ondragstart="return false" onselectstart="return false"

Friday, February 19, 2010

ကော့ကရိတ်မြို့ ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၁၁ဦး ထိခိုက်သေဆုံး

တော်တော်ယုတ်မာတဲ့ နအဖ စစ်ခွေးတွေ။ ခုတလောဗုံးတွေ ၀၊ ရှမ်း၊ ကရင်၊ မွန် နယ်တွေမှာ ဆက်တိုက်ဖေါက်တယ်။ ဗုံးပေါက်ကွဲတိုင်း ဒီလူတွေ နီးစပ်ရန်တိုင်းရင်းသား တော်လှန်ရေးသမား တွေကို လက်ညိုးထိုးတယ်။ ကရင်နှစ်သစ်ကူးပွဲမှာတုန်းက ဖန်ပွန်မြို့ မှာမိုင်းခွဲပြီး ကေအဲန်ယူ ကို အပြစ်ပုံတယ်။ ကရင်လူထုတွေက ကေအဲန်ယူကို မထောက်ခံအောင် နိုင်ငံရေးအရသူတို့ လူထုကို မိုင်းခွဲသတ်တယ်။ သေနေကြဒါက အပြစ်မဲ့ ဘာမှမသိတဲ့ ကရင်လူထုတွေ။ အခုလာပြန်ပြီ ကော့ကရိတ် ဗုံးပေါက်မှု။ အပြစ်မဲ့ကရင်လူထုတွေ အသလွတ်သေကြေဒဏ်ရာရကြပြန်ပြီ။ ဒီကော့ကရိတ်ဗုံးပေါက်မှုက တော့ရှင်းရှင်းလေးပဲ ပေါ်နေပါ၏။ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား ဗမာပြည်မှာ ခုချိန်ရှိနေတယ်။ မိုင်းတွေနအဖ ကဆက်တိုက်ခွဲပြလိုက်တယ်။ ရည်ရွယ်ချက်က မစ္စတာကင်းတားနားကို အမြန်ပြန်မောင်းထုတ်လိုသလို စစ်ကွန်ဘ၀မှလွတ်မြောက်ဖို့ အတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားအဖွဲ့ အစည်းတွေကို အကြမ်းဖက်သမားအတွေ အဖြစ်တံဆိပ်ခတ်ရန် ရည်ရွယ်ချက်ရှိရှိနဲ့ နအဖ လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။
စဉ်းစားကြည့်ပေါ့ဗျာ..မစ္စတာကင်တားနား ၂၀၀၉ ဖေဖေါ်ဝါရီမှာ ဗမာပြည်ကို လာတုန်းက မြ၀တီ ခရီးစဉ်မှာ မြ၀တီမြို့ လက်နက်ကြီးပစ်ခတ်ခံရဒါကိုပဲကြည့်ပါ။ထိုအချိန်က သူတို့ ပဲဖန်တီးထားပြီး ကေအဲန်ယူကို အပြစ်ပုံတယ်။ အခုလည်းဘာတွေထူးခြားလည်း?? ပုစ္ဆာရဲ့အဖြေက သိပ်ပြီးရှင်းမနေဘူးလား? နအဖ စစ်ခွေးလူယုတ်မာတွေ မင်းတို့ နိုင်ငံရေးကို အမြတ်ထုတ်လို၍ လူထုကို ဘယ်လိုပဲ အာရုံလွဲပြောင်းနေပေစေ လူထုတွေက ငတုံးတွေမဟုတ်ဘူးဆိုဒါ သဘောပေါက်ပါ။ မင်းတို့ မိုင်းခွဲလို့ သေနေဒါက အပြစ်မဲ့ပြည်သူတွေ..ဒီလောက်မိုင်းခွဲခြင်ရင် ခင်ဗျားတို့ စစ်တန်းလျားမိသားစုကြားမှာ မိုင်းတစ်လုံးလောက်ခွဲကြည့်ကြပါလား. ပြီးရင်အဲဒီသေကြေပျက်စီးတဲ့ မြင်ကွင်းလေးကို ကြည့်ပြီးအရသာမြီးစားကြည့်စမ်းပါ။ ကိုယ်ချင်းစားတရားရှိအောင်လို့ ခိုင်းကြည့်ဒါပါ။ မင်းတို့ တွေ အပြစ်မဲ့ပြည်သူအပေါ် ယုတ်မာနေဒါ သိပ်များလွန်းနေပြီ စစ်မိစ္ဆာကောင်တို့ ရေ…..။


ဖေဖော်ဝါရီလ ၁၉ရက်။ စောထွန်းနိုင် (ကေအိုင်စီ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့၌ ယနေ့ နေ့လည်ပိုင်းတွင် ဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် အရပ်သား ၉ဦး ဒဏ်ရာရရှိကာ ၂ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
ထိုပေါက်ကွဲမှုနှင့်ပတ်သက်၍ ကော့ကရိတ်မြို့ခံတစ်ဦးက “ဒီနေ့ ကော့ကရိတ်မြို့ နာရီစင်အနီးမှာ ဗုံးတလုံး အရင် ပေါက်ကွဲ တာ အရပ်သား သုံးဦးဒဏ်ရာရရှိပြီး နှစ်ဦးကတော့ ပွဲချင်းပြီးသေဆုံးသွားတယ်။ အဲလိုပေါက်ကွဲပြီး နောက် ဆယ်မိနစ်ကြာ တော့ ရဲစခန်းအနီးမှာ ဗုံးနောက်တလုံး ထပ်မံပေါက်ကွဲသေးတယ်။ အဲဒီမှာတော့ သေဆုံးသူ မရှိပေမဲ့ ၆ဦးတော့ ဒဏ်ရာရသွား တယ်”ဟု ကေအိုင်စီကို ပြောသည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသူများကို ကော့ကရိတ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၎င်းဗုံးပေါက်ကွဲမှုမှာ ကရင်အမျိုးသားအ စည်းအရုံး(ကေအဲန်ယူ)၏ လက်ချက်ဖြစ်သည်ဟု ကော့ကရိတ်ရှိ ရဲအသိုင်းအ၀ိုင်းက ပြောဆိုနေကြကြောင်း အဆိုပါ ကော့က ရိတ်မြို့ခံက ပြောသည်။
ကေအဲန်ယူ ဒူးပလာယာခရိုင် အတွင်းရေးမှူး စောလစ္စတန်က “ကရင်ပြည်နယ်မှာ ဗုံးပေါက်ကွဲတိုင်း နအဖက ကေအဲန်ယူကို စွပ်စွဲနေတာ သူတို့ လုပ်ရိုးလုပ်စဉ်ပဲ။ ဒီဖြစ်ပွားမှုဟာ ကျနော်တို့နဲ့ မဆိုင်ပါဘူး။ လူထုကို ထိခိုက်စေမယ့် အဲဒီလိုလုပ်ရပ်မျိုး လုံးဝ မလုပ်ဖို့ ကျနော်တို့ အောက်ခြေက လူတွေကို ညွှန်ကြားထားပြီးသားပါ”ဟု ကေအိုင်စီကို ပြောသည်။
လွန်ခဲ့သည့် ဇန်န၀ါရီလ ၂၆ရက်နေ့ ကရင်ပြည်နယ် ကျောက်ကြီးမြို့နယ်မှ ဗုံးပေါက်ကွဲမှုနှင့် လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဒီဇင် ဘာလ ၁၆ရက်နေ့က ဖာပွန်မြို့ရှိ ကရင်နှစ်သစ်ကူးပွဲတော်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာတွင် ကေအဲန်ယူ၏လက်ချက် ဖြစ်သည်ဟု နအဖက တဖက်သတ် စွပ်စွဲခဲ့သည်။
ယခုရက်ပိုင်းသည် ကုလသမဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား မြန်မာနိုင်ငံ ရောက်ရှိနေချိန်ဖြစ်သလို အလားတူ ၂၀၀၉ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ကလည်း မစ္စတာကင်တားနား မြန်မာ့ခရီးစဉ်အ တွင်း ကရင်ပြည်နယ်သို့ လာရောက်ခဲ့စဉ်က မြ၀တီမြို့၌ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုမှာလည်း ကေအဲန်ယူ လက်ချက်ဖြစ် သည်ဟု နအဖက သတင်းထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment