Friday, September 26, 2014

ငြိမ်းကောင်စီမှ ဒေါက်တာတိမိုသေ နှူတ်ထွက်ပြီ

နောက်ဆုံးတော့ ကွဲကြလေသတည်း.....

နှုတ်ထွက်စာ-3.docx.pdf

Type the rest of your post here.

Thursday, September 25, 2014

အစိုးရနဲ့ NCCT- ၂ဝ၁၄ စက်တင်ဘာ ၂၃

ဒီလူတွေက ခုတမျိုး နောက်တမျိုးပါပဲ...ဒါကို အဖေလို ယုံနေတဲ့လူတွေလည်းရှိနေတာပါပဲ...ဒီထဲမှာငါတို့ အမျိုးတွေလည်းပါတာပါပဲ။




Type the rest of your post here.

Wednesday, September 24, 2014

ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး NCCT အဆိုပြုချက် တပ်မတော် ပယ်ချ

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ကိုယ်စားပြုတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင်တွေ တင်သွင်းတဲ့ "ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး" အချက်ကို တပ်မတော်ခေါင်းဆောင်တွေက ပယ်ချခဲ့တဲ့ အတွက် ဒီနေ့ဆွေးနွေးပွဲကို သတ်မှတ်ချိန်ထက်စောပြီး ရပ်ဆိုင်းလိုက်ပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုင်နိုင်ဖို့ NCCT ခေါင်းဆောင်တွေနဲ့ အစိုးရဘက်က ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီး ၄ ဦး တက်ရောက်ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

ဒီနေ့ ဆွေးနွေးပွဲမှာ သဘောထားကွဲလွဲခဲ့တာတွေနဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက အခုလို ပြောပါတယ်။

"ဒီနေ့ မပြေလည်လို့ အစောကြီးနားလိုက်တာပါ၊ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးကိစ္စနဲ့ သူတို့ဖက်က လုံခြုံရေးဆိုင်ရာ ပူးပေါင်းရေး၊ ကျနော်တို့ဖက်က ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး အဲဒီ့ကိစ္စ နည်းနည်း သဘောမတူညီနိုင်ဘူး၊ အများကြီးတော့ မဟုတ်ပါဘူး၊ တပ်ကိစ္စပါဝင်တာပေါ့ဗျာ၊ တပ်သားသစ် မစုဆောင်းရေး ဆိုတဲ့ သူတို့ဖက်ကချတဲ့သဘောထားမှာ ကျနော်တို့ဖက်က သဘောမတူညီနိုင်ဘူး၊ သူတို့ကတော့ ဒီအတိုင်းပဲ အထက်ကချထားတဲ့မူအရပေါ့ဗျာ၊ ဒါကိုလည်း သူတို့ဆက်ပြီးတော့ထားတာပေါ့"

ဒါ့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျင်းပပြီးနောက် ရရှိလာမယ့် သဘောတူညီချက်ကို ပြည်ထောင်စု လွှတ်တော်ထံ တင်ပြမယ့်ပုံစံနဲ့ ပတ်သက်ပြီးလည်း သဘောတူညီမှုမရခဲ့ကြောင်း ဦးနိုင်ဟံသာက ပြောပါတယ်။

"ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံပြီးတဲ့နောက် ရလာတဲ့သဘောတူညီချက်ကို ကျနော်တို့ဖက်က ပုံမှန် အရပေါ့ဗျာ လွှတ်တော်ကို တင်ပြပြီးတော့မှ အသိအမှတ်ပြုတာ၊ အဲ့ဒါကို ရေးသားပုံ၊ ရေးသားနည်းနဲ့ အဓိပ္ပာယ်ဖော်မှုပေါ့ဗျာ အစိုးရဖက်က တင်ပြတာကတော့ ဒါကို လွှတ်တော်ကို တင်ပြရုံပဲပေါ့ဗျာ၊ ဒါအတည်ပြုတဲ့ စာတမ်းကိုမထည့်နဲ့ တကယ်လို့ အတည်ပြုရမယ်ဆိုရင် လွှတ်တော်အနေနဲ့ ဒါကိုပြန်စိစစ်ရမယ်၊ သုံးသပ်ရမယ်၊ အချင်းချင်းညှိနှိုင်းပြီးတော့မှ ဆုံးဖြတ်ရမယ်ဆိုတဲ့ သဘောထားမျိုးပေးတာပေါ့ဗျာ"

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ UPWC နဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT တို့ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့အတွက် ဆွေးနွေးဖို့ ကျန်နေသေးတဲ့ အချက် ၅ ချက်ကို ဆွေးနွေးနေကြတာဖြစ်ပါတယ်။ ဆွေးနွေးပွဲကို မနက်ဖြန်မှာ ဆက်လက်ကျင်းပ သွားမယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာကို RFA သတင်းထောက် ကိုသီဟထွန်း တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
www.rfa.org/burmese/news/upwc-ncct-seconday-09232014112312.hေtml

KNU ခေါင်းဆောင်အချို့အပေါ် ပြစ်တင်စာဖြန့်ဝေခြင်း ကရင်လူထုကန့်ကွက်

စက်တင်ဘာ ၂၃ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းဘေးရှိ မြန်မာနိုင်ငံ ခရစ်ယာန်ကောင်စီ၊ ယုဒသန်ခမ်းမတွင် စက်တင်ဘာ ၂၂ရက် ညနေ ၅နာရီက ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဥက္ကဌ စောမူတူးစေးဖိုး ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲအတွင်း ကေအဲန်ယူ ဒုဥက္ကဌကို ပြစ်တင်စာ ဖြန့်ဝေမှုအပေါ် တက်ရောက်လာသူများက ကန့်ကွက်ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲတွင် ကေအဲန်ယူ ဒုဥက္ကဌကို ပြစ်တင်ဝေဖန်ထားသော ကေအဲန်ယူ ကျေးရွာအဖွဲ့ဝင် ဖူးတာသီး ရေးသည့် “ကေ အဲန်ယူ ခေါင်းဆောင်မှု အဘယ်နည်း” လေ့လာသုံးသပ်ချက် စာတမ်း အပါအဝင် ထုတ်ပြန်ချက်များပါရှိသည့် စာအုပ်တစ်အုပ်ကို ဖြန့်ဝေပေးခဲ့သည့်အပေါ် ယခုကဲ့သို့ ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံပွဲတက်ရောက်သူ ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှ စောညီညီလွင်က “တောင်းဆိုစရာတစ်ခုပဲရှိပါတယ်။ ဘာလဲဆိုတော့ ဒီ ဝေလိုက်တဲ့စာအုပ်က မူရင်းစာရေးသူက ကြိယာကို နားမလည်လို့လား၊ နားမလည်ချင်ယောင်ဆောင်ပြီးတော့ ရေးခဲ့တာလား။ စွပ်စွဲချက်ဆိုလိုရင်းအဓိပ္ပါယ်နဲ့ ရေးထားတယ်ဆိုတာမြင်ပါတယ်။ ဒါ လုံးဝမဖြစ်သင့်ဘူးလို့ မြင်ပါတယ်။ ကျနော်တို့ခေါင်းဆောင် ဥက္ကဌကိုလည်းချစ်ပါတယ်။ ဒုဥက္ကဌကိုလည်း ချစ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုလို့ယှဉ်ရင် ဒီဝေထားတဲ့စာအုပ်ကို ပြန်သိမ်းပေးပါလို့ တောင်းဆိုချင်ပါတယ်”ဟု ပြောသည်။

အလားတူ တွေ့ဆုံပွဲတက်ရောက်လာသူ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ နော်စူစန်နာလှလှစိုးက ယင်းစာကို တက် ရောက်လာသူများ လက်ခံမခံ မဲခွဲရန် တောင်းဆိုခဲ့သော်လည်း ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောထွန်းအောင်မြင့်တို့က မဲမခွဲရန်နှင့် စာအုပ်မလိုချင်သူများအနေ ဖြင့် ထားခဲ့နိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။
“အခု အစည်းအဝေးလာတော့ ဒီစာရွက်တွေကို တွေ့တယ်။ ဒီလိုထွက်လာတာ ကျမကန့်ကွက်တယ်။ ဒီလိုမျိုးတစ်ဦးတည်း ရပ် တည်တဲ့လူတစ်ယောက်က ဒီလိုမျိုး ခေါင်းဆောင်ကို လူသိရှင်ကြား စာဝေပြစ်တင်တာကို ကန့်ကွက်ပါတယ်လို့ ပထမဆုံးပြော ချင်ပါတယ်”ဟု ဆိုသည်။

ယင်းတွေ့ဆုံပွဲမှာ မကြာသေးခင်က ဖြစ်ပေါ်ခဲ့သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)နှင့် ကေ အဲန်ယူတို့အကြား အခြေအနေများကို ကေအဲန်ယူ ခေါင်းဆောင်များကိုယ်တိုင် လူထုနှင့် တွေ့ဆုံပြောဆိုနိုင်ရန် ရည်ရွယ်၍ ရန် ကုန်မြို့ရှိ ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (KUPC) တာဝန်ရှိသူများက စီစဉ်ကျင်းပခဲ့ကြခြင်းဖြစ်သည်။

သို့သော် တက်ရောက်လာသူ ၉ဦးက ယခုတွေ့ဆုံပွဲအတွက် ကေအဲန်ယူခေါင်းဆောင်များ လာရောက်ရာတွင် ဗဟိုကော်မတီ ဆုံးဖြတ်ချက်ဖြင့်ဟုတ်မဟုတ်အပြင် UNFC သို့ တင်သွင်းသည့်စာတမ်းသည် ဗဟိုကော်မတီဝင်များအားလုံး သိရှိခြင်းရှိမရှိ၊ UNFC အဖွဲ့ဝင်အဖြစ် ရပ်ဆိုင်းထားခြင်းသည် ငြိမ်းချမ်းရေးကို ထိခိုက်မှုရှိမရှိ စသည့်မေးခွန်းများကို မေးမြန်းခဲ့ရာ ကေအဲန်ယူ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောဆိုခဲ့သည်။

၎င်းအပြင် Euro Burma Office-EBO ဒါရိုက်တာ ဦးဟန်ညောင်ဝေက UNFC အဖွဲ့အကြောင်း လာရောက်ရှင်းလင်း ပြောဆို သည့်အပေါ် တွေ့ဆုံပွဲတက်ရောက်နေသည့် နော်အုန်းလှက ကရင်ခေါင်းဆောင်များပြောသည်ကိုသာ ကြားလိုကြောင်း ကန့် ကွက်ခဲ့သည့်အတွက် တွေ့ဆုံပွဲအခမ်းအနားမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သေးသည်။

“ကရင်ပြည်သူတွေ လိုချင်တာက ကိုယ့်ကရင်ခေါင်းဆောင်တွေက ချပြတာမျိုးလိုချင်တယ်။ တခြားအဖွဲ့အစည်းက လူတွေကို ရှေ့ကနေပြီးတော့ ပေးပြောသွားတာမျိုးတွေက ကျနော်တို့ကရင်အမျိုးသားတွေအတွက် စိတ်မကောင်းစရာတွေဖြစ်တယ်။ အဲဒီ အတွက်ကတော့ သင်ခန်းစာတစ်ခုအနေနဲ့ လေ့လာသင့်တယ်လို့ ကျနော်အနေနဲ့ ယုံကြည်တယ်။ တကူးတက လာပြောတာကို လည်း အတိုင်းအတာတစ်ခုထိ တန်ဖိုးထားပါတယ်”ဟု တွေ့ဆုံပွဲတက်ရောက်ခဲ့သူ စောကပိက ပြောသည်။

သုံးနာရီကြာ ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲသို့ ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ အထွေထွေ အတွင်းရေးမှူး ပဒိုစော ကွယ်ထူးဝင်း၊ ဗဟိုကော်မတီဝင် ပဒိုစောတာဒို့မူး၊ ပဒိုစောလှထွန်းတို့အပြင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောထွန်းအောင် မြင့်၊ ဒေါက်တာစိုင်မွန်သာ၊ ဒေါက်တာနော်ရီဘက်ခါထင်တို့ ပါဝင်သည့် KUPC ကော်မတီဝင်များ ကရင်ပြည်သူ့ပါတီဝင်များ၊ ရန် ကုန်မြို့နှင့် အနီးတ၀ိုက်ရှိ ကရင်အမျိုးသားများနှင့် ကရင်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်းလူဦးရေ ၁၅၀ကျော် တက်ရောက်ခဲ့ကြသည်။
http://www.kicnews.org/

မှတ်ချက်။ ။ ဆောင်းပါးပါ ဖူးတာသီး ဆိုတာ စောတူးတူးလေး ဖြစ်ပါတယ်။

Monday, September 22, 2014

KNU သမိုင်းကို ဖျက်ဆီးကြတော့မှာလား ...

မန်းအိုင်ဖလုံး (မြစ်ဝကျွန်းပေါ်)

၂၀၁၄ခုနှစ်၊ သြဂုတ် ၃၁ရက်နေ့ UNFC ကနေ KNU နှုတ်ထွက်ကြောင်းစာကို KNU ဥက္ကဌ စောမူတူးစေးဖိုး လက်မှတ်ထိုး ပို့လိုက်တယ်လို့ ကြားသိလိုက်ရရင်ပဲ ပြည်တွင်း၊ ပြည်ပ ကရင်တွေအားလုံး စိတ်ထိခိုက်ကြရတယ်။

KNU ဆိုတာ ၁၉၄၇၊ ဖေဖော်ဝါရီ ၅ရက်နေ့က စတင်ဖွဲ့စည်းခဲ့တဲ့ တစ်ခုတည်းသော ကရင်ရှေ့ဆောင်အဖွဲ့အစည်း၊ သက်တမ်း ၆၇နှစ်။ ကရင်ပြည်သူတွေကို ဦးဆောင်မှုပေးခဲ့တာ ရာစုနှစ်ထက်ဝက်ကျော်ပြီး စိန်ခေါ်မှုမျိုးစုံ ကြုံတွေ့ခဲ့တဲ့သင်္ခန်းစာလည်း အများကြီးရှိခဲ့တယ်။ ဖဆပလဆို ၁၃နှစ်၊ မဆလဆို ၂၆နှစ်ပဲ ခံခဲ့တယ်။

၁၉၄၇၊ ဧပြီလ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကို ကရင်အတွက် အာမခံချက်မရှိလို့ သပိတ်မှောက်ခဲ့တယ်။ မှန်ကန်တဲ့ ဦးဆောင်မှုကို ကရင်ပြည်သူတွေ လက်ခံခဲ့လို့ မဲဆန္ဒရှင်အချို့သာ မဲသွားပေးကြတယ်။

၁၉၄၈၊ ဖေဖော်ဝါရီ ၁၁ရက်နေ့မှာ KNU ခေါင်းဆောင်မှုနဲ့ တစ်ပြည်လုံး ကရင်လူထု ၄၅၄,၁၀၀ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြ တယ်။ ကြွေးကြော်သံတွေဟာလည်း တန်းတူရေး၊ ချစ်ကြည်ရေး၊ ပြည်တွင်းစစ်ဆန့်ကျင်ရေး အနှစ်သာရတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မဟာလူမျိုးကြီးဝါဒ ဖဆပလဟာ KNU ကို စစ်ရေးနဲ့သာ တုံ့ပြန်ခဲ့တယ်။

ဒီမိုကရေစီ အခွင့်အလမ်းမရတော့တဲ့ အခြေအနေမှာ KNU ဟာ ကရင်ပြည်သူတွေအတွက် ခုခံရေးစစ်ကို ရွေးချယ်ခဲ့တယ်။ ဒီအ ခါမှာ ဖဆပလဟာ KNU ရဲ့ ခုခံရေးစစ်ကို နယ်ချဲ့မြှောက်ပေးလို့ဆိုပြီး ဝါဒဖြန့်ခဲ့ပြန်တယ်။ အဲ့ဒီတုန်းက ဖဆပလကို အင်္ဂလိပ် ဝန် ကြီးချုပ်ချာချီက အင်းတော်၊ အင်းလေး၊ အင်းမ၊ အင်းယား ဆိုတဲ့ တိုက်ရေယာဉ် ၄စီး ကူညီခဲ့တယ်။ အမေရိကန်သမ္မတ ထရူး မင်းကလည်း ဖဆပလကို တိုက်ရေယာဉ် ၁၀စီး၊ အမေရိကန်ဒေါ်လာ ၁၀သန်း အီးစီအေ၊ တီဘီအေ စီမံကိန်းနဲ့ ဒေါ်လာသန်း ပေါင်းများစွာ ကူညီခဲ့တယ်။ သူခိုးက လူကိုပြန်ဟစ်တယ်ဆိုတာ ဒါမျိုးပေါ့။

၁၉၄၉၊ ဇန်နဝါရီ ၃၁ရက်ကနေ မေလ ၂၁ရက်အထိ (၁၀၁)ရက်ကြာ အင်းစိန်တိုက်ပွဲမှာ ဖဆပလဟာ KNU ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲခေါ်ခဲ့တယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အင်္ဂလိပ်သံအမတ် မစ္စတာဘိုကာ၊ အိန္ဒိယသံအမတ်ဒေါက်တာရပ်(စ်)၊ ပါကစ္စ တန်သံအမတ် မစ္စတာအာလီ၊ အင်္ဂလီကန်ဂိုဏ်းချုပ် ဘိရှော့ဝက်(စ်) မစ္စဘမောင်ချိန်(ဒေါက်တာစံစီဖိုးသမီး) တို့ကို KNU ကို လက်နက်ချဘို့ လှည့်ပတ်ပြောကြတယ်။ KNU က လက်မခံဘဲ အင်းစိန်ကို ပြန်သွားကြတယ်။

အဲ့ဒီအချိန်မှာ ရန်ကုန်ဆိပ်ကမ်းမှာ အိန္ဒိယက သင်္ဘော ၂စီး စစ်လက်နက်အပြည့်အစုံနဲ့ ရောက်နေတယ်။ တိုင်းပြည်ကို သတင်း မှောင်ချထားခဲ့တယ်။ ပါလာတဲ့ ရှင်သာရိပုတ္ထရာနဲ့ ရှင်မောဂ္ဂလန်ရဲ့ ဓါတ်တော်တွေကိုသာ ဘမ်းပြပြီး သမ္မတစ၀်ရွှေသိုက်က ဓါတ် တော်တွေကိုပင့်ဆောင်ပြီး ရွှေတိဂုံဓါတ်တော်တိုက်မှာ အပူဇော်ခံ ကိန်းဝပ်စေခဲ့တယ်။ သင်္ဘောပါလာတဲ့ လက်နက်တွေနဲ့ ဗိုလ် ကျော်ဇော(ရဲဘော်သုံးကျိပ်ဝင်) ဦးဆောင်ပြီး ရန်ကုန်၊ ခဝဲခြံကစပြီး ကရင်ရပ်ကွက်တွေကို တိုက်ခိုက်တော့တာပါပဲ။

၁၉၅၆၊ အောက်တိုဘာ ၂၀ရက် KNU ပေါ်လစ်ဗျူရို စောမောင်တိုး၊ ဗဟိုကော်မတီဝင် စောဘာဟု၊ ဦးစီးပဲ့ကိုင် ကော်မတီ စော ကျော်စိန်တို့ဟာ ကရင့်အရေးကို ဒီမိုကရေစီအတွင်းက ဆောင်ရွက်မယ်ဆိုပြီး ဖဆပလဆီ လက်နက်ချခဲ့ကြပြန်တယ်။ ကရင် တွေအတွက် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရခဲ့သလား၊ စောတာဟုတော့ သာပေါင်းမှာ ဖဆပလပါတီ၊ ပါတီယူနစ်ဥက္ကဌ ရာထူးရသွားတယ်။

၁၉၆၂မှာ ပြည်နယ်ပေါင်းစုံ တိုင်းရင်းသားတွေ ဖက်ဒရယ်ပြည်ထောင်စုကို တောင်းဆိုလာကြတယ်။ မဟာလူမျိုးကြီးဝါဒ၊ ပမည တ သခင်ချစ်မောင်၊ ဖဆပလ ဦးဗဆွေတို့က တိုင်းရင်းသားတွေကို တန်းတူအခွင့်အရေး မပေးဘဲ မဟာလူမျိုးကြီးဝါဒအောက် မှာပဲ ဆက်ထားသင့်ကြောင်း၊ အရှက်မရှိ ကန့်ကွက်ကြတယ်။ တိုင်းရင်းသားတွေဖက်ကလည်း ဆယ်နှစ်ဆယ်မိုးကျော် ပြည် ထောင်စုအတွင်း အတူနေလာခဲ့ရတာ ဒီမိုကရေစီ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုသာ ပြည်ထောင်စု စစ်စစ်ဖြစ်ကြောင်း တင်ပြခဲ့ကြတယ်။

၁၉၆၂၊ မတ် ၂ရက်နေ့ ညသန်းခေါင်မှာ မဟာလူမျိုးကြီးဝါဒ ဗိုလ်နေဝင်းဟာ ဖက်ဒရယ်ဆိုတာ တိုင်းပြည် ပြိုကွဲစေတယ်ဆိုပြီး အာဏာသိမ်းစစ်အစိုးရကို ထူထောင်လိုက်တယ်။ ဖက်ဒရယ်သည်သာ ပြည်ထောင်စုစစ်စစ်ဖြစ်ပြီး ဖက်ဒရယ်ဆန့်ကျင်သူဟာ ပြည်ထောင်စု ဖြိုခွဲသူဖြစ်တယ်ဆိုတာ ဗိုလ်နေဝင်းက ကိုယ့်တိုင်းပြည်အပြင် ကမ္ဘာကိုပါ အရှက်မရှိ လိမ်ညာခဲ့ရုံမက တိုင်းပြည် ကိုလည်း ဝါးမျို အုပ်ချုပ်ခဲ့တော့တယ်။
၁၉၆၃ခုနှစ်၊ ကဆောဝါးညီလာခံမှာ စောဟံတာသာမွှေး ခေါင်းဆောင်ပြီး သူကိုယ်တိုင်ပါဝင်ခဲ့တဲ့ သမိုင်းဝင် ၀ိန့်ထောင်ကွန်ဖရင့် (ရွှေမြို့တော်ကွန်ဖရင့်)က ချမှတ်ခဲ့တဲ့ KNU ရဲ့ ဒုတိယလမ်းစဉ်ကို သွေဖီပြီး ၁၉၆၄၊ မတ် ၁၂ရက်မှာ ဗိုလ်နေဝင်းနဲ့ စောဟံတာ သာမွှေးတို့ ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီး မဆလဆီ စောဟံသာမွှေးတို့ KRC (Karen Revolution Council) အညံ့ခံလိုက် တယ်။ ဗိုလ်နေဝင်းဟာ ၁၉၆၃ ငြိမ်းချမ်းရေးကမ်းလှမ်းစဉ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင်ရင် လာတဲ့နေရာထိ ပြန်ပို့ပေး မယ်။ ၇ရက်အတွင်း အတိုက်အခိုက် ရပ်စဲမယ် ဆိုတဲ့ကတိကို ဖျက်ပြီး ငြိမ်းချမ်းရေးလက်မှတ်မထိုးတဲ့ တပ်မဟာ(၅) တပ်မင်း ဗိုလ်လင်းထင်ကို သထုံမှာတင် သတ်လိုက်ပြီး မုတ္တမပင်လယ်ထဲမှ အလောင်းကို အစဖျောက်လိုက်တယ်။ စောဟံတာသာမွှေး တို့အုပ်စုက နေဝင်းတပ်တွေနဲ့ပေါင်းပြီး ခေးမူနဲ့ ခူမူဒဲ KNU ဗဟိုစခန်းကို ပြန်တိုက်ခဲ့လို့ KNU တပ်မှူး၊ တပ်သား ၁၃ယောက် ကျဆုံးခဲ့ရတယ်။ ဗဟိုကော်မတီဝင် ဆရာအုန်းဖေညွန့်ကို အရှင်ဖမ်းမိပြီး သတ်ဖြတ်လိုက်ကြတယ်။ ဒီလိုသစ္စာဖောက်လို့ KRC က စောဟံတာသာမွှေးကို နေဝင်းက ပညာရေး သုတေသနဗျူရိုမှာ အထူးအရာရှိ၊ ၁၉၇၄ အခြေခံဥပဒေရှင်းလင်းရေး အဖွဲ့ဝင်၊ ပဒိုဝေသော်၊ ပဒိုဝရီကျော်၊ ပဒိုဖိုးညောတို့ကို နိုင်ငံဂုဏ်ရည် ပထမအဆင့်၊ တပ်မဟာ ၅ ဒုတပ်မဟာမှူး ဗိုလ်စောမောင်ဝင်းကို သထုံပါတီယူနစ်ဥက္ကဌ၊ တပ်ရင်းမှူးတွေဖြစ်ကြတဲ့ ကြီးရွှေနဲ့ မိုးဇက်တို့ကို ဘီးလင်းနဲ့ ကျိုက်ထိုမှာ ကောင်စီဥက္ကဌတွေ၊ စောထရူး မင်းကို ဦးထွန်းမင်း နာမည်နဲ့ တောင်ငူမှာ ပါတီယူနစ်ဥက္ကဌ စတဲ့ ဆုလာဘ်တွေနဲ့ ချီးမြှောက်ခဲ့ပါတယ်။

မိမိတို့လုပ်ရပ်တွေက ကရင်ပြည်သူတွေအတွက် ဘာတစ်ခုမှ အကျိုးမရှိကြောင်း သိလာတဲ့တနေ့ စောဟံတာသာမွှေးက အင်း စိန်၊ နံ့သာကုန်းဘုရားကျောင်းမှာ စောဘဦးကြီးရဲ့ ဝိညာဉ်သာ ဘုရားကျောင်းထဲမှာရှိရင် ကျုပ်ကို ဟားတိုက်ရယ်မောနေမှာပဲလို့ သူ့အမှားကို ဝန်ခံသွားခဲ့တယ်။ KRC ရဲ့ ငယ်သားတွေတော့ KNU ရင်ခွင်ထဲကို ပြန်သွားကြတယ်။ အသက်အရွယ်ကြီးလာတဲ့ စော ဟံတာသာမွှေးလည်း နောက် တရားနဲ့အတူ မထင်မရှား ခရစ်တော်ခြေတော်ရင်းမှာ အိပ်ပျော်သွားတယ်။ ပဒိုဝေသော် ကျ တော့ မသေခင် သားသမီးတွေကို ဒို့တော့ ဗမာအစိုးရ လိမ်တာခံလိုက်ရပြီးလို့သာ မှာကြားနိုင်တော့တယ်။

ဓါးဓါးချင်း၊ လှံလှံချင်း ယှဉ်ရဲတယ်ဆိုပြီး ကျောင်းသားတွေကို စိန်ခေါ်ခဲ့တဲ့ ‘ဗိုလ်နေဝင်း’။ စစ်သားဆိုတာ မိုးပေါ် ထောင်မပစ်ဘူး လို့ ပြောခဲ့တဲ့ ‘ဗိုလ်နေဝင်း’။ မြန်မာ့နည်းနဲ့ ဆိုရှယ်လစ်လောကကို မရောက်ဘဲ တိုင်းပြည်ကိုသာ အဆင်းရဲဆုံးရောက်အောင် ပို့ နိုင်ခဲ့တဲ့ ပြည်သူတွေပေးတဲ့ဘွဲ့ကို ရခဲ့တယ်။ နန်းကျအာဏာရှင်ဘဝမှာ အထီးကျန်ဖြစ်သွားတဲ့ ဗိုလ်နေဝင်းဟာ လယ်တီဆရာ တော်ဘုရားကြီးရဲ့ ကမ္ပဋ္ဌာန်းတရားတော်ကို ရှုမှတ်ရင်း ၁၉၉၅ခုနှစ်၊ ဇူလိုင် ၂၆ရက်မှာ သူ့ကို ဂါဝရပြုဖို့လာတဲ့ အညမည သဘော တရားဆရာကြီး ဦးချစ်လှိုင်(ကိုကိုမောင်ကြီး)နဲ့ တရားသူကြီးချုပ်ဟောင်း ဦးတင်အောင်ဟိန်းတို့ကို ဒီတရားတွေသာ အရင်ထဲက ကိုယ်သိခဲ့ရင် ၁၉၆၂က အလုပ်တွေကို ကိုယ်မလုပ်ခဲ့ဘူးလို့ ဝန်ခံခဲ့တယ်။ (၁၉၆၂ကို အင်္ဂလိပ်လိုပြောသည်) ဗိုလ်နေဝင်းရဲ့ နောင်တကို တိုင်းပြည်ကတော့ LDC(အဆင်းရဲဆုံးနိုင်ငံ) လက်မှတ်နဲ့ ပေးဆပ်ခဲ့ရတယ်။

၁၉၉၄ ကျပြန်တော့ ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွှန့်တို့ ဘာသာရေးသပ်လျှိုပြီး KNU ကို ထိုးခွဲလိုက်ပြန်တယ်၊ ရန်သူကို မိတ်ဆွေ ထင်လိုက်တဲ့ DKBA ကလည်း စစ်တပ်နဲ့ပေါင်းပြီး မာနယ်ပလောကို ပြန်တိုက်လို့ မာနယ်ပလော ကျဆုံးခဲ့ရတယ်။ ဗိုလ်ခင် ညွန့်တပည့် ဗိုလ်စန်းပွင့်က DKBA ပါလို့သာ မာနယ်ပလောကိုရခဲ့ကြောင်း အဲ့ဒီတုန်းက အလောင်းတွေကို ဆက်လိုက်ရင် မော် လမြိုင်ကနေ ရန်ကုန်ထိ ရောက်နိုင်တယ်လို့ ဝန်ခံခဲ့တယ်။ အိမ်ကြက်ချင်း အိုးမဲသုတ်ခံလိုက်ရလို့ ကရင်အချင်းချင်း သွေးမြေကျ ခဲ့တဲ့သမိုင်းမှာ ဘာတွေရခဲ့ပါသလဲ။ DKBA ဗိုလ်ချုပ်တွေ စူပါမားကက်တွေ၊ ဟော်တယ်တွေနဲ့ ချမ်းသာနေကြပြီး ငယ်သားတွေ က လမ်းဆုံလမ်းခွမှာ ဝါးလုံးတားပြီး ပိုက်ဆံတောင်းနေရတဲ့ ဝါးတားဂိတ်မှာ စစ်တပ်နဲ့ ဥာဉ်ဆိုးသင်တန်းတက်နေရတယ် မဟုတ် လား။ အခုတော့ DKBA လည်း အများစုဟာ နယ်ခြားစောင့်တပ်ဆိုပြီး တပ်မတော်အောက်ထားပြီး ဆွဲစေ့ခံနေရတယ် မဟုတ် လား။
ဒါတောင် ဗိုလ်ချစ်သူက ပြောလိုက်သေးတယ်။ စောဘဦးကြီးရဲ့ မူအတိုင်း ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိတုန်းဆိုပဲ။ မေး လိုက်ပါရစေ ညီလေး စောချစ်သူ။ ကရင်တွေ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် သေနတ်ပြောင်း ဘယ်ကိုလှည့်မှာလဲ လို့။

စစ်ဆိုတာ နိုင်ငံရေးမပြေလည်လို့ ဖြစ်ရတာ။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ရတာ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ ဖြေရှင်း နည်းမှန်ဘို့လိုတယ်။ တန်းတူရည်တူရှိဖို့ တဦးကိုတစ်ဦး နားလည်တတ်ဖို့ လိုတယ်။ တိုင်းရင်းသားတွေပြောတဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ ခွဲထွက်ဘို့ မဟုတ်ဘူးဆိုတာ ကြေညာပြီးသားပဲ။ ဖက်ဒရယ်ဆိုတာ တန်းတူရည်တူ ပူးပေါင်းခြင်းပဲ။ တိုင်းရင်းသားတွေ မဖွံ့ဖြိုးသေးလို့ လူမျိုးကြီးတွေ ခေါင်းဆောင်ပေးရမယ်ဆိုတာ မဟာလူမျိုးကြီးဝါဒပဲ။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး ခွင့်မရတဲ့ တိုင်းပြည်ကို မဖွံ့ဖြိုးသေးလို့ ဗြိတိသျှ အစောင့်ရှောက်ခံအဖြစ် နေရအုံးမယ်ဆိုတုန်းက ဘယ်လိုခံစားကြရသလဲ? လွတ်လပ်ရေးရပြီးရင် ဗမာပြည်သွေးချောင်းစီးမှာပဲလို့ အင်္ဂလိပ်တွေ ကြိုတင်ပြောခဲ့တာ။ သူတို့ကိုယ်တိုင် မဟာလူမျိုးကြီးဝါဒ လက်ထဲကို အာဏာပေးခဲ့လို့သာဖြစ်တယ်။ တိုင်းရင်းသားတွေနဲ့ မဆိုင်ဘူး။

ကရင်တိုင်းရင်းသားအရေးဆိုတာ အခြားတိုင်းရင်းသားအရေးနဲ့ ဆက်စပ်နေတယ်။ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးလည်း ဖြစ် တယ်။ (Human is Political Animal) ဘာကြောင့်လဲ။ တိုင်းရင်းသားအားလုံး ပြည်ထောင်စုအတုဖြစ်တဲ့ မဟာလူမျိုးကြီးဝါဒ အောက်မှာ နေရလို့ပဲ။ ဖိနှိပ်ခံရသူအချင်းချင်း တပ်ပေါင်းစု မဖွဲ့နိုင်ရင် တစ်ကွက်ချင်း၊ တဖွဲ့ချင်း ချေမှုန်းခံရမယ်ဆိုတာ သမိုင်းရှိခဲ့ ပြီးသားပဲ။ (၁၇)နှစ်သားထဲက စစ်တိုက်လာတယ်ဆိုတဲ့ ကေအဲန်ယူ ဥက္ကဌက ငယ်ငယ်တုံးက (Sunday School) မှာ ထင်းတစ် စီးလုံးကို ချိုးရင်မရဘူး။ တစ်ချောင်းစီချိုးမှ ရတယ်ဆိုတဲ့ သင်ခန်းစာမမေ့သေးဘူးဆိုရင် KNU ဥက္ကဌကြီး မန်းဘဇန်ရဲ့ တပ်ပေါင်း စုရှိမှ တော်လှန်ရေး အောင်မြင်မယ်ဆိုတဲ့ ဒဿနကို လေးစားလိုက်နာသင့်ပါတယ်။ UNFC ထဲ ဝင်တယ်ဆိုတုန်းကလည်း အဖိ နှိပ်ခံ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးအတွက် KNU ကွန်ဂရက်က ဆုံးဖြတ်ခဲ့တာပဲ။ ကွန်ဂရက်သဘောထားကို ဆန့်ကျင် ခြင်းဟာ KNU ထဲမှာ အာဏာရှင်ထူထောင်တာပဲ။ ဒီမိုကရေစီကို နားလည်ရင် လာမဲ့ KNU (၁၆)ကြိမ်မြောက် ကွန်ဂရက်ကျရင် ကိုယ့်သဘောထားတွေပြန်တင်သင့်တာပေါ့။ တစ်ပြည်လုံးက ကရင့်သဘောထားအမှန်ကို ယူကြည့်ပါ။ စောဘဦးကြီးနဲ့ ရဲဘော် တွေရဲ့ သွေးနဲ့လမ်းပြခဲ့တဲ့ ကရင့်တော်လှန်ရေးလမ်းစဉ်က သွေဖီရင် ကရင်ပြည်သူတရပ်လုံး လက်မခံကြပါဘူးဆိုတာ ပြောပြ လိုက်ပါရစေ။ ။
 

မူးရင်း - ကေအိုင်စီ သတင်းမှ

အမျိုးသမီး ငြိမ်းချမ်းရေးဆု နော်စီဖိုးရာစိန် နဲ့ ဒေါ်စောမြရာဇာလင်းတို့ ရရှိ

ကရင်အမျိုးသား အစည်းအရုံး KNU ဒုတိယ ဥက္ကဋ္ဌ နော်စီဖိုးရာစိန်နဲ့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် စောမြ ရာဇာလင်းတို့ အမျိုးသမီးငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရ ပါတယ်။

ရန်ကုန်မြို့ Excel Tower Hotel မှာ စက်တင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေက ကျင်းပခဲ့တဲ့ ဒုတိယ အကြိမ်မြောက် အမျိုးသမီးရေးရာဆွေးနွေးပွဲမှာဒီဆုကို ချီးမြှင့်လိုက်တာဖြစ်ပါတယ်။

ဆုချီးမြှင့်တာနဲ့ ပတ်သက်ပြီး အခမ်းအနား တက်ရောက်ခဲ့တဲ့ ဒေါ်နော်အုန်းလှက အခုလိုပြောပါတယ်။

"အမျိုးသမီးငြိမ်းချမ်းရေးဆုရှင်ပေါ့နော်၊ ဆရာမ နော်စီဖိုးရာစိန်နဲ့ ဆရာမ ဒေါ်စောမြရာဇာလင်းကို အမျိုးသမီးဖိုရမ်ကနေပြီးတော့ ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်တယ်ပေါ့နော်၊ အဲ့ဒီမှာ ဆရာမ နော်စီဖိုးရာစိန်က ကိုယ်တိုင်တော့မတက်ရောက်ဘူး၊ ဆရာမ ဒေါ်စောမြရာဇာလင်း ကိုယ်တိုင် တက်ရောက်ယူတယ်ပေါ့နော်၊ အဲ့ဒီမှာ ဆရာမတို့ကတော့ ငြိမ်းချမ်းရေးကိုဖြင့် ကြိုးပမ်းသွားမယ် ဆိုတဲ့အကြောင်းပြောတယ်"

အခမ်းအနားမှာ ငြိမ်းချမ်းရေးဆုအပြင် လက်ပံတောင်းကြေးနီစီမံကိန်းရပ်ဆိုင်းရေးအတွက် ဆန္ဒပြခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသူ ဒေါ်နော်အုန်းလှ၊ မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ရက် တာဝန်ခံဒေါ်မြင့်မြင့်အေး၊ NDF ပါတီက ဒေါ်ဘောက်ဂျာ၊ နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ရက်က ဒေါ်ခင်မိမိခိုင်တို့ကိုလည်း ဂုဏ်ပြုဆုတွေအသီးသီး ချီးမြှင့်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးဆုချီးမြှင့်ခံရသူ ဒေါ်စောမြရာဇလင်းက ဒီဆုရရှိတာကြောင့် အမျိုးသမီးထုအနေနဲ့ နိုင်ငံ့ အရေးကို ပိုမိုဆောင်ရွက်ဖို့ တွန်းအားပေးသလိုဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

ငြိမ်းချမ်းရေးဆုချီးမြှင့်ခံရသူ ဒေါ်စောမြရာဇာလင်းကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

Sunday, September 21, 2014

ငြိမ်းချမ်းရေး စစ်တမ်း (၇)။ ကေအင်ယူ၏ ရပ်တည်မှု နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး

ယူအင်န်အက်ဖ်စီ တပ်ပေါင်းစုမှ ကေအင်ယူထွက်ရေး၊ မထွက်ရေးသည် ကေအင်ယူတဖွဲ့ တည်းနှင့်သာမက ပြည်ထောင်စုတခုလုံး၏ ငြိမ်းချမ်းရေးကို တိုက်ရိုက်သက်ရောက်နိုင်သည့် ကိစ္စဖြစ်လာသည်။အဘယ်ကြောင့် ဆိုသော် ယူအင်န်အက်ဖ်စီ တပ်ပေါင်းစုနှင့် ပူးပေါင်းဆောင်ရွက်ရာ၌တွေ့ ကြုံရသည့် အခက်အခဲများကိုရှင်းပြရာတွင်ကေအင်ယူ အဖွဲ့ အစည်းကြီး ဟူသည့် နောက်ခံကို ယူလျှက် ခေါင်းဆောင်တဦးစ၊ နှစ်ဦးစ၏ လွဲမှားနေသည့်ထောက်ပြချက် အချို့  ကို အခြားအဖွဲ့ အစည်းများကပါ အမှန်ဟူ၍ လိုက်ပါ စဉ်းစားမိပါက ငြိမ်းချမ်းရေးသည် ရေစုန်တွင်မျောတော့မည့် ကိန်း ဖြစ်လာသည်။ ဤသည် တို့ ကို ပြည်တွင်းအခြေအနေတခုလုံးနောက်ခံ နှင့်သာမက နိုင်ငံတကာ အခြေအနေများနှင့်ပါ ဆက်စပ်ကာ အသေးစိပ် ဆန်းစစ်ရန်လိုလာသည်။

ပြီးခဲ့သည့် စက်တင်္ဘာလ ဒုတိယ ပတ်အတွင်းတွင် သမတ ဦးသိန်းစိန်သည် ယင်း၏ ဥရောပခရီးစဉ်အတွင်း ဂျာမနီ နိုင်ငံသို့ အရောက်သွား၍ ၀န်ကြီးချုပ် အင်ဂလာ မာကဲလ် နှင့်တွေ့ ကာရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်လုပ်ကိုင်ရန် နှင့် တိုးတက်ဖွံ့ ဖြိုးမှု ဆိုင်ရာအကူအညီပိုမိုပေးအပ်ရန်တောင်းခံခဲ့သည်။ ပြည်ပအားကိုးပုဆိန်ရိုး ဟု တချိန်လုံး ကြွေး ကြော်ခဲ့သော စစ်ခေါင်းဆောင်ဟောင်းတဦးဖြစ်သည့် ဦးသိန်းစိန်သည် ၂၀၁၀ ရွေးကောက်ပွဲအပြီး တည်ဆောက် လိုက်ရသည့် ကြီးမားလှသော အုပ်ချုပ်ရေးယန္တယားသစ်ကြီးလည်ပတ်နိုင်ရေးအတွက် မိမိကိုယ်တိုင် ပုဆိန်ရိုးဘ၀ကို အရောက်ခံလိုက်ရပါပြီ။

ဝန်ကြီးချုပ်မာကဲလ်က ဂျာမနီ အနေ ဖြင့် ယင်းသို့ သောအကူအညီများပေးအပ်ရန် အသင့်ရှိသော်လည်း တိုင်းရင်းသားလူမျိုးစုများပြားလှစွာရှိနေသော မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၇ရန်အရေးကြီးကြောင်း၊ ငြိမ်းချမ်းရေး အတွက် အပေး အယူလုပ်ရန် နှင့် တိုင်းရင်းသားများအပေါ် သည်းခံရန် လိုအပ်ကြောင်း ဦးသိန်းစိန်ကို ဆုံးမသြ၀ါဒ ပေးလိုက်သည်။ ဤသည်မှာ ဂျာမနီက ဦးသိန်းစိန်ကို မီးနီပြလိုက်ခြင်းဖြစ်သည်။ ဦးသိန်းစိန် ဂျာမနီမှနေ၍ လက်ချည်း ဗလာ ပြန်လာရ သည်။ ငြိမ်းချမ်းရေးနှင့် စပ်လျှဉ်း၍ ဂျာမနီက ကြေနပ်လက်ခံနိုင်သည့် အခြေအနေကို မရောက်ပါက ဥရောပအခြားနိုင်ငံများသည်လည်း ဦးဆောင်နိုင်ငံကြီးဖြစ်သော ဂျာမနီကဲ့ သို့ ပင်လိုက်ပါ စဉ်းစားလာနိုင်သည်။ သို့ ဖြစ်လျှင် တိုးတက်ဖွံ့ ဖြိုးမှု ဆိုင်ရာ အကူအညီများမရ၊ နိုင်ငံခြားကုမ္ပဏီများ ၀င်ရောက်မှုနှေးကွေးကာ ဦးသိန်းစိန် ဦးဆောင် နေသည့် အရပ်သား အသွင်ယူ စစ်အစိုးရအတွက် အကြပ်တွေ့ နိုင်သည်။

ဤအခြေအနေကို ပြေလည်စေရန် စစ်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ အစည်း များအား ချော့တမျိုး၊ ခြောက်တဖုံဖြင့် တနိုင်ငံလုံးအပစ်ရပ်စာချုပ်အား ဖိအားပေးလက်မှတ်ရေးထိုးစေပြီး မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးရနေပါပြီဟု ကြေငြာရုံမှတပါး အခြားမရှိ။ ၂၀၁၅ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင် ရေးအတွက် လည်း စစ်အစိုးရအနေဖြင့် ယင်းစာချုပ်အား လက်မှတ်ရေးထိုးစေလိုသည်မှာ အာသာငန်းငန်း ဖြစ်နေသည်။ ဘောလုံး သည် တိုင်း၇င်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့  အစည်းများလက်ထဲသို့ ရောက်နေ ပါပြီ။ ဤသည်ကို ရှင်းလင်း စွာသိမြင်ကာ စည်းလုံးမှုတည်ဆောက်လျှက် စစ်မှန်သည့် ငြိမ်းချမ်းရေးလမ်းကြောင်းကို တွန်းတင်သွား ကြလိမ့်မည်ဟု မြှော်လင့်သည်။

ငြိမ်းချမ်းရေးနှင့် ဆက်စပ်ကာ စစ်အစိုးရအတွက် စိုးရိမ်ဘွယ်နောက်အခြေအနေတခုလည်း ရှိသေးသည်။ ဂျာမနီနိုင်ငံက ပြသလိုက်သည့် မီးနီသည် ၀န်ကြီး ဦးအောင်မင်း နှင့် မြန်မာငြိမ်းချမ်းရေး ဌာန MPC တို့ ဦးဆောင်သုံးစွဲ လျှက်ရှိပြီး Myanmar Peace Support Initiative (MPSI) မှ ရံပုံငွေများကိုပင် ထိခိုက်နိုင်ခြင်း ဖြစ်သည်။ ယင်းရံပုံငွေ များမှာ အဓိက အားဖြင့် နော်ဝေ နှင့် ဥရောပသမဂ္ဂမှ လာသောကြောင့် ဖြစ်သည်။ ဥရောပ သမဂ္ဂအား အဓိကအားဖြင့် ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ယူကေ လေးနိုင်ငံတို့  က ဦးဆောင်လျှက်ရှိကြရာတွင် ပထမ သုံးနိုင်ငံသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ နှစ်ပေါင်း အတော်ကြာကထဲကပင် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက် ပြီး ရင်းနှီးမြှုပ်နှံလိုခဲ့ကြ သော နိုင်ငံများဖြစ်သည်။ ယင်းတွင် ဂျာမနီ နှင့် ပြင်သစ်တို့ က ထိပ်တန်းမှာ ပါသည်။

ဂျာမနီနှင့်စပ်လျှဉ်း၍ စာရေးသူကိုယ်တိုင်၏ အတွေ့ အကြုံကို တင်ပြပါမည်။

စစ်အစိုးရက ၂၀၁၀ ခုနှစ် နိုဝင်္ဘာလတွင် ရွေးကောက်ပွဲကျင်းပတော့မည်ဟု ကြိုတင် ကြေငြာပြီးချိန်မှစ၍ ဦးဟန်ရောင်ဝေ ဦးဆောင်သည့် ဘယ်လ်ဂျီယံ အခြေစိုက် Euro Burma Office သည် (ပြည်တွင်းမှ မြန်မာစစ်အစိုးရ နှင့် ပူးပေါင်းပြီး ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ လမ်းကြောင်းအားကောင်းလာအောင် တွန်းအားပေး ဆောင်ရွက်နေ သည့်) ဒေါက်တာ နေ၀င်းမောင် ခေါင်းဆောင်တည်ထောင်ထားသော Myanmar Egress နှင့် ဆက်သွယ်လျှက် လှုပ်ရှားမှုများပြုလာတော့သည်။ ယင်းမှာ Myanmar Egress အား စစ်မှန်သည့် လူထုအသင်းအဖွဲ့  Civil Society ပုံသဏ္ဍာန်မျိုးဖေါ်ပေးလာသည်။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအောက်တွင် ပူးပေါင်းဆောင်ရွက် ရေး လမ်းကြောင်း ကို လျှောက်လှမ်းခြင်းအားဖြင့် နိုင်ငံရေး အသွင်ကူးပြောင်းမှု Political Transition ဖြစ်သွားနိုင်သည် ဟူ၍ Myanmar Egress တင်သွင်းနေသည့် လမ်းကြောင်းကို ဥရောပနိုင်ငံများလက်ခံလာအောင် ပြည်တွင်းမှ ပညာတတ်အချို့ အား ဥရောပသို့ ခေါ်ထုတ်ကာ စင်တင်ပေး၊ ဖေါ်ထုတ်ခွင့်ပေးနေချိန် ဖြစ်သည်။

ယင်းနောက်ခံတွင် ဂျာမနီရှိ နိုင်ငံရေး NGO ကြီးဖြစ်သော Friedrich-Ebert-Stiftung (FES) က ကမကထပြု လျှက် “Burma/Myanmar before the parliamentary elections – Perspectives from inside the country” အမည်ဖြင့် ဘာလင်မြို့  တွင် ဆင်မီနာကြီးတခုကျင်းပရန် စိုင်းပြင်းလာ သည်။ ယင်းအချိန် တွင် ဂျာမနီ၌ အခြေစိုက်လျှက် မြန်မာနိုင်ငံ စစ်အာ ဏာရှင်စနစ်ကို နှစ်ပေါင်းများစွာ အဆက် မပြတ် လှုပ်ရှားတိုက်ပွဲ ၀င်လျှက်ရှိသော မြန်မာ့ဒီမိုကရေစီရေးသမား များနှင့် ဖွဲ့ စည်းထားသည့် Burma Bureau က စာရေးသူထံ ဆက်သွယ်လာသည်။ ယင်းဆင်မီနာတွင်၂၀၀၈ ဖွဲ့ စည်းပုံလမ်း ကြောင်းကိုတင်ပြီးဆွေးနွေးမည့် ဒေါက်တာနေ၀င်းမောင် လာ မည်ဟု သတင်းကြားကြောင်းနှင့် စာရေးသူ အနေဖြင့် ဂျာမနီနိုင်ငံမြို့ တော် ဘာလင်သို့ လာရောက်ကာ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ဆန့် ကျင်ရေးလမ်းကြောင်း မှနေ ၍ ခုခံပြောဆိုပေးစေလိုကြောင်းဖြင့် ဖိတ်ကြားလာသည်။ စာရေးသူ က လက်ခံလိုက်သည်။

ဆင်မီနာတွင် ဂျာမနီအစိုးရပိုင်းမှ ပုဂ္ဂိုလ်များ၊ နိုင်ငံတကာလူ့ အခွင့်အရေးအဖွဲ့ အစည်းကြီးများမှ ကိုယ်စား လှယ် တချို့ ၊ ဥရောပပါလီမန်မှ အမတ်အချို့ ၊ တက္ကသိုလ်များမှပညာရှင်အချို့ ၊ ဂျာမနီ နိုင်ငံရှိ လူထုအသင်း အဖွဲ့ များ မှ ကိုယ်စားလှယ်အချို့ နှင့်သတင်းဌာနများ အပါအ၀င် စုစုပေါင်း လူ ၁၀၀ ကျော်တက်ရောက်ခဲ့ကြောင်း မှတ်မိသည်။

ဒေါက်တာနေ၀င်းမောင် ရောက်မလာဖြစ်ခဲ့။ ဒေါက်တာခင်ဇော်ဝင်းရောက်လာသည်။ အဓိက စကားပြောသူ သုံးဦးရှိခဲ့သည်။ ဒေါက်တာခင်ဇော်ဝင်း၊ ကရင်အမျိုးသမီး လှုပ်ရှားမှု အဖွဲ့ မှ ဒေါ်ဆူဇန်နာလှလှစိုး နှင့် စာရေးသူတို့  ဖြစ်သည်။ ဒေါက်တာခင်ဇော်ဝင်းက ၂၀၀၈ ဖွဲ့ စည်းပုံကို ထောက်ခံ၍လည်းကောင်း၊ ဒေါ်ဆူဇန်နာလှလှစိုး က အလယ် လတ်အနေအထားမှလည်းကောင်း၊ စာရေးသူက ၂၀၀၈ ဖွဲ့ စည်းပုံကို ဆန့် ကျင်၍ လည်းကောင်း၊ ဆွေးနွေးခဲ့သည်။ ၂၀၀၈ ဖွဲ့ စည်းပုံအတိုင်းသာသွားလျှင် ဒီမိုကရေစီ မရနိုင်ရုံသာမက ဥပဒေစိုးမိုးရေး ပျက်သုဉ်းနေမည်ဖြစ်သဖြင့် မည်သည့်အခါတွင်မျှ တိုင်းရင်းသားများ၏ တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံ သည့်အခြေခံပေါ်တွင် စစ်မှန်သည့်ငြိမ်းချမ်းရေး မရနိုင်ကြောင်း ပြင်းပြင်းထန်ထန်ထောက်ပြဆွေးနွေးဖြစ်ခဲ့သည်။

အဆိုပါ ဆင်မီနာကျင်းပပြီး လေးနှစ်တင်းတင်းကြာပြီးသည့် ယနေ့ အချိန်တွင် ပြန်လည်သုံးသပ်သောအခါ အခြေအနေနှစ်ရပ်ကို ထင်ထင်ရှားရှားတွေ့ ရသည်။ ပထမ တရပ်မှာ ၂၀၁၀ ခုနှစ်နိုဝင်္ဘာလရွေးကောက်ပွဲ မတိုင်ခင် ကထဲက စစ် အစိုးရ နှင့် ပူးပေါင်းဆောင်ရွက်ပြီး ၂၀၀၈ ဖွဲ့ စည်းပုံအတိုင်းလျှောက်လှမ်းရေးလမ်းကြောင်းကို တွန်းတင် ပေးခဲ့သည့် Myanmar Egress နှင့် ယင်းမှ ပုဂ္ဂိုလ်များသည် လက်ရှိငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များအား ချယ်လှယ် လျှက် ရှိ သည့် မြန်မာငြိမ်းချမ်းရေှးဌာန Myanmar Peace Centre (MPC) အားလွှမ်းမိုးသူများဖြစ်လာကြသည်။ MPC နှင့် Euro Burma Office (EB0) တို့ သည် မြန်မာနိုင်ငံစစ်အစိုးရ၏ ထောက်ခံမှုဖြင့် နော်ဝေ နှင့် ဥရောပသမဂ္ဂတို့ မှ ဒေါ်လာ သန်းပေါင်းမြောက်များလှစွာသော ထောက်ပံ့မှု ကိုရယူဖေါ်ဆောင်လျှက်ရှိသည့် Myanmar Peace Support Initiative (MPSI) ဟူသည့် နိုင်ငံတကာအသွင်ယူ ကွန်ယက်တွင် အဓိက လည်ပတ်သည့် ယန္တယားများဖြစ်လာကြ သည်။

ဒုတိယ တရပ်မှာ ၂၀၀၈ ဖွဲ့ စည်းပုံကို ဆန့် ကျင်ခဲ့ရာမှ ရပ်တည်ချက်ပြောင်းပြီး ခေါင်းလျှိုးဝင်ရောက်သွား ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်သည် မျက်မှောက်အချိန်တွင် အစွယ်မရှိသည့် နိုင်ငံရေးကျားကြီးဘ၀သို့ ကျရောက်သွားခြင်းဖြစ်သည်။ ဖွဲ့ စည်းပုံပြင်ဆင်ရေ၊ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ကြွေးကြော်သံသုံးရပ်ဖြင့် လွှတ်တော်အတွင်း ၀င်ရောက်သွားခဲ့သော်လည်း မည်သည့်အရာတခုကိုမျှ ဟုတ္တိပတ္တိ မစွမ်း ဆောင်နိုင်။

ဖွဲ့ စည်းပုံပြင်ရေးအတွက် လွှတ်တော်အတွင်းတွင် ဟန်ပုံမပေါ်သည့်နောက် လွှတ်တော်ပြင်ပသို့ ထွက်၍ လှုပ်ရှား လာရာတွင်လည်း လမ်းကြောင်းမှာ လုံးဝလွဲနေသည်။ ပုဒ်မ ၄၃၆ ပြင်ရေးကိုသာ အဓိကထားနေသဖြင့်စစ်အာ ဏာရှင်များ အလိုကျဖြစ်နေသည်။ စစ်အာဏာရှင်စနစ်တည်တန့် ခိုင်မြဲအောင်ပြဌာန်းထားသည့် အခန်းများ၊ ပုဒ်မများ ကို မီးမောင်းထိုးထောက်ပြပြီး တအုပ်လုံးပြင်ရန် ပြတ်ပြတ်သားသားကြိုးစားရမည့်အစား ပုဒ်မ ၄၃၆ တခုတည်းကိုသာ ဇောင်းပေးနေသဖြင့် ကျန်သည့်အခန်းများသည်အတိုင်းထားပြီး ၂၀၁၅ ရွေးကောက်ပွဲကို ဖြတ်သန်းရန် သဘောတူညီ ချက်ပေးနေရာရောက်သည်။ ဒီမိုကရေစီသည် အရေခွံသာသာကလေးသာရှိမည်။ တိုင်းရင်းသားများလိုလားတောင်းဆို လျှက်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလမ်းကြောင်းကို ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့် အညီဖေါ်ဆောင် ရေးအတွက် သူမအနေဖြင့် မည်သည့်တိကျမှု တခုကိုမျှ စကားစပ်၍ပင် မပြောနိုင်သည့် အခြေအနေဖြစ်သည်။

တိုင်းပြည်၏ ဥပဒေစိုးမိုးရေးအခြေအနေမှာ ဆိုးသည်ထက်ဆိုးလာနေသည်။ သူမဦးဆောင်လျှက်ရှိသော ဥပဒေစိုးမိုးရေးနှင့် တိုင်းပြည်တည်ငြိမ်ရေးကော်မရှင်မှာလည်း အမည်သာရှိပြီး လက်ဝယ်တွင် မည်သည့်အာဏာ မျှ မရှိ။ ဘာမျှ ထိထိရောက်ရောက်မလုပ်နိုင်။ သူမသည် စက္ကူဓါးကြီးကို လက်ဝယ်ကိုင်ပြီး ဟိုဟိုသည်သည် ရမ်းသည့် အဆင့်မှာပင် ရှိနေသည်။

ငြိမ်းချမ်းရေး ကိစ္စအတွက် ဆောင်ရွက်နိုင်ရန်မှာမူ ပို၍ပင်ဝေးလျှက်ရှိသည်။ အစိုးရဘက်မှ မဖိတ်ကြားသဖြင့် ဟူ၍ အကြောင်းပြကာ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်သည် အိမ်မှာပင် ငြိမ်သက်စွာထိုင်လျှက်ရှိသည်။ စာချုပ်လက်မှတ်ရေး ထိုးဖြစ်ပါက သက်သေအနေဖြင့် ပါဝင်ပေးပါရန် ယူအင်န်အက်ဖ်စီ ခေါင်းဆောင်များက သူမထံ အိမ်တိုင်ယာရောက် သွားရောက်ပန်ကြားနေရသည်။ စစ်ဘုရင်စကားနှင့် ပြောရလျှင် စစ်အာဏာရှင်ဟောင်းသစ်များသည် ဒေါ်အောင်ဆန်း စုကြည်ခေါင်းဆောင်သည့် ဒီမိုကရေစီအင်အားစုများအား ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ အောက်တွင် ခွေထားလိုက် နိုင်ပြီ ဟုဆိုနိုင်သည်။

ယင်းအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများ၏ စုစည်းမှု သည် တဖြေးဖြေးအား ကောင်းလာသည်။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ယူအင်န်အက်ဖ်စီ အရှိန်ရလာသော အခါ စစ်အစိုးရ ၀န်ကြီးဦးအောင်မင်းက တပ်ပေါင်းစုနှင့် မတွေ့ တော ၊့တဖွဲ့ ခြင်းသာတွေ့ ဆုံမည်ဟု ခြောက်ကြည့် သေးသည်။ ယူအင်န်အက်ဖ်စီ က ခပ်တင်းတင်းတောင့်ခံလိုက်သောအခါ ဦးအောင်မင်း၏ နုတ် အသာကလေး ပြန် ပိတ်သွားခဲ့သည်။ ယူအင်န်အက်ဖ်စီ သည် မိမိတပ်ပေါင်းစုအတွင်းတွင်သာမက အပြင်က အဖွဲ့ အစည်းများကိုပါ တစုံ တရာ စည်းရုံးနိုင်စွမ်းရှိလာခဲ့သည်။ အပစ်အခတ်ရပ်စဲရေးစာချုပ်သာဖြစ်သော်လည်း ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးကဲ့သို့ နိုင်ငံရေးအရအာမခံချက်ရှိနိုင်မည့် အခြေခံများကိုပါ ထည့်သွင်းချုပ်ဆိုပေးရန် တောင်းဆိုနိုင် လာ ခဲ့သည်။ ပြင်ဆင်ထားသည့် ဖက်ဒရယ် ဖွဲ့ စည်းပုံအခြေခံဥပဒေ (မူကြမ်း) လက်နက်ကို ထုတ်သုံးနိုင်ဘွယ်ရှိလာသည်။ ဖက်ဒ၇ယ်ပြည်ထောင်စု တပ်မတော်ဖွဲ့ စည်းရေးလမ်းကြောင်းကို ချမှတ်နိုင်လာခဲ့သည်။

ဖက်ဒရယ်ပြည်ထောင်စုစနစ်၊ ဒီမိုကရက်တစ်ဖက်ဒရယ်ဖွဲ့ စည်းပုံအခြေခံဥပဒေ နှင့် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဟူသည့် လက္ခဏာသုံးရပ်မှာ ပြည်တွင်းငြိမ်းချမ်းရေး စစ်မှန်စွာ ရသွားနိုင်သည့် ပြဒါးရှင်လုံး သုံးလုံး ဖြစ် သော်လည်း စစ်အာဏာရှင်ဟောင်းသစ်များက အကြောက်ကြီးကြောက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်မည်ဆိုလျှင် တင်းကြပ်လွန်းသည့် ဗဟိုချုပ်ကိုင်မှု Rigid Centralization ကို ကျင့်သုံး ထားသည့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့် လားလားမျှမစပ်။ ကျွဲချိုမှ နွားနို့ ညှစ်ရန် ကြိုးစားသည့် သဘွယ်သာ ဖြစ် နေမည်။ သို့ ဖြစ်၍ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် သဘောတူညီချက်ပေးလိုက်ပါက ဖွဲ့ စည်း ပုံအခြေခံဥပဒေအသစ်တခုရေးမှသာ ဖြစ်နိုင်သည်။ ဤတွင် မြန်မာ့တပ်မတော် သည် နိုင်ငံရေးအာဏာမှ ထွက်တော်မူ နန်းက ခွါရမည်။

ဤတွင် စစ်အာဏာရှင်ဟောင်းသစ်များသည် ကေအင်ယူကို တယ်ကြက်အနေမျိုးထားပြီး ယူအင်န်အက်ဖ်စီ ကို ဖြိုရန်စနစ်တကျကြိုးစားပါတော့သည်။ ကေအင်ယူခေါင်းဆောင်များကို နေပြည်တော်သို့ ခြောက်ကြိမ်ခေါ်ယူ တွေ့ ဆုံသည်။ ဦးသိန်းစိန်၊ ကာချုပ်မင်းအောင်လှိုင်၊ ဦးအောင်မင်း စသူတို့ သည် ကရင်ဝတ်စုံများအား သူ့ ထက်ငါ လူစွမ်းကောင်း ဦးအောင်ဝတ်ပြကြသည်။ ကာချုပ်မင်းအောင်လှိုင်က ကေအင်ယူဥက္ကဌ စောမူတူးဆေးဖိုးအား အချစ် ကြီးဟန်ဖြင့် ဖက်ပြထားလိုက်ပုံမှာ လူမြင်၍ပင် မသင့်တော်။ ကေအင်ယူကို ထိပ်ဆုံးမှထားပြီး ကားအစီးခြောက်ဆယ် ချပေးလိုက်သည်။ ကေအင်ယူဒေသအတွင်း စီးပွားရေးလုပ်ငန်းများ၊ သတ္တုနှင့် မိုင်းလုပ်ငန်းများ၊ ရွှေတွင်းတူဖေါ်ရေး လုပ်ငန်းများ စသည်တို့ လုပ်ဆောင်ခြင်းကိုလည်း မသိကျိုးကျင်ပြုထား လိုက်သည်။

စစ်အာဏာရှင်ဟောင်းသစ်များသည် ကေအင်ယူကို အထက်ပိုင်းခေါင်းဆောင်အဆင့်မှသာမက အောက်ခြေ လူထုမှတဆင့်လည်း ချဉ်းကပ်သည်။ အပစ်ရပ်ထားသည်ခြင်း အတူတူ ရှမ်းတော်လှန်ေ၇း အဖွဲ့  များနှင့် တိုက်ပွဲပေါင်း များစွာ ဖြစ်ခဲ့သော်လည်း ကရင်ဒေသတွင် တတ်နိုင်သမျှမဖြစ်စေရန် ထိန်းထားခဲ့သည်။ အထက်၌ တင်ပြ ခဲ့သည့် နိုင်ငံတကာပုံဖေါ်ထားသည့် MPSI ယန္တယားမှ ဆင်းသက်လာသော အကူအညီငွေများ ဖြင့် ကရင်ပြည်နယ်၏ အချို့ ဒေသများတွင် လူမှုရေး၊ ကူညီရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းအချို့ ကို လုပ်စေကာ ʻလက်တွေ့ ကြည့်ကြ၊ အပစ် အခတ်ရပ်စဲရေး အောက်မှာ လူထုတွေ တိုက်ပွဲဖြစ်မှာ မပူရတော့ဘူး၊ လွတ်လပ်စွာ သွား လာခွင့်ရလာကြတယ်၊ ကရင် အမျိုးသား ပွဲလမ်းသဘင်တွေ လုပ်ခွင့်ရလာတယ်၊ လူမှု ကူညီ ကယ်ဆယ်ထောက်ပံ့မှု တွေလဲ ၇တန်သလောက်ရလာ နေပြီ၊ ဒေသဖွံ့ ဖြိုးရေး တွေ လုပ်ခွင့်ရတော့မယ်ʼ ဟူသော သတင်းများ အဆက်မပြတ် ထွက်ပေါ်စေသည်။ ရိုးသား သော ကရင်လူထုအမြောက်အများသည်လည်း ယုံကြည်မှုများ ထိုက်သင့်အားလျှော်စွာ ရှိလာကြသည်။ မည်သည့် နိုင်ငံရေးအာမခံချက်မျှ မရှိသေးသော်လည်း လက်ရှိအပစ်အခတ်ရပ်စဲရေးအပေါ် အကောင်းမြင်သူများ ရှိလာကြသည်။

စင်စစ်အားဖြင့်မူ စစ်အာဏာရှင်ဟောင်းသစ်များသည် သူရဲမွေးပြီးကုစားသည့်မှော်ဆရာဇာတ်ခင်းနေခြင်းပင်။ သူတို့ ကြောင့် ပြည်တွင်းစစ်ကြီးအဓွန့် ရှည်နေသည်။ တိုင်းရင်းသားလူထုများ အိုးအိမ်စွန့် ခွာထွက်ပြေးကြရ၊ လူ့ အခွင့် အရေးချိုးဖေါက်မှုများခံကြရ၊ ဘ၀တွေ ပျက်စီးကြရသည်။ တရားခံမှာ၎င်းတို့ ဖြစ်သည်။ သူရဲကိုစေလွှတ်ပြီးဇာတ်ကြမ်း တိုက်ခဲ့သူများမှာ ၄င်းတို့ ပင်ဖြစ်သည်။ တဖက်တွင် MPSI ယန္တယား ကိုကိုင်ကာ ၄င်းမှတဆင့်ဖြတ်သန်း၍ ၀င်လာ သည့် နိုင်ငံတကာအကူအညီငွေများဖြင့်ပင် လူမှုရေး၊ ကူညီရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းအချို့ ကို လုပ်ခွင့်ပေးပြီး ကျေးဇူးရှင်ကြီးများသဘွယ် မိမိတို့ ကိုယ်ကို ဂုဏ်တင်နေကြပြန်သည်။

MPSI ၏ နိုင်ငံတကာအစီရင်ခံစာတွင် ကေအင်ယူထိန်းချုပ်ထားရာဒေသများဖြစ်သော ကျောက်ကြီးမြို့ နယ်၊ ပလောမြို့ နယ် စသည်တို့ တွင် ယင်း လုပ်ငန်းများ မည်သို့ လုပ်ဆောင်လျှက် ရှိ ကြောင်း၊ ထို့ အပြင် အပစ်အခတ် ရပ်စဲထားသော အဖွဲ့ အစည်းများ၏ ဆက်ဆန် ရေးရုံးများ လည်ပတ်နိုင်ရေး၊ ၄င်းတို့ တွင်တာဝန်ထမ်းဆောင်နေသူ များ အရည်အချင်းမြှင့်တင်ရေး၊ မြေမြှုပ်မိုင်းများ ရှင်းလင်းရေး၊ ပြည်တွင်းအခြေတကျမနေနိုင်သူများအား ပြန်လည် နေရာချထားရေး၊ ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး၊ မှတ်ပုံတင်မရှိသူများအား မှတ်ပုံတင်များထုတ်ပေးနိုင်ရေး၊ အစိုးရ အာဏာပိုင်များနှင့် အပစ်ရပ်အဖွဲ့ အစည်းခေါင်း ဆောင်များတွေ့ ဆုံခွင့်ရကြစေပြီး ယုံကြည်မှုတည်ဆောက်နိုင်ရေး စသည့်လုပ်ငန်းများ မည်သို့ လုပ်ဆောင်နေကြောင်း ဖြင့် သိုင်းဝိုင်းကာ ဆင်ကြီး ဂဠုန်ချီ အစီရင်ခံစာကြီး တစောင်ကို MPSI က နိုင်ငံတကာသို့  ထုတ်ပြန်လာသည်။

တိုင်း ရင်းသားအဖွဲ့ အစည်းများ၊ ဒေသများ၊ လူထုများနှင့် ပြည်တွင်းစစ်၏ နောက်ခံကို တိတိကျကျသိမထား သော နိုင်ငံတကာ တိုင်းပြည်များအနေဖြင့်မူ ယင်းအစီရင်ခံစာကို ဖတ်ပြီး အပစ်အခတ်ရပ်စဲရေးမှတဆင့် စစ်မှန်သည့် ငြိမ်းချမ်းရေးဘဲရတော့မည်ကဲ့သို့  မစားရ ၀ခမန်း ရေးသားဖေါ်ပြထားသည်။ ၄င်းတို့  ဖေါ်ဆောင်နိုင်သည် ဟူသော ဒေသများ မှာ များသော အားဖြင့် ကရင်ပြည်နယ်အတွင်း ကေအင်ယူ ထိန်းချုပ်ထားရာ ဒေသများဖြစ်နေသည်။ ဤသည်မှာ တိုက်ဆိုင်မှုဖြစ်နေလျှင် ယင်းတိုက်ဆိုင်မှုမှာ စိတ်ဝင်စားစရာကောင်းလှသည်ဟု မှတ်ယူရပါမည်။
သို့ ရာတွင် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်တင်သွင်းသည့် MPSI ၏ ရှည်လျှားလှသော အစီရင်ခံစာကြီး တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အခြေခံများ၊ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့ စည်းပုံအခြေခံဥပဒေသစ်တရပ်ပေါ်ပေါက်ရေးနှင့် ဆိုင်သောလှုပ်ရှားမှုများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန် ရေး တပ်ဖွဲ့ များအား ဥပဒေဘောင်အတွင်း တ၇ားဝင်နေရာချထားနိုင်ရေး ကိစ္စများ စိုးစဉ်းမျှ မပါရှိပါ။ အနည်းဆုံးအား ဖြင့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအား တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အခြေခံမှ ချဉ်းကပ် လေ့လာဆွေးနွေးခွင့် ရစေမည့် လှုပ်ရှားမှုများပင် တခုတလေမျှ မပါရှိပါ။ သဘာဝသယံဇာတများ နှင့် ရေမြေတော တောင်များအား ပြည်နယ်များ၌ သက်ဆိုင်ရာ ဒေသခံတိုင်းရင်းသားများကိုယ်တိုင် စီမံခန့် ခွဲခွင့်များကို ဥပဒေနှင့် အညီခံစားခွင့်ရရှိရေးရှုဒေါင့်မှ ချဉ်းကပ်ရန်မှာမူ ဝေလာဝေးပါသည်။ ပြည်တွင်းငြိမ်းချမ်းရေးကို MPSI ၏ ချဉ်းကပ်ပုံမှာ အပေါ်ယံဆန်လွန်းလှသည်။ ၂၀၀၈ ဖွဲ့ စည်းပုံအား ပိုမိုကြံ့ခိုင်တောင့်တင်း စေသည့် အနေ အထားမှနေ၍ အပစ်အခတ် ရပ်စဲခြင်းတည်တန့် ခိုင်မြဲရေးကိုသာ အားပေးပံ့ပိုးရာရောက်နေသည်။ MPSI ၏ လုပ်ငန်းစဉ် နှင့် မရှင်းမရှင်း လုံးထွေး လည်ပတ်လျှက်ရှိသော ကေအင်ယူ ခေါင်းဆောင်များရှိလျှင် ရုံးထွက်သင့်ပါပြီ။

အခြေခံလူထု၏ ဘ၀နစ်နာမှုများ တစုံတရာလျော့ပါးသက်သာစေရန် ပေးအပ်သော အကူအညီ များကို လုံးဝ မယူသင့်ဟု တဖက်စွန်းရောက် ဆိုလိုခြင်းမဟုတ်ပါ။ သို့ ရာတွင် ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သည့် ရှမ်းအမျိုးသားခေါင်းဆောင်ကြီး တောင်ကြီးဦးထွန်းမြင့် ၏ စကားကို သတိချပ်သင့်ပါသည်။ ကျုပ်တို့  တိုင်းရင်းသား တွေရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်လို့  နိုင်ငံရေးခေါင်းဆောင်တွေရဲ့ စကားထက် ဖွဲ့ စည်းပုံအခြေခံ ဥပဒေနဲ့ အညီ ထည့်သွင်းပြဌာန်းပေးတာကိုဘဲ လိုခြင်တယ် ဟူသည်ကို ဖြစ်သည်။ ယင်းသို့ အဆင့်မြင့်သည့် နိုင်ငံရေး တိုက်ပွဲဆင်နွှဲ နိုင်ရန်မှာ ကေအင်ယူတခုနည်းအနေဖြင့် မည်သို့ မျှမဖြစ်နိုင်ပါ။

ကျုပ်တို့ တဖွဲ့ ခြင်းစီမှာ အချုပ်အခြာအာဏာရှိတယ်၊ တူတာတွဲလုပ်၊ မတူတာခွဲလုပ်သွားမယ် ဟူသောမူကို ကိုင်စွဲရုံမျှဖြင့် နိုင်ငံရေးအား Political Power မည်သို့ မျှ ဖြစ်မလာနိုင်ပါ။ ပြည်ထောင်စုတခုလုံးကို လွှမ်းခြုံနိုင်၇န်ဝေး၍ ကရင်လက်နက်ကိုင်အဖွဲ့ အစည်းအများအပြားရှိနေသော ကရင်ပြည်နယ်တခုတည်းအတွင်းမှာပင် အောင်မြင်နိုင်ခြေ မရှိပါ။ ယင်းမူကို ကိုင်စွဲဖေါ်ဆောင်သော အဖွဲ့ အစည်းများထပ်မံပေါ်ပေါက်လာပါက ကရင်ပြည်နယ်အတွင်းမှာသာမက အခြားတိုင်း ရင်းသားပြည်နယ်များတွင်ပါ တဗိုလ်တမင်း ကြီးထွားရှင်သန်နေသည့် စစ်ဘုရင်ကလေးများက နေပြည် တော်ရှိ စစ်ဘုရင်ကြီးအား ၀ပ်တွားခယကြသည့် ဘ၀နှင့်သာ နိဂုံးချုပ်ဘွယ်ရှိပါသည်။ ဥပဒေစိုးမိုးရေး အခြေခံတွင် စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်မှာ ဇာတ်မျောကြီးဖြစ်ပါတော့မည်။ ယခင်ကေအင်ယူကိုင်စွဲ ဦးဆောင် ခဲ့သည့် တပ်ပေါင်းစုမူကောင်းများကို ပြန်လည်အသက်သွင်းကာ ယူအင်အက်ဖ်စီ တပ်ပေါင်းစုနှင့် ခိုင်ခိုင် မာမာ လက်တွဲ တိုက်ပွဲဝင်ခြင်းသည်သာ အသင့်မြတ်ဆုံး ဖြစ်ပါမည်။

ဦးအောင်ထူး (ရှေ့နေ)
ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ
စက်တင်္ဘာလ (၂၀) ရက် ၂၀၁၄ ခုနှစ်

Friday, September 19, 2014

မြ၀တီမြို့တွင် ပစ်ခတ်မှုဖြစ်၊ ဒီကေဘီအေ တပ်ဖွဲ့ဝင် ၁ ဦး သေဆုံး

By နော်နိုရင်း

ကရင်ပြည်နယ် မြ၀တီမြို့မှာ ဒီကနေ့ မနက်အစောပိုင်းက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှု ဖြစ်ပွားပြီး ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီကနေ့ မနက် ၁ နာရီလောက်က မြ၀တီမြို့ ကြံခင်းလမ်းမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

dkbaအခင်းဖြစ်ပွားပုံကတော့ ဒီကေဘီအေတပ်ဖွဲ့က ဗိုလ်လင်းနိုင်ဆိုသူက အရက်မူးပြီး ကားမောင်းရာက ရပ်ထားတဲ့ကားတွေကို လိုက်တိုက်မိတဲ့အတွက် ဒေသခံတွေက လုံခြုံရေးတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေက လိုက်လံ တားဆီးပြီး ကားပေါ်ကနေ ဆင်းခိုင်းရာမှာ ဗိုလ်လင်းနိုင်က မဆင်းဘဲ သေနတ်ထုတ်တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့လို့ အပြင်းအထန် ဒဏ်ရာရရှိပြီး မြ၀တီဆေးရုံကို ရောက်ပြီးနောက် ၂ နာရီအကြာမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

မြ၀တီမြို့ရှိ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ရဲ့ ဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးစောဇောရိုးက “ဒီကေဘီအေတပ်က တယောက်က အရက်မူးပြီး ကားနဲ့ ရပ်ထားတွေကို လိုက်တိုက်တဲ့အတွက် ဒေသခံတွေက လုံခြုံရေးတပ်ဖွဲ့ကို အကြောင်းကြားတယ်။ ဘယ်သူ့ကားလဲ မသိဘူး။ ရပ်ထားတဲ့ ကားတွေကို လိုက်တိုက်နေတယ်ဆိုပြီး လုံခြုံရေးတပ်ဖွဲ့ တွေကလည်း လိုက်ပြီး သူ့ကားကို ပိတ်ဆို့တယ်။ အဲမှာ ရပ်ခိုင်းတာ မရပ်ဘဲ လုံခြုံရေးကားကို ၀င်တိုက်တော့ သူ့ကားက ရပ်သွားတယ်။ လုံခြုံရေးတပ်ကလည်း ဘယ်သူလဲ ကားပေါ်က ဆင်းခိုင်းတယ်။ အဲဒီအချိန်မှာ သူ့ကားကို မီးထိုးထားတာ သူက မဆင်းဘဲ သေနတ်ထုတ်လိုက်တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့က သူ့ကို ပစ်လိုက်တာ” လို့ ပြောပါတယ်။

ကားပေါ်အတူပါလာတဲ့ နောက်တပ်ဖွဲ့ဝင်တဦးလည်း ဒဏ်ရာရရှိပြီး လက်ရှိ မြ၀တီဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီကေဘီအေတပ်ဖွဲ့ကို မေးမြန်းရာမှာတော့ ပစ်ခတ်မှု ဖြစ်ပြီး သူတို့ တပ်ဖွဲ့ဝင် သေဆုံးသွားတာ မှန်ကန်ကြောင်းနဲ့ ဖြစ်စဉ်ကိုတော့ လေ့လာစုံစမ်းပြီး ဆွေးနွေး သွားမယ်လို့ ဒီကေဘီအေရဲ့ စစ်ဦးစီးမှူး ဒုတိယတန်း ဗိုလ်မှူးထွန်းထွန်းက ပြောပါတယ်။
“တပ်က သူတို့ ပူးပေါင်းလုံခြုံရေးအဖွဲ့ ဘီဂျီအက်ဖ် ပါတယ်။ တပ်မတော်ပါတယ် စသည်အားဖြင့် လတ်တလောက မြ၀တီမှာ ရှုပ်ထွေးနေလို့ လုံခြုံရေးတွေ တိုးမြှင့်ချထားတာ ရှိတယ်။ ကျနော်တို့လည်း လေ့လာစုံစမ်းနေဆဲ ဖြစ်တယ်။ ပစ်ခတ်မှု ဖြစ်တယ်ဆိုတာလောက်ပဲ သိတယ်။ သူကတော့ ဆုံးသွားတယ်။ နောက်တယောက်တော့ ဒဏ်ရာ ရသွားတယ်။ ဒီဟာက တခုလုံးရဲ့အပေါ် ကြည့်ပြီးသွားမယ်။ အဖြစ်မှန်တွေအပေါ်မှာ လေ့လာမယ်၊ အဖြစ်မှန်အတိုင်း ဆွေးနွေးသွားဖို့ ရှိပါတယ်။”

မြ၀တီအခြေစိုက် အစိုးရတပ်ရင်း ၂၇၅ က တာဝန်ရှိသူတွေကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီကေဘီအေခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ ပြောဆိုခဲ့တဲ့ကြောင်း ကေအန်ယူ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူး စောဇောရိုးက ပြောပါတယ်။

မြ၀တီမှာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ၂ ရက်ဆက်တိုက် ချိန်ကိုက်ဗုံး တွေ့ရှိပြီးနောက် အာဏာပိုင်တွေက မြို့တွေမှာ အစိုးရစစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေအပြင် နယ်ခြားစောင့်တပ်ရော၊ တခြား အပစ်အခတ် ရပ်စဲရေး ယူထားတဲ့ တပ်တွေကို ခေါ်ပြီး လုံခြုံရေးကို အချိန်ပြည့် တိုးမြှင့်ထားချိန် ဒီပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဧရာဝတီ သတင်းတွင်ဖေါ်ပြသော "စောမူတူးစေးဖိုး ဘာမှားလို့လဲ" ဆောင်းပါးနှင့်စပ်လျဉ်း၍ စောလေးမူရဲ့ စာနဲ့ပါတ်သက်လို့ ဆောင်းပါးရှင် အဂ္ဂ၏ အမြင်

စောလေးမူရဲ့ စာနဲ့ပါတ်သက်လို့ ကိုအဂ္ဂ အမြင်ကို အဆင်ပြေရင်သိချင်ပါတယ်ဆိုလို့ 

တောင်းဆိုထားတဲ့ Yokazoe အတွက် ဒီစာတိုလေးနဲ့ ဝန်ဆောင်ပေးလိုက်ပါတယ်။

အဲဒီစာကိုရေးသူစောလေးမူဟာ မိမိခေါင်းဆောင်အပေါ် သစ္စာရှိ ရဲဘော်ကောင်းတယောက်လို့ တော့ ဦးစွာအသိအမှတ်ပြုပါရစေ..
ဒါပေမဲ့ စာက ပုဂ္ဂိုလ်ရေးကိုအသားပေးထားဒါမို့  နိုင်ငံရေးကိုသာဝေဖန်တဲ့ကျနော့်အတွက် သိတ်ပြီး မဟတ်စပ်သလိုပါဘဲ။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်နေသူတွေရှိနေရင်လဲ အဲဒါမျိုးတွေရှောင်ပြီး နိုင်ငံရေးကိုဘဲဝေဖန်သုံးသပ်ကြစေချင်တယ်။

စောမူတူးစေးဖိုး ဘာမှားလို့လဲ ဆိုတာကို တိုတိုဖြေရရင်တော့
၁။ အဖွဲ့ အစည်းဆိုင်ရာအမှားနဲ့  ၂၊ နိုင်ငံရေးဆိုင်ရာအမှားဆိုပြီး ၂ခုကိုထောက်ပြချင်ပါတယ်။

အဖွဲ့ အစည်းဆိုင်ရာအမှား ဆိုတာက အလွန်ထင်ရှားလူသိများတဲ့အမှားဖြစ်တာမို့  အရှည်မပြောတော့ပါ။ ကေအဲန်ယူဟာ အာဏာရှင်စနစ်နဲ့  ဥက္ကဌလုပ်သူတဦးတည်းရဲ သဘောအတိုင်း ထင်ရာလုပ်လို့ မရတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။ ဥက္ကဌဟာ ကေအဲန်ယူရဲ့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ အစည်းဖြစ်တဲ့ ကွန်ကရက်ညီလာခံကနေအများသဘောတူချမှတ်တဲ့ လမ်းစဉ်နဲ့ လုပ်ငန်းစဉ်တွေကို ကိုင်တွယ်ကျင့်သုံးရတဲ့ အမြင့်ဆုံး အာဏာပိုင်ဖြစ်တယ်။ ဒီတော့ဒီနေရာမှာ သတိမလစ်နားလည်မှုမမှားဖို့ က အမြင့်ဆုံးအာဏာပိုင်ဖြစ်ခြင်းသည် ကွန်ကရက်ကချမှတ်တဲ့ စည်းမူ ဘောင် အားလုံးအောက်မှာသာဖြစ်ပြီး ဒီစည်းမူနဲ့ မကိုက်ညီတာတွေ ဒါမှမဟုတ်စည်းမူထဲမှာမရှိသေးတာတွေကို ဥက္ကတဦးတည်း တစုတည်းရဲ့ သဘောနဲ့ ဆုံးဖြတ်ဆောင်ရွက်ပိုင်ခွင့် လုံးဝမရှိပါ။ ဒါဟာ တကမ္ဘာလုံးရှိဒီမိုကရေစီနိုင်ငံတိုင်းကကျင့်သုံးနေတဲ့ စနစ်ဖြစ်တာကို နိုင်ငံရေးဗေဒ လေ့လာသူတိုင်းသိကြပါတယ်။

ဒီတော့ ကေအဲန်ယူကိုယ်စားလှည်တွေနဲ့ မြန်မာစစ်အစိုးရကိုယ်စားလှည်တွေ ပထမအကြိမ်တွေ့ ဆုံညှိနှုင်းပွဲမှာ ကေအဲန်ယူ ကွန်ဂရက်က လက်မှတ်မထိုးသေးဖို့ ချမှတ်ထားရဲ့ နဲ့က ဒါကိုချိုးဖေါက်ပြီးမိမိတို့ အုပ်စုသဘောအရ အလျှင်စလို လက်မှတ်ထိုးလိုက်ကြပါတယ်။ ဒီချိုးဖေါက်မှုမျိုးဟာ နိုင်ငံအတော်များများမှာ သမတ တွေဥက္ကဌတွေ ချက်ခြင်းရာထူးကနှုတ်ပယ်ခံရတဲ့ ပြစ်မှုဖြစ်ပါတယ်။ သူတို့ ဆီမှာ ပြည်သူကရွေးကောက်ထားတဲ့ကွန်ဂရက်လွှတ်တော်ဆိုတာက သမတထက်အမြဲအာဏာမြင့်တာမို့ပါ။
ကေအဲန်ယူရဲ့ ကွန်ကရက်ကော်မီတီဝင်အများစုက မိမိတို့ ရဲ့ ပူးပေါင်ပိုင်ဆိုင်တဲ့ အာဏာကို မထီမဲ့မြင်ပြုခံရတာဖြစ်လို့ စိတ်မချမ်းသာခဲ့ကြပါဘူး။ ဒါပေမဲ့ စစ်အစိုးရနဲ့လက်မှတ်ထိုးလိုက်တဲ့အုပ်စု ဟာ အဲဒီအချိန်ကစပြီး စစ်အစိုးရရဲ့ တိုက်ရိုက် ကျောထောက်နောက်ခံပြုမှုကို အလိုအလျှောက်ရသွားကြပြီဖြစ်လို့  ကေအဲန်ယူရဲ့ ကျန်အဖွဲ့ ဝင်တွေက အခြေအနေကိုဒါ့ထက်မဆိုးအောင် နောက်ဆုတ်ပေးလိုက်ကြတာရှိသလို ဘာမှမပြောတော့ဘဲ ဘေးထိုင်လိုက်တာတွေလဲရှိလာပါတယ်။ ဒီအနေအထားက ဒီကေဘီအေနဲ့ ဘီဲဂြီအက်ဖ်ကိုရန်သူက မြှောက်ပင့်နေရာပေးထားတဲ့ လုပ်နည်းမျိုးနဲ့တူတူဖြစ်တာမို့  တော်လှန်တဲ့ကရင်တွေ မလူးသာမလွန့် သာဖြစ်ရတာပါ။

ဒုတိယအချက်ဖြစ်တဲ့ နိုင်ငံရေးဆိုင်ရာအမှားကတော့ ခု UNFC ကနေ ထွက်ဖို့ လုပ်နေတာပါဘဲ။
ကေအဲန်ယူရဲ့ လွန်လေပြီးတဲ့ခေါင်းဆောင်ကြီးတွေ လက်နဲ့ရေးခဲ့တဲ့မူတွေကို ခုခေါင်းဆောင်တွေက ခြေနဲ့ ဖျက်လိုက်တဲ့သဘောပါဘဲ။ ဒီလုပ်ရပ်မှာလူရာဝင်တဲ့ နိုင်ငံရေးသဘောတရားတွေလုံးဝကင်းစင်နေတတာကပြသနာပါဘဲ။
အရင်က ကချင်တွေ၊ရှမ်းတွေ မွန်တွေ စည်းကမ်းဖေါက်ခဲ့ကြတယ်ဆိုတဲ့အချက်ကို ပြန်ပြီး လက်စားခြေတဲ့ ကိစ္စဟာ အမျှော်အမြင်ရှိတဲ့ခေါင်းဆောင်တွေဖြစ်ရင် လုံးဝရှောင်ရှားမှာပါ။ ဘ၀တူ တိုင်းရင်းသားအဖွဲ့ အစည်းတွေ တစည်းတလုံးဖြစ်ဖို့ ကိုယ့်ခေါင်းဆောင်ကြီးတွေ အကြိမ်ကြိမ်ကျိုးစားခဲ့ကြတာကို ရန်သူဘက်ကလဲ အကြိမ်ကြိမ် ဖျက်ဆီးနိုင်ခဲ့ကြတယ်။ ဒါပေမဲ့ တိုင်းရင်းသားအားလုံးရဲ့ အင်အားဟာ တိုင်းရင်းသားအားလုံးစည်းလုံးမှသာ လေးစားလောက်တဲ့အနေအထားရောက်နိုင်မှာမို့ ကေအဲန်ယူခေါင်းဆောင်ကြီးတွေက မဆုတ်မနစ် အကြိမ်ကြိမ်ပြန်ပြီးစည်းလုံးမှုရယူနိုင်ခဲ့ပြန်တယ်။ ခုတော့ ဒီလို အသက်သွေးကြွေးပေးဆပ်ပြီး ရန်သူရဲ့ လှည့်ကွက်ဗြူဟာတွေအေက်ကလွတ်လာတဲ့ ဘ၀တူတိုင်းရင်းသားစည်းလုံးရေးကို လက်ရှိကေအဲန်ယူခေါင်းဆောင်တွေက ရန်သူ့ အစား ဖြိုဖျက်ပေးနေသလိုဖြစ်တယ်။ ဟိုတုန်းက မင်းတို့ ဖေါက်ခဲ့တယ် ဒီတော့အခုငါဖေါက်တယ် ဆိုတဲ့ အောက်တန်းစားလက်စားခြေရေးအတွေးအခေါ်တွေဟာ ကရင်လူမျိုးကိုရောဘ၀တူတိုင်းရင်းသားအားလုံးကရောလုံးတောင့်တနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာကြီး လုံးဝဖြစ်မလာနိုင်အောင် ရိုက်ချိုးပစ်လိုက်တာပါဘဲ။
အမှန်က ခုလို တိုင်းရင်းသားအားလုံးပြန်လည်စုစည်းမိတာကို အမိအရအခွင့်ကောင်းယူပြီး ကျစ်လစ်ခိုင်မာတဲ့ ကောင်စီအဆင့် တိုင်းရင်းသားပေါင်းချုပ်နိုင်ငံရေးတပ်ဦးကို တည်ဆောက်ကြရမှာပါ။ အဲလိုတည်ဆောက်နိုင်ရင် ဖက်ဒရယ်ပြည်ထောင်စုစနစ်တောင်းဆိုမှု ဟာ ကြီးမားတဲ့နိုင်ငံရေးဒီလှိုင်းကြီးဖြစ်လာမှာပါ။ ဒါကိုမလိုလားသူက ပြည်ထောင်တုစနစ်ကိုကိုင်ပြီးပြည်ထောင်စုအော်နေတဲ့ အစိုးရဘက်ကသာလျှင်ဖြစ်တာမို့  ကေအဲန်ယူက ဘာလို့ အဲလိုနိုငံရေးဘက်ပြောင်းသွားတာပါလဲ။

နောက်တခုထပ်ဖြည့်ဖို့ လိုတာက ကရင်အချင်းချင်းတိုက်ခိုက်မှုတွေ လက်ရှိဥက္ကဌခေတ်မှာ ရပ်ဆိုင်းသွားတယ်ဆိုတဲ့ တပိုင်းတစ အမြင်ပါ။ အမှန်က ကေအဲန်ယူလက်ရှိခေါင်းဆောင်တွေ မြန်မာအစိုးရနဲ့ တတွဲတွဲဖြစ်နေကတည်းက အဲဒီဘက်ကို အရင်ရောက်နေနှင့်တဲ့ တခြားအဖွဲ့ အားလုံးနဲ့ ဘက်တဘက်တည်းဖြစ်ကုန်တဲ့ အနေအထားကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေ ရပ်သွားတာပါ။ ကရင့်ကိုယ်ပိုင်ပြဌာန်းခွင့် ဖက်ဒရယ်ပြည်ထောင်စု မူအောက်မှာ ယုံကြည်မှုသို့ မဟုတ် အကျင့်အကြံတွေတူလို့  အပြန်အလှန်မပစ်ခတ်ကြတော့တာမဟုတ်ဘူးဆိုတာကို နောက်တကျော့ ပြန်သုံးသပ်ကြည့်ရင် ရှင်းရှင်းလင်းလင်းမြင်ရမှာပါ။

လေးစားလျှက်ပါ
အဂ္ဂ


မှတ်ချက်။ ။ အထက်ပါစာအကြောင်းအရာများသည် စာရေးသူ ဆောင်းပါးရှင် အဂ္ဂ ၏ အမြင်များဖြစ်သည်။

Thursday, September 18, 2014

KNU-EC အစည်းအဝေးတွင် UNFC အရေး မဆွေးနွေးဆုံးဖြတ်ရသေး

စက်တင်ဘာ ၁၈ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖားအံခရိုင်ရှိ လေးဝါးစခန်းတွင် စက်တင်ဘာလ ၁၅ရက်မှ ၁၇ရက်နေ့အထိ ကျင်းပခဲ့သော ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး၌ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်အ ဖြစ် ဆက်ပါမပါကို ဆွေးနွေးဆုံးဖြတ်မှုများ တစ်စုံတစ်ရာ မပြုလုပ်ရသေးကြောင်း ကေအဲန်ယူခေါင်းဆောင်များက ပြောသည်။

KNU ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန်က “အစည်းအဝေးမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးနိုင်ခြင်း မရှိသေးဘူး။ အဓိကဆွေးနွေးဖြစ် တာက UNFC ပထမအကြိမ်ညီလာခံမှာ တင်ပြခဲ့တဲ့ KNU ရဲ့ အကြံပြုစာတမ်းကိုသာ ဆွေးနွေးနိုင်ခဲ့ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ အစည်းအဝေးတွင် KNU ၏ ဌာန ၁၄ခုနှင့် ခရိုင်ဒေသဆိုင်ရာ လုပ်ငန်းစဉ်များ တိုးမြှင့်လုပ်ဆောင်သွားမည့်အကြောင်း နှင့် ခရိုင်၊ တပ်မဟာအသီးသီးနှင့် ပြည်သူလူထုထံမှ အကြံပြု တင်ပြလာသည့် နိုင်ငံရေး၊ စစ်ရေးနှင့် အုပ်ချုပ်ရေး အခြေအနေ များကိုလည်း အလုပ်အမှုဆောင်ကော်မတီဝင်များက ဆွေးနွေးခဲ့ကြသည်။

ယခု ပြုလုပ်ပြီးစီးခဲ့သည့် အစည်းအဝေးမှာ ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ပုံမှန် လပတ် အစည်းအဝေးသာဖြစ် သည့်အတွက် ကေအဲန်ယူအနေဖြင့် UNFC အဖွဲ့ဝင်အဖြစ် ဆက်ရှိရေးမရှိရေးကိုမူ လာမည့် အောက်တိုဘာလ ၂၃ရက်နေ့တွင် ပြုလုပ်သွားမည့် ၎င်းတို့အဖွဲ့အစည်း၏ ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ် အစည်းအဝေး၌သာ ဆွေးနွေးဆုံးဖြတ်မည်ဟုလည်း ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၃၁ရက်နေ့က ကေအဲန်ယူအနေဖြင့် UNFC ၏ အဖွဲ့ဝင်အဖြစ် ယာယီရပ်ဆိုင်းထားပြီး အဆိုပါကိစ္စများကို ကေအဲန်ယူ၏ အချုပ်အခြာအာဏာပိုင် ဗဟိုအမြဲတမ်းကော်မတီ၏ အရေးပေါ် အစည်းအဝေးကို လာမည့် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဆွေးနွေးကာ ဆုံးဖြတ်ချက်ချမှတ်သွားမည်ဖြစ်ကြောင်း ကေအဲန်ယူက ပြောဆိုသည်။

“ကေအဲန်ယူအနေနဲ့ UNFC ကိစ္စကို ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးမှာ သွားဆွေးနွေးဆုံးဖြတ်မယ်ဆိုတာက ကောင်းပါ တယ်။ အဲဒီအစည်းအဝေးမှာ ခရိုင်၊ တပ်မဟာတွေက လူစုံတက်စုံ လာကြမှာမို့ အမြင်တွေလည်း စုံနိုင်တယ်လေ။ ကျမအနေနဲ့ ကတော့ ကေအဲန်ယူကို UNFC မှာ ပြန်ပြီး ပါဝင်စေချင်ပါတယ်”ဟု ကရင်အမျိုးသမီးအစည်းအရုံး(KWO) အထွေထွေအတွင်း ရေးမှူး နော်ကညောဖောက ပြောသည်။

ထို့အပြင် UNFC နှင့်ပတ်သက်သည့် ဆွေးနွေးမှုတစ်ရပ်ကို ကေအဲန်ယူနှင့် လွှတ်တော်ရှိ ကရင်တိုင်းရင်းသားအမတ်များနှင့် ငြိမ်း ချမ်းရေးအတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းအချို့ လာမည့် ရက်သတ္တပတ်အတွင်း တွေ့ဆုံမည်ဟု ကြားသိရသော်လည်း ထိုကိစ္စနှင့် ပတ်သက်၍ ယခုပြီးစီးသွားသည့် အစည်းအဝေးတွင် ပြောဆိုဆွေးနွေးခဲ့ခြင်းမရှိပေ။

ယမန်နေ့က ပြုလုပ်ပြီးစီးခဲ့သော ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ပုံမှန် လပတ်အစည်းအဝေးတွင် အလုပ်အမှု ဆောင်ကော်မတီဝင် ၁၁ဦးအနက် ဒုတိယစစ်ဦးစီးချုပ် မတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

IS တိုက်ဖျက်ရေးကူညီဖို့ နိုင်ငံ ၃၀ ကတိပြု

ဗွီအိုအေ
15.09.2014 21:28

နိုင်ငံပေါင်း ၃၀ က အီရတ်နိုင်ငံတွင်း IS အစ္စလာမ်အစွန်းရောက်တိုက်ဖျက်ရေးမှာ စစ်ရေးအပါအဝင် လိုတာအားလုံး ဝိုင်းကူပေးသွားမယ်လို့ ကတိပြု လိုက်ပါတယ်။ ပြင်သစ်နိုင်ငံမှာ ဒီနေ့လုပ်တဲ့ နိုင်ငံတကာညီလာခံအပြီး ကြေညာချက်ထုတ်ရာမှာ အီရတ်အစိုးရဘက်က တောင်းဆို လာတာကို နိုင်ငံတကာ ဥပဒေတွေနဲ့အညီ အရပ်သားတွေရဲ့လုံခြုံရေးကိုလည်း မထိခိုက်စေဘဲ ဝိုင်းကူပေးသွားဖို့ တသဘောတည်းရှိတယ်လို့ ဒီနိုင်ငံတကာ သံတမန်တွေက ထုတ်ပြောလိုက်တာပါ။

ဒီညီလာခံကို နိုင်ငံပေါင်း ၃၀ က အရာရှိတွေအပြင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေလည်း တက်ရောက်နေကြပါတယ်။ တကယ်တော့ ဒီညီလာခံဟာ IS အစ္စလာမ်အစွန်းရောက်အဖွဲ့ တိုက်ဖျက်ရေး နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ ထူထောင်ရေး ကြိုးပမ်းမှုအတွက် နောက်ဆက်တွဲ ဆက်ဖြစ်လာတာပါ။

ဒီ ညီလာခံမှာ အီရတ်သမ္မတနဲ့အတူ အဖွင့်မိန့်ခွန်းပြောခဲ့တဲ ပြင်သစ် သမ္မတ Francois Hollande က IS အစ္စလာမ်အစွန်းရောက်အဖွဲ့ဟာ ကမ္ဘာ တခုလုံးကို ခြိမ်းခြောက်လာတာနေတယ်၊ အချိန် ထပ်အကုန်ခံလို့ မရတဲ့ အခြေအနေကို ရောက်နေပြီလို့ လို့ ဆိုလိုက်ပါတယ်။ သမ္မတ Hollande ပြင်သစ်လိုပြောသွားတာက ဒီအကြမ်းဖက်မှုဟာ ဒေသတခုလုံးကိုပြန့်နေပြီ၊ အီရတ်မှာ၊ ဆီရီးယားမှာ သူတို့ရှိနေပြီ၊ ဒီအကြမ်းဖက်လှုပ်ရှားမှုဟာ နိုင်ငံ နယ်စပ်တွေကို ဖြတ်ကျော်ပြီး အင်ပါယာတခု ထူထောင်ဖို့ စိုင်းပြင်းနေတယ်၊ ကမ္ဘာတခုလုံးအတွက် ခြိမ်းခြောက်လာနေပြီး ဒါကြောင့် တကမ္ဘာလုံးက ဝိုင်းဖြေရှင်းပေးရတော့မယ်လို့ ဆိုတာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း ဒီအကြမ်းဖက်မှုတိုက်ဖျက်ရေး ဝိုင်းကူပေးဖို့ အရှေ့အလယ်ပိုင်းဒေသတွင်းက ခေါင်းဆောင်တွေကို သွားဆွေးနွေးအပြီး၊ ဒီ ပြင်သစ်က ညီလာခံကို တက်ရောက်ခဲ့ပါတယ်။

Monday, September 15, 2014

ကေအန်ယူကို ယူအန်အက်ဖ်စီနှင့် ပြန်လည်လက်တွဲရန် ကရင်ပြည်သူများ လိုလား

By နော်နိုရင်း

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အနေနဲ့ ညီညွတ်သာ တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အတွင်းပြန်လည် လက်တွဲဆောင်ရွက်ဖို့ ကရင်နိုင်ငံရေး ပါတီ၊ လူမှုအဖွဲ့အစည်းတွေက လိုလားနေကြပါတယ်။

KNU army soldiers march to commemorate the 63rd anniversary of Karen Revolution Day at Oo Kray Kee Township ကေအန်ယူအနေနဲ့ ယူအန်အက်ဖ်စီအဖွဲ့ကနေ ယာယီရပ်ဆိုင်းခဲ့ပြီးနောက် ကရင် ပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေက ယူအန်အက်စီနဲ့ ပြန်လည် ပူးပေါင်းစေလိုကြတာဖြစ်ပါတယ်။

ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ် ကရင် အမျိုးသား စည်းလုံးရေး နှင့်ငြိမ်းချမ်းရေးကော်မီတီဝင်တဦးလည်းဖြစ်တဲ့ မန်းအောင်ပြည်စိုးကတော့ ဖယ်ဒရယ် ပြည်ထောင်စု တခုတည်ထောင်ဖို့ တိုင်းရင်းသားတခုတည်းကနေ တည်ထောင်လို့မရတဲ့ အတွက် တခြားတိုင်းရင်းသားအဖွဲ့နဲ့ ပူးဆောင်ရွက်စေချင်တယ်လို့ ပြောပါတယ်။
“ပေါင်းစေချင်တာ၊ မပေါင်းစေချင်တာနဲ့ ပတ်သက်ပြီး ကျနော်တို့ကတော့ ပေါင်းဖို့ အကြံပြုချင် တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖက်ဒရယ် ရရှိဖို့က ကရင်တမျိုးတည်းနဲ့ လုပ်လို့ မရဘူးလေ။ ဒီနိုင်ငံ အတွက်က တိုင်းရင်းသားတွေ အားလုံးစုပေါင်းပြီး လုပ်မှရမယ်ဆိုတော့ ပူးပေါင်းမှု လုပ်နိုင်ရင် အကောင်းဆုံးပေါ့။ မပူးပေါင်းနိုင်ရင် နည်းနည်းခက်ခဲတာပေါ့။ ဒါကြောင့် အတွက်ပါ။”

ပြည်တွင်းကရင်အမျိုးသမီးအစည်းအရုံး (ကေဒလျူယူ)ကလည်း ကေအန်ယူအနေနဲ့ ယူအန်အက်စီနဲ့ ပြန်လည် လက်တွဲဆောင်ရွက်စေလိုတယ်လို့လည်း စက်တင်ဘာ ၄ ရက်နေ့တုန်း ကြေညာချက် ထုတ်ပြန် အကြံပြုထားပါ။

ပြည်တွင်းကရင်အမျိုးသမီးအစည်းအရုံးရဲ့ ပြောခွင့်ရသူ နော်အုန်းလှ က “လက်ရှိ အခြေအနေမှာ တိုင်းရင်းသားလက်နက်ကိုင်အားလုံးကို စည်းစည်းရုံးရုံးနဲ့ ဖြစ်စေချင်တယ်။ ကေအန်ယူက အင်အား နည်းနည်းများတယ်။ အဲဒီအချိန်မှာ ကေအန်ယူက ခွဲထွက်သွားမယ်ဆိုရင် ကျန်တဲ့ တိုင်းရင်းသားတွေကတော့ ဘာမှတော့မဖြစ်ဘူးပေါ့။ ဒါပေမယ့် တိုင်းရင်းသားတွေ ကွဲတယ်ဆိုတာ မဖြစ်စေချင်ဘူး။ အားလုံးနဲ့ အတူတူပဲ ဖြစ်စေချင်တယ်” လို့ ပြောပါတယ်။

ရန်ကုန်အခြေစိုက် ကရင်ခေါင်းဆောင်တယောက်လည်း ကေအန်ယူအနေနဲ့ ယူအန် အက်စီ တပ်ပေါင်းစုကနေ နုတ်ထွက်တဲ့ပေါ် ရန်ကုန်ရှိ ကရင်လူထုတော်များများ စိတ်မ ကောင်းဖြစ်ကြပြီး ပြန်လည် ပေါင်းစည်းလုပ်ကိုင်စေချင်တယ်လို့ ပြောပါတယ်။

“စိတ်မကောင်းကြဘူးပေါ့။ မဖြစ်သင့်ဘူးလို့ ယူဆကြတာပေါ့။ အများစုကတော့ တပ်ပေါင်းစုအနေနဲ့ သွားတဲ့ကိစ္စက ဖြစ်သင့်တဲ့ကိစ္စပေါ့။ တပ်ပေါင်းစုအနေနဲ့ သွားတာကို ကရင် ပြည်သူလူထုတော်တော်များကတော့ လိုလားကြပါတယ်။”

ကရင်အမျိုးသားအစည်းအရုံး KNU ဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစု အဖွဲ့ဖြစ် တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ရဲ့ အဖွဲ့ဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းထားလိုက်ပြီလို့ စက်တင်ဘာလ ၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ယူအန်အက်စီအဖွဲ့ကို ပြန်လည် ၀င်ရေးမ၀င်ရေးကိုတော့ လာမယ့် အောက်တိုဘာလမှာ ကျင်းပမယ့် ဗဟိုအလုပ်အမှုဆောင် ကော်မီတီအစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်မှာ ဖြစ်တယ်လို့ ကေအန်ယူ အတွင်းရေးမှူး ၁ ပဒိုစောသောသီဘွဲက ဒီဗွီဘီကို ပြောပါတယ်။

Sunday, September 14, 2014

ကေအဲန်ယူ၊ သူဖြူရင် ကိုယ်မဲနေကြတာ ကောင်းသလား (VOA)

ဦးစည်သူအောင်မြင့်
12.09.2014

UNFC ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ လို့ခေါ်တဲ့ လက်နက်ကိုင် တိုင်းရင်းသား တပ်ပေါင်းစု ညီလာခံ ကနေ ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံး ထွက်ခွာခဲ့တဲ့ ပြဿနာက စ နောက်ပိုင်း ပေါ်ပေါက်လာတဲ့ ပြဿနာတိုင်းမှာ ကေအဲန်ယူ အဖွဲ့အစည်းအတွင်း သဘောထား ကွဲပြားမှုတွေ တစ်ခုပြီး တစ်ခု တွေ့မြင်လာကြရပါတယ်။ ဘယ်လို ပြဿနာမျိုးတွေလဲ၊ သဘောထား ကွဲပြားမှုတွေကို ဘယ်လို ထင်ဟပ်နေသလဲ၊ ကေအဲန်ယူ အဖွဲ့အစည်းကြီး ဒီလိုပဲ ဆက်သွားသင့်သလား၊ ဘာတွေ ဆက်လုပ်သင့်သလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း UNFC တပ်ပေါင်းစုထဲမှာ အင်အားကြီး နှစ်ဖွဲ့ဖြစ်တဲ့ ကေအိုင်အို ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့နဲ့ ကေအဲန်ယူ ကရင်အမျိုးသား အစည်းရုံးတို့ရဲ့ မူဝါဒ သဘောထား နှစ်ခု ထိပ်တိုက် တိုးကြပါတယ်။ တပ်ပေါင်းစု ဥက္ကဌရာထူးရယူထားတဲ့ ကေအိုင်အို က UNFC ကို ကျစ်ကျစ်လစ်လစ် ဗဟိုချုပ်ကိုင်မှုရှိတဲ့ အဖွဲ့အစည်းအဖြစ် ပုံဖော်လိုပြီး ကေအဲန်ယူ အဖွဲ့ဘက်ကတော့ တပ်ပေါင်းစုထက် လက်ရှိနိုင်ငံရေးအခြေအနေနဲ့ လိုက်လျောညီထွေမှုရှိတဲ့ မဟာမိတ် ပူးပေါင်းဆောင်ရွက်မှု ဖေါ်ဆောင်ဖို့ စဉ်းစားသင့်တယ် ဆိုပြီး ပြုပြင်မှုလုပ်ဖို့ အကြံပြုတင်ပြပါတယ်။ ဒါပေမယ့် ကေအိုင်အိုနဲ့ အဖွဲ့ဝင် အများစုက လက်ခံခြင်း မရှိပါဘူး။

တပ်ပေါင်းစုထဲမှာ ကေအဲန်ယူ နဲ့ ကေအိုင်အို ခုလို ဖွဲ့စည်းပုံ ကိစ္စ တစ်ခုတည်း သဘောထားကွဲတာတော့ မဟုတ်ပါဘူး။ UNFC ရဲ့ တပ်ပေါင်းစု တိုးချဲ့ရေး၊ တစ်ြပည်လုံး အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ဆိုင်ရာတွေမှာလည်း သဘောထား ကွဲခဲ့ကြပါသေးတယ်။ ဒီလို သဘောထား မတူညီမှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် ကေအဲန်ယူ အဖွဲ့ဟာ ချင်းမိုင် ညီလာခံကို အဓိက ခေါင်းဆောင်တွေ ဖြစ်တဲ့ ဥက္ကဌ စောမူတူးစေးဖိုး၊ ဒုဥက္ကဌ နော်စီဖိုးရာစိန်၊ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း တို့ ကိုယ်တိုင် သွားတက်ရောက် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး တင်ပြချက်တွေ အကောင်အထည် ပေါ်လာမတဲ့အောက်မှာ ကေအဲန်ယူ ကိုယ်စားလှယ်တွေ ညီလာခံထဲက ထွက်ခွာခဲ့သည် အထိ ဖြစ်ခဲ့ရပါတယ်။ ဒီအခြေအနေထိတော့ ပြဿနာ မရှိသေးပါဘူး။ ပြဿနာ က နောက်ပိုင်းမှာ စ ပါတယ်။

ညီလာခံက ထွက်ခွာခဲ့ပြီးတဲ့နောက် ဥက္ကဌ စောမူတူးစေးဖိုးက ကေအဲန်ယူ အနေနဲ့ UNFC အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ယာယီ ရပ်ဆိုင်းထားမယ် ဆိုပြီး အကြောင်းကြားစာ ရေးသားပေးပို့ပါတယ်။ ဥက္ကဌ ရဲ့ စာနဲ့ မရှေးမနှောင်းပဲ ဒုဥက္ကဌ နော်စီဖိုးရာစိန်ကလည်း စာတစ်စောင် ရေးပို့ပြန်ပါတယ်။ သူ့စာထဲမှာတော့ UNFC ညီလာခံကို တင်သွင်းခဲ့တဲ့ KNU ကိုယ်စားလှယ်တွေရဲ့ သဘောထား မတူညီခြင်းနဲ့ ဖက်ဒရယ် ကောင်စီဝင် ကိုယ်စားလှယ် ရွေးချယ်ပေးပို့နိုင်ခြင်း မရှိခဲ့တဲ့အပေါ် KNU အတွင်း ပြန်လည် ညှိနှိုင်း ဆောင်ရွက် သွားမှာ ဖြစ်ကြောင်းနဲ့ ညီလာခံ နှောင့်နှေးကြန့်ကြာမှု ဖြစ်သွားရတဲ့ အပေါ် KNU ကိုယ်စား တောင်းပန် တယ်လို့ ဖော်ပြထားပါတယ်။ တကယ်တော့ နော်စီဖိုးရာစိန်ရဲ့ အဲဒီစာဟာ ကေအဲန်ယူ ခေါင်းဆောင်ပိုင်းအတွင်း သဘောထား ကွဲပြားမှုတွေ ရှိနေတယ်ဆိုတာကို လူသိထင်ရှား ထုတ်ဖော်ပြောလိုက်တဲ့ သဘောပါပဲ။ ဒါကြောင့်လည်း တိုင်းရင်းသား ခေါင်းဆောင်တစ်ချို့က ကေအဲန်ယူ အနေနဲ့ UNFC အဖွဲ့ထဲက ထွက်သွားတာဟာ တကယ့် ကေအဲန်ယူ တစ်ဖွဲ့လုံးရဲ့ သဘောထား ဟုတ်ချင်မှဟုတ်မယ်၊ သူတို့ ဗဟိုကော်မတီ ပြန်ဆွေးနွေးပြီးရင် အဖြေမှန်သိရလိမ့်မယ် ဆိုပြီး ပြောဆိုခဲ့ကြပါတယ်။ ဒါဟာ ကေအဲန်ယူ ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားသမှု မရှိတော့တဲ့ သဘောလည်း သက်ရောက်ပါတယ်။

နောက်ပြဿနာ တစ်ခုကတော့ အရင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မှာ ပါဝင်ခဲ့ဖူးတဲ့ ရဲဘော်ခင်ကျော် နဲ့ အဖွဲ့ဝင် တစ်ချို့ ပြည်ထောင်စု ကာကွယ်ရေးတပ် ABSDF (UNRA) ဆိုပြီး ခွဲထွက် တည်ထောင်လိုက်တဲ့ ကိစ္စပါ။ ဒီအဖွဲ့ကို လက်ခံထားတာဟာ ကေအဲန်ယူ တပ်မဟာ(၅) နယ်မြေထဲမှာပါ။ ပြောရရင် ကေအဲန်ယူ တပ်မဟာ (၅) တပ်မဟာမှူးရဲ့ သဘာတူညီချက် နဲ့ အားပေးအားမြှောက်ပြုမှု မရှိရင် ဒီအဖွဲ့ တည်ထောင်လို့ရမှာ မဟုတ်ပါဘူး။ တကယ်ဆို ABSDF ဗဟို အဖွဲ့ကို ကေအဲန်ယူ အဖွဲ့ကြီးရဲ့နယ်မြေထဲမှာ လက်ခံထားတာပါ။ ဒီလို လက်ခံထားတဲ့ကြားက မဟာမိတ် တပ်ဖွဲ့ထဲက အုပ်စု တစ်ခု ခွဲထွက်တာကို အားပေးလိုက်တယ် ဆိုကတည်းက ကေအဲန်ယူ ဗဟိုနဲ့ တပ်မဟာ (၅) သဘောထား တိုက်ဆိုင်မှု မရှိဘူး ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်သလို အကွဲအပြဲကို ဖော်ပြတဲ့ ရပ်တည်ချက် တစ်ခုလည်း ဖြစ်ပါတယ်။

နောက်ထပ် မြင်ရတဲ့ ပြသနာတစ်ခုကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ထွက်ပေါ်လာတဲ့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် KPSN ရဲ့ ကြေငြာချက်ပါ။ ဒီကြေငြာချက်ကတော့ နည်းနည်း ထူးဆန်းနေပါတယ်။ ကြေငြာချက်ထဲမှာ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA က အဆိုပြုထားတဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က စီမံကိန်းတွေဟာ အားနည်းချက်တွေရှိနေတယ်၊ စီမံကိန်းကို လုပ်တာ စောနေသေးတယ်၊ ဒီအတွက် စီမံကိန်းတွေဟာ ငြိမ်းချမ်းရေးကို အထောက်အကူပြုမယ့် အစား ပဋိပက္ခကို အားပေးရာ ရောက်မယ် လို့ ဆိုပြီး ကန့်ကွက်တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၉ ရက်နေ့ ရန်ကုန်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ကွန်ယက်တာဝန်ရှိသူတွေဖြစ်တဲ့ ဒေါ်စူစန်နာလှလှစိုးနဲ့ စောကျော်စွာတို့က ဒီ စီမံကိန်းတွေ အကောင်အထည် ဖော်ရာမှာ ဒေသခံတွေနဲ့ တိုင်ပင်တာ မရှိဘူး၊ ကေအဲန်ယူ အဖွဲ့ကြီးနဲ့ ညှိနှိုင်းတာ မရှိဘူး၊ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ် အစိုးရတွေကပဲ ဂျိုက်ကာနဲ့ ပူးပေါင်း အကောင်အထည် ဖော်နေတာ ဖြစ်တယ်၊ ဒီ စီမံကိန်းတွေ ကိစ္စ ကေအဲန်ယူ အဖွဲ့ကြီးနဲ့ ပေါင်းပြီး ကန့်ကွက်သွားဖို့ ဒုဥက္ကဌ နော်စီဖိုးရာစိန်နဲ့လည်း ဆွေးနွေးခဲ့ပြီးပြီလို့ ဆိုပါတယ်။

ဒါပေမယ့်လည်း သိပ်မကြာသေးခင် သြဂုတ်လ ထဲမှာပဲ ကေအဲန်ယူ တပ်မဟာ(၄) ခုနဲ့ ခရိုင် (၄) ခုက ခေါင်းဆောင်တွေ ရန်ကုန်လာပြီး ဂျိုက်ကာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးသွားခဲ့တဲ့ ဖြစ်စဉ်ကလည်း ရှိနေပြန်ပါတယ်။ ပြောရရင် လက်ရှိ ကေအဲန်ယူ အဖွဲ့ထဲမှာ ဂျိုက်ကာရဲ့ စီမံကိန်းကို လက်ခံတဲ့ တပ်မဟာတွေ ခရိုင်တွေ ရှိသလို လက်မခံတဲ့ တပ်မဟာတွေ ခရိုင်တွေလည်း ရှိနေတယ် ဆိုတဲ့ သဘော သွားသက်ရောက်ပါတယ်။ ပြောရရင် ပေါ်လာတဲ့ ပြသနာတိုင်းဟာ ကေအဲန်ယူ ထဲမှာ သဘောထား ကွဲပြားနေတာတွေကို ထင်ဟပ်စေပါတယ်။ ဒီလို သဘောထားတွေ ကွဲပြားနေခြင်းအားဖြင့် ကေအဲန်ယူကို အင်အားချိနဲ့တဲ့ အဖွဲ့အစည်း တစ်ခုအဖြစ် ပုံရိပ် ကျဆင်းစေပါတယ်။ အစိုးရ အပါအ၀င် အခြား တိုင်းရင်းသား အင်အားစု အသီးသီးရဲ့ လေးစားမှုကို မခံရရုံမက အထင်အမြင်သေးခြင်း ကိုတောင် ခံနေရပြီဖြစ်ပါတယ်။ ဒီအတွက် ကေအဲန်ယူ ခေါင်းဆောင်ပိုင်း အနေနဲ့ တကယ် အနှစ်သာရရှိတဲ့ ညီညွတ်ရေးကို ပြန်တည်ဆောက်ဖို့ အဲဒီကမှ တဆင့် ကရင်တစ်မျိုးသားလုံး ကောင်းစာရေး အကောင်အထည် ဖော်ကြဖို့ အချိန်ရောက်ပြီဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
http://burmese.voanews.com/content/news-analysis-sithu-aungmyint-knu/2447767.html

Friday, September 12, 2014

တပ်ပေါင်းစုများသည်လည်း အနတ္တ

မောင်ကျော်စွာ
(၂၀၁၄ခုနှစ်၊ စက်တင်ဘာ ၁၁ရက်)

“တပ်ပေါင်းစု” ဆိုတာ ဒူးရင်းသီးနဲ့တူတယ်။

“တပ်ပေါင်းစု” စတင်ဖွဲ့စည်းကာစ၊ စုစည်းကာစဆိုရင် မမှည့်သေးတဲ့ ဒူးရင်းသီးနဲ့တူမှာပေါ့။ မာမာကျစ်ကျစ်၊ ဆူးချွန်ချွန်တွေနဲ့။ ဘုံရန်သူကို ညီညီညွတ်ညွတ် တွန်းလှန်ကြမယ်ဆိုတဲ့သဘော။ ကာလတစ်ခုဖြတ်သန်းသွားပြီးတဲ့အခါ ဒူးရင်းသီးဟာ အခြမ်း လိုက် အက်ကြောင်း၊ ကွဲကြောင်းကြီးတွေ ထင်ထင်ရှားရှားပေါ်လာပြီ၊ အနံ့တွေလည်း ထွက်လာပြီ၊(တချို့က ဒူးရင်းသီးအနံ့ မွှေး တယ်/တချိ့က နံတယ်ပေါ့)။ နောက်ဆုံး အဲဒီဒူးရင်းသီးကြီး အစိတ်စိတ်ကွဲထွက်မသွားအောင် “နှီးကလေး”နဲ့ချည်ထား၊ တဲထား ရတယ်။ အဲဒီလို စည်းနှောင်၊ ချည်နှောင်၊ တဲနှောင်ထားတဲ့ “နှီးကလေး”ဟာ တပ်ပေါင်းစုညီညွတ်ရေးပေါ့။ အဲဒီ တပ်ပေါင်းစုညီ ညွတ်ရေး “နှီးကလေး”က ဝါးအကြောကို သင်ထားတဲ့နှီးမဟုတ်ဘူး။ အူတိုင်နားကပ်နေတဲ့နှီးမျိုး၊ အချိန်မရွေးဆွေးပြီး ပြတ်သွားဖို့ သိပ်လွယ်တယ်။

ဒီလိုနဲ့တပ်ပေါင်းစုတွေ ဖွဲ့စည်းခဲ့ကြပြီး၊ ဖွဲ့ခဲ့သမျှ တပ်ပေါင်းစုတွေဟာ မကြာခင်မှာ အနိစ္စသဘော တမျိုးမျိုးနဲ့ ကိစ္စချောကုန် ကြပါတယ်။ (ဒညတ)၊ (မဒတ)လို့ ခေါ်တဲ့ (NDF)၊ (မဒမခ)လို့ ခေါ်တဲ့ (DAB)၊ “ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ” လို့ခေါ်ကြတဲ့(NCUB)၊ “ဒီမိုဖိုရမ်” လို့ဆိုတဲ့ (FDB) တို့ဟာ အထက်မှာတင်ပြခဲ့တဲ့ ဒူးရင်းသီးဥပမာလိုပဲ အနိစ္စသဘောနဲ့ ကိစ္စချော ကုန်ခဲ့ကြပြီ မဟုတ်ပါလား။ အခုလည်း ယနေ့ကာလပေါ် (UNFC) တပ်ပေါင်းစု မျက်စေ့နီနေတယ်။ မျက်ခုံးလှုပ်နေတယ်။

တကယ်တော့ ထိုင်းမြန်မာနယ်စပ်တစ်ကြောမှာ ၁၉၈၈နောက်ပိုင်း ဖွဲ့ခဲ့ဖူးတဲ့ တပ်ပေါင်းစုမှန်သမျှ ခေါင်းဆောင်မှုစာရင်းမှာ (KNU)၊ (KIO)၊ (NMSP) တို့ကပဲ တပ်ပေါင်းစု ဥက္ကဋ္ဌ၊ ဥက္ကဋ္ဌ(၁) ၊ ဥက္ကဋ္ဌ(၂) နေရာတွေကို ဘိုးဘွားပိုင်သဖွယ် ယူခဲ့ကြတာပါ။

ဘုံရန်သူဆိုတာ အမြဲတမ်း ပြက်ပြက်ထင်ထင်ရှိနေတာခဲ့ပဲ။ တညီတညွတ်တည်း တိုက်ပွဲဆင်နိုင်မှ မျှော်မှန်တိုင်းပန်တိုင်ရောက် မယ်ဆိုတာလည်း နောကျေအောင် သိထားကြတာပဲ။ ဒါပေမယ့် ဘုံရန်သူရဲ့ ပရိယာယ်ဝေဝုစ်ကိုတော့ မခံနိုင်ကြဘူး။ အရှေ့ မြောက်မှာ (ဗကပ)ကို အောက်ခြေလွတ်အောင် ရန်သူက လုပ်နိုင်သွားပြီးတဲ့နောက်မှာ ထိုင်းမြန်မာနယ်စပ်က အင်အားစုတွေအ ဖို့ တော်လှန်ရေးဗဟိုချက်ဟာ “မာနယ်ပလောဖြစ်တယ်”လို့တောင်မှ သုံးသပ်ယူဆခဲ့ကြဖူးတာပါပဲ။ ဒါပေမယ့် ဗိုလ်ခင်ညွန့် ထောက်လှမ်းရေးရဲ့ “တစ်နပ်စား ငြိမ်းချမ်းရေး” လှိမ့်လုံးအောက်မှာ အားလုံး တစစီ ပြိုကွဲသွားခဲ့ကြရတယ်။

(မဒတ)ရဲ့ ဒေါက်တိုင်လိုအဖွဲ့အစည်းတွေဖြစ်တဲ့ (KIO) နဲ့ (NMSP)တို့ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲသွားခဲ့ကြတယ်။ နှစ်ပေါင်း ၂၀ကျော်ကြာခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့မှ နိုင်ငံရေးအရ ဟုတ်တိပတ်တိ ဆွေးနွေးခဲ့တာမရှိခဲ့ဘူး။ “ညောင်နှစ်ပင်ညီလာခံ”မှာ အခြားဖိတ်ကြားသင့်သူများဆိုတဲ့ နာမည်နဲ့ နိုင်ငံရေးပေါ်တာဆွဲတာပဲ ခံခဲ့ ကြရတယ်။ ဒါ့အပြင် အချို့အဖွဲ့အစည်းတွေ အဖွဲ့အစည်းတစ်ခုလုံး ဖျက်သိမ်းခြင်းခံသွားကြရတယ်။ အချို့က အကြွင်းမဲ့လက်နက် ချခဲ့ကြရတယ်။ အင်အားကောင်းခဲ့ကြတဲ့ (KUN)၊ (KIO)၊(NMSP) အဖွဲ့အစည်းကြီးတွေထဲက အစိတ်စိတ်ကွဲအက်မှုတွေ၊ ခွဲထွက် မှုတွေ အတောမသတ် ပေါ်ပေါက်ခဲ့တယ်။ (နဝတ-နအဖ) စစ်အစိုးရအုပ်စိုးတဲ့ နှစ်ပေါင်း ၂၀ကျော်ကာလဟာ တိုင်းရင်းသားအဖွဲ့ အစည်းတွေအဖို့ ဘယ်ခေတ်ကာလနဲ့မှ မတူတဲ့ ကွဲအက်မှု/ခွဲထွက်မှုတွေ ကြုံတွေ့ခဲ့ကြရတဲ့ကာလလို့ပြောရင် ဘယ်သူ ငြင်းနိုင် မှာလဲ။

နောက်ဆုံးမှာတော့ အမျိုးသားရန်သူ/မဟာဗမာလူမျိုးကြီးဝါဒီလို့ ပြောခဲ့ကြတဲ့ ရန်သူရဲ့ ခြံစည်းရိုး ကာကွယ်ရေးတပ် (BGF)တပ် ဖြစ်လိုဖြစ်၊ အချင်းချင်း ပြန်တိုက်သူတိုက်ကြ၊ အပြန်အလှန် လုပ်ကြံသတ်ဖြတ်ကြတဲ့ အနိဋ္ဌာရုံတွေသာ ဖြစ်ပျက်ခဲ့ရတယ်။ အမျိုး သား တော်လှန်ရေးသမားဘဝကနေ အုပ်စိုးသူရဲ့ သစ္စာခံစစ်သားအဖြစ် ပြောင်းခဲ့ကြရတယ်။ နဖူးပေါ်လက်တင် တွေးကြည့်ရင် တစ်ချိန်က အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အသက်စွန့်/ ကိုယ်လက်ခန္ဓာ စွန့်လွှတ်သွားကြတဲ့ အာဇာနည် တွေ၊ သူရဲကောင်းတွေကို မျက်နှာပူဖို့၊ ရှက်ဖို့သိပ်ကောင်းပါတယ်။

ဒီကနေ့ တိုင်းရင်းသားလူမျိုးစုတိုင်းက တောင်းဆိုနေတဲ့ “ဖက်ဒရယ်ပြည်ထောင်စု”ဆိုတာ ဖော်ဆောင်နိုင်ဖို့ အုပ်စိုးသူ အစိုးရဆီ က ခိုင်မာတဲ့ အာမခံချက် ဘယ်မှာရှိသလဲ။ စာနဲ့ပေနဲ့လည်းမရှိသလို၊ စကားအဖြစ်လည်း သက်သေပြစရာမရှိပါဘူး။ အုပ်စိုးသူ ဘက်က ပေးနေတာဆိုလို့ စီးပွားရေးလုပ်ကွက်တချို့နဲ့ ကားပါမစ်ပဲရှိတယ်။

“၂၀၀၈ အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေတွေ”ကို ဘယ်သူမဆို လိုက်နာရမယ်လို့ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ကာချုပ်ဆိုသူတွေ က တဖွဖွပြောနေတာပဲ။ တန်းတူရည်တူ နိုင်ငံရေးဆွေးနွေးပွဲဆိုတာ ဘယ်နေမှန်းမသိသေးဘူး။ အပစ်ရပ်လက်မှတ်ရေးထိုးဖို့ကို က စက်တင်ဘာကနေ အောက်တိုဘာထိ ရွှေ့သွားပြန်ပြီမဟုတ်လား။

ဒီလိုအခြေအနေမှာ ယနေ့ကာလပေါ် တပ်ပေါင်းစုတစ်ခုဖြစ်တဲ့ (UNFC) ထဲကနေ (KNU)က နှုတ်ထွက်သွားပြန်တယ်။
ဒီလို ထွက်သွားတာကြောင့် တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ပိုမြန်ဆန်လာမလား။ နိုင်ငံရေးဆွေးနွေးပွဲတွေ မြန်မြန်ဖြစ် မြောက်လာနိုင်သလား။ အဲဒါတွေဖြစ်ဖို့ မသေချာပါဘူး။ (KNU)တဖွဲ့တည်း အုပ်စိုးသူအစိုးရနဲ့ နားလည်မှုယူတာတော့ ဖြစ်သွား နိုင်ပါတယ်။ (KNU) ကလည်း လက်ရှိ အုပ်စိုးသူနဲ့ မြန်မြန်ပြေလည်ချင်ပုံရပါတယ်။

သမ္မတတို့၊ ကာချုပ်တို့က အခြားအဖွဲ့အစည်းများနဲ့မတူ တမူထူးပြီး၊ (KNU) ကို ‘ဂဒီးဂဒီး’ ခေါ်ခေါ်တွေ့နေလေတော့၊ သမ္မတကြီး တို့၊ ကာချုပ်ကြီးတို့ရဲ့ သဘောထားအမှန်ကို အခြားအဖွဲ့တွေထက် (KNU) က ပိုသိနေတဲ့ပုံပါပဲ။ (KNU) အီးစီတစ်ဦး မီဒီယာ တွေမှာ ပြောဆိုနေတာတွေက အဲဒီအခြေအနေတွေကို ထင်ဟပ်ပေါ်လွင်စေပါတယ်။ သူပြောတာထဲမှာဆိုရင် (KNU) နဲ့ အခြား တိုင်းရင်းသားတွေဟာ ဘဝချင်းမတူပါဘူးတဲ့။ ဒီတော့ ကရင့်ကံကြမ္မာကရင်ဆုံးဖြတ်မယ်ဆိုတဲ့သဘောပါပဲ။ (KNU) က (UNFC) ထံ ပေးပို့တဲ့စာမှာလည်း အချုပ်အခြာအာဏာပိုင်ဆိုတဲ့ စကားပါနေလေတော့။ ရှေ့မှာ အုပ်စိုးသူအစိုးရနဲ့ စကားပြောတာတွေမှာ (UNFC) ဆုံးဖြတ်ချက်တွေကို မနာခံတော့ဘူး။ (KNU) အဖွဲ့အစည်း စိတ်ကြိုက် ဆုံးဖြတ်တော့မယ် ဆိုတဲ့သဘောပါပဲ။

(KNU) တဖွဲ့ထဲနဲ့ဆွေးနွေးပြီး အုပ်စိုးသူအစိုးရက (KNU) ရဲ့ ပင်မအခြေခံမူတွေဖြစ်တဲ့ “စောဘဦးကြီးမူ(၄)ရပ်”ကို တိတိကျကျ၊ သေသေချာချာ လက်ခံတယ်ဆိုရင်ဖြင့် (UNFC)ကနေ (KNU) နှုတ်ထွက်သွားတာကို ကျနော်တို့လက်ခုပ်တီးကြရမှာဖြစ်ပြီး ကျန် တဲ့ ကချင်၊ မွန်၊ ရှမ်း၊ ကရင်နီ၊ ပအိုဝ်း စတဲ့တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေအတွက် (KNU) အတွေ့အကြုံတွေကို လေ့လာကြဖို့ မုချလိုအပ်မှာ ဖြစ်ပါတယ်။

“တပ်ပေါင်းစု” တည်ဆောက်တာ၊ တပ်ပေါင်းစုညီညွတ်ရေး တည်ဆောက်တာတို့ဆိုတာဟာ “ဓမ္မစေတီခေါင်းလောင်းဆယ်” နေ ကြတာမျိုးသာဖြစ်တယ်လို့ နောင်မျိုးဆက်သစ်များ ထင်မှတ်မမှားကြစေဖို့ လက်ရှိ မျိုးဆက်များမှ ကြိုးပမ်းကြစေလိုပါကြောင်း။
http://www.kicnews.org

တိုက်ပွဲများနဲ့ မငြိမ်းချမ်းသေးတဲ့ တအာင်းဒေသ

ဦးကျော်ဇံသာ
10.09.2014 08:10

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေအထဲမှာ နောက်ဆုံးမှ ထွက်ပေါ်လာပြီး သိပ်မထင်ရှားခဲ့ဘူးလို့ဆိုရမဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးဟာ အခုအချိန်မှာ အစိုးရစစ်တပ်ဖွဲ့တွေနဲ့ မကြာခဏဆိုသလိုပဲ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ လောလောဆယ်မှာ အကြိမ်ပေါင်းများစွာ ဖြစ်နေတယ်လို့တောင် ဆိုရမယ်ထင်ပါတယ်။ ဒီင်္အင်အားစု ဘယ်လို ပေါ်ထွက်လာသလဲ။ ဘာကြောင့် မပြေလည်နိုင်တာလဲဆိုတာကို တအာင်း (ပလောင်) တပ်ဦး ဥက္ကဌ တာအိုက်ဘုန်း နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ပထမဦးဆုံး သိချင်တာကတော့ တာအိုက်ဘုန်းတို့ရဲ့  ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး ဆိုတာဟာ အခုမြန်မာနိုင်ငံမှာ ကြားခဲ့ဖူးတဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေထဲမှာ နောက်ဆုံးပေါ်ထွက်လာတဲ့၊ နောက်ဆုံးကြားလာရတဲ့ နံမည်တခုဆိုရင် မှားမယ်မဟုတ်ဘူး ထင်ပါတယ်။ ဘယ်လို ပေါ်ပေါက်လာတယ်ဆိုတာကို အကျဉ်းရုံးလေး ရှင်းပြပါလား။

တာအိုက်ဘုန်း ။ ။ ကျနော်တို့ တအာင်း (ပလောင်) တော်လှန်ရေးသမိုင်းစတာ ၁၉၆၃ ဇန်နဝါရီ ၁၂ ရက်နေ့မှာ ကျနော်တို့ ပလောင်းအမျိုးသားတပ်ဖွဲ့ကနေစတယ်။ ၁၉၉၁-၇ မှာ TSLA/TSLO က အပစ်အခတ်ရပ်စဲရေးကို နဝတ/နအဖ နဲ့ လုပ်သွားတယ်။ ၂၀၀၅ ခုနှစ်မှာ လက်နက်အပ်ပွဲ အခမ်းအနားလုပ်လိုက်ရတယ်။ ကျနော် အခု ဦးဆောင်နေတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးက ၁၉၉၂ ကနေ မယ်နပလောမှာ စပြီးတော့ တည်ထောင်ခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တအာင်း နဲ့ ပလောင် ဘာကွဲပြားခြားနားလဲ။

တာအိုက်ဘုန်း ။ ။ ပလောင်ကတော့ အများခေါ်တဲ့ စကားလုံးပါ။ အထူးသဖြင့် ဗမာတွေက ပလောင်လို့ ခေါ်တယ်။ ကျနော်တို့ ကိုယ့်ကိုယ်ကိုခေါ်တာကတော့ တအာင်းပေါ့။ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး ဦးဆောင်တဲ့ တပ်မတော်က ပလောင်ဆိုတာ မဟုတ်ဘဲနဲ့ တအာင်းဆိုတာကို ပြန်ပြီးတော့သုံးတယ်။ တအာင်းလွတ်မြောက်ရေး တပ်မတော် ဖြစ်သွားတယ်။

ဦးကျော်ဇံသာ ။ ။ တချိန်တုန်းက တာအိုက်ဘုန်းကို မိုက်အိုက်ဘုန်းလို့ လူတွေက သိကြပါတယ်။ အဲဒီအချိန်တုန်းက မိုက်အိုက်ဘုန်းတို့က ဝနဲ့ အတော်လေး နီးစပ်တဲ့ အင်အားစုဖြစ်တယ်။ ဘာသာစကားအားဖြင့်၊ ယဉ်ကျေးမှုအားဖြင့် အတော်လေး နီးစပ်တယ်လို့ ပြောဖူးတယ် ထင်ပါတယ်။ အဲဒါ ဟုတ်ပါသလား။

တာအိုက်ဘုန်း ။ ။ ဟုတ်ပါတယ်။ ဝနဲ့ နီးစပ်တာ အထူးသဖြင့် ကျနော်တို့ ပိုနီးစပ်တာကတော့ အခုလက်ရှိ ဝအမျိုးသားအဖွဲ့ချုပ်၊ ဝအမျိုးသားတပ်မတော် WNA, WNO ကျနော်တို့ ပိုပြီးတော့ နီးစပ်တယ်။ ဝ၊ ပလောင်၊ မွန်ဆိုတာ မွန်-ခမာ မျိုးနွယ်စုဖြစ်တယ်ဆိုတော့ ဘာသာရေးအရ၊ စကားအရ တော်တော်နီးစပ်တယ်လို့ ပြောလို့ရတယ်။ ကျနော့်နံမည်က တချိန်တုန်းက မိုင်အိုက်ဘုန်း ခေါ်တယ်ဆိုတာကတော့ ကျနော်တို့ ပလောင်အမျိုးသားဆိုရင် ရှေ့ က “မိုင်”။ အမျိုးသမီးဆိုရင် “လွေ”။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျနော်တို့ တပ်ဖက်ဆိုင်ရာ၊ နိုင်ငံရေးပါတီနဲ့ ပတ်သက်လာရင်တော့ အရာရှိဖြစ်လာပြီဆိုရင်တော့ “မိုင်” အစား “တာ” ကို ပြန်ပြီးတော့ အသုံးပြုတာဖြစ်တယ်။ အဲဒါကြောင့် တာအိုက်ဘုန်း ကို ပြန်ခေါ်တာဖြစ်တယ်။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံရဲ့  တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို ကြိုးပမ်းမှုတွေကို ကြည့်မယ်ဆိုရင် အစဉ်အလာကြီးမားခဲ့တဲ့ တော်လှန်ရေးအင်အားစုတချို့ နဲ့ အတော်လေး အဆင်ပြေမယ့်သဘော၊ နီးစပ်မယ့်သဘော ကြားနေရပါတယ်။ ဒါပေမဲ့ ကျနော် စောစောကသုံးသပ်ခဲ့သလို နောက်ဆုံးပေါ်ပေါက်လာတယ်လို့ ဆိုရမယ့် တာအိုက်ဘုန်းတို့ရဲ့  တော်လှန်ရေးအင်အားစုနဲ့ ဘာကြောင့် မနီးစပ်နိုင်တာလဲ။

တာအိုက်ဘုန်း ။ ။ ကျနော်တို့က စောစောက ပြောသလိုပါပဲ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးရယ်၊ ကျနော့်တပ်ဦးက ၁၉၉၂ မယ်နပလောကတည်းက ဖွဲ့စည်းလာတာဖြစ်တယ်။ ပြည်သူလူထု ထောက်ခံမှုနဲ့ ကျနော်တို့ တော်လှန်ရေးသမိုင်းကြောင်းကလည်း နှစ်ပေါင်း (၅၀) လောက် ရှိပြီဆိုတော့ ဆိုလိုတာကတော့ မဟာမိတ်တွေရဲ့  ပူးပေါင်းမှုအပေါ်မှာ အခြေခံပြီးတော့၊ ကျနော်တို့ တအောင်းလူထုကလည်း ကျနော်တို့အပေါ်မှာ အဓိက ပံ့ပိုးထားတဲ့ ကျောထောက်နောက်ခံ ဖြစ်တယ်ဆိုတာ ပြောလို့ရတယ်။ ဒါကြောင့် ကျနော်တို့ တပ်ဦးက၊ တပ်မတော်က ဒီနေ့အထိ ဆက်လက်ရပ်တည်ပြီးတော့ တိုက်ပွဲဝင်နေတာဖြစ်တယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ မြန်မာနိုင်ငံအစိုးရက သူတို့ ဖွဲ့စည်းပုံဥပဒေအရ ပြည်နယ်ဒေသကြီးတွေမှာရှိတဲ့ လူမျိုးစုတချို့  ပလောင် အပါအဝင်ကို ကိုယ်ပိုင်အုပ်ချုပ်ရေးအရ အထူးဒေသအဖြစ် အုပ်ချုပ်ခွင့် ပေးထားတယ်ဆိုတာကို သိရပါတယ်။ အဲဒါကို ကျန်တဲ့လူမျိုးစုတွေ တော်တော်များများက လက်ခံကြပေမဲ့ တအာင်းတို့က ဘာကြောင့် လက်မခံနိုင်ကြတာလဲ။

တာအိုက်ဘုန်း ။ ။ ဒါတော့ သူတို့ ၂၀၀၈ ဖွဲ့စည်းပုံကနေ သတ်မှတ်ထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တယ်။ နမ့်စံ နဲ့ မန်တုံ က။ နမ့်ဆန် နဲ့ မိုင်းတုံ က အဓိက ပလောင်လူထုတွေ အခြေချတဲ့နေရာ ဖြစ်ပေမဲ့ ဒီလိုမျိုးနေရာက မြို့ နယ်သေးသေးလေးထဲမှာပဲ ကျနော်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့ နယ်ကို သတ်မှတ်ထားတယ်ဆိုတာတော့ ကျနော်အထင် အင်မတန်မှ တရားမျှတမှု မရှိဘူးလို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ရှမ်းပြည်မြောက်ပိုင်း၊ အရှေ့ ပိုင်းမှာ ကျနော်တို့ ပလောင်လူထုက ပျံ့ နှံပြီးနေထိုင်နေတဲ့ မြို့ တွေလည်း အများကြီးရှိတယ်။ ဆိုလိုတာက ဒီမြို့ တွေကို ကျနော်တို့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့ ကိုသတ်မှတ်ဖို့ တောင်းဆိုတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုမျိုး လွယ်လွယ်လေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့ နှစ်မြို့ လောက် သတ်မှတ်ပြီးတော့ ကျန်တဲ့နေရာတွေတော့ အထူးသဖြင့် ပလောင်တွေ အများအပြားနေထိုင်တဲ့ မြို့ တွေကြတော့ ဘာမှ သတ်မှတ်မှုမရှိဘဲနဲ့၊ ဘာမှ ပတ်သက်မှုမရှိတဲ့ပုံစံ သတ်မှတ်ထားတယ်ဆိုတော့ ကျနော်တို့က အဲဒါကို တရားမျှတမှု မရှိဘူးလို့ ဒီလိုပဲမြင်တယ်။ ဒါကို ဆက်လက်ပြီးတော့ ပိုမို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအောင် တနည်းအားဖြင့် ပြောရရင် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်တဲ့ပုံစံနဲ့ ကျနော်တို့ ဆက်လက်ပြီး တိုက်ပွဲဝင်တောင်းဆိုမယ်လို့ ချမှတ်ထားတာဖြစ်တယ်။

ဦးကျော်ဇံသာ ။ ။ ဘယ်လို ဖြစ်နိုင်မလဲ။ အဲဒီလိုဆိုရင် ရှမ်းတိုင်းရင်းသားတွေနဲ့ ရောနှောနေထိုင်နေတဲ့ နေရာတွေက ပလောင်တိုင်းရင်းသားတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအောင် ဘယ်လို ဖန်တီးနိုင်မလဲ။ နယ်မြေအားဖြင့်က သူတို့က ဟိုဘက်မှာနေတာကို။ ဆိုတော့ ဘာကို တောင်းဆိုလိုတာလဲ။ အဓိက သူတို့နေတဲ့ နေရာကိုလည်း ပလောင် အုပ်ချုပ်ရေးဒေသမှာ ထည့်ပေးပါလို့ မတောင်းဆိုဘူးလို့ တာအိုက်ဘုန်းက ပြောပါတယ်။ ဒါပေမဲ့ သူတို့ကိုယ်ပိုင်အုပ်ချုပ်ရေးလည်း လိုချင်တယ်ဆိုတော့ ဘယ်လို ဆောင်ရွက်ရင် ဖြစ်နိုင်မယ် ထင်ပါသလဲ။ နည်းလမ်းက ဘယ်လိုနည်းလမ်းနဲ့ လုပ်ရမလဲ။

တာအိုက်ဘုန်း ။ ။ ဒါကတော့ နည်းလမ်းက အမျိုးမျိုးရှိပါတယ်။ တွေ့ဆုံပြီးတော့ အပြန်အလှန် နားလည်းမှုနဲ့ ပြန်လည်ညှိနှိုင်းမှုနဲ့ ကျနော်တို့ ညှိနှိုင်းလို့ရတဲ့အပိုင်းတွေလည်း အများကြီးရှိတယ်။ တဖက်မှာလည်း ဒီလိုမျိုး အချိန်မျိုးမှာတော့ ညှိနှိုင်းဖို့အတွက်ကတော့ ကျနော်တို့အချင်းချင်းကြားထဲမှာ ညှိနှိုင်းဖို့အချိန်လည်း အင်မတန်မှ အားနည်းတယ်။ အင်မတန်မှ ခက်ခဲတဲ့ကြားထဲမှာ ဖြစ်နေတော့ ဒါကိုပြောဖို့ စောသေးတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ အခုန ကျနော်ပြောချင်တာက ကိုယ်ပိုင်အုပ်ချုပ်ခွင့် မြို့ နယ်နှစ်ခု ပေးထားပေမဲ့လဲ ကျနော်တို့ ကျေနပ်ရလောက်အောင် ပေးထားတာမျိုး မရှိသေးဘူးလို့ ကျနော်တို့ ပလောင်အများစုက ဒီလိုခံယူတယ်။ ဒီလိုပဲ ယုံကြည်တယ်။ ဒါကြောင့် ကျနော်တို့က ပိုပြီးတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မြို့ နယ်ကို တိုးချဲ့ နိုင်ဖို့ ကျနော်တို့အားလုံးက ဆန္ဒသဘောထား ရှိပါတယ်။ ဒါကိုလည်း ကျနော်တို့ ဆက်လက်ညှိနှိုင်းရမှာပါ။ ရှမ်းနဲ့ အစိုးရနဲ့။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ အခု ညှိနှိုင်းနိုင်တဲ့ အလားအလာ မရှိဘူးလား။ အခု လူမျိုးစု တော်တော်များများဟာ ညှိနှိုင်းဆောင်ရွက်နေကြပါတယ်။

တာအိုက်ဘုန်း ။ ။ မရှိသေးဘူး။ ကျနော်တို့က ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ၂၀၁၃ ဇူလိုင်လတုန်းက တရားဝင်ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးပွဲမှာ တရားဝင် တင်ပြထားတာရှိတယ်။ ဦးအောင်မင်း ပြောတာကတော့ UWPC က လိုတာထက် အများကြီး တောင်းတယ်ဆိုတဲ့ဟာကို သူတို့ပြောတာဖြစ်တယ်။ အမှန်မှာတော့ ဒါကို ကျနော်တို့ တောင်းတာမဟုတ်ဘူး။ ဒီလိုမျိုး ရှစ်မြို့ နယ်၊ ကိုးမြို့ နယ်မှာရှိနေတဲ့ ပလောင်တွေကို ပြန့်နှံနေတဲ့ ပလောင်တွေကို ကျနော်တို့ စည်းရုံးရေး၊ စည်းရုံးခွင့်ရအောင် တောင်းဆိုတာဖြစ်တယ်။ အဲဒီလိုမျိုး စည်းရုံးခွင့်ရရင် လူထုရဲ့  ဆန္ဒသဘောထားကိုလည်း ကောက်ယူချင်တာဖြစ်တယ်လို့ တင်ပြတာဖြစ်တယ်။ ဒါပေမဲ့ တဘက်မှာလဲ ကျနော်တို့ရဲ့  ညီနောင် ရှမ်းတွေက ကျနော်တို့အပေါ် နားလည်းမှုလွဲအောင်ဆိုပြီး ပလောင်တွေက ရှစ်မြို့ နယ် ကိုးမြို့ နယ် တောင်းပြီးတော့ ကျနော်တို့ အစိုးရ ဘယ်ပေးနိုင်မလဲဆိုတာ အဲဒီလို လွယ်လွယ်နဲ့ ပြောတယ်လို့ အဲဒီလို ကျနော် သုံးသပ်ထားတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု တိုင်းရင်းသားတွေရဲ့  အဖွဲ့အစည်းကြီးတွေ UNFC တို့လို၊ တိုင်းရင်းသားတွေ စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့တွေရှိတယ်။ အဲဒီ အဖွဲ့တွေထဲမှာ တအာင်းပြည်နယ် လွတ်မြောက်ရေးတပ်ဦးလည်း အဖွဲ့ဝင်တဦးအဖြစ် ပါဝင်နေတယ် မဟုတ်ဘူးလား။

တာအိုက်ဘုန်း ။ ။ ဟုတ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒါနဲ့ ဆက်ပြီးတော့ ညှိနှိုင်းလို့ မဖြစ်နိုင်ဘူးလား။ ဒီကိစ္စကို အသေးစိတ် ဆွေးနွေးမယ်ဆိုတာ။

တာအိုက်ဘုန်း ။ ။ အခြေအနေ ညှိနှိုင်းလို့ရတယ်လို့ ကျနော်တို့ မြင်တယ်။ အဓိကတော့ အစိုးရနဲ့ ပြေလည်ဖို့လိုတယ်။ နောက်ဆက်တွဲတွေက ကျနော်တို့အချင်းချင်း ညှိနှိုင်းပြီးတော့ ပိုမိုလွယ်ကူမယ်လို့တော့ ဒီလိုပဲ မြင်တယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ အခုကြားနေရတာက ငြိမ်းချမ်းရေးအတွက် အလားအလာ ဘယ်လိုကောင်းတယ်။ ဘယ်လိုပြောပြော လက်နက်ကိုင် ပဋိပက္ခတွေဖြစ်တယ်။ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်တယ်ဆိုတဲ့သတင်းက တအာင်း ပြည်သူ့လွတ်မြောက်ရေးအဖွဲ့နဲ့ အများဆုံး ဖြစ်နေတာကို သတင်းတွေထဲမှာ ကျနော်တို့ ကြားနေရတယ်။ အဲဒီ လက်နက်ကိုင်ပဋိပက္ခတွေ ရုတ်တရက် ဖြစ်နေရတဲ့အကြောင်းက ဘာလဲ။ သူ့နယ်မြေ၊ ကိုယ့်နယ်မြေ ဖြတ်သန်းမှုလား။ ဘယ်လို ပဋိပက္ခမျိုးလဲ။

တာအိုက်ဘုန်း ။ ။ ပြောမယ်ဆိုရင်လဲ တော်တော်ရှည်မယ့် သဘောလောက်ရှိမယ်။ ဒါပေမဲ့ တိုရှင်းလိုရင်း ပြောရမယ်ဆိုရင်တော့ ၂၀၀၅ မှာ PSLA က လက်နက်အပ်တဲ့ နောက်ပိုင်းမှာ ဦးသိန်းစိန်က အခုလက်ရှိ သမ္မတက လက်နက်အပ်ပွဲ အခမ်းအနားမှာ မိန့်ခွန်းပြောသွားတာတွေ အများကြီး ရှိပါတယ်။ ကတိတွေ အများကြီး ပေးသွားတယ်။ ပလောင်ဒေသ ဖွံ့ဖြိုးရေးတွေ လုပ်ပေးမယ်။ တည်ငြိမ်မှုရှိအောင် လုပ်ပေးမယ်။ မူးယစ်ဆေးဝါး ပပျောက်အောင် လုပ်ပေးမယ်စသဖြင့် အများကြီး ကတိတွေ ပေးသွားတယ်။ ဒါပေမဲ့ လက်နက်အပ်ပြီး နောက်ပိုင်းမှာ ၂၀၀၅ - ၂၀၁၀ ကြားထဲမှာ ကျနော်တို့ ပလောင်တွေ တော်တော်လေး ဒုက္ခတွေ ရောက်သွားတယ်။ အထူးသဖြင့် မူးယစ်ဆေးဝါး သားကောင်တွေ ဖြစ်သွားခဲ့တယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ တော်တော်လေး များသွားတယ်။ ပလောင်ဒေသမှာ များပြားသွားတယ်။ နောက်တခုက မြန်မာ့တပ်မတော်ထဲကလည်း ပလောင်လူထုတွေ၊ ပလောင်လူငယ်တွေကို စုစည်းပြီးတော့ ပြည်သူ့စစ်တို့၊ မြန်မာတပ်မတော်ထဲကို အတင်းအဓမ္မ လုပ်ခိုင်းတာတွေရှိတယ်။ လူမှုရေး၊ စီးပွားရေး အဲဒီမှာ ချွတ်ခြုံကျပြီးတော့ ပညာရေး၊ ကျန်းမာရေးလည်း ဘာမှရစရာမရှိဘူး။ ပိုဆိုးတာက မူးယစ်ဆေးဝါး ပိုပြီးတော့ များပြားလာတယ်။ အဲဒါကြောင့် ကျနော်တို့က ၂၀၀၉ မှာ ပလောင်းဒေသမှာ ပြန်လည်လက်နက်ကိုင် လှုပ်ရှားမှုနဲ့ ပြန်လည်ဝင်ရောက်လာတဲ့အချိန်မှာ ကျနော်တို့ ပလောင်လူထုက ကြိုဆိုပြီးတော့ ထောက်ခံတယ်။ အဓိက မူးယစ်ဆေးဝါး တိုက်ဖျက်ပေးဖို့ အဓိကလူထုက တောင်းဆိုတဲ့အပေါ်မှာလည်း အလေးထားပြီးတော့ မူးယစ်ဆေးဝါးကို အဓိကထား တိုက်ဖျက်နေတယ်။ တချို့ နေရာတွေမှာ တိုက်ပွဲဖြစ်တယ်ဆိုတာက ကျနော်တို့က လူထုစည်းရုံးရေးနဲ့ မူးယစ်ဆေးဝါးပပျောက်ရေးကို လုပ်ရင်နဲ့ တိုက်ပွဲတွေဖြစ်တဲ့နေရာတွေလည်း အတော်များတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာတွေက မြန်မာတပ်မတော်နဲ့ ပြည်သူ့စစ်တွေက သူတို့ရဲ့  အကျိုးစီးပွားကို ထိခိုက်တယ်လို့ပဲ မြင်တော့ အမြဲတမ်း လိုက်နှောက်ယှက်နေတော့ တိုက်ပွဲလည်း အဲဒီမှာ ဖြစ်တာတွေ အများကြီးရှိတယ်။

ဦးကျော်ဇံသာ ။ ။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ကတော့ ဘယ်သူက လုပ်တယ်ဆိုတာကတော့ အပြန်အလှန် စွပ်စွဲမှုတွေ အများကြီးရှိပါတယ်။ အစိုးရဖက်ကလည်း လက်နက်ကိုင်အင်အားစုတွေက ဒီဟာနဲ့ ရန်ပုံငွေရှာတယ်။ ဘာညာဆိုပြီးတော့ ပြောကြပါတယ်။ ဒီကိစ္စကို ဘယ်လို ပြန်ပြောချင်ပါသလဲ။

တာအိုက်ဘုန်း ။ ။ ဒါကတော့ သူတို့စွပ်စွဲချက်လို့ ပြောလို့ရတယ်။ ကျနော်တို့ဆီမှာ အထောက်အထားတွေရှိတယ်။ မြန်မာ့လက်အောက်ခံ ပြည်သူ့စစ်တွေက မူးယစ်ဆေးဝါး ဘယ်လို ပါဝင်သက်ရောက်မှုရှိလဲဆိုတာ အထောက်အထားတွေ ရှိတယ်။ ကျနော်တို့ဖက်က လုံးဝယုံကြည်တယ်။ လုံးဝ မူးယစ်ဆေးဝါးလုပ်တာ မရှိဘူး။ ကျနော်တို့ တပ်ထဲမှာလည်း အဲဒီလိုမျိုး ပါဝင်ပတ်သက်မှုရှိရင်လည်း ကြီးလေးတဲ့အပြစ်တွေ ပေးထားတာတွေရှိတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် စဉ်းစားမိတာက ဒီ တအာင်းတိုင်းရင်းသားတွေအနေနဲ့ မကျေနပ်တဲ့အချက်တွေ၊ မူးယစ်ဆေးဝါး ပိုပြီးတော့ ပြန့်နှံနေတဲ့ကိစ္စတွေကို မြန်မြန်ဖြေရှင်းချင်တဲ့ကိစ္စတွေ။ ဒီဟာတွေကို အပြန်အလှန် လက်ညှိုးထိုးပြီးတော့ တိုက်ခိုက်သတ်ဖျက်နေတာနဲ့ ညှိနှိုင်းဆွေးနွေးပြီးတော့ ဥပဒေဘောင်အတွင်းက ဆောင်ရွက်တာ ပိုမကောင်းဘူးလား။ ဥပမာအားဖြင့် နိုင်ငံတကာအဖွဲ့အစည်းလည်း ဒီကတဆင့် ပါလာမှာပေါ့။ ကုလသမဂ္ဂ UNODC တို့ဘာတို့။ အဲဒါ မကောင်းနိုင်ဘူးလား။

တာအိုက်ဘုန်း ။ ။ မှန်ပါတယ်။ ကျနော်တို့ကလည်း အဲဒါကြောင့် တရားဝင်တွေ့ဆုံဆွေးနွေးရေးကို လုပ်ခဲ့တယ်။ ၂၀၁၃ ဇူလိုင်လမှာ ပြည်နယ်အဆင့် လုပ်ခဲ့တယ်။ နောက်ပြီးတော့ ကျနော်တို့က ပြည်နယ်အဆင့်ကနေ ပြည်ထောင်စုအဆင့် တွေ့နိုင်ဖို့အတွက်က အပစ်အခတ်ရပ်စဲရေး လုပ်နိုင်ဖို့အတွက် ဒီလောက်ထိ မျှော်မှန်းထားတာရှိတယ်။ ဒါပေမဲ့ နောက်ပိုင်းက မြန်မာ့တပ်မတော်တွေ အများကြီးတက်လာတယ်။ တဖက်မှာ ဦးအောင်မင်းနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ပြီးတော့ တဖက်မှာ မြန်မာ့တပ်မတော်တွေ အများကြီး အလုံးအရင်းနဲ့ တက်လာပြီးတော့ ထိုးစစ်တွေဆင်တယ်။ ကျနော်တို့ လုံးဝနားလို့မရတဲ့အဆင့် ထိုးစစ်တွေဆင်တယ်။ တဖက်ကတမျိုး၊ တဖက်ကတမျိုး လုပ်နေတော့ ကျနော်တို့က အဲဒါတွေကို အများကြီး သံသယရှိလာတယ်။ နောက်တခုက တဖက်မှာ သူတို့ပြောတာကတော့ နောက်တကြိမ်တွေ့ရင်လည်း လက်မှတ်ထိုးရမယ်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရမယ်လို့ ပြောတယ်။ ကျနော်တို့က အဲဒီလိုမျိုး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရမယ်။ မထိုးရဖို့ ကြိုတင်ပြီးတော့ conditional သတ်မှတ်ထားတာကို မဖြစ်သင့်ဘူးလို့မြင်တယ်။ ကျနော်တို့ကလည်း ပြန်ပြောတယ်။ တကယ်လို့ နောက်တကြိမ် တွေ့ပြီးတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမယ်ဆိုရင်တော့ ရပါတယ်။ ထိုးနိုင်တယ်။ ဒါပေမဲ့ ကျနော်တို့ကလည်း conditional တခု ပေးထားတာက ကျနော်တို့ တောင်းဆိုချင်တာရှိတယ် ဘာလဲဆိုတာကို သူတို့က ပြန်မေးတယ်။ ကျနော်တို့ ပလောင်ဒေသမှာရှိတဲ့ မြန်မာတပ်မတော်တွေကို ပြန်ပြီးတော့ ဆုတ်ခွါပေးဖို့၊ ဆုတ်ပေးဖို့ တောင်းဆိုတယ်။ တကယ်လို့ အဲဒီလို လိုက်လျောပေးမယ်ဆိုရင် ကျနော်တို့ လက်မှတ်ထိုးဖို့တော့ အခက်အခဲ မရှိဘူးလို့ ပြန်ပြောတယ်။ အဲဒါကြောင့် ဒီ တွေ့ဆုံဆွေးနွေးရေးကတော့ မဖြစ်ဘဲနဲ့ အခု တိုက်ပွဲတွေတောက်လျှောက် ဖြစ်နေတယ်ဆိုတာ ကျနော်တို့က ဒီလို ပြန်ပြောတယ်။ တချက်တည်း အသိပေးချင်တာကတော့ ဦးသိန်းစိန်ကို ဒီလ စတ်တင်ဘာလ (၆) ရက်နေ့က တရားဝင်စာပို့ထားတယ်။ အခု စစ်ပွဲတွေ ဖြစ်နေတာကတော့ လျှော့နိုင်ဖို့အတွက် တရားဝင်စာတွေ ပို့ထားတာတွေ ရှိပါတယ်။ ဒီစာကိုလည်း ကျနော်တို့ မဟာမိတ်တပ်ပေါင်းစုတွေကိုလည်း မိတ္တူတွေ ပေးထားတာရှိတယ်။
http://burmese.voanews.com/content/news-analysis-revolutionary-of-taang-palaung/2444499.html

မြန်မာ - ဂျပန် တို့ ၏ဖွံ့ ဖြိုးရေးအစီအစဉ်နှင့်စပ်လျဉ်း၍ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်မှ သတင်းထုတ်ပြန်ကြေငြာချက်

Press release from KPSN _Burmese_ September 09 _Final_.pdf

Press release from KPSN _English_ September 09 _Final_.pdf

Type the rest of your post here.

Sunday, September 7, 2014

ABSDF ကျောင်းသားတပ်မတော် ကနေ ခွဲထွက်ပြီး တပ်ဖွဲ့သစ်တစ်ခု တည်ထောင်

ကွဲပြန်ပြီတဖွဲ့ ... 
 
ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ ခေါင်းဆောင်ဟောင်း တစ်ဦး ဖြစ်တဲ့ ရဲဘော်ခင်ကျော်က ABSDF ကနေခွဲထွက်ပြီး Union National Resistance Army ခေါ် ပြည်ထောင်စု ကာကွယ်ရေးတပ်ကို ဥက္ကဌ အနေနဲ့ တာဝန်ယူ တည်ထောင်လိုက်တဲ့အကြောင်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က သိမ်ဇရပ်ကျေးရွာမှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကိုခင်ကျော်က RFA ကိုအခု လိုပြောပါတယ်။

"လွန်ခဲ့တဲ့ ၂ လ ၃ လလောက်ကနေပြီးတော့မှ နိုင်ငံတကာမှာ ရောက်နေကြတဲ့ ရဲဘော်တချို့နဲ့ အခုလက်ရှိ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်တချို့၊ လူငယ်တချို့ကို တိုင်ပင်ပြီးတဲ့ အခါကျမှ ကျနော်တို့ ကျောင်းသား တပ်မတော်အဖြစ် ဆက်လက်မသွားတော့ပဲနဲ့ ပြည်ထောင်စု ကာကွယ်ရေးတပ် ဆိုပြီးတော့ ပြည်ထောင်စုရဲ့ လုပ်ငန်းစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လုပ်နိုင်ဖို့ ဆိုပြီး ဒီနေ့ပဲ မီဒီယာကို တွေ့ဆုံပြီး ကျနော်တို့ရဲ့ ရပ်တည်ချက်ကို ချပြတာဖြစ်ပါတယ်"

ABSDF ဒုတိယ ဥက္ကဌ ကိုမျိုးဝင်းကတော့ ဒီလိုမျိုး ကိုခင်ကျော် ခွဲထွက်သွားတာဟာ ABSDF နှစ်ဖက်ကွဲသွားတာ မဟုတ်ပဲ သူတစ်ဦးတည်းဆောင်ရွက်သွားတာဖြစ်ကြောင်း၊ သူ့ကိုလည်း အဖွဲ့ ကနေ ထုတ်ပယ်လိုက်ကြောင်း ပြော ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကိုခင်ကျော်နဲ့ ကိုမျိုးဝင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
http://www.rfa.org/burmese/news/union-national-resistance-army-09062014123741.html/1000102d102f10011004103910311000103a102c1039101410321094-1000102d102f1019103a102d10331038101d1004103910381010102d102f10941000102d102f-103110191038103b10191014103910381001103a10001039/inline.html

ကေအဲန်ယူကို UNFC အတွင်း ပြန်လည်လက်တွဲရန် ပြည်တွင်းကရင်အမျိုးသမီးအဖွဲ့- KWU အကြံပြု

စက်တင်ဘာ ၆ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)အတွင်း ပြန်လည် လက်တွဲဆောင်ရွက်ရန် ပြည်တွင်းကရင်အမျိုးသမီးအစည်းအရုံး(KWU)က စက်တင်ဘာ ၄ရက်နေ့စွဲဖြင့် သဘောထားကြေညာ ချက်ထုတ်ပြန်ကာ အကြံပြုပြောဆိုလိုက်သည်။

၎င်းထုတ်ပြန်ချက်အပေါ် KWU မှ ပြောရေးဆိုခွင့်ရှိသူ နော်အုန်းလှက “ကေအဲန်ယူက UNFC ထွက်(ယာယီရပ်ဆိုင်း)လာတဲ့အ ပေါ်မှာ ကေအဲန်ယူမူတွေနဲ့ ကွဲနေတာတွေ့ရတယ်။ ထွက်လာတဲ့အပေါ်မှာလည်း တဦးတယောက်နဲ့ တစုတဖွဲ့ရဲ့ သဘောထားလို ဖြစ်နေတာ တွေ့ရတယ်။ ကေအဲန်ယူရဲ့ ဆောင်ရွက်ချက်ဟာ မဖြစ်သင့်ဘူးဆိုတဲ့အကြောင်းကို အကြံပြုတဲ့အနေနဲ့ သဘောထား ထုတ်ပြန်တာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အချက် ၅ချက်ပါသည့် ၎င်းထုတ်ပြန်ချက်ထဲတွင် ကေအဲန်ယူ ၁၅ကြိမ်မြောက် ညီလာခံမှ ချမှတ်ထားသည့် မူများကို မျက်ကွယ် ပြုကာ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ဖွဲ့စည်းထားသည့် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ ပါဝင်သည့် UNFC ညီလာခံမှ ထွက်ခွာခြင်းသည် ကေအဲန်ယူတစ်ဖွဲ့လုံး၏ သဘောထားမဟုတ်ဘဲ အဖွဲ့ခေါင်းဆောင်အဖြစ် တက်ရောက်သူနှင့် လူတချို့၏ သဘောထားသာဖြစ်သည်ဟု KWU အနေဖြင့် သတ်မှတ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ယင်းလုပ်ရပ်သည် ကေအဲန်ယူအတွင်း ညီညွတ်ရေး၊ တိုင်းရင်းသားအားလုံးနှင့် ပူးပေါင်းလက်တွဲဆောင်ရွက်ရေးကိုပါ ထိခိုက်စေသောကြောင့် KWU က စိုးရိမ်မှုများစွာဖြစ်ရကြောင်း၊ ထို့အတွက် တပ်ပေါင်းစုအတွင်း ပြန်လည်ဝင်ရောက် လက်တွဲ ဆောင်ရွက်သွားရန် အကြံပြုလိုကြောင်း ထည့်သွင်းဖော်ပြထားသည်။

ကရင်လူမျိုး၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် တည်ဆောက်ရေးသည် သီးခြားကင်းလွတ်နေခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးအားလုံး၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ဆက်စပ်နေကြောင်း၊ တိုင်းရင်းသားအားလုံး တန်းတူရည်တူ အပြန်အလှန် ညီညွတ်မှုမရှိဘဲ တိုင်းပြည်အေးချမ်းနိုင်မည် မဟုတ်ကြောင်းနှင့် ကြားသိရသည့် သတင်းများအရ တစ်ဦးတ ယောက်၊ တစုတဖွဲ့၏ သဘောထားဖြင့် UNFC မှ အဖွဲ့ဝင်အဖြစ် ရပ်ဆိုင်းလိုက်ခြင်းသည် ဒီမိုကရေစီနည်းမကျဟု မြင်မိကြောင်း ပန်းတနော်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဒုဥက္ကဌ မန်းထိန်ဝင်းစိန်က ကေအိုင်စီသို့ ပြောသည်။

“ဒီကနေ ကေအဲန်ယူကို ကရင်တစ်မျိုးသားလုံးရဲ့ ၉၅ရာခိုင်နှုန်းက မိခင်နိုင်ငံရေး ဦးဆောင်အဖွဲ့အစည်းလို့ လက်ခံထားတယ်။ လက်ခံထားတဲ့အတွက် ကေအဲန်ယူက ဘာပဲလုပ်လုပ် ကရင်ပြည်သူတွေရဲ့ သဘောထားကို အတိအကျ ရယူဖို့ လိုတယ်။ နယ် စပ်မှာ ရှင်းလင်းပွဲလုပ်တယ်လို့တော့ သတင်းကြားတယ်။ ဒါနဲ့မလုံလောက်ဘူး။ တစ်နိုင်ငံလုံးက ကရင်ပြည်သူတွေရဲ့ သဘော ထားကိုလည်း ယူဖို့လိုတယ်လို့ ပြောချင်တယ်”ဟု မန်းထိန်ဝင်းစိန်က ပြောသည်။

UNFC ပထမအကြိမ် ညီလာခံကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ သြဂုတ်လ ၂၅ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး ၃၀ရက်နေ့တွင် ညီလာခံ တက်ရောက်သည့် ကေအဲန်ယူက အကြံပြုချက် ၉ချက်ပါစာတမ်းတစ်စောင် တင်သွင်းခဲ့သော်လည်း စာတမ်းကို အကျေအလည် ဆွေးနွေးနိုင်ခြင်းမရှိသလို အများစု၏ လက်ခံမှုမရှိသဖြင့် ကေအဲန်ယူကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်အချို့သည် ညီလာခံအ တွင်း ပါဝင်မှုကို ယာယီရပ်ဆိုင်းကာ ရှေ့ဆက် ပါဝင်ခြင်းရှိမရှိကိုမူ ကေအဲန်ယူ၏ အချုပ်အခြာအာဏာပိုင်ဖြစ်သည့် ဗဟိုကော်မ တီတွင် ဆွေးနွေးဆုံးဖြတ်သွားမည်ဟု သြဂုတ်လ ၃၁ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ကရင်အမျိုးသားအရေးကို တစ်ဖက်တစ်လမ်းမှ လုပ်ဆောင်သွားမည့် ရည်ရွယ်ချက်ဖြင့် နော်အုန်းလှက ဦးဆောင်ကာ Karen Women Union – KWU ကို ယခုနှစ် ဧပြီလတွင် ရန်ကုန်မြို့၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အမှုဆောင်အဖွဲ့ဝင် ၇ဦးရှိကြောင်း သိရသည်။

UNFC မှ ယာယီရပ်ဆိုင်းခြင်းအပေါ် KUPC အား ကေအဲန်ယူ ရှင်းပြ

စက်တင်ဘာ ၆ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)မှ ယာယီရပ်ဆိုင်းခြင်းအပေါ် ကရင်အမျိုးသားစည်းလုံးညီ ညွတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ(KUPC) အား ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူက ကရင်ပြည်နယ်၊ ဖားအံမြို့ သုမေဓာရာမကြားတောရကျောင်း၌ စက်တင်ဘာလ ၄ရက်နေ့က ကျင်းပသည့် KUPC ကော်မတီအစည်းအဝေးတွင် ရှင်းပြခဲ့ သည်။

ပဒိုစောတာဒိုမူးက “ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ စကားရှိပါတယ်။ ကျနော်တို့ ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမယ်ဆိုတာပေါ့ နော်။ UNFC က သူ့ကွန်ကရက်က ချမှတ်လိုက်တဲ့မူတွေဟာ ကျနော်တို့ကနေပြီးတော့ ကရင်ကံကြမ္မာကို ကရင်ဖန်တီးလို့မရတဲ့ ပုံစံတွေနဲ့ ချမှတ်တာကို ကျနော်တို့က ဆွေးနွေးညှိနှိုင်းပြီးတော့ ကျနော်တို့ လိုချင်တဲ့ဟာကို ညှိညှိနှိုင်းနှိုင်းနဲ့ ဘယ်လိုသွားသင့် လဲဆိုတာကို ကျနော်တို့် ညှိနှိုင်းကြတယ်။ ဒါပေမယ့် ညှိနှိုင်းတဲ့နေရာမှာ တချို့ကတော့ လက်ခံနိုင်တဲ့ အနေအထားမျိုးရှိပေမယ့် အများစုကတော့ ပုံစံဟောင်းအတိုင်းပဲ သွားချင်တယ်ဆိုတဲ့အခါကျတော့ ကျနော်တို့ ကေအဲန်ယူရဲ့ ပေါ်လစီနဲ့ လုံးဝဆန့်ကျင်တဲ့ အခါကျတော့ ဆက်သွားဖို့က အများကြီး အခက်အခဲရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်း KUPC ကော်မတီအစည်းအဝေးသို့ KUPC ကော်မတီဝင်ဖြစ်ကြသည့် ကေအဲန်ယူမှ ပဒိုစောလှထွန်း၊ ပဒိုစောတာဒိုမူး၊ ကရင် ဘာသာရေးခေါင်းဆောင် ဆရာတော် စောမက်သယူးအေးနှင့် ဆရာတော်ဦးစန္ဒာဝရ၊ နမ့်ခင်အေးဦး၊ နော်ရီဘက်ခါထင်နှင့် ဖားအံမြို့ရှိ ကေအဲန်ယူ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစောရှီးရှို အပါအ၀င် စုစုပေါင်း ၁၇ဦး တက်ရောက်ခဲ့ကြသည်။

KUPC ကော်မတီဝင်တစ်ဦးဖြစ်သည့် ခရစ်ယာန်ဘာသာရေးခေါင်းဆောင် ဆရာတော် စောမက်သယူးအေးက “ကျနော်တို့က တော့ သူပြောတဲ့အပေါ်မှာတော့ နားလည်လို့ရတယ်လေ။ ကေအဲန်ယူက UNFC ရဲ့ ဗဟိုဦးစီးစနစ်ကို လက်မခံနိုင်ဘူးလေ။ အနှစ် ၆၀ကျော် တိုက်ပွဲဝင်လာတဲ့ ကေအဲန်ယူအပေါ်မှာ လွှမ်းမိုးတာကျတော့ ကရင်လူထုအနေနဲ့ နားလည်ရခက်တာပေါ့နော်။ တစ်ခုပဲရှိတယ်။ ကေအဲန်ယူအတွင်းမှာတော့ အကွဲအပြဲတော့ မဖြစ်စေချင်ဘူး။ စုစုစည်းစည်းပဲ ဖြစ်စေချင်တယ်။ ဘယ်လိုပဲဖြစ် ဖြစ် ကေအဲန်ယူဘက်တော့ အမြဲတမ်းရပ်တည်သွားမယ်”ဟု ပြောဆိုသည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)၏ ပထမအကြိမ်ညီလာခံကို သြဂုတ်လ ၂၅ရက်မှ စက်တင် ဘာလ ၂ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ကေအဲန်ယူက (UNFC)၏ ဖွဲ့စည်းပုံသည် ၎င်းတို့၏ မူများနှင့် ကိုက်ညီမှုမရှိသည့်အ တွက် UNFC နှင့် ပူးပေါင်းပါဝင်မှုကို ယာယီရပ်ဆိုင်းထားခဲ့သည်။

ထို့အပြင် ကေအဲန်ယူသည် ဒီမိုကရက်တစ်အဖွဲ့အစည်း ဖြစ်သည့်အတွက်ကြောင့် UNFC အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရေး၊ မပါဝင်နိုင် ရေးကို သက်ဆိုင်ရာ ဗဟိုအလုပ်အမှုဆောင်ကော်မတီ(EC)နှင့် ဗဟိုအမြဲတမ်းကော်မတီ(SC)တို့ကို ပြန်လည်တင်ပြကာ ဆုံး ဖြတ်ချက် ရယူရမည်ဖြစ်သကဲ့သို့ UNFC ညီလာခံမှ ကေအဲန်ယူ ထွက်ခွာခဲ့သည့်ကိစ္စမှာ နိုင်ငံရေးလောက၌ရှိသော သဘောမ တူညီမှုများကို အခြေခံပြီး ဖြစ်သွားသည့် ကိစ္စသေးသေးလေးသာဖြစ်ရာ လက်ရှိသွားနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိခိုက်စရာမရှိကြောင်း ပဒိုစောတာဒိုမူးက ထပ်မံပြောဆိုသည်။

“ကျနော်တို့ ထွက်လာရတာကလည်း ကျနော်တို့ ရပ်တည်မှုကို ပြတ်ပြတ်သားသား ပြတာပဲဖြစ်တယ်။ နောက်တစ်ခုက ကျနော် တို့ စုစုစည်းစည်းနဲ့ သွားနိုင်တဲ့ အခြားနည်းလမ်းတွေလည်း အများကြီးရှိပါတယ်။ ဒီလို ဗဟိုဦးစီးချုပ်ကိုင်တဲ့ စနစ်ကနေ စုစုစည်း စည်းနဲ့ မတူညီကွဲပြားမှုကို အခြေခံတဲ့စုစည်းမှုနဲ့ သွားနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ အဲလိုမျိုး ခံယူတဲ့ အဖွဲ့အစည်း တွေလည်း အများကြီးရှိပါတယ်။ ဗမာပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သွားတဲ့နေရာမှာ ဒီပုံစံနဲ့သွားတာ အသင့်တော်ဆုံးပါပဲ” ဟု ပဒိုစောတာဒိုမူးက ပြောသည်။

ကေအဲန်ယူသည် စက်တင်ဘာလ ၂ရက်နေ့ကလည်း ထိုင်းမြန်မာနယ်စပ်တွင် အခြေစိုက်သည့် ကရင်လူမှုအဖွဲ့အစည်းအချို့နှင့် UNFC မှ ကေအဲန်ယူ ပူးပေါင်းမှု ယာယီရပ်ဆိုင်းထားခြင်းအပေါ် ရှင်းပြခဲ့ကြောင်းလည်း သိရသည်။

KNU ဘယ်လဲ (ဘာသာပြန်)

ရှေ့ နေဦးအောင်ထူး၏ဆောင်းပါးကို ကရင်ဆောင်းပါးရှင် တီးနို(သဝေါတား)မှဘာသာပြန်ဆိုထားသည်။

ကေအင်ယူ ဘယ်လဲ.pdf

Type the rest of your post here.

Thursday, September 4, 2014

ကေအင်ယူ ဘယ်လဲ

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအင်န် အက်ဖ်စီ) အစည်းအဝေး တက် ရောက်နေရာမှ ကေအင်ယူ ကိုယ်စားလှယ်အဖွဲ့ ထွက်ခွာသွားခဲ့ပြီးနောက် တွင် ကေအင်ယူသည် ယူအင်န် အက်ဖ်စီအဖွဲ့ ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်းထုတ်ပြန်ချက် ထွက်လာသောအခါ တိုင်းရင်းသားနိုင်ငံရေးကို စိတ် ၀င် စား လေ့လာလျှက်ရှိသော လူထုများအကြားတွင် အံ့သြတကြီးဖြစ်သွားကြသည်။ စိုးရိမ်မှုများလည်း ရှိကြပုံရသည်။
ယင်းတွင် စာရေးသူလည်း တဦးအပါအ၀င် ပင်။

ကေအင်ယူ အတွက် ဤသို့ အရေးကြီးလာသည့်အချိန်တွင် စာရေးသူသည် နှစ်ပေါင်းများစွာ ကေအင်ယူ ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီး စောဘိုမြ ကို သတိရမိသည်။ ရှစ်လေးလုံး အရေးတော်ပုံပြီးသည့် နောက် ၁၉၈၉ ခုနှစ်အတွင်း မာနယ်ပလော လွတ်မြောက်ဒေသကို စတင်ရောက်ရှိလာခဲ့သည့်အချိန်မှစ၍ စာရေးသူသည် ဗိုလ်ချုပ်ကြီးမြကို လေ့လာခွင့်ရခဲ့သည်။ ယောက်ျားပီသ၊ တိကျပြတ်သား ခန့် ညားသော ဥပဓိရုပ်ရှိရုံသာမက သတ္တိ ဗျတ္တိ နှင့် ပြည့်စုံပြီး မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီ တိုင်းမှနေ၍ အလယ်ပိုင်းတောင်ငူခရိုင် ရောက်သည်အထိ အသွားအပြန်ခြေလျင်လျှောက်ကာ တောက်လျှောက်စစ်တိုက်ခဲ့သူ စစ်သူကြီးတဦးဖြစ်သဖြင့် မဟာမိတ် တပ်ပေါင်းစု ခေါင်းဆောင်များ အားလုံးက သူ့ ကို လေးစားခဲ့ကြရသည်။

သူ ဦးဆောင်တည်ထောင်ခဲ့သည့် နိုင်ငံရေးတပ်ပေါင်းစု အရှိန်အ၀ါနောက်ခံတွင် မာနယ်ပလောလွတ်မြောက် နယ်မြေကြီး ထီးထီးမားမား ပေါ်ထွက်လာခဲ့သော အခါ ကရင့် တော်လှန်ရေး အလံသည် တပ်ပေါင်းစု၏ ထိပ်တွင် တလူလူ လွင့်ပျံခဲ့သည်။ ကရင်အမျိုးသားတိုင်းဂုဏ်ယူ ဘွယ်ရာ ဖြစ်ခဲ့သည်။ ထိုစဉ်က ဗိုလ်ချုပ်ကြီးမြ ဦးဆောင်သည့် ကေအင်ယူ၏ ထိပ်ပိုင်းခေါင်းဆောင်များသည် နိုင်ငံရေးတပ်ပေါင်းစုကို ရင်ဝယ်သားသဖွယ် ချစ်မြတ်နိုးခဲ့ကြသည်။ တပ်ပေါင်းစု နှင့် အောင်ပွဲခံရမည် ဟူသော နိုင်ငံရေးကြွေးကြော်သံကို စိုက်ထူခဲ့ကြသည်။ နိုင်ငံရေးစစ်ရေး အခက်အခဲ အကြပ်အတည်း အမျိုးမျိုး အကြားမှပင် တပ်ပေါင်းစု အဖုံဖုံကို တည်ဆောက်နိုင်၊ ဦးဆောင်နိုင်ခဲ့ကြသည်။ ကိုယ်လိုခြင် တာမရ၍ တပ်ပေါင်းစု အစည်းအဝေးမှ ထွက်ခွာခဲ့သည့် ဖြစ်ရပ်မျိုးကို စာရေးသူ မကြားမိခဲ့ဘူးပါ။

ဗိုလ်ချုပ်ကြီးမြ ဦးဆောင်ခဲ့သည့် ထိုစဉ်က ကေအင်ယူခေါင်းဆောင်များတွင် ထူးခြားချက်သုံးရပ်ရှိသည်။ တရပ်မှာ တော်လှန်ရေး အမြင်ဖြစ်သည်။ ကရင့်တော်လှန်ရေးဟာ ကရင်အမျိုးသားထု တခုတည်းအတွက်သာ မဟုတ် ဘူး၊ တိုင်းရင်းသားပေါင်းစုံလူထု ကြီး တရပ်လုံးအတွက် ဖြစ်တယ် ဟူ၍ ဗိုလ်ချုပ်ကြီးမြ၏ ကြုံးဝါးသံကြီးအောက်တွင် အခြားတိုင်းရင်းသားခေါင်းဆောင် များသာမက ဒီမိုကရေစီအင်အားစုများ အားလုံးအတွက် အားဆေးကြီးဖြစ်စေခဲ့ သည်။ ကေအင်ယူခေါင်းဆောင်များတွင် ကျယ်ပြန့် သော အမျိုးသားရေးအမြင်၊ တော်လှန်ရေး အမြင်ရှိကြသည် ဟူ၍ အားလုံးကလေးစားခဲ့ကြသည်။

အခြားတရပ်မှာ ရန်သူအပေါ် အမြင်ရှင်းခြင်းဖြစ်သည်။ မဟာလူမျိုးကြီးဝါဒ နှင့် စစ်အာဏာရှင်စနစ်ကို ရန်သူ ဟူ၍ ရှင်းလင်းစွာ မြင်ခြင်းဖြစ်သည်။ မဟာလူမျိုးကြီးဝါဒ နှင့် စစ်အာဏာရှင်စနစ်ရှိနေသမျှ ကာလပတ်လုံး ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်၍ မရနိုင် ဟူသည်ကို ကောင်းစွာသိမြင်ကြသည်။ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရန် ကြိုးစားခြင်းမှာ ယခုမှ ပေါ်လာသည့် နိုင်ငံရေးယဉ်ကျေးမှုသစ်မဟုတ်။ ၁၉၅၆ ခုနှစ် မှစတင်၍ ကေအင်ယူ ပါဝင် ဖွဲ့ စည်းခဲ့သော မဒညတ တပ်ပေါင်းစုခေတ်ကထဲက စတင်ကျင့်သုံးရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။ တော်လှန်ရေး ကောင်စီခေတ် ဆွေးနွေးပွဲများပျက်ပြားပြီး နောက်ပိုင်း တွင်လည်းကောင်း၊ ရှစ်လေးလုံး အရေးအခင်းကြီးပြီးသည့် နောက်ပိုင်းတွင်လည်းကောင်း တပ်ပေါင်းစု အနေဖြင့် ဖြစ်စေ၊ ကေအင်ယူ အနေဖြင့် ဖြစ်စေ၊ အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့ပြီးဖြစ်သည်။ သို့ ရာတွင် ထိုစဉ်က စစ်အာဏာရှင်များသည် ကေအင်ယူ ဦးဆောင်ခဲ့သည့် တိုင်းရင်းသား တပ်ပေါင်းစုများ နှင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရဲခဲ့ခြင်းမရှိပါ။ အကြောင်းတချက်မှာ ဗိုလ်ချုပ်ကြီးမြ နှင့်သာ မျက်နှာခြင်းဆိုင်ဆွေးနွေးခွင့်ရပါက မဟာလူမျိုးကြီးဝါဒ နဲ့ စစ်အာဏာရှင်စနစ်ကို ခင်ဗျားတို့ အရင်စွန့် လွှတ်ကြပါ ဟူ၍ ၄င်းက ပြတ်ပြတ်သားသား အရင်းဆုံးစတင်ပြောဆိုဖွယ်ရှိသောကြောင့်ပင်။

နောက်ဆုံးတရပ်မှာ ပြည်ထောင်စု တခုလုံးကို လွှမ်းခြုံမည့်နိုင်ငံရေးဆွေးနွေးပွဲကို တပ်ပေါင်းစု နှင့်သာ လုပ်ဆောင်မည် ဟူသည့်အပေါ် ဗိုလ်ချုပ်ကြီး မြ ဦးဆောင်ခဲ့သည့် ကေအင်ယူခေါင်းဆောင်များက ခိုင်ခိုင်မာမာ စွဲကိုင် ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဖြင့် မာနယ်ပလော လွတ်မြောက်နယ်မြေ ကျဆုံးသွားခဲ့သော်လည်း ကေအင်ယူ၏ နိုင်ငံရေးအလံ သည် တောက်လျှောက်မြင့်ခဲ့သည်။ စစ်အာဏာရှင်စနစ်ကို ဆန့် ကျင်တိုက်ပွဲဝင်ခဲ့သည့် အခြား အဖွဲ့ အစည်းများ၊ ခေါင်းဆောင်များသည် ကေအင်ယူဘေးတွင်ဝန်းရံခဲ့ကြရသည် ဟု ဆိုနိုင်သည်။ ယခု ကေအင်ယူခေါင်းဆောင်များ သည် ရှေ့ ခရီးကို မည်သို့ ဆက်ကြပါမည်နည်း။ ဗိုလ်ချုပ်ကြီးမြ ဦးဆောင်ခဲ့သည့် ခေတ်က ကေအင်ယူ ခေါင်းဆောင် များ ကဲ့သို့ ကျယ်ပြန့် ၊ ခိုင်မာ၊ ရှင်းလင်းသော အမြင်များ ဆက်လက် စွဲ ကိုင်ထားကြပါသေးရဲ့ လား ဟူသည်ကို စစ်ကြော ရန် လိုအပ်ကောင်း လိုအပ်ပါမည်။

အဘယ်ကြောင့် ယူအင်အက်ဖ်စီ အဖွဲ့ ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းရခြင်း ဖြစ်ကြောင်း လက်ရှိ ကေအင်ယူ ခေါင်းဆောင်တဦး၏ ရှင်းပြချက်ကို လေ့လာကြည့်ရာ အချက်နှစ်ချက်ကို သတိပြုမိသည်။ တချက်မှာ ကေအင်ယူမှာ အချုပ်အခြာအာဏာရှိကြောင်းနှင့် အခြားအဖွဲ့ အစည်းများ၏ ဆုံးဖြတ်ချက်ကို လက်မခံနိုင် ကြောင်း ဟူ၍ ဖြစ်သည်။ အချုပ်အခြာအာဏာကို အင်္ဂလိပ်ဘာသာနှင့် Sovereignty ဟု ခေါ်သည်။ အချုပ်အခြာအာ ဏာကို အဖွဲ့ အစည်း တရပ်နှင့် ယှဉ်တွဲသုံးစွဲ၍မရနိုင်ပါ။ တိုင်းပြည်နှင့်သာ ယှဉ်တွဲသုံးစွဲရသည်။ ပြည်ထောင်စုဖွဲ့ စည်း ရာ တွင်ပါဝင်ပြီး ဖြစ်ပါက ပြည်နယ်တခုလုံးအနေဖြင့်ပင် ယှဉ်တွဲသုံးစွဲ၍ မရနိုင်ပါ။ ငါတို့ ပြည်နယ် မှာ အချုပ်အခြာ အာဏာရှိတယ် ဟု ပြော၍ မရနိုင်ပါ။ မိမိတို့ အဖွဲ့ အစည်းအနေဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ် ဟု ပြောခြင်းကိုမူ လက်ခံရပါမည်။

သို့ ရာတွင် ယင်း ကိုယ်ပိုင်ဆုံးဖြတ်ခွင့်သည်ပင် ဗိုလ်ချုပ်ကြီးမြ ဦးဆောင်ခဲ့သည့်ခေတ်က ကေအင်ယူ ခေါင်း ဆောင်ကြီးများကိုင်စွဲခဲ့သည့် မူ တို့ နှင့်ညီမညီကို မူ လက်ရှိကေအင်ယူ ခေါင်းဆောင်များ ပြန်လည် စဉ်းစား ကောင်း စဉ်းစားကြလိမ့်မည် ဟု မြှော်လင့်ရုံမှတပါး စာရေးသူတွင် မည်သို့ မျှ ပြောပိုင်ခွင့်မရှိပါ။ ဤသည်မှာ ကေအင်ယူ၏ ကိစ္စသာဖြစ်ပါမည်။

ဒုတိယတချက်မှာ Top Down စနစ်ကို လက်မခံ၊ ညှိနိုင်းဆုံးဖြတ် အကောင်အထည် ဖေါ်တဲ့စနစ်ကို ကျင့်သုံး သွားမယ်၊ တူတာပူးပေါင်းလုပ်ပြီး မတူတာ ခွဲလုပ်သွားမယ် ဟူသော မူဝါဒကို တင်လာခြင်းဖြစ်သည်။ ဤ သည်ကိုမူ ပြည်ထောင်စု တရပ်လုံး၏ အကျိုးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အကျိုးတို့ ကို ထောက်ထားကာ ကေအင်ယူ ခေါင်း ဆောင်များ ကိုယ်တိုင်သော်လည်းကောင်း၊ အများပြည်သူ တို့ အနေဖြင့်လည်းကောင်း၊ စဉ်းစားခွင့်ရအောင် သုံးသပ် ရန်လိုအပ်လာသည်။

တူတာတွဲလုပ်၍ မတူတာ ခွဲလုပ်မည် ဟူသည်မှာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အစည်းများအတွင်း အလျားလိုက် သို့ မဟုတ် ဘေးတိုက် ဆက်ဆန်ရေးကို အဓိကထားတည် ဆောက်သွားမည့် သဘောဆောင်သည်။ ဤလိုမူ မျိုးနှင့် ဆိုလျှင်မူ စစ်အာဏာရှင်စနစ်ကို မည်သို့ မျှအနိုင်တိုက်နိုင် ဘွယ်မရှိပါ။ မြန်မာနိုင်ငံ၏ အဓိက ပြသနာမှာ စစ်အာဏာရှင်များက တင်းကြပ်သော ဗဟိုချုပ်ကိုင်မှု Rigid Centralization ကို တည်ဆောက်ခြင်း ကြောင့်ဖြစ်သည်။ ယင်းကို တုန့် ပြန်ရန် တော်လှန်ရေးအင်အားစုများကလည်း အပြိုင်အားဖြင့် အလားတူ တင်းကြပ်သော ဗဟိုချုပ်ကိုင်မှု ကို တည်ဆောက်ရန်မသင့်ပါ။

သို့ ရာတွင် သင့်တင့်မျှတသော ဗဟိုချုပ်ကိုင်မှု Optimum Centralization ကိုမူ ရှာဖွေရန် လိုပါမည်။ တဖွဲ့ ချင်းစီ၏ အကျိုးစီးပွားကို အဓိကထားကာ ဘေးတိုက် ဆက်ဆန်ရေးကိုသာ တည်ဆောက်သွားမည်ဆိုလျှင် အင်အားစုများသည် ပြန့် ကျဲနေမည် ဖြစ်သဖြင့် မည်သည့် အခါ တွင်မျှ စုစည်းနိုင်မည် မဟုတ်၊ အားကောင်းသော တပ်ပေါင်းစု ပေါ်ပေါက်နိုင်မည် မဟုတ်ပါ။ ကြည့်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေ မှိုလိုပေါက်ပြီး တဖွဲ့ ခြင်း ထင်ရာလုပ်နေကြတာ၊ ကျုပ်တို့ မြန်မာ့တပ်မတော်ကြီးရှိနေလို့ သာ ပြည်ထောင်စုကြီးတည်မြဲနေတာ ဟူ၍ အာဏာရ စစ်ခေါင်းဆောင်များက လက်ညှိုးထိုးပြီး နိုင်ငံရေးအမြတ်ထုတ်၊ ၄င်းတို့ အာဏာသက်ဆိုးရှည်အောင်လုပ်နေသည်ကို
အားပေးသည့် သဘောသာရောက်သွားနိုင်ကြောင်း စဉ်းစားသင့်ပါသည်။

ထို့ အပြင်ကေအင်ယူ သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တကယ်တန်း လိုလားသည် မှန် ပါလျှင် ယခုမျက်မှောက်မှာကထဲကပင်သင့်တင့်မျှတသောဗဟိုချုပ်ကိုင်မှု Optimum Centralization အား လက်တွေ့  ရှာဖွေကျင့်သုံးရန် လိုပါမည်။ တူတာတွဲလုပ် မတူတွဲခွဲလုပ်သည့် မူမှာ ကွန်ဖက်ဒရေးရှင်း Confederation ကိုသာ ဦးတည်ပါသည်။ မည်သည့်အခါတွင်မျှ ဖက်ဒရယ် ပြည်ထောင်စု မဖြစ်နိုင်ပါ။ အမေရိကန် ပြည်ထောင်စု တည် ဆောက်ခဲ့သည့် သာဓက ကို လေ့လာနိုင်ပါသည်။ ၁၃ ပြည်နယ် ရှိခဲ့သည့်အနက် ပြည်နယ်တခုချင်းစီ၏ အကျိုးစီးပွား ကိုသာ အဓိကထားကာ ဘေးတိုက်ဆက်ဆန်ရေးကိုသာတည်ဆောက်ခဲ့သည့် ကွန်ဖက်ဒရေးရှင်းစနစ်မအောင်မြင်ခဲ့ပါ။ သင့်တင့်မျှတသော ဗဟိုချုပ်ကိုင်မှုကို ရှာဖွေပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်အောင် မြင်ခဲ့သည်ကို သင်္ခန်းစာ ယူနိုင်ပါသည်။

ဦးအောင်ထူး (ရှေ့နေ)
ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ
စက်တင်္ဘာလ (၃) ရက် ၂၀၁၄ ခုနှစ်


UNFC ပထမအကြိမ် ညီလာခံ ထုတ်ပြန်ချက်

statement UNFC 1st Congress Bur .pdf

Type the rest of your post here.