ondragstart="return false" onselectstart="return false"

Saturday, April 17, 2010

အမေရိကရောက် ကရင်တွေ ဘယ်လိုဆုံးဖြတ်ကြမလဲ

အမေရိကမှာ (၁၀)နှစ်ကြာရင် တကြိမ်စီ ပြုလုပ်တယ် သန်းခေါင်စာရင်း(လူဦးရေ) ကေါက်ယူတဲ့ အစီစဉ်ကို ဒီနှစ်(၂၀၁၀)အေဗြီလမှာလုပ်ဆောင်ဖို့ဖြစ်တယ် အခုကစပြီး အမေရိကန်အစိုးရက သန်းခေါင်စာရင်းဖေါင်
စာရွက်ကိုစာတိုက်ကတဆင့် အိမ်တိုင်းသို့စတင်ပို့ပေးနေပါတယ်။ ဒီဖေါင်ကို ဖြည့်ပြီးရင် စာတိုက်ကမှ ပြန်ပို့ပေးရမယ်ဖြစ်ပါတယ်။

ရွှေကရင်တွေက ဒီအချိန် အမေရိကမှာ ဒေါ်လာသုံးပြီး အိပ်ကောင်းတိုင်းအိပ် စားကောင်းတိုင်းစား နေတုန်းပဲလား။ တဆက်တည်းမှာ ဗမာ(မြန်မာ)တွေက အမေရိကမှာ ဗမာအမည်ပေါက်ဖို့  အတွက်စည်းရုံးလှု့ဆော်နေတာကိုတွေ့နိုင်ပါတယ်။ ဗမာတမျိုးတည်းနဲ့ သူတို့တွေ မှန်းထားတယ် အဆင့်ထိမရနိုင်တဲ့အတွက်အခြားလူမျိုးတွေကိုပါ Burmese အဖြစ်ဖြည့်ပေးဖို့  လှုပ်ဆော်နေကြတယ်။ ဗမာတွေကတော့ ဘယ်နိုင်ငံသားဖြစ်ကြောင်း ကေါက်ခံတာလို့ပြောနေကြပါတယ်။

ဘယ်နိုင်ငံသားဖြစ်ကြောင်းကေါက်ခံတာမဟုတ်။ လူမျိုးကို ( Race)ကေါက်ခံခြင်းရာဖြစ်တယ်။ ဒီလိုရတဲ့ အခွင့်အလမ်းမှာကရင်ဆိုတဲ့အမည်ကိုအမေရိကမှာပေါက်အောင်လုပ်ဖို့လား.။ဗမာ(burmese)ပေါက်အောင်အား ပေးဖို့လားဆုံးဖြတ်ကြပါ။၊ ကရင် အတွက်လို့စဉ်းစားဖြစ်ရင် Karen လို့တညီတညွတ်တည်းထည့်ရင် ကောင်းမယ်ထင်ပါတယ်။ တယေက်တမျိုးထည့်ရင်မကောင်းပါ။

အမေရိကမှာ Hmoong လူမျိးအမည် ပေါက်လာတာကို အတုယူကြပါ ။ Hmoong (မုန်းလူမျိုး) က Thai or Lao လို့ မခံခဲပါ။

ဒါကြောင့်အခြားလူတွေ မသိရင်လည်း အမေရိကန်အစိုးရ သိတယ် ဆိုတာကို သန်းခေါင်စာရင်းဖေါင်စာရွက်မှာပါ ထည့်ထားတာက မျက်မြင်ပါရာ။ ကရင်စာရင်းပေါက်ဖို့အတွက် ဗမာလာလုပ်ဖို့မဟုတ်ရင်။ တချိုန်ကရင်တွေကတော့ ဗမာကို ပထမဦးစားပေးရင် သူတို့တွေရတဲ့ အခွင့်အလမ်းကမှတဆင့်တောင်းခံဖို့စဉ်းစားကြပါလို့ ပြောချင်ပါတယ်။ ဒီနေရာမှာ
တခုစဉ်းစားစရာက အမေရိကမှာဗမာတွေအမည်ပေါက်ပြီးနောက်ပိုင်း အခြားလူမျိုးတွေကို ဂရုစိုက်ဖို့လို့ထင်ကြသလား။

ကမ္ဘာမှာ ကရင်လူမျိုးရှိနေကြောင်းပြသနိုင်တယ် အခွင့်အလမ်းကို အမေရိကရောက်ကရင်တွေက ဘယ်လိုအသုံးပြုကြဖို့လည်း ဆိုတာကိုစောင့်ကြည့်ရဖို့ဖြစ်တယ်။ ဒီအလုပ်ကို ဘယ်သူက ဦးဆောင်းမှာလည်း ဘယ်အဖွဲ့အစည်းက ဦးဆောင်းမှာလည်း ဆိုတာကို ရွှေကရင်တွေ ဘယ်လိုစဉ်းစားထားပါသလဲ။ ဒီဖေါင်စာရွက်ကို အမည်တပ်ပြီးရင် ပို့ပေးတာမဟုတ်ပါ။ Residents ဆိုခေါင်းစဉ်နဲ့ Homes and Apartments တို့လိပ်စာတွေကိုပို့ပေးတာဖြစ်တယ်။

ကရင်ဆိုတာကိုတယောက်တမျိုးထည့်ရင် လူမျိုးပျောက်လိမ့်မယ်။ AmericanုKaren ထည့်လိုက်ရင် အားလုံးသူ Karen ဖြစ်လားကြဖို့ အကြံပြု တိုက်တွန်းပါတယ်။ ကရင်ဆိုတာကို သိစေဖို့အတွက် ရောက်နေရာကဖေါ်ထုတ်ပေးကြပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်။

နန်းယမင်းဝေ (or) နန်းဝေဝေ

အီးမေးမှတဆင့်ပေးပို့ လာသော နန်းယမင်းဝေ အား အထူးကျေးဇူးတင်ပါသည်။

No comments:

Post a Comment