ondragstart="return false" onselectstart="return false"

Sunday, September 20, 2009

ထိုင်း အကျဉ်းထောင်

ဗမာပြည်ကို မင်းလုပ်အုပ်ချူပ်နေတဲ့ သူတွေ အတုယူသင့်ပါသည်.. ဒါပေမယ့် အခုတက်အုပ်ချူပ်နေတဲ့ လူတွေ ဒါတွေကို နားမလည်ပါ..ထောင်သားတွေကို ပညာသင်ခွင့်ပေးဖို့ မပြောနဲ့  ထောင်သားတွေကို ဘယ်လိုညှင်းဆဲရမလဲ..အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေကို ဘယ်လို မသေ သေအောင် ဘယ်လို လုပ်ရမလဲ့ ဆိုဒါတွေကို ပဲနားလည်တဲ့သူတွေ ဖြစ်ပါသည်..ရဟန်း အရှင်သူမြတ် ဘုန်းကြီးတွေကို တောင် သတ်ရက်သူတွေမို့  သာမာန် လူတွေ ဝေးပေါ့ကွာ..ဒီတိုင်းပြည်ကြီးမှာ မွေးဖွားရဒါ ဒီလို လူစိတ်မရှိတဲ့ ခေတ်အဆက်ဆက်က စစ်ခွေးတွေ သွယ်ဝိုက်နည်းဖြင့်လည်းကောင်း ယခု တိုက်ရိုက်နည်းဖြင့်လည်းကောင်း တချိန်လုံး တတိုင်းပြည်လုံး အနိုင်ကျင့်ဗိုလ်ကျခံ နေရ လေတော့ လောကကြီးမှာ ဗမာပြည်ကြီးမှာ လူလာဖြစ်ရဒါ မတန်ဘူးဗျ...အဘယ်ကြောင့်ဆိုသော် ငါတို့ တွေ လူသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ နေ့ စဉ် နဲ့  အမျှ ဆုံးရှူံး ဓါးပြတိုက်ခံရလို့ ပါ ခင်ဗျား။။။။။။


ဒီနှစ် တက္ကသိုလ်ဘွဲ့ရတဲ့ အကျဉ်းသားတွေထဲမှာ နာမည်ကြီး ကျောင်းသာတွေပါတယ်။


စက်တင်ဘာ ၁၈၊ ၂၀၀၉ (ဘန်ကောက်ပို့စ်)

အကျဉ်းဦးစီးဌာနလက်အောက်မှာရှိတဲ့ သံတိုင်တွေနောက်ကွယ်မှာ ကျင်းပတဲ့ အခမ်းအနားတခုမှာ အကျဉ်းသား ၂၇၀ နီးပါးလောက် ဟာ ဆူခိုထိုင်းထမ္မာသီရတ် ဆိုတဲ့ လွတ်လပ်တဲ့ တက္ကသိုလ်ကပေးတဲ့ ဘွဲ့ယူဖို့ တန်းစီနေပါ တယ်။

နိုင်ငံတ၀ှမ်း၊ အကျဉ်းထောင် ၃၀မှာရှိတဲ့ အကျဉ်းသား
စုစုပေါင်း ၂၆၉ ယောက်ဟာ ဘန့်ခွမ်အကျဉ်းထောင်
အတွင်းမှာ အဝေးသင်ဘွဲ့ယူဖို့ အသင့်ရှိနေစဉ်

ဒီနှစ်မှာ တနိုင်ငံလုံးက အကျဉ်းထောင် ၃၀ မှာရှိတဲ့ အကျဉ်းသား ၂၆၉ ယောက်ဟာ တက္ကသိုလ်ဘွဲ့ ရရှိခဲ့ပါတယ်။ ဒီအထဲမှာ အကျဉ်းသားတဦး ဆို ဥပဒေဘွဲ့မှာ ရွှေတံဆိပ် ဆု ဆွတ်ခူးခဲ့ပြီး၊ နောက်တယောက်ဆို ၅ ကြိမ် မြောက် ဘွဲ့ ယူခဲ့ပါတယ်။ ဒီနှစ် ဘွဲ့ရအကျဉ်းသားတွေထဲမှာ ရည်းစားကို သတ်ခဲ့တဲ့ အရင် ဆေးကျောင်းသားတဦးဖြစ်တဲ့ Serm Sakhonrat ၊ ရည်းစားကိုသတ်ခဲ့တဲ့ ဆရာဝန် Sorachart Sirichot နဲ့ တက္ကသိုလ် တခုတည်းကပဲ ဘွဲ့ ၅ ခု ရခဲ့တဲ့ မူးယစ်ဆေးစွဲသူ အကျဉ်းသား Boonlert Yaemporchai တို့ပါဝင်ပါတယ်။

ဘန့်ခွမ်အကျဉ်းထောင်မှာ ကျင်းပတဲ့အခမ်းအနားကို ဆွေမျိုးတွေ တက် ရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ Serm ဟာ အကျဉ်းထောင်မှာ ၁၁ နှစ်ရှိပါပြီ။ နောက်ထပ် အနှစ် ၄၀ နေရပါအုန်းမယ်။ သူဟာ ဥပဒေနဲ့ ဘွဲ့ရခဲ့ပြီး အခု

တရုတ် ဘာသာစကားသင်ဖို့ စာရင်းသွင်းထားပါတယ်။ အကျဉ်းသားတွေကို လေ့လာဖို့အခွင့်အလမ်းပေးတဲ့အတွက် အကျဉ်းဦးစီး ဌာနနဲ့ ဆူခိုထိုင်းထမ္မာသီရတ် လွတ်လပ်တဲ့တက္ကသိုလ် ကို ကျေးဇူးတင်ကြောင်း သူက ပြောပါတယ်။

ဖိဆန်နူလွတ်၊ ဗုဒ္ဓချင်နာရတ် ဆေးရုံက ဆရာဝန်တဦးဖြစ်တဲ့၊ ရည်းစားသတ်မှုနဲ့ ထောင်ကျလာတဲ့ ဆရာဝန် Sorachart ခေါ် Mor Ham ဟာ တနေ့က ကျင်းပတဲ့ အခမ်းအနားမှာ အကျဉ်းသားတွေကို ဂီတာတီး၊ သီချင်း ဆိုပြီး ဖျော်ဖြေခဲ့ပါတယ်။ သူလည်း ဒီတက္ကသိုလ်က ဒုတိယမြောက် ဘွဲ့ရထားပါတယ်။ သူဟာ ထောင်ဒဏ် ၃၅ နှစ်နဲ့ ၄ လ ကျခံနေရပြီး အခု ၂၁ နှစ် ကျခံပြီးဖြစ်လို့ နောက်ထပ် ၁၄နှစ် ကျခံဖို့ ကျန်ပါသေးတယ်။

မူးယစ်ဆေးဝါးမှုနဲ့ တသက်တကျွန်းကျနေတဲ့ Boonlert ကတော့ အခု ဥပဒေဘွဲ့၊ စိုက်ပျိုးရေးနဲ့သမ၀ါယမဘွဲ့၊ နိုင်ငံရေးသိပ္ပံဘွဲ့၊ စိုက်ပျိုးရေးဘွဲ့နဲ့ ပြည်သူ့အုပ်ချုပ်ရေးဘွဲ့ စတဲ့ ဘွဲ့တွေ ရရှိထားပါတယ်။ ထောင်ထဲမှာ ၁၈ နှစ်နဲ့ ၆ လ နေပြီးပါပြီ၊ နောက်ထပ် ၂၉ နှစ် နေရပါအုန်းမယ်။ “ထောင်ထဲမှာ လေ့လာရေးလုပ်နေတာ ၁၀ နှစ်ရှိပြီ။ ဘာသာရပ်တခုကို ၂ နှစ် ကြာတယ်၊ ကျနော် ထောင်ထဲ မရောက်ခင်က စီးပွားရေအုပ်ချုပ်မှုဘာသာရပ်နဲ့ ဒီ တက္ကသိုလ် က ပဲ ဘွဲ့ရခဲ့ပါတယ်” လို့ Boonlert က ပြောပါတယ်။

Niran Porthi ဟာ အသက် ၃၉ နှစ်ရှိပါပြီး ဥပဒေဘာသာရပ်မှာ ရွှေတံဆိပ်ဆု ရထားသူဖြစ်ပါတယ်။ သူငယ်ငယ်တုန်းက စာ မသင်ခဲ့ရဖူးဘူး။ ထောင်ထဲရောက်မှ ထောင်အာဏာပိုင်တွေက ပညာသင်ခွင့်ပေးလို့ စာသင်ခဲ့ရတာပါ။ သူက ထောင်ဒဏ်၂၃ နှစ်နဲ့ ၄ လ ကျပါတယ်။ ဒါပေမဲ့ တစိတ်တပိုင်းလျှော့ပေါ့ခဲ့လို့ ထောင်ဒဏ် ၉ နှစ် ဖြစ်သွားပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့ သူပြန်လွတ်တဲ့ အခါမှာ ဥပဒေအကြံပေး ဖြစ်ချင်တယ်လို့ သူက ပြောပါတယ်။

စိတ်သစ်လူသစ်ပြောင်းလဲသွားတဲ့အကျဉ်းသားဟောင်းတွေကို လူ့အဖွဲ့အစည်းက လက်ခံလိမ့်မယ် ဆိုတာကို သူ ယုံကြည်တဲ့အတွက် အလုပ်အကိုင်ရှာဖွေဖို့ သူ မစိုးရိမ်ပါဘူး။

၂၅ နှစ်ကျော်အတွင်းမှာ အကျဉ်းသား ၁,၂၆၁ ယောက် ဘွဲ့ရခဲ့ပါတယ်။ ဒီအထဲက အယောက် ၃၆၀ ဟာ ထောင်ထဲ မှာပဲ ရှိနေတုန်းပါ။ ဥပဒေဘာသာရပ်ဟာ လူကြိုက်အများဆုံး ဘာသာရပ်တခု ဖြစ်ပါတယ်။
နေ့ သစ်သတင်းစာမျက်နှာမှ

No comments:

Post a Comment