Thursday, February 28, 2013

မာယာတွေပေါ်မှာ သွေးပျက်ပြီးတော့ အိပ်မနေနဲ့

M. ထက်ခေါင်

(၁)
အပေါ်ယံကြော ခိုင်မာမှု မရှိသေးသော အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းမှု အချို့အကြား တော်လှန်ရေး အဖွဲ့အ စည်းတို့ လက်ထဲမှာကိုင်ထားသည့် သေနတ် အများအပြား တုတ်ချောင်းဖြစ်သွားကြသလိုမျိုး၊ မနေ့တနေ့ကအထိ ယုံကြည်ကိုးစား မျှော်လင့်အားထားခဲ့ကြသော လူထုခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင်ကို လူထုအနေဖြင့် မည်သို့မျှ အားကိုးအားထားပြု၍ မရနိုင်ကြောင်း၊ လူထုကို လွတ်မြောက်ရန် ဦးဆောင်ခေါ်ယူရမည့်အစား စစ်အုပ်စုတို့ ပြုသမျှ နုရမည့်ဘ၀၊ ကျားသနားမှ နွား ချမ်းသာမည့် ဘ၀သို့ တွန်းပို့ပေးနေကြောင်းများ ပီပြင်စွာ သိလာရသည့်အဖြစ်မှာ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေး တိုက်ပွဲဝင်ပြည်သူတို့၏ စိတ်ဓာတ်အားမာန်များကို သဲထဲရေသွန် ယူကြုံးမရ ဖြစ်သွားစေလေသည်။ တိုင်းပြည်ကောင်းကျိုး လိုလားသူများအနေဖြင့် လူထုဒီမိုကရေစီခေါင်းဆောင်ကို ထိန်းကွပ် ဖေးမပေးကြရမည် ဖြစ်၏။

ကချင်ပြည်နယ်တွင်း ကျူးကျော် ထိုးစစ်ဆင်မှုများ၊ လက်ပံတောင်းတောင် မီးလောင်ဗုံးကိစ္စများ၊ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ဆန္ဒပြသူများကို နှောက်ယှက်ဟန့်တား ဖမ်းချုပ်မှုများ၊ လယ်သိမ်းခံ မြေသိမ်းခံ လယ်သမားတို့၏ မကျေနပ်မှုများ ဖြင့် နေ့စဉ်နှင့်အမျှ အပူလုံးကြွနေကြချိန်၊ ဟိုနိုလူလူ၌ ဆုတစ်ဆုသွားယူပြီး ကိုရီးယားသို့ ခရီးတခေါက်ထွက်ခဲ့သော ဒေါ်အောင် ဆန်းစုကြည်မှာ ရန်ကုန်ကို ဘယ်နေ့ဘယ်ရက် ဘယ်အချိန်က ဘယ်လိုပြန်ရောက်လာမှန်း ဘာသတင်းမျှ မကြားလိုက်ရပဲ ဗိုလ် ချုပ်မွေးနေ့ကျခါမှ ဗီဒီယိုဖိုင်ကလေးတခုတွင် ပေါ်လာခဲ့လေသည်။

တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသည့်ကိစ္စတွင် သက်ဆိုင်ရာ ကာယကံရှင်များက ဖိတ်ခေါ်ပါက သူမအနေဖြင့် ကြား ၀င်ဆောင်ရွက်ပေးမည်ဟု ဆိုသည်။ မကမ်းလှမ်းပဲ သွားဖြေရှင်းပေးနိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးရာကျပါတယ် ဟုလည်း သူမ ဆို၏။ ဒေါ်အောင်ဆန်းစုကြည် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ သူမ ပြည်ပသို့မထွက်မီကပင် ကချင်ငြိမ်းချမ်းရေး ကွန်ယက်က ဒေါ်အောင်ဆန်းစုကြည်အား ကြားဝင် ဆောင်ရွက်ပေးရန် တိုင်းသိပြည်သိ ကမ်းလှမ်းခဲ့ပြီး ဖြစ်သည်။ တဘက်က ကမ်းလှမ်းလျှင်ပင် လုံလောက်နေပြီ ဖြစ်သည်။ စစ်အုပ်စုက ထပ်မံ ကမ်းလှမ်းစရာ မလို။ ကချင်၏ကမ်းလှမ်းမှုကို ကိုင်စွဲကာ စစ်အုပ်စုနှင့် ကချင်အကြား ကြားဝင်စေ့စပ်ပေးရုံသာ ဖြစ်သည်။ ကချင်ငြိမ်းချမ်းရေးကွန်ယက်၏ ကမ်းလှမ်းမှုကို လျစ်လျူရှုကာ အမေရိကားနှင့် ကိုရီးယားသို့ ထွက်သွားခဲ့ပြီးမှ ယခုလို ပြောဆိုလာသည့်အပေါ် ကချင် အပါအ၀င် မည်သည့် တိုင်းရင်းသား တစုတဖွဲ့ကမျှ တုံ့ပြန်ခြင်း ဖိတ်ခေါ်ကမ်းလှမ်းခြင်းများ မပြုတော့ချေ။

အခြေခံဥပဒေကို ဘာတခုမျှ မပြင်နိုင်ဘဲ လူထုထောက်ခံမှုတခုတည်းအပေါ် အားပြုရပ်တည်ကာ သမ္မတလုပ်ပြီး အာ ဏာလိုချင်နေသည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မဖြစ်စလောက် ပညာရေး၊ ကျန်းမာရေးအတွက် ရန်ပုံငွေ ရှာဖွေသည့် ကိစ္စများဖြင့်သာ အချိန်ကုန်ခံမနေပဲ ပြည်သူလူထုတရပ်လုံး ကြုံတွေ့နေရသည့် အခက်အခဲ ပြဿနာများ၊ ကျူးကျော်သိမ်းပိုက်ခံ အစော်ကားခံ အလုပ်သမား လယ်သမားတို့၏ ပြဿနာများနှင့်၊ ဗမာ့သဘာဝပတ်ဝန်းကျင် သယံဇာတများ ပျက်စီးဆုံးရှုံးနေ သည့် ပြဿနာများ၊ တိုင်းရင်းသားတို့၏ ပြည်ထောင်စုစစ်စစ် ပေါ်ထွန်းရေး ပြဿနာများကို ပြည်တွင်းပြည်ပမှ တွေ့သင့်တွေ့ ထိုက်သော ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းတိုင်ပင်ကာ လုပ်ဆောင်သွားရမည် ဖြစ်သည်။ တိုင်းရင်းသား ပြည်သူလူထု၏ အကျိုးကို ထိရောက်စွာ လုပ်ဆောင်နိုင်မှုမရှိပဲ အနုပညာရှင်များပင် ရှာဖွေ ကူညီ လုပ်ဆောင်နိုင်ကြမည်ဖြစ်သော ပညာရေးရန်ပုံငွေလိုကိစ္စ များဖြင့် အချိန်ဖြုန်း၊ ခေါင်းရှောင်နေတတ်သူအား လူထုသည် သမ္မတအဖြစ် မဲပေး တင်မြှောက်နိုင်ကြလိမ့်မည် မဟုတ်။ ဒေါ် အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတကာ အဆင့်မှီ သမ္မတတယောက် ရှိသင့်ရှိထိုက်သည့် စိတ်ဓာတ်မြင့်မြတ် ရင့်ကျက်မှုမျိုးရှိ အောင် မိမိကိုယ်မိမိ ပြန်လည် တည်ဆောက်ရမည် ဖြစ်လေသည်။

မြ၀တီ စက်မှုဇုံကို လာရောက်ကြည့်ရှုသော ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းအား ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး သွား ရောက်တွေ့ဆုံသည့် သတင်းကို ဖတ်လိုက်ရသည်။ စစ်အုပ်စုနှင့် ကေအဲန်ယူတို့၏ အပစ်အခတ်ရပ်စဲရေး အခြေအနေမှာ ခိုင်မာ မှု မရှိသေးကြောင်း၊ ခိုင်မာအောင် အရင်လုပ်ပြီးမှ ဖွံ့ဖြိုးရေးကိစ္စတွေကို ဆက်လုပ်သင့်ကြောင်း ဒုသမ္မတအား ဗိုလ်ချုပ်ကြီးက ပြောဆိုခဲ့သည်ဟု သိရသည်။ လမ်းကြောင်းမှန်ကို ပီပြင်ရှင်းလင်းစွာ သိမြင်လာသည့် ဗိုလ်ချုပ်ကြီးအား လှိုက်လှဲဝမ်းသာစွာ ကြို ဆိုရမည် ဖြစ်၏။
ရန်သူနှင့် အပစ်အခတ် ရပ်စဲရေးလုပ်သည်မှာ သူ့အကျိုး ကိုယ့်အကျိုး ချိန်ဆ ညှိနှိုင်း၍ လုပ်ကြခြင်း ဖြစ်သည်။ ရန်သူ က သူ့အကျိုးကွက်ကွက်ကလေးကို ကြည့်၍လုပ်သည့်တိုင် မိမိတို့အနေဖြင့် အမျိုးသား ပြည်သူတရပ်လုံး၏ အကျိုးကို မျှော်ကိုး လုပ်ဆောင်ကြရမည် ဖြစ်သည်။

(၂)
ဖေဖော်ဝါရီ ၁၄ရက်။ ပဒိုမန်းရှာ ကျဆုံးခဲ့သည့် နှစ်ပတ်လည်နေ့ အဖြစ် ပဒိုမန်းရှာ အမှတ်တရ ဗီဒီယိုဖိုင်များ၊ ကဗျာ ဆောင်းပါးများကို အွန်လိုင်းမှာ တွေ့မြင်ဖတ်ရှုရသည်။ အာရ်အက်ဖ်အေက တည်းဖြတ် တင်ဆက်ထားသည့် ဗီဒီယိုဖိုင်တွင် ရိုး ရှင်းသော ဆရာ့ဟန်ပန်နှင့် စကားသံများကို ပြန်၍တွေ့ကြ ကြားကြရသည်။

“အဖိနှိပ်ခံနေရတဲ့ အမျိုးသားတွေအတွက် ကျနော်တို့ သူပုန်ဖြစ်ခဲ့ရတယ်။ သူပုန်ဖြစ်ရတာလည်း ကျနော် ဂုဏ်ယူခဲ့ တယ်။ ကျနော့်ဘ၀ရဲ့ ဂုဏ်ယူစရာကိစ္စ၊ တော်လှန်ရေးသမားဖြစ်ရတာ။”

“မတရားမှုမှန်သမျှကို ပုန်ကန်တာဟာ တရားတယ်။ ရှေ့ဆက်ပြီးတော့လည်း မတရားမှုတွေကို ကျနော် ပုန်ကန်မှာပဲ။ တရားမှုတွေ ဖြစ်ထွန်းလာအောင် ကျနော် ကြိုးစားမယ်။”

“တွေ့ဆုံဆွေးနွေးရေး လုပ်မယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ ထိုးစစ်တွေကို ရပ်ပြီးတော့ free and fair ဖြစ်တဲ့ ဆွေးနွေး ပွဲကို မှန်မှန်ကန်ကန် လုပ်ရမှာ ဖြစ်တယ်။ အကယ်၍ (ဥပမာ) ဒေါ်စုကို ဖမ်းထားပြီးတော့မှ ဒေါ်စုနဲ့ ဆွေးနွေးမယ် ဆိုတဲ့စကား ဟာ ယုတ္တိယုတ္တာ မရှိဘူး။ ဒါဟာ တကယ့် meaningful political dialogue လို့ မပြောနိုင်ဘူး။ ထိုနည်းတူစွာ ကေအဲန်ယူကို ပြင်းပြင်းထန်ထန် စစ်ဆင်ရင်းနဲ့ ကေအဲန်ယူနဲ့ စကားပြောမယ်ဆိုတာလည်း ယုတ္တိယုတ္တာ မရှိဘူး။”

ပဒိုမန်းရှာ ပြောခဲ့သလိုပင် စစ်အုပ်စုသည် ပြီးခဲ့သည့် ကာလတလျှောက်လုံး ဤပုံစံအတိုင်း တောက်လျှောက်လုပ်လာ ခဲ့သလို ပစ္စက္ခအခြေအနေတွင်လည်း ဤပုံစံအတိုင်း ဆက်လက် ကျင့်သုံးလျက်ပင် ရှိလေသည်။ တဘက်က တွေ့ဆုံဆွေးနွေး ရေး ကမ်းလှမ်း လုပ်ဆောင်နေပြီး တဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။ ကချင်မှာ တိုက်ပွဲများဖြစ်နေရာမှ အပစ် အခတ်ရပ်ဆိုင်းပြီး နိုင်ငံရေး ဆွေးနွေးရန် တွေ့ဆုံညှိနှိုင်းနေခိုက်၊ ယခုလအတွင်း ထပ်မံမတွေ့ဆုံရသေးမီ ကချင်တပ်ဖွဲ့အချို့အား အတင်းဝင်ရောက် ကျူးကျော် တိုက်ခိုက်သလိုမျိုး၊ ရှမ်းပြည်မြောက်ပိုင်းမှာလည်း တိုက်ပွဲတွေ ပြန်ဖြစ်လာခဲ့သည်။

ယူအဲန်အက်ဖ်စီနှင့် ချင်းမိုင်မှာ တွေ့ဆုံခဲ့ပြီး ရှမ်းအဖွဲ့ ဒုဗိုလ်ချုပ်ကြီးယွက်ဆစ်နှင့်ပါ တွေ့ဆုံနေဆဲအချိန်မှာပင် တိုက်ပွဲ တွေ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့သော အဖြစ်မျိုး ပြီးခဲ့သည့်လ ဒီကေဘီအေနှင့် တွေ့ဆုံရာတွင်လည်း ဖြစ်ပွားခဲ့သည်။ ထိုသို့ ဖြစ်ခြင်းများမှာ တစ်ကြိမ် နှစ်ကြိမ် အမှတ်တမဲ့ မတော်တဆ တိုက်ဆိုင်မှု ဖြစ်သည့်ကိစ္စ မဟုတ်။ တိုင်းရင်းသားအဖွဲ့အ စည်းများနှင့်တွေ့တိုင်း ထိုသို့ ပြုလုပ်ရန် အရေခြုံအစိုးရနှင့် စစ်တပ်သည် ၎င်းတို့ချင်း သေချာစွာ အကွက်ချ စီစဉ်ထားခဲ့ကြပုံရ လေသည်။

(၃)
ဒေါ်အောင်ဆန်းစုကြည် ပြောသည့် “သမ္မတကြီးကိုယုံတယ်” ဆိုသည့်ကိစ္စမှာ ယခုထက်တိုင် ပွင့်လင်းမြင်သာမှုရှိရှိ ပီပြင်ရှင်းလင်းစွာ အကျိုးအကြောင်း မသိရသေး။ ဘာတွေ ဘယ်လိုပြောလို့ ယုံရတာလဲ၊ ဘယ်လိုလုပ်ရပ်တွေ လုပ်ပြလို့ ယုံရ တာလဲ ဆိုသည်ကို ယနေ့ထိ ခြေခြေမြစ်မြစ် မသိရသေးချေ။ ချွတ်ယွင်းချက်များကို မမြင်ယောင်ဆောင်သူတွေနှင့် မသိယောင် ဆောင်သူတွေက သူ့အပေါ် ယုံကြည်သယောင် ဇွတ်မှိတ် ပြောဆိုတတ်ကြသော်လည်း တိုင်းရင်းသား ပြည်သူလူထု အများစုအ နေဖြင့်မူ အရေခြုံသမ္မတ ဦးသိန်းစိန်၏ လုပ်ရပ်နှင့်သဘောထားများကို ဆန်းစစ်သိမြင်ခဲ့ကြပြီး ဖြစ်လေသည်။

၂၀၁၀ခုနှစ်၊ စက်တင်ဘာလဆန်းပိုင်းက ကြံ့ဖွံ့အသင်းဥက္ကဌလည်းလုပ် ၀န်ကြီးချုပ်လည်း လုပ်နေသော ဦးသိန်းစိန် က ၎င်းတို့ စစ်အုပ်စု သစ္စာခံ မြစ်ကြီးနား လ၀ါယန်အခြေစိုက် ဦးလဆန်အောင်ဝါ ပြည်သူ့စစ်အဖွဲ့နှင့် နယ်ခြားစောင့် စခုန်တိန့် ယိန်းအဖွဲ့တို့ကို ခေါ်တွေ့ကာ ရွေးကောက်ပွဲပြီးပါက ကေအိုင်အိုကို အရှေ့တောင်အာရှ အာစီယံတွင် ပထမဆုံးစံပြအဖြစ် တိုက် ခိုက်ချေမှုန်းမည်ဟု ပြောလိုက်ကြောင်း ကေအဲန်ဂျီ ကချင်သတင်းဌာန၏ စက်တင်ဘာ ၂၀ရက်နေ့သတင်းတွင် တွေ့ရသည်။ စက်တင်ဘာ (၁)ရက်မှစ၍ လက်နက်ချရန် စစ်အုပ်စုက ညွှန်ကြားခဲ့သည့်အပေါ် ကေအိုင်အေက သြဂုတ် ၃၀ရက်နေ့မှာ လက်မ ခံကြောင်း ပြန်ကြားပြီးသည့်နောက် ဦးသိန်းစိန်၏ ခြိမ်းခြောက်ပြောဆိုမှုများ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

ကေအိုင်အိုအား လေးကြိမ် အခွင့်အရေး သီးခြားပေးခဲ့ပြီး ဖြစ်ကြောင်း၊ (၁) တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းဖွင့်ပေးခြင်း၊ (၂) နယ်ခြားစောင့် တပ်(BGF)အဖြစ် ပြောင်းလဲဖွဲ့စည်းရန်၊ (၃) ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန်နှင့် (၄) နောက်ဆုံး လက်နက်စွန့်ရန်ဖြစ် ကြောင်း၊ ပြန်လည် ပြောင်းလဲဖွဲ့စည်းရေးနှင့် လက်နက်ချရေးကို လက်မခံခဲ့သော ကေအိုင်အိုအား နောက်နောင် လက်နက်ချ အလင်းဝင်လာသော်လည်း လက်ခံမည်မဟုတ်ကြောင်း ၀န်ကြီးချုပ်သိန်းစိန်က ပြောခဲ့သည်။
ပြည်သူလူထုအများစု ဆန္ဒမပါပဲ ၀င်ခဲ့ကြရသည့် ကြံ့ဖွံ့အသင်းကို ပါတီအသွင်ပြောင်းကာ ၂၀၁၀ နိုဝင်ဘာ ရွေးကောက် ပွဲအတွင်း ၀င်ရောက်ပြီး ကြိုတင်မဲ အပါအ၀င် မဲလိမ်မဲခိုးနည်းမျိုးစုံဖြင့် အနိုင်ရယူကာ သမ္မတအရေကို ခြုံလာခဲ့သော ဦးသိန်းစိန် မှာ ၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီလထဲတွင်လည်း ပူတာအိုသို့ သွားရောက်ပြီး ကချင်မျိုးနွယ်စု ရ၀မ်နှင့် လီဆူတို့ကို သီးသန့်တွေ့ဆုံ ကာ တချိန်တုန်းက ၎င်းတို့နှင့် အပြန်အလှန် သတ်ခဲ့ကြသည့် ဂျိမ်းဖောတွေကို ယခုလိုအချိန်တွင် ပြန်လည် သတ်ဖြတ်ရန်နှင့် သတ်မည်ဆိုလျှင် လက်နက်များ ထုတ်ပေးမည်ဖြစ်ကြောင်း ရန်မီးမွှေး သွေးထိုးပေးခဲ့ကြောင်း သိရသည်။

ဘာလီအာစီယံ အစည်းအဝေး ပြင်ပမှာလည်း တိုင်းရင်းသားအဖွဲ့အစည်းများကို နာရီပိုင်း၊ ရက်ပိုင်းအတွင်း ချေမှုန်းလို့ ရနိုင်ကြောင်း မျက်နှာနေ မျက်နှာထားဖြင့် ပြောဆိုခဲ့သည်ကို ဗီဒီယိုသတင်းတွင် တွေ့ရသည်။ စိတ်ထား စေတနာ မကောင်း သည့် သွင်ပြင်လက္ခဏာမှာ မျက်လုံး၌ အထင်းသား ပေါ်နေလေသည်။
အရပ်ဝတ်အရေခြုံသမ္မတ သိန်းစိန်အနေဖြင့် အပေါ်ယံကြော အရေခွံများဖြစ်သော ကရင်ဝတ်စုံ ၀တ်ပြ၊ ချင်းဝတ်စုံ ၀တ်ပြပြီး တိုင်းရင်းသားများနှင့် တသားတည်းရှိကြောင်း ဟန်ဆောင်ညာဝါးနေသည်ထက် မြန်မာဝတ်စုံကို ပီပီပြင်ပြင်ဝတ်ကာ ရင်တွင်းကလာသော တကယ့်စေတနာဖြင့် တိုင်းရင်းသား ပြည်သူလူထုအကျိုး ရှေ့ရှုဆောင်ရွက်သင့်ပြီ ဖြစ်၏။

(၄)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေးကိစ္စ ဆန္ဒပြတောင်းဆိုမှုများ တကျော့ ပြန်လည် ပေါ်ထွက် လာခဲ့ပြီ ဖြစ်သည်။ ဤတကြိမ်တွင် ပုလိပ်တွေ အကြမ်းဖက်ဖြိုခွင်းမှုများ လုပ်လာဦးမည်ဆိုပါက လူထုအနေဖြင့် သည်းခံနိုင် တော့မည် မဟုတ်ကြောင်းလည်း ဆန္ဒပြ တောင်းဆိုသူတွေက ထုတ်ဖော် ဟစ်ကြွေးကြသည်။
စစ်တပ်ကသိမ်းသည့် လယ်မြေအချို့ ပြန်ပေးမည်ဟု ဆိုနေချိန်၊ ကုမ္ပဏီအချို့ကလည်း ၎င်းတို့သိမ်းထားသည့် လယ် မြေအချို့ကို မူလပိုင်ရှင်များထံ ပြန်လည် ပေးအပ်မည်ဟု ဆိုလာချိန်၊ ယခုလအတွင်းမှာပင် ကချင်ပြည် မြစ်ကြီးနားမြို့ ရပ် ကွက်တွင်းမှ အိမ် ၂၃လုံးနှင့် လယ်ယာမြေတွေကို လျော်ကြေးမပေးပဲ သိမ်းယူခြင်း၊ ပဲခူးတိုင်းအတွင်း ရပ်ကွက်ကြီး အမှတ် ၅၊ ၈၊ ၉နှင့် ကျေးရွာအချို့မှ လယ်မြေ ဧကပေါင်း ၂၃၅၀၀ကို စက်မှုဇုံ စီမံကိန်း၊ လေယာဉ်ကွင်းနှင့် တက္ကသိုလ်နယ်မြေများအတွက် ဟုဆိုကာ ပိုင်ရှင်တွေကို မောင်းထုတ်ခြင်းများ လုပ်လာပြန်သည်။

ထိုလုပ်ရပ်များနှင့် မရှေးမနှောင်း ရန်ကုန် မရမ်းကုန်းမှ အိမ်ခြံမြေတွေ မတရားသိမ်းဆည်းခံရသော မြေကွက်ပိုင်ရှင် ၂၀၀ကျော်၏ ဆန္ဒပြခြင်းများ၊ ဥက္ကံက မြေသိမ်းခံ တောင်သူများ၏ ဆန္ဒဖော်ထုတ်ခြင်းများ ပေါ်ပေါက်လာခဲ့သည်။ မကြာမီလ များအတွင်း ရခိုင်ပြည်နယ် အမ်းမှ မြေသိမ်းခံများ၊ ဘိတ်ထားဝယ်မှ မြေသိမ်းခံများ၊ မင်္ဂလာဒုံ ရွှေမြယာ၊ သန္ဓေပင်တို့မှ လယ် သိမ်းခံ မြေသိမ်းခံများ၊ ရပ်ကွက် ဖျက်သိမ်းခံများနှင့် ဘုန်းတော်ကြီးကျောင်းများပါမကျန် ဖျက်သိမ်း မီးရှို့ခံရသော ရဟန်းသံဃာ တော်တို့၏ မကျေနပ်မှု ဒေါသမာန်ဟုန်များမှာ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ကြီး၊ မြစ်ကြီးနား၊ ပခုက္ကူ၊ ပုသိမ်၊ တနင်္သာရီ စသ ဖြင့် ဗမာပြည်အနှံ့ ပေါ်ပေါက်လာတော့မည့် အလားအလာကို တွေ့မြင်နေရလေသည်။

ဤတကြိမ် ပေါ်ထွက်လာမည့် အုံကြွမှုတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ ပါရှိနိုင်တော့မည် မဟုတ်ချေ။ လက်ပံတောင်းတောင်လူထု၊ လယ်သိမ်းခံ တောင်သူလယ်သမားလူထု၊ အဖိနှိပ်ခံ အလုပ်သမားလူထု၊ မြစ်ဆုံစီမံကိန်း ဖျက် သိမ်းမည့်လူထု၊ ဗမာတပြည်လုံး ဒုက္ခပေးနေသော ဦးပိုင်နှင့် ကာလုံကို ဖျက်သိမ်းမည့် လူထုသည် ဗမာပြည်နှင့် မဆီလျော် သော ငြိမ်းချမ်းစွာ ဆန့်ကျင်သည့်မူကို ကောင်းစွာ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ အရှုံးပေး အညံ့ခံရေး လမ်းကြောင်းသို့ နှစ် ပေါင်းများစွာ တွန်းပို့ခံလာခဲ့ရပြီးနောက် လူထုသည် ရန်သူနှင့် ပူးပေါင်းလုလု ခေါင်းဆောင်တုကို လျစ်လျူရှုလိုက်ပေတော့မည်။ ပေါ်ပေါက်လတ္တံ့သော အုံကြွမှုမှာ ကောက်ရိုးမီးလို ၀ုန်းကနဲထတောက်ပြီး အရှိန်သေပြီးပြတ်သွားမည့် အုံကြွမှုမျိုး မဟုတ်။ ကာလကြာမြင့်စွာ တမြေ့မြေ့ ကြိတ်မှိတ် ခံစားလာခဲ့ရပြီးသည့်နောက် ဖွဲမီးလို တငွေ့ငွေ့ဖြင့် အဆုံးတိုင် ဖြိုဖျက်လောင်မြိုက်မည့် အုံကြွမှုမျိုး ဖြစ်၏။

ဒေါ်အောင်ဆန်းစုကြည်၏ ယိုင်နဲ့နေသော အခြေအနေကို ကယ်တင်ရန်အတွက် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် တောင်အာ ဖရိက ဘုန်းတော်ကြီးဒက်စ်မွန်တူးတူး ယခုရက်များအတွင်း ရောက်ရှိလာခဲ့သည်။ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံအဖြစ်သို့ ကူးပြောင်းရောက်ရှိသွားနိုင်ရေး ရဲစွမ်းသတ္တိရှိဖို့ လိုအပ်ကြောင်း ဒက်စ်မွန်တူးတူးက ပြော၏။ ဘုန်းတော်ကြီးသည် နိုဗယ်ငြိမ်း ချမ်းရေးဆုရှင် ဖြစ်သော်လည်း ကြားနေတတ်သည့် ငြိမ်းချမ်းရေးသမားမဟုတ်။ မှန်ကန်သည့်ဘက်မှနေ၍ ပြတ်ပြတ်သားသား ရပ်တည်တတ်သည့် ငြိမ်းချမ်းရေးသမား ဖြစ်လေသည်။

(၅)
ရန်သူသည် မည်သည့်အခါကမျှ မည်သည့်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း မည်သည့်လက်နက်ကိုင် နိုင်ငံ ရေး အဖွဲ့အစည်းနှင့်မျှ စစ်မှန်ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရယူခဲ့ခြင်း မရှိသလို ယနေ့အချိန်အထိလည်း မည်သည့် လက်နက် ကိုင်တိုင်းရင်းသား အဖွဲ့အစည်းနှင့်မျှ ပြီးမြောက်အောင်မြင်စွာ ငြိမ်းချမ်းရေး သဘောတူညီမှုများ ရယူထားခြင်း မရှိချေ။

တိုင်းရင်းသား အဖွဲ့အစည်းများကို တဖွဲ့ချင်းစီ ခွဲထုတ်လျက် အယောင်ပြ ဆွေးနွေးမှုများ၊ ထိုးစစ်ဆင် တိုက်ခိုက်မှုများ လုပ်နေခိုက်၊ ၀နှင့် မိုင်းလားတို့၏ မူးယစ်ဆေးဝါး ထုတ်လုပ်ကုန်သွယ်မှုများကို အနှောက်အယှက်မပေးပဲ အပစ်အခတ် ရပ်စဲရေး လုပ်ထားသည်မှာ တိုင်းရင်းသား အဖွဲ့အစည်းများဘက်မှ ၀င်ရောက်ကူညီကြမည်ကို စိုးရွံ့သောကြောင့် ဖြစ်သည်။ ၀နှင့် မိုင်း လားတို့ကလည်း ၎င်းတို့ကို လာရောက်မတိုက်ခိုက်ပါက ၎င်းတို့ကလည်း စတင် တိုက်ခိုက်မည် မဟုတ်ဟု ဆိုခဲ့ကြသည်။ အခြေ အနေတခုပေါ်တွင် ၎င်းတို့နှင့် လောလောဆယ် အပစ်အခတ် ရပ်စဲထားကြခြင်း ဖြစ်၍ ခိုင်မာသော ငြိမ်းချမ်းမှုဟု မဆိုနိုင်ချေ။ ကျန်တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများတွင်လည်း ငြိမ်းချမ်းမှု တည်ဆောက်ရေးကို ဖယ်ထား၍ အပစ်အခတ်ရပ်စဲရေးကိစ္စမှာပင် ခိုင်မာစွာ သဘောတူညီမှု ရရှိသွားပြီဆိုသည့်အဖွဲ့ တဖွဲ့တလေမျှ မရှိသေးချေ။

ယူအဲန်အက်ဖ်စီနှင့် ဦးအောင်မင်းတို့အဖွဲ့ ချင်းမိုင်တွင် ဆွေးနွေးခဲ့သည့် ကိစ္စသည်လည်း တကယ်တမ်း ကျေနပ်အားရ ဖွယ် တိုးတက်ကောင်းမွန်သော ရလဒ်ကို ရရှိခဲ့လိမ့်မည်ဟု နိုင်ငံရေးအကဲခတ်များက ထင်မှတ်မထားကြ။
အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲသည် အောင်ပွဲမခံနိုင်သေး။ အဖိနှိပ်ခံ လူထုတရပ်လုံး စစ်အာဏာရှင် လက် အောက်မှ လွတ်မြောက်ရေးသည်လည်း အဆုံးသတ်တိုက်ပွဲ မဆင်နိုင်သေး။ တော်လှန်ရေးသည် မပြီးသေး။ စစ်မှန်သော ငြိမ်း ချမ်းရေးကိုလည်း အရိပ်အယောင်မျှ မမြင်နိုင်သေး။

(၆)
ယခုလက်ရှိလုပ်ဆောင်နေသော ရန်သူ၏ စစ်ဆင်ရေးမှာ စားပွဲဝိုင်းတိုက်ပွဲတ၀က် စစ်မြေပြင် တိုက်ပွဲတ၀က် အနေအ ထား ဖြစ်သည်။ ၎င်းတို့အနေဖြင့် အရာရာကို စစ်ရေးအမြင်ဖြင့်သာ ကြည့်တတ်ကြသည်။ ဘယ်အချိန်မှာ ဘယ်သူ့ကို ဘာစကား ပြောပြီး၊ ဘယ်အချိန်မှာ ဘယ်သူ့ကို ဘယ်လိုတွန်းတင်ရမည်၊ ဘယ်ပုံပထုတ်ရမည်၊ ဘယ်နေရာကို ဘယ်လိုဝင်သိမ်းရမည် စသ ဖြင့် အစီအစဉ်တကျ ကျင့်သားရစွာ လုပ်တတ်ကြသည်။ နိုင်ငံရေးကိုလည်း စစ်ပရိယာယ်ဖြင့် သုံးသပ်စဉ်းစား လုပ်ကိုင်တတ်ကြ ၏။
All warfare is based on deception. အလုံးစုံသော သေနင်္ဂဗျူဟာ အတတ်ပညာဟူသမျှသည် လှည့်စားခြင်းအ ပေါ်၌ အခြေခံ၏ ဟူသော ဆွန်ဇူး၏ အဆိုအမိန့်ကို မမေ့မလျော့ နှလုံးသွင်းထားဖို့ လိုသည်။

ရန်သူ၏ မဟာဗျူဟာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကို အမြစ်ဖြုတ် ချေမှုန်းရေးနှင့် ဗမာ ပြည် ပြည်သူလူထုတရပ်လုံးကို ဆက်လက် ချုပ်ကိုင် ကျွန်ပြုနိုင်ရေး ဖြစ်သည်။ နည်းဗျူဟာအနေဖြင့် ငြိမ်းချမ်းရေးအယောင်ပြ အပစ်အခတ်ရပ်စဲရေး၊ တနိုင်တပိုင် စီးပွားရေးလုပ်ငန်းများဖြင့် ဒေသဖွံ့ဖြိုးရေး၊ ချွတ်ခြုံကျနေသော ပြည်နယ်လူထုဘ၀ ဦးမော့ လာစေရေးအတွက် စာသင်ကျောင်း၊ ဆေးပေးခန်း၊ လမ်းတံတား စသည့် လူမှုရေး ပညာရေး၊ ကျန်းမာရေး အကူအညီများ မဖြစ် စလောက်ပေးကာ တိုင်းရင်းသားလူထုအပေါ် မေတ္တာစေတနာထားကြောင်း ပြသရေး၊ တိုင်းရင်းသား အဖွဲ့အစည်းများအတွင်း အင်အားချိနဲ့အောင်၊ စည်းလုံးညီညွတ်မှု မရှိအောင် အထက်အောက် အခွင့်အရေး မညီမမျှ ခွဲခြား ဆက်ဆံမှုများဖြင့် သပ်လျှိုထိုး ခွဲရေး၊ — စသည့် မည်သည့်အခါကမျှ ပြောင်းလဲခြင်း မရှိခဲ့သော လုပ်နည်းလုပ်ဟန်တွေ ဖြစ်သည်။ ထိုအရာတွေအပေါ် အစဉ် အဆက်က ခေါင်းဆောင်များအတွင်း ထိန်းသိမ်းနိုင်ခဲ့သူတွေရှိသလို ရန်သူ့ လှိမ့်လုံးများနောက် အငိုက်မိပြီး နစ်မြုပ် ကျဆုံး သွားကြသူတွေလည်း ရှိသည်။ ယခုရန်သူ၏ လုပ်ရပ်တွေမှာ ပို၍ ဗြောင်ကျလာပြီး ဆွေးနွေးပွဲပြင်ပတွင် ဖက်လဲတကင်း ခင်မင် ရင်းနှီးသလိုလို၊ ရူးသလိုလို ကြောင်သလိုလို၊ စကားရောဖောရောဖြင့် လုံးတုတ် လိုက်လျှောချလိုက် လုပ်တတ်လာကြသည်။

ဒီမိုကရေစီရေးတိုက်ပွဲဝင် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်အချို့ ပြည်ပခရီးစဉ် လှည့်လည်နေကြသည်။ ရဲဘော် ရဲဘက် လုပ်ဖော်ကိုင်ဖက် မိတ်ဟောင်းမိတ်သစ်များနှင့် တွေ့ကြရသည်။ ဗမာပြည်အတွင်း ပြုပြင်ပြောင်းလဲ ဖြေလျှော့မှုအချို့ လုပ်လာခဲ့သည့်တိုင် အရေခြုံသမ္မတတို့ အုပ်စုအပေါ် မျက်စေ့စုံမှိတ် ယုံကြည်မှု မထားနိုင်သေးသူတွေ ရှိနေကြောင်း သိခဲ့ရ သည်။ ရန်သူ၏ ပရိယာယ်ကို ရိပ်စားမိကြသူတွေ ဖြစ်၏။

တိုက်ပွဲသည် အမြောက်သံ ဗုံးသံ တ၀ုန်းဝုန်း တဒိုင်းဒိုင်း ဆူညံနေသော စစ်မြေပြင်၌သာ ရှိနေသည် မဟုတ်။ ရန်သူနှင့် ဆုံတွေ့ရာ နေရာတိုင်းကို တိုက်ပွဲဖြစ်ရာ နေရာများအဖြစ် နားလည် သိရှိထားရမည် ဖြစ်သည်။ လက်နက်မကိုင်သော တိုက်ပွဲ သည် ပိုမို ကြောက်မက်ဖွယ် ကောင်း၏။ ရန်သူသည် တိုင်းရင်းသားများကိုသာမက လူထုတရပ်လုံးကိုလည်း နေ့စဉ်နှင့်အမျှ တိုက်ပွဲဆင်နေလေသည်။ အပေါ်ယံကြော အနှစ်မပါ စကားများ၊ စီးပွားရေးအကွက်အကွင်း မြူဆွယ်မှုများနှင့် ပြည်နယ်တွင်း ဖွံ့ဖြိုးတိုးတက်ရေး အယောင်ပြ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ ခြေကုတ်ယူထားရာ နယ်မြေကို ပထ၀ီအနေအ ထားအရပါ ပြောင်းလဲဖျက်ဆီးခြင်းများ၊ ကောင်းစေလိုဟန်ဖြင့် အကျိုးပျက်ပြားအောင် ဖျက်ဆီးခြင်း၊ အယုံလွယ်တတ် ကြောက် တတ်သူတွေကို လန့်ဖျပ်အောင် ခြိမ်းခြောက်ခြင်း ၊ အထက်ဖား အောက်ဖိ သဘောထားများဖြင့် အခွင့်အရေးပေးသူကို ပေးပြီး အောက်လူကို ပိုမို နိမ့်ကျအောင် ဖိနှိပ်ခြင်း၊ အရိုးအရင်း ပေးကျွေးလျက် အလိုလိုက် အကြိုက်ဆောင် ချော့မြူခြင်း၊ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်၊ မုန့်ကျွေးချော့ တုတ်ပြခြောက် စသည့် ရန်သူ့စစ်ပရိယာယ်တွေကို နားမလည်သူများမှာ ရန်သူအကြိုက် အငိုက်မိစွာ လိုက်ပါမိတတ်ကြသည်။ ရန်သူသည် ငါးကြင်းဆီနှင့် ငါးကြင်းကြော်သည့်မူကို တလျှောက်လုံး ကိုင်စွဲ ကျင့်သုံးလာခဲ့ သူ ဖြစ်၏။ ရန်သူ့ လှည့်ဖြားမှုများ၊ ပရိယာယ် မာယာများအပေါ်တွင် ထိတ်လန့် သွေးပျက်လျက်၊ ဘာမျှ မလုပ်ရဲ မကိုင်ရဲ၊ မလုပ် တတ် မကိုင်တတ်၊ မရုန်းဖယ် မတွန်းလှန်တတ်ပဲ သိသိကြီးနှင့် မှိန်းပြီး လျစ်လျူရှုနေရသည့် အဖြစ်မျိုး မဖြစ်စေသင့်။

(၇)
နေပြည်တော်ကို သွားရောက်တွေ့ဆုံခဲ့သော ကေအဲန်ယူခေါင်းဆောင်များထဲမှ ပဒိုမန်းငြိမ်းမောင်ကို အင်တာဗျူး သည့် ဗီဒီယိုသတင်းတခုတွင် ရန်သူ့ကာချုပ် မင်းအောင်လှိုင်နှင့် တွေ့ခဲ့သည့် ပဒိုမန်းငြိမ်းမောင်က ကရင်ပြည်နယ် ငြိမ်းချမ်းရေး peace process နှင့်ပတ်သက်သည့် မင်းအောင်လှိုင်၏သဘောထား ပြန်လည် ပြောပြသည်ကို ကြည့်လိုက်ရသည်။ မင်းအောင် လှိုင်က ၇၀ရာခိုင်နှုန်းလောက် အောင်မြင်ပါတယ်ဟု ဆိုကြောင်း၊ ကျန်သည့် ၃၀ရာခိုင်နှုန်းကတော့ စစ်ရေးကိစ္စ အသေးအဖွား များဖြစ်ကြောင်း ပြောသည်ဟု ဆိုသည်။ ငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်၍ သဘောထား မေးမြန်းသည်ကို ၇၀ရာခိုင်နှုန်း၊ ၃၀ ရာ ခိုင်နှုန်းဟု ဆိုသည်မှာ မည်သည့်အပေါ်တွင် အကဲဖြတ်တွက်ချက်ပါသနည်း။ စစ်အုပ်စုသည် နိုင်ငံရေးကိစ္စ ငြိမ်းချမ်းရေးကိစ္စ အားလုံးကို စစ်ရေးအမြင်ဖြင့်သာ ကြည့်ရှုအကဲဖြတ်သည်ကို မမေ့ဖို့လိုသည်။ မင်းအောင်လှိုင်က ၇၀ရာခိုင်နှုန်းလောက် ပြေ လည်ပြီး ၃၀ရာခိုင်နှုန်းလောက် ကျန်နေသည်ဟု ဆိုသည်မှာ စစ်ဆင်ရမည့်ဒေသတွေအပေါ် သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။
အခြားသတင်းတခုမှာတော့ ၇၀ရာခိုင်နှုန်းဆိုသည်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးနှင့် လုပ် နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်တွင် ခြုံငုံပြောဆိုခြင်းဖြစ်ကြောင်း ရေးသားထားသည်။ တိုင်းရင်းသားအားလုံးနှင့် လုပ်နေသော ငြိမ်းချမ်းရေးကိစ္စကို ၇၀ရာခိုင်နှုန်း ကျေနပ်မှုရှိကြောင်း ပြောသည်ဟု ဆိုသည်။ ပြောချင်လည်း ပြောခဲ့ပေလိမ့် မည်။ တကယ်တော့ မည်သည့်တိုင်းရင်းသား တစုတဖွဲ့နှင့်မျှ ပြီးပြတ် ပီပြင်သည့် အပစ်အခတ်ရပ်စဲရေးမျိုး၊ ငြိမ်းချမ်းမှု ဖော် ဆောင်ခြင်းမျိုးကို မလုပ်နိုင်သေးသောကြောင့် ဤစကားမှာ ကေအဲန်ယူနှင့်သာ ချိန်ထိုး နှိုင်းယှဉ်ကာ ပြောခဲ့ခြင်း ဖြစ်နိုင်လေ သည်။

ကေအဲန်ယူမှာ တပ်မဟာ (၇)ခု ရှိနေသည်။ စစ်အုပ်စုနှင့် ပူးပေါင်းလုပ်ကိုင်မည့် တပ်မဟာတွေရှိသလို စစ်အုပ်စုအပေါ် ယုံကြည်မှု မရှိသော တပ်မဟာအချို့လည်း ရှိသည်။ တပ်မဟာအားလုံးကို ၁၀၀ရာခိုင်နှုန်းဖြင့်တွက်လျှင် တပ်မဟာတခုလျှင် အကြမ်းဖျင်း ပျမ်းမျှ ၁၄ရာခိုင်နှုန်းကျော် ၁၅ရာခိုင်နှုန်းမျှ ရှိမည် ဖြစ်သည်။ တပ်မဟာ (၅)ခု (၇၀ရာခိုင်နှုန်း)က သူနှင့် အတော် အတန် ပြေလည်ကြပြီး တပ်မဟာ(၂)ခု (၃၀ ရာခိုင်နှုန်း) က ပြေလည်မှု မရှိကြောင်း ဆိုလိုက်ခြင်းပင် ဖြစ်လေသည်။ ကရင် ပြည်နယ်ကို တစတစ သိမ်းသွင်းချုပ်ကိုင် ကြီးစိုးမည့် ၎င်းတို့အစီအစဉ်ကို အေးဆေး(ငြိမ်းချမ်းစွာ) အကောင်အထည်ဖော်နိုင် ရေး ၇၀ရာခိုင်နှုန်းလောက် အောင်မြင်နေပြီဟု မင်းအောင်လှိုင်က တွက်ထားခြင်း ဖြစ်သည်။

ကေအဲန်ယူ၏ ဒေသတွင်း အခြေအနေကို အတွင်းကျကျ သိနေသော မိတ်ဆွေတဦးကမူ စစ်အုပ်စုနှင့် အတော်အ တန် ပြေလည်နေသည်ဟု ဆိုသော တပ်မဟာ(၅)ခုထဲတွင်ပင် မိုးထဲလေထဲ ကြုံဆုံလာရသည့်အခါ ကရင်လူထုဘက်က မဆုတ် မနစ် ရပ်တည်ကာကွယ်မည့် တပ်ရင်းတွေ အများအပြား ရှိနေကြောင်း၊ နယ်ခြားစောင့်တပ်နင့် ဒီကေဘီအေ အချို့သည်လည်း ကေအဲန်ယူ အောက်ခြေတပ်အချို့နှင့် နားလည်မှု ရှိကြကြောင်း၊ ရန်သူသည် တိုင်းရင်းသားအားလုံးကို တိုက်ခိုက်ချေမှုန်းမည့် အစီအစဉ်ရှိသည့်အတိုင်း ကေအဲန်ယူအဖွဲ့အစည်းကို ဖြိုဖျက်ပြီးသည့်တိုင် နယ်ခြားစောင့်တို့ ဒီကေဘီအေတို့ကိုပါ အင်အားချိနဲ့ အောင် ကန့်သတ်ထားရှိမည်ဖြစ်ပြီး တပ်မတော်တစ်ခုတည်း ရှိရမည်ဆိုသောမူအရ မဝေးလှသောတချိန်တွင် ၎င်းတို့လက် အောက်ခံတပ်များအဖြစ် သွတ်သွင်းလျက် ကျန်အဖွဲ့များ ဖျက်သိမ်းပစ်မည် ဆိုသည်ကိုလည်း နယ်ခြားစောင့်များနှင့် ဒီကေဘီ အေတို့က သိရှိထားကြပြီး ဖြစ်၍ ၎င်းတို့လမ်းကြောင်းကို ၎င်းတို့ ရွေးချယ်နိုင်ကြမည်ဖြစ်ကြောင်း၊ အပစ်အခတ် ရပ်စဲရေး ဆွေး နွေးနေမှုအပေါ် အခွင့်ကောင်းယူကာ ကရင်ပြည်နယ်အတွင်း တပ်တွေတိုးပို့ ၊ ရိက္ခာတွေ တိုးပို့၊ အုတ်အင်္ဂတေ အဆောက်အဦ များ၊ လျှောက်မြောင်းများ ဘန်ကာများဖြင့် မည်သို့ပင် စစ်ရေး ပြင်ဆင်မှုများ လုပ်ထားစေကာမူ ကေအဲန်ယူ၏ နာမည်ကြီး ပျောက်ကြားစစ်ဆင်ရေးကို ရန်သူအနေဖြင့် ကာဆီးနိုင်လိမ့်မည် မဟုတ်ကြောင်း၊ နယ်မြေဒေသ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ခိုင်မာ မှု၊ ရန်သူ၏ မတရားသော လုပ်ရပ်များကို မဆုတ်မနစ် တွန်းလှန်လိုစိတ်ရှိမှုနှင့် အချင်းချင်း သွေးစည်းညီညွတ်မှုတို့မှာ ရန်သူတို့ ၏ အယောင်ပြ စစ်ရေး ခြိမ်းခြောက်မှုများကို ချေမှုန်းဖယ်ရှားနိုင်မည်ဖြစ်ကြောင်း ပြော၏။

လောလောဆယ် အရေးကြီးသည်မှာ ရန်သူ့ခြေလှမ်းတွေကို မျက်ခြည်မပြတ် စောင့်ကြည့်ဖို့၊ အစိုးရိမ် မလွန်ဖို့၊ အငိုက် မမိဖို့ပင် ဖြစ်ကြောင်း ထိုမိတ်ဆွေက ပြောလေသည်။
http://www.kicnews.org/?p=15924

KNU ကရင်အမျိုးသားအစည်းအရုံး ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေး ထုတ်ပြန်ကြေငြာချက်

15th KNU congress 1st KNU CSC meeting statement _Burmese_
Type the rest of your post here.

Wednesday, February 27, 2013

Papun Situation Update: Lu Thaw Township, March 2012 to November 2012 (ငြိမ်းချမ်းရေးကာလ)

ကေအဲန်ယူ နှင့် ဗမာအစိုးရ ငြိမ်းခြမ်းရေးယူထားတဲ့ကာလအတွင်း ကရင်လူထု လူ့ အခွင့်အရေးချိုးဖေါက်ခံရမှုများ အစီရင်ခံစာ

khrg13b2
Type the rest of your post here.

Tuesday, February 26, 2013

တိုက်ပွဲဖြစ်​ပေမယ့်​ ​တွေ့​ဆုံပွဲ ပျက်မှာမဟုတ်ဘူး​- ​ကေအိုင်အို

“ဖက်ဒရယ်ပြည်​ထောင်စုနဲ့​ ဖက်ဒရယ်ပုံစံလို့​ပြောတဲ့​အခါမှာလည်း​ စဉ်း​စား​စရာ အများ​ကြီး​ရှိတယ်။ ​ဒေသန္တရကိုအ​ခြေခံတဲ့​ ဖက်ဒရယ်ပုံစံလား​။ လူမျိုး​စု၊​ ပြည်နယ်ကိုအ​ခြေခံတဲ့​ ဖက်ဒရယ်ပုံစံလား​ ဆိုတာကို ကွဲကွဲပြား​ပြား​ ရှင်း​ရှင်း​လင်း​လင်း​ပြောဖို့​ လိုတယ်။ တချို့​နိုင်ငံ​တွေမှာ အသုံး​ပြုတဲ့​ ဖက်ဒရယ်ပုံစံဟာ ​ဒေသန္တရ ပထဝီနယ်​မြေ အ​နေအထား​ကို ပိုင်း​ခြား​ပြီး​မှလုပ်တဲ့​ ဖက်ဒရယ်ပုံစံပါ။ တို့​ တိုင်း​ရင်း​သား​တွေ​ပြော​နေတဲ့​ ဖက်ဒရယ်ပုံစံက​တော့​ လူမျိုး​စုကိုအ​ခြေခံတဲ့​၊​ ပြည်နယ်ကိုအ​ခြေခံတဲ့​ ဖက်ဒရယ်ပုံစံကို​ပြောတာပါ။ ဒီကိစ္စအ​ပေါ်မှာလည်း​ ဖက်ဒရယ်ဆိုတဲ့​ စကား​လုံး​တလုံး​နဲ့​ပဲ အား​လုံး​က​ရော​ယောင်ပြီး​ အယုံသွင်း​ခံရတာမျိုး​ မဖြစ်ဖို့​တော့​ လိုတယ်။”

Published on February 25, 2013 by ​အေး​နိုင်

လွန်ခဲ့​တဲ့​ရက်ပိုင်း​မှာ အစိုး​ရတပ်​တွေက ​ကေအိုင်အိုစခန်း​တွေကို တိုက်ခိုက်မှု​ကြောင့်​ နှစ်ဘက် ​တွေ့​ဆုံမယ့်​ အစီအစဉ် မဖျက်ပါဘူး​လို့​ ​ကေအိုင်အိုက ​ပြောပါတယ်။

ကေအိုင်အိုနဲ့​ အစိုး​ရငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်​တွေ ​ဖေ​ဖော်ဝါရီ ၄ ရက်​နေ့​က တရုတ်နိုင်ငံ ​ရွှေလီမြို့​မှာ ​တွေ့​ဆုံခဲ့​ပြီး​ကတည်း​က နှစ်ဘက်အကြား​ တိုက်ပွဲ​တွေ ရပ်ဆိုင်း​နေရာက ​ဖေ​ဖော်ဝါရီ ၂၃ ရက်​နေ့​မှာ တိုက်ပွဲ​တွေ ပြန်ဖြစ်ပါတယ်။ နှစ်ဘက်အကြား​ တိုက်ပွဲ​တွေနဲ့​ ထပ်​တွေ့​မယ် ​တွေ့​ဆုံပွဲ​တွေရဲ့​ ဖြစ်ထွန်း​တိုး​တက်မှုကို ​ကေအိုင်အို​ပြောခွင့်​ရသူ ဦး​လနန်ကို ဒီဗွီဘီက ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။

အစိုး​ရငြိမ်း​ချမ်း​ရေး​အဖွဲ့​နဲ့​ ဘယ်​တော့​ဆွေး​နွေး​ဖြစ်မလဲ။

“ဒီလ​တော့​ ​ဆွေး​နွေး​ဖို့​ အချိန်မရဘူး​ ထင်တယ်။ မတ်လထဲမှာမှ ဖြစ်နိုင်မယ်။”

တိုက်ပွဲ​တွေတချို့​ပြန်ကြား​တယ်​နော်။

“၂၃ ရက်​နေ့​က တိုက်ပွဲ ၂ ကြိမ်ပြန်ဖြစ်တယ်။ အခုအချိန်မှာ တိုက်ပွဲအ​နေအထား​ စိုး​ရိမ်စရာရှိတယ်။ တင်း​မာတယ်လို့​ ​ပြောရမယ်။ ​နေရာတကာမှာ တိုက်ပွဲကပြန်​ပေါ်လာနိုင်စရာ ရှိတယ်။ ဘာလို့​လဲဆို​တော့​ အစိုး​ရစစ်တပ်က တပ်အင်အား​ဖြည့်​တင်း​မှု​တွေ လုပ်​နေတယ်။ ​နောက် သူတို့​ရဲ့​ လုပ်​ဆောင်မှု​တွေကလည်း​ ​ကေအိုင်​အေတပ်ဖွဲ့​ကို အပြစ်ရှာတဲ့​လုပ်​ဆောင်မှု ​ပေါ့​လေ။ ​ကေအိုင်​အေက​နေ မိုင်း​ထောင်ထား​တယ်ဆိုတဲ့​ ပုံစံမျိုး​။ အဲလိုလုပ်​နေတယ် ဆိုကတည်း​က သူတို့​ထဲမှာ သိပ်ပြီး​ ရိုး​သား​မှုမရှိ​သေး​ဘူး​။ ဒါ​ပေမယ့်​ ဒီကိစ္စ​ကြောင့်​ ​ဆွေး​နွေး​မှုရပ်ဆိုင်း​မှု၊​ ​ရွှေ့​ဆိုင်း​မှုက​တော့​ လုပ်မှာမဟုတ်ဘူး​။”

၂၃ ရက်မှာဖြစ်တာ​တွေက ဘယ်ခွင်မှာ ဖြစ်တာလဲ။

“​ကေအိုင်​အေ တပ်မဟာ ၁ ခွင် တပ်ရင်း​တပ်ဆင်း​နေရာ။ ချီ​ဖွေ ​ဒေသလို့​ ​ပြောလို့​ရတယ်။ ပန်ဝါရဲ့​ အ​နောက်ဘက် ​မေခမြစ်ရဲ့​ အ​ရှေ့​ဘက်ခြမ်း​ အဲကြား​မှာဖြစ်တာ။”

တိုက်ပွဲက သာမန်လူမှား​ထိ​တွေ့​ တိုက်ပွဲလား​။ စခန်း​သိမ်း​လား​။

“ကျ​နော်တို့​ရှိတဲ့​ တပ်စခန်း​ကို သူတို့​က ဝန်း​ရံပြီး​တော့​ တပ်စခန်း​သိမ်း​ပုံစံမျိုး​ လာလုပ်တာပါ။ ဒါက မ​တော်မဆဖြစ်စဉ်လည်း​ မဟုတ်ဘူး​။ တမင်ရည်ရွယ်ချက်ရှိရှိလုပ်တာပါ။ အဲမှာ ခလရ ၂၉၀ ပါတယ်။ နယ်ခြား​စောင့်​တပ် ၁၀၀၁၊​ ၁၀၀၂ ပါတယ်။ ဦး​ဆခုန်တိန့်​ယိန်း​ရဲ့​ ပြည်သူ့​စစ်တပ်အဖွဲ့​ဝင်​တွေ ပါတယ်။ အင်အား​ ၁၅ဝ​လောက်ရှိတယ်၊​ ဒါက တ​နေရာ။ ​နောက်တ​နေရာမှာက ခလရ ၂၉ ပါတယ်။ နယ်ခြား​စောင့်​တပ် တပ်ဖွဲ့​ဝင်​တွေပါတယ်။ ဦး​ဆခုန်တိန့်​ယိန်း​ရဲ့​ ပြည်သူ့​စစ်တပ် တပ်ဖွဲ့​ဝင်​တွေပါတယ်။ အင်အား​ ၂၀၀ ပတ်ဝန်း​ကျင်ရှိတယ်။ တချိန်ထဲမှာ ​နေရာ ၂ ခုကို ရည်ရွယ်ချက်ရှိရှိနဲ့​ လာလုပ်တာပါ။ မ​တော်တဆထိ​တွေ့​တာ၊​ နား​လည်မှု လွဲမှား​ပစ်ခတ်တာမျိုး​ မဟုတ်ဘူး​။ အခုလည်း​ အဲ​ဒေသမှာ မ​နေ့​ကစပြီး​ ဒီ​နေ့​အထိ အ​ခြေအ​နေ တင်း​တင်း​မာမာရှိတယ်။”

အချိန်ဘယ်​လောက်အား​ဖြင့်​ တိုက်ပွဲ​တွေဖြစ်လဲ။

“နာရီပိုင်း​နဲ့​ဖြစ်တယ်။ တ​နေရာမှာဆိုရင် မနက် ၉ နာရီ​လောက်က​နေ မွန်း​လွဲပိုင်း​အထိဖြစ်တယ်။ ​နောက်တ​နေရာမှာလည်း​ နာရီ ၃ နာရီ​လောက် ဖြစ်တယ်လို့​ ကြား​မိတယ်။”

ဒီလိုတိုက်ပွဲ​တွေဖြစ်​တော့​ ချင်း​မိုင်မှာ အစိုး​ရနဲ့​ ယူအန်အက်ဖ်စီ​တွေ့​တော့​ ​ကေအိုင်အိုက​နေ ​ဒေါက်တာလဂျာတို့​ တက်တာ​တွေ့​ရတယ်​လေ။ မြန်မာပြည်သမိုင်း​မှာ နိုင်ငံ​ရေး​တွေ့​ဆုံ ​ဆွေး​နွေး​ပွဲ​တွေ ဒီလိုမျိုး​ အစပြု​တောင်လုပ်ပြီး​တော့​ ​ကေအိုင်အိုကိုလည်း​ တိုက်တယ်။ ရှမ်း​မြောက်နဲ့​လည်း​ ပစ်ခတ်မှု​တွေဖြစ်တယ်ဆို​တော့​ ဒါနဲ့​ပတ်သက်လို့​ ဦး​လနန် ဘာ​ပြောစရာရှိမလဲ။

“ဒါထူး​ခြား​မှု​တော့​ မဟုတ်ဘူး​။ မြန်မာ့​တပ်မ​တော်က​နေ ဒီလိုလုပ်​ဆောင်မှုက ​ခေတ်အဆက်ဆက်၊​ သမိုင်း​အဆက်ဆက်မှာ၊​ အစိုး​ရအဆက်ဆက်မှာ အမြဲတမ်း​လုပ်​နေကျ လုပ်ရပ်၊​ ဖြစ်ရိုး​ဖြစ်စဉ်ပါ။ ဒါ​ပေမယ့်​ ဒီထက်ပိုဆိုး​မသွား​အောင်လို့​ ဆိုး​သွမ်း​မှုမဖြစ်​အောင်လို့​ ဝိုင်း​ဝန်း​ထိန်း​သိမ်း​ရမှာပါ။ အပစ်အခတ်ရပ်စဲ​ရေး​ကာလမှာ ဒီလိုအဖြစ်အပျက်မျိုး​တွေ အများ​ကြီး​ဖြစ်ခဲ့​ဖူး​တယ်။ ကျ​နော်တို့​ဘက်က စိတ်ရှည်သည်း​ခံပြီး​မှ ပြဿနာမကြီး​အောင်၊​ မဖြစ်​အောင် ​ကျော်ဖြတ်ခဲ့​တဲ့​အချိန်​တွေ ​တော်​တော်ရှိခဲ့​ဖူး​တယ်။ အခုလည်း​ ဒီလိုမျိုး​ ဆက်ပုံ​ဖော်ဖို့​ရှိတယ်။ အခု အပစ်အခတ်ရပ်စဲ​ရေး​သ​ဘောတူညီချက်ရထား​တဲ့​ ရှမ်း​ပြည်တပ်မ​တော်(​မြောက်ပိုင်း​)နဲ့​လည်း​ ဖြစ်တယ်ဆို​တော့​ ဒါက ပိုဆိုး​တဲ့​လုပ်ရပ်​ပေါ့​။ အား​လုံး​ကလည်း​ နား​လည်ပြီး​သား​ပါ။ ဒီလိုဆက်ပြီး​ဖြစ်လာမယ်ဆိုတာလည်း​ အား​လုံး​က ခန့်​မှန်း​တွက်ချက်ပြီး​သား​။ ဒါ​ပေမယ့်​ အဲလိုဖြစ်ရုံနဲ့​ နိုင်ငံ​ရေး​တွေ့​ဆုံ​ဆွေး​နွေး​မှုကို ဖျက်ဆီး​ပစ်မယ်ဆိုတာ​တော့​ မဖြစ်သင့်​ဘူး​။”

ဒါဆိုရင် ဒီလကုန်ပိုင်း​ ဒါမှမဟုတ် မတ်လဆန်း​မှာ အစိုး​ရနဲ့​ ​တွေ့​ဆုံပွဲက​တော့​ မဖျက်ဘူး​ပေါ့​။

“​ဖေ​ဖော်ဝါရီအတွင်း​ ​တွေ့​ဖို့​အချိန် သိပ်ကပ်လွန်း​သွား​ပြီ။ မတ်လ ဒုတိယအပတ်​လောက်မှာ​တော့​ ​တွေ့​နိုင်မယ်လို့​ ​မေ်ွာ်မှန်း​တယ်။”

ကေအိုင်အို​ခေါင်း​ဆောင်ပိုင်း​တွေနဲ့​ အစိုး​ရ ငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်​တွေဟာ ​တွေ့​ဆုံပွဲ​တွေမှာ လက်ဆွဲနှုတ်ဆက်ပြီး​ ​အောက်​ခြေမှာကျ​တော့​ တိုက်ပွဲ​တွေဆက်ဖြစ်​နေတာက မြန်မာပြည်သူ​တွေက ဘယ်လိုနား​လည်ရမလဲ​တောင် မသိဘူး​။ တခွန်း​တည်း​ နား​လည်​အောင် ဦး​လနန် ဘာ​ပြောချင်ပါလဲ။

“​တွေ့​ဆုံ​ဆွေး​နွေး​တုန်း​က ​ဆွေး​နွေး​မှုအ​ပေါ်မှာလည်း​ လက်ဆွဲနှုတ်ဆက်ပြီး​ သ​ဘောတူညီချက် တစုံတရာရတာမရှိ​သေး​ဘူး​။ ​ဖေ​ဖော်ဝါရီလ​တွေ့​တုန်း​ကလည်း​ လက်ဆွဲနှုတ်ဆက်ပြီး​ အား​လုံး​အဆင်​ပြေပါပြီ၊​ အား​လုံး​ အို​ကေဖြစ်ပါပြီ ဆိုတာမျိုး​ မလုပ်ပါဘူး​။”

ချင်း​မိုင်မှာ အစိုး​ရနဲ့​ ယူအန်အက်ဖ်စီ​ဆွေး​နွေး​ပွဲ သတင်း​စာရှင်း​လင်း​ပွဲမှာ ဝန်ကြီး​ ဦး​အောင်မင်း​က​ပြောတယ်၊​ ယူအန်အက်ဖ်စီနဲ့​တော့​ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲအစ​ခြေလှမ်း​ပြုပြီ။ ​ကေအိုင်အိုလည်း​ ​နောက်ပိုင်း​ပါလာမှာပါလို့​ ​ပြောတယ်။ အခုတိုက်ပွဲ​တွေဖြစ်တယ်။ ဒီ​ပြောဆိုချက်အ​ပေါ်လည်း​ သုံး​သပ်ပြပါ။

“ကျ​နော်တို့​က နဂိုကတည်း​က​ပြောပြီး​သား​ပါ။ အပစ်အခတ်ရပ်စဲ​ရေး​ လက်မှတ်​ရေး​ထိုး​မှုမပြုဘဲ နိုင်ငံ​ရေး​တွေ့​ဆုံ​ဆွေး​နွေး​မှုပဲ ပုံ​ဖော်သွား​မယ်လို့​ ​ပြောထား​တာ ရှိတယ်။ အဲကိစ္စ၊​ အဲပုံစံအတိုင်း​သွား​မှာပါ။ ​ရှေ့​တန်း​မှာဖြစ်​နေတဲ့​ တိုက်ပွဲ​တွေ​လျော့​နည်း​သွား​အောင်​တော့​ ဒါက နှစ်ဦး​နှစ်ဖက်​တွေ့​ဆုံတဲ့​အခါ ​ဆွေး​နွေး​မှုထဲ ဒီကိစ္စ​တွေပါသွား​နိုင်ပါတယ်။”

ဝန်ကြီး​ ဦး​အောင်မင်း​က​ပြောတယ်. ​ကေအိုင်အိုအပါအဝင် ယူအန်အက်ဖ်စီက​နေ ဖက်ဒရယ်ပြည်​ထောင်စုဆိုပြီး​ တ​လေ်ွာက်လုံး​ရပ်တည်ခဲ့​တယ်ဆို​တော့​ ဒါနဲ့​ပတ်သက်လို့​လည်း​ သ​ဘောထား​ကွဲလွဲတာမရှိပါဘူး​ ဆို​တော့​ ​ကေအိုင်အိုနဲ့​ အစိုး​ရ​နောက်ပိုင်း​တွေ့​ဆုံပွဲက အလား​အလာ​ကောင်း​နိုင်လား​။

“ဖက်ဒရယ်ပြည်​ထောင်စုနဲ့​ ဖက်ဒရယ်ပုံစံလို့​ပြောတဲ့​အခါမှာလည်း​ စဉ်း​စား​စရာ အများ​ကြီး​ရှိတယ်။ ​ဒေသန္တရကိုအ​ခြေခံတဲ့​ ဖက်ဒရယ်ပုံစံလား​။ လူမျိုး​စု၊​ ပြည်နယ်ကိုအ​ခြေခံတဲ့​ ဖက်ဒရယ်ပုံစံလား​ ဆိုတာကို ကွဲကွဲပြား​ပြား​ ရှင်း​ရှင်း​လင်း​လင်း​ပြောဖို့​ လိုတယ်။ တချို့​နိုင်ငံ​တွေမှာ အသုံး​ပြုတဲ့​ ဖက်ဒရယ်ပုံစံဟာ ​ဒေသန္တရ ပထဝီနယ်​မြေ အ​နေအထား​ကို ပိုင်း​ခြား​ပြီး​မှလုပ်တဲ့​ ဖက်ဒရယ်ပုံစံပါ။ တို့​ တိုင်း​ရင်း​သား​တွေ​ပြော​နေတဲ့​ ဖက်ဒရယ်ပုံစံက​တော့​ လူမျိုး​စုကိုအ​ခြေခံတဲ့​၊​ ပြည်နယ်ကိုအ​ခြေခံတဲ့​ ဖက်ဒရယ်ပုံစံကို​ပြောတာပါ။ ဒီကိစ္စအ​ပေါ်မှာလည်း​ ဖက်ဒရယ်ဆိုတဲ့​ စကား​လုံး​တလုံး​နဲ့​ပဲ အား​လုံး​က​ရော​ယောင်ပြီး​ အယုံသွင်း​ခံရတာမျိုး​ မဖြစ်ဖို့​တော့​ လိုတယ်။”
http://burmese.dvb.no/archives/36797

ကိုမိုးသီးဇွန် နှင့် မော်နီတာ ဂျာနယ် အင်တာဗျုး

မိုးသီးဇွန် နှင့်အင်တာဗျူး
စစ်နဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ မေးခွန်းများ


ဝေမှူး- ကိုမိုးသီး ဘယ်တော့လောက်ပြန်လာဦးမလဲ။ ၂၀၁၂ စက်တင်ဘာလာတုံးက ကိုမိုးသီးတို့ နဲ့  အစိုးရ၀န်ကြီးတွေ ဆွေးနွေးမှုတွေက အဆင်ပြေလား။

မိုးသီး- ကျနော်ကို ဗီဇာထုတ်ပေးမယ်ဆိုတာနဲ့ ပြန်လာဖို့ အဆင်သင့်ပါပဲ။ ကိုလှမောင်ရွှေကို
ကျနော်တို့ ဆက်သွယ်တယ်။ နောက်တချိန် မြန်မာပြည်လာဖို့  ဗီဇာကိစပါ။ သူတို့ ဖက်ကအကြောင်းမပြန်ဘူး။ ကျနော်တို့ ပြောနေတာဆိုနောတာ၊ရေးနေတာတွေကို မကြိုက်တဲ့သဘောထားရှိတယ်လို့ ဆိုပါတယ်။ အစိုးရကြားချင်နေတာတွေကို ပဲကျနော်တို့ ပြောနေရင် ရေးနေရင် အစိုးရကို ကူညီရာမရောက်တော့ပဲ ဖျက်ဆီးသလိုဖြစ်နေမှာပေါ့။ သူတို့ ကြားခြင်နေတာတွေကို နစ်ပေါင်း ၅၀ ကြားခဲ့ပြီးပြီ၊ နိဂုံးချုပ်ကိုလဲတွေ့ ခဲ့ပြီပြီ။ ဒီတခါတော့ အစိုးရအနေနဲ့  မကြားချင်တာတွေကိုနားထောင်နိင်စွမ်း၊ သဘောထားကွဲလွဲမှုတွေကို လက်ခံနိင်စွမ်းကို လက်တွေ ပြရမဲ့အချိန်ဖြစ်လာပြီ။

ဒီမိုကရေစီဆိုတာ အစိုးရကိုလွတ်လပ်စွာဝေဖန် ခွင့်ရှိရမယ်လေ။ အခုဆိုရင်တချို့ဂျာနယ် တွေထဲမှာလဲဝေဖန်နေကြတာပဲ။ တချို့ ဂျာနယ်တွေမှာ အစိုးရကိုဝေဖန်မှုတွေနဲ့  ကျနော်တို့ ပြောတဲ့အချက်တွေနဲ့အတူတူပဲ။ ကျနော်တို့ ဝေဖန်တော့ကျနော်တို့ ကို အမြက်သိုလို့ မရဘူးလေ။ အခုဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ၈၈မျိုးဆက်တွေအစိုးရနဲ့နားလည်မှုရှိနေကြပြီ၊ ကောင်းပါတယ်။
ကျနော်တို့ ကတော့အစိုးရလုပ်ရပ်တွေနား မလည်နိင်သေးဘူး။ ဝေဖန်နေဦးမယ်။
ကျနော်တို့အတိုက်ခံလုပ်လို့ မရဘူးလား။ ဒီမိုကရေစီနိင်ငံတခုမှာ အစိုးရကိုထောက်ခံတဲ့သူရှိတယ်။ ဝေဖန် တဲ့သူ ကန့် ကွက်တဲ့သူလဲရှိရမယ်လေ။

ကျနော်တို့ နဲ့အစိုးရ၀န်ကြီးတွေ ပထမအကြိမ် ဆွေးနွေးမှုတွေက ဘာတခုမှာ သဘောတူညီ ထားမှုမရှိသေးပါဘူး။ ဦးအောင်မင်းတို့ အနေနဲ့ သတိပြုသင့် တာကရှေ့ ကနေ တဖွဲ့ ပြီးတဖွဲ တယောက်ပြီးတယောက်နဲ့ဆွေးနွေးမှုတွေသလုပ်နေတာ နောက်ဖက်က ဆက်ပြီးအကောင်ထည်ဖေါ်နိင်တာမရှိသေးဘူး။ ခုနက ကျနော်ပြောသလိုပေါ့သူတို့ မှလူမရှိတော့တဲ့ပြသနာကြီးကြုံနေတာ ကျနော်တို့ တွေ့ နေရတယ်။ အခု ကျနော်တို့ နဲ့ပြောတယ်။ ကျနော်တို့ ပြန်လာပြီး ဖွင့်ဖြိုးရေးတွေလုပ်မဲ့ကိစ္စ ဆက်လို့ မရဘူး ဖြစ်နေတယ်။ ကျနော်တို့ ကို ဆွေးနွေးဖို့ လာပါ၊ ပြောင်းလဲနေတာ လာကြည့်ပါလို့ ပြောတယ်။ ကျနော်တို့  မြင်တာတွေပြောခွင့်ပြုပါလို့ ကျနော်ဒီတချက်ကို တောင်းဆိုတယ်။ ကျနော်တို့ မြင်တာတွေပြောတယ်။ နောက်- ကျနော့်ကို လူသတ်မှု အစိုးရတရားရုံးတခုကအမှုဖွင့်လိုက်တယ်။ ဒီတော့ ကျနော်တို့  က ဘယ်လိုသဘောထားရတော့မလဲ။ ရှေ့ က ငြိမ်းချမ်းရေးလုပ်တယ်။ နားလည်မှုတွေလုပ်တယ်။ နောက်က နေ ဓါးနဲ့ ထောက်ထားသလိုဖြစ်မနေဘူးလား။ ကျနော်တို့ လုပ်မဲ့အလုပ်တွေတန့် သွားတယ်။ ကျနော်တို့ တန့် သွားတော့သူတို့ လဲတန့် မှာပဲ။
အခုလဲကချင်တွေ၊ကရင်တွေနဲ့အပြစ်ခတ်ရပ်နေတယ်။ ဒီအဖွဲ့ တွေကိုရော ဘာတွေနဲ့ ကန့် ထားဦးမလဲဆိုတာလူတိုင်းက စဉ်းစားလာတာပေါ့။

ဝေမှူး- တကယ်လို့ ပြန်လာဖြစ်ရင် အကို ဘာကို အလုပ်ချင်ဆုံးလဲ။

မိုးသီး- တိုင်းပြည် ပြန်လည်တည်ဆောက်ရေးတွေကိုလုပ်ခြင်တယ်။ နိင်ငံရေးအရ အတိုက်ခံလုပ်ခြင်တယ်။ ဦးသိန်းစိန်ရဲ့  အများစုပါတီကိုရော ၊ ဒေါ်စုရဲ့ အနည်းစုပါတီကိုပါ
ကျနော်တို့  ဝေဖန်သင့်တာတွေဝေဖန်ခြင်ပါတယ်။ သူတို့ ကိုလဲ ပိုပြီးသတိထားနိင်တာပေါ့။
ဝေဖန်တဲ့အတွက်ကျနော်တို့ ကို မုန်းမှာပါ။ ဒါကို ကျနော်တို့ ခံပါမယ်။
ဒီမိုကရေစီမှာ အတိုက်ခံ တွေလိုတယ်လေ။

ပြည်သူလူထုတွေအတွက် တော့ သောက်သုံးရေရရှိနိင်ရေးအတွက် လုပ်ခြင်တယ်။
ကျနော်တို့ အမိမြေငြိမ်းချမ်းရေးအဖွဲ့ ဝင်တွေထဲမှာလဲ သူတို့ နိင်တဲ့တာဝန်တွေကို သူတို့ ပြန်လုပ်ပေးချင်တဲ့သူတွေရှိတယ်။ ကျမ္မာရေး၊စီးပွားရေး၊လူမှုရေးလုပ်ငန်းတွေပေါ့။
ကျနော်တို့ အဖွဲ့ ဝင်တွေထဲက ကိုထွန်းအောင်ကျော်က လူမှုရေးအသင်းအပင်းတွေကိုဘယ်လို တည်ထောင်ရတယ် ဆိုတာတွေကို ပြန်လည်သင်တန်းတွေလုပ်ပေးချင်တယ်။
ကိုမူးသာက Food နဲ့ ပတ်သက်တဲ့သင်တန်း။ ကိုကိုလေးက လဲ ဓါတ်ပုံသင်တန်းတွေပေးချင်တယ်။ အားလုံးကတော့လက်ရှိနိင်ငံရေးအခင်းအကျင်းမှာ ပါဝင်ကူညီခြင်ကြတယ်။ သူတို့  ဟာ ၂၄ နစ်လုံး မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် မဆုတ်မနစ်ကြိုးပန်းဆောင်ရွက်ခဲ့သူတွေဖြစ်တယ်။

ဝေမှူး - နိင်ငံရေးပြောင်းလဲမှုတွေနဲ့ပတ်သက်လို့ အကိုရဲ့ အမြင်တွေကို သိချင်တယ်။
အခု အစိုးရနဲ့  ကချင်အမျိုးသားအစည်းအရုံး( KIO) တို့  အပြစ်ခတ်ရပ်စဲရေးလုပ်ဖို့  ဦးအောင်မင်းနဲ့  ကချင်ခေါင်းဆောင်တဦးဖြစ်တဲ့ ဂွမ်မော်တို့  ရွှေလီမှာစတင်တွေ့ ဆုံခဲ့ကြပါပြီ။
ဒီအပေါ်မှာအလားအလာ ကို အကိုဘယ်လိုမြင်ပါသလဲ။

မိုးသီး- ကျနော်အမြင်ကတော့ စစ်ကိုအမြန်ဆုံးရပ်၊ ငြိမ်းချမ်းရေးလုပ်တာ ကောင်းတယ် လို့ မြင်ပါတယ်။ ဦးအောင်မင်း၊ဦးစိုးသိန်းတို့ နဲ့ ကျနော်တို့ တွေ့ ဆုံဆွေးနွေးစဉ်ကလဲ
စစ်ကို အမြန်ဆုံးရပ်ဆိုင်းပြစ်ဖို့  ငြိမ်းချမ်းရေးလုပ်ဖို့  တိုက်တွန်းခဲ့ပါတယ်။
မြန်မာ ပြည်ဟာပြည်တွင်း စစ်သက်စိုးအရှည်ဆုံး၊ ပတိပက္ခတွေကအများဆုံးနိင်ငံဖြစ်ပါတယ်။
စစ်ကြောင့် တိုင်းပြည် စီးပွားရေး၊လူမှုရေး၊ ပညာရေး၊ တိုင်းပြည်တည်ဆောက်ရေးတွေ ဘယ်လောက်ဆုံးရှုံးမယ်၊အချိန်၊ လူသားအရင်းမြစ်၊ စွမ်းအင် စတာတွေ ကုန်ခန်းစေတယ်ဆိုတာ ကျနော်အထူးရှင်းပြစရာမလိုတော့ပါဘူး။ မိသားစုတိုင်းခံစားနေကြရပါပြီ။
ဒီအတွက် ကချင်နဲ့  အပြစ်ရပ်ပြီး နှစ်ဖက် စကားပြောကြတာကောင်းပါတယ်။ ပြောလို်က်-တိုက်လိုက်မဖြစ်ဖို့ လဲလိုပါတယ်။



ဝေမှူး- အစိုးရက ဘာကြောင့်ကချင်ကိုတိုက်နေတာလဲ။ ကချင်ကရော ဘာကိုလိုချင်သလဲ။

မိုးသီး - ဒီအမေးကို ပေါင်းချုပ်ပြီးပြေရမယ်ဆိုရင် ၊ အစိုးရကချင်ဒေသကိုထိမ်းချုပ်ဖို့ ဆိုတာက
နိင်ငံရေး၊ စီးပွားရေးရည်မှန်ချက်ရှိနေတာ လူတိုင်းသိနေတာပဲ။ ကချင်ဒေသက အရင်းအမြစ်တွေ ကို လူတစုက ကိုယ်ကျိုးအတွက်အသုံးပြုချင်နေကြတာပါ။
အစိုးရအဆက်ဆက်မှာ တိုင်းရင်းသားဒေသတွေဆီက အရင်းမြစ်တွေကိုလိုခြင်တယ်။ ခေါင်းပုံဖြတ်တယ်။ ဒီဒေသတွေဖွင့်ဖြိုးမှုကြတော့ ဘာတခုမှ ထိထိရောက်မလုပ်ပေးခဲ့ကြဘူး။
ဒီနေ့ တိုင်းရင်းသားဒေသတွေကိုကြည့်ရင် သမိုင်းဦးဘုံမြေခေတ် အဆင့် Primitive Stage မှာပဲ၇ှိနေသေးတယ်။ စိုက်ပျိုးရမယ်။ အမဲလိုက်ရမယ်။ လောင်စာအတွက် ထင်းခွေရမယ်ဆိုတဲ့အဆင့်ပေါ့။
တိုင်းရင်းသားတွေဟာ ခေတ်သစ်ကမ္ဘာကြီးရ့ဲ ဟိုချောင် ကိုရောက်နေကြရတယ်။
အလွယ်ဆုံးပြောရင် ဒီနေ့ ကမ္ဘာကြီးဟာတလုံးထဲမဟုတ်တော့ဘူး နှစ်လုံးဖြစ်နေပြီ။
တလုံးက မီးလာတဲ့ကမ္ဘာကြီး ၊ မီးမလာတဲ့ကမ္ဘာကြီး။
မီးလာတဲ့ကမ္ဘာကြီမှာ ဆူပါမကက်ရှိတယ်။ နိင်ငံတကာ ကျောင်း (International School) ရှိတယ်။ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်နိင်တဲ့နေရာရှိတယ်။ အနှိပ်ခန်းရှိတယ်။ အင်တာနက်ရှိတယ်။

မီးမလာတဲ့ကမ္ဘာကြီးထဲမှာ တိုင်းရင်းသားတွေ နေထိုင်နေရတယ်။ သူတို့ မှာဘာမှမရှိဘူး။
ဒါကြောင့်သူတို့ ဘာလိုချင်သလဲ ဆိုရင် မီးလာခြင်တယ်။ ကျောင်းတွေဖွင့်ခြင်တယ်။ စက်ရုံတွေအလုပ်ရုံတွေဖွင့် ချင်တယ်။ လမ်းတွေဖေါက်တံတားတွေဆောက်ခြင်တယ်။
ဖွင့်ဖြိုးရေးတွေလိုခြင်တယ်။

ဒါတွေက အစိုးရအဆက်ဆက် က ဖွင့်ဖြိုးရေးတွေ လုပ်ပေးမယ်ဆို ကတိက၀တ်တွေပြုကြတယ်။ အနော်ရထာမင်းကလဲ သူလုပ်ပေးမယ်ပြောတယ်။ ဖြစ်မလာဘူး။ ဘုရင်နောင် ၊အလောင်းဘုရားတို့ ကလဲ သူလုပ်ပေးမယ်ပြောတယ်။ ဖြစ်မလာဘူး။ ဦးနု၊ဦးနေ၀င်း၊ ဦးသန်းရွေ ခေတ် မှာလဲ ဖြစ်မလာဘူး။

ဒီနေ့ အထိ ဘာတခုမှာ ဖြစ်မလာဘူး။ တိုင်းရင်းသားတွေဟာ
ပြည်ထောင်စုနေနီးလာရင် ပြက္ခဒိန် ထဲမှာ ဗမာ စုံတွဲကို အလယ်ကထားပြီး ကျောက်တိုင် ကိုဝိုင်းပြီး ဓါတ်ပုံအရိုက်ခံရတာကလွဲလို ဘာမှ ရမလာကြသေးဘူး။

တိုင်းရင်းသားဒေသတွေကို နိင်ငံရေးခေါင်းဆောင်တွေသွားကြတယ်။ တိုင်းရင်းသားဝတ်စုံဝတ်ပြီး ဓါတ်ပုံရို်က်ပြီး ပြန်လာကြတယ်။
ဘာမှဖြစ်မလာဘူး။ ဒီတော့ ၀ါဒဖြန့် ချီမှုတွေရပ်ဖို့ အချိန်တန် နေပြီ။
တိုင်းရင်းသားဒေသတွေလိုခြင်နေတဲ့ မီးလာနေတဲ့ကမ္ဘာကြီးကို ကျနော်တို့ကပေးချင်တယ်ဆိုရင် အကောင်းဆုံးကတော့ တိုင်းရင်းသားတွေကို သူတို့ ပြည်နယ်ကို သူတို့  စီမံခန့် ခွဲခွင့် ပေးဖို့ ပါပဲ။
ကျနော်တို့ ကိုယ်တိုင်သွားရောက်လုပ်ပေးလိုက်မယ်ဆိုတဲ့စေတနာထက်စာရင်သူတို့ ကိုယ်တိုင်သူတို့ ပြည်နည်းကို အုပ်ချုပ်ပါစေ။
တိုင်းရင်းသားဒေသတွေ့ မှာ ပါတီစုံရွေးကောက်ပွဲတွေ လုပ်ခွင့်ပေးပါ။ သူတို့ ပြည်နယ်အစိုးရကို သူတို့ ရွေးကောက်ဖွဲ့ ခွင့်အုပ်ချုပ်ခွင့်ပြုဖို့ ပါ။

ဝေမှူး- တခုဒီမှာကြားနေတာက အစိုးရက ထိုးစစ်ကိုရပ်ဖို့ ညွန်ကြားတယ်။ စစ်တပ်က မရပ်တာလို့ ဆိုတယ်။ ဒါကို ဘာပြောချင်သလဲ။

မိုးသီး- စစ်တပ်ဆိုတာ သမတရဲ့ အမိန့် ကိုနာခံရတာပဲ။ ဒီသမတအမိန့် တော့မနာခံဘူး။
ဟိုသမတအမိန့် မှာ နာခံမယ်လုပ်လို့ မရဘူးလေ။ အမိန့် မနာခံရင် အရေးယူရမယ်။
ဦးစီးချုပ်က မနာခံရင်ဦးစီးချုပ်ကို ဖြုတ်၊ တိုင်းမှုးက မနာခံရင် တိုင်းမှုးကိုဖြုတ်ပေါ့။
သမတအနေနဲ့  ကလဲ သူအမိန့် ကို တပ်က နာခံတယ်။ မနာခံဘူးဆိုတာလွှတ်တော်ကို တင်ပြသင့်တယ်။ လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကို လုပ်သင့်တယ်။ အင်ဒိုနီးရှားမှာ
အီဂျစ်မှာလုပ်သလိုပေါ့။ ဒီလိုမလုပ်ဘူးဆိုရင် သမတ ကိုပါ လူထုနဲ့နိင်ငံတကာ က အယုံအကြည်ရှိမှမဟုတ်ဘူး။


ဝေမှူး- အခုဦးအောင်မင်း က တိုင်းရင်းသားအဖွဲ့ တွေ နဲ့ လိုက်လံဆွေးနွေးနေပါတယ် ။ အပြစ်ခတ်ရပ်စဲရေးတွေဖြစ်လာပါတယ်။ ဥပမာ ကရင်၊ ဒီကေဘီအေ နဲ့  အပြစ်ရပ်လုပ်လိုက်နိင်ပြီ။ ကေအိုင်အိုနဲ့ လဲ အပြစ်ရပ်စဲဖို့ စကားစပြောနေပြီ ..ဒီအပေါ်မှာ ကိုမိုးသီး ဘယ်လို မြင်သလဲ ။

အန်ကယ်ဦးအောင်မင်းက တိုင်းရင်းသားအဖွဲ့ တွေနဲ့  အပြစ်ရပ်စဲဖို့ ကြိုးပန်းနေတာကျနော်တို့ တွေ့ နေရပါတယ်။ သူလဲ ငြိမ်းချမ်းရေးကို လိုချင်တဲ့ဆန္ဒ နဲ့ ပတ်သက်လို့ ကျနော် အငြင်းပွားစရာမရှိဘူး။ ငြိမ်းချမ်းရေးကို လိုလားတဲ့စေတနာမရှိဘူးလို့  မပြောဘူး။ ဒါပေမဲ့ချဉ်းကပ်ပုံက အရေးကြီးပါတယ်။

တိုင်းရင်းသားဒေသတွေဖွင့်ဖြိုးချင်တဲ့စေတာနာ၊ ငြိမ်းချမ်းလိုချင်တဲ့စေတာနာကို အသိမှတ်ပြုတယ်။ ဒါပေမဲ့မြန်မာစကားမှာ စေတာနာနဲ့ကိုယ်ကလုပ်ပေမဲ့တဖက်သားမှာ ဝေဒနာဖြစ်စေတယ်ဆိုတာရှိပါတယ်။
ဒါကြောင့်မူတခု နားလည်မှု ရှိဖို့ လိုတယ်။ ဦးအောင်မင်း ကြိုးပန်းနေတာက အစိုးရကချမှတ်ထားပြီးသား လမ်းကြောင်း Guide Line ပေါ်မှာလုပ်နေတာပါ။
ဒီလမ်းကြောင်းက ပထမ အဆင့် အားလုံးအပြစ်ရပ်မယ်။ နားလည်မှုရတယ်ဆိုရင်
အားလုံးပါဝင်တဲ့ ညီလာခံသဘောမျိုးနဲ့  သဘောတူညီချက်ရေးထိုးမယ်ဆိုတဲ့သဘောမျိုးပေါ့။

တိုင်းရင်းသားတွေဖက်က စိုးရိမ်တာက ဦးခင်ညွန့် လက်ထက်ကလဲ အပြစ်ရပ်မယ်။ ဒေသဖွင့်ဖြိုးရေး ပူးပေါင်းလုပ်မယ်။ နောင်တက်လာတဲ့အစိုးရမှာနိင်ငံရေးစကားပြောကြပေါ့။ ဒီတော့ အမျိုးသားညီလာခံ မှာ တိုင်းရင်းသားတွေကလိုလားချက်တွေကို ပြောကြ။ သဘောတူညီမှုတွေကို အခြေခံဥပဒေမှာပြဌာန်းမယ်။ ဒီလမ်းကြောင်းအတိုင်း ကချင်အပါအ၀င် တိုင်းရင်းသားအတော်များများ လိုက်ခဲ့ကြတယ်။ အခု အရပ်သားအစိုးရတောင်ဖွဲ့ စည်းပြီးသွားပြန်ပြီ တကယ့် ငြိမ်းချမ်းရေးနဲ့ ဖွင့်ဖြိုးမှုတွေကိုမလုပ်နိင်ပြန်ဘူးဖြစ်နေတယ်လေ။ လမ်းပိတ် ( Death End ) ဖြစ်သွားတယ်။

ဒါကြောင့်တိုင်းရင်းသားတွေနဲ့  ယုံကြည်နည်းလည်မှုတွေရနိင်ဖို့ က
တိုင်းရင်းသားဒေသတွေမှာ တပ်ချထားတာတွေကို ပြန်ဆုတ်ပေးဖို့ 
တိုင်းရင်းသား ဒေသ တွေမှာ နိင်ငံရေးလှုပ်ရှားမှုတွေကို စတင်လုပ်ဆောင်ခွင့်၊ ဖွင့်ဖြိုးရေးတွေကို စတင်လုပ်ဆောင်ခွင့်တွေကို အစိုးရက လုပ်ပေးသင့်တယ်။
အခု ပြည်မ မှာ နိင်ငံေ၇းပါတီတွေ စည်းရုံးလှုပ်ရှားခွင့်တွေပေးလာသလိုပေါ့။
သူတို့  ဒေသတွမှာ လဲ နိင်ငံရေးနဲ့  ဖွင့်ဖြိုးရေးတွေကို လုပ်ကိုင်ဆောင်ရွက်ခွင့်တွေကို စတင်ပေးခြင်း၊လိုက်လျောခြင်းတွေနဲ့  ယုံကြည်မှုတွေကို လုပ်ပြဖို့ လိုတယ်။


ဝေမှူး - ငြိမ်းချမ်းရေးလုပ်တဲ့အပိုင်းမှာတချို့ ကလဲ ပြောနေကြတယ်ဗျ၊ ဥပမာ ကြံ့ခိုင်ဖွင့်ဖြိုးရေးအမတ်တဦးဖြစ်တဲ့ ဦးလှရွှေ က လိုအပ်လာရင် ခွန်အားသုံး (Coercion) ပြီး တော့လဲ ငြိမ်းချမ်းရေးလုပ်ရ တာပဲလို့ ဆိုပါတယ်။ သူက အမေရိကန်နဲ့သိရိလင်္ကာနိင်ငံတွေကို ဥပမာပြထားတယ်။ ဒါနဲ့ပတ်သက်လို့  ဘယ်လိုမြင်ပါသလဲ။

မိုးသီး - ဒါကတော့သဘောတရားရေးအပိုင်းဖြစ်လာတာပေါ့လေ။
အမေရိကန် က ဒုတိယကမ္ဘာစစ်မှာ ဖက်ဆစ်ဂျာမဏီကို စစ်ရေးနည်းနဲ့  အနိင်ယူခဲ့တယ်။ ခွန်အားသုံးတဲ့နည်းနဲ့ငြိမ်းချမ်းရေးကိုယူခဲ့တယ်။ ဖက်ဆစ်ဝါဒဟာ အမေရိကန် နိင်ငံရဲ့ ငြိမ်းချမ်းရေးနဲ စံနှုန်းတွေကို ခြိမ်းခြောက်လာတယ်လို့ ယူဆလာတဲ့အတွက်
သူဟာ ခွန်အားကိုသုံးခဲ့တယ်။ ဒီလိုအောင်ပွဲခံတာကိုလဲ လစ်ဘရယ်ဒီမိုကရေစီက ဖက်ဆစ်ဝါဒအပေါ်မှာအနိင်ရခဲ့တယ်လို့ ဆိုပါတယ်။
ဒါကလဲအခြေအနေပေါ်မူတည်သွားပါတယ်။ အမေရိကန် ဟာ အောင်ပွဲခံနိင်တဲ့
ကမ္ဘာ့နိင်ငံရေးအခြေအနေ၊ ပြည်တွင်း လူထုထောက်ခံမှုနဲ့ စီးပွားရေးအနေထားတွေရှိနေပါတယ်။
ဒီတော့ သူဟာ ငြိမ်းချမ်းရေးရဖို့ အတွက် စစ်ပွဲ ထဲကိုပါဝင်လာခဲ့တယ်။ ပထမနဲ့ဒုတိယကမ္ဘာစစ်ကိုနိင်တယ်လို့  ဆုံးဖြတ်ထားတယ်။
တခါ ဗီယက်နမ်စစ်ပွဲကိုတော့ရှုံးတယ်လို့  အမေရိကန် နိင်ငံရေးလောကမှာဆုံးဖြတ်ထားပါတယ်။ ကိုရီးယားစစ်ပွဲကို တော့ မပြီးသေးတဲ့စစ် ( Unfinished war ) လို့ ဆုံးဖြတ်ထားတယ်။

ဗီယက်နမ်စစ်မှာ ဆက်တိုက်ရင် အကျဆုံးများလာမယ်။ အကျိုးသက်ရောက်မှုတွေကြီးလာမယ်။ အကျိုးမရှိဖြစ်လာတယ်။ ၁၉၅၄ ခုနစ်မှာ အမေရိကန် အိုက်ဆင်ဟောင်ဝါသတိပေးတဲ့ ဒိုမီနိသက်ရောက်မှု သီအိုရီကို ခဏ ဘေးချိတ်လိုက်ရတယ်။

ဒါကိုမြင်လာခဲ့အတွက် ၁၉ ၇၆ ခုနစ် နစ်ဆင်လက်ထက်မှာ ကင်ဆင်ဂျာကို တရုပ်ပြည်ကိုလွတ်ပြီး ဗီယက်နမ်ကနေ ထွက်ဖို့  စတင်ပြင်ဆင်ရတော့တယ်။
ဗီယက်နမ်ကျသွားရင် ဒီဒေသမှာ ကွန်မြူနစ်ဝါဒကြီးဆိုလာမယ်။ ဒေသအတွင်း အမေရိကန်ရဲ့ အကျိုးစီးတွေကိုထိခိုက်လာမယ်လို့ မြင်ခဲ့ကြတယ်။ ချကြည့်တယ်။ မရဘူး။
အကောင်သေးတယ်ထင်လို့ မျိုမိတဲ့တဲ့သားကောင်ဟာ အဆိပ်ရှိတဲ့အကောင်ကိုမျိုမိသလိုဖြစ်သွားတယ်။ ဒီတော့ ပြန်ဆုတ်ရတာပါပဲ။
ဒီဒေသကနေ အမေရိကန် ဆုတ်နိင်ဖို့ အတွက် တရုပ်ကိုကြိုတင်ဆွေးနွေးခဲ့ရတာပါ။

သိရိင်္လကာ ကိုလဲကြည့်ဦး။ သိရိလင်္ကာ၊ နာမည်လေးက လှသလောက် ပတိပက္ခကို ရဲ့ ရလဒ်က အရုပ်ဆိုးလှတယ်။ ၁၉ ၈၃ ခုနစ်လောက်က စပြီးအထွတ်အထိပ်ရောက်လာတဲ့ သိရိလင်္ကာ ပြည်တွင်းစစ်မှာ နစ်ဖက်သေဆုံးသူ တသိန်းလောက်သေသွားကြတယ်။
သိရိလင်္ကာအစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုက နိင်ငံတကာ အော်ချသွားရလောက်အထိဖြစ်ခဲ့တယ်။ ကမ္ဘာကြီးက သိရိလင်္ကဆိုတာယဉ်ကျေးသိမ်မွေ့ တဲ့နိင်ငံတခုလို့ မြင်လို့မရအောင်ဖြစ်သွားတဲ့ပေးဆပ်မှုကိုပေးလိုက်ရတယ်။ သိရိလင်္ကာအစိုးရဲ့ ပုံရိပ်နဲ့  ဦးသန်းရွှေလက်ထက်ပုံရိတ် နစ်ခုဟာ နိင်ငံတကာ မျက်နာစာမှာ တန်းတူရှိခဲ့တဲ့အချက်ကို မမေ့ သင့်ဘူး။ အကြမ်းဖက်မှု၊ ရက်စက်မှု၊ ညင်းပန်းနိပ်စက်မှုတွေနဲ့  ရုပ်ဆိုးအကျဉ်းတန်ခဲ့တာကိုခုထိချေဖျက်နေရတုံးဖြစ်တယ်။
ငြိမ်းချမ်းရေးကို စစ်နဲ့ဖြေရှင်းမိခဲ့တာကိုး။

သိရိလင်္ကာစစ်ရေးနဲ့ အောင်မြင်တာကို အားမကျသင့်ဘူး။ သူတို့ အောင်မြင်ခဲ့တဲ့အချက်တွေထဲမှာ..

၁။ အမေရိကန် မှာ ၉/ ၁၁ ဖြစ်ရပ်နဲ့ တိုက်ဆိုင်သွားတယ်။ အစ္စလန်အခြေခံ လက်နက်ကိုင်အဖွဲ့ စည်းတွေကို တမ္ဘာလုံးက စိုးရိမ်သွားတဲ့ကာလ မှာသိရိလင်္ကာ၊ အိန္ဒိယ၊ တရုတ်တို့  ဆွမ်းကြီးလောင်းပွဲနဲ့ကြုံသွားကြတယ်။ သိရိလင်္ကာက တမဲလ်တိုက်ဂါးတွေကိုနိမ်နင်းတာ၊ အိန္ဒိယက ကက်ရှမီးယား သူပုန်တွေကို ချေမှုန်းနေတာ၊ တရုပ်တို့ ရဲ့ ရှင်ကျန်း ဒေသ (တရုတ်မွတ်စလင်ဒေသ) မှာလူအခွင့်အရေးချိုးဖေါက်နေတာတွေကို
အမေရိကန်အပါအ၀င် အနောက်အုပ်စုက နာစေးပေးလိုက်တဲ့ ကာလ ဖြစ်ခဲ့တယ်။
ဆိုလိုတာက ကမ္ဘာနိင်ငံရေးမိုးသက်မုန်တိုင်း ဆင်လာတဲ့ကာလ မှာ သိရိလင်္ကာက အခွင့်ကောင်းယူပြီးအသုံးချလိုက်နိင်တယ်။ နိင်ငံရေးလှုပ်ရှားမှုဆိုတာကလဲ ..

၂။ တမဲလ်တွေခြေကုတ်ယူလှုပ်ရှားရမြေဟာ ကန့် သတ်မြေပြင် ( Limited Terrain) ဖြစ်နေတယ်။ ဒီလိုဒေသမျိုးမှာ စစ်ရေးလှုပ်ရှားတာဟာ ရေတိုအတွက်ရောရေရှည်အတွက်ပါအန္တရယ်သိပ်များတယ်။ ဥပမာ ၁၉ ၇၀ နှောင်းကာလက ဗမာပြည်ကွန်မြူနစ်ပါတီက မြစ်ဝကျွန်းပေါ်ကို မဟာဗျူဟာမြောက်စစ်ဆင်ဒေသအဖြစ်ရွေးချယ်ခဲ့သလိုမျိုး၊ ၁၉ ၄၂ ခုနစ် မှာ ဗြိတိသျတွေက
စင်္ကပူကို အခိုင်မာစစ်စခန်းဖွင့်ပြီး ဂျပန်ရဲ့ ထိုးစစ်ကို ခုခံနေရတဲ့အမှားမျိုး။ ဖေဖေါ်ဝါရီလ ၁၅ ရက် ၁၉ ၄၂နှစ် မှာ ဗြိတိသျ ဗိုလ်ချုပ် အာသာပါစီဘဲလ် (Lt Gen. Arthur Percival) တပ် တသိန်း ၃ သောင်း ဟာ ဂျပန်ဗိုလ်ချုပ် တိုမိုယူကီ၊ယာမာရှီတာ (Tomoyuki Yamashita ) ရှိတာ ထံမှာလက်နက်ချလိုက်ရတယ်။ ဒါအင်္ဂလိပ်စစ်သမိုင်းမှာအဆိုးဆုံးဖြစ်ရပ်။ ထိုးစစ်အသွင်ဆောင်တဲ့ခံစစ်ကိုမလုပ်မိတာလို့ စစ်ပါရဂူတွေက သုံးသပ်တယ်။ ဆိုလိုတာက ထိုင်းတောင်ပိုင်းကဖြတ်ဝင်လာတဲ့ ဂျပန်တပ်ကို ထိုင်း- မလေးရှား အစပ်ကနေထွက်ပြီး စစ်ခံသင့်တာ။ မခံပဲ။ နောက်ဆုတ်ပြီး အသေစစ်ခံခြင်းဖြင့် အင်္ဂလန်က စစ်ကူလာတဲအထိအချိန်ဆွဲထားနိင်တဲ့ခံစစ်ဗျုဟာမျိုးပေါ့။
အင်္ဂလိပ်အတွက် Logistic သိပ်ဝေးနေတာတွေက စစ်ရှုံးစေတဲ့ အဓိကအချက်တွေပေါ့။
တမဲလ်က ဒီထက်ကိုပိုဆိုးတယ်။ အင်အားနည်းရတဲ့အထဲမှာ သူစစ်ရေးလှုပ်ရှားနယ်မြေ Killinochchi က ကျဉ်းတယ်။ ဒီနယ်မြေက သိရိလင်္ကာရဲ့  မြောက်ပိုင်း အစွန်း။ သိရိလကာနိင်ငံတခုလုံးကိုက ပင်လယ်ပတ်ပတ်လည်ဝိုင်းရံနေတဲ့နိင်ငံ။ တမဲလ်ရဲ့ ကျားတွေရဲ့ နောက်ဖက်က ပင်လယ်ကြီးဖြစ်နေတယ်။ ဒီတော့ ပြောက်ကျားတပ်ဖွဲ့ တွက် ကံဆိုးတာပေါ့။
၃။ နောက်တခုက တမဲလ်တွေရဲ့ နိင်ငံရေး တောင်းဆိုမှု၊ သူတို့ က သီးခြား နိင်ငံအဖြစ်တောင်းဆိုတိုက်ကြတော့ ပြည်တွင်းနဲ့ပြည်ပ ထောက်ခံမှု နည်းခဲ့တယ်။
ဒီတော့လဲ တမဲလ်တိုက်ဂါး တွေအတွက် ရောမခေတ်သမိုင်းပညာရှင်ကြီး သီရုဒု ( Thuydides) ‘’ the strong do as they will and weak suffer what they must’’ ပြောခဲ့သလို ဖြစ်ခဲ့ရတာပေါ့။ သင်္ခန်းစာယူစရာတွေပေါ့-

ဝေမှူး- ဆိုတော့ ကချင်အခြေအနေက တမဲလ်နဲ့ မတူတာတွေက ဘာတွေများလဲ။

မိုးသီး-ကချင်မှာကြတော့ တမဲလ်နဲ့မတူဘူး။ နိင်ငံရေးအရအသာစီးရနေတယ်။ တရုပ်နိင်ငံ အတွက် ကချင်က ဘ၀တသက် တာမိတ်ဆွေ (Life Long Partner )၊ ကချင်အရေးက အမေရိကန်နဲ့အနောက်အုပ်စုရဲ့  (Moral Issue) ၊ အမေရိကန် သံရုံးအသစ်ထဲ ဒုတိယကမ္ဘာစစ်က အမေရိကန် ကိုကူညီခဲ့တဲ့ကျေးဇူးကို မှတ်တမ်းတင်ဂုဏ်ပြုတဲ့အနေနဲ့  ဒုတိယကမ္ဘာစစ်က အမေရိကန်စစ်သား နဲ့ ကချင်စစ်သားကြေးရုပ်ထု နှစ်ခုကို သံရုံးအ၀မှာထားဂုဏ်ပြုထားတယ်။ ဒါက You are always my hart ဆိုတဲ့သဘော။ နောက်ပြည်တွင်းက လူထုက ကချင်အပါအ၀င်တိုင်းရင်းသားတွေကို စာနာမှုရှိနေကြတယ်။ ကချင်ရဲ့  မှန်ကန်တဲ့နိင်ငံရေးလမ်းကြောင်းက ခွဲမထွက်ဘူး။ ပြည်ထောင်စု (ခ) ဖယ်ဒရေးရှင်းထဲမှာပါဝင်ဖို့ စိတ်အားထက်သန် တယ်။ စီးပွားရေးအခြေခံကောင်းနေတယ်။
စစ်ရေးမှာတော့ အင်အားခြင်းကွာနေတယ်။ လိုင်ဇာကို ကျမှာသိပ်စိုးရိမ်ပြီး အသေခံရင်တော့ မနပုလောလိုဖြစ်သွားနိင်တယ်။ စင်္ကပူခံတပ်ကိုအသေခံမိတဲ့ အာသာပရက်စဘဲလ်လိုဖြစ်နိင်တယ်။ သူတို့ ရဲ့ ကျယ်ပြောတဲ့ နယ်မြေတွေကိုစဉ်းစားထားရမယ်။ ဒါဆိုရင် သူကို ပိတ်ထားလို့ မရဘူး။အဆိုးဆုံးအခြေအနေမှာအသက်ရှင်နိင်တယ်။ ကချင်စစ်သားတွေက တောင်ပေါ်တိုက်ပွဲ (High latitude ) တိုက်ပွဲအတွေ့ အကြုံများတယ်။
မြန်မာ့တပ်မတော်အနေနဲ့ ဆက်တိုက်ခြင်ရပါတယ်။ လိုင်ဇာကိုရကောင်းရနိင်ပါတယ်။ အကျိုးသက်ရောက်မှုတွေ များမယ်။ နိင်ငံရေး၊ စစ်ရေး ၊ စီးပွားရေးစတာတွေပေါ့။
စစ်နိင်တိုင်း နိင်ငံရေးရည်မှန်းချက်တွေ အောင်မြင်လေ့မရှိပါဘူး။ ဂန္ဒ၀င် ဥပမာကတော့ ရောမမှာဖြစ်ခဲ့တဲ့စစ်ပွဲ။ အင်္ဂလိပ်နိင်ငံရဲ့ ဖြစ်ရပ်တွေဟာ သက်သေတွေဖြစ်ပါတယ်။ ခေတ်သစ်သမိုင်း ပညာရှင်တွေ ဖြစ်တဲ့နေလ်ဖါဂူဆန် ကပထမကမ္ဘာစစ်ဟာအင်္ဂလိပ်အတွက်မဖြစ်သင့်ဘူး ရှောင်လို့ ရနိင်တဲ့နည်းလမ်းတွေရှာသင့်ကြောင်းထောက်ပြတယ်။ သူပြောတာအမှန်ပဲ။ ပထမက္ဘာစစ်ကထဲက အင်္ဂလပ်စီးပွားရေးဟာ Broke ဖြစ်သွားပြီ။
ဘာကြောင့်လဲဆိုတော့အင်္ဂလိပ်ဟာ ၁၉၁၄ ခုနှစ်မှာ ပထမကမ္ဘာစစ်ကို ဖြစ်ခဲ့တယ်။ နိင်တယ်။ အမေရိကန်အကြွေးတွေအဆမတန်တင်သွားတယ်။ ပထမ ကမ္ဘာစစ်မှာ Western Font ဆိုတဲ့ စစ်မျက်နှာပြင်မှာ မရှုနိင်မကယ်နိင်ဘ၀ကိုရောက်နေတယ်။ အမေရိကန် ၀ယ်မကယ်ရင် အင်္ဂလိပ်၊ ရုရှား၊ပြင်သစ် ဟာ အထိနာပြီ။
အမေရီကန်ကလဲ အင်္ဂလိပ်ကို အကြွေးတွေလှိမ့်ပေးထားတော့ အင်္ဂလိပ်သာပထမကမ္ဘာစစ်ထဲက ရှုံးသွားရင် အကြွေးရှုံးတော့အပေါက်ဖြစ်လာတယ်။ ဒီတော့အမေရိကန်ပါ စစ်ထဲဝင်တိုက်ပေးလိုက်ရတဲ့အထိဖြစ်လာတယ်။ ဒါကိုအင်္ဂလိပ်က သခန်းစာမယူဘူး။
ဒုတိယအကြိမ် ၁၉ ၄၂ ခုနစ် ဒုတိယကမ္ဘာစစ်ကို ဂျာမဏီနဲ့  ထပ်ဖြစ်တယ်။ အမေရိကန်ဆီကအကြွေးတွေထပ်ယူရတယ်။ စစ်ကိုနိင်ဖို့ အတွက် ကမ္ဘာချန်ပီယံဆိုတဲ့ရွှေ ခါးပတ်ကြီးကို ပါ အမေရီကန် ဆီမှာပေါင်ပြီး စစ်တိုက်ရသလိုဖြစ်လာတယ်။ ပထမ ကမ္ဘာစစ်ရော၊ ဒုတိယကမ္ဘာစစ်ပါနိင်လိုက်သောငြားလဲ ခေတ်သစ် ကမ္ဘာကြီးမှာ ဆူပါပါဝါအဖြစ်နဲ့ မရပ်တည်နိင်တော့ပဲ ချန်ပီယံဘွဲ့ကို အမေရိကန်ကိုပေးလိုက်ရတယ်။ အင်္ဂလိပ်ဟာ ဒုတိယတန်းစား နိင်ငံအဖြစ်နဲ့ ကျေနပ်လိုက်ရပါတယ်။ ဒါဟာစစ်ကြောင့်ပါ။
စစ်ပွဲတွေအပေါ်မှာအကျိုးမြတ်ရှိခဲ့တာတော့အမေရိကန်ပဲ ထုတ်လုပ်မှုတွေဖက်ကပြန်ရတယ်။ နိင်ငံက တခြားဘယ်နိင်ငံနဲ့မတူတဲ့အချက်က ကြီးမားကျယ်ပြန့်တယ်။ သူအိမ်နီးနားခြင်းတွေဖြစ်တဲ့ ကျူးဘား၊ ကနေဒါနဲ့  မက်ဆီကိုက သူကိုမခြိမ်းခြောက်နိင်ကြဘူး။ကနေဒါနဲ့ မက်ဆီကိုက သူရဲ့မဟာမိတ်တွေဖြစ်နေတယ်။ ကျူးဘားက စကားမပြောကြတဲ့အိမ်နီးနားခြင်းအဆင့်။
ရောမ၊ အော်တိုမန်၊ မွန်ဂို၊ ပါရှန်း၊ မဂို နဲ့ ဗြိတိသျ တို့ ဟာ စစ်ပွဲတွေကြောင့် သမိုင်းအစမှာလျမ်းလျမ်းတောက်တက်လာကြပြီးစစ်ပွဲကြောင့်ပဲ ကျဆုံးခဲ့ရတဲ့သမိုင်းသင်္ခန်းစာတွေကို ကျနော်တို့  ကမ္ဘာသမိုင်းမှာ လေ့လာတွေ့ ရှိခဲ့ပြီးပြီ။
စစ်ပွဲတွေကြောင့် ကျဆုံးသွားရတဲ့ အနော်ရထာ၊ ဘုရင်နောင်၊အလောင်းဘုရား ခေတ်မြန်မာနိင်ငံတော်တွေကျဆုံးခဲ့တာတွေ၊ သူတို နဲ့ခေတ်ပြိုင် မွန်နိင်ငံတော်၊ ရခိုင်နိင်ငံတော် တွေလဲ အချင်းအချင်းဖြစ်လိုက်၊ မြန်မာနဲ့ ဖြစ်လိုက် အဆက်မပြတ်ဖြစ်လာတဲ့စစ်ပွဲတွေကြောင့် ပျက်သုဉ်းခဲ့ရတဲ့အကြောင်း ကျနော်တို့ မြန်မာ့သမိုင်းမှာအဆက်မပြတ်လေ့လာတွေ့ ရှိခဲ့ပြီးပြီ။
ကျနော်တို့ လိုနိင်ငံလေးတွေမပြောနဲ့ အမေရိကန်ဟာ အင်ပါယာဖြစ်နေပေမဲ့ စစ်ပွဲတွေကြောင့်အင်ပါယာတွေကျဆုံးနိင်ကြောင်းကို သမိုင်းပညာရှင်တွေဖြစ်တဲ့ အက်တ၀ပ်ဂစ်ပွန် ( Edward Gibbon) ၊ အာနိုးတွိုင်ဘီ ( Arnold Tybee) တိုလို့  ဆရာကြီးတွေကနေ ခေတ်သစ်သမိုင်းပညာရှင်တွေဖြစ်တဲ့ ပေါလ်ကနေဒီ (Paul Kennedy) တို့  ၊နေလ်ဖါကူဆန် ( Nill Ferguson) တို့ ရဲ့  အလေးအနက်ထောက်ပြထားချက်တွေဟာ ကျနော်တို့ မြန်မာပြည်အတွက်လည်း သခန်းစာယူနိင်စရာတွေဖြစ်ပါတယ်။
ဒီစစ်ပွဲကြီးတွေကို ဆင်နွဲ ရတဲ့အကြောင်း ရောမ အင်ပါယာကအစအင်္ဂလိပ်အဆုံး အကြောင်းပြချက်ကောင်းကောင်းတွေရှိခဲ့ကြတယ်။ ဘာထရန်ရပ်ဆဲလ်ပြောဘူးသလိုပေါ့ War Does not determine who is right –only who is left.
စစ်ပွဲ ဆိုတာအကြောင်းပြချက်ကောင်းနဲ့ စခဲ့ပေမဲ့ အဆုံးသတ်မှာတော့ ရလဒ်ကောင်းခဲ့ကြပါဘူး။ ချစ်သူနစ်ဦး ခါးဖက်သွားတဲ့ ဇတ်သိမ်းခန်းမဟုတ်ခဲ့ဘူး။ ပျော်ရွှင်စွာ ဇတ်သိမ်းခန်း (Happy Ending) မဖြစ်ခဲ့ဘူး။
၁၉ ၁၈ခုနစ် ပထမကမ္ဘာစစ်ပွဲကြီးအပြီး မှာ အင်ပါယာနစ်ခုကိုနိဂုံးချုပ်စေခဲ့တယ်။ အော်တိုမန်အင်ပါယာစစ်ရှုံးလိုနိဂုံးချုပ်သွားတယ်။ မရှိတော့ဘူး။ ၁၉ ၂၀ မှာ တူရီကီနိင်ငံမှာ မွတ်ဖွာကမားက အာဏာလွဲပြောင်းရယူသွားတယ်။ ဒီနေ့ ကျနော်တို့ မြင်နေရတဲ့ တူရီကီနိင်ငံသစ်ကို မွတ်ဖွာကမား က မွေးဖွားပေးခဲ့တယ်။
ရုရှားက ပိုဆိုးတယ်။ စစ်နိင်ရဲ့သားနဲ့  နစ်ပေါင်းရာနဲ့ချီုအုပ်ချုပ်ခဲ့တဲ့ဇာဘုရင်စနစ်ချုပ်ငြိမ်းသွားတယ်။ ဇာဘုရင်ဟာ စစ်ကိုမဲနေတဲ့အတွက် ပြည်တွင်းကနိင်ငံရေးလှုပ်ရှားမှုနဲ့ဖြုတ်ချတာကိုခံလိုက်ရလိုပဲ။ ၁၉ ၁၇ ခုနစ် လီနင်ကိုအာဏာရအောင်လုပ်ပေးလိုက်သလိုဖြစ်သွားခဲ့တာကိုး။
မြန်မာပြည်ကို ပြန်ကြည့်ရင် အစိုးရဟာစီးပွားရေးချွတ်ခြုံကျနေတယ်။
ဒီကြားထဲမှာ စစ်ကို မရပ်ကြပဲဆက်တိုက်နေမယ်ဆိုရင်တော့ လိုင်ဇာကိုသိမ်းလို့ ရမယ်။
စစ်သားတွေရော ၊ ရဲတွေရောစိတ်ဓါတ်တွေကျဆင်းနေတယ်။ အများစုကတပ်ကနေ ထွက်ခြင်ကြတယ်။ လက်နက်ပုံက စစ်သားတွေစိတ်ဓါတ်ထက်မြင့်နေတာပဲရှိတယ်။

နောက်ဆက်တွဲလိုက်လာမဲ့မမြင်ရနိင်တဲ့ ဖြစ်ရပ်တွေအတွက် သူမှာ စွမ်းအား ( Capacity) ရှိသေးလားလို့  မေးစရာဖြစ်လာမယ်။ နိင်ငံတော်ပြိုကွဲမှာစိုးလို စစ်တိုက်နေရပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဆက်တိုက်နေရင် အစိုးရရဲ့အနာဂတ်ဟာမသေချာတော့ဘူး။ အိပ်ခ်ျဝဲလ် ပြောသလို If we don’t end war, war will end us. သူရရှိထားတဲ့အခွင့်လမ်းကောင်းတွေကို ငြိမ်းချမ်းရေးအတွက် တိုးတက်မှုအတွက်အသုံးမချနိင်တဲ့ဘ၀ကိုရောက်သွားတယ်။

ဝေမှူးး- ကိုမိုးသီးအနေနဲ့ လက်ရှိအစိုးရ လုပ်ကိုင်ဆောင်ရွက်မှုတွေ ကို ဘယ်လိုမြင်သလဲ။

မိုးသီး- ကျနော်ရန်ကုန်ရောက်တုံးက သတိပြုမိတာကတော့ အစိုးရထဲမှာ လူသားအရင်းမြစ်တွေခန်းခြောက်သွားတယ်လို့ မြင်တယ်။ ဒါက အရင်အစိုးရအဆက်ဆက် ရန်ကုန်တက္ကသိုလ်ကို ရန်သူလိုသဘောထား ပြီးချေမှုန်းခဲ့တဲ့ဒဏ်ကို အစိုးရကခံလိုက်ရတယ်။ ရန်ကုန်တက္ကသိုလ်၊မန်းတက္ကသိုလ်တို့ ဆိုတာက ခေါင်းဆောင်တွေ ကိုမွေးထုတ်ပေးနေတဲ့ဌာနကြီးတွေပဲ။ သံတမန်တွေ၊ ၀န်ထမ်းတွေကို ဒီဌာနကြီးကပဲမွေးထုတ်ပေးနေတာ။ ၁၉၈၈ခုနစ်စစ်တပ်အာဏာသိမ်းလိုက်ကတည်းက ဒီတက္ကသိုလ်တွေ ဌာနပေါင်းဆုံးက ဆရာဆရာမတွေ၊ ကျောင်းသားတွေ တသုတ်ပြီးတသုတ်နိင်ငံခြားကိုထွက်သွားကြတယ်။ ပြန်မလာကြတော့ဘူး။ ဒီတော့အစိုးရမှာ ကျွမ်းကျင်တဲ့ဝန်ထမ်းတွေ မရှိသလောက်ဖြစ်လာတယ်။
အစိုးရအတွက် နိင်ငံတော်အတွက် မဟာဗျူဟာမြောက်စဉ်းစား တွေးခေါ်နိင်တဲ့သူတွေမရှိ သလောက်ဖြစ်သွားတယ်။

အစိုးရအဖွဲ ထဲမှာ အဓိက သုံးအုပ်စုဖွဲ့ ပြီး မဟာဗျူဟာတွေကို ဆုံးဖြတ်အကောင်တည်ဖေါ်နေတာကိုတွေ့ ရတယ်။ တခုက ဦးသိန်းစိန် အုပ်စု၊ ဦးစိုးသိန်းအုပ်စုနဲ့ဦးအောင်မင်းတို့ သုံးဖွဲထဲက လက်ရှိအခြေအနေတခုလုံးကြီးကို အကောင်ထည်ဖေါ်နေကြတာဖြစ်တယ်။ ဒီတော့ လူနဲ့လုပ်အားမမျှတမှုကြီးဖြစ်နေတယ်။
အကောင်ထည်ဖေါ်ရမဲ့အပိုင်းတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ နှောင့်နေးတာ၊ အချက်အလက်တွေမသိတာ၊ သုတေသနတွေ မလုပ်နိင်တာတွေဖြစ်လာနေတာကိုတွေ့ ရတယ်။ သူတို ကို်ယ်တိုင်မသိကြတော့ ( ဦးစိုးသိန်းကပိုသိပုံရတယ်။ )

ဝေမှူး- ဒီအတွက်သူတို့ ဘာလုပ်သင့်သလဲ။

မိုးသီး- နိင်ငံခြားက ပညာရှင်တွေကို ငှားသင့်တယ်။ နိင်ငံခြားသား ကျောင်းသားတွေကို ဈေးချိုချိုနဲ့ အကူညီတောင်းလို့ ရနိင်တယ်။ သူတို့ ဖက်က ပိုပြီး လိုက်လျောမှုတွေ၊သည်းခံမှုတွေပိုရှိသင့်တယ်။

ဝေမှူး- သမ္မတရဲ့  လက်ရှိဆောင်ရွက်မှုတွေကို ဘယ်လိုမြင်သလဲ။

မိုးသီး-သမ္မတ တော့ အခြေအနေတွေကို ပြောင်းချင်ပုံရှိပါတယ်။ အောက်ခြေ လူထုတွေကလဲပြောင်းချင်ကြတယ်။ ဒါပေမဲ့
အလယ်က လူတွေကမပြောင်းချင်ဘူး ဆိုတာ သိသာနေတယ်လေ။ ၀န်ကြီးထဲတွေမှာ၊ဒုဝန်ကြီးတွေမှာ အရည်အချင်းမရှိသူတွေရှိနေတယ်။ တကယ်က မြန်မာသမ္မတစနစ်က အမေရိကန်ကိုအတုယူသင့်ပါတယ်။ အမေရိကန်မှတော့သမ္မတ ကိုလူထုကယုံကြည်လို့ ရွေးပြီးသွားရင် သမ္မတ က အစိုးရတဖွဲ့ လုံးကိုသူကြိုက်တဲ့သူအရည်အချင်းရှိတဲ့သူတွေကိုပဲ တိုက်ရိုက်ခန့် တော့တာပဲ။
ဒီတော့ နိင်ငံတော်အတွက်အကျိုးရှိတာပေါ့။ ပါတီဝင်တွေဖြစ်ချင်မှာဖြစ်မယ်။ ရွေးကောက်ခံသူတွေဖြစ်ချင်မှဖြစ်မယ်။ စနစ်ဆိုးက အကျင်းဆိုးတွေမကုန်တဲ့သူတွေ ဘယ်သူသေသေငတေမာရင်ပြီးရော လူတွေက မပြောင်းလဲပဲ လုပ်နေကြတာကိုဦးသိန်းစိန်ပိုပြီးဖိအားပေးသင့်တယ်။ ဒါမှသမိုင်းမှာ သူအတွက် Legacy တခုကျန်ခဲ့နိင်တယ်လေ။ စနစ်ဟောင်းက လူတွေအကြောင်းကိုသူသိနေပြီပဲ။ ရဲရဲတင်းတင်းပြောင်းဖို့ လိုတယ်။

ဝေမှူး- အခုလိုဖြေကြားပေးတာကျေးဇူးပါ။

မော်နီတာဂျာနယ်ရဲ့ (Vol-2 ၊ No-44)တွင်ပုံနှိပ်ခဲ့သောအင်တာဗျူး
(စာလုံးပေါင်းအမှားများနှင်စာကျန်များကိုသည်းခံဖတ်ရှုပေးပါရန်..)
http://komoethee.blogspot.com.au/

တက္ကသိုလ်(ရန်ကုန်) ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ မောင်မယ် သစ်လွင်ကြိုဆိုပွဲ ကျင်းပ

ဖေဖော်ဝါရီလ ၂၆ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)

Fresher welcome and fairwel for Karen university students
ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ (တက္ကသိုလ်များ/ရန်ကုန်)မှကြီးမှူး၍ ၂၀၁၁ . ၂၀၁၂ တက္ကသိုလ်ဝင် စာမေးပွဲအောင် ကရင်ကျောင်းသူကျောင်သားများ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူ များအား ဂုဏ်ပြုနှုတ်ဆက်ပွဲအခမ်းအနား ကို ဖေဖော်ဝါရီလ ၂၃ရက်နေ့က ပြုလုပ်ကျင်းပ ခဲ့ကြသည်။

တက္ကသိုလ်များ(စာ/ယဉ်) ၏ ဥက္ကဌ ရန်ကုန်အဝေးသင် တက္ကသိုလ်စိတ်ပညာဌာနမှ ပါမောက္ခဌာနမှူး ဆရာမနော်စေးစေးဖောက အခမ်းအနား ကျင်းပရသည့် ရည်ရွယ်ချက်ကို ယခုလို ရှင်းပြသည်။

“ရန်ကုန်မှာရှိတဲ့ တက္ကသိုလ်အသီးသီးကနေ ပညာသင်ကြားနေတဲ့ ကရင်ကျောင်းသူကျောင်းသားတွေအနေနဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိဖို့နဲ့ ကိုယ့်စကား၊ စာပေ၊ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့တွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အပြင် မိမိလူမျိုးဂုဏ်ကို မြင့်မားလာအောင် နောက်ပြီးတော့ ကိုယ့်ထက် အတန်းကြီးတဲ့သူတွေဆီကနေ ပညာရေးနဲ့ပတ်သက်ပြီး အတုယူနိုင်အောင် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အခမ်းအနားကို နှစ်စဉ် ကျင်းပခဲ့သော်လည်း ယခုနှစ်တွင်မူ ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ(RC)၌ ပထမဆုံး အကြိမ်အဖြစ် ကျင်းပခွင့်ရသလို ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောထွန်းအောင်မြင့်၊ ဘားအံတက္က သိုလ် (ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ) အပါအ၀င် ရန်ကုန်တိုင်း ဒေသကြီးရှိ တက္ကသိုလ်အသီးသီးမှ ဆရာ၊ဆရာမများ၊ ကရင်ကျောင်းသူကျောင်းသားများ စုစုပေါင်း ၄၀၀ကျော် တက်ရောက်ခဲ့ကြသည်။

အခမ်းအနား တက်ရောက်သူ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဒုတိယနှစ် (အင်္ဂလိပ်စာ)မှ ကျောင်းသား စထက်လင်းစိုးက “အခု လို တက်ရောက်ရတဲ့အတွက်လည်း ပျော်ရွှင်မိပါတယ်၊ နောက်ပြီးတော့ တက္ကသိုလ်အသီးသီးက ကိုယ့်ကရင်ကျောင်းသားတွေ စုဆုံဖြစ်တဲ့အတွက်လည်း မိတ်ဆွေအပေါင်းအသင်းတွေတိုးတယ်။ အဲဒီအတွက်လည်း အားရကျေနပ်မိပါတယ်”ဟု ပြောဆို သည်။

အခမ်းအနားကို နံနက် ၉နာရီတွင် ပထမပိုင်း အစီအစဉ်အဖြစ် စတင်ခဲ့ပြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောထွန်းအောင် မြင့်နှင့် တက္ကသိုလ်များ(ရန်ကုန်) စာ/ယဉ် ဥက္ကဌ အပါအ၀င် အတွင်းရေးမှူးနှင့် ကျောင်းသားဟောင်းတစ်ဦးမှ အမှာစကားများ ပြောကြားခဲ့ကြသည်။

အခမ်းအနား ဒုတိယပိုင်း အစီအစဉ်တွင် ဆုပေးပွဲများ၊ တေးသီချင်းများ၊ ရိုးရာဝတ်စုံများ ၀တ်ဆင်ပြသခြင်းများအပြင် ကရင်လူ ငယ်မောင်မယ်များအတွက် King and Queen ရွေးချယ်ပွဲ၊ ကရင်ကျောင်းသူကျောင်းသားများ(ဘားအံ)နှင့် (တက္ကသိုလ်များ၊ ရန်ကုန်)မှ ဒုံးအကများ တေးသရုပ်ဖော်များ၊ ပျားဖွတ်ပြိုင်ပွဲများဖြင့် ဖျော်ဖြေခဲ့ကြပြီး ညနေ ၃နာရီတွင် ရုပ်သိမ်းလိုက်သည်။

တော်လှန်ရေးကောင်စီခေတ် နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများကို ဖျက်သိမ်းခဲ့သည့်နောက်ပိုင်း တိုင်းရင်းသားများ၏ စာပေ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းများကို အစိုးရမှ ပြန်လည်ဖော်ထုတ်ခွင့်ပြုခဲ့ရာ ကရင်တိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှု ကော်မတီကို ၁၉၆၄ခုနှစ်ခန့်က စတင် ဖွဲ့စည်းခဲ့ပြီး မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့တိုင် နှစ်စဉ် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

အစိုး​ရရဲ့​ ကား​ဝယ်မည့်​ အစီအစဉ် လွှတ်​တော်အမတ် အပြင်း​အထန် ကန့်​ကွက်

Published on February 25, 2013 by ဒီဗွီဘီ

လာမယ့်​ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ အစိုး​ရအဖွဲ့​အ​နေနဲ့​ မာစီဒီး​ ကျည်ကာကား​တွေ အပါအဝင် တိုယိုတာ ကင်မရီ၊​ မာစီဒီး​ ဆီဒင်နဲ့​ ​အော်ဒီ ​အေစစ် စတဲ့​ ​နောက်ဆုံး​ပေါ်ကား​တွေ ဝယ်ယူဖို့​အတွက် ကျပ်​ငွေ ၁၈ ဘီလီယံဖိုး​ သုံး​မယ့်​အ​ပေါ် ပဲခူး​တိုင်း​ ဒိုက်ဦး​မြို့​နယ် ပြည်သူ့​လွှတ်​တော်အမတ် ဦး​မင်း​ဆွေက အပြင်း​အထန် ကန့်​ကွက်လိုက်ပါတယ်။

ဒီ​နေ့​ကျင်း​ပတဲ့​ ပြည်​ထောင်စုလွှတ်​တော် အစည်း​အ​ဝေး​မှာ သူက အစိုး​ရအဖွဲ့​ဟာ ပြီး​ခဲ့​တဲ့​နှစ်ကလည်း​ ​နောက်ဆုံး​ပေါ်ကား​သစ်​တွေ ဝယ်ဖို့​အတွက် ကျပ် ၁၀ ဘီလီယံနဲ့​ ​ဒေါ်လာ ၁၀ သန်း​ကျော် သုံး​ခဲ့​ပြီး​ဖြစ်​ကြောင်း​၊​ သူတို့​ လွှတ်​တော်အမတ်​တွေက​တော့​ တ​နေ့​ ကျပ် ၅၀၀ ​ပေး​ပြီး​ ဘတ်စ်ကား​နဲ့​ လွှတ်​တော် တက်​နေရ​ကြောင်း​၊​ သူတို့​လွှတ်​တော်အမတ် ၆၆၀ ​ကျော်ကို သိန်း​ ၁၀၀ တန်ကား​ ဝယ်​ပေး​မယ် ဆိုရင်​တောင် ကျပ် သန်း​ ၆ ​ထောင်​ကျော်ပဲ ကုန်မှာဖြစ်​ကြောင်း​ နှိုင်း​ယှဉ် ​ပြောဆိုပါတယ်။

ဒီအတွက် အစိုး​ရ ကား​ဝယ်မယ့်​ ဘတ်ဂျက်ကို တဝက်​လောက် ဖြတ်​တောက်သင့်​တယ်ဆိုပြီး​ သူက မှတ်ချက်​ပေး​ခဲ့​ပါတယ်။

Type the rest of your post here.

Sunday, February 24, 2013

UNFC သတင်းထုတ်ပြန်ချက် ၁/၂၀၁၃

Press release_Feb 23_ 2013_ Bur
Press release_ Feb 23-2013 _ Eng
Type the rest of your post here.

တိုင်းရင်းသားလူမျိုးများ၏ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေးလုပ်ငန်းစဉ် (၆)ချက်

The Six-point Political Program of the Ethnic Nationalities Regarding the Peace Process _Burmese_
Type the rest of your post here.

Saturday, February 23, 2013

တ ချို့  က စ ပျ စ် သီး ဖြ စ် တ ယ် ၊ တ ချို့  က စ န်း စ န်း တ င့် ဖြ စ် တ ယ်


(အောင်ဝေး)

တချို့ က စပျစ်သီးဖြစ်တယ်
တချို့ က စန်းစန်းတင့်ဖြစ်တယ်။
ခေတ်ကြီးကိုက
ကိုလိုမနီ၊ ခရိုနီခေတ်။
တချို့ က လက်ဝေခံဒီမိုကရေစီ
တချို့ က လက်ကျန်ဒီမိုကရေစီ။

ရန်ကုန်က ရထားမဖြစ်ဘူး
ရန်ကုန်က တယောဖြစ်နေတယ်။
တချို့ က နောက်ပြန်လှည့်မှာစိုး
တချို့ က နောက်ပြန်မလှည့်မှာစိုး။
မြစ်ကြီးက ဘယ်ကိုစီးရမှန်းမသိ
ထောင်(ထောင်)နဲ့ ငြိလို့ ။

တချို့ က စွယ်စုံကျော်ထင်
တချို့ က သေတ္တာမှောက်။
ဒီတစ်ခါ ဇာတ်ခေါင်းကွဲရင်
ရွာပြင်ထုတ်ခံရတော့မယ်။
တချို့ က ရွှေဝါရောင်ကိုမျက်ကွယ်ပြု
တချို့ က လက်ပံတောင်းတောင်ကိုလျစ်လျူရှု။

ဗမာပြည်မှာ နာရီတွေကရှား
ဗမာပြည်မှာ နာဇီတွေကများ။
တချို့ က စစ်ဘေးဒုက္ခသည်
တချို့ က ရဲဘေးဒုက္ခသည်။

တောမီးကို တောမီးနဲ့ မှ ငြှိမ်းလို့ ရမယ်
ရေသန့် ဘူးနဲ့ မရဘူး။
တချို့ က ရွာလွန်ရွက်တိုက်
တချို့ က ရွာပြင်ကြက်တိုက်။
ကြည့်စမ်း- အချောင်သမားတွေ
ဓားကို အရင်းကမကိုင်၊ အဖျားကကိုင်လို့ ။

တချို့ က တရားအားထုတ်
တချို့ က မျက်ကန်းမျိုးချစ်။
“ငါတို့ လည်း အိုဘားမားကြီးပြန်သွားမှ၊ ပိုအဖမ်းခံနေရပေါ့ “ တဲ့
လမ်းဘေးကစကား၊ လမ်းပေါ်ကကြား။
တချို့ က အမျိုးသားပြန်လည်သင့်မြတ်ရေး
တချို့ က အမျိုးသားပြန်လည်တိုက်ခိုက်ရေး။

“ကျားကိုသတ်ရင်သတ်၊ မသတ်ရင် ကျားက ကိုယ့်ကိုသတ်မှာပဲ“
ရိုးမက မုဆိုးကြီးကိုဖိုးဇုံ၊ ခင်ဗျားအခုရှိသေးလား။
တချို့ က အတိတ်မှာပဲ အသက်ရှင်နေ
တချို့ က အနာဂတ်အတွက် ကြိုတင်သေဆုံးနေ။
ဟစ်တလာက သက်သတ်လွတ်စားတယ်
ဂျူးလူမျိုး(၆)သန်းက ဟင်းရွက်ကန်စွန်းတွေလား။

တချို့ က ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်တယ်
တချို့ ကငြိမ်းချမ်းရေးအတွက် ဖိလစ်ပိုင်သွားတယ်။
နိုင်ငံရေးလုပ်တယ်ဆိုတာ၊ အစိုးရ မကောင်းကြောင်းပြောတာပဲ
ကြောင်ကိုဘယ်သူ ချူဆွဲပေးမလဲ။
တချို့ က နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအော်တယ်
တချို့ က အော်တဲ့လက်ကိုပြန်ကိုက်တယ်။

(ကချင်) စစ်ရပ်ဖို့ လူထုမှာတာဝန်မရှိ
အစိုးရမှာပဲ ရှိတယ်။ (ဒေါ်အောင်ဆန်းစုကြည်မှာလည်းရှိတယ်)
တချို့ က ငြင်းပယ်ခြင်းကိုငြင်းပယ်
တချို့ က သဘောမတူကြောင်းသဘောတူ။
ခေတ်က ပြောင်းပြေးသွားပြီ
ကျန်ရစ်သူ လေထဲမှာ အိုက်တင်တန်းလန်းကြီး။

တချို့ က လေလံသမား
တချို့ က ဖျံဖမ်းသမား။
ကဗျာဆရာသမဂ္ဂဖွဲ့ တာ၊ ဒေါက်တာဇီဗားဂိုး ဘာ့ကြောင့်မပါတာလဲ
ငမူးတစ်ကောင် ထအော်တယ်။
တချို့ က လစ်ဘရယ်
တချို့ က ညစ်ပုပ်ကပ်ကျယ်။

ဘယ်ညောင်ပင်မှာ
ဘယ်ရာဇ၀င်ကို လမ်းခွဲရမှာလဲ။
တချို့ က ရထားမမီ၊ ဘူတာမီးနဲ့ ရှို့ 
တချို့ က ခွေးကတက်မှာ ကော်ကျို ပိုစတာကပ်။
ဘယ်တော့ အာဏာရမှာလဲ
မမေးတော့ပါဘူး။

ဒီကဗျာ
လေဒီကြီး မဖတ်မိစေနဲ့ ။
သူက စပျစ်သီးဖြစ်တယ်
သူက စန်းစန်းတင့်ဖြစ်တယ်။ ။

အောင်ဝေး
http://komoethee.blogspot.com.au/

“သို့သော် အချိန်က စောနေသေးတယ်” လို့ ဆိုတော့ – Tu Maung Nyo


“သို့သော် အချိန်က စောနေသေးတယ်” လို့ ဆိုတော့

တူမောင်ညို၊ ဖေဖော်ဝါရီ ၂၂။ ၂၀၁၃

“အိုးက မပူ စလောင်းကပူရန်ကောရယ်”လို့ ပြောကြမယ်ဆိုလျှင်လည်းပြောကြပေတော့ဗျာ။

ပြောစရာရှိလာတာကိုဖြင့် ပြောကိုပြောရပေလိမ့်ဦးမယ်။ ရင်ဖွင့်တယ်လို့ သဘောထားကြပါ။

တစ်ဦးချင်းသဘောအနေနဲ့ ပြောရလျှင် ဒီချုပ်ကို တစ်လျှောက်လုံး ဝန်းရံခဲ့တာပါ။ တစ်လျှောက်လုံးဆိုတာ “ရွှေဂုံတိုင်ကြေညာချက်” အထိပေါ့။ “အရှိကို အရှိအတိုင်းမြင်တယ်”လို့ စပြောတဲ့အချိန်ကစပြီး ကျနော့်ရင်ထဲမှာ ဒီချုပ်နဲ့ပတ်သက်ပြီး ဆူးတောင်မာကြီးတစ် ချောင်းပေါက်လာခဲ့တာပါ။ အရှိကို အရှိအတိုင်းမြင်လိုက်တာဟာ “ရွှေဂုံတိုင်ကြေညာချက်” ကို ပစ်ပယ်ကျောခိုင်းလိုက်တာဖြစ်ပါတယ်။

“ရွှေဂုံတိုင်ကြေညာချက်”ရဲ့အနှစ်သာရ ၊ ဝိဉာဉ်က “၉၀ ရွေးကောက်ပွဲရလာဒ်” ကိုင်စွဲပြီး “၂၀၀၈ အခြေခံဥပဒေ” ကို အသိအမှတ်မပြုတာနဲ့ “နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေး” တောင်းဆိုတာပါ။

ဒီနေရာမှာ “ဝန်းရံမှု” ဆိုတာနဲ့ပတ်သက်ပြီးပြောပါရစေ။

“ဝန်းရံမှု” ဆိုတာကို ကျနော်နားလည်တဲ့သဘောက “ဒီချုပ်လုပ်သမျှ အားလုံးမှန်၊ အားလုံးကောင်းပါသည်ခင်ဗျား” ဆိုပြီး မျက်စေ့မှိတ်ထောက်ခံတဲ့ ဝန်းရံမှုမျိုး လုံးဝမဟုတ်ပါဘူး။

မိတ်ကောင်းဆွေကောင်း၊ ရဲဘော်ရဲဘက်ကောင်းပီသပြီး၊ ဝေဖန်ဆန်းစစ်မှုနဲ့ ယှဉ်တဲ့ မျက်စေ့ဖွင့်ဝန်းရံမှုမျိုးဖြစ်ပါတယ်။ ဝေဖန် ဆန်းစစ်တယ်ဆိုရာမှာလည်း နင်ပဲငဆ ရိုင်းစိုင်းစွာပုတ်ခတ်မှု မျိုးမပါဘဲ၊ အချက်နဲ့ အလက်နဲ့၊ အကျိုးနဲ့အကြောင်းနဲ့ နှိုင်းယှဉ်ပြီး ဝေဖန် ထောက်ပြမှုမျိုးကို အလေးထားခဲ့တာပါ။

လူဆိုတော့လည်း လူပီသစွာ အစွဲလေးတော့ရှိပေလိမ့်မပေါ့ဗျာ။ ပမာပြောရလျှင်ဖြင့် “၂၀၀၈ အခြေခံဥပဒေဆန္ဒခံယူပွဲ” ကာလ မှာ ဦးဉာဏ်ဝင်း ဒေါ်စုခြံထဲကနေ “ဘူးသီးကြီး” ယူလာခဲ့တာကို အကောင်းမြင်ပြီး အဓိပ္ပါယ်ဖွင့်ဆိုတဲ့ ဆန္ဒစွဲမျိုးပေါ့။

နောက်တော့ အားလုံးသော ဝန်းရံသူတွေရဲ့ခံစားမှုဟာ ဘယ်လိုဖြစ်ခဲ့ပြီး ဘယ်လိုအဆုံးသတ်ခဲ့ရတယ်ဆိုတာကို ထင်လွယ် မြင်လွယ်ရှိအောင် ပုံပမာနှိုင်းပြီးတင်ပြရလျှင်တော့ ဘန်ကောက်လုံချည် ငှားလိုက်မိတဲ့ လူရဲ့အဖြစ်မျိုးနဲ့ဆင်ဆင်တူနေပါတယ်။

ဘန်ကောက်လုံချည် ငှားလိုက်မိပြီဆိုကတည်းက နောက်ကနေ သင်ဖြူးဖျာကလေးလိပ်ပြီး ဖဝါးခြေထပ်လိုက်ရတော့တာပေါ့။ ဘန်ကောက်လုံချည်ဝတ်သွားတဲ့လူထိုင်မယ့်နေရာမှာ သင်ဖြူးဖျာကလေး လိုက်ခင်းပေးနေခဲ့ရတာပါ။ အဲဒီလို ဖဝါးခြေထပ်လိုက်နေရင်း ဘန်ကောက်လုံချည်ဝတ်တဲ့သူက တစ်ကွေ့မှာ မြောင်းထဲဆင်းသွားလေတော့ ကျနော်တို့မှာ ဖျာလိပ်ကလေးပိုက်ပြီး ငေးကြည့်နေခဲ့ရတဲ့ ဘဝမျိုးနဲ့ ကျန်ရစ်ခဲ့ရပါတယ်။

ဆောင်းပါးရှင်တစ်ဦးကတော့ ဒီချုပ်ပါတီဟာ “တစ်သက် မှာ နှစ်ဘဝ” လို့ ရေးတာဖတ်ရပါတယ်။ ( ၂ ခါ မှတ်ပုံတင်ရတာကို ရည်ညွန်းပြီးပြောတာပါ) ကျနော်တို့ ဝန်းရံသူများအဖြစ်ကတော့ တစ်ခါက တစ်ဘဝပေါ့ခင်ဗျာ။ တချို့သော ဝန်းရံသူများဆိုလျှင် အသက် ကိုစတေးခဲ့ကြရပြီး၊ တချို့ကတော့ မိသားစုနဲ့ဘဝတွေကို ပေးဆပ်ခဲ့ကြရတာပါ။ အခုတော့ အဲဒီလိုဝန်းရံခဲ့သူတွေကို “ဘဝသစ်ဒီချုပ်” က စစ်စိမ်းရောင် ရင့်ရင့်ကြီး စိမ်းကားနေပါတယ်။

ဒီလောက်ဆိုရင် တစ်ချိန်တစ်ခါက ဒီချုပ်ကို ဝန်းရံခဲ့သူတွေရဲ့ခံစားချက်ဘယ်လိုရှိသလဲဆိုတာ ထင်လွယ်မြင်လွယ်ရှိလောက်ပါ ပြီ။

ဒါဆိုလျှင် ဆောင်းပါးအစမှာဖေါ်ပြခဲ့တဲ့ “စလောင်းပူ”ရတဲ့ အကြောင်းမူလကို ရှင်းလင်းတင်ပြပါရစေ။

“သို့သော် အချိန်က စော နေသေးတယ်”

ဒီစကားက “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးနဲ့ပတ်သက်ပြီးမေးတဲ့မေးခွန်းအပေါ် ပြည်သူ့လွှတ်တော် တရားစီရင်ရေး နှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကို၏ အဖြေစကားဖြစ်ပါတယ်။

“ဘယ်အချက်တွေ ဦးစားပေးပြင်သင့်တယ်လို့ သုံးသပ်ထားပါသလဲ” လို့ထပ်မေးတဲ့အခါမှာတော့ “အခုပြောရင် စောနေပါသေး တယ်၊ ပြောလို့မကောင်းသေးပါဘူး၊ ပြင်စရာတွေအများကြီးရှိပါတယ်” လို့ နှပ်ကြောင်းပေးပြီး ပြောသွားပါတယ်။

“၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး” နဲ့ “၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတ ရည်မှန်းထားသူ” အတွက်တော့ ဒီအဖြေ ဒီစကားတွေ က တော်တော် ဂွကျသွားစေပါတယ်။

“၂၀၀၈အခြေခံဥပဒေ”ပြင်ဆင်ရေးသမားအားလုံးကို “စောသေးတယ်၊ပြင်ချိန်မတန်သေးဘူး၊စောင့်ကြဦး” လို့ အတိအလင်း သတိပေးလိုက်တဲ့သဘော၊ ဟန့်တားလိုက်တဲ့သဘော၊ တားမြစ်လိုက်တဲ့သဘောဖြစ်ပါတယ်။

ဗျူးသူများကလည်း “ဘာကြောင့် အချိန်စောနေတယ်လို့ပြောနိုင်ပါသလဲ” လို့ ထပ်ဆင့် မေးခွန်းမထုတ်ခဲ့ကြဘူး။

ဖေါ်ပြခဲ့တဲ့ဂျာနယ်တွေကလည်း “၂၀၀၈ခုနှစ်အခြေခံဥပဒေဟာ လိုအပ်ချက်တွေ ကဏ္ဍအသီးသီးမှာ ရှိပါတယ်၊ ပြင်ဆင်စရာ တွေလည်း အများကြီးရှိနေပါတယ်” ဆိုတဲ့အချက်ကိုသာ အလေးထားခဲ့ကြတယ်။“အချိန်ကစောနေသေးတယ်” ဆိုတဲ့စကားကို “စပေါ့လိုက်” ထိုးပြဖို့ ပျက်ကွက်ခဲ့ကြတယ်။ လိုအပ်ချက်တွေ ကဏ္ဍအသီးသီးမှာရှိတယ်၊ ပြင်ဆင်စရာတွေ အများကြီးရှိတယ် ဆိုတာ လူတိုင်းသိမြင်နေ တဲ့ အချက်ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ နိုင်ငံရေးပါတီတွေဘက်က “အချိန်ကစောနေသေးတယ်” ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြောသံ ဆိုသံ မကြားရတာပါ။ အထူးသဖြင့်ပေါ့ဗျာ။ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကို လုပ်ငန်းစဉ်ကြီးတစ်ရပ်အနေနဲ့အတိအလင်း ဖော်ထုတ်ကြေ ညာပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့တဲ့ ဒီချုပ်ပါတီက ဒီပြောဆိုချက်အပေါ် ဝေဖန်ဆန်းစစ်တာ၊ ပြန်လှန်မေးမြန်းတာ၊ သဘောထား အမြင်ထုတ်ဖေါ်ပြောဆိုတာမျိုးတွေလုပ်သင့်တာပေါ့။ ဒီချုပ်အမတ်မင်းတွေအနေနဲ့လည်း ကျင်းပဆဲလွှတ်တော်ထဲမှာ မေးမြန်းသင့်တာပေါ့ ဗျာ။

အခြားသောပါတီတွေ လွှတ်တော်အမတ်တွေလည်း မေးသင့်လှတဲ့မေးခွန်းဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ထံကလည်း ဘာသံမျှ မကြားရသေးပါဘူး။

“၂၀၀၈ အခြေခံဥပဒေ”ကို ဘယ်လိုနည်းလမ်းနဲ့ပြင်ဆင်ကြမှာလဲ။

“၂၀၀၈ အခြေခံဥပဒေ” ထဲမှ ပုဒ်မအချို့ကိုသာ ကွက်ပြီးပြင်ဆင်မှာလား။ [ဥပမာ - ပုဒ်မ ၅၉ (စ) ကို ကွက်ပြီး ပြင်ဆင်တာ မျိုး]

ရှေ့နေကြီး ဦးကိုနီ ရေးသားဟောပြောနေသလို “အခြေခံဥပဒေသစ်ပြန်ရေးပြီး အစားထိုးရေး” လား။

ရှေ့နေကြီး ဦးကိုနီ ရေးသားနေတာ၊ ဟောပြောနေတာတွေက “အခြေခံဥပဒေသစ်ပြန်ရေးပြီး အစားထိုးရေး” ဖြစ်ပါတယ်။ ရှေ့နေကြီးဦးကိုနီ ရေးသားဟောပြောနေတာတွေကို (SNLD)ဥက္ကဋ္ဌ ခွန်ထွန်းဦး၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးစုများ မဟာမိတ် (UNA)တို့အနေနဲ့ သဘောကျလက်ခံလိမ့်မယ်လို့ ကျနော်ယူဆမိပါတယ်။

ဘာကြောင့်လဲဆိုတော့ “၂၀၀၈အခြေခံဥပဒေသည် တိုင်းရင်းသား လူမျိုးအရေးကိစ္စနှင့်ပဋိပက္ခများကို ဖြေရှင်း၍ လုံးဝမရနိုင် ကြောင်းယုံကြည်သည်” ဟု ရှင်းရှင်းလင်းလင်းထုတ်ပြန်ကြေညာထား၍ဖြစ်ပါတယ်။

ဒါပေမယ့် “ဒီလှိုင်းစာစောင်” မှာရှေ့နေကြီးဦးကိုနီ ရေးသားနေတာ၊ ဟောပြောနေတာတွေဟာ “ဆောင်းပါးရှင်ရဲ့အာဘော်” သက်သက်လား၊ “ဒီလှိုင်းစာစောင်အာဘော်” လား။ “ဒီချုပ်ပါတီအာဘော်”လားဆိုတာ တိတိကျကျပြောဖို့ခက်ပါတယ်။

အခုချိန်အထိ ဒီချုပ်ပါတီက “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး တိကျရှင်းလင်းတဲ့ လုပ်ငန်းစဉ်တစ်ရပ်ရေး သားထုတ်ဖေါ်ပြောဆိုခြင်းမရှိသေးတဲ့ အချက်ဖြစ်ပါတယ်။

လွှတ်တော်တွင်း“ပညာရှိနည်း” လား။

လွှတ်တော်ပြင်ပ“လမ်းမပေါ်က လူထုနည်း” လား။

“၂၀၀၈ အခြေခံဥပဒေ” ထဲက အချက်အလက်တစ်ချို့ကိုသာ ရွေးနှုတ်ပြင်ဆင်မှာလား။

“၂၀၀၈ အခြေခံဥပဒေ” ဖျက်သိမ်းပြီး အခြေခံဥပဒေသစ်တစ်ခု ရေးတဲ့နည်းလား။

ဒီချုပ်ပါတီက ဘယ်နည်းနဲ့ပြင်ဆင်မှာလဲ။

ဒီလိုအချက်တွေကိုပြောပြောနေရလို့ “အိုးက မပူပဲ စလောင်းက ပူနေရတယ်”လို့ ပြောနေရတာပါ။

ကျနော့်သဘောကတော့ ရှေ့နေကြီးဦးကိုနီရဲ့ရေးသားဟောပြောချက်ကို သဘောကျပါတယ်။ ထောက်ခံပါတယ်။ ဘာကြောင့် လဲဆိုတော့ “၂၀၀၈အခြေခံဥပဒေ” ကို လုံးဝဖျက်သိမ်းပစ်ချင်လို့ပါပဲ။

ညွန်း

- ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၃၃

- (၆၆) ကြိမ်မြောက် ပြည်ထောင်စုနေ့ထုတ်ပြန်ကြညာချက်၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးစုများ မဟာမိတ် (UNA)
http://moemaka.com/?p=32463

Friday, February 22, 2013

မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ထိုင်းလိုလား

အေးအေးမာ
21.02.2013

ထိုင်းနိုင်ငံ တွင်းမှာ ရှိတဲ့ မြန်မာ ဒုက္ခသည်တွေကို နေရပ်ရင်း ပြန်ပို့ရေး ဆောင်ရွက်နိုင်ဖို့ အတွက် မြန်မာ ဘက်က ကော်မတီ ဖွဲ့ထားတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ နေရပ် ရင်းပြန်ပို့ဖို့ ကိစ္စကို ထိုင်းနိုင်ငံ ဘက်ကလည်း လိုလားဆောင်ရွက်နေတဲ့ အကြောင်းတွေကို ထိုင်းနိုင်ငံ တက်ခ် ခရိုင်တွင်းက ခရိုင်ဝန်က မဲဆောက်မြို့မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ တခုမှာ ပြောဆိုသွားပါတယ်။ ဆိုတော့ ထိုင်းမြန်မာ နယ်စပ်က မြန်မာ ဒုက္ခသည်တွေ၊ နေရပ်ရင်းပြန်ဖို့ နီးနေ ပါပြီလား၊ ဒီလိုပြန်သွားမယ် ဆိုရင်ရော ဒုက္ခသည်တွေ အတွက် လုံခြုံစိတ်ချမှုရှိပါ့မလားဆိုတာ ဆက်သွယ်စုံစမ်းထားတဲ့ မအေးမာက အကြောင်းစုံပြောပြပါမယ်။

ထိုင်းနိုင်ငံတွင်းမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တွေကို နေရပ်ရင်းပြန်ဖို့အတွက် လိုလားနေတဲ့ အကြောင်းကို ထိုင်းနိုင်ငံ တက်ခ်ခရိုင်ဝန် မစ္စတာ ဆူရိယ ပရာဆန်ဘန်ဒစ်က သတင်းထောက်တွေနဲ့ တွေဆုံချိန်မှာ အခုလိုပြောသွားတာပါ။

သူပြောသွားတာကတော့ ဒုက္ခသည်တွေ ပြန်လည်နေရာချထားဖို့ ၊ အဲဒီနေရာကို ဒုက္ခသည်ကိုယ်စားလှယ်တွေ အရင်သွားပြီး စစ်ဆေးနိုင်ဖို့ မြန်မာဘက် ကလည်း ကော်မတီ ဖွဲ့ထားတယ်လို့ ဆိုပါတယ်။ သူတို့ လေ့လာချက်တွေအရတော့ ဒုက္ခသည် ၃၀ ရာခိုင်နှုန်းကတော့ ကိုယ့်မြေ ကိုယ်ပြန်ချင်တယ်။ ၊ အများစုကတော့ တတိယနိုင်ငံ သွားချင်ကြတယ်။ တချို့က ထိုင်းမှာပဲ ဆက်နေချင်တယ်လို့ ဆိုပါတယ်။ ကျနော်တို့ဘက်က ကျပြန်တော့လည်း နိုင်ငံထဲကို တရားမဝင် ခိုးဝင်တဲ့ပြဿနာ ၊ တရားမဝင်အလုပ်ဝင်လုပ်တာ ၊ စိုကိပျိုးရေးဝင်လုပ်တာ ၊ သစ်ပင်တွေ ခိုးခုတ်ပြီး သစ်တောတွေ ဖျက်ဆီးနေတဲ့ ပြဿနာတွေ ဖြေရှင်းချင်တယ် ၊ ဒါကြောင့် သူတို့ကို ၊ ဒီ ၂ နှစ် ၃ နှစ်ထဲမှာ အမြန်ပြန်ပို့ချင်ပါတယ် ဆိုပြီး ပြောသွားတာပါ။

ဒုက္ခသည်တွေပြန်ပို့ရေးနဲ့ပတ်သက်လို့ မြန်မာဘက်က ကော်မတီဖွဲပြီးပြင်ဆင်နေပြီလို့ဆိုပေမဲ့ ကရင်ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ KRC ကတော့ သူတို့နဲ့ ဆက်စပ်ဆောင်ရွက်တဲ့ အဖွဲအစည်းတွေ မရှိသေးတဲ့အကြောင်း ပြောဆိုသလို ဒုက္ခသည်တွေ ပြန်ပို့ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ KRC ဥက္ကဌ ဦးရော်ဘတ်ထွေးက ဆိုပါတယ်။

“ ကျနော်တို့ ဒုက္ခသည်ကော်မတီအနေနဲ့ လုံးဝမသိသေးဘူးလေ အဲ့ဒီ့ကိစ္စနဲ့ ပတ်သက်တာနော်။ အခုလောလောဆယ် ကျနော်တို့ ဒုက္ခသည်ပြန်ပို့ဖို့က မသင့်တော်သေးဘူးပေါ့။”

အုန်းဖျန်ဒုက္ခသည်စခန်း ကော်မတီဥက္ကဌ စောဝါးထီးကတော့ ဒုက္ခသည်တွေပြန်ဖို့ အတွက် ငြိမ်းချမ်းရေး အခြေအနေက တည်ငြိမ်မူတွေ မရှိသေးဘူးလို့ ဆိုပါတယ်။

“ ဒုက္ခသည်ပြန်ရေးကတော့ ဘယ်အဖွဲ့အစည်းကမှ ဆက်သွယ်တာ မရှိဘူး။ ကျနော်ကတော့ ထိုင်းနိုင်ငံအစိုးရကိုသော်လည်းကောင်း၊ UNHCR အနေနဲ့သော်လည်းကောင်း၊ ကျနော်တို့ ဒုက္ခသည်များရဲ့ အမြင်ကို ပြောရမယ်ဆိုရင်တော့ အဆင်သင့်မဖြစ်သေးဘူးလို့ ပြောချင်တယ်။ ဒီနေ့လက်ရှိ မြန်မာပြည်တွင်း အခြေအနေဟာ ငြိမ်းချမ်းရေး ဆိုတဲ့ စကားဟာ ပြောတဲ့ သဘောလောက်ပဲရှိသေးတယ်။ အကောင်အထည်ဆိုတာ သက်သေပြလို့မရသေးဘူးလေ။ ငြိမ်းချမ်းရေးဆိုတဲ့စကားဟာ နူတ်ဖျားနဲ့ပဲ ဆွေးနွေးပြောဆိုတယ်ဆိုတော့ ကျန်တဲ့ လုပ်ငန်းဆိုင်ရာ ၊ အခြားအထွေထွေ ကိစ္စတွေဟာ ဘာတစ်ခုမှ ပြောကြ၊ မဆွေးနွေးကြသေးဘူး။ ကျနော်တို့ ဘယ်လိုနည်းနဲ့မှ လက်ခံလို့မရသေးဘူးလေနော်။”

ထိုင်းနိုင်ငံတွင်းမှာ ဒုက္ခသည် တစ်သိန်းကျော်ရှိနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာတော့ အခြေအနေတည်ငြိမ်ရင် နေရပ်ရင်းကိုပြန်လိုတဲ့ ဒုက္ခသည်တွေရှိနေသလို တတိယနိုင်ငံကို ထွက်ခွါလိုတဲ့ ဒုက္ခသည်အရေအတွက်က ပိုများနေပါတယ်။ ပြီးခဲ့တဲ့လတွေတုန်းကတော့ ဒုက္ခသည်အများစုကို လက်ခံခေါ်ယူပေးမယ့် အမေရိကန်နို်င်ငံက ဒုက္ခသည်တွေကို ခေါ်ယူတဲ့ အစီအစဉ်ကို ရပ်နားတော့မယ်ဆိုတဲ့ သတင်းကြောင့်လည်း ဒုက္ခသည်တွေအနေနဲ့
စိုးရိမ်မူတွေ ရှိနေခဲ့တာပါ။

အခုအခါမှာတော့ နေရပ်ရင်းကိုပြန်ရမယ်ဆိုတဲ့သတင်းတွေကြောင့်လည်း အခြေတကျမဖြစ်မှာ စိုးရိမ်မူတွေ စားသောက်ရေး၊ အလုပ်အကိုင်ရှာဖွေရေး ဆိုတာတွေက ပြင်ဆင်မူတွေ မရှိဘဲ ပြန်ဖို့ကတော့ အခက်အခဲတွေရှိနိုင်တယ်လို့ ဒုက္ခသည်တွေဘက် ကတော့ ပြောဆိုကြပါတယ်။

Wednesday, February 20, 2013

တန့်ယန်းမြို့နယ်မှာ အစိုးရနဲ့ SSA မြောက်ပိုင်းတပ်တွေ တိုက်ပွဲဖြစ်

၁၇နှစ် ကျော် ငြိမ်းချမ်းရေးယူပြီးတဲ့အဖွဲ့ တွေ ရဲ့လက်ရှိအနေအထား... ပြီးရင် ဘယ်သူ့ အလည့်လည်း စသဖြင့်ပေါ့...

2013-02-20

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းလို့ လူသိများတဲ့ SSPP/SSA တပ်တွေနဲ့ အစိုးရတပ်တွေ တန့်ယန်းမြို့နယ် အတွင်းမှာ ဖေဖေါ်ဝါရီလ ၂ဝ ရက်နေ့ ဒီကနေ့ ထပ်မံတိုက်ပွဲဖြစ်ကြတယ်လို့ သိရပါတယ်။

မနေ့က တိုက်ပွဲဖြစ်တဲ့နေရာနဲ့ သိပ်မဝေးတဲ့ တန့်ယန်းမြို့နယ် ၇မိုင်စခန်း အရှေ့ဘက် ကောင်းဆန်းဆိုတဲ့ ပလောင်ရွာအနီးမှာ ဒီနေ့မနက် ၁ဝ နာရီခွဲလောက်မှာ အစိုးရတပ်နဲ့ SSA မြောက်ပိုင်းတပ်တွေ တိုက်ပွဲထပ်ဖြစ်တဲ့အကြောင်း အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုး စိုင်းလက ပြောပြပါတယ်။

“ဒီနေ့ဖြစ်တဲ့နေရာက တန့်ယန်းမြို့နယ်ထဲမှာပဲ မနေ့ကနေရာနဲ့ သိပ်မကွာဘူးလေ ၁၀ နာရီခွဲမှာ ခမရ ၃၂၂ နဲ့ မနေ့က ဖြစ်တဲ့တပ် ၁၀ နာရီခွဲကနေ စဖြစ်တာ တနာရီကျော်ကျော်လောက် အချိန်ကြာသွားတာပေါ့၊ နှစ်ဖက်ထိခိုက်မှုတော့ ဘာမှမသိရသေးဘူး ဒီနေ့ကျနော်တို့ လားရှိုးမှာထိုင်နေတဲ့ ရုံးတာဝန်ခံနဲ့ တိုင်းမှုးဆီသွားပြီးတော့ တွေ့ဆုံခိုင်းတယ် အဲဒီဖြစ်ပျက်တဲ့ဖြစ်စဉ်နဲ့ ဘာကြောင့်ဖြစ်ရလဲဆိုပြီး အဲဒါမသိရသေးဘူး”

မနေ့ကနဲ့ ဒီနေ့ဖြစ်တဲ့တိုက်ပွဲမှာ နှစ်ဖက်ကျဆုံးတဲ့ အခြေအနေတွေကိုတော့ အခုအချိန်အထိ မသိရသေးပါဘူး။
အခုတိုက်ပွဲဖြစ်တဲ့ နေရာတွေဟာ SSA မြောက်ပိုင်းတပ်ဖွဲ့ဝင် အိမ်ထောင်သည် မိသားစုဝင်တွေ အခြေချနေထိုင်ဖို့ အစိုးရနဲ့နှစ်ဖက်သဘောတူထားတဲ့ နေရာဖြစ်တယ်လို့ ဗိုလ်မှုးစိုင်းလက ပြောပါတယ်။

“မနေ့ကဖြစ်တဲ့နေရာရော ဒီနေ့ဖြစ်တဲ့နေရာရော ကျနော်တို့ တပ်မဟာ ၃၆ က တပ်မိသားစုဝင်တွေ နေရာချထားရေး စီမံကိန်းရာထားချက် နေရာတွေပဲလေ အခုက အဲဒီနေရာဖြစ်တယ်ဆိုတော့ သူတို့က မိသားစုဝင်တွေချတဲ့နေရာကို သူတို့ထိုးထားချင်လို့လား သဘောတူညီထားတယ်လေ၊ ဒါပေမဲ့ သူတို့က နိုင်ငံတော်ကကူညီမယ် ဒါတွေလဲ ကျနော်တို့က မစောင့်နိုင်ဘူးလေ၊ ကျနော်တို့ အခြေချဖို့ တပ်မိသားစုဝင်တွေ စိုက်ပျိုးရေးတို့ ဘာတို့ အဆောက်အအုံတွေလုပ်ဖို့ ကျနော်တို့လဲ တတ်နိုင်သလောက် တည်ဆောက်နေတယ် သူတို့ဆီကိုလဲ တရားဝင် တင်ပြထားတယ်”

SSA မြောက်ပိုင်းအဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားတာ တနှစ်ကျော်ကြာနေပေမယ့် အခုအချိန်အထိ နှစ်ဖက်ဆက်ဆံရေး သိသိသာသာ တိုးတက်မှု မရှိသေးဘူးလို့ သိရပါတယ်။

ကရင်မိန်းကလေး ညှင်းပမ်းနှိက်စက်သူ ထိုင်းလင်မယား ထွက်ပြေးတိမ်းရှောင်

အရင်က လူကုန်ကူးမှုတွေလက်ထက်မှာ ဘန်ကောက်ကို အလုပ်သွားလုပ်ဖို့ ကရင် ၁၂ ကျော်ကို ထိုင်းရဲအရာရှိတစ်ဦးက ပစ်သတ်ခဲ့ဘူးတဲ့ သာဓကတွေရှိခဲ့ပါတယ်။ အခင်းဖြစ်ပြီးသိပ်မကြာပါဘူး ထိုင်းအစိုးရကသတင်းဌာနတွေက အဲဒီရဲအရာရှိ သူ့ ကိုသူ သတ်သေလိုက်ကြောင်းသတင်းတွေထုတ်ပြန်ပြီး အဲဒီအမှုကိစ္စရှေ့ ဆက်ပြီးဘာမှလုပ်လို့ မရသလို သတင်းတွေလည်းပျောက်သွားပါတော့တယ်။ အခုဒီကိစ္စလည်း ထိုင်းတွေထုတ်ပြန်ထားတဲ့သတင်းတွေကို ယုံဖို့ ဆိုတာ ပုံပြင်လေးတစ်ပုဒ်လိုပါပဲ။ ကျနော်တို့ လူမျိုးတွေ ငြိမ်ပြီးနေနေတာ အတယ်လို့ တော့မထင်လိုက်ကြသေးပါနဲ့.. အကြောင်းအမျိုးမျိုးကြောင့် ကြိတ်မှိတ်ပြီး သီးခံနေတာပါ။ တစ်နေ့ တချိန်ချိန်မှာ စာမျက်နှာတစ်ရွက်ချင်းပြန်လှန်ပြမယ်။

ကိုနိုင်ကွန်းအိန်

19.02.2013
ထိုင်းနိုင်ငံရောက် ကရင်အမျိုးသမီးငယ် တဦးကို ညှင်းပမ်းနှိပ်စက်မှု အပါအ၀င် အမှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရတဲ့ ထိုင်းနိုင်ငံသား ၂ ဦးဟာ အခုနောက်ဆုံး ထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် ထိုင်းရဲတပ်ဖွဲ့က ဆုငွေထုတ် ဖမ်းဆီးဖို့ ကြိုးပမ်းနေပါတယ်။

၅ နှစ်ကြာ ထိုင်းအလုပ်ရှင်တွေ လက်ထဲ ရောက်သွားခဲ့တဲ့ ကရင်အမျိုးသမီးငယ်ကတော့ အခုအခါမှာ နှိက်စက်မှုတွေက ရလာတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ထိုင်းဆေးရုံတခုမှာ ကုသမှု ခံယူနေရပါတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကိုယ်တိုင် ကြားဝင်
ဆောင်ရွက်ပေးနေတဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ ဗွီအိုအေရဲ့ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန် က တင်ပြထားပါတယ်။

အသက် ၁၂ အရွယ် အဲ လို့အမည်ရတဲ့ ကရင်တိုင်းရင်းသူ အမျိုးသမီးငယ်တဦးကို ဥပဒေမဲ့
ခေါ်ဆောင်ခိုင်းစေပြီး နှိပ်စက်ညှဉ်းပန်းမှုနဲ့ တရားရုံးမှာ အမှု ရင်ဆိုင်နေရတဲ့ ထိုင်းအိမ်ရှင် လင်မယားနှစ်ဦး အခုနောက်ဆုံး ထွက်ပြေး တိမ်းရှောင်သွားတဲ့အတွက် ရဲတပ်ဖွဲ့က ဆုငွေအဖြစ် ဘတ် ၁ သိန်းပေးဖို့ ကြေညာလိုက်ပါတယ်။

အသက် ၃၅ နှစ် အရွယ်ရှိတဲ့ နသီ ဒိုင်အွန် (Nathi Taeng-on) နဲ့ အသက် ၃၃ နှစ်အရွယ်ရှိတဲ့ ဇနီးဖြစ်သူ ရတ်တန်နခွန် ပီယာဝရာသမ် (Rattanakon Piyaworatham) တို့ ၂ ဦးဟာ တရားရုံးက အာမခံပေး လွှတ်ထားတဲ့နောက် ရဲတပ်ဖွဲ့မှာ လာရောက် အကြောင်းကြားဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ၀ရမ်းပြေးအဖြစ်နဲ့ ရဲ က ကြေညာလိုက်တာပါ။

ဒီအတွက် ထိုင်းရဲတပ်ဖွဲ့က သူတို့ ၂ ဦးနဲ့ ပတ်သက်လို့ သတင်းပေးနိုင်သူတွေကို ဆုငွေပေး ဖို့ ကြေညာလိုက်သလို၊ အာမခံပေးတဲ့ တရားရုံးဟာလည်း ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက တာဝန်ခံတဦးဖြစ်တဲ့ ဦးနိုင်ထွန်းကပြောပါတယ်။

“အဲ့ဒီလင်မယားနှစ်ယောက်က ထွက်ပြေးသွားတာပေါ့နော်။ ပြေးတယ်ဆိုတော့ သူတို့ကတော့ ထိုင်းဥပဒေအရ သူတို့ဟာသူတို့ လိုက်ပြီးတော့ဖမ်းဖို့ သူတို့ကြိုးစားနေတယ်လို့တော့ပြောတယ်။ အဲ့ဒီလင်မယား ၂ ယောက်ကတော့ လွတ်သွားလို့ မရဘူးပေါ့နော်။ နယ်မြေ ၆ ကိုလည်း ရဲတွေလိုက်နေတယ်။ ထွက်ပြေးသွားတဲ့ အခါကျတော့ သူတို့ရဲ့ တရားသူကြီးဆီမှာ လာပြီးတော့
ပြဿနာတက်နေတယ်။ တရားသူကြီးက ဘတ်ငွေ (၇) သိန်း နဲ့ အာမခံထားပြီး လွှတ်ပေးလိုက်
တော့ တရားသူကြီးအပေါ် pressure တွေရောက်နေတယ်ပေါ့နော်။ ဘာဖြစ်လို့ ဒီလို လုပ်ပေးလိုက် ရသလဲ ဘာညာပေါ့။ ထွက်ပြေးသွားတဲ့ အပိုင်းတို့၊ ဖမ်းတာဆီးတာ တို့ကတော့ သူတို့ဘက်က အထက် အာဏာပိုင်တွေ လုပ်ရမယ့် ကိစ္စပေါ့နော်။ ကျွန်တော်တို့ဘက်က ထိုက်သင့်တဲ့ အပြစ်ဒဏ်ပေးဖို့ ဘာညာဆိုပြီးတော့ ထိုင်းဘက်ကို တောင်းဆိုထားတာတော့ ရှိတယ်ခင်ဗျ။”

မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ ဖြစ်ကြတဲ့ နိုင်းအောင်းနဲ့ နန်းဒိုင်းတို့ရဲ့ သမီးဖြစ်သူကို ထိုင်းလင်မယား ၂ ယောက်ကနေ ဖြားယောင်းသွေးဆောင် ခေါ်ယူပြီး ၅ နှစ်တာကာလအတွင်း အိမ်ဖော်အဖြစ်နဲ့ အမျိုးမျိုး အလုပ်စေခိုင်းခဲ့တဲ့အပြင် ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် ထွက်ပြေးရာကနေ ဒေသခံ ထိုင်းတွေက ကယ်ဆယ်ပြီး ထိုင်းလူမှု ကယ်ဆယ်ရေးဌာနကို ပို့ဆောင်ပေးခဲ့တာပါ။

ထိုင်းလင်မယားကိုတော့ ဖြားယောင်းသွေးဆောင်မှု၊ မတရားညှဉ်းပန်းနှိပ်စက်မှု၊ ကျွန်ပြုမှု၊ အဓမ္မ လုပ်အားခိုင်းစေမှု၊ အသက်မပြည့် ကလေးငယ်ကို လူကုန်ကူးမှု၊ တရားမ၀င် အလုပ်သမား လက်ခံမှု၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှု စတဲ့ ပြစ်မှု ၇ ခုနဲ့ ထိုင်းတရားရုံးမှာ တရားစွဲဆိုထားပါတယ်။

ဒီလိုတရားစွဲဆိုခံထားရာက ဘတ်ငွေ ၇ သိန်း အာမခံနဲ့ တရားရုံးက လွှတ်ပေးရာကနေ အခုလို ထွက်ပြေး တိမ်းရှောင်ခဲ့တာပါ။ ထိုင်းအာဏာပိုင်တွေရဲ့ ကနဦး စစ်ဆေးမှုတွေ အတွင်းမှာတော့ ကရင်အမျိုးသမီးငယ်ဟာ အိမ်ရှင် လင်မယားက ရေနွေးပူနဲ့ လောင်းတဲ့ ဒဏ်ရာတွေကြောင့် ကျော ကုန်းမှာ အပြင်းအထန် မီးလောင်ဒဏ်ရာတွေ ရခဲ့ကြောင်း တွေ့ရှိခဲ့တာပါ။ တကိုယ်လုံးက နှိပ်စက်ခံ ထားရတဲ့ ဒဏ်ရာတွေကိုတော့ အခုအခါ ထိုင်းနိုင်ငံက ဆေးရုံတခုမှာ ဆေးဝါးကုသမှု ခံယူနေတယ် လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဦးနိုင်ထွန်း ကပြောပါတယ်။

“အခု သူ့စိတ်ပိုင်းဆိုင်ရာကတော့ သူ့အဖေအမေတွေနဲ့အတူ နေနေရတယ်လေ။ နောက် ဒီကျန်းမာရေးဆိုင်ရာ အရတော့ မနေ့ကအထိ ကျနော်တို့ ထပ်ကြားတာတော့ ပထမ နခွန်ဆ၀မ်ဆေးရုံမှာ ပလတ်စတစ် Surgery တွေ ဘာတွေနဲ့ ကုပေးမယ်ပေါ့နော်။ အခုကျတော့ ဘန်ကောက်မှာရှိတဲ့ အကောင်းဆုံးဆေးရုံမှာ ခွဲစိတ်ကုသမှု လုပ်ပေးမယ်လို့တော့ သူတို့ဘက်က မနေ့က ပြောသံကြားတယ်။ ကျနော်တို့ဘက်ကတော့ ဟိုတနေ့က သွားပြီးတော့ ထောက်ပံ့ကြေး
ငွေပေးတာတို့ သူတို့ အဖေအမေနဲ့ တွေ့ခဲ့တာတွေ ရှိပါတယ်။ အဲ့ဒီကလေးနဲ့ တွေ့ပြီးတော့မှ ဘာမှ အားမငယ်ဖို့ပေါ့ ကျနော်တို့ အကူအညီပေးမယ်။ သူ့ရဲ့ပညာရေး၊ ကျန်းမာရေး ဘာညာ။ အဲ့ဒီကောင်မလေးကတော့ ကျန်းကျန်းမာမာ လုံလုံခြုံခြုံပါပဲ။ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း တို့ ဘာတို့ကလည်း ကျနော်တို့နဲ့ ဆက်သွယ် လာတယ်။ သူတို့ ကရင်ပြည်နယ်အနေနဲ့လည်း
ထောက်ပံ့ကြေးငွေတွေ ပေးချင်တာပေါ့နော်။ သူတို့ ကိုယ်စားလှယ်နဲ့ ဒီနေ့ သူတို့သွားပေးကြလိမ့် မယ်။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မြန်မာသံရုံးက အရာရှိတွေကနေ အနှိပ်စက်ခံရတဲ့ ကလေး မလေးကို သွားရောက် ကြည့်ရှု အားပေးခဲ့ပြီး ငွေကြေး အကူအညီတွေလည်း ထောက်ပံ့ခဲ့ပါတယ်။

မြန်မာအစိုးရနဲ့ အလုပ်သမား အဖွဲ့အစည်းတွေ မြန်မာနိုင်ငံသားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းတွေကနေ စုစုပေါင်း ဘတ်ငွေ တသိန်းကျော် ထောက်ပံ့ ပေးအပ်ခဲ့တယ်လို့လည်း ဦးနိုင်ထွန်း က ပြောပါတယ်။

အဆိုပါ ကလေးမလေးအတွက် အလှူငွေတွေ ပေးဆောင်နိုင်ဖို့ ထိုင်းအစိုးရကနေ ဘဏ်စာရင်း အသစ် ဖွင့်ထားပေး ခဲ့ပြီး ရောဂါအခြေအနေ ပုံမှန်ပြန်ရောက်တဲ့အထိ ဆေးဝါး ကုသပေးမယ်လို့ လည်း ဦးနိုင်ထွန်း က ပြောပါတယ်။

မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ပြည်တွင်းရေး မတည်ငြိမ်မှု၊ စီးပွားရေး နိမ့်ကျမှု၊ ငွေကြေး ကွာဟမှုတွေ ကြောင့် ထိုင်းနိုင်ငံအတွင်းကို ရွှေ့ပြောင်းအလုပ်သမားအဖြစ်နဲ့ အလုပ်လုပ်ကိုင်မှုဟာ တနေ့တခြား များပြားလာနေ ပါတယ်။

ဒီလို အလုပ်လုပ်ကိုင်နေစဉ်အတွင်းမှာလဲ ငွေကြေးအရသော်လည်းကောင်း၊ လုပ်အားအရသော် လည်းကောင်း လူ့အခွင့်အရေး ချိုးဖောက် ခံနေရတာတွေလည်း ရှိနေပါတယ်။

ဒီဖြစ်စဉ်တွေကနေ အကာကွယ် ပေးနိုင်ဖို့ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရအကြားမှာ ဆွေးနွေးနေ ကြပြီလို့လည်း ဦးနိုင်ထွန်း က ပြောပါတယ်။

“အခုဆိုလို့ရှိရင် ကျနော်တို့ ပတ်စ်ပို့ လုပ်ပေးတဲ့ကိစ္စမှာ သူတို့ကနေ မဖမ်းဖို့၊ ဈေးနှုန်းကို လည်း လျော့ပေါ့ပြီး ကောက်ပေးဖို့၊ နောက်အလုပ်သမားတွေရဲ့ အခွင့်အရေး လစာ အပြည့်အ၀ ရဖို့ ကျနော်တို့ဘက်က တောင်းဆိုထား တာရှိတယ်။ ထိုင်းနိုင်ငံမှာ မတရား လစာ အပြည့်မပေးတာတို့၊ OT (အချိန်ပိုကြေး) မပေးတာတို့၊ ခေါင်းပုံဖြတ်တာတို့ တဖြေးဖြေးနဲ့ ဒီဟာကြီးက ကြီးထွားလာတဲ့ အချိန်ကျတော့ အခု ကျနော်တို့က ဂျပန်တို့၊ အမေရိကန်တို့ အီးယူတို့ ကနေပြီးတော့ သူတို့ရဲ့ ပင်လယ်ထွက် ပစ္စည်းတွေကို ပိတ်ပင် တားဆီးထားတာမျိုးတွေ ရှိတယ်ဗျ။ အဲ့ဒီဟာတွေ ကိုလည်း ကျနော်တို့ ကနေပြီးတော့မှ သူတို့ နိုင်ငံရဲ့အကျိုးစီးပွားလည်း ထိခိုက်တယ်၊ နောက်ကျနော်တို့ မြန်မာ အလုပ်သမားတွေ အတွက်လည်း နစ်နာတယ်။ အဲ့ဒီတော့ ခင်ဗျားတို့ ဖြေရှင်းပေးဖို့ ကျနော်တို့ ဒုတိယ၀န်ကြီး ဦးမြင့်သိန်း က ပြီးခဲ့တဲ့ အစည်းအဝေးမှာ သူတို့ဘက်ကို တောင်းဆိုတယ်။ သူတို့ အစိုးရဘက်ကလဲ လူကြီးပိုင်း ကတော့ လုပ်ပေးပါ့မယ်။ ဘာညာဆိုတဲ့ ကတိတွေ ပေးတာပေါ့နော်။ ဒါပေမဲ့ အောက်ခြေပိုင်းဆိုင်ရာမှာ နိုင်ငံသားတွေ အပေါ်ကို အလုပ်ရှင်အနေနဲ့သော်လည်းကောင်း၊ ရဲအနေနဲ့သော်လည်းကောင်း၊ လ၀ကအနေနဲ့သော်လည်းကောင်း အနိုင်ကျင့် လာခဲ့တာတွေကတော့ အရိုးစွဲနေပြီ။”

ထိုင်းနိုင်ငံအတွင်းမှာ တရားဝင်အရသော်လည်းကောင်း၊ တရားမ၀င် နည်းလမ်းနဲ့ပါ ၀င်ရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ သန်းလောက် ရှိတယ်လို့လည်း ထိုင်းအလုပ်သမား ၀န်ကြီးဌာနက ခန့်မှန်းထား ပါတယ်။

အခုလို ၀င်ရောက်အလုပ်ကိုင်နေတဲ့ အလုပ်သမားတွေဟာ တချို့သောထိုင်းလုပ်ငန်းရှင်တွေကနေ လုပ်အားခ ချိုးနှိမ်ခြင်း၊ သတ်မှတ်ချိန်ထက် အလုပ် ပိုခိုင်းစေခြင်း၊ အလုပ်သမား စိစစ်ရေးကဒ်တွေ ကို သိမ်းဆည်းထားခြင်း၊ အဓမ္မ အလုပ်စေခိုင်းခြင်း စတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံနေကြရပေမဲ့လည်း မြန်မာအစိုးရပိုင်းကနေ တာဝန်ယူနိုင်မှု အားနည်းနေသေးတယ်လို့လည်း အလုပ်သမားအရေး ဆောင်ရွက်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

ရှမ်းပြည်မြောက်ပိုင်း SSA တပ်နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွား

2013-02-19

ရှမ်းပြည်မြောက်ပိုင်း SSA တပ်နဲ့ အစိုးရတပ်တွေ မနေ့ကစပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်အတွင်းမှာ မနေ့ ညနေ (၃) နာရီခွဲလောက်က စတင်ပြီး နှစ်ဘက်တပ်တွေကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ကြောင်း SSPP/SSA မြောက်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးစိုင်းလ က ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်၊ ဒွိုင်တလန် စခန်းတွင် စစ်လေ့ကျင့်နေသော ရှမ်းပြည်တပ်မတော် (SSA) တပ်ဖွဲ့ဝင်များပုံ

“လာပြီးတော့တိုက်တယ်၊ ကျနော်တို့ တန့်ယန်းမြို့နယ်ပေါ့၊ ၇ မိုင်စခန်းအရှေ့ဘက်ပေါ့၊ ကျနော်တို့တပ်က တပ်မဟာ ၃၆ လက်အောက်ခံ တပ်ရင်း ၂၉၉ သူတို့က ခမရ ၃၂၂ ညနေငါးနာရီလောက်ထိ ပစ်ခတ်မှုတွေဖြစ်နေတုန်းပဲ”

နှစ်ဖက်အထိအခိုက် အကျအဆုံးနဲ့ ပတ်သက်လို့တော့ မသိရသေးဘူးလို့ ဗိုလ်မှုးစိုင်းလ က မနေ့က ပြောခဲ့ပါတယ်။

SSPP/SSA ရှမ်းပြည်မြောက်ပိုင်းနဲ့ အစိုးရတပ်တွေ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးထားတာ တစ်နှစ်ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ ဒီအတွင်းအစိုးရတပ်က ရှမ်းပြည်တပ်မတော်က တပ်ဖွဲ့တွေကို ဆုတ်ပေးဖို့ ပြောဆိုလာတာကြောင့် စခန်းတချို့ ဆုတ်ပေးလိုက်ရတာတွေလည်း ရှိခဲ့တယ်လို့ ဗိုလ်မှုးစိုင်းလ က ဆိုပါတယ်။

“သူတို့တိုက်ချင်တဲ့အချိန် တိုက်တယ်၊ နောက်အကောင်းပြောတဲ့အချိန် ပြောတယ်၊ အဲတော့ ယုံကြည်မှု တည်ဆောက်နေတဲ့အချိန်မှာ သူတို့လုပ်ချင်တိုင်း လုပ်နေရင်တော့ အဟန့်အတားတော့ဖြစ်မှာပေါ့”

SSA မြောက်ပိုင်းအဖွဲ့ပါဝင်တဲ့ UNFC နဲ့ အစိုးရကိုယ်စားလှယ်တွေ ဒီကနေ့ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

Monday, February 18, 2013

မြွေဟောက်စစ်ရေးလေ့ကျင့်ခန်း နဲ့ ဗမာ့စစ်သဘောတရား

ဦးအောင်ခင်, ကိုဇော်ဝင်းလှိုင်
16.02.2013

ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ Cobra Gold ထိုင်း-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ဗမာစစ်တပ်က လေ့လာသူ (၂) ဦး စေလွှတ်ထားပါတယ်။ ထိုင်း-အမေရိကန် Cobra Gold ပူးတွဲစစ်ရေးလေ့ကျင့်န်းလုပ်တဲ့ အနှစ် (၃၀) ကျော်ကာလမှာ ပထမဦးဆုံးအကြိမ် ဗမာစစ်တပ်က ကိုယ်စားလှယ်စေလွှတ်တာ ဖြစ်ပါတယ်။ အမေရိကန် ဦးဆောင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းမှာ ပါဝင်တယ်ဆိုတာကပဲ ဗမာစစ်တပ်ရဲ့  စစ်သဘောတရား (Military Doctrine) ကို ပြသရာ ရောက်တယ်လို့ မြင်ကြပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က စစ်အာဏာရှင်စနစ် ခိုင်မာအောင် စည်းရုံးသိမ်းသွင်းရာမှာ နိုင်ငံခြားအန္တရာယ်ကို အကြောင်းပြလေ့ရှိပါတယ်။

ထိုင်းအစိုးရကို ထိုးနှက်တိုက်ခိုက်တဲ့ ဝါဒဖြန့်ချက်ထဲမှာ Cobra Gold စစ်ရေးလေ့ကျင့်ခန်းလည်း ပါဝင်ခဲ့ပါတယ်။ ထိုင်းဆန့်ကျင်ရေးဆန္ဒပြပွဲလုပ်ပြီး စစ်အာဏာရှင်စနစ်ကို အားသစ်လောင်းခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကို နယ်စပ်မှာ ခိုလှုံခွင့်ပေးတဲ့ ထိုင်းအစိုးရကို မကျေနပ်တာဟာလည်း ထိုင်ဆန့်ကျင်ရေးလုပ်ရတဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။ ထိုင်းအစိုးရတွေကလည်း နယ်စပ်နေလက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တွေကို ကြားခံအင်အားစုအဖြစ် သတ်မှတ်ခဲ့ပါတယ်။

အာဏာရအစိုးရတွေရဲ့  သဘောထားပေါ်မှာ မူတည်ပြီး ထိုင်း-မြန်မာ ဆက်ဆံရေးမှာ အတက်အကျရှိပေမယ့် မြန်မာ့စစ်သဘောတရားမှာ တရုတ်ကို ရန်သူအဖြစ် သတ်မှတ်တဲ့ အစဉ်အလာရှိပါတယ်။ လွတ်လပ်ရေးရပြီး မကြာမီ ကွန်မြူနစ် ပုန်ကန်မှုနဲ့ ရင်ဆိုင်ရတဲ့ ဗမာအစိုးရတပ်ဟာ တရုတ် ကွန်မြူနစ်ကို ရန်သူအဖြစ် သတ်မှတ်ပါတယ်။ တရုတ်ကျူးကျော်တာကို နယ်စပ်မှာ သုံးလခုခံနိုင်မယ့် စစ်တပ်ကို တည်ထောင်ဖို့ ရည်ရွယ်တဲ့ စစ်သဘောတရားရှိခဲ့ပါတယ်။ ဒီ အယူအဆကို ဗိုလ်ချုပ်မောင်မောင်က အရင်ဆုံး တင်ပြကြောင်း သိရပါတယ်။ ဗမာကွန်မြူနစ်ကို တရုတ်ကွန်မြူနစ်က နှစ်ပေါင်းများစွာ နည်းမျိုးစုံနဲ့ ကူညီခဲ့တာဟာလည်း မယုံကြည်နိုင်တဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။ မဆလခေတ်မှာ တရုတ်တပ်သားတွေ ဗကပဘက်က ကူညီတိုက်ခိုက်ခဲ့လို့ ဗမာအစိုးရတပ်မှာ အကျအဆုံးများခဲ့ပါတယ်။

အရှေ့ မြောက်တိုင်း စစ်ဌာနချုပ်၊ စစ်ဦးစီးဌာနက ၁၉၇ မှာ ရေးသားခဲ့တဲ့ နယ်မြေလုံခြုံရေး စီမံချက်မှာလည်း တရုတ်ကိုရန်သူအဖြစ် သတ်မှတ်ထားကြောင်း ၂၀၁၀ မတ်လ ၁၅ ရက်နေ့ထုတ် ရှမ်းသံတော်ဆင့်မှာ ဖော်ပြပါတယ်။ ဗမာစစ်အစိုးရဟာ တရုတ်အကူအညီရယူခဲ့တာ (၉) နှစ်ရှိပြီ ဖြစ်ပေမယ့် အရှေ့ မြောက်တိုင်းမှူး ဗိုလ်ချုပ်တင်ငွေကတော့ အရင်က စစ်သဘောတရားအတိုင်း တရုတ်ကိုရန်သူအဖြစ် သတ်မှတ်ထားပါတယ်။ မဟာဗျူဟာလိုအပ်ချက်အရ မြန်မာပြည်ကို တရုတ်ကသိမ်းပိုက်ဖို့ ကြိုးစားမယ်ဆိုရင် မြစ်ကြီးနား၊ လာရှိုး နဲ့ ကျိုင်းတုံ စတဲ့ လမ်းကြောင်းတွေက ဝင်လာနိုင်တယ်လို့ တွက်ထားပါတယ်။ ဒါကြောင့် ဒီဒေသမှာရှိတဲ့ အပစ်ရပ်အဖွဲ့ (၈) ဖွဲ့ကို နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး နဲ့ စီးပွားရေးအရ စည်းရုံးသိမ်းသွင်းရမယ်လို့ ဆိုပါတယ်။ နိုင်ငံခြားကျူးကျော်မှုကို တွန်းလှန်ရာမှာ ပြည်သူ့စစ်ကို အပြည့်အဝ သုံးရမယ်လို့လည်း ဆိုပါတယ်။

ရဲတပ်ဖွဲ့၊ မီးသတ်၊ ကြက်ခြေနီ၊ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်း၊ စစ်တပ်လက်အောက်ခံ ပြည်သူစစ်စတာတွေကို ညီနောင်အရံတပ်ဖွဲ့တွေအဖြစ် ဖော်ပြပါတယ်။ တရုတ်ကျူးကျော်မှုကို ခုခံတိုက်ခိုက်ရာမှာ မဟာဗျူဟာမှာ ခံစစ်သုံးပြီး နည်းဗျူဟာမှာ ထိုးစစ်ဖြစ်ရမယ်လို့ ဆိုပါတယ်။ မဟာဗျူဟာမှာ ရေရှည်တိုက်ပွဲအတွက် ပြင်ဆင်ပြီး နည်းဗျူဟာမှာတော့ ရေတိုတိုက်ပွဲဖြစ်ရမယ်လို့ ဆိုပါတယ်။ ၁၉၆၉ မှာ တရုတ်စစ်သား ၅၀၀၀ ကျော် မြန်မာပြည်မြောက်ပိုင်းဝင်လာပြီး ဗကပဘက်က ကူညီတိုက်ခိုက်ခဲ့လို့ အဲဒီနှစ်က အကျများတာကို ဗိုလ်ချုပ်နေဝင်းကိုယ်တိုင် မဆလပါတီ ညီလာခံမှာ ဝန်ခံပါတယ်။ ဒါကြောင့်မို့ မိမိအာဏာတည်မြဲရေးအတွက် တရုတ်အကူအညီ အများအပြားယူနေတဲ့ ဗမာစစ်အစိုးရဟာ ရေရှည်မှာ တရုတ်ကို အန္တရာယ်လို့ အစဉ်အလာအတိုင်း မြင်နေတာ ဖြစ်ပုံရပါတယ်။

မေမြို့ စစ်တက္ကသိုလ် သုတေသီ ဒုဗိုလ်မှူးကြီးအောင်ကျော်လှ ၂၀၀၄ မှာ တင်ပြတဲ့ စာမျက်နှာ (၃၄၆) ပါ မြန်မာ-အမေရိကန် ဆက်ဆံရေးစာတမ်းမှာလည်း တရုတ်ကို ရန်သူအဖြစ် သတ်မှတ်တဲ့ စစ်သဘောတရားကို ဖော်ပြတယ်လို့ အဲဒီစာတမ်းရရှိထားသူ
Bertil Lintner က ဆိုပါတယ်။ သံတမန်ရေးနဲ့ စီးပွားရေးမှာ တရုတ်ကို အားကိုးတာဟာ အလွန်အန္တရာယ်ကြီးမားပြီး တိုင်းပြည်လွတ်လပ်ရေးကိုပါ ထိခိုက်နိုင်တယ်လို့ သုံးသပ်ပါတယ်။ စစ်အစိုးရကို အပြည်ပြည်ဆိုင်ရာက လက်ခံနိုင်တဲ့ အစိုးရမျိုးနဲ့ အစားထိုးနိုင်မယ်ဆိုရင် စစ်တပ်အနေနဲ့ လမ်းစဉ်သစ်ချမှတ်ရတာပိုပြီး လွယ်ကူလိမ့်မယ်လို့ အောင်ကျော်လှရဲ့  စာတမ်းမှာ ဖော်ပြပါတယ်။

ဒီသဘောတရားဘက်ကကြည့်မယ်ဆိုရင် တရုတ်အားကိုးမှုကို လျှော့ချလိုက်ပြီး အမေရိကန်နဲ့ ဆက်ဆံရေးကောင်းမွန်လာအောင် အရပ်သားတပိုင်းအစိုးရကို စစ်တပ်က ဖွဲ့စည်းလိုက်တာလို့ ပြောရပါလိမ့်မယ်။ အရပ်သားတပိုင်း အစိုးရပေါ်ထွက်လာတာ ဗမာစစ်တပ်ရဲ့ မဟာဗျူဟာ တခုလိုဖြစ်နေပါတယ်။ ဒီမိုကရေစီနိုင်ငံတွေ ဦးဆောင်တဲ့ရွှေမြွေဟောက် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းမှာ မြန်မာပါဝင်လာတာဟာ တရုတ်ကိုချည်း မှီခိုအားထားတာမျိုး မလိုလားကြောင်း ဗမာစစ်တပ်က ပြသတာဖြစ်ပါတယ်။ တရုတ်အကူအညီနဲ့ အသက်ဆက်ခဲ့တာကို အန္တရာယ်လို့မြင်ပြီး ဒီမိုကရေစီနိုင်ငံတွေနဲ့ လက်တွဲဖို့ကြိုးစားတာ ဖြစ်ပုံရပါတယ်။
http://burmese.voanews.com/content/news-analysis-cobra-gold/1604859.html

A TURNING POINT

February 17, 2013
Contact: Roland Watson, roland@dictatorwatch.org
Please forward and post.

Note: This first appeared in the Irrawaddy today as a comment on their article, 5 Years On, KNU Leader's Chilling Murder Still a Mystery.

There are turning points in a nation's history, and many times they are not only not clear; they are missed completely. The death of ethnic leader Padoh Mahn Sha five years ago was an example of one such turning point. It was not only a tragedy for the Karen, it was a disaster for all of Burma.

At the time there was already a split in the KNU, following the decline and ultimately the death of long-time leader General Bo Mya. This created a power vacuum, between individuals who wanted to stick to the organization's policy to defend the Karen people, and others who had grown tired of waiting for the Karen Revolution to succeed, including in this group people who had become corrupted and who were making business deals with regime officers. Mahn Sha was a strong and principled leader, dedicated to the Revolution's goals, and destined for the top role of Chairman.

His death provided an opening for the opportunists, and ultimately, at last year's Karen Congress, they took over. Without additional action from Aung San Suu Kyi, though, this would have only marked a turning point for the Karen. At the time of Mahn Sha's assassination, she was still holding strong to the goal of real freedom for Burma, and her opposition to ending the sanctions.

But, Suu Kyi subsequently turned. She abandoned her positions, reversed course, and became an opportunist as well. So, the lead figure in Burma now backed making a deal with the generals, and which deal would not require them to give up power and permit real democracy. Karen and other ethnic opportunists then jumped on this, as the chance they had been waiting for for years, to end their own struggles in exchange for personal gain.

A precursor for all of this was another event, of which few people are even aware. "Pro-democracy" funder OSI had a conference in Washington, D.C. in October 2004, titled Managing Economic Transitions: The Role of Global Institutions and Lessons for Burma/Myanmar. I attended this conference. It's main point was that the time had come to start developing Burma, democracy be damned. Big money interests were also tired of waiting. The conference actually had as its agenda initiating the development, but a curious thing happened. Ethnic nationality participants made their voices heard, in no uncertain terms. Development would have to wait until real freedom for their peoples - for all of Burma - was achieved.

This remained the status quo until Suu Kyi changed. Of note, she has never properly explained her decision. Then, the broader significance of Mahn Sha's assassination became clear. Without it, he would have been leading the KNU. I can't say how he would have reacted to Suu Kyi's volte-face, but he certainly would never have abandoned the KNU's goals, much less permitted the Burma Army to totally militarize Karen State, as is now happening under the opportunists. The ethnic flank would have remained intact, and developments in the country, certainly corporate exploitation in ethnic areas, would have proceeded much more slowly, if at all.

Interestingly, another key participant at the 2004 conference was Harn Yawnghwe, of EBO. At the behest of his European funders, he has been one of the strongest proponents of development. It was under his influence that many of the ethnic opportunists rallied over more conservative voices, and signed ceasefires.

So, Suu Kyi surrendered, and Harn Yawnghwe finally could pursue his objective that the ethnic nationalities do the same, without the strong hand of Padoh Mahn Sha to counter his treachery. You'll note that he and the Karen opportunists were with Aung Min at the KIO meeting in China.

DICTATOR WATCH
(www.dictatorwatch.org)

http://www.dictatorwatch.org/prBurmaturningpoint.html

Sunday, February 17, 2013

Tribute to Phadoh Mahn Shar on the fifth anniversary of his assassination (အသံဖိုင်)

ပဒိုမန်းရှာပြောခဲ့သောစကားများနှင့် ယနေ့လက်ရှိအခြေအနေတွေကိုနှိုင်းယဉ်ပြီး သုံးသပ်စေချင်ပါသည်။



မူရင်း - ဆာမူး facebook - http://www.facebook.com/photo.php?v=10151514076391694

Type the rest of your post here.

တပ်မတော်က KIA စစ်ဆင်ရေး စီမံချက်နဲ့ ငြိမ်းချမ်းရေး ကော်မတီက ဆွေးနွေးပွဲများ တပြိုင်နက် ဆောင်ရွက်လျှက်ရှိ

"ယခုတလော မြန်မာ့နိုင်ငံရေးနဲ့ စစ်ရေး အခင်းအကျင်းမှာ အချိန်နာရီနှင့်အမျှ ဒီရေ အလား ပြောင်းလဲမှု မြန်ဆန်နေကြောင်း၊ စစ်ဖက်နီးစပ်သူများ ခန့်မှန်းသည်မှာ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနေချိန်မှာ တပ်မတော်က ရှေ့တန်း စစ်ကြောင်းနဲ့ စခန်းများထံ ရိက္ခာနဲ့ လက်နက်ခဲယမ်းများ ပို့ဆောင် ဖြည့်တင်းခြင်း၊တောင်းကုန်း စခန်းများအား ခံစစ်စခန်းအဖြစ် အခိုင်အမာ တည်ဆောက်ခြင်း၊ အနားပေးလိုသည့် တပ်မများ လဲလှယ်ခြင်း၊ ပဋိပက္ခ ဖြစ်ပွါးသော နေရာများကို လေ့လာစောင့်ကြည့် စီစစ်ရေးစနစ်အတွက် ကြိုတင်ပြင်ဆင်ခြင်း စတာ တွေကို ပြုလုပ်မည်ဖြစ်ကြောင်း"

တပ်မတော်မှ ကစထမှူး/ တိုင်းမှူး/ တပ်မမှူးများ တက်ရောက်ကြတဲ့ ကက(ကြည်း) လေးလပတ် အစည်းအဝေးမှာ တပ်မတော်နဲ့ KIA တိုက်ပွဲများအပေါ် ခြုံငုံသုံးသပ် ခဲ့ကြ သလို KIA အား စစ်ဆင်ရေး စီမံချက်နဲ့ စပ်လျဉ်းပြီး သုံးသပ် ဆွေးနွေးခဲ့ကြကြောင်း လည်း စစ်ရုံးနဲ့ နီးစပ်သူများထံမှ သတင်း ရရှိပါတယ်။

ကျင်းပပြီးစီးခဲ့တဲ့ လေးလပတ် အစည်းအဝေးမှာ ကစထမှူး ဒုဗိုလ်ချုပ်ကြီးမြင့်စိုးက KIA နဲ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် စပ်လျဉ်းပြီး သုံးသပ်ချက် အစီရင်ခံစာ တင်ပြခဲ့တယ် လို့ ဆိုပါတယ်။ တိုင်းမှူး/ တပ်မမှူး အချို့က မြန်မာနှင့်တရုတ် နယ်စပ် တည်ငြိမ်ရေး ရှိဖို့ရန် စစ်ရေး မဟာဗျူဟာအရ KIA ရဲ့ အဓိက အခြေပြုရာ လိုင်ဇာအား သိမ်းပိုက်ဖို့ မလွှဲမသွေ လိုအပ်တယ်လို့ တင်ပြကြပါတယ်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဧရိယာအ တွင်း တပ်မ (၃၃) ဟာ မြစ်ကြီးနား ပူတာအို လမ်းကြောင်း တလျှောက် တာဝန်ယူထား ပါတယ်။ တပ်မ (၈၈)၊ (၁၀၁)၊ စကခ (၃)၊ (၂၁) နဲ့ တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တိုင်းတပ်တွေဟာ KIA စစ်ကြောင်းများနှင့် လက်ရှိ စစ်ရေး ချိန်ခွင်ညှာ သဘောအရ အသာစီး ရယူထားပြီးသား ဖြစ်နေလို့ လိုင်ဇာကို သိမ်းပိုက်ဖို့ အသင့်တော်ဆုံး အချိန် ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။

တပ်မတော်မှ ကစထမှူး/ တိုင်းမှူး/ တပ်မမှူးများ တက်ရောက်ကြတဲ့ ကက(ကြည်း) လေးလပတ် အစည်းအဝေးမှာ တပ်မတော်နဲ့ KIA တိုက်ပွဲများအပေါ် ခြုံငုံသုံးသပ် ခဲ့ကြ သလို KIA အား စစ်ဆင်ရေး စီမံချက်နဲ့ စပ်လျဉ်းပြီး သုံးသပ် ဆွေးနွေးခဲ့ကြကြောင်း လည်း စစ်ရုံးနဲ့ နီးစပ်သူများထံမှ သတင်း ရရှိပါတယ်။

ကျင်းပပြီးစီးခဲ့တဲ့ လေးလပတ် အစည်းအဝေးမှာ ကစထမှူး ဒုဗိုလ်ချုပ်ကြီးမြင့်စိုးက KIA နဲ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် စပ်လျဉ်းပြီး သုံးသပ်ချက် အစီရင်ခံစာ တင်ပြခဲ့တယ် လို့ ဆိုပါတယ်။ တိုင်းမှူး/ တပ်မမှူး အချို့က မြန်မာနှင့်တရုတ် နယ်စပ် တည်ငြိမ်ရေး ရှိဖို့ရန် စစ်ရေး မဟာဗျူဟာအရ KIA ရဲ့ အဓိက အခြေပြုရာ လိုင်ဇာအား သိမ်းပိုက်ဖို့ မလွှဲမသွေ လိုအပ်တယ်လို့ တင်ပြကြပါတယ်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဧရိယာအ တွင်း တပ်မ (၃၃) ဟာ မြစ်ကြီးနား ပူတာအို လမ်းကြောင်း တလျှောက် တာဝန်ယူထား ပါတယ်။ တပ်မ (၈၈)၊ (၁၀၁)၊ စကခ (၃)၊ (၂၁) နဲ့ တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တိုင်းတပ်တွေဟာ KIA စစ်ကြောင်းများနှင့် လက်ရှိ စစ်ရေး ချိန်ခွင်ညှာ သဘောအရ အသာစီး ရယူထားပြီးသား ဖြစ်နေလို့ လိုင်ဇာကို သိမ်းပိုက်ဖို့ အသင့်တော်ဆုံး အချိန် ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။

ဒါ့အပြင် ရှေ့တန်း တပ်မမှူး/ ဗျူဟာမှူးများ အနေဖြင့် လက်ရှိနေရာများမှ လိုင်ဇာအား ခြိမ်းခြောက် နေတာထက် အနည်းငယ်မျှ ရှေ့တိုးတိုက်ခိုက် လိုက်ပါက အလွယ်တကူ သိမ်းပိုက် လိုက်နိုင်မည့် အခြေအနေကို လက်လွတ်ခံချင်ပုံ မရကြကြောင်း သိရှိရပါ တယ်။ အပစ်အခတ် ရပ်စဲရေး မလုပ်ချင်တဲ့ KIA အား လိုင်ဇာကို သိမ်းပိုက် လိုက်ခြင်း ဖြင့်သာ အလဲထိုး အနိုင်ယူမယ်လို့ ယူဆလျှက် ရှိနေပါတယ်။ ရှေ့တန်းတွင် စစ်ပန်းနေ ကြတဲ့ တစ်နှစ်ကျော် တာဝန်ထမ်းဆောင် နေရသော တပ်မ (၈၈) တပ်မမျိုးကို အလှည့်ကျ အနားပေးဖို့ ရှိနေရာ နယ်မြေ ကျွမ်းကျင်သော ထိုတပ်မဟောင်းများ ရှိတုန်း ဆက်လက် တိုက်ခိုက်နေချင် ကြပါတယ်။ တကယ်တမ်း KIO ဌာနချုပ်ဟာလည်း လိုင်ဇာမြို့တွင် အခြေစိုက်ရန် မသင့်တော်တော့ပဲ စစ်နည်းဗျူဟာအရ ပြောင်းရွေ့ရမည့် အခြေအနေတွေ ရှိနေပါတယ်။

ဒါပေမဲ့ အစိုးရနဲ့ တပ်မတော်တို့မှ တရားဝင် ထုတ်ပြန်ချက်များအရ တဖက်သတ် အပစ် အခတ် ရပ်စဲရေးအပြင် လိုင်ဇာကိုသိမ်းမည် မဟုတ်ကြောင်း ထပ်ခါတလဲလဲ ပြောဆို ထားပါတယ်။ လောလောဆယ် နိုင်ငံရေး အခင်းအကျင်းအပေါ် စောင့်ကြည့်ရမည့် သဘော ဆွေးနွေး ကြပါတယ်။ ဆွေးနွေးပွဲ မတိုင်ခင်မှာဖြစ်ဖြစ်၊ ဆွေးနွေးပွဲ ကျင်းပပြီးစီးချိန်မှာ ဖြစ်ဖြစ်၊ နိုင်ငံရေးအရ မပြေလည်လို့ အခွင့်အခါ ပေးတဲ့အခြေအနေမျိုး ဖန်တီးလာခဲ့ရင် လိုင်ဇာ ကို အချိန်မရွေး တက်သိမ်းမယ့် အခြေအနေမျိုး ရှိရန် ပြင်ဆင်ထား နိုင်ကြောင်း စစ်ဖက် နီးစပ်သူများက ခန့်မှန်း နေကြပါတယ်။
မကြာသေးခင် ကလေးကမှ ၀င်လာတဲ့ သတင်းအရ တရုတ်နိုင်ငံရဲ့ ဖိအားပေးချက်အရ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ ဦးဆွမ်လွတ်ဂမ်နဲ့ ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်တဲ့ KIO၊ KIA အဖွဲ့ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့၌ ယနေ့ဖေဖေါ်ဝါရီလ ၄ ရက်နေ့ မှာပင် ဆွေးနွေးကြကြောင်း သတင်း ၀င်လာပါတယ်။ စစ်ဖက်နီးစပ်သူများက သုံးသပ် ကြရာမှာ တရုတ်နိုင်ငံ အနေနဲ့ နိုင်ငံရေးအရ အမြတ်ထုတ်လိုလို့ ဖိအားပေး လာတာဖြစ် ပြီး ဆွေးနွေးပွဲ ကျင်းပဖြစ်တာကို လူတိုင်းက အံ့သြနေကြကြောင်း၊ အရင်ဆွေးနွေးပွဲများ နဲ့မတူဘဲ ထူးခြားချက်တွေကတော့ တရုတ်နိုင်ငံမှ သံအမတ်ကြီးအဆင့် ပါဝင်လာသလို KNU ဥက္ကဌနဲ့အဖွဲ့၊ RCSS/ SSA အဖွဲ့တို့အပြင် ဦးဟန်ညောင်ဝေတို့ ပါလာကြောင်း၊ အကြိုဆွေးနွေးပွဲနဲ့ အလွတ်သဘော ဆွေးနွေးပွဲလို့ ဆိုနိုင်ကြောင်း၊ KIA မှ ဗိုလ်ချုပ် ဂွမ် မော် ပါလာသော်လည်း တပ်မတော်မှ ကစထမှူး ဒုဗိုလ်ချုပ်ကြီးမြင့်စိုး တက်ရောက် လာခြင်း မရှိသည်မှာ ထူးခြားကြောင်း သုံးသပ်ကြပါတယ်။

ယခုတလော မြန်မာ့နိုင်ငံရေးနဲ့ စစ်ရေး အခင်းအကျင်းမှာ အချိန်နာရီနှင့်အမျှ ဒီရေ အလား ပြောင်းလဲမှု မြန်ဆန်နေကြောင်း၊ စစ်ဖက်နီးစပ်သူများ ခန့်မှန်းသည်မှာ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနေချိန်မှာ တပ်မတော်က ရှေ့တန်း စစ်ကြောင်းနဲ့ စခန်းများထံ ရိက္ခာနဲ့ လက်နက်ခဲယမ်းများ ပို့ဆောင် ဖြည့်တင်းခြင်း၊တောင်းကုန်း စခန်းများအား ခံစစ်စခန်းအဖြစ် အခိုင်အမာ တည်ဆောက်ခြင်း၊ အနားပေးလိုသည့် တပ်မများ လဲလှယ်ခြင်း၊ ပဋိပက္ခ ဖြစ်ပွါးသော နေရာများကို လေ့လာစောင့်ကြည့် စီစစ်ရေးစနစ်အတွက် ကြိုတင်ပြင်ဆင်ခြင်း စတာ တွေကို ပြုလုပ်မည်ဖြစ်ကြောင်း သတင်းပေးပို့သွားပါတယ်။
http://photayokeking.org/hot-news/1127-military-operation-on-kia-and-peace-committee-dialogue-are-making-on-time