ondragstart="return false" onselectstart="return false"

Saturday, January 1, 2011

KHRG - ကရင်လူ့ အခွင့်အရေးအဖွဲ့  သတင်းစာမျက်နှာ အတိုက်ခိုက်ခံရ

ဗမာ့တပ်မတော်ရဲ့ ကရင်လူမျိုးတို့ အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ သတင်းအချက်အလက် ဓါတ်ပုံတွေကို စုဆောင်းပြီး အမြဲတမ်းအစီရင်ခံစာ တင်ပြထားတဲ့ ကရင်လူ့ အခွင့်အရးအဖွဲ့  သတင်းစာမျက်နှာ အတိုက်ခိုက် ခံရကြောင်း ၃၀ ရက်နေ့ စွဲ ဒီဇင်ဘာလ web page စာမျက်နှာတွင် ဖေါ်ပြထားပါသည်။ (http://www.khrg.org)

ကရင်လူမျိုးတွေအပေါ် ယုတ်မာစွာ သတ်ဖြတ် မုဒိမ်းကျင့် ရွာမီးရှို့  စတဲ့ စော်ကားမှုများစွာကို တင်ပြထားတဲ့ သတင်းစာမျက်နှာ တစ်ခုကို နအဖ စစ်အစိုးရက နှစ်မြို့ မယ် မဟုတ်ဘူးဆိုဒါ အဆန်းတော့မဟုတ်ပေမယ့် ကိုယ်လုပ်ထားတဲ့ အရာတွေ သမိုင်းတွင်ပြီး ကျန်ခဲ့မည့် အမဲစက်တွေကို နအဖ အစိုးရက ကြောက်ရွံ့နေပုံရပါသည်။ ဒါကြောင့်မို့ ကရင်လူ့ အခွင့်အရေး သတင်းစာမျက်နှာ အတိုက်ခံရခြင်းဖြစ်နိုင်ပါသည်။

အဘယ်ကြောင့်ဆိုသော် ကျနော်တို့ သောသီခို အဖွဲ့ သားများမှ ဘလော့ပေါ်တွင် တင်ထားသော ဗမာစစ်တပ်မှ သတ်ဖြတ်ထားသည့်ပုံတွေနှင့်ပါတ်သက်ပြီး နေပြည်တော်မှ စစ်ဗိုလ်တွေက အမြဲတမ်း ဒီပုံတွေကို ဖြုတ်ဖို့  စီဘောမှာ အချိန်အတော်ကြာ နည်းမျိုးစုံနဲ့ လာပြောနေဒါ သိရှိထားပြီးသားဖြစ်ပါသည်။ သည့်ပြင် Google ကို သူတို့ လှမ်းတိုင်သည် ဟုယူဆရပါသည် အဘယ်ကြောင့်ဆိုသော်ကျနော်တို့ ပုံတွေကို Google မှ ပိတ်ပစ်ခဲ့ဘူးပါသည်။ သို့ ပေမယ့် မရရတဲ့နည်းနဲ့  ဓါတ်ပုံတွေကို ကျနော်တို့ ဆက်လက်ပြန်တင်ထားပါသည်။

ဗမာအစိုးရကို သတိပေးလိုဒါက ခင်ဗျားတို့ ကရင်ပြည်သူတွေအပေါ် ယုတ်မာစွာ ကျူးလွန်ထားခဲ့တဲ့အရာမှန်သမျှ ဘယ်လောက်ပဲ သမိုင်းဖျောက်ဖို့ ကြိုးစားနေပေမယ့် ဘယ်တော့မှ ရမှာ မဟုတ်သလို ဒီမှတ်တမ်းမှတ်ရာတွေအားလုံး ဘယ်တော့မှ ပျေက်ကွယ်သွားမှာ မဟုတ်ဘူး။ ကရင်လူမျိုးတွေ မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် ဒီမှတ်တမ်းတွေ ကို လက်ဆင့်ကမ်းသွားမှာ ဖြစ်တယ်လို့ အသိပေးပါရစေ။

KHRG - http://www.khrg.org/ သတင်းစာမျက်နှာကို သွားပါက အောက်ပါအတိုင်းတွေ့ ရမည်ဖြစ်သည်။

KHRG Web page was attacked


Type the rest of your post here.

No comments:

Post a Comment