Monday, March 31, 2014

ကာချုပ်ရဲ့ ခြေလှမ်းသစ်

စည်သူအောင်မြင့်

မတ်လ ၂၇ ရက် တပ်မတော်နေ့ နေပြည်တော် ဘုရင့်နောင် ရိပ်သာမှာ ကျင်းပခဲ့တဲ့ ဂါရ၀ ပြု ကန်တော့ပွဲ (ဓာတ်ပုံ- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Facebook မှ)

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက် တပ်မတော်နေ့က နေပြည်တော် ဘုရင့်နောင် ရိပ်သာမှာ ထူးခြားတဲ့ အခမ်းအနား တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အခန်းအနားကတော့ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်တွေ၊ တပ်မတော် အရာရှိကြီးတွေနဲ့ ဇနီးတွေကို လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော် ထိပ်ပိုင်း အရာရှိကြီးတွေ၊ သူတို့ရဲ့ ဇနီးတွေက ဂါရ၀ ပြု ကန်တော့ကြတဲ့ ပွဲပါ။

ဆရာတော် သံဃာတော်ကြီးများကို ကန်တော့ကြသလို၊ ဆရာ၊ဆရာမတွေကို ကျောင်းသားကျောင်းသူတွေက ကန်တော့ကြသလို ရိုရိုသေသေ လေးလေးစားစား ကန်တော့ကြတဲ့ပွဲအဖြစ် မြင်တွေ့ကြရပါတယ်။ အဲဒီ ကန်တော့ခံ တပ်မတော်အရာရှိကြီးတွေထဲမှာ ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်လို အတင်းအကြပ် အငြိမ်းစားပေးတာ ခံလိုက်ရတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေလည်း ပါဝင်ပါတယ်။ အရင်ကတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် ဒီလို ဂါရ၀ ပြု ကန်တော့ကြတဲ့ပွဲမျိုး မတွေ့မမြင်ဖူးကြပါဘူး။ တပ်မတော် ဘာတွေ ပြောင်းနေပြီလဲ၊ တပ်မတော်ရဲ့ ခြေလှမ်း ဘာတွေ ဖြစ်နိုင်မလဲ ဆိုတာ ဆန်းစစ်တင်ပြသွားပါ့မယ်။

အဲဒီ အခန်းအနားမှာ ကန်တော့ခံသူတွေကတော့ အငြိမ်းစားတွေဖြစ်တဲ့ ဗိုလ်ချုပ်သူရစောဖြူ၊ ဒုဗိုလ်ချုပ်ကြီးမောင်မောင်ခင်၊ ဒုဗိုလ်ချုပ်ကြီးအေးသောင်၊ ဒုဗိုလ်ချုပ်ကြီး မျိုးညွန့် နဲ့ ဇနီး၊ ဒုဗိုလ်ချုပ်ကြီးထွန်းကြည်၊ ဒုဗိုလ်ချုပ်ကြီးသန်းညွန့်နဲ့ ဇနီး၊ ဒုဗိုလ်ချုပ်ကြီးသိန်းဝင်း၊ ဒုဗိုလ်ချုပ်ကြီးတင်ငွေ၊ ဒုဗိုလ်ချုပ်ကြီး တင်အေး၊ ဒုဗိုလ်ချုပ်ကြီးကျော်သန်း၊ ဒုဗိုလ်ချုပ်ကြီးညွန့်သိန်း၊ ဒုဗိုလ်ချုပ်ကြီး ကျော်ဝင်း၊ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၊ ဒုဗိုလ်ချုပ်ကြီးခင်မောင်သန်း၊ ဗိုလ်ချုပ်မြင့်ဆွေ တို့ ပါဝင်ပါတယ်။ ကန်တော့သူတွေကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်က တပ်မတော်အရာရှိကြီး အားလုံးနီးပါးပါ။

ဒါ့အပြင် ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကချင်ပြည်နယ် ပူတာအိုသွားစဉ် တပ်မိသားစုတွေကို သြ၀ါဒ စကားပြောကြားတဲ့ဆီမှာ နောက်ခံ အနေနဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ရဲ့ ပုံနဲ့ အတူ သူ့ပုံကိုလည်း ချိတ်ထားတာ တွေ့ကြရပါတယ်။ ဓာတ်ပုံချိတ်ထားပုံက အပေါ်ဆုံးမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ၊ အောက်မှာ ဗိုလ်ချုပ်နေ၀င်းနဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်တို့ နှစ်ယောက်ပုံက ယှဉ်လျက်ရှိနေပြီး အဲဒီ အောက်ဆုံးမှာမှ လက်ရှိ ကာချုပ်ပုံကို ချိတ်ဆွဲထားတာ တွေ့ရပါတယ်။

ဒါနဲ့ ပတ်သက်ပြီး နောက်ထပ် သိနိုင်တာ တခုက မတ်လ ၂၇ ရက်နေ့က ကျရောက်တဲ့ တပ်မတော်နေ့အခန်းအနား မှာ ကာချုပ်မင်းအောင်လှိုင် ပြောတဲ့ မိန့်ခွန်းပါ။ အဲဒီမှာ တမင်ရည်ရွယ်ချက်ရှိရှိ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ရဲ့ မိန့်ခွန်းကောက်နှုတ်ချက်တွေကို ကိုးကား ထည့်သွင်းပြောသွားခဲ့တာ ကြားနိုင်ပါတယ်။

ဒါတွေအားလုံးရဲ့ အဓိပ္ပါယ်ကတော့ လက်ရှိ တပ်မတော်ဟာ စည်းလုံးညီညွတ်တဲ့ တပ်မတော် အဖြစ် ပုံဖော်လိုရင်းပဲ ဖြစ်ပါတယ်။ အရင် ဗိုလ်ချုပ်ကြီးနေ၀င်းက ဗိုလ်ချုပ်အောင်ဆန်းကို သမိုင်းကနေ ဖျောက်ဖျက်ဖို့ အာဃာတ နဲ့ ကြိုးစားခဲ့တာ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်ကြီးဟောင်းနေ၀င်းကို ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့တာမျိုး သူတို့ခေတ်မှာ မလုပ်တော့ဘူး၊ အားလုံးကို ပြည်ဖုံးကားချလိုက်ပြီး၊ စည်းလုံးညီညွတ်တဲ့ တပ်မတော်သမိုင်း အစပြုနေပြီလို့ အားလုံးကို အချက်ပေးလိုက်ပုံလည်း ပေါက်ပါတယ်။ အရင်က ဘာဖြစ်ခဲ့ ဖြစ်ခဲ့ တပ်မတော်ဟာ တပ်မတော်ပဲ ဆိုတဲ့ သဘောပါ။

တကယ်တော့ စစ်တပ် ဆိုတာဟာ လက်ရှိ သေနတ်ကိုင် ယူနီဖေါင်းဝတ်ထားတဲ့ စစ်တပ် တစ်ခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ ယူနီဖေါင်း ချွတ်သွားပြီဖြစ်တဲ့ တပ်မတော် အရာရှိဟောင်းကြီးတွေ၊ စစ်တပ်ပိုင် များပြားလှတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ သားသမီး ဆွေမျိုးတွေရဲ့ များပြားလှတဲ့ ပိုင်ဆိုင်မှု၊ ကြွယ်ဝမှု၊ စီးပွားရေးလုပ်ငန်းတွေ၊ လက်ရှိ အစိုးရဌာန ဆိုင်ရာ အသီးသီးမှာ တာဝန်ယူနေကြတဲ့ စစ်ဗိုလ်ဟောင်းတွေ၊ နေရာ အသီးသီးကို ပျံ့နှံ့ရောက်ရှိနေတဲ့ စစ်မှုထမ်းဟောင်းတွေ အားလုံးကို ခေါ်တာပါ။ လက်ရှိ အကူးအပြောင်းကာလမှာ ယူနီဖေါင်းဝတ် စစ်တပ်ဟာ သူတို့ တပ်၊ သူတို့တပ်ပိုင် စီးပွားရေး၊ သူတို့ပိုင် ဥစ္စာဓန တင်မက အဲဒီ များပြားလှတဲ့ စစ်တပ် အသိုင်းအ၀ိုင်း လူပုဂ္ဂိုလ်တွေနဲ့ သူတို့ပိုင် ဥစ္စာဓန တွေကို ကာကွယ်ဖို့ တာဝန်ယူထားရတာ ဖြစ်ပါတယ်။ ဒီ တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ဖို့ ခုလို စည်းလုံးညီညွတ်မှု တည်ဆောက်နေတာ ဖြစ်ပါတယ်။

အိမ်ရှေ့မင်းသားလို ကြီးကျယ်ခန်းနားရာကနေ အဖမ်းခံရ၊ နေအိမ်အကျယ်ချုပ်ချ ခံရသည့်တိုင် အကျယ်ချုပ်က လွတ်မြောက်လာတာနဲ့ တို့တပ်မတော် ဆိုပြီး ကြွေးကြော်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်တို့၊ ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်တို့ကို ကြည့်ရင် ဒီ ဖြစ်ရပ်တွေကို နားလည်နိုင်ပါတယ်။

နောက်တစ်ချက် ခုလို လုပ်ရတာကလည်း စစ်ဗိုလ်ချုပ် အဟောင်းနဲ့ အသစ်တွေက ဦးစီးဖော်ဆောင်နေတဲ့ စစ်တပ် လွှမ်းမိုးသော ဒီမိုကရေစီ စနစ်နဲ့ ဈေးကွက်စီးပွားရေးကို ချီတက်ရာမှာ စစ်တပ်ရဲ့ အကျိုးစီးပွားတွေကို မထိခိုက်စေပဲ အောင်မြင်မှု ရစေဖို့ ဖြစ်ပါတယ်။ ၂၀၁၅ အလွန်ကာလမှာ အခန့်မသင့်ရင် အုပ်ချုပ်ရေးအာဏာ တပိုင်းတစ စစ်တပ်အရိပ်အာဝါသနဲ့ ကင်းလွတ်တဲ့ အရပ်သားစစ်စစ်တွေ လက်ထဲ ရောက်ကောင်း ရောက်သွားနိုင်ပါတယ်။ ပြည်နယ်နဲ့ တိုင်း အုပ်ချုပ်ရေးအာဏာ တစ်ချို့လည်း အဲလို ဖြစ်သွားနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးတွေ ဖြစ်လာရင်တောင် စစ်တပ်အသိုင်းအ၀ိုင်းနဲ့ စစ်တပ် အကျိုးစီးပွားတွေ မထိခိုက်အောင်၊ စစ်တပ်ဟာ သူ့စနစ်နဲ့သူ သီးခြားသွားနိုင်အောင် စနစ်တကျ တည်ဆောက်နေတာလည်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီ ရှိတဲ့ နိုင်ငံဆိုပေမယ့် စစ်တပ်နဲ့ စစ်တပ် အသိုင်းအ၀ိုင်း အကျိုးစီးပွားဟာ သီးခြားကင်းလွတ်စွာ တည်ရှိနေပါတယ်။ စစ်တပ်ကို အဓိက ပဲ့ကိုင်သူကတော့ ဘုရင့်အတိုင်ပင်ခံ ကောင်စီ အကြီးအကဲ အရင်ဗိုလ်ချုပ်ကြီးဟောင်း၊ ၀န်ကြီးချုပ်ဟောင်း ပရမ်တင်ဆူလာနွမ် နဲ့ ကောင်စီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး အုပ်ချုပ်မှု အာဏာပိုင် အဖွဲ့အစည်းဟာ ကာလုံလို့ ခေါ်တဲ့ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီ ဖြစ်ပါတယ်။ လောလောဆယ် စစ်တပ် အရေးအရာကို ဆုံးဖြတ်ရာမှာ အဲဒီ ကာလုံက အခရာကျတယ်လို့ ယူဆ နိုင်ပါတယ်။ ဒါပေမယ့် နောင်အခါ အဲဒီ ကာလုံထဲ အရပ်သားစစ်စစ်တွေ ၀င်လာနိုင်တာမို့ စစ်တပ်နဲ့ စစ်တပ် အကျိုးစီးပွားတွေကို ကာကွယ်သွားဖို့ ထိုင်းနိုင်ငံက ဘုရင့်အတိုင်ပင်ခံ ကောင်စီလို စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ ပေါ်ပေါက်မလာဘူး လို့ မပြောနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် အခုနှစ် တပ်မတော်နေ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ မိန့်ခွန်းကိုကြည့်ရင် လောလောဆယ် တပ်တွင်းလှုပ်ရှားမှုတွေကိုကြည့်ရင် တပ်မတော်ဟာ စစ်ဗိုလ်ချုပ် အဟောင်းတွေနဲ့ပါ စည်းလုံးညီညွတ်မှု တည်ဆောက်နေတာ တွေ့နိုင်ပြီး နောင်လည်း အရပ်သား အုပ်ချုပ်မှုနဲ့ လွတ်ကင်းတဲ့ ကျယ်ပြန့်လှတဲ့ စစ်တပ် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ ပုံစံဖြစ်အောင် ကြိုးစားနေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

(စာရေးသူသည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို အပတ်စဉ်ထုတ် သတင်း ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။)

http://burma.irrawaddy.org/opinion/viewpoint/2014/03/29/56919.html

မှတ်မှတ်သားသားစကားများ (RFA)

ဗမာစစ်တပ်ရဲ့သဘောထား



Type the rest of your post here.

ရခိုင်ပြည် အမျိုးသားကောင်စီ ထုတ်ပြန်ကြေငြာချက်

ANC statement on 2014 Census _ Current Situation - 30Mar14

Type the rest of your post here.

Sunday, March 30, 2014

စာရင်းစစ်ဆရာမများ သန်းခေါင်စာရင်းဇယား ပြန်လည်ပြုစုနေ

တ် ၃၀ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ

သန်းခေါင်စာရင်းကောက်မည့်အချိန်တွင် လူဦးရေနှင့် အိမ်ခြေအမှန် ရရှိစေရန်အတွက် ကြိုတင်ကောက်ယူသည့် အိမ်ခြေစာရင်း များကို ယမန်နေ့ မတ်လ ၂၉ရက်နေ့ ညနေတွင် ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ သန်းခေါင်စာရင်းစစ်ဆရာမများက စာရင်းအပြီး ပြန် လည်ပြုစုမည်ဟု သိရသည်။

လက်ရှိ အိမ်ခြေစာရင်းများသည် ယခင် အစိုးရစာရင်းထက် ပိုပြီးများပြားလာသည့်အတွက် ယခုသန်းခေါင်စာရင်း မေးခွန်းစာ ရွက် ထုတ်သည့်အခါတွင် လျာထားသည့် မေးခွန်းစာရွက်ထက် လိုအပ်၍ ယခုလို စာရင်းပြန်လည်ပြုစုထားရခြင်းဖြစ်သည်ဟု ကရင်ပြည်နယ် ဖားအံမြို့ သန်းခေါင်စာရင်းစစ် ဆရာမ ဒေါ်ခင်မာချိုက ပြောသည်။

သူမက “စာရင်းကောက်တာတော့ မဟုတ်ဘူးပေါ့နော်။ သူတို့ကိုတော့ မကောက်သေးဘူး။ မကောက်သေးတဲ့အတွက် ဒီအိမ်မှာ လက်ရှိလူဦးရေ ဘယ်လောက်ရှိလဲဆိုတာကိုတော့ အကြမ်းအားဖြင့် စာရင်းယူထားတာ။ ပြီးတော့ အဲဒီယူထားတဲ့စာရင်းတွေက (လဝက)ကို အပ်ထားတယ်။ ပြီးတော့မှ လူဦးရေဘယ်လောက် ထွက်လာမလဲ မေးခွန်းစာရွက် ဘယ်လောက်ထုတ်ရမလဲပေါ့ နော်။ ဒါပေမဲ့ အခုယူထားတဲ့စာရင်းက အတည်မဟုတ်ဘူးပေါ့နော်။ ကြိုပြီးတော့ စာရင်းယူထားတဲ့သဘောပဲ ရှိသေးတာပါ”ဟု ပြောဆိုသည်။

ဖားအံမြို့ အမှတ် ၉ရပ်ကွက်နေ စောလွမ်းနေဦးက “ကျနော့်အိမ်မှာတော့ လူကြီးတွေက သန်းခေါင်းစာရင်းကောက်ဖို့ဆိုပြီး စာ ရွက်နှစ်ရွက်လာပေးတယ်။ တစ်ရွက်က အိမ်ထောင်စုစာရင်းပုံစံနဲ့တူတယ်။ အဲဒါကို ကိုယ့်အိမ်မှာရှိတဲ့ လူဦးရေစာရင်းတွေကို အဲ့မှာထည့်ပြီးတော့ အုပ်ချုပ်ရေးမှူးအိမ်ကို သွားပေးရတယ်။ နောက်တစ်ရွက်က လက်ကမ်းစာစောင်ပေါ့နော်။ အဲဒီထဲမှာ သန်း ခေါင်စာရင်းကောက်မဲ့ ရည်ရွယ်ချက်တွေပါတယ်”ဟု ၎င်းက ပြောသည်။

အလားတူပင် သန်းခေါင်စာရင်းကောက်ယူသည့်အချိန်တွင် အဆင်သင့်ရှိစေရန်အတွက် သင်တန်းတက်ပြီးချိန်မှစ၍ ကောက်ခံရ မည့် ကျေးရွာလူထုများကို လက်လှမ်းမှီသမျှ ကြိုတင်ပြောပြထားပြီး ကောက်ရမည့်အိမ်ခြေများကို ကျေးရွာအုပ်ချုပ်ရေးမှူးမှတ ဆင့် ကြိုတင်အသိပေးထားခြင်းဖြစ်သည်ဟု ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်း ကျေးရွာသန်းခေါင်စာရင်းစစ်သူ ဆရာမ နန်းစန်းစန်းဦးက ပြောသည်။

အဆိုပါ သန်းခေါင်စာရင်းကောက်ရန်အတွက် မတ်လ ၂၉ ရက်နေ့ညနေတွင် ဖားအံမြို့အတွင်းရှိ ပြည်သူပိုင်နေရာများဖြစ်သော ဆေးရုံ၊ ဆေးခန်း၊ တည်းခိုခန်း၊ အကျဉ်းထောင် စသည့်နေရာများသို့ စာရင်းကောက်ရန် ညနေ ၆နာရီအချိန်တွင် သန်းခေါင်စာ ရင်း မေးခွန်းစာရွက်များကို စာရင်းစစ်ဆရာမက ထုတ်ပေးမည်ဖြစ်ပြီး ညနေ ၇နာရီအချိန်တွင် စာရင်းကောက်များက အဖွဲ့အ စည်းပိုင်နေရာများကို စတင် ကောက်ယူသွားမည်ဖြစ်သည်ဟု စာရင်းကောက်သူများ၏ ပြောပြချက်များအရ သိရသည်။

Saturday, March 29, 2014

ဖါးစည်သမိုင်းအပိုင်းအစ

ဆောင်းပါး - အဂ္ဂ

တရုတ်ပြည်သူ့ သမတနိုင်ငံစတင်ထူထောင်သည့် ၁၉၄၉ နှင့် ဗီယက်နမ် ကိုတောင်နှင့်မြောက်ခွဲလိုက်သော ၁၉၅၄ ခုနှစ်များတွင် တရုတ်သုတေသီများကရော ဗီယက်နမ်သုတေသီများကပါ ဖါးစည်သုတေသနလုပ်ငန်းများကို အပြိုင်အဆိုင်လုပ်ခဲ့ကြသည်။နှစ်ဘက်လုံးကဖါးစည်သည်ကို မိမိတို့ နိုင်ငံတွင် အရင်စလုပ်သည်ဟု
ရေးသားဖေါ်ပြကြသည်။ ၁၉၇၀-၁၉၈၀ နှစ်များတွင် တရုတ်ရောဗီယက်နမ်ကပါ ဖါးစည်နှင့်ပတ်သက်သော စာအုပ်စာတန်းများစွာပုံနှိပ်ထုတ်ဝေကြသည်။

၁၉၈၀ မတ်လ၌ တရုတ်ပြည် Guangxi ပြည်နယ်မြို့ တော်နန်နင်း Nanning တွင် ပထမအကြိမ်ရှေးဟောင်းဖါးစည် စီမီနာတရပ်ကိုကျင်းပပြီး The Chinese Association for Ancient Bronze Drum Studies ZGTY ကိုထူထောင်ခဲ့သည်။ ၁၉၈၄ တွင်ယူနန်ပြည်နယ်ကူမင်မြို့ တော်တွင်လည်း ရှေးဟောင်းဖါးစည် စီမီနာတရပ်ကိုကျင်းပခဲ့ပြန်သည်။ ၁၉၈၇ တွင်ဗီယက်နမ်သုတေသီများက The Dong Son Drum ဆိုသည့်စာအုပ်ကိုထုတ်ဝေဖျန့် ချီပြီး
တရုတ်တို့ ၏တွေ့ ရှိချက်များကို ကောင်တာလုပ်သည်။ ၁၉၈၈တွင်The Chinese Association for Ancient Bronze Drum Studies ZGTY ကလည်း The Ancient Bronze Drums of China ဆိုသည့်စာအုပ်ဖြင့်ဗီယက်နမ်၏ ဖါးစည်သမိုင်းကို တန်ပြန်ချေဖျက်ခဲ့ပြန်သည်။ထိုနှစ်တွင်Yunan ပြည်နယ်ရှိ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပြတိုက်တွင် ရှေးဟောင်းဖါးစည် ၁၄၆၀ လုံးခန့် ရှိပြီး ၁၉၈၀နှစ်များအတွင်း ဗီယက်နမ်တွင်ရှာဖွေတွေ့ ရှိသည့်ရှေးဟောင်းဖါးစည်စုစုပေါင်း၃၆၀ရှိသည်။

သြစတြေးရီးယန်း ရှေးဟောင်းသုတေသီ F.Heger က ၁၉၀၂ ခုနှစ်တွင် ရှေးဟောင်းဖါးစည် ၁၆၅ လုံးကို သုတေသနပြုခဲ့ရာဒီဇိုင်းပုံစံ၊ ပြန့် နှံ့မှု၊ ခန်းနားမှု၊ ဓါတုပစ္စည်းပါဝင်မှု အလိုက် ၄မျိုးမကခွဲချားတွေ့ ရှိခဲ့သည်။ ပထမအမျိုးအစားသည် ဗီယက်နမ် Dong Son ခေတ်က ဖါးစည်များဖြစ်သည်ဟုဆိုသည်။
ဗီယက်နမ်ရှေးဟောင်းသုတေသနပညာရှင်များက F.Heger ၏ ဖါးစည် ၄မျိုးမှ မျိုးကွဲများစွာကိုထပ်မံပိုင်းခြားခဲ့သည်။
ဗီယက်နမ်သုတေသီများက ဖါးစည်သည်မြောက်ဗီယက်နမ်မြစ်နီနှင့် မြစ်မဲ ဖြစ်ဝှမ်းဒေသရှိဗီယက်နမ်လူမျိုးဘိုးဘေးဘီဘင်တို့ နှင့်အနေဝေးသော Lac Viet တို့ ကစတင်ပြုလုပ်ခဲ့သည်ဟုဆိုသည်။ Lac မှာရေအိုင်ကို ပြင်သစ်ဘာသာဖြင့်ခေါ်ဆိုခြင်းဖြစ်သည်။ ထိုဒေသမှတဆင့် အရှေ့ တောင်အာရှနှင့်
တရုတ်ပြည်တောင်ပိုင်းသို့ ပြန့် နှံ့ သွားခဲ့ခြင်းဖြစ်သည်ဟုလဲဆိုသည်။ တပြိုင်တည်းတွင် တရုတ်သုတေသီများကလည်း ဖါးစည်ကို တရုတ်ပြည်တောင်ပိုင်းရှိ Pu ဟုခေါ်သောရှေးဟောင်းလူမျိုးစုတစုကစတင်တည်ထွင်ခဲ့ပြီး Lac Viet တို့ ရှိရာမြစ်နီမြစ်ဝှမ်းဒေသနှင့် အနီးအနားရှိတခြားလူမျိုးစုများထံသို ပြန့် ပွားသွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

တရုပ်ပြည်ရှို Pu ရှေးဟောင်းလူမျိုးတို့ မှာ မြန်မာက Pyu ပျူ ဟုခေါ်သော ပျောက်ကွယ်သွားသည့်လူမျိုး
လဲဖြစ်နိုင်ဖွယ်ရှိသည်။ Pu လူမျိုးသည် တရုတ်ပြည် ခင်းမင်းဆက် (Qing Dynasty)(၁၆၄၄-၁၉၁၁) က ဒီယန် (De'ang)လူမျိုးဟု သတ်မှတ်ခဲ့သော တောင်အာရှစကားပြောသည့် ယူနန်ပြည်နယ်အတွင်းကလူမျိုးတမျိုးဖြစ်သည်ဟု တရုတ်ပြည်တိုင်းရင်းသားလူမျိုးစု စစ်တန်းတွင်ပါရှိသည်။
ဘီစီ ၂၀၆မှအေဒီ ၂၂၀ အထိတန်ခိုးထွားခဲ့သော ဟန်မင်းဆက် ခေတ်က ယူနန်ပြည်နယ်၏ အနောက်မြောက်ပိုင်းဒေသကြီးတခုလုံးသည် Pu လူမျိုးတို့ ၏ ယောင်ချန် ပြည်နယ်ဖြစ်ခဲ့သည်ဟုဆိုသည်။ Pu တို့ ၏ဘိုးဘေးဘီဘင်များမှာသံလွင်မြစ်ဖျားရှိ နုဂြီယန်မြစ် (Nujiang River) တွင် Achang နှင့် ဂျင်းဖေါ(Jingpo)
လူမျိုးများမရောက်လာမှီတွင် အခြေချနေထိုင်ခဲ့ကြသည်။ နုဂြီယန်မြစ်သည် ကရင်သမိုင်းကိုသုတေသနပြုသူတို့ ထွက်ဆိုလေ့ရှိသည့် ကရင်တို့ စတင်ဆင်းသက်လာရာ ထီးဆဲ့မဲ့ယွာ သဲစီးမြစ် တစင်းတွင် အပါအ၀င်ဖြစ်နိုင်သည်။ Pu လူမျိုးအဖြစ်မှ နောက်ပိုင်းတွင် De'ang ဖြစ်သွားသောခေတ်တွင် ယူနန်နယ်ကိုစိုမိုးသော တရုတ်နှင့် ဗီယက်နမ် အခေါ် ဒိုင်(Dai) သို့ မဟုတ် တိုင်းလျူ၊ ထိုင်းအခေါ် တိုင်း၊ မြန်မာခေါ်ရှမ်းလူမျိုးတို့ ၏ သြဇာအောက်ကျရောက်ခဲ့သည်ဟုဆိုသည်။

ကိုယ်ပိုင်စာပေမရှိတော့ဘဲ ဆင်းရဲနွမ်းပါးသောလူမျိုးစုငယ်တစုဖြစ်လျှက် တရုတ်ပြည် Zhenkang ဒေသတွင် ယနေ့ တိုင်တွေ့ ရှိနိုင်သေးသည်။ အထက်ပါတရုတ်တို့ ၏ဖူလူမျိုးများစတင်လုပ်ခဲ့သည်ဟုပြောသောကြေးစည်များကို ဘီစီ ၁၀၀၀ ခန့် က သွန်းလုပ်ခဲ့သည်ဟု ဗီယက်နမ် သမိုင်းတွင်လဲဖေါ်ပြထားသည်။သို့ ဖြစ်၍ ငွေတောင်ပြည်ကရင်နီထံမှ ယွန်းလက်သို့ ကျရောက်သွားသည့် ကာလသည် ဘီစီ ၁၀၀၀ ကာလအတွင်းဖြစ်နိုင်သည်။
ထိုခေတ်က ဗီယက်နမ်တွင် Đông Sơn လူမျိုးတို့ ၏ Văn Lang နှင့် Âu Lạc မင်းဆက်များရှိခဲ့ပြီး ထိုရှေးဟောင်းဗီယက်နမ်Đông Sơn အနုပညာယဉ် ကျေးမှုများအရှေ့ တောင်အာရှတခွင်သို့ ပျံ့ နှံ့ လွမ်းမိုးခဲ့ဘူးသည်။

ယင်းသို့ ဖြင့်ဖါးစည်ကို တရုတ်ပြည်က ဖူလူမျိုးများအရင်စလုပ်သည် ဟုတရုတ်ကရပ်တည်သကဲ့သို့  ဗီယက်နမ်၏ ဒေါင်စန် ယဉ်ကျေးမှုခေတ် အကြောင်းပြချက် သည်လည်းအထောက်အထားများစွာရှိသဖြင့် ညင်းဆန်ရန်ခက်နေသည်။ သို့ ဖြစ်၍ နှစ်ပေါင်းရှည်ကြာစွာဖါးစည်ကိစ္စ အညင်းပွားခဲ့သော တရုတ်နှင့်ဗီယက်နမ် ပညာရှင်တို့ သည် ၁၉၈၈ ခုနှစ်အောက်တိုဘာလ၌တောင်တရုတ်-အရှေ့ တောင်အာရှ ဖါးစည်နှင့် ဖါးစည်ယဉ်ကျေးမှုနိုင်ငံတကာစီမီနာ
(the International Symposium on The Bronze Drum and Bronze Culture of South China and Southeast Asia)တရပ်ကိုကျင်းပခဲ့ကြအပြီး တွင်ဖါးစည်သမိုင်းနှင့်ပတ်သက်သောကွဲလွဲချက်များအတွက် ဆက်လက်ညင်းခုံအချင်းများမှုများကိုသဘောတူရပ်တ့န် အဆုံးသပ်နိုင်ခဲ့သည်။

အထက်က တရုပ်နှင့်ဗီယက်နမ်အကျိတ်အနယ်ညင်းခုံခဲ့ကြသော ဖါးစည်ကို ကရင်လူမျိုးတို့ က ယနေ့ တိုင်အမျိုးသားသင်္ကေတတခုအဖြစ်အသိအမှတ်ပြု လျှက်ရှိသည်။ရှေးအခါကကွဲပြားသောကရင်မျိုးနွယ်စု အားလုံးတွင် တူညီသောအချက်မှာ သတ္တုအမျိုးမျိုးဖြင့်စပ်ထားသော ဖါးစည်ကို မိမိတို့ ၏ကိုးကွယ်မှုအခန်း
အနားနှင့် ယခုခေတ်ငွေကြေးများသဖွယ် လဲလှည်ရေးဘုံပစ္စည်းကဲ့သို့  အသုံးချခြင်းဖြစ်သည်။ Harry Ignatius Marshall က ၁၉၂၉ ခုနှစ် Journal of the Burma Research Society တွင် ကရင်လူမျိုးတို့ သည် ဖါးစည်ကိုအေဒီ ၁၀၉၃ မတိုင်မီက စတင်သုံးစွဲလာကြသည်ဟုမှတ်တမ်းတင်ထားသည်။ ထိုခေတ်အခါက ကရင်နှင့်ကရင်နီကိုခွဲခြားထားခြင်းမရှိသေးသဖြင့် ကရင်နီတို့ ကယွန်းများအတွက်ဖါးစည်လုပ်သည့် သတ္တုရွှေငွေ ကြေးနီကြေးဝါ များကိုတူးပေးရ သည်ကို ကရင်များဟုသာမခွဲခြားဘဲရေးမှတ်ပြောဆိုခြင်းဖြစ်နိုင်သည်။ ယွန်းလူမျိုးကိုတိုက်ခိုက်မောင်းထုတ်လိုက်ပြီးနောက် ကရင်နီတို့ ၏ကန္တရ၀တီ ငွေတောင်
ပြည်တွင်ဖါးစည်လုပ်တတ်သူပညာရှင်များမရှိတော့သဖြင့်မြောက်ပိုင်းသို့ ပြောင်းရွှေ့သွားကြသော ယွန်းလူမျိုးထဲမှ ဖါးစည်သွန်းလုပ်သောပညာရှင်များကို ငွေတောင်ပြည်သို့  ပြန်လည်ဖိတ်ခေါ်နေထိုင်လုပ်ကိုင်စေခဲ့သည် ဟုလည်းကရင်နီသမိုင်းတွင်ပါရှိသည်။ ဤအချက်အရ ကရင်နီသို့ မဟုတ်ကရင်တို့ သည်
ဖါးစည်အသုံးချခြင်းကိုယွန်းလူမျိုးတို့ မှတဆင့်ရရှိလာခြင်းဖြစ်သည်ဟုဆိုနိုင်ဖွယ်လဲရှိနေသည်။

ယွန်းလူမျိုးမှာ ရှမ်းနွယ်ဝင်ဖြစ်သောတိုင်းလူမျိုးစုအတွင်းမှ မျိုးကွဲ(၈)မျိုးတွင်ပါဝင်သည်။ ဗီယက်နမ်နိုင်ငံတွင် လဲ ဒိုင်(တိုင်း) လူမျိုးစုတနွယ် အဖြစ်ရှိနေဆဲဖြစ်သည်။ ယွန်းသည် ထိုခေတ်က အင်အားကောင်းခဲ့သော တိုင်းမျိုးနွယ်စုတစုဟုယူဆနိုင်သည်။ ထိုင်းနှင့် လာအို တို့ က တိုင်းယွမ် ဟုခေါ်သည်။ ထိုင်းနိုင်ငံမြောက်ပိုင်းတွင်ရှိသော မဲခေါင်မြစ်ကမ်းမှ ချင်းစဲန်းမြို့ သည် တိုင်းယွန်းတို့ ၏မြို့ တော်ဖြစ်ခဲ့ဘူးသည်။

ချင်းစဲန်းမြို့ သည် ငလျှင်ကြောင့်ပြိုကျပျက်စီးသွားပြီး လူသူအားလုံးသေကြေပျက်စီးခဲ့သည်။ နေက်ပိုင်းတွင် ၀လူမျိုးတို့ အခြေနေထိုင်သည်။ ယခုအခါထိုင်းနိုင်ငံမြောက်ပိုင်းနှင့် လာအို ၂နိုင်ငံကိုခွ၍နေထိုင်ကြသောစာရင်းရှိနေသေးပြီး ထိုင်းနိုင်ငံ၏ ၂၀၀၅ သန်းခေါင်စာရင်းအရ ထိုင်းနယ်မြေထဲဘက်တွင်ယွန်းလူဦးရေ ၃၀၀၀၀ ခန့် ရှိပြီး လာအို တွင် ၆သန်းခန့် ရှိသည်။ ရှမ်းပြည်နယ်တွင်မူ ယွန်းသည် တရိုင်းလူမျိုးများဖြစ်ဖွယ်ရှိပြီး လူဦးရေတထောင်ခန့် သာကျန်သည်ဟု ရှမ်းရိုးမမဂ္ဂဇင်းတွင်ဖေါ်ပြထားသည်။ ကရင်နီပြည်နယ်နှင့် ကပ်နေသော ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်စောင်
ခရိုင်ကြီးကိုဖြတ်၍(မယ့်စံလဲ့) မြစ်ဆုံမြို့ နားတွင်သံလွင်မြစ်ထဲသို့ စီးဝင်သောမြစ်ကို ယွန်းမြစ်ဟု ယနေ့ တိုင်ခေါ်ဆိုသည်။

ဆက်လက်ရှာဖွေလေ့လာ တည်းဖြတ်ဖေါ်ပြသွားဦးမည်ဖြစ်၍ စိတ်ဝင်စားသူများစောင့်မျှော်ပါရန်...
Agga

KNU ဗဟိုအမြဲတမ်း ကော်မတီ အရေးပေါ် အစည်း အဝေးမှ NCCT သို့ အကြံပြု တင်ပြ

Written by ရွှေဟင်္သာ သတင်းဌာန

(၄) ရက်ကြာ ကျင်းပသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဗဟိုအမြဲတမ်း ကော်မတီ အရေးပေါ် အစည်း အ ဝေးမှ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အတွက် အကြံပြု တင်ပြချက် များကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၏ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) သို့ တင်ပြခဲ့ သည်ဟု ပြောရေး ဆိုခွင့် ရှိသူ ပဒိုမန်းမန်းက ဆိုပါသည်။

“ ဒီလိုပါ။ ဒီအရေးပေါ် အစည်း အဝေး ကနေ အစိုးရရဲ့ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး စာချုပ် မူနဲ့ ကျနော်တို့ရဲ့ လောခီးလာ စာချုပ် မူကြမ်း နှစ်ခု ထဲက ပြန်လည်သုံးသပ်ပြီးတော့ တခုထဲဖြစ်ဖို့ (Single Test ) စာချုပ် ဖြစ်အောင် ဘယ်အချက် တွေ ပေါင်း စည်းပြီး ဘယ်အခန်း ကဏ္ဍ မှာ ထည့်ထားတယ် ဆိုတဲ့ အကြံပြု ချက် မူကြမ်းပါ။ ဒါကို NCCT ထံတင်ပြတာ ဖြစ်ပါတယ်။” ဟုဆို ပါသည်။

KNU ၏ တင်ပြချက် အပေါ် NCCT နှင့် အဖွဲ့ဝင် တိုင်းရင်းသား ပါတီများက လက်ခံမည်ဆို ပါက လာမည့် ဧပြီလ ဆန်းပိုင်း၌ ကျင်းပရန် ရှိသည့် NCCT နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ (UPWC) တို့၏ စာချုပ် မူကြမ်း ညှိနှိုင်းပွဲ တွင် တင်ပြမည် ဖြစ်သည်ဟု ဆိုပါသည်။

အထူးသဖြင့် KNU အရေးပေါ် အစည်း အဝေးသည်၊ လောခီးလာ သဘောထား စာချုပ်မူကြမ်း အပါဝင် အစိုးရဖက်မှ တင်ပြထားသော စာချုပ် မူကြမ်း နှင့် ပြီး ခဲ့ သည့် မတ်လ (၁၀) ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ်များ နှင့် သဘောတူ ထားသည့် စာချုပ် တွင် ပါဝင်ရမည့် အခန်းကဏ္ဍ များကို ပြန်လည် သုံးသပ်ခြင်း ဖြစ်ပါသည်။

ဤကဲ့သို့ ပြန်လည် သုံးသပ်ပြီး နောက် စာချုပ် အနှစ်သာရ နှစ်ခုကို စာချုပ်တခု ဖြစ်လာရန် မည်သည့် အချက်သည် မည်သည့် အခန်းတွင် ထည့်သွင်းရမည် ဆိုသည့် အမြင်သဘော ထား ကို KNU အရေးပေါ်က မွမ်းမံ ပြင်ဆင်ခြင်း သာ ဖြစ်ပါ သည်။ ထိုသို့ ပြင်ဆင် ရရှိလာသည့် ပြင်ဆင် ထားချက် များကို အဖွဲ့ဝင် တိုင်းရင်းသား အဖွဲ့များ သုံးသပ်နိုင်ရန် NCCT သို့ ထပ်မံ တင်ပြခြင်း ဖြစ်ပါသည်။

KNU ၏ အရေးပေါ် ဗဟိုအမြဲတမ်း ကော်မီတီ အစည်းအဝေးသည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာစာ ချုပ် အပေါ် အထူးသုံး သပ်ခဲ့ပြီး သန်းခေါင် စရင်း ကောက်ယူရေး ကိစ္စနှင့် အဖွဲ့ဝင်များ ၏ ခရီးသွား လာရေး ပွင့်လင်းမှု ရှိ လာစေရန် လိုအပ်ချက် များကို ဆွေးနွေး ကြရင်း အ၀ည်းအဝေး ထုတ်ပြန်ချက် တစောင် ထုတ်ပြန်ခဲ့ ပါသည်။

၁။ ကေအဲန်ယူ-ကရင် အမျိုးသား အစည်း အရုံး၏ ဗဟို အမြဲတမ်း ကော်မတီ အရေးပေါ် အစည်း အဝေးကို ဗဟိုကော် မတီဝင် (၄၅)ဦး တက် ရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့ အထိ ဘားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေ လော်ခီးလာ စခန်းတွင် ကျင်းပ ခဲ့ပါသည်။

၂။ ဤ အရေးပေါ် အစည်း အဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့အစည်း ကွန် ဖရင့်မှ ရေးဆွဲ ချမှတ်ခဲ့ သော တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ လော်ခီးလာ စာချုပ်နှင့် အစိုးရမှ ပြင်ဆင် ထား သောတ နိုင်ငံလုံးအပစ် အခတ် ရပ်စဲရေး ဆိုင်ရာ စာချုပ်ကို လေ့လာ သုံးသပ်ပြီး မူကြမ်းတခု တည်းဖြစ်အောင် ပြင်ဆင် ဖြည့် စွက် ရေးသားခဲ့သည်။ ထို့အပြင် ကေအဲန်ယူ ကရင်အမျိုးသား အစည်း အရုံး၏ နိုင်ငံရေး ဦးတည်ချက် နှင့်လက်ရှိ မြန် မာ့ နိုင် ငံရေး ဖြစ်ပေါ် တိုးတက်မှု အပေါ်ကိုလည်း သုံးသပ် ခဲ့ပါသည်။

၃။ ကေအဲန်ယူ ကရင် အမျိုး သားအစည်း အရုံးသည် နိုင်ငံရေး ပြဿနာ ကြောင့် ဖြစ်ပေါ် လာသော ပြည်တွင်း ပဋိ ပက္ခ ကို စစ်ရေး နည်းဖြင့် မဖြေရှင်း ဘဲ တွေ့ ဆုံ ဆွေးနွေးရေး နည်းလမ်းကို စွဲကိုင်၍ အစဉ်တစိုက် ကြိုးပမ်း ဆောင် ရွက်နေပါသည်။

၎။ ကေအဲန်ယူ-ကရင် အမျိုးသား အစည်း အရုံးမှ အစိုးရ နှင့် ရရှိထား ခဲ့သော ပဏာမ အပစ်အခတ် ရပ်စဲရေး ကိုခိုင် မာ စေပြီး တနိုင်ငံလုံး အပစ်အခတ် ရပ် စဲ နိုင်ရေး နှင့် နိုင်ငံရေး ဆွေးနွေးမှု စတင်နိုင် ရေးကို အခြားတိုင်း ရင်းသား အ ဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင် ကြိုးစား ဆောင်ရွက်သွားမည်။

၅။ ပြည် ထောင်စု သဘောတူ စာချုပ်ချုပ် ဆိုနိုင်ရန် ပင်လုံ စိတ်ဓါတ်ကို အခြေခံ သော ပြည်ထောင်စု ညီလာခံ တရပ် ကျင်းပနိုင် ရေးကို တိုင်းရင်း သား လက် နက် ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ အစိုးရ အဖွဲ့အစည်း၊ ဒီမိုကရေစီ နိုင်ငံရေး ပါတီ/ အင်အား စုများ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီများတို့ နှင့် ပူးပေါင်း ဆောင်ရွက် သွားမည်။ ထို့အပြင် အ ရပ်ဘက် အဖွဲ့အစည်းနှင့် အမျိုး သမီးတို့၏ အခန်း ကဏ္ဍ ပါဝင်ရေး ကိုလည်း ဆောင်ရွက် သွားမည် ဖြစ်သည်။

၆။ ကေ အဲန်ယူ ကရင် အမျိုးသား အစည်းအရုံး သည် တိုင်းရင်း သားတန်း တူရေးနှင့် ကိုယ်ပိုင် ပြဌာန်း ခွင့်ရှိ သည့် ဒီမိုက ရေစီဖက် ဒရယ် ပြည်ထောင်စု စနစ် ပေါ်ထွန်းရေး ကို တစိုက်မတ် မတ်ဦးတည် ဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန် ကြေငြာအပ် ပါသည်။

ဤကဲ့သို့ ထုတ်ပြန်ခဲ့သလို ယခုကျင်းပ ခဲ့သော KNU ၏ အရေးပေါ် အစည်း အဝေးသည် လည်း ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် ပြီးဆုံး သွားခဲ့ သော (၁၅)ကြိမ် မြောက် ညီလာခံ ကျင်းပပြီး နောက်ပိုင်း ပ ထမအကြိမ် ကျင်းပ ခဲ့သော အရေးပေါ် အ စည်း အဝေး ပင်ဖြစ်ပါသည်။

KNU သည် နိုင်ငံရေး ပြသနာကို နိုင်ငံရေး အရ ဖြေရှင်းမှု ရရန် နှင့် ကြေညာချက် ပါ ရည်မှန်းချက် များ ရရှိရန် (၁၉၄၈) ခုနှစ် သြဂုတ်လ ကတည်းက လက် နက် ကိုင် တော်လှန်ခဲ့သော အဖွဲ့အစည်းဖြစ်ပါသည်။
http://www.phophtawnews.org/burmese/index.php/news/internal-news/item/1120-knu-ncct.html

Friday, March 28, 2014

အိမ်နဲ့ ခြံမြေတွေကို ဗမာစစ်တပ်က သိမ်းသွားတဲ့ နေ့ တနေ့  (ကွယ်ကလူ ရုပ်သံ)

တိုင်းပြည်ကိုကာကွယ်ပါတယ်ဆိုတဲ့ ခွေးဝဲစားတပ်မတော် အကြောင်းတစေ့တစောင်း




Type the rest of your post here.

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဗဟိုအမြဲတမ်းကော်မတီအရေးအပေါ်အစည်းအဝေး၏ ထုတ်ပြန်ကြေငြာချက်

KNU CSC emergency meeting statement 27-3-2014 _Burmese version_

KNU CSC emergency meeting statement 27-3-2014 _Karen version_

Type the rest of your post here.

ကိုးကွယ်ယုံကြည်မှု ဆိုတာ

ငြိမ်းချမ်းအေး - ကိုးကွယ်ယုံကြည်မှု ဆိုတာ
မတ်လ ၂၄၊ ၂၀၁၄

Photo @Aung Htet
မင်းဘူး နဂါးပွက်တောင် မှာ နဂါး အစာကျွေး၊ နွားနို့ တိုက်တဲ့ ဓာတ်ပုံ တခုကို အခု လူတချို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ တင်ကြပြီး တောင်ပြော၊ မြောက်ပြော ဆိုနေကြတာ တွေ့ရတယ်။ ကိုယ့် ဘာသာတော့ ခေတ်မီသူကြီး၊ သိပ္ပံနည်းကျ ဘာသာရေး လိုက်စား ယုံကြည်သူကြီး၊ ဗုဒ္ဓဘာသာ အစစ်ကြီး၊ ဘာသာရေး မရှိသူကလည်း ခပ်ပေါပေါ အလုပ်တွေဆိုပြီး ရင်မောက် ခေါင်းမော့ ဆိုချင်ဟန် ရှိကြတယ်။ ဗမာပြည် မှာ မကျက်တကျက် half-baked လူများ က အများစု ဘွဲ့ရ ပညာတတ်ဆိုသူများ ဖြစ်ကြောင်းကို အွန်လိုင်းခေတ် ရောက်မှ တဖြည်းဖြည်း ထင်ရှားလာတယ်။

ဘယ် ဘာသာရေး မှ၊ ဘယ် ကိုးကွယ်ယုံကြည်မှု မှ အလုံးစုံ သိပ္ပံနည်းကျတယ်ဆိုတာ မရှိဘူး။ ဘာသာကြီး ဆိုကြတဲ့ အယူဝါဒတွေမှာလည်း သိပ္ပံတွေ၊ ယုတ္တိတွေ နဲ့ လွတ်တဲ့ သဘောတရားတွေ၊ ဓလေ့ထုံးတွေ အနည်းအများ ရှိတာပဲ။ နတ်ယုံသူ နဲ့ မယုံသူ ဘယ်သူမှ ပို ပြီး သိပ္ပံနည်းကျ တယ် မဆိုနိုင်ဘူး။

လူ တယောက် အယူ မှားတယ်၊ မမှားဘူး ကို အခြား ဘယ်သူကမှ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ ပြယ်ရယ်ပြုခွင့် မရှိဘူး။ နှိမ်ချ ခွင့် မရှိဘူး။ စော်ကား ခွင့် မရှိဘူး။

ကိုယ့် နဲ့ အယူ မတူတိုင်း မိစ္ဆာဒိဌိ ဆိုပြီး ရှေးက ထင်ခဲ့ကြတာ နောက်ဆုံး အဲ့ဒီ မိစ္ဆာဒိဌိ ကိုပဲ သခင်ကြီး ခေါ် ကျွန် ခံရတော့တာပဲ။ ဒေါက်တာလှဘေ က သူ့ အတ္ထုပ္ပတ္တိ မှာ လန်ဒန်ရောက်တော့ မင်္ဂလာ့သုတ် မသိတဲ့ အနောက်တိုင်းသား လူဖြူ မိစ္ဆာဒိဌိ တွေ အင်မတန် ယဉ်ကျေး သိမ်မွေ့ကြောင်း ထည့်ဆိုဖူးတယ်။

ဆိုချင်တာက မိမိ စံ တခု တည်းနဲ့ မိစ္ဆာဒိဌိ သတ်မှတ်လို့ မရ၊ အယူလွဲတယ် ဆိုလို့ မရ၊ အမြင်ကျဉ်းတယ် ဆိုလို့ မရ။

ကျနော့် အတွက် ဘုရား လိုချင် မှ လိုမယ်။ ခင်ဗျား အတွက် တော့ ဘုရား က မရှိမဖြစ် ဖြစ်ချင် ဖြစ်နေမယ်။ အလားတူပဲ လူတချို့အတွက် ဘုရားလည်း လိုတယ်။ နတ်လည်း လိုတယ်၊ ဘိုးတော်လည်း လိုတယ်၊ နဂါးလည်း လိုတယ်၊ မြွေလည်း လိုတယ်။

ကိုးကွယ်ယုံကြည်မှုတိုင်းဟာ လူတဦးချင်း ရဲ့ လွတ်လပ်တဲ့ ရွေးချယ်မှု၊ ဆန္ဒ။ ဒီ ရွေးချယ်မှု အပေါ် မူတည်ပြီး ကိုးကွယ်မှု ဆက်စပ် အလုပ်တွေကို တခြား သူတပါး မထိခိုက်သရွေ့ လုပ်ခွင့် ရှိရမယ်၊ ဓလေ့တွေကို စောင့်ထိန်း ကျင့်သုံး ခွင့်ရှိရမယ်။ ဒီ အများကို မထိခိုက်တဲ့ အလုပ်၊ ဓလေ့ အတွက် မစော်ကားအပ်ဘူး၊ မထိပါး အပ်ဘူး။

ဒါပေမယ့် ခု ဗမာပြည် ဖြစ်နေတာက ဒီပြင့် ဘာသာ၊ အယူဝါဒ ကိစ္စတွေ မပြောနဲ့ဦး၊ ဗုဒ္ဓဘာသာ အတွင်းမှာကို သမားရိုးကျ အများလက်ခံပြီးနဲ့ ခွဲထွက် ပြောကြည့်၊ ဟောကြည့်ပါ့လား၊ မိုးပြာ ဘာဖြစ်နေလဲ မျက်မြင်ပဲ။

စစ်မှန်တဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ ဆိုတဲ့ အစွဲကြီး မပျောက်သရွေ့ ဗမာပြည် မှာ ဘာသာရေး လွတ်လပ်ခွင့် လည်း အခြေခံကျကျ ရှိမှာမဟုတ်ဘူး၊ ဘာသာရေး ဆက်စပ် ပဋိပက္ခ တွေလည်း ကင်းမှာ မဟုတ်ဘူး၊ မိုးပြာ ဆရာတော်လည်း ထောင်ထဲက ထွက် ရမှာ မဟုတ်ဘူး။

ဘာသာရေး လွတ်လပ်ခွင့်ရဲ့ အနှစ် သဘော မှာ ဂိုဏ်း၊ ဓလေ့၊ အယူ ကွဲမှုတွေကို လက်ခံနိုင်ရမယ်၊ သည်းခံတတ်ရမယ်၊ လေးစားတတ်ရမယ်။

လူတယောက် ဟာ ဆန္ဒ ရှိရင် ဘာသာ အယူဝါဒ တခု ကို အခုမှ ထ တည်ထောက်ခွင့် ရှိတယ်၊ သူယုံကြည်ရာ ကို သူတပါး ကို မထိခိုက် ရင် ဟောပြောခွင့် ရှိရမယ်။ သူ့ ကိုယ်သူ ငါ သာ ဘုရား ဧကန် (သို့မဟုတ်)၊ နောက်ဆုံး တမန်တော် ဖြစ်တယ် ဆိုခွင့် ရှိတယ်။ သူ့ ကို ယုံကြည်သူ က ကိုးကွယ်လိမ့်မယ်။ မယုံကြည်သူ၊ မကိုးကွယ်ချင်သူ ရဲ့ အလုပ်မဟုတ်၊ တားလို့ မရ။

ဒါပေမယ့် ဒီလို ယုံကြည်မှု အလွဲသုံးစားပြုပြီး နောက်လိုက်တွေကို၊ တခြား သူ တပါးကို အသက် အန္တရာယ် မပြုရဘူး၊ ယုံကြည်သူ နောက်လိုက်တွေကို အသုံးချပြီးတော့ ခေါင်းဆောင် က မတော် မတရား အခွင့်အရေးယူတာမျိုး (ဥပမာ ကာမ လိမ်လည် ယူခြင်းမျိုး) မလုပ်ရဘူး။ ဒီလိုလုပ်ရင် အရေးယူ၊ တားရမယ်။

ဒါမျိုး လူတယောက် ရဲ့ ယုံကြည်မှု၊ ကိုးကွယ်မှု၊ ဓလေ့ က ပတ်ဝန်းကျင် ကို ထိခိုက်မှု မရှိသရွေ့ လူ့ အဖွဲ့အစည်းမှာ အယူဝါဒ စုံကို ရှင်သန်ခွင့် ပေးမှ ၂၁ ရာစု ယဉ်ကျေးပြီး ဒီမိုကရေစီ ပြည့်ဝတဲ့ လူ့ အဖွဲ့အစည်း ဖြစ်မယ်။

ကျနော် ငယ်ငယ် က နဂါးပွက်တောင် ရောက်တိုင်း ဆယ်ပြားစေ့ ပစ်ထည့်တာပဲ၊ မြသလွန် ဘုရား တက်တိုင်း ကျောက်တုံးကြီး မ ဆုတောင်း တာပဲ၊ မတိုင်း ဆုတောင်း ပြည့်၊ ကျောင်တုံးကလည်း ပေါ့တယ် ယုံတာပဲ။

ဒါပေမယ့် ကိုယ့် အချင်းချင်း အကြောင်းသိချင်းကျလည်း ဗမာပြည် မှာ အကြီးဆုံး နတ် ကတော့ စစ်ကိုင်းတံတား က နတ်ကြီးတွေကွ၊ တလုံး တလုံး လက်သီးဆုပ် လောက် ရှိတယ် ပြောချင် ပြောနေတာပဲ။

ထပ်.. ဒါပေမယ့်.. တကယ် ယုံကြည်သူတွေ နဲ့ တွေ့တဲ့အချိန်၊ ယုံကြည်သူများ အလေးထားတဲ့ နေရာ ရောက်တဲ့ အချိန်ကျလည်း လိုက်လျောညီထွေ ရှိတဲ့ လေးစားမှု ပြရတယ်။ ကြောက်လို့ မဟုတ်ဘူး၊ ကိုယ့်ကြောင့် ယုံကြည်သူ သူတပါး စိတ်အနှောင့် အယှက် မဖြစ်အောင် လို့ သူတို့ ယုံကြည်တဲ့ ဓလေ့ အတိုင်း လိုက်လုပ်ရတယ်။

ပုံတောင်၊ ပုံညာ ဖြတ်တော့ အမေယဉ် အတွက် စောင့်ထိန်းမှုတွေ လမ်းညွှန်မှုတွေ ဒေသခံတွေက ပြောပြတယ်။ ယုံယုံကြည်ကြည် လိုက်လုပ်ခဲ့ဖူးတယ်။ ဒါက ကိုယ့် ခရီး အန္တရာယ် ထက် သူတို့ အတွက်က ရိုးရာ ယုံကြည်မှု နေ့စဉ် ဘဝတွေနဲ့ ဆိုင်တယ်၊ အမေယဉ် စိတ်ဆိုးရင် မြွေဆိုးတွေ ပေါမယ်၊ လယ်ယာ လုပ်ငန်းခွင် ထိခိုက်မယ်၊ ရာသီဥတု ဖောက်ပြန်မယ်၊ စပါးအထွက် နည်းမယ် စသည် စသည် သူတို့ ယုံကြည်မှု က သူတို့ ထမင်းအိုး နဲ့ ဆိုင်တယ်၊ သူတို့ အသက် နဲ့ ဆက်စပ်နေတယ်။

ကိုယ့် အတ္တ စိတ်ကြီးဝင်မှု အတွက်နဲ့ သူတပါး ယုံကြည်မှုကို စော်ကားရင်း သူတပါး ဥပါဒါန် ကြောင့် ဥပါဒ် ဖြစ် ဒုက္ခ ရောက်အောင် လုပ်မှုကမှ လူမပီသမှု၊ လူယဉ်ကျေးမဖြစ်မှု၊ နတ်ကိုးကွယ်တာက၊ နတ်ယုံကြည်တာက မယဉ်ကျေးတာ မဟုတ်၊ လူမပီသတာ မဟုတ်။

ခေတ်ပညာတတ် ဆိုတဲ့ ပြုတ်မနူးများ စာလေး ဘာလေး လူအထင်ကြီးအောင် ဖတ်ကြတယ် ဆိုရင်လည်း စာတွေ့ကနေလည်း သင်ခန်းစာ ယူရတယ်။

ဦးဖိုးကျား ကိုယ်တွေ့ ဝတ္ထုတိုများ ကြားဖူး၊ ဖတ်ဖူးမှာပေါ့။ အဲ့ထဲက တပုဒ်က ဒီလို..။

ကောလိပ်ကျောင်းသား လူငယ် ခေတ်ပညာတတ် ကလေး တယောက်က သင်္ဘော အတူစီးလာတဲ့ ခရီးဖော် တောသားဦးကြီး တယောက်ရဲ့ လည်ပင်းက အဆောင်လက်ဖွဲ့ ကို မြင်တော့ “ဒါက.. ဘာလဲ..၊ ဘာအတွက်.. လဲ..” လို့ အထက်စီးကြီးနဲ့ မေးပါလေရော။ တောသားကြီးကလည်း ရိုးရိုးသားသားပဲ “ဒါက ကျူပ်တို့ နယ်ကို ဘီလူးဝင်မယ်လို့ ဘုန်းကြီး အိပ်မက်ရလို့ ကာကွယ်နိုင်အောင် ဘုန်းကြီး ကိုယ်တိုင် စီရင်ပေးတဲ့ အဆောင်ပါ” လို့ ပြန်ဖြေရှာတယ်။

အဲဒီတော့ ကောလိပ်ကျောင်းသား လူငယ်က “ဒီလို မန္တန်၊ ယတြာ၊ ဆေး၊ အင်းအိုင်၊ ဂါထာ၊ အဆောင်၊ လက်ဖွဲ့ တွေဟာ အဓိပ္ပာယ် မရှိ၊ ယုတ္တိ မဲ့၊ အကျိုး/အကြောင်း မညီ၊ သိပ္ပံနည်း မကျ ကြောင်း၊ ဒီအဆောင်လက်ဖွဲ့လေး ဆောင်ထားခြင်းကြောင့် ဘယ်လို အကျိုးကျေးဇူးမှ မရ၊ ဘယ်လို အန္တရာယ်မျိုးကိုမှလည်း မကာကွယ်နိုင်ကြောင်း၊ တကယ်တော့ ဘယ်.. ဘီလူးမှလည်း လာမှာ မဟုတ်ကြောင်း” အစရှိသလို ယုံကြည်မှု သဘောကို မျက်ကွယ်ပြုပြီး လက်တွေ့ ယုတ္တိဗေဒ နဲ့ ခေတ်သိပ္ပံ ကို နင်း ဇောင်းပေးပြောဆို အသိ၊ အမြင်၊ ပညာ နည်းရှာတဲ့ တောသား ရိုးအတဲ့ ဦးကြီးအပေါ် ဆရာကြီးလုပ်ပြီး အာပေါင်အာရင်းသန်သန်နဲ့ အချွတ်တရား ပြန်ဟောတယ်။

၃၊ ၄ တောင် မကွဲရှာတဲ့ တောသားကြီးလည်း ပါးစပ်အဟောင်းသား နဲ့ ဘာမှ ပြန်မပြောနိုင်ရှာ ဖြစ်နေတာပေါ့..။

ဒီလို လူငယ် တကိုယ်တော် တရားဟော နေတုန်းမှာပဲ ဘေးက တခြား လူကြီး တယောက်က ဝင်ပြီး.. “ဒီမှာ သူငယ်ရဲ့.. မောင်ရင် ရှင်းပြတာတွေက အကျိုး၊အကြောင်း ဆီလျော်ပါတယ်။ ဒီအဆောင်လက်ဖွဲ့ ဟာ မောင်ရင့် အတွက် မလိုဘူး..ဆိုတာလည်း မှန်ပါတယ်။ ဒါပေမယ့် ဒီက ဦးကြီး နဲ့ တခြားဒေသခံ ရွာသားတွေ အတွက်တော့ လိုတယ်.. ကွယ့်..။ သူတို့ရဲ့ ယုံကြည်မှုအရ ဒါဟာ သူတို့ကို ဘေးအန္တရာယ် က အကာအကွယ်ပေးတယ် ကွယ့်။ ဘုန်းကြီးကလည်း သူတို့ကို ဒါလေး ဆောင်ခိုင်းပြီး ဘာသာတရား ကိုင်းရှိုင်းအောင်၊ အကုသိုလ် အမှုတွေ မပြုမိအောင်၊ နည်းအောင်၊ ရပ်ရွာမှာ မူရစ်ရမ်းကား ခိုးဆိုး နေသူတွေ နည်းအောင် တနည်း လုပ်တာပဲ.. ကွယ့်..။ သူတို့ အတွက် ဒီ အဆောင်ဟာ လိုကို လိုတယ်..” လို့ ဝင်ပြီး ကိုးကွယ်ယုံကြည်မှုရဲ့ သဘော နဲ့ အနှစ်သာရကို သေချာ ရှင်းပြတယ်..။

ပြန်မပြောနိုင်ရှာ၊ ပြန်မပြောတတ်တဲ့ သူမျိုးကိုသာ ဆရာ လုပ်တတ်တဲ့ ကောလိပ်ကျောင်းသား ခေတ်ပညာတတ် လူငယ်လည်း သူ့ကို အကျိုး၊ အကြောင်း ပြန်ရှင်းပြနိုင်တဲ့ ပုဂ္ဂိုလ်မျိုးကျ ဘာမှ ပြန် မပြောသာတော့ဘဲ ငြိမ်နေရရှာတယ် ဆိုတဲ့ ဦးဖိုးကျား ကိုယ်တွေ့ ဝတ္ထု ယူတတ်ရင် စိတ်ကြီးဝင်နေသူ ပညာတတ်ဆိုသူများ အကျွတ်တရား ရသင့်တယ်။

မနှစ်က လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာပါ လယ်တီသိမ် ကိစ္စ “စေတီ နဲ့ သိမ်တို့သည် ပထမ လယ်တီ ဆရာတော်ဘုရားကြီး တည်ထားသည့် သာသနိက အဆောက်အအုံများ ဖြစ်ကြောင်း အထောက်အထား မတွေ့ရှိရပါ” ဆိုထားတာ ဖတ်ရတော့ ပထမ ဆုံး သတိရတာ ဆိုခဲ့တဲ့ ဦးဖိုးကျား ကိုယ်တွေ့ ဝတ္ထုပဲ။

ဟေ့ ဘယ် သမိုင်း ဆရာ၊ ကဝိ ပညာရှိ က မဟုတ်ဘူး ပြောပြော၊ ဒေါက်တာသန်းထွန်း မကလို့ ဒေါက်တော သန်းထွန်း အဖေ က ပဲ “ဗုဒ္ဓဘုရား အရှင် ဗမာပြည်မထဲ လုံးဝ မရောက်ဖူးဘူး၊ အလွန်ဆုံးရောက် ရခိုင်ပေါ့” ဘယ်လို ဆိုဆို ဘုရား ကိုယ်တော်တိုင် ချီးမြှင့်တဲ့ သလွန်တော် နဲ့ မြသလွန် ကို ဘီလူး ညီနောင် တည်ခဲ့တာပဲ လို့ မကွေးသားများ ယုံကြတာပဲ၊ သိကြားမင်း က ဗီတို အာဏာ သုံးလို့ ပိုင်ရှင် ဘီလူးတွေ ခမျာ ရေစက်တောင် တမ်း မချရရှာဘူး။ မင်းဘူးသားများကလည်း ဘုရား က စက္ကိန်းတဲ ဘုရား (နဂါးပွက်တောင်ဘေး) မှာ ပဲ ကျိန်းစက်ပြီး မကွေးဘက် မကူးခဲ့တာ ကို အခွင့်ကောင်းယူပြီး မင်းတို့ အရှေ့ဘက် ကမ်းသားများ မိုက်တယ်၊ မမိုက်ဘူး ဆို ဘုရားတောင် အရှေ့ဘက်ခြမ်း မကူးလာခဲ့ဘူး မဟုတ်လား အသားယူ ဆိုကြတာပဲ။ ဘုရား ခြေတော်ရာ အစစ်ဖြစ်ကြောင်း မန်းစက်တော်ရာ ဒေသသားများ ယုံကြည်ကြတာပဲ။

ထုံးဖြူသုတ် ဘုရားငုတ်တို ဖြစ်ပါစေ၊ ဒေသခံ အတွက်ကတော့ အသောကမင်းကြီး တည်ခဲ့တာပဲ။ အလားတူပဲ လက်ပံတောင်း ဒေသခံ တွေ အတွက်တော့ ဘယ် သမိုင်းပညာရှင် မှ ထောက်ခံစရာမလို သူတို့ဆီက ဘုရားတွေ၊ ကျောင်းတွေ က လယ်တီ ဆရာတော်ဘုရားကြီး တည်ခဲ့တာပဲ။

ကိုးကွယ်ယုံကြည်မှုမှာ သိပ္ပံတွေ၊ သမိုင်းတွေ၊ ယုတ္တိ တွေ၊ သက်သေ အထောက်အထားတွေ မလိုဘူး။

ခင်ဗျားတို့ ကိုယ်တိုင်လည်း ကိုယ် အရိုးစွဲ ယုံကြည်တဲ့ ကိုယ့် ဘာသာ ဆက်စပ် တချို့ ကိစ္စတွေ၊ အချက် တွေ၊ ဘုရားသမိုင်းတွေ ဆို ဒီလိုပဲ ရှည်ရှည်ဝေးဝေး ယုတ္တိတွေ မချတော့ဘဲ မျက်စိ မှိတ် ယုံပစ်လိုက်တာပဲ မဟုတ်လား။

ဒီ သဘောပဲ နတ်ယုံတာ၊ နဂါး ယုံတာ လည်း ဘာပို ထူးလို့လဲ။

ဗမာပြည် ရဲ့ မျက်မှောက် ဘာသာရေး ပြဿနာတွေ ကို တွေးမိတိုင်း ငါတို့ ပုဂံခေတ်လောက်သာ လူတွေ၊ အုပ်ချုပ်သူတွေ ရင့်ကျက်၊ အမြင်ကျယ် ရင် ဒါမျိုးတွေ မြင်ရ၊ ကြားရ မဟုတ်ဘူး လို့ ဆိုမိတယ်။

ပုဂံခေတ်ဟာ မြန်မာတွေ ရေရှည်တည်မယ့် ကိုးကွယ်ယုံကြည်မှု စရခါစ ဖြစ်တာကြောင့် ဖြစ်မယ်၊ အင်မတန် သဘောထား ကြီးကြတယ်။ အရိုးစွဲမှုတွေ အခြေမတည်သေးဘူး။ ဘာ ဘာသာရေး အစွဲ ကြီးမှု မျိုးမှ အုပ်ချုပ်သူ ကော၊ ပြည်သူမှာ ပါ မရှိဘူး။

ပုဂံခေတ် ဘာသာ သာသနာ ကြည့်ရင် ခေတ် သဘော စစ်မှန်တဲ့ ထေရဝါဒ ဗုဒ္ဓ ဘာသာ မှ ဆိုတဲ့ သဘော မရှိဘူး၊ မဟာယန လည်း ရှိတာပဲ။ ဗြဟ္မဝါဒလည်း ထွန်းကားတာပဲ။ ဟိန္ဒူ ဓလေ့၊ အယူဝါဒ လည်း ကျယ်ပြန့်တာပဲ။ အနော်ရထာ မင်းမြတ်က ထေရဝါဒ ဗုဒ္ဓ ဘာသာ ကို ထိန်းသိမ်းချင် လို့ အရည်းကြီးတွေ နှိမ်နင်းတယ် ဆိုတာ အလကား ပြောတာ။ လွတ်လပ်တဲ့ နတ်ကိုးကွယ်မှုလည်း ရှိတယ်။ မင်းက လည်း တဖက်သတ် ဖိနှိပ်၊ တားမြစ်မှု မပြုခဲဘူး။ မွန်နိုင်ငံ သာသနာ အစစ် လိုချင်လို့ သွားသိမ်းတယ် ဆိုတာလည်း နောက်ပိုင်းမှ အမျိုးသား၊ ဘာသာ သာသနာ ဇောင်းပေး အမြင်နဲ့ တရားမှု ရှာ သမိုင်း ဖန်တီး ကောက်ချ ဆွဲကြတာ။ တကယ် သိမ်းရခြင်း အကြောင်းရင်းမှာ ဘာသာရေး အကြောင်း က အဓိက မဟုတ်ဘူး။ ဘာသာရေး ဆက်စပ် ကျားမ ခွဲခြား မှုမျိုးလည်း မရှိဘူး။ အမျိုးသမီး သာသနာ့ဝန်ထမ်းတွေလည်း အမျိုးသားနဲ့ တန်းတူပဲ။

ပုဂံခေတ် လောက် အယူဝါဒ စုံ အထွန်းကားဆုံး၊ လက်သင့် အခံဆုံး၊ သည်းခံနိုင်မှု အရှိဆုံး၊ ရင်ဘက် အကျယ်ဆုံး၊ နှလုံးအပြည့်ဆုံး ခေတ် ဗမာ့ သမိုင်း မှာ မရှိတော့ဘူး။ ဟတ်/မဟုတ် သိချင်ရင် ပုဂံခေတ် ဗိသုကာ လက်ရာတွေ ကြည့် ကြည့်ပေါ့။ အယူဝါဒစုံ လွှမ်းမိုးနေတာ တွေ့ရမယ်။

နတ်ကိုးကွယ်မှု ကို သွား ပေါ့သေးသေး မထင်နဲ့။ နိုင်ငံရေး သဘော ဆိုရရင် အိုးဝေ ဦးညိုမြ စကား ငှားဆိုလိုက်ချင်တယ်။ ဗမာ့ သမိုင်းမှာ ပဒေသရာဇ် မင်းဆိုး၊ သက်ဦးဆံပိုင် အာဏာရှင် စနစ်ကို စ တော်လှန်ခဲ့တာ ဒီမိုကရေစီ အင်အားစု မဟုတ်၊ ကွန်မြူနစ် မဟုတ်၊ လစ်ဘရယ်ဝါဒ မဟုတ် ပန်းပဲ မောင်တင့်တယ် အမှူးပြုတဲ့ ပုပ္ပား ၃၇ မင်း နတ် အဖွဲ့သာ ဖြစ်တယ်။ သက်ဦးဆံပိုင် ရှင်ဘုရင် ရဲ့ မှားယွင်းမှုကို တော်လှန်ဆန့်ကျင် မျက်မှောက်ခေတ် အထိ လူထုကြား အရိုးစွဲ အောင် လုပ်ခဲ့တာ သူတို့သာ ဖြစ်တယ်။

နိဂုံးချုပ်ရရင် နတ်ကိုးကွယ်တာ ကို ဘွဲ့ရ ပညာတတ်ဆိုကာ မကျက်တကျက် နဲ့ ရယ်သွမ်းသွေးလိုမှု စိတ်အခံ မပျောက်မချင်း ဗမာပြည် မှာ ကိုးကွယ်ယုံကြည်မှု ဆက်စပ် လွတ်လပ်ခွင့် ပြဿနာတွေ ဆုံးမှာ မဟုတ်ဘူး၊ အယူဝါဒ မတူသူကြား ယဉ်ကျေးမှု၊ ဓလေ့ ကွဲပြားမှုကို သည်းခံနိုင်မှု ခန္တီစ တရားတွေ မဲ့နေဦးမှာပဲ။ အလားတူပဲ (၂၁) ရာစု ခေတ် ဗမာပြည် က လူတွေ (၁၀) ရာစု၊ (၁၁) ရာစု ဝန်းကျင် ပုဂံခေတ် က ရှေးမြန်မာကြီးတွေ လောက် အမြင်မကျယ်၊ နှလုံးသား မကြီး သရွေ့ လူမျိုးရေး၊ ဘာသာရေး အမုန်းတွေ၊ ပဋိပက္ခတွေ၊ ပြည်တွင်း စစ်ပွဲ၊ ရန်ပွဲတွေ ရှည်နေဦးမှာပဲ ဖြစ်ကြောင်း အားနာနာနဲ့၊ ဝမ်းနည်းစွာနဲ့ ဆိုလိုက်ပါရစေ။

ငြိမ်းချမ်းအေး
၂၄၊ မတ်လ၊ ၂၀၁၄

Thursday, March 27, 2014

ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ တိုင်း အကြောင်း သုံးသပ်ချက် - အပိုင်း ၂


ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ တိုင်း အကြောင်း သုံးသပ်ချက် - အပိုင်း ၂
=======================================
(ခ) တပ်မတော် အစိုးရ နှင့် ၀ အထူးဒေသ ဆက်ဆံရေး
---------------------------------------------------------
တပ်မ တော် အစိုးရ နဲ့ ဝ တပ်ဖွဲ့ တွေ အကြား အပစ် အခတ် ရပ်စဲ ခဲ့တာဟာ ၉.၅.၁၉၈၉ ရက်နေ့ မှာ၂၅ နှစ် ပြည့်မြောက်တော့မှာ ဖြစ်ပါတယ် ။အပစ် အခတ် ရပ်စဲ ခဲ့ ပြီးတဲ့ နောက်မှာဝ ဒေသ ကို အထူးဒေသ ၂ အဖြစ် သတ်မှတ် လိုက်ပြီး တိုးတက်မှုတွေ ဖြစ်လာ တယ် လို့ ဆိုရမည် ဖြစ်ပါသည်။

စစ်အစိုးရ ကျင်းပသည့် ၁၉၉၃ ခုနှစ် အမျိုးသား ညီလာခံ စတင် ကျင်းပစဉ် ကတည်းက‘၀’ အထူးဒေသ ကိုယ်စား လှယ်များ ပါဝင်တက် ရောက်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ‘၀’ ဒေသဟာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း ဖြစ်လာခဲ့ပါတယ်။

ဒေသတွင်း တိုင်းရင်း သားလူမျိုး ၁၈ မျိုး နေထိုင် လျက်ရှိပြီး ဧရိယာ စတုရန်း ကီလိုမီတာ တစ်သောင်းခုနှစ် ထောင် ခန့် ကျယ်ဝန်းတဲ့ ဝ တောင်ပိုင်း နဲ့  မြောက် ပိုင်းဒေသ နှစ်ခုကို ၀၊ ဂျင်းဖော၊ တရုတ်၊ လားဟူနှင့် ရှမ်းအဖွဲ့ ဝင် ၂၁ဦး ပါဝင်တဲ့ဗဟို ကော်မတီ တစ်ခုက စီမံခန့် ခွဲ အုပ်ချုပ်နေ ပါတယ်။

အပစ်အခတ် ရပ်စဲစဉ်က ထောင်ဂဏန်း အနည်း ငယ်မျှသာ ရှိခဲ့တဲ့  ၀တပ်ဖွဲ့ ဟာ ယခုအချိန်မှာ မြောက်ပိုင်း ဒေသမှာ တပ်မဟာ ၃ ခု နှင့် တပ်ရင်း ၂၂ရင်း တောင် ပိုင်း ဒေသမှာ တပ်မဟာ ၅ ခု နှင့် တပ်ရင်း ၂၂ ရင်း စုစုပေါင်း တပ်မဟာ ၈ခု ၊ တပ်ရင်း ၄၄ရင်း အမြဲတန်း စစ်အင်အား ၃၀၀၀၀ ခန့်  နဲ့ ခေတ်မီ လက်နက်များ တပ်ဆင် တည်ဆောက် ထား နိင်ပြီ ဖြစ်ပါတယ်။

တပ်မတော် နဲ့ ဝ တပ်ဖွဲ့ များ အကြား အပစ်အခတ် ရပ်စဲပြီး ကတည်းက ဆက်ဆံ ဆောင်ရွက်ခဲ့တဲ့  ဆက်ဆံရေး သ မိုင်း ကို ပြန်လည် သုံးသပ်ရ မယ်ဆိုရင် -

တပ်မတော် နဲ့ ပူးပေါင်း ဆောင်ရွက် ခဲ့တဲ့ ဖြစ်စဉ် နှစ်ခုနှစ်ဖက် တပ်များ ထိပ်တိုက် ရင်ဆိုင် အခြေအနေ တင်းမာမှု ဖြစ်စဉ် လေးခု စုစုပေါင်း ဖြစ်စဉ် ၆ခု ကြုံတွေ့ ခဲ့ရတာကို ပြန်လည် လေ့လာ သုံးသပ် နိုင်ပါတယ် ….

ပထမ ပူးပေါင်းဆောင်ရွက်မှု ဖြစ်စဉ်

အပစ် အခတ် ရပ်စဲပြီး ကာစ ၁၉၉၀ ခုနှစ် တစ်ဝိုက်မှာ တောင်ပိုင်း ၀ဒေသက တပ်အချို့  နဲ့ ခွန်ဆာ ရဲ့  MTA တပ် တွေဟာ မူးယစ်ဆေးဝါး နဲ့ နယ်မြေ လု တဲ့ ပြသ နာများ ကြောင့် ဆက်ဆံရေး အတော်တင်းမာ လာပါတယ်ဒီတင်း မာမှုဟာ ၁၉၉၃ ခုနှစ်ဝန်းကျင် MTA အင်အား ၂၀၀၀၀ ကျော်ရှိလာချိန် SAM Series ဝေဟင် ပစ် ပုခုံးထမ်းဒုံး လက် နက်လို လက်နက်တွေ အပါအ၀င် ခေတ်မီ လက်နက် အများအပြား ပိုင်ဆိုင်လာချိန် ခွန်ဆာ အနေနဲ့  သူ့ ကိုယ်သူ ရှမ်းပြည် ရဲ့ သမ္မ တ အဖြစ် ထကြေငြာပြီး ချိန်မှာ စတင် ပေါက်ကွဲ ပါတယ်။

တိုက်ပွဲစ ဖြစ်ပွားတဲ့ အခါ လူအင်အား လက်နက်အင်အား အဖက်ဖက်က သာလွန်တဲ့  MTA တွေကြောင့် ၀တပ်ဖွဲ့ တွေ အတော် အထိနာ ကုန်ပြီး နောက်ဆုံးမှာ တပ်မတော် အစိုးရကို ဆက်သွယ် အကူအညီ တောင်းခံရ တဲ့ အနေအ ထား ထိ ဆိုက်ရောက်လာ ရပါတယ်။

တပ်မတော် နေရာက ကြည့်ရင် လက်ရှိ အင်အား ၂၀၀၀၀ ကျော် အထိ ရှိနေပြီးဟိုမိန်းမှာ ဋ္ဌာနချုပ်ကြီး ဖွင့်ကာ နိုင် ငံခြား သံတမန်တွေ တောင် လာတွေ့ နေရ တဲ့ အထိ ကြီးထွားလာနေတဲ့  ခွန်ဆာ ရဲ့ တပ်ဖွဲ့ တွေကို ထိန်းချုပ် နိုင်ဖို့ လိုကို လိုအပ်နေပါတယ်….

ဒါပေမယ့် ဒီထက်ပို အရေးကြီးတဲ့ ကိစ္စကြီးတစ်ခု ရှိနေ ပါသေးတယ် အဲဒါကတော့ ယိုးဒယားနိုင်ငံက အစဉ်အဆက် ကျင့်သုံးလာတဲ့  ကြားခံ နယ်မြေ ၀ါဒ ( Buffer Zone Policy ) ပဲ ဖြစ်ပါတယ်…

ပြည် တွင်းစစ် သက်တမ်း တစ်လျောက် ဒီပေါ်လစီရဲ့  ဒဏ်ကို တပ်မတော် က ခံစားခဲ့ရ ပေါင်း များ လှပါပြီတိုင်းရင်း သား လက်နက်ကိုင် တပ်ဖွဲ့ စခန်းတွေ ကို ဒုက္ခသည် စခန်း အမည်ခံပြီး ဖွင့်ခွင့်ပေး ၊ လက်နက်ခဲ ယမ်းရိက္ခာ ထောက် ပံ့ မှု ဆေးကုသ ပေးနေမှု နယ်စပ် တစ်လျောက် သယံဇာ တများ ခိုးထုတ်မှု အပေါ် အိမ်နီးချင်း နိုင်ငံရဲ့အမြတ်ထုတ် နေမှုတို့ ဟာဒီ ပြည်တွင်းစစ် မီး ကို ဘယ်တော့မှ ငြိမ်းသတ်လို့ မရခဲ့ပါဘူး….

ဒီတစ်ခါတော့ တပ်မတော် အစိုးရ ရဲ့  အလှည့် ရောက်လာပါပြီတန်ပြန် ကြားခံ နယ်မြေ မူဝါဒ( Counter Buffer Zone Policy ) ဟာ စတင် အသက်ဝင် လာ ပါတော့မယ် ….၁၉၉၃ ခုနှစ် နှစ်လယ် ပိုင်းမှာမြောက်ပိုင်း ဒေသက ၀ တပ်ဖွဲ့ အများ အပြားဟာ တောင်ပိုင်း ဒေသကို စစ်ကူအဖြစ် ရုတ်တရက် ဘွားကနဲ ရောက်ချ လာပါတယ် ၀ တပ်တွေဟာ လက်နက်ခဲ ယမ်းကိုလဲ ဖောဖော သီသီ သုံးနိင်လာပြီး တိုက်ပွဲမှာ ဒဏ်ရာရ တဲ့ သူတွေ ဟာလဲ ရိက္ခာ နဲ့  ဆေးဝါး ကုသမှု တွေ ရုတ်တရက် ကောင်းမွန် လာတာကြောင့် …လျှင်လျှင် မြန်မြန် ပြန်ပြီး တာဝန်ထမ်းဆောင် နိုင်လာပါတယ်…

ဒီ တိုက်ပွဲ စဉ်တွေဟာ ၁၉၉၅ နှစ်ဦး အထိ ဆက်တိုက် ပြင်းပြင်းထန် ထန် ဖြစ်ပွား နေခဲ့ ပါတယ်နှစ်ဖက်စလုံးမှာ အင် အား ထောင်နဲ့ ချီ ကျဆုံးခဲ့ချိန်၊ ခွန်ဆာ အဖွဲ့ မှ ကမ်းရွက် ဦးဆောင်တဲ့ ရှမ်း အဖွဲ့ မှ အင်အား ၄၀၀၀ ထောင် နီးပါး နဲ့ ခွဲ ထွက်ကာ တပ်မတော် နှင့် အပစ် အခတ် ရပ်စဲလိုက်ချိန် စတဲ့  အချိန်မှာတော့ …

ခွန်ဆာ ရဲ့ အမ်တီအေ တပ်ဖွဲ့ ဟာတပ်မတော်ထံ လူအင်အား ၁၄၀၀၀လက်နက်မျိုးစုံ ၈၀၀၀ ကျော် မိုင်းမျိုးစုံ ၅၈၀၀၀ ကျော် ကျည်ဆန် ၂သန်းကျော် တို့ နဲ့ အတူ အကြွင်းမဲ့  လက်နက်ချ လိုက်ပါတော့တယ်….

ဒီနောက် မှာတော့ယိုးဒယား မြန်မာ နယ်စပ်မှာ အရင် ယိုးဒယားနဲ့ ပလဲနံပသင့်တဲ့  MTA ခွန်ဆာ့ တပ်ဖွဲ့ တွေ ရဲ့နေ ရာမှာအစားထိုး ၀င်ရောက်လာတဲ့  ၀ တပ် ဖွဲ့ တွေဟာ ယိုးဒယားနိုင်ငံ အတွက် အကျပ် ရိုက်စရာ Buffer Zone ကြီး တစ်ခု အဖြစ် ပေါ်ထွက်လို့ လာခဲ့ပါပြီ ….

ဒုတိယ ပူးပေါင်းဆောင်ရွက်မှု ဖြစ်စဉ်

ဒုတိယ ပူးပေါင်း ဆောင်ရွက်မှု ဖြစ်စဉ် ကတော့ ၂၀.၅.၂၀၀၂ ခုနှစ် နံနက် ၄ နာရီ ၁၅ မှာ စဖြစ်ပွားခဲ့တဲ့  ယိုးဒယား နဲ့  နယ်စပ်ဒေသ ကန့် သတ်စစ်ပွဲ အတွင်း မှာ ဖြစ်ပါတယ်…

နှစ်ဖက် စလုံးက နယ်စပ်ဖြတ် ကျော် တိုက်ခိုက်မှုများ အများအပြား ပြုလုပ်ခဲ့ပြီး ဒီ တိုက်ခိုက်မှုတွေ အတွက် ယိုး ဒ ယား ဖက်က SURA ရှမ်းလက်နက် ကိုင် တပ်တွေ ကို အသုံးပြုခဲ့ကာတပ်မတော် ဖက်ကတော့ ၀ တောင်ပိုင်းဒေသ အမှတ် ၁၇၁ စစ်ဒေသ လက်အောက်ခံ ၀ တပ်ရင်း များ အားလုံးလိုလို ပါဝင်တိုက် ခိုက်ခဲ့ပါတယ်…

၂၀၀၂ ခုနှစ် ဇွန်လလယ်မှာ ပြုလုပ်ခဲ့တဲ့  ညတိုက်ပွဲ တစ်ခုမှာ ၀တပ်ဖွဲ့ ဝင် အများ အပြားဟာ ယိုးဒယား နယ်မြေ ထဲကို နှစ်ကီလို မီတာ လောက် အထိ စိမ့်ဝင် သွားပြီး ယိုးဒယား အမြောက် စခန်းတွေရဲ့  ရှေ့ ကာတပ် စခန်းတွေ အား လုံးနီး ပါးကို ညတွင်းချင်း တိုက်ခိုက် ဖျက်ဆီး မီးရှို့  ပြစ်လိုက် တဲ့ အတွက် ယိုးဒယား အမြောက် စခန်းတွေ အကြီးအကျယ် တုန်လှုပ် ခြောက်ခြား ခဲ့ရဘူးပါတယ်…

ပထမ ထိပ်တိုက် ရင်ဆိုင်တင်းမာမှု ဖြစ်စဉ်

တပ်မတော် နဲ့  ၀ တပ်ဖွဲ့ တွေ ပထမဆုံး ထိပ်တိုက် ရင်ဆိုင်မိ တဲ့ ဖြစ်စဉ် ကတော့ ကိုးကန့် ဒေသ ဖုန် - လျှံ အရေး အခင်း မှာဖြစ်ပါတယ်။ တပ်မတော် အစိုးရ နဲ့ ပထမဆုံး အပစ်ခတ် ရပ်စဲရေး ယူထား တဲ့ ကိုးကန့် (M.N.D.A) အဖွဲ့ဟာ ၁၉၉၅ခုနှစ် နှစ်ကုန်ပိုင်းမှာ 'ဖုန်' မျိုးနွယ်စုက ဖုန်ကျားရှင်၊ ဖုန်ကျားဖူ၊ ဖုန်တာရှင်း တို့ ခေါင်းဆောင် တဲ့ အုပ်စု နဲ့ ' ရန်' မျိုးနွယ်စုက ရန်မိုး လျှံ၊ ရန်မိုးအန်း၊ ရန်ကျုံးဝေ၊ ရန်ကျုံးစီ တို့ ခေါင်းဆောင်တဲ့  အုပ်စု အဖွဲ့ တွင်း အာဏာ လုရင်းတိုက် ပွဲတွေ အကြီးအကျယ်ဖြစ်ပွားပါတယ်။ ရန်အုပ်စု ဘက်က ၀ တပ်ဖွဲ့ တွေ ၀င်ကူတဲ့ အတွက် ဖုန်အုပ်စု အကြီးအကျယ် အထိနာ ပါတယ်…

ချင်းရွှေဟော် မြို့ ပါ မီးတင်ရှို့ ခံရပြီး ဖုန်အုပ်စု ဘက်က တပ်အချို့ ဟာ မိန်းမ ကလေးတွေပါ အပါအ၀င်ဝ တပ်ဖွဲ့ တွေ ရဲ့ အ၀ိုင်းခံရပြီးလောက်ကိုင် မြို့ ထဲမှာ ပိတ်မိနေခဲ့ ပါတယ် .... အဲအချိန်မှာ အချိန်မီ ရောက် လာတာက မိတ္ထီလာ က မနားတမ်း တောက် လျောက် ချီတက် လာတဲ့  အမှတ် ၉၉ ခြေမြန် တပ်မပါ ….

ရောက် ရောက်ချင်း ပိတ်မိနေတဲ့ အရပ်သားတွေ နဲ့ ဝ တပ်ဖွဲ့ တွေ အကြား ၀င်ရောက် နေရာယူ ရင်ဆိုင်ထား လိုက်ပါ တယ် …တစ်ဆက် ထဲမှာပဲ မုံးကိုး မုံးဟောင် ဒေသဘက် ကို ထိုးဖောက်ဝင်ရောက် လာတဲ့ ၀တပ်ဖွဲ့  တွေကို ကျောက် မဲ အခြေစိုက် အမှတ် ၁ စစ်ဆင်ရေး ကွပ်ကဲမှု ဋ္ဌာနချုပ် တပ်တွေက ကြားဖြတ် ၀င်ရောက် ဟန့် တား ရပ်တန့် စေ လိုက် ပါတယ်….

အခြေအနေ တင်းတင်း မာမာနဲ့နှစ်ဖက် တပ်တွေ ရက် အနည်းငယ်ကြာ ရင်ဆိုင် ထားပြီးတဲ့ နောက် ၀တပ်ဖွဲ့ တွေ ပြန်လည် ဆုတ်ခွာ သွား ခဲ့ပါတယ်။ ဒါ ပထ မ ဖြစ်စဉ် ဖြစ်ပါတယ်….

ဒုတိယ ထိပ်တိုက် ရင်ဆိုင်တင်းမာမှု ဖြစ်စဉ်

ဒုတိယ ဖြစ်စဉ် ကတော့ ၂၀၀၉ ခုနှစ် သြဂုတ်လမှာ ဖြစ်ပွားခဲ့တဲ့  လောက်ကိုင် အရေး အခင်း ဖြစ်ပါတယ်သိန္နီမြို့ နယ် နမ့်ဆလတ် ကျေးရွာ အနီးမှာကားတစ်စီး လမ်းချော် တိမ်းမှောက်ပြီး ယာဉ်မောင်း များက ကားကို စွန့် ပြစ် ထွက်ပြေး သွားခဲ့ တဲ့ ဖြစ်စဉ်တစ်ခု မှာကားအတွင်း စနစ်တကျ ထုပ်ပိုးထားတဲ့  ဒေသန္နရ စက် ရုံထုတ် လက်နက် အများအပြား ကိုတွေ့ ရှိခဲ့ ရပါတယ် …

ဒီဖြစ်စဉ် ကြောင့် သြဂုတ်လ အတွင်းမှာ လောက် ကိုင်မြို့ ပေါ်က လူသုံးကုန် စက်ရုံ အဖြစ် ဟန်ပြထား တဲ့ မသင်္ကာ ဖွယ်ရာ နေရာ အများ အပြားကို မြန်မာနိင်ငံ ရဲတပ်ဖွဲ့ က ၀င်ရောက် စီးနင်းရှာ ဖွေခဲ့ ပြီး သြဂုတ်လ ၈ ရက်နေ့ မှာတော့ လောက် ကိုင် မြို့ အထွက် ရန်လုံကြိုင်း ဂိတ်နားက မသင်္ကာ ဖွယ် စက်ရုံ ကို ၀င်ရောက် ရှာဖွေတဲ့ ရဲတပ်ဖွဲ့ ဝင် ၃၀ ခန့်  ဟာအင်အား ၃၀၀ လောက်ရှိတဲ့  ကိုးကန့် တပ်ဖွဲ့ ဝင်တွေရဲ့ ဖမ်းဆီး ခြင်းကို ခံလိုက်ရပါတယ်…..

ဒီအဖြစ် အပျက်ကြောင့် တပ်မတော် အစိုးရဟာ လောက်ကိုင်မှာ တည်ရှိတဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက် ကိုင်) လက်အောက်ခံ တိုက်ခိုက်ရေး တပ်ရင်း ၅ ရင်းနဲ့ အမှတ် ၅၀၆ အမြောက် တပ်ရင်း ကို တပ်လှန့် ခဲ့ ပြီး ….

သိန္နီ အခြေစိုက် အမှတ် ၁၆ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်ကို သိန္နီ ကွမ်းလုံ ချင်းရွှေဟော် လောက်ကိုင် လမ်း တလျှောက် အလျှင်အမြန် ချီတက် လာစေ ကာ လောက် ကိုင်မြို့ ရဲ့ အချက် အခြာနေရာ တွေမှာ ၀င်ရောက် တပ်စွဲ နေရာယူလိုက် စေလိုက်ပါတယ်……။

သူ့ နောက်က တစ်ဆက် တည်း ကပ်ပါလာတဲ့  စစ်ကိုင်း အမှတ် ၃၃ ခြေမြန် တပ်မကတော့ ကိုးကန့်  ဒေသရဲ့ ဆက် သွယ်ရေး လမ်းကြောင်း များ အားလုံးကို ညတွင်းချင်း ထိန်းချုပ်ခဲ့ ပြီး မိတ္ထီလာဘက်က တက်လာတဲ့ အမှတ် ၉၉ ခြေ မြန် တပ်မ ကတော့ညီနောင်တံတားက တဆင့် ၀ ဒေသထဲကို ၀င်ရောက်သွားကာ ဟိုပန်…ပန်လုံ ဒေသမှာ ၀ တပ်ဖွဲ့  များနဲ့ မျက်နှာချင်းဆိုင်တပ်မ တစ်ခုလုံး နေရာယူ လိုက်ပါတယ်……

နောက် တစ်နေ့ မနက်မှာပဲ အမှတ် ၉၉ ခြေမြန် တပ်မ ဟာကိုးကန့် ဒေသနဲ့ ဝ ဒေသကြားမှာရှိတဲ့ ဆက်သွယ်ရေး လမ်း ကြောင်းများ အားလုံးကိုဖြတ်တောက် ပိတ်ဆို့ ပြစ် လိုက်ပြီး ကိုးကန့် အရေး အခင်းကြီး တစ်ခုလုံး ပြီးစီး သွား ချိန်အထိ ၀ တပ်ဖွဲ့ တွေကို ရင်ဆိုင်ထိန်းချုပ် ထားခဲ့ပါတယ်….ဒါ ဒုတိယ ဖြစ်စဉ်ပါ ….

တတိယ ထိပ်တိုက် ရင်ဆိုင်တင်းမာမှု ဖြစ်စဉ်

တတိယ ဖြစ်စဉ် ကတော့အဲဒီ ဖြစ်စဉ် နဲ့  တစ်ဆက် တည်း ဆက်ဖြစ် ပါတယ် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီတိုင်း ရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များကို BGF နယ်ခြား စောင့်တပ်ဖွဲ့ များ အသွင် ပြောင်းလဲ ပေးခဲ့ရေး မူ အရတပ်မ တော် အစိုးရဟာ အဲဒီ နှစ် စက်တင်ဘာ လဆန်းမှာဝ တပ်ဖွဲ့ များကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ ပေးရေး အစီအစဉ် ကို ဖိအားပေး တိုက်တွန်း လာပါတယ်…

ဝ တပ်ဖွဲ့ တွေဟာ ဒီအစီအစဉ်ကို မူအားဖြင့် သဘောတူညီခဲ့ ပေမယ့် နယ်ခြားစောင့် တပ်ဖွဲ့ တွေမှာ တပ်မတော်က ဒုတိယ တပ်ရင်းမှူး ရာထူး တစ်ခုသာ ပါဝင်ရေး ရှမ်းပြည်နယ် တောင်ပိုင်းရှိ မိုင်းပေါက်၊ မိုင်းဖျံမြို့များ နှင့် ယိုးဒ ယား နယ်စပ်ရှိဝမ်ဟုန် ဒေသအား ၀ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသအတွင်း ထည့် သွင်း ပေးရေး စတဲ့ အချက် ကိုး ချက် ပါဝင်တဲ့ တောင်းဆိုချက် တစ်ခု ကို ပြန်လည် တောင်းဆိုခဲ့ပါတယ် …

တပ်မတော် အစိုးရ ကတော့ ဒီတောင်းဆို ချက်တွေကို လုံးဝ လက်မခံခဲ့ ဘဲ မိုင်းလား အထူး ဒေသ ၄ နဲ့ နယ်နိ မိတ် ချင်း ထိစပ်နေတဲ့ မိုင်းယန်းမြို့နယ် မိုင်းပေါက်၊ မိုင်းဖျန် ဒေသ အတွင်းရှိ ၀ တပ်ဖွဲ့ များကို ချက်ချင်း ပြန်လည် ရုပ်သိမ်း ပေးရန် ဆိုတဲ့ အချက်တွေနဲ့  ပြန်လည် တုန့် ပြန်ခဲ့ ပါတယ်…

ဒီပြသနာ ဟာ လ အတော်ကြာ ဖြစ်ပွားနေခဲ့ ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း မှာ တပ်မတော် က ခြေမြန် တပ်မ ၃ခု က အသင့် အနေ အထား နဲ့ လာရောက် တပ်စွဲ ထားတဲ့ အထိ အခြေအနေ တင်းမာခဲ့ပါတယ်…

နောက်ဆုံးမှာ ၀ တပ်ဖွဲ့ တွေ နောက်ပြန် ဆုတ် သွားခဲ့ပေမယ့် နယ်ခြားစောင့် တပ်ဖွဲ့ စည်းရေး ကိစ္စကတော့ ဒီနေ့ အ ထိ သဘောတူ ညီမှု မရခဲ့ပါဘူး ….

ဒီတင်း မာမှု ရဲ့ အကျိုး ဆက် အဖြစ် ၂၀၁၀ ခုနှစ် ရွေးကောက် ပွဲ ကျင်းပပြု လုပ်ချိန်မှာ ဝ' ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ တိုင်း ပါမြို့ နယ် ခြောက် မြို့ နယ်မှ ဟိုပန်နှင့် မက်မန်း (မော်ဖာ) နှစ်မြို့နယ် မှာသာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ခဲ့ ပြီး ကျန်တဲ့ ဝ တပ်ဖွဲ့  ထိန်းချုပ်မှု ဒေသတွေ ဖြစ်တဲ့ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ ပန်ဆန်း မြို့နယ်တွေ မှာ ရွေးကောက်ပွဲ မပြုလုပ် နိုင်ခဲ့ ပါဘူးဒါက တတိယ ဖြစ်စဉ် ဖြစ်ပါတယ်…..

စတုတ္ထ ထိပ်တိုက် ရင်ဆိုင်တင်းမာမှု ဖြစ်စဉ်

စတုတ္ထဖြစ်စဉ်က ၂၀၁၃ ခုနှစ် မေလထဲမှာ စတင်ပါတယ် တဖြည်းဖြည်း နဲ့  နယ်မြေချဲ့ ထွင် တပ်စွဲလာတဲ့ ဝ တောင် ပိုင်း ဒေသ တပ်ဖွဲ့ စခန်းတွေကို တပ်မတော် က နောက်ပြန် ဆုတ်ခိုင်းတာ က နေ အစပြု တာဖြစ်ပါတယ်။ တာချီ လိတ်မြို့နှင့် အနီးတစ်ဝိုက်ရှိ မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယွန်း အစရှိတဲ့ ဒေသတွေမှာ တပ်စွဲထားတဲ့ ‘၀’ တပ်စ ခန်း တွေ ကို နောက်ပြန် ဆုတ်ခိုင်းတာ ဖြစ်ပါတယ် ….

ဝတောင်ပိုင်း ဒေသတွင်း တပ်စခန်း တွေက တပ်ဖွဲ့ ဝင် အင်အား စာရင်း တင်ပြဖို့ တပ်မတော် မှ တောင်း ခံခဲ့ပြီး တပ်စ ခန်းအချို့ကို ဆုတ်ခွာဖို့ သတိပေး ခဲ့ခြင်း မဆုတ်ခွာတဲ့  တပ်စခန်းတွေကို တပ်မတော် တပ်ရင်းတွေက ၀ိုင်းထားခြင်း စ တဲ့ ဖိအား ပေးမှုတွေ ကို ပြုလုပ်ခဲ့ပါတယ်….

ဒီဖြစ်စဉ်မှာ ၂၀၁၁ ခုနှစ်က ခိုလန် မှာ အသစ်ဖွင့်လှစ်လိုက်တဲ့  အရှေ့ အလယ်ပိုင်း တိုင်း စစ်ဋ္ဌာနချုပ် လက်အောက်ခံ တပ်တွေပါ ပါဝင်လာပြီး ၀ တောင်ပိုင်း နဲ့  မြောက်ပိုင်း ဒေသ ရဲ့ ဆက်သွယ်မှု လမ်းကြောင်းတွေကို တပ်မတော်က ခေတ္တ ဖြတ်တောက် ထိန်းချုပ် နေရာယူထား ခဲ့ပါတယ်…

ဒီ အခြေ အနေ တင်းမာမှု ဟာ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့  ကျိုင်းတုံမြို့ မှာပြည်ထောင်စု ငြိမ်း ချမ်းရေး ကော် မတီ ကဒုတိယ ဥက္ကဌ ဦးသိန်းဇော် နဲ့ ဝ တပ်ဖွဲ့  ပြင်ပ ဆက်ဆံရေး ဋ္ဌာန ဋ္ဌာနကြီးမှူး ဦးကျောက် ကော်ကန် တို့ တွေ့  ဆုံဆွေးနွေးပြီး ၀ တပ်ဖွဲ့ စခန်း အချို့ ကို နောက်ပြန် ဆုတ်ပေး လိုက်တဲ့ နောက်မှာ အထိုက်အလျောက် ပြေလည်မှု ရ သွား ခဲ့ပါတော့တယ်….

( ရေးသားသူ - ရဲမိုး )

( အပိုင်း ၃ နောက်ရက် ဆက်တင်ပါမည် )
http://www.phophtawnews.org/burmese/index.php/feature/item/1116-2014-03-27-09-58-18.html

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း အကြောင်း

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း အကြောင်း သုံးသပ်ချက် - ၁
====================================
(က) ၀ လူမျိုး နှင့် ၀ အထူးဒေသ ဖြစ်ပေါ်လာပုံ ( အပိုင်း ၁)
(ခ) တပ်မတော် အစိုးရ နှင့် ၀ အထူးဒေသ ဆက်ဆံရေး ( အပိုင်း ၂ )
(ဂ) တရုတ် နိုင်ငံ နှင့်ဝအထူးဒေသ ဆက်ဆံရေး ( အပိုင်း ၃ )
(ဃ) သုံးသပ်ချက် ( အပိုင်း ၄ )

(က) ၀ လူမျိုး နှင့် ၀ အထူးဒေသ ဖြစ်ပေါ်လာပုံ
--------------------------------------------------
ဝလူမျိုး တွေဟာ မွန်- ခမာ အုပ်စု မှဝ ပလောင်ကွဲ အုပ်စုမှာ ပါဝင်ပါတယ် ရှေးယခင်က တည်းက ယေဘုယျ အားဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း ၊ မိုင်းမောနှင့် ကျိုင်းတုံ ခရိုင်ကြား မှာနေ ထိုင်ကြပြီး အရှေ့ပိုင်း ဖက်မှာ တရုတ်နိုင်ငံ နယ်စပ်နှင့် အနောက်ဖက်မှာ သံလွင်မြစ် တို့ကြားမှာ နေထိုင်ကြပါတယ် ....

“၀”လူမျိုး ကို .ပေစာ၊ ကျောက် စာတွေအရ“၀”၊ လ၀၊ လ၊ လွ ဟု ခေါ်ဝေါ် အက္ခရာ တင်ထားတာ တွေ့ ရှိရပြီး ကိုလိုနီခေတ် မှာတော့ “၀” ဒေသ ကို “WA”(WA STATE) လို့ ပဲ ..သတ်မှတ် ခေါ်ဝေါ်တာကို တွေ့ ရပါတယ် ၀ တွေဟာ .တောင်တက် တောင်ဆင်း ကျင်လည်ပါတယ် .ရှေးယခင်က ခေါင်းဖြတ်ပြီး ယာဇ် ပူဇော် သည့် ဓလေ့ ထွန်းကားပါတယ်။

ယာဇ်ပူဇော်လျှင် ကောက်ပဲသီးနှံ ထွန်းကားပြီး ရောဂါဘယ နည်းပါးတယ် လို့ အယူရှိ ပါတယ် လူစိမ်း ကို သိပ် မနှစ်မျို့ တဲ့  အ တွက် ၀ နယ်အတွင်းရှိ ကျန်လူ မျိုးစုများ ဟာ တစ်နယ်နှင့် တစ်နယ် လည်း ရှေး ယခင် ကတည်းက သိပ် တည့်လေ့မရှိပါဘူး မဟာမိတ်ပြုလျှင်တော့ ရှေး ဓလေ့ ထုံး တမ်းအရ ….တစ်နယ်နှင့် တစ် နယ် ကိုယ်စားလှယ်များ တွေ့ ဆုံပြီး …ကျွဲ ကို သတ် ....ခွဲဝေယူလေ့ရှိကြပါတယ် ….

ငွေဒင်္ဂါး နှင့် ကျည်ဆန်ယမ်းတောင့်များကို အရက်ထဲ ထည့်ပြီး ထိုသစ္စာ အရက်ကို သောက်ကာ ငွေဒင်္ဂါး ကျည်ဆံများကို အညီအမျှ ခွဲယူပြီး အရေးကြုံရင် တစ် နယ်နှင့် တစ်နယ် ကူညီကြတယ် လို့  …သိရပါတယ်….

ကိုးကွယ် ယုံကြည်မှု အားဖြင့် ခရစ်ယာန် ၂၀ % ဗုဒ္ဒဘာသာ ၃၀ %နှင့် ရိုးရာနတ်ကိုးကွယ်မှု ၅၀ % ဖြစ်ပါ တယ် အထင်ကရ ကျင်းပလေ့ရှိတဲ့  ပွဲတော် တွေ ကတော့ .ကောက် သစ်စားပွဲ ခရစ် စမတ်ပွဲနဲ့  ရိုးရာနတ် ပူဇော် ပသပွဲတွေ ဖြစ်ကြ ပါတယ် …

၁၉၅၈ ခုနှစ် မတိုင်မီ လောက်ထိလူကို ခေါင်းဖြတ် ယစ်ပူဇော် ပြီး ဆန်စပါးဖြစ်ထွန်းဖို့ ရည်ရွယ်တဲ့ .လုပ် ဆောင် မှု ဓလေ့ ရှိခဲ့သေးတယ် လို့ သိရပါတယ် ၀ ဒေ သ မြို့ ရွာများ ဟာ အမြင့်ပေ ၅၀၀၀ အထက်မှာ အားလုံး နီးပါး တည်ရှိပါတယ် ကိုလိုနီခေတ်မှာတော့ ရှမ်းပြည်နယ် ဒေသခံ စော်ဘွားတွေကပဲ ၀ တွေ ကို အုပ်ချုပ် လာ ခဲ့ပါတယ်...

၁၉၃၅ ခုနှစ် ဧပြီလ ၉ ရက်နေ့ မှာ….ဝနယ် နယ်နိမိတ် စုံစမ်းရေးအတွက် ….တရုတ်-ဗြိတိသျှ ပူးတွဲကော်မရှင်အဖွဲ့ တစ်ဖွဲ့ကို ...ခန့်အပ် ခဲ့ကြပါတယ် ကော်မရှင် အဖွဲ့၏ ဥက္ကဌမှာ ကာနယ် အက်ဖ် အိုက်စ လင်ဖြစ်ပြီးကော်မရှင် အဖွဲ့ကို အိုက်စလင် ကော်မရှင် ဟူ၍ ခေါ်တွင် ခဲ့ပါတယ် ….

အဲဒီ ကော်မရှင်အဖွဲ့ဟာ သမိုင်း အဆက်ဆက် မပြီးမပြတ် ခဲ့တဲ့ တရုတ်- ဝ နယ် နယ်နိမိတ် ကြောင်းကို ၁၉၃၅-၃၆ နှင့် ၃၇ ခုနှစ်များမှာ စုံစမ်း စစ်ဆေးပြီး အဖွဲ့ ရဲ့ တွေ့ရှိချက် နဲ့ ထောက်ခံ ချက်တွေ အရ .ဗြိတိသျှ နှင့် တရုတ် အစိုးရတို့က ၁၉၄၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှာ ၀နယ် နယ်နိ မိတ်ကြောင်းကို သတ်မှတ် ခဲ့ကြ ပါတယ်…

ဒါပေမယ့် တရုတ် အစိုးရ အနေနဲ့  ဒီသတ်မှတ်ချက်ထဲက တစ်ချို့ ကိစ္စတွေကို တော့ သိပ် ကျေလည်လှ တယ် မဟုတ်ပါဘူး.ဒါကြောင့် လွတ်လပ်ရေး ရပြီးနောက် ၁၉၆၀ ဇန်န၀ါရီ ၂၇ မှာ တရုတ်-မြန်မာ နယ်နိမိတ် စာချုပ် အသစ် ချုပ်ဆိုပြီး နယ်နိ မိတ်ကို ပြန်လည်သတ် မှတ်ရာမှာ ၀ နယ်က ပန်ဟန်နဲ့ ပန်လပ် ဒေသ နှစ်ခုကို တရုတ် ပိုင် အဖြစ် …ပြန်လည်ပြင်ဆင် ရေးဆွဲခဲ့ပါတယ် …

၁၉၄၇ ခုနှစ် နယ်ခြားဒေသ အစီရင်ခံစာ အရ ၀ ဒေသမှာ လူဦးရေ ၈၃၀၀၀ ရှိခဲ့ပြီး ယခု ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင် စာရင်းအရတော့ လူဦးရေ ၆သိန်း ခန့် ရှိ ပါတယ်….

လွတ် လပ်ရေး ရပြီးချိန် ၁၉၅၄ ခုနှစ်မှစပြီး ၀နယ် ကိုးကန့် နယ်မိုင်းလွန်း နယ်တို့ ကို ရှမ်းပြည် အ ရှေ့ မြောက် အထူး ခရိုင် လို့  ဖွဲ့ စည်း အုပ်ချုပ် ခဲ့ပြီး၁၉၆၂ တော်လှန်ရေး အစိုးရ လက်ထက်မှာ တော့အဲဒီခရိုင် ဟာ ကွမ်းလုံ ခရိုင် ဟူ၍ ဖြစ်လာပါတယ် ....

လက်ရှိ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၆(စ) အရ ရှမ်းပြည် နယ်ရှိ.ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်ပန် ၀ိုင် မြို့နယ်၊ နားဖန်းမြို့နယ်မက်မန်း မြို့ နယ်နှင့် ပန်ဆန်း (ပန်းခမ်း)မြို့ နယ် စုစုပေါင်း ခြောက်မြို့နယ် တို့ကို.ခရိုင် (၂) ခရိုင် ခွဲပြီး ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ပါတယ်….

မြေပြင် မှာတော့ ၀ ဒေသဟာ တရုတ်-မြန်မာ နယ်စပ် .မြောက်ပိုင်း နယ်မြေ ပန် ဆန်းဒေသ နှင့်မြန်မာ- ထိုင်း နယ်စပ် တောင် ပိုင်း နယ်မြေ မိုင်းတုံ၊ မိုင်း ဆတ် ဒေသဆိုပြီး နှစ်ပိုင်း ခွဲထားတဲ့ ဒေသ နှစ်ခု ဖြစ်ပါတယ် ….

မြောက်ပိုင်း ဒေသကို ဦးပေါက် ယူချန်းမှ ခေါင်းဆောင်ပြီး တောင်ပိုင်း ဒေသကို ဦးဝေရွှယ် ခန်းမှ ခေါင်း ဆောင်ပါတယ်မြောက်ပိုင်း ဒေသက ၀ လူမျိုး ၇၀ ရာခိုင်နူန်းဟာ တရုတ်ဘာသာ စကားပြောဆိုပြီးတရုတ် ယွမ်ငွေ ကို သုံးစွဲပါတယ် ....

ရှမ်းပြည် မြောက်ပိုင်း ရဲ့ ခေတ်သစ် ကွန်မြူနစ် သမိုင်းကတော့ ၁၉၆၈ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ မှာစတင်ပါ တယ်အင်အား ၃၀၀ လောက်ရှိတဲ့ ဗကပ တပ်ရင်း ကြီး ၃၀၃ ဟာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရဲ့  အကူ အ ညီနဲ့ နယ်စပ် ကို ဖြတ်ကျော်ပြီးမြူခိုးတွေ အုံဆိုင်းနေတဲ့  မုံးကိုးရွာငယ်လေး ကမြန် မာ့ တပ်မတော် တပ်ခွဲ တစ်ခွဲကို ၀င် တိုက်ပြီး ဗကပ အရှေ့ မြောက် စစ်ဒေသကိုစတင် ဖွင့်လှစ်လိုက်ပါတယ် …

ဖေဖော် ၀ါရီလ အတွင်းမှာပဲ တစ်ဖက် နိုင်ငံက စစ်ရေးအကူ အညီတွေ အလုံးအရင်းနဲ့ ထပ်မံရောက်ရှိခဲ့ပြီး ၁၉၆၈ ခုနှစ် တစ်ခုတည်း မှာပဲ ဖောင်း ဆိုင်ပန် ဆု ထန် ဖော်ကျုံး ၊ ကြူကုတ်(ပန်ဆိုင်း)ကောင်းလုံ ၊ လုံထန်နှင့် နမ့်ပေါ် တပ်မ တော် စခန်းတွေကို ဆက်လက် အတိုက်ခံ ရပါတယ်

၁၉၆၈ နှစ် အကုန်ပိုင်း မှာကျေး လက်ကို အခြေခံ မြို့ ကိုဝိုင်း တိုင်းရင်း သား လူမျိုးစုတွေ ကို စုစည်း အမာခံ နယ်မြေတွေ တည်ဆောက် ဆိုတဲ့  ဗကပ စစ် မဟာ ဗျူဟာတွေ အရ အရှေ့ မြောက်ဒေသ က ၀ တိုင်းရင်း သား တွေဟာ ဗကပ တပ် ရင်းကြီး ၄၀၄ ရဲ့  လက်အောက်ခံ တပ်ရင်း ၅၀၁ ၊ ၅၀၂ ၊ ၅၀၃ တပ်ရင်းတွေ အဖြစ်ပြောင်းလဲ ဖွဲ့ စည်းခြင်း ခံရပါတော့တယ်…

ဒီတပ်ရင်းကြီး ၄၀၄ ရဲ့ခေါင်းဆောင် ပိုင်းဟာ မုံးကိုး ကာကွယ်ရေး တပ်ဖွဲ့  ခေါင်းဆောင် ဖုန်ကြားရှင် နဲ့ ကိုး ကန့် လူမျိုး များ ဖြစ်ကြပြီး အောက်ခြေ တပ် သားတွေ ကတော့ ၀ တိုင်းရင်း သား လူမျိုးတွေ ဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ် အရောက် မှာတော့ …ဒီတပ်ဖွဲ့ တွေဟာ အင်အား ၄၀၀၀ ခန့် အထိ ရှိလာပြီး ကွမ်းလုံကို စ တင်ခြိမ်းခြောက်နေပြီ ဖြစ်ပါတယ် ….

၁၉၇၁ ခုနှစ် နှစ်ကုန်ပိုင်း မှာ ဖုန်ကြားရှင် ကိုယ်တိုင် တပ်မဟာ မှူး အဖြစ်ပါ ၀င်တဲ့ အရှေ့ မြောက် စစ်ဒေသ တပ်ဖွဲ့  တွေ ဟာအင်အား ၄၀၀၀ နီးပါးနဲ့ ချီတက် လာပြီး ကွမ်းလုံမြို့ မြောက် ဘက် ၇မိုင်အကွာ တာမြင်ရှန် တောင် ထိပ်မှာ တပ်စွဲ ထားတဲ့ လော်စစ် ဟန် ရဲ့ အင်အား ၈၀ လောက်ရှိ တဲ့ ကိုးကန့် ကာ ကွယ်ရေး ပြည်သူ့ စစ်စခန်းကို တိုက်ခိုက်ပြီး ကွမ်းလုံ ဒေသ တိုက်ပွဲစဉ် များကို စတင်လိုက်ပါတယ်…

ကွမ်းလုံ တိုက်ပွဲ စဉ်များ ဟာရက်ပေါင်း ၄၀ နီးပါး ကြာမြင့် ခဲ့ပြီး ဗကပ ဘက်က တပ်ရင်းကြီး အမှတ် ၄၀၄ လက် အောက် ခံ တပ်တွေ နဲ့ တပ်မတော် ဘက်က အမှတ် ၇၇ ခြေမြန် တပ်မ လက်အောက်ခံ တပ်တွေ အပြင်း အထန် တိုက် ခိုက်ကြတာ ဖြစ်ပါတယ် ….

နှစ်ဖက် စလုံးမှာ စစ်သည် ထောင် နဲ့ ချီ ပါဝင်တိုက် ခိုက်ခဲ့ ကြပြီး တပ်မတော် ဘက်ကတော့ လော်စစ်ဟန် ခေါင်း ဆောင်တဲ့ ကိုးကန့် ကာကွယ်ရေး တပ်ဖွဲ့  အင် အား ၈၀၀ ခန့် ကပါဝင် တိုက်ခိုက်ပေးခဲ့ ပါတယ်….

ကွမ်းလုံ တိုက်ပွဲ စဉ်များမှာ အထိ နာ သွား တဲ့ ဗကပ ဟာ ၁၉၇၇ ခုနှစ်မှာ ခြူးရွှေ ၊ ပန်ကောက် တိုက်ပွဲ ၁၉၇၈ ခုနှစ် မှာ နောင်လိုင် ၊ ပါဖန် တိုက်ပွဲ နဲ့ ၁၉၈၆ ခုနှစ် မှာ စီစီ ၀န် တာပန် တိုက်ပွဲ တွေ ကို ဆက် လက် ဆင်နွဲ ခဲ့ ပါတယ်…

အဲဒီတိုက်ပွဲ တွေ အပြီး မှာ တပ်မတော် က ဗကပ ခြေကုပ် စခန်းကြီး တွေ ဖြစ်တဲ့  ကြူကုတ် ၊ ပန်ဆိုင်း ၊ ကွန်ဟိုင်း နောင်မ၊ မာန်ဟီးရိုး စခန်းတွေ ကို တန်ပြန် ထိုးစစ်ဆင် သိမ်းပိုက် ခဲ့ လို့ ခေတ္တ တန့် သွားခဲ့ပါတယ်…

ဒါပေမယ့် တစ်ခါ ၁၉၈၈ ခု စက်တင်ဘာ ၂၃ ရက် မှာဗကပ ပန်ဆန်း ဗဟို ရဲ့ တိုက်ရိုက် ကွပ်ကဲမှု နဲ့  ချီတက် လာတဲ့  ဗကပ လက်ရွေးစင် တပ်ရင်း ၁၃ ရင်း ဟာ မိုင်းယန်း ဒေသမှာတပ်စွဲ ထားတဲ့ တစ်ခု တည်းသော တပ်မတော် ခြေလျင် တပ်ရင်း တစ်ရင်း ကိုထပ်မံ တိုက်ခိုက် ကြ ပြန်ပါတယ်။

နယ်မြေ တွင်းက စစ်ကူ စစ်ကြောင်း တွေ မလာနိုင် အောင်အဖက်ဖက် က ပိတ်ဆို့ ဖြတ်တောက် ပြီးမှ အပိုင် တိုက် ခိုက် ခဲ့တာ လည်း ဖြစ်ပါ တယ် ဒီတိုက်ပွဲ ဟာ တိုက်ပွဲ ကြီး ၁၄ ကြိမ် တိုက်ပွဲငယ် ၂၃ ကြိမ် အနီးကပ် လှံစွပ်ထိုး တိုက် ပွဲ အကြိမ် ၃၀ ထိ တိုက်ခိုက် ခဲ့ပေ မယ့် အဲဒီ တပ်မတော် ခြေလျင် တပ်ရင်း ဟာ စစ်ကူ စစ်ကြောင်း တွေ ကို စောင့် ဆိုင်း ရင်း (၈) ရက် လုံးလုံး မဆုတ်ခွာ ပဲ အသေခံ ခုခံ နေတာ ကြောင့် ဗကပ တို့ ရဲ့ မိုင်းယန်း ကနေ မူဆယ် နမ့်ခမ်း ကြူကုတ် ထိ သိမ်းပိုက် မယ့် စစ်ရေး စီမံချက် ဟာ သဲထဲ ရေသွန် ဖြစ်ခဲ့ ရပါ တယ် …..။

ဒီ တပ်မတော် နဲ့ အနှစ် ၂၀ ကျော် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ဖြစ်စဉ် တွေမှာ အထိအခိုက် အကျ အဆုံး များပြီး အသုံးချ ခံ နေရတယ်လို့ မကျေမနပ် ဖြစ်လာ ကြတဲ့  ဗကပ တပ်ရင်းကြီး ၄၀၄ လက်အောက် ခံ ၀လူမျိုး တပ်ရင်းတွေ ဟာ ၁၉၈၉ ဧ ပြီ ၁၇ ရက်နေ့ မှာ ဗကပ ပန်ဆိုင်း ဗဟိုကို ၀င်ရောက် သိမ်းပိုက်ပြီး ဗကပ ကို တော်လှန် တပ်မတော် အစိုးရနဲ့အပစ် အ ခတ်ရပ်စဲ လိုက်တဲ့ အတွက် ရှမ်းပြည်နယ် အရှေ့ မြောက်ဒေသမှာ လက်ရှိ ၀ အထူးဒေသ ၂အနေ နဲ့ စတင်ပေါ် ပေါက် လာပါတော့တယ်……။။

( ရေးသားသူ - ရဲမိုး )
( အပိုင်း ၂ နောက်ရက် ဆက်တင်ပါမည် )
http://www.phophtawnews.org/burmese/index.php/feature/item/1111-2014-03-24-07-58-51.html

Wednesday, March 26, 2014

ငြိမ်းချမ်းရေး လင်းတကြီးများ ဝဲနေသည်

ကိုအောင်

၂၀၁၂ ခုနှစ် ဇန်နဝါရီလ ကရင်ပြည်နယ် ဖားအံမြို့တွင် ကျင်းပသော နှင့် အစိုးရ ကိုယ်စားလှယ်များအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ (ဓာတ်ပုံ – ဧရာဝတီ)

ဆွီဒင်လူမျိုး သတင်းစာဆရာ ဘာတေးလ်လစ်တနာက မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေးလုပ်ငန်းကို ဝေဖန်တာ ဖတ်လိုက်ရပါတယ်။

နိုင်ငံတကာမှာ ပဋိပက္ခ ဖြစ်နေတဲ့၊ ပြည်တွင်းစစ် ဖြစ်နေတဲ့ နိုင်ငံတွေကို သွားပြီး ငြိမ်းချမ်းရေး ရှာဖွေပေးတဲ့၊ ကူညီစေ့စပ် ဖြေ ရှင်း အဖြေရှာတဲ့ လုပ်ငန်း ဝန်ဆောင်မှုတွေက ခေတ်စားပါတယ်။

ဒါပေမယ့် ဒီဝန်ဆောင်မှုဟာ အလကား ပဲတင်းတော့ မရပါဘူး၊ ဒီလုပ်ငန်းမှာ ဦးဆောင်ပါဝင်သူတွေက ဘတ်ဂျက်(budget) နဲ့ ထောက်ပံငွေ (grant) များများရှာရတာဖြစ်သလို၊ အဲဒီအတွက်ကို နိုင်ငံတကာ အဖွဲ့အစည်းတွေ အစိုးရတွေက မြိုးမြိုးမြက်မြက် ၊ ပိုးစိုး ပက်စက် ပေးတာဖြစ်ပါတယ်။

မြန်မာ့ငြိမ်းချမ်းရေး ကိစ္စမှာတော့ နော်ဝေအပါအဝင် ဥရောပနိုင်ငံတွေက ဘတ်ဂျက်ငွေအများအပြား ချပေးထားတာ ဖြစ်ပါတယ်၊ သီရိလင်္ကာမှာလည်း ဒီလိုပဲ နော်ဝေက နိုင်ငံပိုင်အစိုးရငွေကို ပုံအောပြီး သုံးခဲ့ဖူးပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးကိစ္စမှာတော့ Myanmar Peace Centre က ပါဝင်ဆောင်ရွက်နေတာပါ၊ ဘာတေးလ်လစ်တနာကတော့ သူတို့ကို ဘာမှမလုပ်တဲ့ သူတွေလို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

သူတို့ဟာ အရင်စစ်အစိုးရ လက်ထက်က တတိယအုပ်စု(Third Group) လို့ နာမည် တွင်ခဲ့သူတွေပါ၊ မင်းဆရာတွေလို့ အပြောခံရ သူတွေလည်း ဖြစ်ပါတယ်။

တကယ်တော့ MPC ဆိုတာ ဦးသိန်းစိန်အစိုးရ ဒါမှမဟုတ် ငြိမ်းချမ်းရေးလုပ်ငန်းတွေ အဓိက ဦးဆောင်လုပ်ဆောင်နေတဲ့ ဝန်ကြီးဦးအောင် မင်းရဲ့ ကိုယ်စားလှယ် ရုံး ပုံစံပဲ ဖြစ်ပါတယ်။

သူတို့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းကို လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်အတွင်းမှာ တွန်းတွန်း တိုက်တိုက် လုပ်ဆောင်လာတာ တွေ့ရပါတယ်၊ အဲဒီ အတွက် ဝေဖန်ခံရသလို ချီးကျူးအားပေးတာတွေလဲ ရှိခဲ့ပါတယ်။

သူတို့အပြင် နိုင်ငံခြားသားတွေလဲ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး(Peace ) လုပ်ငန်းစဉ်မှာ ပါဝင်ကြပါတယ်။ အရင်က UNDP မှာလုပ်ခဲ့ကြတဲ့ Charles Petrie, Ashley South, Adam Cooper စတဲ့သူတွေ အများအပြား ပါဝင်ကြတာ ဖြစ်ပါ တယ်။

မြန်မာငြိမ်းချမ်းရေးစားကျက်ဟာ ပိုပြီးတော့ ကျယ်ပြန့်လာတာကြောင့် ငြိမ်းချမ်းရေး လုပ်ဆောင်ပေးချင်တဲ့ လင်းတကြီးတွေ ဝဲလာတာ တွေ့နေရပါတယ်။

အဲဒီအဖွဲ့ကတော့ MPSI လို့ခေါ်ပြီး၊ Myanmar Peace Support Initiative လို့အရှည်ကောက် ခေါ်ပါတယ်၊ အလှူရှင် နိုင်ငံတွေကတော့ နော်ဝေ၊ ဗြိတိန်၊ သြစတေးလျ နဲ့ ကုလသမဂ္ဂတို့ပဲ ဖြစ်ပြီး၊ ကမ္ဘာဘဏ်(world Bank)ပထမဆုံးအလှူငွေကတော့ အမေရိကန်ဒေါ်လာ သန်း ၃၀ ဖြစ်ပါတယ်။

နော်ဝေ ရဲ့ အခန်းကဏ္ဍ ကို ဝေဖန်သူတွေလဲ ရှိပါတယ်၊ ဘာကြောင့်ငြိမ်းချမ်းရေးမှာ ငွေတွေသုံးရသလဲ၊ ဘာကြောင့် အရင်စစ်အစိုးရ၊ အခုအစိုးရကို ထောက်ခံချင်နေတာလဲ ဆိုတာတွေပါ။

ဒါ့အပြင် နော်ဝေရဲ့ အသုံးငွေတွေက ဘယ်လောက် ပွင့်လင်းမြင်သာပြီး (transparent)၊ ဘယ်လောက်တာဝန်ခံမှု (accountable) ရှိသလဲ ဆိုတာကိုလဲ မေးခွန်းထုတ်ကြပါတယ်။

ဒီလို မေးခွန်းတွေ ထုတ်မယ့်အစား နော်ဝေက သြဇာရှိတဲ့ သတင်းစားတွေမှာ အယ်ဒီတာထံ ပေးစားမျိုးရေးပြီး ဝေဖန်မေးခွန်း ထုတ်သင့် ပါတယ်။

သူတို့ဟာ မြန်မာအစိုးရလို မဟုတ်ပဲ ပြည်သူလူထုအပေါ်မှာ တာဝန်ခံဖို့ လိုပါတယ်၊ အခွန်ထမ်းပြည်သူ(Taxpayer)တွေရဲ့ ပိုက်ဆံတွေကို သုံးနေရလို့ ဖြစ်ပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးကို ရှု့ထောင့်အမျိုးမျိုးကကြည့်ပြီး ကူညီချင်သူတွေ ပိုများလာတာ ကောင်းပါတယ်၊ စစ်တိုက်တာ ထက်စာရင် ငြိမ်းချမ်းရေးအတွက် စားပွဲပေါ်မှာ တွေ့ဆုံစကားပြော အဖြေရှာတာ ပိုကောင်းပါတယ်။

ဒါပေမယ့် ဘာတေးလ် လစ်တနာ ပြောခဲ့သလို ဒါကလဲ စီးပွားရေးလုပ်ငန်း (Peace Industry) ဖြစ်နေတာကို တွေ့ရပါတယ်။

ဒီလုပ်ငန်းမှာ အဓိက ကြီးကြပ်ပါဝင်ရသူတွေ ရတဲ့ လစာ၊ အကြံပေးခ(consultant fee ) ၊ ခရီးစရိတ်၊ နစ်နာကြေး စတာတွေဟာ အတော်ကိုကြီးမားတဲ့ ဘတ်ဂျက် တွေပါ။

အဲဒီသူတွေ တယောက်ချင်းစီရတဲ့ လစာကိုသိရင် ခင်ဗျားအရမ်း စိတ်ဓာတ်ကျသွားမယ် မသိချင်ပါနဲ့လို့ အတွင်းသိ မိတ်ဆွေတဦးက ပြောဘူးပါတယ်။

သူတို့ရတဲ့ အကျိုးအမြတ်ဟာ ဒေါ်လာသောင်း ဂဏာန်းဝန်းကျင် ရှိပါတယ်၊ ဒီအထဲမှာ နေစရိတ်၊ စားစရိတ်၊ ခရီးစရိတ်တွေ မပါသေးပါဘူး။

ငြိမ်းချမ်းရေးကတော့ ဘယ်ဆီနေတယ် မသိသေးပါ၊ လင်းတကြီးတွေကတော့ ဝဲနေကြပါပြီ၊ စိတ်ကောင်း စေတနာကောင်းရှိသလို၊ ဂွင်ကောင်းလို့ ကပြီးဝဲနေသူတွေလဲ ဒု နဲ့ ဒေးပါ၊ ဒီ Peace လုပ်ငန်းတွေမှာ နိုင်ငံတကာမှာ လုပ်ခဲ့ဖူး ကျင်လည်ခဲ့ဘူးတဲ့ မိတ်ဆွေတစ်ဦးက ပြောဘူးပါတယ်၊ မင်းတို့ အဲဒီ Peace Industry တွေမှာ လုပ်ပြီးသွားရင် “ တောင် ”ကိုဝယ်ချင်ရင် ၀ယ်လို့ ရပါတယ်လို့ ပြောဘူးပါတယ်။

ဒါကြောင့် ငြိမ်းချမ်းရေးရဖို့အတွက် စရိတ်စက က အရမ်းကြီးပါတယ်၊ ဒါပေမယ့် ဒီ ပြည်တွင်းစစ်ထဲမှာ ပေးဆပ်နေရတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ ဘဝ၊ ကျောင်းကလူငယ်တွေ အနာဂတ်ပျောက်ခဲ့ရတဲ့ သူတွေအတွက်က တော့ ငြိမ်းချမ်းရေးဆိုတာ ပေးဆပ်ခဲ့ရတာ ချည်းပါပဲ၊ ဒါကြောင့်လည်း ငြိမ်းချမ်းရေး ဆိုတာ ဝယ်လို့ မရပါ။
မြန်မာ့ငြိမ်းချမ်းရေး ကိစ္စမှာတော့ နော်ဝေအပါအဝင် ဥရောပနိုင်ငံတွေက ဘတ်ဂျက်ငွေအများအပြား ချပေးထားတာ ဖြစ်ပါတယ်၊ သီရိလင်္ကာမှာလည်း ဒီလိုပဲ နော်ဝေက နိုင်ငံပိုင်အစိုးရငွေကို ပုံအောပြီး သုံးခဲ့ဖူးပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးကိစ္စမှာတော့ Myanmar Peace Centre က ပါဝင်ဆောင်ရွက်နေတာပါ၊ ဘာတေးလ်လစ်တနာကတော့ သူတို့ကို ဘာမှမလုပ်တဲ့ သူတွေလို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

သူတို့ဟာ အရင်စစ်အစိုးရ လက်ထက်က တတိယအုပ်စု(Third Group) လို့ နာမည် တွင်ခဲ့သူတွေပါ၊ မင်းဆရာတွေလို့ အပြောခံရ သူတွေလည်း ဖြစ်ပါတယ်။

တကယ်တော့ MPC ဆိုတာ ဦးသိန်းစိန်အစိုးရ ဒါမှမဟုတ် ငြိမ်းချမ်းရေးလုပ်ငန်းတွေ အဓိက ဦးဆောင်လုပ်ဆောင်နေတဲ့ ဝန်ကြီးဦးအောင် မင်းရဲ့ ကိုယ်စားလှယ် ရုံး ပုံစံပဲ ဖြစ်ပါတယ်။

သူတို့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းကို လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်အတွင်းမှာ တွန်းတွန်း တိုက်တိုက် လုပ်ဆောင်လာတာ တွေ့ရပါတယ်၊ အဲဒီ အတွက် ဝေဖန်ခံရသလို ချီးကျူးအားပေးတာတွေလဲ ရှိခဲ့ပါတယ်။

သူတို့အပြင် နိုင်ငံခြားသားတွေလဲ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး(Peace ) လုပ်ငန်းစဉ်မှာ ပါဝင်ကြပါတယ်။ အရင်က UNDP မှာလုပ်ခဲ့ကြတဲ့ Charles Petrie, Ashley South, Adam Cooper စတဲ့သူတွေ အများအပြား ပါဝင်ကြတာ ဖြစ်ပါ တယ်။

မြန်မာငြိမ်းချမ်းရေးစားကျက်ဟာ ပိုပြီးတော့ ကျယ်ပြန့်လာတာကြောင့် ငြိမ်းချမ်းရေး လုပ်ဆောင်ပေးချင်တဲ့ လင်းတကြီးတွေ ဝဲလာတာ တွေ့နေရပါတယ်။

အဲဒီအဖွဲ့ကတော့ MPSI လို့ခေါ်ပြီး၊ Myanmar Peace Support Initiative လို့အရှည်ကောက် ခေါ်ပါတယ်၊ အလှူရှင် နိုင်ငံတွေကတော့ နော်ဝေ၊ ဗြိတိန်၊ သြစတေးလျ နဲ့ ကုလသမဂ္ဂတို့ပဲ ဖြစ်ပြီး၊ ကမ္ဘာဘဏ်(world Bank)ပထမဆုံးအလှူငွေကတော့ အမေရိကန်ဒေါ်လာ သန်း ၃၀ ဖြစ်ပါတယ်။

နော်ဝေ ရဲ့ အခန်းကဏ္ဍ ကို ဝေဖန်သူတွေလဲ ရှိပါတယ်၊ ဘာကြောင့်ငြိမ်းချမ်းရေးမှာ ငွေတွေသုံးရသလဲ၊ ဘာကြောင့် အရင်စစ်အစိုးရ၊ အခုအစိုးရကို ထောက်ခံချင်နေတာလဲ ဆိုတာတွေပါ။

ဒါ့အပြင် နော်ဝေရဲ့ အသုံးငွေတွေက ဘယ်လောက် ပွင့်လင်းမြင်သာပြီး (transparent)၊ ဘယ်လောက်တာဝန်ခံမှု (accountable) ရှိသလဲ ဆိုတာကိုလဲ မေးခွန်းထုတ်ကြပါတယ်။

ဒီလို မေးခွန်းတွေ ထုတ်မယ့်အစား နော်ဝေက သြဇာရှိတဲ့ သတင်းစားတွေမှာ အယ်ဒီတာထံ ပေးစားမျိုးရေးပြီး ဝေဖန်မေးခွန်း ထုတ်သင့် ပါတယ်။

သူတို့ဟာ မြန်မာအစိုးရလို မဟုတ်ပဲ ပြည်သူလူထုအပေါ်မှာ တာဝန်ခံဖို့ လိုပါတယ်၊ အခွန်ထမ်းပြည်သူ(Taxpayer)တွေရဲ့ ပိုက်ဆံတွေကို သုံးနေရလို့ ဖြစ်ပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးကို ရှု့ထောင့်အမျိုးမျိုးကကြည့်ပြီး ကူညီချင်သူတွေ ပိုများလာတာ ကောင်းပါတယ်၊ စစ်တိုက်တာ ထက်စာရင် ငြိမ်းချမ်းရေးအတွက် စားပွဲပေါ်မှာ တွေ့ဆုံစကားပြော အဖြေရှာတာ ပိုကောင်းပါတယ်။

ဒါပေမယ့် ဘာတေးလ် လစ်တနာ ပြောခဲ့သလို ဒါကလဲ စီးပွားရေးလုပ်ငန်း (Peace Industry) ဖြစ်နေတာကို တွေ့ရပါတယ်။

ဒီလုပ်ငန်းမှာ အဓိက ကြီးကြပ်ပါဝင်ရသူတွေ ရတဲ့ လစာ၊ အကြံပေးခ(consultant fee ) ၊ ခရီးစရိတ်၊ နစ်နာကြေး စတာတွေဟာ အတော်ကိုကြီးမားတဲ့ ဘတ်ဂျက် တွေပါ။

အဲဒီသူတွေ တယောက်ချင်းစီရတဲ့ လစာကိုသိရင် ခင်ဗျားအရမ်း စိတ်ဓာတ်ကျသွားမယ် မသိချင်ပါနဲ့လို့ အတွင်းသိ မိတ်ဆွေတဦးက ပြောဘူးပါတယ်။

သူတို့ရတဲ့ အကျိုးအမြတ်ဟာ ဒေါ်လာသောင်း ဂဏာန်းဝန်းကျင် ရှိပါတယ်၊ ဒီအထဲမှာ နေစရိတ်၊ စားစရိတ်၊ ခရီးစရိတ်တွေ မပါသေးပါဘူး။

ငြိမ်းချမ်းရေးကတော့ ဘယ်ဆီနေတယ် မသိသေးပါ၊ လင်းတကြီးတွေကတော့ ဝဲနေကြပါပြီ၊ စိတ်ကောင်း စေတနာကောင်းရှိသလို၊ ဂွင်ကောင်းလို့ ကပြီးဝဲနေသူတွေလဲ ဒု နဲ့ ဒေးပါ၊ ဒီ Peace လုပ်ငန်းတွေမှာ နိုင်ငံတကာမှာ လုပ်ခဲ့ဖူး ကျင်လည်ခဲ့ဘူးတဲ့ မိတ်ဆွေတစ်ဦးက ပြောဘူးပါတယ်၊ မင်းတို့ အဲဒီ Peace Industry တွေမှာ လုပ်ပြီးသွားရင် “ တောင် ”ကိုဝယ်ချင်ရင် ၀ယ်လို့ ရပါတယ်လို့ ပြောဘူးပါတယ်။

ဒါကြောင့် ငြိမ်းချမ်းရေးရဖို့အတွက် စရိတ်စက က အရမ်းကြီးပါတယ်၊ ဒါပေမယ့် ဒီ ပြည်တွင်းစစ်ထဲမှာ ပေးဆပ်နေရတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ ဘဝ၊ ကျောင်းကလူငယ်တွေ အနာဂတ်ပျောက်ခဲ့ရတဲ့ သူတွေအတွက်က တော့ ငြိမ်းချမ်းရေးဆိုတာ ပေးဆပ်ခဲ့ရတာ ချည်းပါပဲ၊ ဒါကြောင့်လည်း ငြိမ်းချမ်းရေး ဆိုတာ ဝယ်လို့ မရပါ။
http://burma.irrawaddy.org/opinion/viewpoint/2014/03/26/56746.html

မြန်မာ့ တပ်မတော် ဘာတွေ ပြောင်းသွားခဲ့သလဲ

ရဲနည်

မြန်မာ့တပ်မတော်ဟာ ပြုပြင်ပြောင်းလဲရေးနဲ့ ခေတ်မီစေရေးတွေကို ပြုလုပ်ခဲ့တယ်။ ဒါပေမယ့် အတိတ်ရဲ့ အရိပ်ဆိုးအောက်က ရုန်းထွက်ဖို့ပိုပြီး အဆင့်မီစေရေးနဲ့ အစွမ်းထက်တဲ့ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဖြစ်လာစေရေး စိန်ခေါ်ချက် အမြောက်အမြား ကျန်ရှိနေသေးတယ်လို့ စစ်ဘက်ဆိုင်ရာ Jane’s Defence Weekly မဂ္ဂဇင်းက မကြာခင်ကတင် ရေးသားထုတ်ပြန်ခဲ့ပါတယ်။

တိုနီဒေးဗစ်ရေးတဲ့ ‘Briefing Hostage to History’ သမိုင်းကို ပြန်ပေးဆွဲသလား အကျဉ်းချုပ် သုံးသပ်ချက်မှာ ၁၉၆၂ ကနေ ၂၀၁၀ ထိ မြန်မာ့ နိုင်ငံရေးကို ကြိုးဆွဲခဲ့ပြီး တကိုယ်တော်ကြဲနေခဲ့တဲ့ တပ်မတော်ဟာ ပိုပြီး အဆင့်မီလာစေရေးနဲ့ နိုင်ငံတကာ စင်မြင့်မှာ နေရာပြန်ရလာစေရေး တကယ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စိန်ခေါ်ချက်ကတော့ ထောင့်ပေါင်းစုံက စောင့်နေပါတယ်တဲ့။

ပထမဆုံးပြောရရင် မြန်မာ့တပ်မတော်ဟာ ဒေသတွင်းက အခြား ဘယ်တပ်မတော်ထက်မဆို ပိုရှုပ်ထွေးစွာ ဖွဲ့တည်နေပြီး လုံခြုံရေးစနစ်လည်း ပိုလိုနေတယ်တဲ့။ အိမ်နီးချင်းတွေနဲ့ ခပ်ခွာခွာ နေခြင်းနဲ့ အဲဒီလို ခွာနေတဲ့အတွက် တကယ့်ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ရာမှာ ပိုစွမ်းဆောင်ရည်မြင့်တဲ့ တပ်ဖြစ်ဖို့လိုနေတယ်လို့ ဆောင်းပါးရှင်က ထောက်ပြတယ်။

အရပ်သားအသွင်ဆောင် ဦးသိန်းစိန် အစိုးရ လက်ထက် နိုင်ငံရေးကနေ သတိတကြီး တပ်က ဆုတ်ခွာနေတာဟာ တရုတ်ကို သံတမန်ရေးနဲ့ စီးပွားရေး အရ မှီခိုနေမှုကနေ ဖယ်ခွာလာပြီး မြန်မာနိုင်ငံရဲ့ မဟာဗျူဟာမြောက် လုံခြုံရေးနဲ့ နိုင်ငံ့စီးပွား ဖွံ့ဖြိုး ကြီးထွားရေးမှာ အခြား ကျန်ကမ္ဘာ့နိုင်ငံတွေအတွက် တံခါးဖွင့်တာကို မျက်မှောက်ပြုနေကြောင်း ရောင်ပြန်ဟပ်တာတဲ့။

တချိန်တည်းမှာ နာမည်ဆိုးကနေ နာလန်ပြန်ထပြီး အစွမ်းထက်တဲ့ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့အဖြစ် ပြန်တည်ဆောက်လိုတဲ့ ဆန္ဒလည်း အမှန်တကယ်ရှိတယ်လို့ ဆိုပါတယ်။ ဆောင်းပါးရှင်က သူ့အဆိုကို မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ၁၀ နှစ် ကျော်ဆက်ဆံနေခဲ့တဲ့ အနောက်နိုင်ငံသားတယောက်ရဲ့ ပြောဆိုချက်နဲ့ ကိုးကားပါတယ်။ “သူတို့ဟာ အဆင့်တန်းရှိတဲ့ စစ်သားတွေ၊ သူတို့ဟာ အလေးစားခံချင်ပြီး မြန်မာ့တပ်မတော်ကို အဆင့်တန်းမီတဲ့ တပ်မတော်အဖြစ်လက်ခံစေလိုကြတယ်။ အခုအချိန် မှာ သူတို့ဆုံးဖြတ်ချက် အားလုံးဟာ အဆင့်အတန်း ရှိရေးပဲ’”လို့ ဆိုပါတယ်။

ဒီဖြစ်ထွန်းမှုမှာ အရေးကြီးတဲ့အချက်က နိုင်ငံတကာ ဆက်ဆံရေးအသစ်တွေ တည်ထောင်လာမှုမှာ အဆင်သင့်ဖြစ်နေခြင်းလို့ ဆောင်းပါးရှင်က ရေးတယ်။ မြန်မာ့တပ်မတော် (ရေ) ဟာ ဒီကိစ္စမှာ ရှေ့တန်းကဖြစ်ပြီး ဒေသတွင်း သင်္ဘောဆိပ်တွေကို လည်ပတ်တာ၊ နိုင်ငံတကာ စစ်ရေးလေ့ကျင့်မှုတွေမှာ ပါဝင်တာ၊ အိန္ဒိယရေတပ်နဲ့ ပိုပြီး ဆက်ဆံရေး တိုး လာတာတွေအပြင် ဒီနှစ် ဇန်နဝါရီလမှာ ၁၉၅၉ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဩစတြေးလျ စစ်သင်္ဘော မြန်မာဆိပ်ကမ်းမှာ လာဆိုက်ခဲ့တာတွေဟာ သက်သေပဲလို့ ဆိုပါတယ်။

အခုဆို အနောက်နိုင်ငံတွေနဲ့ စစ်တပ်အချင်း ချင်း ဆက်ဆံရေးတွေ ပိုဖြစ်ထွန်းလာပါတယ်။ အမေရိကန်၊ ဗြိတိသျှနဲ့ ဩစတြေးလျက စစ်ဘက်သံတမန် တွေရန်ကုန်မှာ ရုံးလာထိုင်ပါပြီ။ လူ့အခွင့်အရေး သမားတွေက ဝေဖန်နေပေမယ့် အဲ့ဒီ သုံးနိုင်ငံစလုံး မြန်မာ့တပ်မတော် အရာရှိတွေကို သင်တန်းတွေ ပေးနေပါပြီ။ ဒါပေမယ့် သင်တန်းတွေဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေစံနှုန်းတွေဖြစ်ပြီး တိုက်ပွဲစွမ်းရည် မြှင့်တင်မှုတွေ မဟုတ်ပါဘူး။ ဆောင်းပါးမှာ အနောက်တိုင်း စစ်တပ်ဆိုင်ရာ အရာရှိတဦးက “ကျနော်တို့မှာ မကျော်ရတဲ့ စည်းအနီမျဉ်း နှစ်ကြောင်းရှိတယ်။ လက်နက်ရောင်းချရေးနဲ့ တိုက်ပွဲစွမ်းရည် မြှင့်တင်ရေးတို့ပါ” လို့ ဆိုတယ်။

၂၀၁၁ နောက်ပိုင်း နိုင်ငံရေးနဲ့ စီးပွားရေး ထိန်းချုပ်မှုများ ဖြေလျော့ရေးကြောင့် လူမျိုးရေး၊ ဘာသာရေးတင်းမာမှုနဲ့ နိုင်ငံရေးတင်းမာမှုတွေ ပျံ့နှံ့လာခဲ့မှုကြောင့် မြို့ပြအုပ်ချုပ်ရေးမှာ အင်အားနဲ့ လေ့ကျင့်သင်ကြားမှု မလုံလောက်တဲ့ ရဲတပ်ဖွဲ့ကို အကူအညီပေးကြဖို့ မြန်မာ့တပ်မတော်က အဖန်ဖန် တောင်းဆိုခဲ့တယ်လို့လည်း ဆိုတယ်။ မကြာခင်ကလည်း စည်းကမ်းမဲ့ လူအုပ်ကို ဘယ်လိုထိန်းချုပ်ရမလဲ ဆိုတာတွေကို သင်တန်းပေးသွားပါသေးတယ်။

လူ့အခွင့်အရေး ရှုထောင့်အရလည်း ကောင်းတဲ့ခြေလှမ်းတွေ ရှိခဲ့တယ်။ ၂၀၁၂ ခုနှစ် ဇွန်လမှာ ကုလသမဂ္ဂနဲ့ သဘောတူညီချက်အရ ကလေးစစ်သားကိစ္စကို မြန်မာ့တပ်မတော်က အသိအမှတ်ပြု လက်ခံပြီး ထုတ်ဖော်လာခဲ့တယ်။ အသက် ၁၈ နှစ် အောက် ကလေးတွေကို လက်မခံဘူးလို့ လူသိရှင်ကြား ထုတ်ပြောလာပြီး တပ်သားငယ် ၂၇၂ ဦးကိုလည်း မိဘဆီ ပြန်အပ်ခဲ့ပါတယ်။

ဒါပေမယ့် ပုံမှန်တပ်မတော် ပြန်ဖြစ်ရေးက ကြာပါဦးမယ်။ အင်အားကြီးပြီး လေးစားသမှုပြုရမယ့် အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ဖြစ်ဖို့က တပ်မတော်ရဲ့နေ့စဉ်အရှိတရားက အတိတ်ကနဲ့ သိပ်မကွာခြားဘဲ ရှိနေသေးတယ်။ နိုင်ငံရဲ့ အရှေ့၊ အရှေ့မြောက်နဲ့ မြောက်ဘက်တွေက တိုင်းရင်းသား နယ်မြေတွေမှာ မြန်မာ့တပ်မတော်ဟာ လက်နက်ကိုင် ပဋိပက္ခကြား တဝဲလည်လည် ဖြစ်နေဆဲလို့ ဆောင်းပါးရှင်က ထောက်ပြထားတယ်။

အထူးသဖြင့် ကချင်စစ်ပွဲဟာ တပ်မတော်ရဲ့ မူဝါဒ၊ ထောက်ပို့နဲ့ စစ်ဆင်ရေးမှာ မပြည့်ဝမှုတွေကို ဖော်ပြနေတယ်လို့ ဆိုတယ်။ တချိန်တည်းမှာ လူ့ အခွင့်အရေး ရှုထောင့်ကဆို အရပ်သားတွေစစ်ပြေး ရတာတွေ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု အစီရင်ခံချက်တွေက တပ်မတော်ရဲ့ ပြုပြင် ပြောင်းလဲရေး ကြိုးပမ်းချက်တွေကို ပြန်ဖျက်ဆီးနေသလိုပါတဲ့။

ပွင့်လင်းမြင်သာမှုမရှိတဲ့ တပ်မတော်ရဲ့ အဖွဲ့ အစည်းဆိုင်ရာ စီးပွားရေး အကျိုးစီးပွားရော၊ ပုဂ္ဂလိက တဦးချင်းဆိုင်ရာ စီးပွားရေး အကျိုးစီးပွားတွေကလည်း စွမ်းဆောင်ရည်မြင့်တဲ့ တပ်ဖြစ်ထွန်းရေးကို ဖျက်ဆီးပစ်နေတယ်လို့လည်း ဆိုပါတယ်။

တိုင်းပြည်စီးပွားရေးမှာ တပ်မတော်ဟာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထဲထဲဝင်ဝင် ပါဝင် ပတ်သက်နေတယ်။ အထူးသဖြင့် ဦးပိုင်နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းဟာ နိုင်ငံစီးပွားရေးရဲ့ ကဏ္ဍအားလုံးမှာ ပါဝင်နေပြီး လွှတ်တော်ထဲ မေးမြန်း ဆွေးနွေး ရှင်းလင်းမှုကိုလည်း မခံရဘူးလို့ထောက်ပြ ဝေဖန်ပါတယ်။ တကယ်လည်း ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းကြီးတွေဟာ စစ်တပ်က ကျောထောက် နောက်ခံ ပြုပေးထားသူကိုသာ မှီခိုနေရတာပါ။ အဲဒီ လူတွေဟာ သူတို့ရဲ့ ဩဇာနဲ့ ငွေတွေကို လူထုကောင်းကျိုး ပြန်သုံးစွဲမှုလည်း မရှိကြပါဘူး။

တပ်မတော်အနေနဲ့ အကျိုးအမြတ်များစွာရနေတဲ့ ဒီစီးပွားရေး ကွန်ရက်ထဲက ရုန်းထွက်နိုင်ဖို့ ဘယ်လောက်မြန်ပြီး ဘယ်လိုထိရောက်မယ်ဆိုတာ တွက်ချက်နိုင်ရေး အင်မတန်ခက်ခဲပါတယ်။ လုပ်ငန်းစဉ်က ထင်ထားတာထက် ပိုကြာဖွယ်ရှိပြီး စနစ်တကျ ရွေးချယ် တွက်ချက်မယ့်ကိန်း မြင်ပါတယ်။ ဒီထက်ပိုပြီး ‘မြန်မာ့နွေဦး’ အပြောင်းအလဲကို လို လားတဲ့ စစ်ဗိုလ်ချုပ်တွေ ၂၀ဝ၈ ဖွဲ့စည်းပုံ ပြုပြင်ရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ပိုလိုချင်နေတဲ့ တိုင်းရင်းသား လူနည်းစုရေးရာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဘယ်လောက်ပြင်ဆင်ထားသလဲဆိုတာ မရှင်းလင်းလှသေးပါဘူး။

ဒီတောင်းဆိုချက်တွေဟာ မြန်မာ့နိုင်ငံရေးကနေ ရှောင်လွှဲမရနိုင်သလို တပ်မတော်ရဲ့အရိုးစွဲနေတဲ့ ‘တိုင်းပြည်မပြိုကွဲရေး’ ဆိုတဲ့ တို့တာဝန် အရေးကိုလည်း စိန်ခေါ်နေသလို ဖြစ်တယ်လို့ ဆောင်းပါးက ရေးသားထားပါတယ်။

တပ်မတော် (ကြည်း)

၂၀၁၄ ခုနှစ် အစိုးရဘတ်ဂျက်နဲ့ ၁၄ ရာခိုင် နှုန်းဖြစ်တဲ့ မြန်မာကျပ်ငွေ ၂ ဒသမ ၃၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၉ ဘီလီယံ) ကို သုံး စွဲခွင့်ရထားတယ်။

မြန်မာ့တပ်မတော်ဟာ တိုင်း ၁၃ တိုင်းနဲ့ ဗျူ ဟာ ၂၁ ခုအောက်မှာ တပ်ရင်း ၁၀ ရင်းစီပါတဲ့ ခြေမြန်တပ်မ ၁၀ ခုနဲ့ ဖွဲ့စည်းထားတယ်။ ၁၉၈၈ မှာ တပ်သားဦးရေ ၁ သိန်း ၈ သောင်း ၄ ထောင်ရှိခဲ့ရာက ဒီနေ့ ၃ သိန်းလောက်ရှိမယ်လို့ အကြမ်းဖျင်းဆိုလို့ရမယ်။ ၁၉၉၀ လောက်ကစပြီး ခေတ်မီ တပ်မတော် ဖြစ်စေရေး လက်နက်ကြီးနဲ့ သံချပ်ကာကားတွေ ဝယ်ဖြည့်တယ်။ စစချင်း တရုတ်ကိုပဲ အားကိုးတယ်။

အပေါ့စားတင့်ကားတွေ ဝယ်တယ်။ ၂၀ဝ၀ ပြည့်နှစ်တွေကျတော့ နိုင်ငံခြားနည်းပညာကို အခြေခံပြီး ကိုယ့်ဘာသာကိုယ်ထွင်တယ်၊ တပ်ဆင်တယ်။ ယူကရိန်းထုတ် T-72 တိုက်ပွဲဝင် တင့်ကားတွေဝယ် တယ်။ BTR-3U အပေါ့စား သံချပ်ကာကား ထုတ်နိုင်အောင်လည်း လုပ်တယ်။ မကြာသေးခင်က တရုတ်ထုတ် လောင်ချာဒုံးတင် ဘီးတပ်သံချပ်ကာကားတွေ 92 WMZ 551 နဲ့ PTC-02 တွေ ဝယ်တယ်။ အဲဒါတွေ ၂၀၁၃ တပ်မတော်နေ့မှာ ထုတ်ပြခဲ့တယ်။

အမြောက်ကြီးတွေ၊ လောင်ချာဒုံးတွေ တရုတ်နဲ့ မြောက်ကိုရီးယားကဝယ်တယ်။ ၁၅၅ မမ အမြောက် ကြီးတွေကို အစ္စရေး၊ ဆာဘီးယားနဲ့ တရုတ်ကဝယ်တယ်။ ၂၀ဝ၀ ပြည့်နှစ်တွေမှာ လေကြောင်းကာကွယ်ရေး စနစ်တွေကို တိုးမြှင့်တယ်။ ၂၀၁၀ မှာ ရေဒါ စနစ်နဲ့ ထိန်းချုပ်ထားပြီး ရွှေ့ပြောင်းနိုင်တဲ့ လေကြောင်း ကာကွယ်ရေး ဒုံးစနစ်တွေ ထပ်ဝယ်တယ်။ အဲဒီစနစ်ကို ရုရှားက အများစုဝယ်တယ်။ အခု လေကြောင်း ကာကွယ်ရေးမှာ မြန်မာပြည်ကထုတ်တဲ့ ဂျစ်ကားပေါ်မှာ ပခုံးထမ်းပစ်နိုင်တဲ့ လောင်ချာစနစ်ကို တပ်ဆင်ထားတဲ့ သံချပ်ကာကား၊ ရွှေ့ပြောင်းနိုင်တဲ့ အဆင့်မြင့် ရေဒါစနစ်တင် သံချပ်ကာကား၊ ရေဒါစနစ်နဲ့ပစ်တဲ့ လေယာဉ်ပစ် ဒုံးတင်သံချပ်ကာကား၊ အမြင့်ပေ အဝေးကြီးအထိ ထောက်လှမ်းပစ်ခတ်နိုင်တဲ့ ရေဒါပဲ့ကိုင် ဒုံးစနစ်တင် သံချပ်ကာယာဉ်တွေကို ဝယ်ယူတပ်ဆင်ပြီးဖြစ်တယ်။

တပ်မ (၉၉) အခြေစိုက်ရာ မိတ္ထီလာတဝိုက်မှာ လုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ အခြားတပ်မတော်တွေကို အားကျစေတယ်။ ၂၀၁၂ မတ်လနဲ့ ၂၀၁၄ ဖေဖော်ဝါရီမှာလုပ်တဲ့ တပ်မတော် (ကြည်း)နဲ့(လေ) ပူးပေါင်းစစ်ရေး လေ့ကျင့်မှုမှာတပ်မတော်ရဲ့ ပစ်ခတ်နိုင်စွမ်းအားကို ထုတ်ပြတယ်။ သံချပ်ကာယာဉ်တွေ၊ တိုက်ပွဲဝင်တင့်ကား တွေ၊ တာတိုနဲ့ တာဝေးပစ် အမြောက်ကြီးတွေ၊ လောင်ချာဒုံးတွေ၊ အနိမ့်ပျံ ရဟတ်ယာဉ်တွေနဲ့ MIG 29 တိုက်လေယာဉ်တွေ ပါဝင်တယ်။ ဒီစစ်ဆင်ရေးတွေက မြန်မာ့တပ်မတော်ဟာ ခေတ်မီတပ်မတော်တခုလို့ ပြည်တွင်း ပြည်ပက ပရိသတ်တွေ မြင်လာစေချင်တဲ့ ဆန္ဒကို ထင်ဟပ်တယ်လို့ ဆောင်းပါးရှင်က ဆိုတယ်။

ဒါပေမယ့် မြန်မာ့တပ်မတော်ရဲ့ နေ့စဉ်ဘဝတွေကတော့ မိတ္ထီလာ စစ်ရေးလေ့ကျင့်မှုနဲ့ အပုံကြီး ကွာခြားနေဆဲပါ။ နှစ် ၂၀ ကျော် အပစ်အခတ် ရပ်စဲရေးနဲ့ အရာရှိတွေအကြား စီးပွားရေးလုပ်ကိုင်မှုတွေ များပြားလာနေတာတွေဟာ တပ်မတော်ရဲ့ စွမ်းရည်မြှင့်တင်ရေး၊ စိတ်ဓာတ်နဲ့ စွမ်းဆောင်ရည်တွေကို ကျဆင်းစေတယ်လို့ စစ်ရေးသုံးသပ်သူတွေက ဆိုတယ်။ တပ်တွင်းအစီရင်ခံချက်တွေအရ တပ်ရင်းတပ်ဖွဲ့ဝင် ၈၂၆ ယောက် စာရင်းရှိရာမှာ တကယ် အလုပ်ဖြစ်သူက ၂၅၀ နဲ့ ၃၀ဝ လောက်ပဲရှိတယ်လို့ သိရပါတယ်။

ကချင်စစ်ပွဲဟာ တပ်မတော် (ကြည်း)နဲ့ (လေ) ပူးပေါင်းစစ်ဆင်ရေးဖြစ်တယ်။ ၂၀၁၂ ဒီဇင်ဘာနဲ့ ၂၀၁၃ ဇန်နဝါရီလအတွင်း လုပ်ခဲ့တဲ့ ကေအိုင်အေရဲ့ ဗဟိုဌာနချုပ် လိုင်ဇာကို ထိုးစစ်ဆင်မှုဟာ မြန်မာ့တပ်မတော်ရဲ့ အကြီးဆုံး စစ်ဆင်ရေးထဲက တခုလည်းဖြစ်တယ်။ ၂၀၁၂ နှစ် လယ်ကစပြီး ကချင် ပြည်နယ်မှာ တပ်တွေ တိုးချဲ့ထားခဲ့တာ တပ်ရင်း ၅ ရင်းထိရှိလာပြီး ဗန်းမော်ကနေ ဗျူဟာထိုင်ပါတယ်။ ဒီစစ်ရေးတိုးချဲ့မှုမှာ အရင်လိုပဲ ကားလမ်း၊ ရထားလမ်းနဲ့ မြစ်တွေပေါ် မူတည်ပြီး ထောက်ပို့နေ ရဆဲ ဖြစ်တာမို့ တခြား ခေတ်မီတပ်မတော်တွေလို လေကြောင်းထောက်ပို့မှု မလုပ်နိုင်ဘူးဆိုတာ သက်သေပြသလိုလည်း ဖြစ်ခဲ့တယ်။

လိုင်ဇာကို စစ်ချီရာမှာ လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးတွေကို အသုံးပြုပြီး လိုင်ဇာအနီး ဖြတ်စီးနေတဲ့ တိုင်ပင်မြစ်ဝှမ်းကို ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်ခဲ့တယ်။ လိုင်ဇာကို ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ပေးရတဲ့ အရင်းအနှီးကြီးတယ်။ ကေအိုင်အေကို ကိုးကားပြီး ဆောင်းပါးက ရေးတာက တပ်မတော် (လေ) က Mi-35 ‘Hind’ ရဟတ်ယာဉ်ရဲ့ ပစ်ကူနဲ့ K-8 Karakoram အပေါ့စား ဂျက်တိုက်လေယာဉ်ရဲ့ ပစ်ကူတွေဟာ သိပ်ပြီး မထိရောက်ဘူးတဲ့။ တပ်မတော်လိုလားတဲ့ ဘလော့ဂ်တခုရဲ့ စာရင်းတွေအရ ၂၀၁၁ ဇွန်လကနေ ၂၀၁၂ ဒီဇင်ဘာလကုန်ထိ ကျဆုံးတပ်သားဦးရေ ၅၀ဝ၀ ရှိတယ်လို့ သိရတယ်။

လိုင်ဇာစစ်ဆင်ရေးဟာ တပ်မတော် အရာရှိကြီးတွေထဲမှာ ကုန်ခဲ့ပြီးနှစ် ၂၀-၃၀ တွင်းကလို စစ်ဆင်ရေးကြီးတွေကို ဆက်ဆင်နွှဲချင်နေတဲ့ ဆန္ဒရှိ နေဆဲပဲလို့ သက်သေထူတာလည်း ဖြစ်တယ်။ ဒါပေမယ့် လိုင်ဇာစစ်ဆင်ရေးဟာ မြန်မာ့တပ်မတော် ဘယ်အတိုင်းအတာထိပဲ စွမ်းဆောင်နိုင်တယ် ဆိုတာကိုလည်း ဖော်ပြတာဖြစ်တယ်။

ကေအိုင်အေထက် အင်အား ၂ ဆကျော် ပိုကြီးပြီး လက်နက်အင်အားနဲ့ လေ့ကျင့်ရေး ပိုမို သာလွန်တဲ့ UWSA ‘ဝ’ တပ်ဖွဲ့တွေနဲ့သာ ရင်ဆိုင်ရရင် တပ်မတော်ရဲ့ လက်ရှိစွမ်းရည်နဲ့ မလွယ်ဘူး။ ဒီလိုအနေအထားကြောင့် အစိုးရက လိုလားနေတဲ့ အပစ်အခတ်ရပ်စဲရေးကို တပ်က ပိုထောက်ခံနိုင်ပြီး တချိန်တည်းမှာ လက်နက်ကိုင်တွေနဲ့ စီးပွားရေးနဲ့ ဝင်ငွေရလမ်းတွေကို ထိန်းချုပ်ရေး ပိုကြိုးစားမယ့်ပုံပါ။

တပ်မတော် (လေ)

မြန်မာ့တပ်မတော် (လေ)မှာ တပ်ဖွဲ့အင်အား ၂ သောင်း ၃ ထောင်ရှိပြီး ၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်း ခေတ်မီစေရေး အရှိန်အဟုန် မြှင့်တယ်။ ရုရှားလုပ် MiG-29 ‘Fulcrum’ တွေ သက်သေရှိတယ်။ ၂၀၁၀ မှာ လက်နက်ကိုင် သူပုန်တွေကို နှိမ်နင်းဖို့ ရုရှားရဟတ်ယာဉ် Mi-35 ‘Hind’ ၅၀ ထပ်ဝယ်တယ်။ K-8 ‘Karakorum’ အပေါ့စား ဂျက်တိုက် လေယာဉ် အစီး ၅၀ လည်း ထပ်ဝယ်တယ်။ ဒါတွေ က UWSA အပါအဝင် နယ်ခြားက တိုင်းရင်းသား လက်နက်ကိုင်တွေကို တိုက်ရိုက်ခြိမ်းခြောက်တာဖြစ်တယ်။

ဒီလို ရဟတ်ယာဉ်တွေရော၊ တိုက်လေယာဉ်တွေကို ဝယ်ယူအားဖြည့်ထားပေမယ့် လေယာဉ်မှူးတွေရဲ့ ပျံသန်းမှု အတွေ့အကြုံနည်းတာ၊ ထိန်းသိမ်း ပြုပြင်ရေး အားနည်းတာ၊ မြေပြင်က ဝေဟင်ချိတ်ဆက်ရေး နည်းပညာ နောက်ကျနေတာကြောင့် တပ်မတော်(လေ)ရဲ့ စွမ်းရည်က သံသယရှိစရာ ဖြစ်နေဆဲပါ။ လိုင်ဇာတိုက်ပွဲမှာ တပ်မတော်-လေရဲ့ ရဟတ်တွေ၊ လေယာဉ်တွေက ပစ်ကူပေးတာတွေကို အင်တာနက်စာမျက်နှာတွေပေါ်မှာ မြင်ခဲ့ကြရတယ်။ ပစ်ခတ်မှုတွေက သိပ်မထိရောက်သလို ရဟတ်ယာဉ် ၂ စီးနဲ့ လေယာဉ် ၁ စီး အနည်းဆုံး ပစ်ချခံထိခဲ့ (ဒါမှမဟုတ်) စက်ပိုင်းဆိုင်ရာ ချို့ယွင်းခဲ့တယ်လို့ ဆောင်းပါးက ဆိုတယ်။

တပ်မတော် (လေ) ရဲ့ အစွမ်းမထက်မှုဟာ အနာဂတ်မှာလည်း ကြုံတွေ့နေရဦးမှာဖြစ်တယ်။ အားနည်းချက် နှစ်ခုထဲမှာ တခုက လေကြောင်း ထောက်ပို့စွမ်းရည်ဖြစ်ပြီး နောက်တခုက ရေပိုင်နက် စုံစမ်းထောက်လှမ်းမှု ဖြစ်တယ်။ လေကြောင်း ထောက်ပို့မှာ အရင်က F-27 ဖော်ကာဖရင်းရှစ် လေယာဉ်တွေနဲ့ တရုတ်လုပ် အင်ဂျင်လေးလုံးပါ SACY-8 လေယာဉ် ၄ စီးကို သုံးတယ်။ ရုရှားလုပ် An-148 နှစ်စီး ထပ်ဝယ်ဖို့ လုပ်နေတုန်း ၂၀၁၁ ခုနှစ်မှာ မြန်မာ့တပ်မတော်လေက အရာရှိ ၂ ဦး ပါဝင်တဲ့ လေယာဉ်အစမ်းပျံသန်းရာမှာ ပျက်ကျခဲ့မှု ကြောင့် အစီအစဉ် ရပ်ဆိုင်းသွားတယ်။

မြန်မာ့ကမ်းလွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းနဲ့ ငါးဖမ်းလုပ်ငန်းကို ကာကွယ်ဖို့ မြန်မာ့တပ်မတော် (လေ) ရဲ့ ရေပိုင်နက် လေ့လာစုံစမ်းရေးက အရေးကြီးတယ်။ အဲဒီအတွက် ၂၀ဝ၆-ဝ၇ မှာ အိန္ဒိယလေတပ်က အိုမင်းနေတဲ့ BN-2 လေယာဉ် ၄ စင်း စဝယ်တယ်။ အင်ဒိုနီးရှားနဲ့ စပိန် ပေါင်းလုပ်တဲ့ CN-235 လေယာဉ်တစင်း ထပ်ဝယ်ဖို့ ရှိတယ်။ CN-235 ဟာအင်ဒိုနီးရှား၊ ထိုင်းနဲ့ မလေးရှား လေတပ်တွေက သုံးသလို ဘရူနိုင်းကလည်း ဝယ်ဖို့လုပ်နေပါတယ်။

တပ်မတော် (ရေ)

ကြီးထွားလာနေတဲ့ ကမ်းလွန် စွမ်းအင်ထုတ်လုပ်မှု လုပ်ငန်းတွေနဲ့ ငါးဖမ်းလုပ်ငန်းတွေကို ကာကွယ်ပေးဖို့ ဒီနှစ်ပိုင်းတွေမှာ မြန်မာ့တပ်မတော် (ရေ)ဟာ သိသိသာသာ ကြီးထွားလာခဲ့ပြီး ရေပြာပင်လယ်ထဲမှာ တကယ်စွမ်းဆောင်နိုင်တဲ့ အခြေအနေအထိ အလျင်အမြန် တိုးတက်လာခဲ့တယ်။ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးတက်လာတာ၊ ၁၆ နိုင်ငံ ရေတပ်သင်္ဘောတွေပါဝင်ပြီး အိန္ဒိယက ကြီးမှူးတဲ့ တနှစ် ၂ ကြိမ်လုပ်တဲ့ ‘Milan’ စစ်ရေး လေ့ကျင့်မှုမှာ မြန်မာဖရီးဂိတ်စစ်သင်္ဘော ပါဝင်တာတွေက မြန်မာ့တပ်မတော် (ရေ) အနေနဲ့ သံတမန်ဆက်ဆံရေး တိုးတက်လာမှုတွေပါ။

၂၀၁၀ ခုနှစ် ဘင်္ဂလားဒေ့ရှ်နဲ့ ရေပိုင်နက် အငြင်းပွားမှုဖြစ်တော့တပ်မတော် (ရေ) ဟာ ဂျင်ဟူး အမျိုးအစား Type 053 ဖရီးဂိတ် သင်္ဘောနှစ်စီး ဝယ်တယ်။ ဒါ့အပြင် ကိုယ်ပိုင်ဖရီးဂိတ်သင်္ဘောတွေ တည်ဆောက်တယ်။ ၂၀၁၁ မှာ အောင်ဇေယျ ဖရီးဂိတ် စစ်သင်္ဘော တာဝန် စထမ်းဆောင်တယ်။ ကျန် စစ်သားသင်္ဘော ရေချပြီးပြီ။ တတိယမြောက် သင်္ဘောကို သီလဝါမှာရှိတဲ့ ရေတပ်စခန်းမှာ တည်ဆောက်ဆဲဖြစ်တယ်။

ဖရီးဂိတ်သင်္ဘော ၆ စီးအထိ တည်ဆောက် မယ်လို့ ရည်မှန်းချက်ရှိတယ်။ ရေငုပ်သင်္ဘောအတွက် ပြင်ဆင်စီစဉ်မှုတွေလည်း ကြားရတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်မှာ မြန်မာ့တပ်မတော် (ရေ)အရာရှိတွေ သင်တန်းတက်ခဲ့ကြတယ်လို့ သတင်း တွေထွက်ခဲ့တယ်။၂၀၁၉ မှာ ဘင်္ဂလားဒေ့ရှ်က Ming-class O35G ရေငုပ်သင်္ဘော ၂ စင်း ဝယ်မယ့် ကိစ္စဟာ မြန်မာ့တပ်မတော် (ရေ)ကို ပိုပြီး နေမထိ ထိုင်မသာ ဖြစ်စေတယ်။ Jane’s Defence Weekly ရဲ့ အဆို တပ်မတော် (ရေ) ဟာ ရုရှားလုပ် ရေငုပ်သင်္ဘောတွေကို ဝယ်ဖို့ စိတ်ဝင်စားနေကြောင်း သိရတယ်။
http://burma.irrawaddy.org/article/2014/03/26/56766.html

Tuesday, March 25, 2014

Shot Me Down

အပျင်းပြေလေးပေါ့...



Type the rest of your post here.

Monday, March 24, 2014

KNU ခေါင်းဆောင်များ၏ အရေးပေါ်အစည်းအဝေး

မတ်လ - ၂၄ -၂၀၁၄

သတင်း-မန်းမျိုးမြင့်(မီဒီယာ)

လက်ရှိနိုင်ငံရေးအခြေအနေများကို သုံးသပ်ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် KNU ဗဟိုအမြဲတမ်းကော်မတီ ၄၈ ဦး၏ အရေးပေါ်အစည်းအဝေးကို ယနေ့နံနက်ကစတင်ကာ KNU လက်အောက်ခံ ဘားအံခရိုင်ရှိ လေးဝါးစခန်းတွင် စတင်ကျင်းပလျှက်ရှိသည်။

KNU ဥက္ကဌအပါအ၀င် ဗဟိုအမြဲတမ်းကော်မတီဝင်များ စုံညီစွာတက်ရောက်နေသည့် အရေးပေါ်အစည်းအဝေးတွင် အစိုးရနှင့်လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အဓိကဆွေးနွေးကြမည်ဖြစ်ပြီး အနည်းဆုံး ၃ ရက်မှ ၅ ရက်ခန့်ကြာမြင့်မည်ဟု ဗဟိုကော်မတီဝင်တဦးကပြောသည်။

၎င်းအပြင် KNU ဒေသများအတွင်း သန်းခေါင်စာရင်း ကောက်ခံမှုနှင့်ပတ်သက်၍ ၀ိဝါဒကွဲပြားနေမှုများကိုလည်း ထည့်သွင်းဆွေးနွေးကြမည်ဟုသိရသည်။


ဘင်္ဂလီအရေး လမ်းညွှန်

ဆောင်းပါး - အဂ္ဂ

န၀တ ဥက္ကဌဗိုလ်ချုပ်ကြီးစောမောင် (၁၉၈၉) ဇူလိုင် (၅)ရက် (၃)နာရီကြာရုပ်မြင်သံကြားမိန့် ခွန်းမှာ သန်းခေါင်စာရင်းအရ
တိုင်းရင်းသား(၁၃၅)မျိုးရှိတယ်လို့ ပြောထားပါတယ်။လူမျိုးစု အမှတ်စဉ် (၁၀၀)ဖြစ်တဲ့ ဒိုင်းနက်ဟာ တိဘက်မြန်မာအုပ်စုကြီးမှ
သက်အုပ်စုဝင်ဖြစ်တယ်လို့ ဆိုပါတယ်။စစ်တွေခရိုင်မှာနေထိုင်ပြီး စစ်တကောင်းသွေးရောလို့  ဘင်္ဂလီစကားပြောဆိုကြပါတယ်။
လူမျိုးစု အမှတ်စဉ် (၁၀၁) မရမာကြီး လူမျိုးအမည်ကို စွယ်စုံကျမ်းမှာဖေါ်ပြထြားတာကိုတော့မတွေ့ ရပါ။
မရမာဆိုတာက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအများဆုံးတွေ့ ရတဲ့ ဘဂါင်္လီစကားပြော မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များဖြစ်ပါတယ်။

တချို့ လဲ အစ္စလန်ဘာသာကိုကူးပြောင်းသွားတာရှိပါတယ်။ အစ္စလန်ကနေ ဗုဒ္ဓ နဲ့ ခရစ်ယန်အဖြစ်ပြောင်းသွားတာလဲအနည်းအကျဉ်းရှိပါတယ်။
လူမျိုးစုကြီး အမှတ်စဉ် (၁၀၂) ဖြစ်တဲ့သက်လူမျိုးကတော့ တိဘက်မြန်မာအုပ်စုကြီးမှ သက်အုပ်စုဝင်ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာပြည်ကနေပျောက်ကွယ်သွားပြီလို့ ဆိုတဲ့ ပျူ၊ကမ်းယမ်၊ သက် ဆိုတဲ့ ရှေးမျိုးနွယ်စုကြီး (၃) မျိုး ထဲကဖြစ်တယ်။
အမှန်က နာမယ်ပြောင်းသွားတာလဲဖြစ်နိုင်ပါတယ်။ နှစ်ရာချီကြာလာတော့ နာမယ်အရင်းကိုမေ့ကုန်ကြတာလဲဖြစ်နိုင်တယ်။
သက်လူမျိုးဟာ လက်ရှိရခိုင်ပြည်နယ် အစွန်အဖျားများမှာနေထိုင်ကြဆဲဖြစ်ပြီးလူဦးရေ ရာဂဏန်းမျှသာရှိတော့လို့မျိုးပျောက်လုနီးပြီဖြစ်ပါတယ်။

အကြောင်းစပ်လို့ ပြောရရင် ကရင်ထဲကမျိုးကွဲတချို့ ဟာ ဒေသတခုမှာ လူမျိုးနာမယ်တခုဖြစ်နေပြီး တခြားဒေသမှာတော့
တခြားနာမယ်ဖြစ်နေတာတွေကိုတွေ့ ရပါတယ်။ဥပမာ စကောကရင် ကရင်ဖြူ ပိုးကရင် ကွင်းကရင် မွန်ကရင် တလိုင်းကရင် စတဲ့
ကရင်ထဲက (၆)မျိုးဟာ တကယ်တော့ စကောနဲ့ ပိုး (၂) မျိုးထဲကိုနာမယ်အမျိုးမျိုးနဲ့ ခေါ်ထားတာပါဘဲ။
တလိုင်းကရင်ဆိုတဲ့အခေါ်အဝေါ်ကိုမသုံးတော့လို့ တလိုင်းကရင်ပျောက်မသွားပါဘူး။ တလိုင်းကရင်ဟာ မွန်ကရင်ဖြစ်နေလို့ ပါဘဲ။

အထက်မှာဖေါ်ပြခဲ့တဲ့လူမျိုးစုအကြောင်းနဲ့ တဆက်ထဲ ပြောချင်တာက ဘင်္ဂလီအရေးမှာ ၂ဘက်စလုံးက မျက်မှောက်ခေတ်လူမျိုးရေး
ဘာသာရေး ဒေါင့်တခုထဲကိုကြည့်ပြီးအပြန်အလှန်ဆန့် ကျင်တိုက်ခိုက်သတ်ဖြတ်နေကြတာတွေဟာကျိုးကြောင်းဆီလျှော်မှုမရှိဘူးဆိုတာကိုပါ။
လူသားတွေရဲ့ ဆင်းသက်ပေါက်ဖွားပုံကိုကြည့်ရင် နိုင်ငံရေးအရ နယ်မြေပိုင်းခြားလိုက်တိုင်း နယ်နိမိတ်ရဲ့ ဟိုတဘက်ကလူတွေဟာ
ဒီဘက်ကလူတွေနဲ့ မျိုးရိုးတော်စပ်မှုလုံးဝမရှိဘူးလို့ ထင်လိုက်လို့ မဖြစ်ပါဘူး။ တိုက်ခြားအနေဝေးလေ တော်စပ်မှုနဲလေဖြစ်သလို
နယ်ကပ်နေလေ တော်စပ်မှု ပိုများလေလေဆိုတာက မရှောင်လွဲနိုင်တဲ့ သဘာဝဖြစ်ပါတယ်။ ဒီလိုလှည့်တွေးတတ်လာရင်
ခုဖြစ်ခဲ့တဲ့သတ်ဖြတ်ပွဲတွေဟာ နိုင်ငံရေးအလှည့်အပြောင်းတခုမှာ လူနေမဝေးပေမဲ့စိတ်နေဝေးသွားတဲ့ ဆွေမကင်းမျိုးမကင်းတွေရဲ့ 
ပဋိပက္ခတခုသာဖြစ်တယ်ဆိုတာကိုနားလည်လာမှာပါ။

ဒီတော့ လူမျိုးဘာသာခွဲခြားမုန်းတီးတဲ့ စိတ်ဓါတ်တွေနဲ့ ပြသနာမှန်ကိုမမြင်နိုင်မရှင်းနိုင်ပါဘူး။
လူမျိုးဘာသာခွဲခြားလေ တကမ္ဘာလုံးကကိုယ့်လူမျိုးကို ကျဉ်းမျောင်းတဲ့ ရှေးဟောင်းတလူမျိုးကောင်းဝါဒီတွေအဖြစ်
အထင်သေးလေပါဘဲ။ မိတ်ဆွေမဖွဲ့ မပတ်သက်ချင်တာတွေဘဲ ဖြစ်လာမှာပါ။ အမှန်ပြောရရင်တော့ လူမျိုးဘာသာခွဲခြားမုန်းတီးတဲ့
လူတွေကိုယ်တိုင်ကမိမိနဲ့စိတ်ဓါတ်တူပေမဲ့လူမျိုးမတူတဲ့ လူမျိုးဘာသာ ခွဲခြားမုန်းတီးသူတွေကို အမုန်းတီးဆုံးဖြစ်နေတာပါဘဲ။
ခုဖြစ်နေတဲ့ပြသနာဟာ စားဝတ်နေရေး စီးပွားရေးကြပ်တည်းလွန်းလို့  ဆွေမျိုးသားချင်းအချင်းချင်းတောင်မှ သူ့ ထက်ငါ
လုစားနေရတဲ့ ဆင်းရဲကြတ်တည်းမှုကို အရင်းခံနေတာပါ။ အဲဒီအပိုင်းကိုဖြေရှင်းရမှာပါ။ မှီတင်းနေထိုင်သူတိုင်း အ၀အပြဲ
စားသောက်နေထိုင်နိုင်တဲ့ နယ်မြေတခုဖြစ်လာအောင်လုပ်ကြရမှာက အဓိကဖြစ်ပါတယ်။ ဘာသာခြားတခု အစားဝင်လွမ်းမိုးမှာကို
ကြောက်လို့ ဖြစ်လာတာဆိုတာက တရားနည်းလမ်းလဲမကျ ဓမ္မဓိဌာန်လဲမကျတဲ့ သဘောဆိုးပါ။ နတ်တွေတောတွေတောင်တွေကိုကိုးကွယ်ရာက
ဗုဒ္ဓဘာသာကိုပြောင်းလဲကိုးကွယ်လာတယ်..နောက်တခေတ်မှာ ခရစ်ယန်ကို ပြောင်းသွားသူလဲရှိပြီး ကြားထဲမှာ
အစ္စလန်နဲ့  ဟိန္ဒူဖြစ်သွားသူတွေလဲရှိခဲ့တာဘဲ။ ဒီခေတ်ကြီးမှာ ဒါတွေကို ရှောက်ပြီး ပြသနာလုပ်လို့ ရတန်းလားပေါ့။

လူဆိုတာ မိမိက၀မ်းလှနေရင် ဘာသာတရားကသွန်သင်ထားတဲ့အတိုင်း ဆင်းရဲဒုက္ခရောက်နေသူတွေကို ပေးကမ်းလှုတမ်း
ဖေးမချင်ကြတာပါ။ မိမိကိုယ်တိုင်က ငတ်တလှည့်ပြတ်တလှည့်ဖြစ်နေတဲ့ အခြေအနေမျိုးမှာတော့ အမိသော်လည်းသားတော်ခဲစိတ်တွေ
ဝင်လာကြယုံတင်မက လူသားချင်းကူညီရေးစိတ်ဓါတ်အစား လူသားချင်းတိုက်ခိုက်ခြေမှုန်းရေးစိတ်ရိုင်းတွေက မိမိယုံကြည်တယ်ဆိုတဲ့
ဘာသာတရားသွန်သင်မှုကိုဆန့် ကျင်ပြီးနေရာယူလာကြတာပါဘဲ။ ဒီအခြေအနေမှာ ဘုန်းကြီးဝတ်တွေက လူသတ်တရားတွေကို
သွယ်ဝိုက်ဟောပြောဖြန့် ချီနေတာတွေလဲရှိလာနိုင်လာနိုင်သလို လူမျိုးရေးမုန်းတီးတဲ့ လူထုဆီက အမှတ်မဲရချင်သူနိုင်ငံရေးသမားနဲ့ 
အာဏာရှိတဲ့အစိုးရကိုယ်တိုင်ကလည်းမမှန်မှန်းသိရက်နဲ့ အလိုလိုက်အကြိုက်ဆောင်တာတွေဖြစ်လာနိုင်တာပါဘဲ။
ဒီတော့ ဒီအခြေအနေမှာ ဘာသာတရားတွေရဲ့သွန်သင်မှုအနှစ်သာရဖြစ်တဲ့ လူကိုလူလိုမြင်ရေး၊ မဖေးမ မကူညီချင်ရင်တောင်မှ
လူသားချင်းစာနာစိတ်ရှိရေးစတာတွေကို လူမျိုးရေးမွှန်ပြီးစာနာချင်းတရားကိုဆန့် ကျင်နေကြတဲ့ဘာသာရေးသမားတွေကိုယ်စား
လူသားစိတ်မကင်းသေးလို့ မူမှန်စိတ်ရှိနေသေးတဲ့ကြားလူတွေကထပြီးဦးဆောင်ကြဖို့ အချိန်အခါနဲ့ အခြေအနေကတောင်းဆိုနေပါပြီ။

Letter to Representative of UNFPA Myanmar regarding the upcoming census

KCA letter to UNFPA census 14mar2014

Type the rest of your post here.

1990 ပြည်သူ့ လွတ်တော်ကိုယ်စားလှယ်များတွေ့ ဆုံပွဲသို့  ပေးပို့ သော UNFC ၏ သ၀ဏ်လွှာ

UNFC felicitation letter - 1990-Elt Winners

Type the rest of your post here.

Sunday, March 23, 2014

သန်းခေါင်စာရင်း နဲ့ တိုင်းပြည်အသွင်သဏ္ဍာန်

ဦးအောင်ခင်, ကျော်ကျော်သိန်း
20.03.2014

လာမယ့် မတ်လ (၃၀) ရက်နေ့ကစပြီး ဧပြီလ (၁၀) ရက်နေ့အထိ မနက် (၇) နာရီနဲ့ ညနေ (၆) နာရီအကြား သန်းခေါင်စာရင်း ကောက်ယူပါလိမ့်မယ်။ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ရဲ့  ပံ့ပိုးမှုနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက (၁၂) ရက်လုံးလုံး သန်းခေါင်စာရင်း ကောက်ယူမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ မြန်မာပြည်မှာရှိတဲ့ လူအားလုံးကို ရေတွက်မှာဖြစ်တဲ့အတွက် အိမ်ထောင်စုအရွယ်အစား၊ လူဦးရေးပြန့်နှံ့မှု၊ လူမှုစီးပွားရေးဘဝနဲ့ အခြားလူဦးရေဆိုင်ရာ သွင်ပြင်လက္ခဏာကို မြင်နိုင်ပါလိမ့်မယ်။ မြန်မာပြည်ဟာ ဘယ်လို ပုံသဏ္ဍာန်ဖြစ်နေတယ်ဆိုတာ သန်းခေါင်စာရင်းက ပြသပါလိမ့်မယ်။

မြန်မာပြည်မှာရှိနေသူတိုင်းကို နိုင်ငံသားမရွေး၊ လူမျိုးမရွေး၊ အသက်အရွယ် အဆင့်အတန်းမရွေး၊ ရေတွက်သွားမှာ ဖြစ်ပါတယ်။ တရားဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ၊ စာရင်းကောက်ယူချိန်မှာ မြန်မာနိုင်ငံနယ်နမိတ်အတွင်း ရှိနေသူအားလုံးကို မှတ်တမ်းတင်မှာ ဖြစ်ပါတယ်။ ယာယီဒုက္ခသည်စခန်းမှာ နေသူကိုလည်း စာရင်းကောက်ယူမှာဖြစ်လို့ ပြည်တွင်းမှာရှိပြီး စာရင်းမကောက်နိုင်သူတွေကိုသာ ချန်လှပ်ထားမှာ ဖြစ်ပါတယ်။ အိမ်ထောင်ဝင်ထဲ က နိုင်ငံခြားပြောင်းရွှေ့နေထိုင်သူ (သို့မဟုတ်) အလုပ်လုပ်နေသူရှိရင်လည်း သူနဲ့ပတ်သက်တာတွေကို စာရင်းကောက်ယူပါလိမ့်မယ်။

လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအတွက် မေးခွန်း (၄၁) ခုကို ဖြေရမှာ ဖြစ်ပါတယ်။ မိမိကိုယ်တိုင်ပုံစံဖြည့်စရာ မလိုဘဲ မေးတာကိုဖြေဖို့သာ စီစဉ်ထားပါတယ်။ စာရင်းပုံစံ မှန်ကန်အောင်ဖြည့်နိုင်ရေးအတွက် စာရင်းကောက်အဖြစ် အထူးသင်တန်းပေးထားသူတွေထဲမှာ ဆရာ၊ ဆရာမ အများဆုံး ပါဝင်ပါတယ်။ လွန်ခဲ့တဲ့နှစ် ဧပြီလအစောပိုင်းက မြို့ နယ် (၂၀) မှာ သန်းခေါင်စာရင်း အစမ်း ကောက်ကြည့်တာကို ကျေနပ်တဲ့အတွက် ကမ္ဘာ့စံနှုန်းအတိုင်း သန်းခေါင်စာရင်းကောက်ယူနိုင်လိမ့်မယ်လို့ အပြည်ပြည်ဆိုင်ရာ လူဦးရေပညာရှင်အကြံပေးအဖွဲ့က မှတ်ချက်ချပါတယ်။ စာရင်းကောက် တသိန်းကျော်က အိမ်ထောင်စု (၁၁) သန်းကျော်ကို စာရင်းကောက်ယူမှာ ဖြစ်ပါတယ်။ သန်းခေါင်စာရင်း အတွေ့အကြုံနည်းတဲ့တိုင်းပြည်မှာ များပြားလှတဲ့ မေးခွန်းတွေကို အချိန်မီဖြည့်နိုင်ပါ့မလားလို့ သံသယရှိနေကြပါတယ်။

လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေကို (၂၀၁၃) ခုနှစ် ဇူလိုင်လ (၂၉) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းပါတယ်။ လူမှုစီးပွား၊ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေမှာ အကျိုးရှိစွာ အသုံးပြုနိုင်အောင် စာရင်းဇယား ကောက်ခံရတာလို့ ဆိုပါတယ်။ နိုင်ငံတော်၏ လူဦးရေ၊ တိရစ္ဆာန်၊ အဆောက်အအုံ၊ ပစ္စည်း၊ လုပ်ငန်းစာရင်းများနဲ့ စာရင်းအင်းဆိုင်ရာ အချက်အလက်များကို တိကျမှန်ကန်စွာ ရရှိနိုင်ရန် သန်းခေါင်စာရင်းကောက်ယူတယ်လို့ ဥပဒေနိဒါန်းမှာ ဖော်ပြပါတယ်။ တိရစ္ဆာန်ကိုပါ စာရင်းကော်ဖို့ ဖော်ပြတာဟာ ထူးဆန်းသလို ဖြစ်နေပါတယ်။ သန်းခေါင်စာရင်း မေးခွန်းပုံစံထဲမှာ တိရစ္ဆာန်ကို စာရင်းကောက်တာမျိုး မရှိပါဘူး။ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအကြောင်း ရှင်းပြတဲ့စာရွက်စာတမ်းတွေမှာလည်း တိရစ္ဆာန်ကို ဘယ်လို စာရင်းကောက်မယ်ဆိုတာကို ဖော်ပြတာ မတွေ့ရပါဘူး။

ဦးသိန်းစိန်အစိုးရ တက်လာပြီး (၂) လအကြာမှာ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့နဲ့ စတင်ပူးတွဲဆောင်ရွက်ပြီး သန်းခေါင်စာရင်း စီမံကိန်းချတာမို့ (၃) နှစ်လောက် အချိန်ယူပြင်ဆင်တာ ထင်ရှားပါတယ်။ ဘယ်လုပ်ငန်းမဆို ကန့်သတ်ချက် တစုံတရာရှိတတ်ပေမယ့်၊ လူမျိုးမရွေး၊ ဘာသာမရွေး အားလုံးပါဝင်ခွင့်ရတာဟာ သန်းခေါင်စာရင်းလုပ်ငန်းဖြစ်တယ်လို့ ဦးသိန်းစိန်က ဆိုပါတယ်။ သန်းခေါင်စာရင်းဟာ ဦးသိန်းစိန်အစိုးရရဲ့  ထူးခြားတဲ့လုပ်ဆောင်ချက်အဖြစ် ထင်ရှားနိုင်ပါတယ်။ သွားလာရခက်ခဲတဲ့ ကချင်ပြည်နယ်မြောက်ပိုင်းနဲ့ ဝအထူးနယ်မြေမှာ မတ်လအစောပိုင်းက သန်းခေါင်စာရင်းကောက်ယူပါတယ်။ ဘာသာစကား အခက်အခဲရှိတဲ့ ဝဒေသမှာ လားဟူ၊ ရှမ်းနဲ့ တရုတ်စကားပြန်တွေကိုသုံးပြီး မတ်လ (၁) ရက်နေ့က (၁၂) ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူပြီးစီးကြောင်း သိရပါတယ်။

ကိုလိုနီအရာရှိတောင် အယုံအကြည်မရှိတဲ့ ၁၉၃၁ သန်းခေါင်စာရင်းက သတ်မှတ်ခဲ့တဲ့ လူမျိုး (၁၃၅) မျိုးကို အခြေခံပြီး စာရင်းကေက်ယူမှာ ဖြစ်ပါတယ်။ မဆလခေတ် သန်းခေါင်စာရင်းကလည်း လူမျိုး (၁၃၅) မျိုးကို လက်ခံထားတာမို့ စာရင်းကောက်ပြီးမှ မှားယါင်းမှုနဲ့ လွဲချော်မှုတွေကို ပြင်ဆင်နိုင်မယ်လို့ အစိုးရဖက်က မြင်ပါတယ်။ (၁၃၅) မျိုးမှာမပါတဲ့ ရိုဟင်ဂျာကို သန်းခေါင်စာရင်းမှာ တိုင်းရင်းသားအဖြစ် ဖြည့်သွင်းဖို့ ကုတ် (code) နံပါတ် သတ်မှတ်မထားတဲ့အတွက် အခြားအုပ်စုအဖြစ် ရေတွက်မယ်လို့ သိရပါတယ်။ သန်းခေါင်စာရင်း အကြိုရလဒ်ကို လာမယ့်သြဂုတ်လမှာ သိနိုင်မှာဖြစ်ပြီး နောက်ဆုံးရလဒ်ကို ရှေ့ နှစ် ပထမ (၄) လပတ်မှာ သိရမှာမို့ အဲဒီအခါမှ တိုင်းပြည်အသွင်သဏ္ဍန်ကို မြင်ရပါလိမ့်မယ်။

ဆယ်နှစ်တကြိမ် ကောက်ရမယ့် သန်းခေါင်စာရင်းကို အနှစ် (၃၀) ကြာမှ ကောက်ယူတာမို့ အခက်အခဲအမျိုးမျိုး ရှိနိုင်ပါတယ်။ ဒါပေမဲ့ အခုလို ကောက်ယူနိုင်တာကို တိုးတက်မှုအဖြစ် သတ်မှတ်ကြပါတယ်။ ဝင်ငွေနည်းတဲ့ ဖွံ့ဖြိုးစနိုင်ငံတွေမှာ ၂၀၀၆ က ၂၀၁၅ အထိ သန်းခေါင်စာရင်းကောက်ယူတဲ့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ရဲ့  စီမံကိန်းထဲမှာ မြန်မာနိုင်ငံ ပါဝင်သွားတာဟာလည်း သန်းခေါင်စာရင်းကောက်ယူနိုင်အောင် ဖန်းတီးပေးလိုက်တဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။
http://burmese.voanews.com/content/news-analysis-population-housing-census/1875123.html

Thursday, March 20, 2014

သန်းခေါင်စာရင်းမတိုင်မီ် ညီနောင်လူမျိုးစုများနှင့် ကရင်တို့ ပြင်ဆင်ရန်

ဆောင်းပါး - AGGA

အေးရှားစတယ်ဒီ မှ ဂျပန်သုတေသီ ကာဇူတို အိုင်ကေဒါ ၏သုတေသနစာတမ်းတွင်မြန်မာပြည်ရှိကရင်လူဦးရေကို
ဖေါ်ပြထားရာ၌၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာပြည်၏ ဒုတိယအများဆုံး လူမျိုးစုဟုဖေါ်ပြထားသည်။
တခြားစာတမ်းများအရ ၁၉၃၁ အင်္ဂလိပ်ခေတ် ကရင်လူဦးရေ ၁.၄သန်း ရှိသည်ဟုဆိုသည်။ ၁၉၈၃တွင်မူ တိတယ
အများဆုံးဟု ဆိုသည်။

ထိုသန်းခေါင်စာရင်းတွင် ကရင်ဗုဒ္ဓများကို ဗမာစရင်းတွင်ထည့်သွင်းထားခဲ့သည်ဟု သုတေသီတချို့ကဆိုသည်။
ကရင်ဗုဒ္ဓသည် ကရင်လူမျိုး၏ ၈၀ရာခိုင်နှုန်းကျော်ရှိသည်ဟုလဲဆိုသည်။ ၁၉၄၂ ဂျပန်ခေတ်သန်းခေါင်စာရင်းတွင်
ကရင်လူမျိုး ၄သန်းခွဲ ရှိသည်ဟုမှတ်တမ်းရှိခဲ့သည်။ လက်ရှိလူဦးရေစာရင်းမှာ ကရင်ပြည်နယ်အတွင်းရှိကရင်လူဦးရေကိုသာ အဓိကထားသည်။ မြစ်ဝကျွန်းပေါ်၊ရန်ကုန်တိုင်း၊ ပဲခူးတိုင်း တောင်ငူ ခရိုင် နှင့် တနသာင်္ရီတိုင်းရှိ ကရင်အမြားအပြားကိုနာမယ်ရှေ့ တွင်ကျောင်းသားအရွယ်မှစပြီး မောင်-မ တပ်ခဲ့ရာမှ ကြီးလာသောအခါဦး-ဒေါ်ဖြစ်သွားကြခါ ဗမာလူမျိုးစာရင်းတွင်ပါသွားသည်ဟုသုတေသီများက ထောက်ပြလေ့ရှိသည်။ ကမ္ဘာ့ပုံမှန်လူဦးရေတိုးနှုန်းဖြင့်တွက်ချက်လျှင် လက်ရှိမြန်မာတနိုင်ငံလုံးရှိ ကရင်လူဦးရေမှာ ၇သန်းမှ ၁၀ သန်း အကြားတွင်ရှိမည်ဖြစ်သည်။ သဘာဝဘေးဒဏ်နှင့်လူသားခြင်းမျိုးရိုးဖျောက်ဖျက်မှု လူလုပ်ဘေးဒဏ်များမရှိခဲ့မှသာ ထိုလူဦးရေပမာဏရှိနိုင်မည်လဲဖြစ်သည်။

Case study အဖြစ် ထိုင်းနိုင်ငံလူဦးရေကောက်ခံပုံတစေ့တစောင်းကိုကြားဖြတ်ဖေါ်ပြပါမည်။
ထိုင်းနိုင်ငံကကောက်ခံသော ၁၉၉၃ ခုနှစ် လူဦးရေစာရင်းထုတ်ပြန်ချက်တွင် ကန္ချနဘူရီ၊ ကန်ဖဲန်ဖက်၊ ချင်းဂရိုင်း၊ ချင်းမိုင်၊တာ့က်၊
ပရကျွပ်ခီရိခန်၊ ဖက်ခ်ျဘူရီ၊ ဖရဲ့ ၊ နန့်၊ မယ်ဟောင်စောင်၊ ရာ့ခ်ျဘူရီ၊ လန်းပန်း၊ လန်းပွန်း၊ စူခိုထိုင်း၊ စူဖန်းဘူရီ နှင့် အူထိုင်းဌာနီ
ခရိုင်ကြီး(Province) (၁၅)ခရိုင်တွင် ကရင်ကျေးရွာစုစုပေါင်း ၆၉၃၅၃ ရှိပြီး လူဦးရေ ၃၅၂၂၉၅ ဦးရှိသည်။ ထိုင်းနိုင်ငံတွင်
သံခေတ်အစပိုင်းကထိုင်းမျိုးနွယ်စုဝင်မဟုတ်တော့သော လက်ရှိတိုင်းရင်းသားလူမျိုးစုလူဦးရေအားလုံး၏
၄၆.၈ ရာခိုင်နှုန်းမှာကရင်လူမျိုးဖြစ်သည်ဟုလဲဖေါ်ပြထားသည်။

ထိုင်းသန်းခေါင်စာရင်းသည် ယုံကြည်ရသော ပထ၀ီနိုင်ငံရေးဟုချုပ်ခေါ်သည့် သမိုင်းရေး လူမျိုးရေး လူမှုရေး ဒေသန္ဒရရေး
ကုန်လုပ်ဆက်ဆံရေးနှင့်နိုင်ငံရေးအခြေအနေအောက်တွင်ကောက်ခံထားခြင်းဖြစ်သည်ကို စာရေးသူ၏ဘက်စုံ လေ့လာချက်များ
အရရပ်တည်ပြောဆိုနိုင်သည်။ အဆိုပါယုံကြည်ရသော ပထ၀ီနိုင်ငံရေးအခြေအနေဆိုသည်မှာ တိုင်းရင်းသားလူဦးရေအမှန်ကိုဖေါ်ပြခြင်းဖြင့်
ထိုင်းလူမျိုးအားနည်းမှေးမှိန်သွားနိုင်သည့်သဘာဝအခြေအနေများကင်းရှင်းနေသည့်အနေအထားကိုဆိုလိုသည်။
မြန်မာပြည်နှင့် ခြားနားသောအချက်ဖြစ်သည်။

သမိုင်းမတင်မီခေတ်က ကရင် မွန် ၀ ခမာ ရှမ်းလူမျိုးတို့ ထိုင်းလူမျိုးမတိုင်ခင် ပေါက်ပွားနေထိုင်ကြသည်ကို
ထိုင်းနိုင်ငံသမိုင်းက တစုံတရာစိုးရိမ်မှုဖြင့်ဖုန်းကွယ်ခြင်းမပြုဘဲအတိအလင်းဖေါ်ပြချက်ရှိသည်။ နောက်နှစ်ရာပေါင်းများစွာတွင်
တခြားလူမျိုးများအားနည်းသွားပြီး ရှမ်းလူမျိုးများသာအများစုအဖြစ်ကျန်ရစ်ခဲ့သည်။ ထိုင်းနိုင်ငံရှိ ရှမ်းကို လာအို မွန် ခမာ ကုလား
တရုတ်ပြင်သစ်နှင့် မလေး စသည်တို့ က ကုန်ကူးသန်းမှု နှင့် နယ်မြေပိုင်ဆိုင်မှု ကိစ္စသဘောတူညီချက်စာချုပ်စာတန်းများပြုသော
အခါစယမ် (Siam) ဟု တရားဝင်ခေါ်ဆိုသုံးစွဲခဲ့ကြသည်။ ထို စယမ် (Siam) နိုင်ငံဟူသည့်အသုံးအနှုန်းကို ရှေးဦးကာလမှ
၁၉၃၉ ခုနှစ်တိုင်အေင်ခေါ်ဆိုခဲ့သည်။ ရတနာကိုးစင်းခေတ်(ဘန်ကောက်ခေတ်) မင်းဆက်(၅) က စယမ်မှ ထိုင် အဖြစ်သို့ 
ပြောင်းစေခဲ့သည်။ ထိုင်းနိုင်ငံကတရားဝင်ရှိခဲ့သော ကျေးကျွန်စနစ်ကို ဘုရင်ကြီးက ရာသက်ပန်ဖျက်သိမ်းပစ်ကြောင်း
ကျေညာပြီး စယမ်နိုင်ငံမှ "လွတ်မြောက်နိုင်ငံ" ဟုတွင်စေခြင်းဖြစ်သည်။ ရှမ်းတို့ ၏ ပိုမိုရှေးကျသော နာမယ်ဖြစ်သည့်
"တိုင်" နှင့် နီးစပ်မှုရှိစေရန်ကိုလည်း ရည်ရွယ်ပုံရသည်။ "ထိုင်"ဆိုသည်မှာ ရွေးနှုတ်ခြင်း၊ လွတ်မြောက်ခြင်း၊
အာဘဖြေခြင်းစသောအဓိပ္ပါယ်ရှိသည်။ ထိုင် မှတဆင့် နိုင်ငံတကာ လူမျိုးတကာ တို့ ၏ အသံအနိမ့်အမြင့်အရ ထိုင်းဖြစ်သွားသည်။
မျက်မှောက်မြန်မာပြည်တွင်ပါဝင်သော ရှမ်းများမှာ မူရင်း "တိုင်" ဆိုသောနာမယ်နှင့် ကင်းကွာပြီး စယမ်(siam)ကို ရှမ်း(Shan)
ဟု မြန်မာသံ အင်္ဂလိပ်စာလုံးပေါင်းနှင့်ခေါ်ရာမှ အတည်ဖြစ်သွားခဲ့ပုံရသည်။ ယခုအခါတွင် မြန်မာပြည်ရှိရှမ်းများကလဲ
သူတို့ ၏မူရင်းပိုကျသော လူမျိုးနာမယ်ဖြစ်သည့်"တိုင်"ဟု သုံးနှုန်းခေါ်ဆိုရန် တောင်းဆိုမှုများအားကောင်းလာ
နေသည်ကိုတွေ့ ရသည်။

သို့ ရာတွင် ညီနောင်လူမျိုးစုမျိုးများအတွင်း နအဖအစိုးရလက်ထက်က အစိတ်စိတ်အမွှာမွှာ
ချေမွှခွဲထုတ်ပစ်ခဲ့သည့် ၁၃၅ မျိုးဟူသည့် စာရင်းအရ မနုသလူမျိုးနွယ်စုသိပ္ပံအရစုစည်းမှုကိုဆန့် ကျင်သည့်သေးကွေးသော
လူတမျိုးစီအဖြစ်သို့ ကွဲထွက်ချင်လာနေသည်ကိုလဲတွေ့ နေရသည်။ မွန်လူမျိုးတမျိုးတည်းသာလျှင် မကွဲမပြားရှိနေသည်။
ကိုယ့်ထီးကိုယ့်နန်းနှင့်တိုးတက်ခန်းနားထယ်ဝါခဲ့ဘူးသော လူမျိုးတမျိုး၏ လက္ခဏာဖြစ်သည်။
ကျနုပ်တို့ ကရင်ညီကိုများသည် ရှေးဦးကာလကတမျိုးတည်းဖြစ်ခဲ့သဖြင့် အင်အားကြီးမားခဲ့သော်လည်း နောက်ပိုင်းတွင်
အမျိုးမျိုးကွဲပြားသွားခဲ့ရာမှ လူမျိုးငယ်အဖြစ်သို့ ရောက်ရသည်။ တခြားညီနောင်တိုင်းရင်းသားလူမျိုးစုများလဲ
ထိုအလားတူအနေအထားသို့ ရောက်နေသည်။

ဤအချက်သည် မကြာမီဖြစ်ပေါ်လာမည့် သန်းခေါင်စာရင်းကောက်ခံသည့်အချိန်မတိုင်ခင် ညီနောင်လူမျိုးစုအားလုံး
သတိမူကြရမည့် ကိစ္စများဖြစ်သည်။ ကရင်လူမျိုးများအနေနှင့်မူ ကရင် လက်နက်ကိုင်အဖွဲ့ များ၊ တရားဝင်နိုင်ငံရေးပါတီများ၊
ကရင် အမျိုးသားအတွင်းမှကရင်စာပေအသစ်လူမျိုးအသစ်တည်ထွင်သူများ၊ ကရင်လူမှုအဖွဲ့ အစည်းများ၊ ဘာသာရေးအဖွဲ့ 
အစည်းများအားလုံး အချိန်မီ တွေ့ ဆုံညှိနှိုင်းကြသင့်သည်။ ထိုအဖွဲ့ များသည် ဤမျှအရေးကြီးပြီး လက်ရှိဥပဒေကို
မချိုးဖေါက်ဘဲ လုပ်ဆောင်နိုင်သည့် ဤအမျိုးသားတာဝန်ကိုမျှမထမ်းဆောင်ကြလျှင် ကရင်လူမျိုးတို့ အတွက် သူတို့ ထံမှ
တခြားပိုခက်ခဲသည့်မျှော်လင့်ချက်များလဲထားနိုင်တော့မည်မဟုတ်ပေ။
မိမိလူမျိုးကောင်းကျိုးဖြစ်လာစေရန်အဆင်သင့်မဖြစ်သေးလျှင်သန်းခေါင်စာရင်းကောက်ခံမှုကိုရွှေ့ 
ဆိုင်းပေးရန် ဘ၀တူညီနောင်လူမျိုးစုအားလုံးနှင့် ဟန်ချက်ညီညီ ၀ိုင်းဝန်းတောင်းဆိုကြရမည်ဖြစ်သည်။

Agga

"လူမျိုးစုံ ချစ်ကြည်ရင်းနှီးနိုင်ငံများ" ပေါ်ထွန်းလာခြင်း

Stepan_Linz_Yadav_Rise of State Nations

Type the rest of your post here.

ဖယ်ဒရယ်ပြည်ထောင်စုစနစ် နဲ့  ဒီမိုကရေစီစနစ်၊ အမေရိကန်ပုံစံအပြင် တခြားရွေးချယ်စရာများ

Stepan_Federalism and Democracy Beyond US Model _Burmese_

Type the rest of your post here.