ondragstart="return false" onselectstart="return false"

Tuesday, April 15, 2014

ဘင်္ဂလားဒေ့ရှ်မှ ဝင်လာသူ ရခိုင်များ ၂၀၀၀ နီးပါးရှိ

အခုလို ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ၀င်လာသော ရခိုင်မျိုးနွယ်စုဝင်တွေကို လက်ခံတာ ကြိုဆိုထောက်ခံပါသည်။ လုပ်သင့်လုပ်ထိုက်သောအရာတစ်ခုဖြစ်သည်။ ဒီတိုင်းပြည်တွင်သမိုင်းနဲ့ချီပြီး နေထိုင်ခဲ့သော မည့်သည့်လူမျိုးမဆို သူနှင့်ပါတ်သက်သောအနွယ်များကို လက်ခံဒါ သင့်လျှော် မှန်ကန်သောလုပ်ရပ်ဖြစ်ပါသည်။ မည်သည့်တိုင်းရင်းမျိုးနွယ်စုကို မဆို အကာအကွယ်ပေးရမှာ အစိုး၏ တာဝန်ဖြစ်ပါသည်။ သို့ သော် မေးခွန်းတခုမေးစရာရှိပါသည်။ အကယ်၍ များ မွတ်ဆလင်ဘာသာကို ကိုးကွယ်သော ရခိုင်တိုင်းရင်းသား ပြန်ဝင်လာလျှင် အသင်တို့ လက်ခံနိုင်ပါ့မလား ဆိုတဲ့မေးခွန်းဖြစ်ပါသည်။ ရခိုင်တိုင်းရင်းသား အနွယ်များဖြစ်ပါလျက်နဲ့  မွတ်ဆလင်ဘာသာကို ကိုးကွယ်သော့ကြောင့် ပြန်ဝင်လာခွင့် မပြုလျှင် အသင်တို့ လူမှုအသိုင်းအ၀ိုင်းနဲ့ တိုင်းပြည်သည် အစွန်းရောက်ဘာသားရေးဝါဒ တစ်ခုကြီးစိုးနေပြီဟု မှတ်ချက်ပေးရမည်ဖြစ်ပါသည်။ ဘ၀တူ ညီနောင်တိုင်းရင်းသားများ ဒါကို ရှင်းရှင်းလင်းလင်းမြင်နိုင်ကြပါစေ။ ဘာသာရေးအစွန်းရောက် မဟာဝါဒ၏ မွေနှောက်မှုမှ ကင်းဝေးနိုင်ပါစေ။


ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ရခိုင်ပြည်နယ်ထဲကို ပြောင်းရွှေ့ လာတဲ့ ရခိုင်မျိုးနွယ်စုဝင် ခမီးအမျိုးသမီးတစ်ဦးကိုတွေ့ရစဉ်

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက ဘင်္ဂလားဒေရှ်နိုင်ငံမှာ အခြေချနေထိုင်နေတဲ့ ရခိုင်မျိုးနွယ်စုဝင်တွေဟာ ရခိုင်ပြည်နယ် မောင်တောဒေသမှာ နေထိုင် ဖို့ရောက်ရှိလာတာ ဒီနှစ်အတွင်း အများဆုံးဖြစ်ပြီး လူဦးရေ နှစ်ထောင်နီးပါးရှိသွားပြီလို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်း ထပ်မံရောက်ရှိလာတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတွေကို မောင်တောမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ယာယီနေရာချထားပေးနေကြောင်း ရွှေ့ပြောင်းလာ သူတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ မောင်တောမြို့၊ ဗဟိုကျောင်းတိုက် ဆရာတော် အရှင်အာစာရက RFA ကို မိန့်ကြားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝင်ရောက်လာကြတဲ့ ရခိုင်မျိုးနွယ်စု ဝင်တွေကို အစိုးရက မောင်တောမြို့နယ်ထဲက ရခိုင် တိုင်းရင်းသားကျေးရွာတွေမှာ အခြေချနေထိုင်ခွင့်ပြုထားပြီး အခု နောက်ထပ်ဝင်ရောက်လာသူတွေအတွက်လည်း တိုင်းရင်းသားကျေးရွာအသီးသီးမှာ လုံးချင်းနေအိမ် အလုံးပေါင်း ၁၈၀ ကျော်ကို စတင်ဆောက်လုပ်နေကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ်ဘက်ကို ရွှေ့ပြောင်းလာကြတဲ့ ရခိုင်မျိုးနွယ်စုတွေထဲမှာ ဒိုင်းနက်၊ မြို၊ မာရမာကြီး၊ ခမီး စတဲ့ လူမျိုးနွယ်စုတွေ အများဆုံးဖြစ်ပြီး လက်ရှိ အိမ်ထောင်စုပေါင်း ၄၀၀ ရှိတယ်လို့ ဗဟိုကျောင်းတိုက် ဆရာတော် အရှင်အာစာရက မိန့်ပါတယ်။
http://www.rfa.org/burmese/news/rakhine-immigrant-04132014114357.html

No comments:

Post a Comment