Issue No: No.396 Sunday, June 1, 2014
ရန်ကုန်

ကရင်ပြည်နယ် သံလွင်မြစ်အထက်ပိုင်းတွင် မဂ္ဂါဝပ် ၁၄၀၀ ထုတ်လုပ်နိုင်သော ရေအားလျှပ် စစ်စက်ရုံတည်ဆောက် ရန် မြန်မာလျှပ်စစ်စွမ်းအားဝန် ကြီးဌာနနှင့် တရုတ်ကုမ္ပဏီဖြစ် သည့် Hanergy အုပ်စုတို့က သဘောတူလက်မှတ် ရေးထိုး လိုက်သည်။
ပြည်တွင်းမှ ဆောင်ရွက်ပေး မည့် ကုမ္ပဏီမှာ အေးရှားဝေါလ် ဖြစ်သည်။
အထက်သံလွင် ရေအား လျှပ်စစ်စီမံကိန်းအရ တရုတ်ကုမ္ပ ဏီက မြန်မာနိုင်ငံတွင် အနှစ် လေးဆယ်ကြာ ရေအားလျှပ်စစ် ထုတ်လုပ်ခွင့်ရှိမည်ဖြစ်ပြီး ထွက် ရှိမှု၏ ၁၀ ရာခိုင်နှုန်းကိုလည်း တ ရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမည် ဖြစ်သည်။
အဆိုပါ စီမံကိန်းအတွက် တရုတ်နိုင်ငံ Hanergy အုပ်စုနှင့် မြန်မာအစိုးရတို့သည် ၂၀၁၀ ပြည့်နှစ်ကတည်းက လက်မှတ် ရေးထိုးထားခဲ့သည်ဟု Hanergy အုပ်စုက ပြောကြားသည်။
၂၀၁၁ ခုနှစ် အောက်တိုဘာ လတွင် တရုတ်၊ မြန်မာအစိုးရ တာဝန်ရှိသူများနှင့် အေးရှားဝေါလ်နှင့် ပူးပေါင်းလုပ်ကိုင်မည့် ကုမ္ပဏီ များက ဧရာဝတီမြစ်ဆုံဆည် ဆောက်လုပ်ရေး ရပ်ဆိုင်းရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည် ဟု Hanergy အုပ်စုက ဆိုသည်။
(ကိုးကား hydroworld)
မူရင်း 7 Day Daily - http://7daydaily.com/story/12150#.U4r-LXZX2Sp
Type the rest of your post here.
No comments:
Post a Comment