ondragstart="return false" onselectstart="return false"

Saturday, September 10, 2011

တိုင်းရင်းသားလူမျိုးများခေါင်းဆောင် ဦးခွန်ထွန်းဦး၏ (၆၈) နှစ်မြောက် မွေးနေ့ အခါသမယ၌ တိုင်းရင်းသားလူမျိုးများကောင်စီ (ENC) မှ ထုတ်ပြန်ကြေငြာချက်

ENC_Statement_on_the_68th_Birthday_U_Hkun_Htun_Oo-Burmese_Ver


Type the rest of your post here.

1 comment:

မဟာဗမာဝါဒီ လှိုင်မြင့် said...

ဒေါက်တာလှိုင်မြင့် မဟုတ်ပါ။ ဒေါက်တာဘွဲ့ ရှိပြီး ဆင်ခြင်တုံတရား နဲ့ အမြော်အမြင် နည်းတဲ့ လှိုင်မြင့်ပါ။ အသက်ကြီးပြီး အချိန်မစီးတဲ့ လှိုင်မြင့်ပါ။ လူပင်ကြီး၊ လူကြီးပေါလော လှိုင်မြင့်ပါ။ ကြီးလေချဉ်လေ သံပုရာသီး လှိုင်မြင့်ပါ။ လူကြီးဖြစ်ပြီး လူငယ်တွေလောက်တောင် မရင့်ကျက်တဲ့ လှိုင်မြင့်ပါ။ စစ်ခေါင်းဆောင်တွေ မကောင်းလို့ တိုက်နေပါတယ် ဆိုပြီး စစ်ခေါင်းဆောင် ဘယ်သူနဲ့ ဘယ်လို အမျိုးတော်တယ်၊ ဘယ်လို ရင်းနှီးတယ် ဆိုတာကို အရသာခံပြီး ကြွားနေတဲ့ လှိုင်မြင့်ပါ။ ဒေါက်တာဘွဲ့ကြီးနဲ့ ဆရာကြီး လုပ်နေတဲ့၊ နာမည်ကြီးတဲ့ သက်ကြီးဝါကြီး ဖြစ်ပေမယ့် အတွေးအခေါ် သေးသိမ်တဲ့ လှိုင်မြင့်ပါ။ စကားပြောလိုက်ရင် ကျယ်ကျယ်ပြန့် ပြောတတ်ပေမယ့် အမြင် ကျဉ်းမြောင်းတဲ့ လှိုင်မြင့်ပါ။ လေလုံးမိုးလုံးကြီးပြီး အဖျားရှုးသွားတဲ့ လှိုင်မြင့်ပါ။ ချုန်းရုံ ချုန်းပြီး မရွာတဲ့ လှိုင်မြင့်ပါ။ အသံမြည်ရုံမြည်တဲ့ သင်္ကြန်အမြောက် လှိုင်မြင့်ပါ။ ဟောင်ရုံဟောင်ပြီး မကိုက်တဲ့ လှိုင်မြင့်ပါ။ ကိုယ်ရည်သွေးပြီး ပနာယူနေတဲ့ လှိုင်မြင့်ပါ။ ကိုယ့်ကိုကိုယ်ဖေါ်၊ မသူတော် လှိုင်မြင့်ပါ။ မသိဘဲ ဖြီးနေတဲ့ လှိုင်မြင့်ပါ။ မတတ်ဘဲ လူတတ်ကြီး လုပ်နေတဲ့ လှိုင်မြင့်ပါ။ နားမလည်ဘဲ ဆရာကြီး လေသံဖမ်းနေတဲ့ လှိုင်မြင့်ပါ။ ကြွားလုံးဝါလုံးတွေနဲ့ တတ်သလိုနပ်သလို လုပ်နေတဲ့ တတ်ယောင်ကား လှိုင်မြင့်ပါ။ ဟိတ်တလုံးဟန်တလုံးနဲ့ ဖြီးဖြန်းနေတဲ့ အရမ်း လှိုင်မြင့်ပါ။ တွက်ရေးတော့ စက်သူဌေး၊ တွက်ကြည့်တော့ စက်မရှိတဲ့ လှိုင်မြင့်ပါ။ အနှစ်မရှိတဲ့ တောမှာ မင်းမူနေတဲ့ ကြက်ဆူပင် လှိုင်မြင့်ပါ။ အနူတောမှာ လူချော လုပ်နေတဲ့ လှိုင်မြင့်ပါ။ မြန်မာ့နိုင်ငံရေး လေ့လာစ လူငယ် အတော်များများ သိနေတဲ့ ကရင်တကျပ်၊ ဗမာတကျပ် ဆိုတာ စောဘဦးကြီး ပြောခဲ့တယ်ဆိုတာကို မသိဘဲ မြန်မာ့နိုင်ငံရေးဂုရုကြီး လုပ်နေတဲ့ လှိုင်မြင့်ပါ။ ကရင်တကျပ်၊ ဗမာတကျပ် ဆိုတာ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တယ်ဆိုပြီး ဖြီးဖြန်းပြီး ရာဇဝင်အူပေါက်တွေ တီထွင်နေတဲ့ လှိုင်မြင့်ပါ။ မပြည့်တဲ့အိုး ဘောင်ဘင်ခတ်တဲ့ လှိုင်မြင့်ပါ။ သူတော်ကောင်း ကြက်သူခိုး လှိုင်မြင့်ပါ။ ပါးစပ်က ဘုရားဘုရား၊ လက်က ကားယားကားယား လှိုင်မြင့်ပါ။ အပြောတမျိုး၊ အလုပ်တမျိုး လှိုင်မြင့်ပါ။ စကားစကား ပြောပါများ၊ စကားထဲက ဇာတိပြတဲ့ လှိုင်မြင့်ပါ။ အသံကောင်းဟစ်ရုံဟစ်ပြီး တိုင်းရင်းသားတွေအပေါ်မှာ စေတနာမမှန်တဲ့လှိုင်မြင့်ပါ။ ညီညွတ်ရေး အရေးကြီးချိန်မှာ စည်းလုံးမှုကို ပြိုကွဲအောင် လုပ်တဲ့ လှိုင်မြင့်ပါ။ ကိုယ့်တပ် ကိုယ်ပြန်နင်းတဲ့ လှိုင်မြင့်ပါ။ ရန်သူ စစ်အုပ်စု အလိုကျ အချင်းချင်း သပ်လျှိုတဲ့ လှိုင်မြင့်ပါ။ ခွေးဝမ်းသာအောင် လေလည်ပြတဲ့ လှိုင်မြင့်ပါ။ အာဏာရှင် စစ်ခေါင်းဆောင်တွေကို တိုက်နေတယ် ဆိုပြီး အာဏာရှင် စစ်ခေါင်းဆောင်တွေလိုပဲ တိုင်းရင်းသားတွေအပေါ် ခွဲခြားဆက်ဆံချင်တဲ့ မဟာဗမာစိတ်တွေ အရိုးစွဲနေတဲ့ လှိုင်မြင့်ပါ။ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး အတွက် တိုက်နေတယ် ဆိုပြီး တိုင်းရင်းသားတွေကို ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး အပြည့်အဝ မပေးချင်တဲ့ လှိုင်မြင့်ပါ။ တိုင်းရင်းသားတွေကို ဗမာနဲ့ အခွင့်အရေး တန်းတူ မပေးချင်တဲ့ လှိုင်မြင့်ပါ။ ငါးရံ့ရတော့အတူတူ၊ ငါးခူရတော့ ခွဲခြမ်းခွဲခြမ်း လုပ်တဲ့ လှိုင်မြင့်ပါ။ ကရင့်ထမင်းကို စားခဲ့ပြီး ကရင့်အခွင့်အရေးကို ချုပ်ချယ် ကန့်သတ်ချင်တဲ့ လှိုင်မြင့်ပါ။ ကရင့်မြေမှာ ကရင့်အထောက်အပံ့နဲ့ အသက်ဆက်ခဲ့ပြီး ကရင်ကို တန်းတူ မဆက်ဆံချင်တဲ့ လှိုင်မြင့်ပါ။ ဘုရားပြီးတော့ ငြမ်းဖျက်တဲ့ လှိုင်မြင့်ပါ။ ကမ္ဘာမီးမလောင်ဘဲ သားကောင်ကို ချနင်းတဲ့ လှိုင်မြင့်ပါ။ ဗမာနဲ့ တိုင်းရင်းသားတွေရဲ့ ဆက်ဆံရေးကို ညီအစ်ကိုဆက်ဆံရေး မဟုတ်ဘဲ အရာရှိနဲ့ လက်အောက်ငယ်သား ဆက်ဆံရေး ပုံစံ ဖန်တီးချင်တဲ့ လှိုင်မြင့်ပါ။ ပြည်ထောင်စု အသစ်ကို မဟာဗမာဝါဒနဲ့ တည်ဆောက်ချင်တဲ့ လှိုင်မြင့်ပါ။ ပြည်ထောင်စု အမည်ခံပြီး ခေတ်သစ်ဗမာကိုလိုနီ ထူထောင်ချင်တဲ့ လှိုင်မြင့်ပါ။

(ဇွဲကပင်မျိုးချစ်)

(ထပ်ဆင့် မျှဝေသည်)

Post a Comment