Sunday, June 22, 2014

အခြေခံဥပဒေကို လွှတ်တော်လမ်းကြောင်းမှ ပြင်၍မရတော့ပါက ကော်မတီမှ နုတ်ထွက်မည်ဟု ဒေါက်တာအေးမောင်ပြော

ဖွဲ့စည်းပုံအခြေခံဥပဒေ ကို လွှတ်တော်လမ်းကြောင်းမှ ပြင်ဆင်၍ မရနိုင်တော့ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင် ရေး အကောင်အထည်ဖော်မှု ကော်မတီမှ နုတ်ထွက်မည်ဟု ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောသည်။

ဖွဲ့စည်းပုံကို ပါလီမန်ထဲက ပြုပြင်ပြောင်းလဲနိုင်မယ်လို့ ယုံကြည်ချက်ပျက်ပြီး ပြင်လို့မရနိုင်တော့ဘူးလို့ ထင်တဲ့နေ့မှာ ကျွန်တော်တို့ထွက်မယ်’’ ဟု ဒေါက်တာအေးမောင်က ၎င်းပါတီ၏ သဘောထားကိုပြောသည်။

လက်ရှိအချိန်တွင် ပြည် ထောင်စုလွှတ်တော်၌ ဖွဲ့စည်း ထားသည့် ဖွဲ့စည်းပုံအခြေခံဥပ ဒေ ပြင်ဆင်နိုင်ရေး ကော်မတီ သည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည် သမ္မတဖြစ်ပိုင်ခွင့် ကန့်သတ်ထားသည့် ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ခြင်းမပြုကြောင်း ဆုံးဖြတ်ခဲ့သည့်သတင်းများပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထွက်ပေါ်လာခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်နိုင်ရေး အကောင်အထည် ဖော်မှုကော်မတီတွင် အဖွဲ့ဝင် ၃၁ ဦးရှိရာ အာဏာရပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အများစု ပါဝင်နေ သည်။

ထို့ကြောင့် ကော်မတီတွင် ကိစ္စတစ်ခုကို မဲခွဲဆုံးဖြတ်ပါက ဒီမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသားများဘက်က ရှုံးနိမ့် ခြေများနေသည်ဟု ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်အချို့ က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အရေးကြီးသည့် အချက်များကို ပြင်ဆင်ရန် ဆွေးနွေးသည့်အခါ တွင် အချေအတင်ဖြစ်လာပြီး တိုင်းရင်းသားများ၏ လိုလားချက်များ ပြည့်နိုင်ရန် အခက်အခဲများကို ကျော်ဖြတ်ရမည့် အနေအထားရှိသည်ဟု ‘၀’ ဒီမိုကရက်တစ်ပါတီအတွင်းရေးမှူး အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးစိုင်းပေါင်းနပ်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်မည့် ဥပဒေကြမ်းတစ်ခုကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်ဖြစ်သည်။

Aye Chan Mon Credit To: 7 Day Daily
http://www.ayechanmon-news1.com/

No comments:

Post a Comment