Monday, June 29, 2015

မြန်မာ့လက်တွေ့ အခြေအနေနှင့် အနောက် နိုင်ငံတို့ အထင်

ဘာတေးလင့်တနာ| June 29, 2015

ခရစ္စတိုဖာ ရွန်နီဘာ့ဂ် (Kristoffer Rønne-berg) ၏ Veien til Mandalay: En reise fra Burma til Myanmar စာအုပ်ကို နော်ဝေနိုင်ငံမှာသာ ရရှိနိုင်ခြင်းက ဝမ်းနည်းစရာ ကောင်းပါသည်။ ဖတ်ခွင့်သာ ရနိုင်ခဲ့လျှင် ပြီးခဲ့သည့် နှစ် အနည်းငယ်အတွင်း မြန်မာနိုင်ငံတွင် ဘာတွေ ဖြစ်ခဲ့သည်ကို နားလည်ရန် ကြိုးစားနေကြသည့် အနောက်တိုင်း သားများကြားတွင် မည်သို့သော အတွေ့အကြုံနည်းပါးမှုများ ရှိနေသည်ကို စာဖတ်သူများ ပိုမိုကျယ်ပြန့်စွာ ရှိနေရေးအတွက် အထောက်အကူ ဖြစ်ပေလိမ့်မည်။

စာအုပ်ကို ရေးသားသူ ခရစ္စတိုဖာ ရွန်နီဘာ့ဂ်သည် နော်ဝေ နေ့စဉ် သတင်းစာတစောင် ဖြစ်သည့် Aftenposten မှ သတင်းထောက် တဦး ဖြစ်ပြီး မြန်မာနိုင်ငံမှ ဖြစ်စဉ်အားလုံး၏ နောက်တွင် နော်ဝေနိုင်ငံ ရှိနေသည်ဟု သူက ဆိုသည်။ မြန်မာ အစိုးရက ချမှတ်ခဲ့သော ဒီမိုကရေစီ လမ်းကြောင်း သစ်သည် “ကျနော့် အမြင်မှာတော့ လတ်တလော ကာလတွေမှာ နော်ဝေအစိုးရရဲ့ အထင်ရှားဆုံး အပေါ်လွင်ဆုံး အောင်မြင်မှုပါပဲ” ဟု ခရစ္စတိုဖာ ရွန်နီဘာ့ဂ်က ရေးသားခဲ့သည်။

မျှတစွာ ပြောရလျှင် ခရစ္စတိုဖာ ရွန်နီဘာ့ဂ်၏ “Veien til Mandalay: En reise fra Burma til Myanmar” သို့မဟုတ် “The Road to Man-dalay: A Journey from Burma to Myanmar” စာအုပ်သည် ခရီးသွားစာအုပ် တအုပ်ဖြစ်ပြီး မြန်မာ နိုင်ငံ၏ နေရာအနှံ့အပြားသို့ သူသွားရောက်ခဲ့သည့် ခရီးများက အသက်ဝင်ပြီး စိတ်ဝင်စားစရာ ကောင်း ပါသည်။ သို့သော်လည်း မြန်မာ့နိုင်ငံရေးကို နားလည်ရန် သူအားထုတ်လာသည့် အခါမှာတော့ သူအကျွမ်း မဝင်သည့် နယ်မြေထဲသို့ ရောက်ရှိသွားတော့သည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ အတွင်းက ပြုလုပ် ခဲ့သည့် လိမ်ညာမှု အတိပြီးသော ရွေးကောက်ပွဲ နောက်ပိုင်းတွင် မြန်မာ စစ်ဗိုလ်ချုပ်ကြီးများက ပြောင်းလဲရေး လမ်းကြောင်းပေါ်သို့ ရောက်လာခြင်း သည် အနောက်နိုင်ငံများ၏ ထိတွေ့ ဆောင်ရွက်မှု ကြောင့် ဖြစ်သည်ဟု ယုံကြည်ထားသည့် အနောက်တိုင်းသားက ခရစ္စတိုဖာ ရွန်နီဘာ့ဂ် တယောက် တည်း မဟုတ်ပါ။

ဒိန်းမတ်နှင့် ဩစတြေးလျ ကပြား နိုင်ငံတကာ ရေးရာ ပညာရှင် ဒေါက်တာ မော်တင်ပက်ဒါဆင် (Dr. Morten Pedersen) က ဆွီဒင်နိုင်ငံမှ ပညာရှင် အဖွဲ့အစည်းတခု ဖြစ်သည့် လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး မူဝါဒ အင်စတီကျု (Institute for Security and Development Policy) နှင့် ပြုလုပ်သည့် တွေ့ဆုံ မေးမြန်းမှု တခုတွင် “အနောက် နိုင်ငံတွေရဲ့ ပြန်လည် ထိတွေ့ဆက်ဆံမှုက ပြုပြင် ပြောင်းလဲရေးကို ပိုမို နက်ရှိုင်းစေခဲ့ပါတယ်။ ဒါပေမယ့် ဒီလို ထိတွေ့ ဆက်ဆံမှုက မလုံလောက်သေးပါဘူး။ ပြုပြင်ပြောင်းလဲရေးက စစ်ဘက်ကိုလည်း အကျိုး အမြတ် ရှိစေလိမ့်မယ် ဆိုတာကို ထိပ်တန်း ဗိုလ်ချုပ်ကြီးတွေ သိအောင်ပြသဖို့ အရေးတကြီး လိုအပ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

ဒေါက်တာ မော်တင် ပက်ဒါဆင်နှင့် ခရစ္စတိုဖာ ရွန်နီဘာ့ဂ်တို့၏ အမြင်များက စွာကျယ်ကျယ် နိုင်လှသည့် ကိုလိုနီ လက်သစ် အမြင်တခုကို ဖော်ပြနေခြင်း ဖြစ်သည်။ သူတို့၏ စကားလုံးများက “အဲဒီ အသားညိုညို လူကောင် သေးသေးလေးတွေ ဆီကို ငါတို့သွားပြီးတော့ တိုင်းပြည်တခုကို ဘယ်လို တည်ထောင်ရတယ်ဆိုတာ ပြောပြမှ ဖြစ်မယ်။ ဘာကြောင့်လဲ ဆိုတော့ ငါတို့က ထွားကျိုင်းပြီးတော့ ဉာဏ်ပညာရှိတဲ့ လူဖြူတွေ ဖြစ်တယ်။ ငါတို့ပြောတာ သူတို့ နားထောင်ရမယ်” ဟု ဆိုခြင်းနှင့် မခြားနားလှပါ။

သို့သော်လည်း ထိုသို့ဆိုပါလျှင် အနောက်တိုင်းမှ ထိတွေ့ဆက်ဆံရေးအတွက် အဆိုပြုမှုများ ရရှိသည့် အချိန်တွင် မြန်မာ ဗိုလ်ချုပ်ကြီးများ၏ တုံ့ပြန်မှုကိုလည်း လွယ်ကူစွာ မှန်းဆကြည့် နိုင်ပါသည်။ “ဒီ မျောက်ဖြူတွေက ရယ်စရာ ကောင်းတယ်၊ ဒါပေမယ့် သူတို့က သိပ်ပြီး မပါးနပ်ကြဘူး၊ ဒါကြောင့် သူတို့ကို အသုံးချကြစို့” ဟူ၍ သို့မဟုတ် အလားတူ စကားလုံးများ ဖြစ်ပေလိမ့်မည်။

တရုတ်ကို တန်ပြန်ခြင်း

ခါးသီးသော အမှန်တရားမှာ အနောက်တိုင်းနှင့် ဆက်ဆံရေးကို အောင်မြင်စွာ၊ လိမ်မ္မာပါးနပ်စွာ စီမံခန့်ခွဲခဲ့ကြသည့် မြန်မာ ဗိုလ်ချုပ်ကြီးများ မမှားခဲ့ ကြပါ။ အနောက်တိုင်းနှင့် ပြန်လည် ဆက်ဆံရန် ဆုံးဖြတ်ခဲ့ခြင်းသည် ဒီမိုကရေစီ နိုးကြားလာရေး အတွက် နိုင်ငံခြားသား တချို့၏ တိုက်တွန်းမှုကြောင့် ပြုလုပ်ခဲ့ခြင်း မဟုတ်ပါ။

ကျနော် မြင်တွေ့ခဲ့ရသည် ၂၀ဝ၄ ခုနှစ် ခန့်မှ စ၍ စုစည်းခဲ့သော မြန်မာစစ်ဘက်မှ အတွင်းရေး စာရွက်စာတမ်းများ အရ တရုတ်နိုင်ငံ အပေါ် မြန်မာ နိုင်ငံက အလွန်အမင်း မှီခိုနေရခြင်းသည် မြန်မာ ဗိုလ်ချုပ်ကြီး များကို အနောက်တိုင်းနှင့် တံခါးဖွင့်ရန် အရေးကြီးကြောင်း သတိပြုမိစေခဲ့သည်ကို တွေ့ရှိပါသည်။ မြန်မာနိုင်ငံနှင့် ဆက်သွယ် ဆောင်ရွက် လိုသော အနောက်တိုင်း ကျောင်းများ၊ ပညာရှင်များ၏ စာရင်းကို ဖော်ပြထားသည့် စာရွက်စာတမ်းတခုလည်း ပါရှိပါ သည်။

အဆိုပါ စာရွက်စာတမ်းများကို စုဆောင်းခဲ့ သည့် အရာရှိများက အနောက်နိုင်ငံများနှင့် ပြန်လည် ချဉ်းကပ် ဆက်ဆံနိုင်ရေး အတွက် နိုင်ငံရေး အကျဉ်းသားဟောင်းများကို ပြန်လွှတ်ပေးခြင်း၊ စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်များ ပိုပေးခြင်း၊ တိုင်းပြည် အတွက် သင့်လျော်သည့် အခြေခံဥပဒေတခုနှင့် စစ်တပ် အသွင် မဆောင်သည့် အစိုးရတရပ် အစရှိသော နိုင်ငံရေး ဆောင်ရွက်မှုများ လိုအပ်လိမ့်မည် ဖြစ်ကြောင်း ကောင်းစွာ နားလည်ခဲ့ကြသည်။ သို့သော်လည်း ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသည့် အစိုးရ တရပ်သို့ အာဏာလွှဲပြောင်းပေးရေး အစီအစဉ်တွင် (ယခုအချိန်အထိ) မည်သည့် အခါမျှ မပါဝင်ခဲ့ပါ။

၂၀၁၁ ခုနှစ် မတ်လတွင် ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားအစိုးရ အာဏာရရှိလာပြီးနောက် တချိန်က အရေးယူ ဒဏ်ခတ်မှုများ ပြုလုပ်ထားခဲ့ သော မြန်မာနိုင်ငံအပေါ် မူဝါဒပြောင်းလဲ၍ ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရန် အမေရိကန် က ဆုံးဖြတ်ရာတွင် တရုတ်နိုင်ငံ၏ ကဏ္ဍကို အရေးပါသော နေရာမှ ထည့်သွင်းစဉ်းစားခဲ့မည် ဆိုခြင်း ကလည်း သေချာသော အကြောင်းတခု ဖြစ်သည်။

နိုင်ငံတကာနှင့် အဆက်အသွယ် ဖြတ်ပြီး တံခါးပိတ် နေခဲ့သည့် အချိန်တွင် မြန်မာနိုင်ငံ အတွက် တရုတ်နိုင်ငံသာ အနီးစပ်ဆုံး မဟာမိတ် ဖြစ်ခဲ့သည်။ တရုတ်အစိုးရ အပေါ် မှီခိုမှု ကြီးမားလွန်းသည့် အတွက် တခါတရံတွင် တရုတ်၏ အစောင့်အရှောက်ခံ နိုင်ငံတခုအဖြစ်ပင် ဖော်ပြခြင်း ခံခဲ့ရသည်။ ယခု အချိန်တွင်တော့ အားလုံး ပြောင်းလဲခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံသည် အမေရိကန်က သူတို့၏ ဩဇာကို တရုတ်၏ လောင်းရိပ်တွင် မည်သို့ ရယူနိုင်ခဲ့သည်ကို အာရှတွင် ပြသနိုင်သည့် နမူနာတခု ဖြစ်ကောင်းလည်း ဖြစ်နိုင်ပါသည်။

မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းသည် ထင်ရသည့် အတိုင်း သို့မဟုတ် အနောက်နိုင်ငံများက ၎င်းကို တုံ့ပြန်သည့် အတိုင်း မည်သည့် အချိန်မှ မဟုတ်ခဲ့ပါ။ ပုံမှန်အားဖြင့် အမေရိကန်၏ မူဝါဒနှင့် ဦးစားပေးမှု များက ၎င်းတို့ မကြာခဏ ပြောဆိုခဲ့သည့် အတိုင်း ဒီမိုကရေစီနှင့် လူ့ အခွင့်အရေး မျှော်လင့်ချက်နှင့် ဖြစ်သည်။ မည်သူမျှ ပွင့်လင်းစွာ မပြောလိုသော အဓိက ကိစ္စမှာ အာရှ-ပစိဖိတ် ဒေသတွင် တရုတ်၏ ဩဇာမြင့်တက်လာခြင်း ဖြစ်သည်။ အမေရိကန်မှ ဗျူဟာ ပညာရှင်များနှင့် မြန်မာ ဗိုလ်ချုပ်ကြီးများ ထိုနေရာတွင် စိတ်ကူး တူခဲ့ကြသည်။

အဆိုပါ အောင်မြင်မှုကြောင့် ကျေနပ်အားရ သွားသည့် အမေရိကန်က “လွတ်လပ် ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရေး” တောင်းဆိုမှုကို စွန့်လွှတ်၍ ယခုအခါ “ပွင့်လင်း မြင်သာ၍ အားလုံးပါဝင်နိုင်ပြီး ယုံကြည် လက်ခံနိုင် လောက်သော” ရွေးကောက်ပွဲများ ဖြစ်လာရေးကို တောင်းဆိုနေသည်။ ၁၉၈၀ နှောင်းပိုင်း နှစ်များ ကတည်းက လျော့နည်းသွားခဲ့သည့် ပြည်တွင်းစစ်က ယခုအခါ ပြန်လည် မြင့်တက်လာခြင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိမ်းစောင်း သွားစေမည့် ခလုတ်ကန်သင်းတခု ဖြစ်နေသည်။ လူ့အခွင့်အရေး ချိုး ဖောက်မှုများ အတွက် ဝေဖန်မှုများ မှာလည်း အသံတိုးလာသည်။ သတင်းဆိုးများကို မည်သူမျှ မကြားချင်ကြ။ ဒါတွေက ထိတွေ့ ဆက်ဆံရေး မူဝါဒ အတွက် မကောင်းပါ။

နော်ဝေက ထရိုဂျန်လား

ခရစ္စတိုဖာ ရွန်နီဘာ့ဂ်၏ စာအုပ်တွင် ထုတ်ဖော် တင်ပြနိုင်ခဲ့သည့် စိတ်ဝင်စားစရာ အကြောင်းအရာ အနည်းငယ်မျှထဲမှ တခုကို စာမျက်နှာ ၂၀၆ တွင် တွေ့ရှိရသည်။ နော်ဝေက မြန်မာနိုင်ငံ၏ ဒီမို ကရေစီ လှုပ်ရှားမှုကို ထောက်ခံ ပြောဆိုနေ သည့် နိုင်ငံတခု အဖြစ်မှ ထိတွေ့ဆက်ဆံရေးကို ထောက်ခံသူ အဖြစ်သို့ ပြောင်းလဲသွားခြင်းသည် အမေရိကန်၏ အကြံပေး ဆွေးနွေးမှုကြောင့် ဖြစ်သည်ဟု သူက ဆိုသည်။

ထိုအမြင်က လက်တွေ့ကျသည့် အမြင် ဖြစ်ပါသည်။ အမေရိကန် အနေဖြင့် စစ်အစိုးရနှင့် တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်၍ မရပါ။ ကွန်ဂရက် လွှတ်တော်က ပြဋ္ဌာန်းထားသည့် ဥပဒေများကြောင့် ဖြစ်သည်။ ထို့နည်းတူ အနောက်တိုင်းမှ အင်အားကြီး အဖွဲ့အစည်းတခု ဖြစ်သည့် ဥရောပသမဂ္ဂမှာလည်း အလားတူ မူဝါဒများ ရှိခဲ့သည့် အတွက် မြန်မာ ဗိုလ်ချုပ်ကြီးများနှင့် နွေးထွေးသော ဆက်ဆံရေး ထူထောင်ရန် ကန့်သတ်မှုများ ရှိနေသည်။

သို့သော်လည်း နော်ဝေနိုင်ငံက အနောက်တိုင်း၏ ဆန္ဒများကို မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးနိုင်မည့် အနေအထားတွင် ရှိနေသည်။ နော်ဝေနိုင်ငံက ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံ မဟုတ်ပါ။ သို့သော်လည်း အမေရိကန်နှင့် ဥရောပ ကာကွယ်ရေး အရ မဟာမိတ် ပြုထားသည့် မြောက်အတ္တလန္တိတ် စာချုပ် (NATO) အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။

ထရိုဂျန်မြင်းရုပ် အကြောင်း ပုံပြင်ကို သမိုင်း ပညာရှင်များ အားလုံး သိထားကြပါသည်။ ရှေးဟောင်း ဂရိလူမျိုးများက ထရွိုင်မြို့ အတွင်းသို့ ဝင်ရောက် နိုင်ရန် အတွက် လှည့်ဖြားခဲ့သော ပရိယာယ်တခု ဖြစ်သည်။ မြန်မာနိုင်ငံအရေးတွင် ကျနော်တို့ ထရိုဂျန် သမင်ရုပ်တခုကို မြင်ခဲ့ကြရသည်။ EU အဖွဲ့ဝင် မဟုတ်သည့် နေတိုးအဖွဲ့ဝင် နော်ဝေနိုင်ငံက အမေရိကန် နိုင်ငံ အတွက် ကြားခံပွဲစား အဖြစ် ဆောင်ရွက်ပေးခဲ့သည်။ တခြားသော အနောက်နိုင်ငံများ၏ ဗျူဟာမြောက် အကျိုးစီးပွား အတွက်လည်း ဖြစ်နိုင်ပါသည်။

မြန်မာ့အရေးနှင့် ပတ်သက်၍ အတွေ့အကြုံ များသော လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တဦးက “၂၀၁၁ ခုနှစ်မှာ နော်ဝေနိုင်ငံရဲ့ မူဝါဒက အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ရေးကို အလေးပေးဖို့၊ ပြည်ပရောက် အတိုက်အခံတွေနဲ့ လမ်းခွဲ ဖို့နဲ့ ကူညီတဲ့ နေရာမှာလည်း နိုင်ငံရေး မဟုတ်တဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ပေးသင့်တယ် ဆိုပြီးတော့ ပြောင်းသွားခဲ့ပြီ။ ဦးသိန်းစိန် ကလည်း နော်ဝေ အကျိုးစီးပွား အတွက် ဆိုင်းဘုတ် ကိုင်ပေးရတဲ့သူ တယောက် ဖြစ်လာပြီးတော့ အမြတ်အစွန်း အတွက် ပူးပေါင်းဆောင်ရွက်မှုတွေ၊ ဒီမိုကရေစီ အတိုက်အခံတွေ အပေါ် သစ္စာဖောက်မှုတွေ ဖြစ်လာတယ်” ဟု ပြောသည်။

အပေးအယူများ

လက်တွေ့တွင်လည်း နော်ဝေနိုင်ငံ အနေဖြင့် သူ၏ မူဝါဒများ အတွက် ၎င်းတယ်လီဖုန်းကုမ္ပဏီ Telenor အတွက် အကျိုးအမြတ် များပြားသည့် ကန်ထရိုက်တခု ပြန်လည် ရရှိခဲ့သည်။ နော်ဝေနိုင်ငံ၏ မူဝါဒသစ်များ အကောင်အထည် ဖော်ရာတွင် အရေးပါသည့် နေရာမှ ပါဝင်ခဲ့သူ ဘန်ကောက်မှ နော်ဝေ သံအမတ်ကြီး Katja Norgaard လည်း နော်ဝေနိုင်ငံခြားရေး ဝန်ကြီးဌာနမှ Telenor သို့ အဆင့်မြင့်ရာထူး တခုဖြင့် ပြောင်းရွှေ့သွားခဲ့သည်။

ပထဝီသဘော အရ အချက်အချာကျမှုကို စဉ်းစားခြင်းနှင့် အတူ အကျိုးအမြတ် အတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။ “တကယ်လို့ ကျနော်တို့က ဒါကို မလုပ်ဘူး ဆိုရင် တရုတ်က လုပ်သွားမှာပေါ့” ဟု နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိတချို့က ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူ တချို့ကို ပုဂ္ဂိုလ်ရေး အရ ပြောခဲ့ ကြသည်။ မြန်မာနိုင်ငံက နော်ဝေနိုင်ငံ အတွက် နိုင်ငံခြားရေးရာ မူဝါဒ အောင်မြင်မှုတခု ဖြစ်သည် ဆိုသော နေရာမှာ တော့ ခရစ္စတိုဖာ ရွန်နီဘာ့ဂ်၏ အယူအဆ မှန်ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံကို ဒီမိုကရေစီ နိုင်ငံတခု အဖြစ် ပြောင်းလဲနိုင်ခဲ့သည် ဆိုခြင်းကတော့ မဟုတ်ပါ။

တချိန်တည်းမှာပင် နော်ဝေနိုင်ငံ၏ မူဝါဒအသစ် များက မြန်မာနိုင်ငံနှင့် ချစ်ကြည်ရေး ကိစ္စများ အတွက်သာ ဖြစ်ပြီး ဒီမိုကရေစီ ပြောင်းလဲရေးကို ထောက်ခံသူ အဖြစ် မမြင်တွေ့ရတော့ပေ။ ထို့ပြင် နော်ဝေနိုင်ငံသာမက ဒေါက်တာ မော်တင် ပက်ဒါဆင် ကဲ့သို့ လှည့်ဖြားခံရသည့် ပညာရှင်များ၏ ခေတ်သစ် ကိုလိုနီနှင့် အကျိုးအမြတ် မျှော်သည့် အယူအဆများက မြန်မာနိုင်ငံ၏ အမှန်တကယ် နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှု အပေါ် အနည်းငယ်မျှ သို့မဟုတ် လုံးဝ လွှမ်းမိုးနိုင်မည် မဟုတ်သည်ကိုလည်း သက်သေပြနေသည်။

စစ်တပ်မှာ ၎င်း၏ အစီအစဉ် ရှိသည်။ သူတို့ ၏ နိုင်ငံရေး လုပ်ငန်းစဉ်က ရပ်တန့်ခဲ့ခြင်း မရှိပါ။ အနောက်တိုင်းမှ တချို့သော စောင့်ကြည့်လေ့လာ သူများက မကြာသေးခင်က ကျောင်းသားများ ဦးဆောင်သည့် လှုပ်ရှားမှုများ ကို ဖိနှိပ် အရေးယူခဲ့ခြင်းကို ထောက်ပြလိုကြ သော်လည်း ထိုထက်ပို၍ မတတ်နိုင်ခဲ့ကြပါ။ စစ်ဗိုလ်ချုပ်များ အောင်မြင်ခဲ့ကြ သည်။ အနောက်နိုင်ငံများက ၎င်းတို့ဘက်တွင် ရှိနေပြီး တရုတ်နိုင်ငံအပေါ် မှီခိုမှုကို လျှော့ချ နိုင်ခဲ့ကြသည်။ ပို၍ အရေးအကြီးဆုံး အချက်မှာ သူတို့တွင် အာဏာရှိနေဆဲ ဖြစ်သည်။

အကယ်၍ မြန်မာနိုင်ငံက နည်းလမ်းမှန်ကန်သည့် ဒီမိုကရေစီ စနစ်တခု ဖြစ်လာရန် သွားနေသည်ဆိုလျှင် မြန်မာ ပြည်သူတို့၏ ကိုယ်တိုင် ကြိုးစားအားထုတ်မှုကြောင့်သာ ဖြစ်ပါလိမ့်မည်။ မြန်မာနိုင်ငံမှ အာဏာ လက်ကိုင်ရှိသူများ အပေါ် ၎င်းတို့၏ ဩဇာလွှမ်းမိုးမှုကို အလွန်အကျွံ ယုံကြည် နေကြသည့် နော်ဝေ သံတမန်များနှင့် အနောက်တိုင်း ပညာရှင်များကြောင့် မဟုတ်ပါ။ ပြင်ပမှ အဆိုပါ ပုဂ္ဂိုလ်များမှာ ၎င်းတို့ အနည်းငယ်မျှသာ နားလည် ထားသည့် စစ်တုရင် ကစားပွဲတခုမှ နယ်ရုပ်ကလေး များသာ ဖြစ်ပါသည်။ ။

(၂၀၁၅ ခုနှစ် ဇွန်လထုတ် The Irrawaddy မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် ဘာတေးလင့်တနာ(Bertil Lintner) ၏ How the West Was Won ဆောင်းပါးကို ဘာသာပြန်ဆိုသည်။ ဘာတေးလင့်တနာသည် အာရှနှင့် မြန်မာပြည် အကြောင်း စာအုပ်များ ရေးသားထုတ်ဝေခဲ့ပြီး၊ ယခုအခါ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နေထိုင်လျက်ရှိသည်။ Kristoffer Rønneberg ၏ “Veien til Mandalay: En reise fra Burma til Myanmar” စာအုပ်ကို နော်ဝေနိုင်ငံ၊ အော်စလိုမြို့ရှိ Dreyers Forlag စာအုပ်တိုက်က ထုတ်ဝေ ဖြန့်ချိခဲ့သည်။)

သတ္တုအစမ်းတူးဖော်ခွင့်ကိစ္စ ကျောက်ကြီးမြို့နယ် ဒေသခံများက အမြန်ဖြေရှင်းပေးစေလို

ဇွန် ၂၉ရက်၊ ၂၀၁၅ခုနှစ်။ နန်းဝေဖြိုးဇာ - KIC

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်၊ စလဲကျေးရွာအုပ်စုအတွင်း၌ ကရင်အမျိုးသားအစည်းအရုံး(ကေ အဲန်ယူ)နှင့် မြန်မာအစိုးရတို့မှ ကုမ္ပဏီအား အဖြိုက်နက်သတ္တုအစမ်း ဝင်ရောက်တူးဖော်ခွင့်ပေးရာတွင် မြေယာသိမ်းဆည်းမှုများ ရှိသည့်အတွက် ဒေသခံများက အမြန်ဆုံး ဖြေရှင်းပေးလိုကြသည်ဟု သိရသည်။

အဆိုပါ အဖြိုက်နက်သတ္တုအစမ်းတူးဖော်မှုကို ကျောက်ကြီးမြို့နယ်ရှိ ကေအဲန်ယူနှင့် အစိုးရတို့က ယခင်နှစ်က ခွင့်ပြုခဲ့ပြီးနောက် ပြီးခဲ့သည့်တစ်လကျော်မှစ၍ ရတနာစိုင်းကောင်းမြတ်ကျော်ကုမ္ပဏီနှင့် စိုးနိုင်ဖြိုးကုမ္ပဏီတို့ ဝင်ရောက်လုပ်ကိုင်ရာ ဒေသခံများ၏ မြေဧက ၇၃,၁၂၄ကို သိမ်းဆည်းထားသလို လျော်ကြေးပေးဆောင်ရန်လည်း ယခုအချိန်ထိ တစုံတရာ မသိရသေးကြောင်း ကျောက်ကြီးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးစောင့်ကြည့်ရေးအဖွဲ့ တာဝန်ခံဖြစ်သူ နော်တပီးသာ့က ပြောသည်။

နော်တပီးသာ့က “စီမံကိန်းလုပ်တဲ့ နေရာမှာ အသိမ်းခံရတဲ့ ဒေသခံ မြေဧကတွေဟာ လျော်ကြေးမရှိတဲ့အပြင် ပွင့်လင်းစွာ မလုပ် တဲ့အတွက် ဒေသခံဘက်က နစ်နာရတယ်။ ဒီကိစ္စကို ဒေသခံဘက်ကလည်း လွှတ်တော်ကို စာတင်ထားတယ်။ သမ္မတနဲ့ ကေအဲန်ယူဗဟိုကိုလည်း ဆက်လက် စာတင်ဖို့ရှိတယ်။ တကယ်လို့ တစုံတရာ ဖြေရှင်းမှုတွေ မလုပ်ပေးဘူးဆိုရင် ဒေသခံတွေ ကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ဆန္ဒထုတ်ဖော် ကန့်ကွက်သွားမှာပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

ကျောက်ကြီးမြို့နယ်အတွင်း သတ္တုအစမ်းတူးဖော်ရန် ကေအဲန်ယူမှ ယမန်နှစ် ဧပြီလတွင် ကုမ္ပဏီကို ခွင့်ပြုချက်ပေးခဲ့ပြီးနောက် အစိုးရဘက်မှလည်း ဒီဇင်ဘာလတွင် အလားတူ သဘောတူ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ထိုသို့ အစမ်းတူးဖော်ခွင့်ရရှိရန် ကုမ္ပဏီဘက်ကလည်း ဒေသဖွံ့ဖြိုးရေးအတွက် လမ်းဖောက်လုပ်ပေးသွားမည်ဟု သဘောတူထားကြောင်း သိရသည်။

စလဲကျေးရွာမှ ဒေသခံတစ်ဦးက “အမှန်တော့ သူတို့စမ်းသပ်တာဘဲဖြစ်ဖြစ် လုပ်ဖို့ပဲဖြစ်ဖြစ် ကျနော်တို့ ပြည်သူလူထုတွေကို အသိအမှတ်ပြုဖို့လိုတယ်။ အခုက အဲလို မဟုတ်ဘူး။ ပြည်သူတွေကိုလာပြီး မကြေညာဘူး။ ခွင့်ပြုချက် မယူဘူး။ ဒီအတိုင်းဆို ကျနော်တို့လည်း နောက်မဆုတ်ပေးနိုင်ဘူး။ ကျနော်ပြောချင်တဲ့အချက်ကတော့ ဒီကုမ္ပဏီတွေက ပြည်သူလူထု အသိမှတ်မပြု ဘဲနဲ့ ဒီလိုလုပ်တာက ခွင့်မပြုနိုင်ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ၎င်းဒေသအတွင်း အစမ်းသတ္တုတူးဖော်မှုပေးခြင်းသည် ကေအဲန်ယူ သစ်တောနယ်မြေအတွင်း ဟုတ်မဟုတ် တစုံတရာ တင်ပြမှုမရှိသေးသည့်အတွက် စီမံကိန်းနှစ်ပတ်သက်ပြီး သေချာမသိရသေးကြောင်း ကေအဲန်ယူ ဗဟို သစ်တောဋ္ဌာနတာဝန်ခံ လည်းဖြစ်၊ စီးပွားရေးကော်မတီ အတွင်းရေးမှူးလည်းဖြစ်သူ ပဒိုမန်းဘထွန်းက ယခုလို ပြောသည်။

“ဒီကိစ္စအပေါ် ကျနော်တို့ သေချာမသိရသေးဘူး။ ကျနော်တို့အနေနဲ့ သစ်တောမှာတော့ မူဝါဒချတာ ရှိတယ်။ သစ်တောနယ်မြေ အတွင်းမှာ ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းပဲဖြစ်ဖြစ်၊ သတ္တုပဲဖြစ်ဖြစ် ဒေသခံလူထုကို ထိခိုက်မယ့်ဥစ္စာရှိရင် ခွင့်မပြုဘူးပေါ့”ဟု ပဒိုမန်း ဘထွန်းက ပြောဆိုသည်။

သတ္တုအစမ်းတူးဖော်မှုနှင့်ပတ်သက်၍ ၀င်ရောက်လုပ်ကိုင်ခွင့်ကို သဘောမတူကြောင်း ပြသသည့်အနေဖြင့် ယခု ဇွန်လ ၅ရက် နေ့က ဒေသခံများစုပေါင်း၍ စီမံကိန်းတည်ရှိရာ နေရာတစ်နေရာ၌ ဆုတောင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီး စီမံကိန်းကို ဆန့်ကျင်သည့် ဗီနိုင်းဆိုင်းဘုတ်များကိုလည်း ၎င်းနေရာတွင် စိုက်ထူကပ်ထားခဲ့ကြသည်။ သို့သော် အဆိုပါ ဗီနိုင်းဆိုင်းဘုတ်များကို ယခုအချိန် တွင် ဖြုတ်ချ ဖျက်ဆီးခံရမှုများရှိကြောင်း ဒေသခံများက ဆိုသည်။

Saturday, June 27, 2015

မြန်မာ့လူဦးရေပုံရိပ်

ဦးအောင်ခင်, ကျော်ကျော်သိန်း

လွန်ခဲ့တဲ့ မေလကထုတ်ပြန်တဲ့ သန်းခေါင်စာရင်းအစီရင်ခံစာမှာ မြန်မာပြည်ရဲ့  လူဦးရေအရွယ်အစားနဲ့ အာရှပစီးဖိတ်နိုင်ငံအချို့ ရဲ့  လူဦးရေးကို နှိုင်းယှဉ်ဖော်ပြထားပါတယ်။ မြန်မာ့အိမ်နီးချင်းဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း နဲ့ လာအိုနိုင်ငံတွေရဲ့  လူဦးရေအရွယ်အစား၊ သိပ်သည်းဆနဲ့ နှစ်စဉ်လူဦးရေ တိုးနှုန်းကိုဖော်ပြပါတယ်။ တရုတ်ပြည်မှာ လူဦးရေ သန်း ၁,၃၀၀ ကျော်ရှိပြီး နှစ်စဉ် လူ ၈ သန်းကျော် တိုးပွားနေပါတယ်။ အိန္ဒိယမှာ သန်း ၁,၂၀၀ ကျော်ရှိပြီး နှစ်စဉ် ၁၅ သန်းကျော် တိုးပွားနေပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ၁၅၆ သန်းရှိပြီး နှစ်စဉ် ၂ သန်း တိုးပွားနေပါတယ်။

ထိုင်းနိုင်ငံမှာတော့ လူဦးရေ ၆၇ သန်းရှိပြီး နှစ်စဉ် ၂ သန်းကျော် တိုးပွားနေပါတယ်။ မြန်မာပြည်မှာ လူဦးရေ ၅၁ သန်းကျော်ရှိပြီး နှစ်စဉ် ၄ သိန်းကျော် တိုးပွားနေပါတယ်။ လာအိုလူဦးရေ ၆ သန်းကျော်မှာ နှစ်စဉ် ၁ သိန်းကျော် တိုးပွားနေပါတယ်။ လူဦးရေများပေမယ့် တိုင်းပြည်ကျယ်ဝန်းရင် အနေချောင်တဲ့အတွက် ပြဿနာ သိပ်မရှိပါဘူး။ ဥပမာ တစ်စတုရမ်းကီလိုမီတာမှာ လူ ၁၄၀ နေထိုင်တဲ့ တရုတ်ပြည်ဟာ တစ်စတုရမ်းကီလိုမီတာမှာ လူ ၃၈၀ နေထိုင်တဲ့ အိန္ဒိယထက် အနေချောင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ တစ်စတုရမ်းကီလိုမီတာမှာ လူ ၁,၀၀၀ ကျော်ရှိနေလို့ လူနေအကျပ်ဆုံး ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဧရိယာဟာ စတုရမ်းကီလိုမီတာ ၁၃၀,၀၀၀ ကျော်သာရှိတာမို့ စတုရမ်းကီလိုမီတာ ၁၅၀,၀၀၀ ရှိတဲ့ ရှမ်းပြည်နယ်လောက်တောင် မကျယ်ဝန်းပါဘူး။ လူဦးရေက မြန်မာပြည်ထက် ၃ ဆ ပိုများပြီး အကျယ်အဝန်းက မြန်မာရဲ့  ၅ ပုံ ၁ ပုံသာ ရှိပါတယ်။ ၁၉၈၃ မှာ ဘင်္ဂလားဒေ့ရှ် လူဦးရေဟာ ၈၅ သန်းဖြစ်ပြီး ၂၀၁၃ မှာ ၁၅၆ သန်း ဖြစ်လာတဲ့အတွက် အနှစ် ၃၀ မှာ လူဦးရေ ၇၁ သန်း တိုးလာပါတယ်။ မြန်မာကတော့ ၁၉၈၃ မှာ ၃၅ သန်းရှိပြီး ၂၀၁၄ မှာ ၅၁ သန်းရှိလာတဲ့အတွက် အလားတူကာလမှာ ၁၆ သန်းကျော်သာ တိုးပွားလာပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ နှစ်စဉ်လူဦးရေ နှစ်သန်းတိုးပွားနေပြီး မြန်မာပြည်မှာ လေးသိန်းသာ တိုးပွားပါတယ်။ ရှမ်းပြည်လောက်ရှိတဲ့နေရာမှာ အနှစ် ၃၀ အတွင်း တိုးပွားလာတဲ့ ဘင်္ဂလားဒေ့ရှ် လူဦးရေဟာ မြန်မာ့လူဦးရေထက် သန်း ၂၀ ပိုများနေပါတယ်။

ရခိုင်ပြည်နယ်မှာ လူဦးရေ ၃ သန်းကျော်ရှိတာကို သန်းခေါင်စာရင်းမှာ ဖော်ပြပြီး ရိုဟင်ဂျာအမည် ပြဿနာကြောင့် စာရင်းမကောက်နိုင်တဲ့ လူဦးရေး တသန်းကိုးသောင်း ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ် လူဦးရေ သုံးပုံတပုံဟာ ဘင်္ဂလီအနွယ်ဝင် မွတ်စလင်တွေ ဖြစ်နေပါတယ်။ မောင်တောမြို့ နယ်မှာ စာရင်းကောက်ယူတဲ့ လူဦးရေ ၉၀,၀၀၀ ကျော်ကိုသာ ဖော်ပြပါတယ်။ ၂၀၁၃ မှာထုတ်တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့  အစီရင်ခံစာမှာတော့ ၂၀၁၁ က ရခိုင်ပြည်နယ်မှာ လူဦးရေ (၃,၃၃၈,၆၆၉) ရှိပြီး၊ ဗုဒ္ဓဘာသာက ၂,၃၃၃,၅၇၀၊ မွတ်စလင် ၉၆၈,၂၁၈ နဲ့ အခြားဘာသာဝင် ၄၀,၀၀၀ လောက်ရှိတာကို ဖော်ပြထားပါတယ်။ ၁၉၄၇ က မောင်တောနဲ့ ဘူးသီးတောင်မှာ မွတ်စလင် ၂၀,၀၀၀ ရှိတယ်လို့ အစိုးရစာရင်းမှာ ဖော်ပြတာမို့ အနှစ် ၆၀ မှာ ဘင်္ဂလီအနွယ်ဝင် ၅ ဆ တိုးလာပါတယ်။

၁၉၈၃ က ၂၀၁၄ အထိ အနှစ် ၃၀ ကျော်မှာ လူဦးရေအများဆုံး တိုးတက်တာ ရန်ကုန်တိုင်း ဖြစ်ပါတယ်။ ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်း နဲ့ ပဲခူးတိုင်းမှာလည်း သန်းနဲ့ချီပြီး လူဦးရေ တိုးပွားပါတယ်။ ဒီအထဲမှာ ရခိုင်ပြည်နယ်က ဆဋ္ဌမ လိုက်နေပါတယ်။ ဒါပေမဲ့ အနှစ် ၃၀ ကျော်အတွင်း လူဦးရေတိုးတဲ့နှုန်းကိုကြည့်ရင် ကချင်ပြည်နယ်က ပထမဖြစ်ပြီး၊ ရန်ကုန်တိုင်းက ဒုတိယ လိုက်နေပါတယ်။ ကချင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းမှာ လူဦးရေနှစ်ဆ တိုးလာပါတယ်။ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နဲ့ တနင်္သာရီတိုင်းတွေမှာတော့ လူဦးရေ တစ်ဆခွဲလောက်စီ တိုးပွားလာကြပါတယ်။ ကျန်ဒေသတွေမှာ တစ်ဆကျော်စီ တိုးပွားလာပါတယ်။ သန်းခေါင်စာရင်းမှာ မပါပေမယ့် ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်အတွင်း မွတ်စလင်ဦးရေ နှစ်ဆတိုးလာတယ်လို့ ခန့်မှန်းနိုင်ပါတယ်။

စစ်အာဏာရှင်ခေတ်ရဲ့  ထူးခြားချက်တွေထဲ မှာ နိုင်ငံခြားရောက် မြန်မာပြည်သား ဦးရေ များပြားလာတာလည်း ပါဝင်ပါတယ်။ အလုပ်အကိုင်ရှားပါးမှု၊ ဖိနှိပ်ညှဉ်းပန်းမှုနဲ့ အခြားအကြောင်းတွေကြောင့် မြန်မာပြည်က ထွက်ခွာသွားသူ နှစ်သန်းကျော် ရှိပါတယ်။ ဒီအထဲမှာ မြန်မာဘုရင်တွေ လက်ထက်ကတည်းက ထိုင်းနဲ့အဆက်အသွယ်များခဲ့တဲ့ မွန်ပြည်နယ်က အများဆုံး ဖြစ်ပါတယ်။ ထိုင်းနဲ့ဆက်နေတဲ့ ကရင်ပြည်နယ်က ဒုတိယ၊ ရှမ်းပြည်နယ်က တတိယ၊ တနင်္သာရီတိုင်းက စတုတ္ထ ဖြစ်ပါတယ်။ နောက်တော့ ပဲခူးတိုင်းက ပဉ္စမ၊ ရန်ကုန်တိုင်းက အဋ္ဌမနဲ့ ရခိုင်ပြည်နယ်က သတ္တမနေရာက လိုက်နေပါတယ်။

ရခိုင်ပြည်နယ်က ထွက်ခွါသူ ၁၀၀,၀၀၀ သိန်းကျော်ဟာ ရခိုင်တိုင်းရင်း သားတွေ ဖြစ်ပါတယ်။ မလေးရှားမှာတင် ရခိုင်ပြည်သား တသိန်းနီးပါး ရှိပါတယ်။ ရိုဟင်ဂျာ (ခေါ်) ဘင်္ဂလီအနွယ်ဝင်တွေကလည်း နည်းမျိုးစုံနဲ့ ထွက်ခွါကြတာမို့ မလေးရှားမှာ ၅၀,၀၀၀၊ ထိုင်းမှာ ၁၀၀,၀၀၀ လောက်ရှိကြောင်း သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်အဖြစ် လက်ခံထားတဲ့ ရိုဟင်ဂျာ ဘင်္ဂလီက ၃၀,၀၀၀ လောက် ရှိပါတယ်။ သန်းခေါင်စာရင်းရဲ့  ထူးခြားချက်တခုက မေးခွန်း ပုံစံမှာ ကိုးကွယ်တဲ့ဘာသာကို ဖော်ပြဖို့ ညွှန်ကြားထားပေမယ့် ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်တဲ့ လူဦးရေပုံရိပ်ကို ဖော်ပြဖို့ ပျက်ကွက်နေတာ ဖြစ်ပါတယ်။

Friday, June 26, 2015

ပြည်သူနဲ့ တပ်မတော် ပိုအလှမ်းဝေးသွားပြီ

ဗမာ့တပ်မတော်နဲ့ပါတ်သက်ရင် ပြည်သူ ဆိုတဲ့စကားလုံးကို ဒီနေရာမှာ နှစ်ပိုင်းခွဲပြချင်သည်။ ပထမတခုက ပြည်သူ(ဗမာလူမျိုးများ)နှင့် ဒုတိယတခုက ပြည်သူ တိုင်းရင်းသားလူမျိုးစုများဆိုပြီး ရှင်းလင်းပြောချင်ပါသည်။ ဗမာ့တပ်တော်ကို ဗမာလူမျိုးပြည်သူများဘယ်လောက်ချစ်လည်းမချစ်လည်းဆိုတာကို မှတ်ချက်မပေးလိုပေမယ့် တပ်မတော်ကို တိုင်းရင်းသားလူမျိုး ပြည်သူများဘယ်လိုမြင်သလဲဆိုတာကိုမီးမောင်းထိုးပြချင်ပါသည်။ ကျနော်တို့ တိုင်းရင်းသားလူမျိုးများရင်ထဲမှာ ဗမာ့တပ်မတော်ဆိုတာ ငါတို့ ရဲ့တိုင်းပြည်ကယ်တင်ရှင်ကြီးတွေလို့  ဘယ်သောအခါမှ မမြင်ခဲ့ဘူး။ ဒီလိုမြင်ရအောင်လည်း ဗမာ့တပ်မတော်က တိုင်းရင်းသားတွေအပေါ်ဘာကောင်းကျိုးတွေပေးခဲ့လည်းဆိုတာ တခုမှရှာမတွေ့ ဘူး။ ကျနော်တို့ တွေ့ နေရတာ ခံစားနေရတာက ဗမာ့တပ်မတော်ဆိုတာ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်တွေကို သမိုင်းနဲ့ ချီပြီးဖျက်ဆီးခဲ့တယ်လို့ ရှင်းရှင်းလင်းလင်းပဲမြင်ထားတယ်။ သက်သေအထောက်အထားတွေနဲ့ အပြည့်အစုံရှိတယ်။ ဆင်သေကို ဆိတ်သရေနဲ့ ဖုန်းချင်တဲ့ တပ်မတော်ခေါင်းဆောင်ကြီးတွေ အဆက်ဆက်ပေါ်ပေမယ့် နောက်ဆုံးတော့သူတို့ ရဲ့ မဟာလူမျိုး ကြီးဝါဒစိတ်ဓါတ်က တနေရာရာမှာပြန်ပေါ်လာစမြဲပဲဆိုတာ အမြဲတမ်းတွေ့ ခဲ့ရတယ်။

ကျနော်ဘလော့ပေါ်မှာ မှတ်ချက်ပေးဘူးတယ်။ 2015 ရွေးကောက်ပွဲပြီးရင် စစ်တိုက်ဖို့ အတွက် တိုင်းရင်းသားတွေ စစ်ရေးပြင်ဆင်ထားပါဆိုတာ မကြာခင်မှာ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ အခုလက်နက်ကိုင်တိုင်းရင်းသားတပ်တွေအရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချရမယ့် သမိုင်းကွေ့ ရောက်လာပြန်ပါပြီ။ ၂၀၀၈ ဥပဒေကို လွတ်တော်ထည့်မှာ ပြင်ကြရအောင်ဆိုတဲ့လူတွေ အခုတွေ့ တဲ့အတိုင်းပဲ လှလှလေးခံလိုက်ရပြီး။ ယခုဆွေးနွေးနေဆဲဖြစ်တဲ့ ငြိမ်းချမ်းရေးလည်းရေကြည်ထဲက လရိပ်လေးလိုပါပဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ ကို တရားဝင် လက်မှတ်ထိုးဖို့ တာစူတွန်းအားပေးနေတဲ့ သိန်းစိန်အစိုးရရဲ့အကြံအစည်တွေ ဟာ ဘာလည်း ဘယ်လည်းဆိုတာ မနေ့ တစ်နေ့ က လွတ်တော်မှာ မဲခွဲဆုံးဖြတ်လိုက်တဲ့ရလဒ်တွေက သက်သေခံလိုက်ပါပြီ။ ဒီလူတွေသူတို့ လိုချင်တာရအောင်ဝေ့လှည်ကြောင်ပါတ်လုပ်ပြီးတခုပြီးတခုပြီးလုပ်ယူသွားမှာဖြစ်ပြီး မလိုချင်တာတွေက အခြေအနေအချိန်အခါကိုကြည့်ပြီး ကွက်တိ အချိန်ကျမှကပ်ပြီးဖြူတ်လိုက်တယ် ဆိုတာလွတ်တော်ထဲမှာဖြစ်ပျက်နေတာကိုကြည့်ပြီးရှင်းရှင်းလင်းမြင်နိုင်တယ်။ ဥပမာ လူအများဝေဖန်တဲ့ အရေးမပါတဲ့ မျိုးစောင့်ဥပဒေတွေကိုရအောင် အချိန်ယူပြီး တဖြည်းဖြည်း အတင်းဆွဲယူသွားတာနဲ့  အရေးကြီးတဲ့ဥပဒေပြင်ဆင်ချက်တွေကို ရွေးကောက်ပွဲနီးလာမှ စဆွေးနွေးပြီး ကပ်ပြီးသူတို့ မလိုချင်တာတွေကို ရှင်းထုတ်လိုက်တာဟာ ဒီမဟာဝါဒီတွေရဲ့ လက်ရှိသုံးနေတဲ့ ဗျူဟာတွေလို့ ပြောလို့ ရပါသည်။

ကရင်လူမျိုးဖြစ်လို့ နောက်ဆုံးကရင်အကြောင်းနဲ့ပဲပြောမယ်။ ကရင်တွေအသင်တို့ ရဲ့သေနတ်တွေကို ပြောင်နေအောင်တိုက်ထားလိုက်ပါတော့။ မကြခင်ငါတို့ တွေ နောက်တစ်ပွဲစတိုက်ရတော့မယ်... Kanyaw Thu Mu Doh... Are you ready....????

xxxxxxxxxxxxxxx

တပ်မတော်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကျင့်သုံးဖို့အတွက် အလိုမရှိသေးကြောင်း၊ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ဆန္ဒမရှိသေးကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထားတင်းမာနေဆဲဖြစ်ကြောင်း ယခုလ ၂၅ ရက်တွင် တရားဝင်ထုတ်ဖော် သက်သေပြလိုက်ပြီဖြစ်သည်။

တပ်မတော်အစိုးရက ရေးဆွဲခဲ့သည့် ၂၀၀၈ အခြေခံဥပဒေသည် ဥပဒေထဲတွင် နိုင်ငံတော်သည် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးသည်ဟု ပြဌာန်းဖော်ပြထားသော်လည်း အမှန်တကယ် လက်တွေ့တွင်မူ ဒီမိုကရေစီ အနှစ်သာရများ ပျောက်ဆုံးနေသည်။ ဒီမိုကရေစီစနစ်ကျင့်သုံးမည်ဆိုလျှင် ၂၀၀၈ အခြေခံဥပဒေကို သေချာပေါက်ပြင်ဆင်ရမည်ဖြစ်သည်။ သို့သော်….။

ဇွန်လ ၂၅ ရက်သည် တပ်မတော်အတွက် မလှပသော သမိုင်း အစွန်းအထင်းတခု ထပ်မံ အစွန်းထင်သွားခဲ့ပြန်ပြီဖြစ်သည်။ အဆိုပါနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အခြေခံဥပဒေ ပြင်ဆင် မပြင်ဆင်နှင့် အခြေခံဥပဒေပါ ပုဒ်မအချို့ကို ပြင်ဆင်ဖို့ အဆုံးအဖြတ်ခံယူနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒမဲခွဲကာ အဆုံးအဖြတ် ခံယူခဲ့သည်။
အခြေခံဥပဒေ ပြင် မပြင် ဇွန်လ ၂၃ ရက်က စတင်ကာ ပြည်သူက ရွေးချယ်သည့် လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာဝန်ပေးထားသည့် လွှတ်တော်တွင်းရှိ တပ်မတော်သားကိုယ်စားလှယ်များ အကြိတ်အနယ် ဆွေးနွေးခဲ့ကြသည်။ ထိုနေ့တွေက တပ်မတော်သားကိုယ်စားလှယ်များသည် ဥပဒေ မပြင်ဆင်ရေးကိုသာ ဦးတည်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးခဲ့ကြသည်ကို လေ့လာခြင်းအားဖြင့် မဲခွဲဆုံးဖြတ်ပါက အခြေခံဥပဒေပြင်ဆင်ရေးသည် မလွယ်ကူနိုင်တော့ဟု ကြိုတင် ယုံကြည်ခဲ့သည်။ ထိုယုံကြည်ချက် တက်တက်စင်အောင်ပင် မှန်ကန်ခဲ့လေတော့သည်။

ဇွန်လ ၂၅ ရက် ပြည်ထောင်စုလွှတ်တော်အစည်အဝေးတွင် တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦးအပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၅၈၃ ဦးတက်ရောက်ခဲ့ပြီး ပျက်ကွက်သူ ၅၀ ဦးရှိခဲ့သည်။ အမှန်တကယ်ရှိသည့် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်အရေအတွက်သည် ၆၃၃ ဦးရှိသည်။

အများပြည်သူက ပြင်ဆင်လိုသည့် အခြေခံဥပဒေ အခန်း ၃ ပုဒ်မ ၅၉ စ၊ အခန်း ၁၂ ပုဒ်မ ၄၃၆ က၊ ၄၃၆ ခ တို့သည့် ပြင်ဆင်ခြင်းအဆို မဲခွဲရာတွင် ရှုံးနိမ့်ခဲ့သည်။ လောလောဆယ် မဲခွဲဆုံးဖြတ်ချက်အရ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်နှင့် အခြေခံဥပဒေပြင်ဆင်နိုင်ရေး လွှတ်တော်ကိုယ်စားလှယ် ထောက်ခံမှုရာခိုင်နှုန်း ပြင်ဆင်ချက်တို့သည် လက်ရှိအစိုးရ၊ လက်ရှိလွှတ်တော်သက်တမ်းတွင် လုံးဝမဖြစ်နိုင်တော့သည့် အနေအထားဖြစ်သွားပြီ ဖြစ်သည်။

ယခုလို ရလာဒ်မျိုးထွက်လာခြင်းသည် တပ်မတော်သားကိုယ်စားလှယ်တို့၏ ကန့်ကွက်မှုက အဓိကကျခဲ့သည်မှာ ငြင်းပယ်မရနိုင်ပေ။ ဤရလာဒ်မျိုးဖြစ်လာအောင် ပြုလုပ်ခဲ့သည့်အတွက် နိုင်ငံ့အဆိုးအကောင်းအတွက် တပ်မတော်တွင် တာဝန် အဓိကရှိသွားပြီသည်။ နဂိုကမှ တပ်မတော်အပေါ် ပြည်သူ ယုံကြည်မှု နည်းပါးနေသည့် အခြေအနေသည် ပိုမို ဆိုးဝါးသွားပြီဖြစ်သည်။ မြန်မာပြည်သူပြည်သားတွေနှင့် တပ်မတော်သည် ထပ်မံကာ အလှမ်း ပိုမိုဝေးကွာသွားပြီဖြစ်သည်။ ပြည်သူ့မေတ္တာကို ခံယူခွင့်ရှိနေသည့် အခွင့်အရေးကို အပိုင်အနိုင် မဆုပ်ကိုင်ပဲ ပြည်သူတွေရဲ့နှလုံးသားများထံကနေ ပို၍ဝေးရာဆီသို့ ရောက်ရှိခဲ့ပြန်သည်။

အခြေခံဥပဒေပြင်ဆင်ရေးအပါအ၀င် မြန်မာနိုင်ငံ၏ အကျပ်အတည်းများကို ခေါင်းချင်းဆိုင် ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုသည်လည်း ယနေ့ထွက်ပေါ်လာသည့် ရလာဒ်များကြောင့် ထပ်မံတွေ့ဆုံဖို့ဆိုသည် အချိန်ကုန် အပင်ပန်းခံရုံမှတပါး အားရစရာ သိပ်မရှိတော့ချေ။ တပ်မတော်၏ မြန်မာပြည်သူ ပြည်သားတို့အပေါ်ထားရှိသည့် သဘောထားကို လွှတ်တော်တွင်းတွင် တရားဝင်ပြသခဲ့ပြီ ဖြစ်သောကြောင့်ဖြစ်သည်။

ပုဒ်မ ၅၉ စ အတွက် ထောက်ခံမဲ ၃၇၁ မဲ(၅၈.၆ ရာခိုင်နှုန်း)၊ ပုဒ်မ ၄၃၆ က အတွက် ထောက်ခံမဲ ၃၈၈ မဲ( ၆၁.၂၉ ရာခိုင်နှုန်း) သာရှိခဲ့တာကြောင့် ပြည်သူကရွေးချယ်ထားပါသည်ဆိုသည့် လွှတ်တော်ကိုယ်စားလှယ်အချို့သည်လည်း အဆိုပါပုဒ်မနှစ်ခု မပြင်ဆင်ရေး ကန့်ကွက်ခဲ့သည်ကိုလည်း တွေ့ကြရမည်ဖြစ်သည်။ ထို့ကြောင့် အများပြည်သူဆန္ဒကို အခြေခံသည့် ဒီမိုကရေစီဖော်ဆောင်ရေး လမ်းကို မျက်နှာမမူ ဥပက္ခာပြုခဲ့ကြသည့်၊ ကန့်ကွက်ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ပြည်သူများက ဖော်ထုတ်ပြီး နောင်လာမည့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လာပါက မဲမပေးခြင်းဖြင့် ဒဏ်ခတ်ကြဦးမည်။

ထို့အပြင် မဲခွဲဆုံးဖြတ်ဖို့ အရေးကြီးသည့် လွှတ်တော်အစည်အဝေးတွင် သိသိကြီးနှင့် အစည်းအဝေး မတက်ရောက်ပဲ လစ်ဟင်းပျက်ကွက်ခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များ (အချို့သည် လွှတ်တော်တာဝန်အချို့ကြောင့် ပျက်ကွက်ကြသည်) သည်လည်း သမိုင်းတွင် တာဝန်ရှိနေပါသည်။ လွှတ်တော်အစည်အဝေး ပျက်ကွက်သူများအတွက် ကန့်ကွက်မဲဟု ရေတွက်ခံရသောကြောင့်ဖြစ်သည်။ ထိုပျက်ကွက်သည့် လွှတ်တော်ကိုယ်စားလှယ်များကိုလည်း မည်သူမည်ဝါဖြစ်ပြီး မည်သည့်အတွက် ပျက်ကွက်သည်ကို ပြည်သူများက ဖော်ထုတ်စုံစမ်းဦးမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှုအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် လူထုခေါင်းဆောင်ပီပီ ထွက်ရှိလာသည့် ရလာဒ်အပေါ် ကြိုတင်မျှော်လင့်ထားခြင်းကြောင့် စိတ်မပျက်ဖို့ အားမငယ်ဖို့ ဒီမိုကရေစီလိုလားသော ပြည်သူတွေအပေါ် နှစ်သိမ့်စကားပြောခဲ့သည်။ နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှု ချုပ်ခြယ်မှုဒဏ်များကို အလူးအလဲခံခဲ့ကြရသည့် ပြည်သူများကတော့ စိတ်နှလုံးညှိုးငယ်ကြသည်။ စိတ်ပျက်ကြသည်။ အားငယ်နေကြသည်မှာ အမှန်ဖြစ်သည်။ အနှီအခြေခံဥပဒေသည် လွှတ်တော်ထဲတွင် ပြင်ဆင်ဖို့ လုံးဝမလွယ်ကူနိုင်တော့ဟုပင် ပိုမိုယုံကြည်လာခဲ့ကြပြီဖြစ်သည်။ ထိုယုံကြည်ချက်များအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ကန့်ကွက်ခဲ့သည် တပ်မတော်သားကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များသည် ဒီမိုကရေစီလိုလားသူ ပြည်သူများ၏ စိတ်နှလုံးတွင် ခေတ်နောက်ပြန်ဆွဲသူများအဖြစ် ခံစားထင်မြင်သွားပြီဖြစ်ပါသည်။

ူ ဇွန်လ ၂၅ ရက် ရလာဒ်သည် အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ရရေးတို့သည် ယခုလွှတ်တော်၊ အစိုးရ သက်တမ်းတွင် ရေပေါ်အရုပ်ရေးသလို လွှင့်ပျယ်ခဲ့ပြီဖြစ်သည်။ ဤသို့ဆိုလျှင် ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်ဖြစ်ပြီး တနိုင်ငံလုံးတွင် အပြတ်အသတ် အနိုင်ရရှိပါက အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ရရေးတို့သည် ပြန်လည်အိပ်မက် မက်နိုင်လာမည်လားဟု မေးခွန်းထုတ်စရာရှိသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရွေးကောက်ပွဲ ဝင်မည်ဟု ကြေညာလိုက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးရန် လှုံ့ဆော်ထားသည်။

သို့သော် လွှတ်တော်ထဲတွင် ပြည်သူက တိုက်ရိုက်မရွေးချယ်ရပါပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာဝန်ပေးသည့် တပ်မတော်သားကိုယ်စားလှယ်များ ရှိနေသေးသ၍ ဒါမှမဟုတ် မလျော့ချနိုင်သေးသ၍၊ တည့်ပြောရလျှင် တပ်မတော်က မြန်မာ့နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ဦးဆောင်သူအဖြစ် ပါဝင်နေရဦးမည်ဟု သဘောထားရှိနေသေးသ၍ ဒီမိုကရေစီရေး အပြောင်းအလဲသည် ထင်သလောက် မလွယ်ကူနိုင်သေး။ ပြည်သူလူထုနှင့် တပ်မတော်တို့သည် အလှမ်းဝေးနေဆဲပင် ဖြစ်ဦးမည်။

(မောင်ဉာဏသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်) 

ဧရာဝတီသတင်း

ဂျက်စမင်း ပါဝင်သီဆိုသော ထိုင်းရုပ်သံ

ကရင်သီချင်းဖြင့် အစချီသော ထိုင်းရုပ်သံ တင်ဆက်မှုလေးပါ။



สุพรรณหงส์ ครั้งที่ 24 THE WONDER OF HUMOR.เมื่อคืนท่านใดที่ไม่ได้ดู สามารถรับชมกันที่นี่ได้เลยครับ !!
Posted by Jasmin - Patchalaware Damrongtamprasroet on Monday, March 2, 2015


Type the rest of your post here.

တိုင်းရင်းသား လူမျိုးတိုင်း တန်းတူရေး ဗမာလူမျိုးများပါဝင်လုပ်ဆောင်နိုင်သည့် နည်းသစ်တင်ပြခြင်း

အဂ္ဂ

တိုင်းရင်းသားဆရာဆရာမများတွင် မိမိဆိုင်ရာလူမျိုး၏ စာပေနှင့် သမိုင်းကိုသင်ကြားပေးရ မည့်တာဝန် နှင့်တန်ဖိုးများရှိကြရမည့်အကြောင်းဥပဒေမပြဌာန်းခြင်းသည် တိုင်းရင်းသားများမနှေးအမြန် တိမ်ကော ပပျောက်သွားစေရန်ပြောင်တလင်း စီမံလုပ်ဆောင်ချက်ဖြစ်သည်။

ဒါကိုမြင်နိုင်စွမ်းမရှိသော သို့မဟုတ် ကျေနပ်သောသို့မဟုတ် အလိုတော်ရိဖြစ်သော သို့မဟုတ် တုံနှိဘာဝေဖြစ် နေသော တိုင်းရင်းသားများသည်လည်း လူမျိုးတမျိုးအဖြစ်ဆက်လက်တည်ရှိနေရန်လိုအပ်သည့် ဂုဏ်အဂါင်္များနှင့် ကင်းဝေးသွားရပေတော့မည်။

တိုင်းရင်းသားလူမျိုးတိုင်း၏ စာပေနှင့်သမိုင်းများကိုတန်းတူဖြစ်စေလိုသည့်စေတနာသည် ပြည်ထောင်စုနိုင်ငံသားများတွင် လုံးဝမရှိမဖြစ် အခြေခံစိတ်ဓါတ်အဖြစ်သွတ်သွင်း တည်ဆောက် ထားခြင်းရှိနေရမည်။ တိုင်းရင်းသားများအတွင်းမှတမျိုးမျိုး၏စာပေနှင့် သမိုင်းကိုသာလျှင် ဘုံထား မြေတောင်မြှောက်သွတ်သွင်းခြင်းမှာ ပြည်ထောင်စုတည်ဆောင်ခြင်းမဟုတ်ဘဲ လုံးဝပြောင်တိုက်ကြီး တပြည်ထောင်တည်ထောင်ခြင်းဖြစ်သဖြင့် တရားမျှတမှုကိုမလိုလားသည့် ဆိုးရွားမှုဖြစ်သည်။

သည်ဆိုးရွားမှုများသည် မျိုးချစ်စိတ်ရှိသောတိုင်းရင်းသားလူထု၏ခုခံတုံ့ပြန်မှုကိုပေါ်ပေါက်စေသည်။
ခေတ်အဆက်ဆက်တွင် အာဏာပိုင်လူမျိုးများ၏စာပေ သမိုင်းဖိနှပ်မှုကို ပါဝင်အလုပ်အကြွေးပြုကြသည့် တိုင်းရင်းသားအလိုတော်ရိများရှိတတ်စမြဲဖြစ်သဖြင့် ထိုသူများ၏ပါဝင်မှုကို တိုင်းရင်းသားများ၏ပါဝင်မှုအဖြစ် ဆွဲယူအသုံးချလျှက် ငါးကြင်းဆီဖြင့်ငါးကြင်းကျော်နေနိုင်မည်ဖြစ်သော်လည်း တရားမျှတမှုမရှိသဖြင့် တကယ်တမ်းငြိမ်းချမ်းသာယာဝပြောသော နိုင်ငံတနိုင်ငံသို့သွားနေသည့်လမ်းကြောင်းမဟုတ်ပါပေ။
သို့ဖြစ်သဖြင့် လူမျိုးရေးယုတ်မာမှုများဖြင့်တည်ဆောက်သောအတုအရောင်ပြည်ထောင်စုကြီးထဲတွင် ဖိနှိပ်မှုများအဆုံးမသပ်မခြင်းခုခံတုံ့ပြန်မှုများလည်းမလွဲမသွေဆက်လက်ပေါ်ပေါက်ပြန့်ပွား
တည်တန့်နေမည်သာလျှင်။
ပြသနာကိုရှင်းလင်းပြတ်သားစွာ ထောက်ပြလိုက်ပြီးနောက်ဖြေရှင်းနည်းကိုမပြောလျှင် အနှုတ်လက္ခဏာသာရှိသောလူမျိုးရေးအဖျက်သမားအမြင်ဟု တံဆိတ်ခတ်ခံရဖွယ်ရှိသည်ဖြစ်သဖြင့် ဖြေရှင်းနည်းကိုတင်ပြလိုက်ပါရစေ။

ဘာမှမခက်ပါ။
ဘာသာစာပေသမိုင်းတန်းတူရေးအတွက် ၁၃၅ မျိုးရှိသည်ဆိုသော တိုင်းရင်းသားလူမျိုးတိုင်း၏စာပေကို နိုင်ငံတော်ရုံးသုံးကျောင်းသုံးဖြစ်အောင်လုပ်လို့မရနိုင်ခြင်းမှာ အမှန်တရားဖြစ်သည်။ ထိုသို့ ၁၃၅ မျိုးလုံးကိုတရားဝင်စေရန်မဖြစ်နိုင်သဖြင့် လူဦးရေအများဆုံးလူမျိုးတမျိုးတည်း၏စာပေ သမိုင်းတို့ကို ဘုံအဖြစ်ထားလိုက်သောအခါ ကျန်၁၃၄မျိုးလုံး အဟုန်ပြင်းစွာဖြင့်တိမ်ကောပပျောက်သွားရမည့် အဆင်းလမ်းပေါ်ချထားပေးလိုက်သည့်အနေအထားသို့ဆိုက်ရောက်သည်။ ယခုအခါတွင် တိုင်းရင်းသားလူမျိုးများသည် မိမိဆိုင်ရာအ၀တ်အစားများ အကအခုန်များလောက်ကိုသာ သိလျှက် စာပေနှင့်သမိုင်းမှာမူ အသုံးမ၀င်အောင်ပြုထားခြင်းခံရသည့်အဆင့်ကိုလိုက်ပြီး မရပ်တမ်း တိမ်ကောသွားလျှက်ရှိသည်။ မိမိရိုးရာဝတ်စုံများကိုဝတ်ဆင်ကြသည်ဆိုရာတွင်လည်း တားမြစ်ထားခြင်းမရှိသောနေရာများတွင်သာဝတ်ရဲကြသည်။ ရုံးများကျောင်းများတွင် ဗမာဝတ်စုံအစား မ၀တ်ဆင်ရဲကြသေးပါ။ အားလုံးသိကြပါသည်။
ဒါဆိုလျှင် တန်းတူရေးအတွက် အလွန်လွယ်သောတခြားတနည်းကို ကြည့်ပါ။ ဒီနည်းဖြစ်မြောက်ရေးအတွက်အဓိကဖြတ်သန်းရမည့် တခုတည်းသောအခက်အခဲကြီးမှာ တိုင်းရင်းသားဗမာလူမျိုးများက မိမိတို့၏ စာပေ သမိုင်း သုံးစွဲဖြန့်ဖြူးပိုင်ခွင့်အာဏာကို တခြား၁၃၄မျိုးသောတိုင်းရင်းသားညီနောင်များ၏ အဆင့်အတန်းနှင့်တန်းတူသောအနေအထား သို့ဥပဒေပြုပြီးလျှော့ချပေးချင်သည့်စိတ်စေတနာကောင်းများပေါ်ပေါက်ပြန့်ပွားရေးသာလျှင်ဖြစ်သည်။
တခြားတိုင်းရင်းသားများကလက်ရှိ စာပေ ယဉ်ကျေးမှု ထိမ်းသိမ်းနေကြရသည့်နည်းနာ အခွင့်အရေးများအတိုင်း ဗမာစာပေ သမိုင်း ယဉ်ကျေးမှုများကိုထိုနှင့်တန်းတူအနေအထားသို့ရွေ့ချပေးရန်သာဖြစ်သည်။ လက်ရှိအနေအထားမှာ ဗမာစာပေသမိုင်း ယဉ်ကျေးမှုက ကျန်တိုင်းရင်းသား ၁၃၄ မျိုးအထွတ်အမြတ်ထားရာ စာပေ သမိုင်းနှင့်ယဉ်ကျေးမှုတို့၏ဦးခေါင်းကိုခြေဖြင့်တက်နင်း ထားသည့်အနေအထားဖြစ်နေသည်။ ဒီအနေအထားကိုဗမာများကပြည်ထောင်စုလူမျိုးများတန်းတူရေးစိတ်ဓါတ်ဖြင့်အဆုံးရှုံးခံကြရမည်။
ဗမာများကဒိုင်ခံဟစ်ကျွေးနေပြီးတိုင်းရင်းသားများကိုအပြစ်ဆိုနေလေ့သည့် အဆိုပါ ပြည်ထောင်စုစိတ်ဓါတ်နှင့်အညီ တိုင်းရင်းသားအားလုံးနှင့် စာပေ သမိုင်းယဉ်ကျေးမှု တန်းတူ သောအနေအထားကိုလက်တွေ့ကျင့်သုံးကြရမည်။ ဒါကိုမလုပ်နိုင်လျှင် တန်းတူရေးနှင့်ပြည်ထောင်စုစိတ်ဓါတ်မရှိခြင်းသာလျှင်ဖြစ်သဖြင့် ထိုမရှိသောစိတ်ဓါတ်လုပ်ဆောင်ချက်များ ကိုအခြေခံသည့် ဆင့်ပွားပေါ်ပေါက်သော ဆိုးကျိုးအားလုံးကို တိုင်းရင်းသားပြည်သူများနည်းတူ ဆက်လက်ခံစားကြရဖို့သာရှိသည်။

ဖေါ်ပြခဲ့သောဖြေရှင်းနည်းမှာ နယ်နိမိတ်ရေးဆွဲရေးပြသနာများစွာကို ရင်ဆိုင်ရဦးမည့် ဖက်ဒရယ်ပြည်ထောင်စုလမ်းစဉ်ကိုထိရှခြင်းမရှိပေ။ တပြည်ထောင်ဖြစ်သည့်တိုင် ၁၃၅မျိုးသော လူမျိုးတိုင်းတန်းတူစေသောနည်းနာဖြစ်သည်။ စာပေ သမိုင်း နှင့်ယဉ်ကျေးမှုတွင်တန်းတူလျှင် နိုင်ငံကိုတန်းတူပိုင်ဆိုင်သည့်အနေအထားနှင့်စိတ်ဓါတ်များဖြစ်ပေါ်လာမည်ဖြစ်သည်။ ဖွံ့ဖြိုးရေး စီးပွားရေး ဘာသာရေး စသောအခြားအရေးအားလုံးမှာ လူမျိုးမရွေး ဘာသာမရွေး ယေဘူယျအားဖြင့် ကိုယ့်အိုးကိုယ့်ဆန် ဆိုင်ရာ သဘာဝများအတိုင်းသွားနေသည့် တန်းတူမှုများရှိနေသည်သာဖြစ်သဖြင့်အထူးတလည် ထည့်သွင်းပြောဆိုရမည့်ပြသနာမဟုတ်တော့ပါ။

လေးစားလျှက်
အဂ္ဂ


Wednesday, June 24, 2015

နှစ်ဘက် တင်းမာမယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဘေးရောက်သွားနိုင်တယ် – ဦးခွန်ဆိုင်း

By ရွှေအောင်
24 June 2015

အစိုးရဘက်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့နဲ့ ဆက်ဆွေးနွေးဖို့ လက်မခံလိုတဲ့ သဘောထား ရှိနေတယ်လို့ အန်စီစီတီအဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ဇွန် ၂၃ ရက်က ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောလိုက်ပါတယ်။

တိုင်းရင်းသားတို့ရဲ့ အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ဟံသာအဖွဲ့နဲ့ ၀န်ကြီးဦးအောင်မင်းတို့ ဇွန် ၂၂ ရက်က ရန်ကုန်မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုအပြီး နိုင်ဟံသာက မီဒီယာကို အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအင်စတီကျု-ဒါရိုက်တာ ဦးခွန်ဆိုင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဇွန် ၂၃ ရန်ကုန်မှာ အန်စီစီတီအဖွဲ့ခေါင်းဆောင် နိုင်ဟံသာပြောတဲ့အထဲမှာ ၀န်ကြီး ဦးအောင်မင်းတို့ အဖွဲ့နဲ့တွေ့တော့ သူတို့အနေနဲ့ အန်စီစီတီအဖွဲ့နဲ့ ဆက်ဆွေးနွေးရင် ပြဿနာ မရှိဘူး၊ အခု အဖွဲ့သစ်နဲ့ ဆက်ဆွေးနွေးဖို့ကျ အမြင်မရှင်းဘူး၊ လက်မခံချင်ဘူးဆိုတဲ့ သဘောမျိုးပြောတယ်လို့ ပြောတယ်။ အစိုးရက ဘာလို့ အမြင်မရှင်း ဖြစ်နေတာလဲ၊ ဦးခွန်ဆိုင်း သုံးသပ်ပေးပါ။

“တဘက်က အစိုးရကလည်း ဒီဟာဟာ အန်စီအေ (အပစ်ရပ်စာချုပ်) မထိုးချင်လို့ အချိန်ဆွဲတာ ဖြစ်တယ်၊ ဒီလို ယူဆမှု ရှိတယ်။ သို့သော်လည်းပဲ အစိုးရဘက်က ဘာပြဿ နာရှိလဲ ဆိုတော့ အန်စီစီတီနဲ့ပဲ တွေ့မယ်၊ အဖွဲ့သစ်နဲ့ လုံးဝ မတွေ့ဘူး ဆိုလို့ရှိရင်လည်း အစိုးရဘက်က ငြိမ်းချမ်းရေး မလိုချင်ဘူးဆိုတဲ့ အစွပ်စွဲခံရမယ့်အပိုင်း ပြန်ရှိနေပါတယ်။ ဒါကြောင့်မို့ အခု ဖြစ်နေတဲ့ အခြေအနေကတော့ နှစ်ဘက်က ဘယ်နည်းနဲ့မဆို နားလည်မှု ရှာပြီးတော့ ညှိရမယ့် အပိုင်း ရှိတာပေါ့။ အဲ့လိုမျိုး မဟုတ်ဘဲနဲ့ နှစ်ဘက်စလုံး တင်းမာမယ် ဆိုရင်တော့ ရွေးကောက်ပွဲကလည်း ရှိနေတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက တခါတည်း ဘေးရောက်သွားနိုင်တာပေါ့ဗျာ။ အဲ့ဒါကြောင့်မို့ နှစ်ဘက်စလုံးက ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ညှိဖို့လိုမယ်လို့ ကျနော် ထင်ပါတယ်။”

နောက်တခုက ဇွန် ၂၂ နှစ်ဘက်တွေ့တုန်းက ဦးအောင်မင်းတို့ဘက်က မတ်လ ၃၁ ရက်မှာ နှစ်ဘက်လက်မှတ်ထိုးခဲ့တဲ့ အပစ်ရပ်စာချုပ်မူကြမ်းနဲ့ပဲ ပြီးလိုက်ဖို့ ပြောတယ်လို့ ဆိုပါတယ်။ ကျနော်တို့ သိသလောက် အပစ်ရပ်စာချုပ်မူကြမ်းထဲမှာ ငြိမ်းချမ်းရေးဆွေးနွေးဘက်များအကြား ၀ိဝါဒကွဲပြားမှုများကို ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် စိတ်ရင်းစေတနာမှန်ဖြင့် အကျေအလည် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ရန် ဆိုတဲ့အချက် ပါပါတယ်။ ဒီအပေါ်လည်း ဦးခွန်ဆိုင်း အမြင် သိပါရစေဦး။

“ကျနော်မြင်တာ ၂ ပိုင်း ရှိပါတယ်။ တပိုင်းကတော့ ဦးအောင်မင်း ပြောသလိုပဲ မပြေလည်သေးတဲ့ ကိစ္စရပ်တွေမှာ စာချုပ်စာကိုယ်ထဲမှာ လာမပြင်ဘဲနဲ့ စာချုပ်စာကိုယ်နဲ့ ပူးတွဲဖြစ်တဲ့ မှတ်တမ်းဆိုတဲ့ စာတမ်းရှိတယ်။ အဲ့ဒီစာတမ်းထဲမှာ အခု ဆုံးဖြတ်ချက် ၃၅ ချက် ရှိတယ်။ အဲ့ဒီ ၃၅ ချက်ထဲမှာ လာဖြည့်ရင် မကောင်းဘူးလား၊ ဒီဥစ္စာကလည်း ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေ စဉ်းစားဖို့ကိစ္စ ဖြစ်ပါတယ်။

“လော်ခီးလာမှာ တိုင်းရင်းသားတွေ တင်ပြဖို့ အချက် ၁၅ ချက်ရှိတယ် ဆိုပေမယ့် တကယ်တမ်း ကျနော်တို့ ဆန်းစစ်ကြည့်တဲ့ အခါကျတော့ ၁၂ ချက်ပဲ ရှိတယ်။ ၂ ချက်က မပြင်ပါဘူးဆိုတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်။ မပြင်ဘူး၊ သူ့အတိုင်းပဲထားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်၊ နောက်တခုက အထက်ပါ ပြင်ဆင်ချက်များကို အတည်ပြုတယ်ဆိုတဲ့အချက် ဖြစ်တယ်။ ဒီ ၁၂ ချက်ထဲမှာ အများအားဖြင့်က စကားလုံးအရ ဖြစ်တဲ့ကိစ္စတွေ ဖြစ်တယ်၊ ဒီတော့ ဒီကိစ္စတွေက ညှိလို့ သိပ်မခက်ဘူးလို့ မြင်တယ်။

“ဒါပေမယ့် တဘက်က အစိုးရဘက်က ပြန်စဉ်းစားရမယ့်ဟာက ၃ ချက် ကျန်နေသေးတယ်။ နံပါတ်တစ်က လက်မှတ်ထိုးမယ့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကိစ္စ သူတို့ ဆက်ဆွေးနွေးကြရဦးမယ်။ နံပါတ်နှစ်ကတော့ အစိုးရကရော တပ်ဖွဲ့တွေဘက်ကပါ လက်မှတ်ထိုးရမယ့် လူစာရင်း သို့မဟုတ် ရာထူးစာရင်းတွေ ဒါတွေလည်း ဆက်ဆွေးနွေးကြဖို့ လိုတယ်။ နံပါတ်သုံးက သက်သေခံအဖြစ် လက်မှတ်ထိုးမယ့် နိုင်ငံစာရင်းတွေလည်း ဆက်ဆွေးနွေးဖို့ လိုသေးတယ်။ ဒီ ၃ ချက်ကို အန်စီစီတီနဲ့ပဲ ဆက်ဆွေးနွေးမလား၊ အခု အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့သစ်နဲ့ပဲ ဆွေးနွေးမလားဆိုတာ နှစ်ဘက် ပြန်ညှိကြဖို့ လိုဦးမယ်။”

အခု အစိုးရက ထပ်ဖွဲ့လိုက်တဲ့ အဖွဲ့သစ်ကို လက်မခံချင်တဲ့ သဘောမျိုး ပြောနေတာဟာ အဖွဲ့သစ်မှာ ပါဝင်လာကြတဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေနဲ့ ဆိုင်မလား၊ ဘယ်လို သုံးသပ်လို့ရလဲ။

“ရိုးရိုးကြည့်လိုက်မယ်ဆိုရင်တော့ အဖွဲ့သစ်မှာ လူဟောင်းက ၆ ယောက်ပါတယ်ဗျ၊ လူသစ်က ၉ ယောက်ပါတယ်။ လူသစ် ၉ ယောက်က ခေါင်းဆောင်ပိုင်း ဖြစ်တယ်။ ကျန်တဲ့ ၆ ယောက်ကတော့ နောက်တန်းခေါင်းဆောင်လို ဖြစ်နေတာပေါ့ဗျာ။ အခု အစိုးရက ပြောနေတာတွေဟာ တရားဝင် ပြောနေတာ မဟုတ်သေးဘူး၊ အမ်ပီစီက ပြောတာတို့ ဘာတို့၊ တကယ်တမ်း တရားဝင် ပြောရမှာက ဒီတရက် နှစ်ရက်အတွင်းမှာ ဦးအောင်မင်းက ယူပီစီစီ (ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ) ကို သွားပြီးတော့ အစီရင်ခံရမယ်၊ အစီရင်ခံပြီး ယူပီစီစီရဲ့ ညွှန်ကြားချက် ရယူရမယ်၊ အဲ့ဒီအခါကျမှ တရားဝင် ဖြစ်မှာပါ။ အဲ့ဒါကြောင့်မို့ အခု လောလောဆယ်ကတော့ နှစ်ဘက်စလုံး ပြန်လည်ညှိနှိုင်းယူနိုင်ပြီး အမြန်ဆုံး နိုင်ငံရေးဆွေးနွေးပွဲကို ကူးပြောင်းသွားနိုင်ဖို့ အင်မတန် အရေးကြီးတဲ့အချိန် ဖြစ်တယ်၊ နှစ်ဘက်စလုံးကို ကျနော်တို့က ၀ိုင်းပြီး အားပေးဖို့လိုတယ်၊ နှစ်ဘက်စလုံးကို မေတ္တာရပ်ခံဖို့ လိုတယ်လို့ပဲ ကျနော် ပြောချင်တယ်။”

ဇူလိုင်နောက်ပိုင်း ရွေးကောက်ပွဲက လာတော့မယ်၊ ဇူလိုင်လဆန်းပိုင်း ရက်တော့ မသတ်မှတ်နိုင်ကြသေးဘူး၊ ချင်းမိုင်မှာ နှစ်ဘက် တွေ့ကြမယ်ပြောတယ်၊ ဖြစ်နိုင်ပါ့မလား၊ ဇူလိုင်လအတွင်း နှစ်ဘက် အပြီးသတ် လက်မှတ်ထိုးနိုင်ဖို့။

“လောကကြီးမှာ သေချာတယ်ဆိုတာဟာ မသေချာမှုပဲဗျ။ အဲ့ဒါကြောင့် အခု လောလောဆယ်မှာ ဇူလိုင်မှာဖြစ်နိုင်မယ်လို့ ပြောနိုင်တဲ့ အခြေအနေမှာ မရှိဘူး။ သို့သော်လည်းပဲ ကျနော်တို့အားလုံး ၀ိုင်းဝန်းကြိုးပမ်းဆိုရင် ဖြစ်မယ်လို့ ကျနော် ယူဆပါတယ်၊ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။”

လာမယ့် ဇူလိုင်လဆန်းမှာ ၀န်ကြီးဦးအောင်မင်းခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တွေ့ဆုံကြဖို့ ရှိပြီး အဲ့ဒီတွေ့ဆုံမှုကနေ နှစ်ဘက် အပစ်ရပ် အပြီးသတ်စာချုပ် လက်မှတ်ထိုးနိုင်မလားဆိုတဲ့ အဖြေတခုထွက်ဖို့ မျှော်လင့်ရပါတယ်။

လှကျော်ဇော – ``ဗိုလ်နေဝင်းရဲ့ တကိုယ်ရေ ကြီးပွားလိုမှု´´

မိုးမခ) ဇွန် ၂၂၊ ၂၀၁၅

မေမြို့ ကရင်တွေလက်ထဲမှာ ညတထိတ်ထိတ် နေ့တထိတ်ထိတ်နေခဲ့ရတယ်လို့ မေမေကပြောခဲ့ပေမယ့် နှစ်လနီးပါး အကြာမှာ မေမေဟာ ခလုတ်မထိ ဆူးမငြိပဲ ရန်ကုန်ကို ပြန်ရောက်လာခဲ့ပါတယ်။

အကြောင်းကတော့ မေမေ သွားရောက်ခိုလှုံနေခဲ့တဲ့ ဗိုလ်ချုပ်စမစ်ဒွန်း (ကရင်အမျိုးသားကြီး) မျက်နှာလည်းပါ။ ဖေဖေ့ မျက်နှာလည်း ပါပုံရပါတယ်။ အဲဒီကာလ မေမြို့ကိုသိမ်းတဲ့ ကရင်တပ်ဟာ ယခင်ဗမာ့တပ်မတော်ထဲက တပ်များကပဲဖြစ်တဲ့ အတွက် ဖေဖေနဲ့ တစုံတရာ ဆက်ဆံဖူးသူများဖြစ်ပါတယ်။ ဖေဖေ့အပေါ် အမြင်ကောင်းကြပုံရပါတယ်။ မေမေက ရန်ကုန်က လေယာဉ်ပျံလာခေါ်ပြီ၊ လူနဲ့ အဝတ်အစား အနည်းအကျဉ်းပဲယူပါလို့ မှာလိုက်တဲ့အတွက် အဝတ်အစားသေတ္တာတလုံးနဲ့ သမီးအငယ်ကိုချီပြီး သားအမိနှစ်ယောက် လေယာဉ်ပျံကွင်းကို ဆင်းခဲ့ရပါတယ်။ သူ့ကိုလိုက်ပို့တဲ့ ကရင်စစ်ဗိုလ်လေးကို မေမေက “ဗိုလ်ကြီးရယ် ကျွန်မတော့ ရှိသမျှပစ္စည်း ဒီလိုပဲ ပုံထားခဲ့ရပါတယ်” လို့ပြောတော့ အဲဒီစစ်ဗိုလ်လေးက မေမေ့ကို အစ်မကြီး စိတ်ချပါ။ အပ်တိုတချောင်း မပျောက်စေရပါဘူး။ ဗိုလ်မှူး (ဖေဖေ့ကို ရည်ညွှန်းတာပါ) က ကျွန်တော်တို့နဲ့ ဆက် ဆံတဲ့နေရာမှာ ဒီလိုဆက်ဆံသူပါ။ (လက်ညှိုးကို ဖြောင့်ဖြောင့်တန်းပြတယ်တဲ့)။ တချို့စစ်ဗိုလ်တွေလို ဒီလိုဆက်ဆံသူ မဟုတ်ပါဘူး (လက်ညှိုးကို ကောက်ပြတယ်) လို့ ဆိုသတဲ့။

တကယ်လည်း မေမေတို့ ဖေဖေတို့ပစ္စည်းတွေကို ကားတစင်း နဲ့တင်ပြီး မင်္ဂလာဒုံကိုပို့ပေးခဲ့ပါတယ်။ အဲဒီစစ်ဗိုလ်လေး ကတိပေးခဲ့သလိုပဲ အပ်တိုတချောင်းတောင် မပျောက်ခဲ့ပါဘူး။ တကယ်တော့ မေမြို့ကိုသိမ်းတဲ့ ကရင်တပ်က အများစုတပ်သားများဟာ ဖေဖေအစောပိုင်းက လက်နက်ဖြုတ်ပြီး မေမြို့ အချက်ပြတပ်ရင်းထဲမှာ အကျယ်ချုပ်နဲ့ နေနေသူများပါ။ ဗမာ့တပ်မတော်ထဲက ကရင်တပ်တွေ လှုပ်ရှားလာတော့ စစ်ရုံးချုပ် က မြောက်ပိုင်းတိုင်းမှူး ဖေဖေ့ကို လှမ်းပြီး ကရင်တပ်တွေကို လက်နက်ဖြုတ်ခိုင်းပါတယ်။ ဖေဖေက သူတို့တတွေကို အချက် ပြတပ်ရင်း ဘောလုံးကွင်းထဲမှာ စုဝေးစေပြီး မြစ်ဝကျွန်းပေါ်အခြေအနေတွေ တိုင်းပြည်အခြေအနေတွေ ရှင်းပြပြီး ယာယီ သဘော လက်နက်တွေအပ်ဖို့ ဟောပြောတဲ့အတွက် အသာအတကြည် လက်နက်တွေအပ်ခဲ့ကြပါတယ်။

ဒီကြားထဲ သူတို့ကရင်အမျိုးသား အကြီးအကဲတဦးဖြစ်တဲ့ ဗိုလ်ချုပ်စမစ်ဒွန်းကိုယ်တိုင် မေမြို့ရောက်လာပြီး ဖေဖေ့ဆီမှာ ခိုလှုံနေထိုင်နေတဲ့အခါ ဖေဖေက ဂရုတစိုက် တလေးတစား ဆက်ဆံပေးနေမှုတွေကိုလည်း သူတို့က မြင်တွေ့ခဲ့ရပါတယ်။
ဗိုလ်ချုပ်စမစ်ဒွန်းဟာ အဲဒီကာလက ဗမာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ပါ။ ကန္ဒီစာချုပ် ချုပ်ဆိုအပြီး ဖွဲ့စည်းတဲ့ ဗမာ့တပ် မတော်ထဲမှာ ပါလာတဲ့ ယခင် ဗြိတိသျှတပ်က စစ်ဗိုလ်များဖြစ်ပါတယ်။ ဗမာ့တပ်မတော်ကို အသစ်ပြန်လည်ဖွဲ့စည်းရာ မှာ ခေါင်းဆောင်အတော် များများက ကရင်အမျိုးသားများပါ။ အားလုံးဗြိတိသျှတပ်များကလာကြပြီး အင်္ဂလန်က စစ်တက္က သိုလ် ကျောင်းဆင်းတွေပါ။

လွတ်လပ်ရေးရပြီးချိန်မှာ ဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဟာ ဗိုလ်လကျာ်ဖြစ်ပြီး၊ ဗမာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကတော့ ဗိုလ်ချုပ်စမစ်ဒွန်းဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် ပြည်တွင်းစစ်စတင်ပြီး ဗမာ့နိုင်ငံရေးတွေ ရှုပ်ထွေးလာချိန်မှာတော့ အခွင့်ကောင်းချောင်းနေတဲ့ ဗိုလ်နေဝင်းနဲ့ ဆိုရှယ်လစ်တပ်မှူးများဟာ ဗိုလ်လက်ျာကို အတင်းဖိအားပေး နုတ်ထွက်ခိုင်းပြီး တခြားကရင် စစ်အရာရှိကြီးများကိုတော့ ခြိမ်းခြောက်နုတ်ထွက်ခိုင်းတာတွေ လုပ်ပါတယ်။ ဗိုလ်ချုပ်စမစ်ဒွန်းလည်း နုတ် ထွက်စာတင်ပြီး သူ့မွေးရပ်မြေကလောမှာပြန်နေဖို့ မင်္ဂလာဒုံလေဆိပ်အဆင်းမှာ အင်းစိန်စော်ဘွားကြီးကုန်းမှာ သေနတ်နဲ့ ချောင်းမြောင်းပစ်ခတ်ခြင်း ခံရပါတယ်။ ဖေဖေ့အထင်ကတော့ လုပ်ကြံခြင်းမဟုတ်ဘဲ ခြိမ်းခြောက်ရုံခြိမ်းခြောက်ပုံရတယ်တဲ့။ ဒီမှာတင် ဗိုလ်ချုပ်စမစ်ဒွန်းလည်း ဒီအချိန်မျိုးမှာ ဗမာအရာရှိကြီးတယောက်ယောက်ဆီမှာ ခိုလှုံနေမှဖြစ်မယ်လို့ သ ဘောရပြီး သူ့လေယာဉ်ပျံကို ကလောကိုမပျံစေဘဲ ဖေဖေရှိရာ မေမြို့ကိုပျံခိုင်းပြီး မေမြို့ကိုရောက်လာတာပါ။ ဖေဖေနဲ့ သူ က သိပ်ရင်းနှီးလှတာမဟုတ်ပေမယ့် တပ်တွေစစ်ဆေးဖို့ သူလာရောက်တဲ့အခါတိုင်း ဖေဖေက ကောင်းကောင်းမွန်မွန် လေး လေးစားစား ဆက်ဆံထားလို့ သူက အန္တရာယ်ကြုံရချိန်မှာ အားကိုးတကြီးနဲ့ ဖေဖေ့ဆီရောက်လာတာပါ။

(ဗိုလ်ချုပ်စမစ်ဒွန်းဟာ ကေအင်ဒီအိုခေါင်းဆောင် စောဘဦးကြီးနဲ့က ကရင်အမျိုးသားချင်းလည်းဖြစ်၊ အင်္ဂလန်ကို ပညာ တော်သင် အတူသွားဖူးတဲ့ သူငယ်ချင်းများလည်းဖြစ်လေတော့ ကေအင်ဒီအိုလှုပ်ရှားမှုတွေ ပြင်းထန်လာချိန်မှာ စစ်သား စိတ်အပြည့်ရှိတဲ့ ဗိုလ်ချုပ်စမစ်ဒွန်း အနေနဲ့ နိုင်ငံရေးအရှုပ်အထွေးထဲ မပါချင်တော့ဘဲ စစ်တပ်က အနားယူဖို့လုပ်တော့တာပါပဲ။ တခြားအကြောင်းတွေလည်း ရှိနိုင်ပါသေးတယ်။)
တကယ်တော့ ဖေဖေတို့တတွေ ရဲဘော်သုံးကျိပ်အဖြစ် ဟိုင်နန်ကျွန်းမှာ စစ်ပညာသင်ကြားခဲ့စဉ်ကတည်းက သခင်ဂိုဏ်း ၂ ဂိုဏ်း (ဆရာကြီးမှိုင်းအဖွဲ့နဲ့ သခင်ဗစိန်၊ သခင်ထွန်းအုပ်အဖွဲ့) နှစ်ဖွဲ့က လူများအဖြစ် ပါဝင်ခဲ့ကြတာပါ။ ဂိုဏ်းဂဏ စိတ်ကင်း ရှင်းတဲ့ သခင်အောင်ဆန်းဟာ ရှေ့လွတ်လပ်ရေးခရီးကြီးအတွက် တို့လူငယ်တွေ ညီညွတ်ဖို့လိုတယ်ဆိုပြီး သူခေါင်း ဆောင် တဲ့အဖွဲ့ကို စည်းရုံးပြောဆိုပြီး တခြားအဖွဲ့ကလူတွေကိုလည်း ကောင်းမွန်သင့်တင့်စွာ ဆက်ဆံခဲ့တာပါ။ ဗိုလ်နေဝင်းဟာ အဲဒီသခင်ဗစိန်အဖွဲ့ကပါ။ အဖွဲ့မှူးဟာ သခင်ထွန်းအုပ်ဖြစ်ပေမယ့် သူက တိုကျိုမှာပဲကျန်ခဲ့ပြီး အုပ်ချုပ်ရေးပညာပဲ လေ့လာ မယ်လို့ ဆိုခဲ့ပါတယ်။ ဒုအဖွဲ့မှူးကတော့ ဗိုလ်စင်္ကြာပါ။ သူကလည်း စစ်ရေးစစ်ရာ စစ်လေ့ကျင်းခန်းတွေ ဝါသနာမပါလှတဲ့ အတွက် ဗိုလ်နေဝင်းက အဲဒီအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်လာပါတယ်။ ဗိုလ်နေဝင်းကိုယ်တိုင်ကလည်း သခင်အောင်ဆန်းကို (အဲဒီကာလက သခင်အောင်ဆန်းဟာ ကျောင်းသားခေါင်းဆောင်တဦးအဖြစ်ပဲ လူတွေသိကြတာပါ) တလေးတစား ဆက် ဆံလေတော့ ဖေဖေတို့တတွေကလည်း သူ့ကို တခြားအဖွဲ့ကခေါင်းဆောင်အဖြစ် နေရာပေးဆက်ဆံလာခဲ့တာပါ။ ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင်ကလည်း သခင် ၂ ဖွဲ့ ညီညွတ်ရေးကို အမြဲဦးထိပ်ထားလေတော့ ဗိုလ်နေဝင်းကိုလည်း အမြဲနေရာပေး ဆက်ဆံခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း အထူးသတိထားလုပ်ဆောင်ခဲ့တာကတော့ ဗိုလ်နေဝင်းကို ဘယ်လိုအဆင့် နေရာပဲပေးပေး၊ ဗိုလ်ချုပ်ရဲ့ လူရင်းလူယုံ ဗိုလ်လကျာ်အထက်မှာတော့ ဘယ်တော့မှ နေရာမပေးမှုပါပဲ။ ဗိုလ်ချုပ်ရဲ့ လက် အောက် နံပါတ်၂ နေရာမှာ ဗိုလ်လကျာ်ကိုပဲ အမြဲတသမတ်တည်း နေရာပေးခဲ့တာပါပဲ။

ဗိုလ်နေဝင်း စိုင်ကော်လို့ ချုံပေါ်ရောက်ရတဲ့အဖြစ်ကို ပိုသိလာရတာကတော့ ကိုကိုမောင်ကြီး (ဦးချစ်လှိုင်) အခုတလော ရေးသားထုတ်ဝေလိုက်တဲ့ တရံရောအခါများက စာအုပ်ထဲမှာ ဂျပန်သွားဖို့ ရွေးချယ်ခံရသူဟာ သခင်ညီ (ဗိုလ်နေဝင်း-ဦး လေး) ဖြစ်ပေမယ့် သွားခါနီး သခင်ညီဖျားသွားလို့ ဗိုလ်နေဝင်းက အစားသွားခဲ့ရတာဖြစ်တယ်ဆိုတဲ့အကြောင်း ပါပါတယ်။ ဒါကြောင့် ကျွန်မတို့အရင်က ကြားဖူးတဲ့ “သခင်ရှုမောင်ဆိုတဲ့နာမည်ဟာ ဂျပန်သွားဖို့ သင်္ဘောပေါ်တက်မှ ဗိုလ်နေဝင်းယူခဲ့ တဲ့နာမည်ပါ” ဆိုတဲ့ ဆိုစကားဟာ အမှန်ဖြစ်ဖို့များ သွားပါတယ်။

ဗိုလ်နေဝင်းဟာ အဲဒီကာလတလျှောက် အတော်သေသေဝပ်ဝပ်နေခဲ့ပေမယ့် ဂျပန်ခေတ်ရောက်တော့ ရာထူးဌာနန္တရတွေ ခိုင်မြဲလာတဲ့အခါ သူ့မူရင်းစရိုက်တွေပေါ်ပြီး အပျော်အပါးလိုက်စား စာရိတ္တတွေယိမ်းယိုင်လာပါတယ်။ ဒီလိုကိစ္စတွေအပြင် နိုင်ငံရေးအရ ထူးခြားချက်တွေလည်း တွေ့လာရပါတယ်။ အဲဒါကတော့ ဗိုလ်နေဝင်းရဲ့ ဂိုဏ်းဂဏလုပ်ဟန်တွေပါ။

ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာ့တပ်မတော်ကို ခေတ်မီတပ်မတော်တရပ်အဖြစ် တည်ထောင်ဖို့ ရည်ရွယ်ချက်နဲ့ ၁၉၄၂ ခုနှစ် မှာ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) ကို ဖွဲ့ပြီး ပညာတတ်အမြောက်အမြား စစ်တပ်ထဲဝင်လာအောင် စည်းရုံး လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီကာလမှာ ပညာတတ်တွေ လှိမ့်ဝင်လာပါတယ်။ အဲဒီလူတွေထဲမှာ နောင်ပြည်သူ့အရေးတော်ပုံ ပါတီ (ဆိုရှယ်လစ်ပါတီ) ကို ဖွဲ့စည်းတည်ထောင်ကြမယ့် လူအုပ်စုတွေပါလာတယ်။ အဲဒီမှာ ဗိုလ်အောင်ကြီးတို့ ဗိုလ်မောင် မောင်တို့ ပါလာတာပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗိုလ်မောင်မောင်ကို သိပ်သဘောကျပါတယ်။ ဉာဏ်ပညာထက်မြက်ပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့အတွက် အတော်အားထားပြီး မွေးမြူပါတယ်။ သို့သော် အဲဒီပညာတတ်အုပ်စုဟာ ဖေဖေတို့အပါအဝင် ဂျပန်ပြန်တွေကိုရော၊ ဘီအိုင်အေကာလက ရဲဘော်အများစုကိုပါ (သူတို့လို တက္ကသိုလ်ပညာတတ်တွေမဟုတ်တဲ့အတွက်) အတော်အထင်အမြင်သေးခဲ့ကြပါတယ်။ အဲဒီအဖွဲ့နဲ့ ဗိုလ်နေဝင်း ပေါင်းမိကြပါတယ်။ ပထမတော့ ဂျပန်တော်လှန်ရေးလုပ်ဖို့ အားမရလို့ လျှောက်ပြောနေကြတာပဲလို့ထင်ရပေမယ့် နောက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်းဆန့်ကျင်ရေးပါ ပါလာပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဒီကိစ္စ ဝင်ရောက်ဖြေရှင်းခဲ့ရဖူးပါတယ်။ ဒီအကြောင်းတွေကို ဖေဖေက သူ့စာအုပ်ထဲမှာ ရေးပြီးပါပြီ။

ဖေဖေ့အမြင်ကတော့ ဗိုလ်အောင်ကြီးတို့ ဂိုဏ်းဟာ တပ်တွင်းအာဏာကို ကျော်လွှားယူလိုကြပါတယ်။ ဒီနေရာမှာ ထင်ရှားတဲ့ ခေါင်းဆောင်တယောက်ကို မှီခိုဖို့လိုလို့ ဗိုလ်နေဝင်းကို မြေတောင်မြေ‡ာက်ပေးပြီး ဗိုလ်နေဝင်းအရိပ်ခိုကာ တပ်ထဲဗိုလ်ကျလာ ခဲ့တာ၊ ဗိုလ်နေဝင်းကိုယ်တိုင်ကလည်း သူ့ရဲ့အရည်အချင်းမရှိမှု၊ အကျင့်စာရိတ္တအားနည်းမှုတို့ကြောင့် ရဲဘော်သုံးကျိပ်နဲ့ တပ်တွင်းအများစုရဲ့ လေးစားခြင်းမခံရလို့ မိမိရပ်တည်ရေး၊ တိုးတက်ရေးအတွက် ဒီလူတွေကို မှီခိုအားထား ဖို့ လိုအပ်တယ်လို့ တွက်ချက်ပြီး ပေါင်းဖက်ဂိုဏ်းဖွဲ့ခဲ့ကြတာပဲလို့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောဖူးပါတယ်။

“ဖက်ဆစ်တော်လှန်ရေးအပြီး ရန်ကုန်မှာ တော်လှန်ရေးခေါင်းဆောင်တွေ ပြန်လည်စုဝေးမိတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗိုလ်နေဝင်းအပေါ် အတော်မကျေမနပ်တွေ ဖြစ်နေပြီး တပ်ကထုတ်ပစ်ဖို့တောင် စိုင်းပြင်းခဲ့ဖူးသေးတယ်။ တိတိကျကျ အ ကြောင်းရင်းတွေတော့ ကျွန်တော်မသိဘူး” လို့လည်း ဖေဖေက ဆောင်းပါးတစောင်မှာ ရေးခဲ့ဖူးပါတယ်။ “ဗိုလ်နေဝင်းရဲ့ အန္တရာယ်ကို အစောဆုံးသိရှိသူဟာ ဗိုလ်ချုပ်အောင်ဆန်းပဲဖြစ်တယ်။ ဗိုလ်နေဝင်းက နောင်အခွင့်အရေးရရင် နယ်ချဲ့သမားနဲ့ ပေါင်းပြီး စစ်အာဏာရှင် လုပ်လာနိုင်တယ်။ တိုင်းပြည်နဲ့ လူမျိုးတွေ ထိခိုက်နစ်နာနိုင်တဲ့ ဂိုဏ်းခွဲရေး၊ သွေးခွဲရေး ဆိုးဆိုးဝါးဝါး ကိစ္စတွေ လုပ်လာနိုင်တယ်လို့ ဗိုလ်ချုပ်ကမြင်ပြီး တပ်က ထုတ်ပစ်ဖို့လုပ်ခဲ့တာ” လို့ ဖေဖေရေးဖူး ပြောဖူးတာတွေ ရှိပါတယ်။
ဒါပေမဲ့ ဗိုလ်နေဝင်းရဲ့ အကင်းပါးပြီး ကောက်ကျစ်လှည့်စားနိုင်မှုတွေက သူ့ရဲ့တကိုယ်ရည် ကြီးပွားလိုမှုအိပ်မက်ကို အ ကောင်အထည်ဖော်ပေးခဲ့နိုင်ပါတယ်။ သူဟာ ဘယ်သူ့ကို ဘယ်အချိန်မှာပေါင်းရမယ်၊ ဘယ်အချိန်မှာ ခွာရမယ်၊ ဘယ်သူ တွေကို နင်းပစ်ရမယ်၊ ဘယ်သူတွေကို ရေရှည်ထား ဆက်ဆံရမယ်ဆိုတာတွေကို ကောင်းကောင်းတွက်ချက်နိုင်သူပါ။

သူ့အတွက် အခွင့်ကောင်းတွေ ပေါ်လာတာကတော့ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွား ရတာရယ်၊ လွတ်လပ်ရေး ရပြီးနောက် တိုင်းပြည်အာဏာကို ဖဆပလ လက်ယာဂိုဏ်း ဆိုရှယ်လစ်ပါတီက အုပ်စီးမိလိုက်တာရယ်၊ ဗမာပြည်ရဲ့ ကိုလိုနီအရှင်ဟောင်း ဗြိတိသျှနယ်ချဲ့တို့က တပည့်သစ်ရှာလာတာရယ် စတာတွေဖြစ်ပါတယ်။

ဒီမှာတင် ဗိုလ်နေဝင်းဟာ ဆိုရှယ်လစ်ဂိုဏ်းနဲ့ပေါင်းပြီး မတည်မငြိမ်ဖြစ်စပြုနေတဲ့ တိုင်းပြည်အခြေအနေကို ပိုမိုတင်းမာ ပိုမို ပေါက်ကွဲလာအောင် ပြုလုပ်ခဲ့ပါတယ်။ ကေအင်ဒီအိုကိစ္စတွေမှာလည်း သူတို့လက်ချက် အများအပြားပါဟန်ရှိပါတယ်။ (မေမေ့ကို လေယာဉ်ကွင်းလိုက်ပို့တဲ့ ကရင်စစ်ဗိုလ်လေးပြောတဲ့ သူတို့ကို ကောက်ကောက်ကွေ့ကွေ့ ဆက်ဆံတဲ့သူတွေ ဆိုတာ အဲဒီဆိုရှယ်လစ်တပ်မှူးတွေကို ဆိုလိုတာပါ။) အခုအချိန်ထိတော့ သက်သေသက်ကန်ရ ပေါ်ပေါ်ထင်ထင် ပြော နိုင်ပြနိုင်တဲ့အချက်တွေ မရှိသေးပေမယ့် တချို့အစအနတွေကတော့ တဖြည်းဖြည်းပေါ်လာနေပါပြီ။ သွယ်ဝိုက် အထောက် အထားများလည်း ရှိနေပါပြီ။

နဝတအစိုးရလက်ထက်ကထုတ်ခဲ့တဲ့ တပ်မတော်သမိုင်း စတုတ္ထတွဲမှာ ကွန်မြူနစ်တွေတောခိုပြီး ကေအင်ဒီအိုပြဿနာ ပေါ် ပေါက်လာတဲ့အခါ အဲဒီကာလ ကာကွယ်ရေးဝန်ကြီး ဗိုလ်လကျာ်ကို ဒီပြဿနာတွေ မဖြေရှင်းနိုင်မှုကိုအကြောင်းပြပြီး ဗိုလ် နေဝင်းရဲ့အပေါင်းပါ ဗမာအရာရှိများက ဝေဖန်ပြောဆိုပြီး ဗိုလ်လက်ျာနုတ်ထွက်ပေးရေး တောင်းဆိုခဲ့တယ်လို့ ရေးထား ပါတယ်။ ဗိုလ်လက်ျာကို နုတ်ထွက်ခိုင်းရုံမက ကေအင်ဒီအိုလှုပ်ရှားမှု ပေါ်ပေါက်နေတာတွေကိုအကြောင်းပြပြီး ဗမာ့တပ် မတော်ထဲက ထိပ်ပိုင်းရာထူးတွေ ရရှိထားတဲ့ ကရင်ဗိုလ်ချုပ်တွေကို နုတ်ထွက်ခိုင်းလိုက်ပါတော့တယ်။ ဒီမှာတင် ဗိုလ်နေဝင်း စစ်ဦးစီးချုပ်ဖြစ်လာတာပါ။

သူ စစ်ဦးစီးချုပ်ဖြစ်လာတာနဲ့ ကေအင်ဒီအိုလှုပ်ရှားမှုတွေကို အကြောင်းပြပြီး ဗမာ့တပ်မတော်ထဲရှိတဲ့ ကရင်တပ်ရင်းတွေကို လက်နက်ဖြုတ်ခိုင်းပါတော့တယ်။ တချို့တပ်တွေ (ဥပမာ မြောက်ပိုင်းတိုင်း) က အသာတကြည် လက်နက်အဖြုတ်ခံ ပေ မယ့် တချို့တပ်များကတော့ လက်နက်ဖြုတ်မခံဘဲ အစိုးရကို ပုန်ကန်တော်လှန်ပြီး ကေအင်ဒီအိုတွေနဲ့ ပေါင်းသွားပါတော့ တယ်။ ဒီတင် ဗမာပြည်ရဲ့ ပြည်တွင်းစစ်ကြီးဟာ ပိုမိုနက်ရှိုင်းကျယ်ပြန့်သွားပါတော့တယ်။

ဒီနောက်ပိုင်းမှာလည်း ဗမာ့တပ်မတော်မှာပဲ ဂုဏ်ထူးဆောင် ဗိုလ်မှူးချုပ်အဆင့်ရထားတဲ့ ဦးတင်ထွဋ် လုပ်ကြံသတ်ဖြတ် ခံရ ပါတယ်။ ဒါလည်း ဗိုလ်နေဝင်းတို့ဂိုဏ်းက လုပ်ဆောင်ပုံရပါတယ်။ ဖေဖေကတော့ အဲဒီဆိုရှယ်လစ်တပ်မှူးအုပ်ထဲက “ဗိုလ် —” ကို အခိုင်အမာလုပ်ဆောင်သူလို့ထင်ကြောင်းကို ကျွန်မကို ပြောဖူးပါတယ်။ “အဲဒီကာလတွေတုန်းက သူတို့ ဆိုရှယ်လစ် တွေကြားမှာ “ဗိုလ် —” ကတော့ သိပ်သွေးအေးတာ၊ လုပ်တာကိုင်တာ သိပ်ပိရိတာနဲ့ အကြီးအကျယ် ချီးကျူးနေသံတွေ ကြားရတယ်” လို့ ဆိုပါတယ်။ အင်္ဂလိပ်လူရင်း ဦးတင်ထွဋ်ဟာ သူတို့ရဲ့တက်လမ်းမှာ ပိတ်ဆို့နေပုံရပါတယ်။

ဗိုလ်နေဝင်းကိုယ်တိုင်ကလည်း မဆလခေတ်ကပွဲတခုမှာ သူမကျေမလည်ဖြစ်နေတဲ့ မိုးကြိုးဦးအုန်းခင် (ဖဆပလခေတ်မှာ တုန်းကတော့ ဗမာ့ခေတ်ဦးအုန်းခင်) နဲ့ တွေ့တော့ စကားပြောနေရင်းက “ဟေ့ ကိုအုန်းခင် မင်း ဦးတင်ထွဋ် ဘယ်လိုသေ သွားလဲ သိရဲ့လား” လို့ ခြိမ်းခြောက်ပြောဆိုဖူးကြောင်း ကျွန်မကြားဖူးခဲ့ပါတယ်။

ဒါ့အပြင် ပြည်တွင်းစစ်အတွင်းမှာ ဗိုလ်နေဝင်းဟာ နိုင်ငံခြား (အထူးသဖြင့်) အင်္ဂလန်ကိုထွက်ပြီး ပြည်တွင်းစစ်တိုက်ဖို့ လက်နက်များဝယ်ယူရာမှာ အံ့သြစဖွယ်တောင်းတာတွေ အကုန်လုံးရလာခဲ့တယ်လို့ ဖေဖေက သူ့စာအုပ်မှာရေးထားတာ တွေ့ရပါတယ်။

ဗြိတိသျှနယ်ချဲ့သမားတွေဟာ ဗမာပြည်က ဆုတ်ခွာသွားရပေမယ့် ဗမာပြည်ထဲမှာရှိတဲ့ သူတို့ အကျိုးစီးပွားတွေကို ကာကွယ်ပေးမယ့် သူတို့အလိုတော်ရိလုပ်မယ့်လူမျိုးတွေကို ရှာဖွေသိမ်းသွင်းခဲ့ပါတယ်။ ဗမာ့လူထုမျက်စိထဲမှာ ပွင့်ကျပြီး သား လူဟောင်းတွေကို မသုံးတော့ဘဲ ဗမာပြည်သူလူထုမျက်စိထဲမှာ အမြင်ကောင်းနေသေးတဲ့ တော်လှန်ရေးတွေထဲမှာ တစုံတရာ ပါဝင်ခဲ့ဖူးတဲ့ လူသစ်တွေကို ရှာတာပါ။

ဒီလိုနည်းနဲ့ ဗမာ့ခေတ်သစ်နိုင်ငံရေးနယ်ပယ်ထဲက ဦးနုတို့၊ ဗိုလ်နေဝင်းတို့ကို ရှာဖွေ တွေ့ရှိသွားတာပါပဲ။ ဒါပေမဲ့ ဗိုလ်နေ ဝင်းဟာ ဘယ်တော့မှ တလက်ကိုင်မလုပ်ဘဲ တခြားနယ်ချဲ့သမားများ၊ ဖောက်ပြန်ရေးသမားများနဲ့လည်း ဆက်ဆံပူးပေါင်းခဲ့ တာပါပဲ။ မဆလခေတ်မှာ အနောက်နိုင်ငံပေါင်းစုံက သူ့ကို အားပေးခဲ့တာတွေကိုပဲကြည့်ပါ။

တိုင်းပြည်ကြီးကို သူ့ပုဂ္ဂိုလ်ရေး ကိုယ်ကျိုးအတွက် ဒီလိုအသုံးချပြီး ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံဖြစ်အောင် လုပ်သွားခဲ့တဲ့ ဗိုလ်နေ ဝင်းကို အခုအခါ တချို့က ကျေးဇူးရှင်အဖြစ် ပြန်ပုံဖော်နေတာတွေကို အံ့သြဖွယ်၊ ရွံရှာဖွယ် တွေ့နေရပါတယ်။ သြော် ရည် ရွယ်ချက်တွေရှိပုံရပါတယ်။ တိုင်းပြည်အတွက်တော့ ကောင်းတဲ့နိမိတ်မဟုတ်ပါဘူး။

မနှစ်က ၂၀၁၀ ဆောင်းတွင်းမှာ ဖေဖေ အသည်းအသန် မကျန်းမမာဖြစ်ပါတယ်။ အဆုတ်ရောင်ပြီး ချွဲတွေကျပ်လာ အပူတွေတက်လာနဲ့ အသက်ကယ်ခန်းသွင်းပြီး နှစ်ခါ အသက်ကယ်ယူရပါတယ်။ ရာသီဥတုနွေးလာတော့မှ နာလန်ထူပါ တယ်။ ဖေဖေ စိတ်ပြေလက်ပျောက်ရှိအောင်ဆိုပြီး ကျွန်မက ဗမာပြည်က အခုနောက်ပိုင်းထုတ်လာတဲ့ စာစောင်တွေ (ကျွန်မမောင် အောင်ကျော်ဇောက ရွှေလီမှာနေလို့ အဲဒီကနေ မပြတ်ပို့ပေးနေပါတယ်။ အင်တာနက်ကလည်း တခါတလေ ရပါတယ်။) ထဲက ဖေဖေစိတ်ဝင်စားမယ့် ဆောင်းပါးတွေ၊ ရှေးဟောင်းနှောင်းဖြစ်ရေးထားတာတွေကို ဖတ်ဖတ်ပြပါတယ်။ တခါတော့ အသက် ၈၀ တန်း နိုင်ငံရေးသမားဟောင်းကြီးတွေစုပြီး မဆလခေတ်အကြောင်း၊ ၈ လေးလုံး အရေးတော်ပုံ အကြောင်း စုဆွေးနွေးတဲ့ အကြောင်းအရာတွေကို မှတ်တမ်းတင်ထားတဲ့ဆောင်းပါးကို ဖေဖေ့ကို ဖတ်ပြမိပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အကြောင်း စတာတွေလည်း အတော်များများ ပါပါတယ်။ အဲဒီဆောင်းပါးဖတ်ပြီးတော့ ကျွန်မက “ဖေ ဖေရယ် ဗိုလ်နေဝင်းက ဆိုရှယ်လစ်စကားတွေပြောတော့ သူတို့တတွေလည်း မျက်စိလည်သွားဟန်တူပါတယ်” လို့ ပြောမိ ပါတယ်။

အသားဖြူဖပ်ဖြူရော်နဲ့ ဆေးရုံးခုတင်ပေါ်ပက်လက်လှဲပြီး အောက်ဆီဂျင် ပိုက်တန်းလန်းနဲ့ ဖေဖေက “မဟုတ်ပါဘူး သမီး ရယ်၊ သူတို့လက်နက်ချတာမှန်ကြောင်း တရားထူထောင်နေတာပါ။ အဲဒီခေတ် အဲဒီကာလကို ဖြတ်သန်းလုပ်ကိုင်ခဲ့တဲ့ နိုင်ငံရေးသမားတွေအားလုံး ဗိုလ်နေဝင်း ဘယ်လိုလူမျိုးဆိုတာ သိကြပါတယ်”လို့ အသံပျော့ပျော့နဲ့ ဆိုပါတယ်။

ကဲ ဖေဖေက လူတန်းစားအမြင် အဲသလောက် ပြတ်သားတာပါ။

၅-၁၀-၂၀၁၁

• မှတ်ချက်
• အမှားပြင်ဆင်ချက်
ကျွန်မဆောင်းပါးမှာ ယခင်ဗမာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (၁၉၄၆-၄၉) ဗိုလ်ချုပ်စမစ်ဒွန်းရဲ့ မွေးရပ်မြေကို ကလော လို့ ရေးမိပါတယ်။ ရဲဘော်တယောက်က ထောက်ပြပြီး အမှန်ပြင်ဆင်ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်စမစ်ဒွန်းရဲ့ ဇာတိဟာ ဧရာဝ တီတိုင်း၊ ကျုံပျော်မြို့နယ်၊ အင်းရဲကျွန်းရွာဖြစ်ပါတယ်။ ပိုးကရင်ဘာသာနဲ့ အန်းရဲကလုံးလို့ ခေါ်ပါတယ်။ သူတပ်က အနားပေး ခြင်းခံရပြီးနောက်တော့ ရှမ်းပြည်တောင်ပိုင်း ကလောမြို့မှာ အသက်ထက်ဆုံး နေထိုင်သွားတာဖြစ်ကြောင်းပါ။ ကျွန်မအမှား အတွက် တောင်းပန်အပ်ပါတယ်။

လှကျော်ဇော

အထက်ကော့ရင်းကျေးရွာအုပ်စုရှိ နေအိမ်များဖျက်ဆီးခံရမှု ကေအဲန်ယူထံ ဒေသခံများ တင်ပြ

ဇွန် ၂၃ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်နှင့် ၁၈မိုင်ကွာဝေးသော မြိုင်ကလေးသစ်တောအတွင်းရှိ အထက်ကော့ရင်းကျေးရွာအုပ်စု၊ မောင် ကလေးကျေးရွာသစ်မှ နေအိမ်များကို အာဏာပိုင်များက ၀င်ရောက်ဖျက်ဆီးခဲ့သည်အတွက် ဒေသခံများက ကရင်အမျိုးသားအ စည်းအရုံး(ကေအဲန်ယူ)ထံ ဆက်ဆံရေးရုံးမှတဆင့် ယနေ့ အကူအညီ တင်ပြတောင်းခံခဲ့သည်။

အဆိုပါနေအိမ်များကို သစ်တောကြိုးဝိုင်းအတွင်း ကျုးကျော်နေထိုင်သည်ဟုဆိုကာ ယမန်နေ့က အစိုးရဋ္ဌာနဆိုင်ရာ တာဝန်ရှိသူ များ လာရောက်ဖျက်ဆီးခဲ့သည့်အတွက် ဒေသခံအချို့မှာ အိုးမဲ့အိမ်မဲ့ဖြစ်သွားရပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ၈၈မျိုးဆက် ကရင် ကျောင်းသားများအဖွဲ့နှင့် ဒေသခံအချို့က မြ၀တီမြို့ရှိ ကေအဲန်ယူ ဖားအံခရိုင်၊ တပ်မဟာ(၇) ဆက်ဆံရေးရုံးမှတစ်ဆင့် အကူအ ညီ တောင်းခံခဲ့ခြင်းဖြစ်သည်။

၈၈မျိုးဆက် ကရင်ကျောင်းသားများအဖွဲ့မှ စောမောင်ကြီးက “ကျနော်တို့အနေနဲ့ ကေအဲန်ယူက ထုတ်ပေးထားတဲ့ မြေဂရံပေါ်မှာ နေထိုင်တဲ့ ဒေသခံနေအိမ်တွေ မနေ့က လာရောက်ဖျက်ဆီးခံရပြီး လူ ၇၀၀ကျော်လောက် အိုးအိမ်မဲ့ဖြစ်သွားရမယ့်ကိစ္စမှာ ကေ အဲန်ယူအနေနဲ့ တစ်စုံတစ်ရာ အကူအညီပေးဖို့ မျှော်လင့်ချက်နဲ့ အခုလို လာရောက်တောင်းခံတင်ပြခြင်းဖြစ်ပါတယ်”ဟု ဇွန်လ ၂၃ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

ဇွန်လ ၂၂ရက်နေ့မှစ၍ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသဆိုင်ရာနှင့် ဌာနဆိုင်ရာ ၀န်ထမ်းစုစုပေါင်း တစ်ရာကျော်က အဆိုပါနေရာရှိနေအိမ် ပေါင်း ၅၀နီးပါးကို ဖျက်ဆီးခဲ့ပြီး သုံးရက်အတွင်း စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများ အပါအ၀င် နေအိမ်ပေါင်း ၂၀၀နီးပါးကို အပြီး ဖျက်သိမ်းမည်ဟု သိရသည်။

ဒေသခံရွာသားတစ်ဦးဖြစ်သူ စောခိုင်က “ဒီနေ့လည်း အိမ်တွေ လာဖျက်တယ်။ ဖျက်ပြီး ကျွန်းပင်ပေါက်တွေပါ တစ်ခါတည်း စိုက်တယ်။ အိမ်ဖျက်ခံထိတဲ့သူတွေကတော့ တခြားအိမ်တွေမှာ လောလောဆယ် နေနေတယ်။ ဦးသိန်းစိန်ကလည်း ပြောတယ်။ ပြန်လာနေကြပါ။ ငြိမ်းချမ်းရေးလက်မှတ်လည်း ထိုးထားတော့ အဲဒါယုံလို့ ပြန်လာနေကြတာ။ အဲဒါနဲ့ အခုလို အိမ်ဖျက်ခံထိတာ ပဲ”ဟု ပြောသည်။

ယင်းနေရာကို ပြည်နယ်အစိုးရက မြိုင်ကလေးသစ်တောကြိုးဝိုင်းအဖြစ် ၁၉၈၄ခုနှစ်၌ စတင် သတ်မှတ်ခဲ့သလို ကေအဲန်ယူနှင့် အစိုးရတပ်တို့ ယခင်က မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ၂၀၁၂ခုနှစ်ကျမှသာ ဒေသခံများ ပြန်လည်အခြေချ နေထိုင် လာခဲ့ကြခြင်းဖြစ်သည်။

ကော့ရင်းကျေးရွာအုပ်စု မဲဆန္ဒနယ်မှ ရွေးကောက်ပွဲ အနိုင်ရခဲ့သူ လက်ရှိ ပြည်သူ့လွှတ်တော်အမတ် နန်းစေးအွာကလည်း “၁၃-၆-၂၀၁၅ရက်နေ့ကတည်းက အမိန့်ပေးထားပြီး တစ်ပတ်ပြောထားတယ်။ တစ်ပတ်ကျော်လာတော့ အင်အားသုံးပြီး ၀င်ရောက်ဖမ်းဆီးတယ်လို့ သိရပါတယ်။ ရွာသားတွေကိုပေးထားတဲ့နေရာက ၂၀ဧကကျော်ရှိပေမဲ့ အုပ်ချုပ်ရေးမှူးနဲ့ အဆင်မပြေကြဘူးလေ။ ရွာသားတွေကိုဖြေလျှော့ပေးဖို့က အခုချပေးတဲ့မြေကွက်တွေမှာ မြေယာအိမ်မရှိတဲ့ ရွာသားအစစ်တွေကို ချထားပေးဖို့ အမြန်ဆုံး အကောင်အထည်ဖေါ်ပေးရမယ်”ဟု သုံးသပ်ပြောဆိုသည်။

ကေအဲန်ယူဘက်ကလည်း အဆိုပါဒေသခံများအတွက် ၂၀၁၄ခုနှစ်တွင် မြေဂရံ (၄၆၃)ဧကနှင့် ပိုင်ဆိုင်မှု အထောက်အထားများ ကို ထုတ်ပေးထားကာ ၎င်းမြေယာနှင့်ပတ်သက်သည့် အခွန်အခများကို ကေအဲန်ယူထံ ပေးဆောင်ထားခဲ့ရာ ယခုလို ပြဿနာ များ ဖြစ်ပွားသည့်အတွက် ကေအဲန်ယူနှင့် အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆုံးဖြတ်ချက်များထဲမှ ‘ကေအဲန်ယူက ချမှတ်ထား သည့် မြေယာဂရံများကို အသိအမှတ်ပြုပြီး ဓလေ့ထုံးတမ်းအရ ပိုင်ဆိုင်သော မြေယာများနှင့် ဋ္ဌာနေမဲ့ IDP များ၏ မြေယာကိစ္စ များကို ညှိနှိုင်းဖြေရှင်းသွားရန် သဘောတူသည်’ ဆိုသည့်အချက်ကို ဒေသခံများက ထောက်ပြပြောဆိုသည်။

ယင်းကိစ္စအပေါ် ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲက “ကေအဲန်ယူက ထုတ်ပေးထားတဲ့ ဂရံဆိုတာက တရားတယ်၊ မတရားဘူးဆိုတာ နောက်မှထား။ အခုလို ပြည်သူတွေ တင်ပြလာတဲ့အပေါ်မှာ ကျနော်တို့ ကတိက၀တ်ရှိတဲ့အ တိုင်း ခေါင်းဆောင်တွေက သက်ဆိုင်ရာ ပြည်နယ်က တာဝန်ရှိသူတွေနဲ့ နှစ်ဖက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးသွားဖို့ရှိပါ တယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းကလည်း အဆိုပါကော့ရင်းကျေးရွာအုပ်စုရှိ ဒေသခံ ၁၃ဦးကို ဖားအံမြို့နယ်၊ သစ်တောဋ္ဌာနက ပိုင်နက်ကျူးကျော်မှုဖြင့် တရားစွဲဆိုထားခဲ့ပြီး လက်ရှိအချိန်တွင် ၎င်းတို့အား ဖားအံအကျဉ်းထောင်၌ အကျဉ်းချထားကြောင်း သိရသည်။


တအာင်းတပ်မတော်နှင့်မြန်မာ့တပ်မတော်တို့ နေ့စဉ်တိုက်ပွဲပြန်ထန်

၂၀၁၅ ခုနှစ် ဇွန်လ ၂၄ ရက်

တအာင်းဒေသ၊ တပ်မဟာ(၂) နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ မန်လုံးကျေးရွာနှင့် မန်ဖတ်(ရူဆစ်) ကျေးရွာကြားတွင် ယနေ့ ဇွန်လ ၂၄ ရက်နေ့ ၀၈း၀၀ မှ ၀၉း၀၀ နာရီ အချိန်ထိ တအာင်းတပ်မတော် တပ်ရင်း(၄၃၄)နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇) တို့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် တအာင်းတပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ (၂) ဦးကျဆုံးသည်။
အဆိုပါတိုက်ပွဲ ဖြစ်ပွားရာဒေသတွင် မြန်မာ့တပ်မတော်မှ အင်အား(၂၀၀)ကျော်၊ စစ်ကြောင်း(၂) ကြောင်းဖြင့် တအာင်းတပ်မတော်အား လိုက်လံတိုက်ခိုက်ခဲ့ရာ ဇွန်လ (၁၇) ယနေ့အထိ ထိုဒေသတွင် (၆) ကြိမ်ဖြစ်ပွား ခဲ့သည်။

သတင်းနှင့် ပြန်ကြားရေးဌာန

Type the rest of your post here.

Monday, June 22, 2015

လော်ခီးလာ နိုင်ငံရေးထိုးစစ်နှင့် ငြိမ်းချမ်းရေးအလားအလာ - ငြိမ်းချမ်းရေးစစ်တမ်း (၁၆)

ဖတ်ရှုလေ့လာသင့်သော နိုင်ငံရေးသုံးသပ်ချက်များဖြစ်သည်။

xxxxxxxxxxxx

"လော်ခီးလာညီလာခံ၏ ဆုံးဖြတ်ချက်နှင့် ရပ်တည်ချက်များအပေါ်အခြေခံ၍ ဆွေးနွေးပွဲများ ဆက်လက်ကျင်းပသွားရန်မှာလည်း စစ်အစိုးရက လက်မခံနိုင်ဆုံးသော အခြေအနေတချို့ ရှိနေသည်။ ပထမ အခြေ
အနေမှာ ၄င်းတို့ နှင့် ပြန်လည်တွေ့ ဆုံဆွေးနွေးရမည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တွင်ပါဝင်သော အဓိကတိုင်းရင်း
သားခေါင်းဆောင်များ၏ အနေအထားဖြစ်သည်။ ယင်းတို့ ၏ အများစုကြီးမှာ လော်ခီးလာညီလာခံဆုံးဖြတ်ချက်များမှ တပြားမှ လျှော့မည့်ပုံမရှိ။ ယင်း၏ အဖွဲ့ ခေါင်းဆောင်မှာ စစ်အစိုးရ နှင့် အလွမ်းသင့်ရုံမက၊ နေပြည်တော်ကို ချောင်း
ပေါက်မတတ် ဖိတ်ကြား၊ အခွင့်အလမ်း အမျိုးမျိုးဖြင့်ချော့မြူထားခဲ့သည့် ကေအင်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး မဟုတ်။ နိုင်ငံရေး အရ ခိုင်မာစွာ ရပ်တည်လျှက်ရှိသည့် ဒုဥက္ကဌ နော်စီဖိုးရာစိန် ဖြစ်နေသည်"





Type the rest of your post here.

လူမျိုးကြီးဝါဒရဲ့ လောင်းရိပ်အောက်ရောက်နေတဲ့ ပင်လုံစာချုပ်

ကရင်တွေသိပ်လေ့လာသင့်တဲ့ ဆောင်းပါးတပုဒ်ဖြစ်တယ်။ ဘာကြောင့်လည်းဆိုရင် ဘာသာရေးနဲ့ဆက်စပ်လာရင် တခြား ဘာကိုမှမမြင်တတ်တော့တဲ့လူမျိုးဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်။

ကျော်စွာမိုး - ဧရာဝတီ

မကြာသေးခင်က ပင်လုံကျောက်တိုင်ဆီကို ကျနော် ပထမဆုံးအကြိမ် ဂါရဝပြု ခရီးထွက်ခဲ့ပါတယ်။ အားလုံး သိကြတဲ့ အတိုင်းပဲ ပင်လုံကျောက်တိုင် ဆိုတာကတော့ ၁၉၄၇ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်သူရဲကောင်း ဗိုလ်ချုပ် အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်အချို့ သမိုင်းဝင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ အထိမ်းအမှတ် အဖြစ် တည်ဆောက်ထားခဲ့တဲ့ ကျောက်တိုင်ပဲ ဖြစ်ပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့ကနေ ပင်လုံ ကျောက်တိုင်ရှိရာ ပင်လုံမြို့ကို သွားနေရင်းနဲ့ ဒီကျောက်တိုင်ကို မြင်တွေ့ရတော့မယ် ဆိုတဲ့အသိနဲ့ ကျနော် စိတ်လှုပ်ရှားနေခဲ့ပါတယ်။

ကလေးဘဝ ကတည်းကစလို့ ဒီနေ့ မြန်မာနိုင်ငံရဲ့ သမိုင်းမှတ်တိုင် တခု အဖြစ် ပင်လုံစာချုပ်ရဲ့ အရေးပါပုံ အကြောင်း ကို ကျနော်တို့ သင်ကြားခြင်း ခံခဲ့ရဖူးပါတယ်။ ကျနော့်လိုပဲ အခြားသော မြန်မာပြည်သူတွေ ဟာလည်း ပင်လုံစာချုပ်ရဲ့ အနှစ်သာရ ဖြစ်တဲ့၊ ဖော်ဆောင်နေခဲ့တာ ကြာပြီ ဖြစ်ပေမယ့် အခုအချိန်ထိ အကောင်အထည် မဖော် နိုင်သေးတဲ့ “ပြည်ထောင်စု စိတ်ဓာတ်” ကို ဖော်ညွှန်းတဲ့ ရုပ်ဝတ္ထုအဖြစ်နဲ့ ပင်လုံ ကျောက်တိုင်ကို သွားရောက် လည်ပတ်ချင်ကြ လိမ့်မယ် လို့ ကျနော် ယုံကြည်ပါတယ်။

ကျနော့် အနေနဲ့ကတော့ တောင်ကြီးကနေ ၃ နာရီကြာ ကားနဲ့သွားရတဲ့ ဒီခရီးဟာ သွားရကျိုးနပ် လိမ့်မယ်လို့ ယုံကြည်ခဲ့မိ တာပါ။ ကျောက်တိုင်ရဲ့ အနုသုခုမ လက်ရာကိုသာမက လူများစု ဗမာတယောက် ဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းနဲ့ လူနည်းစု တိုင်းရင်းသား ခေါင်းဆောင်တွေ အကြား ပင်လုံစာချုပ်ကို အတူတကွ လက်မှတ်ရေးထိုး စေခဲ့တဲ့ ချစ်ကြည် ရင်းနှီးမှုကိုပါ ပိုပြီးနက်နက်ရှိုင်းရှိုင်း ခံစားနိုင်တော့မယ် လို့ စိတ်ကူးယဉ်နေခဲ့မိ ပါတယ်။

ဒါပေမယ့် ကျနော်ရဲ့တွက်ကိန်း လုံးလုံး မှားသွားပါတယ်။ ပင်လုံကျောက်တိုင်ဆီကို ရောက်တဲ့ အခိုက်မှာ ကျနော် တော်တော်လေး စိတ်ပျက်သွားပါတယ်။

ပင်လုံကျောက်တိုင်က အရွယ်အစားသေးငယ်ပြီး ရိုးရိုးရှင်းရှင်းပဲ ဖြစ်နေတဲ့ အတွက်ကြောင့်မို့ ကျနော် စိတ်ပျက်သွားတာတော့ မဟုတ်ပါဘူး။ ဒီသမိုင်းဝင် ကျောက်တိုင် ရှေ့တည့်တည့်မှာ တည်ဆောက်ထားတဲ့ စေတီတဆူကြောင့် နည်းနည်း စိတ်မသက်သာ ဖြစ်သွားရတာပါ။

မရေတွက်နိုင်တဲ့ စေတီ၊ ဘုရားပုထိုးတွေနဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ ရှိတဲ့အတွက် ကြောင့် “ရွှေနိုင်ငံ” လို့ နိုင်ငံတကာက တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ နိုင်ငံမှာ မွေးဖွားလာသူ တယောက်အနေနဲ့ ကျနော့်ဘဝမှာ စေတီတဆူကို တွေ့ရလို့ စိတ်ပျက်သွားတာ၊ အံ့ဩသွားတာ မရှိခဲ့ဖူးပါဘူး။

ဒါပေမယ့် ဒီပင်လုံကျောက်တိုင်ရဲ့ မြင်ကွင်းကို ဖုံးကွယ်နေတဲ့ စေတီကတော့ ကွဲပြားပါတယ်။ လမ်းပေါ်ကနေကြည့်ရင် ဒီ ၃၁ ပေ ရှည်လျားတဲ့ ကျောက် တိုင်ဟာ စေတီနောက်မှာ လုံးလုံးကွယ်နေပါတယ်။

ကျနော်တို့ စီးနင်းလာတဲ့ ကားက ကျောက်တိုင် ရှိရာ စေတီပရဝုဏ်ထဲကို ဝင်လာတဲ့အချိန်မှာ ကျနော် နဲ့ အတူတူပါလာတဲ့ ပင်လုံမြို့ခံ ရှမ်းတိုင်းရင်းသား မိတ်ဆွေကို “ ဒီစေတီကို ဘယ်သူတည်ခဲ့တာလဲ” လို့ မေးလိုက်မိပါတယ်။

“ခင်ညွန့် တည်ခဲ့တာ” လို့ သူက ပြန်ပြောပါတယ်။ သူကတော့ အားလုံးသိတဲ့ အတိုင်း ၁၉၈၈ စစ်တပ် အာဏာသိမ်းမှုမှာ ဦးစီးဦးဆောင် ပါဝင်ခဲ့သူ တယောက်၊ စစ်ထောက်လှမ်းရေး အရာရှိချုပ်ဟောင်းနဲ့ အရင် စစ်အစိုးရလက်ထက်မှာ ဝန်ကြီးချုပ် အဖြစ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ပဲ ဖြစ်ပါတယ်။

ဦးခင်ညွန့်ဟာ ၂၀ဝ၄ ခုနှစ်မှာ ရာထူးက အဖြုတ်ချခံခဲ့ရပါတယ်။ ဒီမိုကရေစီ တောင်းဆိုရေး လှုပ်ရှားမှုတွေကို အကြမ်းဖက် နှိမ်နင်းရာမှာ ဦးစီးဦးဆောင် အခန်းက ပါဝင်ခဲ့ပြီး များသောအားဖြင့် အစိုးရအပေါ် ဆန့်ကျင်တဲ့ ဒီမိုကရေစီ ဘက်တော်သားတွေနဲ့ ကျောင်းသားတွေကို နှစ်ရှည်ထောင်သွင်း အကျဉ်းချတဲ့ နည်းလမ်းနဲ့ ကိုင်တွယ် ဖြေရှင်းခဲ့တဲ့ အတွက် သူ့ကို မြန်မာပြည်ရဲ့ Prince of evil လို့ နိုင်ငံတကာ မီဒီယာတွေက ကင်ပွန်းတပ်ခံရသူပါ။

ပင်လုံကျောက်တိုင် အနားမှာ ရှိတဲ့စေတီ မြန်မာနိုင်ငံရဲ့ အထင်ရှားဆုံး၊ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ် အမြတ်ထားရာ ဖြစ်တဲ့ ရွှေတိဂုံစေတီရဲ့ ပုံစံတူ ဖြစ်တယ် လို့ မိတ်ဆွေက ပြောပါတယ်။

သူ “ရွှေတိဂုံ” လို့ ရေရွတ်လိုက်တဲ့ လေသံအရ ဒီစေတီကို တကယ့် ရွှေတိဂုံစေတီလိုမျိုး မသတ်မှတ်တဲ့ အကြောင်းကို ခံစားမိ ပါတယ်။ ဒါဟာ စေတီ ဆိုတာထက် စစ်အစိုးရက ရန်ကုန်ကနေ တင်ပို့လိုက်တဲ့ အရာတခုလို့ သူက ခံစားနေရ ပုံပါပဲ။

ချက်ချင်း ဆိုသလိုပဲ ကျနော့် ခေါင်းထဲကို မေးခွန်းတွေ စုပြုံဝင်လာပါတယ်။ အရင်အစိုးရက ဘာလို့ ဒီ အရေးပါတဲ့ အထိမ်းအမှတ် ကျောက်တိုင်ရဲ့ ရှေ့တည့်တည့်မှာမှ ဒီစေတီကို တည်ဆောက်ခဲ့ရတာလဲ။ ဒီမြို့မှာ ဒီစေတီကို တည်ဆောက်ဖို့ ဒီတနေရာပဲ ရှိသလား။ ဒါပေမယ့် ဒီနေ့ အထိတောင်မှ ဒီလိုစေတီတွေ တည်ဖို့ မြို့မှာ နေရာလွတ်တွေ တွေ့နေရသေး တာပဲ။

ကျနော်ရဲ့ မသိစိတ်ထဲမှာ ဒီအထိမ်းအမှတ် ကျောက်တိုင်တဝိုက်မှာ ရှိသင့်တဲ့ ရှုခင်းအနေအထားကို ပြန်ပြီး ပုံဖော်နေမိ ပါတယ်။ ကျနော် ကိုယ်တိုင် အတွက်ရော၊ ပင်လုံမြို့သားတွေ အတွက်ရော၊ ဒီ နေရာကို လာခဲ့ဖူးသူတွေ အတွက်ရော၊ နောက်လာမယ့် လူတွေ အတွက်ရော ပေါ့။

ဒီနေရာမှာ လမ်းမကနေ အထိမ်းအမှတ်ကျောက်တိုင် အထိ အေးအေးလူလူ လမ်းလျှောက်နိုင်မယ့် လျှောက်လမ်း၊ စင်္ကြံ ဒါမှ မဟုတ် သေသေချာချာ လှလှပပ ပြင်ဆင်ထားတဲ့ ပန်းခြံတခု ရှိသင့်ပါတယ်။ အနောက်ဘက်မှာ ရှမ်း ပြည်နယ်ရဲ့ ရင်သပ်ရှုမောဖွယ် တောင်တန်းတွေ နောက်ခံအဖြစ် ရှိနေတာမို့ ဒီ သေးငယ်ပေမယ့် နိုင်ငံရေးအရ ရော၊ သမိုင်းအရ ရော၊ ယဉ်ကျေးမှုအရရော ထူးခြားလေးနက်မှုတွေ ရှိနေတဲ့ အထိမ်းအမှတ် ကျောက်တိုင်ကို ဗဟိုပြုလို့ ဒီနေရာကို သာယာ ကြည်နူးဖွယ် နေရာတခုအဖြစ်၊ ဥပမာ – ပြည်သူ့ ပန်းခြံလိုမျိုး အဖြစ် တည်ဆောက်ဖို့ကတော့ မခက်ခဲ လောက်ခဲ့ဘူး လို့ ထင်ပါတယ်။

ကျနော့်ရဲ့ စိတ်ကူးကို ရှမ်းမိတ်ဆွေကို ပြောပြတဲ့အခါ အနုပညာရှင် တယောက်ဖြစ်ပြီး ကျန်တဲ့ ရှမ်းလူမျိုးတွေ အများစုလိုပဲ ဗုဒ္ဓဘာသာကို ယုံကြည် သက်ဝင်တဲ့သူက ပင်လုံမြို့ခံအချို့က ဒီဘုရားကို ပျောက်ကွယ်သွား စေချင်တာလို့ ပြောပါတယ်။

ဒီကိစ္စရဲ့ အခြေခံ အကြောင်းတရား ကတော့ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၆၂ ခုနှစ်မှာ စတင်ကျင့်သုံးတဲ့ ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေးစနစ်ဟောင်းဖြစ်တဲ့ အာဏာရှင်စနစ် ကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့ ဆယ်စုနှစ် တော်တော်ကြာ အုပ်ချုပ်သူ စစ်အာဏာရှင်တွေဟာ ကိစ္စအားလုံးကို ထိန်းချုပ်ထားခဲ့ပါတယ်။ သူတို့ ဝင် မစွက်ဖက်၊ အမိန့်မပေးတဲ့ ကိစ္စဆိုလို့ မရှိသလောက် ပါပဲ။ ပြည်သူတွေရဲ့ ဆန္ဒကတော့ အများဆုံးဖြစ်နိုင်လှ ဒုတိယ ဦးစားပေးပေါ့။

စေတီနဲ့ ပတ်သက်လို့ နောက်ရှာဖွေ ကြည့်လိုက်တော့ ရှမ်းအမျိုးသမီး လှုပ်ရှားမှုကွန်ရက် (Shan Women’s Action Network) ရဲ့ ၂၀ဝ၉ ခုနှစ်က အစီရင်ခံစာ တခုထဲမှာ ဖော်ပြထားပါတယ်။ မြန်မာလိုတော့ ကြီးမြတ်သော နိုင်ငံတော် စည်းလုံးညီညွတ်မှု လို့ အဓိပ္ပာယ်ရတာပါ။

ဒီ ရှမ်းပြည်နယ်နဲ့ ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီး လှုပ်ရှားမှုကွန်ရက်ရဲ့ “ရှမ်းပြည်နယ်၏ ဖုံးကွယ်ခြင်းခံထားရသော အစိတ်အပိုင်းများ” လို့ အမည် ရတဲ့ အစီရင်ခံစာထဲမှာ စေတီက “ (ပင်လုံစာချုပ်) ကို လက်မှတ်ရေး ထိုးတဲ့ နေရာကို အထိမ်းအမှတ် အဖြစ်ထားရှိတဲ့ အထိမ်းအမှတ်ကျောက်တိုင်ရှေ့ တည့်တည့်မှာ တည်ဆောက်ထားပြီး (ကျောက်တိုင် ကို) မြင်ကွင်းကနေ ကွယ်နေပါတယ်” လို့ ရေးသားထားပါတယ်။

ဒီ အစီရင်ခံစာထဲမှာ စေတီက “၁၃၅ ပေမြင့်ပြီး နေပြည်တော် အစိုးရရဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့်နဲ့ ၂၀ဝ၂ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ၂၀ဝ၆ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်” လို့ ဖော်ပြထား ပါတယ်။

ရှမ်းအမျိုးသမီး လှုပ်ရှားမှု ကွန်ရက်က စစ်အစိုးရဟာ “ နိုင်ငံရဲ့ တိုင်းရင်းသားယဉ်ကျေးမှု၊ ဘာသာနဲ့ သမိုင်းကို ဖျောက်ဖျက်ပစ်ဖို့” ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ ထပ်ပြီး ရှမ်းပြည်နယ် တခုတည်းမှာတင် စစ်အစိုးရက ရွှေတိဂုံစေတီ ပုံစံတူ စေတီအဆူ ၂၀ တည်ထားခဲ့တယ် လို့လည်း ပြောပါတယ်။

တကယ်တမ်းမှာတော့ အခြားသော တိုင်းရင်း သားတွေလိုပဲ ရှမ်းတိုင်းရင်းသားတွေ ကလည်း တိုင်းရင်းသား နယ်မြေတွေမှာ အရင်အစိုးရက ရည်ရွယ် ချက်ရှိရှိနဲ့ စာနာမှု ကင်းမဲ့စွာ ဆောင်ရွက်ခဲ့တဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းဆိုင်ရာ ကျူးကျော်မှုတွေကို ဒေါသ ထွက်စရာ အကြောင်းတွေ အများကြီး ရှိနေပါတယ်။

အရင် အစိုးရအာဏာသိမ်းပြီးလို့ ၃ နှစ်အကြာ ၁၉၉၁ ခုနှစ်မှာ စစ်အစိုးရဟာ သမိုင်းဝင် လှပတဲ့ ကျိုင်းတုံဟော် (Kengtung Palace) ကို ဖြိုဖျက်ပစ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ နောက် သုံးနှစ်ကြာပြီးတဲ့ နောက် အဲဒီနေရာက ဒေသခံ သံဃာတွေနဲ့ ပြည်သူတွေ ကန့်ကွက်နေတဲ့ ကြားထဲက ခေတ်ပေါ် ဟိုတယ် တခုကို တည်ဆောက်ခဲ့ပါတယ်။ နန်းတော်ရဲ့ မူလ အမည်ကိုလည်း ကျိုင်းတုံဟိုတယ် အဖြစ် အမည်ပြောင်းခဲ့ပါတယ်။

၂၀ဝ၂ ခုနှစ်၊ ဒီဇင်ဘာလ မှာတော့ ပင်လုံမှာ စစ်အစိုးရခေါင်းဆောင်တွေက စေတီပန္နက်တင်ပွဲကို စည်စည်ကားကား ကျင်းပခဲ့ပြီး ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ကြီးကြပ်စေခဲ့ ပါတယ်။ ဒီအခမ်းအနားကိုတော့ နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင် အချို့လည်း တက်ရောက်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးခင်ညွန့်က အဲဒီနေ့မှာ စေတီကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တာဝန်ပေးအပ်မှု အရ ပြည်ထောင်စု စိတ်ဓာတ်ကို ခိုင်မာစေဖို့ ရည်ရွယ်ချက်နဲ့ တည်ဆောက်တာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ပင်လုံအထိမ်းအမှတ် ကျောက်တိုင်ကို တည်ဆောက်ဖို့ အတွက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ်ဆန့်ကျင်ရေးနဲ့ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ် (ဖဆပလ) ကိုယ်စား ငွေကျပ်တထောင် (အဲဒီအချိန်က အတော်တန်ဖိုး ရှိတဲ့ပမာဏ) လှူဒါန်းခဲ့ပါတယ်။ ဒီစေတီနဲ့ ပတ်သက်လို့ ဗိုလ်ချုပ် ဘယ်လိုတွေးမလဲ ဆိုတာ ကျနော်တို့ ဘယ်လိုမှ သိနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သမိုင်းတခု ဒါမှမဟုတ် ယဉ်ကျေးမှုတခုကို ဖိနှိပ်ချုပ်ချယ်ဖို့ အတွက် ဘာသာရေး ခံစားချက် ဒါမှမဟုတ် ဘာသာရေး အဆောက်အအုံတွေကို အသုံးချတာကိုတော့ ဗိုလ်ချုပ်က ခွင့်လွှတ်မှာ မဟုတ်ပါဘူးလို့ ယူဆ နိုင်ပါတယ်။

ရွှေတိဂုံရဲ့ ပုံစံတူစေတီဟာ ပင်လုံအထိမ်းအမှတ် ကျောက်တိုင်ရဲ့ မြင်ကွင်းကို ကွယ်ရုံသာမက ပါဘူး။ ဗိုလ်ချုပ် အောင်ဆန်းနဲ့ သူရဲ့တနိုင်ငံတည်းနေ တိုင်းရင်းသားလူနည်းစု ခေါင်းဆောင်တွေ အကြား တည်ဆောက်ခဲ့တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ထိပါးမှုတခုလည်း ဖြစ်ပါတယ်။ ။

Saturday, June 20, 2015

အလှည့်ဖျား ခံလိုက်ရပြန်ပြီ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ

သောက်ရေးမပါတဲ့ မျိုးစောင့်ဥပဒေတွေကို အရေးကြီးဂွင်ကျယ်လုပ်ပြီးအတည်ပြူခဲ့ကြတယ်၊ အခုတော့ ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဖို့ အခြေအနေက ချို မိုင်မိုင်ဖြစ်သွားပြီး။ တာနဲ့ကျန်သေးတယ် တိုင်းရင်းသားတွေနဲ့ လုပ်တဲ့ အပစ်ခတ်ရပ်စဲရေးတို့ ငြိမ်းချမ်းရေးတို့ ကိုမြင်ယောင်သေးတယ်..ဗမာစစ်အာဏာရှင်တွေက မင်းတို့ တိုင်းရင်းသားတွေကို သနားတယ်လို့ ပြောနေတာကြာပါပြီ။
xxxxxxx
ဆောင်းပါး - စည်သူအောင်မြင့်

အခုဆိုရင် အများပြည်သူ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်တဲ့
ဥပဒေကြမ်း နှစ်ခု လွှတ်တော်အတွင်း တင်သွင်းခဲ့ပါပြီ။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ကို ပြင်ဆင်မယ်ဆိုပြီး လွှတ်တော်တွင်း လုပ်ငန်းတွေ
စတင်ချိန်ကနေ နှစ်နှစ်ကြာလာတဲ့ ဒီကနေ့ အချိန်ကျမှ ဥပဒေကြမ်း လွှတ်တော်ထဲ
ရောက်သွားတာပါ။

ထူးဆန်းတာ တစ်ခုက ဥပဒေကြမ်းတင်ပြီး နောက်ပိုင်း အင်န်အယ်လ်ဒီ တာဝန်ရှိသူတွေက
လွှတ်တော်ထဲ ရောက်သွားတဲ့ ဥပဒေမူကြမ်းထဲက အချက်တွေဟာ သူတို့ သဘောတူထားတဲ့
အချက်တွေ မဟုတ်ဘူး၊ လွှတ်တော်တွင်း တင်သွင်းပြီးသွားချိန်အထိ သူတို့ထဲက ဘယ်သူကမှ
အဲဒီ ဥပဒေကြမ်းကို မြင်ဖူးကြတာ မဟုတ်ဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုပြီးတော့သာ
လက်မှတ်ရေးထိုးပေးလိုက်တာ ဖြစ်တယ်ဆိုပြီး ပြောဆိုလာကြပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြဿနာ ဘယ်လို ဖြစ်ရတာပါလဲ၊ ဒီတစ်ကြိမ်လည်းဒေါ်အောင်ဆန်းစုကြည်နဲ့
အင်န်အယ်လ်ဒီ ပါတီဝင်တွေ အလိမ်ညာခံလိုက်ရပြန်ပြီလားဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြ
သွားပါ့မယ်။

တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးကို အစောဦးဆုံးနဲ့ တောက်လျောက် ပြောဆိုလာသူဟာ
ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီပါတီ ဖြစ်ပါတယ်။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲဝင်စဉ်တုန်းကလည်း လွှတ်တော်ထဲ ရောက်သွားရင် ဖွဲ့စည်းပုံ
ပြင်ဆင်ရေးကိစ္စ ဦးစားပေး ဆောင်ရွက်မယ်ဆိုပြီး မဲဆွယ်ခဲ့ကြသူတွေပါ။

ဒါတင်မက နောက်ပိုင်း ပုဒ်မ ၄၃၆ နဲ့ အခြား အချက်အလက်တွေ ပြင်ဆင် နိုင်ရေး
လူထုစုရုံးဟောပြောပွဲတွေ ကျင်းပခဲ့ပြီး ပြည်သူလူထု ထောက်ခံလက်မှတ် ငါးသန်းကျော် ရအောင်
စုစည်းနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ တကယ်တန်း ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်ထဲ လုပ်ငန်း စတင်တဲ့အခါ ပြည်ခိုင်ဖြိုးပါတီက
လက်ဦးမှု အရယူလိုက်ပါတယ်။

ဖွဲ့စည်းပုံ ပြင်ရေးနဲ့ ပတ်သက်တဲ့ အဆိုကို ပြည်ခိုင်ဖြိုးပါတီ အမတ်တွေကပဲ တင်ပြပြီး
၂၀၁၃ နှစ်လယ်မှာ လုပ်ငန်းတွေ စတင်ပါတယ်။

၂၀၁၃ ခုနှစ်၊ ဇူလိုင်လမှာ အဖွဲ့ဝင် ၁၀၈ ဦးပါတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ
လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီဆိုတာကို ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီ ကော်မတီဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အကြံဉာဏ်ပေးနိုင်ပါတယ်ဆိုပြီး
လူထု လူတန်းစား အသင်းအဖွဲ့တွေနဲ့ ပြည်သူတွေဆီက သဘောထား တောင်းခံတာတွေ
လုပ်ခဲ့ပါတယ်။

နောက်ပိုင်း အဲဒီ အကြံပြုချက်တွေကို စိစစ်ပြီး ၂၀၁၄ ဇန်န၀ါရီ ၃၁ ရက်နေ့မှာ လွှတ်တော်ကို
အစီရင်ခံစာ ပြန်တင်ခဲ့ပါတယ်။

အဲဒီနောက် အဖွဲ့ဝင် ၃၁ ဦးပါတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု
ကော်မတီဆိုတာကို လွှတ်တော်က ဖွဲ့စည်း တာဝန်ပေးခဲ့ပြန်ပါတယ်။

အဲဒီကော်မတီက လုပ်ကိုင်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လွှတ်တော်နာယက
သူရဦးရွှေမန်းက တိကျတဲ့ လုပ်ငန်းလမ်းညွှန်စာ တစ်စောင်ကို ၂၀၁၄၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ
ပေးပို့ခဲ့ပါတယ်။

တိတိကျကျ လမ်းညွှန်ချက်တွေ အများကြီးထဲက အရေးကြီးတဲ့ နှစ်ချက်ကတော့ ဖွဲ့စည်းပုံ ပြင်ရေး
ဥပဒေကြမ်းထဲမှာ သမ္မတ၊ ဒုသမ္မတနဲ့ ၀န်ကြီးတွေအဖြစ် ခန့်အပ်မယ့်သူတွေဟာ ရွေးကောက်ခံ
ဖြစ်ရမယ်ဆိုပြီး ထည့်သွင်းဖို့နဲ့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ခြောက်လ အလိုမှာ ဥပဒေကို
ပြင်ဆင် အတည်ပြုပြီးသားလည်းဖြစ်ရမယ်ဆိုတဲ့ အချက်တွေ ပါဝင်ခဲ့ပါတယ်။

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ကြားထဲမှာ ဖြစ်ပျက်သွားခဲ့တဲ့ အခြေအနေအကြောင်း
အမျိုးမျိုးကြောင့် အခုလို ရွေးကောက်ပွဲ ကျင်းပဖို့ လေးလကျော်လောက်ပဲ လိုတော့တဲ့ အချိန်ကျမှ
ဖွဲ့စည်းပုံ ပြင်ရေး ဥပဒေကြမ်း လွှတ်တော်ထဲ ရောက်ပါတယ်။

ဥပဒေကြမ်းကို ဆွေးနွေးငြင်းခုံ၊ အတည်ပြုတာတွေ လုပ်ရပါဦးမယ်။

အဲဒီအထဲမှာ ပုဒ်မ ၄၃၆ (က) ဆိုင်ရာ ပုဒ်မတွေ ပါဝင်လာရင် ပြည်လုံးကျွတ် လူထု ဆန္ဒခံယူပွဲ
လုပ်ကြရပါဦးမယ်။

အဓိပ္ပာယ်ကတော့ သူရဦးရွှေမန်း ညွှန်ကြားခဲ့သလို၊ ကတိပေးခဲ့သလို ရွေးကောက်ပွဲ မတိုင်ခင်
ခြောက်လ အလိုမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်း အတည်ပြုပြီးသား ဖြစ်နေရမယ်ဆိုတဲ့
ကတိပျက်ပြယ်သွားတာ ဖြစ်ပါတယ်။

ကတိမတည်ခဲ့ဘူးလို့လည်း မှတ်ယူနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လွှတ်တော်ထဲကိုတော့ ပြင်ဆင်ချက် ဥပဒေကြမ်း နှစ်ခု ရောက်သွားပါပြီ။

အဲဒီ ဥပဒေကြမ်းထဲမှာ အင်န်အယ်လ်ဒီဘက်က အဆိုပြုတင်ပြထားတဲ့ ပုဒ်မ ၅၉ (စ) ကို ပယ်ဖျက်
မပေးထားသလို၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာလည်း နဂို အမတ်စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းကျော်
သဘောတူမှ ဖွဲ့စည်းပုံ ပြင်နိုင်မယ်ဆိုတဲ့အချက်အစား ၇၀ ရာခိုင်နှုန်း သဘောတူရင် ပြင်နိုင်မယ်
ဆိုတာလောက် ပြင်ဆင်ထားတာပဲ ရှိပါတယ်။

ပြောရရင် ဒီဥပဒေကြမ်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီဘက်က ပြင်ဆင်လိုတဲ့
အခြေအနေမျိုးနဲ့ အလွန် အလှမ်းကွာနေတာ တွေ့နိုင်ပါတယ်။

ဥပဒေကြမ်းတင်ပုံကလည်း အလွန် ထူးဆန်းပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၅ မှာ အခုလို ဖော်ပြထားပါတယ်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်ရှိ လွှတ်တော်
ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါ ပြင်ဆင်ချက်ဥပဒေမူကြမ်းကို
ပြည်ထောင်စု လွှတ်တော်က လက်ခံ ဆွေးနွေးရမည်"လို့ တိတိကျကျ ဖော်ပြထားပါတယ်။

ဒါပေမဲ့ လွှတ်တော်တွင်းမှာ အဲဒီ ဥပဒေကြမ်းကို တင်ဖို့ လွှတ်တော် အမတ်တွေရဲ့ လက်မှတ်
စုဆောင်းတဲ့အခါ တင်ပြသူ ဦးသိန်းဇော်ရော အခြားဘယ်တာဝန်ရှိသူ တစ်စုံတစ်ယောက်ကမှ
လက်မှတ်ထိုးတဲ့ အမတ်တွေကို ဥပဒေကြမ်း မပြသခဲ့ပါဘူး။

ပြည်ခိုင်ဖြိုး အမတ် ၂၃၃ ယောက်နဲ့ အတူ ဖွဲ့စည်းပုံပြင်ဖို့ လက်မှတ်ထိုးပေးလိုက်တဲ့
အင်န်အယ်လ်ဒီ အမတ် ၃၈ ယောက်စလုံးကအဲဒီ ဥပဒေကြမ်းကို မမြင်ဖူးကြပါဘူး။

ဒါတင်လားဆိုတော့ မကသေးပါဘူး။

တကယ့်တကယ် လွှတ်တော်ထဲ ဥပဒေကြမ်း တင်တဲ့အခါမှာလည်း ပြည်ခိုင်ဖြိုး အမတ်
ဦးသိန်းဇော်က ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လုပ်ခဲ့ကိုင်ခဲ့တဲ့ အချိန်ဇယား၊ မှတ်တမ်းနဲ့တကွ၊
တင်ပြမယ့် ဥပဒေကြမ်းထဲမှာ ဘယ်လို ပုဒ်မတွေကို ပြင်မယ်၊ ပုဒ်မဘယ်နှစ်ခုလောက် ပြင်မယ်
ဆိုတာပဲပြောပြီး ဥပဒေကြမ်းကို တင်သွားခဲ့တာပါ။

လွှတ်တော်တွင်းမှာ တင်တဲ့ ဥပဒေကြမ်းကို လုံးဝ ဖတ်မပြပါဘူး။

ဒါပေမဲ့ အဲဒီဥပဒေကြမ်းတင်စဉ်မှာတော့ ဥပဒေကြမ်းကို ပြည်ခိုင်ဖြိုး၊ အင်န်အယ်လ်ဒီ၊ တစည
အပါအ၀င် နိုင်ငံရေးပါတီ အသီးသီးနဲ့ တစ်သီးပုဂ္ဂလ အမတ်ပေါင်း ၂၈၉ ယောက်၊
အမတ်အားလုံးရဲ့ ၄၃ ရာခိုင်နှုန်းကျော် လက်မှတ်နဲ့တကွ တင်တယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။

အင်န်အယ်လ်ဒီပါတီ အမတ်တွေဟာ ကိုယ်တင်မယ့် ဥပဒေကြမ်းကို မမြင်မတွေ့ရပဲ လက်မှတ်
ထိုးပေးလိုက်ရတဲ့ သဘောသက်ရောက်ပါတယ်။

ဦးသိန်းဇော်တင်ပြီးကျမှသာ သူရဦးရွှေမန်းက ဥပဒေကြမ်းကို ညနေ လွှတ်တော် အစည်းအဝေး
ပြီးဆုံးချိန်မှာ ဖြန့်ဝေပေးမယ်ဆိုပြီး ပြောခဲ့ပါတယ်။

ဒီ လုပ်ရပ်ဟာ သဘောရိုးနဲ့၊ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ကိုင်တယ်လို့ မယူဆနိုင်ပါဘူး။

အရင်က လွှတ်တော်ထဲမှာ ဘယ်သူမှ မမြင်ဘူးတဲ့ ဥပဒေကြမ်းတစ်ခုကို တင်လိုက်တယ်ဆိုတာမျိုး
အစဉ်အလာ မရှိခဲ့လို့ပါပဲ။

ဒါကြောင့်လည်း ဥပဒေကြမ်းစာရွက်ကို လက်ခံရပြီးနောက် ပုဒ်မ ၅၉ (စ) ကို ပယ်ဖျက်မထားတာ၊
အခြားအချက်တွေဟာလည်း အင်န်အယ်လ်ဒီက ပြင်ချင်တဲ့ အခြေအနေနဲ့ အလွန်ကွာခြားနေတဲ့
အတွက် ဦးဝင်းမြင့်အပါအ၀င် အင်န်အယ်လ်ဒီ အမတ်တွေ ပြာယာခတ်သွားကြပါတယ်။

တရုတ်ပြည်သွားဖို့ ရန်ကုန်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီ ကမန်းကတန်း ဖုန်းဆက်
အကြောင်းကြားကြရပါတယ်။

သတင်းဌာနတွေကိုလည်း သူတို့ လက်မှတ်ထိုးလိုက်တာဟာ ဖွဲ့စည်းပုံ ပြင်ဖို့၊ အဲဒီ
ဥပဒေကြမ်းမှာပါတဲ့ အချက်တွေကို သဘောတူလို့ လက်မှတ်ထိုးလိုက်တာ မဟုတ်ပါဘူးဆိုပြီး
ဖြေကြရပါတော့တယ်။

တကယ်တော့ ဦးဝင်းမြင့်ဟာ လွှတ်တော်က ဖွဲ့ထားပေးတဲ့ ၁၀၈ ယောက်ပါ ဖွဲ့စည်းပုံ သုံးသပ်ရေး
ကော်မတီမှာရော၊ ၃၁ ယောက်ပါတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မရှင်မှာရော ပါခဲ့သူပါ။

သူကိုယ်တိုင်တောင် အဲဒီ ဥပဒေမူကြမ်း ဘယ်သူတွေက ရေးဆွဲထားပြီး ဘယ်က
ထွက်ပေါ်လာတယ်ဆိုတာ မသိဘူးလို့ ဆိုပါတယ်။

တကယ်တော့ ဒီအဖြစ်အပျက်ဟာ တိုက်ဆိုင်တယ်လို့ မဆိုနိုင်ပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၄ နိုဝင်ဘာလ ၂၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စု
လွှတ်တော်ဆိုင်ရာနည်းဥပဒေများကို ပြင်ဆင်တဲ့ ဥပဒေတစ်ခု အတည်ပြုခဲ့ပါတယ်။

အဲဒီ ပြင်ဆင်ချက်ထဲမှာ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ လုပ်နည်းတွေကို
ပြင်ဆင်ထားချက်တွေပါပါတယ်။

အထူးသဖြင့် နည်းဥပဒေ ၁၃၃ ကနေ ၁၄၃ အထိ ဖြစ်ပါတယ်။

နည်းဥပဒေ ၁၃၆ မှာ အခြေခံဥပဒေ ပြင်ဆင်တဲ့ မူကြမ်းကို စတင်ဆွေးနွေးခြင်း မပြုမီ
ဥပဒေမူကြမ်းနဲ့ ပူးပေါင်းကော်မတီရဲ့ စိစစ်တွေ့ရှိချက်ကို ကိုယ်စားလှယ်တွေထဲ အနည်းဆုံး
ခုနစ်ရက် ကြိုတင်ဝေရမယ်အစား လွှတ်တော် နာယက သတ်မှတ်သည့်နည်းလမ်းအတိုင်း
လွှတ်တော်ကိုယ်စားလှယ်များထံ ကြိုတင်ဝေငှရမည်လို့ ပြင်ထားပါတယ်။

အခု လက်ရှိ သူရဦးရွှေမန်း၊ ဦးသိန်းဇော်နဲ့ ပြည်ခိုင်ဖြိုး တာဝန်ရှိသူတချို့ဟာ အဲဒီ
ပြင်ဆင်ထားချက်ကို အသုံးပြုပြီး ဖွဲ့စည်းပုံ ပြင်ရေးဥပဒေကြမ်းကို ကိုယ့်ဖာသာကိုယ်ကြိတ်ရေး၊
ဥပဒေကြမ်းအတွက် လက်မှတ် ထိုးချိန်မှာလည်းမပြ၊ လွှတ်တော်ထဲ တင်ချိန်ထိလည်း မပြောဘဲ၊
ဥပဒေကြမ်းတင်ပြီးမှ၊ နောက်ကျပြီးမှသာ စာရွက်ဝေ အသိပေးခဲ့တာပါ။

အခုလို လုပ်ကိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားခဲ့တာ ပေါ်လွင်ပါတယ်။

တကယ်လို့သာ ဥပဒေကြမ်းကို အရင်မြင်ရရင် အင်န်အယ်လ်ဒီနဲ့ အခြား တိုင်းရင်းသားပါတီ
တွေဟာ ဒီ ဥပဒေ ကြမ်းကိုတင်ဖို့ လက်မှတ်ရေးထိုးပေးချင်မှ ထိုးပေးကြပါလိမ့်မယ်။

ခုတော့ လွှတ်တော်တွင်း ပါတီအားလုံးက တညီတညွတ်တည်းတင်တဲ့ ဥပဒေကြမ်း ဖြစ်အောင်
ဖန်တီးလိုက်တာပါ။

အမှန်အတိုင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အလှည့်ဖျား ခံနေရတာ ခုမှ
မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ ကာလတွေထဲက လွှတ်တော် တာဝန်ရှိသူတွေနဲ့ ပြည်ခိုင်ဖြိုးအမတ်တွေဟာ
ဖွဲ့စည်းပုံပြင်ရေး အကျပ်အတည်းနဲ့ ပတ်သက်ပြီး သမ္မတဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်ဘက်ကို လွှဲချခဲ့ပါသေးတယ်။

သူတို့ လုပ်ကိုင်ပုံကတော့ ဖွဲ့စည်းပုံပြင်ရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လိုလားချက်နဲ့ ပတ်သက်ရင်
လွှတ်တော်ထဲမှာ အဆင်ပြေတယ်၊ ပြည်ခိုင်ဖြိုးကလည်း အဆင်ပြေတယ်၊ ဒါပေမဲ့ အဲဒီအတိုင်း
ဆက်ဆောင်ရွက်ရင် တပ်မတော်သား အမတ်တွေက သဘောတူမှာ မဟုတ်ဘူး၊ မဲခွဲရင်
ရှုံးလိမ့်မယ်၊ ဒါကြောင့် ဖွဲ့စည်းပုံ ပြင်ရေး အဆင်ပြေချောမွေ့အောင် ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ
ခေါ်ရအောင် ဆိုပြီး သမ္မတနဲ့ တပ်ချုပ်အပေါ် အပြစ်ပုံချ၊ လမ်းလွှဲခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီဟာ သမ္မတ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်တို့ကပဲ သဘောတူရင် ဖွဲ့စည်းပုံကို အဆင်ပြေပြေ ပြင်နိုင်မယ်ဆိုပြီး ထင်မှတ်မှား၊
သမ္မတနဲ့ တပ်ချုပ်ကို ဗီလိန်တွေသဖွယ် မြင်ခဲ့ကြတာ ဖြစ်ပါတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး သဘောထားနဲ့ ပတ်သက်ရင်
သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်၊ သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အားလုံး
သဘောထား အတူတူပါပဲ။

ခုဆို သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်နဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ သဘောထားကို ဥပဒေကြမ်းထဲမှာ
မျက်ဝါးထင်ထင် မြင်တွေ့ကြရပြီ ဖြစ်ပါတယ်။

ဒါဟာ ဖွဲ့စည်းပုံပြင်ရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီပါတီ အချိန်ဆွဲခံ၊
အလှည့်ဖျားခံရတဲ့ သဘောဖြစ်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
http://myanmar.mmtimes.com/index.php/features/14794-2015-06-17-12-08-33.html#.VYQHX9xNiXY.facebook

သန်းခေါင်စာရင်းအကြောင်း

"အလုပ်လက်မဲ့ အများဆုံးဟာ ရခိုင်ပြည်နယ်ဖြစ်ပြီး၊ ကရင်ပြည်နယ်က ဒုတိယ၊ မွန်ပြည်နယ်က တတိယ အများဆုံး ဖြစ်ပါတယ်" ချင်းပြည်နယ်ကအဆင်းရဲဆုံးဆို..? ငိုတတ်ရင် မုန့် စားရတယ်...

ဦးအောင်ခင်, ကျော်ကျော်သိန်း
19.06.2015

၂၀၁၄ က ကောက်ယူခဲ့တဲ့ မြန်မာနိုင်ငံလူဦးရေနဲ့ အိမ်အကြောင်း သန်းခေါင်စာရင်း ပင်မအစီရင်ခံစာကို မေလ (၂၉) ရက်နေ့က မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ ထုတ်ပြန်ပါတယ်။ (၂၇၈) စာမျက်နှာ အစီရင်ခံစာကို သန်းခေါင်စာရင်းအတွဲ (၂) လို့ခေါ်ပြီး ၂၀၁၄ သြဂုတ်လမှာ ထုတ်ပြန်တဲ့ (၅၇) စာမျက်နှာပါ ရှေ့ ပြေးလူဦးရေစာရင်းကိုတော့ အတွဲ (၁) လို့ ခေါ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တခုစီရဲ့  အစီရင်ခံစာ (၁၅) ခု ပါဝင်တဲ့ သန်းခေါင်စာရင်း အတွဲ (၃) ကိုတော့ ရှေ့ နှစ်အစောပိုင်းလောက်မှာ ထုတ်ပြန်နိုင်မယ်လို့ သိရပါတယ်။ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့နဲ့ နိုင်ငံတကာက ကူညီလို့ အကောင်အထည်ဖော်နိုင်တာလို့ ဆိုပါတယ်။

သြစတြေးလျ (Australia), ဖင်လန် (Finland), နော်ဝေ (Norway), ဆွီဒင် (Sweden), ဂျာမဏီ (Germany), အီတလီ (Italy), ဆွစ်ဇလန် (Switzerland), ဗြိတိန် (Britain), အမေရိကန် (America) တို့ကလည်း နည်းပညာ၊ ငွေကြေးနဲ့ ပစ္စည်းကိရိယာတွေလည်း ကူညီထောက်ပံ့ကြောင်း သိရပါတယ်။ မဆလခေတ် (၂၆) နှစ်မှာ အထက်လူကြီးကြိုက်အောင် စာရင်းလိမ်ပြတာတွေ များလွန်တဲ့အတွက် မြန်မာအစိုးရရဲ့  စာရင်းဇယားကို ကမ္ဘာမှာ အယုံအကြည် မရှိကြပါဘူး။ စစ်အာဏာရှင်ခေတ် (၂၃) နှစ်မှာ စာရင်းဇယား ထုတ်ပြန်ကြေညာတာမျိုး မလုပ်ဘဲ ထင်သလိုလုပ်တဲ့အတွက် မြန်မာ့အခြေအနေကို ခန့်မှန်းရုံသာ လုပ်နိုင်ပါတယ်။ ဒါကြောင့် လက်ရှိ သန်းခေါင်စာရင်းကို ပထမဦးဆုံး နိုင်ငံတကာ စံချိန်မီစာရင်းလို့ ဆိုနိုင်ပါတယ်။

တိုးတက်ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ရာမှာ လူဦးရေ၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး စတဲ့ အခြေအနေတွေကို မှန်ကန်စွာ သိရှိနားလည်မှသာ အောင်မြင်နိုင်ပါတယ်။ ဒီနေရာမှာ သန်းခေါင်စာရင်းဟာ အလွန်အရေးကြီးပါတယ်။ အနှစ် (၅၀) စစ်အာဏာရှင် ကြီးစိုးမှုကြောင့် ဖြစ်ပေါ်လာတဲ့ လူမှုစီးပွားရေး ကွာဟမှုနဲ့ မညီမျှမှုတွေကို သန်းခေါင်စာရင်းက ပြသတာမို့ ပြဿနာဖြေရှင်းဖို့ ကြိုးပမ်းရာမှာ အများကြီး အထောက်အကူ ပြုပါတယ်။ စာရင်းကောက်ယူတဲ့ သီတင်းနှစ်ပတ်မှာ စာရင်းကောက်ခံသူ တသိန်းကျော်ဟာ နိုင်ငံတဝှမ်းက အိမ်ထောင်စုစုပေါင်း (၁၁) သန်းကျော်၊ လူဦးရေ (၉၈) ရာခိုင်နှုန်းကို တွေ့ဆုံပြီး စာရင်းပြုစုနိုင်ခဲ့ပါတယ်။ ရိုဟင်ဂျာအမည် ပြဿနာပေါ်တဲ့ ရခိုင်၊ ကချင်နဲ့ ကရင်ပြည်နယ်ဒေသအချို့ မှာ စာရင်းမကောက်ယူနိုင်တဲ့အတွက် လူဦးရေ (၂) ရာခိုင်နှုန်းဟာ ခန့်မှန်းချက် ဖြစ်ပါတယ်။

ဒါကြောင့်မို့ သန်းခေါင်စာရင်းမှာ ဖော်ပြတဲ့ မြန်မာနိုင်ငံရဲ့  လူဦးရေစုစုပေါင်း (၅၁) သန်းခွဲမှာ ခန့်မှန်းတဲ့လူဦးရေ တသန်းနှစ်သိန်းကျော်လည်း ပါဝင်နေပါတယ်။ ရခိုင်ပြည်နယ်မှာ ခန့်မှန်းတဲ့ လူဦးရေ တသန်းကျော်ရှိပြီး၊ ကချင်ပြည်နယ်မှာ လေးသောင်းကျော် ရှိပါတယ်။ ကေအိုင်အေ လက်အောက်က ကျေးရွာ (၉၇) ရွာမှာ စာရင်းမကောက်နိုင်ပါဘူး။ ကေအင်ယူ တပ်မဟာ (၅) ဌာနချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်မြို့ နယ်က ကျေးရွာအချို့ မှာ စာရင်းကောက်ယူခွင့် မရတဲ့အတွက် ကေအင်ယူ ပေးပို့တဲ့ လူဦးရေ (၇) သောင်းနီးပါးကို ခန့်မှန်းချေအဖြစ် ဖော်ပြထားပါတယ်။ ဒါကြောင့် လူဦးရေ သန်း (၅၀) နဲ့ နှစ်သိန်းကျော်ကိုသာ စာရင်းကောက်ယူနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၃၀) ကျော် မဆလခေတ် (၁၉၈၃) မှာ ကောက်ယူခဲ့တဲ့ လူဦးရေးထက်စာရင် (၄၆) ရာခိုင်နှုန်း ပိုမိုများပြားလာတာကို တွေ့ရပါတယ်။

ရန်ကုန်တိုင်းမှာ လူဦးရေ (၇) သန်း ရှိတာမို့ အများဆုံး ဖြစ်ပါတယ်။ တိုင်းပြည်လူဦးရေ (၁၄) ရာခိုင်နှုန်းဟာ ရန်ကုန်တိုင်းမျာ နေထိုင်ပါတယ်။ ဧရာဝတီတိုင်းနဲ့ မန္တလေးတိုင်းမှာ လူဦးရေ (၆) သန်းကျော်စီရှိပြီး၊ ရှမ်းပြည်နယ်မှာ လူဦးရေ (၆) သန်းနီးပါး၊ စစ်ကိုင်းတိုင်းမှာ (၅) သန်းကျော် ရှိပါတယ်။ ဒီတိုင်းနဲ့ ပြည်နယ် (၅) ခုမှာ တိုင်းပြည်လူဦးရေ (၆၀) ရာခိုင်နှုန်း နေထိုင်ပါတယ်။ ဒါပေမဲ့ မြို့ နေလူဦးရေဟာ ရန်ကုန်တိုင်းမှာ အများဆုံးဖြစ်ပြီး (၇၀) ရာခိုင်နှုန်း ရှိပါတယ်။ ဧရာဝတီတိုင်းမှာ မြို့ ပြနေထိုင်သူ (၁၄) ရာခိုင်နှုန်းရှိပြီး မန္တလေးတိုင်းမှာတော့ (၃၅) ရာခိုင်နှုန်း ရှိပါတယ်။ တပြည်လုံး ခြုံကြည့်လိုက်ရင်တော့ လူတရာမှာ (၃၀) သာ မြို့ ပြမှာ နေထိုင်ကြပြီး ကျေးလက်မှာ နေထိုင်သူ (၇၀) ရှိပါတယ်။ ရန်ကုန်တိုင်းတခုတည်းမှာသာ မြို့ နေလူဦးရေ (၇၀) ရာခိုင်နှုန်းနဲ့ တောနေလူဦးရေ (၃၀) ရာခိုင်နှုန်း ရှိနေပါတယ်။

အလုပ်လက်မဲ့ အများဆုံးဟာ ရခိုင်ပြည်နယ်ဖြစ်ပြီး၊ ကရင်ပြည်နယ်က ဒုတိယ၊ မွန်ပြည်နယ်က တတိယ အများဆုံး ဖြစ်ပါတယ်။ ပြည်တွင်းမှာ အလုပ်အကိုင် မကောင်းတာကြောင့် နိုင်ငံခြားထွက်ပြီး အလုပ်လုပ်သူ (၂) သန်းကျော်ရှိကြောင်း သိရပါတယ်။ ဒီအထဲမှာ (၇၀) ရာခိုင်နှုန်းက ထိုင်းနိုင်ငံမှာ ရောက်နေပါတယ်။ အရေအတွက်နဲ့ဆိုရင် ထိုင်းနိုင်ငံမှာ တသန်းခွဲ၊ မလေးရှားမှာ (၃) သိန်း၊ တရုတ်ပြည်မှာ (၉) သောင်း၊ စင်္ကာပူမှာ (၈) သောင်း၊ အမေရိကန်မှာ (၃) သောင်းခွဲ၊ အိန္ဒိယမှာ (၂) သောင်း၊ တောင်ကိုရီးယားမှာ (၁) သောင်း၊ ဂျပန်မှာ (၈) ထောင်နဲ့ အခြားနိုင်ငံတွေမှာ (၅) သောင်းလောက်ရှိကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ အိမ်ထောင်စု (၁၁) သန်းရှိတဲ့အနက် ဝါးအိမ်နဲ့နေတဲ့ မိသားစု (၄) သန်းကျော်ရှိပြီး တဲ့အိမ်မှာနေတဲ့ မိသားစုက (၄) သိန်းလောက်ရှိတာကြောင့် ဆင်းရဲတဲ့ အိမ်ထောင်စု လေးသန်းခွဲ ရှိတယ်လို့ ပြောနိုင်ပါတယ်။ အိမ်ထောင်စု (၄၀) ရာခိုင်နှုန်းဟာ ဆင်းရဲသားတွေပါ။ သစ်သားအိမ်မှာနေတဲ့ မိသားစုဦးရေကလည်း လေးသန်းခွဲလောက် ရှိပါတယ်။ ကွန်ဒို၊ တိုက်ခန်းနဲ့ တိုက်ခံအိမ်မှာနေတဲ့ အိမ်ထောင်စုက နှစ်သန်းနီးပါး ရှိပါတယ်။ ဒီအိမ်ထောင်စုတွေရဲ့  လျှပ်စစ်မီးသုံးစွဲမှု၊ သောက်သုံးရေနဲ့ မိလ္လာစနစ် စတာတွေကိုလည်း သန်းခေါင်စာရင်းမှာ တွေ့နိုင်ပါတယ်

Friday, June 19, 2015

DVB Live - ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောစကားအပေါ် တိုက်ရိုက်မေးမြန်းချက်

Published on Jun 18, 2015
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တချို့ရဲ့ တောင်းဆိုချက်တွေဟာ တို့တာဝန်အရေးသုံးပါးကို ထိခိုက်စေပြီး တိုင်းပြည် တည်ငြိမ် အေးချမ်းမှုကို ထိခိုက်စေတဲ့ လှုံ့ဆော်မှုတွေ တွေ့နေရတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဇွန်လ ၁၇ ရက်က နေပြည်တော်မှာ ကာကွယ်ရေးဦးစီးချုပ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး မစ္စတာ ခရစ္စတိုဖာဘာဂျီနာတို့ တွေ့ဆုံခိုက် ပြောကြားခဲ့တာပါ။




Type the rest of your post here.

အစိုးရတပ်က စည်းဖောက်တဲ့အတွက် တိုက်ပွဲဖြစ်တာ – ကေအိုင်အေ

By နန်းမြနဒီ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ အစိုးရတပ်ကြား ဇွန်လ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကေအိုင်အေ တပ်မဟာ ၂၊ တပ်ရင်း ၆ က တပ်ရင်းမှူး ဗိုလ်မှူး တန်ဆိုင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ကြားသိရပါတယ်။ ဘယ်လိုကနေ စဖြစ်တာပါလဲ။

“ဒီတခေါက်တိုက်ပွဲက ရှေ့တန်းစခန်းငယ်လေးတွေကို သူတို့လာတိုက်တယ်။ ကျနော်တို့က ကိုယ့်စခန်းမှာ ကိုယ်နေနေတဲ့ဟာကို သူတို့က လာတိုက်တာပါ။ အဲဒီကနေစပြီး ၃ ရက်ဆက်တိုက် မနေ့က ညနေ ၅ နာ၇ီအထိ ဖြစ်ခဲ့ပါတယ်။ ဒီကနေ့ (မွန်းလွဲ တစ်နာရီမေးမြန်းချက်) လောလောဆယ်တော့ ငြိမ်နေတယ်။”

တိုက်ပွဲက ဘယ်နေရာတွေမှာဖြစ်ခဲ့တာလဲ။

“လုံးခင်းနဲ့ ၁၀ မိုင်ကျော်လောက် ဝေးတဲ့နေရာမှာပါ။ ၁၅ ရက်နေ့ နေ့လယ် ၁ နာရီ ၄၅ ကနေ စဖြစ်တာ၊ မနေ့က ညနေ ၅ နာရီကျော်ထိ ဆက်တိုက်ပါပဲ။ ဖြစ်တဲ့နေရာကလည်း တော်တော်များပါတယ်။ ကျနော်တို့ တပ်ရင်း ၆ ဧရိယာ ပတ်ဝန်းကျင်မှာကိုက ၇ နေရာ၊ ၈ နေရာလောက်။ ပြီးတော့ ဖားကန့်နဲ့ မိုးကောင်းသွား ကားလမ်းအပိုင်းမှာရော ၃ နေရာ၊ ၄ နေရာလောက် တိုက်ပွဲဖြစ်သွားပါတယ်။”

ထိခိုက်ဒဏ်ရာရမှု အခြေအနေ။

“ဒါလောက်ထိ ပြင်းထန်တယ်ဆိုတော့ ထိခိုက်ဒဏ်ရာရမှုတော့ ရှိမှာပါ၊ နှစ်ဘက်လုံးပဲ။ ကျနော်တို့ဘက်က နှစ်ယောက် သုံးယောက် ဒဏ်ရာရပါတယ်။ ဟိုဘက်ကလည်း တော်တော်ဒဏ်ရာရတယ်လို့ ကြားတယ်၊ အတိအကျတော့ မသိပါဘူး။”

အခုက အစိုးရတပ်ရဲ့ ဘယ်တပ်ရင်းနဲ့ ဖြစ်နေတာလဲ။

“၄ ရင်းရှိတယ်။ တပ်ရင်း ၄ ရင်းနဲ့ တိုက်နေတာ။ ခမရ ၄၂၅၊ ခမရ ၄၂၂၊ ခမရ ၄၂၈ နဲ့ ခမရ ၄၂၄ အင်အား ၄၀၀ ကျော်။”

အဲဒီဖားကန့်ဘက်မှာ တိုက်ပွဲမဖြစ်တာ ကြာပြီနော်၊ အခုပြန်ဖြစ်နေတာ ဘာကြောင့်လဲ။

“လွန်ခဲ့တဲ့ ဧပြီလလောက်ကစ တိုက်ပွဲမရှိပါဘူး။ ကျနော်တို့လည်း အေးဆေးပါပဲ၊ ဌာနချုပ်ရဲ့ ညွှန်ကြားချက်လည်း ရှိတယ်လေ။ တိုက်ခိုက်မှု အရှိန်လျှော့ထားတယ်၊ စစ်ရေးတွေ ဘာမှမလုပ်ပါနဲ့ဆိုလို့ ကျနော်တို့လည်း ကိုယ့်စခန်းမှာ ကိုယ်နေနေတာ။ ဒါပေမယ့် သူတို့က စခန်းကို အလစ်အငိုက် ၀င်တိုက်တဲ့သဘောပါ၊ အဲဒါကနေ စဖြစ်တာ။ အစိုးရက သူတို့ပြောနေကျက နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ၀င်လာတာ။ အမှန်က ကျနော်တို့ဆီမှာ လူဆိုးသူခိုးမရှိဘူး၊ ဓားပြလည်းမရှိဘူး၊ ဒါလောက်ငြိမ်းချမ်းတဲ့နယ်မြေမှာ သူတို့နယ်မြေလာရှင်းတော့မှပဲ ထွက်ပြေးရတဲ့ အခြေအနေရောက်ရတယ်၊ ဒုက္ခရောက်တယ်၊ ရွာသူရွာသား ၁၀၀ လောက် ကျနော်တို့ဘက်ကို ထွက်ပြေးလာတယ်။ ကလေးတွေလည်း ပါတယ်။”

သူတို့က ဘယ်ရွာကလဲ၊ ဘယ်နေ့က ထွက်ပြေးကြတာလဲ။

“ဆိုင်းဂျာရွာရယ်၊ ဆွတ်ကျိုင်င်ရယ်၊ အောင်လင်းဆိုတဲ့ရွာက၊ မနေ့ နေ့လယ်က ရောက်လာတယ်။ ကျနော်တို့လည်း လုံခြုံတဲ့နေရာမှာ ထားပေးပါတယ်။ လမ်းကြောင်းအခြေအနေ ကောင်းရင်တော့ လုံးခင်းဘက်က ဒုက္ခသည်စခန်းကို ပို့ပေးမလို့ပါ။”

အခုနောက်ဆုံးအခြေအနေ ဘယ်လိုရှိလဲ၊ ငြိမ်သက်သွားပြီလား။

“ဒီမနက်တိုက်ပွဲမရှိဘူး၊ ဒါပေမယ့် ငြိမ်သွားပြီလို့တော့ ပြောလို့မရဘူး၊ နှစ်ဘက်လုံးက အဆင်သင့်ဖြစ်နေတာ၊ ဒီတိုင်းပဲ မနက်ပိုင်းငြိမ်ပြီဆို ညနေပိုင်းပြန်စ အဲဒါမျိုးပဲ ဖြစ်နေတာ။ သူတို့က အောင်လင်းဆိုတဲ့ရွာထဲမှာ ၀င်နေတာ၊ အဲဒီ အောင်လင်းတို့၊ ဆွတ်ကျိုင်တို့၊ ဆိုင်းဂျာတို့ဆိုတာ အရင်က ကျနော်တို့ထိန်းချုပ်မြေတွေ၊ အစိုးရတပ်နဲ့ ကျနော်တို့ တပ်ကြားမှာရှိတယ်။ အစိုးရတပ်က အတင်းဝင်တိုက်တော့ သူတို့လည်း ထွက်ပြေးရတာပေါ့။ ဘာပစ္စည်းမှ မယူနိုင်ဘူး။ တချို့က ဘုရားကျောင်း တက်နေရင်းနဲ့ စစ်တပ်ဝင်လာပြီ ဆိုတဲ့ခါ ဒီတိုင်း အ၀တ်တထည်ကိုယ်တခု ပြေးလာကြတာ။”

ဒီလိုဖြစ်နေတဲ့အပေါ်မှာ ကေအိုင်အေနဲ့အစိုးရ ပေါင်းပြီးဖွဲ့ထားတဲ့ ပဋိပက္ခ ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ကိုကော အကြောင်း မကြားဘူးလား။

“အကြောင်းကြားပါတယ်။ ဒါပေမယ့် ကျနော်တို့ဘက်က လိုက်နာပေမယ့် အစိုးရတပ်ဘက်က လိုက်မနာဘူးလေ၊ အဲဒါကြောင့် ထိတွေ့ပစ်ခတ်နေရတယ်။”

မနေ့က ဖားကန့်မှာ လုံခြုံရေးရဲကင်းတွေ ဗုံးနဲ့ အပစ်ခံရတယ်၊ အဲဒါ ရဲတပ်ဖွဲ့က ကေအိုင်အေလက်ချက်လို့ ပြောပါတယ်။ အဲဒီအတိုင်းပဲ ကေအိုင်အေက တကယ်လုပ်တာလား။

“ဒါနဲ့ပတ်သက်လို့ ကေအိုင်အေက လုပ်တယ်လို့တော့ တထစ်ချတော့ ပြောလို့မရဘူးခင်ဗျ။ တဘက်နဲ့တဘက် အစိုးရနဲ့ ကျနော်တို့ကြား ပဋိပက္ခပိုကြီးထွားအောင် တောမီးလောင် တောကြောင်လက်ခမောင်းခတ်ချင်တဲ့ လူတွေလည်း ရှိချင်ရှိမယ်။ တချို့က ကျနော်တို့ မတိုက်ခိုက်တာကို အားမရလို့ အခြေအနေ ဖန်တီးတာလည်းဖြစ်မယ်။ တချို့က တိုက်ပွဲဖြစ်ရင် ကုမ္ပဏီတွေ အလုပ်မလုပ်လို့ ရေမဆေးကျောက်ရှာရတာ ပိုလွတ်လပ်တယ်လို့ ပြောတာလည်း ရှိတယ်။ ဖားကန့်တခုလုံးမှာ ယမ်းတန်ချီထောင်ချီရှိတော့ လက်လုပ်ဗုံးဆို အလွယ်တကူလုပ်လို့ ရနေတာပဲလေ။”

နောက်ထပ် ဘာဖြည့်စွက်ပြောလိုပါသလဲ။

“မရှိတော့ပါဘူး၊ ဒီတိုက်ပွဲတွေဟာ အစိုးရတပ်ပိုင်းက စည်းဖောက်တဲ့အတွက်မို့ ဖြစ်ရတဲ့တိုက်ပွဲလို့ပဲ ပြောချင်ပါတယ်။

Wednesday, June 17, 2015

ကရင်အမျိုးသား အကြိုညီလာခံကို ဇူလိုင်လ ပထမအပတ်တွင် ကျင်းပရန် ဆုံးဖြတ်

ဇွန် ၁၆ရက်၊ ၂၀၁၅ခုနှစ်။ နန်းဝေဖြိုးဇာ

ကရင်တစ်မျိုးသားလုံး ညီလာခံကြီးကျင်းပနိုင်ရေးအတွက် အကြိုညီလာခံတစ်ခုကို လာမည့် ဇူလိုင် ၂ရက်နေ့မှ ၄ရက်နေ့အထိ ရန်ကုန်မြို့၊ MCC ခမ်းမတွင် ကျင်းပပြုလုပ်မည်ဟု ဇွန်လ ၁၂ရက်နေ့က ကရင်ပြည်နယ် ဖားအံမြို့၌ ပြုလုပ်သည့် ကရင်စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ-KUPC အစည်းဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

အစည်းအဝေးတွင် KUPC အဖွဲ့ဝင်နှင့်အတူ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ဘက်မှ ဖွဲ့စည်းထားသည့် ကရင်အမျိုး သားညီလာခံ ကျင်းပရေးကော်မတီအဖွဲ့(KNCPC)တို့က တက်ရောက်ပြီး ကရင်အမျိုးသား အကြိုညီလာခံကျင်းပနိုင်ရေးအတွက် အဓိကဆုံးဖြတ်ချက် ၃ခုကို ချမှတ်ခဲ့ကြကြောင်း KUPC ကော်မတီဝင်တစ်ဦးဖြစ်သူ စောကျော်စွာက ပြောသည်။

၎င်းက “ကျနော်တို့ အခုလုပ်တဲ့ အစည်းအဝေးက ကရင်အမျိုးသား ညီလာခံကျင်းပနိုင်ဖို့ KUPC ကလည်း ရည်ရွယ်ပြီး ဦးတည် ထားသလို KNU ကလည်း ညီလာခံတစ်ခုကျင်းပဖို့ ရည်ရွယ်ထားတာရှိတဲ့အတွက် အခုလုပ်တဲ့ဟာက KNU က ဖွဲ့စည်းတဲ့ ညီလာခံဖြစ်မြောက်ရေးကော်မတီနဲ့ ကျနော်တို့ဘက်ကနဲ့ ညှိနှိုင်းဆွေးနွေးပြီးမှ ကရင်အမျိုးသားအကြိုညီလာခံအကြောင်း ဆက် ဆွေးနွေးတာ ဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်အမျိုးသားအကြိုညီလာခံကို ဇူလိုင် ၂ရက်မှ ၄ရက်နေ့အထိတွင် ကျင်းပရခြင်း၊ ကေအဲန်ယူမှ ဖွဲ့စည်းထားသည့် KNCPC နှင့် IKO (ပြည်ပရောက်ကရင်အဖွဲ့အစည်း)နှင့်အတူ KUPC စသည့်ကရင်အဖွဲ့များက ယင်းအကြို ညီလာခံတွင် စာတမ်းတင်ခွင့် ရခြင်းနှင့် ကရင်အမျိုးသားညီလာခံကြီး မကျင်းပနိုင်သေးသည့် အချိန်ကာလတွင် အကြိုညီလာခံကို အကြိမ်ကြိမ် ကျင်းပသွား မည်ကို ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စာတမ်းတင်ရန်အတွက် KUPC မှ စာတမ်း ၆စောင်အပြင် KNCPC နှင့် IKO တို့မှ စာတမ်းတစ်စောင်စီတို့ကို ညီလာခံ တွင် တင်ပြသွားရန်လည်း ဆုံးဖြတ်ခဲ့သည်။

ဇူလိုင်လတွင် ပြုလုပ်သွားမည့် ကရင်အမျိုးသားအကြိုညီလာခံတွင် သက်ဆိုင်ရာ ကရင်အမျိုးသား အပါအ၀င် ကရင်လက်နက် ကိုင်အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့ခေါင်းဆောင်များ၊ ကရင်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်းလူဦးရေ ၄၀၀တက်ရောက်နိုင်ရန် စီစဉ်သွားမည်ဖြစ်သည်ဟု အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်းလည်း သိရသည်။

KNCPC တွင် ပါဝင်သည့် ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းမန်းက “ကရင်အမျိုးသားညီလာခံကြီး ကျင်းပနိုင်ဖို့ ကျနော်တို့အများကြီး ကြိုးစားရဦးမယ်။ ကရင်တစ်မျိုးသားလုံး အမျိုးသား သဘောတူညီချက် ပဋ္ဋိဉာဏ်ကိုတော့ ညီလာခံကြီး ကျင်းပမှ ရရှိမှာဖြစ်တဲ့အတွက် ကျင်းပနိုင်ဖို့က ကျနော်တို့ကြားထဲမှာ ဆောင်ရွက်နိုင်မယ့်အရာတွေ နှီးနှောဖလှယ်ပွဲသော်လည်း ကောင်း၊ အကြိုညီလာခံသော်လည်းကောင်း ဒါမှမဟုတ် ဆွေးနွေးညှိနှိုင်းပွဲသော်လည်းကောင်း ကျနော်တို့ အများကြီး ပြင်ဆင် ဆောင်ရွက်ရမယ်”ဟု ဆိုသည်။

အကြိုညီလာခံမှ ရရှိလာမည့် ဆွေးနွေးချက် ရလဒ်များကို တိုင်းဒေသအလိုက်၊ ပြည်နယ်ဒေသအလိုက်နှင့် ကေအဲန်ယူအုပ်ချုပ် သည့်နယ်မြေ တပ်မဟာ ၇ခု၌လည်း ပြန်လည်ချပြမည်ဖြစ်ပြီး လိုအပ်ပါက သင့်တော်သည့် နေရာဒေသများတွင် အကြိုညီလာခံ ဆက်လက် ပြုလုပ်သွားမည်ဖြစ်သည်ဟုလည်း ပဒိုမန်းမန်းမန်းက ဆက်ပြောသည်။

KUPC ကို ၂၀၁၃ခုနှစ်တွင် စတင်ဖွဲ့စည်းထားပြီး ကော်မတီဝင်ထဲတွင် ကရင်တိုင်းရင်းသားလက်နက်ကိုင်များ၊ ဘာသာရေးခေါင်း ဆောင်များ၊ ကရင်တိုင်းရင်းသား ရေးရာဝန်ကြီးများ၊ ကရင်နိုင်ငံရေးပါတီများနှင့် ကရင်လူမှုအဖွဲ့အစည်းတို့ ပါဝင်လျှက်ရှိသည်။ ကရင်အမျိုးသား အကြိုညီလာခံကျင်းပနိုင်ရေးအတွက် ယခုနှစ်၊ မေလက ပဲခူးမြို့၌ ပြုလုပ်သည့် ပဉ္စမအကြိမ် KUPC အစည်းအ ဝေးတွင် ဆွေးနွေးခဲ့သေးသည်။

Monday, June 15, 2015

ကိုးကန့်ဒေသ တိုက်ပွဲပြန်ဖြစ်

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့က မြန်မာအစိုးရနဲ့ဖြစ်နေတဲ့ တိုက်ပွဲတွေကို တဘက်သတ် အပစ်ရပ်ပါတယ်လို့ ကြေညာပြီးချိန်မှာပဲ ကိုးကန့်တပ်စခန်းကို မြန်မာအစိုးရတပ်တွေဘက်က နှစ်ရက်ဆက်တိုက် မြေပြင်တပ်တွေရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ကိုးကန့်တပ်ဘက်က ပြောပါတယ်။ MNDAA ဘက်က တဘက်သတ် အပစ်ရပ်လိုက်ပြီလို့ ကြေညာလိုက်တဲ့အပေါ် အိမ်နီးချင်း တရုတ်နိုင်ငံက ကြိုဆိုလိုက်ပြီး ပဋိပက္ခ အဆုံးသတ်ဖို့ နှစ်ဘက်တွေ့ဆုံ စကားပြောကြပါလို့ တိုက်တွန်းနေချိန်မှာပဲ အခုလို တိုက်ပွဲတွေပြန်ဖြစ်တာပါ။ ကိုးကန့်ဒေသစစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ နောက်ဆုံးရသတင်းတွေကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကစလို့ လေးလကျော် ကိုးကန့်တပ်နဲ့ မြန်မာအစိုးရတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်မှာတော့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ကိုးကန့်လက်နက်ကိုင်တပ်ဘက်က ဇွန်လ (၁၀) ရက်နေ့ ည ၁၂ နာရီကစလို့ တဖက်သတ် စစ်ရပ်စဲကြောင်း ကြေညာချက်ထုတ်ခဲ့တာပါ။ ကိုးကန့်တပ်ဘက်က တဖက်သတ်စစ်ရပ်စဲခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ ကိုးကန့်ဒေသလောက်ကိုင်ဘက်မှာ အစိုးရတပ်ဘက်က မြေပြင်တပ်နဲ့ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်လို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေပြန်ဖြစ်တယ်လို့ ကိုးကန့်တပ်ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ဗမာ့တပ်မတော်ဘက်ကနေပြီးတော့မှ ထိုးစစ်ဆင်ပါတယ်။ လက်နက်ကြီးနဲ့ပစ်တယ်၊ ပြီးတော့ မြေပြင်ကြည်းတပ်လည်းထိုးပါတယ်ခင်ဗျ။ ဒီနေ့လည်း ထိုနည်းလည်းကောင်းပါပဲခင်ဗျ။ နယ်စပ်မဏ္ဍိုင်မှတ်တိုင် (၁၁၁) ရဲ့မြောက်ဘက်မှာပါ။ လောက်ကိုင်မြို့နယ်ထဲမှာပါ။ မနေ့တုန်းကတော့ နှစ်ကြိမ် ကြည်းတပ်နဲ့သူတို့ ထိုးပါတယ်။ ထိုးစစ်ဆင်ပါတယ်။ ဒီနေ့လည်း ကျနော်သိသလောက်ကတော့ အခုထိ ဖြစ်နေတုန်းပဲ-လို့ ကျနော်သိရတယ်။ ကျနော်တို့ တဖက်သတ် အပစ်ရပ်စဲတာ ကြေညာပြီးတဲ့နောက်ပိုင်း သူတို့ကနေ စပြီးတော့ ပစ်တာပါ။ ရှင်းပါတယ်။ သူတို့က ကျနော်တို့ရဲ့ကြေညာချက်ကို စစ်ရေးနဲ့တုံ့ပြန်တာဖြစ်ပါတယ်။”

တရုတ်-မြန်မာနယ်စပ်အနီး ကိုးကန့်ဒေသထဲ ဖြစ်ပွားခဲ့တဲ့ပြင်းထန်တဲ့ နှစ်ဘက်ရင်ဆိုင်တိုက်ပွဲတွေကြောင့် တရုတ်မြန်မာနယ်စပ်နဲ့ တရုတ်နိုင်ငံ နယ်နိမိတ်ထဲအထိ ထိခိုက်မှုတွေဖြစ်ခဲ့တဲ့အတွက် တရုတ်အစိုးရဘက်က တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ပြင်းပြတဲ့ တောင်းဆိုမှုကြောင့် ရပ်စဲတာဖြစ်တယ်လို့လည်း MNDAA ကိုးကန့်တပ်ဘက်က ကြေညာချက်ထဲ ထည့်သွင်းခဲ့ပါတယ်။ အခုလို ကိုးကန့်တပ်ဘက်က တဖက်သတ် စစ်ရပ်စဲမှုအပေါ်ကိုလည်း တရုတ်အစိုးရက ကြိုဆိုကြောင်းနဲ့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းပြီး ပုံမှန်အခြေအနေပြန်ရောက်စေရေး ပဋိပက္ခတွေ အဆုံးသတ်ဖို့ နှစ်ဘက်တွေ့ဆုံစကားပြောကြပါလို့လည်း တရုတ်ဘက်က တိုက်တွန်းခဲ့ပါတယ်။

တရုတ်အစိုးရဘက်က ဒီလို တိုက်တွန်းနေချိန်မှာပဲ အခုလို ကိုးကန့်တပ်တွေကို အစိုးရတပ်ဘက်က တိုက်ခိုက်နေတဲ့အပေါ် တရုတ်နိုင်ငံအခြေစိုက် မြန်မာ့စစ်ရေးအကဲခတ် ဒေါက်တာ လှကျော်ဇောက အခုလိုသုံးသပ်ပါတယ်။

“ကျမကြည့်တာတော့ ဗမာ့တပ်မတော်ဘက်က စစ်အေးချင်ပုံမရပါဘူး။ ငြိမ်းချမ်းရေးရချင်ပုံမရပါဘူး။ ဒါကြောင့်မို့လို့ သူတို့က စစ်မီးတွေကို တကွက်ပြီး တကွက် ဖော်နေတာ။ ကိုးကန့်ဘက်ကတော့ သူတို့ရဲ့ရည်ရွယ်ချက်က သူတို့အနေနဲ့ နိုင်ငံရေးနေရာလေးတနေရာ ပြန်ရဖို့ပဲ စဉ်းစားတာဖြစ်တာကိုး။ ဒါကြောင့်မို့လို့ သူတို့ တဖက်သတ် စစ်ရပ်စဲရေးတွေ၊ ဘာတွေလုပ်တာလည်း သူတို့ပြောတဲ့အတိုင်းပဲလေ၊ တရုတ်ပြည်ရဲ့ဖိအားလည်းပါတာပေါ့၊ အဲဒါကြောင့်လုပ်တာ။ ဒါပေမယ့် ဗမာအစိုးရ၊ ဗမာ့တပ်မတော်ကတော့ ပြည်တွင်းစစ်နဲ့ပဲ သူတို့က ဒီလိုပဲ ဆက်သွားချင်တယ်နဲ့တူပါတယ်။ ဒါကြောင့်မို့လို့ ပြန်ပြီးတော့ ရန်စလာတာပဲနဲ့တူပါတယ်။ တရုတ်ပြည်ဘက်ကတော့ သူ့ဘက်ကိုဝင်မလာရင်ပြီးတာပဲလေ၊ ဗမာပြည်ရဲ့ပြည်တွင်းစစ်အခြေအနေဟာ သူ့ဘက် ဖိတ်စင်ကျမလာရင်ပြီးတာပဲ၊ ဒီအတွက်လည်းသူက တော်တော် ပြင်ပြင်ဆင်ဆင် လုပ်ထားပြီးပါပြီ။ အဲဒါကြောင့်မို့လို့ ပြည်တွင်းရေး ဝင်မစွက် ရေးတို့၊ ဘာတို့ ညာတို့ကလည်း ရှိသေးတဲ့အတွက် သူတို့ ဒီထက်ပိုပြီး ပါဝင်လာနိုင်တယ်လို့တော့ လောလောဆယ်မှာပေါ့ သိပ်မထင်ရသေးပါဘူး။”

မြန်မာအစိုးရဘက်ကတော့ ကိုးကန့်တပ်ဘက်က တဖက်သတ်အပစ်ရပ် ကြေညာချက်အပေါ် စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ပြောဆိုခဲ့ပြီးနောက်မှာ အခုလို ကိုးကန့်တပ်ကို မြန်မာစစ်တပ်ဘက်က စစ်ရေးနဲ့တုံ့ပြန်မှုပြုတာကတော့ နယ်မြေတည်ငြိမ်အေးချမ်းရေး အစိုးရဘက်က လိုလားပုံမရဘူးလို့ ကိုးကန့်တပ်ဘက်က အခုလိုတုံ့ပြန်ပါတယ်။

“ကျနော်တို့ ခံစားရတာပေါ့ဗျာ။ စိတ်မကောင်းဘူးဗျ။ ဆိုလိုတာက ကျနော်တို့လည်း ကြေညာပြီးသားပါ။ နောက်ပြီးတော့ ကျနော်တို့ကို တုံ့ပြန်မှုပေးတဲ့ အချိန်မှာ သူတို့က စစ်ရေးနဲ့တုံ့ပြန်တာကိုပဲ ကျနော်တို့က နားလည်ပါတယ်။ အပြုတ်တိုက်မယ်၊ ချေမှုန်းမယ်၊ အဲလိုပဲ စွဲကိုင်နေတုန်းပဲနေမှာပါ။ ကျနော်တို့အနေနဲ့ကတော့ ကိုယ့်ကိုကိုယ်ကာကွယ်တာကတော့ ပြုလုပ်ရမှာပါ။ ဒါပေမယ့် ဒီ ဗမာ့တပ်မတော်ဘက်ကနေ ထိုးစစ်မဆင်ဘူးဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ ပြီးတော့ သေကြ….ဒုက္ခရောက်နေတဲ့အတွက် ကျနော်တို့က ကြည့်ပြီးတော့ ကြေညာရတာဖြစ်ပါတယ်။ တဘက်က အဲဒီလို response ကို အဲလိုမလာဘူးခင်ဗျ။ စစ်ရေးနဲ့ပဲပြန်လာပါတယ်ခင်ဗျ။”

အခုလို ကိုးကန့်ဒေသထဲမှာ ကိုးကန့်တပ်နဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေဖြစ်နေချိန်မှာပဲ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် အနောက် တောင်ဘက် ဟွေ့အာကျေးရွာအုပ်စုထဲ အခြေချတဲ့ UWSA ဝတပ်ဖွဲ့နဲ့ အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ် လားဟူအဖွဲ့တို့ကြား ဇွန်လ ၁၁ ရက် ညနေပိုင်းကစလို့ ကတုတ်ကျင်းတည်ဆောက်မှုနဲ့ပတ်သက်ပြီး နှစ်ဘက်တပ်တွေ တပ်ဖြန့်ချ အသင့်နေရာယူထားပြီး တင်းမာမှုတွေဖြစ်နေပါတယ်။ ဒါဟာ ဝတပ်ဖွဲ့တွေနဲ့ အစိုးရတပ်ကြား သစ်ခိုးထုတ်မှုနဲ့ စစ်ရေးတင်းမာမှုဖြစ်ပြီးနောက် ဒုတိယအကြိမ် ထိပ်တိုက်တွေ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် မိုးတုံနဲ့ ပုံပါကျင်ဒေသတွင်း ဒေသခံပြည်သူတွေကို ခရီးသွားလာမှုဆိုင်ရာ သတိထားကြဖို့ သတိပေးမှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။ အခုလို ကိုးကန့်၊ ဝ တပ်တွေနဲ့ မြန်မာအစိုးရတပ်ကြား စစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့အပေါ် ဒေသတွင်းတည်ငြိမ်ရေးနဲ့ အသက်အန္တရာယ် လုံခြုံရေး ဒေသခံပြည်သူတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
http://m.burmese.voanews.com/a/2820528.html

Sunday, June 14, 2015

၂၀၁၅ခုနှစ်အတွင်း KNLA ဗဟိုဆေးဌာနမှ မျက်စိဝေဒနာရှင် ၂၀၀ကျော် ခွဲစိတ်ကုသမှုပေးနိုင်ခဲ့

ဇွန် ၁၃ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး - ကေအိုင်စီသတင်း

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဗဟိုဆေးဋ္ဌာနမှ စောနေဆဲ ဦးဆောင်ပြီး နယ်မြေခံ ဆေးလုပ်သားများဖြင့် ကရင်အမျိုးသာအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်နယ်မြေ၏ တပ်မဟာသုံးခုရှိ ဒေသခံ မျက်စိဝေဒနာရှင်များအား မျက်စိခွဲစိတ် ကုသမှုကို၂၀၁၅ခုနှစ် ဇန်န၀ါရီလမှစ၍ ယခုဇွန်လအထိ မျက်စိဝေဒနာရှင် ၂၀၀ကျော်ကို ကုသမှုပေးနိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါခွဲစိတ်ကုသမှုကို ဇန်န၀ါရီလ ၂၉ရက်မှ ဖေဖောဝါရီလ ၇ရက်နေ့တွင် ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေရှိ မျက်စိဝေဒနာ ရှင် ၆၂ဦး၊ မတ်လ ၂၃ရက်မှ ဧပြီလ၂၀ရက်နေ့တွင် တပ်မဟာ(၅)နယ်မြေရှိ မျက်စိဝေဒနာရှင် ၁၀၀ဦး၊ မေလ ၁၃ရက်မှ ၂၀ရက် နေ့တွင် တပ်မဟာ(၆)နယ်မြေရှိ မျက်စိဝေဒနာရှင် ၄၂ဦးနှင့် ဇွန်လ ၁ရက်မှ ၇ရက်နေ့အထိတွင် ထို့ကော်ကိုးဒေသရှိ မျက်စိဝေဒ နာရှင် ၅၀ဦးခန့်ကို ခွဲစိတ်ကုသခဲ့ပြီးဖြစ်သည်။

စောနေဆဲက “ကျနော်တို့သွားရောက်ကူညီကုသတာဟာ အဓိကအားဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲ ပြီးတော့ မြို့ပေါ်တက် ဆေးကုသမှု မခံယူနိုင်တဲ့လူတွေဖြစ်တယ်။ တချို့ဆိုရင် သူတို့ရဲ့မျက်စိဝေဒနာကို မကုစားနိုင်ဘဲ အမှောင်အတိဖြစ်နေတဲ့ အမြင် အာရုံနဲ့ပဲ နေနေကြရတဲ့အပေါ်မှာ မျက်စိခွဲပေးတာ၊ မျက်မှန်ဝေငှပေးတာနဲ့ အသိပညာပေးတာမျိုးနဲ့ ကူညီကုသခဲ့တယ်”ဟု ကေ အိုင်စီသို့ ပြောသည်။
အဆိုပါ မျက်စိခွဲစိတ်ကုသမှုကို ယခုနှစ်အတွင်း ကရင်ပြည်နယ်ရှိ ကေအဲန်ယူထိန်းချုပ်နယ်မြေမှ မျက်စိဝေဒနာရှင် ၅၀၀ဦးခန့်ကို ကုသမှုပြုသွားရန် ရည်ရွယ်ထားပြီး ကုသပြီးစီးခဲ့သည့် ကုန်ကျမှုစရိတ်နှင့် အထောက်အကူပြု ကိရိယာတချို့ကို Free Burma Ranger – FBR မှ ကူညီထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး ကျန်ဝေဒနာရှင်များအတွက် အကူအညီများ လိုအပ်နေသေးကြောင်းလည်း စော နေဆဲက ဆက်ပြောသည်။

ကော့ကရိတ်မြို့နယ်၊ ညောင်ကုန်းကျေးရွာသူ နော်အောင်မြေက “ကျမအရင်တုန်းက မျက်စိမခွဲခင်အချိန်မှာဆိုရင် မျက်စိက ကြည့်လို့မြင်လို့ မကောင်းဘူး။ ဒါပေမဲ့ အခုခွဲစိတ်ပြီးသွားတဲ့နောက်မှာတော့ အတော်လေးကို အမြင်အာရုံကောင်းလာသလို ငယ်ရွယ်တဲ့အချိန်ကလိုပဲ ခံစားမိတယ်။ အရမ်းကိုလည်း ပျော်ရွှင်ဝမ်းသာမိပါတယ်။ ဒီလိုအမြင်အာရုံကောင်းလာအောင် လာ ရောက်ကုသပေးတဲ့ ဆရာတို့ကိုလည်း အရမ်းပဲကျေးဇူးတင်မိပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူ တပ်မဟာနယ်မြေသုံးခုဖြစ်သည့် တပ်မဟာ(၅)၊ တပ်မဟာ(၆)နှင့် တပ်မဟာ(၇)နယ်မြေများသို့ အဆိုပါ မျက်စိဝေဒ နာရှင်များအား ခွဲစိတ်ကုသမှု လိုက်လံဆောင်ရွက်သည့် အစီအစဉ်ကို ၂၀၁၃ခုနှစ်မှစတင်၍ ယခု ၂၀၁၅ခုနှစ်အထိ မျက်စိဝေဒ နာရှင်ပေါင်း ၄၀၀ကျော်ကို KNLA ဗဟိုဆေးဋ္ဌာနက ခွဲစိတ်ကုသမှုပြုခဲ့ပြီးဖြစ်သည်။