ondragstart="return false" onselectstart="return false"

Monday, October 24, 2011

တရုတ်က မိမိနယ်နိမိတ်ထဲ မြန်မာစစ်သားများ သယ်ပို့ပေး

Written by KNG

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အား တိုက်ခိုက်ချေမှုန်းရာတွင် ကူညီခြင်းအားဖြင့် တရုတ်က မြန်မာစစ်သားများကို မိမိနယ်နိမိတ်ထဲသို့ သယ်ပို့်ပေးနေသည်ကို အောက်တိုဘာ ၂၁ ရက်၊ သောကြာနေ့က မြင်တွေ့ရကြောင်း မျက်မြင်သက်သေများပြောသည်။

အဓိက တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ ရွှေလီမှ မြန်မာနယ်စပ်မြို့ လွယ်ဂျေအနီး ဂျန်ခေါင်မြို့ဘက်သို့ တရုတ်စစ်ကား အစီး ၃၀ ဖြင့် မြန်မာအစိုးရစစ်သားများအား လျှို့ဝှက်တင်ဆောင်သွားကြသည်ဟုဆိုသည်။

စစ်ကား ၂ စီး သို့မဟုတ် ၃ စီးသာ တရုတ်စစ်သားများတင်ဆောင်ထားခြင်းဖြစ်ပြီး ကျန်စစ်ကားများတွင် မြန်မာစစ်သားများကို တင်ဆောင်ထားသည်ဟု မြင်တွေ့သူများက ပြောသည်။

KIA လက်ထဲကျရောက်သွားသော လွယ်ဂျေမြို့အနီးမှ မြန်မာအစိုးရတပ်၏ ဂျန်မိုင်စခန်းနှင့် မော်ရွှေစခန်းများကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်လို၍ ယခုကဲ့သို့ ပို့ဆောင်ခြင်းဖြစ်နိုင်သည်ဟု နယ်စပ်စစ်ရေးလေ့လာသူများပြောသည်။

ယခုလ အစောပိုင်းကတည်းက နယ်စပ်တစ်လျှောက်ရှိ KIA အခိုင်အမာစခန်းများအနီး တရုတ်စစ်သား ၂၀၀၀ ကျော်ကိုလည်းတပ်ချထားပြီးဖြစ်သည်။

ထို့အပြင် ဂျန်ခေါင်တွင် ညနေပိုင်း ၄ နာရီနှင့် ၆ နာရီကြား ထူးထူးခြားခြား နေ့စဉ် တရုတ်စစ်သားများ စစ်ရေးလေ့ကျင့်နေကြသည်ကို တွေ့မြင်နေရသည်ဟု မျက်မြင်သက်သေများပြောသည်။
http://kachinnews.com/burmese/

No comments:

Post a Comment