒို မန်းငြိမ်းမောင် နဲ့ ကေအဲန်ပီပီ ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ဒုတိယ ဥက္ကဌ ဦးခူးဦးရယ် တို့ ဖြစ်ကြပါတယ်။ အခု ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့မှာ မြန်မာအစိုးရကိုယ်စားလှယ်တွေ၊ တပ်မတော်ကကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ လေးရက်ကြာတွေ့ဆုံပြီးတော့ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးခဲ့ကြရာမှာ နောက်ဆုံး သဘောတူညီချက်ပထမမူကြမ်းကို ရရှိခဲ့ကြပါတယ်။ အဲဒီလို မူကြမ်းကို သဘောတူညီချက် ရရှိပြီးခဲ့တဲ့နောက် နှစ်ဖက်ကိုယ်စားလှယ်တွေ လာမယ့်မေလမှာ ထပ်မံတွေ့ဆုံပြီး တော့ ဆွေးနွေးအုံးမယ်၊ ရှေ့ဆက်ပြီင်္းတော့ နိုင်ငံရး Dialogue ရရှိဖို့အတွက်လည်းဘဲ လုံးပမ်းသွားရမယ်ဆိုဒါ ကြားရပါတယ်။ ဒီတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဆိုတဲ့ စကားလုံးနဲ့ လက်နက်ကိုင်တိုင်းရင်း သားအဖွဲ့တွေ ဆိုတဲ့ စကားလုံး ဝေါဟာရနှစ်ခုကို တော်တော်ကိုဘဲ အကြိတ်အနယ် ဆွေးနွေးခဲ့ကြရတယ် ကြားရ ပါတယ်။ ဒီအသုံးအနှုန်းတွေနဲ့ ပါတ်သက်ပြီးတော့ အငြင်းပွားနေရတဲ့ကိစ္စတွေ နောက်ပြီးတော့ တိုင်းရင်းသား တွေရဲ့ လိုလားချက်တွေနဲ့ ပါတ်သက်ပြီးတော့ ဘယ်လိုအခြေအနေရှိနေတယ်ဆိုတာကို ဦးစွာပထမ ကျနော် ဦးမန်းငြိမ်းမောင်ကို မေးပါရစေခင်ဗျ။ ဘယ်လိုများ ဒီကိစ္စတွေအပေါ် သုံးသပ်မိပါသလဲ ?

ပဒို မန်းငြိမ်းမောင်
ဟုတ်ကဲ့ဆရာ ကျနော်တို့ ဒီ လက်နက်ကိုင်တော်လှန်ရေးနဲ့ ပါတ်သက်ပြီးတော့ ကျနော်တို့တိုင်းရင်းသား တွေဘက်မှာ ဒီဝေါဟာရနဲ့ ဒီအဓိပ္ပါယ်ရဲ့လေးနက်မှုကို ဒါ အလေးအနက် ခံယူကြတယ်လေ အလေးအနက်ခံယူ ကြတော့ တိုင်းရင်းသားတွေဘက်က အဲဒါကို တောင့်ထားတဲ့ဟာရှိတယ် အထူးသဖြင့် သူတို့ အကုန်လုံးပြောနေ ကြတဲ့ တော်လှန်ရေးဆိုတာ ကျနော်တို့ စနစ်က ဒီ ဖေါက်ပြန်ခဲ့လို့သာ ဒီ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို တော်လှန်တိုက်ပွဲဝင်ခဲ့ရတာဖြစ်တဲ့အတွက် တော်လှန်ရေးဆိုတဲ့ဝေါဟာရနဲ့ အဓိပ္ပါယ်လေးနက်မှုကို တန်ဖိုးထား တဲ့အခြေအနေရှိပါတယ်။ သို့သော် ဒီနေ့တိုင်းပြည်မှာဖြစ်နေတဲ့ ပကတိအခြေအနေအရ ကျနော်တို တွေ့ဆုံဆွေး နွေးရေး ညှိနှိုင်းရေးဆိုတဲ့အခါ တဦးနဲ့တဦး အဓိကကျတဲ့ဟာကို အပေးအယူ အလျော့အတင်းနဲ့ ကျနော်တို့ လုပ်မှသာလျှင် ကျနော်တို့တိုင်းပြည်ရဲ့ ပကတိ ကျနော်တို့မျှော်မှန်းနေတဲ့ငြိမ်းချမ်းရေးကို ကျနော်တို့ရောက်ရှိနိုင် မှာဖြစ်တဲ့ ကြည့်ရှုနိုင်မှာဖြစ်တဲ့အခါကျတော့ ဒီအပေါ်မှာ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုနားလည်မှုတည်ဆောက်ပြီး တော့ စေ့စပ်ညှိနှိုင်းပြီးတော့ ဒီအခက်အခဲကိုကျော်လွှားသွားနိုင်မယ်လို့ ကျနော်တို့ ဒီလို ယေဘုယျ သုံးသပ်မိပါ တယ်ခင်ဗျ။

ဦးခင်မောင်ငြိမ်း
ဟုတ်ကဲ့ ဒီဆွေးနွေးပွဲလုပ်ကြတယ် ညှိနှိုင်းကြတယ်ဆိုတာကလည်းဘဲ တဖက်နဲ့တဖက် အပေးအယူ Give and take ပေါ့နော် သူ့ဘက်က နည်းနည်းလျော့ ကိုယ့်ဘက်က နည်းနည်းလျော့ ကိုယ်လိုလားတာကြီးကိုဘဲ တဖက် သတ် အတင်းပြောနေလို့လည်းဘဲ ဒီလိုဆိုရင် အဆင်ပြေချောမွေ့မှာ မဟုတ်ဘူးပေါ့၊ အဲ့တော့ သူ့ဘက်ကလျော့ နိုင်တာ နည်းနည်းလျော့ ကိုယ့်ဖက်က နည်းနည်းလျော့ ဒီလိုလုပ်မှဘဲလည်း ရကြမယ့်ကိစ္စပါ။ ဒီအခု ပြီးသွားတဲ့ ဆွေးနွေးပွဲမှာ အဲဒီ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT ဆိုတဲ့ အဖွဲ့ကနေပြီးတော့ ဆရာတို့ ဒီ တိုင်းရင်းသားခေါင်းဆောင်တွေကလည်းဘဲ တက်ရောက်ပြီးတော့ ဆွေးနွေးခဲ့ကြတာ ဒီတော့ ဒီ ခနကပြောသလို လက်နက်ကိုင်တိုင်းရင်းသားဆိုတဲ့အသုံးအနှုန်းကို တပ်မတော်ဘက်ကနေ သူတို့က လိုချင်တယ်၊ ဒါပေမဲ့လည်း ဘဲ ဆရာတို့ တိုင်းရင်းသားအင်းအားစုထဲက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဆိုတာကို လက်မခံနိုင်ဘူးဆိုတာ က ခုနက ဆရာဦးမန်းငြိမ်းမောင် ပြောသွားသလိုပါဘဲ သာမန်အားဖြင့်တော့ လူတွေက ခပ်ပေါ့ပေါ့တွေးတယ် ဟုတ်သလိုဘာလိုလို ရှိတယ်ပေါ့လေ အဓိပ္ပါယ်ကွဲပြားမှုကလည်း ရှိတာပေါ့ ဦးခူးဦးရယ် ကရော ဒီအပေါ်မှာ ဘယ်လိုမြင်လဲ ခမျာ့ ?

ဆရာ ခူးဦးရယ်
ဟုတ် ကျနော့်အနေနဲ့ ကတော့ တော်လှန်ရေးဆိုတဲ့ ဝေါဟာရနဲ့ ပါတ်သက်ပြီးတော့ ခနက ဆရာမန်းငြိမ်းမောင် ပြောသလိုပေါ့လေ နော် စနစ်တခု သို့တည်းမဟုတ် အစိုးရအုပ်စု လူတစု မမှန်မကန် ပြုမူနေတာကို ကျနော်တို့ တော်လှန်တိုက်ဖျက်ပြီးတော့ စနစ်သစ်နဲ့ အစားထိုးမယ့်သဘောမျိုးကို ကျနော်တို့ကရည်ညွှန်းတာပါ။ ကျနော်တို့ လက်နက်ကိုင်တိုင်းရင်းသားတွေရဲ့ အနေအထားကတော့ ခနပြောသလိုပေါ့ ဒီအခြေခံအောက်ကနေပြီး စတင်ခဲ့ ကြတာဆိုတော့လေ တော်လှန်ရေးဆိုတဲ့ ဝေါဟာရကို ကျနော်တို့အနေနဲ့ လောလောစယ်အခြေအနေအောက် မှာကတော့ ခိုင်မာတဲ့သဘောတူညီမှုတခုကို အာမခံချက် မရရှိမချင်းကတော့ တော်လှန်ရေးဆိုတဲ့အသုံးအနှုန်း ကတော့ ဆက်လက်ပြီးတော့ ကျနော်တို့အတွက် ရပ်ခံသုံးစွဲနေရအုံးမယ်ဆိုတဲ့ အမြင်သဘောထားမျိုး ကျနော်တို့ မှာ လောလောစယ် အားလုံးက တသဘောထဲ ရှိနေတယ်သဘောမျိုး ကျနော်တို့ နားလည်ရပါတယ်။ ဆိုတဲ့အခါ ကျတော့လေ အခု ကျနော်တို့ အားလုံးကပြောနေကြတယ် ပြောဆိုဆွေးနွေးတဲ့အဆင့် အခု ကျနော်တို့ရောက် နေတဲ့အဆင့်က ပဏာမအပစ်အခတ်ရပ်စဲရေးအဆင့်ဘဲ ရှိသေးတယ်။ တချို့ကတော့ တော်တော်များများပြော ကြတာပေါ့နော် ငြိမ်းချမ်းရေးစကားပြောနေကြတယ်၊ ငြိမ်းချမ်းရေးသဘောတူညီချက် ရနေကြတယ်လို့ ယေဘု ယျဆန်ဆန် ပြောနေကြတာပေါ့ဗျာ ရှင်းရှင်းပြောရရင်တော့ ဒါပေမယ့် ကျနော်တို့ဖက်က ခံစားရတာကတော့ ကျနော်တို့ အခုသွားနေတဲ့ ဖြစ်စဉ်ကတော့ ရှင်းရှင်းပြောရရင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုအတွက် ကျနော်တို့ ပထမခြေလှမ်းအနေနဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီမှုရအောင် တည်ဆောက်နေတဲ့အဆင့်လို့ ကျနော် တို့ အဲလို နားလည်နေပါတယ်။ ဒါကြောင့်မို့ အခု ကျနော်တို့ အပစ်အခတ်ရပ်စဲရေးတောင်မှ ပဏာမသဘောတူ ညီချက်အဆင့်ဘဲ ရရှိသေးတဲ့အခါကျတော့ တော်လှန်ရေးဆိုတဲ့ ဝေါဟာရကတော့ လောလောစယ်မှာ ကျနော် တို့အနေနဲ့ ဆက်လက်သုံးစွဲဖို့ အသုံးဝင်နေဆဲ အသုံးတည့်နေဆဲ ဖြစ်နေတယ်ဆိုတဲ့သဘောမျိုး ရင်ဝယ်ပိုက်ထား ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ ဒီဝေါဟာရကိုတော့ ဘယ်လိုဘဲပြောပြော လောလောစယ်မှာတော့ ဘယ်လိုဘဲ ပြောပြော ကျနော်တို့နားလည်ရတာကတော့ တွေ့ဆုံဆွေးနွေးရေးဆိုတာ အပေးအယူရှိရမယ်ဆိုတာ အလျော့ အတင်း ရှိရမယ်ဆိုတာ ကျနော်တို့နားလည်တယ်။ သို့သော် ဒီဝေါဟာရကြောင့် အဟန့်အတားတော့ မဖြစ်စေချင် ဘူး။ သို့သော် ကျနော်တို့အတွင်း လောလောစယ်မှာ ဒီဝေါဟာရဟာ အသုံးဝင်နေဆဲ အသုံးတဲ့နေဆဲ ဆိုတဲ့ သဘောမျိုးကို ကျနော်တို့ ရပ်ခံပြီးပြောနေတာဘဲဖြစ်ပါတယ်။ ဒါကြောင့်မို့ လောလောစယ်မှာတော့ တပ်မတော် ဘက်က မြင်ချင်တဲ့ သဒ္ဒါအနေနဲ့ကတော့ လောလောစယ်မှာ ကျနော်တို့ဖက်ကလည်း လျော့နိုင်သလောက် လျော့ခဲ့ပြီးတဲ့ အနေအထားဖြစ်ပါတယ်။ ဒါကိုတော့ တပ်မတော်ဘက်က ကျနော်တို့ကို သဘောထားကြီးကြီးနဲ့ ကျနော်တို့ကို နားလည်မှုပေးဖို့တော့လိုတယ်လို့ ကျနော် အဲလိုဘဲနားလည်ပါတယ်။ ဒါကြောင့်မလို့ ဒီတော်လှန် ရေးဆိုတဲ့ ဝေါဟာရကတော့ ကျနော်တို့ လောလောစယ် ကျနော်တို့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘော တူညီမှု အခိုင်အမာ မရရှိခင် နောက်ပြီးတော့ ကျနော်တို့အတွက် အာမခံချက် တစုံတရာ မရရှိခင်မှာတော့ ကျနော်တို့ ဆက်ပြီးတော့ သုံးစွဲဖို့ လိုအပ်တယ်လို့ ကျနော်တို့ဖက်ကတော့ ဒီလိုဘဲ ရိုးရိုး မြင်ပါတယ် ခမျာ့။

ဦးခင်မောင်ငြိမ်း
အဲဒီတော့ ဒီဝေါဟာရအသုံးအနှုန်းနဲ့ ပါတ်သက်လို့ အခု သူတို့ ညှိနှိုင်းလို့ပေါ့လေ အခုဒီ ပထမမူကြမ်းတော့ အခု ရသွားပြီပေါ့။ ဒီကနေပြီးတော့ ရှေ့ဆက်ဖို့ကလိုပါသေးတယ်။ ပြီးတော့ အပစ်အခတ်ရပ်စဲရေးဆိုတဲ့ကိစ္စမှာလည်း အရင်တုန်းကလည်း ကျနော်တို့မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေးဆိုပြီးတော့ ပြောခဲ့ဆိုခဲ့ သဘောတူညီချက် ရခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းကာလတွေမှာ ဒီ အပစ်အခတ်ရပ်စဲရေး ရှိနေတဲ့ကြားကဘဲ၊ တိုင်းရင်းသားနယ် မြေတွေမှာ တိုက်ပွဲတွေဖြစ်တယ်။ ညှင်းပမ်းနှိပ်စက်မှုတွေရှိတယ်။ အပြစ်မရှိတဲ့ ရွာသူရွာသားတွေ အိုးအိမ် စွန့်ခွာ ပြီးတော့ ပြေးကြရတယ်။ ဒီလိုကိစ္စတွေဟာဖြစ်ခဲ့တော့ တိုင်းရင်းသားအင်အားစုတွေဘက်က တပ်မတော်အပေါ် မှာ ယုံကြည်မှုနည်းပါးလာတယ်ဆိုတာ ကျနော်တို့ သတင်းထဲမှာ အမြဲတမ်းကြားနေရတာပေါ့လေ။ ဒီတော့ အပစ် အခတ်ရပ်စဲရေး တကယ်သာ ခိုင်ခိုင်မာမာ ရဖို့အတွက် ဆိုလို့ရှိရင် နှစ်ဦးနှစ်ဖက် တိတိကျကျ လိုက်နာကြဖို့ လည်း အင်မတန်လိုပါတယ်။ ဒီ အထက်က ခေါင်းဆောင်တွေကပြောပြီး အောက်ခြေမှာ ငယ်သားတွေက ပစ်နေ ခတ်နေကြတယ်ဆိုရင်လည်း မဖြစ်သေးဘူးပေါ့။ ဒီ အပစ်အခတ်ရပ်စဲရေးခိုင်မာဖို့အတွက် နော် ဘယ်လို လိုလား ချက်တွေ ဘယ်လို လိုအပ်မလဲ၊ နောက်ပြီးတော့ နိုင်ငံရေးအရ ပိုပြီးတော့ ရှေ့ဘက်ကို တိုးတက်မှု ရလာအောင် ဘယ်လိုလုပ်သင့်သလဲ ဆိုတာတွေကိုလည်းဘဲ ဆွေးနွေးစေချင်ပါတယ်ခင်ဗျ။ ဆရာ မန်းငြိမ်းမောင် ပြောပါအုံး ခင်ဗျ။

ပဒို မန်းငြိမ်းမောင်
ကျနော်တို့ အဓိက လိုလားတာက တိုင်းရင်းသားတွေတလျောက်လုံး တောင်းဆိုခဲ့တာက ကျနော်တို့တိုင်းပြည်မှာ အကုန်လုံးသိတဲ့အတိုင်းဘဲ ကျနော်တို့ဟာ နိုင်ငံရေးပြဿနာဘဲလေ။ တိုင်းရင်းသားတွေရဲ့ အမျိုးသားအခွင့် အရေးဆုံးရှုံးနေတယ်။ နိုင်ငံရေးအရ ဖြေရှင်းခွင့် မရှိခဲ့ဘူး။ ဖြေရှင်းခွင့်လမ်းကို မရခဲ့လို့သာ လက်နက်ကိုင်လမ်း ကြောင်းကို ကျနော်တို့က စိတ်ဆန္ဒမပါဘဲနဲ့ ကျနော်တို့က ရွေးချယ်ခဲ့ရတာ။ ကျနော်တို့ ဒီနေ့အချိန်ထိ တိုင်းရင်း သားတွေဟာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်တဲ့အဆင့်မှာဘဲ ရှိပါတယ်။ ဒါပေမယ့်လို့ အရင်ကာလ အရင်အစိုးရ တွေဟာ ဆောင်ရွက်ခဲ့တာဟာ ရန်မည်ချွေးသိပ်တဲ့အနေနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ခဲ့တာဖြစ်တယ်။ အဓိက နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ဆိုတာ သူတို့စိတ်ဆန္ဒတွေ မရှိခဲ့ဘူး။ မရှိတဲ့အခါကျတော့ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ပြီးတော့ နိုင်ငံရေးပြဿနာ မဖြေရှင်းဖို့ ဆန္ဒသဘောထား မရှိတဲ့အတွက် တိုင်းရင်း သားတွေနဲ့ ထားခဲ့တဲ့ ကတိက၀တ်တွေဟာ နောက်ဆုံးတော့ လက်နက်ကိုင်ပဋိပက္ခကိုဘဲ ပြန်ပြီးတော့ ဦးတည် ပြီးတော့ ပြန်လည်သွားတာဖြစ်ပါတယ်။ နောက်ကြောင်းကို ပြန်လှည့်သွားတာဖြစ်ပါတယ်။ ဒါပေနဲ့ ဒီနေ့အစိုးရက ကျနော်တို့ သမ္မတကြီးဦးဆောင်တဲ့အစိုးရကို သေသေချာချာ ပြန်သုံးသပ်ဖို့လိုပါတယ်။ သမ္မတကြီးကိုယ်တိုင်က ကို အကြိမ်ကြိမ်ပြောတယ်။ ကျနော်တို့ဟာ အပစ်အခတ်ရပ်စဲရေးလုပ်ပြီးလို့ရှိရင် နိုင်ငံရေးပြဿနာကို ဖြေရှင်း မယ်။ နိုင်ငံရေးစားပွဲဝိုင်းကိုတက်မယ်။ နိုင်ငံရေးပြဿနာကို ဆွေးနွေးဖြေရှင်းမယ်ဆိုတဲ့ ကတိက၀တ်ကို တိုင်း ပြည်ကို အကြိမ်ကြိမ် ပြောခဲ့ပြီးဖြစ်တဲ့အတွက် ကျနော်တို့ဟာ ဒါ အဓိကလိုလားတာဗျ၊ ခေတ်အဆက်ဆက်မှာ ကျနော်တို့တောင်းဆိုခဲ့တယ်။ ဒါကြောင့်မို့ ကျနော်တို့က ပထမအဆင့်အနေနဲ့ တပြည်လုံးအပစ်အခတ်ရပ်စဲရေး ကို ရရှိဖို့လိုတယ်။ အခု တပြည်လုံးအပစ်အခတ်ရပ်စဲရေး ရရှိဖို့အတွက် နိုင်ငံတော်အစိုးရဘက်ကလည်း ဒီအပေါ် မှာ အလေးအနက် သဘောပေါက်တယ်လို့ ကျနော်တို့ကတော့လည်း ဒီလို သုံးသပ်မိတယ်။ ဒါကြောင့်မို့ ကျနော် တို့ ဒီ အခက်အခဲကို နှစ်ပေါင်းခြောက်ဆယ်ကျော် ဖြစ်ပေါ်လာခဲ့တဲ့ ဒီ ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့အတွက် နှစ်ဦးနှစ် ဖက်ဟာ ဒီနေ့ မျက်နှာစုံညီဆွေးနွေးနေပြီ။ နှစ်နှစ်ကျကျနဲ့ အပြုသဘောဆောင်တဲ့ နှစ်ဖက်စလုံးက ချဉ်းကပ် တယ်လို့ ကျနော်တို့ ဒီလိုသုံးသပ်မိပါတယ်။ ဒါကြောင့်မို့ ဒီအခု ------------ ဒီနေရာ ဘာဖြစ်လို့ ဒီလိုပြောလဲဆိုရင် ဒီအခက်အခဲတစ်ခုကို တိုင်းရင်းသားဘက်က တင်ပြတဲ့သဘောထားနဲ့ နိုင်ငံတော်အစိုးရဘက်က တင်ပြတဲ့ သဘောထားကို အခု ကျနော်တို့ ယေဘုယျ ညှိနှိုင်းလို့ Single Tex ပေါ့ တစ်ခုတည်းသော သဘောထားကို ယေ ဘုယျရရှိထားပြီ။ ဒါတွေက အပြုသဘောဆောင်တဲ့တိုးတက်မှုလို့ ကျနော်တို့က မြင်ပါတယ်။ တပြည်လုံးအပစ် အခတ်ရပ်စဲရေးကို ရနိုင်တယ်လို့ ကျနော်တို့က မျှော်လင့်ပါတယ်။ အကောင်းဘက်ကို အများကြီး ဦးတည်တယ်။ တပြည်လုံးအပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နေပြီဆိုရင် ကျနော်တို့ ဒါ ပထမခြေလှမ်းကို အောင်မြင်စွာလှမ်းနိုင် ပြီလို့ ကျနော်တို့ မြင်တယ်။ ပထမခြေလှမ်းကို ကျနော်တို့ လှမ်းနိုင်ပြီ ဒုတိယခြေလှမ်းဖြစ်တဲ့ နိုင်ငံရေးစားပွဲဝိုင်းကို ဆွေးနွေးဖို့အတွက် နိုင်ငံတော်အစိုးရဘက်ကလည်း ကတိက၀တ်ပေးထားပြီးဖြစ်တဲ့အတွက် ဒါကို ကျနော်တို့က ဟို ပကတိအခြေအနေ really ကိုဘဲ လက်ခံဖို့လိုပါတယ်။ အဲတော့ ကျနော်တို့ နိုင်ငံရေးစားပွဲဝိုင်းကို တက်လှမ်း နိုင်ဖို့အတွက် ကျနော်တို့အများကြီးမျှော်လင့်ချက်ထားပါတယ်။ ကျနော်တို့ တကယ်လို့သာ နိုင်ငံရေးစားပွဲဝိုင်းကို၊ ဆွေးနွေးပွဲကိုတက်နိုင်ပြီ ဆိုလို့ရှိရင် တိုင်းရင်းသားတွေဘက်ကအမြင်ရော၊ နိုင်ငံတော်အစိုးရဘက်က အမြင်ရော ကျနော်တို့ အဲဒီမှာ အပြုသဘောဆောင်တဲ့ တိုင်းပြည်ရဲ့အကျိုး ပြည်သူတွေရဲ့အကျိုး တိုင်းပြည်ရဲ့မျက်နှာ ပြည်သူတွေရဲ့မျက်နှာကို ကျနော်တို့ ထောက်ထားပြီးတော့ နှစ်နှစ်ကျကျနဲ့သာ ကျနော်တို့ အပြုသဘောဆောင် ပြီးတော့ ဆွေးနွေးကြမယ်ဆိုလို့ရှိရင် ကျနော်တို့ တိုင်းပြည်ကြီးဟာ ငြိမ်းချမ်းရေးရရှိမယ်လို့ ကျနော်က ယုံကြည် ပါတယ်။

ဦးခင်မောင်ငြိမ်း။ ။ ဟုတ်ကဲ့ခင်မျာ ဟုတ်ကဲ့ ဆရာဦးခူးဦးရယ် ပြောပါအုံးခင်မျ -

ဆရာ ခူးဦးရယ်
ကျနော် ယုံကြည်မှုတည်ဆောက်တဲ့အပိုင်းနဲ့ ပါတ်သက်လို့ ပိုပြီးတော့ပြောချင်ပါတယ်။ ကျနော်တို့မှာ သင်ခန်းစာ တွေရှိပါတယ်။အတွေ့အကြုံရှိပါတယ်။ အဲဒါတွေကြောင့်မို့ဘဲ ယုံကြည်မှုကို ကျနော်တို့ တည်ဆောက်တဲ့နေရာမှာ ကျနော်တို့ သဘောတူညီချက် ရယူထားရုံလောက်နဲ့ မပြီးမြောက်ဘူးလို့ ထင်ပါတယ်။ ပြောရင်လည်း ပြောတဲ့ အတိုင်း ကျနော်တို့ တကယ်ဘဲ စောင့်စည်းလိုက်နာဖို့ အကောင်အထည်ဖေါ်ဖို့ လိုအပ်တယ်လို့ ကျနော်က ထင်ပါ တယ်။ ဥပမာဆိုကြပါစို့ ကျနော်တို့ အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ ပတ်သက်ပြီး သဘောတူညီချက်တချို့ ကျနော် တို့ ယေဘုယျအားဖြင့် ရရှိပါတယ် ဒါလဲ ပဏာမလို့ပြောထားတာကိုး၊ ဆိုတော့ ကျနော်တို့ အဲဒီလိုရထားတဲ့ သဘောတူညီချက်တွေကို လက်တွေ့ စောင့်စည်းတဲ့ နေရာမျိုးတွေမှာ ကျနော်တို့အနေနဲ့ တကယ်ဘဲ နှစ်ဦးနှစ် ဖက် နားလည်မှုတည်ဆောက်တဲ့ အနေအထားအောက်မှာ ယုံကြည်လို့ တယောက်နဲ့ တယောက် ယုံကြည်ကြဖို့ ဆိုရာမှာ လက်တွေ့ပူးတွဲဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ နှစ်ဖက်အဖွဲ့တွေ တပ်တည်နေရာနဲ့ ပတ်သက်ပြီး ကျနော် တို့ ပြောကြဆိုကြတယ်၊ တပ်အရွှေ့အပြောင်းကိစ္စနဲ့ပတ်သက်ပြီး ပြောကြဆိုကြတယ်၊ နောက်ပြီးတော့ ကျနော် တို့ တပ်စခန်းတွေရဲ့ အနေအထားနဲ့ပတ်သက်ပြီး ကျနော်တို့ ဘယ်လိုနားလည်မှု တည်ဆောက်ကြမလဲ ဘယ်လို သွားလာကြမယ်ဆိုတဲ့ဟာလေးတွေရှိပါတယ်၊ ဒါပေမဲ့ ကျနော်တို့ တကယ်တမ်းလက်တွေ့မှာ သဘောတူရင် တူတဲ့အတိုင်း ဖြစ်ပေါ်လာတာ ကျနော်တို့ မတွေ့ရပါဘူး။ တချို့နေရာတွေမှာ ကျနော်တို့ ကွဲလွဲမှုတွေရှိပါတယ်။ ဥပမာဆိုပါတော့ဗျာ - ကျနော်တို့က အထူးသဖြင့် တွေ့ဆုံဆွေးနွေးပွဲမှာ ပြောနေကြတယ်ဆိုတာက ပြဿနာဖြစ် တဲ့ကိစ္စရပ်တွေကိုဘဲ အဓိကထားပြီး ကျနော်တို့ပြောနေကြတာပါ။ အဲတော့ ကျနော်တို့ဆီမှာ ရှင်းရှင်းပြောရရင် တော့ ကျနော်တို့ KNPP အနေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေမှာ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ စစ်ရေးကိစ္စတွေ မှာ ကျနော်တို့ အခုလက်ရှိ ကျနော်တို့ဆီမှာ ရှိနေတဲ့ အမှတ်(၁၄) တားမြစ် စစ်လေ့ကျင့်ရေးကျောင်းကိစ္စလိုမျိုး၊ အေး အဲသလိုမျိုးကိစ္စတွေ ကျနော်တို့ ပြောဖြစ်ကြပါတယ်။ ဒါက အမြဲတမ်း တွေ့တိုင်းကြုံတိုင်း ပြောတဲ့ကိစ္စပါဘဲ။ ဒါပေမယ့် ကျနော်တို့ ပြောရင်ပြောတဲ့အတိုင်း ဖြစ်ပေါ်လာတာမျိုး ကျနော်တို့မတွေ့ရပါဘူး။ ဆန့်ကျင်ဘက် ဖြစ် ပေါ်လာတာမျိုးကိုလည်း ကျနော်တို့တွေ့ရပါတယ်။ ဒါကြောင့် ကျနော်တို့ သဘောတူညီချက်ထဲမှာ နှစ်ဦးနှစ်ဖက် ဒီလို အခက်အခဲရှိတဲ့ ကိစ္စမျိုးတွေမှာ ကျနော်တို့ဆောင်ရွက်ကြမယ်ဆိုလို့ရှိရင် နှစ်ဦးနှစ်ဖက် ညှိနှိုင်းတိုင်ပင်ပြီးမှ ဆောင်ရွက်ရမယ်ဆိုတဲ့ဟာမျိုးတွေ ကျနော်တို့ပြောကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းလက်တွေ့မှာ အဲသလိုမဖြစ် ပါဘူး။ Ground အခြေအနေကို တကယ်ဘဲ လူတွေက သိတ်မသိကြတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ Ground မှာရှိနေတဲ့ လူတွေကသာ မြင်နေရတာ တွေ့ရတာဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်တို့ နှစ်ဦးနှစ်ဖက် ယုံကြည်ဖို့ဆို တာကတော့ လက်တွေ့ကျနော်တို့ သဘောတူရင်တူတဲ့အတိုင်း ပြောယုံနဲ့ မပြီးဘူး သဘောတူညီယုံနဲ့ မပြီးဘူး လက်တွေ့ အကောင်အထည်ဖေါ်ဖို့လိုတယ်။ အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ဖို့လိုတယ်။ ယုံကြည်မှုဆိုတာ အဲဒီကလာမယ်လို့ ကျနော်အဲလို ယူဆပါတယ်။ ဒါကြောင့်မို့ ကျနော် အဲဒီကိစ္စကိုဘဲ ကျနော်တို့ အဓိကထားပြီး ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဒီနေ့အထိ ဥပမာဆိုကြပါစို့ဗျာ စစ်တပ်ဘက်က တပ်စခန်းတွေ အသစ်တွေ တည်ဆောက်တယ်ဗျာ။ ကျနော်တို့ဘက်ကိုကျတော့ ကန့်သတ်မှုတွေလုပ်တယ်ဗျာ။ အေ အဲသလို ဟာမျိုးတွေ ကျနော်တို့ရှိပါတယ်။ နောက်ပြီးတော့ တချို့နေရာတွေမှာလဲ စစ်နဲ့ပတ်သက်ပြီးတော့ စစ်သားတွေနဲ့ ပတ်သက်ပြီးတော့ တပ်မတော်ဘက်က တချို့လူ့အခွင့်ရေးတွေ ချိုးဖေါက်နေဆဲ၊ ဖြစ်ပေါ် နေနေဆဲ ရှိပါတယ်။ ဥပမာ ကျနော်တို့ မဖွယ်မရာ အမျိုးသမီးကို ပြုလုပ်တဲ့ဟာလိုမျိုး၊ ဒီနေ့အခုပိုင်းအထိဖြစ်တယ်ဗျာ။ နောက်ပြီး တော့ ကျနော်တို့ မကြာခင်လတုန်းက ဆိုလို့ရှိရင်လည်း မြေယာတွေသိမ်းတဲ့ကိစ္စတွေ ဆက်ဖြစ်နေတယ်။ အဲဒါ လည်း တပ်နဲ့ ရဲနဲ့ ပတ်သက်တဲ့ကိစ္စတွေဖြစ်တယ်။ အေ အဲဒီဟာတွေ ဆက်လက် ဖြစ်နေတုန်းဆိုလို့ရှိရင်တော့ ကျနော်တို့ ယုံကြည်မှုတည်ဆောက်ကြတယ်ဆိုတဲ့ ကာလအတွင်းမှာ ကျနော်တို့ ဘယ်လောက်အထိ ယုံကြည် နိုင်ကြမလဲဆိုတဲ့ ကိစ္စဟာ ကျနော့်အတွက် မေးခွန်းကြီးကြီးဘဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ နောက်တဆင့် တိုးဖို့ဆိုတဲ့ကိစ္စဟာ ဒါတွေဟာ မဖြစ်သင့်တော့ဘူးဆိုတာ ကျနော်တို့ နှစ်ဦးနှစ်ဖက် နားလည်ထားပြီးသား ကိစ္စ ပါ။ ဒါကြောင့်မလို့ ကိုယ့်စည်းကို ကိုယ်စောင့်ဖို့လိုတယ်။ ထိန်းသိမ်းဖို့လိုတယ်လို့ ကျနော်က အဲသလိုမျိုးပြောချင် တယ်ဗျ။

ဦးခင်မောင်ငြိမ်း
ဟုတ်ကဲ့ ဟုတ်ကဲ့ အခု ခူးဦးရယ်ပြောသွားတဲ့စကား ကျနော်တို့ မကြာခန ကြားနေရပါတယ်။ ဒီတိုင်းရင်းသား နယ်မြေတွေမှာ တပ်မတော်က အောက်လက်ငယ်သားတွေ အောက်ခြေအင်အားစုတွေက တိုင်းရင်းသား နယ် မြေတွေမှာ ကျေးရွာတွေမှာ အတင်းဝင် ကြက်ဖမ်း၊ ၀က်ဖမ်း၊ ပြီးတော့ တခါ မိန်းခလေးတွေကို မုဒိမ်းကျင့်တယ် လို့ အကြမ်းဖက်တယ်လို့ သတင်းတွေက မကြာခန ကြားနေရတယ်။ အခု အပစ်အခတ်ရပ်စဲရေးမူကြမ်းရဖို့ ဆွေး နွေးနေတဲ့ အချိန်မှာဘဲ တိုင်းရင်းသားနယ်မြေတချို့မှာ တိုက်ပွဲတွေဖြစ်နေတယ်ဆိုတဲ့ သတင်းတွေက ထွက်နေ တယ်။ ဒီတော့ တိုင်းရင်းသားတွေဘက်ကနေပြီးတော့ ယုံကြည်စိတ်ချမှုလျော့ပါးလာတယ် ဆိုတာလည်းဘဲ ဒါ အပြစ်တော့မဆိုနိုင်ပါဘူးဗျ။ နောက်တခုကလည်းဘဲ တိုင်းရင်းသားအင်အားစုတွေကို တိုင်းရင်းသားနယ်မြေ တွေမှာ တိုင်းရင်းသားလူမျိုးတွေကို ကျနော်တို့ အင်္ဂလိပ်လို Second class citizen ပေါ့ဗျာ Second class citizen ဆိုတာက တန်းတူရည်တူအခွင့်အရေး ပေးဖို့ လိုအပ်တဲ့ကိစ္စကို ပြောတာပါ။ တိုင်းရင်းသားတွေကို ဗမာတွေနဲ့ တန်းတူရည်တူ ဆက်ဆံပြီးတော့ အခွင့်အရေးပေးသွားဖို့ ဆိုတာမျိုးလိုအပ်ပါတယ်။ တဖက်ကလည်း ဘဲ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရမယ်တို့ ဆိုတဲ့ တောင်းဆိုချက်တွေဟာလည်းဘဲ ဒီမျှမျှတတ ရှိမယ်ဆိုလို့ရှိရင် နှစ်ဦးနှစ်ဖက် သူ့အကျိုးကိုယ့်အကျိုးကြည့်ပြီးတော့ ညှိညှိနှိုင်းနှိုင်း လုပ်မယ်ဆိုရင် တော့ ဒီ အောင်မြင်မှုဟာ မရစရာ မရှိပါဘူးခင်ဗျ။ အဲတော့ ကျနော်တို့ အချိန်လည်းနည်းလှပါပြီခင်ဗျ နိဂုံးချုပ်ပိုင်း အနေနဲ့ ဆရာမန်းငြိမ်းမောင် ပြောပါအုံးခင်ဗျ။ ရှေ့ရှောက်ပြီးတော့ အောင်မြင်မှု ပိုပြီးတော့ ရနိုင်ဖို့ရန်အတွက် ဘယ်လိုတွေများ လုပ်သွားကြရင် အဆင်ပြေနိုင်မလဲလို့ပါ။

ပဒို မန်းငြိမ်းမောင်
ကျနော်တို့တိုင်းပြည် ပကတိ အခြေအနေကဗျာ နှစ်ပေါင်း(၆၀)ကျော် ပဋိပက္ခ ဖြစ်ခဲ့ကြတယ်။ နှစ်ပေါင်းခြောက် ဆယ်ကျော် ပဋိပက္ခဖြစ်တဲ့အခါကျတော့ ဒီအပေါ်မှာ နှစ်ဦးနှစ်ဖက်စလုံးမှာ နက်နက်ရှိုင်းရှိုင်း ဒီ ဟိုဟာ စူးဝင်နေ တဲ့ ကိစ္စတွေရှိတယ်။ အဲဒါတွေက ဘာလဲဆိုတော့ မယုံကြည်မှုတွေ သံသယတွေ အာဃာတတွေဟာ နှစ်ဦးနှစ် ဖက်စလုံးမှာ ရှိတဲ့အခါကျတော့ ဒီဟာတွေကိုတော့ဗျာ တနေ့တချိန်တရက်တည်းနဲ့တော့ ကျနော်တို့ ဖြေရှင်းလို့ မရပါဘူး။ အခုနက KNPP ဒုဥက္ကဌ ပြောသွားတဲ့ဟာတွေက အမှန်တရားတွေပါဘဲ ဒါတွေ ကျနော်တို့ လက်ခံပါ တယ်။ ဒါတွေကတော့ဗျာ ကျနော်တို့ အချိန်နဲ့ လက်တွေ့နဲ့ ရေရှည် ကုစားဖြေရှင်းသွားရမယ့် ကိစ္စတွေဖြစ်ပါ တယ်။ ကျနော်တို့ ဒါတွေကိုတော့ ကျနော်တို့ ဒီလို တနှစ်တချိန်တည်းနဲ့ ဖြေရှင်းလို့ မရပါဘူး။ ကျနော်တို့ ဒီလို ဒါပေမယ့် ကျနော်တို့ဆီမှာကတော့ ဒီမှာ နှစ်ပေါင်း(၆၀) ကျော်မှာ နှစ်ဦးနှစ်ဖက်ဟာ ဒီလို တန်းတူရည်တူ ဂုဏ်သိ က္ခာရှိရှိနဲ့ ဆွေးနွေးနိုင်တာကိုက ကျနော်တို့ကတော့ အပြုသဘောဆောင်တယ်လို့ဘဲ မြင်ပါတယ်။ နောက်တခု ကတော့ဗျာ ကျနော်တို့ ကရင်အမျိုးသားတွေအနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ(၁၂)ရက် နေ့မှာ အပစ်အခတ်ရပ်စဲရေး လုပ်နိုင်ခဲ့တယ် အခုဆိုရင် (၂) နှစ်ကျော်ပြီ။ (၂)နှစ်ကျော်ပြီဆိုတော့ ကျနော်တို့ ကရင်အမျိုးသားတွေရဲ့ ဒေသတွေမှာ ဆိုလို့ရှိရင် သေနက်သံတွေဟာ လုံးဝနီးပါးလောက် တိတ်သွားပြီဖြစ်ပါ တယ်။ မတော်တဆ ဒီလို ဖြစ်တာကလွဲလို့ အစီအစဉ်ရှိရှိနဲ့ နှစ်ဦးနှစ်ဖက် ဒီလို ဆောင်ရွက်တဲ့ ပဋိပက္ခ ဖြစ်အောင် ဖန်တီးတာ မရှိပါဘူး ဒါကြောင့်မို့ ဒီငြိမ်းချမ်းရေးဖြစ်စဉ် အပစ်အခတ်ရပ်စဲရေး ဖြစ်စဉ်ပေါ့ ကျနော်တို့ ကရင်အမျိုး သားတွေအတွက် အင်မတန်မှ စိတ်ချမ်းသာကိုယ်ချမ်းသာ ဖြစ်တယ်ဆိုတာ ပကတိ လက်တွေ့အခြေအနေ ဖြစ် တယ်ဆိုတာတော့ ကျနော်တို့ တိုင်းပြည်ကို ပြောကြားချင်ပါတယ်။ ဒါကြောင့်မို့ တချို့ဒေသတွေမှာတော့ ကျနော် တို့ ကရင်အမျိုးသားတွေရဲ့ နယ်မြေမှာ ဖြစ်ပေါ်နေသလို ထပ်တူထပ်မျှ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ တိုင်းရင်းသားတွေကလည်း တဦးနဲ့ တဦး တမျိုးနဲ့တမျိုး တဖက်နဲ့တဖက် ကတော့ ဖွံ့ဖြိုးတိုးတက်မှု မတူညီကြတဲ့ အခါကျတော့ ဒီပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာလည်း နိုင်ငံတော်အစိုးရဘက်ကတော့ သဘောထား ကြီးကြီး အမြင်ကျယ်ကျယ်နဲ့ ကျနော်တို့ဒါ ဆောင်ရွက်သွားမယ် ဆိုလို့ရှိရင်တော့ ဒီ ငြိမ်းချမ်းရေးဟာ တည် ဆောက်နိုင်မယ်လို့ ကျနော်တို့ကတော့ အပြုသဘောနဲ့ ကြည့်ပြီးတော့ ကျနော်တို့ ဒီလိုဘဲ မြင်ပါတယ်ခင်ဗျ။

ဦးခင်မောင်ငြိမ်း
ဟုတ်ကဲ့ခင်ဗျ ဟုတ်ကဲ့ ဒီတနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုတဲ့ စကားလုံးအသုံးအနှုန်းထဲမှာ ကျနော်တို့ ဒီ ကချင်ပြည်နယ်တို့ ရှမ်းပြည်နယ်တို့ လည်းဘဲ အကုန်လုံး တိုင်းရင်းသားပြည်နယ်အကုန်လုံးဟာ ပါဝင်ကြမယ်ဆို တော့ အခုဒီ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့ ဒါတွေ အကုန်လုံးဟာ အပစ်အခတ်ရပ်စဲမှုရမှ အေးချမ်းသာယာမှုလဲဘဲ ရရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုတဲ့ အသုံးအနှုန်းဝေါဟာရက ကျယ်ပြန့်သလိုဘဲ တကယ်လည်းဘဲ လက်ရှိ လက်ရောက် အကောင်အထည်ဖေါ်နိုင်ဖို့လဲ တော်တော်ကိုဘဲ အရေးကြီးနေပါတယ်။ ကဲ ဆက်ပြီးတော့ ပြောပါ အုံးခင်ဗျ ခူးဦးရယ် အနေနဲ့ကော ဒီ အရှိကို အောင်မြင်တိုးတက်မှု ပိုမိုရရှိနိုင်ဖို့ ဘယ်လိုတွေများလုပ်သင့်တယ်လို့ ယူဆပါလဲ ခင်ဗျ။

ဆရာ ခူးဦးရယ်
ဟုတ်ကဲ့ အခုတခေါက် ကျနော်တို့ အစိုးရနဲ့ တွေ့ဆုံတဲ့ဆွေးနွေးမှုကတော့ ပွင့်လင်းမြင်သာမှု ရှိတယ်လို့ဘဲ ပြော ရမှာဖြစ်ပါတယ်။ အရင့်အရင်က တွေ့ဆုံဆွေးနွေးမှုတွေနဲ့ နှိုင်းယှဉ်ရင်ပေါ့ဗျာ။ ဒါပေမဲ့လို့ ကျနော်တို့အနေနဲ့ ဟို ဆန္ဒရှိရုံ တခုတည်းနဲ့တော့ မပြီးဘူးလို့ ကျနော်ထင်ပါတယ်။ ငြိမ်းချမ်းရေးကိုတော့ လူတိုင်းတောင့်တကြပါတယ်။ ကျနော်တို့က တကယ်ဘဲဆန္ဒရှိရင် ရှိတဲ့အတိုင်း တကယ်ဘဲလုပ်ဆောင်ဖို့လိုတယ်။ နောက်ပြီးတော့ စေတနာမှန် ဖို့လိုပါတယ်။ ကျနော် အဲလို ပြောချင်တယ်ခင်ဗျ။ တကယ်လို့များ ကျနော်တို့က ပါးစပ်ကဘဲပြော နှုတ်ကဘဲပြော စိတ်ဆန္ဒကတော့ရှိပါရဲ့ ဒါပေမယ့် ကျနော်တို့ စေတနာမမှန်ဘူး ဆိုလို့ရှိရင်တော့ ကျနော်တို့သွားချင်တဲ့ လမ်းခရီး ကတော့ အဆုံးတိုင် ရှောရှုရောက်ဖို့တော့ ကျနော်တို့ အခြေအနေရမယ် မထင်ပါဘူး။ ကျနော်တို့ နှစ်ဦးနှစ်ဖက် အပေးအယူ လုပ်တဲ့အခါမျိုးတွေမှာကတော့ တစ်ဦးကိုတစ်ဦး ယုံကြည်က အဓိကလို့ ကျနော်အဲလို နားလည်ပါ တယ်။ ယုံကြည်မှုတည်ဆောက်ဖို့ ရယူကြဖို့ဆိုတဲ့နေရာမှာလည်း စေတနာမှန်ဖို့ အရေးကြီးတယ်လို့ ကျနော်အဲ လိုဘဲ ပြောချင်ပါတယ်။ ဒါကြောင့်မို့ အခုကျနော်တို့သွားမယ့်ခရီးဟာကတော့ နှေးမလားမြန်မလားဆိုတာက တော့ တပ်အပ် မပြောနိုင်ပါဘူး။ အားလုံးသိကြတဲ့ အတိုင်းဘဲလေ ဗမာပြည်မှာ ဖြစ်နေတဲ့ ပြဿနာက နှစ်ပေါင်း ခြောက်ဆယ်ကျော် အဲတော့ ဒီလောက် နှစ်ရှည်လများဖြစ်နေတဲ့ ပြဿနာကို နေ့ချင်းညချင်း တစ်နှစ်တိုင် နှစ်နှစ် တိုင်နဲ့တော့ ပြီးမြောက်အောင် ကျနော်တို့ ဆောင်ရွက်ဖို့ဆိုဒါ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ကမ္ဘာမှာလဲ တချို့နိုင်ငံတွေမှာ ဖြစ်ပျက်နေတာတွေ ရှိပါတယ်။ အဲတော့ ၁၀ နှစ်တန်သည် ၁၅ နှစ်တန်သည် တချို့ကလည်း သွားနေတာတွေရှိပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ဗမာပြည်ပြဿနာကတော့ ကျနော်တို့ ပန်းတိုင်တခုကို ရောက်ဖို့ကတော့ ဒီ(၂)နှစ်တာ (၃)နှစ်တာလောက်နဲ့တော့ ပြီးမြောက်မယ်လို့ ကျနော်မထင်ဘူး။ ဆက်သွားရ မယ့်ခရီးက အရှည်ကြီးပါ။ ဒါတောင် အရှည်ကြီးခရီးမှာ ကျနော်တို့ ဆူးညောင့်ခလုတ်တွေ ဘယ်နှစ်ခု ကျနော်တို့ ကြုံရအုံးမယ်ဆိုတာတော့ မှန်းလို့မရပါဘူး။ ခနက ကျနော်တို့ပြောသလိုဘဲ နှစ်ဦးနှစ်ဖက်က ဆန္ဒတကယ်ဘဲ ရှိဖို့ လိုတယ်။ ဆန္ဒရှိတာနဲ့အညီ စေတနာလည်းမှန်မှန် နှစ်ဦးနှစ်ဖက်ပြဖို့လိုတယ်။ ကျနော်တို့ရည်မှန်းထားသလို ပူးတွဲပြီးတော့ အကောင်အထည်ဖေါ်ဖို့တော့လိုတယ်လို့ ကျနော်အဲလိုထင်ပါတယ်။ တယောက်ကကြီးသည်ငယ် သည် ဆိုတဲ့အမြင်မျိုးနဲ့ နှိမ့်ချတဲ့သဘောမျိုးနဲ့ ပြုမူဆက်ဆံတာမျိုးတော့ မလုပ်သင့်ဘူးလို့ ကျနော်အဲလို ယုံကြည် ပါတယ်။ ကျနော်တို့ တန်းတူရည်တူ အခြေခံအောက်မှာ ကျနော်တို့ တွေ့ဆုံညှိနှိုင်းပြီး အဖြေရှာကြမယ်ဆိုလို့ ရှိ ရင်တော့ ကျနော်တို့မျှော်မှန်းတဲ့ ငြိမ်းချမ်းရေးခရီးကိုတော့ အဆုံးတိုင်ရောက်မှာဘဲ ကျနော်ကတော့ တထစ်ချ ယုံကြည်ပါတယ်။

ဦးခင်မောင်ငြိမ်း
ဟုတ်ကဲ့ ခင်ဗျား။ ဟုတ်ကဲ့ သမ္မတရဲ့အကြံပေး အရာရှိတွေ မြန်မာငြိမ်းချမ်းရေးနဲ့ပြန်လည်ထူထောင်ရေး အကြံ ပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေတို့ကလည်း ပြောသွားတာရှိပါတယ်။ သူတို့ကတော့ အကောင်းဘက်ကိုဘဲ ရှေးရှုနေ ပါတယ် အင်မတန်မှဘဲ Positive မြင်ပါတယ်လို့ စကားပြောသွားတာတွေရှိပါတယ်။ ဒီတော့ ကျနော်တို့က ခုနက ပြောသလို နှစ်ဦးနှစ်ဖက် ယုံကြည်မှုနဲ့ တန်းတူရည်တူ အခွင့်အရေးတွေရယူပြီးတော့ တဖက်နဲ့တဖက် ယုံကြည်မှု ကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မယ်ဆိုလို့ရှိရင်တော့ အောင်မြင်စရာလမ်းစက အများကြီးဘဲရှိမယ်လို့ မျှော် လင့်ထားပါတယ်။ ဆရာတို့ ပြောစရာများရှိသေးလားခင်ဗျား။

ပဒို မန်းငြိမ်းမောင်
ရှိပါတယ်ခင်ဗျ။ ကျနော်နည်းနည်းပြောချင်ပါတယ်။
ကျနော်တို့တိုင်းပြည်မှာ ဒီဗမာပြည်မှာ ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ ပါတ်သက်ပြီးတော့ ဒီပြည်တွင်း ပဋိပက္ခ အဆုံးသတ်ဖို့ဆိုရင် လမ်းနှစ်လမ်းဘဲ ရှိပါတယ်။ ပထမလမ်းကတော့ ကျနော်တို့ နှစ်ပေါင်း (၆၀)ကျော် လျှောက်ခဲ့ ပါပြီ။ ဒါအဖြေ မပေါ်ပါဘူးခင်ဗျ။ အဲဒီလမ်းကတော့ ကျနော်တို့ ပြန်မသွားချင်တော့ဘူး။ အခုကျနော်တို့သွားနေတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုလမ်းကတော့ လမ်းသစ်ဖြစ်ပါတယ်ခင်ဗျ။ ဒီလမ်းသစ်ကို ကျနော်တို့က လမ်းသစ်ဖြစ် တဲ့အတွက် ခုတ်ထွင်ရှင်းလင်းပြီး သွားရတဲ့အခါကျတော့ ကျနော်တို့မှာ ဒါက အတွေ့အကြုံလည်း မရှိပါဘူး။ ဒီအတွေ့အကြုံ သင်ရင်းနဲ့ဘဲ ကျနော်တို့ (လွှတ်လက်ထွန်ရတဲ့) အခါကျတော့ ကျနော်တို့ အကုန်လုံးလည်း မမှန် နိုင်ပါဘူး။ အကုန်လုံးလည်း မမှားနိုင်ဘူး။ ချို့ယွင်းအားနည်းချက်တွေလည်း ရှိကောင်းရှိမှာပေါ့၊ သို့သော် ကျနော် တို့ဟာ ဒီလမ်းကို ဒီငြိမ်းချမ်းရေးကို ယုံကြည်တဲ့စိတ်ဓါတ် ငြိမ်းချမ်းရေးကို မျှော်လင့်တဲ့စိတ်ဓါတ် နဲ့ ကျနော်တို့ သွားမယ်ဆိုရင်တော့ ဒီအခက်အခဲစိမ်ခေါ်မှုတွေကို ကျနော်တို့ ကျော်လွှားဖြေရှင်းပြီးတော့ ကျနော်တို့ ငြိမ်းချမ်း ရေးကို တည်ဆောက်နိုင်မယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်ခင်ဗျ။

ခင်မောင်ငြိမ်း
ဟုတ်ကဲ့ခင်ဗျား ကျေးဇူးတင်ပါတယ်။ အချိန်ကလည်း ပြည့်နေပြီဖြစ်တဲ့အတွက် ဒီမှတ်ချက်တွေနဲ့ဘဲ ကျနော်တို့ စကားဝိုင်းကို နိဂုံးချုပ်ပါရစေ။ အခုလို ပါဝင် ဆွေးနွေးပေးကြတဲ့အတွက် KNPP ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ ဒုတိယ ဥက္ကဌ ဦးခူးဦးရယ် နဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင် ဦးမန်းငြိမ်းမောင် တို့ကို ကျေးဇူး အထူးဘဲ တင်ရှိကြောင်း ပြောကြားပါရစေ ခင်ဗျား။
သောတရှင်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ။
http://www.rfa.org/burmese/commentaries/ceasfire-draft-04132014052931.html/1021101e10361016102d102f102f10041039-1014102c1038100610041039101b10141039108f103d100410371039-101b101a1030101b10141039/inline.html

1 comment:

  1. အစိုးရရှေ့ နေကြီး မန်းငြိမ်းမောင်နဲ့ တိုင်းရင်းသားရှေ့ နေ ခူဦးရယ်တို့ နဲ့ အင်တာဗြူး...
    (အစိုးရရှေ့ နေပြောတာမှန်တယ်..ကရင်နယ်ထဲမှာ သေနပ်သံတိတ်သွားတာ ၂ နှစ်ရှိပြီဆိုတာလေ။
    နည်းမျိုးစုံ နယ်မြေကျူးကျော်တာတွေ တပ်ချဲ့ထွင်လာတာတွေကို ကရင်က လုံးဝတဘက်သပ်ဖွင့်ပေးလိုက်ပြီမို့ 
    အစိုးရဘက်ကလဲပစ်စရာမလိုဘဲ လုပ်ချင်ရာလုပ်လို့ ရနေပြီဆိုတော့ သေနပ်သံဘယ်ကြားတော့မှာလဲ။
    ဒါပေမဲ့ ကရင်ဘက်ကလဲ မြို့ တွင်းကိုကြိုက်သလို ၀င်နေထွက်နေလို့ ရနေပြီ။ ကရင်နဲ့တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့ နဲ့ ခုလိုကူးလူးသွားလာနေတာတွေဟာဘာမှတော့ဆိုင်ပုံမပေါ်ဘူး။ ဒီနည်းပရိရယ်ဟာ
    အစိုးရဘက်က မူးသလိုရူးသလို သတိလစ် ဟန်ဆောင်ပြီး မိမိရန်သူတွေကို ဂွင်သွင်းနည်းတခုထက်တော့မပိုသေးဘူး၊
    လမ်းသစ်မဟုတ်ဘူး ဆရာ...အကြိမ်ကြိမ်သုံးခဲ့ပြီးတဲ့ လမ်းဟောင်းပါဘဲ။ သမိုင်းမျက်ခြေပြတ်နေတဲ့ ခေတ်ပညာရှင်တွေရဲ့ အပြောအဟောမှာ ကိုယ့်ဆရာလို သမိုင်းအံတိုနေတဲ့ပုဂ္ဂိုလ်တဦးက
    ပုတ်သင်ညို လိုက်လုပ်ပေးနေတာကိုတော့ သမိုင်းသခင်္နးစာအသစ်လို့ ပြောရင်ရမယ်ထင်တာဘဲ။

    ReplyDelete