ondragstart="return false" onselectstart="return false"

Saturday, December 4, 2010

လူ့ အခွင့်အရေးချိုးဖေါက်မှုသတင်း

တပ်မဟာ(၂)

တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် 1/12/2010 နေ့ ၌ ဖလေးဆာလိုရွာနေ ရန်သူခလရ(၁၀၂) အဖွဲ့သည် ဆန်အိတ်(၃၉)အိတ်ကို သပြေညိုသို့ ရွာသားများအား အတင်းအဓမ္မ ထမ်းပို့ခိုင်းစေသည်။ တခြားသော ပစ္စည်းများကို လေးအိုလိုရွာသားများနှင့် ပေါ့ဖတ်ရွာသားများအား ၄င်းသပြေရွာသို့ ထမ်းပို့ရန် ခိုင်းစေခဲ့ပါသည်။

ရန်သူစကခ (၇)လက်အောက်ခံဗျူဟာမှူးမျိုးလှသည် ခလယ့်လတ်ရွာရှိ ကား(၈)စီးကို စီခဲဒယ်နယ်မြေတွင် ဘူဒိုဇာလမ်းဖေါက်ကားနှင့်အတူထားပြီး ရက်ရှည် အတင်းအဓမ္မချောဆွဲခဲ့သည်။

၎င်းကား(၈)စီးအနက် (၂)စီးကို ဘူဒိုဇာလမ်းဖေါက်ကားရှေ့မှ မိုင်းဗုံးရှင်းရန် အတင်းသွားခိုင်းပြီး ကျန်(၆)စီးကို စားနပ်ရိက္ခာများသယ်ခိုင်းကာ စီခဲဒဲရွာသို့ ပို့ခိုင်းသည်။
ထိုသို့ ရန်သူ၏ နေ့စဉ်နှင့်အမျှ အတင်းအဓမ္မအနိုင်ကျင့်ချောဆွဲခိုင်းစေမှုအပြင် ၀ါးခုတ်၊
သစ်ခုတ်ပေးရမှုနှင့် ရိက္ခာထမ်းပို့နေရမှုကြောင့် ကိုယ်ပိုင်အလုပ်ကို မလုပ်အားတော့သဖြင့် မိသားစုဝမ်းရေးအတွက် အခက်အခဲနှင့် ရင်ဆိုင်တွေ့ကြုံနေရကြောင်း သတင်းရရှိပါသည်။

တပ်မဟာ(၆)၊ ဒူပလာခရိုင်

30-11-2010 နေ့တွင် အင်အား အယောက်(၂၀)ရှိသော နယ်ခြားစောင့်တပ်(BGF) ၏ တပ်ခွဲမှူး အကြည်ဦးဆောင်သည့် အဖွဲ့သည် ဒေါပရောရွာကိုလည်းကောင်း၊ အင်အား(၄၀)ပါဝင်သော ရန်သူနအဖ ခမရ (၅၄၈)မှ ပြည်သူလှဦးဆောင်သောအဖွဲ့သည် အောဖါဖိုးတွင်လည်းကောင်း ၀င်ပြီး ခိုနားခဲ့ကြသည်။

30-11-2010 နေ့တွင် ထီးခူသောရွာတွင်နေသော ရန်သူခမရ (၅၈၈)မှ အာကာမင်းအောင်သည်
၎င်းရွာသားများကို ၀ါးလုံး(၂၀၀)ချောင်း၊ သမီဒိုရွာကို ၀ါးအချောင်း(၅၀၀)နှင့် ခူနီရွာကို ၀ါးအချောင်း(၂၀၀) ခုတ်ခိုင်းပြီး 1-12-2010နေ့အရောက် ပို့ခိုင်းကြောင်း သတင်းရရှိပါသည်။
ကိုးဒီသွေးမှ

No comments:

Post a Comment