Wednesday, June 18, 2014

KIA တပ်မဟာ (၃)၌ တိုက်ပွဲများ ပြန်လည် စတင်ဖြစ်ပွားနေ

Written by ရွေဟင်္သာသတင်းဌာန

အစိုးရ တပ်များသည် (၄)လကြာ တိုက်ခိုက်မှုများ ရပ်စဲနေရာမှ ပြီးခဲ့သည့် ဇွန်လ (၁၅)ရက်နေ့ မနက်(၆)နာရီခွဲ တွင် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မုန်ဒိန်း ပါ ကျေးရွာ ၀န်းကျင်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၃) လက် အောက်ခံ တပ်ရင်း (၁၂) တပ်များကို စတင်တိုက်ခိုက် ခဲ့သည်ဟု တပ်ရင်း အရာရှိ တဦးက ဆိုပါသည်။

မုန်ဒိန်ပါ ကျေးရွာ ရှိစာသင်ကျောင်းတွင် စခန်း ချနေသော အင်အား (၇၀)ခန့်ရှိသည့် အစိုးရ ခလရ (၂၁၇) နှင့် ခမရ (၃၁၈) တို့ပူးပေါင်း စစ်ကြောင်း သည် KIA တပ်ရင်း (၁၂) ဧရိယာထဲ သို့ ၀င်ရောက် လှုပ်ရှားရာက မိနစ်(၃၀)ခန့် တိုက်ပွဲဖြစ်ပွား ခဲ့သည် ဟု KIA ဖက်မှဆိုပါ သည်။

အလားတူ ဇွန်လ (၁၅)ရက်နေ့ နေ့လည် (၁၀)နာရီတွင်လည်း တပ်မ(၈၈) စစ်ကြောင်း များသည် နမ့်ခါး ကျေးရွာ ၀န်း ကျင် သို့ ရောက်ရှိစဉ် KIA တပ်ရင်း (၂၇)၏ ထောင်မိုင်းအား နင်းမိရာက နောက်ဆုတ် သွားခဲ့ကြောင်း၊ ထိုအခြေ အနေ မှ မနက် (၁၀)နာရီခွဲတွင် အစိုးရ ခလရ (၁၀၈) စစ်ကြောင်းများ သည် KIA တပ်မဟာ (၃) တပ်ရင်း (၂၇) ရှိ လွိုင်ဆိုင် တောင် ခြေဖက်ရှိကွန်ခါးပါ ကျေးရွာဟောင်းအနီးသို့ ဝင်ရောက် လှုပ်ရှား သဖြင့် ခေတ္တမျှ ပြင်းထန် စွာ တိုက်ပွဲဖြစ် ခဲ့ ကြောင်း ဆိုပါသည်။

ထိခိုက်မှု အခြေအနေ မသိရ သေးသော်လည်း ဆက်လက် တိုက်ပွဲ ဖြစ်ပွားရန် အလားလာ ရှိနေသည်ဟု ဆိုပါသည်။ ဤတိုက်ခိုက်မှု ပါတ်သက်ပြီး အစိုးရဖက်မှ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

အစိုးရတပ်များသည် ဇွန်လဆန်းမှစပြီး ဗန်းမော် လိုင်ဇာ လမ်းကြောင်းရှိ လဂျာယန်ကျေးရွာ ဖက်တွင် စစ်သည် လက် နက် ရိက္ခာများ အင်အား ဖြည့်ဆီး နေ သည်ဟု KIA စစ်ရုံးချုပ်၏ သတင်းမှဆိုပါသည်။ အစိုးရတပ်များသည် တပ်မဟာ (၃)လက်အောက်ခံ တပ်ရင်း (၁)နှင့် တပ်ရင်း (၂၇)အား ပြီးခဲ့သည့် ဧပြီလ (၁၀)ရက်နေ့မှ တပတ်ကြာ သကြန်ကာလ စစ်ဆင်ရေး တွင် အထိနာခဲ့သည်ဟု သတင်းများက ဆိုပါသည်။

ယင်းစစ်ဆင်ရေးတွင် တပ်မ(၉၉) စစ်ကြောင်းများ၊ အမှတ် (၂၁) စစ်ဆင်မှု ကွပ်ကဲရေး ဌာနချုပ် (စကခ) စစ်ကြောင်း များနှင့် မြောက်ပိုင်းတိုင်း တပ်များ ပါဝင်ခဲ့ပါ သည်။ ထိုအချိန်မှစပြီး တပ်မဟာ (၃)တွင် တိုက်ပွဲများ ခေတ္တရပ်နားသွား ခဲ့ပြီး မှ ယခုတိုက်ပွဲသည် စစ်ဆင်မှု ပြန်လည် စတင်လာသည်ဟု ဆိုရမည် ဖြစ်သည်။

ထိုတိုက်ပွဲ များကြောင့် မေလတွင် အစိုးရ ၏ ငြိမ်းချမ်းမှု ပြန်လည်တည်ဆောက်ရေး အဖွဲ့သည် KIO နှင့် စစ်ပွဲလျှော့ချရန် မြစ်ကြီး နားမြို့တွင်ထပ် မံ ဆွေးနွေး ရလေသည်။ သို့သော် ဆွေးနွေးပွဲတွင် မြောက်ပိုင်းတိုင်း မှူး ၏ ကိုယ်စားလှယ် များသာ ဆွေးနွေးခဲ့ရပြီး ကကကြည်း ကိုယ်စားလှယ်များ မပါခဲ့ပေ။

ဤအခြေအနေကို ကြည့်ခြင်းဖြင့် အစိုးရသည် KIA အား ထပ်မံစစ်ဆင်လာ လိမ့်မည်ဟု ယူဆနေကြစဉ် မကွေးလေ ကြောင်း လေ့ကျင့်မှု တခု၌ စစ်လေယာဉ် တစီးပျက်ကျသွား သဖြင့် စစ်ဆင်ရေး သတင်းလည်း ငြိမ်သက်ပြန်ရာမှ ယခုကြည်းကြောင်း စစ်ဆင်မှုများ ပြန်လည်စတင်လာခဲ့သည်ဟု စစ်ရေး အကဲခတ်များမှ သုံးသပ်နေပါသည်။
http://www.phophtawnews.org/burmese/index.php/news/internal-news/item/1191-kia.html

No comments:

Post a Comment